ကျိန်မိမှား၍(စ/ဆုံး)

Unicode Version

ကျိန်မိမှား၍(စ/ဆုံး)

————————
ကျွန်မသည် HIV, AIDS ရောဂါကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော NGO ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ မိတ္ထီလာ မြို့တွင် တာဝန်ကျသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ ဖြစ်ပါသည်။ ရွာများသို့ ကွင်းဆင်းရသည့်အခါတွင် ကွင်းဆင်းလုပ်သားများဖြစ်သော မာလာနှင့် သန္တာတို့အပြင် ကျွန်မ၏ အထက်အရာရှိဖြစ်သူ ဒေါက်တာ မချစ်စုတို့နှင့် အတူ တာဝန်ကျရာ ရွာများဆီသို့ လာခဲ့ရပါသည်။
HIV, AIDS ရောဂါကာကွယ်နည်းကုသနည်းများနှင့် အခြားနှစ်သိမ့် ဆွေးနွေးပညာပေးခြင်းများကိုရွာသူရွာသားများ သိရှိသဘောပေါက်စေရန် ဆွေးနွေးသွားရမည်ဖြစ်ပါသည်။ ရွာလူကြီးများကလည်း အတူပူးပေါင်းပါဝင် ကူညီကြသဖြင့် အခက်အခဲမရှိခဲ့ပါ။
ယနေ့တာကြီးရွာ၌ ပို့ချဆွေးနွေးရမည်ဖြစ်ပြီးဤရွာတွင် ညအိပ်ရမည် ဖြစ်ပါသည်။ တာကြီးရွာသည် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမှ အတွင်းသို့ (၄)မိုင်ခန့်ဝင်ရပြီး ဤရွာသည် အနီးပတ်ဝန်းကျင်မှ ရွာများနှင့်

မတူဘဲ မြေပဲထွက်အလွန်ကောင်းပါသည်။ ရွာသူရွာသားများသည် ကိုင်း စိုက်ပျိုးခြင်းကိုသာ အဓိကထားစိုက်ပျိုးကြပြီး တချို့တလေသာ စပျစ်စိုက် ကြပါသည်။
ရွာ၏ အရှေ့ဘက်တွင် သဲချောင်းရှိပြီး သဲချောင်းမှ ရေစုပ်စက်ဖြင့် ရေ တင်ကာ ဂန္ဓမာပန်းစိုက်ပျိုးသူလည်းရှိပါသည်။ သဲချောင်းပေါ်တွင် သစ်သား တံတားလေးရှိပြီး ဆိုင်ကယ်တစ်စီးစာ ကောင်းကောင်းမောင်းနိုင်သည့် အတွက် ခိုင်ခံ့စွာဆောက်ထားသည်ဟု ဆိုရပါမည်။ တံတားလက်ရန်းနှင့် ကပ်လျက် ထိုင်ခုံတန်းလျားလေးများ ပြုလုပ်ထားပြီး ထိုတန်းလျားပေါ်တွင် ထိုင်၍ အရှေ့ဘက်သို့ မျှော်ကြည့်ပါက ပုပ္ပါးတောင်ကလပ်ကို ခပ်ရေးရေး မြင်တွေ့ရပါသည်။
အညာနွေသည်နေထွက်ချိန်မှစ၍ပူပြင်းလွန်းလှပေသည်။ နေပူသည်က တစ်မျိုး၊ တိုက်သည့်လေပူသည်ကတစ်ဖုံဖြစ်၍နေနှင့်လေတို့အပူပြိုင်နေကြ
သလားဟုပင်ထင်မိပါသည်။ သို့သော်ညနေခင်းရောက်လျှင်ဖြင့်နေမင်းကြီး
ကလည်းဒေါသမာန်လျှော့၍တောင်စွယ်နောက်သို့ဝင်လျှင် အပူရှိန်လျှော့ သွားသကဲ့သို့ သဲချောင်းပေါ်မှဖြတ်၍ တိုက်လာသော လေနုအေးတို့သည် လည်း ဆံနွယ်များကို ကလူကျီစယ်ကာ တစ်နေ့တာလေပူတိုက်ခဲ့သမျှကို ချော့မြူနေသည့်နှယ်ပင်။
ကျွန်မလည်း တစ်နေ့တာ ပင်ပန်းခဲ့သမျှ လေကောင်းလေသန့်ရှူရင်း ရန်ကုန်မြို့ ကြီးတွင် တွေ့ရခဲသော ရှုခင်းများတွင် နစ်မျောနေမိပါသည်။ သဲချောင်းတံတားပေါ်တွင် ရပ်နေရာမှ တန်းလျားတွင်ထိုင်ချလိုက်ပြီးနေလုံး ကြီးတဖြည်းဖြည်းဝင်သွားသည်ကိုထိုင်ကြည့်နေမိပါသည်။နေဝင်သွားသော်
လည်းအလင်းရောင်ကျန်ပါသေးသည်။ ပုပ္ပါးတောင်ကလပ်ကိုလည်းမမြင်ရ
တော့ပါ။ လျှပ်စစ်မီးမရသော ရွာတို့၏ ထုံးစံအတိုင်း ရွာထိပ်ရှိအိမ်တွင် ဘက်ထရီမီးချောင်း ထွန်းထားသည်ကို မြင်နေရပါသည်။

ယနေ့သည် တပေါင်းလပြည့်ကျော် (၁၀)ရက်နေ့ဖြစ်သဖြင့် လရောင်
အောက်တွင်တစ်ဝကြီးထိုင်ပစ်လိုက်မည်ဟုဆုံးဖြတ်ပြီးစိတ်အေးလက်အေး
ထိုင်နေမိပါသည်။ ထိုစဉ် လူတစ်ဦး ပေါက်တူးထမ်းလာပြီး တံတားအရှေ့ ဘက်မှတက်လာသည်ကိုအလင်းရောင်မကုန်သေးသဖြင့်မြင်နေရပါသည်။ အနားရောက်၍ ကြည့်မိရာ ရွာလယ်မှ စပျစ်ခြံပိုင်ရှင် ဦးဖြိုးဖြစ်နေပါသည်။ ဦးဖြိုးက-
“ဆရာမလေး – ဘာထိုင်လုပ်နေတုံးဗျ”
“ရန်ကုန်မှာမရှိတဲ့ သဘာဝအလှတွေကို ကြည့်နေတာပေါ့ – ဦးဖြိုးရဲ့။ ဦးဖြိုးရော ဘယ်ကပြန်လာတာလဲဟင်”
“စပျစ်ခြံ ရေသွန်း (ရေသွင်း) ပြီးပြန်လာတာဗျ။ ကျုပ်အခင်း (ယာခင်း) က ဒီနှစ်ဂလဘဲ (ကုလားပဲ) ညံ့ချက်ဗျာ။ တစ်ဧကကို ငါးတင်းတောင် ပြည့် အောင်မထွက်ဘူး။ကျုပ်ဖြင့်ရင်းနှီးခဲ့တာတွေကိုထညာ(နှမြော)လိုက်တာ ဗျာ။ ဒါနဲ့ စပျစ်ဘက်လှည့်ပြီး ဂရုစိုက်နေရာတာပ- အရာမလေးရယ်”
“ဟိုတစ်နေ့က အိုင့်ရွာဘက်ကလာတော့ ဦးဖြိုးရဲ့ စပျစ်ခြံကို တွေ့ခဲ့ပါ တယ်။ တော်တော်ဖြစ်နေပါပြီ၊ ဒီတိုင်းဆို ဒီနှစ်စပျစ်အတွက် ကောင်းမှာပါ” “ကျုပ်လည်းဒီလိုတွေးရတာပဲဗျို့။ ကဲ-ကဲကျုပ်နဲ့ တစ်ပါတည်းလိုက်ခဲ့ ပါလား၊ ညမိုးချုပ်ရင် ဒီနားဝန်းကျင်က အနေဆိုးတယ်ဗျ”
“ဟုတ်ကဲ့”
ကျွန်မသည် ရွာတွင်းသို့ဝင်စဉ် ဦးဖြိုးကို မေးမိပါသည်။
“ဆရာမလေးတို့လို မြို့သူပညာတတ်တွေက ယုံမယ်မထင်ပေါင်ဗျာ၊ ရွာထဲကသေသွားတဲ့မိန်းကလေးကမကျွတ်မလွတ်ဖြစ်ပြီးဒီတံတားပေါ်မှာ လမ်းလျှောက်နေတာကို ရွာထဲက လူတော်တော်များများက မြင်ကြတယ် လို့ပြောတယ်။ကျုပ်တော့ကိုယ်တိုင်မမြင်ရပေမဲ့မယုံဘူးလို့မပြောချင်ဘူးဗျ။ ဘာလို့တုံးဆို ဒီမိန်းကလေးက နာနာကြည်းကြည်းနဲ့ သေခဲ့ရတော့လည်း

ဖြစ်နိုင်ပါတယ်။ ဆရာမလေးက အရီးတင်နုအိမ်မှာတည်းရမယ်မှတ်တယ်။ ရောက်ပြီဗျို့။ ကျုပ်တော့ ဆက်သွားတော့မယ်နော်”
“ဟုတ်ကဲ့ -ကျေးဇူးပဲ ဦးဖြိုးရေ
ကျွန်မ တည်းမည့်အိမ်သည် ရွာ၏အရှေ့ဘက် ထိပ်ဆုံးတွင်ရှိပြီး ခြံ လည်းကျယ်၊ အိမ်ကလည်း ကျယ်ဝန်းပြီး အရီးတင်နုနှင့် ခင်ပွန်းဦးသန်းမြင့် တို့သာ နေကြသဖြင့် ရွာလူကြီးက ကျွန်မတို့အဖွဲ့ကို တည်းစေခြင်းပင်။
အိမ်ပေါ်သို့ ရောက်မဆိုက်ပင် ကျွန်မတို့ အဖွဲ့သားများက ကျွန်မကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြပါသည်။ မာလာက –
“အမယ်လေး – အစ်မရယ်၊ တံတားပေါ်ကို တစ်ယောက်တည်းသွားရ သလား။ အခုပဲ ကျွန်မတို့ လိုက်ခေါ်ကြမလို့ လုပ်နေတာ” “ဦးဖြိုးနဲ့ ပြန်လိုက်လာတာပါ။ တံတားပေါ်က ဘာဖြစ်လို့လဲဟင်” “ဘာမှမဟုတ်ပါဘူးညီမရယ်၊ ကလေးတွေကစိတ်ပူလို့ပါ။ ကဲ- အိပ်ရာ ဝင်ကြရအောင်၊ မနက်ကျရင် ဟိုဘက်ရွာကူးရဦးမှာနော်”
“ဟုတ်ကဲ့ – ဆောရီးပါ မမချစ်၊ နောက်- မမချစ်ကိုစိတ်ပူအောင်မလုပ် တော့ပါဘူးနော်”
ဒေါက်တာ မချစ်စုက ဝင်ပြောလိုက်သဖြင့် စကားပြတ်သွားပါသည်။ ဦးဖြိုးထံမှ တစ်စွန်းတစ်စ ကြားထားပြီးဖြစ်၍ တံတားကိစ္စကို စိတ်ဝင်စားနေ သည့်အထဲတွင်ယခုကဲ့သို့မာလာတို့ကစိုးရိမ်တကြီးဖြစ်နေကြသည်ကိုမြင်ရ
ပြန်တော့ ကျွန်မပို၍သိချင်လာပါသည်။ သို့သော်အထက်လူကြီးမမချစ်ကို အားနာသဖြင့် အရီးတင်နုကို မနက်ကျမှ မေးပါတော့မည်။

“ဟင့်-ဟင့်-ဟီး-ဟီး-ဟင့်”
ကျွန်မ ရုတ်တရက် လန့်နိုးချိန်တွင်
ပီပီသသကြားလိုက်ရသော မိန်း
လန့်နိုးပြီးမှ
ကလေးတစ်ဦး၏ငိုသံဖြစ်ပါသည်။ငိုသံကြောင့်လန့်နိုးသည်လား၊ ငိုသံကြားသည်လား မသိပါ။ သေချာစွာ နားထောင်ကြည့်သော် ငိုသံသည် အရှေ့အရပ်မှ ဖြစ်ပါသည်။ အရီးတင်နုခြံသည် ရွာ၏အရှေ့ထိပ်ဆုံးတွင် ရှိသဖြင့် ယခုအိမ်၏ အရှေ့ဘက်တွင် အိမ်မရှိတော့ပါ။ လေအောက်ဘက် ကျနေ၍လောမသိ၊ ငိုသံသည် ပိုကျယ်လာသည်ဟု ထင်ရပါသည်။ အရှေ့ဘက်တွင် သဲချောင်းသာရှိပြီး သဲချောင်းကျော်၍ လမ်းအနည်း ငယ်လျှောက်သွားလျှင် ဘုန်းကြီးကျောင်းကိုရောက်ပါသည်။ သဲချောင်းဟု ဆိုမှကျွန်မသည်မာလာ့အနားပို၍တိုးကပ်မိပါတော့သည်။ ဦးဖြိုးပြောသည့် တံတားပေါ်က အသံများပေလောဟု တစ်ယောက်တည်းတွေးမိပါသည်။ ဟန်းဖုန်းကိုဖွင့်၍ နာရီကြည့်သော် နံနက်(၂)နာရီ ဆယ်မိနစ်သာ ရှိပါသေး သည်။ တစ်အိမ်လုံးတိတ်ဆိတ်လျက်အိပ်မောကျနေကြပြီး ကျွန်မသာလျှင် အတွေးများဖြင့် အိပ်မရဖြစ်နေပါသည်။ မာလာနှင့် ကျွန်မက ခြင်ထောင် တစ်လုံးတွင် အိပ်ပြီး မမချစ်နှင့် သန္တာက ခြင်ထောင်တစ်လုံးဖြင့် ခွဲ၍ အိပ်ကြ ပါသည်။ ငိုသံမှာ မိန်းကလေးတစ်ဦး၏ ကြေကွဲဝမ်းနည်းစွာ ရှိုက်ငိုသံဖြစ်၍ ကြားရသည်မှာ စိတ်ချမ်းသာဖွယ်မရှိပါ။ တဖြည်းဖြည်း ငိုသံတိုးသွားပြီး လုံးဝမကြားရတော့သည့်အခါမှ ကျွန်မလည်း ပြန်အိပ်ပျော်သွားပါသည်။
“ညီမလေးတို့ – ထကြတော့လေ၊ မနက် ဆယ်နာရီအရောက်ထတော (ထန်းတော) ရွာကို အရောက်သွားရမှာ”
မနက်ငါးနာရီတွင် မမချစ် နှိုးသဖြင့် ကျွန်မတို့ အိပ်ရာမှထကြပြီး ရေချိုး ၍ အဝတ်အစားလဲပြီးချိန်တွင် ရွာလူကြီးအိမ်သို့ မနက်စာစားရန် ဖိတ်ခေါ် သဖြင့် ထွက်ခဲ့ကြပါသည်။ အညာကျေးရွာတို့၏ ထုံးစံမှာ မနက်စောစော အဆာပြေဆိုသော်လည်းထမင်းကိုဟင်းနှင့်အဝစားကြပါသည်။ ယခုလည်း

ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊ လက်ဖက်ပဲလှော်သုပ်၊ အိမ်တွင် ကိုယ်တိုင်ကျို၍ သုတ်ထားသော တို့ဟူးသုပ်၊ ခရမ်းချဉ်သီးအစပ်ချက်၊ သင်္ဘောပွင့်သုပ်နှင့် ဖရုံညွန့်ဟင်းချိုတို့ဖြင့် ဖွယ်ဖွယ်ရာရာကျွေးသည့်အပြင်လက်ဖက်ရည်ကြမ်း နှင့် အိမ်တွင်ပင် ကြော်ထားသော မတ်ပဲကြော်ကိုမြည်းရင်း စကားပြောဖြစ် ကြပါသည်။
ဥက္ကဋ္ဌအမည်မှာ ဦးစိန်ရွှေဖြစ်ပြီး ဇနီးဒေါ်မြင့်နှင့် သားတစ်ဦးရှိပါသည်။ အညာဒေသအခေါ်အဝေါ်မှာ ဦးလေး၊ ဒေါ်လေးတို့ကို အမည်ရှေ့တွင် လေးလေးဟု တပ်ပြီးခေါ်ကြသဖြင့် ဦးစိန်ရွှေကို လေးစိန်ရွှေဟုခေါ်ကြပြီး ဒေါ်မြင့်ကို လေးမမြင့်ဟု ခေါ်ကြပါသည်။ လေးစိန်ရွှေက –
နော့”
နဲ့
“ဆရာမတို့ရေ – အားလည်းနာပါရဲ့၊ ကျွန်တော် ရုံးသွားရဦးမယ်ဗျ –
“ဟုတ်ကဲ့- ရပါတယ် လေးလေး၊ သွားစရာရှိတာ သွားပါ၊ အားမနာပါ
လေးမမြင့်က ကျွန်မတို့ကို ဆက်ပြီးဧည့်ခံနေပါသည်။
“မဆရာမလေးတို့ ညက ကောင်းကောင်းအိပ်ရရဲ့လား” ကျွန်မညကငိုသံကြားသည်ကိုပြောလျှင်ယုံကြပါ့မလားဟုတွေးနေစဉ်
သန္တာက –
“အိပ်လို့ကောင်းတုန်းကောင်မလေးတစ်ယောက်ငိုသံကြားလို့လန့်နိုး
သွားတယ် လေးမမြင့်ရဲ့။ ညကြီးမင်းကြီး ဘယ်ခြံကလဲဟင်” “ဆရာမလေးတို့ ကြားသွားကြပြီကိုး၊ နှင်းနှင်းခမျာ သေတဲ့အထိ
ဝဋ်ကြွေးမကုန်သေးဘူး ထင်ပါ့တော်”
ဒီတစ်ခါ ကျွန်မက အလျင်ဦးအောင် မေးလိုက်ပါသည်။
“နှင်းနှင်းက ဘယ်သူလဲဟင်”
“ဆရာမလေးတို့သိချင်ရင် ကျုပ်ပြောပြပါ့မယ်တော်၊ နှင်းနှင်းလေးက လွှတ်သနားဖို့ကောင်းတဲ့မိန်းကလေးပါ။ သူသေတော့ သူ့အမေကိုကျုပ်ဖြင့်

ဒေါသထွက်လွန်းလို့ လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောပစ်ခဲ့တာ။ မိဘတွေ ရက်စက်ပုံကလည်း မိုက်ချက်တော်”

မိတ္ထီလာတစ်ခွင်၌ တာကြီးရွာကဦးတာနှင့်ဒေါ်မမဆိုလျှင်မသိသူမရှိ။ လယ်ဧကများစွာ ပိုင်ဆိုင်သည့်အပြင် မွေးထားသော နွားများကို ရောင်းပစ် ခြင်း မရှိပေ။ နွားများသေလျှင်ပင် ရောင်းမစားဘဲ မြေမြှုပ်ပစ်သဖြင့် ခြံတွင်း ၌ နွားကောင်ရေငါးဆယ်ကျော်ရှိပါသည်။ နွားနို့ညှစ်ရာတွင်လည်း နွားငယ် လေးများ နို့ဝစေရန် အနည်းငယ်သာ ရောင်းစေသဖြင့် နွားရောင်စုံတို့မှာ လှလှဝဝများဖြစ်ကြပါသည်။ သားယောက်ျားလေးသုံးယောက်နှင့်သမီးထွေး လေးတစ်ယောက် ရှိကြပါသည်။ သမီးထွေးလေးကို ခိုက်ခိုက်တုန်အောင် အေးသော အညာဆောင်း၏ နံနက်အရုဏ်တက်တွင် မွေးဖွားသဖြင့် “နှင်းဝေဝေ”ဟု အမည်ပေးလိုက်ကြပါသည်။ “ဟ-မွား(နွား)၊ ဘေ(ဘယ်) တုံးဟ”
သူရင်းငှား မိတိုးက မနက်စောစော နွားလွှတ်ကျောင်းရန် နွားများကို ခြံပြင်သို့ထုတ်နေစဉ် နှင်းနှင်းက မြင်၍ –
တော့”
“မတိုးရေ”
“တော့ – မမနှင်း”
“မနေ့ညနေက မတိုး ကလေးတွေ စာသင်ဖို့ မလာကြပါလား” “အိမ်မှာ ဟင်းစားမရှိလို့ တောထဲမယ်ဟင်းရွက်ခူးခိုင်းလိုက်လို့ပါ
“ဟင်းစားမရှိရင် အိမ်ကချက်ပြီးသား ယူသွား၊ ကလေးတွေကို ညနေ စာသင်ဖို့ လွှတ်လိုက်ပါ”

“ဟုတ်ကဲ့ – မမနှင်း”
နှင်းနှင်းသည် မိတိုးထက် ငယ်သော်လည်း အလုပ်ရှင်ဖြစ်၍ ရိုသေစွာ မမနှင်းဟုပင် ခေါ်ပါသည်။ နှင်းနှင်း၏ ဘေးတွင်လက်ဖက်ရည်ကြမ်း ထိုင် သောက်နေသော မိခင် ဒေါ်မမက –
“သမီးရယ် – ပေါက်နေတဲ့အိုးဆိုတာ ဘယ်လောက်ဖြည့်ဖြည့် ပြည့် မလာဘူးကွယ့်။ မိတိုးကိုလည်း သမီးက ဘယ်လောက်ပေးပေး သူတို့မိသား စုတစ်အုပ်တစ်မကြီးအတွက် လောက်ငမှာမဟုတ်ဘူး”
“ကုသိုလ်ပေါ့- အမေရယ်၊ ကမ္ပည်းတင်မှ အလှူမဟုတ်ပါဘူး။ သဒ္ဓါရှိ သလောက် လိုတဲ့သူကို ပေးရတာလည်း အလှူပါပဲ”
“အေးပါ -စိတ်နှလုံးကောင်းတဲ့ ငါ့သမီးလေးအတွက် တူတဲ့အကျိုးပဲ ပေးမှာပါတော်”
ဒီလိုနှင့် နှင်းနှင်းတစ်ယောက် ဆယ်တန်းအောင်ပြီးသော် ရန်ကုန်မှ
ဘကြီးအိမ်တွင်နေ၍တက္ကသိုလ်တက်ရန်ရွာမှထွက်ခွာသွားပါသည်။စာသင်
နှစ်ပြီးတိုင်းပြန်လာသောနှင်းနှင်းကိုအစ်ကိုများက သည်းသည်းလှုပ်လွမ်းပြ တတ်၍ မိခင်နှင့်ဖခင်တို့မှာ အထူးကျေနပ်နေကြလေသည်။ ဒီလိုနှင့် နှင်းတစ်ယောက် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီးသော်လည်းနှင်းနှင်းရန်ကုန် တွင် အလုပ်လုပ်မည်ကို အစ်ကိုများက ကန့်ကွက်ကြသဖြင့် ရွာသို့ အပြီးပြန် ရောက်လာပါသည်။ တာကြီးရွာမှ မိတ္ထီလာမြို့ပေါ်သို့ ကျောင်းသွားတက်ကြ သော ကလေးများကို အိမ်တွင်ခေါ်၍ စာသင်ပေးခြင်း၊ အင်္ဂလိပ်စကားပြော အခြေခံမှစ၍ သင်ပေးခြင်းတို့ကိုသာ ငွေကြေးမယူဘဲ စေတနာအပြည့်ဖြင့် သင်ကြားပေးနေပါတော့သည်။

