“လူ့မနော”(စ-ဆုံး)
—————–
သော်တာဆွေ
၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ ကျွန်တော်နေခဲ့သော ရွာကလေးတွင် ဖြစ်ပါသည်။ ဤရွာကလေးသည် ရန်ကုန်မြို့မှ ၇ မိုင်ကွာ ပြည်လမ်းမကြီး၏ အရှေ့ဘက် ချောင်ကျကျ ( ယခုခေတ် ‘ ပျံကျ ’ များနေကြသော ကွက်သစ်မျိုးမဟုတ် ) ရှေးခေတ်က ရွာဟောင်းဖြစ်၍ ပကတိတောရွာအတိုင်းပင် တစ်အိမ်နှင့်တစ်အိမ် ရင်းနှီးခင်မင်ကြသည်။ တစ်အိမ်က သတင်းစကားကို တစ်အိမ်က ချက်ချင်း နားပေါက်တတ်သည်။ တစ်ရွာလုံးတွင် အချင်းချင်း ဆွေရိပ်မျိုးရိပ် မကင်းကြသည်က များသည်။
တစ်ရံရောအခါ၀ယ် နတ်တလင်းမြို့မှ ဧည့်သည်များ ကျွန်တော့်အိမ် ရောက်လာရာ သူတို့ဆီတွင် အလွန်တရာပေါသော ဒန့်သလွန်သီး ၁၀၀ စည်း တစ်စည်းပါလာသည်။ ဤအချိန်၀ယ် နတ်တလင်းမြို့မှာ ဤတစ်ရာစည်းသည် နှစ်ကျပ်မျှဖြစ်သော်လည်း ကျွန်တော်တို့ဆီမှာ တစ်တောင့်ဆယ်ပြား၊ တစ်မတ် သုံးတောင့်မျှသာ ရသေးသည်။ သို့သော် ဤမျှများပြားသော ဒန့်သလွန်သီးတွေကို ကျွန်တော့်အိမ်တွင် ဘာလုပ်ပါမည်နည်း။ စိတ်ကူးရသည်နှင့် တစ်ခါ နှစ်ခါချက်မျှ ၁၅ တောင့်သာ ဖယ်ထားပြီး ကျန် ၈၅ တောင့်ကို လက်ဆွဲခြင်း ထဲထည့်ကာ စျေးသို့သွားရန် ရွာရိုးသို့ထွက်ခဲ့သည်။
ပထမဆုံး အိမ်ရှေ့မျက်စောင်းထိုးအိမ်မှ သန်းသန်းက “ ကိုဆွေ… လက်ဆွဲခြင်းထဲ ဘာတွေလဲ၊ ဘယ်သွားမလို့လဲ ”
“ ဒန့်သလွန်သီးတွေဗျာ…. ဧည့်သည်တွေယူလာတာ အိမ်မှာများနေတာနဲ့ စျေးသွားရောင်းမလို့ ”
“ ဒါဖြင့် လာစမ်းပါဦး ”
သူ့အိမ်ရှေ့ ကပြင်ပေါ် လက်ဆွဲခြင်းချလိုက်တော့ သူက …..
“ ဘယ်လို ရောင်းသလဲ ”
“ စျေးမှာ ပေါက်စျေးပေါ့ဗျာ၊ တစ်တောင့် ၁၀ ပြား၊ တစ်မတ် သုံးတောင့်ယူပေါ့ ”
“ လေးတောင့် ထားပါလားရှင့်၊ ကိုယ့်ရွာသားချင်းပဲ ”
“ ယူဗျာ ”
သူ့အိမ်မှထွက်ခဲ့ရာ ကျွန်တော်တို့ကို လှမ်းကြည့်နေသော နောက်တစ်အိမ်မှ ဒေါ်ကြည်စုက …..
“ စာရေးဆရာကြီး လက်ဆွဲခြင်းထဲက ဘာတွေလဲဗျ၊ လာစမ်းပါဦး…. ”
“ ဧည့်သည်တွေယူလာတဲ့ ဒန့်သလွန်သီးတွေဗျာ…စျေးသွားရောင်းမလို့ ”
သူ့အိမ်ရှေ့ရောက်တော့ ….
