“သားဆိုးမိခင်”(စ/ဆုံး)

Unicode Version

“သားဆိုးမိခင်”(စ/ဆုံး)
—————————-
“သား အောင်မိုး မင်း အရက်တွေကိုလျှော့သောက်ပါလားသားရယ်
သားကျန်းမာရေးထိခိုက်နေလိမ့်မယ်”

ဒေါ်မိုးတင် တစ်ယောက် ကုတင်ပေါ်ပက်လက်လှန်ပြီးလူမြင်မကောင်း
အောင်မူးရူးနေသည့်သားဖြစ်သူအား
မိခင်မေတ္တာဖြင့်ပြောလိုက်လေသည်။

“ဟာ ခင်ဗျားကိုယ့်နေရာကိုယ်နေစမ်းပါ
ကျုပ်ဟာကျုပ် ကြိုက်လို့သောက်တာ
ဘာဖြစ်လို့လဲ ခင်ဗျားကြီးအသက်ကြီးပြီး
အေးအေးဆေးဆေးနေစမ်းပါ”

ကိုအောင်မိုးကအာလေးလျာလေးအသံဖြင့်
မအေကိုရိုင်းစိုင်းစွာပြောလိုက်လေသည်။

“သြော် သားရယ် အမေကသားအတွက်
ပြောတာပါ ”

“ဟာဗျာ တော်စမ်းပါ နားငြီးလွန်းလို့ ”

ဒေါ်မိုးတင်လည်း သားဖြစ်သူဆီမှ
တုံ့ပြန်လာသည့်စကားကြောင့် မျက်ရည်များ
ကျဆင်းလာခဲ့လေသည်။

“အေးပါ မင်းမကြိုက်ရင် အမေမပြောတော့ပါဘူး’

ဒေါ်မိုးတင်လည်း အိမ်ထဲမှထွက်လာပြီး
အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ကာ မနက်ဖြန်လှည့်လည်
ရောင်းချရန်အတွက် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်၊ဆူးပုပ်စသည့်အရွက်များကို
ချည်နေလိုက်လေသည်။

ဒေါ်မိုးတင် ဟင်းရွက်ကန်စွန်းများ
ရောင်းဖို့ပြင်နေရင်း ကွယ်လွန်သွားသည့်
ခင်ပွန်းဖြစ်သူ ဦးမျိုးမင်း၏ စကားများကို
ပြန်လည်ကြားယောင်လာသည်။

“မမိုးတင် မင့် သားသမီးကို ချစ်တာလည်း
ချစ်တာပေါ့ကွာ သိပ်ပြီးတော့အလိုမလိုက်နဲ့
တော်ကြာရောင့်တက်နေမယ်
မင့်သားက မိဘအပေါ်ကောင်းမယ့်အကောင်
မဟုတ်ဘူးကွ”

“ကိုမျိုးမင်း ရှင်ကလည်းတော်
ကျုပ်သားကိုဒီလောက်ကြီးလည်းမပြောပါနဲ့
သားက အခုဘာလုပ်နေလို့လဲ
ပြောပါဦး”

“ဟ ဘာလုပ်ရမှာတုံး မမိုးတင်ရ
မင့်သား အခုတလောအရက်တွေသောက်သောက်နေတာ
မင်းမသိဘူးလား”

“သြော် လူငယ်ပဲတော် အရက်သောက်တာ
ဘာဆန်းတာမှတ်လို့ သူ့ဟာသူ အေးအေးဆေးဆေးသောက်တာပါတော်
ဘယ်သူ့မှရန်မရှာပါဘူးတော့်”

“ဟာ မမိုးတင် မင်း မွေးထားတဲ့
မအေမှဟုတ်ရဲ့လားကွာ ဟင်
အေး ငါကတော့ ဆုံးမလို့ရသလောက်
ဆုံးမနေမှာ မင်းမကြိုက်လည်း မတတ်နိုင်ဘူးကွာ
မမိုးတင် မင်းငါမရှိမှသိမယ် ”

ဦးမျိုးမင်းပြောခဲ့သည့် စကားများ
အခုအကုန်မှန်နေလေသည်။

ဖအေမရှိသည့်နောက်ပိုင်း ကိုအောင်မိုး
အရင်ကထက်အရက်များပိုသောက်လာပြီး
မိခင်အပေါ်ရမ်းကားတတ်လာသည်။

အရင်ကထက်ရိုင်းစိုင်းလာသည်။
ဦးမျိုးမင်းရှိစဉ်အခါက ဖခင်ဖြစ်သည့်အတွက်
အနည်းငယ်ကြောက်သေးသည်။

ဖခင်မရှိတော့ မိခင်ဖြစ်သူအား
ပြန်လှန်တတ်လာခဲ့ကာ လူ့ငရိုင်းကြီး
ဖြစ်မှန်းမသိဖြစ်လာတော့သည်။

“ကိုမျိုးမင်းရယ် ရှင်ပြောတာတွေအကုန်မှန်နေပါပေါ့လား
အခုရှင့်သားရဲ့ ရိုင်းစိုင်းမှုတွေ
ဆိုးသွမ်းမှုတွေကို ရှင်မမြင်နိုင်တော့ဘူးပေါ့တော်
ရွှတ် ဟီး ဟီး ဟီး အင့် အင့်”

ဒေါ်မိုးတင် စဉ်းစားရင်း
ကျလာသည့်မျက်ရည်များကိုလက်ဖမိုးဖြင့်
သုတ်လိုက်သည်။

================

“ဟောဒီက အရွက်စုံရမယ် အရွက်စုံ”

“ဒေါ်ကြီးမိုးတင် လာပါဦး”

“သြော် မိသက်ဆွေ လာပြီလာပြီ”

ဒေါ်မိုးတင် အသက်အရွယ်က ၆၀ကျော်ပြီဖြစ်သည့်အတွက် အသွားအလာ
လှုပ်ရှားမှုကငယ်စဉ်အခါကလောက်
မြန်ဆန်မှုမရှိတော့။

“နေဦး နေဦး ကျွန်မကူပြီးချပေးမယ်”

“ကျေးဇူးပါပဲ မိသက်ဆွေရယ်
ကဲ ဘာအရွက်ယူမလည်း ဒီနေ့တော့
အစုံပါတယ် သခွားသီးလေးပါရလာလို့
ရောင်းဖို့အတွက်ထည့်လာခဲ့တယ်အေ့”

