Unicode Version
” ကားပျက်တဲ့ည “(စ-ဆုံး)
————————–
မောင်မှိုင်းညှို့(ချောင်းဦး)
အဖြစ်အပျက်ကတော့ လျှပ်ပြက်လိုက်သလိုပါပဲ။အရမ်းကို မြန်ဆန်လွန်းတယ်။
ခုတ်လှဲလိုက်တဲ့ ပျဉ်းကတိုးပင်ကြီးက ကြိုတင်စီစဉ်ထားတဲ့ဘက်ကို လဲကျမသွားဘဲ လည်ထွက်သွားတယ်။ပြီးတော့ …သစ်ခုတ်ငြမ်းစင်ပေါ်မှာရပ်နေတဲ့ အဖွဲ့ ခေါင်းဆောင် ဦးသန်းအေးကို ရိုက်ချလိုက်တယ်။
ဦးသန်းအေး ငြမ်းစင်ပေါ်ကလွင့်စင် …
မြေကြီးပေါ်မှောက်လျတ်အကျ။
အရှိန်နှင့် လဲကျလာတဲ့ ပျဉ်းကတိုးပင်စည်လုံးကြီးက
ဦးသန်းအေးရဲ့ နောက်စေ့အပေါ်တည့်တည့်ကို
ဝရုန်းသုန်းကားအသံကြီးနှင့် ပိကျသွားတယ်။
အဲဒီအချိန်မှာ. “ခွမ်းခနဲ”အသံတစ်ချက်ကြားလိုက်ရတယ်။
သစ်တုံးပိသွားတဲ့ ဦးခေါင်းထဲက နီရဲတဲ့သွေးတွေအပြင်ဘက်
ကို စီးထွက်ကျ အိုင်ထွန်းသွားတယ်။သွေးနီနီရဲတွေထဲမှာ အဖြူပျစ်ပျစ် ဦးနှောက်အစအနတွေပါလာတယ်။ဦးသန်းအေး အော်တောင်မအော်နိုင်ဘူး။
ခေတ္တခဏလောက် ခြေတွေလက်တွေ ဆန့် ဝင်ဆန့် ထိဖြစ်ပြီး။ သေမင်းခေါ်ရာနောက်လိုက်သွားတယ်။ဖြစ်ပျက်သွားတဲ့အခိုက်အတန့် က မျက်စိတစ်မှိတ်လောက်ပဲပို့ အတူပါလာတဲ့ အဖော်တွေလည်း ဘာမှမတတ်နိုင်ကြဘူး။ မထက်မှတ်ဘဲ ဖြစ်သွားတဲ့ သွေးပျက်ချောက်ချားစရာအဖြစ်ကို ကြောင်ပြီး ကြည့်နေမိကြတယ် …။ပုံမှန် သတိပြန်ဝင်တဲ့အချိန်မှာ …ဦးသန်းအေးရဲ့ဦးခေါင်းက ပျဉ်းကတိုးပင်စည်ကြီးရဲ့ အောက်ဘက် မြေကြီးထဲမှာ မြုပ်ဝင်သွားပြီ။
ပါလာတဲ့ သံတူရွင်းတွေနှင့်၊ သစ်လုံးအောက်ကမြေကိုတူးပြီး ဦးသန်းအေးရဲ့အလောင်းကို ထုတ်ယူလိုက်ရတယ် …။နောက်ဘက် ဦးခေါင်းခွံတစ်ခုလုံး ကြွေမွပျော့စိသွားတယ်။
မြေကြီးထဲ မှောက်ရက်မြုပ်ဝင်ခဲ့တာကြောင့် မျက်နှာတစ်ခု လုံးမှာ မြေမှုန့်တွေ၊ ဖုန်မှုန် ့တွေရော၊ နှာခေါင်း၊ ပါးစပ်တွေက ထွက်ကျတဲ့ သွေးတွေရော၊ အလိမ်းလိမ်း ပေကျံနေတယ်။ တကယ်တော့ ဦးသန်းအေးတို့ အဖွဲ့ ပဲခူးရိုးမထဲမှာ သစ်ခုတ် စားလာတာကြာပြီ။
အစိုးရသစ်ထုတ်လုပ်ရေးအတွက်ပဲဖြစ်ဖြစ်၊ သစ်ထုတ်ခွင့် ပါဝင်ရတဲ့ ပုဂ္ဂလိကသစ်သမားအတွက်ပဲဖြစ်ဖြစ် သူတို့ သစ်ခုတ်ပေးနေကျ။
ပြီးတော့ …။ဦးသန်းအေးက ဒီအဖွဲ့မှာခေါင်းဆောင်၊ ခေါင်းဆောင်ဆိုကတည်းက သူ့မှာ အတွေ့အကြုံတွေ အများသစ်ခုတ်သမားတစ်ယောက် သိသင့်သိအပ်တဲ့ ပညာရပ် လည်း ပြည့်ဝပြီးသား။ဘယ်လောက်အတွေ့ အကြုံရှိရှိ၊ ဘယ်လိုပဲ ပညာတွေ ပြည့်ပြည့်ဝ။တံငါသည်က ရေနှင့်သေတယ် …။
အလမ္ပာယ်ဆရာက ပြေနှင့်သေတယ် …။သစ်ခုတ်သမားကလည်း သစ်နှင့်ပဲ သေတယ်တဲ့ …။ဆိုလိုတာက .. ဘယ်လောက်ပဲ သစ်ခုတ်ကျွမ်းကျင်တဲ့လူဖြစ်ဖြစ် တစ် မှာတော့ သစ်ပင်ပေါ်က ကျလို့ပဲဖြစ်ဖြစ်၊
သစ်ပင်ပိလို့ပဲဖြစ်ဖြစ် သေရတယ်တဲ့။သစ်ခုတ်သမားလောကရဲ့ ဆိုရိုးစကားတစ်ခု၊မှန်တယ်လို့ပဲ ပြောရမယ်ထင်ရဲ့သစ်ခုတ်သမားလောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဦးသန်းအေး တစ်ယောက်သူခုတ်တဲ့သစ်ပင်ပိပြီး အသေဆုံးနှင့် သေခဲ့ရပြီပဲလေ …။
နိုင်ကြီး၊ ဒရိုင်ဘာသိန်းလွင်ရဲ့ ဘေးက ထိုင်လိုက်လာတယ်။ သိန်းလွင်က ကားကို အသည်းအသန်ထိန်းပြီး မောင်းနေတယ်။ ကားက ကာဂို၊ ခြောက်ဘီး။ ပြီးတော့ ပါဝါစိရာတိုင် မဟုတ်ဘူး၊ ရိုးရိုး။ သည်လမ်းနှင့်သည်ခရီးနှင့်သည်တားနှင့်အသက်ကို ဖက်ရွက်နှင့်ထုပ်ပြီး မောင်းနေရတဲ့ဘဝ။
လမ်းကလည်း ပွင်းလင်းရာသီ၊ သစ်ထုတ်ချိန်မှ ကိုယ့်သစ်ကွင်း၊ ထဲအရောက် ပေါက်ပြားနှင့်တူရွင်းနှင့် ဖောက်ထားရတဲ့ ပဲခူးရိုးမထဲက တောင်ဆင်းတောင်တက်လမ်း၊ကားကလည်း ဉာဏ်ကြီးရှင်ထာရုတ်သူဌေးကိုယ်တိုင်း ကိုယ်ပိုင်တွင်ခုံမှာ လက်ပူတိုက်ထားတဲ့ကား။
ကုန်သုံးတန်၊ ယာဉ်သုံးတန်၊ ခဲသုံးတန်လို့ ခေါ်ရမယ့်တား။တစ်ကားလုံး ခဲဝရိန်ဆော်ထားတဲ့နေရာတွေချည်းပဲ။ကားခေါင်းနောက် ဖရိန်ပေါ်ရိုက်ထားတဲ့ သစ်လုံးတင်တဲ့
“ဇင့်တန်း”တွေကလည်း ခနော်နီခနော်နဲ့။ သစ်လုံးခုတဲ့ “ဖားတုံး”တွေကလည်း တိုရွဲ့၊ သည်ရွဲ့၊သစ်လုံးကြီးတွေကားပေါ်တင်၊ သံကြိုးကြီးတွေနှင့် ချည်ပြီး၊သံကြိုးပြုတ်မကျအောင်ရိုက်ရတဲ့ “ဂျက်”တွေလည်း ခဏ၀
လျော့လျော့ကျနေတယ်။သံကြိုးကို မကြာမကြာစစ်၊ ကားပေါ်တက် ဂျက်ရိုက်နေရတကိုက ဒီအလုပ်တစ်သက်လုံး လုပ်မစားတော့ဘူးလို့ တောင် ပြော၊မလောက် စိတ်ဆင်းရဲနိုင်ကြီးရဲ့ ကုသိုလ်ကံကလည်းဆိုးတယ်။ဒီတရုတ်ကပ်စီးရဲ့ကားမှာမှ စပယ်ယာ လိုက်မိရက်သားဖြစ်နေတယ်။
ပြောလို့သာ ပြောရတာ။နိုင်ကြီးရဲ့ သစ်ကားစပယ်ယာအလုပ်ကလည်း အရမ်းအန္တရာယ်များတယ် …။
တစ်ခြားမကြည့်နှင့်။သစ်တင်တဲ့အလုပ်နှင့်သစ်ချတဲ့အလုပ်ကိုပဲကြည့် …။ကရိန်းကားသမားက သံကြိုးနှင့်ချည်ပြီး လေထဲမြှောက် တဲ့ သစ်လုံးကို ကားပေါ်နေရာတကျဖြစ်အောင် သူက တွန်းရွှေ့ရတယ်လေ …။သစ်လုံးပြုတ်ကျပြီးပိလို့၊ သေတဲ့ကျေတဲ့၊ ခြေလက်ဖြတ်ရပြီး၊ စစ်သက်လုံး လူစဉ်မမိတော့တဲ့ စပယ်ယာတွေ အများကြီးရှိတယ်။
သစ်ချတော့လည်း ဒီလိုပဲ။အရင်ဦးဆုံး သစ်လုံးတွေပေါ်တက်ပြီး ချည်ထားတဲ့သံကြိုးက ကိုဖြုတ်ရတယ်။် တစ်ခါတစ်ခါ ဂျက်ဖြုတ်နေရင်း သစ်လုံးတွေ ပြိုကျသွားတက်တယ်။
အဲဒီလို ကြုံလို့ ကတော့ အသက် ဘယ်အပေါက်က ထွက်ရမလဲ မသိဘူးဖြစ်သွားမယ်။ဂျက်ဖြုတ်ပြီးတာနှင့် သစ်လုံးတွေ အောက်မှာခံထားတဲ့ “ဖား ကို ရိုက်ဖြုတ်ရတယ်။အဲဒီတော့မှ သစ်လုံးတွေ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနှင့် ကား က ပြိုကျတာ။ သစ်တွေချတဲ့ နည်းပေါ့။
“ဖား”ကို ရိုက်ဖြုတ်တဲ့အခါမှာလည်း ကားဖရိန်အောက် အရင်ဝင်ပြီးမှ သံတူရွင်းနှင့် ရိုက်ဖြုတ်ရတာ။မေ့လို့ လျော့လို့၊ ပေါ့ဆလို့ ဖရိန်အောက်မဝင်မိရင်း မသာဘယ်ဈေးလည်း ပေးယူရမယ်။
ဒီလို အလုပ်မျိုးကိုမှ နိုင်ကြီးလုပ်နေရတာဖြစ်တယ်။ ဒီနေ့ လည်း ခါတိုင်းနေ ့တွေ နှစ်ခေါက်လောက်ပို့ပြီးချိန် တစ်ခေါက်မှ မရောက်သေးဘူး။