“ ဘယ်လိုရောင်းသလဲဗျ ”
“ တစ်မတ် သုံးတောင့်ဆိုတာ ဟော့ဟို…. သန်းသန်းက လေးတောင့်ဆစ်တာနဲ့ လေးတောင့်ပဲ ပေးခဲ့တယ် ”
“ ဟာ…. ကျွန်တော်တော့ ငါးတောင့်ပေးဗျာ ”
“ ယူဗျာ ”
သူ့အိမ်မှ ပြန်ထွက်ခဲ့၏။ နောက်တစ်အိမ်က လှမ်းခေါ်ပြန်၏။
“ ဘာတွေတုန်း ဦးသော်တာရေ့ ”
“ ဒန့်သလွန်သီးတွေဗျ၊ မအေးသာရဲ့ ”
“ ရောင်းဖို့လား ”
“ အစစ်ပေါ့ဗျ ”
“ လာစမ်းပါဦး၊ ဘယ်လိုရောင်းသလဲ ”
“ ဟော့ဟို…. ဒေါ်ကြည်စုက ငါးတောင့်ဆစ်လို့ ငါးတောင့်ပဲ ပေးခဲ့တယ်ဗျ ”
“ ဟာ….ကျုပ်တော့ ခြောက်တောင့်ပေးတော် ”
“ ယူဗျာ ”
တစ်အိမ်နှင့်တစ်အိမ် လှမ်းမြင်နေရသည်ဖြစ်၍ နောက်တစ်အိမ် ဒေါ်စိန်ဥက လှမ်းခေါ်ပြန်၏။
“ ဆရာကြီးက ဘယ်ကများ ဒန့်သလွန်သီးတွေ ရခဲ့တုံး ”
“ နတ်တလင်းက ဧည့်သည်တွေ ယူလာတာဗျ ”
“ ဒါနဲ့များ လျှောက်ရောင်းနေရသေးလား၊ အလကားပေးရောပေါ့ ဟဲ… ဟဲ ”
“ ယူလေဗျာ၊ ဘယ်နှတောင့် ယူမတုံး ”
“ အလကား ပြောတာပါရှင်၊ သူများလိုပဲ ၀ယ်ရမပေါ့၊ ဘယ်လိုရောင်းတုံး ”
“ မအေးသာက တစ်မတ် ခြောက်တောင့်ဆစ်လို့ ခြောက်တောင့်ပဲ ပေးခဲ့တယ် ”
“ ကျုပ်တော့ ခုနှစ်တောင့် ပေးတော်…. ”
“ ယူဗျာ ”
ဒေါ်စိန်ဥ အိမ်မှအထွက် နောက်တစ်အိမ် မလေးနွယ်က ခေါ်၍…..
“ အောင်မလေး စာရေးဆရာကြီးက ဒန့်သလွန်သီးတွေ လျှောက်ရောင်းနေတယ်၊ ခေါင်းပုံဖြတ် အမြတ်ကြီးစား ဖြစ်နေရော့ပေါ့ ”
“ ရောင်းသူနဲ့ ၀ယ်သူနှစ်ဦး သဘောတူရောင်းကြ ၀ယ်ကြတာပဲဗျာ၊ ခေါင်းပုံဖြတ်တယ် အမြတ်ကြီးစားတယ်ထင်ရင် မ၀ယ်ချင်နေပေါ့ ”
“ အောင်မယ်လေး… ၀ယ်ပါ့မယ်ရှင်၊ ဘယ်လိုရောင်းလဲ ”
“ တစ်မတ် ခြောက်တောင့်ဆိုတာကို ဟောဟို လောဘကြီးတဲ့ ဒေါ်စိန်ဥကြီးက ခုနှစ်တောင့်ဆစ်လို့ ခုနှစ်တောင့် ပေးခဲ့တယ်ဗျ ”
“ ဟီး….ဟီး…. ကျွန်မတော့ ရှစ်တောင့်ပေးတော် ”
“ ယူဗျာ ”
ယင်းသို့လျှင် ကျွန်တော်သည် တစ်အိမ် တစ်တောင့်တိုးနှင့် ဆစ်တိုင်းပေးခဲ့ရာ နောက်ဆုံး ခင်ငြိမ်းကြည် အိမ်တွင် ၁၃ တောင့်နှင့် ကိစ္စပြတ်၍ လက်ဆွဲခြင်း ခေါင်းစွပ်ကာ အိမ်သို့ပြန်လာခဲ့ပါတော့သည်။ ကျွန်တော်သည် ၁၀ အိမ်ရောင်းခဲ့ရာ ၁၀ မတ်ရခဲ့၍ ၄င်းမတ်စေ့လေးတွေထပ်ပြီး စားပွဲပေါ် တင်ထားလိုက်ပါသည်။
မကြာမီ ပထမဦးဆုံး စျေးဦးပေါက် သန်းသန်းရောက်လာကာ စတင် ရန်တွေ့တော့သည်။
“ ကိုဆွေ… ကျွန်မတော့ တစ်မတ် လေးတောင့်ပေးခဲ့ပြီး ဒေါ်ကြည်စုအိမ်ကျတော့ ငါးတောင့်ပေးသွားဆို ”
ဒုတိယ ဒေါ်ကြည်စု ရောက်လာပြန်ကာ ….
“ ဆရာကြီး…. ကျွန်တော်တော့ ငါးတောင့်ထဲပေးပြီး မအေးသာအိမ်တော့ ခြောက်တောင့်ပေးသွားတယ်ဆို ”
တတိယ မအေးသာ….
