“နွားနဲ့တိုက်တဲ့ အပုပ်ချိန်”(စ/ဆုံး)

“နွားနဲ့တိုက်တဲ့ အပုပ်ချိန်”(စ/ဆုံး)

——————————————-

`ငုဝါ´…..မိန်းမရေ..
….အတာကြူးလို့ ပိတောက်နဲ့ငုပန်းလေးတွေ လှိုင်လှိုင်ပွင့်နေကြပြီကွယ်….
….ငှဝါ မောင့်ကိုခွဲသွားခဲ့တာ
ဒီတန်ခူးနဲ့ဆိုရင် နှစ်၅၀ တင်းတင်းပြည့်ပြီနော်……ပြန်လာပါတော့မိန်းမရယ်….
….ယနေ့အထိ ငုဝါကို မောင်စောင့်နေဆဲပါ…..မောင်ခူးထားတဲ့ ပိတောက်ပန်းလေးတွေ ပန်သူမဲ့နေရှာပြီကွယ်”
……….
……..အသက်အားဖြင့် ၈၀နီးပါးခန့်ရှိသော အဘိုးကြီးတယောက်ဟာ နွေချောင်းဘေးရှိ ပိတောက်ပင်ကြီးအောက်မှာ ထိုင်ပြီး ခူးထားသော ပိတောက်ပန်းများကို နွေချောင်းထဲသို့ တစ်ပွင့်စီခြွေချနေရင်း….နှုတ်မှလဲ လေမဆက်တော့သည့် စကားများကိုတတွတ်တွတ်ရင်းက တယောက် ယောက်ကို တမ်းတရင်းကြေကွဲနေသော အသွင်သို့ဆောင်နေလေသည်။
…….___________________

…..ပုသိမ်မြို့သား
ကျောင်းဆရာခင်မောင်ဟာ ပညာရေးကောလိပ်ဆင်းပြီးသည့်နောက် မိမိတာဝန်ကျရာ အင်္ဂပူမြို့နယ်ရှိ `နွေတမာကုန်းကျေးရွာသို့´ အထုတ်အပိုးများနှင့်အတူ ဖြေးဖြေးခြင်းခရီးနှင်လာခဲ့သည်။ တန်ခူးနေရောင်အောက်မှာ ချွေးတလုံးလုံးနှင့် ကြိုးစားပြီးလျှောက်လာရင်း
နွေတမာကုန်းရွာအဝင်နားက ဇရပ်ကိုရောက်တော့ အထုပ်များချပြီး ခဏဝင်နားလိုက်သည်။ ကျောင်းဖွင့်ဖို့က တလကျော်ကျော် လိုသေးသော်ငြား ရွာရဲ့အခြေနေကိုသိချင်တာကတကြောင်း မိုးကျလျှင် သွားရေးလာရေးခက်ခဲမည်ကိုစိုးသဖြင့် မိမိသုံးစွဲရမည့် ဝေယျဝစ္စများကို အရင်လာပို့ထားခြင်းဖြစ်သည်။ မိုးများတဲ့ဧရာဝတီက ရွာဘက်လမ်းတွေဟာ တကယ်မိုးကြီးလာပြီဆိုရင် တတောင်ခန့်နစ်သော ဗွက်ထုကြီးကို ညာသံပေးပြီးရုန်းရမည်သာဖြစ်သည်။ အတွေ့အကြုံမရှိသော မြို့နေလူတန်းစားတွေအဖို့ အတောင်ပင် အခက်အခဲဖြစ်တတ်ကြပါသည်။
……အရိပ်ကောင်းသော ကုက္ကိုပင်ရိပ်အောက်မို့ အတော်လေးအဆင်ပြေသွားသည်။ ခင်မောင်ဟာ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုဒီဒီကြည့်ရင်း ဇရပ်ရှေ့ လယ်နှစ်ခွက်ကျော် ချောင်းဘေးပိတောက်ပင်ကြီးအောက်မှာ အဘိုးအိုတဦးထိုင်နေတာကိုသတိထားမိလိုက်သည်။

အဖိုးအို၏လှုတ်ရှားမှုတိုင်းဟာ စိတ်ဝင်စားစရာကောင်းနေသဖြင့် အဖိုးအိုရှိရာ ချောင်းဘက်သို့သွားပြီး ခြေလက်ဆေးကြောသန့်စင်ရင်း အဖိုးအိုကိုအကဲခတ်နေလိုက်သည်။
….
…..“ငုဝါ´´ မိန်းမရေ….မင်းပန်ဖို့အတွက် မင်းကြိုက်တဲ့ပိတောက်ပန်းတွေကို ချောင်းထဲမျှောပေးလိုက်ပြီနော်….တဝကြီးသာ ပန်ဆင်ပါတော့ကွာ….
…အီးးဟီးးးဟီးးး
…..
……အလို…….ဘုရား…ဘုရား
…ငါများ နားကြားလွဲလေသလား…..
…အင်း….ပေါက်ပြီ……
….ဒီအဖိုးကြီးက စိတ်မနှံ့တဲ့သူပဲဖြစ်မှာပါ…ငါ့နယ်…ဘာများလဲလို့…ခိခိ..

….သူ့အတွေးနဲ့သူ သဘောကျပြီး ဇရပ်ဆီသို့ ခင်မောင်ပြန်လာခဲ့သည်….
….ဇရပ်ကိုရောက်တော့….အသက်၇၀အရွယ်အဖိုးကြီးတယောက်ရောက်လာလေသည်။
….ဒီက သူငယ်က ဘယ်ကလဲကွဲ့…
..အထုတ်တွေအပိုးတွေနဲ့ ဘယ်ကိုများသွားမလို့တုန်း…

….ဟုတ်ကဲ့အဘ…..ကျွန်တော်က
ဒီနွေတမာကုန်းမူလတန်းကျောင်းမှာ
တာဝန်ကျတဲ့ ကျောင်းဆရာပါ
အခု လမ်းလေးသာတုန်း အထုတ်အပိုးတွေလာထားတာပါ အဘ…
….ဟေ….
…ဟို…..ဆရာလေးခင်မောင် ဆိုတာများလားကွဲ့….

