ဖေဖေသာဓုခေါ်နိူင်ပါစေ(စ/ဆုံး)

Unicode Version

ဖေဖေသာဓုခေါ်နိူင်ပါစေ(စ/ဆုံး)
————————————–
အဆောင်မှူ းသမီးအပြင်ခဏထွက်ချင်လို့ရမလားရှင့် —
***၆နာရီကျော်ရင် အပြင်ထွက်ခွင့်မရှိတော့ဘူး အဆောင်စည်း
ကမ်းအရ ထွက်ခွင့်မပေးနိူင်ဘူး ***
***သမီးအဖေအဆောင်တံခါးရှေ့ရောက်နေလို့ပါ အဆောင်မှူ း
ရယ် ခဏထွက်ခွင့်ပေးပါနော် ***
—အေးအေး ဒါဆို သီရိကိုအဖော်ခေါ်သွား —
***ဟုတ်ကဲ့ ကျေးဇူးပါနော် အဆောင်မှူ း***

— ဖေဖေ ဖေဖေ ဟင်ဖေဖေဘယ်ရောက်သွားတာလဲ —-
***စုရယ်လူမှားတာနေမှာပါ စုဖေဖေဆိုတာသေချာလို့လား ***
— သီရိရယ် စုဖေဖေကိုစုတကယ်မြင်လိုက်တာပါ ဘယ်လိုကနေ
ဘယ်လိုပျောက်သွားလဲစုမသိဘူး —
***ကဲပါ လာအဆောင်ထဲပြန်ဝင်ရအောင်စုကလိမ်မာပါတယ် ***

—စုဖေဖေကိုသေချာမြင်လိုက်တာပါ ဖေဖေကစုကိုပြုံးပြလို့
အခုဘယ်လိုဖြစ်လဲ စုလည်းမသိတော့ဘူး စုစိတ်ရှုပ်ထွေးမှုများနဲ့
အဆောင်ထဲပြန်ဝင်လာခဲ့သည်။ —

***စုစုမြတ်ရေ စုစုမြတ် ညီမအမေဖုန်းဆက်တယ် ***
—အဆောင်မှလိုင်းဖုန်းကိုအမေအရေးအကြောင်းကိစ္စမရှိဘဲ
မဆက်ဘူး ဘာကိစ္စရှိလို့လဲမသိဘူး စုသိချင်စိတ်များစွာဖြင့်
ဖုန်းရှိရာအပြေးလာမိသည်။—
*** ရှင် မေမေ မေမေစုကိုလိမ်နေတာလား စုမယုံဘူး ဖေဖေ
ဆုံးပြီဟုတ်လား စုကိုမညာနဲ့စုမယုံဘူး စုမယုံဘူးမေမေ***
— ဖေဖေဆုံးတဲ့သတင်းကြားကြားချင်း စုအထုပ်ပြင်ကာရွာသို့
အပြေးပြန်လာမိသည်။ —

***ဖေဖေရဲ့အလောင်းကိုကြည့်ပြီး စုပါးပြင်မှာမျက်ရည်တွေအလို
လိုကျနေမိသည်။ရင်ထဲမှာဆို့တစ်လာပြီး စုမေ့မျောသွားလေတော့
သည်။***
—ဖေဖေ စုဘဝရဲ့အချစ်ရဆုံး တစ်လောကလုံးမှာစုအချစ်ရဆုံးသူ
စုအချစ်ရဆုံးဖေဖေကစုကိုထားသွားပြီလေ စုဘယ်လိုမှမခံစားနိူင်
ဘူးဖေဖေရယ်—

***ဖေဖေရဲ့အငွေ့အသက်တွေရှိတဲ့အိမ်လေးကိုစုလည်ပတ်ကြည့်
မိတယ် စုဖေဖေဆုံးတာတစ်လပြည့်ပြီ စုရင်ထဲတော့ကမ္ဘာပျက်
မတက်ခံစားရတုန်းပါပဲဖေဖေရယ် ***
—ခုတင်ကြီးကိုကြည့်ရင်းစုရဲ့စိတ်တွေကအတိတ်ဆီသို့ရောက်သွား
တယ် ဒီခုတင်ကြီးပေါ်မှာစုဖေဖေ စု စုညီမလေး၃ယောက်အတူ
တူအိပ်ခဲ့ဖူးတယ် ညအိပ်ခါနီးတိုင်းအိပ်ရာဝင်ပုံပြင်ဖေဖေပြောနေကြ ဖေဖေပေါင် ခြေသလုံး ခါး ကိုစုတို့ညီအမနှစ်ယောက်နင်းပေးနှိပ်ပေးနေကြ ဖေဖေရဲ့အိပ်ရာဝင်ပုံပြင်နဲ့စုတို့လူလားမြောက်ခဲ့ရ
သြော်ဖေဖေရယ် စုငိုမိပြန်ပြီ ဖေဖေရယ် —