“ ဒီမှာရှင့်… ကျွန်မတော့ ခြောက်တောင့်ထဲပေးသွားပြီး ဒေါ်စိန်ဥအိမ်တော့ ခုနှစ်တောင့်ပေးသွားတယ်ဆို ”
စတုတ္ထ ဒေါ်စိန်ဥ….
“ ဒီမှာ…. ကျုပ်တော့ ခုနှစ်တောင့်ပေးပြီး မလေးနွယ်တော့ ရှစ်တောင့် ပေးသွားတယ်၊ စာရေးဆရာလုပ်နေပြီး တရားသလား ”
“ ဟောဗျာ ”
ကျွန်တော်သည် ဤသို့ တစ်ယောက်ပြီးတစ်ယောက် လာရန်တွေ့ကြသည်ကို နောက်ဆုံး အများကြီးရသွားသော ခင်ငြိမ်းကြည်မှတစ်ပါး ဒုတိယ နောက်ဆုံး မခင်ရွှေရောက်လာသည်အထိ ထိုင်နားထောင်ပြီးနောက်…..
“ ကဲ…. ဒေါ်ဒေါ်တို့၊ မမတို့၊ ကျွန်တော် တစ်ယောက်စီ ရှင်းပြပါရစေ။ ပထမဦးဆုံး မသန်းသန်း၊ ကျွန်တော်က တစ်မတ် သုံးတောင့်ဆိုတာကို ခင်ဗျားက လေးတောင့်ဆစ်လို့ လေးတောင့်ပဲ ပေးခဲ့တယ်။ ခင်ဗျား ကျေနပ်လို့ ခင်ဗျား ယူထားလိုက်တယ်…။ ဒုတိယ ဒေါ်ကြည်စုက ကျွန်တော်က သန်းသန်းအိမ်မှာ လေးတောင့်ဆစ်လို့ လေးတောင့်ပဲ ပေးခဲ့တယ်။ ခင်ဗျားပဲ လေးတောင့်ယူပါဆိုတာကို ခင်ဗျားက ငါးတောင့်ပေးပါဆိုလို့ ကျွန်တော်က ငါးတောင့်ပဲ ပေးခဲ့တယ်….။ တတိယ မအေးသာ၊ ဒေါ်ကြည်စုမှာ ငါးတောင့်ပေးခဲ့တယ် ဆိုတာကို ခင်ဗျားက ကျုပ်တော့ ခြောက်တောင့်ပေးပါဆိုလို့ ကျွန်တော် ခြောက်တောင့် ပေးခဲ့တယ်….။ ကဲဗျာ…. တစ်ယောက်စီပြောနေ ရှည်ပါတယ်။ ခင်ဗျားတို့ ဆစ်တိုင်းပဲ တစ်အိမ် တစ်တောင့်တိုး ကျွန်တော် ပေးခဲ့တယ်။ အဲဒါ ခင်ဗျားတို့က ကျွန်တော့်ကို ခုမှဝိုင်းပြီး မကျေနပ်ကြဘူးဆိုတော့ ကျွန်တော် ဘယ်နှယ့် လုပ်ရမလဲ ”
“ ရှင့်ဟာက ဘုရားတကာ ရန်တိုက် လုပ်တာကိုတော့ ”
“ အောင်မယ်…အောင်မယ်… ဘယ့်နှယ် ဘုရားတကာ ရန်တိုက်တုန်းဗျ။ ခင်ဗျားတို့ ဆန္ဒအရ ခင်ဗျားဆစ်တိုင်း ကျွန်တော်ပေးခဲ့တာပဲဗျာ။ ကဲ… ဒီမှာ ဒေါ်စိန်ဥ၊ ခင်ဗျားကို ကျွန်တော် အလကားယူလည်း ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား ”
သူတို့ ခေတ္တမျှ တွေနေကြပြီးနောက် မအေးသာက ….
