” အိပ်မက် “(စ/ဆုံး)

Unicode Version

” အိပ်မက် “(စ/ဆုံး)
————————-
ဇာတ်ကောင်တွေရဲ့ အမည်နာမ ကို ကျွန်တော်လဲ
သေချာမသိပါဘူး ဒါပေမဲ့ သေချာတာတစ်ခုက
ဖြစ်ရပ် မှန် ဇာတ်လမ်း ဆိုတာပါပဲ
ဖြစ်ရပ်
“အမေ ရေ အထီးလေး မွေးတယ်ဗျို့”
နွားတင်ကုပ် ထဲမှ သားပု က အိမ်ပေါ်ရှိ
သူ့အမေ ကို လှမ်းအော်၍ ပြောလိုက်လေသည်
အမှန်ပင် သားပုတို့အိမ်တွင် ကိုယ်ဝန်
ရက်စေ့နေလေသော နွားမကြီး တစ်ကောင်
ရှိလေရာ အခုထိုနွားမမှ နွားထီးလေး
မွေးလာလေသည်
“သားပုရေ ထွားရဲ့လား”
“ထွားလိုက်တာမှ တုတ်ခိုင်နေတာပဲ”
သားပု မှ အားရဝမ်းသာ လေသံဖြင့်
အော်ပြောလိုက်လေသည်
“မိတိုးတော့ ပင်ပန်းသွားမှာပဲ
အစာတွေ ရေတွေ အပြည့်ဖြည့်ပေးလိုက်”
ဒေါ်တုတ် မှ လှမ်းအော်ပြောလိုက်လေသည်
“ဟုတ်ကဲ့”
သားပု ကိုယ့်တာဝန်ကို ကျေပွန်အောင်
လုပ်ဆောင်ပြီးနောက် အိပ်ယာဝင်ခဲ့တော့၏
မနက်လင်းသော်
“အမေ ည က သား နွားပေါက်လေး ကို
စိတ်ဆွဲနေလို့လားမသိဘူး သူ့ကို
အိပ်မက် မက်တယ် “
“အင်း စိတ်ဆွဲရင် ဖြစ်တတ်ပါတယ်”
“ဒါနဲ့ နွားပေါက်လေး ကို အမေတွေ့ပြီးပြီလား
တော်တော်ထွားတယ်နော်”
“အေး မင်းအဖေသာရှိရင် ဘယ်လောက်တောင်
အားရလိုက်မလဲ အခုတော့”
ဒေါ်တုတ် မှ ပြောရင်းဖြင့် ရှုံ့တုံ ရှုံတုံ့ လုပ်နေ၏
“အမေရယ် ပြောမနေပါနဲ့ သေတဲ့လူတောင်
စိတ်မဖြောင့်ပဲ ဖြစ်နေပါဦးမယ်”
သားပု မှ ပြောလိုက်သဖြင့် ဒေါ်တုတ်
ပါးပြင်ပေါ်မှ မျက်ရည်စများကို သုတ်လိုက်လေသည်
ဤသို့ ဤသို့ဖြင့်
နွားကလေးမှာ အခါလည်သား အရွယ်သို့
ရောက်လာခဲ့လေသည်
ထိုနွားလေး ကို နီညို ဟု အမည်ပေးလေသည်
ထိုနွားကလေးသည် သားပုကို တအားခင်လေ၏
သားပု လယ်ထဲသွားလျှင် လိုက်၏
သားပု သည်လဲ ထိုနွားကလေး ကို
လွန်စွာ ချစ်ခင် ဂရုစိုက်လေသည်
တစ်နေ့
သားပု လယ်တောသို့ သွားရာ နွားကလေး ပါ
လိုက်ပါ လာလေသည်
လယ်ထဲတွင် ကန်သင်းများ အတွင်း၌
ရေအိုင်နေသဖြင့် သားပုမှ တူရွင်းဖြင့်
ရေမြောင်းဖောက် နေလေသည်
နွားကလေး က အနားမှာ ရှိနေလေသည်
သားပု ဒီဘက် အကန့်ကို ဖောက်ပြီး၍
တစ်ဖက် လယ်ကွက်ဆီသို့ သွားရန်
