“နဂါးပတ်တောင်ဝှေး”(စ/ဆုံး)

Unicode Version

“နဂါးပတ်တောင်ဝှေး”(စ/ဆုံး)
————————————–
တောင်ကုန်းတောင်တန်း အဆင့်ဆင့် ရစ်ပတ်ခွေကာ တည်ရှိနေသော တောင်ပေါမြို့လေးတမြို့။
မြူ တွေဆိုင်းကာ အေးချမ်း လှပလွန်းသည့် မှော်ဝင်ပန်ချီကားတချပ် ပမာရှိနေသော ထိုမြို့ လေးအား ပြင်ဦးလွင် ဟုခေါဆိုပါသည်။
တောင်ပေါ်ဒေသ ဖြစ်သည့်အလျောက် တနှစ်ပတ်လုံး ကိုယ်ပိုင် စိုက်ခင်းများသာ လုပ်ကိုင်ကြသည်။ အသီးအနှံစိုက်ခင်းများ၊ ပန်းစိုက်ခင်း များနှင့် ဒေသတခုလုံး ဝေဆာ လှပနေတော့သည်။
ဘုရားစေတီ ပုထိုးများ၊ သဘာဝလှိုင်ဂူများ၊ ရေတံခွန်များ တည်ရှိနေသောကြောင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် အတူခမ်းနားထည်ဝါစွာ ရှိနေတော့သည်။
ရိုးသား ဖြူစင်သည့် တိုင်းရင်းသားများ ပျော်စံရာ ထိုဒေသ လေးအကြောင်းအား စာဖွဲ့ပြ၍ ကုန်နိုင်မည် မဟုတ်ချေ။

” နန်းသီ … …ရေ နန်းသီ ”
“”ဟေ…… ငါဒီဘက်မှာ ဟ။”
ဂန္ဓမာ ပန်းခင်းအတွင်း ပေါင်းမြက်များနှုတ်နေသည့် နန်းသီဆီသို့ ဒိုးညီ ထွန်းကြာ လျှောက်လာခဲ့တော့သည်။
”ရော့ …… နင့်အတွက် ငါရန်ကုန်ကနေဝယ်လာတာ။ နင့်ကြိုက်တဲ့စာအုပ်တွေ”
”ဟယ် ……ကျေးဇူးတင်လိုက်တာ ဒိုးညီရယ်။ နင်ဘယ်တုန်းက ပြန်ရောက်တာလဲ”
”အခုပဲဟ။ အိမ်မှာပစ္စည်းတွေ ဝင်ထားပြီး နင့်ဆီတန်းလာခဲ့တာ”
”ရန်ကုန်မှာပျော်ခဲ့ရဲ့လား။ နင့်အမေအရမ်းဖူးချင်တဲ့ ရွှေတိဂုံဘုရားရော ရောက်ခဲ့ကြလား။”
”ဘုရားအစုံဖူးခဲ့တယ်။အမေကတော့ နောက်ထပ်ဘယ်ခရီးမှ မသွားတော့ဘူးတဲ့။ ကားမစီးနိုင်ဘူးလေဟာ။တလမ်းလုံး အန်နေတာ”
”အေးပေါ့ဟာ …ဒီမှာက ဆိုင်ကယ်နဲ့ပဲ သွားနေကြတာဆိုတော့ ကားဘယ်စီးနိုင်မလဲ။ ကဲ… နင်လဲ ခရီးပန်းလာ တယ်မဟုတ်လား။ပြန်နားတော့ လေ။ ”
”ဒါဆိုငါပြန်မယ် ”
ဒိုးညီ လက်ဆောင်ပေးသော စာအုပ်များကို မပေအောင် ဂရုတစိုက်ကိုင်ရင်း အိမ်ထဲသို့ ပြန်ဝင်ခဲ့လေသည်။ စာဖတ် ရသည်ကိုနှစ်သက်သည့် သူမအား သူငယ်ချင်းများ က စာအုပ်များလက်ဆောင်ပေးတတ်သည်။ သူမအနှစ်သက်ဆုံးစာအုပ်များမှာ ဂမ္ဘီရစာအုပ်များနှင့် နက္ခတရောင်ခြည်စာအုပ်တို့ဖြစ်သည်။
စာအုပ်ထဲ ပါရှိသော ဂမ္ဘီရ ဆန်သည့် ပစ္စည်းများကို စိတ်တဝင်တစားရှိလေသည်။
”အဖေ့ ……ထင်းသွားသယ်ကြရအောင်လေ”
”ထင်းတွေ ကျန်သေးတယ်။နောက်ရက်ကျ မှ သွားကြမယ်နန်းသီ။”
”ဒါဆို သဖန်းသီး သွားခူးမယ်နော်။ မာလာနဲ့ ဒိုးညီထွန်းကြာလည်းပါတယ်။လမ်းကနေ စောင့်နေကြမှာ ”
”အေး……အေး……။ လျိုထဲတွေ မဝင်ကြနဲ့။ နောက်ပြီး အပင်ပေါ် မတတ်နဲ့။ နင်က အပင်မြင်ရင် မျောက်လိုပဲ ။ ခလေး လဲမဟုတ်တော့ ဘူး။ မှာတာ မှတ်မိလား။”
”ဟုတ်ကဲ့။ နန်းသီသွားတော့မယ်နော်။ ”
ခလေးမကျ၊ ၊ လူကြီးမကျ အရွယ်ဖြစ်နေသော နန်းသီသည် သူငယ်ချင်းများဆီသို့ ခုန်ပေါက်ပြေးလွှားသွားလေတော့သည်။
”ကြာလိုက်တာ နန်းသီရယ်။ဘာလုပ်နေတာလဲ”
နန်းသီ အား မာလာမှ ဆီး၍မေးလေတော့သည်။
”မေးမနေနဲ့တော့ မာလာ။နန်းသီ လည်းရောက်လာပြီပဲ။ငါတို့သွားကြမယ်” ဟုဒိုးညီမှ ဝင်ပြောကာ ရှေ့မှ သွားလေတော့သည်။
သူငယ်ချင်းသုံးယောက် အမြဲသွားဖြစ်နေသည့် နေရာ ဖြစ်သော စည်သာချောင်း လေးသို့ ထွက်လာခဲ့ကြလေသည်။
စည်သာချောင်းဟုဆိုသော်လည်း မြောင်းငယ် သဖွယ်လောက်သာရှိသည်။ နွေရာသီတွင် ရေ အနည်းငယ်သာရှိပြီး၊ မိုးရာသီတွင် ချောင်းတွင် ရေလျံကာ ရေစီးသန်လေသည်။
ချောင်း၏ဘေးတဘက် တချက်စီတွင် အပင်မျိုးစုံနှင့် အုံ့ဆိုင်းနေလေသည်။ကျောက်တုံးကျောက်ခဲ ကြီများနှင့် နွယ်ပင်များက စည်သာချောင်းအား အလှဆင်ထားသည်။
သစ်ပင်ကြီးများ ဖြစ်သည့် ရေသဖန်းပင်အများဆုံး ပေါက်ရောက်သည်။ နွယ်ပင်မှတုတ်ခိုင်ကြီးမားသော နွယ်ကြိုးကြီး များသည်လည်း တပင်မှ တပင် တွယ်တန်းနေသောကြောင့် ဒန်းသဖွယ် ဖြစ်နေတော့သည်။
” ဟေး……ပျော်လိုက်တာ။ ငါတို့ဒန်းစီးရတော့မယ်”
မာလာသည် ပျော်ရွှင်စွာ အော်ဟစ်ရင်း နွယ်ပင်တန်းများဆီသို့ ပြေးလေသည်။
”နန်းသီ …… ဒန်းသွားစီးကြမယ်။ငါလ ွှဲပေးမယ်။ ”
သူငယ်ချင်း မလေးနှစ်ယောက်အား ဒန်းစီးစေပြီး ဒိုးညီမှ ဒိုင်ခံ လွှဲပေးနေတော့သည်။
”ငါမစီးတော့ဘူးဒိုးညီ ။ သဖန်းသီးတတ်ခူးတော့မယ်။”
”နန်းသီကလည်း ဒိုးညီရှိနေတာပဲ ။သူတတ်ခူးပေးလိမ့်မယ်။ငါနဲ့ဒန်းအတူတူ စီးနေဟာ”
”ဟုတ်သားပဲ နန်းသီရာ။ ငါခူးပေးမယ်။ ဘယ်လောက်လိုချင်လဲပြော”
”နင်တို့ နှစ်ယောက်ကလဲဟာ။ ငါကိုယ်တိုင်ပဲ သဖန်းသီးတွေခူးချင် တာ။ တတ်ခူးတော့မယ်ဟာ။”
ဒန်းပေါမှ ခုန်ဆင်းကာ သဖန်းပင်ခြေရင်းသို့ နန်းသီးပြေးသွားလေတော့သည်။ ငယ်စဉ်ကတည်းက သစ်ပင်တတ် ကျွမ်းကျင်သော နန်းသီအတွက် အပင်ဘယ်လောက်မြင့်မြင့် တတ်နိုင်သည်။ သဖန်းပင်ကြီး များသည်လည်း လူတဖက်စာခန့်ကြီးမားသည်။အကိုင်းအခက်များဖြင့် ဝေဆာ နေလေသည်။
သစ်ပင်ခြေရင်းရောက်သည်နှင့် လက်အုပ်လေးချီကာ နန်းသီခွင့်တောင်းလေတော့သည်။
”နန်းသီ အပင်ပေါ်တတ်ချင်လို့ပါ။အမှားပါရင် ခွင့်လွှတ်ပါနော်။”ဟု နှုတ်မှ ရေရွှတ်ကာ အပင်ပေါ်တတ်လေတော့သည်။
အပင်အရင်းနားရှိသောအသီးများအား မခူးပဲ ၊အပင်ထိပ်ဖျားနားထိ တတ်လေတော့သည်။ ကိုင်းတကိုင်း၏ ဂွစုံ တွင်ထိုင်ကာ စိတ်ကြိုက် အသီးများခူးလေတော့သည်။ ပါလာသောပုဆိုးအား ကွင်းသိုင်းကာ သဖန်းသီးများ ထည့်ကာ ပြန်ဆင်းလာပါတော့သည်။
”ကျေနပ်ပြီလား နန်းသီ ။အပင်ပေါ်တတ်ရလို့”
မာလာမှ ဆီးမေးလေတော့သည်။ ဒိုးညီကတော့ ဘာစကားမှဝင်မပြောပဲ ကျောက်တုံးပေါ်တွင်သာထိုင်နေလေသည်။
”ကိုယ်တိုင်တတ်ခူးတဲ့အရာသာက ဘာနဲ့မှမတူဘူးဟ။အိမ်ကျရင်သဖန်းသီးကို ရေစိမ် ၊ခရမ်းချည်းသီး ငပိချက်နဲ့ တို့စားလိုက်ရင်၊ တကျွတ်ကျွတ်နဲ့ ။ဘယ်လောက်ထမင်းမြိန်လိုက်မလဲ”
”အေးပါ……နင်ပဲပြောတော့။ ဟိုမှာ ဒိုးညီကိုလည်း သွားချော့လိုက်ဦး။ ”
”ဒိုးညီ ပြန်ကြမယ်လေဟာ။ ဒိုးညီ ……ဒိုးညီ ။နင်ကလည်း စကားပြန်ပြောလေဟာ”
”ငါ့ကိုအခုမှစကားလာမပြောနဲ့နန်းသီ။ နင့်က ငါ့စကားကို နားမထောင်ပဲနဲ့။ နင်ကမိန်းခလေးလေ။ သစ်ပင်တွေပေါ် မတတ်သင့်ဘူး။မတော်တဆ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ငါဘယ်လောက်စိတ်ပူရလဲ နင်သိလား”
”အေးပါဟာ ။နောက်ဆိုမတတ်တော့ဘူး။ဟုတ်ပြီလား။ ကဲ ထတော့ ။ပြန်ကြမယ်။”
သူငယ်ချင်းသုံးယောက် သည် စည်သာချောင်းလေးအား ကျောခိုင်းကာ ပြန်ခဲ့လေတော့သည်။
” နန်းသီ မအိပ်သေးဘူးလား။မီးပိတ်ပြီးအိပ်တော့”
ဂမ္ဘီရ ဆန်သည့် ပစ္စည်းများ၏ အသုံးဝင်ပုံနှင့် ပုံသဏ္ဌန်များကို စိတ်ဝင်တစား ဖတ်နေသည့် နန်းသီ အား မိခင်မှ အိပ်ခိုင်းနေခြင်းဖြစ်သည်။
”ခဏ နေရင် အိပ်တော့မှာမေမေ။ ဒီစာလေးပြီးအောင်ဖတ်မလို့။”
စာအုပ်ထဲတွင်ပါသော ဂမ္ဘီရ ပစ္စည်းများအား အပြင်တွင်မြင်ဖူးချင်သည့် အတွေးဖြင့် နန်းသီ အိပ်ပျော်သွားလေတော့သည်။

