ဝိညာဉ်ဘဝနှင့်ပြန်လာသူ(စ/ဆုံး)

Unicode Version

ဝိညာဉ်ဘဝနှင့်ပြန်လာသူ(စ/ဆုံး)
—————————————-
“ခင်ချို…ညည်းဘယ်သွားမလို့တုန်း”
“သြော်…အရီး ကျုပ်ရွာရှေ့ပိုင်းခဏပါတော်”
“အေး…အေး…။ညည်းအမေလည်း မတွေ့ပါလား…၊
တို့အိမ်အလည်ကိုမလာဘူး”
“အမေအခုတလော ခါးနာနေလို့အရီးရေ
ဘယ်မှကိုမသွားတာ…”
“အေးပါအေ…အရီးမေးတယ်ဆိုတာလေး ပြောလိုက်ဦး”
“ဟုတ်…ဟုတ်…။ကျုပ်ပြောလိုက်မယ်”
“အေး …အေး…..”
ခင်ချိုနှင့် အရီးမိတို့ရွာလမ်း၌ဆုံကြခြင်းဖြစ်၏။
အချင်းချင်းစကားပြောဆိုပြီးနောက်မှာတော့ ခင်ချိုလည်း
ရွာရှေ့ပိုင်းသို့ ထွက်လာခဲ့တော့သည်။
ခင်ချိုတို့ရွာသည် အင်တိုင်းရွာဖြစ်၏။
ယခုခင်ချိုတစ်ယောက် အင်တိုင်းရွာ၏
အရှေ့ပိုင်းသို့ထွက်လာခဲ့သည်။
ထိုသို့လာရခြင်းက အင်တိုင်းရွာ၏အရှေ့ဘက်၌
အဝေရာပင်များပေါများစွာပေါက်ရောက်နေသောကြောင့်ပင်။
ထိုအဝေရာအရွက်အညွှန့်များအား ခူးယူဖို့ဖြစ်၏။
အဝေရာပင်များကို ခင်ချို အရွက်နုများရွေး၍
ခူးနေခဲ့တော့သည်။
အောက်ခြေကိုလည်း ဂရုစိုက်ရသေး၏။
မြွေပါးကင်းပါးရန်ကိုလည်းကြောက်ရသေးသည်
မဟုတ်ပါလား။
ခူးယူထားသော အဝေရာ ရွက်များကို
ခင်ချိုလွယ်ထားသော.ချည်လွယ်အိတ်အဟောင်းထဲသို့
ထည့်ထားလေသည်။
အိတ်တစ်ခုလုံးလည်း မို့မောက်နေခဲ့သည်။
ခင်ချိုလည်း ခူးခြင်းကိုလက်စသတ်၍
အဝေရာတောမှ ပြန်ထွက်လာတော့၏။
“ချွတ်…ချွတ်… ချွတ်…”
ထိုစဉ် ခင်ချို၏နောက်ပါးမှအသံတစ်ခုကြားရသည်။
ထိုအသံကြောင့် ခင်ချိုအနောက်ဘက်သို့လှည့်ကြည့်လိုက်၏။
“ဟင်……..”
ခင်ချိုနောက်လှည့်ကြည့်ရာ အံ့သြနေမိသည်။
ထိုသည်က သူ၏နောက်ပါး မလှမ်းမကမ်းဆီ၌
လူတစ်ယောက်ရှိနေခြင်းပင်။
ထိုလူသည် ယောကျာ်းတစ်ယောက်ဖြစ်၏။
သူသည် ခင်ချိုအား လှမ်းကြည့်နေခဲ့သည်။
ခင်ချိုကတော့ ဆံပင်အရှည်ကြီးကိုချထားပြီး
သူ့အားစိုက်ကြည့်နေသောမျက်နှာမသဲမကွဲနှင့်
ထိုလူကို အကြောက်ကြီးကြောက်မိလာပြီး
ထိုနေရာမှထွက်ပြေးလာခဲ့တော့သည်။
ပြေးရင်း နောက်ဘက်ဆီသို့
ပြန်ကြည့်ရာ၌ ထိုလူ့အား မတွေ့ရတော့။
ချက်ချင်းကြီးပျောက်ကွယ်သွားသောကြောင့်
ဆက်မပြေးတော့ဘဲ တွေ့နိုးနိုးဖြင့်ရှာလေသည်။
သို့သော် ထိုလူသည် ချက်ချင်းလက်ငင်း
ပျောက်ကွယ်သွားလေသည်။
ခင်ချို စိတ်ထဲ အတွေးတစစဖြင့် အိမ်သို့ပြန်လာခဲ့ရသည်။
အိမ်ရောက်တော့…
“သမီး…ညည်းလည်းကြာတာအေ…
အမေကစိုးရိမ်နေတာအေ့…။
အဖော်လေးဘာလေးခေါ်သွားဦးမှပေါ့”
“အဖော်တွေက လယ်ထဲပျိုးနုတ်လိုက်သွားကြတယ်အမေရဲ့…
ဒါမို့ ကျုပ်တစ်ယောက်ထဲသွားလိုက်တာ…”
“အေးပါအေ…”
“ကဲ…အမေ ဒါဆို ကျုပ် အဝေရာရွက်တွေရေဆေးလိုက်ဦးမယ်။ပြီးရင် ငါးပိချက် ချက်မယ်…ငပိချက်ပြီးမှ အေဝရာကို ပြုတ်လိုက်မယ်နော်…”
“ကောင်းသလိုသာလုပ်အေ…။အမေကတော့
ခါးနာလို့ မီးဖိုမဝင်နိုင်ဘူး …ငါ့သမီးပဲပင်ပန်းရဦးမှာ”
“သားအမိချင်းပဲအမေရယ်…ကျုပ်ဘာများပင်ပန်းရတုန်း။
သူများတွေလို လယ်ထဲကောက်စိုက်ပျိုးနုတ်လည်းမလိုက်ရ…
ဟောပေါင်းသင်လည်းမလိုက်ရ…ကျုပ်မှာအိမ်နဲ့
အမေ့ပဲပြုစုရတာ မပင်ပန်းပါဘူးတော်…”
“အေးပါ ငါ့သမီးရယ်…ညည်းအစ်ကိုလည်း
ဒီတစ်ခေါက်သုံးလပြည့်တာတောင်ပြန်မလာသေးပါလား…
ဒီကလေးနှယ် အမေနဲ့ညီမကိုပစ်ထားရက်လေတယ်”
“အို…အမေကလည်း အစ်ကို ကုန်ရောင်း၊ကုန်ဝယ်
နယ်လှည့်ရတာ လွယ်တာမဟုတ်ဘူးလေ…၊
ဒါမို့ကြာနေတာနေမှာပါ”
ခင်ချို မိခင်ဖြစ်သူကို စကားပြန်ပြောရင်း
မီးဖိုထဲသို့ဝင်သွားလေသည်။
ခင်ချိုတို့၌ ဖခင်မရှိတော့။
ခင်ချိုအစ်ကို သွင်ထူးနဲ့ ခင်ချိုတို့မောင်နှမအား မိခင်ကြီးက
ပြုစုကျွေးမွေးခဲ့ရသည်။
ခင်ချိုတို့က တောသူဌေးများပင်ဖြစ်သည်။
ပိုင်ဆိုင်သော.လယ္မ်ားကို လယ်ငှားများခေါ်၍ခိုင်းစေသည်။
ခင်ချိုအစ်ကိုဖြစ်သူက ကုန်ရောင်း၊ကုန်ဝယ်ကိုသာစိတ်ဝင်စား၏။
မိခင်ကြီးက တားပါသော်လည်း မရ….၊သူ၏အလုပ်ကိုသာ လုပ်ဆောင်ဖို့ပြင်းပြလေသည်။
****************************
လလေးသည် တိမ်များအကြားဖုံးကွယ်နေ၏။
ထိုအချိန်၌ ခပ်စွာစွာ…ဟောင်လိုက်…အူလိုက်ဖြစ်နေသော
ခွေးအုပ်စု၏အသံသည် ပို၍ကျယ်လောင်လာခဲ့သည်။
ခွေးအူသံတို့၏အသံကြောင့် ခင်ချို တစ်ယောက်
နိုးလာခဲ့သည်။
နိုးလာရင်း ရေဆာလာသော ခံစားမှုကြောင့်
ခင်ချိုရေသောက်ဖို့ထလာခဲ့၏။
သောက်ရေအိုးဆီရောက်တော့ ရေကိုအဝသောက်လိုက်သည်။
ပြတင်းတံခါးနှင့်နီးသည်မို့ ပြတင်းတံခါးနားသို့တိုးကပ်သွားပြီး
ပတ်ဝန်းကျင်ကိုငေးမောမိပြန်သည်။
ခင်ချို ရှိသော အပေါ်ထပ်ပြတင်းတံခါးနေရာသည် ပတ်ဝန်းကျင်ကို ကြည့်၍မြင်သာလှသည်။
မှောင်မဲနေသော ပတ်ဝန်းကျင်ကို ခင်ချိုငေးကြည့်နေရင်း…
“ဟင်…………”
ခြံဝိုင်းအပြင်ဆီမှ လူရိပ်ကို ခင်ချိုမြင်လိုက်ရသည်။
လူရိပ်ဆိုသည်ထက် လူတစ်ယောက်ဆိုတာပို၍မှန်ပေမည်။
အမှောင်ထဲ၌ ရှိသော ထိုသူ့ကို
ခင်ချိုမြင်ရခြင်းကထူးဆန်းလှသည်။
ထိုလူသည်မျက်လုံးအပြူးသားဖြင့်ခင်ချိုကို
စိုက်ကြည့်နေသည်။
ခင်ချိုသည်လည်းထိုသူ၏အကြည့်စူးစူးကြီးကို
ကြောက်ရွံ့လာ၍
ပြတင်းတံခါးကို အမြန်ပိတ်ပြီးနောက်
မိမိအခန်းသို့ အပြေးဝင်သွားတော့သည်။
ထိုနေ့ တညလုံး ခင်ချိုအိပ်မပျော်ခဲ့။
မျက်ဝန်းထဲ၌ ထိုလူကိုသာမြင်ယောင်နေမိသည်။
ပုံပန်းသဏ္ဌာန်ကိုမသိပါသော်လည်း သူ၏မျက်လုံးများက
ရင်းနှီးနေသယောင် ထင်မိသည်။
ထိုသို့သော အတွေးများဖြင့် ခင်ချို မိုးလင်းခဲ့ရ၏။
“သမီးရေ…ခင်ချို…ခင်ချိုရေ………”
ဒေါ်ခင်မ တစ်ယောက် သမီးဖြစ်သူခင်ချိုကို ခေါ်နေခဲ့သည်။
“ဒီကလေးမတစ်ယောက်… ဘယ်ရောက်နေတာလဲမသိဘူး…”
ဟု…ဆိုကာ မီးဖိုချောင်၏အနောက်ဘက်သို့ ရောက်လာခဲ့၏။
မီးဖိုချောင်၏အနောက်ဘက်၌
ဆူးပုပ်ပင်များစိုက်ပျိုးထားသည်။
ခင်ချိုထိုနေရာ၌ရှိလေမလား အတွေးဖြင့်
ဒေါ်ခင်မ ရောက်လာခြင်းဖြစ်၏။