“ဒေါ်ကြီးမိုးတင်ရယ် နေကလည်းပူပါဘိနဲ့
ဒေါ်ကြီးကိုကြည့်ပြီးကျွန်မစိတ်မကောင်းဖြစ်မိ
တယ်တော် သားလုပ်သူကလည်း
ငမူးငရူးဘာမှအားကိုးလို့မရပဲ
အချိန်တန်ရင်မအေဆီက အရက်ဖိုး
တောင်းဖို့ပဲတတ်တယ်”

“ငါလည်း သူ့ကိုစိတ်ကုန်မိပေမယ့်
သားသမီးဆိုတော့လည်း သိတယ်မလား
တောင်းဆိုးပလုံးဆိုးသာ ပစ်ရတယ်
သားဆိုးသမီးဆိုးတော့ ပစ်ရိုးထုံးစံ
မရှိဘူးမလား တော်တော်များများကငါ့ကို
စိတ်မကောင်းဖြစ်ပြီးသနားနေကြတာ
ငါသိပါတယ် ငါ့ကိုကူလည်းကူညီပါတယ်
ငါ့ဝဋ်ကြွေးပေါ့ဟယ် ဆပ်လို့မကုန်မချင်း
ဆပ်နေရဦးမှာပေါ့အေ ”

“သြော် စကားကောင်းနေလိုက်တာ
ဟင်းရွက်ဝယ်ဖို့တောင်မေ့နေပြီ
ကျွန်မကို ကန်စွန်းရွက်၃စီးနဲ့ ဆူးပုပ်ရွက်
၁စီးပေး”

“အေးအေး ရော့ရော့ ”

“ဒေါ်ကြီး ရော့ပိုက်ဆံ”

“ကဲ ငါဒါလေးကုန်အောင်လှည့်ရောင်း
လိုက်ဦးမယ်အေ”

“ဟုတ်ကဲ့ ဒေါ်ကြီး ကျွန်မ မပေးမယ်”

မိသက်ဆွေက ဈေးတောင်းအား ကူပြီးမတင်ပေးလိုက်လေသည်။

လှုပ်စိလှုပ်စိဖြင့် တရွေ့ရွေ့ သွားနေသည့်
ဒေါ်မိုးတင်၏ကျောပြင်အားကြည့်ရင်း
မိသက်ဆွေစိတ်မကောင်းဖြစ်နေမိသည်။

===============

“အဖွားကြီး ပြန်လာရင်လည်း
အရက်ဖိုးလေးဘာလေးလုပ်ဦး”

ဈေးရောင်းပြီးပြန်မလာအိမ်ပေါက်ဝရောက်ခါစ
ကိုအောင်မိုးပြောလိုက်သည့်စကားကြောင့်
ရင်ဝကိုစို့နင့်သွားသလို ဒေါ်မိုးတင်ခံစား
လိုက်ရသည်။

“သားရယ် အမေ ဒီနေ့ဈေးရောင်းမကောင်းလို့
လက်ထဲပိုက်ဆံသိပ်မကျန်ဘူး သားရဲ့
မနက်ဖြန်မှအမေပေးမယ်နော်”

“ဟာ ခင်ဗျားပြောလိုက်ရင် ဒီလိုပဲ
ခင်ဗျားဆီက ပိုက်ဆံတောင်းရတာ
အောက်ကျလိုက်တာဗျာ ခင်ဗျား
ဒီငွေလေး ၅၀၀ ၁၀၀၀ မရှာနိုင်လောက်အောင်
တော်တော်ညံ့နေတာလား ”

“ဟင်…ဘ ဘယ်လိုပြောလိုက်တာလည်း
သားရယ် အမေ့မှာတကယ်မရှိလို့ပါ
သားရဲ့ ရှိရင်သားကိုပေးမှာပေါ့ သားရယ်
အမေ့ကိုဒီလောက်ကြီးမပြောပါနဲ့
သားရယ် အဟင့် ဟင့် ”

ဒေါ်မိုးတင်သားဖြစ်သူ၏ကြမ်းတမ်းသည့်စကား
ကြောင့်မျက်ရည်များဟန်မဆောင်နိုင်အောင်
ကျဆင်းလာခဲ့လေသည်။

ကိုယ်မွေးထားသည့်သားက ယခုလို
ကြမ်းကြမ်းတမ်းတမ်းပြောဆိုသည့်အတွက်
ဘယ်မိခင်မဆိုစိတ်မကောင်းဝမ်းနည်းမိမှာ
အမှန်ပင်။

“ပြောလိုက်ရင် မျက်ရည်ကကျလာပြီ
တော်ဗျာ ကျုပ်ဟာကျုပ်အရက်ဖိုး ရအောင်
ကြံဖန်ရတော့မှာပဲ”

ကိုအောင်မိုးလည်းပြောပြောဆိုဆို
မီးဖိုချောင်ထဲဝင်သွားလေသည်။

ထို့နောက် ထမင်းချက်သည့်ဒန်အိုးအား
ယူကာမီးဖိုချောင်ထဲမှပြန်ထွက်လာကာ

“အဖွားကြီး ကျုပ်ဒီဒန်အိုးကို
အရက်ဆိုင်မှာပေါင်ပြီးအရက်နဲ့လဲသောက်မယ်”

“မ မလုပ်ပါနဲ့ သားရယ် ဒီဒန်အိုးလေးက
မင်းအဖေနဲ့ အမေ အိမ်ထောင်စပြီးကျကတည်းကသုံးလာတဲ့
ဒန်အိုးလေးပါသားရယ်
ဒီဒန်အိုးလေးမရှိရင် အမေတို့ဘာနဲ့ ထမင်းချက်စား
ကြမှာလည်းသားရဲ့ မလုပ်ပါနဲ့နော်”

ဒေါ်မိုးတင်က သားဖြစ်သူကိုအောင်မိုး၏
လက်ထဲမှ ဒန်အိုးအား အရိုးပေါ်အရေတင်
နေပြီဖြစ်သည့် လက်ကလေးများဖြင့်
လုယူရှာပေမယ့် သန်မာလှသော ကိုအောင်မိုး၏
လက်အားယှဉ်၍ မလုယူနိုင်ရှာပေ။

