“တားမြစ်ရေကန်”(စ/ဆုံး)
Unicode Version
“တားမြစ်ရေကန်”(စ/ဆုံး)
———————————
ကျွန်မနာမည် စိုးစိုးအိ ဆယ်တန်းကျောင်းသူလေးပါ မနက်ဖြန် စာမေးပွဲကြီး ဖြေတော့မှာမို့ ကျွန်မလုပ်နေကျဖြစ်တဲ့ ဘုရားဝတ်လာပြီး ဆီမီးပန်းအစုံနှင့် တရားဘာဝါနာပွားပြီး စာမေးပွဲကြီးအောင်ဖို့ဆုတောင်း ပြုလုပ်ခြင်းဖြစ်သည်…
ဘုရားဝတ်ပြုပြီး ကျွန်မစာကျက်ဖို့ ထိုင်နေကျနေရာဖြစ်တဲ့ စောင်းတန်းလေးမှာ သွားထိုင်လိုက်၏…
သစ်ရိပ်ဝါးရိပ်အောက်မို့ အရမ်းကိုအေးချမ်းလှသည်…
စောင်းတန်းရဲ့ ခပ်လှမ်းလှမ်းမှ ဘယ်ဘက်ခြမ်းမှ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်းရှိပြီး ညာဘက်ခြမ်းမှ ကြာငါးမျိုးရှိသော ရေကန်ကြီးတစ်ကန်ရှိ၏…
ကျွန်မစာကျက်နေရင်းမှ အသံတစ်သံကို ကြားရလေသည်…
သေသေချာချာ နားစွင့်ထောင်ကြည့်တော့ မိန်းကလေးအသံဖြစ်ပြီး အကူအညီ တောင်းနေခြင်းဖြစ်၏…
,,ကယ်ကြပါဦး….ကယ်ကြပါဦး….ကယ်ကြပါဦးရှင်…ကျွန်မကိုကယ်ကြပါဦး….,,
,,ဟင်…ဒီအသံက ဘယ်ကနေလာပါလိမ့်…,,
,,ကယ်ကြပါဦး…ကယ်ကြပါဦးရှင်….ကျွန်မကိုကယ်ပေးကြပါ….,,
ကျွန်မသေချာစွာ နားစွင့်ထောင်တော့ အသံက ညာဘက်ခြမ်းမှ လာနေခြင်းဖြစ်သည်….
ကျွန်မအသံလာရာ ညာဘက်ခြမ်းကို လမ်းလျှောက်သွားပြီး အသံပိုင်ရှင်ကို လိုက်ရှာလိုက်၏….
,,ကယ်ကြပါဦး…ကျွန်မဒီမှာပါ….,,
,,ဟင်…မိန်းကလေးတစ်ယောက် ရေနစ်နေပါလား…ငါတစ်ယောက်ယောက်ကို အကူအညီတောင်းမှပဲလေ…,,
,,ကယ်ကြပါဦး ဒီမှာမိန်းကလေး တစ်ယောက်ရေနစ်နေလို့ ဘယ်သူတွေရှိလဲ ကယ်ကြပါ…,,
ကျွန်မမည်သို့ပင် အော်၍အကူအညီ တောင်းနေပေမယ့် သည်နားတဝိုက်မှာ မည်သူမှမရှိ ကျွန်မကိုယ်တိုင်ကလည်း ရေမကူးတတ် ရေကန်ထဲမှ အမျိုးသမီးကလည်း မြုတ်လုဆဲဆဲဖြစ်နေလေပြီ…
ကျွန်မဘာမှမတွေးတော့ပဲ ရေကန်ထဲက အမျိုးသမီးကိုကယ်ဖို့ ရေထဲခုန်ချဖို လုပ်နေချိန် ဘုန်းဘုန်က ကျွန်မအနားသို ရောက်လာလေသည်…
,,ဒကာမလေး ဘာလုပ်မလို့တုန်းကွဲ့…,,
,,ရေကန်ထဲမှာ လူတစ်ယောက်ရေနစ်နေတာ ဆင်းကယ်မလို့ပါဘုရား…,,