….ဟုတ်…ဟုတ်ပါတယ်အဘ…..

….အေးကွယ်….သူကြီးပြောသံကြားလို့ ဆရာလေးနာမည်ကိုတရွာလုံးကသိနေပါပြီ….အဘတို့လို ခေါင်တဲ့အရပ်ဒေသတွေမှာ စာလာသင်ပေးမဲ့ ဆရာလေးကို အဘတို့တရွာလုံးက
ဝမ်းသာအားရကြိုဆိုပါသဗျား……

…..ဟုတ်ကဲ့….ကျွန်တော်ကလဲ ဒီလိုခေါင်တဲ့အရပ်တွေကိုပဲ လာချင်နေသူပါ…..
…ဟို….ဒါနဲ့ အဘ…..
…တခုလောက်မေးချင်လို့….မေးလို့ရမလား….စပ်စုတယ်လို့လဲ မအောက်မေ့ပါနဲ့နော်….

….သြော်ကွယ်…..မေးစရာရှိတာများအဆန်းလုပ်လို့….
…ဆရာလေးဘာသိချင်လဲ….ကြိုက်တာမေးစေဗျား…..

…..ဒီ…ဒီလိုပါအဘ…..
ဟိုချောင်းဘေးပိတောက်ပင်အောက်မှာထိုင်နေတဲ့အဘိုးကြီးက စိတ်မနှံ့ဘူးလားအဘ……ပိတောက်ပန်းတွေကို ခူး…ခူးပြီး ချောင်းထဲကိုခြွေချ နေတယ်….ပါးစပ်ကလဲ `မိန်းမရေ တဝကြီးပန်တော့´ ဆိုပြီး တတွတ်တွတ်နဲ့ပြောနေတယ်ဗျ…ပြီးတော့ ငိုလဲငိုနေတယ်…..အဲ့ဒါ…..ဘယ်….ဘယ်လိုဖြစ်နေလို့လဲအဘ…

…..ဟေ…..

…ခင်မောင့်စကားကြောင့် အဘိုးကြီး မျက်နှာပျက်သွားသည်။

…..ေဩာ်…ဆရာလေးပြောတာ ကိုထွန်းနောင်ကိုဖြစ်မယ်။

…ဟင်
…အဲ့ အဘနာမည်က ထွန်းနောင်လား…

….ဟုတ်တယ်ဆရာလေး….
…သူ့နာမည်က ထွန်းနောင်ပဲ အသက်၈၀စွန်းနေပြီ….အဘတို့ရွာသားတဦးဆိုပါတော့…
…..ဆရာလေးက သူ့အကြောင်းကိုသိချင်တယ်ဆိုပါတော့…

….ဟုတ်ကဲ့….အဘသိရင်ပြောပြပါ့လား…
..သက်ကြီးစကား သက်ငယ်ကြားရတာပေါ့….

…..အဘိုးကြီးဟာ ပြောဖို့ပါးစပ်ပြင်ရင်း သူ့မျက်ဝန်းက နှောင်းခဲ့ပြီဖြစ်သော အတိတ်ကလာတခုဆီသို့ ……………
…….
……ထွန်းနောင်တို့ လင်မယားအဖြစ်က စိတ်မကောင်းစရာပါဆရာလေးရယ်…..
….ဖြစ်ပုံက..ဒီလို……………..

(အခန်း၂)

….♬ ရွေရည်လူးတဲ့ပိတောက်ပန်းတွေ…ခင်နှမဆံနွယ်ထက်မှာ♪ ဒီမောင်ကြီးပန်ပေးဘို့ကွယ်….ခူးဆွတ် လို့လာခဲ့ပါပြီ….♬ ကိုယ်တိုင်ကွယ်ပန်ဆင်ပေးမယ်…ကောင်းကင်က အမောင်သိကြားရယ် ပုန်းရှောင်လို့ပေး……အေး…ဟေး……တုပို့….တုပို….ပတ်….ပလုံ….ဂျိ….
……
…..ခိခိ……ဟိ.ဟိ……​
မောင့်ကအဆိုကောင်းပဲနော်…..
….ဟဲဟဲ…..ငုဝါ ကြိုက်ရင်နောက်တပုဒ်ဆိုပြမယ်…..
….တော်….တော်ပါတော့မောင်ရယ်….
..ငုဝါပန်ဘို့ ပိတောက်ပန်းလဲတက်ခူးပေးရ သီချင်းလဲဆိုပြရနဲ့ မောင်မောနေပါ့မယ်။
….ဟားဟား ကို့ဇနီးလောင်းလေးအတွက်ဆို ဓူဝံကြယ်ကိုတောင် တောင်ဘက်ပြောင်းပေးနိုင်သူပါ…

…ဟောတော့….ဒါတော့…ပိုသွားပြီမောင်…
….မောင်….
…ငုဝါတို့ လက်ထပ်ဘို့ရက် တဖြေးဖြေးနီးလာပြီနော်….
…တန်ခူးလ္ဆုပ်၃ရက်ဆိုတော့ ကြား၅ရက်ပဲလိုတော့တယ်….
…..ဟုတ်တယ်ငုဝါ….မောင်လဲ မင်္ဂလာကိစ္စအတွက် အတော်လေးပြင်ဆင်ပြီးပါပြီ…..ဒီဘဝမှာ ကိုချစ်တဲ့ချစ်သူနဲ့လက်တွဲရတော့မှာမို့ အရမ်းကို ကျေနပ်ပျော်ရွှင်မိပါတယ်…
…..ပြီးတော့…
…မောင်နဲ့ငုဝါဆိုတာ အချစ်ဦးတွေလေ….
….ဟုတ်တယ်မောင်…..ငုဝါရဲ့အချစ်ဦးဟာမောင်ပါပဲ….
….ဒါပဲနော်…..လက်ထပ်ပြီးမှ ငုဝါအပေါ် အချစ်တွေပေါ့သွားလို့ကတော့….ငုဝါအရမ်းဝမ်းနည်းမိမှာပဲ…
….အမလေး….အဲ့အတွက်တော့စိတ်ချ…
…ငုဝါအပေါ်ထားတဲ့ မောင့်ရဲ့အချစ်နဲ့သစ္စာတရားကို….ဟော့ဒီ နွေချောင်းနဲ့ ပိတောက်ပင်ကြီးကို သစ္စပြုပြီး တိုင်တည်ပြီး သစ္စာဆိုဝံ့ပါတယ်ဗျာ…..
…..ဝမ်းသာလိုက်တာမောင်ရယ်…
….ငုဝါလေ…မောင့်ကိုအရမ်းချစ်တယ်သိလား….
…ပြောလဲပြော ရင်ခွင်ထဲသို့ခေါင်းလေးတိုးပြီဝင်လာသော ချစ်သူကို ထွန်းနောင် အလိုက်သင့်လေးထွေးပွေ့ထားလိုက်ပါသည်………..