ယနေ့သည် နှင်းနှင်း၏ ဘဝကို ပြောင်းလဲစေမည့်နေ့ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်မူရန်ကုန်မှ ဘကြီးသည်ရွာအထိလာပြီး ဘကြီး၏သူငယ်ချင်း ဖြစ်သူ အရာရှိကြီး၏သား မင်းမောင်က နှင်းနှင်းကို အိမ်ထောင်ဖက်အဖြစ် လာရောက်တောင်းရမ်းမည့်အကြောင်းကိုရှေ့ပြေးသတင်းစကားပါးလာခြင်း ကြောင့်ပါပေ။ မင်းမောင်သည် သင်္ဘောအရာရှိဖြစ်ပြီး နှင်းနှင်းနှင့်လည်း
သိကျွမ်းခင်မင်ကြောင်းကိုနှင်းနှင်းရှေ့တွင်ပြောသဖြင့်နှင်းနှင်းသည်ရှက်ပြီး အခန်းတွင်းသို့ ဝင်ပြေးသွားပါသည်။ သည်ကနေ့မှစ၍ ဦးတာနှင့် ဒေါ်မမတို့ အိမ်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ဆေးသုတ်ပြင်ဆင်ခြင်းနှင့်ခြံတွင်း၌ ရှင်းလင်း ပြီး သစ်ပင်ပန်းမန်များဖြင့် အလှဆင်ခြင်းတို့ကို ရွာရှိလူများက ပျော်ရွှင်စွာ လုပ်ကိုင်ပေးကြပါသည်။
ဒီလိုနှင့် ၁၉၇၉ – ခုနှစ် နွေဦးပေါက်တွင် သင်္ဘောအရာရှိ မင်းမောင်နှင့် နှင်းနှင်းတို့၏ မင်္ဂလာပွဲကို တာကြီးရွာတွင် တစ်ပွဲ၊ ရန်ကုန်မြို့ တွင် တစ်ပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပကြပြီး ကြင်စဦး ဇနီးမောင်နှံသည် နှင်းနှင်း၏ မိဘများရှိရာ တာကြီးရွာသို့ အလည်တစ်ခေါက် ပြန်ရောက်လာကြပါပြီ။ “ကိုရေ-မိတ္ထီလာမြို့ထဲတော့ နှံ့အောင်လည်ပြီးပြီ၊ ဒီနေ့ ကျောက်ပန်း တောင်းဘက်ကို သွားမယ်နော်”
နော်”
“နှင်း သဘောပါပဲဗျာ”
“ကိုက ရှေ့က ဆိုင်ကယ်မောင်း၊ နှင်းက နောက်ကထိုင်ပြီး လမ်းပြမယ်
မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမပေါ်တွင် ဆိုင်ကယ်လေးက
တရိပ်ရိပ်ပြေးနေပါသည်။
“ကိုရေ-ရှေ့နားရောက်ရင် ညာကွေ့လိုက်နော်”
ဆိုင်ကယ် ရပ်လိုက်ချိန်ဝယ် ရှေးဟောင်းအဆောက်အအုံပြိုပျက်နေ သကဲ့သို့ အုတ်ခုံအောက်ခြေတစ်ခုကို တွေ့ရပါသည်။ ဘုရားတစ်ဆူလည်း ရှိပါသည်။
“ဒါကပဲသီတာသိမ်လေအစ်ကိုရဲ့။ အနော်ရထာမင်းကြီးတည်ခဲ့တာပေါ့။ ခေတ်အဆက်ဆက်ပြောင်းပြီး စောင့်ထိန်းမှုနည်းလို့ ဒီလိုဖြစ်ရတာပေါ့။ ရှေးဟောင်းယဉ်ကျေးမှုတွေကို ဒီလိုမြင်ရတာ နှင်းတော့ အရမ်းနှမြော
တာပဲ”

“ဟုတ်တယ်နော်၊
အနော်ရထာမင်းလက်ထက်ကဆိုတော့တော်တော့်
ကို ကြာပြီပေါ့။ တကယ့်ကို တန်ဖိုးရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်ပဲ” “ဟုတ်တယ် – ဒီထက် အံ့ဩစရာကောင်းတာ ပြောပြဦးမယ်။ နှစ်တွေ ဘယ်လောက်ပဲကြာကြာ အခုချိန်ထိ တန်ခိုးကြီးတုန်းပါပဲ။ မှန်ကန်တဲ့ အကြောင်းအရာတစ်ခုကို သစ္စာပြုပြီး တိုင်တည်ရင် တကယ်ဆုတောင်း ပြည့်တယ်လို့ ပြောကြတယ်”
“ဟုတ်လား – ကိုယ်တို့လည်း ဆုတောင်းကြမယ်လေ” “ဒါဆို-အရင်ဆုံးငါးပါးသီလခံယူပြီး ကိုယ့်ဆုတောင်းနဲ့ကိုယ် သစ္စာဆို
ကြမယ်လေ”
နှစ်ဦးသားငါးပါးသီလကိုလေးလေးနက်နက်ခံယူဆောက်တည်ကြပြီး
သော် မင်းမောင်ကစ၍ –
“ကျွန်တော်သည် နှင်းနှင်းကို စစ်မှန်သော မေတ္တာဖြင့်ချစ်ပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်တော်နှင့် နှင်းနှင်းတို့ ဘဝဆက် တိုင်းပေါင်းရပါစေသား”
“နှင်းနှင်း သစ္စာပြုမယ်နော်။ တပည့်တော်မသည် ကိုမင်းမောင်ကို အသက်နှင့်ထပ်တူ သစ္စာရှိ ချစ်မြတ်နိုးပါတယ် ဘုရား။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကိုမင်းမောင်က ကျွန်မထက် အရင်ဦးစွာ သေမည်ဆို ပါကတပည့်တော်မလည်း ထက်ကြပ်မကွာလိုက်ပါသေဆုံးရပါစေဘုရား” မင်းမောင်သည် အလန့်တကြား ဖြစ်သွားပြီး – “နှင်းနှင်း – ဘာလို့ ဒီလိုပြောရတာလဲ”
“သစ္စာဆိုတာပဲဟာ – ဘာဖြစ်လို့လဲ ကိုရဲ့”
“နှင်းနှင်းက သစ္စာဆိုတာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် ကျိန်လိုက် တာပဲ နှင်းရဲ့
“ကိုက အသက်တစ်ရာကျော်နေရမှာပဲဥစ္စာ၊ စိတ်ထဲ မထားပါနဲ့နော်”
ဒါပေမဲ့-မင်းမောင်ရင်ထဲတွင်တော့မရှင်းလင်းတော့ပါ။ ဘာကြောင့်မှန်း မသိအပြစ်ကင်းစင်သောနှင်း၏မျက်နှာလေးကိုသာစိုက်ကြည့်နေမိပါတော့
သည်။
“ကိုရေ- မုန်တိုင်ဆည်ဘက်ကို သွားရအောင်”
နှင်းနှင်းသည် ရှေ့မှလက်ဆွဲခေါ်သွားသဖြင့် မင်းမောင်လည်း နောက်မှ ပါသွားရပါသည်။ မိတ္ထီလာမြို့မှ ကျောက်ပန်းတောင်းမြို့ဘက်သို့ ဆယ်မိုင် ခန့်သွားလျှင်မုန်တိုင်ဆည်ကိုရောက်ပါသည်။ မုန်တိုင်ဆည်သည် သဘာဝ ပတ်ဝန်းကျင်သာယာခြင်းကြောင့် ပျော်ပွဲစားထွက်ကြသော သူများအပြင် အပျော်တမ်း ငါးမျှားသူများဖြင့် စည်ကားနေပါသည်။ မုန်တိုင်ဆည်သည် နွေရာသီ၌ မိတ္ထီလာကန်ကြီး ရေမလျှော့စေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ရေပေးပါသည်။
နှစ်ဦးသား ကန်ပေါင်ပေါ်တွင် ထိုင်ရင်း –
“နှင်း – သစ္စာဆိုတာကြီးကို စိတ်ထဲမကောင်းဖြစ်နေတယ်ကွာ” “ကိုက ဒါပဲပြောနေတာပဲ။ ကို့အသက် တစ်ရာ့နှစ်ဆယ်ကျော် ရှည်မှာ ပါဆို။ နှင်းက ကို့ကိုချစ်ကြောင်း သက်သေပြတာပါ ကိုရဲ့”
“နှင်းက ကျိန်စာလို ရွတ်လိုက်တာပါ။ သက်သေပြချင်ရင် တခြား နည်းတွေ ရှိပါတယ်နှင်းရယ်။ နှင်းမကြိုက်ရင်တော့ ကိုယ် မပြောတော့ ပါဘူး”
ညနေစောင်းတော့ နှင်းနှင်းတို့ရွာသို့ ပြန်လာပါသည်။ ရွာ၌ရှိစဉ်အချိန် တွင် ညနေအေးပြီဆိုပါက နှင်းနှင်းတို့စုံတွဲကို တံတားပေါ်တွင် နေ့စဉ်တွေ့ ရပါသည်။ တစ်ခါတစ်ရံ မတ်တတ်ရပ်လျက် တစ်ခါတစ်ရံတွင်ထိုင်လျက် ပြုံးပျော်နေကြပုံမှာ မြင်ရသူအပေါင်းကိုလည်း သူတို့ထံမှာ အပျော်များ ကူးစက်သွားစေပါသည်။ ရွာတွင် သုံးလခန့်နေပြီး ရန်ကုန်သို့ ပြန်သွားကြ ပါသည်။ ရွာရှိမိသားစုများနှင့် ဖုန်းဆက်ခြင်း၊ လူကြုံပါးခြင်းတို့ဖြင့် အဆက်

အသွယ်မပြတ်ပါ။ ရန်ကုန်တွင် တစ်နှစ်ကျော်ခန့် နားပြီးသောအခါတွင် မင်းမောင် သင်္ဘောပြန်တက်သွားသည့် သတင်းနှင့်တစ်ဆက်တည်းနှင်းနှင်း ၌ရင်သွေးလွယ်ထားရပြီဟူသောမင်္ဂလာသတင်းပါကြားရပါသည်။ နှင်းနှင်း သည် ယောက္ခမများအိမ်တွင် ကျန်ခဲ့သော်လည်း အားလုံးက သမီးအရင်း ကဲ့သို့ ချစ်ကြသဖြင့် ပျော်ရွှင်မှုအပြည့်ရရှိပါသည်။ ရွာမှမိသားစု ဆွေမျိုးများ ကလည်း ကိုယ်ဝန်ဆောင်နှင်းနှင်းကို နေ့စဉ်ဖုန်းဆက်ကြ၍ ဂရုစိုက်ကြပါ သည်။
သို့သော်ကံကြမ္မာဆိုသည်မှာချိုတစ်လှည့်၊ခါးတစ်လှည့်ဟူသောစကား အတိုင်းပါလေ။ နှင်းနှင်းအတွက် အသက်နှစ်ဆယ်ကျော်အထိ ချိုမွှေးလာ
သောကံကြမ္မာသည်ရုတ်တရက်အကြောင်းမကြားပါဘဲခါးသက်သောအရ သာသို့ ရုတ်ခြည်း ကူးပြောင်းသွားသည်မှာ မယုံချင်စရာပါ။ “အမယ်လေး-ကံဆိုးလိုက်တဲ့ သားလေးရဲ့”
အော်ဟစ်ငိုရင်း သတိမေ့သွားသော ဒေါ်မမကို အိမ်ရှိအလုပ်သမား များက ပွေ့ထူ၍ နှာနှပ်သူ၊ ယပ်ခပ်ပေးသူတို့ဖြင့် ပျာယာခတ်သွားပါသည်။ ကြားရသူတို့က ဒေါ်မမထံ လာရောက်သတင်းမေးကြလေသော်- “မမနှင်းယောက်ျားကိုမင်းမောင်သင်္ဘောပေါ်ကပြုတ်ကျလို့တဲ့။ မြန်မာ
နိုင်ငံကို အလောင်းပြန်ပို့ပေးမယ်လို့ ပြောတယ်”
မင်းမောင် သင်္ဘောပေါ်တက်သည်မှာ တစ်ပတ်ပင် မပြည့်သေးပါ။ ကြားရသူအပေါင်းမှာလည်း စိတ်မကောင်းကြပါ။ ဒေါ်မမတို့လည်း ရန်ကုန် သို့သွားရန် ပြင်ဆင်ကြပါတော့သည်။ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို လေယာဉ်ဖြင့် ပို့ပေးမည်ဟုသိရပြီး တစ်လခန့်ကြာမှ မြန်မာနိုင်ငံသို့ ရောက်မည်ဟု ပြောပါသည်။

“ရန်ကုန်မှာ ရက်လည်ပြီးတဲ့အထိပဲ နေကြမှာလား၊ အလောင်းမြေကျ ပြီးတဲ့အထိ နေကြမှာလား”
ရွာဦးကျောင်းဆရာတော်၏ အမေးကို ဦးတာမှ –
“ရက်လည်ပြီးတဲ့အထိပဲနေပါ့မယ် ဘုရား၊ နှင်းနှင်းကိုတော့ အလောင်း မြေကျပြီးမှပဲ တစ်ပါတည်း ခေါ်ခဲ့ပါ့မယ်”
“ဒကာကြီးတို့စဉ်းစားကြပါဦး၊ နှင်းနှင်းက ယောက္ခမအိမ်မှာနေတာက ပိုကောင်းပါတယ်။ ကာယကံရှင်ရဲ့ ဆန္ဒကိုရော၊ ခမည်းခမက်တွေရဲ့သဘော ထားကိုပါ သိအောင်မေးပြီးမှ ဆုံးဖြတ်ကြပါ။ ရန်ကုန်မှာနေရင် ကျန်းမာရေး အတွက် စိတ်ချရတာပေါ့”
နှင်းနှင်း၏ အစ်ကိုအကြီးဆုံးဖြစ်သူ ကိုမြက –
“တပည့်တော်ကတော့ ညီမလေးကို သူစိမ်းတွေနဲ့ မထားခဲ့ချင်ဘူး
ဘုရား”
“အိမ်း – စဉ်းစားကြပေါ့- ဒကာတို့ရယ်”
ရက်လည်ဆွမ်းသွတ်ပြီး ပြန်လာချိန်တွင် နှင်းနှင်းကိုပါ ခေါ်လာခဲ့ပါ သည်။ မြန်မာနိုင်ငံသို့ ရုပ်ကလာပ်ရောက်လာမှ ပြန်သွားမည်ဖြစ်ကြောင်း ပြောပါသည်။ နှင်းနှင်းသည် ကိုယ်ဝန်နှစ်လကျော်ရှိပြီဟု ပြောသော်လည်း အပျိုဗိုက်ဖြစ်၍ မသိသာလှသေးပါ။ စိတ်ဆင်းရဲမှုကြောင့် ချောင်ကျသွား သော မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူရော်သော အသားအရေရှိပြီး ယခင်တောက်ပသော မျက်ဝန်းများမှာလည်း မျက်တွင်းချောင်ကလေးနှင့် ဖြစ်နေရှာပါသည်။
ခရီးရောက်မဆိုက်ပင် ဘုန်းကြီးကျောင်းသို့သွား၍ ဆွေမျိုးလည်းဖြစ်၊ ရွာဦးဘုန်းကြီးကျောင်း၏ ကျောင်းထိုင်လည်းဖြစ်သော ဆရာတော်ကို ဦးတာမှတင်လျှောက်ပါသည်။

“ညညဆိုမင်းမောင်လာတယ်ဆိုပြီးကယောင်ကတမ်းတွေပြောနေလို့
ရွာကိုပြန်ခေါ်ခဲ့တာပါဘုရား”
“အခု-ဒကာမလေးကျောင်းကို ပါလာသလား”
“နောက်မှာ သူ့အမေနဲ့ လာပါလိမ့်မယ် ဘုရား၊ တပည့်တော်က ကြိုပြီး လျှောက်လို့ရအောင် အရင်လာခဲ့တာပါဘုရား”
“ပြောစမ်းပါဦး – ဦးတာရယ်”
“တပည့်တော်တို့ ရန်ကုန်က ခမည်းခမက်တွေအိမ်ကို ရောက်တာနဲ့ သူတို့က တန်းပြီးပြောတာပါဘုရား။ နှင်းနှင်းက မင်းမောင်
သူ့နားလာနေ တယ်ဆိုပြီး ညဘက် မအိပ်ဘူးတဲ့။ နှင်းနှင်းကလည်း တပည့်တော်တို့ကို ဒီအတိုင်းပဲ ပြောပါတယ်ဘုရား။ ခမည်းခမက်တို့ကလည်း ပြန်ခေါ်သွားစေ ချင်တယ်လို့ ပြောတော့ တပည့်တော်တို့လည်း ပြန်ခေါ်လာတာပါဘုရား” ကျောင်းပေါ်သို့ နှင်းနှင်းနှင့်အတူ အစ်ကိုနှစ်ယောက် တက်လာပါ သည်။ မိခင် ဒေါ်မမကိုတော့ မတွေ့ပါ။
“ဒကာမလေး – နေလို့ကောင်းရဲ့လား”
“ကောင်းပါတယ်- ဘုရား၊ ကိုမင်းမောင်ကိုကျောင်းထဲဝင်ခိုင်းလို့ မရဘူး
လားဘုရား
“မရဘူး – ဒကာမလေး၊ သူနဲ့ ကျုပ်တို့က ဘဝချင်းတွေ ခြားကုန်ပြီ၊ သူ့ နေရာသူ ပြန်ပါစေ”
“တပည့်တော်မပါရင် သူပြန်မှာ မဟုတ်ဘူးဘုရား”
“ဘာဖြစ်လို့လဲ – ဒကာမလေး၊ ကျုပ်ကို အမှန်အတိုင်းပြောပြပါလား” “တပည့်တော်တို့နှစ်ယောက်ပဲသီတာသိမ်မှာသစ္စာဆိုခဲ့ပါတယ်ဘုရား၊
သူသေရင် တပည့်တော်ကိုပါ ခေါ်ပါလို့”
“ဖြစ်ရလေ – သမီးရယ်”
ဖခင်ဖြစ်သူ ဦးတာသည် ယောက်ျားကြီးတန်မဲ့ဖြင့် ငိုပါတော့သည်။

“နေပါဦး- ကျုပ် မေးပါရစေဦး၊ ဒကာမလေးက အဲဒီအချိန်က ပြောခဲ့ တာ မဟုတ်လား။ အခု ဒီစိတ်မရှိတော့ဘူး မဟုတ်လား”
“မရှိတော့ဘူးလို့ပြောရင်လည်း မရတော့ပါဘူးဘုရား။ တပည့်တော်မှာ
သူ့သွေးသားကိုပါ လွယ်ထားရလို့ပါဘုရား”
နှင်းနှင်းကိုကြည့်လျှင် သာမန်ပင်။ ပြောပုံဆိုပုံကလည်း လူကောင်း တစ်ယောက်လိုပင်။ သို့သော် သူ့အကြည့်များက အသက်မပါသကဲ့သို့ ရွေ့လျားခြင်း မရှိပေ။
“တပည့်တော် အိမ်ပြန်လိုက်ဦးမယ် ဘုရား”
နှင်းနှင်းက ပြောပြောဆိုဆိုထပြီး မပြေးရုံတစ်မည် ခြေလှမ်းများဖြင့် ကျောင်းအောက်သို့ ဆင်းသွားပါသည်။ ဖခင်နှင့် အစ်ကိုနှစ်ယောက်လည်း အပြေးအလွှားလိုက်ကြပါသည်။
ကျောင်းတွင် အလှူကိစ္စဖြင့် ရောက်နေသော ဦးမောင်ကြီးက – “နှင်းနှင်းက ဆရာတော်ကို ဦးချတာ မမြင်မိဘူး ဘုရား” “ဖြစ်ရလေ ဒကာမလေးရယ် – ဒုက္ခ – ဒုက္ခ”
နှင်းနှင်းသည် အိမ်ပြန်ရာ လမ်းတစ်လျှောက်တွင် မည်သူ့ကိုမျှ စကား မဆိုဘဲ ပြုံးပြုံးလေး လျှောက်နေပါသည်။ တံတားပေါ်အရောက်တွင် တော့ ..
“ကိုကြီးတို့သွားနှင့်ကြနော်၊ဒီမှာကိုမင်းမောင်နဲ့နေလိုက်ဦးမယ်။ သူက
ဒီနေရာကို သဘောကျတယ်တဲ့”
အစ်ကိုနှစ်ယောက်နှင့် ဖခင်ဖြစ်သူတို့မှာ စိတ်မကောင်းကြီးစွာဖြင့် မသွားကြသေးဘဲရပ်ကြည့်နေကြပါသည်။ ရန်ကုန်တွင် ရက်သတ္တတစ်ပတ် လုံး ပင်ပန်းခဲ့သည့်အပြင် တစ်ညလုံးကားစီးလာပြီး မိုးလင်းမှရောက်သဖြင့် ခရီးပန်းနေကြသောကြောင့်လည်း နားချင်နေကြပြီဖြစ်ပါသည်။
နောက်ဆုံးတွင်ဖခင်က“ထားခဲ့လိုက်ပါ” ဟုပြောသဖြင့်အိမ်သို့ပြန်လာ ခဲ့ကြပါသည်။ အိမ်ရောက်သော်ဒေါ်မမသည်အိမ်ရှေ့ရှိ ဖျာပေါ်တွင်လှဲနေပြီး ဘေးတွင်လူများ ဝိုင်းထိုင်နေသည်ကို တွေ့ရပါသည်။

“အဖေရေ- ကျွန်တော်လည်းအဖေ့ကိုပြောမလို့ဘဲ၊ ပြောမထွက်လို့ပါ။ အမေ့ကိုသာ မေးကြည့်ပါတော့”
ဒေါ်မမက –
“ကျုပ်နှင်းနှင်းကိုဘုရားသောက်တော်ရေတိုက်မလို့၊သောက်တော်ရေ ခွက်ယူနေတုန်းအခုရှင်ရပ်နေတဲ့နေရာမှာတော်ရေ‘မင်းမောင်ကကျုပ်ကို ခါးထောက်ပြီးကြည့်နေတာတော့။ ပြီးတော့- နှင်းနှင်းကကျုပ်ကိုလှည့်ကြည့် ပြီးပြောသွားတယ်။ အမေမဟုတ်တာလုပ်ရင်ကိုမင်းမောင်ကနေမှာမဟုတ် ဘူးတဲ့တော်ရေ၊ ကျုပ်တို့ သမီးလေး ကျုပ်တို့ကိုထားပြီး သွားတော့မယ်နဲ့ တူပါရဲ့”
ပြောရင်းနှင့်ဒေါ်မမငိုနေပါတယ်။ ထမင်းစားရန်ပြင်ဆင်နေစဉ်နှင်းနှင်း ပြန်လာပါသည်။ မျက်နှာကလည်းပြုံးလို့။ ဒေါ်မမ လှဲနေသည်ကိုမြင် သော် –
“အမေ – ဘာဖြစ်တာလဲဟင်”
ဒေါ်မမသည် ထထိုင်လိုက်ပြီး –
“သမီး – အမေနဲ့အတူ ထမင်းစားကြမယ်လေ” “ဟုတ်ကဲ့”
အလုပ်သမားများက ထမင်းပွဲပြင်ပေးပြီး သားအမိနှစ်ယောက် ထမင်း အတူစားကြပါသည်။ နှင်းနှင်းက ပုံမှန်ပြန်ဖြစ်သွားပါပြီ။ ဘာမျှမပြော တော့ပါ။ အိမ်သားအားလုံးလည်း ထမင်းစားပြီးသော် ပင်ပန်းလှပြီဖြစ် သဖြင့် နားနေကြပါပြီ။
ခဲ့ပါ။
တစ်နေ့လုံးနှင့် တစ်ညလုံး အိပ်ရေးဝဝ အိပ်ကြရပြီး ဘာမျှမဖြစ်

