ဦးခေါင်းကြီးပဲပါလာတယ်

(( ဦးခေါင်းကြီးဘဲ ပါလာတယ် ))

ဖြစ်ရပ်မှန် စဆုံး

ငါးမျှားတံလေးကိုစွဲကိုင်ပြီး ရွာပြင်ဘက်သွားနေသော တင်မျိုးက
အောင်အောင်နဲ့ အထွန်း အား လှမ်းမေးလိုက်သည်။

~ ဟေ့ကောင်တွေ ငါးမျှားသွားကြမယ်လေ…~

တင်မျိုးအမေးစကားကြောင့် ဘောလုံးကန်နေသော အောင်အောင်
အထွန်း တို့က တင်မျိုးကိုလှည့်ကြည့်လိုက်ပြီးနောက်။

~ တို့မလိုက်တော့ဘူးကွ ဘောလုံးကန်မလို့
မင်းလည်း မှောင်တော့မယ် မနက်မှတူတူသွားရအောင်
ခုဘောလုံးကန်ကြမယ်လာ…~

~ဟာ မင်းတို့မလိုက်ချင်နေကွာ မနက်က ကိုမင်းဇော်
ရွာထိပ်က အုတ်ကန်မှာမျှားတာ ငါးတွေရတာ အများကြီးပဲ…~

~ အေးကွာ ငါတို့မနက်မှလိုက်တော့မယ် ခုတော့
ဘောလုံးကန်ရတာ မဝသေးဘူး…~

ထိုသို့ ဖြင့်ပင်တင်မျိုးတယောက် ငါးမျှားတံလေးကို ထမ်းပြီးတော့
ရွာအပြင်ထွက်သွား ခဲ့ပြီဖြစ်ပါလေတော့သည်။
အောင်အောင်နှင့် အထွန်းလဲ ဘောလုံးကန်ပြီးပြီဖြစ်တာကြောင့်
ရေမိုးချိုးကာ တင်မျိုးပြန်အလာကိုစောင့်နေကြတော့သည် သူတို့က
14 15 နှစ်အရွယ် ကလေးငယ်များပင်ဖြစ်လေတော့သည်။
နေဝင်ရီတရော အချိန်လေးမှာပင် ရွာအပြင်ဆီမှ တင်မျိုးတယောက်
ခပ်သွက်သွက် ရွာအတွင်းပြေးဝင်လာတာကို မြင်လိုက်ရသောအခါ
အထွန်းက အောင်အောင်ကိုပြောလိုက်သည်။

~ ဟိုမှာ တင်မျိုးပြန်လာပြီ အောင်အောင်လာသူငါး
ဘယ်လောက်ရလဲ သွားကြည့်ရအောင်…~

တင်မျိုးဆီသို့ အောင်အောင်နှင့် အထွန်း သွားလိုက်ကြတော့သည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တင်မျိုးသေပြီဟု အိပ်ယာမှနိူးနိူးခြင်းကြားလိုက်ရသော အောင်အောင်
လုံးဝ မယုံကြည်နိူင်ပါခြေ ထို့ကြောင့် မျက်နှာကိုဖြစ်သလိုသစ်ကာ
တဘက်အိမ်မှ အထွန်းဆီပြေးထွက်ခဲ့တော့ အထွန်းက အိမ်ပေါ်မှ
ဆင်းလာသည်နှင့် ဆုံသည်။

~ အထွန်း . .အထွန်း တင်မျိုးသေပြီဆို ဟုတ်လား…~

~ ဟုတ်တယ်အောင်အောင် ငါ့ကိုလည်းအမေပြောတယ်
အဲဒါ မင်းကိုခေါ်ပြီး သူ့အိမ်သွားမလို့…~

~ ဒါ…ဒါဆို မနေ့ကသူပြောတာ တကယ်ပေါ့…~

~ မသိဘူး သွားမယ်လာတင်မျိုးတို့အိမ်ကို…~

ပြောလိုက်ကြပြီး တင်မျိုးအိမ်ဆီသို့ နှစ်ယောက်သားအတူတူ
ပြေးသွားကြလေတော့သည် သူတို့နှစ်ယောက်ကိုမြင်တော့မှ
တင်မျိုးမိခင်မှာ သူ့ရင်ကိုသူထုကာ ငိုလေတော့သည်။