“ဖယ်စမ်းဗျာ ”

“ဘုတ် ”

“အောင်မယ်လေး အား”

အားပါလှသောတွန်းချက်ကြောင့် ဒေါ်မိုးတင်
တစ်ယောက်မြေပေါ်ပစ်လဲကျသွားလေသည်။

“အဲ့မှာတစ်ခါတည်းသေသွားရင်
သိပ်ကောင်းမယ် ခင်ဗျား”

ကိုအောင်မိုးက မြေပေါ်လဲကျကာနာကျင်
နေသောမိခင်ကို ရက်စက်ရိုင်းစိုင်းစွာပြောဆိုပြီး
ထွက်သွားလေတော့သည်။

“သားရယ် မင်းကံကြီးထိုက်တော့မှာပဲ
သားရဲ့ အမေ သားကိုလိမ္မာအောင်
ဘယ်လိုဆုံးမရမှာလဲသားရယ်”

ဒေါ်မိုးတင် မြေပေါ်ထိုင်ကာငိုယိုနေခိုက်
အိမ်နီးချင်းလင်မယားရောက်လာကြလေသည်။

“ဒေါ်မိုးတင် ထ ထနိုင်ရဲ့လားရှင်
ကျွန်မတို့လည်း အောင်မိုးကို ကြောက်လို့
မလာရဲဘူး အခုသူမရှိလို့ လာတာ
ဘယ်နားနာသွားသေးလဲဟင်”

“ခြေထောက် ခေါက်သွားတာ မြခင် ဒေါ်ကြီး
မထနိုင်ဘူး”

“တောက် တော်တော်ရိုင်းတဲ့အကောင်
မိဘကိုမိဘမှန်းမသိ ရိုင်းတဲ့ကောင်
ဒင်း ကံကြီးထိုက်မယ်”

“မပြောပါနဲ့တော့ ကိုစည်သူရယ်
လာ ဒေါ်မိုးတင်ကို အိမ်ထဲတွဲပြီး
ထားလိုက်ကြအောင်”

“အေးအေး ဒေါ်ကြီးရရဲ့လား ပြီးမှ
အနှိပ်သည်ခေါ်ပေးမယ်နော်”

ကိုစည်သူနှင့်မမြခင်တို့လင်မယားက
ဒေါ်မိုးတင်အားအိမ်ထဲထိတွဲပြီးကုတင်ပေါ်
အိပ်ခိုင်းလိုက်သည်။

“အေး ကျေးဇူးပါပဲ စည်သူရယ်
မင်းတို့လင်မယား ကူညီလို့သာရယ်
နို့မို့ဆို ဒေါ်ကြီး မြေပေါ်မှာဘယ်အချိန်ထိ
လဲနေမယ်မသိဘူး”

“ရပါတယ်ဗျာ အိမ်နီးနားချင်းအချင်းချင်းကူညီပေးရတာ
ပင်ပန်းတယ်လို့မထင်ပါဘူး
ဒါဆိုရင်ကျွန်တော်အကြောပြင်ဆရာကို
သွားပင့်လိုက်ဦးမယ် မြခင် မင်းဒေါ်ကြီးကို
သေချာလေးကြည့်ပေးထားဦး ”

“အင်းပါ စိတ်ချ မြန်မြန်သွားပြီး
မြန်မြန်ပြန်လာခဲ့ ဒီမှာဒေါ်ကြီးခြေထောက်က
ရောင်နေပြီ”

===============

ကိုစည်သူလည်းအကြောပြင်သည့်အနှိပ်သည်အားဒေါ်မိုးတင်အိမ်သို့ ပင့်လာခဲ့လေသည်။

“အင်း ခြေထောက်အမှေးပါးလေး
လွဲသွားတာပါ ဘာမှမပူနဲ့ ကျွန်တော်
လိမ်းဆေးပေးခဲ့မယ့် တနေ့၂ခါလိမ်းပေး
လိုက်မြန်မြန်သက်သာသွားမှာပါ
ခြေထောက်ကိုအခုလောလောဆယ်
သွားသွားလာလာမလုပ်စေချင်ဘူး
လုံးလုံးသက်သာသွားပြီဆိုမှ
သွားပေါ့ဗျာ ”

“ဟုတ်ကျေးဇူးပါခင်ဗျာ ဟိုလေ ဒါက ဆေးဖိုးလေး
ကန်တော့တာပါခင်ဗျာ”

“ဟာ ရပါတယ် မလိုပါဘူး မလုပ်ပါနဲ့”

“ဘယ်ဟုတ်မလည်းရှင် ကျွန်မတို့က
ဆေးပညာဖိုးလေးကန်တော့တာပါရှင့်
လက်ခံပေးပါနော်”

မမြခင်တို့လင်မယားကဇွတ်အတင်း
ပေးသဖြင့်အကြောပြင်ဆရာက ကန်တော့ကြေးငွေအားလက်ခံလိုက်သည်။

“ဒါဖြင့် ကျွန်တော့်ကိုပြန်ခွင့်ပါဦးနော့”

“ဟုတ်ကဲ့ ကောင်းပါပြီခင်ဗျ
ကျေးဇူးအထူးတင်ပါတယ်ဗျ”

အကြောပြင်ဆရာထွက်သွားပြီးပြီးချင်း
ဒေါ်မိုးတင်၏အိမ်ထဲသို့ လူတစ်ယောက်
အသည်းအသန်ပြေးဝင်လာပြီး

“ဒေါ်ကြီးမိုးတင် ဒေါ်ကြီး ”

“ဟေ ဘယ်သူလဲ”

ဒေါ်မိုးတင်က ကုတင်ပေါ်မှအသံပြုလိုက်လေသည်။

“ဟဲ့ ဖိုးသာထူး အမောတကောနဲ့
ဘာဖြစ်လာတာလဲ ”

ဟောဟဲလိုက်အောင်ပြေးလာသောဖိုးသာထူးအားမမြခင်ကမေးလိုက်လေသည်။

“ဟို ဟို ကို ကိုအောင်မိုးလေ”

“ဘာလဲ အောင်မိုးဘာဖြစ်လဲ”