***မမစု ကစားရအောင် ***
—စုရဲ့ကစားဖော်တွေလည်းလာပြီ စုကစားလည်းကစားချင်တယ်
မုန့်လည်းစားချင်တယ် စုတစ်ကျပ်ခေတ်ကိုမီသေးတယ် အုန်းကပ်
စေးတစ်ခုတစ်ကျပ်ပေးရတဲ့ခေတ်မှာ စုဖေဖေက သူ့ခေါင်းမှာရှိတဲ့
ဆံပင်ဖြူ ၁၀ပင်ကိုတစ်ကျပ်ပေးမယ်ဆိုပြီးပြောတဲ့အခါ စုဆံပင်ဖြူ
တွေနှုတ်ပေးဖေဖေကမုန့်ဖိုးပေး ကစားဖော်တွေလာခေါ်ရင် ကစား
ချင်တဲ့စိတ်ကြောင့် ဆံပင်အဖြူ နဲ့အနက်ကိုရောနှုတ်မိ အဖြူ ဆို
ဖေဖေကိုပြပြီး အနက်ဆိုဖေဖေမသိအောင်လွှတ်ပစ်ခဲ့သူ ဖေဖေ
ထိပ်ပြောင်တာစုလက်ချက် စုဘယ်လိုဆိုးဆိုးအပြုံ းမပျက်သူဖေဖေ-

***မနက်တိုင်းလက်ဖက်ရည်ဆိုင် သွားရင်စုကို ပခုံးပေါ်ထမ်း
ကာခေါ်သွားသူဖေဖေ မင်းသမီးကအချောပါ့လားလို့ဖေဖေသူငယ်
ချင်းတွေကပြောရင်သွားအဖြီးသားနဲ့ပျော်နေသူဖေဖေပါ***

— အိမ်ကိုဧည့်သည်လာရင် မြတ်မင်္ဂလာ မင်္ဂလာမောင်နံစာ
စောင်တွေထဲကဇာတ်လမ်းလေးတွေ ဧည့်သည်တွေကြားအောင်
ဖတ်ပြသူဟာစုပါ ကိုယ်စာဖတ်တတ်မှန်းလူသိအောင်ကြွားသူ
တစ်ခါကမင်္ဂလာမောင်မယ်စာစောင်ထဲက နှုတ်ကြမ်းရင်လူမုန်းတဲ့
အကြောင်း ကျီးကန်းနဲ့ဥသြအမဲရောင်အဆင်းခြင်းတူပေမဲ့ အသံ
ဆိုးတဲ့ကျီးကန်းအော်သံကိုလူမုန်းပြီး အသံချု ိသာတဲ့ဥသြငှက်အသံလူချစ်ကြောင်း ဥသြနဲ့ကျီးဥပမာပြကာ နှုတ်ကြမ်းတဲ့မိခင်ကိုနှုတ်
ချိုအောင်ပြင်ပေးတဲ့မင်းသားလေးနဲ့မယ်တော်အကြောင်းပုံပြင်လေး
ဖတ်ပြတာ ဥသြကိုအုတ်အောလို့အသံမထွက်တတ်သဖြင့် အုသငှက် အုသငှက်ဆိုပြီးဖတ်တိုင်းဖေဖေကရယ်ကာ အုသမဟုတ်ဘူးဥသြသမီးရဲ့ဆိုကာ စုခေါင်းကိုပုတ်ပြုံ းပြသူဖေဖေ လမ်းမှန်ကိုအစဉ်ညွန်ပြသူဖေဖေ အိုဖေဖေရယ် —

***အကိုတွေကနေ့တိုင်းမျ ိုးကြီး လေးဖြူ အငဲ ဝိုင်းဝိုင်းသီချင်း
အမြဲဖွင့် စုနေ့တိုင်းနားထောင်တာရိုးအီမုန်းတီးလာသဖြင့်အကိုတွေ
အလစ် CDခွေတွေအုတ်နီခဲဖြင့်ခွဲကာအိမ်သာထဲချပစ် အကိုတွေ
သိသွားလို့လိုက်ရိုက်ရင် ဖေဖေကငါ့သမီးမထိနဲ့ဆိုကာ ကာကွယ်
ပေးအခုတော့ဖေဖေရယ် ထားသွားပြီပေါ့ ***