ဒေါ်ခင်မ တွေးသည့်အတိုင်းပင် ခင်ချိုတစ်ယောက်
ဆူးပုပ်ပင်များအနား၌ရှိနေခဲ့သည်။
သို့သော်…
“ဟင်…သမီး ခင်ချို…ဘာဖြစ်တာလဲ သမီး…ခင်ချို…….။
လာကြပါဦးတော်…ကျုပ်သမီးလေးဘာဖြစ်တယ်မသိဘူး”
ခင်ချိုသည် ဆူးပုပ်ပင်များ အနီး၌ လဲကျနေခြင်းဖြစ်သည်။
ဒေါ်ခင်မ လည်း သမီးအတွက် စိတ်များပူကာ ပတ်ဝန်းကျင်ကို
အော်ဟစ်အကူအညီတောင်းရတော့၏။
ဘေးခြံများ၏အကူအညီဖြင့် ခင်ချိုအား
သူ၏ အိပ်ရာ၌ အသာချပေးထားသည်။
ဆေးဆရာပင့်ဖိတ်၍ ကုသ သင့်သည်များကုသပေးကြ၏။
ဆေးဆရာကလည်းမပြန်သေး ခင်ချိုသတိလည်လာသည်အထိ စောင့်ပေးရှာသည်။
ဘေးခြံမှ အသိများအပြင်ဆွေမျိုများကလည်း
ခင်ချိုသတင်းလာမေးကြ၏။
ထိုသို့နေရင်း ခင်ချို၏ မျက်လုံးများ ပွင့်လာခဲ့လေသည်။
ခင်ချိုသည် သတိပြန်ရလာသော်လည်း
မျက်လုံးကြီးအပြူးသားဖြင့် လူများကိုစိုက်ကြည့်နေခဲ့သည်။
“သမီး…သက်သာရဲ့လား…ဘယ်လိုများဖြစ်ရတာလဲကွယ်…”
ဒေါ်ခင်မ၏အမေးကို ခင်ချိုက
မျက်လုံးအပြူးသားဖြင့်ကြည့်နေပြန်သည်။
“ကဲ…လူနာလည်းသတိရပြီဆိုတော့၊
ရော့… ကလေးမ ဒီဆေးလေးသောက်လိုက်ဦးကွယ်…”
ဟု ဆေးဆရာကပြောရင်း ဆေးရည်များထည့်ထားသော
ခွက်အား ခင်ချိုကို ကမ်းပေးလေသည်။
ခင်ချိုသည် ဆေးဆရာကိုရော ဆေးခွက်ကိုပါ တစ်ချက်ကြည့်ရင်း လှမ်းယူလိုက်ကာ…
“ခွမ်းးး………”
“ထွက်သွားးးးးးးး… ငါ့အိမ်ကအခုထွက်သွားကြ…….”
“ဟင်…”
“အမလေးးးး……”
“ဟာ………..”
ဆေးခွက်ကို ခင်ချို ပေါက်ခွဲပစ်လိုက်ယုံမက
ခင်ချို၏ နှုတ်မှထွက်ပေါ်လာသော ယောကျာ်းသံကြီးကြောင့်
ရှိသမျှလူအားလုံးထိတ်လန့်ကုန်ကြသည်။
“သှားးးကွ…သှားးးးးကွ…ငါ့အနားမလာကွနဲ့….
နင်တို့ဆီကအပူတွေ ငါမလိုချင်ဘူးးးးး…သွားကြ”
“သမီး…စိတ်ထိန်းလေ…သမီး………”
ခင်ချိုဒေါသတကြီးအော်ဟစ်နေလေရာ…ဆေးဆရာအပါအဝင်ဆွေမျိုးသားချင်းများ
နောက်သို့ဆုတ်ခွာကုန်ကြသည်။
ခင်ချိုအမေ ဒေါ်ခင်မကတော့ သမီးဖြစ်သူကို ချော့မော့နေသည်။
သို့သော်လည်း ခင်ချိုက ဒေါ်ခင်မကို ကျောပေး၍
ငုပ်တုပ်ကြီးထထိုင်နေပြန်သည်။
“မခင်မ…ခင်ဗျားသမီးမှာ အနှောက်အယှက်ဝင်နေပုံပဲဗျို့….
ဒီကိစ္စတော့ ကျုပ်လည်းမနိုင်ပေဘူး…။
အဲ့သည်တော့ ဒီဟာမျိုးတွေကုသနိုင်တဲ့
သောင်ထွန်းရွာက ဘွားမယ်စိန်ကိုသာ အပြေးပင့်ပေတော့ဗျို့…
မဟုတ်ရင် ခင်ဗျားသမီး
ဒုက္ခရောက်တော့မယ်….ကဲ… ကျုပ်ပြန်ပြီ…..”
ဆေးဆရာသည် သူ၏ ဆေးအိတ်ကို ယူ၍
ဒေါ်ခင်မတို့အိမ်မှ ပြန်သွားတော့သည်။
ဒေါ်ခင်မကတော့ သမီးဖြစ်သူ ခင်ချိုအား အခန်းထဲ၌ သော့ခတ်ထားခဲ့ပြီးနောက် ဆွေမျိုးသားချင်းများနှင့်
တိုင်ပင်နေခဲ့သည်။
ထိုအချိန် အင်တိုင်းရွာသူကြီး ဦးဖိုးမှန်ရောက်လာတော့၏။
“ဟဲ့…ခင်မ…နင့်သမီး အပမှီနေတယ်ဆို”
“ဟုတ်…ဟုတ်တယ်သူကြီး…အဲ့အတွက် ကျုပ်တို့လည်း
ဝိုင်းဖွဲ့တိုင်ပင်နေကြတာ”
သူကြီး ဦးဖိုးမှန်က ဒေါ်ခင်မ စကားအား အလိုမကျစွာ…
“ဟဲ့…ခင်မ…နင်က အယုံအကြည်မရှိတိုင်း တိုင်ပင်နေလိုက်…
ဟိုမှာ နင့်သမီး ဒုက္ခရောက်သွားရင် နင်ဘာတတ်နိုင်တော့မလဲ…
လုပ်စရာရှိတာ အရင်လုပ်စမ်းပါဟာ…”
“ကျုပ်ဘာလုပ်ရမလဲ သူကြီးရယ်…၊
ဆေးဆရာ ပြောသွားတာတော့ တစ်ဖက်သောင်ထွန်းရွာက ဘွားမယ်စိန်ကိုသာပင့်တဲ့…အဲ့တာ ဘွားမယ်စိန်က
ကျုပ်တို့သွားပင့်တော့ လိုက်လာပါ့မလားလို့”
“သြော်…မခင်မရယ်…ဘွားမယ်စိန်ကိုသာ သွားပင့်ဖို့လုပ်ပါဗျာ…ဘွားအားရင်လိုက်မှာပေါ့ဗျ…အင်း…နေ…နေ….
ကျုပ်ပဲသွားပင့်ပေးမယ်…ခင်ဗျားတို့သာ နေခဲ့ကြတော့”
“ဟုတ်…ဟုတ်…ဟုတ်ကဲ့သူကြီး…”
ဒေါ်ခင်မနှင့်ဆွေမျိုးတသိုက်တို့သည်
သူကြီးဦးဖိုးမှန်၏စကားအား
နားထောင်ကာနေရစ်ခဲ့တော့၏။
သူကြီးဦးဖိုးမှန်သည်လည်း သူ၏အဖော်တချို့ကိုခေါ်ယူပြီး
သောင်ထွန်းရွာသို့ထွက်လာခဲ့တော့သည်။
သောင်ထွန်းရွာသို့ရောက်တော့
သောင်ထွန်းရွာသူကြီးဦးနောင်ချိုအား
အကျိုးအကြောင်းရှင်းပြလိုက်ပြီး…
“အဲ့လိုဟေ့…နောင်ချိုရေ…ဘွားကို ဒီတစ်ခါလည်း
မင်းကိုယ်တိုင်လိုက်ပင့်ပေးဦးကွာ…နော့…”
“ရပါတယ် ဖိုးမှန်ရာ…မင်းနဲ့ငါကသူငယ်ချင်းပါ…မင်းရွာအရေးလည်း ငါ့အရေးပဲပေါ့…။နောက်ပြီး ဘွားကလည်း
ကူညီပေးနိုင်မှာပါကွာ…ဘာမှစိတ်မပူကြနဲ့ဟေ့”
သူကြီးဦးနောင်ချိုနှင့်ပြောဆိုကြပြီးသောအခါ
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့ကြတော့သည်။
ဘွားမယ်စိန်ကို အသင့်တွေ့လိုက်ကြ၍
သူကြီးဦးနောင်ချိုက ဦးဆောင်၍ အင်တိုင်းရွာကို ပင့်ခေါ်သောအခါ…
“ဘွား ကူညီပေးမှာပါမောင်ရင်တို့ရယ်…
ဘာမှ စိတ်မပူကြနဲ့ ဘွားလိုက်ခဲ့ပါ့မယ်ကွယ်…”
ထို့သို့ဖြင့် သူကြီးဦးဖိုးမှန်နှင့်သူကြီးဦးနောင်ချိူတို့အဖွဲ့က လှည်းတစ်စီး…။
ဘွားမယ်စိန်နှင့် မောင်တိုး၊မောင်အုန်းတို့က လှည်းတစ်စီး
အသီးသီးဖြင့် အင်တိုင်းရွာသို့ရောက်လာခဲ့ကြတော့သည်။
အင်တိုင်းရွာသူ၊ရွာသားတို့သည် လှည်းထက်၌ လိုက်ပါလာသော ဘွားမယ်စိန်ကိုမြင်သောအခါ အပြုံးများဖြင့်
နှုတ်ဆက်ကြပြန်သည်။
နှုတ်ဆက်ကြယုံသာမက
လှည်းနောက်မှ လိုက်ပါလာခဲ့ကြ၏။
ဒေါ်ခင်မ၏ နေအိမ်ဆီသို့ရောက်သောအခါ.ဒေါ်ခင်မနှင့် ဆွေမျိုးများက ကြိုဆိုကြပြန်သည်။
ဘွားမယ်စိန်လည်း သူ၏တောင်ဝှေးကြီးကိုထောက်…
ချည်လွယ်အိတ်ကို ဘေးစောင်းလွယ်၍ ဒေါ်ခင်မတို့ နေရာပေးသော ကုလားထိုင်၌ ဝင်ထိုင်လေသည်။
ဒေါ်ခင်မသည်ကား ဘွားမယ်စိန်ကို စကားပြောဖို့ရန်
မဝံ့မရဲဖြစ်နေလေသည်။
“ဟဲ့…ခင်မ…နင်ပြောစရာရှိတာပြောလေ ဘွားကို”
“ရှင်…”
အင်တိုင်းသူကြီးဦးဖိုးမှန်က တိုက်တွန်းလေမှ
ဒေါ်ခင်မ စကားသံထွက်လာ၏။
“ကဲပါကွယ်…ဘွားလည်းသိထားပြီးပြီပဲ…ဒီတော့
ကလေးမရှိတဲ့နေရာကိုသာ ဘွားကိုခေါ်သွားပေး…။
အင်း…ပြီးတော့ အားလုံးကိုပြောရဦးမယ်…ကလေးမ
ရှိတဲ့နေရာကို လိုက်ကြည့်မယ်ဆိုရင်
လူနည်းလေပိုကောင်းလေပဲ…
ဒါမို့ လူတွေအများကြီးခေါ်မလာမိကြစေနဲ့……..”