“ငါ့သားအောင်မိုး ဘာဖြစ်လို့လဲ ဖိုးသာထူး”

ဒေါ်မိုးတင်နှင့်ကိုစည်သူတို့က မေးလေသည်။

“ကိုအောင်မိုး အရက်ဝိုင်းမှာ ငကျော်တို့
အဖွဲ့နဲ့ရန်ဖြစ်တာ ငကျော်က ကိုအောင်မိုးကို
ဓါးနဲ့ထိုးလို့ သေပြီဗျ”

“ဟင်”

“ဟာ”

“ဘာ ဘာပြောတယ် ငါ့ ငါ့သားအောင်မိုး
သေပြီဟုတ်လား ဖိုးသာထူး ”

“ဟုတ်တယ် ဒေါ်ကြီး ကိုအောင်မိုးကို
ငကျော်ကမသေမခြင်းဓါးနဲ့ထိုးသတ်လိုက်တာဗျ
အခုရွာလူကြီးက မြို့ ကရဲစခန်းကို
အကြောင်းကြားထားပြီးပြီ
ငကျော်တို့အုပ်စုကိုလည်း ရွာလူကြီးက
ဖမ်းထားတယ်ဗျ ”

“အောင်မယ်လေး အမေ့သား လူမိုက်ကြီး
ဟောဒီက မအေအိုကြီးကိုထားခဲ့ပြီပေါ့
အမေ့ကိုပြုတဲ့အပြစ်ဒဏ်တွေ မင်းပြန်ခံရပြီပေါ့
သားရေ ဟီး ဟီး အီး ဟီး”

“စိတ်ကိုထိန်းမှပေါ့ ဒေါ်ကြီးရယ်
သူ့အကျိုးပေးနဲ့သူ ဖြစ်သွားတယ်လို့ပဲ
မှတ်လိုက်ပါရှင် မအေကိုစော်ကားတဲ့အကောင်သူပြုတဲ့ကံ
နေ့တောင်မကူးပဲပြန်ခံရတာပေါ့
ဒေါ်ကြီးရယ်”

“မိန်းမ မင်းဒေါ်ကြီးရှေ့မှာ ဘယ်လိုပြောလိုက်တာလည်း”

ကိုစည်သူက မိန်းမဖြစ်သူအားငေါက်လိုက်သည်။

“ရပါတယ် စည်သူရယ် မြခင်ပြောတာ
အမှန်တရားတွေပါ
ဒေါ်ကြီးစိတ်မဆိုးပါဘူးကွယ်
ဟုတ်တယ် သူပြုတဲ့ကံကသူ့ကိုပြန်ဒဏ်ခက်
သွားတယ်လို့ ဒေါ်ကြီးမှတ်ယူလိုက်မယ်
သားဆိုးသားမိုက်တစ်ယောက်ရဲ့ ဆိုးသွမ်းရိုင်းစိုင်းမှုတွေကို
ဒေါ်ကြီးဒီကနေ့ကစပြီး
ခံစရာမရှိတော့ဘူးပေါ့ကွယ်”

ဒေါ်မိုးတင်ပြောလိုက်သည့်စကားကြောင့်
ကိုစည်သူတို့လင်မယားအံ့သြခဲ့ရလေသည်။

ဝမ်းနှင့်လွယ်ပြီးမွေးခဲ့ရသည့်သားသေဆုံးသွား
သည့်အတွက်ဒေါ်မိုးတင်ဝမ်းနည်းရသလို
ဝမ်းနှင့်လွယ်ပြီးမွေးထားသည့်သား၏
ဆိုးသွမ်းရိုင်းစိုင်းမှုဒဏ်မှလွတ်ပြီဟု
သိလိုက်ရတဲ့အသိ ထိုအရာနှစ်ခုကြောင့်
ဒေါ်မိုးတင်၏မျက်နှာမှာဝမ်းနည်းခြင်းမှ
ပြောင်းလဲ၍ တည်ငြိမ်ခြင်း၊အေးချမ်းခြင်းသို့
ခုန်ကူးကာပြောင်းလဲသွားတော့သည်။

သားဆိုးသားမိုက်တစ်ယောက်၏
ဇာတ်သိမ်းကိုဒေါ်မိုးတင်ကောင်းစွာမြင်ခဲ့ရပေပြီ
မဟုတ်ပါလား

=============

ကိုအောင်မိုးမရှိတော့သည့်နောက်ပိုင်း
ဒေါ်မိုးတင်အား ကိုစည်သူနှင့်မမြခင်
တို့လင်မယားက သူတို့နှင့်အတူနေရန်ပြောပေမယ့်
ဒေါ်မိုးတင်ကလက်မခံပေ။

သူ့ဘဝကိုအေးချမ်းစေမည့် နေရာကိုသာ
သူသွားပြီးအေးအေးဆေးဆေးနေ
လိုကြောင်းပြောလေသည်။

ထို့ကြောင့် ကိုစည်သူတို့လင်မယားနှင့်
တိုင်ပင်ပြီး မြို့ မှာရှိသော တရားရိပ်သာသို့
ဒေါ်မိုးတင်အားပို့ဆောင်ပေးလိုက်လေသည်။

ပြီးပါပြီ…

Zawgyi Version

“သားဆိုးမိခင္”(စ/ဆုံး)
—————————-
“သား ေအာင္မိုး မင္း အရက္ေတြကိုေလွ်ာ့ေသာက္ပါလားသားရယ္
သားက်န္းမာေရးထိခိုက္ေနလိမ့္မယ္”

ေဒၚမိုးတင္ တစ္ေယာက္ ကုတင္ေပၚပက္လက္လွန္ၿပီးလူျမင္မေကာင္း
ေအာင္မူး႐ူးေနသည့္သားျဖစ္သူအား
မိခင္ေမတၱာျဖင့္ေျပာလိုက္ေလသည္။

“ဟာ ခင္ဗ်ားကိုယ့္ေနရာကိုယ္ေနစမ္းပါ
က်ဳပ္ဟာက်ဳပ္ ႀကိဳက္လို႔ေသာက္တာ
ဘာျဖစ္လို႔လဲ ခင္ဗ်ားႀကီးအသက္ႀကီးၿပီး
ေအးေအးေဆးေဆးေနစမ္းပါ”