“ ဆရာ့ဟာက ဒီလိုလုပ်ဖို့ မကောင်းဘူး၊ တကယ်ဆို တစ်မတ်ခြောက်တောင့်ဖြင့် ခြောက်တောင့်၊ ခုနှစ်တောင့်ဖြင့် ခုနှစ်တောင့် အညီအမျှစီ ရောင်းဖို့ကောင်းတယ် ”
“ အယ်…. ဒီလိုဆိုလည်း လွယ်ပါတယ်ဗျာ၊ ကဲ ကဲ အားလုံး ပြန်ယူခဲ့ကြ၊ ခင်ဗျားတို့အားလုံး သဘောတူတဲ့စျေး ဖြစ်ရစေ့မယ်၊ ပြန်ပြီး ဝေမျှပေးရမယ် ”
ဤတွင် တစ်မတ်ဖိုး ၁၀ တောင့်၊ ၁၂ တောင့် ရသူတွေက မခံနိုင်။
“ အောင်မယ်…အောင်မယ်…ဒီလိုတော့လည်း ဘယ်ပြန်လုပ်နေနိုင်တော့မလဲ၊ ကျွန်မတို့အိမ်မှာ ချက်ဖို့ တုံးတစ်တောင် ပြီးခဲ့ပြီ ”
“ ကဲ….မဟဝှာတို့၊ ခင်ဗျားတို့ ကြားကြတဲ့အတိုင်းပါပဲဗျာ….၊ ကျွန်တော် ဘာတတ်နိုင်တော့သနည်း ”
အားလုံး တွေဝေစဉ်းစားနေကြရင်း အနည်းဆုံးရလိုက်၍ သူအနစ်နာဆုံး ထင်နေသော သန်းသန်းက ….
“ ကိုဆွေရယ်…. ကျွန်မတော့ လေးတောင့်ပဲ ရလိုက်တာ၊ ပိုက်ဆံတောင် ပြန်ပေးဖို့ကောင်းတယ် ”
“ အာ… ဟုတ်ပေ့ ဒေါ်သန်းသန်းရေ၊ ရော့…. ရော့ ခင်ဗျာ့ပိုက်ဆံ ပြန်ယူဗျာ ” ဟု သူ့ပိုက်ဆံတစ်မတ်ကို ပြန်ပေးလိုက်၏။ ယင်း၌ ဒေါ်ကြည်စုက….
“ ကျုပ်လည်း ငါးတောင့်ထဲဟာ ပိုက်ဆံပြန်ပေးဗျာ ”
“ ရော့ဗျာ ”
ဤတွင် မအေးသာကလည်း….
“ ကျွန်မလည်း ပြန်ပေးတော် ”
“ ကဲ…ကဲ…ရော့…ရော့ အားလုံးပြန်ယူကြ၊ ခင်ငြိမ်းကြည်ပါ ပြန်ပေးမယ်၊ ဒါမှ အေးမယ် ” ဆိုပြီး သူတို့ပိုက်ဆံအားလုံးကို ပြန်ပေးလိုက်သည်။
သို့တိုင် မအေးသေးချေ။ အလကားရတာချင်း အတူတူ သူ့တော့များတယ်၊ ငါ့တော့ နည်းတယ်နှင့် ပွစိပွစိ လုပ်နေကြသေးသဖြင့် ကျွန်တော်က…..
“ တကတည်းဗျာ… ‘ လူ့အလို နတ်မလိုက်နိုင် ’ ဆိုတဲ့ စကားသာ ကြားဖူးပါတယ် ခုတော့ ‘ လူ့အလို သော်တာဆွေ မလိုက်နိုင် ’ ဆိုတာ ဖြစ်နေပြီ ” ဟု ပြောလိုက်တော့ အင်မတန် နတ်ကိုးကွယ်သော ဒေါ်စိန်ဥက….
“ အောင်မယ်…သူကပဲ နတ်ထက် ကြီးကျယ်နေသလိုလို ”
“ အောင်မယ်….. ကျုပ်က ဘာလို့ နတ်ထက် မကြီးကျယ်ရမှာတုံးဗျ၊ ကဲ… ဘယ်နတ်များ ခင်ဗျားတို့ကို ဒန့်သလွန်သီးတစ်တောင့် အလကားပေးဖူးသလဲ၊ ပြောစမ်းပါဦး ”
ယင်းမှ သူတို့သည် ပြုံးစိစိနှင့် ပြန်သွားကြကုန်သတည်း။