ချမ်းအေး သည့် ဆောင်းရာသီသို့ ဝင်ရောက်လာသည့်နှင့် မီးပုံဖိုကာ စကားဝိုင်းဖွဲ့ပြောကြသည်မှာ ဓလေ့တခုလိုဖြစ်နေကြပါသည်။ လရောင် မလင်းတလင်း နှင့် အိမ်ရှေ့တွင် ရေနွေးကြမ်းအိုးချပြီး စကားတွေ ဖောင်ဖွဲ့ရင်း အေးသည့် ဒဏ်ကို မေ့ပျောက်ထားကြလေသည်။
”နန်းသီ ……မနက်ကျရင် အဖေနဲ့ လျိုထဲကို ထင်းလိုက်သယ်ပေး။ နေ့တိုင်းမီးလှုံနေတော့ ထင်းတွေနည်းနေပြီ။”
”အစောကြီးသွားမှာလား အဖေ”
”မသွားခိုင်းပါဘူးအေ။ ညည်း ချောင်းဘက် သွားရမယ်ဆိုတာနဲ့ အစောကြီး သွားချင်ပြီမဟုတ်လား။ ရာသီဥတုက အေးလွန်းတယ်။ မနက် ဆယ်နာရီကျော်လောက်မှသွားကြ”
မိခင်ဖြစ်သူ ဝင်ပြောလိုက်သည်နှင့် နန်းသီ ဇတ်ပုကာ ငြိမ်သွားလေတော့သည်။

