“လွမ်းတယ်မေမေ”(စ/ဆုံး)

Unicode Version

“လွမ်းတယ်မေမေ”(စ/ဆုံး)
မျက်ရည်ခိုင်မှဖတ်ပါ။
——————————-
“မောင် ကျောင်းပြီးရင် သဇင်တို့လက်ထပ်ကြရအောင်နော်”
သဇင်ချစ်သူဖြစ်သူကိုပြောလိုက်တော့….
“သဇင်ရယ် မောင်တို့ကခုမှကျောင်းပြီးတာလေကွာ ဘယ်လိုလုပ်လက်ထပ်လို့ရဦးမလဲ.. ”
သဇင် သက်ပြင်းသဲ့သဲ့ချမိသည်။
ချစ်သူ ကျော်စိုးနှင့်ချစ်သူသက်တမ်းသုံးနှစ်ရှိခဲ့ပြီဖြစ်သည်။
သဇင်က အလုပ်တစ်ဖက်နှင့်အဝေးသင်တတ်နေခြင်းပင်ဖြစ်သည်။
သူမအလုပ်ကလည်း သူများဆိုင်တွင်လခစားအလုပ်သာဖြစ်သည်။
သူမ ဖခင်ကသူမငယ်စဉ်ကတည်းကဆုံးပါးသွားပြီးမိခင်ဖြစ်သူနှင့်အတူနေထိုင်းရင်း မိခင်ဖြစ်သူ ကနောက်အိမ်ထောင်ပြုလိုက်သည်။
မိခင်နှင့်အတူနေထိုင်စဉ်ကအဆင်ပြေခဲ့သော်လည်းပထွေးဖြစ်သူရှိလာတော့ စားသောက်ရတာပင် မဝံမရဲဖြစ်နေရသည်။
မိခင်ဖြစ်သူရဲ့ရှေ့မှာလည်း…
“အလကား ငါ့လုပ်စာထိုင်စားနေတဲ့ဟာတွေ အပူပင်မရှိဘူး”
သူမကိုအမြဲစောင်းမြောင်းပြောဆိုတတ်သည်။
မိခင်ကလည်း ပထွေးဖြစ်သူ လုပ်စာကြောင့် သူမကိုဘာမှကူမပြောပေးနိုင်။
နောက်ဆုံးသူမဘဝသူမသာရုန်းကန်ဖို့ အိမ်ကထွက်လာကာအရောင်းစာရေးလေးဝင်လုပ်ပြီး အဆောင်ဌားနေခဲ့ရသည်။
ကျော်စိုးနှင့်ချစ်သူဖြစ်နေရပင်မယ့် ကျော်စိုးဆွေမျိုးမိဘတွေက သဇင်ကို့မကြည်ဖြူကြပေ။
သူမလိုကိုယ့်ဘဝကိုယ်ရုန်းကန်နေသူကိုမကြည်ဖြူကြတာမဆန်းပေ။
ယခုလည်းကျော်စိုး သဇင်ကို လက်ထပ်ဖို့အရေးရှောင်ဖယ်နေလေသည်။
သူမ ကျော်စိုးနှင့် ချစ်သူအဆင့်ထက်ကျော်လွန်ခဲ့လေပြီ။
မိမိ မှာရင်သွေးလွယ်ထားရသည်ကို ကျော်စိုးသိအောင်ပြောပြ မှရတော့မည်ဖြစ်သည်။
“မောင်…ကျွန်မ မှာမောင့်ရင်သွေးလေး လွယ်ထားရပြီ”
သဇင်ပြောလိုက်တော့ ကျော်စိုးထိတ်လန့် သွားဟန်ဖြင့်..
“ဟာ…သဇင်ရာ မောင်တို့လက်ထပ်ဖို့တောင်အဆင်မပြ သေးတာ ကလေးယူဖို့ မဖြစ်နိုင်သေးဘူးလေကွာ”
သဇင် ငြင်းဆန်နေသော ကျော်စိုးကိုသေချာစိုက်ကြည့်ပြီး..