“စိတ်ချပါဘွား…ကျုပ်စီစဉ်ပေးပါ့မယ်…”
သူကြီးဦးဖိုးမှန်က ဘွားမယ်စိန်ကို ပြောလိုက်သည်။
ဒေါ်ခင်မကိုယ်တိုင်ပင် ဘွားမယ်စိန်ကို
ခင်ချိုရှိသောအခန်းသို့လိုက်ပို့လေသည်။
ဘွားမယ်စိန်နှင့်အတူ မောင်တိုး၊မောင်အုန်းပါရှိ၏။
တဖန် ဒေါ်ခင်မ၏ ဆွေမျိုးအနည်းငယ်နှင့်
သူကြီးတို့ပါရှိခဲ့သည်။
ကျန်သူများကတော့ အိမ်အောက်ထပ်၌သာစောင့်နေရစ်ကြ၏။
“ကဲ…အခန်းပြင်ကပဲစောင့်ကြတော့…ခင်မ…
ဘွားနောက်က ညည်းလိုက်ခဲ့”
“ဟုတ်ကဲ့ ဘွား……..”
အခန်းအတွင်းသို့ဘွားမယ်စိန်နှင့်
ဒေါ်ခင်မ သာဝင်လာကြသည်။
ကျန်သူများက အခန်းတံခါးဝမှသာ ကြည့်နေခဲ့ရ၏။
ဒေါ်ခင်မသည် ဘွားမယ်စိန်နောက်ပါးမှလိုက်လာခဲ့သည်။
ဘွားမယ်စိန်သည် အခန်းအတွင်းအိပ်ရာ၌
လှဲလျောင်းအိပ်စက်နေသော ခင်ချိုအနီးသို့ရောက်လာ၏။
ခင်ချို၏ခေါင်းအားဘွားမယ်စိန် သူ၏လက်ဖြင့် ကိုင်လိုက်သောအခါ အိပ်ပျော်နေသော ခင်ချိုသည် ချက်ချင်းပင်မျက်လုံးပွင့်လာခဲ့ပြီး ဘွားမယ်စိန်၏လက်ကို တွန်းဖယ်ကာ
အိပ်ရာမှဆင်း၍ အခန်းထောင့်၌ သွားထိုင်လေသည်။
“မင်း…ဘယ်သူလဲ”
ဘွားမယ်စိန်သည် တောင်ဝှေးကြီးကိုဟန်ပါပါထောက်ထား၏။
အခန်းထောင့်၌ ဖားပြုပ်ထိုင်ထိုင်နေသော ခင်ချိုသည်
ဘွားမယ်စိန်၏အမေးကိုမဖြေသေးဘဲ စိုက်ကြည့်နေခဲ့သည်။
“ငါမေးနေတယ်လေ…မင်းဘယ်ကလဲ…ဒီကလေးမဆီမှာ
ဘာလို့ပူးကပ်နေရတာလဲ”
ဘွားမယ်စိန်ထပ်မေး၏။
သို့သော် မဖြေသေးဘဲ ပြူးကြောင်ကြောင်မျက်နှာဘေးဖြင့် စိုက်ကြည့်နေခဲ့သည်။
“အင်း…ကောင်းပြီလေ…မင်းမဖြေရင်
ဘွားကိုယ်တိုင်မင်းဖြေလာအောင်လုပ်ရမှာပေါ့…ကဲ……….”
“ဒုတ်……….”
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုကြမ်းပေါ်သို့
ဆောင့်ချလိုက်ပြီး နှုတ်မှဂါထာများရွတ်ဆိုတော့သည်။
ထိုအခါ အစောပိုင်းက ပြူးကြောင်ကြောင်ကြည့်နေသော
ခင်ချိုတစ်ယောက် လှုပ်ရှားလာတော့၏။
ခန္ဓာကိုယ် တစ်ခုလုံးနေရာလွတ်မကျန် ကုပ်ဖဲ့နေပြီး…
“အမလေးးးးးးးပူတယ်…ပူတယ်….အမလေးးးးဗျ….
တော်ပါတော့…ကျုပ်ပူလှပါပြီ….ထပ်မရွတ်ပါနဲ့တော့……”
ဟု အော်ဟစ်နေရှာ၏။
ထိုအခါမှ ဘွားမယ်စိန်သည်
ဂါထာရွတ်ခြင်းကိုရပ်တန့်လိုက်ပြီး…
“အင်းးး….ဒါဆိုရင် အစောက
ဘွားမေးတဲ့မေးခွန်းကို ဖြေပေတော့…။
မင်းက ဆိုးဝါးတာမဟုတ်ဘူးဆိုတာတော့ဘွားသိတယ်…
ကဲ…မင်းပြောပေတော့ကွယ်…….”
ဘွားမယ်စိန်ပြောသောအခါ ခင်ချိုသည် ဒေါ်ခင်မအား
ဝမ်းနည်းသော မျက်နှာထားဖြင့် တချက်လှမ်းကြည့်ပြီး…
“အမေ…ကျုပ်ပါ….
ကျုပ်က အမေ့သား သွင်ထူးပါဗျ…..”
“ဟင်…ငါ့သား…..”
ခင်ချိုပြောသော စကားများကြောင့်ဒေါ်ခင်မ
ထိတ်လန့်သွားသည်။
မယုံကြည်နိုင်သော စိတ်များကြောင့် ခေါင်းကိုတသွင်သွင်ခါရင်း….
“မ…မဟုတ်တာ….ငါ့….ငါ့သားက
ကုန်သွားရောင်းနေတာ….မဟုတ်ဘူး……..”
ခင်ချိုကလည်း မျက်ရည်များ တလဟောကျရင်း…
“အမေ……ကျုပ် အမေ့သားပါဗျ….။
ကျုပ်…ကျုပ်သေပြီအမေရဲ့…ကျုပ်ကိုဓားပြတွေ
သတ်သွားတာကျုပ်သေပြီဗျ……”
“ဟင်….ငါ့သား…ငါ့သားသွင်ထူးသေပြီ….အမလေးးးး….
မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူးးးးး…….”
ဒေါ်ခင်မ မျက်ရည်များကျရင်းအမှန်တရားကို
လက်မခံနိုင်ဖြစ်နေရှာသည်။
တံခါးဝမှလူများသည်လည်းစိတ်မကောင်းဖြစ်နေကြရှာ၏။
“ကျုပ်အလောင်းကို မိုးကောင်းရွာနားက
တောစပ်မှာမြုပ်ထားခဲ့ကြတယ်…ကျုပ်သေတာ
အခုဆိုနှစ်လကျော်ပြီအမေရဲ့….ကျုပ် အမေတို့ဆီလာမရသေးလို့သာ ကြာနေခဲ့တာ…
အခုကျုပ်ရောက်လာပြီလေအမေ….
အီးးးးဟီးးးးဟီးးးးးးးးဟီးးးးးးးးးးးးးးးးးး”
ခင်ချိုတဖြစ်သွင်ထူးသည် ပြောရင်းငိုကျွေးနေရှာ၏။
ဒေါ်ခင်မလည်း သားဖြစ်သူ၏အဖြစ်အပျက်ကြောင့်
ဝမ်းနည်းစွာရှိုက်ငိုကျွေးနေခဲ့ရ၏။
“အမလေးးးးငါ့သားလေးမှ….
အမေ့သားလေးမှဖြစ်ရတယ်လို့….အီးးးဟီးးးးးးဟီးးးးးးး”
“ကျုပ်လေ…ညီမလေးကိုယ်ထဲနေပြီး…
အမေ့ကိုစောင့်ရှောက်ပေးချင်ခဲ့တာ…
အခုတော့ ကျုပ်ကြောင့်ညီမလေးကိုလည်း
ဒုက္ခမရောက်စေချင်ဘူး…ကျုပ်ဒီဘဝတော့
အမေတို့နဲ့ခွဲရပါရောလား….ကျုပ် သားမိုက်ကြီးကို
ခွင်လွှတ်ပါအမေရယ်…ကျုပ်ကိုခွင့်လွှတ်ပါဗျာ…
အီးးးဟီးးးးဟီးးးးးးးး ”
“အမေခွင့်လွှတ်ပါတယ်သားကြီးရယ်….
အမေခွင့်လွှတ်ပါတယ်…….”