,,ဘယ်မှာတုန်းကွဲ့…,,
,,ဟိုမှာပါ…,,
ကျွန်မဘုန်းဘုန်းကို ညွန်ပြတော့ ခုနက ရေနစ်နေသော မိန်းကလေးမရှိတော့ပေ…
,,ဟင်…မရှိတော့ပါလား…သူမြုတ်သွားပြီထင်တယ်…,,
,,ခုနက ဒကာမလေးတွေ့တဲ့ ရေနစ်သူက ဆံပင်အရှည်ကြီး မဟုတ်လား…,,
,,ဟုတ်…ဟုတ်ပါတယ်…,,
,,ဟူး….,,
ဘုန်းဘုန်းက သက်ပြင်းအရှည်တစ်ချက် ချလိုက်သည်…
,,ဘာဖြစ်လို့ပါလဲဘုရား…,,
,,အေးကွယ်…ပြီးခဲ့တဲ့ အပတ်ကပဲ မိန်းကလေးတစ်ယောက် ဒီရေကန်ထဲမှာ ရေနစ်သေထားတယ် အဲ့ဒီမိန်းကလေးက ခုနကပြောသလိုပါပဲ ဆံပင်အရှည်ကြီးနဲ့ကွဲ့…,,
,,ရှင်…ဒါဆိုခုန တပည့်တော်မ တွေ့တာက…,,
,,ဟုတ်ပါတယ်ကွယ်…ဒါပေမယ့် မကြောက်ပါနဲ့ သူတို့တွေက ဒကာမလေးဆီက အကူအညီလိုချင်လို့ပါ…,,
,,အဲ့ကောင်မလေးက ဘယ်လိုလုပ်ပြီး ရေနစ်ရတာလဲဘုရား…,,
,,ကြာပန်းဆင်းခူးရင်း ခြေချော်ပြီး ရေနစ်သွားတာပဲကွယ် ဒီရေကန်ထဲမှာ ဘယ်သူမှ မဆင်းရဘူးလို့ တားမြစ်ထားတဲ့ ရေကန်ပါ…,,
,,ဘာဖြစ်လို့လဲဟင်ဘုရား တပည့်တော်မကို ပြောပြလို့ရရင် ပြောပြပါလား…,,
,, ဒီလိုကွဲ့ ဒီရေကန်ထဲမှာ လူတွေ ခဏခဏရေနစ်သေလို့ တာမြစ်ထားရတာ ကောင်မလေး မသေခင် ဟိုတစ်လောက ကျောင်းသားနှစ်ဦး ဒီကိုရောက်လာကြတယ်ကွယ်….,,
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
,,ဟျောင့်…သာအေး…ငါတို့ဒီရေကန်ထဲမှာ ရေဆင်းကူးရအောင်ကွာ…,,
,,ဟာ…ဖြစ်ပါ့မလား ဖိုးလုံးရာ ဟိုမှာကြည့်ဦး သူများဆိုင်းဘုတ် ထောင်ထားတာ(သတိ တားမြစ်ရေကန်)တဲ့ မင်းမတွေ့ဘူးလား…,,
,,ဟာကွာ…မဆိုင်တာတွေ လုပ်မနေစမ်းပါနဲ့ လာပါကွာ လူတွေလစ်တုန်း ဆင်းကူးရအောင်…,,
,,အေးပါကွာ…ဆင်းဆိုလည်း ဆင်းရတာပေါ့…,,
,,ဒါမှ ငါ့သူငယ်ချင်းပေါ့ကွ…,,
ဖိုးလုံးနှင့် သာအေးလည်း (၁၀)တန်း ကျောင်းသားများ ဖြစ်ကြသည်…
အသက်က (၁၅)(၁၆)ပဲရှိသေးတော့ သည်အရွယ်က အကြောက်တရား ကင်းမဲ့တဲ့အရွယ်မို့ စူးစမ်းချင်သည့် စိတ်လည်းရှိကြ၏…
သူတို့နှစ်ဦး အဝတ်အစားများချွတ်ပြီး ရေကန်ထဲ ရေဆင်းကူးကြလေသည်….