“သဇင်ဘာလုပ်ရမလဲမောင် ကိုယ်ဝန်ကရှိလာပြီလေမောင်ရယ် သဇင်တို့မိသားစုလေး ကြိုးစားပြီးအတူနေလို့ရပါတယ် သဇင်တို့ ရုံးတက် လက်မှတ်ထိုးရအောင်နော်”
သူမ အသနားခံပြောတဲ့စကားကို…
“မောင် ဆင်းရဲတဲ့ဒဏ်မခံနိုင်ဘူး သဇင် မောင့်မိဘတွေပြောပေးမယ် သူတို့ဆုံးဖြတ်တာ တို့နာခံကြတာပေါ့”
ဖြစ်မလာနိုင်သည့်အရာကို ကျော်စိုးပြောတော့ သဇင် စိတ်မကောင်းဖြစ်မိသည်။
***************************************
“အို….ငါ့သားက ခုမှ မိဘအုပ်ထိန်းမှုအောက်မှာနေနေတုန်းရှိသေးတာ မိန်းမတော့ မပေးစားနိုင်ဘူး ညည်းကလေးကို ငါတို့တာဝန်ယူတယ် ”
ကျော်စိုးမိခင်ကပြောတော့..
“အန်တီက ဘယ်လိုတာဝန်ယူတာလဲ”
သဇင်၏စကားကို ကျော်စိုးမိခင်က…
“ဒီကလေးကို ဖျက်ချပစ်ရမယ် အဲ့အတွက် ညည်းကိုလည်း ထိုက်သင့်တဲ့ပိုက်ဆံပေးမယ်..”
သဇင် ကျော်စိုးမိခင်စကားကြောင့်ထိတ်လန့်သွားကာ..
“ဟင့် အင်း…ကျွန်မ ကျွန်မ ရင်သွေးကို မဖျက်နိုင်ဘူး”
သဇင် ရဲ့ငြင်းဆန်နေမှုကို….
“ဟုတ်တယ် ဖျက်ချလိုက်ပါ သဇင် မေမေပြောတာမှန်ပါတယ် မောင်ကလေးအဖေ မဖြစ်ချင်သေးဘူး နော် မေမေပြောတဲ့အတိုင်းလုပ်လိုက်ပါ”
သဇင် သူမကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။
သူမ ကျော်စိုးတို့အိမ်က ပြန်ထွက်လာခဲ့သည်။
သူမ နားအစုံသည် မည်သူပြောတာမှ မကြားတော့အောင်
သူမစိတ်တို့ အားအင်ကုန်ဆုံးနေလေသည်။
သူမ မိခင်ဆီပြန်သွားဖို့လည်းမဖြစ်နိုင်ပေ။
သူမကျော်စိုးမိခင်ပြောတာလက်ခံရမလား။
ဟင့်အင်း သူမလက်မခံပါ သူမကလေးလေးသည်သူမအသက်ပင်ဖြစ်သည်။
သူမ ကျောင်းမှထွက်လိုက်တော့သည်။
ကျော်စိုးနှင့်လည်းမပတ်သတ်တော့။
ကျော်စိုးကတော့ သူမကို လိုက်ရှာနေလေသည်။
သူမ သူငယ်ချင်းတစ်ယောက်အကူညီဖြင့် နယ်မြို့လေးတစ်ခုမှာနေထိုင်ခဲ့သည်။
သူမ စားဝတ်နေရေးနှင့် ကလေးမွေးဖွားစရိတ်အတွက် ဈေးထဲမှာကုန်စိမ်းလေးအနည်းငယ်တင်ရောင်းသည်။
အမြတ်နည်းပင်မယ့် သူမစားဖို့တွက်ပြည့်စုံပေသည်။
ညနေခင်းဆို သူမတွန်းလှဲလေးဖြင့် အသုတ်စုံလှည့်ရောင်းသည်။
ကလေးလေးမွေးဖွားလာဖို့ သူမကြိုးစားနေပေသည်။
သူမမြို့ငယ်လေးမှာနေထိုင်ရင်းသုံးလအကြာ မိခင်ဖြစ်သူလိုက်လာသည်။
ပထွေးဖြစ်သူနှင့်မနေတော့ဘဲ သူမနှင့်သာအတူနေထိုင်ဖို့ ရောက်ရှိလာခြင်းဖြစ်သည်။
မိခင်ဖြစ်သူရှိသဖြင့်သူမအနည်းငယ်သက်သာရသည်။
ကလေးလေးမွေးဖွားဖို့ရက်ကို ရောက်လာသည်။
အရပ်ထဲမှ လက်သည်ဖြင့်သာမွေးဖွားဖို့စီစဉ်ထားသည်။
မီးနေခန်းထဲတွင် လက်သည်နှင့်သူမအမေ ဘေးတွင်ရှိနေသည်။
“အမလေးးးးးးအမေရေ..အမေ..”