ဟန်ပြင် လိုက်လေသည်
သို့သော် နွားကလေး မှ သားပုထံသို့
တိုးဝင်လာပြီး သားပုသွားမည် လမ်းကြောင်းကို
တားဆီး ကာ ထားလေသည်
“ဟေ့ကောင်ကြီး ဘာဖြစ်လို့လဲဟ”
သားပု မှ နွားကလေး ကို ပွတ်သပ်ရင်း
ပြောလိုက်လေသည်
ထိုစဉ် နွားကလေး ၏ အနောက်ဘက်
ကန်သင်းဆီမှ ရိပ်ခနဲ လှုပ်ရှားမှုကို
တွေ့လိုက်လေသည်
မြွေဟောက် တစ်ကောင် ပင် ဖြစ်လေသည်
သားပု အံသြ သွားလေတော့၏
မြွေဟောက် ကို တုတ်ဖြင့် ကလုတ်ထုတ်ကာ
ဘေးလွတ်ရာသို့ ရွေ့စေလိုက်လေသည်
သားပု မှ ဒေါ်တုတ် ကို ဖြစ်ကြောင်း
ကုန်စင် ကို ပြောပြလိုက်လေသည်
“နီညို က သားကိုခင်တာပဲ အဲ့တာကြောင့်
သားကို ကာကွယ်ပေးတာပေါ့
အသိဉာဏ် ရှိတယ်ဆိုတာ ပြလိုက်တာပဲ”
ဒေါ်တုတ် မှ ပြောလိုက်လေသည်
ထိုနှစ်တွင်ပင် မုဆိုးမ ဒေါ်တုတ်တို့ သားအမိ
စပါးကောင်း ဈေးကောင်း ဖြင့် ကြုံလိုက်ရပြီး
ငွေရွှင် လူရွှင် အဖြစ်သို့ ရောက်ခဲ့လေသည်
တစ်နေ့သ၌ ဒေါ်တုတ်တို့ အိမ်သို့
ဓားမြ လေးဦး က ဝင်ရောက် တိုက်ခိုက်လေ၏
ထိုလူများ က ဒေါ်တုတ်နှင့် သားပု ကို
မြေပြင်ပေါ်သို့ အားယားမှောက်စေထားပြီး
အိမ်တစ်ခုလုံး သို့ အနှံ့မွှေနှောက်ကာ
လက်ဝတ်ရတနာ အဖိုးတန်များ ကို
ရှာဖွေလေတော့သည်
ထိုစဉ်
နွားတင်းကုပ် ထဲမှ နွားတစ်ကောင်
ထွက်လာသည် ကို သတိမထားမိလိုက်ချေ
သားပု ကို အပေါ်စီးမှ ဓားဖြင့် ချိန်ရွယ်ထား
သော လူသို့ ထိုနွားကလေး မှ ဦးချိုဖြင့်
ပြေး၍ စောင့်လိုက်လေသည်
ထိုလူမှာ အနောက်သို့ လန်ကျသွားလေသည်
သားပုလဲ ကုန်း၍ ထလိုက်ပြိး ထိုလူ၏
လက်ထဲမှ ဓားကို ဆွဲယူကာ တခြား
လူများ ကို တိုက်ခိုက်လေတော့သည်
ဒေါ်တုတ်လဲ ကူပါကယ်ပါ လို့
တဆာဆာ အော်လေတော့သည်
နွားလေး ကတော့ အနားရှိ ဓားပြများကို
ဦးချိုဖြင့် လိုက်ပြီးဝှေ့ရမ်း နေတော့၏
ဓားပြခေါင်းဆောင်မှ ဓားဖြင့် သားပုကို
ခုတ်ပိုင်းလိုက်ရာ သားပုမှ သူ၏လက်ထဲရှိ
ဓားဖြင့် ခုခံကာကွယ်လိုက်လေသည်
တရစပ်ပင် ထိုလူမှ သားပု၏ ရင်အုံကို
အားကုန် ကန်ထုတ်လိုက်လေသည်
သားပု အနောက်သို့ လန်ကျသွားတော့၏
ထိုလူ မျ သားပု ကို အပေါ်စီးမှ ဓားဖြင့်