________________________

….ချစ်တိုင်းညားခဲ့ပါသော ထွန်းနောင်နှင့်ငုဝါတို့၏ အိမ်ထောင်သက်တမ်းဟာ ၃နှစ်ကျော်ခဲ့ပါပြီ…..သို့သော် ယခုချိန်ထိ သားထောက်သမီခံ မထွန်းကားနိုင်သေးပေ။
…ဒါပေမဲ့ လင်မယားနှစ်ယောက်လုံးစိတ်မပျက်ကြ….ထွန်းနောင်အတွက် ငုဝါ…..ငုဝါအတွက်ထွန်းနောင် ရှိနေရင်ပြည့်စုံပြီ….တစ်ဦးကိုတစ်ဦးမျက်စိအောက်ကအပျောက်မခံ….
အလုပ်ကပြန်လို့ မိန်းမမျက်နှာကိုမမြင်ရရင် ရွာထဲကိုအိမ်ပေါက်စိမေးပြီးထွန်းနောင်လိုက်သည်…အလားတူ..ထွန်းနောင်တယောက် အလုပ်ပြန်နောက်ကျလို့မိုးချုပ်နေပြီဆိုရင်…မီးအုပ်တလုံးဆွဲပြီး လယ်ထဲသို့ ငုဝါလိုက်သည်။ သို့ကြောင့်လဲ နွေတမာကုန်းတရွာလုံးက ဩချပြီးလက်ဖျားခါရတဲ့အချေအနေထိထွန်းနောင်တို့ဇနီးမောင်နှံကပြောစမှတ်တွင်ခဲ့သည်…….
…….ဒါပေသည့်….ကံကြမ္မာဆိုတာလဲပြောရခတ်သားလား…..

တနေ့…….
..ရန်ကုန်တွင်အလုပ်သွားလုပ်နေသော
ထွန်းနောင်၏
အချစ်ဆုံးသူငယ်ချင်း`ပန်းတော´
ရွာကိုပြန်ရောက်လာလေသည်။
ပန်းတောရဲ့ပြောချေအရ ရန်ကုန်မှာအိမ်ထောင်ပျက်ပြီးရွာကိုအပြီးပြန်လာတာတဲ့လေ။ထွန်းနောင်နဲ့က ငယ်ပေါင်းကြီးဖော်တွေမို့ ယောင်ခြောက်ဆယ်ဖြစ်နေသော
ပန်းတောဟာ ပျင်းပျင်းရှိ ထွန်းနောင်တို့လင်မယားဆီသာလာလည်တတ်သည်။ ငုဝါနဲ့လည်း ဆွေးမျိုးသားခြင်းမကင်းသူ
တယောက်ဖြစ်လေတော့…ထွန်းနောင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အိမ်လည်လာတတ်သည်။ ပန်းတောစတိုင်ကလဲ ရန်ကုန်ပြန်တယောက်မို့ ဆိုဒ်လေး ဂိုက်လေးကလဲ ဟန်သကိုးဗျ….သွားလေရာ လက်ကိုင်ပါးဝါကအမြဲဆောင်တတ်သည်ဘိုကေကိုဟက်နေအောင်ဖြီးပြီးမာဖလာလေးလည်ပင်းပတ်ထားပုံက ထိုခါတ်အခါက ဓာတ်ရှင်မင်းသားရွေဘနှင့်ပင်ခတ်ဆင်ဆင်တူလှသည်။
……ပန်းတောတယောက် ထွန်းနောင်အိမ်ကို အဝင်အထွက်များလာတော့
ပတ်ဝန်းကျင်က တိုးတိုးတမျိုး
ကျယ်ကျယ်တမျိုး ပြောလာချေပြီ…
ရင်းနီးသော အသက်ကြီးပိုင်းရွာသူကြီးတွေက ထွန်းနောင်ကိုသတိပေးကြသည်။
……
……..ဟဲ့..ထွန်းနောင်..
…..ဗျာ…..ဘာတုံးအရီးလေးစိန်..
…ဒီကိုလာ….နင့်ကိုငါပြောစရာရှိလို့…

…ဟုတ်ကဲ့….
….
…..ဘာပြောစရာရှိလို့လဲဗျ….

……အေး….ငါပြောတာကို
သေသေချာချာနားထောင်….
မီးဆိုတာမလောင်ခင်တားရတယ်ဟဲ့…
…နင့်ကို ကို့တူကို့သားလိုသဘောထားလို့ အမုန်းခံပြီးပြောတယ်မှတ်…

…..ဟာဗျာ….အရီးလေးနဲ့…ပြောမှာသာပြောစမ်းပါဗျ…..

…..အေး…..ဒီလိုထွန်းနောင်…
…နင့်မိန်းမနဲ့ ပန်းတောကို ကြည့်ရတာတမျိုးပဲ……..

….ဗျာ…..သူ…သူတို့ဘာဖြစ်နေကြလို့လဲ…

…..ဖြစ်တာမဖြစ်တာတော့ ငါတို့လဲအတိကျမပြောနိုင်ဘူး…ဒါပေမဲ့ ခုတလော နင်းမရှိခိုက် နင့်မယားဆီကို ပန်းတော အလာစိတ်နေတယ်…..
…နင်ကတော့ မိုးလင်းတာနဲ့ လယ်ထဲထွက်နေရတော့ နောက်မှာဘာဖြစ်နေတယ်ဆိုတာသိမှာမဟုတ်ဘူး….
နင့်မိန်းမနဲ့ပန်းတောအကြောင်းက တရွာလုံးပွနေပြီ….နင်သာမသိတာ….