“ညကငထွန်းတို့ကာလသားတစ်အုပ်လူပျိုလှည့်ပြန်လာတော့တံတား
ပေါ်မှာ မင်းမောင်ရပ်နေတာကိုတွေ့လို့ တံတားနဲ့ ဝေးဝေးချောင်းထဲကနေ ရေကူးပြီးပြန်ခဲ့ကြရတယ်တဲ့”
“မနက်က အရီးဒေါ်မမအိမ်မှာ နွားနို့ညှစ်ဖို့လာတဲ့ ကိုတင်စန်းလည်း တံတားပေါ်က တန်းလျားမှာထိုင်နေတဲ့ ကိုမင်းမောင်ကိုတွေ့လို့ ဘုန်းကြီး ကျောင်းထဲ ဝင်ပြေးရတယ်တဲ့”
မနက်အိပ်ရာနိုးသည်နှင့်ကြားရသော သတင်းများပါဒေါ်မမကနှင်းနှင်း ရှေ့တွင် မပြောကြရန် ပြောပါသည်။ သားအမိနှစ်ယောက် မနက်စာ ထမင်း အတူစားကြပါသည်။ ထမင်းစားပြီး၍ လက်ဖက်ရည်ကြမ်းသောက်နေကြ စဉ် အနောက်ရွာမှ လက်သည် ဒေါ်ကြင်ပိုရောက်လာပြီး ဒေါ်မမနှင့် တီးတိုး ပြောကြပါသည်။
အတန်ကြာသော် – ဒေါ်မမက –
“နှင်းနှင်းရေ- သမီးကိုယ်ဝန်ကို စမ်းကြည့်ရအောင်၊ ဒေါ်ကြင်ပုကိုခေါ် ထားတယ်”
ပြောဆိုပြီးသော် နှင်းနှင်းနှင့် ဒေါ်ကြင်ပို အခန်းတွင်းသို့ ဝင်သွားကြပါ သည်။ အတန်ကြာသော် – “အမယ်လေး – အမေရေ”
နှင်းနှင်းအော်သံကြောင့်အိမ်သားများပြေးလာကြသော်လည်းအခန်းဝ
မှ ဒေါ်မမက အားလုံးကို လက်ကာပြပြီး အခန်းတွင်းသို့ဝင်သွားပါသည်။ “ရက်စက်လိုက်တာ အမေရယ်၊ အမေတို့ကိုငဲ့ပြီး သမီးက ကိုမင်းမောင် ကိုတံတားပေါ်မှာတင် နေခဲ့ဖို့ပြောထားတာ။ ခုတော့ -ဟီး-ဟီး”
နှင်းနှင်း၏ ချုံးပွဲချငိုသံနှင့်အတူ လက်သည်ဒေါ်ကြင်ပို အခန်းတွင်းမှ ထွက်လာပြီး ကိုယ်လက်ဆေးကြောသန့်စင်ရန် အိမ်နောက်ဖေးသို့ဝင်သွား ပါသည်။ အဖြစ်အပျက်များသည် ဆက်တိုက်ဖြစ်ပြီး မြန်ဆန်လွန်းလှသဖြင့် စဉ်းစား၍ မပြီးခင်မှာပင် –
“အူ-ဝူး-ဝူး”

နေ့ခင်းကြောင်တောင်ရွာအရှေ့ဘက်မှခွေးများစုပြီးကြောက်စရာအူသံ
သည် တဖြည်းဖြည်းခြံရှေ့သို့ ရောက်လာသည်။ ခြံရှေ့တွင် စုဝေး၍အူနေကြ သဖြင့် အိမ်ပေါ်ရှိ သတင်းမေးရန် လာသူများလည်း အလျှိုလျှိုရှောင်ထွက် ကုန်ကြပါတော့သည်။ အခန်းတွင်းမှ နှင်းနှင်းက –
“အစ်ကိုရေ-ကိုမင်းမောင် – မလာခဲ့ပါနဲ့”
“ဝုန်း- ဂွမ်း”
ခြံဝတွင်ရှိသော သရက်ပင်တွင် မှီ၍ထောင်ထားသည့် လှည်းဘီးကြီး လဲကျခြင်းနှင့်အတူ သောက်ရေအိုးစင်ပေါ်မှ ရေအိုးသည်လည်း ပြုတ်ကျ ကာအစိပ်စိပ်အမြွာမြွာ ကွဲသွားပါသည်။ ဆရာတော်သည်မင်းမောင်ညက တံတားပေါ်တွင်ရှိသည်ဆိုသောကိစ္စကိုပြောရန်လာစဉ်ယခုကဲ့သို့မျက်မြင် ကြုံလေသောအခါ အိမ်ပေါက်ဝမှ ရပ်၍ –
“ဒကာလေး-မင်းမောင်ရေ-ဒကာလေးဟာ လူ့ဘဝမှာ ရှိစဉ်က ကောင်းမှုတွေနဲ့မွေ့လျော်ခဲ့တဲ့သူပါ။အခုလည်းဒကာမလေးကိုမနှောင့်ယှက် ပါနဲ့တော့။ လွတ်ရာကျွတ်ရာသွားပါ ဒကာလေး”
ဘုန်းကြီးစကားမဆုံးမီပင် အိမ်နောက်၌ ကိုယ်လက်ဆေးကြောနေ သည့် လက်သည်ဒေါ်ကြင်ပိုသည် အိမ်ရှေ့သို့ ပြေးထွက်လာပြီး- “မင်းမောင် – အိမ်နောက်ဖေးမှာ ရောက်နေတယ်”
ဟု ပြော၍ အိမ်ပေါ်မှ ဆင်းပြေးပါလေတော့သည်။ ဆရာတော်လည်း အိမ်ပေါ်တက်၍ထိုင်ပြီးသော် –
“ဒီလိုနဲ့တော့ မဖြစ်ပေဘူး။ အခုပဲ အန္တရာယ်ကင်း ပရိတ်ရွတ်ရတော့
မယ်၊ ပြင်ကြတော့ဟေ့”
ဟု မိန့်တော်မူပါသည်။ အခန်းတွင်း၌ နှင်းနှင်းနှင့်အတူ ဒေါ်မမ၏ ငိုသံ ကိုပါစိတ်မချမ်းမြေ့ဖွယ် ကြားနေရပါသည်။
“အမေရယ် – ရက်စက်လိုက်တာ”

“အမေမှားပါတယ်တော်၊ အမေက သမီးကိုချစ်လို့ကလေးမရှိတော့ရင် မောင်မင်းမောင် မနှောင့်ယှက်တော့ဘူးဆိုတဲ့ စိတ်နဲ့ အမေ လက်သည် ဒေါ်ကြင်ပိုနဲ့ စီစဉ်လိုက်ရတာပါ သမီးရယ်”
ဆရာတော် ရောက်နေ၍လားမဆိုတတ်၊ မင်းမောင် ငြိမ်နေပြန်ပါပြီ။ သည်လိုနှင့် တစ်အိမ်လျှင် ပရိတ်ပန်းတစ်အိုးစီဖြင့် ခြံဝင်းထဲတွင် ပြင်ဆင် ပြီးပါပြီ။ ဆရာတော်မှာ ပရိတ်တရားနာမည့် နေရာရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာအခြားဘုန်းကြီးများနှင့်အတူပရိတ်တရားပေးခြင်းကိုစတင်ပါတော့ သည်။ ဦးတာတို့ မိသားစုတွင် နှင်းနှင်းမှလွဲ၍ ကျန်မိသားစုအားလုံး ရှေ့ဆုံး တွင်ထိုင်ပြီး ပရိတ်တရားနာယူကြပါသည်။
နှင်းနှင်းတို့ဘေးမှစောင့်ရှောက်ပေးရန်ဒေါ်မြင့်ကနှင်းနှင်း၏နံဘေးတွင်
ထိုင်ပြီးစိတ်မကောင်းစွာကြည့်နေမိပါသည်။ နှင်းနှင်း၏ပုံမှာမဟန်တော့ပါ။
စိတ်ရောကိုယ်ပါပင်ပန်းပြီးအားနည်းနေချိန်တွင်ခန္ဓာကိုယ်အတွင်းမှအသွေး အသားတို့ကို ထုတ်ယူခံလိုက်ရသည့်အတွက် စိတ်ထောင်းကိုယ်ကျေဆို သလို ထပ်မံခံစားနေရပါသည်။ မျက်စိတစ်မှိတ် အတွင်း၌ပင် ဆိုးရွားသော အခြေအနေသို့ရောက်ရှိသွားသဖြင့် စိုးရိမ်ရသည့်အခြေအနေသို့ရောက်နေ ပြီဆိုသည်ကိုဒေါ်မြင့်သိပါသည်။ ဆေးရုံသို့ပို့ရန်ပြောသော်လည်းမိသားစုဝင် များက လက်မခံပါ။ ထိုခေတ်က ဆေးရုံများတွင် ထိုကိစ္စမျိုးကို လက်မခံ။ တာဝန်ရှိသူများသိလျှင် ဖမ်းဆီးအရေးယူ ခံရတတ်သည်ဟူသော မှားယွင်း သည့် အတွေးများကြောင့်လည်း ရေတိမ်နစ်ရသူ များလှပါပြီ။
ယခုလည်း ဆေးရုံသာ အချိန်မီမပို့နိုင်ပါက နှင်းနှင်းသည် အသက်ဆုံး ရှုံးနိုင်ပါသည်။ မျက်လုံးဖွင့်လာသည်နှင့် မင်းမောင်အမည်ကိုသာ တမ်းတမ်း တတခေါ်ပြီးမှိန်းနေပါသည်။ တောဓလေ့အရ တိုင်းရင်းဆေးများတိုက်သော်

လည်း နှင်းနှင်းမသောက်ပါ။ မင်းမောင်၏ တစ်ချက်တစ်ချက် အိမ်ထရံကို ပုတ်သံက ဒေါ်မြင့်အတွက် ကြောက်စရာမကောင်းသည့်အပြင် သူတို့ နှစ်ယောက်လုံးကို သနားစိတ်ဖြစ်ပြီး မျက်ရည်ကျမိပါသည်။
“ဘုတ် – ဘုတ် – ဘုတ် – ဘုတ်” “ကိုလား – ဟင်၊ ကိုမင်းမောင်”
နှင်းနှင်းမလန့်စေရန်နှင်းနှင်း၏အနားကိုကပ်ပြီး သူပြုခဲ့သည့် ကောင်းမှု များကို အာရုံတွင်ပေါ်အောင် ပြောပြခြင်းနှင့် အိမ်ရှေ့တွင်ဟောကြားနေ သော ပရိတ်တရားတို့ကို နာကြားစေသော်လည်း နှင်းနှင်း၏ နှုတ်မှ “ကိုမင်းမောင်” ဟူသည် စကားတစ်ခွန်းသာ သဲ့သဲ့ကြားရပါသည်။ အိမ်ရှေ့တွင် ပရိတ်တရားနာပြီး၍ အမျှဝေရန် ဦးတာမှ မင်းမောင်၏ အမည်ကို သုံးကြိမ်တိတိ ခေါ်သံကိုကြားရပါသည်။ ထိုစဉ် –
“ဝုန်း – ဝုန်း – ဝုန်း” “အမယ်လေး“တော့”
သွပ်ဖြင့်မိုးထားသော ခေါင်မိုးပေါ်သို့ အရှိန်ပြင်းစွာ ထုရိုက်လိုက်သော အသံများနှင့်အတူတရားနာပရိသတ်အချို့ထ၍ပြေးကြသောကြောင့်အမျှဝေ
ကာနီးတွင် ပရိသတ်နည်းပါးသွားရပါသည်။
ဘုန်းကြီးက အမျှဝေနေစဉ် မည်သည့်အသံကိုမျှ မကြားရပါ။ အမျှဝေ ပြီးချိန်တွင် အိမ်ခြံဝမှစ၍ ခြံပတ်လည်တစ်ခုလုံးကို ပရိတ်ရေဖြင့်လိုက်၍ ဖြန်းပက်စေပါသည်။ ထို့နောက်တွင်မူ ခွေးများသည် နားမခံသာအောင် ကြက်သီးထစဖွယ်အူကြပြီးတဖြည်းဖြည်းရွာပြင်ဖြစ်သောရွာ၏အရှေ့ဘက် တံတားအနီးအရောက်တွင် အူသံများ ရပ်တန့်သွားပါသည်။
“ကဲ- နှင်းနှင်းကိုသာ ဂရုစိုက်လိုက်ကြပါတော့”
ဆရာတော်မှ မိန့်ကြားပြီး ပြန်ကြွသွားကြပါတော့သည်။

နှင်းနှင်း၏ အခြေအနေသည် တစ်နေ့တခြား ပိုဆိုးလာပါသည်။ အစာ မဝင်တော့ပါ။ မင်းမောင် အမည်ကိုလည်း မခေါ်တော့ပါ။ သို့သော် ဖြူဆုပ် ဆုပ်အသားအရေသည် ခန္ဓာကိုယ်တွင် သွေးနည်းနေပြီဖြစ်ကြောင်း ပြဆို နေပါသည်။ ဧည့်သည်အလာများသဖြင့် အခန်းကို သန့်ရှင်းစွာထားပေးပြီး တံခါးဖွင့်၍ ကန့်လန့်ကာသာ ချထားပါသည်။
ယနေ့ဆိုလျှင်မင်းမောင်ဆုံးပြီးနှစ်ဆယ့်ငါးရက်မြောက်နေ့ဖြစ်ပါသည်။ ထိုစဉ်မိတ္ထီလာမြို့ပေါ်တွင်နေသောဒေါ်မိမိ၏အစ်ကိုတော်သူဦးဝင်းရောက်
လာပါသည်။
“ငါတို့ အိမ်ကို ရန်ကုန်က ဖုန်းဆက်တယ်။ အခုပဲ မင်းမောင်ရဲ့ ရုပ် အလောင်းရောက်လာလို့ သန်ဘက်ခါ မြေချမယ်လို့ပြောတယ်။ သွားနိုင်ရင် လည်း သွားကြပေါ့။ နှင်းနှင်းကို နေကောင်းရဲ့လားလို့ မေးတော့ ငါကလည်း ကောင်းပါတယ်လို့ပဲ ပြောလိုက်တယ်”
ဟု ဦးတာက ပြောလိုက်ပါသည်။ ဦးဝင်းသည် ဖျာပေါ်တွင် ထိုင်နေရာ
မှထ၍ –
“ငါ့ကို ဆရာတော် ခေါ်ထားလို့ သွားလိုက်ဦးမယ်”
ထိုစဉ်ဒေါ်မမ ရောက်လာပြီး –
“အစ်ကို့ – တူမကို ကြည့်ပါဦးတော့”
“အေးအေး – နှင်းနှင်း ဘယ်မှာလဲ”

“ဒီမှာပါ – အစ်ကို”
ဒေါ်မမက ကန့်လန့်ကာကိုဟ၍ ရှေ့မှ ဝင်သွားပါသည်။ ဦးဝင်းသည် နှင်းနှင်းကိုမြင်သည်နှင့် အံ့ဩစွာ –
“ဟ-ငါ့တူမကြီး ဘယ်လိုဖြစ်တာတုံး”
“အစ်ကို့ကို အစ်မစောမြက မပြောဘူးနဲ့တူပါရဲ့။ ကျုပ်ပဲ ပြောပါတော့ မယ်၊ အစ်ကို ဆူရင်လည်း ခံရမှာပဲတော်”

ဒေါ်မမသည် အစအဆုံး ပြောပြလိုက်ပါသည်။
“ဪ- ငါကတော့ နှင်းနှင်းဆီကို မင်းမောင်နောက်က လိုက်လာလို့ ရိုးရိုးနေမကောင်းဖြစ်တယ်ပဲ မှတ်နေတာ”
ဦးဝင်းက ပြောရင်းနှင့် ခေါင်းကို တွင်တွင်ခါယမ်း၍ – “တူမကြီး ဘကြီးလာတယ်လေ၊ ဘကြီးဝင်းလေ တူမကြီးရဲ့” နှင်းနှင်းမျက်လုံးကို အားယူဖွင့်ကြည့်ပြီး လက်နှစ်ဖက်လှုပ်လာသဖြင့် ဒေါ်မြင့်က လက်နှစ်ဖက်ကိုယှက်ပြီး လက်အုပ်ချီပေးလိုက်ပါသည်။ “တူမကြီးကိုဘကြီးခေါ်သွားမယ်။ ဆေးရုံအမြန်တက်လိုက်ရင်တူမကြီး
ပြန်ကောင်းသွားမှာပါ။ ဘကြီးနဲ့လိုက်ခဲ့” ဦးဝင်းမှ တစ်ဆက်တည်း –
“လှည်းကောက်ကြတော့ – ဒီဘက်လမ်းက ဆိုးလို့ ကျောက်တိုင်ကုန်း ရွာမှာငါ့ဂျစ်ကားထားခဲ့တယ်။ လှည်းနဲ့ဂျစ်ကားထားခဲ့တဲ့ငပွအိမ်ကို သွားကြ
မယ်”
အစ်ကိုဖြစ်သူ၏စကားကိုမပယ်ရှားဝံ့သဖြင့်ဒေါ်မမတို့သည်နှင်းနှင်းကို လှည်းဖြင့်တင်၍ ရွာမှထွက်လာကြပါသည်။ လှည်းကိုတံတားဘက်မှမသွား စေဘဲအနောက်ဘက်မှပတ်၍သဲချောင်းကိုဖြတ်ပြီး သွားစေပါသည်။ ဒေါ်မြင့်
ခမျာ အိမ်ပြန်အဝတ်အစားပင်မလဲနိုင်ဘဲနှင်းနှင်းနောက်သို့သာလိုက်သွား ရှာပါသည်။
“မမနှင်းက သူတော်ကောင်းမကြီးပါတော်”
မိတိုးတို့သားအမိတစ်တွေသည်နှင်းနှင်းကိုဆေးရုံပို့ရန်လှည်းကောက် နေပြီဟုကြားသဖြင့် နွားကျောင်းနေရာမှ နွားများကိုထားခဲ့ပြီး ပြန်လာခဲ့ကြ သော်လည်း လှည်းမှာ ထွက်သွားပြီဖြစ်ပါသည်။ နှင်းနှင်းက အိမ်သို့ခေါ်၍ စာသင်ပေးခဲ့သော ကလေးများမှာလည်း တရှုပ်ရှုပ်နှင့် ဖြစ်နေကြပါသည်။ “မမနှင်းကို ကျေးဇူးလေးတော့ ပြန်ဆပ်ချင်ပါသေးတယ်တော့်”

“မမနှင်းရေ-နေကောင်းလို့ပြန်လာရင် မမနှင်းကြိုက်တဲ့လက်သည်းနီ ပန်းဆီရောင်လေး ဝယ်ပေးပါ့မယ် ပြန်လာခဲ့ပါ တော့်”
“ရန်ကုန်က ရွှေတိဂုံဘုရားကြီးအကြောင်း ကျုပ်ကိုယ်တိုင် ဖူးမြော်ဖြစ် ရသလို ပြောပြတဲ့ မိနှင်းရေ- ကျုပ် မသေခင်ထပ်နားထောင်ချင်သေးတယ် တော့်”
“ငါတို့ဒီလိုငိုနေရုံနဲ့မပြီးသေးဘူး။ အနောက်ကျောင်း (အနောက်အရပ် တွင်ရှိသော ဘုန်းကြီးကျောင်း)က ဘုရားလေးမှာ ဆုတောင်းပေးကြရ အောင်”
ဆယ်တန်းဖြေထားသော မိုးမိုး၏စကားအတိုင်း ကလေးများသည် လမ်းတွင်တွေ့သောပန်းများကိုခူး၍ ဘုရားကပ်လှူပြီး ဘုရားရှိခိုးဆုတောင်း ပေးနေသော ကလေးများကိုကြည့်ကာ ဘုရားတွင် သန့်ရှင်းရေးလုပ်ရန် ရောက်နေသော ဒေါ်မှုန်မှာလည်း ကျလာသော မျက်ရည်တို့ကို အင်္ကျီ လက်မောင်းစနှင့် သုတ်နေရှာပါသည်။

လှည်းဆောင့်မည်စိုး၍လှည်းကို တဖြည်းဖြည်းချင်းမောင်းလာရသဖြင့် ခရီးမတွင်ပါ။ ကျောက်တိုင်ကုန်းရွာရောက်သော် ဂျစ်ကားပေါ်ပြောင်းတက် ကြပါသည်။ ဆေးရုံရောက်သည့်အခါ ဦးဝင်းက လိုအပ်သည်များ ဆောင် ရွက်ပေးပြီး အရေးပေါ်ခန်းသို့ တင်လိုက်ရပါသည်။ ထိုခေတ်က နယ်မြို့များ တွင် သွေးလှူရှင် ရှားပါးသည့်အတွက် မြို့ပေါ်တွင်နေသော ဦးဝင်းကပင် လိုအပ်သမျှကိုအဆင်ပြေအောင် ဆောင်ရွက်ပေးသွားပါသည်။
ဆေးရုံတက်ပြီးနောက်တစ်ရက်၌ ဆေးရုံသို့ လာကြသော နှင်းနှင်း၏ ဆွေမျိုးတို့သည် အတော်ပင် ပုံဖမ်းယူမှသာ နှင်းနှင်းဟု သိနိုင်ကြောင်း အချင်းချင်း ပြောဆိုနေကြပါသည်။ နှင်းနှင်း၏ အခြေအနေသည် တိုးတက်

လာခြင်းမရှိပါ။ ဆရာဝန်များက အစွမ်းကုန်ကသကြသော်လည်း အလာ
နောက်ကျ၍ရောဂါဆိုးနေပြီဖြစ်ကြောင်းပြောပြီးအိမ်သို့ပြန်ခေါ်လိုကခေါ်နိုင်
ကြောင်း ပြောပါသည်။
မိသားစုများတိုင်ပင်ကြရပြန်ပါသည်။ အသက်ထွက်ပြီးမှရွာသို့ခေါ်ပါက
ရွာပြင်တွင်ထားရမည်ဖြစ်၍ယခုအသက်ရှိစဉ်ကပင်ပြန်ခေါ်သွားကြမည်ဟု
အားလုံးက ဆုံးဖြတ်ပြီး ရွာသို့ပြန်ခေါ်လာကြပါသည်။ နောက်တစ်နေ့တွင် မင်းမောင်၏ဈာပနနေ့ဖြစ်သော်လည်းနှင်းနှင်းသည်ဆေးရုံတွင် အရေးပေါ် ကုသနေရကြောင်းပြော၍ မည်သူမျှမသွားနိုင်သည့်အတွက် ရန်ကုန်ကို ဖုန်းဆက်၍သာ အကြောင်းကြားနိုင်ပါတော့သည်။
ရွာသို့ပြန်ရောက်လေသော်နှင်းနှင်းကို အိမ်ရှေ့တွင်သာ သက်သောင့် သက်သာဖြစ်စေရန်ပြင်ဆင်၍နားစေပါသည်။ ဆရာတော်ကလည်း နှင်းနှင်း ၏နံဘေးမှ နှင်းနှင်းပြုခဲ့သမျှ ကောင်းမှုအလှူအတန်းများကိုအမှတ်ရစေရန် အနီးကပ်၍တရားဟောကြားပေးပါသည်။ နှင်းနှင်း၏တပည့်တစ်သိုက်နှင့် မိတိုးတို့သားအမိမှာ အိမ်အောက်တွင် ကြိတ်ငိုနေကြပါပြီ။ နှင်းနှင်းချစ်သော နွားများကလည်း သူတို့သခင်မ၏ အခြေအနေကို သိ၍ထင်ပါသည်။ အသံ တစ်ချက်မှ မထွက်ဘဲ မလှုပ်မယှက် ငြိမ်ချက်သားကောင်းနေပါသည်။
သည်လိုနှင့်နေဝင်ခါနီး၍ဧည့်သည်များအလျှိုလျှိုပြန်ကုန်ကြ၍မိသားစု နှင့်ဆွေမျိုးတချို့သာ ကျန်ပါတော့သည်။ လသာသည့်နေ့ဖြစ်သောကြောင့် လည်း လရောင်အောက်တွင် စကားစမြည်ပြောဆိုကြပြီး ညဉ့်အတော်နက် မှအားလုံးအိပ်ပျော်သွားကြပါသည်။ တစ်ခဏမျှသာ ကြာမည်ထင်ပါသည်။ ခြံဝင်းအတွင်းမှ –
“ဝမ်း – ဘဲ – ဝမ်း – ဘဲ”
အူ-အူး-အူး-အူ
နွားများ၏အလန့်တကြားအော်သံနှင့်ခွေးအူသံတို့ကြောင့်အိမ်ရှိလူကုန် လန့်နိုးကုန်ကြပါသည်။ နှင်းနှင်းကိုကြည့်လိုက်သည့်အခါတွင်တော့နှင်းနှင်း