ခုတ်ပိုင်းလိုက်စဉ်တွင် နွားကလေးမှ တိုးဝင်
လာသဖြင့် နွားကလေး၏ ဝမ်းဗိုက်ပိုင်းကို
ခုတ်ပိုင်းမိသွားလေတော့၏
နွားကလေးမှာ သွေးချင်းချင်းရဲကာ
မြေပြင်ပေါ်သို့ လဲကျသွားလေတော့၏
ဘေးပတ်ဝန်းကျင်မှ လူများ ရောက်ရှိ
လာသဖြင့် ဓားပြ များမှာ ပြေးသူကပြေး
အဖမ်း ခံရသူက အဖမ်းခံရ ဖြစ်ကုန်လေရဲ့
နွားကလေးမှာ ပွဲချင်းပြီးပင် သေဆုံးသွားလေရဲ့
ဒေါ်တုတ်နှင့် သားပုတို့ သားအမိ ယူကျုံးမရ
ဖြစ်ရလေတော့သည်
နောက်ရက်မျးာ မကြာမှီတွင်
သားပု မှ အိပ်မက် မက်လေသည်
“ဟာ နီညို မင်းငါ့ဆီ ပြန်လာတယ်နော်”
သားပု နီညို ကို တွေ့ရလိုက်လေသည်
နီညို မှ သားပုကို ပြန်ပြောလေသည်
“သား အဖေ သားတို့သားအမိ ကို
စိတ်မချနိုင်ဖြစ်ခဲ့လို့ သားတို့အနား ကို
ပြန်ရောက်လာခဲ့ရတယ် အခုတော့
အဖေ့ ကို ဒီဘဝက ကျွတ်အောင်လွတ်အောင်
ကောင်းမှု ကုသိုလ် ပြုလုပ်ပေးပါတော့”
သားပု အိမ်ယာ မှ လန့်နိုးလာပြီး ယောကျ်ားတန်မဲ့
ရှိုက်ကြီးတငင် ငိုလေတော့၏
#END
အမှားပါလျှင် ခွင့်လွှတ်ကြပါ
Credit: Nga Shine

Zawgyi Version

” အိပ္မက္ “(စ/ဆံုး)
————————-
ဇာတ္ေကာင္ေတြရဲ႕ အမည္နာမ ကို ကြၽန္ေတာ္လဲ
ေသခ်ာမသိပါဘူး ဒါေပမဲ့ ေသခ်ာတာတစ္ခုက
ျဖစ္ရပ္ မွန္ ဇာတ္လမ္း ဆိုတာပါပဲ
ျဖစ္ရပ္
“အေမ ေရ အထီးေလး ေမြးတယ္ဗ်ိဳ႕”
ႏြားတင္ကုပ္ ထဲမွ သားပု က အိမ္ေပၚရွိ
သူ႔အေမ ကို လွမ္းေအာ္၍ ေျပာလိုက္ေလသည္
အမွန္ပင္ သားပုတို႔အိမ္တြင္ ကိုယ္ဝန္
ရက္ေစ့ေနေလေသာ ႏြားမႀကီး တစ္ေကာင္
ရွိေလရာ အခုထိုႏြားမမွ ႏြားထီးေလး
ေမြးလာေလသည္
“သားပုေရ ထြားရဲ႕လား”
“ထြားလိုက္တာမွ တုတ္ခိုင္ေနတာပဲ”
သားပု မွ အားရဝမ္းသာ ေလသံျဖင့္
ေအာ္ေျပာလိုက္ေလသည္
“မိတိုးေတာ့ ပင္ပန္းသြားမွာပဲ
အစာေတြ ေရေတြ အျပည့္ျဖည့္ေပးလိုက္”
ေဒၚတုတ္ မွ လွမ္းေအာ္ေျပာလိုက္ေလသည္
“ဟုတ္ကဲ့”
သားပု ကိုယ့္တာဝန္ကို ေက်ပြန္ေအာင္
လုပ္ေဆာင္ၿပီးေနာက္ အိပ္ယာဝင္ခဲ့ေတာ့၏
မနက္လင္းေသာ္
“အေမ ည က သား ႏြားေပါက္ေလး ကို
စိတ္ဆြဲေနလို႔လားမသိဘူး သူ႔ကို
အိပ္မက္ မက္တယ္ “