နေရောင် ခြည် ထွက်လာသည့်တိုင် နှင်းများ ကျကောင်းနေဆဲဖြစ်သည်။ နန်းသီ တယောက် ဝရိယကောင်းနေသည်။ ထင်းထည့် ရန် ပလိုင်းအား ကြိုးကောင်း ၊မကောင်း စစ်ကြည့်နေသည်။
”အဖေ …… သွားကြမယ်လေ။ ဒီအချိန်သွားရင် အတော်ပါပဲ”
”အစာပြေထမင်းစားသွားလေနန်းသီ။ ”
မီးဖို ချောင်ဘက်မှ မိခင်လှမ်းပြောသည်ကို မကြားချင်ယောင်ဆောင်ကာ ဖခင်ကိုခေါ၍ စည်သာချောင်းဖက်သို့ ထွက်လာခဲ့တော့သည်။
”အဖေ လျိုထဲ မှာထင်းတွေအများကြီးပဲနော်”
”ဟုတ်တယ်။ မိုးတွင်းဘက် ချောင်းရိုးတလျောက် ရေစီး နဲ့မျောလာ တဲ့ အရာတွေမှန်သမျှ ဒီလျိုထဲ စုပြုံပြီးရောက်လာတာပဲ။ အောက်ကိုလည်းကြည့်လျောက်နန်းသီ။ ပုလင်းကွဲတွေ၊ဆူးတွေ ထိုးမိမယ်။”
ဖခင်ဖြစ်သူမှသတိပေးရင်း လျိုထဲရှိ ထင်းခြောက်များ ကောက်ယူ ကာ စုပုံထားလေသည်။
နန်းသီ တယောက် ထင်းခြောက်များလိုက်လံကောက်ယူနေစဉ် ထင်မှတ်မထားသော အရာ ဝတ္ထု တခုအားတွေ့မြင်လိုက်သည်။
”အဖေ ……ဒီမှာကြည့်ပါဦး။ ဝါးတောင်းဝှေးကို”
သူမတွေလိုက်သည့် ဝါးတောင် ဝှေးသည် နဂါး တကောင် အမောက်ထောင် နေသည့် ပုံစံနှင့် အလွန်တူနေသည်။ တောင်ဝှေး အောက်ခြေမှ အပေါထိ ရစ်ပတ် ထားသော နဂါးကိုယ်တွင် ပါရှိသည့် အကြေးခွံ့ များသည်လည်း အသက်ဝင်လှပေသည်။
သက်ရှိနဂါးတကောင် နှင့် အလွန်တူနေသောကြောင့် နန်းသီ စိတ်ထဲတွင် ဂမ္ဘီရ ဆန်သည့် ပစ္စည်း တခုရပြီဟု တွေးကာပျော်နေတော့သည်။
”အဖေ ……တွေ့လား။ဒီတောင်ဝှေးက ထူးခြားတယ်။ သမီးစာအုပ်ထဲမှာ ဖတ်ဖူးတယ်။ဒါက ဂမ္ဘီရ ဆန်တဲ့ တောင်ဝှေးပဲ”
”နန်းသီ…… ညည်းတော့ ခက်တယ်။ စာအုပ်တွေ ဖတ်ပြီး မဟုတ်သုတ်ခ တွေ မတွေးနဲ့။ ဘယ်က မျောလာမှန်း၊ဘာမှန်းမသိတာတွေ လျောက်ကောက်မလာနဲ့။နောက်ပြီး ပျဉ်ချပ်တွေ လည်း မကောက်နဲ့။မယူနဲ့။ အခုဒါကိုပါ ထားခဲ့လိုက်။”
”အဖေကလည်း…… ဒါက ထိုက်တန်သူမှ တွေ့ရတဲ့ ပစ္စည်းမျိုး။သမီးက ယူလာမှာပဲ”
”ညည်းတော့ ပြောရခက်တယ်။ယူလာရင် ငါမီးစိုက်ပြစ်မယ်”
ဖခင် တားနေသည့်တိုင် ဝါးတောင်ဝှေးအား အိမ်သို့ပါအောင် ယူဆောင်လာတော့သည်။ သယ်ဆောင်လာသည့် ထင်းများအား ထင်းပုံပေါသို့ ထပ်တင် ပြီးချိန်တွင် ဝါးတောင် ဝှေးကိုကိုင်ကာ ရေတွင်းဘက်သို့ ထွက်လာခဲ့သည်။

နဂါးပုံသဏ္ဌန်ရှိသည့် ဝါးတောင်ဝှေးအား ရေဖြင့် သေချာဆေးကြော ကာ ဘုရားစင်အောက် နား ရှိ ဒေါက်တိုင်တွင် ချိတ်ထားလိုက်လေသည်။
ထိုသို့ချိတ်ဆွဲထားပြီး နန်းသီ တယောက် အိမ်အလုပ်များအားဝိုင်ကူးရင်နဂါးပတ်တောင်ဝှေးအားမေ့နေတော့သည်။ ညအချိန် ထုံးစံအတိုင်း စကားများ ဝိုင်းဖွဲ့ပြောပြီး ၍ အိမ်ထဲသို့ ပြန်ဝင်ကာ အိပ်ဖို့ပြင်ဆင်ကြလေသည်။
ဘုရားမရှိခိုးရသေး ၍ အိမ်ရှေ့ဘုရားခန်းသို့နန်းသီ ထွက်လာကာ ဘုရားရှိခိုးလေတော့သည်။ ဘုရားရှိခိုးနေစဉ် အိမ်ရှေ့တံခါးမှ လူတယောက်ဝင်လာသည်နန်းသီ သိနေလေသည်။ မြတ်စွာဘုရားအား အာရုံပြု၍ ရှိခိုးနေသော်လည်း ကြက်သီးများထနေသည်။ သတ္တဝါ အပေါင်းအား အမျှပေးဝေချိန်တွင် အနားသို့ လူတယောက် လာထိုင်ကာ သာဓုခေါဆိုနေလေသည်။
ဘုရားရှိခိုးပြီးချိန် တွင် အနားကို မည်သူရောက်နေသည်ကို သိချင်၍နန်းသီ ရှာမိလေသည်။ မည်သူကိုမှ မတွေ့ရသဖြင့် ………
” အဖေနဲ့အမေ ……သမီးဘုရားရှိခိုးတုန်းက သမီးအနားဘယ်သူလာတာလဲ။”
”ဘယ်သူမှမလာပါဘူး။ဘာဖြစ်လို့လဲ”
”ဒါဆို အိမ်ရှေ့တံခါးက ဘယ်သူဝင်လာသေးလဲ။အဖေ အိမ်သာသွားလို့ ပြန်ဝင်လာတာလား”
”ညည်းအဖေ ဘယ်မှမထွက်ဘူး။ဘာတွေကြောင်တောင်တောင် ဖြစ်နေတာလဲနန်းသီ”
မိခင်ဖြစ်သူစကားကြောင့် နန်းသီ စဉ်းစားရခက်နေသည်။ သူမသေချာ သိနေသော်လည်း အနားသို့ မိဘနှစ်ပါး မလာရောက်ခဲ့ဟု ပြောလေသောအခါ သူမအနားသို့ လာရောက်ထိုင်သူ မည်သူဖြစ်မည်ကို တွေးမရဖြစ်နေတော့သည်။
ထိုသို့ ညဘက် ဘုရားရှိခိုးတိုင်း ပုံမှန်မဟုတ်သော ခံစားမှုများ နန်းသီခံစားမိလာသည်။အမျှဝေခါနီး အချိန်တိုင်း မိမိအနားသို့ တစုံတယောက် ရောက်လာကာ သာဓုလာခေါ်နေသည်။
ထိုအချိန်များတွင် နန်းသီရင်ထဲ လှပ်ခနဲ ၊အေးခနဲဖြစ်သွားကာ ကြက်သီးများလည်း ထလာတော့သည်။
သရဲတစ္ဆေတွေ့ရ၍ ကြောက်လန့်သည့် ပုံစံမျိုးနှင့် ကွာခြားသည်။