ကိုေအာင္မိုးကအာေလးလ်ာေလးအသံျဖင့္
မေအကို႐ိုင္းစိုင္းစြာေျပာလိုက္ေလသည္။

“ေၾသာ္ သားရယ္ အေမကသားအတြက္
ေျပာတာပါ ”

“ဟာဗ်ာ ေတာ္စမ္းပါ နားၿငီးလြန္းလို႔ ”

ေဒၚမိုးတင္လည္း သားျဖစ္သူဆီမွ
တုံ႔ျပန္လာသည့္စကားေၾကာင့္ မ်က္ရည္မ်ား
က်ဆင္းလာခဲ့ေလသည္။

“ေအးပါ မင္းမႀကိဳက္ရင္ အေမမေျပာေတာ့ပါဘူး’

ေဒၚမိုးတင္လည္း အိမ္ထဲမွထြက္လာၿပီး
အိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ကာ မနက္ျဖန္လွည့္လည္
ေရာင္းခ်ရန္အတြက္ ကန္စြန္း႐ြက္၊ခ်ဥ္ေပါင္႐ြက္၊ဆူးပုပ္စသည့္အ႐ြက္မ်ားကို
ခ်ည္ေနလိုက္ေလသည္။

ေဒၚမိုးတင္ ဟင္း႐ြက္ကန္စြန္းမ်ား
ေရာင္းဖို႔ျပင္ေနရင္း ကြယ္လြန္သြားသည့္
ခင္ပြန္းျဖစ္သူ ဦးမ်ိဳးမင္း၏ စကားမ်ားကို
ျပန္လည္ၾကားေယာင္လာသည္။

“မမိုးတင္ မင့္ သားသမီးကို ခ်စ္တာလည္း
ခ်စ္တာေပါ့ကြာ သိပ္ၿပီးေတာ့အလိုမလိုက္နဲ႔
ေတာ္ၾကာေရာင့္တက္ေနမယ္
မင့္သားက မိဘအေပၚေကာင္းမယ့္အေကာင္
မဟုတ္ဘူးကြ”

“ကိုမ်ိဳးမင္း ရွင္ကလည္းေတာ္
က်ဳပ္သားကိုဒီေလာက္ႀကီးလည္းမေျပာပါနဲ႔
သားက အခုဘာလုပ္ေနလို႔လဲ
ေျပာပါဦး”

“ဟ ဘာလုပ္ရမွာတုံး မမိုးတင္ရ
မင့္သား အခုတေလာအရက္ေတြေသာက္ေသာက္ေနတာ
မင္းမသိဘူးလား”

“ေၾသာ္ လူငယ္ပဲေတာ္ အရက္ေသာက္တာ
ဘာဆန္းတာမွတ္လို႔ သူ႔ဟာသူ ေအးေအးေဆးေဆးေသာက္တာပါေတာ္
ဘယ္သူ႔မွရန္မရွာပါဘူးေတာ့္”

“ဟာ မမိုးတင္ မင္း ေမြးထားတဲ့
မေအမွဟုတ္ရဲ႕လားကြာ ဟင္
ေအး ငါကေတာ့ ဆုံးမလို႔ရသေလာက္
ဆုံးမေနမွာ မင္းမႀကိဳက္လည္း မတတ္ႏိုင္ဘူးကြာ
မမိုးတင္ မင္းငါမရွိမွသိမယ္ ”

ဦးမ်ိဳးမင္းေျပာခဲ့သည့္ စကားမ်ား
အခုအကုန္မွန္ေနေလသည္။

ဖေအမရွိသည့္ေနာက္ပိုင္း ကိုေအာင္မိုး
အရင္ကထက္အရက္မ်ားပိုေသာက္လာၿပီး
မိခင္အေပၚရမ္းကားတတ္လာသည္။

အရင္ကထက္႐ိုင္းစိုင္းလာသည္။
ဦးမ်ိဳးမင္းရွိစဥ္အခါက ဖခင္ျဖစ္သည့္အတြက္
အနည္းငယ္ေၾကာက္ေသးသည္။

ဖခင္မရွိေတာ့ မိခင္ျဖစ္သူအား
ျပန္လွန္တတ္လာခဲ့ကာ လူ႔င႐ိုင္းႀကီး
ျဖစ္မွန္းမသိျဖစ္လာေတာ့သည္။

“ကိုမ်ိဳးမင္းရယ္ ရွင္ေျပာတာေတြအကုန္မွန္ေနပါေပါ့လား
အခုရွင့္သားရဲ႕ ႐ိုင္းစိုင္းမႈေတြ
ဆိုးသြမ္းမႈေတြကို ရွင္မျမင္ႏိုင္ေတာ့ဘူးေပါ့ေတာ္
႐ႊတ္ ဟီး ဟီး ဟီး အင့္ အင့္”

ေဒၚမိုးတင္ စဥ္းစားရင္း
က်လာသည့္မ်က္ရည္မ်ားကိုလက္ဖမိုးျဖင့္
သုတ္လိုက္သည္။

================

“ေဟာဒီက အ႐ြက္စုံရမယ္ အ႐ြက္စုံ”

“ေဒၚႀကီးမိုးတင္ လာပါဦး”

“ေၾသာ္ မိသက္ေဆြ လာၿပီလာၿပီ”

ေဒၚမိုးတင္ အသက္အ႐ြယ္က ၆၀ေက်ာ္ၿပီျဖစ္သည့္အတြက္ အသြားအလာ
လႈပ္ရွားမႈကငယ္စဥ္အခါကေလာက္
ျမန္ဆန္မႈမရွိေတာ့။

“ေနဦး ေနဦး ကြၽန္မကူၿပီးခ်ေပးမယ္”

“ေက်းဇူးပါပဲ မိသက္ေဆြရယ္
ကဲ ဘာအ႐ြက္ယူမလည္း ဒီေန႔ေတာ့
အစုံပါတယ္ သခြားသီးေလးပါရလာလို႔
ေရာင္းဖို႔အတြက္ထည့္လာခဲ့တယ္ေအ့”