သော်တာဆွေ
“လူ႔မေနာ”(စ-ဆုံး)
—————–
ေသာ္တာေဆြ
၁၉၅၅ ခုႏွစ္မွ ၁၉၆၀ ခုႏွစ္အထိ ကြၽန္ေတာ္ေနခဲ့ေသာ ႐ြာကေလးတြင္ ျဖစ္ပါသည္။ ဤ႐ြာကေလးသည္ ရန္ကုန္ၿမိဳ႕မွ ၇ မိုင္ကြာ ျပည္လမ္းမႀကီး၏ အေရွ႕ဘက္ ေခ်ာင္က်က် ( ယခုေခတ္ ‘ ပ်ံက် ’ မ်ားေနၾကေသာ ကြက္သစ္မ်ိဳးမဟုတ္ ) ေရွးေခတ္က ႐ြာေဟာင္းျဖစ္၍ ပကတိေတာ႐ြာအတိုင္းပင္ တစ္အိမ္ႏွင့္တစ္အိမ္ ရင္းႏွီးခင္မင္ၾကသည္။ တစ္အိမ္က သတင္းစကားကို တစ္အိမ္က ခ်က္ခ်င္း နားေပါက္တတ္သည္။ တစ္႐ြာလုံးတြင္ အခ်င္းခ်င္း ေဆြရိပ္မ်ိဳးရိပ္ မကင္းၾကသည္က မ်ားသည္။
တစ္ရံေရာအခါ၀ယ္ နတ္တလင္းၿမိဳ႕မွ ဧည့္သည္မ်ား ကြၽန္ေတာ့္အိမ္ ေရာက္လာရာ သူတို႔ဆီတြင္ အလြန္တရာေပါေသာ ဒန္႔သလြန္သီး ၁၀၀ စည္း တစ္စည္းပါလာသည္။ ဤအခ်ိန္၀ယ္ နတ္တလင္းၿမိဳ႕မွာ ဤတစ္ရာစည္းသည္ ႏွစ္က်ပ္မွ်ျဖစ္ေသာ္လည္း ကြၽန္ေတာ္တို႔ဆီမွာ တစ္ေတာင့္ဆယ္ျပား၊ တစ္မတ္ သုံးေတာင့္မွ်သာ ရေသးသည္။ သို႔ေသာ္ ဤမွ်မ်ားျပားေသာ ဒန္႔သလြန္သီးေတြကို ကြၽန္ေတာ့္အိမ္တြင္ ဘာလုပ္ပါမည္နည္း။ စိတ္ကူးရသည္ႏွင့္ တစ္ခါ ႏွစ္ခါခ်က္မွ် ၁၅ ေတာင့္သာ ဖယ္ထားၿပီး က်န္ ၈၅ ေတာင့္ကို လက္ဆြဲျခင္း ထဲထည့္ကာ ေစ်းသို႔သြားရန္ ႐ြာ႐ိုးသို႔ထြက္ခဲ့သည္။
ပထမဆုံး အိမ္ေရွ႕မ်က္ေစာင္းထိုးအိမ္မွ သန္းသန္းက “ ကိုေဆြ… လက္ဆြဲျခင္းထဲ ဘာေတြလဲ၊ ဘယ္သြားမလို႔လဲ ”
“ ဒန္႔သလြန္သီးေတြဗ်ာ…. ဧည့္သည္ေတြယူလာတာ အိမ္မွာမ်ားေနတာနဲ႔ ေစ်းသြားေရာင္းမလို႔ ”
“ ဒါျဖင့္ လာစမ္းပါဦး ”
သူ႔အိမ္ေရွ႕ ကျပင္ေပၚ လက္ဆြဲျခင္းခ်လိုက္ေတာ့ သူက …..
“ ဘယ္လို ေရာင္းသလဲ ”
“ ေစ်းမွာ ေပါက္ေစ်းေပါ့ဗ်ာ၊ တစ္ေတာင့္ ၁၀ ျပား၊ တစ္မတ္ သုံးေတာင့္ယူေပါ့ ”
“ ေလးေတာင့္ ထားပါလားရွင့္၊ ကိုယ့္႐ြာသားခ်င္းပဲ ”
“ ယူဗ်ာ ”
သူ႔အိမ္မွထြက္ခဲ့ရာ ကြၽန္ေတာ္တို႔ကို လွမ္းၾကည့္ေနေသာ ေနာက္တစ္အိမ္မွ ေဒၚၾကည္စုက …..
“ စာေရးဆရာႀကီး လက္ဆြဲျခင္းထဲက ဘာေတြလဲဗ်၊ လာစမ္းပါဦး…. ”
“ ဧည့္သည္ေတြယူလာတဲ့ ဒန္႔သလြန္သီးေတြဗ်ာ…ေစ်းသြားေရာင္းမလို႔ ”
သူ႔အိမ္ေရွ႕ေရာက္ေတာ့ ….