—ကျောင်းတက်တုန်းကလည်းအဆင့်၃ရတော့ဖေဖေကို လက်မှတ်
ထိုးခိုင်းပြီး နောက်ပိုင်းစာမကြို းစားဘဲအပေအတေနေတဲ့အခါ
လူ၆၀ရှိတဲ့အခန်းထဲကိုယ့်အဆင့်က၄၅ကနေ၅၀အတွင်းလှည့်ပတ်
နေသောအခါ ဖေဖေကိုလက်မှတ်မထိုးခိုင်းရဲတော့ဘဲ ကိုယ့်ဘာ
သာဖေဖေလက်မှတ်အတုထိုးခဲ့ဖူးတယ် ဖေဖေသိတဲ့အခါ ထုံးစံ
အတိုင်းအပြုံ းမပျက်ဘဲရှိနေခဲ့ဖူးပါတယ် ချစ်ဖေဖေရယ် —

***မန်ကျည်းရွက်ပေါ်ချိန်ရောက်တဲ့အခါကိုယ်ကြိုက်တဲ့မန်ကျည်းရွက်
နုနုကလေးတွေကိုမြေပဲဆံနဲ့ရောထောင်း ပဲနဲ့ရောသုပ် ငါးခြောက်
သေးသေးလေးနဲ့ရောချဉ်ငံစပ်ချက် ခရမ်းချဉ်သီးငပိနည်းနည်းနဲ့
ချဉ်ရည်ဟင်းချက် မန်ကျည်းရွက်ကိုမျို းစုံအမေကချက်ပေး ဒီနေ့
ကျောင်းလွယ်အိတ်ထဲကစာအုပ်တွေထုတ်ကာ လွယ်အိတ်အလွတ်
လေးကိုလွယ် မန်ကျည်းပင်ပေါ်တက် မန်ကျည်းရွက်နုနုလေးတွေခူး
အပင်ဘယ်လောက်မြင့်မြင့်တက်နိူင်ပြီး အဆင်းမဆင်းရဲသောစု
စုအော်ငိုတော့ဖေဖေကပျာကရာထွက်လာကာ လှေကားထောင်ပြီး
စုကိုကယ်တင်ခဲ့သူ စုဖေဖေကိုလွမ်းတယ်။***

—သရဲစာအုပ်တွေဖတ် သရဲကားတွေကြည့်ပြီးညဘက်အိမ်သာ
မတက်ရဲရင်ဖေဖေကိုနှိုး အိမ်သာရှေ့ထိုင်ကာ သမီးမိဆိုးမလေး
ထွက်အလာစိတ်ရှည်လက်ရှည်နဲ့စောင့်ပေးသူဟာဖေဖေပါ —

***စုညီမလေးနဲ့အိမ်သာရှေ့တစ်ယောက်တစ်လှည့်စီစောင့်ပေးရင်
သူ့အလှည့်သူအိမ်သာထဲကထွက်အလာ လက်နှိပ်ဓာတ်မီးကို
မေးအောက်ကနေပင့်ထိုးပြီးသရဲခြောက်တော့ ညီမလေးကအော်ငို
အမေသိတောင် ထန်းလက်ပြားနဲ့ရိုက်ရင် ဖေဖေကညီအမခြင်းချစ်
လို့စတာ ကလေးကိုမရိုက်ပါနဲ့ဝင်တား စုလူမှန်းသိတတ်ကတည်း
ကနေအခုချိန်ထိဖေဖေတစ်ခါမှမရိုက်ဖူးဘူး ဖေဖေရယ်စုဖေဖေကို
လွမ်းတယ် ***

***ဖေဖေရောဂါအသည်းအသန်ဖြစ်နေတာတောင်သမီးစာမေးပွဲ
နီးနေပြီ စိတ်အနှောင့်အယှက်ဖြစ်လိမ့်မယ်ဆိုပြီးအကြောင်းမကြား
ဖေဖေဆုံးတဲ့နေ့က အဆောင်ရှေ့စုကိုလာကြည့် ဖေဖေရယ်
စုကိုစိတ်မချလို့ဝိညာဉ်အဖြစ်နဲ့လာကြည့်တာလားဖေဖေရယ် ဖေဖေ
ကောင်းရာဘုံဘဝကိုသွားပါတော့ စုပြုသမျှကုသိုလ်တွေကိုအမျှ
ပေးဝေပါတယ် ဖေဖေသာဓုခေါ်နိူင်ပါစေ***