ငါးရက်မြောက်နေ့တွင် ………
ဘုရားရှိခိုးရန် ဘုရားစင်ရှေ့တွင် နန်းသီထိုင် လိုက်ချိန်တွင်နဂါးပတ်တောင်ဝှေးအား အမှတ်မထင် မြင်လိုက်သည်။ထိုသို့ မြင်လိုက်သည်နှင့် နန်းသီ ကြောက်စိတ်များ တားမရနိုင်ကာ ဘုရားမရှိခိုးဘဲအိပ်ခန်းထဲသို့ ပြေးဝင် လေသည်။ စောင်အားခေါင်းမြီခြုံ ကာ အမည်မသိသည့် ကြောက်လန့်ခြင်းများ ခံစားမိလေသည်။
”သမီး ဘုရားမရှိခိုးဘူးလားကွယ့်”
”နန်းသီ အိမ်ရှေ့၌ထိုင်နေစဉ် အညိုရောင် ယောကီ ဝတ်စုံနှင့် အသက် ငါးဆယ်အရွယ် ဦးလေးကြီးတဦး အား တွေ့လိုက်လေသည်။ဘယ်အချိန် မိမိအနားသို့ ဘယ်လိုရောက်နေသည်ကိုလည်း နန်းသီတယောက် မသိချေ။
ယောကီ ခေါင်းပေါင်း ပေါင်းထားသော်လည်း တပတ်လျိူ လျောင်စတုံး အားမြင်နေရသည်။ တည်ကြည်ခန့်ညားလွန်းသည့် မျက်နှာသွင်ပြင် ရှိသော ထိုပုဂ္ဂို လ်အား အပြင်မှာ တခါမျှမမြင်ဖူးချေ။
”ဦးကြီး ကို သမီး မမြင်ဖူးဘူး။ဦးကြီးက ဘယ်သူလဲဟင်”
”သမီးတော်လေးက ဦးကြီးကို သိပါတယ်။မေ့နေတာဖြစ်မယ်။ သေချာပြန်စဉ်းစားပါဦး”
”သမီးစိတ်ထဲမှာတော့သိနေသလိုပဲ။ သမီးအနားကို ရောက်ရောက်နေတဲ့ သူနဲ့တူသလိုပဲ”
”အိမ်း…အိမ်း …… ဒါတွေထားပါလေ။ဘုရားရှိခိုး ပြီးတိုင်း အမျှ ဝေရင် ဦးကြီးကိုလည်း အမျှဝေပေး။သမီးဘုရားရှိခိုးတိုင်း ဦးကြီးက သာဓုခေါ်နေတာ”
ထိုသို့ ပြောရင်း ဦးကြီးသည်အနားမှ ပျောက်ကွယ်သွားလေသည်။ နန်းသီနှုတ်မှ ဦးကြီး … ဦးကြီး”ဟုခေါ်ကာ အိပ်ယာမှ ရုတ်တရက် လန့်နိုးသွားသည်။
နာရီကြည့်မိသောအခါ မနက်သုံးနာရီသာရှိသေးသည်။ ဆက်အိပ်မပျော်သော်လည်း ကြောက်စိတ်များဝင်လာ၍ စောင်ခြုံထဲ တွင် ကွေးနေမိတော့သည်။
မနက်မိုးလင်းသည်နှင့် အိမ်မက်မက်သည့်အကြောင်းအား မိဘနှစ်ပါးသို့ ပြောပြလိုက်လေသည်။နဂါးပတ်တောင်ဝှေးရောက် လာပြီးချိန်မှ စ၍ ထူးခြားမှုတွေ ကြုံရသည်ကို ပြောပြနေသည်။

”ဒါကြောင့် ညည်းကိုပြောတာပေါ့နန်းသီ။ တွေ့ရာကြုံရာ တွေမယူခဲ့ဖို။ ဒီလိုကိစ္စမျိုးတွေကို အဖေတို့က နားလည်တာလည်းမဟုတ်ဘူး။ ညည်းအဲ့တောင်ဝှေးကို ဘုန်းကြီးကျောင်းကိုသွားလျူ
။ဒါမှမဟုတ် ယူခဲ့တဲ့နေရာမှာသွားပြန်ထား။”
ဖခင်စကားကြောင့် နန်းသီသည် နဂါးပတ်တောင် ဝှေးအား မူလနေရာသို့ သွားပြန်ထားရန် ဆုံးဖြတ်လိုက်သည်။
သူငယ်ချင်းနှစ်ယောက်ကိုအဖော်ခေါ်ကာ စည်သာချောင်းသို့ နောက်တကြိမ် ထပ်ရောက်ခဲ့လေသည်။နဂါးပတ်တောင်ဝှေးအားယူခဲ့သည့်နေရာသို့ ရောက်သောအခါ စိတ်ထဲတွင် အလိုလို ဝမ်းနည်းနေမိသည်။ မထားခဲ့ချင်သော်လည်း တစုံတရာကို ကြောက်လန့်နေသည့် စိတ်ကြောင့် ထားခဲ့ကာ ပြန်ခဲ့ကြလေသည်။

နန်းသီ အိမ်သို့ ပြန်ရောက်ချိန်ထိ စိတ်ထဲ မကောင်းဖြစ်နေရာ နဂါးပတ်တောင်ဝှေး အား ပြန်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူ လိုက်
မည်ဟုအတွေး ဝင်လာပြန်သည်။သူငယ်ချင်းဖြစ်သူ ဒိုးညီ နှင့်မာလာအား ထပ်မံအကူအညီတောင်းကာ နဂါးပတ်တောင်ဝှေးအားသွားပြန်ယူသော်လည်း ………
နန်းသီထားခဲ့သည့် နေရာတွင် နဂါးပတ်တောင်ဝှေး ရှိမနေတော့ချေ။ လျိုထဲတွင် မည်သူမှ ရှိမနေပဲ ပျောက်ဆုံးသွားသည်မှာ အလွန်ထူးဆန်းနေသည်။ နေရာအနှံ့ရှာသော်လည်း နဂါးပတ်တောင်ဝှေးအား မတွေ့ရှိတော့ချေ။
ကြီးမားသည့်ဆုံးရှုံးမှု မျိုး နန်းသီ ခံစားလိုက်ရသည်။အိမ်အပြန်လမ်းတလျောက် နဂါးပတ်တောင်ဝှေးပျောက်ဆုံး မှု ကို စဉ်းစားအဖြေရှာရင်း မျက်ရည်များကျဆင်းလာပါတော့သည်။…………

ပြီးပါပြီ

Zawgyi Version

“နဂါးပတ္ေတာင္ေဝွး”(စ/ဆံုး)
————————————–
ေတာင္ကုန္းေတာင္တန္း အဆင့္ဆင့္ ရစ္ပတ္ေခြကာ တည္ရွိေနေသာ ေတာင္ေပါျမိဳ ႕ေလးတျမိဳ႕။
ျမဴ ေတြဆိုင္းကာ ေအးခ်မ္း လွပလြန္းသည့္ ေမွာ္ဝင္ပန္ခ်ီကားတခ်ပ္ ပမာရွိေနေသာ ထိုျမိဳ့ ေလးအား ျပင္ဦးလြင္ ဟုေခါဆိုပါသည္။
ေတာင္ေပၚေဒသ ျဖစ္သည့္အေလ်ာက္ တနွစ္ပတ္လံုး ကိုယ္ပိုင္ စိုက္ခင္းမ်ားသာ လုပ္ကိုင္ျကသည္။ အသီးအနွံစိုက္ခင္းမ်ား၊ ပန္းစိုက္ခင္း မ်ားနွင့္ ေဒသတခုလံုး ေဝဆာ လွပေနေတာ့သည္။
ဘုရားေစတီ ပုထိုးမ်ား၊ သဘာဝလႈိင္ဂူမ်ား၊ ေရတံခြန္မ်ား တည္ရွိေနေသာေျကာင့္ က်က္သေရ မဂၤလာအေပါင္းနွင့္ အတူခမ္းနားထည္ဝါစြာ ရွိေနေတာ့သည္။
ရိုးသား ျဖူစင္သည့္ တိုင္းရင္းသားမ်ား ေပ်ာ္စံရာ ထိုေဒသ ေလးအေျကာင္းအား စာဖြဲ႕ျပ၍ ကုန္နိုင္မည္ မဟုတ္ေခ်။