“အမေရှိတယ်သမီး အားတင်းထားနော် ကြိုးစား…”
“ကဲ ကလေးလေးမွေးတော့မယ် ကြိုးစားညစ်ထား ဟုတ်ပြီ ဟုတ်ပြီ….”
နောက်ဆုံးသူမ ကလေးလေးကိုမွေးဖွားနိုင်ခဲ့သည်။
ကလေးမှာ ယောက်ျားလေးဖြစ်သည်။
အမေဖြစ်သူရဲ့လက်ထဲမှ ဖြူဖွေးဝကစ်နေသည့် ကလေးလေးကိုကြည့်ရင်း သူမ မျက်လုံးတို့ ဝေဝါးသွားတော့သည်။
“ဟဲ့.သဇင်….သဇင်.သဇင်….”
“အမလေးးးးးးးးးသမီးရေ အမေတို့မြေးအဖွားကိုထားခဲ့ပြီလား”
သဇင်ကလေးမီးဖွားရင်းသေဆုံးသွားခဲ့သည်။
သမီးဖြစ်သူရဲ့ရင်သွေးလေးကို ကိုယ်တိုင်ပြုစုရင်း ဈေးထဲတွင် ကုန်စိမ်းရောင်းနေသည်။
“အမေ…အမေ….အမေရေ…”
သမီးဖြစ်သူရဲ့ခေါ်သံကိုကြားနေသည်။
အိပ်ပျော်နေရင်းမှ လန့်နိုးလာကာ ဘေးမှ မြေးလေးကိုကြည့်တော့ အိပ်ပျော်နေသည်။
မြေးလေးရဲ့ နဖူးကိုစမ်းကြည့်တော့ ကိုယ်ပူနေသည်။
ကလေးနေမကောင်းဖြစ်နေသည်ကိုသိလိုက်တော့ ချက်ချင်းဆေးခန်းပြေးပြရသည်။
သမီးဖြစ်သူ ကလေးကိုစွဲပြီးမကျွတ်လွတ်သေးတာကိုသိသည်။
တစ်ခါတစ်လေ ကလေးပုခတ်လေးသည် လူမရှိဘဲ လှုပ်ရမ်းနေတတ်သည်။
လူမမယ်ကလေးလေးသည် တစ်ခါတစ်ရံ ချော့မြူပေးသူမရှိဘဲ တစ်ခစ်ခစ်အော်ရယ်နေတတ်သည်။
ကလေးလေးစကားပြောတတ်စမှာ..