သားအမိနှစ်ယောက်ငိုကျွေးနေကြရှာသည်။
ဘွားမယ်စိန်သည်လည်းစိတ်မကောင်းဖြစ်နေခဲ့၏။
“ကဲ…မောင်သွင်ထူး…မောင်ရင့်ညီမကိုယ်ထဲလည်းမောင်ရင်
ဝင်ပူးကပ်နေတာကြာပြီ…ဒီတော့မောင်ရင့်ဝိညာဉ်
ပြန်ခွာလိုက်ပေတော့…
နောက်ပြီး မောင်ရင်မခွာခင် ဘွားမှာလိုက်မယ်…
ဟောဟိုမှာရှိတဲ့သူကြီးဦးဖိုးမှန်တို့က မောင်ရင့်ရဲ့ အလောင်းကိုပြန်ရှာပြီး ကောင်းမွန်အောင် သဂြိုလ်ပေးကြလိမ့်မယ်…
မောင်ရင့်အမေနဲ့နှမကလည်း မောင်ရင့်အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမှာမို့…မောင်ရင်သာဓုခေါ်ပြီး ဘဝကောင်းကိုရောက်ဖို့သာ ပြင်ဆင်ထားပေတော့ကွယ်…..”
“ဟုတ်ကဲ့ပါဘွား…ကျုပ်လေ…
ဘွားပညာကိုရော ဘွားကိုပါ
လေးစားရိုသေပါတယ်ဗျာ….
အမေ… ကျုပ်ကန်တော့ခဲ့ပါတယ်…
သားမိုက်ကြီးကိုခွင့်လွှတ်ပေးပါအမေ…ညီမလေးကိုလည်း
ကျုပ် သိပ်ချစ်တယ်ဆိုတာလေးပြောပေးပါဗျာ……..”
သွင်ထူးသည် မိခင်ကြီးအားကန်တော့ခဲ့ရှာ၏။
“ငါ့သားကြီး ကောင်းမွန်တဲ့အရပ်မှာနေနိုင်ပါစေ…
ဒီအဖြစ်ဆိုးမျိုးနဲ့ဘဝအဆက်ဆက်ဝေးပါစေကွယ်………”
ဒေါ်ခင်မတစ်ယောက် မျက်ရည်များဖြင့် ဆုပေးလေသည်။
ထို့နောက် သွင်ထူးသည် ညီမဖြစ်သူ ခင်ချို၏ ခန္ဓာကိုယ် မှထွက်ခွာသွားတော့၏။
သွင်ထူးထွက်သွားသော အခါ ခင်ချိုလဲကျသွားရှာသည်။
သတိမလည်သေးသော ခင်ချိုအား.ဘွားမယ်စိန်ကအသင့်ပါလာသော ရေမန်းများဖြင့် ပတ်ဖြန်းပေး၏။
ထိုအခါမှ သတိပြန်ရလာခဲ့သည်။
သတိပြန်ရလာသော ခင်ချိုသည် ငိုကြွေးနေသော မိခင်ကိုလည်းကောင်း…မမြင်ဘူးသော ဘွားမယ်စိန်တို့အားလည်းကောင်းငေးကြည့်ရင်း….
“အမေ…ကျုပ် ဆူးပုပ်ရွက်ခူးနေတုန်း ကျုပ်နောက်ကနေ ဘယ်သူဝင်တိုက်လိုက်တာတုန်း…ကျုပ်ဖြင့် အဲ့ကတည်းက
လန့်ပြီး ဘာမှမသိတော့တာ….”
ဟု…ပြောသောအခါ ဒေါ်ခင်မက…
“သမီး…ညည်းအစ်ကိုသေပြီအေ့…ညည်းအစ်ကိုကြီးအမေတို့ကိုခွဲသွားရှာပြီ….အီးးး….ဟီးးးးးး….ဟီးးးးးး”
“ဟင်…အမေ….အမေကလည်း….
ဘာ….ဘာတွေပြောနေတာတုန်း”
ခင်ချို ကြောင်အမ်းအမ်းမေးသောအခါ သူကြီးဦးဖိုးမှန်မှ
ခင်ချိုအား ပြောပြရတော့၏။
အကြောင်းစုံသိသော အခါ ခင်ချိုလည်း မိခင်နည်းတူငိုကြွေးရှာသည်။
“ကျုပ်…ဒါကြောင့်သိသလိုရှိနေတာ…အမေရဲ့….
ကျုပ် အစ်ကို ကိုမြင်တာ နှစ်ခါရှိပြီတော့်…
ကျုပ်ညံ့ပါ့အမေရယ်….
ကျုပ်အစ်ကိုကို ကျုပ်မမှတ်ခဲ့ဘူးးးးးးအီးးးးဟီးးးးဟီးးးးးးး”
ခင်ချိုနှင့်ဒေါ်ခင်မတို့သားအမိ တစ်ဦးနှင့်တစ်ဦးဖက်၍
ငိုကြွေးရှာတော့သည်။
“ကဲ…ခင်မ…ညည်းတို့ငိုနေလို့မပြီးဘူး…ငါနဲ့ရွာသားတွေက
သွင်ထူးပြောတဲ့နေရာမှာအလောင်းသွားတူးမယ်…
ကြည့်ရတာ နင့်သား ရွာအပြန်မှာ
အသတ်ခံရတာနေမှာဟ…
မိုးကောင်းရွာဆိုတာတို့ရွာနဲ့နှစ်ရွာပဲခြားတော့တာ…
ကဲပါလေ…
နင်တို့က ပြင်စရာရှိတာပြင်ထားကြတော့ဟေ့….”
သူကြီးဦးဖိုးမှန်ကပြောစရာများပြောအပြီး
သူ၏ရွာသားများအားခေါ်ကာ သွင်ထူး၏အလောင်းအားသွားရှာတော့သည်။
ဘွားမယ်စိန်တို့သည်က ဒေါ်ခင်မတို့အိမ်၌သာနေရစ်ခဲ့ကြ၏။
ဒေါ်ခင်မနှင့်ခင်ချိုတို့ကိုလည်း ဘွားမယ်စိန်ကိုယ်တိုင်
နှစ်သိမ့်ပေးနေခဲ့သည်။
“ကဲ…ခင်မ….သေသူလည်းသေသွားပြီ…ဝမ်းနည်းတာလည်းနည်းတာပေါ့…သူ့အတွက်လည်း စိတ်ကိုနှစ်မချနဲ့…
ညည်းမှာဒီသမီးလေးရှိသေးနေတာပဲ
အားတင်းထားဦးမှပေါ့…”
“ဟုတ်ကဲ့ပါဘွားရယ်…ကျုပ်သမီးလေးအတွက် .ကျုပ် အတင်းထားပါ့မယ်တော်…..”
ထိုနေ့သန်းခေါင်ကျော်၍ မိုးလင်းခါနီးမှ သူကြီးဦးဖိုးမှန်တို့အဖွဲ့
ပြန်ရောက်လာကြ၏။
“သွင်ထူးပြောတဲ့အတိုင်းပဲဟေ့…
အလောင်းကအဲ့နေရာမှာပဲတွေ့တာ…”
ဟုပြောအပြီး အသုဘကို ပြင်ဆင်ကြတော့၏။
ထိုသို့ဖြင့် သွင်ထူးအား ရည်စူး၍ ဒေါ်ခင်မတို့
သားအမိမှာလည်း
အလှူအတန်းများလုပ်ဆောင်ဖို့ပြင်ဆင်ကြရှာသည်။
အသုဘလည်းပြီး အလှူအတန်းများလည်းလုပ်ပြီးသောအခါ
သွင်ထူး၏ဝိညာဉ်သည် ဒေါ်ခင်မတို့ထံသို့
ရောက်မလာတော့ချေ။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
စာမူမှာ ဇာတ်လမ်းလိုအပ်ချက်ရှိတာ
စာရေးသူရဲ့မပြည့်စုံသေးမှုကြောင့်ပါ။
စာဖတ်သူတို့အနေနဲ့ သည်းခံပေးကြပါဦးရှင်….။

Zawgyi Version

ဝိညာဥ္ဘဝႏွင့္ျပန္လာသူ(စ/ဆုံး)
—————————————-
“ခင္ခ်ိဳ…ညည္းဘယ္သြားမလို႔တုန္း”
“ေၾသာ္…အရီး က်ဳပ္႐ြာေရွ႕ပိုင္းခဏပါေတာ္”
“ေအး…ေအး…။ညည္းအေမလည္း မေတြ႕ပါလား…၊
တို႔အိမ္အလည္ကိုမလာဘူး”
“အေမအခုတေလာ ခါးနာေနလို႔အရီးေရ
ဘယ္မွကိုမသြားတာ…”
“ေအးပါေအ…အရီးေမးတယ္ဆိုတာေလး ေျပာလိုက္ဦး”
“ဟုတ္…ဟုတ္…။က်ဳပ္ေျပာလိုက္မယ္”
“ေအး …ေအး…..”
ခင္ခ်ိဳႏွင့္ အရီးမိတို႔႐ြာလမ္း၌ဆုံၾကျခင္းျဖစ္၏။
အခ်င္းခ်င္းစကားေျပာဆိုၿပီးေနာက္မွာေတာ့ ခင္ခ်ိဳလည္း
႐ြာေရွ႕ပိုင္းသို႔ ထြက္လာခဲ့ေတာ့သည္။
ခင္ခ်ိဳတို႔႐ြာသည္ အင္တိုင္း႐ြာျဖစ္၏။
ယခုခင္ခ်ိဳတစ္ေယာက္ အင္တိုင္း႐ြာ၏
အေရွ႕ပိုင္းသို႔ထြက္လာခဲ့သည္။
ထိုသို႔လာရျခင္းက အင္တိုင္း႐ြာ၏အေရွ႕ဘက္၌
အေဝရာပင္မ်ားေပါမ်ားစြာေပါက္ေရာက္ေနေသာေၾကာင့္ပင္။
ထိုအေဝရာအ႐ြက္အၫႊန႔္မ်ားအား ခူးယူဖို႔ျဖစ္၏။
အေဝရာပင္မ်ားကို ခင္ခ်ိဳ အ႐ြက္ႏုမ်ားေ႐ြး၍
ခူးေနခဲ့ေတာ့သည္။
ေအာက္ေျခကိုလည္း ဂ႐ုစိုက္ရေသး၏။
ေႁမြပါးကင္းပါးရန္ကိုလည္းေၾကာက္ရေသးသည္
မဟုတ္ပါလား။
ခူးယူထားေသာ အေဝရာ ႐ြက္မ်ားကို
ခင္ခ်ိဳလြယ္ထားေသာ.ခ်ည္လြယ္အိတ္အေဟာင္းထဲသို႔
ထည့္ထားေလသည္။
အိတ္တစ္ခုလုံးလည္း မို႔ေမာက္ေနခဲ့သည္။
ခင္ခ်ိဳလည္း ခူးျခင္းကိုလက္စသတ္၍
အေဝရာေတာမွ ျပန္ထြက္လာေတာ့၏။
“ခြၽတ္…ခြၽတ္… ခြၽတ္…”
ထိုစဥ္ ခင္ခ်ိဳ၏ေနာက္ပါးမွအသံတစ္ခုၾကားရသည္။
ထိုအသံေၾကာင့္ ခင္ခ်ိဳအေနာက္ဘက္သို႔လွည့္ၾကည့္လိုက္၏။
“ဟင္……..”