,,တွေ့လားသာအေး ဘယ်လောက်ပျော်စရာကောင်းလဲကွာ ဟား….ဟား….ဟား….,,
,,ဟာ….ဖိုးလုံး တိုးတိုးပြောစမ်းပါကွာ တော်ကြာလူတွေ ကြားသွားရင်ဖြစ်….,,
,,ဘယ်ကလာကွာ….ငါတို့ကလွဲလို့ ဘယ်သူမှမရှိတဲ့ဟာကွာ အရေးထဲကြောက်နေရသေးတယ်…,,
,,ဟာ…ကြောက်တာမဟုတ်ဘူး ဒီရေကန်က ရေဆင်းမကူးဖို့ တားမြစ်ထားတာ တော်ကြာတစ်ယောက်ယောက် တွေ့သွားရင်ဖြစ် မလွယ်ဘူးနော် နောက်ပြီး ဒီရေကန်က လူတွေခဏခဏ ရေနစ်သေလို့ ရဲတွေက တားမြစ်ထားတာ ဟို…ဟိုဟာတွေလည်းရှိတယ်ဟ….,,
သာအေးပြောရမဲ့ စကားတွေကို ဆက်မပြောတော့ပဲ ကြောက်သလိုနှင့်ပင် ဖိုးလုံးကို ပုခုံးတွန့်ပြလိုက်၏…
,,ဘာလဲ…မင်းပြောချင်တာက တစ္ဆေသရဲတွေ ရှိတယ်လို့ပြောချင်တာလား လာစမ်းပါစေ ငါတော့မကြောက် တစ္ဆေသရဲတွေကို ငါက မြင်ဖူးချင်နေတာကွ…ဟား….ဟား….ဟား….,,
,,ဟာ…ဖိုးလုံး မင်းဆက်မပြောနဲ့တော့ ဟာကွာ ငါကြက်သီးတွေတောင် ထလာပြီ တော်ပြီကွာ ငါဆက်မကူးတော့ဘူး ကုန်းပေါ်တက်တော့မယ်…,,
ပြောပြောဆိုဆိုနှင့် သာအေးကုန်းပေါ်သို့ တက်သွားပြီး အင်္ကျီတွေ ပြန်ဝတ်လိုက်၏…
ရေကန်ထဲမှာ ဖိုးလုံးတစ်ယောက်တည်းသာ ရေကူးကျန်လေသည်…
,,ဖိုးလုံး တက်လာတော့လေ ပြန်ကြရအောင် အိမ်ကအမေတွေ စိတ်ပူနေလောက်ပြီ…,,
,,အေး…အေး…တက်လာပြီ….,,
သာအေး ဖိုးလုံးတက်အလာကို စောင့်နေလေ၏…
,,ဟာ…,,
,,ဟိတ်…ဘာဖြစ်တာလဲ ဖိုးလုံး…,,
ဖိုးလုံးရဲနှုတ်မှ အာမေဍိုက်အသံ ထွက်လာပြီး သာအေးရဲ့အမေးကို ပြန်မဖြေပဲ ရေထဲငုံဆင်းသွားသည်…,,
,,ဟဲ့…ဖိုးလုံး ဘာဖြစ်တာလဲလို့ ငါမေးနေတယ်လေ…,,
ဖိုးလုံး ခေါင်းပြန်မော့တက်လာကာ ရေအမြန်ကူးလေ၏…
သို့သော် ဖိုးလုံးရဲ့ လက်များက အမြန်ကူးခပ်ပေမယ့် နေရာကနေ နည်းနည်းမှမရွှေ့ပေ….