ကရိန်းပျက်နေလို့ သစ်တင်တာ နောက်ကျသွားတယ်။ ခုမှ ပထမအခေါက်ရဖို့ ကြိုးစားနေရတုန်း …။ သူတို့ ကားပေါ်မှာ ပျဉ်းကတိုးသစ်လုံး ခုနစ်တန်ကျော် တင်ထားတယ်။
ကာဂိုကြီးက ဆယ့်နှစ်တန်ကျော် တင်နိုင်ပေမယ့် တောင်ဆင်း။ တောင်တတ်လမ်းကြမ်းတဲ့အတွက် လျော့ပြီး တင်ထားရတယ်။နိုင်ကြီးတို့ရဲ့ကားဟာ ပဲခူးရိုးမထဲက အဆင်းကြမ်း၊ အတက် ကြမ်း၊ လမ်းကြမ်းကြီးအတိုင်း ပြေးလွှားနေတယ်။ဒီလိုနှင့် ခပ်ပြေပြေ ကုန်းဆင်းလေးတစ်ခုကို ရောက်လာတယ်။ ဒရိုင်ဘာသိန်းလွင်က ဘရိတ်ကို ခပ်ဖွဖွနင်းပြီး အရှိန်လေးနှင့် လိမ့်ဆင်းလိုက်တယ် …။
ကားတ ကုန်းဆင်းအတိုင်း မနှေးမမြန်လေ။ ဆင်းသွားတယ်။ဒါေပယ့် …။ကုန်းတစ်ဝက်အရောက်မှာ
“ဝုန်း …”
“ဒုန်း
“ဂလွမ်း
“ဟ၊ ဘာဖြစ်တာလည်း
“ဘာဖြစ်တာလည်း …”
ကားကို သိန်းလွင်ထိန်းကျောင်းလို့ မရတော့ဘူး။ သွားချင်သလို သွားနေတယ်။လက်ယာဘက်မှာ လွင်ပြင်ပြန့် နှင့် သစ်ပင်တွေရှိပေမယ့်၊ လက်ဝဲဘက်မှာက နက်ရှိုင်းတဲ့ ချောက်ကြီးရှိနေတယ်။တစ်ချီမှာ ကားရဲ့ ထာက်ရှေ့ဘီးက ချောက်နှင့်တစ်ထွာလောက်အကွာထိရောက်သွားလို့ စီယာတိုင်ကို အားကုန်ဆွဲလှည့်လိုက်ရတယ်။အပေါ်မှာ သစ်လုံးတွေနှင့် မြေကြီးပဲကျသွားလို့ ကတော့ကားရော၊ လူရော ချောက်ထဲကျပြီး အရိုးအသားတောင် ရှာရမှာမဟုတ်ဘူး။ ကံကြီးပေလို့။ကံအားလျော်စွာပဲ ကားက ညာဘက်ကို ဆွဲသွားတယ်။
လဲကျနေတဲ့ သစ်ပင်ကြီးကို တိုက်ပြီးမှ ရပ်သွားတယ်။နိုင်ကြီးရော သိန်းလွင်ရော ကားပေါ်တ ကမန်းကတန်း၊ဆင်းပြီး ကြည့်လိုက်တယ်။ကားမှာ ညာဘက်က နောက်ဘီးမရှိတော့ဘူး။မနည်းလိုက်ရှာမှ တောခြုံတွေကြားက ပြန်ရတယ်။ဘီးကိုကြည့်လိုက်တော့ ဒစ်ဝှီးနပ်သုံးလုံးက ဘယ်အချိန်ကတည်းက ပြုတ်ကျနေမှန်း မသိဘူး။ကျန်တဲ့ နပ်တွေက ထက်ပိုင်းပြတ်နေကြတယ်။သွားပြီ၊ ဘာမှ လုပ်လို့မရတော့ဘူး။မြို့ကိုသွား၊ တရုတ်ကပ်စီးကို အကျိုးအကြောင်းပြောပြ၊ဒစ်ဝှီးနပ်တွေ ဝယ်ပြီးပြန်လာ၊ ဘီးကိုပြန်တပ်၊
ဒီအဆင့်တွေအားလုံး ကျော်ဖြတ်ပြီးမှ အလုပ်ဆက်လုပ်လို့ရမယ်။အခုလောလောဆယ် မြို့ကို ဘယ်သူသွားမလဲ။မနီးဘူး၊ ခြေကျင် ရှစ်နာရီ/ကိုးနာရီ သွားရမယ့်ခရီး။တစ်ယောတ်ကသွားရမယ်၊ တစ်ယောက်က ကားစောင့်ရင်းနေခဲ့ရမယ်။နောက်ဆုံးမှာ သိန်းလွင်က ဆုံးဖြတ်ပေးတယ်။သူက မြို့ကိုသွားမယ်၊ နိုင်ကြီးက ကားစောင့်ကျန်ခဲ့။အတိုင်း ဆင်းသွားတယ်။အချိန်ဆွဲနေလို့ မဖြစ်တာကြောင့် သိန်းလွင် ကားလမ်းနိုင်ကြီးတားဦးတိုက်ထားတဲ့ သစ်ပင်ကို ခုမှ သေသေချာချာကြည့် မိတယ်။
ပျဉ်းကတိုးပင်ကြီး၊ဒီနေ့မနက်လောက်ကမှ ခုတ်လှဲထားတဲ့ အနေအထား။ သစ်ငုတ်တိုမှာ သစ်ခုတ်ငြမ်းဆင်ထားတာကို တွေ့ရတ
တယ်။အဲဒီအချိန်မှာ သွေးညှီစို့စို့လို အနံ့တစ်မျိုး သူ ့နှာခေါင်းထဲဝင်လာတယ်။
ဘာကြောင့်လည်း မသိဘူး …၊ နိုင်ကြီး ကြက်သီးတွေ တဖြန်းဖြန်း ထသွားတယ်။အချိန်တွေက ကုန်မှန်းမသိ ကုန်လာတယ်။အနောက်ဘက်မှာ တောင်တစ်လုံးရှိနေတဲ့အတွက် နေကအစောကြီး ဝင်သွားတယ်။
တောရိပ်တောင်ရိပ်တွေကြောင့် ညအမှောင်က ချတ်ချင်းဆိုသလို ရောက်လာတယ် ..။ ကားဘေးခပ်လှမ်းလှမ်းမှာ `နိုင်ကြီး မီးဖို – ဗိုလိုက်စံ ပြီးတော့ ထမင်းတွင်းရှိ တည်တယ်နှင့်
နိုင်ကြီးညနေစာထမင်းစားပြီးတော့ အမှောင်က ထူထပ် သိပ်သည်းလာပြီ …။ထင်းတုံးအခြောက်တွေ၊ ငါးခြောက်တွေရှာပြီး မီးဖိုထဲ ထည့် လိုက်တယ်။မီးဖိုကြီးက အရှိန်ကောင်းကောင်းနှင့် တညီးညီး တောက်ေလာင်နေတယ်။ ဝါးလုံးတွေပေါက်ကွဲသံကလည်း တအုန်းအုန်း ထွက်ပေါ်တယ်။မီးဖို ဖိုထားတယ်။ ဝါးတွေလည်း ပေါက်ကွဲနေတယ်ဆိုရင် နီးအနားမှာ ဘာကောင်မှ လာမှာမဟုတ်တော့ဘူး။ဒီရိုးမထဲမှာ ဆင်ရိုင်းတွေ အရမ်းသောင်းကျန်းတယ်။ ကျားတွေ သံတွေလည်း ပေါတယ်။
ဒါပေမယ့်၊ ဘာကောင်ပဲဖြစ်ဖြစ်၊ တောမီးကိုတော့ ကြောက် တယ်။မီးလောင်သံကြားရင် ဝေးဝေးက ရှောင်ဖို့ သူတို့ နားလည်ဒီကြောင့် သားရဲတိရစာ္ဆန်ရန်ကို ကြောက်စရာမလိုဘူး။ ဘာပဲဖြစ်ဖြစ်၊ သတိဆိုတာတော့ပိုတယ်မရှိဘူး။
နိုင်ကြီး ပစ္စည်းတွေထည့်တဲ့ “တူးဘောက်” ”ထဲက ဓားမနှင့်သံပိုက်လုံးကို ခေါင်းခန်းထဲ ယူလာတယ်။ အရေးရယ်၊ အကြောင်းရယ်ဆိုရင် လက်နက်တစ်ခုခုတော့ကိုင်ထား ရမယ်မတုတ်လား။ နိုင်ကြီးကားခေါင်းထဲမှာ တံခါးပေါက်တွေ အလုံပိတ်ပြီ။ ထိုင် နေလိုက်တယ်။ဟိုစဉ်းစား၊ ဒီစဉ်းစားနှင့် တော်တော်နှင့် အိပ်လို့ မရဘူး။ ညတော်တော်နက်မှ မျက်ခွံတွေးလေးကျလာပြီး နိုင်ကြီး အိပ်ပျော်သွားတယ်။လေးဘာကြောင့်လည်း မသိဘူး၊ နိုင်ကြီးလန် နိုးသွားတယ်။ကြည့်လိုက်တော့ တစ်လောကလုံး မှောင်လို့ပဲလို့ တိတ်ဆိတ်လို့ …။ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတယ်မသိဘူး။မီးဖိုမှာ မီးခဲအစအနလောက်ပဲ ရှိတော့တယ်။““မီးဖိုထဲကို ထင်းထပ်ထည့်မှ ဖြစ်မယ်”ဆိုပြီး နိုင်ကြီး၊ ခြုံထားတဲ့စောင်ကို ခွာချလိုက်တယ်။
ကားအောက်ဆင်းဖို့ တံခါးဂျက်တို ဖွင့်မယ်အလုပ်မှာပဲ ဘားက သိမ့်ခနဲ သိမ့်ခနဲ လှုပ်သွားတာကို သိလိုက်တယ်။ ရုတ်တရက်ဆိုတော့ နိုင်ကြီး၊ ရင်ထဲ ထိတ်သွားတယ်။ နှလုံး ခုန်တွေတောင် ပြန်သွားတယ်။
“တောဆင်ရိုင်းများ ရောက်လာတာလား”လို့ တွေးမိတယ်။ ကားခေါင်းထဲကပဲ အသာငြိမ်ပြီး နားစွင့်နေမိတယ်။ ဘာသံမှ မကြားရဘူး။
တောဆင်ရိုင်းဆိုရင် ခြေနင်းသံ၊ ပါးစပ်က တစ်ခုခုကို ဝါးနေသံ စမောင်းလှုပ်ခတ်သံ၊ တစ်ခုမဟုတ်တစ်ခု ဆူဆူညံညံ ကြားရမယ်။ ခုတော့ ဘာသံမှ မကြားရဘူး၊ တောဆင်ရိုင်းမဖြစ်နိုင်ဘူး။ “ဝက်ဝံကြီးများလား …”
နိုင်ကြီး၊ နောက်တစ်မျိုးလှည့်ပြီး စဉ်းစားပြန်တယ်။ပဲခူးရိုးမထဲက ဝက်ဝံကြီးတွေက အကောင်အကြီးကြီးတွေ။ တစ်ခါတစ်ခါ ညဘတ်ကားမောင်းရင်းတွေ့ ရတယ်။ကားမီးရောင်ရဲ့ ရှေ့ကနေပြီး ကားလမ်းအတိုင်း လေးဘက်ကနေ ကြည့်တယ် ။ ဘာမှမရှိဘူး။