—ဟဲ့ မိစု သမီးဘာလို့ငိုနေတာလဲ ထထ —
***ဝတ္ထု ဖတ်ရင်းအိပ်ပျော်သွားတာအဲဒါစိတ်စွဲပြီးအိမ်မက်ဆိုးမက်လို့
အမေ့ အဖေကော အဖေမတွေ့မိဘူး ***
—ညည်းအဖေရွာထဲသွားတယ် သမီးလေးမွေးထားပါတယ်
ဘာမှအားမကိုးရဘူး ဖတ်လိုက်ဝတ္ထုတွေ သရဲဝတ္ထုတွေဖတ်
သရဲကားတွေကြည့် ပြီးတော့ကြောက်လိုက်တာလည်းလွန်ပါရော
တစ်ခါတစ်လေဝတ္ထုဖတ်ပြီးရယ်လို့ တစ်ခါတစ်လေငိုလို့ ညည်းနဲ့
တော့စိတ်ညစ်ပါတယ်အေ ဝတ္ထု မဖတ်ရကလေးတွေနဲ့ကမြင်း
သူများသားသမီးတွေအသက်ကြီးလေတည်ငြိမ်အေးဆေးလေ ငါ့
သမီးကတော့အသက်ကြီးလေကျပ်မပြည့်လေ စိတ်ညစ်ပါ့အေ —

***အမေကလည်း ***
—အမေကလည်းလုပ်မနေနဲ့ ကြက်သွန်ဖြူ ကုန်နေပြီသွားဝယ်
ချေ —
***စုမေမေ့ဆီကပိုက်ဆံတစ်ထောင်တန်ကိုယူကာဈေးဆိုင်ဘက်
ထွက်လာမိတော့သည်။ ***

—ရွာလယ်လမ်းမှာဖေဖေနဲ့တွေ့တော့ ဖေဖေကိုစုအပြေးဖက်
ထားလိုက်မိတော့သည်။စုဖေဖေ့ကိုအိမ်မက်ထဲတောင်အဆုံးအရှုံးမခံ
နိူင်သူပါ။—
**ဖေဖေကတော့သူ့သမီးမိဆိုးလေးကိုပြုံ း၍ကြည့်နေတော့သည်။**

ပြီးပါပြီ
(9.2.2018)(2:40pm)
ဖတ်မကောင်းတောင်းပန်ပါတယ်ရှင့် အဖေ့ကိုလွမ်းလို့ရေးမိတာပါ
နောက်ဝတ္ထုရေးရင် ဝတ္ထုထဲပုံပြင်လေးတွေညှပ်ထည့်ပေးသွားပါ့
မယ်သဘောမကျခဲ့ရင်တောင်းပန်ပါတယ်။ခေါင်းပြတ်သရဲကကိုရင်
လေးခြေထောက်လာဆွဲတဲ့အကြောင်းတစ်ပုဒ် သရက်သီးခိုးတာ
သရဲမနဲ့တွေ့တဲ့အကြောင်းတစ်ပုဒ် မြင်းပျောက်ရှာတာသရဲနဲ့နပန်း
လုံးရတဲ့အကြောင်းတစ်ပုဒ် ယောကျာၤးတွေကိုမုန်းလို့ယောကျာၤး
တွေပဲလိုက်ခြောက်တဲ့အကြောင်းတစ်ပုဒ် စုမြတ်မှာရေးစရာဝတ္ထု
တွေပုံနေတယ် အချိန်မရှိတဲ့အတွက်မရေးဖြစ်တာ စိတ်ရှည်ရှည်
ထားပြီးစောင့်ဖတ်ပေးကြပါနော်။အားလုံးမင်္ဂလာနေ့လေးပါ။၃၁ဘုံ
သားအားလုံးကျန်းမာချမ်းသာကြပါစေ ကောင်းသောလိုအင်ဆန္ဒတွေ
ပြည့်ကြပါစေ မိဘကျေးဇူးဆပ်နိူင်တဲ့သားသမီးတွေဖြစ်ကြပါစေ။
စာဖတ်သူပရိသတ်အပေါင်းကိုယ်စိတ်နလုံးရွှင်လန်းချမ်းမြေ့ပါစေလို့
ဆုတောင်းလိုက်ပါတယ်။မိစုမြတ်။ ”

Zawgyi Version

ေဖေဖသာဓုေခၚႏိူင္ပါေစ(စ/ဆုံး)
————————————–
အေဆာင္မႉ းသမီးအျပင္ခဏထြက္ခ်င္လို႔ရမလားရွင့္ —
***၆နာရီေက်ာ္ရင္ အျပင္ထြက္ခြင့္မရွိေတာ့ဘူး အေဆာင္စည္း
ကမ္းအရ ထြက္ခြင့္မေပးႏိူင္ဘူး ***
***သမီးအေဖအေဆာင္တံခါးေရွ႕ေရာက္ေနလို႔ပါ အေဆာင္မႉ း
ရယ္ ခဏထြက္ခြင့္ေပးပါေနာ္ ***
—ေအးေအး ဒါဆို သီရိကိုအေဖာ္ေခၚသြား —
***ဟုတ္ကဲ့ ေက်းဇူးပါေနာ္ အေဆာင္မႉ း***