,,သာအေး…ငါ့ကိုကူဦးဟ တစ်ယောက်ယောက်က ငါ့ခြေထောက်ကို ဆွဲထားလို့ဟ ငါရုန်းမနိုင်ဘူး ငါ့ကူအုန်း….,,
,,ဟင်…အေး…အေး…ငါအခုပဲ ဆင်းလာပြီ…,,
သာအေးရဲ့နှုတ်မှ အံသြတဲ့အသံထွက်ပေမယ့် ရေထဲအမြန်ဆင်းပြီး ဖိုးလုံးဆီ အမြန်ကူးခပ်သွား၏…
ဖိုးလုံးကို သာအေးအားအကုန် ဆွဲထုပ်ပေမယ့် တစ်ယောက်ယောက်က ဆွဲထားသလိုနှင့် ဆွဲထုပ်လို့မရပေ….
,,ဖိုးလုံး…နင်လည်းအားထုပ်ဟ ငါနင့်ကို ဆွဲလို့မနိုင်ဘူးဟ…,,
နှစ်ယောက်အားသုံးမှပင် ဖိုးလုံးသာအေးလက်ထဲ ပါလာလေသည်…
နှစ်ယောက်စလုံးက ရေကူးကျွမ်းကြတာမို့ ဘာမှမဖြစ်ပေမယ့် ဖိုးလုံးကို ဆွဲနေရတဲ့ သာအေးခမျာမှာတော့ အားတွေအတော် ကုန်သွား၏…
,,ဟာ…မောလိုက်တာ ဖိုးလုံးရာ ငါအားတွေတောင် ကုန်သွားတာပဲ…,,
,,အေးကွာ…ငါတစ်ယောက်တည်း ရုန်းလို့မနိုင်လို့ နင့်ကိုအကူအညီတောင်းရတာ ငါ့ခြေထောက်ကိုလည်း ကြည့်ပါဦးကွ….,,
,,ဟင်…လက်ချောင်းရာကြီးနဲ့ ညိုမဲနေပါလား ဘယ်လိုဖြစ်တာလဲ ငါ့ကိုလည်း ပြောဦးလေ…,,
,,အေးကွာ…ငါလည်းရေကူးနေရင်းနဲ့ ခြေထောက်ကို တစ်ခုခုငြိသလို ခံစားရတယ် ပထမကတော့ သစ်ကိုင်းချိတ်မိတယ်လိုပဲထင်တယ်ကွာ အဲ့ဒီတော့ ငါလည်းခြေထောက်ကို ခါရမ်းလိုက်တာပေါ့ ဘယ်လောက်ခါခါ ငြိနေတဲ့ဟာက ပြုတ်မသွားဘူး ငါလည်းစိတ်တိုတိုနဲ့ ရေထဲငုံဆင်းကြည့်လိုက်တော့ ဘာတွေ့တယ်လို့ မင်းထင်လဲသာအေး…,,
,,ဟ…ငါဘယ်သိမလဲကွ…မင်းပြောမှ သိမှာပေါ့….,,
,,အင်း…ငါရေထဲငုံ့ဆင်းတော့ ရေထဲမှာ ဝဲပျံနေတဲ့ အမွေးတွေတွေ့တယ် ငါလည်းမသေချာလို့ အနီးကပ်ဆင်းကြည့်မိတယ် အမျိုးသမီးတစ်ယောက် သူမရဲ့မျက်နှာတွေက မျက်လုံး။ပါးစပ်။နှာခေါင်း။နှာရွက်တို့မပါဘူး မျက်နှာတစ်သားတည်းရှိတယ် သူ့ရဲ့လက်တစ်စုံကလည်း ငါ့ခြေထောပ်ကို ဆွဲထားတာကွ….,,
,,ဘယ်လို…မင်းခြေထောက်ကို အဲ့အမျိုးသမီးက ဆွဲထားတယ်ဟုတ်လား…,,
ဖိုးလုံးရဲ့ စကားကြောင့် သာအေးမျက်လုံးပြူး မျက်ဆံပါပြူး၍ အံသြမိသည်…
,,အင်း…ပထမတော့ ငါ့အဲဒီလက်ကို အရင်ဖြုတ်တယ် ဘယ်လိုဖြုတ်ဖြုတ်မရဘူး ငါ့နည်းငါ့ဟန်နဲ့ အမျိုးမျိုးလုပ်တယ် နောက်ဆုံးမရတော့ မင်းကိုအကူအညီတောင်းလိုက်တာပဲမလား…,,