အစကတော့ ဝက်ဝံလို့ ထင်လိုက်သေတးတယ်။
ဝတ်ဝံတွေရဲ့အကျင့်က စူးစမ်းတတ်တယ်။ ကားကိုတွေ့ လို့ တွန်းပြီး လှုပ်ကြည့်နေတာများလား။ နိုင်ကြီးဓားမကို လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ပြီး၊ ကား တံခါးဂျက်ကို အသံမကြားအောင် ဖြေးဖြေးဖွင့်လိုက်တယ် …။ပြီးတော့ အောက်ကို အသာဆင်း၊
ကားဖရိန်အောက်ကိုဝင်ပြီး ဝပ်လိုက်တယ်။ ကျင့်သားရသွားတဲ့ မျက်လုံးတွေနှင့် အမှောင်ထဲကိုကြည့်တယ်။ ကားအနီး ပတ်ပတ်လည်မှာ ဘာကောင်မှ ရှိတာ မတွေ့ဘူး တင်ထားတဲ့ သစ်လုံးတွေပေါ်များ တက်နေသလား။ နိုင်ကြီး ဘီးဖုံးပေါ်ကနေ အသာအယာတက်ပြီး သစ်လုံး တွေပေါ်ကို ကြည့်ပြန်တယ်။
“ သစ်လုံးတွေပေါ်မှာလည်း ဘာမှမရှိဘူး …။ ကား လှုပ်သွားတာတော့ အမှန်ပါ။ဒါမှမဟုတ်၊ ငါများ ထင်ယောင်ထင်မှား ဖြစ်နေတာလား နိုင်ကြီးစဉ်းစားလို့ အဖြေမရကာကြောင့် အသင့်ရှာထားက ထင်းခြောက်တွေကို မီးဖိုထဲထည့်တယ်။
မီးတောက်တွေ တဝုန်းဝုန်း တက်လာတော့မှ ကားခေါင်းက ပြန်ဝင်လိုက်တယ်။သူ့ မျက်လုံးတွေကြောင်ပြီး အိပ်ချင်စိတ်ပျောက်သွားတယ်။ အဲဒီအချိန်မှာပဲ တဝေါဝေါ်၊ တဖြောင်းဖြောင်းနဲ့ သစ်ပင်ကြီး ပြိုလဲသံကို ကြားလိုက်ရတယ်။
အသံက သူ့ပတ်ဝန်းကျင်ကအသံမို့ နိုင်ကြီး လန့်သွား တယ်။သစ်ပင်လဲပြီး ကားပေါ်ကို ပိကျလာမှာ စိုးလို့ပါ။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အသံတွေ တိတ်ဆိတ်သွားတယ်။
“တောချောက်တာလား၊ တကယ်ပဲ သစ်ပင်ကြီးတစ်ပင် လဲကျသွားတာလားစဉ်းစားလို့ပဲရတယ်၊ အမှောင်ကြီးထဲမှာဆိုတော့ ဘာမှ မပြင် ရဘူး။မှောင်မည်းနေတဲ့ညကြီးမှာ ကြောက်မက်ဖွယ် ငြိမ်သက်ခြင်းကပြန်ပြီး စိုးမိုးသွားတယ်
“အား
အသံနက်ကြီးနှင့်အော်လိုက်တဲ့ ယောက်ျားကြီးတစ်ယောက်ရဲ့အသံကို ရုတ်တရက် ကြားလိုက်ရပြန်တယ် …။
နိုင်ကြီး ခေါင်းမွှေးတွေ ထောင်သွားတယ်။
လန့်လည်း လန့်သွားတယ်။နားစွင့်နေတုန်းမှာပဲ တတင်းတင်းနဲ့ မချိမဆန့် ညည်းတွား၊နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံကိုကြားရပြန်တယ်။ခဏနေတော့ ညည်းညူသံကြီး ပျောက်ကွယ်ပြီး တိတ်ဆိတ်သွားပြန်တယ် …။အဲဒီတုန်းမှာပဲ ကားက တသိမ့်သိမ့်၊ တသိမ့်သိမ့်နဲ့ အဆက်မပြတ် လှုပ်ယမ်းလာတယ်။
ဒီတော့မှ နိုင်ကြီး တွေးမိလိုက်တယ် …သရဲ ခြောက်နေတာပဲ …တကယ်တော့ တစ္ဆေသရဲတွေ နာနာဘဝတွေဆိုတာ နိုင်ငံ
အတွက် အဆန်းမဟုတ်ဘူး
ကြောက်စရာ၊ ထိတ်လန့် စရာလည်း မဟုတ်ဘူ
နိုင်ကြီးနေတဲ့ ကွန်းနောက်ရွာရဲ့ အနောက်ဘတ်မှာ အရေးဆိုးတဲ့ ကျတ်ကုန်းမြေရှိတယ်။အကြောင်းသိသူက ညညဆို မသွားရဲဘူး။အကြောင်းမသိသူမသွားရင်လည်း တစ်ခုမဟုတ် တစ်ခုတော့
ကျတ်တစ္ဆေတွေကံ ကြောက်အောင်လန့်အောင် လုပ်လိုက်တာပဲ။ နိုင်ကြီးက အဲဒီကျတ်ကုန်းမြေမှာ ငှက်ပစ်နေကျ၊ ဖားရှာ ငါးရှာ ထွက်နေကျ။ဒီလိုသွားတဲ့အခါတိုင်းမှာ အမွှေးအမျှင်ရှည်ရှည်၊ အရပ်အမြင့်ကြီးတွေနှင့် အကောင်ကြီးတွေ …။ အရိပ်လိုလို၊ လူလိုလိုသွားလာနေတဲ့အကောင်းတွေ အမျိုးမျိုးတွေ့ရကြုံရတယ်။
ဒီလိုတွေ့တဲ့ ကြုံတဲ့အခါတိုင်း
“မရှိလို့ လုပ်ကိုင်စားသောက်နေရတာပါ။ မနှောက်ယှက်ပါနှင့်”လို့ နိုင်ကြီးကပြောတယ်။မကြောက်တတ်တဲ့သူမှန်း သိလို့လား မဆိုနိုင်ဘူး။နိုင်ကြီးကို ခြောက်တာ လှန့်တာ သိပ်မလုပ်ကြဘူး။သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွားပဲ။တစ်ခါတစ်ခါ လယ်ကန်သင်းတစ်ခုပေါ်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး ရှောင်မိကြရင် …
သူတို့ ကိုယ်လုံးက အမွှေးကြမ်းကြမ်းကြီးတွေနှင့်တောင် နိုင်ကြီး၊ကို ပွတ်တိုက်မိသွားသေးရဲ့ .…။
ဆိုရရင် နိုင်ကြီးက သရဲတစ္ဆေမပြောနှင့်။
သရဲသစ္ဆေရဲ့ အဖေလာလည်း ကြောတ်မှာမဟုတ်ဘူး။ခုလည်း တောကြီးမျက်မည်းထဲမှာ ကားပျက်တယ်။ကားပျက်တဲ့ညမှာပဲ သရဲခြောက်တာ ခံနေရတယ်။တော်တော်လေးကြာတော့ ကားလှုပ်တာ ရပ်သွားတယ်။အမှောင်လောကကြီးကလည်း ချောက်ချားစရာကောင်းအောင် ငြိမ်ကျသွားပြန်တယ်။
ဒါပေမယ့်၊ နိုင်ကြီးရင်ထဲမှာတော့ မငြိမ်ဘူး။နှလုံးခုန်စည်းချတ်တွေက တဒုန်းဒုန်း မြန်နေတယ်။ဘယ်အချိန်မှာ ဘယ်လိုနည်းနှင့် ခြောက်လှန့် ဦးမလဲဆိုတာကိုပဲ တွေးတောနေမိတယ် …။
ဒီလိုနှင့် အချိန်တော်တော် ကြာသွားပြန်တယ်။
“တိတ်ဆိတ်လွန်းတဲ့ညတ ပိုကြောက်စရာကောင်းသလိုပဲ
လို့ နိုင်ကြီးတွေးလိုက်မိတယ်။ရုတ်တရက် ညှီပုပ်ပုပ်အနံ့ကြီးတစ်ခုကို အော်ဂလီဆန်လောကအောင် ရှူရှိုက်လိုက်ရတယ်။နိုင်ကြီးကြက်သီးမွှေးညှင်း ထသွားတယ်။အပုပ်နံ့ဆိုတာ တစ္ဆေ သရဲတွေရဲ့ကိုယ်က ထွက်တဲ့အနံ့ဆိုတာ နိုင်ကြီးသတိရလိုက်တယ်။
ဒါဆို၊ တစ္ဆေသရဲတစ်ကောင်ကောင် အနီးမှာ ရှိနေပြီပေါ့။နိုင်ကြီး မျက်လုံးပြူးနေအောင်ကြည့်ရင်း တတ်သမျှ၊ မှတ်သမျှ တရားစာတွေ ရွတ်တယ် …။အပုပ်နံ့ကြီးတတော့ ပျောက်မသွားဘဲ ထောင်းထောင်းထ
အောင်တောင် ပိုပြီး နံလာတယ်။ညှီပုပ်နံ့ကြီးကြောင့် နိုင်ကြီးပျို့ တက်လာတယ်။မခံနိုင်တဲ့အဆုံးမှာ ကားတံခါးဖွင့်ပြီး တဝေါ့ဝေါ့နှင့် အန်ချ ပစ်လိုက်တယ်။
အချိန်ကြာကြာအန်ပြီးတော့ နိုင်ကြီးတစ်ကိုယ်လုံး နုံးချိသွား တယ်။မျက်နှာပေါ်မှာလည်း ချွေးသီးချွေးပေါက်ကြီးတွေနှင့်။
မျက်လုံးအပြူးသားနှင့် အသက်ရှူပုံမှန်ဖြစ်အောင် ကြိုးစားနေပေမယ့် သူ့ ရင်ဘတ်ကြီးကတော့ ဖားဖိုကြီးလို့ ဖိုလှိုက်၊ ဖိုလှိုက်ဖြစ်နေတာ …
အဲဒီအချိန်မှာပဲ
“ဗုန်း … ဗုန်း … ဖုန်း … ဗုန်း …ကားတံခါးကို လာဖုတ်တယ်။ကြည့်လိုက်တော့လည်း ဘာကိုမှ မတွေ့ရဘူး။
“တဲ … တစ္ဆေရေ၊ ခြောက်ချင်သလို ခြောက်ပေတော့”လို့ပြောပြီး နိုင်ကြီးမျတ်စိ စုံမှိတ်ထားလိုက်တယ်။မမြင်ရတဲ့တစ္ဆေကောင်က ကားတံခါးကို အချိန်တော်တော်ကြာ တဗုန်းဗုန်း ပုတ်ပြီးမှ ရပ်သွားတယ်။