“ ဘယ္လိုေရာင္းသလဲဗ် ”
“ တစ္မတ္ သုံးေတာင့္ဆိုတာ ေဟာ့ဟို…. သန္းသန္းက ေလးေတာင့္ဆစ္တာနဲ႔ ေလးေတာင့္ပဲ ေပးခဲ့တယ္ ”
“ ဟာ…. ကြၽန္ေတာ္ေတာ့ ငါးေတာင့္ေပးဗ်ာ ”
“ ယူဗ်ာ ”
သူ႔အိမ္မွ ျပန္ထြက္ခဲ့၏။ ေနာက္တစ္အိမ္က လွမ္းေခၚျပန္၏။
“ ဘာေတြတုန္း ဦးေသာ္တာေရ႕ ”
“ ဒန္႔သလြန္သီးေတြဗ်၊ မေအးသာရဲ႕ ”
“ ေရာင္းဖို႔လား ”
“ အစစ္ေပါ့ဗ် ”
“ လာစမ္းပါဦး၊ ဘယ္လိုေရာင္းသလဲ ”
“ ေဟာ့ဟို…. ေဒၚၾကည္စုက ငါးေတာင့္ဆစ္လို႔ ငါးေတာင့္ပဲ ေပးခဲ့တယ္ဗ် ”
“ ဟာ….က်ဳပ္ေတာ့ ေျခာက္ေတာင့္ေပးေတာ္ ”
“ ယူဗ်ာ ”
တစ္အိမ္ႏွင့္တစ္အိမ္ လွမ္းျမင္ေနရသည္ျဖစ္၍ ေနာက္တစ္အိမ္ ေဒၚစိန္ဥက လွမ္းေခၚျပန္၏။
“ ဆရာႀကီးက ဘယ္ကမ်ား ဒန္႔သလြန္သီးေတြ ရခဲ့တုံး ”
“ နတ္တလင္းက ဧည့္သည္ေတြ ယူလာတာဗ် ”
“ ဒါနဲ႔မ်ား ေလွ်ာက္ေရာင္းေနရေသးလား၊ အလကားေပးေရာေပါ့ ဟဲ… ဟဲ ”
“ ယူေလဗ်ာ၊ ဘယ္ႏွေတာင့္ ယူမတုံး ”
“ အလကား ေျပာတာပါရွင္၊ သူမ်ားလိုပဲ ၀ယ္ရမေပါ့၊ ဘယ္လိုေရာင္းတုံး ”
“ မေအးသာက တစ္မတ္ ေျခာက္ေတာင့္ဆစ္လို႔ ေျခာက္ေတာင့္ပဲ ေပးခဲ့တယ္ ”
“ က်ဳပ္ေတာ့ ခုႏွစ္ေတာင့္ ေပးေတာ္…. ”
“ ယူဗ်ာ ”
ေဒၚစိန္ဥ အိမ္မွအထြက္ ေနာက္တစ္အိမ္ မေလးႏြယ္က ေခၚ၍…..
“ ေအာင္မေလး စာေရးဆရာႀကီးက ဒန္႔သလြန္သီးေတြ ေလွ်ာက္ေရာင္းေနတယ္၊ ေခါင္းပုံျဖတ္ အျမတ္ႀကီးစား ျဖစ္ေနေရာ့ေပါ့ ”
“ ေရာင္းသူနဲ႔ ၀ယ္သူႏွစ္ဦး သေဘာတူေရာင္းၾက ၀ယ္ၾကတာပဲဗ်ာ၊ ေခါင္းပုံျဖတ္တယ္ အျမတ္ႀကီးစားတယ္ထင္ရင္ မ၀ယ္ခ်င္ေနေပါ့ ”
“ ေအာင္မယ္ေလး… ၀ယ္ပါ့မယ္ရွင္၊ ဘယ္လိုေရာင္းလဲ ”
“ တစ္မတ္ ေျခာက္ေတာင့္ဆိုတာကို ေဟာဟို ေလာဘႀကီးတဲ့ ေဒၚစိန္ဥႀကီးက ခုႏွစ္ေတာင့္ဆစ္လို႔ ခုႏွစ္ေတာင့္ ေပးခဲ့တယ္ဗ် ”
“ ဟီး….ဟီး…. ကြၽန္မေတာ့ ရွစ္ေတာင့္ေပးေတာ္ ”
“ ယူဗ်ာ ”
ယင္းသို႔လွ်င္ ကြၽန္ေတာ္သည္ တစ္အိမ္ တစ္ေတာင့္တိုးႏွင့္ ဆစ္တိုင္းေပးခဲ့ရာ ေနာက္ဆုံး ခင္ၿငိမ္းၾကည္ အိမ္တြင္ ၁၃ ေတာင့္ႏွင့္ ကိစၥျပတ္၍ လက္ဆြဲျခင္း ေခါင္းစြပ္ကာ အိမ္သို႔ျပန္လာခဲ့ပါေတာ့သည္။ ကြၽန္ေတာ္သည္ ၁၀ အိမ္ေရာင္းခဲ့ရာ ၁၀ မတ္ရခဲ့၍ ၄င္းမတ္ေစ့ေလးေတြထပ္ၿပီး စားပြဲေပၚ တင္ထားလိုက္ပါသည္။
မၾကာမီ ပထမဦးဆုံး ေစ်းဦးေပါက္ သန္းသန္းေရာက္လာကာ စတင္ ရန္ေတြ႕ေတာ့သည္။
“ ကိုေဆြ… ကြၽန္မေတာ့ တစ္မတ္ ေလးေတာင့္ေပးခဲ့ၿပီး ေဒၚၾကည္စုအိမ္က်ေတာ့ ငါးေတာင့္ေပးသြားဆို ”
ဒုတိယ ေဒၚၾကည္စု ေရာက္လာျပန္ကာ ….