…..ဟာဗျာ……မ…မဟုတ်နိုင်ပါဘူး…
…ကျုပ်မိန်းမက ကျုပ်ကိုသိပ်ချစ်တာ….
…အရီးလေးတို့ထင်သလို ကျုပ်အပေါ်သစ္စာမပျက်ပြီး ဖောက်ပြန်တဲ့အလုပ်တော့ သူမလုပ်နိုင်ပါဘူး…….ပြီးတော့…ပန်းတောဆိုတာ ကျုပ်နဲ့လည်ပင်းဖက်ပြီးကြီးလာတဲ့သူငယ်ချင်းပါဗျာ…
…သူလည်း…အဲ့လိုတော့မလုပ်လောက်ပါဘူး…ငုဝါနဲ့လဲ ဆွေးမျိုးသားချင်းမကင်းဘူးလေဗျာ…….

….ဟင်းး
…ခက်တယ် ထွန်းနောင်…
…နင်က မိန်းမနဲ့ပတ်သပ်လာရင် ငုဝါလောက်ပဲသိတာ…..လူ့စိတ်ဆိုတာပြောရမလားဟဲ့…..အနေနီးလာရင် ဖြစ်တတ်ကြတာပဲလေ……သဘောပဲအေ…..ငါက မဖြစ်သင့်တာမဖြစ်အောင် ကြိုပြီးသတိပေးတာ…..နောင်ကြမှ ပုဆိုးနဲ့မျက်ရည်သုတ်နေရမှာစိုးလို့ဟေ့…
….ကဲ…
…ငါလဲ ရွာမြောက်ပိုင်းသွားဦးမယ်…
….ဟင်းးး

…..အရီးလေးစိန် ထွက်သွားတော့ ထွန်းနောင်တယောက် တွေတွေကြီးရပ်ကျန်ခဲ့လေသည်။

…..ညဘက်ရောက်တော့ ထွန်းနောင်တော်တော်နှင့်အိပ်မပျော်…
အရီးလေးစိန် နေ့ခင်းကပြောသောစကားများသာ နားထဲမှာပြန်ကြားယောင်နေမိသည်။
…ငုဝါကိုငဲ့ကြည့်လိုက်တော့ အပြစ်ကင်းစင်စွာအိပ်နေလေသည်။
…လှလိုက်တဲ့မိန်းမရယ်….
…မျက်နှာလုံးလုံး…
မျက်လုံးမျက်ခုံးကောင်းပြီး ပြေပြစ်သောနှာတံ ဖူးငုံနေသောနှုတ်ခမ်း ငါးဖြာအင်္ဂါနဲ့ပြည့်စုံတဲ့အဆင်း…စသည်ဖြင့် ရှုမငြီးတဲ့ ဇနီးချောလေးငုဝါ……..
….အို….
…သူတို့ပြောတာတွေ မဟုတ်ပါစေနဲ့…..
….ဟင်းးး

_____________________

….ခုတလော ငုဝါကိုကြည့်ရတာ အရင်ထက် အလှတွေပြင်လာသလိုပဲ….ဘယ်အချိန်ကြည့်ကြည့် သနပ်ခါးကိုမှုံနေအောင်လိမ်းထားသည်….အရင်လဲ သနပ်ခါးအမြဲလိမ်းထားတတ်ပါတယ်…ဒါပေမဲ့ ထွန်းနောင်ရဲ့အတွေးထဲမှာ အရင်ထက်ပိုပြီး လှချင်ပချင်နေသည်ဟုသာမြင်နေမိသည်။
…….ကြားထားတဲ့သီတင်းတွေကနားနဲ့မဆံ့တော့…..မိမိပြန်ချောင်းသော်လဲ
ရိုးရိုးတန်းတန်းစကားပြောနေကြသည်သာတွေ့သည်။
…..ဒါကလဲ မကြုံကြိုက်လို့ ဖြစ်ကောင်းဖြစ်နိုင်ပေသည်…..
…ခက်နေတာက ထွန်းနောင်
ပြန်ချောင်းတဲ့အခါတိုင်း ပန်းတောက အိမ်မှာအမြဲရှိနေလေသည်။
….ထွန်းနောင်လဲ ဇနီးချောလေးအတွက်သောကများပြီး အလုပ်ပင်ဖြောင့်အောင်မလုပ်နိုင်တော့…
…ဒီကြားထဲ လယ်ထဲမှာခိုင်းနေတဲ့ ခြံပေါက်ခိုင်းနွားသိုးကြီးငနီက ခုရက်ထဲစိတ်ထနေသည်…
…တွေ့သမျှနွားသိုးတိုင်းကို လိုက်ဝှေ့နေသဖြင့်မနဲထိန်းနေရသည်။

……အဲ့ရက်က သင်္ကြန်အကြိုနေ့….
…လယ်ထိပ်ကပိတောက်ပင်ကြီးကလဲ
ပိတောက်ပန်းတွေ ထိန်ထိန်အကြဲအောင်ပွင့်နေလေသည်….
…..မနက်စောစောလယ်ထဲမှာအမှိုက်ချရင်း ငုဝါပန်ဘို့ပိတောင်းပန်းတွေခူးပြီး လှည်းပေါ်တင်လာခဲ့သည်။
ခြံဝကိုရောက်တော့…ပန်းတောတယောက် ရေးကြီးသုတ်ပျာနဲ့ အိမ်ထဲမှထွက်လာပြီး သူ့အိမ်ဆီပြန်သွားတာတွေ့လိုက်သည်။
….ထွန်းနောင်ရဲ့စိတ်ထဲတော့ နဲနဲထိတ်သွားသည်….
…လှည်းရပ်ပြီးနွားတွေဖြုတ်နေချိန်မှာ…
…ဟယ်…
…ပိတောက်ပန်းတွေအများကြီးပဲ…
…ငုဝါအတွက် မောင်ခူးလာတယ်နော်..
…ပျော်လိုက်တာမောင်ရယ်…ဟိ..ဟိ

…..ဒါပေါ့မိန်းမရယ်….မိန်းမပန်ဘို့ မောင်ခူးလာတာဗျား…တဝကြီးသာပန်တော့…
…ဟုတ်ကဲ့ …
…မောင်လဲကုသိုလ်ရအောင်
ဘုရားကိုလဲပူဇော်မယ်…..ကျန်တာကို ငုဝါပန်မယ်…..
….
…..အေး…အေး….ကောင်းတယ်ငုဝါ….