နိုင်ကြီး ဒီတော့မှ မျတ်လုံးဖွင့်လိုက်တယ် …။
“အား
ကားရှေ့မှန်မှာ ကြောက်စရာ ရုပ်ပျက်ဆင်းပျက်မျက်နှာကြီးတစ်ခု သူ့ ့ကိုကြည့်နေတယ်။နိုင်ကြီး အသဲတွေ ဗြောင်းဆန်သွားသလားထင်လိုက်မိတယ်။ဆံပင်စုတ်ဖွားတွေက မျက်နှာပေါ် ဖရိုဖရဲ ဖုံးအုပ်လို့ …
မြေမှုန့် တွေ ပေလူးနေတဲ့ မျက်နှာတစ်ခုလုံးမှာ နီညစ်ညစ်သွေးတွေ မြင်မကောင်းအောင် ပေကျံနေတယ်။ပါးစပ်ထဲကလည်း သွေးတွေ ကပွတ်ပွတ် အန်ကျနေတယ်ဒဏ်ရာ ရထားတဲ့လူတစ်ယောက်များလား …။နိုင်ကြီး တွေးလိုက်သေးပေမယ့် ဒါဟာ လူစင်စစ် မဖြစ် နိုင်ဘူးဆိုတာလည်း နားလည်လိုက်တယ်။ထူးခြားတာက သူ့ကိုခြောက်လှန် နေတဲ့ တစ္ဆေရဲ့ မျက်လုံးတွေ နွမ်းဖျော့ညှိုးငယ်နေတာကို နိုင်ကြီး သတိပြုမိလိုက်တယ်။
ခဏနေတော့ တစ္ဆေကောင်က နောက်လှည့်ထွက်သွားတယ်။ “ဟင်”
နိုင်ကြီး ရုတ်တရက် လန့် အော်မိမတတ်ဖြစ်သွားတယ်။တစ္ဆေကောင်ရဲ့ ဦးခေါင်းနောက်ဘက်ခြမ်း မရှိတော့ဘူး။ ပွင့်နေတဲ့ ဦးခေါင်းခွံထဲက အဖြူရောင်ဦးနှောက်စတွေ တန်းလန်း ထွက်ကျနေတယ်။ခေါင်းကစီးကျနေတဲ့ သွေးတွေကလည်း လည်ဂုတ်နှင့် ကျော ပြင်ပေါ်မှာ အသည်းတုန်စရာ ချင်းချင်းနီရဲလို့ …။ဒယိမ်းဒယိုင်နှင့် ထွက်သွားတဲ့ တစ္ဆေကောင်ဟာ သစ်ခုတ် ငြမ်းစင်ပေါ်ကို တက်သွားတယ်။
ပြီးတော့ နိုင်ကြီးရှိရာဆီ တစ်ချက်လှမ်းကြည်ပြီး ဖြတ်ခနဲ ကွယ်ပျောက်သွားတယ် ….တစ္ဆေပြန်ပေါ်လာဦးမလားလို့ နိုင်ကြီးစောင့်ကြည့်သေးပေမယ့် လင်းအားကြီးအချိန်ထိ ပြန်ပေါ်မလာတော့ဘူး။တစ်ညလုံး၊ အိပ်ရေးပျက်ခဲ့ရတဲ့ နိုင်ကြီးလည်း၊ အရှေ့အရပ်က ထွက်လာတဲ့ရောင်နီပျပျကိုပြင်မှပဲ အိပ်ပျော်သွားခဲ့တယ်။
“နာနာဘာဝဆိုတာ အတွေးမရောက်တဲ့ အဖြစ်ဆန်း၊ အပြ ဆန်းတွေကို အထူးထူး၊ အမျိုးမျိုး ပြတတ်တဲ့အတွက် နာနာဘာဝ လို့ ခေါ်တာကွယ့် …။
အမှန်တကယ်တော့ သူတို့တာ ပြိတ္တာဘုံသားတွေပါ။ သူတို့ဟာ ကြီးအောင်၊ ငယ်အောင်၊ ဖြူအောင်၊ မည်းအောင် မြင်စေနိုင်ကြတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ကို ကွယ်ပျောက်အောင်လည်း လုပ်နိုင်တယ်။ မြင်အောင်လည်း လုပ်နိုင်တယ်ကွယ့်။ပြီးတော့ လူယောင်၊ ပြင်းယောင်၊ ခွေးယောင်လည်း ဖန်ဆင်း နိုင်ကြတယ်။ တစ္ဆေက လူကိုခြောက်လှန့် တယ်ဆိုရာမှာလည်း အကြောင်းအမျိုးမျိုးရှိတယ်ကွယ့်ဒကာရဲ့။
ကံနိမ့်လို့ အခြောက်ခံရတာ။ စားချင်သောက်ချင်လို့ ခြောက်တာ။အကူအညီတောင်းချင်လို့ ။နောက်ချင်ပြောင်ချင်လို့ ။ချစ်လို့ ခင်လို့ ၊ စွဲလန်းလို့ စသည်ဖြင့်အမျိုးမျိုးပေါ့ကွယ် ..။တစ်ချို့ကျတော့လည်း အမျှအတန်းဝေတာ ခံယူချင်လို့ ဥစ္စာပစ္စည်းပေးချင်လို့ ခြောက်တာ။
ဘုရားသံ၊ တရားသံကြားတဲ့အခါ မရွတ်အောင်ခြောက်တဲ့ အစေ့မျိုးလည်း ရှိတယ်ကွယ့်။ညက မောင်နိုင်ကြီးဆီကိုလာတာ ဦးသန်းအေးပဲ ဖြစ်ပါ
အကူအညီတောင်းချင်လို့ လာတာပဲဖြစ်မှာပါကွယ် …။ သစ်ပင်ကြီးပိတာကို စွဲလန်းပြီး အကူအညီ တောင်းတာလား။ အမျှအတန်းဝေတာကို ခံယူချင်လို့ လားဆိုတာတော့ သူကိုယ် တိုင်မှပဲ သိနိုင်တော့မယ် . ဒကာရေ …”
ဆရာတော်က ရှင်းပြပြီး စကားအဆုံးသတ်လိုက်တယ်။ လင်းအားကြီးမှ အိပ်ရလို့ နှင့်တူရဲ့ နိုင်ကြီး တော်တော်နှင့်မနိုးဘူး …။
ကားသံတွေ၊ လူသံတွေ ဆူဆူညံညံကြားမှ လန့်နိုးလာတယ် …!!ကားနှင့်ပါလာတဲ့လူတွေထဲမှာ ရဲဝန်ထမ်းတွေနှင့် သံဃာတော်သုံးပါးကိုပါ တွေ့ရတယ်။ဒီတော့မှ နိုင်ကြီးလည်း အဖြစ်အပျက် အစုံအလင်သိရတော့တယ်
ဒီနေရာမှာ …မနေ့ ့က သူတို့ ကားမရောက်ခင် နှစ်နာရီလောက်စောပြီးသစ်ခုတ်ခေါင်းဦးသန်းအေး သစ်ပင်ပိပြီး သေခဲ့တာပဲ။ရဲတွေက အခင်း အခင်းဖြစ်နေရာကို ကြည့်ရှုစစ်ဆေးမှတ်တမ်းတင်သံဃာတော်တွေကတော့ ဦးသန်းအေး ကောင်းရာမွန်ရာ
ရောက်ဖို့ တရားနာအမျှအတန်းပေးဝေဖို့ ဦးသန်းအေးရဲ့ သားချင်းတွေက ပင့်လာတာ။သံဃာ သာတော်တွေ တရားပေးတော့ နိုင်ကြီးလည်းဝင်ပြီး တရားနာလိုက်တယ်အမျှအတန်းပေးဝေပြီးချိန်မှာ နိုင်ကြီးက
တရားနာ၊ ရေစက်ချ၊ အမှူး သူတွေ့ကြုံခဲ့ရတာတွေ ဆရာတော်ကိုလျှောက်တဲ့အတွက်
တစ်ညလုံး သူတွေ့မြင်ခဲ့တာေတွကို ဆရာတော်က တစ္ဆေ သရဲ၊ နာနာ ဘာဝတွေအကြောင်း နိုင်ကြီးနှင့် ပရိသတ်ကို ပြန်ရှင်းပြခဲ့တာ ..
ဒီတော့မှ နိုင်ကြီးလည်း နွမ်းဖျော့ညှိုးငယ်နေတဲ့ တစ္ဆေရဲ့ မျက်လုံးတွေကို ပြန်ပြီး အမှတ်ရမိတယ်။သေကာနီးစွဲလန်းစိတ်နှင့် ဦးသန်းအေးတစ်ယောက် ပျဉ်းကတိုး ပင်ကြီးမှာပဲ တစ္ဆေသရဲဘဝနှင့် တည်မှီနေခဲ့တယ်။
အကြောင်းတိုက်ဆိုင်ချင်တော့ နိုင်ကြီးရဲ့ ကားကလည်း ဒီ နေရာမှာပဲလာပြီး ပျက်ခဲ့တယ်။ဒီလိုနှင့်ပဲ ဦးသန်းအေးရဲ့ ဘ၀သစ်နှင့် နိုင်ကြီးတို့ ၊ တစ်ည လုံး ထိတ်လန့် တကြား ကြုံဆုံခဲ့ရတာပေါ့။လုပ်ကိုင်ဆောင်ရွက်စရာတွေ အသီးသီး လုပ်ကိုင်ပြီးတော့ အားလုံး ပြန်ဆင်းသွားကြတယ်။
အခင်းဖြစ်နေရာမှာ နိုင်ကြီးတစ်ယောက်ထဲပဲ ကျန်ရစ်ခဲ့ပြန် တယ်။ဒရိုင်ဘာသိန်းလွင်ကတော့ မွန်းတည့်ချိန်ထိ ရောက်မလာ ဘူး …။ညနေ၊ နေဝင်ရီတရောအချိန်ထိလည်း ပြန်ရောက်မလာ သေးဘူး ..။ မျှော်မယ့်သာ မျှော်နေရတာပါ။သူတို့မြို့နယ်လေးမှာ ဆိုဒ်တူ၊ နံပါတ်တူ၊ နှစ်စ်ဝှီးနပ်ရဖို့ မလွယ်ဘူး။
တောင်ငူမြို့မှာ ရချင်ရ၊ မရရင် ရန်ကုန်ထိ တက်ဝယ်ရမယ်။ နှစ်ညအိပ်နှင့် ပြန်ရောက်ရင် ကံကောင်းပဲ။ အရင်က သူမကြောက်ပေမယ့် အကြောင်းစုံသိပြီးတဲ့ နောက် မှာတော့ စိတ်ထဲက လိပ်ပြာငယ်သလို ခံစားနေရတယ်။ဒီနေရာမှာထပ်ပြီး ညအိပ်ရမယ့်ကိစ္စက နိုင်ကြီးအတွက် ချောက်ညအိပ်မက်ရှည်ကြီးကို အထိတ်တလန့် မက်နေရသလို ထင်နေတယ် …။
နိုင်ကြီးစိတ်တွေ လေးလံနေတယ်။ကားကြီးကို ဒီအတိုင်း ထားပစ်ခဲ့လို့ မရတဲ့ဘဝမို့ ဘာပဲဖြစ်ဖြစ် သူ၊ ဒီညလည်း ထပ်အိပ်ရပါဦးမယ်။ အမှောင်ကလည်း တစ်စတစ်စနှင့် လွှမ်းခြုံလာပါပြီ …။
“ဦးသန်းအေးရေ၊ ပြုသမျှကုသိုလ်အဝဝကို အမျှပေးဝေ ပါတယ်။