“ ဆရာႀကီး…. ကြၽန္ေတာ္ေတာ့ ငါးေတာင့္ထဲေပးၿပီး မေအးသာအိမ္ေတာ့ ေျခာက္ေတာင့္ေပးသြားတယ္ဆို ”
တတိယ မေအးသာ….
“ ဒီမွာရွင့္… ကြၽန္မေတာ့ ေျခာက္ေတာင့္ထဲေပးသြားၿပီး ေဒၚစိန္ဥအိမ္ေတာ့ ခုႏွစ္ေတာင့္ေပးသြားတယ္ဆို ”
စတုတၳ ေဒၚစိန္ဥ….
“ ဒီမွာ…. က်ဳပ္ေတာ့ ခုႏွစ္ေတာင့္ေပးၿပီး မေလးႏြယ္ေတာ့ ရွစ္ေတာင့္ ေပးသြားတယ္၊ စာေရးဆရာလုပ္ေနၿပီး တရားသလား ”
“ ေဟာဗ်ာ ”
ကြၽန္ေတာ္သည္ ဤသို႔ တစ္ေယာက္ၿပီးတစ္ေယာက္ လာရန္ေတြ႕ၾကသည္ကို ေနာက္ဆုံး အမ်ားႀကီးရသြားေသာ ခင္ၿငိမ္းၾကည္မွတစ္ပါး ဒုတိယ ေနာက္ဆုံး မခင္ေ႐ႊေရာက္လာသည္အထိ ထိုင္နားေထာင္ၿပီးေနာက္…..
“ ကဲ…. ေဒၚေဒၚတို႔၊ မမတို႔၊ ကြၽန္ေတာ္ တစ္ေယာက္စီ ရွင္းျပပါရေစ။ ပထမဦးဆုံး မသန္းသန္း၊ ကြၽန္ေတာ္က တစ္မတ္ သုံးေတာင့္ဆိုတာကို ခင္ဗ်ားက ေလးေတာင့္ဆစ္လို႔ ေလးေတာင့္ပဲ ေပးခဲ့တယ္။ ခင္ဗ်ား ေက်နပ္လို႔ ခင္ဗ်ား ယူထားလိုက္တယ္…။ ဒုတိယ ေဒၚၾကည္စုက ကြၽန္ေတာ္က သန္းသန္းအိမ္မွာ ေလးေတာင့္ဆစ္လို႔ ေလးေတာင့္ပဲ ေပးခဲ့တယ္။ ခင္ဗ်ားပဲ ေလးေတာင့္ယူပါဆိုတာကို ခင္ဗ်ားက ငါးေတာင့္ေပးပါဆိုလို႔ ကြၽန္ေတာ္က ငါးေတာင့္ပဲ ေပးခဲ့တယ္….။ တတိယ မေအးသာ၊ ေဒၚၾကည္စုမွာ ငါးေတာင့္ေပးခဲ့တယ္ ဆိုတာကို ခင္ဗ်ားက က်ဳပ္ေတာ့ ေျခာက္ေတာင့္ေပးပါဆိုလို႔ ကြၽန္ေတာ္ ေျခာက္ေတာင့္ ေပးခဲ့တယ္….။ ကဲဗ်ာ…. တစ္ေယာက္စီေျပာေန ရွည္ပါတယ္။ ခင္ဗ်ားတို႔ ဆစ္တိုင္းပဲ တစ္အိမ္ တစ္ေတာင့္တိုး ကြၽန္ေတာ္ ေပးခဲ့တယ္။ အဲဒါ ခင္ဗ်ားတို႔က ကြၽန္ေတာ့္ကို ခုမွဝိုင္းၿပီး မေက်နပ္ၾကဘူးဆိုေတာ့ ကြၽန္ေတာ္ ဘယ္ႏွယ့္ လုပ္ရမလဲ ”
“ ရွင့္ဟာက ဘုရားတကာ ရန္တိုက္ လုပ္တာကိုေတာ့ ”
“ ေအာင္မယ္…ေအာင္မယ္… ဘယ့္ႏွယ္ ဘုရားတကာ ရန္တိုက္တုန္းဗ်။ ခင္ဗ်ားတို႔ ဆႏၵအရ ခင္ဗ်ားဆစ္တိုင္း ကြၽန္ေတာ္ေပးခဲ့တာပဲဗ်ာ။ ကဲ… ဒီမွာ ေဒၚစိန္ဥ၊ ခင္ဗ်ားကို ကြၽန္ေတာ္ အလကားယူလည္း ေပးမယ္လို႔ ေျပာခဲ့တယ္ မဟုတ္လား ”
သူတို႔ ေခတၱမွ် ေတြေနၾကၿပီးေနာက္ မေအးသာက ….