“ေဒၚႀကီးမိုးတင္ရယ္ ေနကလည္းပူပါဘိနဲ႔
ေဒၚႀကီးကိုၾကည့္ၿပီးကြၽန္မစိတ္မေကာင္းျဖစ္မိ
တယ္ေတာ္ သားလုပ္သူကလည္း
ငမူးင႐ူးဘာမွအားကိုးလို႔မရပဲ
အခ်ိန္တန္ရင္မေအဆီက အရက္ဖိုး
ေတာင္းဖို႔ပဲတတ္တယ္”

“ငါလည္း သူ႔ကိုစိတ္ကုန္မိေပမယ့္
သားသမီးဆိုေတာ့လည္း သိတယ္မလား
ေတာင္းဆိုးပလုံးဆိုးသာ ပစ္ရတယ္
သားဆိုးသမီးဆိုးေတာ့ ပစ္႐ိုးထုံးစံ
မရွိဘူးမလား ေတာ္ေတာ္မ်ားမ်ားကငါ့ကို
စိတ္မေကာင္းျဖစ္ၿပီးသနားေနၾကတာ
ငါသိပါတယ္ ငါ့ကိုကူလည္းကူညီပါတယ္
ငါ့ဝဋ္ေႂကြးေပါ့ဟယ္ ဆပ္လို႔မကုန္မခ်င္း
ဆပ္ေနရဦးမွာေပါ့ေအ ”

“ေၾသာ္ စကားေကာင္းေနလိုက္တာ
ဟင္း႐ြက္ဝယ္ဖို႔ေတာင္ေမ့ေနၿပီ
ကြၽန္မကို ကန္စြန္း႐ြက္၃စီးနဲ႔ ဆူးပုပ္႐ြက္
၁စီးေပး”

“ေအးေအး ေရာ့ေရာ့ ”

“ေဒၚႀကီး ေရာ့ပိုက္ဆံ”

“ကဲ ငါဒါေလးကုန္ေအာင္လွည့္ေရာင္း
လိုက္ဦးမယ္ေအ”

“ဟုတ္ကဲ့ ေဒၚႀကီး ကြၽန္မ မေပးမယ္”

မိသက္ေဆြက ေဈးေတာင္းအား ကူၿပီးမတင္ေပးလိုက္ေလသည္။

လႈပ္စိလႈပ္စိျဖင့္ တေ႐ြ႕ေ႐ြ႕ သြားေနသည့္
ေဒၚမိုးတင္၏ေက်ာျပင္အားၾကည့္ရင္း
မိသက္ေဆြစိတ္မေကာင္းျဖစ္ေနမိသည္။

===============

“အဖြားႀကီး ျပန္လာရင္လည္း
အရက္ဖိုးေလးဘာေလးလုပ္ဦး”

ေဈးေရာင္းၿပီးျပန္မလာအိမ္ေပါက္ဝေရာက္ခါစ
ကိုေအာင္မိုးေျပာလိုက္သည့္စကားေၾကာင့္
ရင္ဝကိုစို႔နင့္သြားသလို ေဒၚမိုးတင္ခံစား
လိုက္ရသည္။

“သားရယ္ အေမ ဒီေန႔ေဈးေရာင္းမေကာင္းလို႔
လက္ထဲပိုက္ဆံသိပ္မက်န္ဘူး သားရဲ႕
မနက္ျဖန္မွအေမေပးမယ္ေနာ္”

“ဟာ ခင္ဗ်ားေျပာလိုက္ရင္ ဒီလိုပဲ
ခင္ဗ်ားဆီက ပိုက္ဆံေတာင္းရတာ
ေအာက္က်လိုက္တာဗ်ာ ခင္ဗ်ား
ဒီေငြေလး ၅၀၀ ၁၀၀၀ မရွာႏိုင္ေလာက္ေအာင္
ေတာ္ေတာ္ညံ့ေနတာလား ”

“ဟင္…ဘ ဘယ္လိုေျပာလိုက္တာလည္း
သားရယ္ အေမ့မွာတကယ္မရွိလို႔ပါ
သားရဲ႕ ရွိရင္သားကိုေပးမွာေပါ့ သားရယ္
အေမ့ကိုဒီေလာက္ႀကီးမေျပာပါနဲ႔
သားရယ္ အဟင့္ ဟင့္ ”

ေဒၚမိုးတင္သားျဖစ္သူ၏ၾကမ္းတမ္းသည့္စကား
ေၾကာင့္မ်က္ရည္မ်ားဟန္မေဆာင္ႏိုင္ေအာင္
က်ဆင္းလာခဲ့ေလသည္။

ကိုယ္ေမြးထားသည့္သားက ယခုလို
ၾကမ္းၾကမ္းတမ္းတမ္းေျပာဆိုသည့္အတြက္
ဘယ္မိခင္မဆိုစိတ္မေကာင္းဝမ္းနည္းမိမွာ
အမွန္ပင္။

“ေျပာလိုက္ရင္ မ်က္ရည္ကက်လာၿပီ
ေတာ္ဗ်ာ က်ဳပ္ဟာက်ဳပ္အရက္ဖိုး ရေအာင္
ႀကံဖန္ရေတာ့မွာပဲ”

ကိုေအာင္မိုးလည္းေျပာေျပာဆိုဆို
မီးဖိုေခ်ာင္ထဲဝင္သြားေလသည္။

ထို႔ေနာက္ ထမင္းခ်က္သည့္ဒန္အိုးအား
ယူကာမီးဖိုေခ်ာင္ထဲမွျပန္ထြက္လာကာ

“အဖြားႀကီး က်ဳပ္ဒီဒန္အိုးကို
အရက္ဆိုင္မွာေပါင္ၿပီးအရက္နဲ႔လဲေသာက္မယ္”

“မ မလုပ္ပါနဲ႔ သားရယ္ ဒီဒန္အိုးေလးက
မင္းအေဖနဲ႔ အေမ အိမ္ေထာင္စၿပီးက်ကတည္းကသုံးလာတဲ့
ဒန္အိုးေလးပါသားရယ္
ဒီဒန္အိုးေလးမရွိရင္ အေမတို႔ဘာနဲ႔ ထမင္းခ်က္စား
ၾကမွာလည္းသားရဲ႕ မလုပ္ပါနဲ႔ေနာ္”