~ သား . .သားလေး သားသူငယ်ချင်းတွေလာနေပြီလေ
ထကြည့်ပါဦး အောင်အောင်အိမ်မှာ စာအတူတူသွားကျက်မယ်လို့
ပြောလိုက်ပါဦးသားရဲ့…~

ထိုသို့ငိုနေရင်းမှပင် အောင်အောင်နှင့်အထွန်းကိုကြည့်လိုက်ပြီး

~ သားတို့ရယ် သားတို့သူငယ်ချင်းလေ ညက
ကြောက်တယ် ကြောက်တယ်ဆိုပြီး တညလုံး
ကယောင်ကတမ်းတွေပြောတယ် ဒီမနက်စောစော
အသက်ထွက်သွားတာပဲကွယ်…~

အောင်အောင်ရော အထွန်းပါ မျက်ရည်များကျလာလေတော့သည်
အောင်အောင်က တင်ထွန်းကိုအုပ်ထားသော စောင်ကိုအသာလေး
မကြည့်လိုက်ပြီး။

~ တင်ထွန်း တို့တွေ မနေ့က မင်းပြောတာကိုမယုံခဲ့တာ
လှောင်ရယ် ရယ်ခဲ့တာ မင်းခွင့်လွတ်ပါကွာ…~

အောင်အောင်စကားကို ကြားရသောအခါ တင်မျိုး အမေ အဖေ တို့က
အောင်အောင်နှင့်အထွန်းအား အတင်းမေးကြလေတော့သည် ထိုအခါမှ
သူတို့က မနေ့ကတင်ထွန်းပြောသည်များကို ပြန်ပြောပြလေတော့သည်
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
အောင်အောင်နဲ့အထွန်းကို မြင်တော့ တင်မျိုးပြေးလာကာ သူတို့ကို

~ အောင်အောင် အထွန်း ငါ့ ငါးမျှားတံလေး
သွားယူပေးပါလားကွာ…~

~ ဟေ ဘယ်မှာထားခဲ့လို့လဲ…~

~ အုတ်ကန်မှာ ထားပြစ်ခဲ့တာ ငါ့ပလိုင်းရော ရထားတဲ့ငါးတွေရော…

~ မင်းကဘာလို့ ပြန်ယူမလာတာလဲပြော…~

~ငါပြောပြမယ် …~

တင်မျိုးတယောက် အောင်အောင်နှင့်အထွန်းက မလိုက်ဘူးဆို၍
တယောက်ထဲ ရွာအပြင်ထွက်ခဲ့တော့ မနဲလေးပင်နေစောင်းနေပြီ
သူအုတ်ကန်ဆီ ခပ်သွက်သွက်သွားလိုက်ပြီး ငါးစာတတ်ကာ
ငါးမျှားကြိုးကိုရေထဲပစ်ချလိုက်တော့သည်။

~ ပလုတ်…ပလုတ်…ပလုတ်…~

ခဲသီးလေးက ရေပေါ်မြောက်လာလိုက်ပြန်နှစ်သွားလိုက်နှင့်တင်မျိုး
စိတ်အလိုကြအတိုင်းဖြစ်နေရသည်မဟုတ်ပါလား တင်မျိုးခဏသာ
မျှားရသေးသည် ငါးကတော်တော်ရနေပြီဖြစ်လေတော့သည် ထိုချိန်
တင်မျိုး ငါးမျှားကြိုးက တင်းကနဲဖြစ်သွားတာကြောင့် မျှားတံကို ဆွဲတင်
လိုက်သောအခါတွင်တော့ လူတကိုယ်လုံးတုန်ယင်သွားလေတော့သည်
ငါးမျှားချိပ်တွင် ငါးပါမလာပဲ လူဦးခေါင်းကြီးတလုံးသာ ပါလာပြီးနောက်
ထိုဦးခေါင်းကြီးက တင်မျိုးကိုကြည့်ကာ ပြုံးနေလေသည်။