“ ဆရာ့ဟာက ဒီလိုလုပ္ဖို႔ မေကာင္းဘူး၊ တကယ္ဆို တစ္မတ္ေျခာက္ေတာင့္ျဖင့္ ေျခာက္ေတာင့္၊ ခုႏွစ္ေတာင့္ျဖင့္ ခုႏွစ္ေတာင့္ အညီအမွ်စီ ေရာင္းဖို႔ေကာင္းတယ္ ”
“ အယ္…. ဒီလိုဆိုလည္း လြယ္ပါတယ္ဗ်ာ၊ ကဲ ကဲ အားလုံး ျပန္ယူခဲ့ၾက၊ ခင္ဗ်ားတို႔အားလုံး သေဘာတူတဲ့ေစ်း ျဖစ္ရေစ့မယ္၊ ျပန္ၿပီး ေဝမွ်ေပးရမယ္ ”
ဤတြင္ တစ္မတ္ဖိုး ၁၀ ေတာင့္၊ ၁၂ ေတာင့္ ရသူေတြက မခံႏိုင္။
“ ေအာင္မယ္…ေအာင္မယ္…ဒီလိုေတာ့လည္း ဘယ္ျပန္လုပ္ေနႏိုင္ေတာ့မလဲ၊ ကြၽန္မတို႔အိမ္မွာ ခ်က္ဖို႔ တုံးတစ္ေတာင္ ၿပီးခဲ့ၿပီ ”
“ ကဲ….မဟဝွာတို႔၊ ခင္ဗ်ားတို႔ ၾကားၾကတဲ့အတိုင္းပါပဲဗ်ာ….၊ ကြၽန္ေတာ္ ဘာတတ္ႏိုင္ေတာ့သနည္း ”
အားလုံး ေတြေဝစဥ္းစားေနၾကရင္း အနည္းဆုံးရလိုက္၍ သူအနစ္နာဆုံး ထင္ေနေသာ သန္းသန္းက ….
“ ကိုေဆြရယ္…. ကြၽန္မေတာ့ ေလးေတာင့္ပဲ ရလိုက္တာ၊ ပိုက္ဆံေတာင္ ျပန္ေပးဖို႔ေကာင္းတယ္ ”
“ အာ… ဟုတ္ေပ့ ေဒၚသန္းသန္းေရ၊ ေရာ့…. ေရာ့ ခင္ဗ်ာ့ပိုက္ဆံ ျပန္ယူဗ်ာ ” ဟု သူ႔ပိုက္ဆံတစ္မတ္ကို ျပန္ေပးလိုက္၏။ ယင္း၌ ေဒၚၾကည္စုက….
“ က်ဳပ္လည္း ငါးေတာင့္ထဲဟာ ပိုက္ဆံျပန္ေပးဗ်ာ ”
“ ေရာ့ဗ်ာ ”
ဤတြင္ မေအးသာကလည္း….
“ ကြၽန္မလည္း ျပန္ေပးေတာ္ ”
“ ကဲ…ကဲ…ေရာ့…ေရာ့ အားလုံးျပန္ယူၾက၊ ခင္ၿငိမ္းၾကည္ပါ ျပန္ေပးမယ္၊ ဒါမွ ေအးမယ္ ” ဆိုၿပီး သူတို႔ပိုက္ဆံအားလုံးကို ျပန္ေပးလိုက္သည္။
သို႔တိုင္ မေအးေသးေခ်။ အလကားရတာခ်င္း အတူတူ သူ႔ေတာ့မ်ားတယ္၊ ငါ့ေတာ့ နည္းတယ္ႏွင့္ ပြစိပြစိ လုပ္ေနၾကေသးသျဖင့္ ကြၽန္ေတာ္က…..
“ တကတည္းဗ်ာ… ‘ လူ႔အလို နတ္မလိုက္ႏိုင္ ’ ဆိုတဲ့ စကားသာ ၾကားဖူးပါတယ္ ခုေတာ့ ‘ လူ႔အလို ေသာ္တာေဆြ မလိုက္ႏိုင္ ’ ဆိုတာ ျဖစ္ေနၿပီ ” ဟု ေျပာလိုက္ေတာ့ အင္မတန္ နတ္ကိုးကြယ္ေသာ ေဒၚစိန္ဥက….
“ ေအာင္မယ္…သူကပဲ နတ္ထက္ ႀကီးက်ယ္ေနသလိုလို ”
“ ေအာင္မယ္….. က်ဳပ္က ဘာလို႔ နတ္ထက္ မႀကီးက်ယ္ရမွာတုံးဗ်၊ ကဲ… ဘယ္နတ္မ်ား ခင္ဗ်ားတို႔ကို ဒန္႔သလြန္သီးတစ္ေတာင့္ အလကားေပးဖူးသလဲ၊ ေျပာစမ္းပါဦး ”
ယင္းမွ သူတို႔သည္ ၿပဳံးစိစိႏွင့္ ျပန္သြားၾကကုန္သတည္း။
ေသာ္တာေဆြ