….ထွန်းနောင်ဟာ ခြေထောက်ဆေးပြီး အိမ်ပေါ်တက်လိုက်သည်……
…ပြီးတော့ အင်္ကျီအဝတ်အစားများလဲဖို့ အိမ်ခန်းထဲဝင်လိုက်ရင်ပဲ….
…ညှောင်…ဝေါင်. ..
…ဟဲ့…သောက်ပလုတ်တုတ်…..
…သယ်….မိညို….လန့်သွားတာပဲ…
….ထွန်းနောင်ဟာ အပေါ်အင်္ကျီကိုချွတ်ပြီး ကုတင်ပေါ်ပစ်တင်လိုက်ရင်ပဲ….မမျော်လင့်ထားသောအရာတခုကို မြင်တွေ့လိုက်ရပါပြီ……

…..ဟင်…..ဒါ….ဒါ….
…ပန်း…ပန်းတောရဲ့လက်ကိုင်ပါးဝ…
…ဘယ်လိုဖြစ်ပြီး အိမ်ခန်းထဲက ခုတင်ခြေရင်းကိုရောက်နေတာလဲ…….
ထွန်းနောင် ကြက်သေသေသွားပြီးနောက်
….ဟင်းး
…ဟုတ်ပါပြီ……
….တောက်…..ခွေးမ…..
…ဒင်းက ငါမရှိတုန်း လင်ငယ်နဲ့ ခွေးဇာတ်ခင်းနေတာကိုး…..
…တောက်….ငါကွာ…..
ငါ့ကွယ်ရာမှာ ဖောက်ပြန်နေကြပြီပေါ့လေ

….အဲ့နေ့တနေ့လုံး ငုဝါကိုထွန်းနောင်စကားမပြောတော့….ထွန်းနောင်ကလည်း စနေသား ..နေတက်ရေတက်အချိန်မှာမွေးလာခဲ့သူ….သူ့စိတ်ထဲမှာ မကျေနပ်တာရှိရင် ဝုန်းဒိုင်းကြဲပြီး
ဖြေရှင်းတာမျိုးမလုပ်…..
…..ဖြေရှင်းစရာလဲ လိုမှမလိုတော့တာ….
…ဆုံးဖြတ်ဖို့သာလိုတော့သည်….အရင်ကချစ်ခဲ့သမျှတွေဟာ ခုတော့အမုန်းတွေအဖြစ်ပြောင်းသွားခဲ့လေပြီ…..
….ငုဝါကိုကြည့်ပြီး ထွန်းနောင်ရွံလာသလို အရမ်းလဲနာကျည်းမိသည်…ယုတ်စွအဆုံး ကြမ်းတပြေးပင်မထိုင်ချင်တော့….
ဒါ့ကြောင့်..မိမိဘာလုပ်သင့်သည်ဆိုတာကိုအေးအေးဆေးဆေးစဉ်စားဆုံးဖြတ်နိုင်ဖို့ အဲ့ညက လယ်ထဲကတဲမှာထွန်းနောင်သွားအိပ်ခဲ့သည်။

….ထွန်းနောင်ဘာကိုစိတ်ဆိုးနေတယ်ဆိုတာကိုတော့ ငုဝါလဲမတွေးတတ်ပေ
ဘယ်တုန်းကမှ နှစ်ကိုခြားပြီးမအိပ်ဖူးခဲ့တဲ့လင်မယား
…ထွန်းနောင်ရဲ့ ခုလိုအခြေနေမျိုးကို ငုဝါ တခါမှမမြင်ဖူးပေ…ဒါ့ကြောင့်…
အရမ်းလည်းကြောက်မိသည်….
ဘာဖြစ်လို့လဲ လို့မေးဖို့ကလည်းမမေးရဲ…
ခက်ဆိပ်ဆိပ်သာနေရင်း တစ်ညတာရဲ့အထီးကျန်မှုကို
ဖက်ခေါင်းအုံးလေးနဲ့အဖော်ပြုခဲ့ရပါသည်။

…..ထွန်းနောင်ဟာ လယ်တဲကိုရောက်တော့ ငနီရဲ့ဦးချိုကို ချွန်သထက်ချွန်အောင်
ံတံစဉ်းနဲ့တိုက်လိုက်သည်…
ထိုကဲ့သို့ တံစဉ်းတိုက်နေရင်း နီရဲနေသောမျက်ဝန်းအိမ်အတွင်းမှ ဒေါသကြောင့်ကျခဲ့ရတဲ့မျက်ရည်နှင့်အတူ….မိမိအပေါ် သစ္စာမဲ့သွားပြီဖြစ်သောဇနီးအတွက် ခံပြင်းသောဒေါသ အမုန်းတရားဟာ ထွန်းနောင်ရဲ့ရင်ဘက်တခုလုံးကို အရည်ပျော်လုမတတ်လောင်မြိုက်နေလျှက်ရှိနေပါပြီ……..