— ေဖေဖ ေဖေဖ ဟင္ေဖေဖဘယ္ေရာက္သြားတာလဲ —-
***စုရယ္လူမွားတာေနမွာပါ စုေဖေဖဆိုတာေသခ်ာလို႔လား ***
— သီရိရယ္ စုေဖေဖကိုစုတကယ္ျမင္လိုက္တာပါ ဘယ္လိုကေန
ဘယ္လိုေပ်ာက္သြားလဲစုမသိဘူး —
***ကဲပါ လာအေဆာင္ထဲျပန္ဝင္ရေအာင္စုကလိမ္မာပါတယ္ ***

—စုေဖေဖကိုေသခ်ာျမင္လိုက္တာပါ ေဖေဖကစုကိုၿပဳံးျပလို႔
အခုဘယ္လိုျဖစ္လဲ စုလည္းမသိေတာ့ဘူး စုစိတ္ရႈပ္ေထြးမႈမ်ားနဲ႔
အေဆာင္ထဲျပန္ဝင္လာခဲ့သည္။ —

***စုစုျမတ္ေရ စုစုျမတ္ ညီမအေမဖုန္းဆက္တယ္ ***
—အေဆာင္မွလိုင္းဖုန္းကိုအေမအေရးအေၾကာင္းကိစၥမရွိဘဲ
မဆက္ဘူး ဘာကိစၥရွိလို႔လဲမသိဘူး စုသိခ်င္စိတ္မ်ားစြာျဖင့္
ဖုန္းရွိရာအေျပးလာမိသည္။—
*** ရွင္ ေမေမ ေမေမစုကိုလိမ္ေနတာလား စုမယုံဘူး ေဖေဖ
ဆုံးၿပီဟုတ္လား စုကိုမညာနဲ႔စုမယုံဘူး စုမယုံဘူးေမေမ***
— ေဖေဖဆုံးတဲ့သတင္းၾကားၾကားခ်င္း စုအထုပ္ျပင္ကာ႐ြာသို႔
အေျပးျပန္လာမိသည္။ —

***ေဖေဖရဲ႕အေလာင္းကိုၾကည့္ၿပီး စုပါးျပင္မွာမ်က္ရည္ေတြအလို
လိုက်ေနမိသည္။ရင္ထဲမွာဆို႔တစ္လာၿပီး စုေမ့ေမ်ာသြားေလေတာ့
သည္။***
—ေဖေဖ စုဘဝရဲ႕အခ်စ္ရဆုံး တစ္ေလာကလုံးမွာစုအခ်စ္ရဆုံးသူ
စုအခ်စ္ရဆုံးေဖေဖကစုကိုထားသြားၿပီေလ စုဘယ္လိုမွမခံစားႏိူင္
ဘူးေဖေဖရယ္—

***ေဖေဖရဲ႕အေငြ႕အသက္ေတြရွိတဲ့အိမ္ေလးကိုစုလည္ပတ္ၾကည့္
မိတယ္ စုေဖေဖဆုံးတာတစ္လျပည့္ၿပီ စုရင္ထဲေတာ့ကမာၻပ်က္
မတက္ခံစားရတုန္းပါပဲေဖေဖရယ္ ***
—ခုတင္ႀကီးကိုၾကည့္ရင္းစုရဲ႕စိတ္ေတြကအတိတ္ဆီသို႔ေရာက္သြား
တယ္ ဒီခုတင္ႀကီးေပၚမွာစုေဖေဖ စု စုညီမေလး၃ေယာက္အတူ
တူအိပ္ခဲ့ဖူးတယ္ ညအိပ္ခါနီးတိုင္းအိပ္ရာဝင္ပုံျပင္ေဖေဖေျပာေနၾက ေဖေဖေပါင္ ေျခသလုံး ခါး ကိုစုတို႔ညီအမႏွစ္ေယာက္နင္းေပးႏွိပ္ေပးေနၾက ေဖေဖရဲ႕အိပ္ရာဝင္ပုံျပင္နဲ႔စုတို႔လူလားေျမာက္ခဲ့ရ
ေၾသာ္ေဖေဖရယ္ စုငိုမိျပန္ၿပီ ေဖေဖရယ္ —