ခမျာ အသက်မရှိရှာတော့ပါ။ နာရီကိုကြည့်သော် ဆယ့်နှစ်နာရီကျော်ပြီး၍ သုံးဆယ့်ငါးမိနစ်ဖြစ်ပါသည်။ နှင်းနှင်း၏ နံဘေးတွင် ကပ်လျက်အိပ်နေ သော ဒေါ်မမမှာ –
“သမီးရဲ့- အမေ့ကိုတောင် နှုတ်ဆက်မသွားပါလားဟဲ့”
ငိုရင်းနှင့် သတိလစ်သွားပါတော့သည်။ ဦးတာနှင့် သားများကတော့ ယောက်ျားများ ဖြစ်ကြသဖြင့် ဆို့နင့်ကြေကွဲမှုကိုအံကြိတ်၍သာဖြေသိမ့်နေ ကြပုံပေါ်ပါသည်။ အားလုံးကလည်း မင်းမောင်နှင့် နှင်းနှင်းကိုတစ်နေ့တည်း သင်္ဂြိုဟ်ပေးလိုက်ကြရန် ဆုံးဖြတ်ကြပါသည်။ ချက်ချင်းပင် ခြံတွင်း၌ ကနား ဖျင်းထိုးခြင်းနှင့် အခြားဆောင်ရွက်ဖွယ်ရာများကို လူအင်အားများစွာဖြင့် လုပ်ကိုင်ကြပါတော့သည်။ “အမယ်လေးဗျ”
ခြံနောက်ဘက်၌မီးဖိုလုပ်ရန်ပြင်ဆင်နေသောကောင်လေးကအော်ပြီး
ပြေးလာသဖြင့် အားလုံးစုဝေး ရောက်ရှိသွားပါသည်။
“ကျုပ် ကျောကုန်းကို လာရိုက်တယ်ဗျ။ အိမ်ပြန်ချင်တယ် လိုက်ပို့ပေး
ကြပါဗျ”
ကြောက်လန့်တုန်ရီစွာပြောနေသူမောင်ကြီးကိုရေတိုက်ပြီးကာလသား
အချို့က မောင်ကြီးအိမ်သို့ ပြန်လိုက်ပို့ပေးကြပါသည်။ ထိုစဉ် –
“ဗုန်း – ဗုန်း – ဗုန်း”
အိမ်ထရံကို ပြင်းထန်စွာ ရိုက်သံများပေါ်လာသဖြင့် အားလုံးကြောက် လန့်နေကြသည်မှ မပြီးသေးခင် –
“ဟင့်- ဟင့် – ဟီး-ဟင့်”
ငိုသံသဲ့သဲ့ကို ကြားရပြန်ရာ ခြံတွင်း၌ရောက်နေကြသူများမှာ နေစရာ
မရှိအောင် ကြောက်နေကြပြီ ဖြစ်ပါသည်။
ဒေါ်မမသည် သတိပြန်ရနေပြီဖြစ်၍ အိမ်ပေါ်မှဆင်းပြီး –
“လူတွေ ကြောက်ကုန်ပါ့မယ် သမီးရယ်၊ မလုပ်ပါနဲ့တော့”
ဟုပြောခါမှ –
“ဝုန်း – ဝုန်း – ဝုန်း”
အိမ်ခေါင်မိုးသွပ်ပြားများကို ရိုက်သံက တဖြည်းဖြည်းဆိုးလာပါတော့
“ညည်းကို စိတ်နာနေတာအေ့။ ညည်းအသံ မထွက်စေနဲ့”
ဟု ဆွေမျိုးတစ်ဦးကပြောသည့်အခါ ဒေါ်မမက –
“အမေ့ရဲ့ အပြစ်တွေပါ သမီးရဲ့၊ အမေ့ကိုပါခေါ်သွားပါတော့” ဟု ငိုယိုပြောဆိုနေပါတော့သည်။
အလုပ်လုပ်နေသူများကိုရေမရှိသောနေရာတွင်ရေဖြင့်ပက်ခြင်း၊ သဲဖြင့် ပက်ခြင်း၊ အိမ်ခေါင်မိုးပေါ်သို့ ခဲဖြင့်ပေါက်ခြင်းများကို ဆက်တိုက်လုပ်နေ သဖြင့် မည်သူမျှ အလုပ်မလုပ်ရဲတော့ဘဲတစ်နေရာတည်းတွင်စု၍ မိုးလင်း သည်အထိ ထိုင်နေကြရန် ဆုံးဖြတ်လိုက်ရပါတော့သည်။
မနက်မိုးလင်းသည့်အခါ ရွာပြင်သုသာန်၌ သင်္ဂြိုဟ်ရန် ပြင်ဆင်နေချိန် တွင် အိမ်တွင်းရှိ ပစ္စည်းများကို ဆွဲချခြင်း၊ ပန်းကန်ခွက်ယောက်များကိုဆွဲချ ခြင်းတို့ကိုပါ လုပ်လာသဖြင့် ချက်ပြုတ်လုပ်ကိုင်သူများမှာ နီးစပ်ရာခြံဝင်းများ တွင်သာ ပြောင်းရွှေ့လုပ်ကိုင်ကြရပါတော့သည်။
မြေမြှုပ်သင်္ဂြိုဟ်ပြီးချိန်တွင် ခြံဝင်းအတွင်း၌ လူတစ်ယောက်မျှ မနေရဲ အောင် အမျိုးစုံခြောက်လှန့်နေသဖြင့် ဧည့်သည်များကို နီးစပ်ရာခြံများတွင် သာ ဧည့်ခံရသည့်အဆင့်ထိ ရောက်နေပါသည်။ နှင်းနှင်း ကွယ်လွန်ပြီး ခုနစ်ရက်ပြည့်သောနေ့တွင်မူ ရက်လည်ဆွမ်းသွတ်စဉ်တွင်း အစ်ကိုဖြစ်သူ ကိုမိုးက တရားပေးမည့် ဆရာတော်အား –

“ဆရာတော်ဘုရား – နှင်းနှင်းကို တရားနာပြီးတာနဲ့ ကမ္မဝါဖတ်ပေးဖို့ လျှောက်ပါတယ် ဘုရား”
“ဟဲ့-ကမ္မဝါဆိုတာဒီလိုလျှောက်ရုံနဲ့ လွယ်လွယ်ဖတ်လို့ရတာမဟုတ် ဘူး။ ဒကာကြီးတို့ စဉ်းစားကြည့်ပါဦး။ နှင်းနှင်း အသက်ရှိစဉ်က ချစ်လိုက် ကြတာ၊ အသက်လည်းမရှိရော အိမ်က နှင်ချချင်လို့ ဖြစ်မလား”
“ဒီတိုင်းဆိုရင်တော့ ရက်လည်ဆွမ်းသွတ် တရားနာပြီးတာတောင် အိမ်မှာ နှင်းနှင်းက ဒီလိုပဲလုပ်နေရင်တော့ အဖေအမေတို့ရဲ့ကျန်းမာရေးပါ ထိခိုက်တော့မှာပါ ဘုရား”
“ကဲ-ကဲ-ဒါဆိုရင် ကမ္မဝါတော့ မဖတ်နဲ့။ ညနေ ပရိတ်တရားနာလုပ် ကြတာပေါ့ ဒကာရယ်”
“တင်ပါ့ဘုရား – ညနေ ပြင်ထားလိုက်ပါ့မယ် ဘုရား”
သည်လိုနှင့် ရက်လည်တရားနာ အမျှပေးသော်လည်း ထူးခြားမှုမရှိဘဲ ခြောက်လှန့်နေဆဲပင်။ ညနေပရိတ်တရားနာချိန်တွင်လည်း အိမ်ထရံများကို ရိုက်ပုတ်၍ သူ မကျေနပ်ကြောင်း ပြသနေဆဲပါ။ ပရိတ်တရားနာ အမျှဝေ ပြီး ဆရာတော်ကပရိတ်သဲနှင့်ပရိတ်ရေတို့ကိုနှင်းနှင်းအစ်ကိုဖြစ်သူကိုမိုးကို ဦးဆောင်စေပြီး ခြံဝင်းတစ်လျှောက်ဖြန်းပက်စေပါသည်။ အိမ်ရှေ့ဝင်းထရံမှ စပြီး ပရိတ်သဲနှင့် ပရိတ်ရေကို ပက်ဖြန်းရာ နောက်ဆုံးအိမ်ခြံဝရောက်ချိန် တွင်မူ ရွာတွင်းရှိ ခွေးများက ရွာပြင်အရှေ့သဲချောင်းရှိရာဆီသို့ ဦးတည်၍ ဆွဲဆွဲငင်ငင် အူကြပါသည်။
ထိုသို့ အခြောက်အလှန့်ကြမ်းသည်ကို ကိုယ်တိုင်ကြုံတွေ့ ကြရသည့် ကာယကံရှင်များသာ အသိဆုံးဖြစ်ကြပါသည်။

“ဒီလိုနဲ့နှင်းနှင်းလည်းရွာပြင်ရောက်သွားတယ်ဆိုပါတော့အေ။ ကြားထဲ မှာ ပြောဖို့ ကျန်သွားသေးတယ်။ မင်းမောင်ကို ပရိတ်ရွတ် အမျှဝေပြီးတော့ လည်း မင်းမောင်ကို ညညဆိုတံတားပေါ်မှာ တွေ့လိုက်၊ သဲချောင်းနားမှာ တွေ့လိုက်နဲ့ မကျွတ်ပါဘူးအေ၊ နှင်းနှင်းဆုံးပြီးတော့ နှစ်ယောက်အဖော်ရ သွားတာပေါ့အေ”
“မနှင်းနှင်းရဲ့မိသားစုတွေ အခုဘယ်မှာလဲဟင်”
“ဒေါ်မမက နှင်းနှင်းစိတ်နဲ့ပဲ နှင်းနှင်းဆုံးပြီး လေးလလောက်အကြာမှာ ဆုံးသွားပါပြီ။ သူ့အဖေက တချို့ပစ္စည်းတွေရောင်းချပြီး သူ့ဇာတိမြင်းခြံမှာ ဘုန်းကြီးကျောင်းဆောက်လှူပြီး ဘုန်းကြီးဝတ်သွားတယ်။ သူ့အစ်ကိုတွေ ကတော့ တစ်ယောက်ကဆုံးသွားပါပြီ။ ကျန်တဲ့နှစ်ယောက်က သူ့အဖေနဲ့ပဲ
နေတယ်။ဒီမှာကျန်သေးတဲ့ယာခင်းတချို့ကိုတော့ရွာထဲကလူတွေနဲ့အဖက် လုပ် (အလုပ်လုပ်သူနှင့် တစ်ဝက်စီမျှယူခြင်း) ပြီးထားခဲ့ကြတယ်အေ့။ အားလုံး တစ်ကွဲတစ်ပြားဖြစ်ကုန်တာပေါ့”
တကယ်ကြားရပြန်တော့မနှင်းနှင်းကိုမကြောက်သည့်အပြင် သနားလာ
ပါသည်။
“မိတိုးရေ- ဒီဝင်ပါဦးဟ”
“တော် – မမမြင့်”
ပြန်ထူးသံနှင့်အတူ အသက်ခြောက်ဆယ်ခန့်ရှိမိန်းမကြီးတစ်ယောက် ရောက်လာပါသည်။
အေ့”
“ညည်းရဲ့ မမနှင်းအကြောင်းကို ဒီဆရာမလေးတွေကို ပြောပြနေတာ
“အိုတော် – မမနှင်းအကြောင်းကိုတော့ ဘယ်အချိန်ပြောပြောကျုပ်က မျက်ရည်ကျတုန်းပဲတော့်”
ပြောရင်းနှင့် ထဘီအထက်ဆင်စဖြင့် မျက်ရည်သုတ်နေပါသည်။ ပြီးလျှင် –

“မမနှင်းကို ရွာပြင်ထုတ်ဖို့ ပရိတ်ရွတ်တော့ ဘယ်အကောင်က လက် ကညော့(ကမြင်း)ပြီးသံပုံးစ,တီးလိုက်တယ်မသိပါဘူးတော်။
ကျန်တဲ့လူတွေ
ကလည်း ဝိုင်းပြီးတွေ့ရာမြင်ရာတွေကို ထုကြတဲ့အသံတွေကို ကြားရတာ ကျုပ်ဖြင့် ကျုပ်ရဲ့ကိုယ်ထဲက ကလီစာတွေကို ထုရိုက်နေသလိုပါပဲတော်” ပြောရင်းနှင့် ငိုပါတော့သည်။ ဆက်၍ –
“မသေခင်ရက်ပိုင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပေမယ့်သေပြီးတော့ သူ့တပည့်လေးတွေက အကုန်ဝိုင်းပြီး အလှဆင်းပေးကြတာများအေ။ လက်သည်းနီခြေသည်းနီ အရောင်ရယ်၊ နှုတ်ခမ်းနီအရောင်ရယ်က တစ် ရောင်တည်းတော်။ ပါးနီလေးလည်းဆိုးပေးထားသေးတယ်။ အင်္ကျီက အပွင့် အဝါရောင်လေးနဲ့ ထဘီက ချိတ်ထဘီအဝါရောင်လေး။ သူ စေ့စပ်တဲ့နေ့က ဝတ်တဲ့ အဝတ်အစားတွေပေါ့အေ။ ကျေးဇူးရှင်မကြီး မမနှင်းရေ၊ ဘဝ ဆက်တိုင်း ဒီလိုအဖြစ်ဆိုး မကြုံရပါစေနဲ့လို့ ကျုပ် ဆုတောင်းပါရဲ့တော်”
ဒေါ်တိုး၏ ရိုးရှင်းသော အပြောနှင့် အငိုကြောင့် ကျွန်မတို့လည်း မျက် ရည်မထိန်းနိုင်ကြတော့ပါ။ မာလာမှာမူ အသံထွက်၍ပင် ငိုနေပါပြီ။ “လေးမမြင့်တို့က တံတားနားမှာ ပရိတ်လေးဘာလေး မရွတ်ပေးကြ ဘူးလား”
“အဲလို သက်သက်ကြီးတော့ မလုပ်ဖြစ်ပါဘူးအေ၊ နှစ်ဆန်းတစ်ရက် နေ့လို နေ့မျိုးမှာတော့ နာမည်ခေါ်ပြီး အမျှဝေပေးတယ်။ ဒါပေမဲ့ – သူတို့နှစ် ယောက်က အရိပ်အယောင် ပြရုံအပြင် ဘာမှမနှောင့်ယှက်တော့လည်းဒီရွာ သားတွေအဖို့ ရိုးနေပါပြီတော်”
“ဟိုမှာ – ထတော (ထန်းတော)ရွာက ဆိုင်ကယ်တွေနဲ့ လာခေါ်နေပြီ” မာလာက မျက်ရည် ကမန်းကတန်းသုတ်၍ ပြောလေသော် ကျွန်မတို့ လည်း မျက်ရည်စများသိမ်းကြပြီး ရွာသားများကို နှုတ်ဆက်လိုက်ပါသည်။ ဒေါက်တာ မချစ်စုက –

“လေးလေးတို့ရေ- အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်နော်။ ကျွန်မတို့ တစ်ညတာ တည်းခိုချိန်မှာ အရာရာဂရုစိုက်တဲ့အတွက် အားလုံးကိုကျေးဇူး တင်ပါတယ်လို့ ပြောပါရစေနော်”
“ရပါတယ် – ဆရာမလေးတို့ရယ်၊ နောင်ကြုံခဲ့ရင်ဖြစ်ဖြစ်၊ တမင်ပဲ ဖြစ် ဖြစ် လာလည်ကြပါဦးနော်”
အားလုံးကို နှုတ်ဆက်ပြီး ဆိုင်ကယ်များဖြင့် ထွက်လာကြချိန်တွင် ရွာထိပ်ရောက်လေသော် တိုင်ပင်ထားခြင်းမရှိဘဲ တံတားလေးဆီသို့ အကြည့်ရောက်သွားကြပါသည်။
ကျွန်မ၏ စိတ်တွင် တံတားပေါ်မှ မနှင်းနှင်းနှင့် ကိုမင်းမောင်တို့ နှစ် ယောက်သား ကျွန်မတို့ကိုကြည့်၍ လက်ပြနေသည်ဟုပင် ထင်မြင်မိပါ
သည်။
“နေရစ်ခဲ့ပါတော့ မနှင်းနှင်းနဲ့ ကိုမင်းမောင်ရယ်”
တခြားသူတွေ၏ စိတ်တွင်း၌ မည်သို့ရှိမည်မသိသော်လည်း ကျွန်မ ကဖြင့်လူ့ဘဝတွင်ခဏတာသာနေခဲ့ရပြီးဘဝကူးမကောင်းခဲ့သောမနှင်းနှင်း
နှင့် ကိုမင်းမောင်ကို ဤအဖြစ်ဆိုးမျိုးကိုဖြင့် ဤဘဝ ဤမျှနှင့်ပင် ကြေကြ ပါစေကြောင်း ရင်တွင်းမှ ဆုတောင်းပေးနေမိပါတော့သည်။
> မကြည်ပြာ (သင်္ချာ)

Zawgyi Version

က်ိန္မိမွား၍(စ/ဆံုး)
————————
ကြၽန္မသည္ HIV, AIDS ေရာဂါကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ေနေသာ NGO ဝန္ထမ္းတစ္ဦး ျဖစ္ပါသည္။ မိတၳီလာ ၿမိဳ႕တြင္ တာဝန္က်သည္မွာ တစ္ႏွစ္ေက်ာ္ခန႔္ရွိၿပီ ျဖစ္ပါသည္။ ႐ြာမ်ားသို႔ ကြင္းဆင္းရသည့္အခါတြင္ ကြင္းဆင္းလုပ္သားမ်ားျဖစ္ေသာ မာလာႏွင့္ သႏၲာတို႔အျပင္ ကြၽန္မ၏ အထက္အရာရွိျဖစ္သူ ေဒါက္တာ မခ်စ္စုတို႔ႏွင့္ အတူ တာဝန္က်ရာ ႐ြာမ်ားဆီသို႔ လာခဲ့ရပါသည္။
HIV, AIDS ေရာဂါကာကြယ္နည္းကုသနည္းမ်ားႏွင့္ အျခားႏွစ္သိမ့္ ေဆြးေႏြးပညာေပးျခင္းမ်ားကို႐ြာသူ႐ြာသားမ်ား သိရွိသေဘာေပါက္ေစရန္ ေဆြးေႏြးသြားရမည္ျဖစ္ပါသည္။ ႐ြာလူႀကီးမ်ားကလည္း အတူပူးေပါင္းပါဝင္ ကူညီၾကသျဖင့္ အခက္အခဲမရွိခဲ့ပါ။
ယေန႔တာႀကီး႐ြာ၌ ပို႔ခ်ေဆြးေႏြးရမည္ျဖစ္ၿပီးဤ႐ြာတြင္ ညအိပ္ရမည္ ျဖစ္ပါသည္။ တာႀကီး႐ြာသည္ မိတၳီလာ-ေက်ာက္ပန္းေတာင္း ကားလမ္းမွ အတြင္းသို႔ (၄)မိုင္ခန႔္ဝင္ရၿပီး ဤ႐ြာသည္ အနီးပတ္ဝန္းက်င္မွ ႐ြာမ်ားႏွင့္

မတူဘဲ ေျမပဲထြက္အလြန္ေကာင္းပါသည္။ ႐ြာသူ႐ြာသားမ်ားသည္ ကိုင္း စိုက္ပ်ိဳးျခင္းကိုသာ အဓိကထားစိုက္ပ်ိဳးၾကၿပီး တခ်ိဳ႕တေလသာ စပ်စ္စိုက္ ၾကပါသည္။
႐ြာ၏ အေရွ႕ဘက္တြင္ သဲေခ်ာင္းရွိၿပီး သဲေခ်ာင္းမွ ေရစုပ္စက္ျဖင့္ ေရ တင္ကာ ဂႏၶမာပန္းစိုက္ပ်ိဳးသူလည္းရွိပါသည္။ သဲေခ်ာင္းေပၚတြင္ သစ္သား တံတားေလးရွိၿပီး ဆိုင္ကယ္တစ္စီးစာ ေကာင္းေကာင္းေမာင္းႏိုင္သည့္ အတြက္ ခိုင္ခံ့စြာေဆာက္ထားသည္ဟု ဆိုရပါမည္။ တံတားလက္ရန္းႏွင့္ ကပ္လ်က္ ထိုင္ခုံတန္းလ်ားေလးမ်ား ျပဳလုပ္ထားၿပီး ထိုတန္းလ်ားေပၚတြင္ ထိုင္၍ အေရွ႕ဘက္သို႔ ေမွ်ာ္ၾကည့္ပါက ပုပၸါးေတာင္ကလပ္ကို ခပ္ေရးေရး ျမင္ေတြ႕ရပါသည္။
အညာေႏြသည္ေနထြက္ခ်ိန္မွစ၍ပူျပင္းလြန္းလွေပသည္။ ေနပူသည္က တစ္မ်ိဳး၊ တိုက္သည့္ေလပူသည္ကတစ္ဖုံျဖစ္၍ေနႏွင့္ေလတို႔အပူၿပိဳင္ေနၾက
သလားဟုပင္ထင္မိပါသည္။ သို႔ေသာ္ညေနခင္းေရာက္လွ်င္ျဖင့္ေနမင္းႀကီး
ကလည္းေဒါသမာန္ေလွ်ာ့၍ေတာင္စြယ္ေနာက္သို႔ဝင္လွ်င္ အပူရွိန္ေလွ်ာ့ သြားသကဲ့သို႔ သဲေခ်ာင္းေပၚမွျဖတ္၍ တိုက္လာေသာ ေလႏုေအးတို႔သည္ လည္း ဆံႏြယ္မ်ားကို ကလူက်ီစယ္ကာ တစ္ေန႔တာေလပူတိုက္ခဲ့သမွ်ကို ေခ်ာ့ျမဴေနသည့္ႏွယ္ပင္။
ကြၽန္မလည္း တစ္ေန႔တာ ပင္ပန္းခဲ့သမွ် ေလေကာင္းေလသန႔္ရႉရင္း ရန္ကုန္ၿမိဳ႕ ႀကီးတြင္ ေတြ႕ရခဲေသာ ရႈခင္းမ်ားတြင္ နစ္ေမ်ာေနမိပါသည္။ သဲေခ်ာင္းတံတားေပၚတြင္ ရပ္ေနရာမွ တန္းလ်ားတြင္ထိုင္ခ်လိုက္ၿပီးေနလုံး ႀကီးတျဖည္းျဖည္းဝင္သြားသည္ကိုထိုင္ၾကည့္ေနမိပါသည္။ေနဝင္သြားေသာ္
လည္းအလင္းေရာင္က်န္ပါေသးသည္။ ပုပၸါးေတာင္ကလပ္ကိုလည္းမျမင္ရ
ေတာ့ပါ။ လွ်ပ္စစ္မီးမရေသာ ႐ြာတို႔၏ ထုံးစံအတိုင္း ႐ြာထိပ္ရွိအိမ္တြင္ ဘက္ထရီမီးေခ်ာင္း ထြန္းထားသည္ကို ျမင္ေနရပါသည္။