_____________________

….အဲ့နေ့က သင်္ကြန်အကျနေ့…..
…ကောင်းကင်တခွင်လုံး အုံ့ဆိုင်းနေသော မိုးလုံးမိုးခဲကြီးကြောင့် နယ်ရှစ်တခွင်
ညို့မှိုင်းနေလျှက်ရှိနေပါသည်….
မနေ့ကတကြိမ် ရွာထားသော မိုးရေကြောင့် နွေချောင်းရဲ့ ရေဟာလဲနောက်ကျိလို့နေပါသည်။

….မနက်စောစော ထွန်းနောင် အိမ်ပြန်ရောက်လာသည်။
….မောင်….
…ငုဝါ စားပွဲပေါ်မှာ ထမင်းပွဲပြင်ထားတယ်နော်….
…..အေး…..
….ဟု တခွန်းထဲပြောပြီး…အိမ်ခန်းထဲဝင်သွားသည်….ငုဝါကလဲ ဟင်းအိုးတည်လက်စမို့ ထွန်းနောင်ဆီမလာနိုင်ပဲ မီးဖိုထဲတွင်အလုပ်ရှုတ်နေသည်။
…… ထွန်းနောင်ဟာ အိမ်းခမ်းထဲရှိ ငုဝါရဲ့အင်္ကျီအချို့ကိုယူပြီး အိမ်ရှေ့တံစပ်မြိတ်အောက်က
ခြေဆေးအိုးထဲမှာထိုးနစ်ထားလိုက်သည်….ကျန်ခဲ့သည့်အထည်များက အနီရောင်ရောပြွန်းနေသော အင်္ကျီနဲ့လုံခြည်များဖြစ်သည်။

…..သွားပြီဟေ့….

…ရှင်…
…မောင်….ထမင်းချမ်းစားမသွားဘူးလား…

….အေး…မဆာလို့….

….ဟင်….ဒါ…ဒါဆို …ထမင်းဟင်းကျက်တာနဲ့….ငုဝါထမင်းလာပို့မယ်နော်

….အေး….ကောင်းသားပဲ….
….သွားပြီ…

….အို….ဘယ်….ဘယ်လိုစကားတွေပြောနေပါလိမ့်……
…ငုဝါ ရင်ထဲ ဆို့သွားပြီး မျည်ရည်တွေဝဲသွားသည်…
…ခုချိန်ထိ မိမိအပေါ် လေသံမာမာတောင်မပြောရက်ခဲ့တဲ့ လင်သား….ခု…ဘယ်လိုများဖြစ်လို့ပါလိမ့်….
…ဟင်းအိုးတည်နေရင်း ရင်တွေမောနေသည်…..
….ဒီကိစ္စ အေးနေလို့မဖြစ်…လယ်ထဲရောက်မှ လင်လုပ်သူကိုသေသေချာချာမေးတော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
….ထမင်း ဟင်းကျက်တော့
ထမင်းတောင်းထဲကို ထမင်းအိုးနဲ့
ဟင်းအိုးကို ဖတ်တစ်ခုခံပြီးဆင့်ထဲ့လိုက်သည်..
“မောင်ရေ
မောင်နဲ့စပြီးညားထဲက သုံးစွဲလာတဲ့စလှယ်ဝင်အိုးလေးတွေလေ…..
ငုဝါရဲ့ အမြတ်နိုးဆုံး အိမ်ထောင်ဦးပစ္စည်းလေးတွေပေါ့…..
….ထမင်းတောင်းပြင်ပြီးသွားတော့ ဒီအတိုင်းသွားပို့လိုကမဖြစ်သေးဘူး…
ဒီနေ့တန်ခူးလ္ဆန်း(၁၄)ရက်နေ့ဟာ မောင်နဲ့ငုဝါရဲ့ ချစ်သက်တမ်း
(၆)နှစ်ပြည့်မို့လား ရည်းစားသက်တမ်း၃နှစ်…အိမ်ထောင်သက်တမ်း၃နှစ်လေ…ရေမိုးချိုးပြီး မောင်ကြိုက်တဲ့ ရှင်မတောင်သနပ်ခါးလေးကို ပါးကွက်လေး ကွက်ပြီးလိမ်းရဦးမယ်….ဟိဟိ…
…စိတ်တိုနေတဲ့ ကိုလူချောကြီးရဲ့ရင်ခွင်ထဲကိုပြေးဝင်ပြီး သနပ်ခါးနံ့လေးပေးလိုက်ရင် ဒီလူကြီးဘာခံနိုင်မှာလဲ…
….ပြီးတော့….
မောင်ဝမ်းသာရမဲ့စကားတခွန်းကလဲပြောဖို့ ငုဝါမှာ အရံသင့်ရှိတယ် မောင်ရဲ့….ဘာပူစရာလိုသေးလဲ….
….ကို့အတွေးနှင့်ကိုယ်ပြုံးရင်း…
အိမ်ခန်းထဲသို့ငုဝါဝင်လိုက်သည်…
….ဟောတော့……
…အဝတ်အစား သတ္တာကဖွင့်ရက်သား…
…ကြည့်လိုက်တော့ ငုဝါရဲ့အဝတ်အစားတွေ တချို့တဝက်ပျောက်နေသည်….အနီနဲ့ပန်းရောင်ဝမ်းဆက် ၂စုံသာကျန်ခဲ့သည်….လိုက်ရှာလိုက်တော့ အိမ်ရှေ့ဖိနပ်ချွတ်ခြေဆေးရေအိုးထဲမှာ စိမ်ထားရက်သားတွေ့ရသည်။
….ဟင်းးဟင်းး
…မိမိအပေါ် စိတ်ကောက်နေတာတော့သေချာသွားပြီ….
….ဒါ့ကြောင့် ခက်သုတ်သုတ်ပဲ ရေချိုးပြီး သနပ်ခါးလိမ်းလိုက်သည်….ရေမစိမ်ပဲထားခဲ့တဲ့ အဝတ်၂စုံထဲက အနီရောင်ကို ငုဝါရွေးလိုက်သည်….ဝတ်လာစေချင်လို့ပဲဖြစ်မှာပါ……မောင်က ပန်းရောင်ကိုမကြိုက်ဘူးလေ…..ရဲရင့်ပြတ်သားတဲ့အနီရောင်ကိုပဲကြိုက်တာ…
စနေသား ပီသလိုက်ပုံများ……ဟင်းးဟင်းး
….အားလုံးပြင်ဆင်ပြီးသွားတော့ ထမင်းတောင်းလေးကိုခေါင်းပေါ်ရွက်ပြီ လယ်ထဲသို့ ငုဝါထွက်လာခဲ့သည်။ ရင်တွေတော့အခုန်သား….ချစ်ကြိုက်ခါစ ရည်းစားနဲ့သွားတွေ့ရတဲ့ရင်ခုန်မှုမျိုးနှင့်တူနေသည်။