***မမစု ကစားရေအာင္ ***
—စုရဲ႕ကစားေဖာ္ေတြလည္းလာၿပီ စုကစားလည္းကစားခ်င္တယ္
မုန႔္လည္းစားခ်င္တယ္ စုတစ္က်ပ္ေခတ္ကိုမီေသးတယ္ အုန္းကပ္
ေစးတစ္ခုတစ္က်ပ္ေပးရတဲ့ေခတ္မွာ စုေဖေဖက သူ႔ေခါင္းမွာရွိတဲ့
ဆံပင္ျဖဴ ၁၀ပင္ကိုတစ္က်ပ္ေပးမယ္ဆိုၿပီးေျပာတဲ့အခါ စုဆံပင္ျဖဴ
ေတြႏႈတ္ေပးေဖေဖကမုန႔္ဖိုးေပး ကစားေဖာ္ေတြလာေခၚရင္ ကစား
ခ်င္တဲ့စိတ္ေၾကာင့္ ဆံပင္အျဖဴ နဲ႔အနက္ကိုေရာႏႈတ္မိ အျဖဴ ဆို
ေဖေဖကိုျပၿပီး အနက္ဆိုေဖေဖမသိေအာင္လႊတ္ပစ္ခဲ့သူ ေဖေဖ
ထိပ္ေျပာင္တာစုလက္ခ်က္ စုဘယ္လိုဆိုးဆိုးအၿပဳံ းမပ်က္သူေဖေဖ-

***မနက္တိုင္းလက္ဖက္ရည္ဆိုင္ သြားရင္စုကို ပခုံးေပၚထမ္း
ကာေခၚသြားသူေဖေဖ မင္းသမီးကအေခ်ာပါ့လားလို႔ေဖေဖသူငယ္
ခ်င္းေတြကေျပာရင္သြားအၿဖီးသားနဲ႔ေပ်ာ္ေနသူေဖေဖပါ***

— အိမ္ကိုဧည့္သည္လာရင္ ျမတ္မဂၤလာ မဂၤလာေမာင္နံစာ
ေစာင္ေတြထဲကဇာတ္လမ္းေလးေတြ ဧည့္သည္ေတြၾကားေအာင္
ဖတ္ျပသူဟာစုပါ ကိုယ္စာဖတ္တတ္မွန္းလူသိေအာင္ႂကြားသူ
တစ္ခါကမဂၤလာေမာင္မယ္စာေစာင္ထဲက ႏႈတ္ၾကမ္းရင္လူမုန္းတဲ့
အေၾကာင္း က်ီးကန္းနဲ႔ဥၾသအမဲေရာင္အဆင္းျခင္းတူေပမဲ့ အသံ
ဆိုးတဲ့က်ီးကန္းေအာ္သံကိုလူမုန္းၿပီး အသံခ်ဳ ိသာတဲ့ဥၾသငွက္အသံလူခ်စ္ေၾကာင္း ဥၾသနဲ႔က်ီးဥပမာျပကာ ႏႈတ္ၾကမ္းတဲ့မိခင္ကိုႏႈတ္
ခ်ိဳေအာင္ျပင္ေပးတဲ့မင္းသားေလးနဲ႔မယ္ေတာ္အေၾကာင္းပုံျပင္ေလး
ဖတ္ျပတာ ဥၾသကိုအုတ္ေအာလို႔အသံမထြက္တတ္သျဖင့္ အုသငွက္ အုသငွက္ဆိုၿပီးဖတ္တိုင္းေဖေဖကရယ္ကာ အုသမဟုတ္ဘူးဥၾသသမီးရဲ႕ဆိုကာ စုေခါင္းကိုပုတ္ၿပဳံ းျပသူေဖေဖ လမ္းမွန္ကိုအစဥ္ၫြန္ျပသူေဖေဖ အိုေဖေဖရယ္ —

***အကိုေတြကေန႔တိုင္းမ် ိုးႀကီး ေလးျဖဴ အငဲ ဝိုင္းဝိုင္းသီခ်င္း
အၿမဲဖြင့္ စုေန႔တိုင္းနားေထာင္တာ႐ိုးအီမုန္းတီးလာသျဖင့္အကိုေတြ
အလစ္ CDေခြေတြအုတ္နီခဲျဖင့္ခြဲကာအိမ္သာထဲခ်ပစ္ အကိုေတြ
သိသြားလို႔လိုက္႐ိုက္ရင္ ေဖေဖကငါ့သမီးမထိနဲ႔ဆိုကာ ကာကြယ္
ေပးအခုေတာ့ေဖေဖရယ္ ထားသြားၿပီေပါ့ ***