“မေမေ…. မေမေ…မေမေ…”
သူ့အလိုလို ခေါ်တတ်နေလေသည်။
နေလာရင်း ကလေးသုံးနှစ်အရွယ်ရောက်လာတော့…
“ဖွားဖွား သားညတိုင်အိမ်မက်မက်ရင် မေမေက ပုံပြင်ပြောပြတယ်သိလား”
မြေးဖြစ်သူပြောတော့ စိတ်မကောင်းပေ။သမီးဖြစ်သူကိုလည်းကျွတ်လွတ်စေချင်သည်။
သဇင်ကိုယ်တိုင် သားဖြစ်သူအနီးမှာနေချင်သေးရဲ့ အမျှပေးဝေတာကိုသာဓုမခေါ်ပေ။
နှစ်တွေကြာမှ ကျော်စိုးတို့သားအမိသဇင်တို့အိမ်လေးကိုရောက်လာသည်။သူတို့အမှားကိုတောင်းပန်ပြီး ကလေးကိုတောင်းသည်။
ထိုအချိန်…
“ဘုန်း….ခွမ်း….ချလွမ်..ဘုန်းးးးးးးးး”
ပစ္စည်းကျကွဲသံတွေဆူညံလာသည်။အိမ်ကြီးသည်လည်းလှုပ်ရမ်းခါနေသည်။
ကျော်စိုးတို့သားအမိလန့်နေသည်။
“တွေ့ လား.သမီးက လက်မခံဘူး ရှင်တို့သွားတော့….”
ကျော်စိုးတို့လည်း သဇင်ထပ်ခြောက်လန့်မှာကြောက်၍ အိမ်ကိုပြန်သွားကြတော့သည်။
ကလေးလေးခြောက်နှစ်အရွယ်ရောက်တော့အဖွားဖြစ်သူကစုဆောင်းထားတဲ့ပိုက်ဆံလေးနှင့် ရှင်ပြုပေးဖို့စီစဉ်သည်။
အများသူဌာလို အလှူကြီးမလုပ်နိုင်ပေ။ သက်န်းလေးတစ်စုံဖြင့်ဘုန်းကြီးကျောင်းတွင်ဆွမ်းကပ်ခါရှင်ပြုပေးခြင်းဖြစ်သည်။
“မေမေ သာဓုခေါ်ပြီးကောင်းရာမွန်ရာသွားပါ သားကိုလည်းစိတ်ချပါတော့နော်မေမေ…..”
သားဖြစ်သူကပြော၍ သဇင် သာဓုခေါ်ဖို့ လက်ခံလိုက်သည်။
ရှင်မပြုခင် ညတွင်…..
“ဟီး ဟီး ဟီးးးးးးးးးးးးးးးးးး”
ငိုသံကြီးကို မြေးအဖွားတွေကြားနေရသည်။
မြေးအဖွားလည်းစိတ်မကောင်းပေ။မျက်နှာမှာလည်းမျက်ရည်တွေဖြင့်သာ။
နောက်ရက် ရှင်ပြု အမျှပေးဝေကြပြီးနောက် သဇင်ကို သားဖြစ်သူ မတွေ့ရတော့ပေ။
သဇင်ကျွတ်လွတ်သွားခြင်းပင်ဖြစ်သည်။
သားဖြစ်သူရင်ထဲမှာတော့ မိခင်ဖြစ်သူ အမြဲရှိနေပေသည်။
Yim min(Kbu)…

Zawgyi Version

“လြမ္းတယ္ေမေမ”(စ/ဆုံး)
မ်က္ရည္ခိုင္မွဖတ္ပါ။
——————————-
“ေမာင္ ေက်ာင္းၿပီးရင္ သဇင္တို႔လက္ထပ္ၾကရေအာင္ေနာ္”
သဇင္ခ်စ္သူျဖစ္သူကိုေျပာလိုက္ေတာ့….