ဖိနပ်ချွတ်ကနေအောက်သို့ ဆင်းလိုက်ရင်းပဲ….
ဂစ်……ဂစ်….
အာ….အာ….
အိမ်ရှေ့ခြံစည်းရိုးတိုင်ပေါ်ကနေ မိမိကိုစိုက်ကြီးပြီး အာ နေသော တောကျီးကန်းကြီးတစ်ကောင်…
ငုဝါ ကြက်သီးမွှေးညှင်းထပြီး ခေါင်းတွေကြီးသွားသည်။
ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးပေ…
ငုဝါစိတ်တွေ အရမ်းလေးလံလာသည် အိမ်ရှေ့လမ်းအတိုင်း ထွက်လာချိန်မှာလည်း ရွာခွေးတွေက ငူဝါကို ခက်လှမ်းလှမ်းကနေ စူးစူးဝါးဝါး ထိုးဟောင်ကြပြန်သည်။ ငုဝါ အရမ်းကြောက်လာသည်…..
…ထို့ကြောင့် ထွန်းနောင်ဆီ အမြန်ဆုံးရောက်ရန်သာ စိတ်လောပြီး ခက်သွပ်သွပ် လှမ်းချေတော့သည်။
……………………………….
…လယ်အစပ် ကန်စင်းရိုးပေါ်မှာ မိမိထံ ထမင်းတောင်းရွက်ပြီး ခက်သွပ်သွပ်လှမ်းလာသော ငုဝါကိုမြင်လိုက်ရသည်နှင့်…
ဝုန်း..ခနဲ့ တဲပေါ်မှ ထွန်းနောင် ခုန်ဆင်းလိုပ်သည်။
ထို့နောက် ကြိုးတဲထားသောငနီကို ကြိုးဖြုတ်၍ နားဖားကြိုးကို ခက်တင်းတင်းဆွဲလိုက်သည်။
…ကိုင်း…..ငနီရေ..
….ငါ့အပေါ်…သစ္စာမရှိတဲ့ အမိုက်မကို လက်စတုံးဘို့တော့အချိန်ကျပြီဟေ့….
….အဖေ့သားကြီး ဟာ အဖေ့ကိုယ်စား ဒီအမိုက်မကို ကိစ္စတုံးလိုက်တော့……
….ဒီသစ္စာပျက်မ မရှိတော့မှ
အဖေလည်းစိတ်ချန်းသာရမှာကွ…..
ဒီမိန်းမမျက်နှာကိုကြည့်ရတာ အဖေ့ရင်ထဲမှာနေလိုမီးလိုပူတယ်ကွာ……တာဝန်ကျေပါစေနော်ငနီ….ဟင်းးဟင်းးး

……ထိုအချိန်မှာပဲ မိမိရဲ့ကံကြမ္မာကို မသိလေသော ငုဝါဟာ အနီရောင်ဝမ်းဆက် အဝတ်အစားနဲ့အတူ ထမင်းတောင်းကိုခေါင်းပေါ်ရွက်ပြီး ထွန်းနောင်ရှိရာလယ်တဲ သို့ လှမ်းလာနေပါပြီ။

..“ ကိုင်း…..ငနီရေ.´´
…အချိန်ကျပြီဟေ……
…ဒီမိန်းမကို အသေဝှေ့သက်ပြီး နွေချောင်းထဲကို တိုက်ချလိုက်တော့……
…ကဲကွာ….ဖြောင်းးဖြောင်းး
….အစထဲက မုန်ထန်ပြီးစိတ်ထနေသောငနီ…..အနီရောင်မြင်ရင် မျက်စိနောက်ပြီး အတင်းလိုက်ဝေ့သောခိုင်းနွားသိုးကြီးငနီ နားဖားကြိုးတအားဆွဲခံထားရလို့ ဒေါသဖြစ်နေရာက ကြိမ်ဆလွှတ်လိုက်သောအခါ…
ဝူး…..ဘွင်း…….
ထမင်းတောင်းရွက်လာသော ငုဝါဆီသို့ တရှိန်ထိုးပြေးသွားလေသည်။

….ညံ……ဘဲ……ဝူး…
…ဖြော….ဖရော….ဗြော…..

….ဟင်….အမလေး………..ငနီ…ငနီ
….မောင်…..ကယ်ပါဦး..

……ဝမ်း..ဘဲ..လ်….
…ဒိန်း…..ဇွပ်…..အားးး
…မောင်…….ငုဝါကိုကယ်ပါဦး….အ….
….ဖြော….ဗြော..
..အမေ့….သေပါပြီ….အ

သေ….သေစမ်း…အပျက်မ..
ဟေ့…ငနီ….အသေသတ်စမ်း…
…..
ပြေးရင်းလွှားရင်း ထွန်းနောင်ပါးစပ်မှအောပြောနေသောအသံကို ကြားရတော့ ငုဝါ အံသြသွားသည့် မျက်ဝန်းအစံနှင့် ထွန်းနောင်ကိုကြည့်ရှသည်။

သတ်….အဲ့ သစ္စာပျက်မကို
အသေသတ်လေ ငနီ…..
….ဘဲလ်….
…ဒုံးး
….အ…..အားး

…..ဝုန်းးးဗွမ်းးး

….ငုဝါရဲ့ခန္တာတခုလုံးဟာ ငနီရဲ့ဦးချိုဖျားမှာ အရုပ်လေးတခုလိုပါသွားပြီး….ဗိုက်တခုလုံးပွင့်ထွက်သွားလေသည်…..ပြန်ပြုတ်ကျလာတော့ ပွင့်သွားသောဗိုက်ထဲမှ
အူမျာအဟာအပုံလိုက် ထွက်ကျကုန်သည်….သို့သော် ကြောက်အားလန့်အားနှင့်မို့ အတင်းကုန်းထပြီးပြေးလေသည်…..
သို့သော်…

မောင်….
ကယ်ပါ…မောင်ရယ်….