~ အား …~

အံ့သြောမင်သက်မိနေရာမှ တင်မျိုး အသံကုန်အော်ဟစ်လိုက်ခြင်း
ဖြစ်သော်လည်း အသံက အပြင်ထွက်မလာပဲ လည်ချောင်းဝတွင်သာ
တစ်ဆို့ပျောက်ကွယ်သွားရလေတော့သည်။

~ ကောင် လေး မ နက် ဖြန် က စ ပြီး
မင်း ငါ နဲ့ လာ နေ ရ မယ်…~

တလုံးခြင်း ပီပီသသ ပြောလိုက်သော အသံသြကြီး ပေါ်ထွက်လာသည်
ထိုအခါမှ တင်မျိုးလည်း ထိတ်လန့်တကြား ငါးမျှားတံကို လွတ်ချလိုက်
လေတော့သည်။

~ ဗွမ်း…~

အုတ်ကန်လေးမှာ လိူင်းစိပ်လေးများပင် ထသွားရလေတော့သည်
ထိုအချိန်မှ တင်မျိုးလွန်စွာကြောက်လွန်းပြီး ရွာအတွင်း ပြေးဝင်ခဲ့သည်
ဖြစ်လေတော့သည်။

~ တင်မျိုး မင်းတကယ်လား လာခုပြန်သွားကြည့်မယ်…~

အထွန်းကပြောလိုက်သောအခါ တင်မျိုး အထွန်းအောင်တို့ကို

~ မင်းတို့ ယူမပေးချင်လဲနေတော့…~

ပြောကာ ထွက်ပြေးသွားသော တင်မျိုးကို ကြည့်ကာ သူတို့ရယ်မိကြ
သည်မှာ နောက်ဆုံးဖြစ်ခဲ့သည်ဆိုတာကိုသာ သိခဲ့ပါလျှင်။

~ အောင်အောင်နှင့်ကိုထွန်း တို့ပြောပြအပြီး
နားထောင်နေသူများထဲမှ လူကြီးတဦးက…~

ဒါဆိုရင်တော့ ဒီကလေးက သရဲအစားခံရတာပါပဲ မိဘတွေက
ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို ဘယ်ကိုသွားသွား စိတ်ချလက်ချ
တဦးထဲ မလွတ်သင့်ဘူးဆိုတာ သတိတရားရကြသင့်ပါတယ်ဟု
ပြောလိုက်သောအခါ တွင်တော့ လူအားလုံးမှာ တင်မျိုးအလောင်းကို
ကြည့်ရင်း သနားဂရုဏာ သက်စွာဖြင့်။

ရေးခဲ့ဘူးတဲ့ ဖြစ်ရပ်မှန်လေးပါ

#လျို့ဝှက်လူ
#လေးစားစွာcreditပေးပါသည်

(( ဦးေခါင္းႀကီးဘဲ ပါလာတယ္ ))

ျဖစ္ရပ္မွန္ စဆုံး

ငါးမွ်ားတံေလးကိုစြဲကိုင္ၿပီး ႐ြာျပင္ဘက္သြားေနေသာ တင္မ်ိဳးက
ေအာင္ေအာင္နဲ႔ အထြန္း အား လွမ္းေမးလိုက္သည္။

~ ေဟ့ေကာင္ေတြ ငါးမွ်ားသြားၾကမယ္ေလ…~

တင္မ်ိဳးအေမးစကားေၾကာင့္ ေဘာလုံးကန္ေနေသာ ေအာင္ေအာင္
အထြန္း တို႔က တင္မ်ိဳးကိုလွည့္ၾကည့္လိုက္ၿပီးေနာက္။