သာဓုခေါ်ပြီး ဒီနေရာကနေ ဝေးရာကိုသာ သွားပါတော့
မောင်မှိုင်းညို့(ချောင်းဦး)
Zawgyi Version
” ကားပ်က္တဲ့ည “(စ-ဆုံး)
————————–
ေမာင္မႈိင္းညႇိဳ႕(ေခ်ာင္းဦး)
အျဖစ္အပ်က္ကေတာ့ လွ်ပ္ျပက္လိုက္သလိုပါပဲ။အရမ္းကို ျမန္ဆန္လြန္းတယ္။
ခုတ္လွဲလိုက္တဲ့ ပ်ဥ္းကတိုးပင္ႀကီးက ႀကိဳတင္စီစဥ္ထားတဲ့ဘက္ကို လဲက်မသြားဘဲ လည္ထြက္သြားတယ္။ၿပီးေတာ့ …သစ္ခုတ္ျငမ္းစင္ေပၚမွာရပ္ေနတဲ့ အဖြဲ႕ ေခါင္းေဆာင္ ဦးသန္းေအးကို ႐ိုက္ခ်လိုက္တယ္။
ဦးသန္းေအး ျငမ္းစင္ေပၚကလြင့္စင္ …
ေျမႀကီးေပၚေမွာက္လ်တ္အက်။
အရွိန္ႏွင့္ လဲက်လာတဲ့ ပ်ဥ္းကတိုးပင္စည္လုံးႀကီးက
ဦးသန္းေအးရဲ႕ ေနာက္ေစ့အေပၚတည့္တည့္ကို
ဝ႐ုန္းသုန္းကားအသံႀကီးႏွင့္ ပိက်သြားတယ္။
အဲဒီအခ်ိန္မွာ. “ခြမ္းခနဲ”အသံတစ္ခ်က္ၾကားလိုက္ရတယ္။
သစ္တုံးပိသြားတဲ့ ဦးေခါင္းထဲက နီရဲတဲ့ေသြးေတြအျပင္ဘက္
ကို စီးထြက္က် အိုင္ထြန္းသြားတယ္။ေသြးနီနီရဲေတြထဲမွာ အျဖဴပ်စ္ပ်စ္ ဦးေႏွာက္အစအနေတြပါလာတယ္။ဦးသန္းေအး ေအာ္ေတာင္မေအာ္ႏိုင္ဘူး။
ေခတၱခဏေလာက္ ေျခေတြလက္ေတြ ဆန႔္ ဝင္ဆန႔္ ထိျဖစ္ၿပီး။ ေသမင္းေခၚရာေနာက္လိုက္သြားတယ္။ျဖစ္ပ်က္သြားတဲ့အခိုက္အတန႔္ က မ်က္စိတစ္မွိတ္ေလာက္ပဲပို႔ အတူပါလာတဲ့ အေဖာ္ေတြလည္း ဘာမွမတတ္ႏိုင္ၾကဘူး။ မထက္မွတ္ဘဲ ျဖစ္သြားတဲ့ ေသြးပ်က္ေခ်ာက္ခ်ားစရာအျဖစ္ကို ေၾကာင္ၿပီး ၾကည့္ေနမိၾကတယ္ …။ပုံမွန္ သတိျပန္ဝင္တဲ့အခ်ိန္မွာ …ဦးသန္းေအးရဲ႕ဦးေခါင္းက ပ်ဥ္းကတိုးပင္စည္ႀကီးရဲ႕ ေအာက္ဘက္ ေျမႀကီးထဲမွာ ျမဳပ္ဝင္သြားၿပီ။
ပါလာတဲ့ သံတူ႐ြင္းေတြႏွင့္၊ သစ္လုံးေအာက္ကေျမကိုတူးၿပီး ဦးသန္းေအးရဲ႕အေလာင္းကို ထုတ္ယူလိုက္ရတယ္ …။ေနာက္ဘက္ ဦးေခါင္းခြံတစ္ခုလုံး ေႂကြမြေပ်ာ့စိသြားတယ္။
ေျမႀကီးထဲ ေမွာက္ရက္ျမဳပ္ဝင္ခဲ့တာေၾကာင့္ မ်က္ႏွာတစ္ခု လုံးမွာ ေျမမႈန႔္ေတြ၊ ဖုန္မႈန္ ့ေတြေရာ၊ ႏွာေခါင္း၊ ပါးစပ္ေတြက ထြက္က်တဲ့ ေသြးေတြေရာ၊ အလိမ္းလိမ္း ေပက်ံေနတယ္။ တကယ္ေတာ့ ဦးသန္းေအးတို႔ အဖြဲ႕ ပဲခူး႐ိုးမထဲမွာ သစ္ခုတ္ စားလာတာၾကာၿပီ။
အစိုးရသစ္ထုတ္လုပ္ေရးအတြက္ပဲျဖစ္ျဖစ္၊ သစ္ထုတ္ခြင့္ ပါဝင္ရတဲ့ ပုဂၢလိကသစ္သမားအတြက္ပဲျဖစ္ျဖစ္ သူတို႔ သစ္ခုတ္ေပးေနက်။
ၿပီးေတာ့ …။ဦးသန္းေအးက ဒီအဖြဲ႕မွာေခါင္းေဆာင္၊ ေခါင္းေဆာင္ဆိုကတည္းက သူ႔မွာ အေတြ႕အႀကဳံေတြ အမ်ားသစ္ခုတ္သမားတစ္ေယာက္ သိသင့္သိအပ္တဲ့ ပညာရပ္ လည္း ျပည့္ဝၿပီးသား။ဘယ္ေလာက္အေတြ႕ အႀကဳံရွိရွိ၊ ဘယ္လိုပဲ ပညာေတြ ျပည့္ျပည့္ဝ။တံငါသည္က ေရႏွင့္ေသတယ္ …။
အလမၸာယ္ဆရာက ေျပႏွင့္ေသတယ္ …။သစ္ခုတ္သမားကလည္း သစ္ႏွင့္ပဲ ေသတယ္တဲ့ …။ဆိုလိုတာက .. ဘယ္ေလာက္ပဲ သစ္ခုတ္ကြၽမ္းက်င္တဲ့လူျဖစ္ျဖစ္ တစ္ မွာေတာ့ သစ္ပင္ေပၚက က်လို႔ပဲျဖစ္ျဖစ္၊
သစ္ပင္ပိလို႔ပဲျဖစ္ျဖစ္ ေသရတယ္တဲ့။သစ္ခုတ္သမားေလာကရဲ႕ ဆို႐ိုးစကားတစ္ခု၊မွန္တယ္လို႔ပဲ ေျပာရမယ္ထင္ရဲ႕သစ္ခုတ္သမားေလာကမွာ ဆရာတစ္ဆူျဖစ္တဲ့ ဦးသန္းေအး တစ္ေယာက္သူခုတ္တဲ့သစ္ပင္ပိၿပီး အေသဆုံးႏွင့္ ေသခဲ့ရၿပီပဲေလ …။
ႏိုင္ႀကီး၊ ဒ႐ိုင္ဘာသိန္းလြင္ရဲ႕ ေဘးက ထိုင္လိုက္လာတယ္။ သိန္းလြင္က ကားကို အသည္းအသန္ထိန္းၿပီး ေမာင္းေနတယ္။ ကားက ကာဂို၊ ေျခာက္ဘီး။ ၿပီးေတာ့ ပါဝါစိရာတိုင္ မဟုတ္ဘူး၊ ႐ိုး႐ိုး။ သည္လမ္းႏွင့္သည္ခရီးႏွင့္သည္တားႏွင့္အသက္ကို ဖက္႐ြက္ႏွင့္ထုပ္ၿပီး ေမာင္းေနရတဲ့ဘဝ။
လမ္းကလည္း ပြင္းလင္းရာသီ၊ သစ္ထုတ္ခ်ိန္မွ ကိုယ့္သစ္ကြင္း၊ ထဲအေရာက္ ေပါက္ျပားႏွင့္တူ႐ြင္းႏွင့္ ေဖာက္ထားရတဲ့ ပဲခူး႐ိုးမထဲက ေတာင္ဆင္းေတာင္တက္လမ္း၊ကားကလည္း ဉာဏ္ႀကီးရွင္ထာ႐ုတ္သူေဌးကိုယ္တိုင္း ကိုယ္ပိုင္တြင္ခုံမွာ လက္ပူတိုက္ထားတဲ့ကား။
ကုန္သုံးတန္၊ ယာဥ္သုံးတန္၊ ခဲသုံးတန္လို႔ ေခၚရမယ့္တား။တစ္ကားလုံး ခဲဝရိန္ေဆာ္ထားတဲ့ေနရာေတြခ်ည္းပဲ။ကားေခါင္းေနာက္ ဖရိန္ေပၚ႐ိုက္ထားတဲ့ သစ္လုံးတင္တဲ့
“ဇင့္တန္း”ေတြကလည္း ခေနာ္နီခေနာ္နဲ႔။ သစ္လုံးခုတဲ့ “ဖားတုံး”ေတြကလည္း တို႐ြဲ႕၊ သည္႐ြဲ႕၊သစ္လုံးႀကီးေတြကားေပၚတင္၊ သံႀကိဳးႀကီးေတြႏွင့္ ခ်ည္ၿပီး၊သံႀကိဳးျပဳတ္မက်ေအာင္႐ိုက္ရတဲ့ “ဂ်က္”ေတြလည္း ခဏ၀
ေလ်ာ့ေလ်ာ့က်ေနတယ္။သံႀကိဳးကို မၾကာမၾကာစစ္၊ ကားေပၚတက္ ဂ်က္႐ိုက္ေနရတကိုက ဒီအလုပ္တစ္သက္လုံး လုပ္မစားေတာ့ဘူးလို႔ ေတာင္ ေျပာ၊မေလာက္ စိတ္ဆင္းရဲႏိုင္ႀကီးရဲ႕ ကုသိုလ္ကံကလည္းဆိုးတယ္။ဒီတ႐ုတ္ကပ္စီးရဲ႕ကားမွာမွ စပယ္ယာ လိုက္မိရက္သားျဖစ္ေနတယ္။
ေျပာလို႔သာ ေျပာရတာ။ႏိုင္ႀကီးရဲ႕ သစ္ကားစပယ္ယာအလုပ္ကလည္း အရမ္းအႏၲရာယ္မ်ားတယ္ …။
တစ္ျခားမၾကည့္ႏွင့္။သစ္တင္တဲ့အလုပ္ႏွင့္သစ္ခ်တဲ့အလုပ္ကိုပဲၾကည့္ …။ကရိန္းကားသမားက သံႀကိဳးႏွင့္ခ်ည္ၿပီး ေလထဲေျမႇာက္ တဲ့ သစ္လုံးကို ကားေပၚေနရာတက်ျဖစ္ေအာင္ သူက တြန္းေ႐ႊ႕ရတယ္ေလ …။သစ္လုံးျပဳတ္က်ၿပီးပိလို႔၊ ေသတဲ့ေက်တဲ့၊ ေျခလက္ျဖတ္ရၿပီး၊ စစ္သက္လုံး လူစဥ္မမိေတာ့တဲ့ စပယ္ယာေတြ အမ်ားႀကီးရွိတယ္။
သစ္ခ်ေတာ့လည္း ဒီလိုပဲ။အရင္ဦးဆုံး သစ္လုံးေတြေပၚတက္ၿပီး ခ်ည္ထားတဲ့သံႀကိဳးက ကိုျဖဳတ္ရတယ္။္ တစ္ခါတစ္ခါ ဂ်က္ျဖဳတ္ေနရင္း သစ္လုံးေတြ ၿပိဳက်သြားတက္တယ္။
အဲဒီလို ႀကဳံလို႔ ကေတာ့ အသက္ ဘယ္အေပါက္က ထြက္ရမလဲ မသိဘူးျဖစ္သြားမယ္။ဂ်က္ျဖဳတ္ၿပီးတာႏွင့္ သစ္လုံးေတြ ေအာက္မွာခံထားတဲ့ “ဖား ကို ႐ိုက္ျဖဳတ္ရတယ္။အဲဒီေတာ့မွ သစ္လုံးေတြ တဝုန္းဝုန္း၊ တဒိုင္းဒိုင္းႏွင့္ ကား က ၿပိဳက်တာ။ သစ္ေတြခ်တဲ့ နည္းေပါ့။
“ဖား”ကို ႐ိုက္ျဖဳတ္တဲ့အခါမွာလည္း ကားဖရိန္ေအာက္ အရင္ဝင္ၿပီးမွ သံတူ႐ြင္းႏွင့္ ႐ိုက္ျဖဳတ္ရတာ။ေမ့လို႔ ေလ်ာ့လို႔၊ ေပါ့ဆလို႔ ဖရိန္ေအာက္မဝင္မိရင္း မသာဘယ္ေဈးလည္း ေပးယူရမယ္။
ဒီလို အလုပ္မ်ိဳးကိုမွ ႏိုင္ႀကီးလုပ္ေနရတာျဖစ္တယ္။ ဒီေန႔ လည္း ခါတိုင္းေန ့ေတြ ႏွစ္ေခါက္ေလာက္ပို႔ၿပီးခ်ိန္ တစ္ေခါက္မွ မေရာက္ေသးဘူး။