ယေန႔သည္ တေပါင္းလျပည့္ေက်ာ္ (၁၀)ရက္ေန႔ျဖစ္သျဖင့္ လေရာင္
ေအာက္တြင္တစ္ဝႀကီးထိုင္ပစ္လိုက္မည္ဟုဆုံးျဖတ္ၿပီးစိတ္ေအးလက္ေအး
ထိုင္ေနမိပါသည္။ ထိုစဥ္ လူတစ္ဦး ေပါက္တူးထမ္းလာၿပီး တံတားအေရွ႕ ဘက္မွတက္လာသည္ကိုအလင္းေရာင္မကုန္ေသးသျဖင့္ျမင္ေနရပါသည္။ အနားေရာက္၍ ၾကည့္မိရာ ႐ြာလယ္မွ စပ်စ္ၿခံပိုင္ရွင္ ဦးၿဖိဳးျဖစ္ေနပါသည္။ ဦးၿဖိဳးက-
“ဆရာမေလး – ဘာထိုင္လုပ္ေနတုံးဗ်”
“ရန္ကုန္မွာမရွိတဲ့ သဘာဝအလွေတြကို ၾကည့္ေနတာေပါ့ – ဦးၿဖိဳးရဲ႕။ ဦးၿဖိဳးေရာ ဘယ္ကျပန္လာတာလဲဟင္”
“စပ်စ္ၿခံ ေရသြန္း (ေရသြင္း) ၿပီးျပန္လာတာဗ်။ က်ဳပ္အခင္း (ယာခင္း) က ဒီႏွစ္ဂလဘဲ (ကုလားပဲ) ညံ့ခ်က္ဗ်ာ။ တစ္ဧကကို ငါးတင္းေတာင္ ျပည့္ ေအာင္မထြက္ဘူး။က်ဳပ္ျဖင့္ရင္းႏွီးခဲ့တာေတြကိုထညာ(ႏွေျမာ)လိုက္တာ ဗ်ာ။ ဒါနဲ႔ စပ်စ္ဘက္လွည့္ၿပီး ဂ႐ုစိုက္ေနရာတာပ- အရာမေလးရယ္”
“ဟိုတစ္ေန႔က အိုင့္႐ြာဘက္ကလာေတာ့ ဦးၿဖိဳးရဲ႕ စပ်စ္ၿခံကို ေတြ႕ခဲ့ပါ တယ္။ ေတာ္ေတာ္ျဖစ္ေနပါၿပီ၊ ဒီတိုင္းဆို ဒီႏွစ္စပ်စ္အတြက္ ေကာင္းမွာပါ” “က်ဳပ္လည္းဒီလိုေတြးရတာပဲဗ်ိဳ႕။ ကဲ-ကဲက်ဳပ္နဲ႔ တစ္ပါတည္းလိုက္ခဲ့ ပါလား၊ ညမိုးခ်ဳပ္ရင္ ဒီနားဝန္းက်င္က အေနဆိုးတယ္ဗ်”
“ဟုတ္ကဲ့”
ကြၽန္မသည္ ႐ြာတြင္းသို႔ဝင္စဥ္ ဦးၿဖိဳးကို ေမးမိပါသည္။
“ဆရာမေလးတို႔လို ၿမိဳ႕သူပညာတတ္ေတြက ယုံမယ္မထင္ေပါင္ဗ်ာ၊ ႐ြာထဲကေသသြားတဲ့မိန္းကေလးကမကြၽတ္မလြတ္ျဖစ္ၿပီးဒီတံတားေပၚမွာ လမ္းေလွ်ာက္ေနတာကို ႐ြာထဲက လူေတာ္ေတာ္မ်ားမ်ားက ျမင္ၾကတယ္ လို႔ေျပာတယ္။က်ဳပ္ေတာ့ကိုယ္တိုင္မျမင္ရေပမဲ့မယုံဘူးလို႔မေျပာခ်င္ဘူးဗ်။ ဘာလို႔တုံးဆို ဒီမိန္းကေလးက နာနာၾကည္းၾကည္းနဲ႔ ေသခဲ့ရေတာ့လည္း

ျဖစ္ႏိုင္ပါတယ္။ ဆရာမေလးက အရီးတင္ႏုအိမ္မွာတည္းရမယ္မွတ္တယ္။ ေရာက္ၿပီဗ်ိဳ႕။ က်ဳပ္ေတာ့ ဆက္သြားေတာ့မယ္ေနာ္”
“ဟုတ္ကဲ့ -ေက်းဇူးပဲ ဦးၿဖိဳးေရ
ကြၽန္မ တည္းမည့္အိမ္သည္ ႐ြာ၏အေရွ႕ဘက္ ထိပ္ဆုံးတြင္ရွိၿပီး ၿခံ လည္းက်ယ္၊ အိမ္ကလည္း က်ယ္ဝန္းၿပီး အရီးတင္ႏုႏွင့္ ခင္ပြန္းဦးသန္းျမင့္ တို႔သာ ေနၾကသျဖင့္ ႐ြာလူႀကီးက ကြၽန္မတို႔အဖြဲ႕ကို တည္းေစျခင္းပင္။
အိမ္ေပၚသို႔ ေရာက္မဆိုက္ပင္ ကြၽန္မတို႔ အဖြဲ႕သားမ်ားက ကြၽန္မကို တစ္ေယာက္တစ္ေပါက္ ဝိုင္းေျပာၾကပါသည္။ မာလာက –
“အမယ္ေလး – အစ္မရယ္၊ တံတားေပၚကို တစ္ေယာက္တည္းသြားရ သလား။ အခုပဲ ကြၽန္မတို႔ လိုက္ေခၚၾကမလို႔ လုပ္ေနတာ” “ဦးၿဖိဳးနဲ႔ ျပန္လိုက္လာတာပါ။ တံတားေပၚက ဘာျဖစ္လို႔လဲဟင္” “ဘာမွမဟုတ္ပါဘူးညီမရယ္၊ ကေလးေတြကစိတ္ပူလို႔ပါ။ ကဲ- အိပ္ရာ ဝင္ၾကရေအာင္၊ မနက္က်ရင္ ဟိုဘက္႐ြာကူးရဦးမွာေနာ္”
“ဟုတ္ကဲ့ – ေဆာရီးပါ မမခ်စ္၊ ေနာက္- မမခ်စ္ကိုစိတ္ပူေအာင္မလုပ္ ေတာ့ပါဘူးေနာ္”
ေဒါက္တာ မခ်စ္စုက ဝင္ေျပာလိုက္သျဖင့္ စကားျပတ္သြားပါသည္။ ဦးၿဖိဳးထံမွ တစ္စြန္းတစ္စ ၾကားထားၿပီးျဖစ္၍ တံတားကိစၥကို စိတ္ဝင္စားေန သည့္အထဲတြင္ယခုကဲ့သို႔မာလာတို႔ကစိုးရိမ္တႀကီးျဖစ္ေနၾကသည္ကိုျမင္ရ
ျပန္ေတာ့ ကြၽန္မပို၍သိခ်င္လာပါသည္။ သို႔ေသာ္အထက္လူႀကီးမမခ်စ္ကို အားနာသျဖင့္ အရီးတင္ႏုကို မနက္က်မွ ေမးပါေတာ့မည္။

“ဟင့္-ဟင့္-ဟီး-ဟီး-ဟင့္”
ကြၽန္မ ႐ုတ္တရက္ လန႔္ႏိုးခ်ိန္တြင္
ပီပီသသၾကားလိုက္ရေသာ မိန္း
လန႔္ႏိုးၿပီးမွ
ကေလးတစ္ဦး၏ငိုသံျဖစ္ပါသည္။ငိုသံေၾကာင့္လန႔္ႏိုးသည္လား၊ ငိုသံၾကားသည္လား မသိပါ။ ေသခ်ာစြာ နားေထာင္ၾကည့္ေသာ္ ငိုသံသည္ အေရွ႕အရပ္မွ ျဖစ္ပါသည္။ အရီးတင္ႏုၿခံသည္ ႐ြာ၏အေရွ႕ထိပ္ဆုံးတြင္ ရွိသျဖင့္ ယခုအိမ္၏ အေရွ႕ဘက္တြင္ အိမ္မရွိေတာ့ပါ။ ေလေအာက္ဘက္ က်ေန၍ေလာမသိ၊ ငိုသံသည္ ပိုက်ယ္လာသည္ဟု ထင္ရပါသည္။ အေရွ႕ဘက္တြင္ သဲေခ်ာင္းသာရွိၿပီး သဲေခ်ာင္းေက်ာ္၍ လမ္းအနည္း ငယ္ေလွ်ာက္သြားလွ်င္ ဘုန္းႀကီးေက်ာင္းကိုေရာက္ပါသည္။ သဲေခ်ာင္းဟု ဆိုမွကြၽန္မသည္မာလာ့အနားပို၍တိုးကပ္မိပါေတာ့သည္။ ဦးၿဖိဳးေျပာသည့္ တံတားေပၚက အသံမ်ားေပေလာဟု တစ္ေယာက္တည္းေတြးမိပါသည္။ ဟန္းဖုန္းကိုဖြင့္၍ နာရီၾကည့္ေသာ္ နံနက္(၂)နာရီ ဆယ္မိနစ္သာ ရွိပါေသး သည္။ တစ္အိမ္လုံးတိတ္ဆိတ္လ်က္အိပ္ေမာက်ေနၾကၿပီး ကြၽန္မသာလွ်င္ အေတြးမ်ားျဖင့္ အိပ္မရျဖစ္ေနပါသည္။ မာလာႏွင့္ ကြၽန္မက ျခင္ေထာင္ တစ္လုံးတြင္ အိပ္ၿပီး မမခ်စ္ႏွင့္ သႏၲာက ျခင္ေထာင္တစ္လုံးျဖင့္ ခြဲ၍ အိပ္ၾက ပါသည္။ ငိုသံမွာ မိန္းကေလးတစ္ဦး၏ ေၾကကြဲဝမ္းနည္းစြာ ရႈိက္ငိုသံျဖစ္၍ ၾကားရသည္မွာ စိတ္ခ်မ္းသာဖြယ္မရွိပါ။ တျဖည္းျဖည္း ငိုသံတိုးသြားၿပီး လုံးဝမၾကားရေတာ့သည့္အခါမွ ကြၽန္မလည္း ျပန္အိပ္ေပ်ာ္သြားပါသည္။
“ညီမေလးတို႔ – ထၾကေတာ့ေလ၊ မနက္ ဆယ္နာရီအေရာက္ထေတာ (ထန္းေတာ) ႐ြာကို အေရာက္သြားရမွာ”
မနက္ငါးနာရီတြင္ မမခ်စ္ ႏႈိးသျဖင့္ ကြၽန္မတို႔ အိပ္ရာမွထၾကၿပီး ေရခ်ိဳး ၍ အဝတ္အစားလဲၿပီးခ်ိန္တြင္ ႐ြာလူႀကီးအိမ္သို႔ မနက္စာစားရန္ ဖိတ္ေခၚ သျဖင့္ ထြက္ခဲ့ၾကပါသည္။ အညာေက်း႐ြာတို႔၏ ထုံးစံမွာ မနက္ေစာေစာ အဆာေျပဆိုေသာ္လည္းထမင္းကိုဟင္းႏွင့္အဝစားၾကပါသည္။ ယခုလည္း

ငါးရံ႕ေျခာက္ဖုတ္ဆီဆမ္း၊ လက္ဖက္ပဲေလွာ္သုပ္၊ အိမ္တြင္ ကိုယ္တိုင္က်ိဳ၍ သုတ္ထားေသာ တို႔ဟူးသုပ္၊ ခရမ္းခ်ဥ္သီးအစပ္ခ်က္၊ သေဘၤာပြင့္သုပ္ႏွင့္ ဖ႐ုံၫြန႔္ဟင္းခ်ိဳတို႔ျဖင့္ ဖြယ္ဖြယ္ရာရာေကြၽးသည့္အျပင္လက္ဖက္ရည္ၾကမ္း ႏွင့္ အိမ္တြင္ပင္ ေၾကာ္ထားေသာ မတ္ပဲေၾကာ္ကိုျမည္းရင္း စကားေျပာျဖစ္ ၾကပါသည္။
ဥကၠ႒အမည္မွာ ဦးစိန္ေ႐ႊျဖစ္ၿပီး ဇနီးေဒၚျမင့္ႏွင့္ သားတစ္ဦးရွိပါသည္။ အညာေဒသအေခၚအေဝၚမွာ ဦးေလး၊ ေဒၚေလးတို႔ကို အမည္ေရွ႕တြင္ ေလးေလးဟု တပ္ၿပီးေခၚၾကသျဖင့္ ဦးစိန္ေ႐ႊကို ေလးစိန္ေ႐ႊဟုေခၚၾကၿပီး ေဒၚျမင့္ကို ေလးမျမင့္ဟု ေခၚၾကပါသည္။ ေလးစိန္ေ႐ႊက –
ေနာ့”
နဲ႔
“ဆရာမတို႔ေရ – အားလည္းနာပါရဲ႕၊ ကြၽန္ေတာ္ ႐ုံးသြားရဦးမယ္ဗ် –
“ဟုတ္ကဲ့- ရပါတယ္ ေလးေလး၊ သြားစရာရွိတာ သြားပါ၊ အားမနာပါ
ေလးမျမင့္က ကြၽန္မတို႔ကို ဆက္ၿပီးဧည့္ခံေနပါသည္။
“မဆရာမေလးတို႔ ညက ေကာင္းေကာင္းအိပ္ရရဲ႕လား” ကြၽန္မညကငိုသံၾကားသည္ကိုေျပာလွ်င္ယုံၾကပါ့မလားဟုေတြးေနစဥ္
သႏၲာက –
“အိပ္လို႔ေကာင္းတုန္းေကာင္မေလးတစ္ေယာက္ငိုသံၾကားလို႔လန႔္ႏိုး
သြားတယ္ ေလးမျမင့္ရဲ႕။ ညႀကီးမင္းႀကီး ဘယ္ၿခံကလဲဟင္” “ဆရာမေလးတို႔ ၾကားသြားၾကၿပီကိုး၊ ႏွင္းႏွင္းခမ်ာ ေသတဲ့အထိ
ဝဋ္ေႂကြးမကုန္ေသးဘူး ထင္ပါ့ေတာ္”
ဒီတစ္ခါ ကြၽန္မက အလ်င္ဦးေအာင္ ေမးလိုက္ပါသည္။
“ႏွင္းႏွင္းက ဘယ္သူလဲဟင္”
“ဆရာမေလးတို႔သိခ်င္ရင္ က်ဳပ္ေျပာျပပါ့မယ္ေတာ္၊ ႏွင္းႏွင္းေလးက လႊတ္သနားဖို႔ေကာင္းတဲ့မိန္းကေလးပါ။ သူေသေတာ့ သူ႔အေမကိုက်ဳပ္ျဖင့္

ေဒါသထြက္လြန္းလို႔ လက္ညႇိဳးေငါက္ေငါက္ထိုးၿပီးေျပာပစ္ခဲ့တာ။ မိဘေတြ ရက္စက္ပုံကလည္း မိုက္ခ်က္ေတာ္”

မိတၳီလာတစ္ခြင္၌ တာႀကီး႐ြာကဦးတာႏွင့္ေဒၚမမဆိုလွ်င္မသိသူမရွိ။ လယ္ဧကမ်ားစြာ ပိုင္ဆိုင္သည့္အျပင္ ေမြးထားေသာ ႏြားမ်ားကို ေရာင္းပစ္ ျခင္း မရွိေပ။ ႏြားမ်ားေသလွ်င္ပင္ ေရာင္းမစားဘဲ ေျမျမႇဳပ္ပစ္သျဖင့္ ၿခံတြင္း ၌ ႏြားေကာင္ေရငါးဆယ္ေက်ာ္ရွိပါသည္။ ႏြားႏို႔ညႇစ္ရာတြင္လည္း ႏြားငယ္ ေလးမ်ား ႏို႔ဝေစရန္ အနည္းငယ္သာ ေရာင္းေစသျဖင့္ ႏြားေရာင္စုံတို႔မွာ လွလွဝဝမ်ားျဖစ္ၾကပါသည္။ သားေယာက္်ားေလးသုံးေယာက္ႏွင့္သမီးေထြး ေလးတစ္ေယာက္ ရွိၾကပါသည္။ သမီးေထြးေလးကို ခိုက္ခိုက္တုန္ေအာင္ ေအးေသာ အညာေဆာင္း၏ နံနက္အ႐ုဏ္တက္တြင္ ေမြးဖြားသျဖင့္ “ႏွင္းေဝေဝ”ဟု အမည္ေပးလိုက္ၾကပါသည္။ “ဟ-မြား(ႏြား)၊ ေဘ(ဘယ္) တုံးဟ”
သူရင္းငွား မိတိုးက မနက္ေစာေစာ ႏြားလႊတ္ေက်ာင္းရန္ ႏြားမ်ားကို ၿခံျပင္သို႔ထုတ္ေနစဥ္ ႏွင္းႏွင္းက ျမင္၍ –
ေတာ့”
“မတိုးေရ”
“ေတာ့ – မမႏွင္း”
“မေန႔ညေနက မတိုး ကေလးေတြ စာသင္ဖို႔ မလာၾကပါလား” “အိမ္မွာ ဟင္းစားမရွိလို႔ ေတာထဲမယ္ဟင္း႐ြက္ခူးခိုင္းလိုက္လို႔ပါ
“ဟင္းစားမရွိရင္ အိမ္ကခ်က္ၿပီးသား ယူသြား၊ ကေလးေတြကို ညေန စာသင္ဖို႔ လႊတ္လိုက္ပါ”

“ဟုတ္ကဲ့ – မမႏွင္း”
ႏွင္းႏွင္းသည္ မိတိုးထက္ ငယ္ေသာ္လည္း အလုပ္ရွင္ျဖစ္၍ ႐ိုေသစြာ မမႏွင္းဟုပင္ ေခၚပါသည္။ ႏွင္းႏွင္း၏ ေဘးတြင္လက္ဖက္ရည္ၾကမ္း ထိုင္ ေသာက္ေနေသာ မိခင္ ေဒၚမမက –
“သမီးရယ္ – ေပါက္ေနတဲ့အိုးဆိုတာ ဘယ္ေလာက္ျဖည့္ျဖည့္ ျပည့္ မလာဘူးကြယ့္။ မိတိုးကိုလည္း သမီးက ဘယ္ေလာက္ေပးေပး သူတို႔မိသား စုတစ္အုပ္တစ္မႀကီးအတြက္ ေလာက္ငမွာမဟုတ္ဘူး”
“ကုသိုလ္ေပါ့- အေမရယ္၊ ကမၸည္းတင္မွ အလႉမဟုတ္ပါဘူး။ သဒၶါရွိ သေလာက္ လိုတဲ့သူကို ေပးရတာလည္း အလႉပါပဲ”
“ေအးပါ -စိတ္ႏွလုံးေကာင္းတဲ့ ငါ့သမီးေလးအတြက္ တူတဲ့အက်ိဳးပဲ ေပးမွာပါေတာ္”
ဒီလိုႏွင့္ ႏွင္းႏွင္းတစ္ေယာက္ ဆယ္တန္းေအာင္ၿပီးေသာ္ ရန္ကုန္မွ
ဘႀကီးအိမ္တြင္ေန၍တကၠသိုလ္တက္ရန္႐ြာမွထြက္ခြာသြားပါသည္။စာသင္
ႏွစ္ၿပီးတိုင္းျပန္လာေသာႏွင္းႏွင္းကိုအစ္ကိုမ်ားက သည္းသည္းလႈပ္လြမ္းျပ တတ္၍ မိခင္ႏွင့္ဖခင္တို႔မွာ အထူးေက်နပ္ေနၾကေလသည္။ ဒီလိုႏွင့္ ႏွင္းတစ္ေယာက္ ရန္ကုန္တကၠသိုလ္မွ ဘြဲ႕ရၿပီးေသာ္လည္းႏွင္းႏွင္းရန္ကုန္ တြင္ အလုပ္လုပ္မည္ကို အစ္ကိုမ်ားက ကန႔္ကြက္ၾကသျဖင့္ ႐ြာသို႔ အၿပီးျပန္ ေရာက္လာပါသည္။ တာႀကီး႐ြာမွ မိတၳီလာၿမိဳ႕ေပၚသို႔ ေက်ာင္းသြားတက္ၾက ေသာ ကေလးမ်ားကို အိမ္တြင္ေခၚ၍ စာသင္ေပးျခင္း၊ အဂၤလိပ္စကားေျပာ အေျခခံမွစ၍ သင္ေပးျခင္းတို႔ကိုသာ ေငြေၾကးမယူဘဲ ေစတနာအျပည့္ျဖင့္ သင္ၾကားေပးေနပါေတာ့သည္။

ယေန႔သည္ ႏွင္းႏွင္း၏ ဘဝကို ေျပာင္းလဲေစမည့္ေန႔ပင္ျဖစ္ပါသည္။ အဘယ္ေၾကာင့္မူရန္ကုန္မွ ဘႀကီးသည္႐ြာအထိလာၿပီး ဘႀကီး၏သူငယ္ခ်င္း ျဖစ္သူ အရာရွိႀကီး၏သား မင္းေမာင္က ႏွင္းႏွင္းကို အိမ္ေထာင္ဖက္အျဖစ္ လာေရာက္ေတာင္းရမ္းမည့္အေၾကာင္းကိုေရွ႕ေျပးသတင္းစကားပါးလာျခင္း ေၾကာင့္ပါေပ။ မင္းေမာင္သည္ သေဘၤာအရာရွိျဖစ္ၿပီး ႏွင္းႏွင္းႏွင့္လည္း
သိကြၽမ္းခင္မင္ေၾကာင္းကိုႏွင္းႏွင္းေရွ႕တြင္ေျပာသျဖင့္ႏွင္းႏွင္းသည္ရွက္ၿပီး အခန္းတြင္းသို႔ ဝင္ေျပးသြားပါသည္။ သည္ကေန႔မွစ၍ ဦးတာႏွင့္ ေဒၚမမတို႔ အိမ္ကို သန႔္ရွင္းေရးလုပ္ျခင္း၊ ေဆးသုတ္ျပင္ဆင္ျခင္းႏွင့္ၿခံတြင္း၌ ရွင္းလင္း ၿပီး သစ္ပင္ပန္းမန္မ်ားျဖင့္ အလွဆင္ျခင္းတို႔ကို ႐ြာရွိလူမ်ားက ေပ်ာ္႐ႊင္စြာ လုပ္ကိုင္ေပးၾကပါသည္။
ဒီလိုႏွင့္ ၁၉၇၉ – ခုႏွစ္ ေႏြဦးေပါက္တြင္ သေဘၤာအရာရွိ မင္းေမာင္ႏွင့္ ႏွင္းႏွင္းတို႔၏ မဂၤလာပြဲကို တာႀကီး႐ြာတြင္ တစ္ပြဲ၊ ရန္ကုန္ၿမိဳ႕ တြင္ တစ္ပြဲ ႀကီးက်ယ္ခမ္းနားစြာ က်င္းပၾကၿပီး ၾကင္စဦး ဇနီးေမာင္ႏွံသည္ ႏွင္းႏွင္း၏ မိဘမ်ားရွိရာ တာႀကီး႐ြာသို႔ အလည္တစ္ေခါက္ ျပန္ေရာက္လာၾကပါၿပီ။ “ကိုေရ-မိတၳီလာၿမိဳ႕ထဲေတာ့ ႏွံ႔ေအာင္လည္ၿပီးၿပီ၊ ဒီေန႔ ေက်ာက္ပန္း ေတာင္းဘက္ကို သြားမယ္ေနာ္”
ေနာ္”
“ႏွင္း သေဘာပါပဲဗ်ာ”
“ကိုက ေရွ႕က ဆိုင္ကယ္ေမာင္း၊ ႏွင္းက ေနာက္ကထိုင္ၿပီး လမ္းျပမယ္
မိတၳီလာ-ေက်ာက္ပန္းေတာင္းကားလမ္းမေပၚတြင္ ဆိုင္ကယ္ေလးက
တရိပ္ရိပ္ေျပးေနပါသည္။
“ကိုေရ-ေရွ႕နားေရာက္ရင္ ညာေကြ႕လိုက္ေနာ္”
ဆိုင္ကယ္ ရပ္လိုက္ခ်ိန္ဝယ္ ေရွးေဟာင္းအေဆာက္အအုံၿပိဳပ်က္ေန သကဲ့သို႔ အုတ္ခုံေအာက္ေျခတစ္ခုကို ေတြ႕ရပါသည္။ ဘုရားတစ္ဆူလည္း ရွိပါသည္။
“ဒါကပဲသီတာသိမ္ေလအစ္ကိုရဲ႕။ အေနာ္ရထာမင္းႀကီးတည္ခဲ့တာေပါ့။ ေခတ္အဆက္ဆက္ေျပာင္းၿပီး ေစာင့္ထိန္းမႈနည္းလို႔ ဒီလိုျဖစ္ရတာေပါ့။ ေရွးေဟာင္းယဥ္ေက်းမႈေတြကို ဒီလိုျမင္ရတာ ႏွင္းေတာ့ အရမ္းႏွေျမာ
တာပဲ”