“အင္း စိတ္ဆြဲရင္ ျဖစ္တတ္ပါတယ္”
“ဒါနဲ႔ ႏြားေပါက္ေလး ကို အေမေတြ႕ၿပီးၿပီလား
ေတာ္ေတာ္ထြားတယ္ေနာ္”
“ေအး မင္းအေဖသာရွိရင္ ဘယ္ေလာက္ေတာင္
အားရလိုက္မလဲ အခုေတာ့”
ေဒၚတုတ္ မွ ေျပာရင္းျဖင့္ ရႈံ႕တုံ ရႈံတုံ႔ လုပ္ေန၏
“အေမရယ္ ေျပာမေနပါနဲ႔ ေသတဲ့လူေတာင္
စိတ္မေျဖာင့္ပဲ ျဖစ္ေနပါဦးမယ္”
သားပု မွ ေျပာလိုက္သျဖင့္ ေဒၚတုတ္
ပါးျပင္ေပၚမွ မ်က္ရည္စမ်ားကို သုတ္လိုက္ေလသည္
ဤသို႔ ဤသို႔ျဖင့္
ႏြားကေလးမွာ အခါလည္သား အ႐ြယ္သို႔
ေရာက္လာခဲ့ေလသည္
ထိုႏြားေလး ကို နီညိဳ ဟု အမည္ေပးေလသည္
ထိုႏြားကေလးသည္ သားပုကို တအားခင္ေလ၏
သားပု လယ္ထဲသြားလွ်င္ လိုက္၏
သားပု သည္လဲ ထိုႏြားကေလး ကို
လြန္စြာ ခ်စ္ခင္ ဂ႐ုစိုက္ေလသည္
တစ္ေန႔
သားပု လယ္ေတာသို႔ သြားရာ ႏြားကေလး ပါ
လိုက္ပါ လာေလသည္
လယ္ထဲတြင္ ကန္သင္းမ်ား အတြင္း၌
ေရအိုင္ေနသျဖင့္ သားပုမွ တူ႐ြင္းျဖင့္
ေရေျမာင္းေဖာက္ ေနေလသည္
ႏြားကေလး က အနားမွာ ရွိေနေလသည္
သားပု ဒီဘက္ အကန႔္ကို ေဖာက္ၿပီး၍
တစ္ဖက္ လယ္ကြက္ဆီသို႔ သြားရန္
ဟန္ျပင္ လိုက္ေလသည္
သို႔ေသာ္ ႏြားကေလး မွ သားပုထံသို႔
တိုးဝင္လာၿပီး သားပုသြားမည္ လမ္းေၾကာင္းကို
တားဆီး ကာ ထားေလသည္
“ေဟ့ေကာင္ႀကီး ဘာျဖစ္လို႔လဲဟ”
သားပု မွ ႏြားကေလး ကို ပြတ္သပ္ရင္း
ေျပာလိုက္ေလသည္
ထိုစဥ္ ႏြားကေလး ၏ အေနာက္ဘက္
ကန္သင္းဆီမွ ရိပ္ခနဲ လႈပ္ရွားမႈကို
ေတြ႕လိုက္ေလသည္
ေႁမြေဟာက္ တစ္ေကာင္ ပင္ ျဖစ္ေလသည္
သားပု အံၾသ သြားေလေတာ့၏
ေႁမြေဟာက္ ကို တုတ္ျဖင့္ ကလုတ္ထုတ္ကာ
ေဘးလြတ္ရာသို႔ ေ႐ြ႕ေစလိုက္ေလသည္
သားပု မွ ေဒၚတုတ္ ကို ျဖစ္ေၾကာင္း
ကုန္စင္ ကို ေျပာျပလိုက္ေလသည္
“နီညိဳ က သားကိုခင္တာပဲ အဲ့တာေၾကာင့္
သားကို ကာကြယ္ေပးတာေပါ့
အသိဉာဏ္ ရွိတယ္ဆိုတာ ျပလိုက္တာပဲ”
ေဒၚတုတ္ မွ ေျပာလိုက္ေလသည္
ထိုႏွစ္တြင္ပင္ မုဆိုးမ ေဒၚတုတ္တို႔ သားအမိ
စပါးေကာင္း ေဈးေကာင္း ျဖင့္ ႀကဳံလိုက္ရၿပီး
ေငြ႐ႊင္ လူ႐ႊင္ အျဖစ္သို႔ ေရာက္ခဲ့ေလသည္
တစ္ေန႔သ၌ ေဒၚတုတ္တို႔ အိမ္သို႔
ဓားျမ ေလးဦး က ဝင္ေရာက္ တိုက္ခိုက္ေလ၏
ထိုလူမ်ား က ေဒၚတုတ္ႏွင့္ သားပု ကို