—ေက်ာင္းတက္တုန္းကလည္းအဆင့္၃ရေတာ့ေဖေဖကို လက္မွတ္
ထိုးခိုင္းၿပီး ေနာက္ပိုင္းစာမႀကိဳ းစားဘဲအေပအေတေနတဲ့အခါ
လူ၆၀ရွိတဲ့အခန္းထဲကိုယ့္အဆင့္က၄၅ကေန၅၀အတြင္းလွည့္ပတ္
ေနေသာအခါ ေဖေဖကိုလက္မွတ္မထိုးခိုင္းရဲေတာ့ဘဲ ကိုယ့္ဘာ
သာေဖေဖလက္မွတ္အတုထိုးခဲ့ဖူးတယ္ ေဖေဖသိတဲ့အခါ ထုံးစံ
အတိုင္းအၿပဳံ းမပ်က္ဘဲရွိေနခဲ့ဖူးပါတယ္ ခ်စ္ေဖေဖရယ္ —

***မန္က်ည္း႐ြက္ေပၚခ်ိန္ေရာက္တဲ့အခါကိုယ္ႀကိဳက္တဲ့မန္က်ည္း႐ြက္
ႏုႏုကေလးေတြကိုေျမပဲဆံနဲ႔ေရာေထာင္း ပဲနဲ႔ေရာသုပ္ ငါးေျခာက္
ေသးေသးေလးနဲ႔ေရာခ်ဥ္ငံစပ္ခ်က္ ခရမ္းခ်ဥ္သီးငပိနည္းနည္းနဲ႔
ခ်ဥ္ရည္ဟင္းခ်က္ မန္က်ည္း႐ြက္ကိုမ်ိဳ းစုံအေမကခ်က္ေပး ဒီေန႔
ေက်ာင္းလြယ္အိတ္ထဲကစာအုပ္ေတြထုတ္ကာ လြယ္အိတ္အလြတ္
ေလးကိုလြယ္ မန္က်ည္းပင္ေပၚတက္ မန္က်ည္း႐ြက္ႏုႏုေလးေတြခူး
အပင္ဘယ္ေလာက္ျမင့္ျမင့္တက္ႏိူင္ၿပီး အဆင္းမဆင္းရဲေသာစု
စုေအာ္ငိုေတာ့ေဖေဖကပ်ာကရာထြက္လာကာ ေလွကားေထာင္ၿပီး
စုကိုကယ္တင္ခဲ့သူ စုေဖေဖကိုလြမ္းတယ္။***

—သရဲစာအုပ္ေတြဖတ္ သရဲကားေတြၾကည့္ၿပီးညဘက္အိမ္သာ
မတက္ရဲရင္ေဖေဖကိုႏႈိး အိမ္သာေရွ႕ထိုင္ကာ သမီးမိဆိုးမေလး
ထြက္အလာစိတ္ရွည္လက္ရွည္နဲ႔ေစာင့္ေပးသူဟာေဖေဖပါ —

***စုညီမေလးနဲ႔အိမ္သာေရွ႕တစ္ေယာက္တစ္လွည့္စီေစာင့္ေပးရင္
သူ႔အလွည့္သူအိမ္သာထဲကထြက္အလာ လက္ႏွိပ္ဓာတ္မီးကို
ေမးေအာက္ကေနပင့္ထိုးၿပီးသရဲေျခာက္ေတာ့ ညီမေလးကေအာ္ငို
အေမသိေတာင္ ထန္းလက္ျပားနဲ႔႐ိုက္ရင္ ေဖေဖကညီအမျခင္းခ်စ္
လို႔စတာ ကေလးကိုမ႐ိုက္ပါနဲ႔ဝင္တား စုလူမွန္းသိတတ္ကတည္း
ကေနအခုခ်ိန္ထိေဖေဖတစ္ခါမွမ႐ိုက္ဖူးဘူး ေဖေဖရယ္စုေဖေဖကို
လြမ္းတယ္ ***

***ေဖေဖေရာဂါအသည္းအသန္ျဖစ္ေနတာေတာင္သမီးစာေမးပြဲ
နီးေနၿပီ စိတ္အေႏွာင့္အယွက္ျဖစ္လိမ့္မယ္ဆိုၿပီးအေၾကာင္းမၾကား
ေဖေဖဆုံးတဲ့ေန႔က အေဆာင္ေရွ႕စုကိုလာၾကည့္ ေဖေဖရယ္
စုကိုစိတ္မခ်လို႔ဝိညာဥ္အျဖစ္နဲ႔လာၾကည့္တာလားေဖေဖရယ္ ေဖေဖ
ေကာင္းရာဘုံဘဝကိုသြားပါေတာ့ စုျပဳသမွ်ကုသိုလ္ေတြကိုအမွ်
ေပးေဝပါတယ္ ေဖေဖသာဓုေခၚႏိူင္ပါေစ***