“ဟုတ္တယ္ေနာ္၊
အေနာ္ရထာမင္းလက္ထက္ကဆိုေတာ့ေတာ္ေတာ့္
ကို ၾကာၿပီေပါ့။ တကယ့္ကို တန္ဖိုးရွိတဲ့ ယဥ္ေက်းမႈအေမြအႏွစ္ပဲ” “ဟုတ္တယ္ – ဒီထက္ အံ့ဩစရာေကာင္းတာ ေျပာျပဦးမယ္။ ႏွစ္ေတြ ဘယ္ေလာက္ပဲၾကာၾကာ အခုခ်ိန္ထိ တန္ခိုးႀကီးတုန္းပါပဲ။ မွန္ကန္တဲ့ အေၾကာင္းအရာတစ္ခုကို သစၥာျပဳၿပီး တိုင္တည္ရင္ တကယ္ဆုေတာင္း ျပည့္တယ္လို႔ ေျပာၾကတယ္”
“ဟုတ္လား – ကိုယ္တို႔လည္း ဆုေတာင္းၾကမယ္ေလ” “ဒါဆို-အရင္ဆုံးငါးပါးသီလခံယူၿပီး ကိုယ့္ဆုေတာင္းနဲ႔ကိုယ္ သစၥာဆို
ၾကမယ္ေလ”
ႏွစ္ဦးသားငါးပါးသီလကိုေလးေလးနက္နက္ခံယူေဆာက္တည္ၾကၿပီး
ေသာ္ မင္းေမာင္ကစ၍ –
“ကြၽန္ေတာ္သည္ ႏွင္းႏွင္းကို စစ္မွန္ေသာ ေမတၱာျဖင့္ခ်စ္ပါသည္။ ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ ကြၽန္ေတာ္ႏွင့္ ႏွင္းႏွင္းတို႔ ဘဝဆက္ တိုင္းေပါင္းရပါေစသား”
“ႏွင္းႏွင္း သစၥာျပဳမယ္ေနာ္။ တပည့္ေတာ္မသည္ ကိုမင္းေမာင္ကို အသက္ႏွင့္ထပ္တူ သစၥာရွိ ခ်စ္ျမတ္ႏိုးပါတယ္ ဘုရား။ ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ ကိုမင္းေမာင္က ကြၽန္မထက္ အရင္ဦးစြာ ေသမည္ဆို ပါကတပည့္ေတာ္မလည္း ထက္ၾကပ္မကြာလိုက္ပါေသဆုံးရပါေစဘုရား” မင္းေမာင္သည္ အလန႔္တၾကား ျဖစ္သြားၿပီး – “ႏွင္းႏွင္း – ဘာလို႔ ဒီလိုေျပာရတာလဲ”
“သစၥာဆိုတာပဲဟာ – ဘာျဖစ္လို႔လဲ ကိုရဲ႕”
“ႏွင္းႏွင္းက သစၥာဆိုတာမွ မဟုတ္တာ။ ကိုယ့္ကိုယ္ကိုယ္ က်ိန္လိုက္ တာပဲ ႏွင္းရဲ႕
“ကိုက အသက္တစ္ရာေက်ာ္ေနရမွာပဲဥစၥာ၊ စိတ္ထဲ မထားပါနဲ႔ေနာ္”
ဒါေပမဲ့-မင္းေမာင္ရင္ထဲတြင္ေတာ့မရွင္းလင္းေတာ့ပါ။ ဘာေၾကာင့္မွန္း မသိအျပစ္ကင္းစင္ေသာႏွင္း၏မ်က္ႏွာေလးကိုသာစိုက္ၾကည့္ေနမိပါေတာ့
သည္။
“ကိုေရ- မုန္တိုင္ဆည္ဘက္ကို သြားရေအာင္”
ႏွင္းႏွင္းသည္ ေရွ႕မွလက္ဆြဲေခၚသြားသျဖင့္ မင္းေမာင္လည္း ေနာက္မွ ပါသြားရပါသည္။ မိတၳီလာၿမိဳ႕မွ ေက်ာက္ပန္းေတာင္းၿမိဳ႕ဘက္သို႔ ဆယ္မိုင္ ခန႔္သြားလွ်င္မုန္တိုင္ဆည္ကိုေရာက္ပါသည္။ မုန္တိုင္ဆည္သည္ သဘာဝ ပတ္ဝန္းက်င္သာယာျခင္းေၾကာင့္ ေပ်ာ္ပြဲစားထြက္ၾကေသာ သူမ်ားအျပင္ အေပ်ာ္တမ္း ငါးမွ်ားသူမ်ားျဖင့္ စည္ကားေနပါသည္။ မုန္တိုင္ဆည္သည္ ေႏြရာသီ၌ မိတၳီလာကန္ႀကီး ေရမေလွ်ာ့ေစရန္ႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အတြက္ ေရေပးပါသည္။
ႏွစ္ဦးသား ကန္ေပါင္ေပၚတြင္ ထိုင္ရင္း –
“ႏွင္း – သစၥာဆိုတာႀကီးကို စိတ္ထဲမေကာင္းျဖစ္ေနတယ္ကြာ” “ကိုက ဒါပဲေျပာေနတာပဲ။ ကို႔အသက္ တစ္ရာ့ႏွစ္ဆယ္ေက်ာ္ ရွည္မွာ ပါဆို။ ႏွင္းက ကို႔ကိုခ်စ္ေၾကာင္း သက္ေသျပတာပါ ကိုရဲ႕”
“ႏွင္းက က်ိန္စာလို ႐ြတ္လိုက္တာပါ။ သက္ေသျပခ်င္ရင္ တျခား နည္းေတြ ရွိပါတယ္ႏွင္းရယ္။ ႏွင္းမႀကိဳက္ရင္ေတာ့ ကိုယ္ မေျပာေတာ့ ပါဘူး”
ညေနေစာင္းေတာ့ ႏွင္းႏွင္းတို႔႐ြာသို႔ ျပန္လာပါသည္။ ႐ြာ၌ရွိစဥ္အခ်ိန္ တြင္ ညေနေအးၿပီဆိုပါက ႏွင္းႏွင္းတို႔စုံတြဲကို တံတားေပၚတြင္ ေန႔စဥ္ေတြ႕ ရပါသည္။ တစ္ခါတစ္ရံ မတ္တတ္ရပ္လ်က္ တစ္ခါတစ္ရံတြင္ထိုင္လ်က္ ၿပဳံးေပ်ာ္ေနၾကပုံမွာ ျမင္ရသူအေပါင္းကိုလည္း သူတို႔ထံမွာ အေပ်ာ္မ်ား ကူးစက္သြားေစပါသည္။ ႐ြာတြင္ သုံးလခန႔္ေနၿပီး ရန္ကုန္သို႔ ျပန္သြားၾက ပါသည္။ ႐ြာရွိမိသားစုမ်ားႏွင့္ ဖုန္းဆက္ျခင္း၊ လူႀကဳံပါးျခင္းတို႔ျဖင့္ အဆက္

အသြယ္မျပတ္ပါ။ ရန္ကုန္တြင္ တစ္ႏွစ္ေက်ာ္ခန႔္ နားၿပီးေသာအခါတြင္ မင္းေမာင္ သေဘၤာျပန္တက္သြားသည့္ သတင္းႏွင့္တစ္ဆက္တည္းႏွင္းႏွင္း ၌ရင္ေသြးလြယ္ထားရၿပီဟူေသာမဂၤလာသတင္းပါၾကားရပါသည္။ ႏွင္းႏွင္း သည္ ေယာကၡမမ်ားအိမ္တြင္ က်န္ခဲ့ေသာ္လည္း အားလုံးက သမီးအရင္း ကဲ့သို႔ ခ်စ္ၾကသျဖင့္ ေပ်ာ္႐ႊင္မႈအျပည့္ရရွိပါသည္။ ႐ြာမွမိသားစု ေဆြမ်ိဳးမ်ား ကလည္း ကိုယ္ဝန္ေဆာင္ႏွင္းႏွင္းကို ေန႔စဥ္ဖုန္းဆက္ၾက၍ ဂ႐ုစိုက္ၾကပါ သည္။
သို႔ေသာ္ကံၾကမၼာဆိုသည္မွာခ်ိဳတစ္လွည့္၊ခါးတစ္လွည့္ဟူေသာစကား အတိုင္းပါေလ။ ႏွင္းႏွင္းအတြက္ အသက္ႏွစ္ဆယ္ေက်ာ္အထိ ခ်ိဳေမႊးလာ
ေသာကံၾကမၼာသည္႐ုတ္တရက္အေၾကာင္းမၾကားပါဘဲခါးသက္ေသာအရ သာသို႔ ႐ုတ္ျခည္း ကူးေျပာင္းသြားသည္မွာ မယုံခ်င္စရာပါ။ “အမယ္ေလး-ကံဆိုးလိုက္တဲ့ သားေလးရဲ႕”
ေအာ္ဟစ္ငိုရင္း သတိေမ့သြားေသာ ေဒၚမမကို အိမ္ရွိအလုပ္သမား မ်ားက ေပြ႕ထူ၍ ႏွာႏွပ္သူ၊ ယပ္ခပ္ေပးသူတို႔ျဖင့္ ပ်ာယာခတ္သြားပါသည္။ ၾကားရသူတို႔က ေဒၚမမထံ လာေရာက္သတင္းေမးၾကေလေသာ္- “မမႏွင္းေယာက္်ားကိုမင္းေမာင္သေဘၤာေပၚကျပဳတ္က်လို႔တဲ့။ ျမန္မာ
ႏိုင္ငံကို အေလာင္းျပန္ပို႔ေပးမယ္လို႔ ေျပာတယ္”
မင္းေမာင္ သေဘၤာေပၚတက္သည္မွာ တစ္ပတ္ပင္ မျပည့္ေသးပါ။ ၾကားရသူအေပါင္းမွာလည္း စိတ္မေကာင္းၾကပါ။ ေဒၚမမတို႔လည္း ရန္ကုန္ သို႔သြားရန္ ျပင္ဆင္ၾကပါေတာ့သည္။ ကြယ္လြန္သူ၏ ႐ုပ္ကလာပ္ကို ေလယာဥ္ျဖင့္ ပို႔ေပးမည္ဟုသိရၿပီး တစ္လခန႔္ၾကာမွ ျမန္မာႏိုင္ငံသို႔ ေရာက္မည္ဟု ေျပာပါသည္။

“ရန္ကုန္မွာ ရက္လည္ၿပီးတဲ့အထိပဲ ေနၾကမွာလား၊ အေလာင္းေျမက် ၿပီးတဲ့အထိ ေနၾကမွာလား”
႐ြာဦးေက်ာင္းဆရာေတာ္၏ အေမးကို ဦးတာမွ –
“ရက္လည္ၿပီးတဲ့အထိပဲေနပါ့မယ္ ဘုရား၊ ႏွင္းႏွင္းကိုေတာ့ အေလာင္း ေျမက်ၿပီးမွပဲ တစ္ပါတည္း ေခၚခဲ့ပါ့မယ္”
“ဒကာႀကီးတို႔စဥ္းစားၾကပါဦး၊ ႏွင္းႏွင္းက ေယာကၡမအိမ္မွာေနတာက ပိုေကာင္းပါတယ္။ ကာယကံရွင္ရဲ႕ ဆႏၵကိုေရာ၊ ခမည္းခမက္ေတြရဲ႕သေဘာ ထားကိုပါ သိေအာင္ေမးၿပီးမွ ဆုံးျဖတ္ၾကပါ။ ရန္ကုန္မွာေနရင္ က်န္းမာေရး အတြက္ စိတ္ခ်ရတာေပါ့”
ႏွင္းႏွင္း၏ အစ္ကိုအႀကီးဆုံးျဖစ္သူ ကိုျမက –
“တပည့္ေတာ္ကေတာ့ ညီမေလးကို သူစိမ္းေတြနဲ႔ မထားခဲ့ခ်င္ဘူး
ဘုရား”
“အိမ္း – စဥ္းစားၾကေပါ့- ဒကာတို႔ရယ္”
ရက္လည္ဆြမ္းသြတ္ၿပီး ျပန္လာခ်ိန္တြင္ ႏွင္းႏွင္းကိုပါ ေခၚလာခဲ့ပါ သည္။ ျမန္မာႏိုင္ငံသို႔ ႐ုပ္ကလာပ္ေရာက္လာမွ ျပန္သြားမည္ျဖစ္ေၾကာင္း ေျပာပါသည္။ ႏွင္းႏွင္းသည္ ကိုယ္ဝန္ႏွစ္လေက်ာ္ရွိၿပီဟု ေျပာေသာ္လည္း အပ်ိဳဗိုက္ျဖစ္၍ မသိသာလွေသးပါ။ စိတ္ဆင္းရဲမႈေၾကာင့္ ေခ်ာင္က်သြား ေသာ မ်က္ႏွာသည္ ေသြးမရွိသကဲ့သို႔ ျဖဴေရာ္ေသာ အသားအေရရွိၿပီး ယခင္ေတာက္ပေသာ မ်က္ဝန္းမ်ားမွာလည္း မ်က္တြင္းေခ်ာင္ကေလးႏွင့္ ျဖစ္ေနရွာပါသည္။
ခရီးေရာက္မဆိုက္ပင္ ဘုန္းႀကီးေက်ာင္းသို႔သြား၍ ေဆြမ်ိဳးလည္းျဖစ္၊ ႐ြာဦးဘုန္းႀကီးေက်ာင္း၏ ေက်ာင္းထိုင္လည္းျဖစ္ေသာ ဆရာေတာ္ကို ဦးတာမွတင္ေလွ်ာက္ပါသည္။

“ညညဆိုမင္းေမာင္လာတယ္ဆိုၿပီးကေယာင္ကတမ္းေတြေျပာေနလို႔
႐ြာကိုျပန္ေခၚခဲ့တာပါဘုရား”
“အခု-ဒကာမေလးေက်ာင္းကို ပါလာသလား”
“ေနာက္မွာ သူ႔အေမနဲ႔ လာပါလိမ့္မယ္ ဘုရား၊ တပည့္ေတာ္က ႀကိဳၿပီး ေလွ်ာက္လို႔ရေအာင္ အရင္လာခဲ့တာပါဘုရား”
“ေျပာစမ္းပါဦး – ဦးတာရယ္”
“တပည့္ေတာ္တို႔ ရန္ကုန္က ခမည္းခမက္ေတြအိမ္ကို ေရာက္တာနဲ႔ သူတို႔က တန္းၿပီးေျပာတာပါဘုရား။ ႏွင္းႏွင္းက မင္းေမာင္
သူ႔နားလာေန တယ္ဆိုၿပီး ညဘက္ မအိပ္ဘူးတဲ့။ ႏွင္းႏွင္းကလည္း တပည့္ေတာ္တို႔ကို ဒီအတိုင္းပဲ ေျပာပါတယ္ဘုရား။ ခမည္းခမက္တို႔ကလည္း ျပန္ေခၚသြားေစ ခ်င္တယ္လို႔ ေျပာေတာ့ တပည့္ေတာ္တို႔လည္း ျပန္ေခၚလာတာပါဘုရား” ေက်ာင္းေပၚသို႔ ႏွင္းႏွင္းႏွင့္အတူ အစ္ကိုႏွစ္ေယာက္ တက္လာပါ သည္။ မိခင္ ေဒၚမမကိုေတာ့ မေတြ႕ပါ။
“ဒကာမေလး – ေနလို႔ေကာင္းရဲ႕လား”
“ေကာင္းပါတယ္- ဘုရား၊ ကိုမင္းေမာင္ကိုေက်ာင္းထဲဝင္ခိုင္းလို႔ မရဘူး
လားဘုရား
“မရဘူး – ဒကာမေလး၊ သူနဲ႔ က်ဳပ္တို႔က ဘဝခ်င္းေတြ ျခားကုန္ၿပီ၊ သူ႔ ေနရာသူ ျပန္ပါေစ”
“တပည့္ေတာ္မပါရင္ သူျပန္မွာ မဟုတ္ဘူးဘုရား”
“ဘာျဖစ္လို႔လဲ – ဒကာမေလး၊ က်ဳပ္ကို အမွန္အတိုင္းေျပာျပပါလား” “တပည့္ေတာ္တို႔ႏွစ္ေယာက္ပဲသီတာသိမ္မွာသစၥာဆိုခဲ့ပါတယ္ဘုရား၊
သူေသရင္ တပည့္ေတာ္ကိုပါ ေခၚပါလို႔”
“ျဖစ္ရေလ – သမီးရယ္”
ဖခင္ျဖစ္သူ ဦးတာသည္ ေယာက္်ားႀကီးတန္မဲ့ျဖင့္ ငိုပါေတာ့သည္။

“ေနပါဦး- က်ဳပ္ ေမးပါရေစဦး၊ ဒကာမေလးက အဲဒီအခ်ိန္က ေျပာခဲ့ တာ မဟုတ္လား။ အခု ဒီစိတ္မရွိေတာ့ဘူး မဟုတ္လား”
“မရွိေတာ့ဘူးလို႔ေျပာရင္လည္း မရေတာ့ပါဘူးဘုရား။ တပည့္ေတာ္မွာ
သူ႔ေသြးသားကိုပါ လြယ္ထားရလို႔ပါဘုရား”
ႏွင္းႏွင္းကိုၾကည့္လွ်င္ သာမန္ပင္။ ေျပာပုံဆိုပုံကလည္း လူေကာင္း တစ္ေယာက္လိုပင္။ သို႔ေသာ္ သူ႔အၾကည့္မ်ားက အသက္မပါသကဲ့သို႔ ေ႐ြ႕လ်ားျခင္း မရွိေပ။
“တပည့္ေတာ္ အိမ္ျပန္လိုက္ဦးမယ္ ဘုရား”
ႏွင္းႏွင္းက ေျပာေျပာဆိုဆိုထၿပီး မေျပး႐ုံတစ္မည္ ေျခလွမ္းမ်ားျဖင့္ ေက်ာင္းေအာက္သို႔ ဆင္းသြားပါသည္။ ဖခင္ႏွင့္ အစ္ကိုႏွစ္ေယာက္လည္း အေျပးအလႊားလိုက္ၾကပါသည္။
ေက်ာင္းတြင္ အလႉကိစၥျဖင့္ ေရာက္ေနေသာ ဦးေမာင္ႀကီးက – “ႏွင္းႏွင္းက ဆရာေတာ္ကို ဦးခ်တာ မျမင္မိဘူး ဘုရား” “ျဖစ္ရေလ ဒကာမေလးရယ္ – ဒုကၡ – ဒုကၡ”
ႏွင္းႏွင္းသည္ အိမ္ျပန္ရာ လမ္းတစ္ေလွ်ာက္တြင္ မည္သူ႔ကိုမွ် စကား မဆိုဘဲ ၿပဳံးၿပဳံးေလး ေလွ်ာက္ေနပါသည္။ တံတားေပၚအေရာက္တြင္ ေတာ့ ..
“ကိုႀကီးတို႔သြားႏွင့္ၾကေနာ္၊ဒီမွာကိုမင္းေမာင္နဲ႔ေနလိုက္ဦးမယ္။ သူက
ဒီေနရာကို သေဘာက်တယ္တဲ့”
အစ္ကိုႏွစ္ေယာက္ႏွင့္ ဖခင္ျဖစ္သူတို႔မွာ စိတ္မေကာင္းႀကီးစြာျဖင့္ မသြားၾကေသးဘဲရပ္ၾကည့္ေနၾကပါသည္။ ရန္ကုန္တြင္ ရက္သတၱတစ္ပတ္ လုံး ပင္ပန္းခဲ့သည့္အျပင္ တစ္ညလုံးကားစီးလာၿပီး မိုးလင္းမွေရာက္သျဖင့္ ခရီးပန္းေနၾကေသာေၾကာင့္လည္း နားခ်င္ေနၾကၿပီျဖစ္ပါသည္။
ေနာက္ဆုံးတြင္ဖခင္က“ထားခဲ့လိုက္ပါ” ဟုေျပာသျဖင့္အိမ္သို႔ျပန္လာ ခဲ့ၾကပါသည္။ အိမ္ေရာက္ေသာ္ေဒၚမမသည္အိမ္ေရွ႕ရွိ ဖ်ာေပၚတြင္လွဲေနၿပီး ေဘးတြင္လူမ်ား ဝိုင္းထိုင္ေနသည္ကို ေတြ႕ရပါသည္။

“အေဖေရ- ကြၽန္ေတာ္လည္းအေဖ့ကိုေျပာမလို႔ဘဲ၊ ေျပာမထြက္လို႔ပါ။ အေမ့ကိုသာ ေမးၾကည့္ပါေတာ့”
ေဒၚမမက –
“က်ဳပ္ႏွင္းႏွင္းကိုဘုရားေသာက္ေတာ္ေရတိုက္မလို႔၊ေသာက္ေတာ္ေရ ခြက္ယူေနတုန္းအခုရွင္ရပ္ေနတဲ့ေနရာမွာေတာ္ေရ‘မင္းေမာင္ကက်ဳပ္ကို ခါးေထာက္ၿပီးၾကည့္ေနတာေတာ့။ ၿပီးေတာ့- ႏွင္းႏွင္းကက်ဳပ္ကိုလွည့္ၾကည့္ ၿပီးေျပာသြားတယ္။ အေမမဟုတ္တာလုပ္ရင္ကိုမင္းေမာင္ကေနမွာမဟုတ္ ဘူးတဲ့ေတာ္ေရ၊ က်ဳပ္တို႔ သမီးေလး က်ဳပ္တို႔ကိုထားၿပီး သြားေတာ့မယ္နဲ႔ တူပါရဲ႕”
ေျပာရင္းႏွင့္ေဒၚမမငိုေနပါတယ္။ ထမင္းစားရန္ျပင္ဆင္ေနစဥ္ႏွင္းႏွင္း ျပန္လာပါသည္။ မ်က္ႏွာကလည္းၿပဳံးလို႔။ ေဒၚမမ လွဲေနသည္ကိုျမင္ ေသာ္ –
“အေမ – ဘာျဖစ္တာလဲဟင္”
ေဒၚမမသည္ ထထိုင္လိုက္ၿပီး –
“သမီး – အေမနဲ႔အတူ ထမင္းစားၾကမယ္ေလ” “ဟုတ္ကဲ့”
အလုပ္သမားမ်ားက ထမင္းပြဲျပင္ေပးၿပီး သားအမိႏွစ္ေယာက္ ထမင္း အတူစားၾကပါသည္။ ႏွင္းႏွင္းက ပုံမွန္ျပန္ျဖစ္သြားပါၿပီ။ ဘာမွ်မေျပာ ေတာ့ပါ။ အိမ္သားအားလုံးလည္း ထမင္းစားၿပီးေသာ္ ပင္ပန္းလွၿပီျဖစ္ သျဖင့္ နားေနၾကပါၿပီ။
ခဲ့ပါ။
တစ္ေန႔လုံးႏွင့္ တစ္ညလုံး အိပ္ေရးဝဝ အိပ္ၾကရၿပီး ဘာမွ်မျဖစ္