“သဇင္ရယ္ ေမာင္တို႔ကခုမွေက်ာင္းၿပီးတာေလကြာ ဘယ္လိုလုပ္လက္ထပ္လို႔ရဦးမလဲ.. ”
သဇင္ သက္ျပင္းသဲ့သဲ့ခ်မိသည္။
ခ်စ္သူ ေက်ာ္စိုးႏွင့္ခ်စ္သူသက္တမ္းသုံးႏွစ္ရွိခဲ့ၿပီျဖစ္သည္။
သဇင္က အလုပ္တစ္ဖက္ႏွင့္အေဝးသင္တတ္ေနျခင္းပင္ျဖစ္သည္။
သူမအလုပ္ကလည္း သူမ်ားဆိုင္တြင္လခစားအလုပ္သာျဖစ္သည္။
သူမ ဖခင္ကသူမငယ္စဥ္ကတည္းကဆုံးပါးသြားၿပီးမိခင္ျဖစ္သူႏွင့္အတူေနထိုင္းရင္း မိခင္ျဖစ္သူ ကေနာက္အိမ္ေထာင္ျပဳလိုက္သည္။
မိခင္ႏွင့္အတူေနထိုင္စဥ္ကအဆင္ေျပခဲ့ေသာ္လည္းပေထြးျဖစ္သူရွိလာေတာ့ စားေသာက္ရတာပင္ မဝံမရဲျဖစ္ေနရသည္။
မိခင္ျဖစ္သူရဲ႕ေရွ႕မွာလည္း…
“အလကား ငါ့လုပ္စာထိုင္စားေနတဲ့ဟာေတြ အပူပင္မရွိဘူး”
သူမကိုအၿမဲေစာင္းေျမာင္းေျပာဆိုတတ္သည္။
မိခင္ကလည္း ပေထြးျဖစ္သူ လုပ္စာေၾကာင့္ သူမကိုဘာမွကူမေျပာေပးႏိုင္။
ေနာက္ဆုံးသူမဘဝသူမသာ႐ုန္းကန္ဖို႔ အိမ္ကထြက္လာကာအေရာင္းစာေရးေလးဝင္လုပ္ၿပီး အေဆာင္ဌားေနခဲ့ရသည္။
ေက်ာ္စိုးႏွင့္ခ်စ္သူျဖစ္ေနရပင္မယ့္ ေက်ာ္စိုးေဆြမ်ိဳးမိဘေတြက သဇင္ကို႔မၾကည္ျဖဴၾကေပ။
သူမလိုကိုယ့္ဘဝကိုယ္႐ုန္းကန္ေနသူကိုမၾကည္ျဖဴၾကတာမဆန္းေပ။
ယခုလည္းေက်ာ္စိုး သဇင္ကို လက္ထပ္ဖို႔အေရးေရွာင္ဖယ္ေနေလသည္။
သူမ ေက်ာ္စိုးႏွင့္ ခ်စ္သူအဆင့္ထက္ေက်ာ္လြန္ခဲ့ေလၿပီ။
မိမိ မွာရင္ေသြးလြယ္ထားရသည္ကို ေက်ာ္စိုးသိေအာင္ေျပာျပ မွရေတာ့မည္ျဖစ္သည္။
“ေမာင္…ကြၽန္မ မွာေမာင့္ရင္ေသြးေလး လြယ္ထားရၿပီ”
သဇင္ေျပာလိုက္ေတာ့ ေက်ာ္စိုးထိတ္လန္႔ သြားဟန္ျဖင့္..
“ဟာ…သဇင္ရာ ေမာင္တို႔လက္ထပ္ဖို႔ေတာင္အဆင္မျပ ေသးတာ ကေလးယူဖို႔ မျဖစ္ႏိုင္ေသးဘူးေလကြာ”
သဇင္ ျငင္းဆန္ေနေသာ ေက်ာ္စိုးကိုေသခ်ာစိုက္ၾကည့္ၿပီး..