ခင္ခ်ိဳေနာက္လွည့္ၾကည့္ရာ အံ့ၾသေနမိသည္။
ထိုသည္က သူ၏ေနာက္ပါး မလွမ္းမကမ္းဆီ၌
လူတစ္ေယာက္ရွိေနျခင္းပင္။
ထိုလူသည္ ေယာက်ာ္းတစ္ေယာက္ျဖစ္၏။
သူသည္ ခင္ခ်ိဳအား လွမ္းၾကည့္ေနခဲ့သည္။
ခင္ခ်ိဳကေတာ့ ဆံပင္အရွည္ႀကီးကိုခ်ထားၿပီး
သူ႔အားစိုက္ၾကည့္ေနေသာမ်က္ႏွာမသဲမကြဲႏွင့္
ထိုလူကို အေၾကာက္ႀကီးေၾကာက္မိလာၿပီး
ထိုေနရာမွထြက္ေျပးလာခဲ့ေတာ့သည္။
ေျပးရင္း ေနာက္ဘက္ဆီသို႔
ျပန္ၾကည့္ရာ၌ ထိုလူ႔အား မေတြ႕ရေတာ့။
ခ်က္ခ်င္းႀကီးေပ်ာက္ကြယ္သြားေသာေၾကာင့္
ဆက္မေျပးေတာ့ဘဲ ေတြ႕ႏိုးႏိုးျဖင့္ရွာေလသည္။
သို႔ေသာ္ ထိုလူသည္ ခ်က္ခ်င္းလက္ငင္း
ေပ်ာက္ကြယ္သြားေလသည္။
ခင္ခ်ိဳ စိတ္ထဲ အေတြးတစစျဖင့္ အိမ္သို႔ျပန္လာခဲ့ရသည္။
အိမ္ေရာက္ေတာ့…
“သမီး…ညည္းလည္းၾကာတာေအ…
အေမကစိုးရိမ္ေနတာေအ့…။
အေဖာ္ေလးဘာေလးေခၚသြားဦးမွေပါ့”
“အေဖာ္ေတြက လယ္ထဲပ်ိဳးႏုတ္လိုက္သြားၾကတယ္အေမရဲ႕…
ဒါမို႔ က်ဳပ္တစ္ေယာက္ထဲသြားလိုက္တာ…”
“ေအးပါေအ…”
“ကဲ…အေမ ဒါဆို က်ဳပ္ အေဝရာ႐ြက္ေတြေရေဆးလိုက္ဦးမယ္။ၿပီးရင္ ငါးပိခ်က္ ခ်က္မယ္…ငပိခ်က္ၿပီးမွ ေအဝရာကို ျပဳတ္လိုက္မယ္ေနာ္…”
“ေကာင္းသလိုသာလုပ္ေအ…။အေမကေတာ့
ခါးနာလို႔ မီးဖိုမဝင္ႏိုင္ဘူး …ငါ့သမီးပဲပင္ပန္းရဦးမွာ”
“သားအမိခ်င္းပဲအေမရယ္…က်ဳပ္ဘာမ်ားပင္ပန္းရတုန္း။
သူမ်ားေတြလို လယ္ထဲေကာက္စိုက္ပ်ိဳးႏုတ္လည္းမလိုက္ရ…
ေဟာေပါင္းသင္လည္းမလိုက္ရ…က်ဳပ္မွာအိမ္နဲ႔
အေမ့ပဲျပဳစုရတာ မပင္ပန္းပါဘူးေတာ္…”
“ေအးပါ ငါ့သမီးရယ္…ညည္းအစ္ကိုလည္း
ဒီတစ္ေခါက္သုံးလျပည့္တာေတာင္ျပန္မလာေသးပါလား…
ဒီကေလးႏွယ္ အေမနဲ႔ညီမကိုပစ္ထားရက္ေလတယ္”
“အို…အေမကလည္း အစ္ကို ကုန္ေရာင္း၊ကုန္ဝယ္
နယ္လွည့္ရတာ လြယ္တာမဟုတ္ဘူးေလ…၊
ဒါမို႔ၾကာေနတာေနမွာပါ”
ခင္ခ်ိဳ မိခင္ျဖစ္သူကို စကားျပန္ေျပာရင္း
မီးဖိုထဲသို႔ဝင္သြားေလသည္။
ခင္ခ်ိဳတို႔၌ ဖခင္မရွိေတာ့။
ခင္ခ်ိဳအစ္ကို သြင္ထူးနဲ႔ ခင္ခ်ိဳတို႔ေမာင္ႏွမအား မိခင္ႀကီးက
ျပဳစုေကြၽးေမြးခဲ့ရသည္။
ခင္ခ်ိဳတို႔က ေတာသူေဌးမ်ားပင္ျဖစ္သည္။
ပိုင္ဆိုင္ေသာ.လယၼ္ားကို လယ္ငွားမ်ားေခၚ၍ခိုင္းေစသည္။
ခင္ခ်ိဳအစ္ကိုျဖစ္သူက ကုန္ေရာင္း၊ကုန္ဝယ္ကိုသာစိတ္ဝင္စား၏။
မိခင္ႀကီးက တားပါေသာ္လည္း မရ….၊သူ၏အလုပ္ကိုသာ လုပ္ေဆာင္ဖို႔ျပင္းျပေလသည္။
****************************
လေလးသည္ တိမ္မ်ားအၾကားဖုံးကြယ္ေန၏။
ထိုအခ်ိန္၌ ခပ္စြာစြာ…ေဟာင္လိုက္…အူလိုက္ျဖစ္ေနေသာ
ေခြးအုပ္စု၏အသံသည္ ပို၍က်ယ္ေလာင္လာခဲ့သည္။
ေခြးအူသံတို႔၏အသံေၾကာင့္ ခင္ခ်ိဳ တစ္ေယာက္
ႏိုးလာခဲ့သည္။
ႏိုးလာရင္း ေရဆာလာေသာ ခံစားမႈေၾကာင့္
ခင္ခ်ိဳေရေသာက္ဖို႔ထလာခဲ့၏။
ေသာက္ေရအိုးဆီေရာက္ေတာ့ ေရကိုအဝေသာက္လိုက္သည္။
ျပတင္းတံခါးႏွင့္နီးသည္မို႔ ျပတင္းတံခါးနားသို႔တိုးကပ္သြားၿပီး
ပတ္ဝန္းက်င္ကိုေငးေမာမိျပန္သည္။
ခင္ခ်ိဳ ရွိေသာ အေပၚထပ္ျပတင္းတံခါးေနရာသည္ ပတ္ဝန္းက်င္ကို ၾကည့္၍ျမင္သာလွသည္။
ေမွာင္မဲေနေသာ ပတ္ဝန္းက်င္ကို ခင္ခ်ိဳေငးၾကည့္ေနရင္း…
“ဟင္…………”
ၿခံဝိုင္းအျပင္ဆီမွ လူရိပ္ကို ခင္ခ်ိဳျမင္လိုက္ရသည္။
လူရိပ္ဆိုသည္ထက္ လူတစ္ေယာက္ဆိုတာပို၍မွန္ေပမည္။
အေမွာင္ထဲ၌ ရွိေသာ ထိုသူ႔ကို
ခင္ခ်ိဳျမင္ရျခင္းကထူးဆန္းလွသည္။
ထိုလူသည္မ်က္လုံးအျပဴးသားျဖင့္ခင္ခ်ိဳကို
စိုက္ၾကည့္ေနသည္။
ခင္ခ်ိဳသည္လည္းထိုသူ၏အၾကည့္စူးစူးႀကီးကို
ေၾကာက္႐ြံ႕လာ၍
ျပတင္းတံခါးကို အျမန္ပိတ္ၿပီးေနာက္
မိမိအခန္းသို႔ အေျပးဝင္သြားေတာ့သည္။
ထိုေန႔ တညလုံး ခင္ခ်ိဳအိပ္မေပ်ာ္ခဲ့။
မ်က္ဝန္းထဲ၌ ထိုလူကိုသာျမင္ေယာင္ေနမိသည္။
ပုံပန္းသဏၭာန္ကိုမသိပါေသာ္လည္း သူ၏မ်က္လုံးမ်ားက
ရင္းႏွီးေနသေယာင္ ထင္မိသည္။
ထိုသို႔ေသာ အေတြးမ်ားျဖင့္ ခင္ခ်ိဳ မိုးလင္းခဲ့ရ၏။
“သမီးေရ…ခင္ခ်ိဳ…ခင္ခ်ိဳေရ………”
ေဒၚခင္မ တစ္ေယာက္ သမီးျဖစ္သူခင္ခ်ိဳကို ေခၚေနခဲ့သည္။
“ဒီကေလးမတစ္ေယာက္… ဘယ္ေရာက္ေနတာလဲမသိဘူး…”
ဟု…ဆိုကာ မီးဖိုေခ်ာင္၏အေနာက္ဘက္သို႔ ေရာက္လာခဲ့၏။
မီးဖိုေခ်ာင္၏အေနာက္ဘက္၌
ဆူးပုပ္ပင္မ်ားစိုက္ပ်ိဳးထားသည္။
ခင္ခ်ိဳထိုေနရာ၌ရွိေလမလား အေတြးျဖင့္
ေဒၚခင္မ ေရာက္လာျခင္းျဖစ္၏။
ေဒၚခင္မ ေတြးသည့္အတိုင္းပင္ ခင္ခ်ိဳတစ္ေယာက္
ဆူးပုပ္ပင္မ်ားအနား၌ရွိေနခဲ့သည္။
သို႔ေသာ္…
“ဟင္…သမီး ခင္ခ်ိဳ…ဘာျဖစ္တာလဲ သမီး…ခင္ခ်ိဳ…….။
လာၾကပါဦးေတာ္…က်ဳပ္သမီးေလးဘာျဖစ္တယ္မသိဘူး”
ခင္ခ်ိဳသည္ ဆူးပုပ္ပင္မ်ား အနီး၌ လဲက်ေနျခင္းျဖစ္သည္။
ေဒၚခင္မ လည္း သမီးအတြက္ စိတ္မ်ားပူကာ ပတ္ဝန္းက်င္ကို
ေအာ္ဟစ္အကူအညီေတာင္းရေတာ့၏။
ေဘးၿခံမ်ား၏အကူအညီျဖင့္ ခင္ခ်ိဳအား
သူ၏ အိပ္ရာ၌ အသာခ်ေပးထားသည္။
ေဆးဆရာပင့္ဖိတ္၍ ကုသ သင့္သည္မ်ားကုသေပးၾက၏။
ေဆးဆရာကလည္းမျပန္ေသး ခင္ခ်ိဳသတိလည္လာသည္အထိ ေစာင့္ေပးရွာသည္။
ေဘးၿခံမွ အသိမ်ားအျပင္ေဆြမ်ိဳမ်ားကလည္း
ခင္ခ်ိဳသတင္းလာေမးၾက၏။
ထိုသို႔ေနရင္း ခင္ခ်ိဳ၏ မ်က္လုံးမ်ား ပြင့္လာခဲ့ေလသည္။
ခင္ခ်ိဳသည္ သတိျပန္ရလာေသာ္လည္း