ကရိန္းပ်က္ေနလို႔ သစ္တင္တာ ေနာက္က်သြားတယ္။ ခုမွ ပထမအေခါက္ရဖို႔ ႀကိဳးစားေနရတုန္း …။ သူတို႔ ကားေပၚမွာ ပ်ဥ္းကတိုးသစ္လုံး ခုနစ္တန္ေက်ာ္ တင္ထားတယ္။
ကာဂိုႀကီးက ဆယ့္ႏွစ္တန္ေက်ာ္ တင္ႏိုင္ေပမယ့္ ေတာင္ဆင္း။ ေတာင္တတ္လမ္းၾကမ္းတဲ့အတြက္ ေလ်ာ့ၿပီး တင္ထားရတယ္။ႏိုင္ႀကီးတို႔ရဲ႕ကားဟာ ပဲခူး႐ိုးမထဲက အဆင္းၾကမ္း၊ အတက္ ၾကမ္း၊ လမ္းၾကမ္းႀကီးအတိုင္း ေျပးလႊားေနတယ္။ဒီလိုႏွင့္ ခပ္ေျပေျပ ကုန္းဆင္းေလးတစ္ခုကို ေရာက္လာတယ္။ ဒ႐ိုင္ဘာသိန္းလြင္က ဘရိတ္ကို ခပ္ဖြဖြနင္းၿပီး အရွိန္ေလးႏွင့္ လိမ့္ဆင္းလိုက္တယ္ …။
ကားတ ကုန္းဆင္းအတိုင္း မေႏွးမျမန္ေလ။ ဆင္းသြားတယ္။ဒါေပယ့္ …။ကုန္းတစ္ဝက္အေရာက္မွာ
“ဝုန္း …”
“ဒုန္း
“ဂလြမ္း
“ဟ၊ ဘာျဖစ္တာလည္း
“ဘာျဖစ္တာလည္း …”
ကားကို သိန္းလြင္ထိန္းေက်ာင္းလို႔ မရေတာ့ဘူး။ သြားခ်င္သလို သြားေနတယ္။လက္ယာဘက္မွာ လြင္ျပင္ျပန႔္ ႏွင့္ သစ္ပင္ေတြရွိေပမယ့္၊ လက္ဝဲဘက္မွာက နက္ရႈိင္းတဲ့ ေခ်ာက္ႀကီးရွိေနတယ္။တစ္ခ်ီမွာ ကားရဲ႕ ထာက္ေရွ႕ဘီးက ေခ်ာက္ႏွင့္တစ္ထြာေလာက္အကြာထိေရာက္သြားလို႔ စီယာတိုင္ကို အားကုန္ဆြဲလွည့္လိုက္ရတယ္။အေပၚမွာ သစ္လုံးေတြႏွင့္ ေျမႀကီးပဲက်သြားလို႔ ကေတာ့ကားေရာ၊ လူေရာ ေခ်ာက္ထဲက်ၿပီး အ႐ိုးအသားေတာင္ ရွာရမွာမဟုတ္ဘူး။ ကံႀကီးေပလို႔။ကံအားေလ်ာ္စြာပဲ ကားက ညာဘက္ကို ဆြဲသြားတယ္။
လဲက်ေနတဲ့ သစ္ပင္ႀကီးကို တိုက္ၿပီးမွ ရပ္သြားတယ္။ႏိုင္ႀကီးေရာ သိန္းလြင္ေရာ ကားေပၚတ ကမန္းကတန္း၊ဆင္းၿပီး ၾကည့္လိုက္တယ္။ကားမွာ ညာဘက္က ေနာက္ဘီးမရွိေတာ့ဘူး။မနည္းလိုက္ရွာမွ ေတာၿခဳံေတြၾကားက ျပန္ရတယ္။ဘီးကိုၾကည့္လိုက္ေတာ့ ဒစ္ဝွီးနပ္သုံးလုံးက ဘယ္အခ်ိန္ကတည္းက ျပဳတ္က်ေနမွန္း မသိဘူး။က်န္တဲ့ နပ္ေတြက ထက္ပိုင္းျပတ္ေနၾကတယ္။သြားၿပီ၊ ဘာမွ လုပ္လို႔မရေတာ့ဘူး။ၿမိဳ႕ကိုသြား၊ တ႐ုတ္ကပ္စီးကို အက်ိဳးအေၾကာင္းေျပာျပ၊ဒစ္ဝွီးနပ္ေတြ ဝယ္ၿပီးျပန္လာ၊ ဘီးကိုျပန္တပ္၊
ဒီအဆင့္ေတြအားလုံး ေက်ာ္ျဖတ္ၿပီးမွ အလုပ္ဆက္လုပ္လို႔ရမယ္။အခုေလာေလာဆယ္ ၿမိဳ႕ကို ဘယ္သူသြားမလဲ။မနီးဘူး၊ ေျခက်င္ ရွစ္နာရီ/ကိုးနာရီ သြားရမယ့္ခရီး။တစ္ေယာတ္ကသြားရမယ္၊ တစ္ေယာက္က ကားေစာင့္ရင္းေနခဲ့ရမယ္။ေနာက္ဆုံးမွာ သိန္းလြင္က ဆုံးျဖတ္ေပးတယ္။သူက ၿမိဳ႕ကိုသြားမယ္၊ ႏိုင္ႀကီးက ကားေစာင့္က်န္ခဲ့။အတိုင္း ဆင္းသြားတယ္။အခ်ိန္ဆြဲေနလို႔ မျဖစ္တာေၾကာင့္ သိန္းလြင္ ကားလမ္းႏိုင္ႀကီးတားဦးတိုက္ထားတဲ့ သစ္ပင္ကို ခုမွ ေသေသခ်ာခ်ာၾကည့္ မိတယ္။
ပ်ဥ္းကတိုးပင္ႀကီး၊ဒီေန႔မနက္ေလာက္ကမွ ခုတ္လွဲထားတဲ့ အေနအထား။ သစ္ငုတ္တိုမွာ သစ္ခုတ္ျငမ္းဆင္ထားတာကို ေတြ႕ရတ
တယ္။အဲဒီအခ်ိန္မွာ ေသြးညႇီစို႔စို႔လို အနံ႔တစ္မ်ိဳး သူ ့ႏွာေခါင္းထဲဝင္လာတယ္။
ဘာေၾကာင့္လည္း မသိဘူး …၊ ႏိုင္ႀကီး ၾကက္သီးေတြ တျဖန္းျဖန္း ထသြားတယ္။အခ်ိန္ေတြက ကုန္မွန္းမသိ ကုန္လာတယ္။အေနာက္ဘက္မွာ ေတာင္တစ္လုံးရွိေနတဲ့အတြက္ ေနကအေစာႀကီး ဝင္သြားတယ္။
ေတာရိပ္ေတာင္ရိပ္ေတြေၾကာင့္ ညအေမွာင္က ခ်တ္ခ်င္းဆိုသလို ေရာက္လာတယ္ ..။ ကားေဘးခပ္လွမ္းလွမ္းမွာ `ႏိုင္ႀကီး မီးဖို – ဗိုလိုက္စံ ၿပီးေတာ့ ထမင္းတြင္းရွိ တည္တယ္ႏွင့္
ႏိုင္ႀကီးညေနစာထမင္းစားၿပီးေတာ့ အေမွာင္က ထူထပ္ သိပ္သည္းလာၿပီ …။ထင္းတုံးအေျခာက္ေတြ၊ ငါးေျခာက္ေတြရွာၿပီး မီးဖိုထဲ ထည့္ လိုက္တယ္။မီးဖိုႀကီးက အရွိန္ေကာင္းေကာင္းႏွင့္ တညီးညီး ေတာက္ေလာင္ေနတယ္။ ဝါးလုံးေတြေပါက္ကြဲသံကလည္း တအုန္းအုန္း ထြက္ေပၚတယ္။မီးဖို ဖိုထားတယ္။ ဝါးေတြလည္း ေပါက္ကြဲေနတယ္ဆိုရင္ နီးအနားမွာ ဘာေကာင္မွ လာမွာမဟုတ္ေတာ့ဘူး။ဒီ႐ိုးမထဲမွာ ဆင္႐ိုင္းေတြ အရမ္းေသာင္းက်န္းတယ္။ က်ားေတြ သံေတြလည္း ေပါတယ္။
ဒါေပမယ့္၊ ဘာေကာင္ပဲျဖစ္ျဖစ္၊ ေတာမီးကိုေတာ့ ေၾကာက္ တယ္။မီးေလာင္သံၾကားရင္ ေဝးေဝးက ေရွာင္ဖို႔ သူတို႔ နားလည္ဒီေၾကာင့္ သားရဲတိရစာၦန္ရန္ကို ေၾကာက္စရာမလိုဘူး။ ဘာပဲျဖစ္ျဖစ္၊ သတိဆိုတာေတာ့ပိုတယ္မရွိဘူး။
ႏိုင္ႀကီး ပစၥည္းေတြထည့္တဲ့ “တူးေဘာက္” ”ထဲက ဓားမႏွင့္သံပိုက္လုံးကို ေခါင္းခန္းထဲ ယူလာတယ္။ အေရးရယ္၊ အေၾကာင္းရယ္ဆိုရင္ လက္နက္တစ္ခုခုေတာ့ကိုင္ထား ရမယ္မတုတ္လား။ ႏိုင္ႀကီးကားေခါင္းထဲမွာ တံခါးေပါက္ေတြ အလုံပိတ္ၿပီ။ ထိုင္ ေနလိုက္တယ္။ဟိုစဥ္းစား၊ ဒီစဥ္းစားႏွင့္ ေတာ္ေတာ္ႏွင့္ အိပ္လို႔ မရဘူး။ ညေတာ္ေတာ္နက္မွ မ်က္ခြံေတြးေလးက်လာၿပီး ႏိုင္ႀကီး အိပ္ေပ်ာ္သြားတယ္။ေလးဘာေၾကာင့္လည္း မသိဘူး၊ ႏိုင္ႀကီးလန္ ႏိုးသြားတယ္။ၾကည့္လိုက္ေတာ့ တစ္ေလာကလုံး ေမွာင္လို႔ပဲလို႔ တိတ္ဆိတ္လို႔ …။ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားတယ္မသိဘူး။မီးဖိုမွာ မီးခဲအစအနေလာက္ပဲ ရွိေတာ့တယ္။““မီးဖိုထဲကို ထင္းထပ္ထည့္မွ ျဖစ္မယ္”ဆိုၿပီး ႏိုင္ႀကီး၊ ၿခဳံထားတဲ့ေစာင္ကို ခြာခ်လိုက္တယ္။
ကားေအာက္ဆင္းဖို႔ တံခါးဂ်က္တို ဖြင့္မယ္အလုပ္မွာပဲ ဘားက သိမ့္ခနဲ သိမ့္ခနဲ လႈပ္သြားတာကို သိလိုက္တယ္။ ႐ုတ္တရက္ဆိုေတာ့ ႏိုင္ႀကီး၊ ရင္ထဲ ထိတ္သြားတယ္။ ႏွလုံး ခုန္ေတြေတာင္ ျပန္သြားတယ္။
“ေတာဆင္႐ိုင္းမ်ား ေရာက္လာတာလား”လို႔ ေတြးမိတယ္။ ကားေခါင္းထဲကပဲ အသာၿငိမ္ၿပီး နားစြင့္ေနမိတယ္။ ဘာသံမွ မၾကားရဘူး။
ေတာဆင္႐ိုင္းဆိုရင္ ေျခနင္းသံ၊ ပါးစပ္က တစ္ခုခုကို ဝါးေနသံ စေမာင္းလႈပ္ခတ္သံ၊ တစ္ခုမဟုတ္တစ္ခု ဆူဆူညံညံ ၾကားရမယ္။ ခုေတာ့ ဘာသံမွ မၾကားရဘူး၊ ေတာဆင္႐ိုင္းမျဖစ္ႏိုင္ဘူး။ “ဝက္ဝံႀကီးမ်ားလား …”
ႏိုင္ႀကီး၊ ေနာက္တစ္မ်ိဳးလွည့္ၿပီး စဥ္းစားျပန္တယ္။ပဲခူး႐ိုးမထဲက ဝက္ဝံႀကီးေတြက အေကာင္အႀကီးႀကီးေတြ။ တစ္ခါတစ္ခါ ညဘတ္ကားေမာင္းရင္းေတြ႕ ရတယ္။ကားမီးေရာင္ရဲ႕ ေရွ႕ကေနၿပီး ကားလမ္းအတိုင္း ေလးဘက္ကေန ၾကည့္တယ္ ။ ဘာမွမရွိဘူး။