~ တို႔မလိုက္ေတာ့ဘူးကြ ေဘာလုံးကန္မလို႔
မင္းလည္း ေမွာင္ေတာ့မယ္ မနက္မွတူတူသြားရေအာင္
ခုေဘာလုံးကန္ၾကမယ္လာ…~

~ဟာ မင္းတို႔မလိုက္ခ်င္ေနကြာ မနက္က ကိုမင္းေဇာ္
႐ြာထိပ္က အုတ္ကန္မွာမွ်ားတာ ငါးေတြရတာ အမ်ားႀကီးပဲ…~

~ ေအးကြာ ငါတို႔မနက္မွလိုက္ေတာ့မယ္ ခုေတာ့
ေဘာလုံးကန္ရတာ မဝေသးဘူး…~

ထိုသို႔ ျဖင့္ပင္တင္မ်ိဳးတေယာက္ ငါးမွ်ားတံေလးကို ထမ္းၿပီးေတာ့
႐ြာအျပင္ထြက္သြား ခဲ့ၿပီျဖစ္ပါေလေတာ့သည္။
ေအာင္ေအာင္ႏွင့္ အထြန္းလဲ ေဘာလုံးကန္ၿပီးၿပီျဖစ္တာေၾကာင့္
ေရမိုးခ်ိဳးကာ တင္မ်ိဳးျပန္အလာကိုေစာင့္ေနၾကေတာ့သည္ သူတို႔က
14 15 ႏွစ္အ႐ြယ္ ကေလးငယ္မ်ားပင္ျဖစ္ေလေတာ့သည္။
ေနဝင္ရီတေရာ အခ်ိန္ေလးမွာပင္ ႐ြာအျပင္ဆီမွ တင္မ်ိဳးတေယာက္
ခပ္သြက္သြက္ ႐ြာအတြင္းေျပးဝင္လာတာကို ျမင္လိုက္ရေသာအခါ
အထြန္းက ေအာင္ေအာင္ကိုေျပာလိုက္သည္။

~ ဟိုမွာ တင္မ်ိဳးျပန္လာၿပီ ေအာင္ေအာင္လာသူငါး
ဘယ္ေလာက္ရလဲ သြားၾကည့္ရေအာင္…~

တင္မ်ိဳးဆီသို႔ ေအာင္ေအာင္ႏွင့္ အထြန္း သြားလိုက္ၾကေတာ့သည္။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တင္မ်ိဳးေသၿပီဟု အိပ္ယာမွႏိူးႏိူးျခင္းၾကားလိုက္ရေသာ ေအာင္ေအာင္
လုံးဝ မယုံၾကည္ႏိူင္ပါေျခ ထို႔ေၾကာင့္ မ်က္ႏွာကိုျဖစ္သလိုသစ္ကာ
တဘက္အိမ္မွ အထြန္းဆီေျပးထြက္ခဲ့ေတာ့ အထြန္းက အိမ္ေပၚမွ
ဆင္းလာသည္ႏွင့္ ဆုံသည္။

~ အထြန္း . .အထြန္း တင္မ်ိဳးေသၿပီဆို ဟုတ္လား…~

~ ဟုတ္တယ္ေအာင္ေအာင္ ငါ့ကိုလည္းအေမေျပာတယ္
အဲဒါ မင္းကိုေခၚၿပီး သူ႔အိမ္သြားမလို႔…~

~ ဒါ…ဒါဆို မေန႔ကသူေျပာတာ တကယ္ေပါ့…~

~ မသိဘူး သြားမယ္လာတင္မ်ိဳးတို႔အိမ္ကို…~

ေျပာလိုက္ၾကၿပီး တင္မ်ိဳးအိမ္ဆီသို႔ ႏွစ္ေယာက္သားအတူတူ
ေျပးသြားၾကေလေတာ့သည္ သူတို႔ႏွစ္ေယာက္ကိုျမင္ေတာ့မွ
တင္မ်ိဳးမိခင္မွာ သူ႔ရင္ကိုသူထုကာ ငိုေလေတာ့သည္။