မ်က္လုံးႀကီးအျပဴးသားျဖင့္ လူမ်ားကိုစိုက္ၾကည့္ေနခဲ့သည္။
“သမီး…သက္သာရဲ႕လား…ဘယ္လိုမ်ားျဖစ္ရတာလဲကြယ္…”
ေဒၚခင္မ၏အေမးကို ခင္ခ်ိဳက
မ်က္လုံးအျပဴးသားျဖင့္ၾကည့္ေနျပန္သည္။
“ကဲ…လူနာလည္းသတိရၿပီဆိုေတာ့၊
ေရာ့… ကေလးမ ဒီေဆးေလးေသာက္လိုက္ဦးကြယ္…”
ဟု ေဆးဆရာကေျပာရင္း ေဆးရည္မ်ားထည့္ထားေသာ
ခြက္အား ခင္ခ်ိဳကို ကမ္းေပးေလသည္။
ခင္ခ်ိဳသည္ ေဆးဆရာကိုေရာ ေဆးခြက္ကိုပါ တစ္ခ်က္ၾကည့္ရင္း လွမ္းယူလိုက္ကာ…
“ခြမ္းးး………”
“ထြက္သြားးးးးးးး… ငါ့အိမ္ကအခုထြက္သြားၾက…….”
“ဟင္…”
“အမေလးးးး……”
“ဟာ………..”
ေဆးခြက္ကို ခင္ခ်ိဳ ေပါက္ခြဲပစ္လိုက္ယုံမက
ခင္ခ်ိဳ၏ ႏႈတ္မွထြက္ေပၚလာေသာ ေယာက်ာ္းသံႀကီးေၾကာင့္
ရွိသမွ်လူအားလုံးထိတ္လန႔္ကုန္ၾကသည္။
“သွားးးကြ…သွားးးးးကြ…ငါ့အနားမလာကြနဲ႔….
နင္တို႔ဆီကအပူေတြ ငါမလိုခ်င္ဘူးးးးး…သြားၾက”
“သမီး…စိတ္ထိန္းေလ…သမီး………”
ခင္ခ်ိဳေဒါသတႀကီးေအာ္ဟစ္ေနေလရာ…ေဆးဆရာအပါအဝင္ေဆြမ်ိဳးသားခ်င္းမ်ား
ေနာက္သို႔ဆုတ္ခြာကုန္ၾကသည္။
ခင္ခ်ိဳအေမ ေဒၚခင္မကေတာ့ သမီးျဖစ္သူကို ေခ်ာ့ေမာ့ေနသည္။
သို႔ေသာ္လည္း ခင္ခ်ိဳက ေဒၚခင္မကို ေက်ာေပး၍
ငုပ္တုပ္ႀကီးထထိုင္ေနျပန္သည္။
“မခင္မ…ခင္ဗ်ားသမီးမွာ အေႏွာက္အယွက္ဝင္ေနပုံပဲဗ်ိဳ႕….
ဒီကိစၥေတာ့ က်ဳပ္လည္းမႏိုင္ေပဘူး…။
အဲ့သည္ေတာ့ ဒီဟာမ်ိဳးေတြကုသႏိုင္တဲ့
ေသာင္ထြန္း႐ြာက ဘြားမယ္စိန္ကိုသာ အေျပးပင့္ေပေတာ့ဗ်ိဳ႕…
မဟုတ္ရင္ ခင္ဗ်ားသမီး
ဒုကၡေရာက္ေတာ့မယ္….ကဲ… က်ဳပ္ျပန္ၿပီ…..”
ေဆးဆရာသည္ သူ၏ ေဆးအိတ္ကို ယူ၍
ေဒၚခင္မတို႔အိမ္မွ ျပန္သြားေတာ့သည္။
ေဒၚခင္မကေတာ့ သမီးျဖစ္သူ ခင္ခ်ိဳအား အခန္းထဲ၌ ေသာ့ခတ္ထားခဲ့ၿပီးေနာက္ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္
တိုင္ပင္ေနခဲ့သည္။
ထိုအခ်ိန္ အင္တိုင္း႐ြာသူႀကီး ဦးဖိုးမွန္ေရာက္လာေတာ့၏။
“ဟဲ့…ခင္မ…နင့္သမီး အပမွီေနတယ္ဆို”
“ဟုတ္…ဟုတ္တယ္သူႀကီး…အဲ့အတြက္ က်ဳပ္တို႔လည္း
ဝိုင္းဖြဲ႕တိုင္ပင္ေနၾကတာ”
သူႀကီး ဦးဖိုးမွန္က ေဒၚခင္မ စကားအား အလိုမက်စြာ…
“ဟဲ့…ခင္မ…နင္က အယုံအၾကည္မရွိတိုင္း တိုင္ပင္ေနလိုက္…
ဟိုမွာ နင့္သမီး ဒုကၡေရာက္သြားရင္ နင္ဘာတတ္ႏိုင္ေတာ့မလဲ…
လုပ္စရာရွိတာ အရင္လုပ္စမ္းပါဟာ…”
“က်ဳပ္ဘာလုပ္ရမလဲ သူႀကီးရယ္…၊
ေဆးဆရာ ေျပာသြားတာေတာ့ တစ္ဖက္ေသာင္ထြန္း႐ြာက ဘြားမယ္စိန္ကိုသာပင့္တဲ့…အဲ့တာ ဘြားမယ္စိန္က
က်ဳပ္တို႔သြားပင့္ေတာ့ လိုက္လာပါ့မလားလို႔”
“ေၾသာ္…မခင္မရယ္…ဘြားမယ္စိန္ကိုသာ သြားပင့္ဖို႔လုပ္ပါဗ်ာ…ဘြားအားရင္လိုက္မွာေပါ့ဗ်…အင္း…ေန…ေန….
က်ဳပ္ပဲသြားပင့္ေပးမယ္…ခင္ဗ်ားတို႔သာ ေနခဲ့ၾကေတာ့”
“ဟုတ္…ဟုတ္…ဟုတ္ကဲ့သူႀကီး…”
ေဒၚခင္မႏွင့္ေဆြမ်ိဳးတသိုက္တို႔သည္
သူႀကီးဦးဖိုးမွန္၏စကားအား
နားေထာင္ကာေနရစ္ခဲ့ေတာ့၏။
သူႀကီးဦးဖိုးမွန္သည္လည္း သူ၏အေဖာ္တခ်ိဳ႕ကိုေခၚယူၿပီး
ေသာင္ထြန္း႐ြာသို႔ထြက္လာခဲ့ေတာ့သည္။
ေသာင္ထြန္း႐ြာသို႔ေရာက္ေတာ့
ေသာင္ထြန္း႐ြာသူႀကီးဦးေနာင္ခ်ိဳအား
အက်ိဳးအေၾကာင္းရွင္းျပလိုက္ၿပီး…
“အဲ့လိုေဟ့…ေနာင္ခ်ိဳေရ…ဘြားကို ဒီတစ္ခါလည္း
မင္းကိုယ္တိုင္လိုက္ပင့္ေပးဦးကြာ…ေနာ့…”
“ရပါတယ္ ဖိုးမွန္ရာ…မင္းနဲ႔ငါကသူငယ္ခ်င္းပါ…မင္း႐ြာအေရးလည္း ငါ့အေရးပဲေပါ့…။ေနာက္ၿပီး ဘြားကလည္း
ကူညီေပးႏိုင္မွာပါကြာ…ဘာမွစိတ္မပူၾကနဲ႔ေဟ့”
သူႀကီးဦးေနာင္ခ်ိဳႏွင့္ေျပာဆိုၾကၿပီးေသာအခါ
ဘြားမယ္စိန္အိမ္သို႔ေရာက္လာခဲ့ၾကေတာ့သည္။
ဘြားမယ္စိန္ကို အသင့္ေတြ႕လိုက္ၾက၍
သူႀကီးဦးေနာင္ခ်ိဳက ဦးေဆာင္၍ အင္တိုင္း႐ြာကို ပင့္ေခၚေသာအခါ…
“ဘြား ကူညီေပးမွာပါေမာင္ရင္တို႔ရယ္…
ဘာမွ စိတ္မပူၾကနဲ႔ ဘြားလိုက္ခဲ့ပါ့မယ္ကြယ္…”
ထို႔သို႔ျဖင့္ သူႀကီးဦးဖိုးမွန္ႏွင့္သူႀကီးဦးေနာင္ခ်ိဴတို႔အဖြဲ႕က လွည္းတစ္စီး…။
ဘြားမယ္စိန္ႏွင့္ ေမာင္တိုး၊ေမာင္အုန္းတို႔က လွည္းတစ္စီး
အသီးသီးျဖင့္ အင္တိုင္း႐ြာသို႔ေရာက္လာခဲ့ၾကေတာ့သည္။
အင္တိုင္း႐ြာသူ၊႐ြာသားတို႔သည္ လွည္းထက္၌ လိုက္ပါလာေသာ ဘြားမယ္စိန္ကိုျမင္ေသာအခါ အၿပဳံးမ်ားျဖင့္
ႏႈတ္ဆက္ၾကျပန္သည္။
ႏႈတ္ဆက္ၾကယုံသာမက
လွည္းေနာက္မွ လိုက္ပါလာခဲ့ၾက၏။
ေဒၚခင္မ၏ ေနအိမ္ဆီသို႔ေရာက္ေသာအခါ.ေဒၚခင္မႏွင့္ ေဆြမ်ိဳးမ်ားက ႀကိဳဆိုၾကျပန္သည္။
ဘြားမယ္စိန္လည္း သူ၏ေတာင္ေဝွးႀကီးကိုေထာက္…
ခ်ည္လြယ္အိတ္ကို ေဘးေစာင္းလြယ္၍ ေဒၚခင္မတို႔ ေနရာေပးေသာ ကုလားထိုင္၌ ဝင္ထိုင္ေလသည္။
ေဒၚခင္မသည္ကား ဘြားမယ္စိန္ကို စကားေျပာဖို႔ရန္
မဝံ့မရဲျဖစ္ေနေလသည္။
“ဟဲ့…ခင္မ…နင္ေျပာစရာရွိတာေျပာေလ ဘြားကို”
“ရွင္…”
အင္တိုင္းသူႀကီးဦးဖိုးမွန္က တိုက္တြန္းေလမွ
ေဒၚခင္မ စကားသံထြက္လာ၏။
“ကဲပါကြယ္…ဘြားလည္းသိထားၿပီးၿပီပဲ…ဒီေတာ့
ကေလးမရွိတဲ့ေနရာကိုသာ ဘြားကိုေခၚသြားေပး…။
အင္း…ၿပီးေတာ့ အားလုံးကိုေျပာရဦးမယ္…ကေလးမ
ရွိတဲ့ေနရာကို လိုက္ၾကည့္မယ္ဆိုရင္
လူနည္းေလပိုေကာင္းေလပဲ…
ဒါမို႔ လူေတြအမ်ားႀကီးေခၚမလာမိၾကေစနဲ႔……..”