,,အေးကွ…အဲ့ဒီတုန်းက ငါအားအကုန်ထုပ်ပြီး မင်းကိုဆွဲယူရတာကွ…,,
,,အေး…ငါ့အထင်အရဆို ငါ့ခြေထောက်ကိုများ ဟို…ဟို…ဟိုလေဟာ…,,
,,သိပ်ဖြစ်နိုင်တာပေါ့ ဒကာလေးတို့ရယ်…,,
ဖိုးလုံးနှင့် သာအေးတို့ရဲ့ နောက်ကျောမှ အသံလာရာ လှည့်ကြည့်လိုက်တော့ တအံ့တသြနှင့် ဘုန်းဘုန်းကို တွေ့ရလေသည်…
,,ဟင်…ဘုန်းဘုန်း…,,
,,ဟုတ်ပါတယ်ကွယ်…ခုနက ဒကာလေးတို့ ပြောတဲ့စကားတွေကို ဘုန်းဘုန်းအကုန်ကြားပြီးပါပြီကွယ်…ဒကာလေးတို့က တားမြစ်ထားတဲ့ ရေကန်ကိုမှ ရေဆင်းကူးကြတာကိုးကွဲ့…,,
,,မှန်ပါ တပည့်တော်တို့ နောက်ဆို ဆင်းမကူးတော့ပါဘူးဘုရား…,,
,,အေးကွယ်…ကဲ့…ကဲ့…ဒကာလေးတို့မိဘတွေလည်း အခုလောက်ဆို စိတ်ပူနေရောပေါ့ ပြန်ကြပါတော့ကွယ်….,,
,,တင်ပါ့ဘုရား…,,
ဖိုးလုံးနှင့် သာအေး ဘုန်းဘုန်းကို ဦးချကန်တော့ကြလေ၏…
,,သာဓု…သာဓု….သာဓုပါကွယ်….,,
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
,,အဖြစ်အပျက်တွေကတော့ အဲ့ဒါပါပဲ ဒကာမလေးရယ် ပြီးခဲပတ် ရေနစ်သေတဲ့ ဒကာမလေးရဲ့ ခြေထောက်မှာလည်း လက်ချောင်းရာဟု ထင်ရတဲ့ ညိုမဲကွက်တွေ ရှိတယ်ကွယ့်…,,
,,ဒါဆို…ဘုန်းဘုန်းပြောအရဆို ပြီးခဲ့တဲ့ပတ်က ကောင်းမလေး ရေနစ်သေတာ ဒီမကျွတ်မလွတ်တွေကြောင့်ပေါ့နော်…,,
,,သိပ်မှန်တာပေါ့ ဒကာမလေး…ဒီရေကန်ထဲက အစောင့်တွေက မကြာခဏ လူစားလဲကြတယ်ကွယ့်….ဒါကြောင့်မို့ပဲ ဒီရေကန်ကို တားမြစ်ထားကြရတာပါပဲ တားမြစ်ထားတဲ့ကြားကနေ ခုလိုဖြစ်တော့ ဘုန်းဘုန်းလည်း စိတ်မကောင်းပါဘူးကွယ်…,,
သည်မမြင်အပ်တဲ့ အရာတွေဟာ အမှန်တကယ် ရှိနေတယ်ဆိုတာ ကျွန်မအနေနဲ့ ယုံကြည်ထားပြီးသားမို့ ဘုန်းဘုန်းပြောတဲ့ စကားတွေကို ငြင်းပယ်စရာ မရှိပေ…
,,ဒကာမလေးကို ဘုန်းဘုန်းတစ်ခုလောက်တော့ မိန့်ပါရစေကွယ်…,,
,,တင်ပါ့….မိန့်တော်မူပါဘုရား…,,
,,အေးကွယ်…ပြီးခဲ့တဲ့ပတ်က ရေနစ်သေတဲ့သူနဲ့ အခုဒကာမလေးနဲ့က ရေစက်ပါလို့ ထင်ပါရဲ့ကွယ်..