အစကေတာ့ ဝက္ဝံလို႔ ထင္လိုက္ေသတးတယ္။
ဝတ္ဝံေတြရဲ႕အက်င့္က စူးစမ္းတတ္တယ္။ ကားကိုေတြ႕ လို႔ တြန္းၿပီး လႈပ္ၾကည့္ေနတာမ်ားလား။ ႏိုင္ႀကီးဓားမကို လက္ထဲမွာ တင္းတင္းဆုပ္ကိုင္ၿပီး၊ ကား တံခါးဂ်က္ကို အသံမၾကားေအာင္ ေျဖးေျဖးဖြင့္လိုက္တယ္ …။ၿပီးေတာ့ ေအာက္ကို အသာဆင္း၊
ကားဖရိန္ေအာက္ကိုဝင္ၿပီး ဝပ္လိုက္တယ္။ က်င့္သားရသြားတဲ့ မ်က္လုံးေတြႏွင့္ အေမွာင္ထဲကိုၾကည့္တယ္။ ကားအနီး ပတ္ပတ္လည္မွာ ဘာေကာင္မွ ရွိတာ မေတြ႕ဘူး တင္ထားတဲ့ သစ္လုံးေတြေပၚမ်ား တက္ေနသလား။ ႏိုင္ႀကီး ဘီးဖုံးေပၚကေန အသာအယာတက္ၿပီး သစ္လုံး ေတြေပၚကို ၾကည့္ျပန္တယ္။
“ သစ္လုံးေတြေပၚမွာလည္း ဘာမွမရွိဘူး …။ ကား လႈပ္သြားတာေတာ့ အမွန္ပါ။ဒါမွမဟုတ္၊ ငါမ်ား ထင္ေယာင္ထင္မွား ျဖစ္ေနတာလား ႏိုင္ႀကီးစဥ္းစားလို႔ အေျဖမရကာေၾကာင့္ အသင့္ရွာထားက ထင္းေျခာက္ေတြကို မီးဖိုထဲထည့္တယ္။
မီးေတာက္ေတြ တဝုန္းဝုန္း တက္လာေတာ့မွ ကားေခါင္းက ျပန္ဝင္လိုက္တယ္။သူ႔ မ်က္လုံးေတြေၾကာင္ၿပီး အိပ္ခ်င္စိတ္ေပ်ာက္သြားတယ္။ အဲဒီအခ်ိန္မွာပဲ တေဝါေဝၚ၊ တေျဖာင္းေျဖာင္းနဲ႔ သစ္ပင္ႀကီး ၿပိဳလဲသံကို ၾကားလိုက္ရတယ္။
အသံက သူ႔ပတ္ဝန္းက်င္ကအသံမို႔ ႏိုင္ႀကီး လန႔္သြား တယ္။သစ္ပင္လဲၿပီး ကားေပၚကို ပိက်လာမွာ စိုးလို႔ပါ။ ဒါေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ အသံေတြ တိတ္ဆိတ္သြားတယ္။
“ေတာေခ်ာက္တာလား၊ တကယ္ပဲ သစ္ပင္ႀကီးတစ္ပင္ လဲက်သြားတာလားစဥ္းစားလို႔ပဲရတယ္၊ အေမွာင္ႀကီးထဲမွာဆိုေတာ့ ဘာမွ မျပင္ ရဘူး။ေမွာင္မည္းေနတဲ့ညႀကီးမွာ ေၾကာက္မက္ဖြယ္ ၿငိမ္သက္ျခင္းကျပန္ၿပီး စိုးမိုးသြားတယ္
“အား
အသံနက္ႀကီးႏွင့္ေအာ္လိုက္တဲ့ ေယာက္်ားႀကီးတစ္ေယာက္ရဲ႕အသံကို ႐ုတ္တရက္ ၾကားလိုက္ရျပန္တယ္ …။
ႏိုင္ႀကီး ေခါင္းေမႊးေတြ ေထာင္သြားတယ္။
လန႔္လည္း လန႔္သြားတယ္။နားစြင့္ေနတုန္းမွာပဲ တတင္းတင္းနဲ႔ မခ်ိမဆန႔္ ညည္းတြား၊ေနတဲ့ ေယာက္်ားတစ္ေယာက္ရဲ႕ အသံကိုၾကားရျပန္တယ္။ခဏေနေတာ့ ညည္းညဴသံႀကီး ေပ်ာက္ကြယ္ၿပီး တိတ္ဆိတ္သြားျပန္တယ္ …။အဲဒီတုန္းမွာပဲ ကားက တသိမ့္သိမ့္၊ တသိမ့္သိမ့္နဲ႔ အဆက္မျပတ္ လႈပ္ယမ္းလာတယ္။
ဒီေတာ့မွ ႏိုင္ႀကီး ေတြးမိလိုက္တယ္ …သရဲ ေျခာက္ေနတာပဲ …တကယ္ေတာ့ တေစၦသရဲေတြ နာနာဘဝေတြဆိုတာ ႏိုင္ငံ
အတြက္ အဆန္းမဟုတ္ဘူး
ေၾကာက္စရာ၊ ထိတ္လန႔္ စရာလည္း မဟုတ္ဘူ
ႏိုင္ႀကီးေနတဲ့ ကြန္းေနာက္႐ြာရဲ႕ အေနာက္ဘတ္မွာ အေရးဆိုးတဲ့ က်တ္ကုန္းေျမရွိတယ္။အေၾကာင္းသိသူက ညညဆို မသြားရဲဘူး။အေၾကာင္းမသိသူမသြားရင္လည္း တစ္ခုမဟုတ္ တစ္ခုေတာ့
က်တ္တေစၦေတြကံ ေၾကာက္ေအာင္လန္႔ေအာင္ လုပ္လိုက္တာပဲ။ ႏိုင္ႀကီးက အဲဒီက်တ္ကုန္းေျမမွာ ငွက္ပစ္ေနက်၊ ဖားရွာ ငါးရွာ ထြက္ေနက်။ဒီလိုသြားတဲ့အခါတိုင္းမွာ အေမႊးအမွ်င္ရွည္ရွည္၊ အရပ္အျမင့္ႀကီးေတြႏွင့္ အေကာင္ႀကီးေတြ …။ အရိပ္လိုလို၊ လူလိုလိုသြားလာေနတဲ့အေကာင္းေတြ အမ်ိဳးမ်ိဳးေတြ႕ရႀကဳံရတယ္။
ဒီလိုေတြ႕တဲ့ ႀကဳံတဲ့အခါတိုင္း
“မရွိလို႔ လုပ္ကိုင္စားေသာက္ေနရတာပါ။ မေႏွာက္ယွက္ပါႏွင့္”လို႔ ႏိုင္ႀကီးကေျပာတယ္။မေၾကာက္တတ္တဲ့သူမွန္း သိလို႔လား မဆိုႏိုင္ဘူး။ႏိုင္ႀကီးကို ေျခာက္တာ လွန႔္တာ သိပ္မလုပ္ၾကဘူး။သူ႔လမ္းသူသြား၊ ကိုယ့္လမ္းကိုယ္သြားပဲ။တစ္ခါတစ္ခါ လယ္ကန္သင္းတစ္ခုေပၚမွာ မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး ေရွာင္မိၾကရင္ …
သူတို႔ ကိုယ္လုံးက အေမႊးၾကမ္းၾကမ္းႀကီးေတြႏွင့္ေတာင္ ႏိုင္ႀကီး၊ကို ပြတ္တိုက္မိသြားေသးရဲ႕ .…။
ဆိုရရင္ ႏိုင္ႀကီးက သရဲတေစၦမေျပာႏွင့္။
သရဲသေစၦရဲ႕ အေဖလာလည္း ေၾကာတ္မွာမဟုတ္ဘူး။ခုလည္း ေတာႀကီးမ်က္မည္းထဲမွာ ကားပ်က္တယ္။ကားပ်က္တဲ့ညမွာပဲ သရဲေျခာက္တာ ခံေနရတယ္။ေတာ္ေတာ္ေလးၾကာေတာ့ ကားလႈပ္တာ ရပ္သြားတယ္။အေမွာင္ေလာကႀကီးကလည္း ေခ်ာက္ခ်ားစရာေကာင္းေအာင္ ၿငိမ္က်သြားျပန္တယ္။
ဒါေပမယ့္၊ ႏိုင္ႀကီးရင္ထဲမွာေတာ့ မၿငိမ္ဘူး။ႏွလုံးခုန္စည္းခ်တ္ေတြက တဒုန္းဒုန္း ျမန္ေနတယ္။ဘယ္အခ်ိန္မွာ ဘယ္လိုနည္းႏွင့္ ေျခာက္လွန႔္ ဦးမလဲဆိုတာကိုပဲ ေတြးေတာေနမိတယ္ …။
ဒီလိုႏွင့္ အခ်ိန္ေတာ္ေတာ္ ၾကာသြားျပန္တယ္။
“တိတ္ဆိတ္လြန္းတဲ့ညတ ပိုေၾကာက္စရာေကာင္းသလိုပဲ
လို႔ ႏိုင္ႀကီးေတြးလိုက္မိတယ္။႐ုတ္တရက္ ညႇီပုပ္ပုပ္အနံ႔ႀကီးတစ္ခုကို ေအာ္ဂလီဆန္ေလာကေအာင္ ရႉရႈိက္လိုက္ရတယ္။ႏိုင္ႀကီးၾကက္သီးေမႊးညႇင္း ထသြားတယ္။အပုပ္နံ႔ဆိုတာ တေစၦ သရဲေတြရဲ႕ကိုယ္က ထြက္တဲ့အနံ႔ဆိုတာ ႏိုင္ႀကီးသတိရလိုက္တယ္။
ဒါဆို၊ တေစၦသရဲတစ္ေကာင္ေကာင္ အနီးမွာ ရွိေနၿပီေပါ့။ႏိုင္ႀကီး မ်က္လုံးျပဴးေနေအာင္ၾကည့္ရင္း တတ္သမွ်၊ မွတ္သမွ် တရားစာေတြ ႐ြတ္တယ္ …။အပုပ္နံ႔ႀကီးတေတာ့ ေပ်ာက္မသြားဘဲ ေထာင္းေထာင္းထ
ေအာင္ေတာင္ ပိုၿပီး နံလာတယ္။ညႇီပုပ္နံ႔ႀကီးေၾကာင့္ ႏိုင္ႀကီးပ်ိဳ႕ တက္လာတယ္။မခံႏိုင္တဲ့အဆုံးမွာ ကားတံခါးဖြင့္ၿပီး တေဝါ့ေဝါ့ႏွင့္ အန္ခ် ပစ္လိုက္တယ္။
အခ်ိန္ၾကာၾကာအန္ၿပီးေတာ့ ႏိုင္ႀကီးတစ္ကိုယ္လုံး ႏုံးခ်ိသြား တယ္။မ်က္ႏွာေပၚမွာလည္း ေခြၽးသီးေခြၽးေပါက္ႀကီးေတြႏွင့္။
မ်က္လုံးအျပဴးသားႏွင့္ အသက္ရႉပုံမွန္ျဖစ္ေအာင္ ႀကိဳးစားေနေပမယ့္ သူ႔ ရင္ဘတ္ႀကီးကေတာ့ ဖားဖိုႀကီးလို႔ ဖိုလႈိက္၊ ဖိုလႈိက္ျဖစ္ေနတာ …
အဲဒီအခ်ိန္မွာပဲ
“ဗုန္း … ဗုန္း … ဖုန္း … ဗုန္း …ကားတံခါးကို လာဖုတ္တယ္။ၾကည့္လိုက္ေတာ့လည္း ဘာကိုမွ မေတြ႕ရဘူး။
“တဲ … တေစၦေရ၊ ေျခာက္ခ်င္သလို ေျခာက္ေပေတာ့”လို႔ေျပာၿပီး ႏိုင္ႀကီးမ်တ္စိ စုံမွိတ္ထားလိုက္တယ္။မျမင္ရတဲ့တေစၦေကာင္က ကားတံခါးကို အခ်ိန္ေတာ္ေတာ္ၾကာ တဗုန္းဗုန္း ပုတ္ၿပီးမွ ရပ္သြားတယ္။
ႏိုင္ႀကီး ဒီေတာ့မွ မ်တ္လုံးဖြင့္လိုက္တယ္ …။
“အား