“စိတ္ခ်ပါဘြား…က်ဳပ္စီစဥ္ေပးပါ့မယ္…”
သူႀကီးဦးဖိုးမွန္က ဘြားမယ္စိန္ကို ေျပာလိုက္သည္။
ေဒၚခင္မကိုယ္တိုင္ပင္ ဘြားမယ္စိန္ကို
ခင္ခ်ိဳရွိေသာအခန္းသို႔လိုက္ပို႔ေလသည္။
ဘြားမယ္စိန္ႏွင့္အတူ ေမာင္တိုး၊ေမာင္အုန္းပါရွိ၏။
တဖန္ ေဒၚခင္မ၏ ေဆြမ်ိဳးအနည္းငယ္ႏွင့္
သူႀကီးတို႔ပါရွိခဲ့သည္။
က်န္သူမ်ားကေတာ့ အိမ္ေအာက္ထပ္၌သာေစာင့္ေနရစ္ၾက၏။
“ကဲ…အခန္းျပင္ကပဲေစာင့္ၾကေတာ့…ခင္မ…
ဘြားေနာက္က ညည္းလိုက္ခဲ့”
“ဟုတ္ကဲ့ ဘြား……..”
အခန္းအတြင္းသို႔ဘြားမယ္စိန္ႏွင့္
ေဒၚခင္မ သာဝင္လာၾကသည္။
က်န္သူမ်ားက အခန္းတံခါးဝမွသာ ၾကည့္ေနခဲ့ရ၏။
ေဒၚခင္မသည္ ဘြားမယ္စိန္ေနာက္ပါးမွလိုက္လာခဲ့သည္။
ဘြားမယ္စိန္သည္ အခန္းအတြင္းအိပ္ရာ၌
လွဲေလ်ာင္းအိပ္စက္ေနေသာ ခင္ခ်ိဳအနီးသို႔ေရာက္လာ၏။
ခင္ခ်ိဳ၏ေခါင္းအားဘြားမယ္စိန္ သူ၏လက္ျဖင့္ ကိုင္လိုက္ေသာအခါ အိပ္ေပ်ာ္ေနေသာ ခင္ခ်ိဳသည္ ခ်က္ခ်င္းပင္မ်က္လုံးပြင့္လာခဲ့ၿပီး ဘြားမယ္စိန္၏လက္ကို တြန္းဖယ္ကာ
အိပ္ရာမွဆင္း၍ အခန္းေထာင့္၌ သြားထိုင္ေလသည္။
“မင္း…ဘယ္သူလဲ”
ဘြားမယ္စိန္သည္ ေတာင္ေဝွးႀကီးကိုဟန္ပါပါေထာက္ထား၏။
အခန္းေထာင့္၌ ဖားျပဳပ္ထိုင္ထိုင္ေနေသာ ခင္ခ်ိဳသည္
ဘြားမယ္စိန္၏အေမးကိုမေျဖေသးဘဲ စိုက္ၾကည့္ေနခဲ့သည္။
“ငါေမးေနတယ္ေလ…မင္းဘယ္ကလဲ…ဒီကေလးမဆီမွာ
ဘာလို႔ပူးကပ္ေနရတာလဲ”
ဘြားမယ္စိန္ထပ္ေမး၏။
သို႔ေသာ္ မေျဖေသးဘဲ ျပဴးေၾကာင္ေၾကာင္မ်က္ႏွာေဘးျဖင့္ စိုက္ၾကည့္ေနခဲ့သည္။
“အင္း…ေကာင္းၿပီေလ…မင္းမေျဖရင္
ဘြားကိုယ္တိုင္မင္းေျဖလာေအာင္လုပ္ရမွာေပါ့…ကဲ……….”
“ဒုတ္……….”
ဘြားမယ္စိန္သည္ သူ၏ေတာင္ေဝွးကိုၾကမ္းေပၚသို႔
ေဆာင့္ခ်လိုက္ၿပီး ႏႈတ္မွဂါထာမ်ား႐ြတ္ဆိုေတာ့သည္။
ထိုအခါ အေစာပိုင္းက ျပဴးေၾကာင္ေၾကာင္ၾကည့္ေနေသာ
ခင္ခ်ိဳတစ္ေယာက္ လႈပ္ရွားလာေတာ့၏။
ခႏၶာကိုယ္ တစ္ခုလုံးေနရာလြတ္မက်န္ ကုပ္ဖဲ့ေနၿပီး…
“အမေလးးးးးးးပူတယ္…ပူတယ္….အမေလးးးးဗ်….
ေတာ္ပါေတာ့…က်ဳပ္ပူလွပါၿပီ….ထပ္မ႐ြတ္ပါနဲ႔ေတာ့……”
ဟု ေအာ္ဟစ္ေနရွာ၏။
ထိုအခါမွ ဘြားမယ္စိန္သည္
ဂါထာ႐ြတ္ျခင္းကိုရပ္တန႔္လိုက္ၿပီး…
“အင္းးး….ဒါဆိုရင္ အေစာက
ဘြားေမးတဲ့ေမးခြန္းကို ေျဖေပေတာ့…။
မင္းက ဆိုးဝါးတာမဟုတ္ဘူးဆိုတာေတာ့ဘြားသိတယ္…
ကဲ…မင္းေျပာေပေတာ့ကြယ္…….”
ဘြားမယ္စိန္ေျပာေသာအခါ ခင္ခ်ိဳသည္ ေဒၚခင္မအား
ဝမ္းနည္းေသာ မ်က္ႏွာထားျဖင့္ တခ်က္လွမ္းၾကည့္ၿပီး…
“အေမ…က်ဳပ္ပါ….
က်ဳပ္က အေမ့သား သြင္ထူးပါဗ်…..”
“ဟင္…ငါ့သား…..”
ခင္ခ်ိဳေျပာေသာ စကားမ်ားေၾကာင့္ေဒၚခင္မ
ထိတ္လန႔္သြားသည္။
မယုံၾကည္ႏိုင္ေသာ စိတ္မ်ားေၾကာင့္ ေခါင္းကိုတသြင္သြင္ခါရင္း….
“မ…မဟုတ္တာ….ငါ့….ငါ့သားက
ကုန္သြားေရာင္းေနတာ….မဟုတ္ဘူး……..”
ခင္ခ်ိဳကလည္း မ်က္ရည္မ်ား တလေဟာက်ရင္း…
“အေမ……က်ဳပ္ အေမ့သားပါဗ်….။
က်ဳပ္…က်ဳပ္ေသၿပီအေမရဲ႕…က်ဳပ္ကိုဓားျပေတြ
သတ္သြားတာက်ဳပ္ေသၿပီဗ်……”
“ဟင္….ငါ့သား…ငါ့သားသြင္ထူးေသၿပီ….အမေလးးးး….
မျဖစ္ႏိုင္ဘူး…မျဖစ္ႏိုင္ဘူးးးးး…….”
ေဒၚခင္မ မ်က္ရည္မ်ားက်ရင္းအမွန္တရားကို
လက္မခံႏိုင္ျဖစ္ေနရွာသည္။
တံခါးဝမွလူမ်ားသည္လည္းစိတ္မေကာင္းျဖစ္ေနၾကရွာ၏။
“က်ဳပ္အေလာင္းကို မိုးေကာင္း႐ြာနားက
ေတာစပ္မွာျမဳပ္ထားခဲ့ၾကတယ္…က်ဳပ္ေသတာ
အခုဆိုႏွစ္လေက်ာ္ၿပီအေမရဲ႕….က်ဳပ္ အေမတို႔ဆီလာမရေသးလို႔သာ ၾကာေနခဲ့တာ…
အခုက်ဳပ္ေရာက္လာၿပီေလအေမ….