” နန္းသီ … …ေရ နန္းသီ ”
“”ေဟ…… ငါဒီဘက္မွာ ဟ။”
ဂႏၶမာ ပန္းခင္းအတြင္း ေပါင္းျမက္မ်ားနႈတ္ေနသည့္ နန္းသီဆီသို ႕ ဒိုးညီ ထြန္းျကာ ေလွ်ာက္လာခဲ႕ေတာ့သည္။
”ေရာ့ …… နင့္အတြက္ ငါရန္ကုန္ကေနဝယ္လာတာ။ နင့္ျကိုက္တဲ႕စာအုပ္ေတြ”
”ဟယ္ ……ေက်းဇူးတင္လိုက္တာ ဒိုးညီရယ္။ နင္ဘယ္တုန္းက ျပန္ေရာက္တာလဲ”
”အခုပဲဟ။ အိမ္မွာပစၥည္းေတြ ဝင္ထားျပီး နင့္ဆီတန္းလာခဲ႕တာ”
”ရန္ကုန္မွာေပ်ာ္ခဲ႕ရဲ႕လား။ နင့္အေမအရမ္းဖူးခ်င္တဲ႕ ေရႊတိဂံုဘုရားေရာ ေရာက္ခဲ႕ျကလား။”
”ဘုရားအစံုဖူးခဲ႕တယ္။အေမကေတာ့ ေနာက္ထပ္ဘယ္ခရီးမွ မသြားေတာ့ဘူးတဲ႕။ ကားမစီးနိုင္ဘူးေလဟာ။တလမ္းလံုး အန္ေနတာ”
”ေအးေပါ့ဟာ …ဒီမွာက ဆိုင္ကယ္နဲ႕ပဲ သြားေနျကတာဆိုေတာ့ ကားဘယ္စီးနိုင္မလဲ။ ကဲ… နင္လဲ ခရီးပန္းလာ တယ္မဟုတ္လား။ျပန္နားေတာ့ ေလ။ ”
”ဒါဆိုငါျပန္မယ္ ”
ဒိုးညီ လက္ေဆာင္ေပးေသာ စာအုပ္မ်ားကို မေပေအာင္ ဂရုတစိုက္ကိုင္ရင္း အိမ္ထဲသို့ ျပန္ဝင္ခဲ႕ေလသည္။ စာဖတ္ ရသည္ကိုနွစ္သက္သည့္ သူမအား သူငယ္ခ်င္းမ်ား က စာအုပ္မ်ားလက္ေဆာင္ေပးတတ္သည္။ သူမအနွစ္သက္ဆံုးစာအုပ္မ်ားမွာ ဂမ႓ီရစာအုပ္မ်ားနွင့္ နကၡတေရာင္ျခည္စာအုပ္တို့ျဖစ္သည္။
စာအုပ္ထဲ ပါရွိေသာ ဂမ႓ီရ ဆန္သည့္ ပစၥည္းမ်ားကို စိတ္တဝင္တစားရွိေလသည္။
”အေဖ ႕ ……ထင္းသြားသယ္ျကရေအာင္ေလ”
”ထင္းေတြ က်န္ေသးတယ္။ေနာက္ရက္က် မွ သြားျကမယ္နန္းသီ။”
”ဒါဆို သဖန္းသီး သြားခူးမယ္ေနာ္။ မာလာနဲ႕ ဒိုးညီထြန္းျကာလည္းပါတယ္။လမ္းကေန ေစာင့္ေနျကမွာ ”
”ေအး……ေအး……။ လ်ိုထဲေတြ မဝင္ျကနဲ႕။ ေနာက္ျပီး အပင္ေပၚ မတတ္နဲ႕။ နင္က အပင္ျမင္ရင္ ေမ်ာက္လိုပဲ ။ ခေလး လဲမဟုတ္ေတာ့ ဘူး။ မွာတာ မွတ္မိလား။”
”ဟုတ္ကဲ႕။ နန္းသီသြားေတာ့မယ္ေနာ္။ ”
ခေလးမက်၊ ၊ လူျကီးမက် အရြယ္ျဖစ္ေနေသာ နန္းသီသည္ သူငယ္ခ်င္းမ်ားဆီသို့ ခုန္ေပါက္ေျပးလႊားသြားေလေတာ့သည္။
”ျကာလိုက္တာ နန္းသီရယ္။ဘာလုပ္ေနတာလဲ”
နန္းသီ အား မာလာမွ ဆီး၍ေမးေလေတာ့သည္။
”ေမးမေနနဲ႕ေတာ့ မာလာ။နန္းသီ လည္းေရာက္လာျပီပဲ။ငါတို့သြားျကမယ္” ဟုဒိုးညီမွ ဝင္ေျပာကာ ေရွ့မွ သြားေလေတာ့သည္။
သူငယ္ခ်င္းသံုးေယာက္ အျမဲသြားျဖစ္ေနသည့္ ေနရာ ျဖစ္ေသာ စည္သာေခ်ာင္း ေလးသို့ ထြက္လာခဲ႕ျကေလသည္။
စည္သာေခ်ာင္းဟုဆိုေသာ္လည္း ေျမာင္းငယ္ သဖြယ္ေလာက္သာရွိသည္။ ေႏြရာသီတြင္ ေရ အနည္းငယ္သာရွိျပီး၊ မိုးရာသီတြင္ ေခ်ာင္းတြင္ ေရလ်ံကာ ေရစီးသန္ေလသည္။
ေခ်ာင္း၏ေဘးတဘက္ တခ်က္စီတြင္ အပင္မ်ိုးစံုနွင့္ အုံ႕ဆိုင္းေနေလသည္။ေက်ာက္တံုးေက်ာက္ခဲ ျကီမ်ားနွင့္ ႏြယ္ပင္မ်ားက စည္သာေခ်ာင္းအား အလွဆင္ထားသည္။
သစ္ပင္ျကီးမ်ား ျဖစ္သည့္ ေရသဖန္းပင္အမ်ားဆံုး ေပါက္ေရာက္သည္။ ႏြယ္ပင္မွတုတ္ခိုင္ျကီးမားေသာ ႏြယ္ျကိုးျကီး မ်ားသည္လည္း တပင္မွ တပင္ တြယ္တန္းေနေသာေျကာင့္ ဒန္းသဖြယ္ ျဖစ္ေနေတာ့သည္။
” ေဟး……ေပ်ာ္လိုက္တာ။ ငါတို့ဒန္းစီးရေတာ့မယ္”
မာလာသည္ ေပ်ာ္ရႊင္စြာ ေအာ္ဟစ္ရင္း ႏြယ္ပင္တန္းမ်ားဆီသို့ ေျပးေလသည္။
”နန္းသီ …… ဒန္းသြားစီးျကမယ္။ငါလ ႊဲေပးမယ္။ ”
သူငယ္ခ်င္း မေလးနွစ္ေယာက္အား ဒန္းစီးေစျပီး ဒိုးညီမွ ဒိုင္ခံ လႊဲေပးေနေတာ့သည္။
”ငါမစီးေတာ့ဘူးဒိုးညီ ။ သဖန္းသီးတတ္ခူးေတာ့မယ္။”
”နန္းသီကလည္း ဒိုးညီရွိေနတာပဲ ။သူတတ္ခူးေပးလိမ့္မယ္။ငါနဲ့ဒန္းအတူတူ စီးေနဟာ”
”ဟုတ္သားပဲ နန္းသီရာ။ ငါခူးေပးမယ္။ ဘယ္ေလာက္လိုခ်င္လဲေျပာ”
”နင္တို့ နွစ္ေယာက္ကလဲဟာ။ ငါကိုယ္တိုင္ပဲ သဖန္းသီးေတြခူးခ်င္ တာ။ တတ္ခူးေတာ့မယ္ဟာ။”
ဒန္းေပါမွ ခုန္ဆင္းကာ သဖန္းပင္ေျခရင္းသို့ နန္းသီးေျပးသြားေလေတာ့သည္။ ငယ္စဥ္ကတည္းက သစ္ပင္တတ္ က်ြမ္းက်င္ေသာ နန္းသီအတြက္ အပင္ဘယ္ေလာက္ျမင့္ျမင့္ တတ္နိုင္သည္။ သဖန္းပင္ျကီး မ်ားသည္လည္း လူတဖက္စာခန့္ျကီးမားသည္။အကိုင္းအခက္မ်ားျဖင့္ ေဝဆာ ေနေလသည္။
သစ္ပင္ေျခရင္းေရာက္သည္နွင့္ လက္အုပ္ေလးခ်ီကာ နန္းသီခြင့္ေတာင္းေလေတာ့သည္။
”နန္းသီ အပင္ေပၚတတ္ခ်င္လို့ပါ။အမွားပါရင္ ခြင့္လႊတ္ပါေနာ္။”ဟု နႈတ္မွ ေရရႊတ္ကာ အပင္ေပၚတတ္ေလေတာ့သည္။
အပင္အရင္းနားရွိေသာအသီးမ်ားအား မခူးပဲ ၊အပင္ထိပ္ဖ်ားနားထိ တတ္ေလေတာ့သည္။ ကိုင္းတကိုင္း၏ ဂြစံု တြင္ထိုင္ကာ စိတ္ျကိုက္ အသီးမ်ားခူးေလေတာ့သည္။ ပါလာေသာပုဆိုးအား ကြင္းသိုင္းကာ သဖန္းသီးမ်ား ထည့္ကာ ျပန္ဆင္းလာပါေတာ့သည္။
”ေက်နပ္ျပီလား နန္းသီ ။အပင္ေပၚတတ္ရလို့”
မာလာမွ ဆီးေမးေလေတာ့သည္။ ဒိုးညီကေတာ့ ဘာစကားမွဝင္မေျပာပဲ ေက်ာက္တံုးေပၚတြင္သာထိုင္ေနေလသည္။
”ကိုယ္တိုင္တတ္ခူးတဲ႕အရာသာက ဘာနဲ႕မွမတူဘူးဟ။အိမ္က်ရင္သဖန္းသီးကို ေရစိမ္ ၊ခရမ္းခ်ည္းသီး ငပိခ်က္နဲ႕ တို့စားလိုက္ရင္၊ တက်ြတ္က်ြတ္နဲ႕ ။ဘယ္ေလာက္ထမင္းျမိန္လိုက္မလဲ”
”ေအးပါ……နင္ပဲေျပာေတာ့။ ဟိုမွာ ဒိုးညီကိုလည္း သြားေခ်ာ့လိုက္ဦး။ ”
”ဒိုးညီ ျပန္ျကမယ္ေလဟာ။ ဒိုးညီ ……ဒိုးညီ ။နင္ကလည္း စကားျပန္ေျပာေလဟာ”
”ငါ့ကိုအခုမွစကားလာမေျပာနဲ႕နန္းသီ။ နင့္က ငါ့စကားကို နားမေထာင္ပဲနဲ႕။ နင္ကမိန္းခေလးေလ။ သစ္ပင္ေတြေပၚ မတတ္သင့္ဘူး။မေတာ္တဆ ျပုတ္က်ရင္ ဘယ္လိုလုပ္မလဲ။ငါဘယ္ေလာက္စိတ္ပူရလဲ နင္သိလား”
”ေအးပါဟာ ။ေနာက္ဆိုမတတ္ေတာ့ဘူး။ဟုတ္ျပီလား။ ကဲ ထေတာ့ ။ျပန္ျကမယ္။”
သူငယ္ခ်င္းသံုးေယာက္ သည္ စည္သာေခ်ာင္းေလးအား ေက်ာခိုင္းကာ ျပန္ခဲ႕ေလေတာ့သည္။
” နန္းသီ မအိပ္ေသးဘူးလား။မီးပိတ္ျပီးအိပ္ေတာ့”
ဂမၻီရ ဆန္သည့္ ပစၥည္းမ်ား၏ အသံုးဝင္ပံုနွင့္ ပံုသဏၭန္မ်ားကို စိတ္ဝင္တစား ဖတ္ေနသည့္ နန္းသီ အား မိခင္မွ အိပ္ခိုင္းေနျခင္းျဖစ္သည္။
”ခဏ ေနရင္ အိပ္ေတာ့မွာေမေမ။ ဒီစာေလးျပီးေအာင္ဖတ္မလို့႕။”
စာအုပ္ထဲတြင္ပါေသာ ဂမ႓ီရ ပစၥည္းမ်ားအား အျပင္တြင္ျမင္ဖူးခ်င္သည့္ အေတြးျဖင့္ နန္းသီ အိပ္ေပ်ာ္သြားေလေတာ့သည္။