ေဒၚမိုးတင္က သားျဖစ္သူကိုေအာင္မိုး၏
လက္ထဲမွ ဒန္အိုးအား အ႐ိုးေပၚအေရတင္
ေနၿပီျဖစ္သည့္ လက္ကေလးမ်ားျဖင့္
လုယူရွာေပမယ့္ သန္မာလွေသာ ကိုေအာင္မိုး၏
လက္အားယွဥ္၍ မလုယူႏိုင္ရွာေပ။

“ဖယ္စမ္းဗ်ာ ”

“ဘုတ္ ”

“ေအာင္မယ္ေလး အား”

အားပါလွေသာတြန္းခ်က္ေၾကာင့္ ေဒၚမိုးတင္
တစ္ေယာက္ေျမေပၚပစ္လဲက်သြားေလသည္။

“အဲ့မွာတစ္ခါတည္းေသသြားရင္
သိပ္ေကာင္းမယ္ ခင္ဗ်ား”

ကိုေအာင္မိုးက ေျမေပၚလဲက်ကာနာက်င္
ေနေသာမိခင္ကို ရက္စက္႐ိုင္းစိုင္းစြာေျပာဆိုၿပီး
ထြက္သြားေလေတာ့သည္။

“သားရယ္ မင္းကံႀကီးထိုက္ေတာ့မွာပဲ
သားရဲ႕ အေမ သားကိုလိမၼာေအာင္
ဘယ္လိုဆုံးမရမွာလဲသားရယ္”

ေဒၚမိုးတင္ ေျမေပၚထိုင္ကာငိုယိုေနခိုက္
အိမ္နီးခ်င္းလင္မယားေရာက္လာၾကေလသည္။

“ေဒၚမိုးတင္ ထ ထႏိုင္ရဲ႕လားရွင္
ကြၽန္မတို႔လည္း ေအာင္မိုးကို ေၾကာက္လို႔
မလာရဲဘူး အခုသူမရွိလို႔ လာတာ
ဘယ္နားနာသြားေသးလဲဟင္”

“ေျခေထာက္ ေခါက္သြားတာ ျမခင္ ေဒၚႀကီး
မထႏိုင္ဘူး”

“ေတာက္ ေတာ္ေတာ္႐ိုင္းတဲ့အေကာင္
မိဘကိုမိဘမွန္းမသိ ႐ိုင္းတဲ့ေကာင္
ဒင္း ကံႀကီးထိုက္မယ္”

“မေျပာပါနဲ႔ေတာ့ ကိုစည္သူရယ္
လာ ေဒၚမိုးတင္ကို အိမ္ထဲတြဲၿပီး
ထားလိုက္ၾကေအာင္”

“ေအးေအး ေဒၚႀကီးရရဲ႕လား ၿပီးမွ
အႏွိပ္သည္ေခၚေပးမယ္ေနာ္”

ကိုစည္သူႏွင့္မျမခင္တို႔လင္မယားက
ေဒၚမိုးတင္အားအိမ္ထဲထိတြဲၿပီးကုတင္ေပၚ
အိပ္ခိုင္းလိုက္သည္။

“ေအး ေက်းဇူးပါပဲ စည္သူရယ္
မင္းတို႔လင္မယား ကူညီလို႔သာရယ္
ႏို႔မို႔ဆို ေဒၚႀကီး ေျမေပၚမွာဘယ္အခ်ိန္ထိ
လဲေနမယ္မသိဘူး”

“ရပါတယ္ဗ်ာ အိမ္နီးနားခ်င္းအခ်င္းခ်င္းကူညီေပးရတာ
ပင္ပန္းတယ္လို႔မထင္ပါဘူး
ဒါဆိုရင္ကြၽန္ေတာ္အေၾကာျပင္ဆရာကို
သြားပင့္လိုက္ဦးမယ္ ျမခင္ မင္းေဒၚႀကီးကို
ေသခ်ာေလးၾကည့္ေပးထားဦး ”

“အင္းပါ စိတ္ခ် ျမန္ျမန္သြားၿပီး
ျမန္ျမန္ျပန္လာခဲ့ ဒီမွာေဒၚႀကီးေျခေထာက္က
ေရာင္ေနၿပီ”

===============

ကိုစည္သူလည္းအေၾကာျပင္သည့္အႏွိပ္သည္အားေဒၚမိုးတင္အိမ္သို႔ ပင့္လာခဲ့ေလသည္။

“အင္း ေျခေထာက္အေမွးပါးေလး
လြဲသြားတာပါ ဘာမွမပူနဲ႔ ကြၽန္ေတာ္
လိမ္းေဆးေပးခဲ့မယ့္ တေန႔၂ခါလိမ္းေပး
လိုက္ျမန္ျမန္သက္သာသြားမွာပါ
ေျခေထာက္ကိုအခုေလာေလာဆယ္
သြားသြားလာလာမလုပ္ေစခ်င္ဘူး
လုံးလုံးသက္သာသြားၿပီဆိုမွ
သြားေပါ့ဗ်ာ ”

“ဟုတ္ေက်းဇူးပါခင္ဗ်ာ ဟိုေလ ဒါက ေဆးဖိုးေလး
ကန္ေတာ့တာပါခင္ဗ်ာ”

“ဟာ ရပါတယ္ မလိုပါဘူး မလုပ္ပါနဲ႔”

“ဘယ္ဟုတ္မလည္းရွင္ ကြၽန္မတို႔က
ေဆးပညာဖိုးေလးကန္ေတာ့တာပါရွင့္
လက္ခံေပးပါေနာ္”

မျမခင္တို႔လင္မယားကဇြတ္အတင္း
ေပးသျဖင့္အေၾကာျပင္ဆရာက ကန္ေတာ့ေၾကးေငြအားလက္ခံလိုက္သည္။

“ဒါျဖင့္ ကြၽန္ေတာ့္ကိုျပန္ခြင့္ပါဦးေနာ့”

“ဟုတ္ကဲ့ ေကာင္းပါၿပီခင္ဗ်
ေက်းဇူးအထူးတင္ပါတယ္ဗ်”

အေၾကာျပင္ဆရာထြက္သြားၿပီးၿပီးခ်င္း
ေဒၚမိုးတင္၏အိမ္ထဲသို႔ လူတစ္ေယာက္
အသည္းအသန္ေျပးဝင္လာၿပီး