“သဇင္ဘာလုပ္ရမလဲေမာင္ ကိုယ္ဝန္ကရွိလာၿပီေလေမာင္ရယ္ သဇင္တို႔မိသားစုေလး ႀကိဳးစားၿပီးအတူေနလို႔ရပါတယ္ သဇင္တို႔ ႐ုံးတက္ လက္မွတ္ထိုးရေအာင္ေနာ္”
သူမ အသနားခံေျပာတဲ့စကားကို…
“ေမာင္ ဆင္းရဲတဲ့ဒဏ္မခံႏိုင္ဘူး သဇင္ ေမာင့္မိဘေတြေျပာေပးမယ္ သူတို႔ဆုံးျဖတ္တာ တို႔နာခံၾကတာေပါ့”
ျဖစ္မလာႏိုင္သည့္အရာကို ေက်ာ္စိုးေျပာေတာ့ သဇင္ စိတ္မေကာင္းျဖစ္မိသည္။
***************************************
“အို….ငါ့သားက ခုမွ မိဘအုပ္ထိန္းမႈေအာက္မွာေနေနတုန္းရွိေသးတာ မိန္းမေတာ့ မေပးစားႏိုင္ဘူး ညည္းကေလးကို ငါတို႔တာဝန္ယူတယ္ ”
ေက်ာ္စိုးမိခင္ကေျပာေတာ့..
“အန္တီက ဘယ္လိုတာဝန္ယူတာလဲ”
သဇင္၏စကားကို ေက်ာ္စိုးမိခင္က…
“ဒီကေလးကို ဖ်က္ခ်ပစ္ရမယ္ အဲ့အတြက္ ညည္းကိုလည္း ထိုက္သင့္တဲ့ပိုက္ဆံေပးမယ္..”
သဇင္ ေက်ာ္စိုးမိခင္စကားေၾကာင့္ထိတ္လန္႔သြားကာ..
“ဟင့္ အင္း…ကြၽန္မ ကြၽန္မ ရင္ေသြးကို မဖ်က္ႏိုင္ဘူး”
သဇင္ ရဲ႕ျငင္းဆန္ေနမႈကို….
“ဟုတ္တယ္ ဖ်က္ခ်လိုက္ပါ သဇင္ ေမေမေျပာတာမွန္ပါတယ္ ေမာင္ကေလးအေဖ မျဖစ္ခ်င္ေသးဘူး ေနာ္ ေမေမေျပာတဲ့အတိုင္းလုပ္လိုက္ပါ”
သဇင္ သူမကူကယ္ရာမဲ့သလိုခံစားလိုက္ရသည္။
သူမ ေက်ာ္စိုးတို႔အိမ္က ျပန္ထြက္လာခဲ့သည္။
သူမ နားအစုံသည္ မည္သူေျပာတာမွ မၾကားေတာ့ေအာင္
သူမစိတ္တို႔ အားအင္ကုန္ဆုံးေနေလသည္။
သူမ မိခင္ဆီျပန္သြားဖို႔လည္းမျဖစ္ႏိုင္ေပ။
သူမေက်ာ္စိုးမိခင္ေျပာတာလက္ခံရမလား။
ဟင့္အင္း သူမလက္မခံပါ သူမကေလးေလးသည္သူမအသက္ပင္ျဖစ္သည္။
သူမ ေက်ာင္းမွထြက္လိုက္ေတာ့သည္။
ေက်ာ္စိုးႏွင့္လည္းမပတ္သတ္ေတာ့။
ေက်ာ္စိုးကေတာ့ သူမကို လိုက္ရွာေနေလသည္။
သူမ သူငယ္ခ်င္းတစ္ေယာက္အကူညီျဖင့္ နယ္ၿမိဳ႕ေလးတစ္ခုမွာေနထိုင္ခဲ့သည္။
သူမ စားဝတ္ေနေရးႏွင့္ ကေလးေမြးဖြားစရိတ္အတြက္ ေစ်းထဲမွာကုန္စိမ္းေလးအနည္းငယ္တင္ေရာင္းသည္။