အီးးးးဟီးးးးဟီးးးးးးးးဟီးးးးးးးးးးးးးးးးးး”
ခင္ခ်ိဳတျဖစ္သြင္ထူးသည္ ေျပာရင္းငိုေကြၽးေနရွာ၏။
ေဒၚခင္မလည္း သားျဖစ္သူ၏အျဖစ္အပ်က္ေၾကာင့္
ဝမ္းနည္းစြာရႈိက္ငိုေကြၽးေနခဲ့ရ၏။
“အမေလးးးးငါ့သားေလးမွ….
အေမ့သားေလးမွျဖစ္ရတယ္လို႔….အီးးးဟီးးးးးးဟီးးးးးးး”
“က်ဳပ္ေလ…ညီမေလးကိုယ္ထဲေနၿပီး…
အေမ့ကိုေစာင့္ေရွာက္ေပးခ်င္ခဲ့တာ…
အခုေတာ့ က်ဳပ္ေၾကာင့္ညီမေလးကိုလည္း
ဒုကၡမေရာက္ေစခ်င္ဘူး…က်ဳပ္ဒီဘဝေတာ့
အေမတို႔နဲ႔ခြဲရပါေရာလား….က်ဳပ္ သားမိုက္ႀကီးကို
ခြင္လႊတ္ပါအေမရယ္…က်ဳပ္ကိုခြင့္လႊတ္ပါဗ်ာ…
အီးးးဟီးးးးဟီးးးးးးးး ”
“အေမခြင့္လႊတ္ပါတယ္သားႀကီးရယ္….
အေမခြင့္လႊတ္ပါတယ္…….”
သားအမိႏွစ္ေယာက္ငိုေကြၽးေနၾကရွာသည္။
ဘြားမယ္စိန္သည္လည္းစိတ္မေကာင္းျဖစ္ေနခဲ့၏။
“ကဲ…ေမာင္သြင္ထူး…ေမာင္ရင့္ညီမကိုယ္ထဲလည္းေမာင္ရင္
ဝင္ပူးကပ္ေနတာၾကာၿပီ…ဒီေတာ့ေမာင္ရင့္ဝိညာဥ္
ျပန္ခြာလိုက္ေပေတာ့…
ေနာက္ၿပီး ေမာင္ရင္မခြာခင္ ဘြားမွာလိုက္မယ္…
ေဟာဟိုမွာရွိတဲ့သူႀကီးဦးဖိုးမွန္တို႔က ေမာင္ရင့္ရဲ႕ အေလာင္းကိုျပန္ရွာၿပီး ေကာင္းမြန္ေအာင္ သၿဂိဳလ္ေပးၾကလိမ့္မယ္…
ေမာင္ရင့္အေမနဲ႔ႏွမကလည္း ေမာင္ရင့္အတြက္ ကုသိုလ္ေကာင္းမႈေတြလုပ္ေပးၾကမွာမို႔…ေမာင္ရင္သာဓုေခၚၿပီး ဘဝေကာင္းကိုေရာက္ဖို႔သာ ျပင္ဆင္ထားေပေတာ့ကြယ္…..”
“ဟုတ္ကဲ့ပါဘြား…က်ဳပ္ေလ…
ဘြားပညာကိုေရာ ဘြားကိုပါ
ေလးစား႐ိုေသပါတယ္ဗ်ာ….
အေမ… က်ဳပ္ကန္ေတာ့ခဲ့ပါတယ္…
သားမိုက္ႀကီးကိုခြင့္လႊတ္ေပးပါအေမ…ညီမေလးကိုလည္း
က်ဳပ္ သိပ္ခ်စ္တယ္ဆိုတာေလးေျပာေပးပါဗ်ာ……..”
သြင္ထူးသည္ မိခင္ႀကီးအားကန္ေတာ့ခဲ့ရွာ၏။
“ငါ့သားႀကီး ေကာင္းမြန္တဲ့အရပ္မွာေနႏိုင္ပါေစ…
ဒီအျဖစ္ဆိုးမ်ိဳးနဲ႔ဘဝအဆက္ဆက္ေဝးပါေစကြယ္………”
ေဒၚခင္မတစ္ေယာက္ မ်က္ရည္မ်ားျဖင့္ ဆုေပးေလသည္။
ထို႔ေနာက္ သြင္ထူးသည္ ညီမျဖစ္သူ ခင္ခ်ိဳ၏ ခႏၶာကိုယ္ မွထြက္ခြာသြားေတာ့၏။
သြင္ထူးထြက္သြားေသာ အခါ ခင္ခ်ိဳလဲက်သြားရွာသည္။
သတိမလည္ေသးေသာ ခင္ခ်ိဳအား.ဘြားမယ္စိန္ကအသင့္ပါလာေသာ ေရမန္းမ်ားျဖင့္ ပတ္ျဖန္းေပး၏။
ထိုအခါမွ သတိျပန္ရလာခဲ့သည္။
သတိျပန္ရလာေသာ ခင္ခ်ိဳသည္ ငိုေႂကြးေနေသာ မိခင္ကိုလည္းေကာင္း…မျမင္ဘူးေသာ ဘြားမယ္စိန္တို႔အားလည္းေကာင္းေငးၾကည့္ရင္း….
“အေမ…က်ဳပ္ ဆူးပုပ္႐ြက္ခူးေနတုန္း က်ဳပ္ေနာက္ကေန ဘယ္သူဝင္တိုက္လိုက္တာတုန္း…က်ဳပ္ျဖင့္ အဲ့ကတည္းက
လန႔္ၿပီး ဘာမွမသိေတာ့တာ….”
ဟု…ေျပာေသာအခါ ေဒၚခင္မက…
“သမီး…ညည္းအစ္ကိုေသၿပီေအ့…ညည္းအစ္ကိုႀကီးအေမတို႔ကိုခြဲသြားရွာၿပီ….အီးးး….ဟီးးးးးး….ဟီးးးးးး”
“ဟင္…အေမ….အေမကလည္း….
ဘာ….ဘာေတြေျပာေနတာတုန္း”
ခင္ခ်ိဳ ေၾကာင္အမ္းအမ္းေမးေသာအခါ သူႀကီးဦးဖိုးမွန္မွ
ခင္ခ်ိဳအား ေျပာျပရေတာ့၏။
အေၾကာင္းစုံသိေသာ အခါ ခင္ခ်ိဳလည္း မိခင္နည္းတူငိုေႂကြးရွာသည္။
“က်ဳပ္…ဒါေၾကာင့္သိသလိုရွိေနတာ…အေမရဲ႕….
က်ဳပ္ အစ္ကို ကိုျမင္တာ ႏွစ္ခါရွိၿပီေတာ့္…
က်ဳပ္ညံ့ပါ့အေမရယ္….
က်ဳပ္အစ္ကိုကို က်ဳပ္မမွတ္ခဲ့ဘူးးးးးးအီးးးးဟီးးးးဟီးးးးးးး”
ခင္ခ်ိဳႏွင့္ေဒၚခင္မတို႔သားအမိ တစ္ဦးႏွင့္တစ္ဦးဖက္၍
ငိုေႂကြးရွာေတာ့သည္။
“ကဲ…ခင္မ…ညည္းတို႔ငိုေနလို႔မၿပီးဘူး…ငါနဲ႔႐ြာသားေတြက
သြင္ထူးေျပာတဲ့ေနရာမွာအေလာင္းသြားတူးမယ္…
ၾကည့္ရတာ နင့္သား ႐ြာအျပန္မွာ
အသတ္ခံရတာေနမွာဟ…
မိုးေကာင္း႐ြာဆိုတာတို႔႐ြာနဲ႔ႏွစ္႐ြာပဲျခားေတာ့တာ…
ကဲပါေလ…
နင္တို႔က ျပင္စရာရွိတာျပင္ထားၾကေတာ့ေဟ့….”
သူႀကီးဦးဖိုးမွန္ကေျပာစရာမ်ားေျပာအၿပီး
သူ၏႐ြာသားမ်ားအားေခၚကာ သြင္ထူး၏အေလာင္းအားသြားရွာေတာ့သည္။
ဘြားမယ္စိန္တို႔သည္က ေဒၚခင္မတို႔အိမ္၌သာေနရစ္ခဲ့ၾက၏။
ေဒၚခင္မႏွင့္ခင္ခ်ိဳတို႔ကိုလည္း ဘြားမယ္စိန္ကိုယ္တိုင္
ႏွစ္သိမ့္ေပးေနခဲ့သည္။
“ကဲ…ခင္မ….ေသသူလည္းေသသြားၿပီ…ဝမ္းနည္းတာလည္းနည္းတာေပါ့…သူ႔အတြက္လည္း စိတ္ကိုႏွစ္မခ်နဲ႔…
ညည္းမွာဒီသမီးေလးရွိေသးေနတာပဲ
အားတင္းထားဦးမွေပါ့…”
“ဟုတ္ကဲ့ပါဘြားရယ္…က်ဳပ္သမီးေလးအတြက္ .က်ဳပ္ အတင္းထားပါ့မယ္ေတာ္…..”
ထိုေန႔သန္းေခါင္ေက်ာ္၍ မိုးလင္းခါနီးမွ သူႀကီးဦးဖိုးမွန္တို႔အဖြဲ႕
ျပန္ေရာက္လာၾက၏။
“သြင္ထူးေျပာတဲ့အတိုင္းပဲေဟ့…
အေလာင္းကအဲ့ေနရာမွာပဲေတြ႕တာ…”
ဟုေျပာအၿပီး အသုဘကို ျပင္ဆင္ၾကေတာ့၏။
ထိုသို႔ျဖင့္ သြင္ထူးအား ရည္စူး၍ ေဒၚခင္မတို႔
သားအမိမွာလည္း
အလႉအတန္းမ်ားလုပ္ေဆာင္ဖို႔ျပင္ဆင္ၾကရွာသည္။
အသုဘလည္းၿပီး အလႉအတန္းမ်ားလည္းလုပ္ၿပီးေသာအခါ
သြင္ထူး၏ဝိညာဥ္သည္ ေဒၚခင္မတို႔ထံသို႔
ေရာက္မလာေတာ့ေခ်။
ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)
စာမူမွာ ဇာတ္လမ္းလိုအပ္ခ်က္ရွိတာ
စာေရးသူရဲ႕မျပည့္စုံေသးမႈေၾကာင့္ပါ။
စာဖတ္သူတို႔အေနနဲ႔ သည္းခံေပးၾကပါဦးရွင္….။