“ေဒၚႀကီးမိုးတင္ ေဒၚႀကီး ”

“ေဟ ဘယ္သူလဲ”

ေဒၚမိုးတင္က ကုတင္ေပၚမွအသံျပဳလိုက္ေလသည္။

“ဟဲ့ ဖိုးသာထူး အေမာတေကာနဲ႔
ဘာျဖစ္လာတာလဲ ”

ေဟာဟဲလိုက္ေအာင္ေျပးလာေသာဖိုးသာထူးအားမျမခင္ကေမးလိုက္ေလသည္။

“ဟို ဟို ကို ကိုေအာင္မိုးေလ”

“ဘာလဲ ေအာင္မိုးဘာျဖစ္လဲ”

“ငါ့သားေအာင္မိုး ဘာျဖစ္လို႔လဲ ဖိုးသာထူး”

ေဒၚမိုးတင္ႏွင့္ကိုစည္သူတို႔က ေမးေလသည္။

“ကိုေအာင္မိုး အရက္ဝိုင္းမွာ ငေက်ာ္တို႔
အဖြဲ႕နဲ႔ရန္ျဖစ္တာ ငေက်ာ္က ကိုေအာင္မိုးကို
ဓါးနဲ႔ထိုးလို႔ ေသၿပီဗ်”

“ဟင္”

“ဟာ”

“ဘာ ဘာေျပာတယ္ ငါ့ ငါ့သားေအာင္မိုး
ေသၿပီဟုတ္လား ဖိုးသာထူး ”

“ဟုတ္တယ္ ေဒၚႀကီး ကိုေအာင္မိုးကို
ငေက်ာ္ကမေသမျခင္းဓါးနဲ႔ထိုးသတ္လိုက္တာဗ်
အခု႐ြာလူႀကီးက ၿမိဳ႕ ကရဲစခန္းကို
အေၾကာင္းၾကားထားၿပီးၿပီ
ငေက်ာ္တို႔အုပ္စုကိုလည္း ႐ြာလူႀကီးက
ဖမ္းထားတယ္ဗ် ”

“ေအာင္မယ္ေလး အေမ့သား လူမိုက္ႀကီး
ေဟာဒီက မေအအိုႀကီးကိုထားခဲ့ၿပီေပါ့
အေမ့ကိုျပဳတဲ့အျပစ္ဒဏ္ေတြ မင္းျပန္ခံရၿပီေပါ့
သားေရ ဟီး ဟီး အီး ဟီး”

“စိတ္ကိုထိန္းမွေပါ့ ေဒၚႀကီးရယ္
သူ႔အက်ိဳးေပးနဲ႔သူ ျဖစ္သြားတယ္လို႔ပဲ
မွတ္လိုက္ပါရွင္ မေအကိုေစာ္ကားတဲ့အေကာင္သူျပဳတဲ့ကံ
ေန႔ေတာင္မကူးပဲျပန္ခံရတာေပါ့
ေဒၚႀကီးရယ္”

“မိန္းမ မင္းေဒၚႀကီးေရွ႕မွာ ဘယ္လိုေျပာလိုက္တာလည္း”

ကိုစည္သူက မိန္းမျဖစ္သူအားေငါက္လိုက္သည္။

“ရပါတယ္ စည္သူရယ္ ျမခင္ေျပာတာ
အမွန္တရားေတြပါ
ေဒၚႀကီးစိတ္မဆိုးပါဘူးကြယ္
ဟုတ္တယ္ သူျပဳတဲ့ကံကသူ႔ကိုျပန္ဒဏ္ခက္
သြားတယ္လို႔ ေဒၚႀကီးမွတ္ယူလိုက္မယ္
သားဆိုးသားမိုက္တစ္ေယာက္ရဲ႕ ဆိုးသြမ္း႐ိုင္းစိုင္းမႈေတြကို
ေဒၚႀကီးဒီကေန႔ကစၿပီး
ခံစရာမရွိေတာ့ဘူးေပါ့ကြယ္”

ေဒၚမိုးတင္ေျပာလိုက္သည့္စကားေၾကာင့္
ကိုစည္သူတို႔လင္မယားအံ့ၾသခဲ့ရေလသည္။

ဝမ္းႏွင့္လြယ္ၿပီးေမြးခဲ့ရသည့္သားေသဆုံးသြား
သည့္အတြက္ေဒၚမိုးတင္ဝမ္းနည္းရသလို
ဝမ္းႏွင့္လြယ္ၿပီးေမြးထားသည့္သား၏
ဆိုးသြမ္း႐ိုင္းစိုင္းမႈဒဏ္မွလြတ္ၿပီဟု
သိလိုက္ရတဲ့အသိ ထိုအရာႏွစ္ခုေၾကာင့္
ေဒၚမိုးတင္၏မ်က္ႏွာမွာဝမ္းနည္းျခင္းမွ
ေျပာင္းလဲ၍ တည္ၿငိမ္ျခင္း၊ေအးခ်မ္းျခင္းသို႔
ခုန္ကူးကာေျပာင္းလဲသြားေတာ့သည္။

သားဆိုးသားမိုက္တစ္ေယာက္၏
ဇာတ္သိမ္းကိုေဒၚမိုးတင္ေကာင္းစြာျမင္ခဲ့ရေပၿပီ
မဟုတ္ပါလား

=============

ကိုေအာင္မိုးမရွိေတာ့သည့္ေနာက္ပိုင္း
ေဒၚမိုးတင္အား ကိုစည္သူႏွင့္မျမခင္
တို႔လင္မယားက သူတို႔ႏွင့္အတူေနရန္ေျပာေပမယ့္
ေဒၚမိုးတင္ကလက္မခံေပ။

သူ႔ဘဝကိုေအးခ်မ္းေစမည့္ ေနရာကိုသာ
သူသြားၿပီးေအးေအးေဆးေဆးေန
လိုေၾကာင္းေျပာေလသည္။

ထို႔ေၾကာင့္ ကိုစည္သူတို႔လင္မယားႏွင့္
တိုင္ပင္ၿပီး ၿမိဳ႕ မွာရွိေသာ တရားရိပ္သာသို႔
ေဒၚမိုးတင္အားပို႔ေဆာင္ေပးလိုက္ေလသည္။

ၿပီးပါၿပီ…