ခ်မ္းေအး သည့္ ေဆာင္းရာသီသို့ ဝင္ေရာက္လာသည့္နွင့္ မီးပံုဖိုကာ စကားဝိုငး္ဖြဲ႕ေျပာျကသည္မွာ ဓေလ့တခုလိုျဖစ္ေနျကပါသည္။ လေရာင္ မလင္းတလင္း နွင့္ အိမ္ေရွ့တြင္ ေရေႏြးျကမ္းအိုးခ်ျပီး စကားေတြ ေဖာင္ဖြဲ႕ရင္း ေအးသည့္ ဒဏ္ကို ေမ့ေပ်ာက္ထားျကေလသည္။
”နန္းသီ ……မနက္က်ရင္ အေဖနဲ႕ လ်ိုထဲကို ထင္းလိုက္သယ္ေပး။ ေန့တိုင္းမီးလႈံေနေတာ့ ထင္းေတြနည္းေနျပီ။”
”အေစာျကီးသြားမွာလား အေဖ”
”မသြားခိုင္းပါဘူးေအ။ ညည္း ေခ်ာင္းဘက္ သြားရမယ္ဆိုတာနဲ႕ အေစာျကီး သြားခ်င္ျပီမဟုတ္လား။ ရာသီဥတုက ေအးလြန္းတယ္။ မနက္ ဆယ္နာရီေက်ာ္ေလာက္မွသြားျက”
မိခင္ျဖစ္သူ ဝင္ေျပာလိုက္သည္နွင့္ နန္းသီ ဇတ္ပုကာ ျငိမ္သြားေလေတာ့သည္။