ကားေရွ႕မွန္မွာ ေၾကာက္စရာ ႐ုပ္ပ်က္ဆင္းပ်က္မ်က္ႏွာႀကီးတစ္ခု သူ႔ ့ကိုၾကည့္ေနတယ္။ႏိုင္ႀကီး အသဲေတြ ေျဗာင္းဆန္သြားသလားထင္လိုက္မိတယ္။ဆံပင္စုတ္ဖြားေတြက မ်က္ႏွာေပၚ ဖ႐ိုဖရဲ ဖုံးအုပ္လို႔ …
ေျမမႈန႔္ ေတြ ေပလူးေနတဲ့ မ်က္ႏွာတစ္ခုလုံးမွာ နီညစ္ညစ္ေသြးေတြ ျမင္မေကာင္းေအာင္ ေပက်ံေနတယ္။ပါးစပ္ထဲကလည္း ေသြးေတြ ကပြတ္ပြတ္ အန္က်ေနတယ္ဒဏ္ရာ ရထားတဲ့လူတစ္ေယာက္မ်ားလား …။ႏိုင္ႀကီး ေတြးလိုက္ေသးေပမယ့္ ဒါဟာ လူစင္စစ္ မျဖစ္ ႏိုင္ဘူးဆိုတာလည္း နားလည္လိုက္တယ္။ထူးျခားတာက သူ႔ကိုေျခာက္လွန္ ေနတဲ့ တေစၦရဲ႕ မ်က္လုံးေတြ ႏြမ္းေဖ်ာ့ညႇိဳးငယ္ေနတာကို ႏိုင္ႀကီး သတိျပဳမိလိုက္တယ္။
ခဏေနေတာ့ တေစၦေကာင္က ေနာက္လွည့္ထြက္သြားတယ္။ “ဟင္”
ႏိုင္ႀကီး ႐ုတ္တရက္ လန႔္ ေအာ္မိမတတ္ျဖစ္သြားတယ္။တေစၦေကာင္ရဲ႕ ဦးေခါင္းေနာက္ဘက္ျခမ္း မရွိေတာ့ဘူး။ ပြင့္ေနတဲ့ ဦးေခါင္းခြံထဲက အျဖဴေရာင္ဦးေႏွာက္စေတြ တန္းလန္း ထြက္က်ေနတယ္။ေခါင္းကစီးက်ေနတဲ့ ေသြးေတြကလည္း လည္ဂုတ္ႏွင့္ ေက်ာ ျပင္ေပၚမွာ အသည္းတုန္စရာ ခ်င္းခ်င္းနီရဲလို႔ …။ဒယိမ္းဒယိုင္ႏွင့္ ထြက္သြားတဲ့ တေစၦေကာင္ဟာ သစ္ခုတ္ ျငမ္းစင္ေပၚကို တက္သြားတယ္။
ၿပီးေတာ့ ႏိုင္ႀကီးရွိရာဆီ တစ္ခ်က္လွမ္းၾကည္ၿပီး ျဖတ္ခနဲ ကြယ္ေပ်ာက္သြားတယ္ ….တေစၦျပန္ေပၚလာဦးမလားလို႔ ႏိုင္ႀကီးေစာင့္ၾကည့္ေသးေပမယ့္ လင္းအားႀကီးအခ်ိန္ထိ ျပန္ေပၚမလာေတာ့ဘူး။တစ္ညလုံး၊ အိပ္ေရးပ်က္ခဲ့ရတဲ့ ႏိုင္ႀကီးလည္း၊ အေရွ႕အရပ္က ထြက္လာတဲ့ေရာင္နီပ်ပ်ကိုျပင္မွပဲ အိပ္ေပ်ာ္သြားခဲ့တယ္။
“နာနာဘာဝဆိုတာ အေတြးမေရာက္တဲ့ အျဖစ္ဆန္း၊ အျပ ဆန္းေတြကို အထူးထူး၊ အမ်ိဳးမ်ိဳး ျပတတ္တဲ့အတြက္ နာနာဘာဝ လို႔ ေခၚတာကြယ့္ …။
အမွန္တကယ္ေတာ့ သူတို႔တာ ၿပိတၱာဘုံသားေတြပါ။ သူတို႔ဟာ ႀကီးေအာင္၊ ငယ္ေအာင္၊ ျဖဴေအာင္၊ မည္းေအာင္ ျမင္ေစႏိုင္ၾကတယ္။
သူတို႔ရဲ႕ ခႏၶာကိုယ္ကို ကြယ္ေပ်ာက္ေအာင္လည္း လုပ္ႏိုင္တယ္။ ျမင္ေအာင္လည္း လုပ္ႏိုင္တယ္ကြယ့္။ၿပီးေတာ့ လူေယာင္၊ ျပင္းေယာင္၊ ေခြးေယာင္လည္း ဖန္ဆင္း ႏိုင္ၾကတယ္။ တေစၦက လူကိုေျခာက္လွန႔္ တယ္ဆိုရာမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးရွိတယ္ကြယ့္ဒကာရဲ႕။
ကံနိမ့္လို႔ အေျခာက္ခံရတာ။ စားခ်င္ေသာက္ခ်င္လို႔ ေျခာက္တာ။အကူအညီေတာင္းခ်င္လို႔ ။ေနာက္ခ်င္ေျပာင္ခ်င္လို႔ ။ခ်စ္လို႔ ခင္လို႔ ၊ စြဲလန္းလို႔ စသည္ျဖင့္အမ်ိဳးမ်ိဳးေပါ့ကြယ္ ..။တစ္ခ်ိဳ႕က်ေတာ့လည္း အမွ်အတန္းေဝတာ ခံယူခ်င္လို႔ ဥစၥာပစၥည္းေပးခ်င္လို႔ ေျခာက္တာ။
ဘုရားသံ၊ တရားသံၾကားတဲ့အခါ မ႐ြတ္ေအာင္ေျခာက္တဲ့ အေစ့မ်ိဳးလည္း ရွိတယ္ကြယ့္။ညက ေမာင္ႏိုင္ႀကီးဆီကိုလာတာ ဦးသန္းေအးပဲ ျဖစ္ပါ
အကူအညီေတာင္းခ်င္လို႔ လာတာပဲျဖစ္မွာပါကြယ္ …။ သစ္ပင္ႀကီးပိတာကို စြဲလန္းၿပီး အကူအညီ ေတာင္းတာလား။ အမွ်အတန္းေဝတာကို ခံယူခ်င္လို႔ လားဆိုတာေတာ့ သူကိုယ္ တိုင္မွပဲ သိႏိုင္ေတာ့မယ္ . ဒကာေရ …”
ဆရာေတာ္က ရွင္းျပၿပီး စကားအဆုံးသတ္လိုက္တယ္။ လင္းအားႀကီးမွ အိပ္ရလို႔ ႏွင့္တူရဲ႕ ႏိုင္ႀကီး ေတာ္ေတာ္ႏွင့္မႏိုးဘူး …။
ကားသံေတြ၊ လူသံေတြ ဆူဆူညံညံၾကားမွ လန႔္ႏိုးလာတယ္ …!!ကားႏွင့္ပါလာတဲ့လူေတြထဲမွာ ရဲဝန္ထမ္းေတြႏွင့္ သံဃာေတာ္သုံးပါးကိုပါ ေတြ႕ရတယ္။ဒီေတာ့မွ ႏိုင္ႀကီးလည္း အျဖစ္အပ်က္ အစုံအလင္သိရေတာ့တယ္
ဒီေနရာမွာ …မေန႔ ့က သူတို႔ ကားမေရာက္ခင္ ႏွစ္နာရီေလာက္ေစာၿပီးသစ္ခုတ္ေခါင္းဦးသန္းေအး သစ္ပင္ပိၿပီး ေသခဲ့တာပဲ။ရဲေတြက အခင္း အခင္းျဖစ္ေနရာကို ၾကည့္ရႈစစ္ေဆးမွတ္တမ္းတင္သံဃာေတာ္ေတြကေတာ့ ဦးသန္းေအး ေကာင္းရာမြန္ရာ
ေရာက္ဖို႔ တရားနာအမွ်အတန္းေပးေဝဖို႔ ဦးသန္းေအးရဲ႕ သားခ်င္းေတြက ပင့္လာတာ။သံဃာ သာေတာ္ေတြ တရားေပးေတာ့ ႏိုင္ႀကီးလည္းဝင္ၿပီး တရားနာလိုက္တယ္အမွ်အတန္းေပးေဝၿပီးခ်ိန္မွာ ႏိုင္ႀကီးက
တရားနာ၊ ေရစက္ခ်၊ အမႉး သူေတြ႕ႀကဳံခဲ့ရတာေတြ ဆရာေတာ္ကိုေလွ်ာက္တဲ့အတြက္
တစ္ညလုံး သူေတြ႕ျမင္ခဲ့တာေတြကို ဆရာေတာ္က တေစၦ သရဲ၊ နာနာ ဘာဝေတြအေၾကာင္း ႏိုင္ႀကီးႏွင့္ ပရိသတ္ကို ျပန္ရွင္းျပခဲ့တာ ..
ဒီေတာ့မွ ႏိုင္ႀကီးလည္း ႏြမ္းေဖ်ာ့ညႇိဳးငယ္ေနတဲ့ တေစၦရဲ႕ မ်က္လုံးေတြကို ျပန္ၿပီး အမွတ္ရမိတယ္။ေသကာနီးစြဲလန္းစိတ္ႏွင့္ ဦးသန္းေအးတစ္ေယာက္ ပ်ဥ္းကတိုး ပင္ႀကီးမွာပဲ တေစၦသရဲဘဝႏွင့္ တည္မွီေနခဲ့တယ္။
အေၾကာင္းတိုက္ဆိုင္ခ်င္ေတာ့ ႏိုင္ႀကီးရဲ႕ ကားကလည္း ဒီ ေနရာမွာပဲလာၿပီး ပ်က္ခဲ့တယ္။ဒီလိုႏွင့္ပဲ ဦးသန္းေအးရဲ႕ ဘ၀သစ္ႏွင့္ ႏိုင္ႀကီးတို႔ ၊ တစ္ည လုံး ထိတ္လန႔္ တၾကား ႀကဳံဆုံခဲ့ရတာေပါ့။လုပ္ကိုင္ေဆာင္႐ြက္စရာေတြ အသီးသီး လုပ္ကိုင္ၿပီးေတာ့ အားလုံး ျပန္ဆင္းသြားၾကတယ္။
အခင္းျဖစ္ေနရာမွာ ႏိုင္ႀကီးတစ္ေယာက္ထဲပဲ က်န္ရစ္ခဲ့ျပန္ တယ္။ဒ႐ိုင္ဘာသိန္းလြင္ကေတာ့ မြန္းတည့္ခ်ိန္ထိ ေရာက္မလာ ဘူး …။ညေန၊ ေနဝင္ရီတေရာအခ်ိန္ထိလည္း ျပန္ေရာက္မလာ ေသးဘူး ..။ ေမွ်ာ္မယ့္သာ ေမွ်ာ္ေနရတာပါ။သူတို႔ၿမိဳ႕နယ္ေလးမွာ ဆိုဒ္တူ၊ နံပါတ္တူ၊ ႏွစ္စ္ဝွီးနပ္ရဖို႔ မလြယ္ဘူး။
ေတာင္ငူၿမိဳ႕မွာ ရခ်င္ရ၊ မရရင္ ရန္ကုန္ထိ တက္ဝယ္ရမယ္။ ႏွစ္ညအိပ္ႏွင့္ ျပန္ေရာက္ရင္ ကံေကာင္းပဲ။ အရင္က သူမေၾကာက္ေပမယ့္ အေၾကာင္းစုံသိၿပီးတဲ့ ေနာက္ မွာေတာ့ စိတ္ထဲက လိပ္ျပာငယ္သလို ခံစားေနရတယ္။ဒီေနရာမွာထပ္ၿပီး ညအိပ္ရမယ့္ကိစၥက ႏိုင္ႀကီးအတြက္ ေခ်ာက္ညအိပ္မက္ရွည္ႀကီးကို အထိတ္တလန႔္ မက္ေနရသလို ထင္ေနတယ္ …။
ႏိုင္ႀကီးစိတ္ေတြ ေလးလံေနတယ္။ကားႀကီးကို ဒီအတိုင္း ထားပစ္ခဲ့လို႔ မရတဲ့ဘဝမို႔ ဘာပဲျဖစ္ျဖစ္ သူ၊ ဒီညလည္း ထပ္အိပ္ရပါဦးမယ္။ အေမွာင္ကလည္း တစ္စတစ္စႏွင့္ လႊမ္းၿခဳံလာပါၿပီ …။
“ဦးသန္းေအးေရ၊ ျပဳသမွ်ကုသိုလ္အဝဝကို အမွ်ေပးေဝ ပါတယ္။
သာဓုေခၚၿပီး ဒီေနရာကေန ေဝးရာကိုသာ သြားပါေတာ့
ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)