—ဟဲ့ မိစု သမီးဘာလို႔ငိုေနတာလဲ ထထ —
***ဝတၳဳ ဖတ္ရင္းအိပ္ေပ်ာ္သြားတာအဲဒါစိတ္စြဲၿပီးအိမ္မက္ဆိုးမက္လို႔
အေမ့ အေဖေကာ အေဖမေတြ႕မိဘူး ***
—ညည္းအေဖ႐ြာထဲသြားတယ္ သမီးေလးေမြးထားပါတယ္
ဘာမွအားမကိုးရဘူး ဖတ္လိုက္ဝတၳဳေတြ သရဲဝတၳဳေတြဖတ္
သရဲကားေတြၾကည့္ ၿပီးေတာ့ေၾကာက္လိုက္တာလည္းလြန္ပါေရာ
တစ္ခါတစ္ေလဝတၳဳဖတ္ၿပီးရယ္လို႔ တစ္ခါတစ္ေလငိုလို႔ ညည္းနဲ႔
ေတာ့စိတ္ညစ္ပါတယ္ေအ ဝတၳဳ မဖတ္ရကေလးေတြနဲ႔ကျမင္း
သူမ်ားသားသမီးေတြအသက္ႀကီးေလတည္ၿငိမ္ေအးေဆးေလ ငါ့
သမီးကေတာ့အသက္ႀကီးေလက်ပ္မျပည့္ေလ စိတ္ညစ္ပါ့ေအ —

***အေမကလည္း ***
—အေမကလည္းလုပ္မေနနဲ႔ ၾကက္သြန္ျဖဴ ကုန္ေနၿပီသြားဝယ္
ေခ် —
***စုေမေမ့ဆီကပိုက္ဆံတစ္ေထာင္တန္ကိုယူကာေဈးဆိုင္ဘက္
ထြက္လာမိေတာ့သည္။ ***

—႐ြာလယ္လမ္းမွာေဖေဖနဲ႔ေတြ႕ေတာ့ ေဖေဖကိုစုအေျပးဖက္
ထားလိုက္မိေတာ့သည္။စုေဖေဖ့ကိုအိမ္မက္ထဲေတာင္အဆုံးအရႈံးမခံ
ႏိူင္သူပါ။—
**ေဖေဖကေတာ့သူ႔သမီးမိဆိုးေလးကိုၿပဳံ း၍ၾကည့္ေနေတာ့သည္။**

ၿပီးပါၿပီ
(9.2.2018)(2:40pm)
ဖတ္မေကာင္းေတာင္းပန္ပါတယ္ရွင့္ အေဖ့ကိုလြမ္းလို႔ေရးမိတာပါ
ေနာက္ဝတၳဳေရးရင္ ဝတၳဳထဲပုံျပင္ေလးေတြညႇပ္ထည့္ေပးသြားပါ့
မယ္သေဘာမက်ခဲ့ရင္ေတာင္းပန္ပါတယ္။ေခါင္းျပတ္သရဲကကိုရင္
ေလးေျခေထာက္လာဆြဲတဲ့အေၾကာင္းတစ္ပုဒ္ သရက္သီးခိုးတာ
သရဲမနဲ႔ေတြ႕တဲ့အေၾကာင္းတစ္ပုဒ္ ျမင္းေပ်ာက္ရွာတာသရဲနဲ႔နပန္း
လုံးရတဲ့အေၾကာင္းတစ္ပုဒ္ ေယာက်ာၤးေတြကိုမုန္းလို႔ေယာက်ာၤး
ေတြပဲလိုက္ေျခာက္တဲ့အေၾကာင္းတစ္ပုဒ္ စုျမတ္မွာေရးစရာဝတၳဳ
ေတြပုံေနတယ္ အခ်ိန္မရွိတဲ့အတြက္မေရးျဖစ္တာ စိတ္ရွည္ရွည္
ထားၿပီးေစာင့္ဖတ္ေပးၾကပါေနာ္။အားလုံးမဂၤလာေန႔ေလးပါ။၃၁ဘုံ
သားအားလုံးက်န္းမာခ်မ္းသာၾကပါေစ ေကာင္းေသာလိုအင္ဆႏၵေတြ
ျပည့္ၾကပါေစ မိဘေက်းဇူးဆပ္ႏိူင္တဲ့သားသမီးေတြျဖစ္ၾကပါေစ။
စာဖတ္သူပရိသတ္အေပါင္းကိုယ္စိတ္နလုံး႐ႊင္လန္းခ်မ္းေျမ့ပါေစလို႔
ဆုေတာင္းလိုက္ပါတယ္။မိစုျမတ္။ ”