ေနေရာင္ ျခည္ ထြက္လာသည့္တိုင္ နွင္းမ်ား က်ေကာင္းေနဆဲျဖစ္သည္။ နန္းသီ တေယာက္ ဝရိယေကာင္းေနသည္။ ထင္းထည့္ ရန္ ပလိုင္းအား ျကိုးေကာင္း ၊မေကာင္း စစ္ျကည့္ေနသည္။
”အေဖ …… သြားျကမယ္ေလ။ ဒီအခ်ိန္သြားရင္ အေတာ္ပါပဲ”
”အစာေျပထမင္းစားသြားေလနန္းသီ။ ”
မီးဖို ေခ်ာင္ဘက္မွ မိခင္လွမ္းေျပာသည္ကို မျကားခ်င္ေယာင္ေဆာင္ကာ ဖခင္ကိုေခါ၍ စည္သာေခ်ာင္းဖက္သို့ ထြက္လာခဲ႕ေတာ့သည္။
”အေဖ လ်ိုထဲ မွာထင္းေတြအမ်ားျကီးပဲေနာ္”
”ဟုတ္တယ္။ မိုးတြင္းဘက္ ေခ်ာင္းရိုးတေလ်ာက္ ေရစီး နဲ႕ေမ်ာလာ တဲ႕ အရာေတြမွန္သမ်ွ ဒီလ်ိုထဲ စုျပံုျပီးေရာက္လာတာပဲ။ ေအာက္ကိုလည္းျကည့္ေလ်ာက္နန္းသီ။ ပုလင္းကြဲေတြ၊ဆူးေတြ ထိုးမိမယ္။”
ဖခင္ျဖစ္သူမွသတိေပးရင္း လ်ိုထဲရွိ ထင္းေျခာက္မ်ား ေကာက္ယူ ကာ စုပံုထားေလသည္။
နန္းသီ တေယာက္ ထင္းေျခာက္မ်ားလိုက္လံေကာက္ယူေနစဥ္ ထင္မွတ္မထားေသာ အရာ ဝတၳဳ တခုအားေတြ႕ျမင္လိုက္သည္။
”အေဖ ……ဒီမွာျကည့္ပါဦး။ ဝါးေတာင္းေဝွးကို”
သူမေတြလိုက္သည့္ ဝါးေတာင္ ေဝွးသည္ နဂါး တေကာင္ အေမာက္ေထာင္ ေနသည့္ ပံုစံနွင့္ အလြန္တူေနသည္။ ေတာင္ေဝွး ေအာက္ေျခမွ အေပါထိ ရစ္ပတ္ ထားေသာ နဂါးကိုယ္တြင္ ပါရွိသည့္ အေျကးခြ႕ံ မ်ားသည္လည္း အသက္ဝင္လွေပသည္။
သက္ရွိနဂါးတေကာင္ နွင့္ အလြန္တူေနေသာေျကာင့္ နန္းသီ စိတ္ထဲတြင္ ဂမ႓ီရ ဆန္သည့္ ပစၥည္း တခုရျပီဟု ေတြးကာေပ်ာ္ေနေတာ့သည္။
”အေဖ ……ေတြ႕လား။ဒီေတာင္ေဝွးက ထူးျခားတယ္။ သမီးစာအုပ္ထဲမွာ ဖတ္ဖူးတယ္။ဒါက ဂမၻီရ ဆန္တဲ႕ ေတာင္ေဝွးပဲ”
”နန္းသီ…… ညည္းေတာ့ ခက္တယ္။ စာအုပ္ေတြ ဖတ္ျပီး မဟုတ္သုတ္ခ ေတြ မေတြးနဲ႕။ ဘယ္က ေမ်ာလာမွန္း၊ဘာမွန္းမသိတာေတြ ေလ်ာက္ေကာက္မလာနဲ႕။ေနာက္ျပီး ပ်ဥ္ခ်ပ္ေတြ လည္း မေကာက္နဲ႕။မယူနဲ႕။ အခုဒါကိုပါ ထားခဲ႕လိုက္။”
”အေဖကလည္း…… ဒါက ထိုက္တန္သူမွ ေတြ႕ရတဲ႕ ပစၥည္းမ်ိုး။သမီးက ယူလာမွာပဲ”
”ညည္းေတာ့ ေျပာရခက္တယ္။ယူလာရင္ ငါမီးစိုက္ျပစ္မယ္”
ဖခင္ တားေနသည့္တိုင္ ဝါးေတာင္ေဝွးအား အိမ္သို့ပါေအာင္ ယူေဆာင္လာေတာ့သည္။ သယ္ေဆာင္လာသည့္ ထင္းမ်ားအား ထင္းပံုေပါသို ့ ထပ္တင္ ျပီးခ်ိန္တြင္ ဝါးေတာင္ ေဝွးကိုကိုင္ကာ ေရတြင္းဘက္သို့ ထြက္လာခဲ႕သည္။

နဂါးပံုသဏၭန္ရွိသည့္ ဝါးေတာင္ေဝွးအား ေရျဖင့္ ေသခ်ာေဆးေျကာ ကာ ဘုရားစင္ေအာက္ နား ရွိ ေဒါက္တိုင္တြင္ ခ်ိတ္ထားလိုက္ေလသည္။
ထိုသို ့ခ်ိတ္ဆြဲထားျပီး နန္းသီ တေယာက္ အိမ္အလုပ္မ်ားအားဝိုင္ကူးရင္နဂါးပတ္ေတာင္ေဝွးအားေမ့ေနေတာ့သည္။ ညအခ်ိန္ ထံုးစံအတိုင္း စကားမ်ား ဝိုင္းဖြဲ့ေျပာျပီး ၍ အိမ္ထဲသို့ ျပန္ဝင္ကာ အိပ္ဖို့ျပင္ဆင္ျကေလသည္။
ဘုရားမရွိခိုးရေသး ၍ အိမ္ေရွ့ဘုရားခန္းသို ့နန္းသီ ထြက္လာကာ ဘုရားရွိခိုးေလေတာ့သည္။ ဘုရားရွိခိုးေနစဥ္ အိမ္ေရွ့တံခါးမွ လူတေယာက္ဝင္လာသည္နန္းသီ သိေနေလသည္။ ျမတ္စြာဘုရားအား အာရံုျပု၍ ရွိခိုးေနေသာ္လည္း ျကက္သီးမ်ားထေနသည္။ သတၲဝါ အေပါင္းအား အမ်ွေပးေဝခ်ိန္တြင္ အနားသို့ လူတေယာက္ လာထိုင္ကာ သာဓုေခါဆိုေနေလသည္။
ဘုရားရွိခိုးျပီးခ်ိန္ တြင္ အနားကို မည္သူေရာက္ေနသည္ကို သိခ်င္၍နန္းသီ ရွာမိေလသည္။ မည္သူကိုမွ မေတြ႕ရသျဖင့္ ………
” အေဖနဲ႕အေမ ……သမီးဘုရားရွိခိုးတုန္းက သမီးအနားဘယ္သူလာတာလဲ။”
”ဘယ္သူမွမလာပါဘူး။ဘာျဖစ္လို့လဲ”
”ဒါဆို အိမ္ေရွ့တံခါးက ဘယ္သူဝင္လာေသးလဲ။အေဖ အိမ္သာသြားလို့ ျပန္ဝင္လာတာလား”
”ညည္းအေဖ ဘယ္မွမထြက္ဘူး။ဘာေတြေျကာင္ေတာင္ေတာင္ ျဖစ္ေနတာလဲနန္းသီ”
မိခင္ျဖစ္သူစကားေျကာင့္ နန္းသီ စဥ္းစားရခက္ေနသည္။ သူမေသခ်ာ သိေနေသာ္လည္း အနားသို့ မိဘနွစ္ပါး မလာေရာက္ခဲ႕ဟု ေျပာေလေသာအခါ သူမအနားသို့ လာေရာက္ထိုင္သူ မည္သူျဖစ္မည္ကို ေတြးမရျဖစ္ေနေတာ့သည္။
ထိုသို့ ညဘက္ ဘုရားရွိခိုးတိုင္း ပံုမွန္မဟုတ္ေသာ ခံစားမႈမ်ား နန္းသီခံစားမိလာသည္။အမ်ွေဝခါနီး အခ်ိန္တိုင္း မိမိအနားသို့ တစံုတေယာက္ ေရာက္လာကာ သာဓုလာေခၚေနသည္။
ထိုအခ်ိန္မ်ားတြင္ နန္းသီရင္ထဲ လွပ္ခနဲ ၊ေအးခနဲျဖစ္သြားကာ ျကက္သီးမ်ားလည္း ထလာေတာ့သည္။
သရဲတေစၧေတြ႕ရ၍ ေျကာက္လန့္သည့္ ပံုစံမ်ိုးနွင့္ ကြာျခားသည္။