အျမတ္နည္းပင္မယ့္ သူမစားဖို႔တြက္ျပည့္စုံေပသည္။
ညေနခင္းဆို သူမတြန္းလွဲေလးျဖင့္ အသုတ္စုံလွည့္ေရာင္းသည္။
ကေလးေလးေမြးဖြားလာဖို႔ သူမႀကိဳးစားေနေပသည္။
သူမၿမိဳ႕ငယ္ေလးမွာေနထိုင္ရင္းသုံးလအၾကာ မိခင္ျဖစ္သူလိုက္လာသည္။
ပေထြးျဖစ္သူႏွင့္မေနေတာ့ဘဲ သူမႏွင့္သာအတူေနထိုင္ဖို႔ ေရာက္ရွိလာျခင္းျဖစ္သည္။
မိခင္ျဖစ္သူရွိသျဖင့္သူမအနည္းငယ္သက္သာရသည္။
ကေလးေလးေမြးဖြားဖို႔ရက္ကို ေရာက္လာသည္။
အရပ္ထဲမွ လက္သည္ျဖင့္သာေမြးဖြားဖို႔စီစဥ္ထားသည္။
မီးေနခန္းထဲတြင္ လက္သည္ႏွင့္သူမအေမ ေဘးတြင္ရွိေနသည္။
“အမေလးးးးးးအေမေရ..အေမ..”
“အေမရွိတယ္သမီး အားတင္းထားေနာ္ ႀကိဳးစား…”
“ကဲ ကေလးေလးေမြးေတာ့မယ္ ႀကိဳးစားညစ္ထား ဟုတ္ၿပီ ဟုတ္ၿပီ….”
ေနာက္ဆုံးသူမ ကေလးေလးကိုေမြးဖြားႏိုင္ခဲ့သည္။
ကေလးမွာ ေယာက္်ားေလးျဖစ္သည္။
အေမျဖစ္သူရဲ႕လက္ထဲမွ ျဖဴေဖြးဝကစ္ေနသည့္ ကေလးေလးကိုၾကည့္ရင္း သူမ မ်က္လုံးတို႔ ေဝဝါးသြားေတာ့သည္။
“ဟဲ့.သဇင္….သဇင္.သဇင္….”
“အမေလးးးးးးးးးသမီးေရ အေမတို႔ေျမးအဖြားကိုထားခဲ့ၿပီလား”
သဇင္ကေလးမီးဖြားရင္းေသဆုံးသြားခဲ့သည္။
သမီးျဖစ္သူရဲ႕ရင္ေသြးေလးကို ကိုယ္တိုင္ျပဳစုရင္း ေစ်းထဲတြင္ ကုန္စိမ္းေရာင္းေနသည္။
“အေမ…အေမ….အေမေရ…”
သမီးျဖစ္သူရဲ႕ေခၚသံကိုၾကားေနသည္။
အိပ္ေပ်ာ္ေနရင္းမွ လန္႔ႏိုးလာကာ ေဘးမွ ေျမးေလးကိုၾကည့္ေတာ့ အိပ္ေပ်ာ္ေနသည္။
ေျမးေလးရဲ႕ နဖူးကိုစမ္းၾကည့္ေတာ့ ကိုယ္ပူေနသည္။
ကေလးေနမေကာင္းျဖစ္ေနသည္ကိုသိလိုက္ေတာ့ ခ်က္ခ်င္းေဆးခန္းေျပးျပရသည္။
သမီးျဖစ္သူ ကေလးကိုစြဲၿပီးမကြၽတ္လြတ္ေသးတာကိုသိသည္။
တစ္ခါတစ္ေလ ကေလးပုခတ္ေလးသည္ လူမရွိဘဲ လႈပ္ရမ္းေနတတ္သည္။
လူမမယ္ကေလးေလးသည္ တစ္ခါတစ္ရံ ေခ်ာ့ျမဴေပးသူမရွိဘဲ တစ္ခစ္ခစ္ေအာ္ရယ္ေနတတ္သည္။
ကေလးေလးစကားေျပာတတ္စမွာ..