~ သား . .သားေလး သားသူငယ္ခ်င္းေတြလာေနၿပီေလ
ထၾကည့္ပါဦး ေအာင္ေအာင္အိမ္မွာ စာအတူတူသြားက်က္မယ္လို႔
ေျပာလိုက္ပါဦးသားရဲ႕…~

ထိုသို႔ငိုေနရင္းမွပင္ ေအာင္ေအာင္ႏွင့္အထြန္းကိုၾကည့္လိုက္ၿပီး

~ သားတို႔ရယ္ သားတို႔သူငယ္ခ်င္းေလ ညက
ေၾကာက္တယ္ ေၾကာက္တယ္ဆိုၿပီး တညလုံး
ကေယာင္ကတမ္းေတြေျပာတယ္ ဒီမနက္ေစာေစာ
အသက္ထြက္သြားတာပဲကြယ္…~

ေအာင္ေအာင္ေရာ အထြန္းပါ မ်က္ရည္မ်ားက်လာေလေတာ့သည္
ေအာင္ေအာင္က တင္ထြန္းကိုအုပ္ထားေသာ ေစာင္ကိုအသာေလး
မၾကည့္လိုက္ၿပီး။

~ တင္ထြန္း တို႔ေတြ မေန႔က မင္းေျပာတာကိုမယုံခဲ့တာ
ေလွာင္ရယ္ ရယ္ခဲ့တာ မင္းခြင့္လြတ္ပါကြာ…~

ေအာင္ေအာင္စကားကို ၾကားရေသာအခါ တင္မ်ိဳး အေမ အေဖ တို႔က
ေအာင္ေအာင္ႏွင့္အထြန္းအား အတင္းေမးၾကေလေတာ့သည္ ထိုအခါမွ
သူတို႔က မေန႔ကတင္ထြန္းေျပာသည္မ်ားကို ျပန္ေျပာျပေလေတာ့သည္
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
ေအာင္ေအာင္နဲ႔အထြန္းကို ျမင္ေတာ့ တင္မ်ိဳးေျပးလာကာ သူတို႔ကို

~ ေအာင္ေအာင္ အထြန္း ငါ့ ငါးမွ်ားတံေလး
သြားယူေပးပါလားကြာ…~

~ ေဟ ဘယ္မွာထားခဲ့လို႔လဲ…~

~ အုတ္ကန္မွာ ထားျပစ္ခဲ့တာ ငါ့ပလိုင္းေရာ ရထားတဲ့ငါးေတြေရာ…

~ မင္းကဘာလို႔ ျပန္ယူမလာတာလဲေျပာ…~

~ငါေျပာျပမယ္ …~

တင္မ်ိဳးတေယာက္ ေအာင္ေအာင္ႏွင့္အထြန္းက မလိုက္ဘူးဆို၍
တေယာက္ထဲ ႐ြာအျပင္ထြက္ခဲ့ေတာ့ မနဲေလးပင္ေနေစာင္းေနၿပီ
သူအုတ္ကန္ဆီ ခပ္သြက္သြက္သြားလိုက္ၿပီး ငါးစာတတ္ကာ
ငါးမွ်ားႀကိဳးကိုေရထဲပစ္ခ်လိုက္ေတာ့သည္။