“ညကငထြန္းတို႔ကာလသားတစ္အုပ္လူပ်ိဳလွည့္ျပန္လာေတာ့တံတား
ေပၚမွာ မင္းေမာင္ရပ္ေနတာကိုေတြ႕လို႔ တံတားနဲ႔ ေဝးေဝးေခ်ာင္းထဲကေန ေရကူးၿပီးျပန္ခဲ့ၾကရတယ္တဲ့”
“မနက္က အရီးေဒၚမမအိမ္မွာ ႏြားႏို႔ညႇစ္ဖို႔လာတဲ့ ကိုတင္စန္းလည္း တံတားေပၚက တန္းလ်ားမွာထိုင္ေနတဲ့ ကိုမင္းေမာင္ကိုေတြ႕လို႔ ဘုန္းႀကီး ေက်ာင္းထဲ ဝင္ေျပးရတယ္တဲ့”
မနက္အိပ္ရာႏိုးသည္ႏွင့္ၾကားရေသာ သတင္းမ်ားပါေဒၚမမကႏွင္းႏွင္း ေရွ႕တြင္ မေျပာၾကရန္ ေျပာပါသည္။ သားအမိႏွစ္ေယာက္ မနက္စာ ထမင္း အတူစားၾကပါသည္။ ထမင္းစားၿပီး၍ လက္ဖက္ရည္ၾကမ္းေသာက္ေနၾက စဥ္ အေနာက္႐ြာမွ လက္သည္ ေဒၚၾကင္ပိုေရာက္လာၿပီး ေဒၚမမႏွင့္ တီးတိုး ေျပာၾကပါသည္။
အတန္ၾကာေသာ္ – ေဒၚမမက –
“ႏွင္းႏွင္းေရ- သမီးကိုယ္ဝန္ကို စမ္းၾကည့္ရေအာင္၊ ေဒၚၾကင္ပုကိုေခၚ ထားတယ္”
ေျပာဆိုၿပီးေသာ္ ႏွင္းႏွင္းႏွင့္ ေဒၚၾကင္ပို အခန္းတြင္းသို႔ ဝင္သြားၾကပါ သည္။ အတန္ၾကာေသာ္ – “အမယ္ေလး – အေမေရ”
ႏွင္းႏွင္းေအာ္သံေၾကာင့္အိမ္သားမ်ားေျပးလာၾကေသာ္လည္းအခန္းဝ
မွ ေဒၚမမက အားလုံးကို လက္ကာျပၿပီး အခန္းတြင္းသို႔ဝင္သြားပါသည္။ “ရက္စက္လိုက္တာ အေမရယ္၊ အေမတို႔ကိုငဲ့ၿပီး သမီးက ကိုမင္းေမာင္ ကိုတံတားေပၚမွာတင္ ေနခဲ့ဖို႔ေျပာထားတာ။ ခုေတာ့ -ဟီး-ဟီး”
ႏွင္းႏွင္း၏ ခ်ဳံးပြဲခ်ငိုသံႏွင့္အတူ လက္သည္ေဒၚၾကင္ပို အခန္းတြင္းမွ ထြက္လာၿပီး ကိုယ္လက္ေဆးေၾကာသန႔္စင္ရန္ အိမ္ေနာက္ေဖးသို႔ဝင္သြား ပါသည္။ အျဖစ္အပ်က္မ်ားသည္ ဆက္တိုက္ျဖစ္ၿပီး ျမန္ဆန္လြန္းလွသျဖင့္ စဥ္းစား၍ မၿပီးခင္မွာပင္ –
“အူ-ဝူး-ဝူး”

ေန႔ခင္းေၾကာင္ေတာင္႐ြာအေရွ႕ဘက္မွေခြးမ်ားစုၿပီးေၾကာက္စရာအူသံ
သည္ တျဖည္းျဖည္းၿခံေရွ႕သို႔ ေရာက္လာသည္။ ၿခံေရွ႕တြင္ စုေဝး၍အူေနၾက သျဖင့္ အိမ္ေပၚရွိ သတင္းေမးရန္ လာသူမ်ားလည္း အလွ်ိဳလွ်ိဳေရွာင္ထြက္ ကုန္ၾကပါေတာ့သည္။ အခန္းတြင္းမွ ႏွင္းႏွင္းက –
“အစ္ကိုေရ-ကိုမင္းေမာင္ – မလာခဲ့ပါနဲ႔”
“ဝုန္း- ဂြမ္း”
ၿခံဝတြင္ရွိေသာ သရက္ပင္တြင္ မွီ၍ေထာင္ထားသည့္ လွည္းဘီးႀကီး လဲက်ျခင္းႏွင့္အတူ ေသာက္ေရအိုးစင္ေပၚမွ ေရအိုးသည္လည္း ျပဳတ္က် ကာအစိပ္စိပ္အႁမြာႁမြာ ကြဲသြားပါသည္။ ဆရာေတာ္သည္မင္းေမာင္ညက တံတားေပၚတြင္ရွိသည္ဆိုေသာကိစၥကိုေျပာရန္လာစဥ္ယခုကဲ့သို႔မ်က္ျမင္ ႀကဳံေလေသာအခါ အိမ္ေပါက္ဝမွ ရပ္၍ –
“ဒကာေလး-မင္းေမာင္ေရ-ဒကာေလးဟာ လူ႔ဘဝမွာ ရွိစဥ္က ေကာင္းမႈေတြနဲ႔ေမြ႕ေလ်ာ္ခဲ့တဲ့သူပါ။အခုလည္းဒကာမေလးကိုမေႏွာင့္ယွက္ ပါနဲ႔ေတာ့။ လြတ္ရာကြၽတ္ရာသြားပါ ဒကာေလး”
ဘုန္းႀကီးစကားမဆုံးမီပင္ အိမ္ေနာက္၌ ကိုယ္လက္ေဆးေၾကာေန သည့္ လက္သည္ေဒၚၾကင္ပိုသည္ အိမ္ေရွ႕သို႔ ေျပးထြက္လာၿပီး- “မင္းေမာင္ – အိမ္ေနာက္ေဖးမွာ ေရာက္ေနတယ္”
ဟု ေျပာ၍ အိမ္ေပၚမွ ဆင္းေျပးပါေလေတာ့သည္။ ဆရာေတာ္လည္း အိမ္ေပၚတက္၍ထိုင္ၿပီးေသာ္ –
“ဒီလိုနဲ႔ေတာ့ မျဖစ္ေပဘူး။ အခုပဲ အႏၲရာယ္ကင္း ပရိတ္႐ြတ္ရေတာ့
မယ္၊ ျပင္ၾကေတာ့ေဟ့”
ဟု မိန႔္ေတာ္မူပါသည္။ အခန္းတြင္း၌ ႏွင္းႏွင္းႏွင့္အတူ ေဒၚမမ၏ ငိုသံ ကိုပါစိတ္မခ်မ္းေျမ့ဖြယ္ ၾကားေနရပါသည္။
“အေမရယ္ – ရက္စက္လိုက္တာ”

“အေမမွားပါတယ္ေတာ္၊ အေမက သမီးကိုခ်စ္လို႔ကေလးမရွိေတာ့ရင္ ေမာင္မင္းေမာင္ မေႏွာင့္ယွက္ေတာ့ဘူးဆိုတဲ့ စိတ္နဲ႔ အေမ လက္သည္ ေဒၚၾကင္ပိုနဲ႔ စီစဥ္လိုက္ရတာပါ သမီးရယ္”
ဆရာေတာ္ ေရာက္ေန၍လားမဆိုတတ္၊ မင္းေမာင္ ၿငိမ္ေနျပန္ပါၿပီ။ သည္လိုႏွင့္ တစ္အိမ္လွ်င္ ပရိတ္ပန္းတစ္အိုးစီျဖင့္ ၿခံဝင္းထဲတြင္ ျပင္ဆင္ ၿပီးပါၿပီ။ ဆရာေတာ္မွာ ပရိတ္တရားနာမည့္ ေနရာရွိ ကုလားထိုင္ေပၚတြင္ ထိုင္ကာအျခားဘုန္းႀကီးမ်ားႏွင့္အတူပရိတ္တရားေပးျခင္းကိုစတင္ပါေတာ့ သည္။ ဦးတာတို႔ မိသားစုတြင္ ႏွင္းႏွင္းမွလြဲ၍ က်န္မိသားစုအားလုံး ေရွ႕ဆုံး တြင္ထိုင္ၿပီး ပရိတ္တရားနာယူၾကပါသည္။
ႏွင္းႏွင္းတို႔ေဘးမွေစာင့္ေရွာက္ေပးရန္ေဒၚျမင့္ကႏွင္းႏွင္း၏နံေဘးတြင္
ထိုင္ၿပီးစိတ္မေကာင္းစြာၾကည့္ေနမိပါသည္။ ႏွင္းႏွင္း၏ပုံမွာမဟန္ေတာ့ပါ။
စိတ္ေရာကိုယ္ပါပင္ပန္းၿပီးအားနည္းေနခ်ိန္တြင္ခႏၶာကိုယ္အတြင္းမွအေသြး အသားတို႔ကို ထုတ္ယူခံလိုက္ရသည့္အတြက္ စိတ္ေထာင္းကိုယ္ေက်ဆို သလို ထပ္မံခံစားေနရပါသည္။ မ်က္စိတစ္မွိတ္ အတြင္း၌ပင္ ဆိုး႐ြားေသာ အေျခအေနသို႔ေရာက္ရွိသြားသျဖင့္ စိုးရိမ္ရသည့္အေျခအေနသို႔ေရာက္ေန ၿပီဆိုသည္ကိုေဒၚျမင့္သိပါသည္။ ေဆး႐ုံသို႔ပို႔ရန္ေျပာေသာ္လည္းမိသားစုဝင္ မ်ားက လက္မခံပါ။ ထိုေခတ္က ေဆး႐ုံမ်ားတြင္ ထိုကိစၥမ်ိဳးကို လက္မခံ။ တာဝန္ရွိသူမ်ားသိလွ်င္ ဖမ္းဆီးအေရးယူ ခံရတတ္သည္ဟူေသာ မွားယြင္း သည့္ အေတြးမ်ားေၾကာင့္လည္း ေရတိမ္နစ္ရသူ မ်ားလွပါၿပီ။
ယခုလည္း ေဆး႐ုံသာ အခ်ိန္မီမပို႔ႏိုင္ပါက ႏွင္းႏွင္းသည္ အသက္ဆုံး ရႈံးႏိုင္ပါသည္။ မ်က္လုံးဖြင့္လာသည္ႏွင့္ မင္းေမာင္အမည္ကိုသာ တမ္းတမ္း တတေခၚၿပီးမွိန္းေနပါသည္။ ေတာဓေလ့အရ တိုင္းရင္းေဆးမ်ားတိုက္ေသာ္

လည္း ႏွင္းႏွင္းမေသာက္ပါ။ မင္းေမာင္၏ တစ္ခ်က္တစ္ခ်က္ အိမ္ထရံကို ပုတ္သံက ေဒၚျမင့္အတြက္ ေၾကာက္စရာမေကာင္းသည့္အျပင္ သူတို႔ ႏွစ္ေယာက္လုံးကို သနားစိတ္ျဖစ္ၿပီး မ်က္ရည္က်မိပါသည္။
“ဘုတ္ – ဘုတ္ – ဘုတ္ – ဘုတ္” “ကိုလား – ဟင္၊ ကိုမင္းေမာင္”
ႏွင္းႏွင္းမလန႔္ေစရန္ႏွင္းႏွင္း၏အနားကိုကပ္ၿပီး သူျပဳခဲ့သည့္ ေကာင္းမႈ မ်ားကို အာ႐ုံတြင္ေပၚေအာင္ ေျပာျပျခင္းႏွင့္ အိမ္ေရွ႕တြင္ေဟာၾကားေန ေသာ ပရိတ္တရားတို႔ကို နာၾကားေစေသာ္လည္း ႏွင္းႏွင္း၏ ႏႈတ္မွ “ကိုမင္းေမာင္” ဟူသည္ စကားတစ္ခြန္းသာ သဲ့သဲ့ၾကားရပါသည္။ အိမ္ေရွ႕တြင္ ပရိတ္တရားနာၿပီး၍ အမွ်ေဝရန္ ဦးတာမွ မင္းေမာင္၏ အမည္ကို သုံးႀကိမ္တိတိ ေခၚသံကိုၾကားရပါသည္။ ထိုစဥ္ –
“ဝုန္း – ဝုန္း – ဝုန္း” “အမယ္ေလး“ေတာ့”
သြပ္ျဖင့္မိုးထားေသာ ေခါင္မိုးေပၚသို႔ အရွိန္ျပင္းစြာ ထု႐ိုက္လိုက္ေသာ အသံမ်ားႏွင့္အတူတရားနာပရိသတ္အခ်ိဳ႕ထ၍ေျပးၾကေသာေၾကာင့္အမွ်ေဝ
ကာနီးတြင္ ပရိသတ္နည္းပါးသြားရပါသည္။
ဘုန္းႀကီးက အမွ်ေဝေနစဥ္ မည္သည့္အသံကိုမွ် မၾကားရပါ။ အမွ်ေဝ ၿပီးခ်ိန္တြင္ အိမ္ၿခံဝမွစ၍ ၿခံပတ္လည္တစ္ခုလုံးကို ပရိတ္ေရျဖင့္လိုက္၍ ျဖန္းပက္ေစပါသည္။ ထို႔ေနာက္တြင္မူ ေခြးမ်ားသည္ နားမခံသာေအာင္ ၾကက္သီးထစဖြယ္အူၾကၿပီးတျဖည္းျဖည္း႐ြာျပင္ျဖစ္ေသာ႐ြာ၏အေရွ႕ဘက္ တံတားအနီးအေရာက္တြင္ အူသံမ်ား ရပ္တန႔္သြားပါသည္။
“ကဲ- ႏွင္းႏွင္းကိုသာ ဂ႐ုစိုက္လိုက္ၾကပါေတာ့”
ဆရာေတာ္မွ မိန႔္ၾကားၿပီး ျပန္ႂကြသြားၾကပါေတာ့သည္။

ႏွင္းႏွင္း၏ အေျခအေနသည္ တစ္ေန႔တျခား ပိုဆိုးလာပါသည္။ အစာ မဝင္ေတာ့ပါ။ မင္းေမာင္ အမည္ကိုလည္း မေခၚေတာ့ပါ။ သို႔ေသာ္ ျဖဴဆုပ္ ဆုပ္အသားအေရသည္ ခႏၶာကိုယ္တြင္ ေသြးနည္းေနၿပီျဖစ္ေၾကာင္း ျပဆို ေနပါသည္။ ဧည့္သည္အလာမ်ားသျဖင့္ အခန္းကို သန႔္ရွင္းစြာထားေပးၿပီး တံခါးဖြင့္၍ ကန႔္လန႔္ကာသာ ခ်ထားပါသည္။
ယေန႔ဆိုလွ်င္မင္းေမာင္ဆုံးၿပီးႏွစ္ဆယ့္ငါးရက္ေျမာက္ေန႔ျဖစ္ပါသည္။ ထိုစဥ္မိတၳီလာၿမိဳ႕ေပၚတြင္ေနေသာေဒၚမိမိ၏အစ္ကိုေတာ္သူဦးဝင္းေရာက္
လာပါသည္။
“ငါတို႔ အိမ္ကို ရန္ကုန္က ဖုန္းဆက္တယ္။ အခုပဲ မင္းေမာင္ရဲ႕ ႐ုပ္ အေလာင္းေရာက္လာလို႔ သန္ဘက္ခါ ေျမခ်မယ္လို႔ေျပာတယ္။ သြားႏိုင္ရင္ လည္း သြားၾကေပါ့။ ႏွင္းႏွင္းကို ေနေကာင္းရဲ႕လားလို႔ ေမးေတာ့ ငါကလည္း ေကာင္းပါတယ္လို႔ပဲ ေျပာလိုက္တယ္”
ဟု ဦးတာက ေျပာလိုက္ပါသည္။ ဦးဝင္းသည္ ဖ်ာေပၚတြင္ ထိုင္ေနရာ
မွထ၍ –
“ငါ့ကို ဆရာေတာ္ ေခၚထားလို႔ သြားလိုက္ဦးမယ္”
ထိုစဥ္ေဒၚမမ ေရာက္လာၿပီး –
“အစ္ကို႔ – တူမကို ၾကည့္ပါဦးေတာ့”
“ေအးေအး – ႏွင္းႏွင္း ဘယ္မွာလဲ”

“ဒီမွာပါ – အစ္ကို”
ေဒၚမမက ကန႔္လန႔္ကာကိုဟ၍ ေရွ႕မွ ဝင္သြားပါသည္။ ဦးဝင္းသည္ ႏွင္းႏွင္းကိုျမင္သည္ႏွင့္ အံ့ဩစြာ –
“ဟ-ငါ့တူမႀကီး ဘယ္လိုျဖစ္တာတုံး”
“အစ္ကို႔ကို အစ္မေစာျမက မေျပာဘူးနဲ႔တူပါရဲ႕။ က်ဳပ္ပဲ ေျပာပါေတာ့ မယ္၊ အစ္ကို ဆူရင္လည္း ခံရမွာပဲေတာ္”

ေဒၚမမသည္ အစအဆုံး ေျပာျပလိုက္ပါသည္။
“ဪ- ငါကေတာ့ ႏွင္းႏွင္းဆီကို မင္းေမာင္ေနာက္က လိုက္လာလို႔ ႐ိုး႐ိုးေနမေကာင္းျဖစ္တယ္ပဲ မွတ္ေနတာ”
ဦးဝင္းက ေျပာရင္းႏွင့္ ေခါင္းကို တြင္တြင္ခါယမ္း၍ – “တူမႀကီး ဘႀကီးလာတယ္ေလ၊ ဘႀကီးဝင္းေလ တူမႀကီးရဲ႕” ႏွင္းႏွင္းမ်က္လုံးကို အားယူဖြင့္ၾကည့္ၿပီး လက္ႏွစ္ဖက္လႈပ္လာသျဖင့္ ေဒၚျမင့္က လက္ႏွစ္ဖက္ကိုယွက္ၿပီး လက္အုပ္ခ်ီေပးလိုက္ပါသည္။ “တူမႀကီးကိုဘႀကီးေခၚသြားမယ္။ ေဆး႐ုံအျမန္တက္လိုက္ရင္တူမႀကီး
ျပန္ေကာင္းသြားမွာပါ။ ဘႀကီးနဲ႔လိုက္ခဲ့” ဦးဝင္းမွ တစ္ဆက္တည္း –
“လွည္းေကာက္ၾကေတာ့ – ဒီဘက္လမ္းက ဆိုးလို႔ ေက်ာက္တိုင္ကုန္း ႐ြာမွာငါ့ဂ်စ္ကားထားခဲ့တယ္။ လွည္းနဲ႔ဂ်စ္ကားထားခဲ့တဲ့ငပြအိမ္ကို သြားၾက
မယ္”
အစ္ကိုျဖစ္သူ၏စကားကိုမပယ္ရွားဝံ့သျဖင့္ေဒၚမမတို႔သည္ႏွင္းႏွင္းကို လွည္းျဖင့္တင္၍ ႐ြာမွထြက္လာၾကပါသည္။ လွည္းကိုတံတားဘက္မွမသြား ေစဘဲအေနာက္ဘက္မွပတ္၍သဲေခ်ာင္းကိုျဖတ္ၿပီး သြားေစပါသည္။ ေဒၚျမင့္
ခမ်ာ အိမ္ျပန္အဝတ္အစားပင္မလဲႏိုင္ဘဲႏွင္းႏွင္းေနာက္သို႔သာလိုက္သြား ရွာပါသည္။
“မမႏွင္းက သူေတာ္ေကာင္းမႀကီးပါေတာ္”
မိတိုးတို႔သားအမိတစ္ေတြသည္ႏွင္းႏွင္းကိုေဆး႐ုံပို႔ရန္လွည္းေကာက္ ေနၿပီဟုၾကားသျဖင့္ ႏြားေက်ာင္းေနရာမွ ႏြားမ်ားကိုထားခဲ့ၿပီး ျပန္လာခဲ့ၾက ေသာ္လည္း လွည္းမွာ ထြက္သြားၿပီျဖစ္ပါသည္။ ႏွင္းႏွင္းက အိမ္သို႔ေခၚ၍ စာသင္ေပးခဲ့ေသာ ကေလးမ်ားမွာလည္း တရႈပ္ရႈပ္ႏွင့္ ျဖစ္ေနၾကပါသည္။ “မမႏွင္းကို ေက်းဇူးေလးေတာ့ ျပန္ဆပ္ခ်င္ပါေသးတယ္ေတာ့္”

“မမႏွင္းေရ-ေနေကာင္းလို႔ျပန္လာရင္ မမႏွင္းႀကိဳက္တဲ့လက္သည္းနီ ပန္းဆီေရာင္ေလး ဝယ္ေပးပါ့မယ္ ျပန္လာခဲ့ပါ ေတာ့္”
“ရန္ကုန္က ေ႐ႊတိဂုံဘုရားႀကီးအေၾကာင္း က်ဳပ္ကိုယ္တိုင္ ဖူးေျမာ္ျဖစ္ ရသလို ေျပာျပတဲ့ မိႏွင္းေရ- က်ဳပ္ မေသခင္ထပ္နားေထာင္ခ်င္ေသးတယ္ ေတာ့္”
“ငါတို႔ဒီလိုငိုေန႐ုံနဲ႔မၿပီးေသးဘူး။ အေနာက္ေက်ာင္း (အေနာက္အရပ္ တြင္ရွိေသာ ဘုန္းႀကီးေက်ာင္း)က ဘုရားေလးမွာ ဆုေတာင္းေပးၾကရ ေအာင္”
ဆယ္တန္းေျဖထားေသာ မိုးမိုး၏စကားအတိုင္း ကေလးမ်ားသည္ လမ္းတြင္ေတြ႕ေသာပန္းမ်ားကိုခူး၍ ဘုရားကပ္လႉၿပီး ဘုရားရွိခိုးဆုေတာင္း ေပးေနေသာ ကေလးမ်ားကိုၾကည့္ကာ ဘုရားတြင္ သန႔္ရွင္းေရးလုပ္ရန္ ေရာက္ေနေသာ ေဒၚမႈန္မွာလည္း က်လာေသာ မ်က္ရည္တို႔ကို အက်ႌ လက္ေမာင္းစႏွင့္ သုတ္ေနရွာပါသည္။

လွည္းေဆာင့္မည္စိုး၍လွည္းကို တျဖည္းျဖည္းခ်င္းေမာင္းလာရသျဖင့္ ခရီးမတြင္ပါ။ ေက်ာက္တိုင္ကုန္း႐ြာေရာက္ေသာ္ ဂ်စ္ကားေပၚေျပာင္းတက္ ၾကပါသည္။ ေဆး႐ုံေရာက္သည့္အခါ ဦးဝင္းက လိုအပ္သည္မ်ား ေဆာင္ ႐ြက္ေပးၿပီး အေရးေပၚခန္းသို႔ တင္လိုက္ရပါသည္။ ထိုေခတ္က နယ္ၿမိဳ႕မ်ား တြင္ ေသြးလႉရွင္ ရွားပါးသည့္အတြက္ ၿမိဳ႕ေပၚတြင္ေနေသာ ဦးဝင္းကပင္ လိုအပ္သမွ်ကိုအဆင္ေျပေအာင္ ေဆာင္႐ြက္ေပးသြားပါသည္။
ေဆး႐ုံတက္ၿပီးေနာက္တစ္ရက္၌ ေဆး႐ုံသို႔ လာၾကေသာ ႏွင္းႏွင္း၏ ေဆြမ်ိဳးတို႔သည္ အေတာ္ပင္ ပုံဖမ္းယူမွသာ ႏွင္းႏွင္းဟု သိႏိုင္ေၾကာင္း အခ်င္းခ်င္း ေျပာဆိုေနၾကပါသည္။ ႏွင္းႏွင္း၏ အေျခအေနသည္ တိုးတက္