ေျမျပင္ေပၚသို႔ အားယားေမွာက္ေစထားၿပီး
အိမ္တစ္ခုလုံး သို႔ အႏွံ႔ေမႊေႏွာက္ကာ
လက္ဝတ္ရတနာ အဖိုးတန္မ်ား ကို
ရွာေဖြေလေတာ့သည္
ထိုစဥ္
ႏြားတင္းကုပ္ ထဲမွ ႏြားတစ္ေကာင္
ထြက္လာသည္ ကို သတိမထားမိလိုက္ေခ်
သားပု ကို အေပၚစီးမွ ဓားျဖင့္ ခ်ိန္႐ြယ္ထား
ေသာ လူသို႔ ထိုႏြားကေလး မွ ဦးခ်ိဳျဖင့္
ေျပး၍ ေစာင့္လိုက္ေလသည္
ထိုလူမွာ အေနာက္သို႔ လန္က်သြားေလသည္
သားပုလဲ ကုန္း၍ ထလိုက္ၿပိး ထိုလူ၏
လက္ထဲမွ ဓားကို ဆြဲယူကာ တျခား
လူမ်ား ကို တိုက္ခိုက္ေလေတာ့သည္
ေဒၚတုတ္လဲ ကူပါကယ္ပါ လို႔
တဆာဆာ ေအာ္ေလေတာ့သည္
ႏြားေလး ကေတာ့ အနားရွိ ဓားျပမ်ားကို
ဦးခ်ိဳျဖင့္ လိုက္ၿပီးေဝွ႔ရမ္း ေနေတာ့၏
ဓားျပေခါင္းေဆာင္မွ ဓားျဖင့္ သားပုကို
ခုတ္ပိုင္းလိုက္ရာ သားပုမွ သူ၏လက္ထဲရွိ
ဓားျဖင့္ ခုခံကာကြယ္လိုက္ေလသည္
တရစပ္ပင္ ထိုလူမွ သားပု၏ ရင္အုံကို
အားကုန္ ကန္ထုတ္လိုက္ေလသည္
သားပု အေနာက္သို႔ လန္က်သြားေတာ့၏
ထိုလူ မ် သားပု ကို အေပၚစီးမွ ဓားျဖင့္
ခုတ္ပိုင္းလိုက္စဥ္တြင္ ႏြားကေလးမွ တိုးဝင္
လာသျဖင့္ ႏြားကေလး၏ ဝမ္းဗိုက္ပိုင္းကို
ခုတ္ပိုင္းမိသြားေလေတာ့၏
ႏြားကေလးမွာ ေသြးခ်င္းခ်င္းရဲကာ
ေျမျပင္ေပၚသို႔ လဲက်သြားေလေတာ့၏
ေဘးပတ္ဝန္းက်င္မွ လူမ်ား ေရာက္ရွိ
လာသျဖင့္ ဓားျပ မ်ားမွာ ေျပးသူကေျပး
အဖမ္း ခံရသူက အဖမ္းခံရ ျဖစ္ကုန္ေလရဲ႕
ႏြားကေလးမွာ ပြဲခ်င္းၿပီးပင္ ေသဆုံးသြားေလရဲ႕
ေဒၚတုတ္ႏွင့္ သားပုတို႔ သားအမိ ယူက်ဳံးမရ
ျဖစ္ရေလေတာ့သည္
ေနာက္ရက္မ်းာ မၾကာမွီတြင္
သားပု မွ အိပ္မက္ မက္ေလသည္
“ဟာ နီညိဳ မင္းငါ့ဆီ ျပန္လာတယ္ေနာ္”
သားပု နီညိဳ ကို ေတြ႕ရလိုက္ေလသည္
နီညိဳ မွ သားပုကို ျပန္ေျပာေလသည္
“သား အေဖ သားတို႔သားအမိ ကို
စိတ္မခ်ႏိုင္ျဖစ္ခဲ့လို႔ သားတို႔အနား ကို
ျပန္ေရာက္လာခဲ့ရတယ္ အခုေတာ့
အေဖ့ ကို ဒီဘဝက ကြၽတ္ေအာင္လြတ္ေအာင္
ေကာင္းမႈ ကုသိုလ္ ျပဳလုပ္ေပးပါေတာ့”
သားပု အိမ္ယာ မွ လန႔္ႏိုးလာၿပီး ေယာက်္ားတန္မဲ့
ရႈိက္ႀကီးတငင္ ငိုေလေတာ့၏
#END
အမွားပါလွ်င္ ခြင့္လႊတ္ၾကပါ
Credit: Nga Shine