“ေမေမ…. ေမေမ…ေမေမ…”
သူ႔အလိုလို ေခၚတတ္ေနေလသည္။
ေနလာရင္း ကေလးသုံးႏွစ္အ႐ြယ္ေရာက္လာေတာ့…
“ဖြားဖြား သားညတိုင္အိမ္မက္မက္ရင္ ေမေမက ပုံျပင္ေျပာျပတယ္သိလား”
ေျမးျဖစ္သူေျပာေတာ့ စိတ္မေကာင္းေပ။သမီးျဖစ္သူကိုလည္းကြၽတ္လြတ္ေစခ်င္သည္။
သဇင္ကိုယ္တိုင္ သားျဖစ္သူအနီးမွာေနခ်င္ေသးရဲ႕ အမွ်ေပးေဝတာကိုသာဓုမေခၚေပ။
ႏွစ္ေတြၾကာမွ ေက်ာ္စိုးတို႔သားအမိသဇင္တို႔အိမ္ေလးကိုေရာက္လာသည္။သူတို႔အမွားကိုေတာင္းပန္ၿပီး ကေလးကိုေတာင္းသည္။
ထိုအခ်ိန္…
“ဘုန္း….ခြမ္း….ခ်လြမ္..ဘုန္းးးးးးးးး”
ပစၥည္းက်ကြဲသံေတြဆူညံလာသည္။အိမ္ႀကီးသည္လည္းလႈပ္ရမ္းခါေနသည္။
ေက်ာ္စိုးတို႔သားအမိလန္႔ေနသည္။
“ေတြ႕ လား.သမီးက လက္မခံဘူး ရွင္တို႔သြားေတာ့….”
ေက်ာ္စိုးတို႔လည္း သဇင္ထပ္ေျခာက္လန္႔မွာေၾကာက္၍ အိမ္ကိုျပန္သြားၾကေတာ့သည္။
ကေလးေလးေျခာက္ႏွစ္အ႐ြယ္ေရာက္ေတာ့အဖြားျဖစ္သူကစုေဆာင္းထားတဲ့ပိုက္ဆံေလးႏွင့္ ရွင္ျပဳေပးဖို႔စီစဥ္သည္။
အမ်ားသူဌာလို အလႉႀကီးမလုပ္ႏိုင္ေပ။ သက္န္းေလးတစ္စုံျဖင့္ဘုန္းႀကီးေက်ာင္းတြင္ဆြမ္းကပ္ခါရွင္ျပဳေပးျခင္းျဖစ္သည္။
“ေမေမ သာဓုေခၚၿပီးေကာင္းရာမြန္ရာသြားပါ သားကိုလည္းစိတ္ခ်ပါေတာ့ေနာ္ေမေမ…..”
သားျဖစ္သူကေျပာ၍ သဇင္ သာဓုေခၚဖို႔ လက္ခံလိုက္သည္။
ရွင္မျပဳခင္ ညတြင္…..
“ဟီး ဟီး ဟီးးးးးးးးးးးးးးးးးး”
ငိုသံႀကီးကို ေျမးအဖြားေတြၾကားေနရသည္။
ေျမးအဖြားလည္းစိတ္မေကာင္းေပ။မ်က္ႏွာမွာလည္းမ်က္ရည္ေတြျဖင့္သာ။
ေနာက္ရက္ ရွင္ျပဳ အမွ်ေပးေဝၾကၿပီးေနာက္ သဇင္ကို သားျဖစ္သူ မေတြ႕ရေတာ့ေပ။
သဇင္ကြၽတ္လြတ္သြားျခင္းပင္ျဖစ္သည္။
သားျဖစ္သူရင္ထဲမွာေတာ့ မိခင္ျဖစ္သူ အၿမဲရွိေနေပသည္။
Yim min(Kbu)…