လာျခင္းမရွိပါ။ ဆရာဝန္မ်ားက အစြမ္းကုန္ကသၾကေသာ္လည္း အလာ
ေနာက္က်၍ေရာဂါဆိုးေနၿပီျဖစ္ေၾကာင္းေျပာၿပီးအိမ္သို႔ျပန္ေခၚလိုကေခၚႏိုင္
ေၾကာင္း ေျပာပါသည္။
မိသားစုမ်ားတိုင္ပင္ၾကရျပန္ပါသည္။ အသက္ထြက္ၿပီးမွ႐ြာသို႔ေခၚပါက
႐ြာျပင္တြင္ထားရမည္ျဖစ္၍ယခုအသက္ရွိစဥ္ကပင္ျပန္ေခၚသြားၾကမည္ဟု
အားလုံးက ဆုံးျဖတ္ၿပီး ႐ြာသို႔ျပန္ေခၚလာၾကပါသည္။ ေနာက္တစ္ေန႔တြင္ မင္းေမာင္၏ဈာပနေန႔ျဖစ္ေသာ္လည္းႏွင္းႏွင္းသည္ေဆး႐ုံတြင္ အေရးေပၚ ကုသေနရေၾကာင္းေျပာ၍ မည္သူမွ်မသြားႏိုင္သည့္အတြက္ ရန္ကုန္ကို ဖုန္းဆက္၍သာ အေၾကာင္းၾကားႏိုင္ပါေတာ့သည္။
႐ြာသို႔ျပန္ေရာက္ေလေသာ္ႏွင္းႏွင္းကို အိမ္ေရွ႕တြင္သာ သက္ေသာင့္ သက္သာျဖစ္ေစရန္ျပင္ဆင္၍နားေစပါသည္။ ဆရာေတာ္ကလည္း ႏွင္းႏွင္း ၏နံေဘးမွ ႏွင္းႏွင္းျပဳခဲ့သမွ် ေကာင္းမႈအလႉအတန္းမ်ားကိုအမွတ္ရေစရန္ အနီးကပ္၍တရားေဟာၾကားေပးပါသည္။ ႏွင္းႏွင္း၏တပည့္တစ္သိုက္ႏွင့္ မိတိုးတို႔သားအမိမွာ အိမ္ေအာက္တြင္ ႀကိတ္ငိုေနၾကပါၿပီ။ ႏွင္းႏွင္းခ်စ္ေသာ ႏြားမ်ားကလည္း သူတို႔သခင္မ၏ အေျခအေနကို သိ၍ထင္ပါသည္။ အသံ တစ္ခ်က္မွ မထြက္ဘဲ မလႈပ္မယွက္ ၿငိမ္ခ်က္သားေကာင္းေနပါသည္။
သည္လိုႏွင့္ေနဝင္ခါနီး၍ဧည့္သည္မ်ားအလွ်ိဳလွ်ိဳျပန္ကုန္ၾက၍မိသားစု ႏွင့္ေဆြမ်ိဳးတခ်ိဳ႕သာ က်န္ပါေတာ့သည္။ လသာသည့္ေန႔ျဖစ္ေသာေၾကာင့္ လည္း လေရာင္ေအာက္တြင္ စကားစျမည္ေျပာဆိုၾကၿပီး ညဥ့္အေတာ္နက္ မွအားလုံးအိပ္ေပ်ာ္သြားၾကပါသည္။ တစ္ခဏမွ်သာ ၾကာမည္ထင္ပါသည္။ ၿခံဝင္းအတြင္းမွ –
“ဝမ္း – ဘဲ – ဝမ္း – ဘဲ”
အူ-အူး-အူး-အူ
ႏြားမ်ား၏အလန႔္တၾကားေအာ္သံႏွင့္ေခြးအူသံတို႔ေၾကာင့္အိမ္ရွိလူကုန္ လန႔္ႏိုးကုန္ၾကပါသည္။ ႏွင္းႏွင္းကိုၾကည့္လိုက္သည့္အခါတြင္ေတာ့ႏွင္းႏွင္း

ခမ်ာ အသက္မရွိရွာေတာ့ပါ။ နာရီကိုၾကည့္ေသာ္ ဆယ့္ႏွစ္နာရီေက်ာ္ၿပီး၍ သုံးဆယ့္ငါးမိနစ္ျဖစ္ပါသည္။ ႏွင္းႏွင္း၏ နံေဘးတြင္ ကပ္လ်က္အိပ္ေန ေသာ ေဒၚမမမွာ –
“သမီးရဲ႕- အေမ့ကိုေတာင္ ႏႈတ္ဆက္မသြားပါလားဟဲ့”
ငိုရင္းႏွင့္ သတိလစ္သြားပါေတာ့သည္။ ဦးတာႏွင့္ သားမ်ားကေတာ့ ေယာက္်ားမ်ား ျဖစ္ၾကသျဖင့္ ဆို႔နင့္ေၾကကြဲမႈကိုအံႀကိတ္၍သာေျဖသိမ့္ေန ၾကပုံေပၚပါသည္။ အားလုံးကလည္း မင္းေမာင္ႏွင့္ ႏွင္းႏွင္းကိုတစ္ေန႔တည္း သၿဂႋဳဟ္ေပးလိုက္ၾကရန္ ဆုံးျဖတ္ၾကပါသည္။ ခ်က္ခ်င္းပင္ ၿခံတြင္း၌ ကနား ဖ်င္းထိုးျခင္းႏွင့္ အျခားေဆာင္႐ြက္ဖြယ္ရာမ်ားကို လူအင္အားမ်ားစြာျဖင့္ လုပ္ကိုင္ၾကပါေတာ့သည္။ “အမယ္ေလးဗ်”
ၿခံေနာက္ဘက္၌မီးဖိုလုပ္ရန္ျပင္ဆင္ေနေသာေကာင္ေလးကေအာ္ၿပီး
ေျပးလာသျဖင့္ အားလုံးစုေဝး ေရာက္ရွိသြားပါသည္။
“က်ဳပ္ ေက်ာကုန္းကို လာ႐ိုက္တယ္ဗ်။ အိမ္ျပန္ခ်င္တယ္ လိုက္ပို႔ေပး
ၾကပါဗ်”
ေၾကာက္လန႔္တုန္ရီစြာေျပာေနသူေမာင္ႀကီးကိုေရတိုက္ၿပီးကာလသား
အခ်ိဳ႕က ေမာင္ႀကီးအိမ္သို႔ ျပန္လိုက္ပို႔ေပးၾကပါသည္။ ထိုစဥ္ –
“ဗုန္း – ဗုန္း – ဗုန္း”
အိမ္ထရံကို ျပင္းထန္စြာ ႐ိုက္သံမ်ားေပၚလာသျဖင့္ အားလုံးေၾကာက္ လန႔္ေနၾကသည္မွ မၿပီးေသးခင္ –
“ဟင့္- ဟင့္ – ဟီး-ဟင့္”
ငိုသံသဲ့သဲ့ကို ၾကားရျပန္ရာ ၿခံတြင္း၌ေရာက္ေနၾကသူမ်ားမွာ ေနစရာ
မရွိေအာင္ ေၾကာက္ေနၾကၿပီ ျဖစ္ပါသည္။
ေဒၚမမသည္ သတိျပန္ရေနၿပီျဖစ္၍ အိမ္ေပၚမွဆင္းၿပီး –
“လူေတြ ေၾကာက္ကုန္ပါ့မယ္ သမီးရယ္၊ မလုပ္ပါနဲ႔ေတာ့”
ဟုေျပာခါမွ –
“ဝုန္း – ဝုန္း – ဝုန္း”
အိမ္ေခါင္မိုးသြပ္ျပားမ်ားကို ႐ိုက္သံက တျဖည္းျဖည္းဆိုးလာပါေတာ့
“ညည္းကို စိတ္နာေနတာေအ့။ ညည္းအသံ မထြက္ေစနဲ႔”
ဟု ေဆြမ်ိဳးတစ္ဦးကေျပာသည့္အခါ ေဒၚမမက –
“အေမ့ရဲ႕ အျပစ္ေတြပါ သမီးရဲ႕၊ အေမ့ကိုပါေခၚသြားပါေတာ့” ဟု ငိုယိုေျပာဆိုေနပါေတာ့သည္။
အလုပ္လုပ္ေနသူမ်ားကိုေရမရွိေသာေနရာတြင္ေရျဖင့္ပက္ျခင္း၊ သဲျဖင့္ ပက္ျခင္း၊ အိမ္ေခါင္မိုးေပၚသို႔ ခဲျဖင့္ေပါက္ျခင္းမ်ားကို ဆက္တိုက္လုပ္ေန သျဖင့္ မည္သူမွ် အလုပ္မလုပ္ရဲေတာ့ဘဲတစ္ေနရာတည္းတြင္စု၍ မိုးလင္း သည္အထိ ထိုင္ေနၾကရန္ ဆုံးျဖတ္လိုက္ရပါေတာ့သည္။
မနက္မိုးလင္းသည့္အခါ ႐ြာျပင္သုသာန္၌ သၿဂႋဳဟ္ရန္ ျပင္ဆင္ေနခ်ိန္ တြင္ အိမ္တြင္းရွိ ပစၥည္းမ်ားကို ဆြဲခ်ျခင္း၊ ပန္းကန္ခြက္ေယာက္မ်ားကိုဆြဲခ် ျခင္းတို႔ကိုပါ လုပ္လာသျဖင့္ ခ်က္ျပဳတ္လုပ္ကိုင္သူမ်ားမွာ နီးစပ္ရာၿခံဝင္းမ်ား တြင္သာ ေျပာင္းေ႐ႊ႕လုပ္ကိုင္ၾကရပါေတာ့သည္။
ေျမျမႇဳပ္သၿဂႋဳဟ္ၿပီးခ်ိန္တြင္ ၿခံဝင္းအတြင္း၌ လူတစ္ေယာက္မွ် မေနရဲ ေအာင္ အမ်ိဳးစုံေျခာက္လွန႔္ေနသျဖင့္ ဧည့္သည္မ်ားကို နီးစပ္ရာၿခံမ်ားတြင္ သာ ဧည့္ခံရသည့္အဆင့္ထိ ေရာက္ေနပါသည္။ ႏွင္းႏွင္း ကြယ္လြန္ၿပီး ခုနစ္ရက္ျပည့္ေသာေန႔တြင္မူ ရက္လည္ဆြမ္းသြတ္စဥ္တြင္း အစ္ကိုျဖစ္သူ ကိုမိုးက တရားေပးမည့္ ဆရာေတာ္အား –

“ဆရာေတာ္ဘုရား – ႏွင္းႏွင္းကို တရားနာၿပီးတာနဲ႔ ကမၼဝါဖတ္ေပးဖို႔ ေလွ်ာက္ပါတယ္ ဘုရား”
“ဟဲ့-ကမၼဝါဆိုတာဒီလိုေလွ်ာက္႐ုံနဲ႔ လြယ္လြယ္ဖတ္လို႔ရတာမဟုတ္ ဘူး။ ဒကာႀကီးတို႔ စဥ္းစားၾကည့္ပါဦး။ ႏွင္းႏွင္း အသက္ရွိစဥ္က ခ်စ္လိုက္ ၾကတာ၊ အသက္လည္းမရွိေရာ အိမ္က ႏွင္ခ်ခ်င္လို႔ ျဖစ္မလား”
“ဒီတိုင္းဆိုရင္ေတာ့ ရက္လည္ဆြမ္းသြတ္ တရားနာၿပီးတာေတာင္ အိမ္မွာ ႏွင္းႏွင္းက ဒီလိုပဲလုပ္ေနရင္ေတာ့ အေဖအေမတို႔ရဲ႕က်န္းမာေရးပါ ထိခိုက္ေတာ့မွာပါ ဘုရား”
“ကဲ-ကဲ-ဒါဆိုရင္ ကမၼဝါေတာ့ မဖတ္နဲ႔။ ညေန ပရိတ္တရားနာလုပ္ ၾကတာေပါ့ ဒကာရယ္”
“တင္ပါ့ဘုရား – ညေန ျပင္ထားလိုက္ပါ့မယ္ ဘုရား”
သည္လိုႏွင့္ ရက္လည္တရားနာ အမွ်ေပးေသာ္လည္း ထူးျခားမႈမရွိဘဲ ေျခာက္လွန႔္ေနဆဲပင္။ ညေနပရိတ္တရားနာခ်ိန္တြင္လည္း အိမ္ထရံမ်ားကို ႐ိုက္ပုတ္၍ သူ မေက်နပ္ေၾကာင္း ျပသေနဆဲပါ။ ပရိတ္တရားနာ အမွ်ေဝ ၿပီး ဆရာေတာ္ကပရိတ္သဲႏွင့္ပရိတ္ေရတို႔ကိုႏွင္းႏွင္းအစ္ကိုျဖစ္သူကိုမိုးကို ဦးေဆာင္ေစၿပီး ၿခံဝင္းတစ္ေလွ်ာက္ျဖန္းပက္ေစပါသည္။ အိမ္ေရွ႕ဝင္းထရံမွ စၿပီး ပရိတ္သဲႏွင့္ ပရိတ္ေရကို ပက္ျဖန္းရာ ေနာက္ဆုံးအိမ္ၿခံဝေရာက္ခ်ိန္ တြင္မူ ႐ြာတြင္းရွိ ေခြးမ်ားက ႐ြာျပင္အေရွ႕သဲေခ်ာင္းရွိရာဆီသို႔ ဦးတည္၍ ဆြဲဆြဲငင္ငင္ အူၾကပါသည္။
ထိုသို႔ အေျခာက္အလွန႔္ၾကမ္းသည္ကို ကိုယ္တိုင္ႀကဳံေတြ႕ ၾကရသည့္ ကာယကံရွင္မ်ားသာ အသိဆုံးျဖစ္ၾကပါသည္။

“ဒီလိုနဲ႔ႏွင္းႏွင္းလည္း႐ြာျပင္ေရာက္သြားတယ္ဆိုပါေတာ့ေအ။ ၾကားထဲ မွာ ေျပာဖို႔ က်န္သြားေသးတယ္။ မင္းေမာင္ကို ပရိတ္႐ြတ္ အမွ်ေဝၿပီးေတာ့ လည္း မင္းေမာင္ကို ညညဆိုတံတားေပၚမွာ ေတြ႕လိုက္၊ သဲေခ်ာင္းနားမွာ ေတြ႕လိုက္နဲ႔ မကြၽတ္ပါဘူးေအ၊ ႏွင္းႏွင္းဆုံးၿပီးေတာ့ ႏွစ္ေယာက္အေဖာ္ရ သြားတာေပါ့ေအ”
“မႏွင္းႏွင္းရဲ႕မိသားစုေတြ အခုဘယ္မွာလဲဟင္”
“ေဒၚမမက ႏွင္းႏွင္းစိတ္နဲ႔ပဲ ႏွင္းႏွင္းဆုံးၿပီး ေလးလေလာက္အၾကာမွာ ဆုံးသြားပါၿပီ။ သူ႔အေဖက တခ်ိဳ႕ပစၥည္းေတြေရာင္းခ်ၿပီး သူ႔ဇာတိျမင္းၿခံမွာ ဘုန္းႀကီးေက်ာင္းေဆာက္လႉၿပီး ဘုန္းႀကီးဝတ္သြားတယ္။ သူ႔အစ္ကိုေတြ ကေတာ့ တစ္ေယာက္ကဆုံးသြားပါၿပီ။ က်န္တဲ့ႏွစ္ေယာက္က သူ႔အေဖနဲ႔ပဲ
ေနတယ္။ဒီမွာက်န္ေသးတဲ့ယာခင္းတခ်ိဳ႕ကိုေတာ့႐ြာထဲကလူေတြနဲ႔အဖက္ လုပ္ (အလုပ္လုပ္သူႏွင့္ တစ္ဝက္စီမွ်ယူျခင္း) ၿပီးထားခဲ့ၾကတယ္ေအ့။ အားလုံး တစ္ကြဲတစ္ျပားျဖစ္ကုန္တာေပါ့”
တကယ္ၾကားရျပန္ေတာ့မႏွင္းႏွင္းကိုမေၾကာက္သည့္အျပင္ သနားလာ
ပါသည္။
“မိတိုးေရ- ဒီဝင္ပါဦးဟ”
“ေတာ္ – မမျမင့္”
ျပန္ထူးသံႏွင့္အတူ အသက္ေျခာက္ဆယ္ခန႔္ရွိမိန္းမႀကီးတစ္ေယာက္ ေရာက္လာပါသည္။
ေအ့”
“ညည္းရဲ႕ မမႏွင္းအေၾကာင္းကို ဒီဆရာမေလးေတြကို ေျပာျပေနတာ
“အိုေတာ္ – မမႏွင္းအေၾကာင္းကိုေတာ့ ဘယ္အခ်ိန္ေျပာေျပာက်ဳပ္က မ်က္ရည္က်တုန္းပဲေတာ့္”
ေျပာရင္းႏွင့္ ထဘီအထက္ဆင္စျဖင့္ မ်က္ရည္သုတ္ေနပါသည္။ ၿပီးလွ်င္ –

“မမႏွင္းကို ႐ြာျပင္ထုတ္ဖို႔ ပရိတ္႐ြတ္ေတာ့ ဘယ္အေကာင္က လက္ ကေညာ့(ကျမင္း)ၿပီးသံပုံးစ,တီးလိုက္တယ္မသိပါဘူးေတာ္။
က်န္တဲ့လူေတြ
ကလည္း ဝိုင္းၿပီးေတြ႕ရာျမင္ရာေတြကို ထုၾကတဲ့အသံေတြကို ၾကားရတာ က်ဳပ္ျဖင့္ က်ဳပ္ရဲ႕ကိုယ္ထဲက ကလီစာေတြကို ထု႐ိုက္ေနသလိုပါပဲေတာ္” ေျပာရင္းႏွင့္ ငိုပါေတာ့သည္။ ဆက္၍ –
“မေသခင္ရက္ပိုင္းမွာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားေပမယ့္ေသၿပီးေတာ့ သူ႔တပည့္ေလးေတြက အကုန္ဝိုင္းၿပီး အလွဆင္းေပးၾကတာမ်ားေအ။ လက္သည္းနီေျခသည္းနီ အေရာင္ရယ္၊ ႏႈတ္ခမ္းနီအေရာင္ရယ္က တစ္ ေရာင္တည္းေတာ္။ ပါးနီေလးလည္းဆိုးေပးထားေသးတယ္။ အက်ႌက အပြင့္ အဝါေရာင္ေလးနဲ႔ ထဘီက ခ်ိတ္ထဘီအဝါေရာင္ေလး။ သူ ေစ့စပ္တဲ့ေန႔က ဝတ္တဲ့ အဝတ္အစားေတြေပါ့ေအ။ ေက်းဇူးရွင္မႀကီး မမႏွင္းေရ၊ ဘဝ ဆက္တိုင္း ဒီလိုအျဖစ္ဆိုး မႀကဳံရပါေစနဲ႔လို႔ က်ဳပ္ ဆုေတာင္းပါရဲ႕ေတာ္”
ေဒၚတိုး၏ ႐ိုးရွင္းေသာ အေျပာႏွင့္ အငိုေၾကာင့္ ကြၽန္မတို႔လည္း မ်က္ ရည္မထိန္းႏိုင္ၾကေတာ့ပါ။ မာလာမွာမူ အသံထြက္၍ပင္ ငိုေနပါၿပီ။ “ေလးမျမင့္တို႔က တံတားနားမွာ ပရိတ္ေလးဘာေလး မ႐ြတ္ေပးၾက ဘူးလား”
“အဲလို သက္သက္ႀကီးေတာ့ မလုပ္ျဖစ္ပါဘူးေအ၊ ႏွစ္ဆန္းတစ္ရက္ ေန႔လို ေန႔မ်ိဳးမွာေတာ့ နာမည္ေခၚၿပီး အမွ်ေဝေပးတယ္။ ဒါေပမဲ့ – သူတို႔ႏွစ္ ေယာက္က အရိပ္အေယာင္ ျပ႐ုံအျပင္ ဘာမွမေႏွာင့္ယွက္ေတာ့လည္းဒီ႐ြာ သားေတြအဖို႔ ႐ိုးေနပါၿပီေတာ္”
“ဟိုမွာ – ထေတာ (ထန္းေတာ)႐ြာက ဆိုင္ကယ္ေတြနဲ႔ လာေခၚေနၿပီ” မာလာက မ်က္ရည္ ကမန္းကတန္းသုတ္၍ ေျပာေလေသာ္ ကြၽန္မတို႔ လည္း မ်က္ရည္စမ်ားသိမ္းၾကၿပီး ႐ြာသားမ်ားကို ႏႈတ္ဆက္လိုက္ပါသည္။ ေဒါက္တာ မခ်စ္စုက –

“ေလးေလးတို႔ေရ- အားလုံးပဲ ႏႈတ္ဆက္ခဲ့ပါတယ္ေနာ္။ ကြၽန္မတို႔ တစ္ညတာ တည္းခိုခ်ိန္မွာ အရာရာဂ႐ုစိုက္တဲ့အတြက္ အားလုံးကိုေက်းဇူး တင္ပါတယ္လို႔ ေျပာပါရေစေနာ္”
“ရပါတယ္ – ဆရာမေလးတို႔ရယ္၊ ေနာင္ႀကဳံခဲ့ရင္ျဖစ္ျဖစ္၊ တမင္ပဲ ျဖစ္ ျဖစ္ လာလည္ၾကပါဦးေနာ္”
အားလုံးကို ႏႈတ္ဆက္ၿပီး ဆိုင္ကယ္မ်ားျဖင့္ ထြက္လာၾကခ်ိန္တြင္ ႐ြာထိပ္ေရာက္ေလေသာ္ တိုင္ပင္ထားျခင္းမရွိဘဲ တံတားေလးဆီသို႔ အၾကည့္ေရာက္သြားၾကပါသည္။
ကြၽန္မ၏ စိတ္တြင္ တံတားေပၚမွ မႏွင္းႏွင္းႏွင့္ ကိုမင္းေမာင္တို႔ ႏွစ္ ေယာက္သား ကြၽန္မတို႔ကိုၾကည့္၍ လက္ျပေနသည္ဟုပင္ ထင္ျမင္မိပါ
သည္။
“ေနရစ္ခဲ့ပါေတာ့ မႏွင္းႏွင္းနဲ႔ ကိုမင္းေမာင္ရယ္”
တျခားသူေတြ၏ စိတ္တြင္း၌ မည္သို႔ရွိမည္မသိေသာ္လည္း ကြၽန္မ ကျဖင့္လူ႔ဘဝတြင္ခဏတာသာေနခဲ့ရၿပီးဘဝကူးမေကာင္းခဲ့ေသာမႏွင္းႏွင္း
ႏွင့္ ကိုမင္းေမာင္ကို ဤအျဖစ္ဆိုးမ်ိဳးကိုျဖင့္ ဤဘဝ ဤမွ်ႏွင့္ပင္ ေၾကၾက ပါေစေၾကာင္း ရင္တြင္းမွ ဆုေတာင္းေပးေနမိပါေတာ့သည္။
> မၾကည္ျပာ (သခ်ၤာ)