ဖြစ်နိုင်ရင် ဒကာမလေး ကုသိုလ်ကောင်းမှုလုပ်တိုင်း သူတို့အတွက် အမျအတန်း ပေးဝေလိုက်ပါကွယ်…,,
,,တင်ပါ့ဘုရား တပည့်တော်မ ကုသိုလ်ကောင်းမှုပြုတိုင်း အမျအတန်း အမြဲပေးဝေပါ့မယ်ဘုရာ…,,
,,အေးကွယ်…သာဓု…သာဓု…သာဓု….,,
အဲ့သည်နေ့မှစ၍ ကျွန်မကုသိုလ်ကောင်းမှုပြုတိုင်း အားလုံးသော ဝေနေယျာ သတ္တဝါအပေါင်းနှင့် မမြင်အပ်တဲ့ အရာတွေအားလုံးကိုပါ အမျပေးဝေလေ့ရှိလေသည်….
ပြီး…./
ဝါသနာရှင်သာမို့ အမှားများပါရင် ခွင့်လွတ်ပါလို့ တောင်းပန်အပ်ရင်း အားလုံးသော ဆရာ/မများနှင့်တကွ စာဖတ်သူအားလုံးကို အမြဲအစဉ် လေးစားလျှက်👉ကြင်ယာတော်👈(ဒုံဝန်းသူ)
Zawgyi Version
“​တားမြစ်​​ရေကန်​”(စ/ဆုံး)
———————————
ဘုရားဝတ်​ပြုပြီး ကျွန်​မစာကျက်​ဖို့ ထိုင်​​နေကျ​နေရာဖြစ်​တဲ့ ​စောင်းတန်းေ​​လးမှာ သွားထိုင်​လိုက်​၏…
စောင်းတန်းရဲ့ ခပ်​လှမ်းလှမ်းမှ ​ဘယ်ဘက်ခြမ်းမှ ​​​ဘုန်းကြီးေ​ကျာင်း​တစ်ေ​ကျာင်းလည်းရြှိ​​ပီး ညာဘက်​ခြမ်းမှ ကြာငါးမျိုးရှိ​သော ​ရေကန်​ကြီးတစ်​ကန်​ရှိ၏…
ကျွန်​မ​သေချာစွာ နားစွင့်​​ထောင်​​တော့ အသံက ညာဘက်​ခြမ်းမှ ​လာ​နေခြင်ြး​ဖစ်​သည်​….
,,ကယ်​ကြပါဦး ဒီ​မှာမိန်းကေ​လး တစ်​​ယောက်​​ရေနစ်​​နေလို့ ဘယ်သူ​တွေရှိလဲ ကယ်​ကြပါ…,,
,,ဘယ်​မှာတုန်းကွဲ့…,,
,,ဟိုမှာပါ…,,
,,ဟုတ်​…ဟုတ်​ပါတယ်​…,,
,,ဟူး….,,
,,ဘာဖြစ်​လို့ပါလဲဘုရား…,,
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
,,​အေး…​အေး…တက်​လာပြီ….,,
,,ဟာ…,,
,,ဟင်​…ဘုန်းဘုန်း…,,
,,တင်​ပါ့ဘုရား…,,
,,သာဓု…သာဓု….သာဓုပါကွယ်​….,,
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
,,​အေးကွယ်​…သာဓု…သာဓု…သာဓု….,,
ပြီး…./