ငါးရက္ေျမာက္ေန့တြင္ ………
ဘုရားရွိခိုးရန္ ဘုရားစင္ေရွ့တြင္ နန္းသီထိုင္ လိုက္ခ်ိန္တြင္နဂါးပတ္ေတာင္ေဝွးအား အမွတ္မထင္ ျမင္လိုက္သည္။ထိုသို့ ျမင္လိုက္သည္နွင့္ နန္းသီ ေျကာက္စိတ္မ်ား တားမရနိုင္ကာ ဘုရားမရွိခိုးဘဲအိပ္ခန္းထဲသို့ ေျပးဝင္ ေလသည္။ ေစာင္အားေခါင္းျမီျခံု ကာ အမည္မသိသည့္ ေျကာက္လန့္ျခင္းမ်ား ခံစားမိေလသည္။
”သမီး ဘုရားမရွိခိုးဘူးလားကြယ့္”
”နန္းသီ အိမ္ေရွ့၌ထိုင္ေနစဥ္ အညိုေရာင္ ေယာကီ ဝတ္စံုနွင့္ အသက္ ငါးဆယ္အရြယ္ ဦးေလးျကီးတဦး အား ေတြ႕လိုက္ေလသည္။ဘယ္အခ်ိန္ မိမိအနားသို့ ဘယ္လိုေရာက္ေနသည္ကိုလည္း နန္းသီတေယာက္ မသိေခ်။
ေယာကီ ေခါင္းေပါင္း ေပါင္းထားေသာ္လည္း တပတ္လ်ိူ ေလ်ာင္စတံုး အားျမင္ေနရသည္။ တည္ျကည္ခန့္ညားလြန္းသည့္ မ်က္နွာသြင္ျပင္ ရွိေသာ ထိုပုဂၢိဳ လ္အား အျပင္မွာ တခါမ်ွမျမင္ဖူးေခ်။
”ဦးျကီး ကို သမီး မျမင္ဖူးဘူး။ဦးျကီးက ဘယ္သူလဲဟင္”
”သမီးေတာ္ေလးက ဦးျကီးကို သိပါတယ္။ေမ့ေနတာျဖစ္မယ္။ ေသခ်ာျပန္စဥ္းစားပါဦး”
”သမီးစိတ္ထဲမွာေတာ့သိေနသလိုပဲ။ သမီးအနားကို ေရာက္ေရာက္ေနတဲ႕ သူနဲ႕တူသလိုပဲ”
”အိမ္း…အိမ္း …… ဒါေတြထားပါေလ။ဘုရားရွိခိုး ျပီးတိုင္း အမ်ွ ေဝရင္ ဦးျကီးကိုလည္း အမ်ွေဝေပး။သမီးဘုရားရွိခိုးတိုင္း ဦးျကီးက သာဓုေခၚေနတာ”
ထိုသို့ ေျပာရင္း ဦးျကီးသည္အနားမွ ေပ်ာက္ကြယ္သြားေလသည္။ နန္းသီနႈတ္မွ ဦးျကီး … ဦးျကီး”ဟုေခၚကာ အိပ္ယာမွ ရုတ္တရက္ လန့္နိုးသြားသည္။
နာရီျကည့္မိေသာအခါ မနက္သံုးနာရီသာရွိေသးသည္။ ဆက္အိပ္မေပ်ာ္ေသာ္လည္း ေျကာက္စိတ္မ်ားဝင္လာ၍ ေစာင္ျခံုထဲ တြင္ ေကြးေနမိေတာ့သည္။
မနက္မိုးလင္းသည္နွင့္ အိမ္္မက္မက္သည့္အေျကာင္းအား မိဘနွစ္ပါးသို့ ေျပာျပလိုက္ေလသည္။နဂါးပတ္ေတာင္ေဝွးေရာက္ လာျပီးခ်ိန္မွ စ၍ ထူးျခားမႈေတြ ျကံုရသည္ကို ေျပာျပေနသည္။

”ဒါေျကာင့္ ညည္းကိုေျပာတာေပါ့နန္းသီ။ ေတြ႕ရာျကံုရာ ေတြမယူခဲ႕ဖို။ ဒီလိုကိစၥမ်ိုးေတြကို အေဖတို့က နားလည္တာလည္းမဟုတ္ဘူး။ ညည္းအဲ႕ေတာင္ေဝွးကို ဘုန္းျကီးေက်ာင္းကိုသြားလ်ဴ
။ဒါမွမဟုတ္ ယူခဲ႕တဲ႕ေနရာမွာသြားျပန္ထား။”
ဖခင္စကားေျကာင့္ နန္းသီသည္ နဂါးပတ္ေတာင္ ေဝွးအား မူလေနရာသို့ သြားျပန္ထားရန္ ဆံုးျဖတ္လိုက္သည္။
သူငယ္ခ်င္းနွစ္ေယာက္ကိုအေဖာ္ေခၚကာ စည္သာေခ်ာင္းသို့ ေနာက္တျကိမ္ ထပ္ေရာက္ခဲ႕ေလသည္။နဂါးပတ္ေတာင္ေဝွးအားယူခဲ႕သည့္ေနရာသို့ ေရာက္ေသာအခါ စိတ္ထဲတြင္ အလိုလို ဝမ္းနည္းေနမိသည္။ မထားခဲ႕ခ်င္ေသာ္လည္း တစံုတရာကို ေျကာက္လန့္ေနသည့္ စိတ္ေျကာင့္ ထားခဲ့ကာ ျပန္ခဲ့ျကေလသည္။

နန္းသီ အိမ္သို့ ျပန္ေရာက္ခ်ိန္ထိ စိတ္ထဲ မေကာင္းျဖစ္ေနရာ နဂါးပတ္ေတာင္ေဝွး အား ျပန္ယူ၍ ဘုန္းျကီးေက်ာင္းသို့ လွဴ လိုက္
မည္ဟုအေတြး ဝင္လာျပန္သည္။သူငယ္ခ်င္းျဖစ္သူ ဒိုးညီ ႏွင့္မာလာအား ထပ္မံအကူအညီေတာင္းကာ နဂါးပတ္ေတာင္ေဝွးအားသြားျပန္ယူေသာ္လည္း ………
နန္းသီထားခဲ႕သည့္ ေနရာတြင္ နဂါးပတ္ေတာင္ေဝွး ရွိမေနေတာ့ေခ်။ လ်ိုထဲတြင္ မည္သူမွ ရွိမေနပဲ ေပ်ာက္ဆံုးသြားသည္မွာ အလြန္ထူးဆန္းေနသည္။ ေနရာအနွ့ံရွာေသာ္လည္း နဂါးပတ္ေတာင္ေဝွးအား မေတြ႕ရွိေတာ့ေခ်။
ျကီးမားသည့္ဆံုးရႈံးမႈ မ်ိုး နန္းသီ ခံစားလိုက္ရသည္။အိမ္အျပန္လမ္းတေလ်ာက္ နဂါးပတ္ေတာင္ေဝွးေပ်ာက္ဆံုး မႈ ကို စဥ္းစားအေျဖရွာရင္း မ်က္ရည္မ်ားက်ဆင္းလာပါေတာ့သည္။…………

ျပီးပါျပီ