~ ပလုတ္…ပလုတ္…ပလုတ္…~

ခဲသီးေလးက ေရေပၚေျမာက္လာလိုက္ျပန္ႏွစ္သြားလိုက္ႏွင့္တင္မ်ိဳး
စိတ္အလိုၾကအတိုင္းျဖစ္ေနရသည္မဟုတ္ပါလား တင္မ်ိဳးခဏသာ
မွ်ားရေသးသည္ ငါးကေတာ္ေတာ္ရေနၿပီျဖစ္ေလေတာ့သည္ ထိုခ်ိန္
တင္မ်ိဳး ငါးမွ်ားႀကိဳးက တင္းကနဲျဖစ္သြားတာေၾကာင့္ မွ်ားတံကို ဆြဲတင္
လိုက္ေသာအခါတြင္ေတာ့ လူတကိုယ္လုံးတုန္ယင္သြားေလေတာ့သည္
ငါးမွ်ားခ်ိပ္တြင္ ငါးပါမလာပဲ လူဦးေခါင္းႀကီးတလုံးသာ ပါလာၿပီးေနာက္
ထိုဦးေခါင္းႀကီးက တင္မ်ိဳးကိုၾကည့္ကာ ၿပဳံးေနေလသည္။

~ အား …~

အံ့ေၾသာမင္သက္မိေနရာမွ တင္မ်ိဳး အသံကုန္ေအာ္ဟစ္လိုက္ျခင္း
ျဖစ္ေသာ္လည္း အသံက အျပင္ထြက္မလာပဲ လည္ေခ်ာင္းဝတြင္သာ
တစ္ဆို႔ေပ်ာက္ကြယ္သြားရေလေတာ့သည္။

~ ေကာင္ ေလး မ နက္ ျဖန္ က စ ၿပီး
မင္း ငါ နဲ႔ လာ ေန ရ မယ္…~

တလုံးျခင္း ပီပီသသ ေျပာလိုက္ေသာ အသံၾသႀကီး ေပၚထြက္လာသည္
ထိုအခါမွ တင္မ်ိဳးလည္း ထိတ္လန္႔တၾကား ငါးမွ်ားတံကို လြတ္ခ်လိုက္
ေလေတာ့သည္။

~ ဗြမ္း…~

အုတ္ကန္ေလးမွာ လိူင္းစိပ္ေလးမ်ားပင္ ထသြားရေလေတာ့သည္
ထိုအခ်ိန္မွ တင္မ်ိဳးလြန္စြာေၾကာက္လြန္းၿပီး ႐ြာအတြင္း ေျပးဝင္ခဲ့သည္
ျဖစ္ေလေတာ့သည္။

~ တင္မ်ိဳး မင္းတကယ္လား လာခုျပန္သြားၾကည့္မယ္…~

အထြန္းကေျပာလိုက္ေသာအခါ တင္မ်ိဳး အထြန္းေအာင္တို႔ကို

~ မင္းတို႔ ယူမေပးခ်င္လဲေနေတာ့…~

ေျပာကာ ထြက္ေျပးသြားေသာ တင္မ်ိဳးကို ၾကည့္ကာ သူတို႔ရယ္မိၾက
သည္မွာ ေနာက္ဆုံးျဖစ္ခဲ့သည္ဆိုတာကိုသာ သိခဲ့ပါလွ်င္။

~ ေအာင္ေအာင္ႏွင့္ကိုထြန္း တို႔ေျပာျပအၿပီး
နားေထာင္ေနသူမ်ားထဲမွ လူႀကီးတဦးက…~

ဒါဆိုရင္ေတာ့ ဒီကေလးက သရဲအစားခံရတာပါပဲ မိဘေတြက
ငယ္႐ြယ္ႏုနယ္တဲ့ ကေလးေတြကို ဘယ္ကိုသြားသြား စိတ္ခ်လက္ခ်
တဦးထဲ မလြတ္သင့္ဘူးဆိုတာ သတိတရားရၾကသင့္ပါတယ္ဟု
ေျပာလိုက္ေသာအခါ တြင္ေတာ့ လူအားလုံးမွာ တင္မ်ိဳးအေလာင္းကို
ၾကည့္ရင္း သနားဂ႐ုဏာ သက္စြာျဖင့္။

ေရးခဲ့ဘူးတဲ့ ျဖစ္ရပ္မွန္ေလးပါ

#လ်ိဳ႕ဝွက္လူ
#ေလးစားစြာcreditေပးပါသည္