….ဒေါသတကြီး ထပ်ပြီးပြေးဝင်လာသော ငနီရဲ့ဦးချိုမဲမဲကြီးရဲ့ လက်ကမလွတ်နိုင်တော့ပဲ…..ငုဝါရဲ့ကိုယ်လုံးဟာ ငနီရဲ့ဦးချိုဖျားမှာ တံစွပ်ထိုးရက်သားနဲ့ လေပေါ်မြောက်တက်သွားပြီး..
…..နွေချောင်းထဲသို့ ငုဝါပြုတ်ကျသွားလေသည်….
….ထို့နောက် ငုဝါရဲ့အသိစိတ်အားလုံး အမှောင်အတိကျသွားလေတော့သည်။

……ဟားးးဟားးး
…..မှတ်ပလားကွ……..ငါ့အပေါ်သစ္စာပျက်တဲ့ အမိုက်မ……နင့်အတွက် အဲ့ဒါအကောင်းဆုံးဇာတ်သိမ်းပဲ……

….ငနီ….ငါ့သားကြီး
….တာဝန်ကျေတယ်ကွာ…..
…ကဲ….အမိုက်မလဲဇာတ်သိမ်းသွားပြီဆိုတော့ ငါတို့အိမ်ပြန်ကြစို့…ဒီအမိုက်မရဲ့အလောင်းကိုတော့ ရေစာကျွေးတယ်
သဘောထားလိုက်တော့မယ်။
……
………ထွန်းနောင်အိမ်ကိုပြန်ရောက်လာတော့ ရင်ထဲမှာဟာတာတာကြီးတော့ဖြစ်နေသည်……
…အို….သူ့အပြစ်သူခံရတာပဲ……ခံပေါ့…..
…..
……နွားများကိုတံပိုးမှဖြုတ်လိုက်ပြီး ခါးကြားထဲမှ ပန်းတောရဲ့ပါးဝါကိုထုတ်ကြည့်လိုက်သည်။

ထိုအချိန်…
…..ဟေ့…
….ထွန်းနောင်…..

….ဟာ….ပန်းတော……..
…ထွန်းနောင် အံတချက်ကြိတ်လိုက်သည်…..
….
….အလို….မင်းလက်ထဲက ငါ့ပါးဝါလေးပဲ…
…မင်းကြောင်မလဲ အတော်ဆိုးကွာ….
…မနေ့က မင်းအိမ်လာလည်ရင်း ခါးကြားက ငါ့ပါးဝါကို ဘယ်အချိန်ဆွဲသွားတယ်မသိဘူး….မွေးခါနီးဖွားခါနီး အသိုက်လုပ်နေပုံရတယ်….

…..ဘာကြ…..

…ဟာ….လန့်လိုက်တာကွာ…..
…ခလေးအဖေဖြစ်တော့မဲ့ကောင်ကလည်း..လေသံတွေမာလိုက်တာ…

….ဟင်….မင်း…မင်း ဘာပြောလိုက်တယ်…

…..အလို….ငုဝါမင်းကိုမပြောဘူးလား…
…မနေ့ကမနက်ပဲ လက်သယ်ဒေါ်စာဥ
မင်းအိမ်ကိုလာရင်း
ငုဝါရဲ့ဗိုက်ကိုစမ်းကြည့်သွားတယ်….ငုဝါရဲ့ဗိုက်ထဲမှာ မင်းနဲ့ရတဲ့ကိုယ်ဝန်၃လ ရှိနေပြီတဲ့ကွာ….
…အေး…အဲ့လိုပြောနေချိန်ပဲ ရန်ကုန်ကငါ့မိန်းမဆီက စာလာတယ်ဆိုလို့ အိမ်ပြန်ပြေးတာ
….ဟိဟိ….
….မနက်ဖြန် ငါ့မိန်းမရွာကိုလိုက်လာမယ်တဲ့…..သူ့မှာလဲ ငါနဲ့ရတဲ့ကိုယ်ဝန်လေးလွယ်ထားတယ်တဲ့ ပျော်လိုက်တာထွန်းနောင်ရယ်….မင်းရောငါရော ခလေးအဖေဖြစ်တော့မယ်ကွ…..
…ဟေ့ကောင်….ဘာ…ကြောင်ကြည့်နေတာလဲ….ပေး ငါ့လက်ကိုင်ပါးဝါ….
….ငါ့နှမ ငုဝါကိုအရင်ထက်ပိုပြီးဂရုစိုက်နော်…..ငါမိန်းမလာရင် ရန်ကုန်ကိုငါပြန်လိုက်သွားမှာ……အချိန်ကလဲသိပ်မရဘူး…မိန်းမကို အင်္ဂပူတက်ပြီးကြိုရဦးမယ်…..သွားပြီဟေ့…တာ့တာ….

……ပန်းတောထွက်သွားတော့ ထွန်းနောင် ကြောင်တောင်ကြီးရပ်ကျန်ခဲ့သည်….သတိဝင်လာတော့ အိမ်ပေါ်တက်ကြည့်လိုက်သည်……
…ဟာ….
….ကျွိ…ကျိ…ကျိ….ညှောင်……
…..ဖျက်…ရှပ်…..
….ထွန်းနောင်မြင်လိုက်ရသည်က
ပန်းတောရဲ့လက်ကိုင်ပါးဝါကိုတွေ့ရသော အိမ်ခန်းထောင့်မှာ သားပေါက်နေသော ကြောင်မလေးမိညို….သူ့အောက်က သူလုပ်ထားတဲ့အသိုက်မှာ စက္ကစုတ် အဝတ်စုတ် များစွာကိုတွေ့လိုက်ရသည်။

…..သွားပြီ…..ငါ…ငါမှားပြီ….
…ငုဝါ……မိန်းမ…….
…ငါ့မိန်းမ…..ငါ့မိန်းမ…သေပြီ…..
….ဟားးးဟားးး
…ငါ့မိန်းမငုဝါသေပြီ…..
…ငါ့ရင်သွေးလေးပါသေသွားပြီ….
…ဒင်းသက်တာ….
…ဟုတ်တယ်
…ငနီသက်တာ….
…ငါ့မိန်းမနဲ့ငါ့ရင်သွေးကို ငနီဝေ့သက်တာ
….တောက်…..ငါ့မိန်းမနဲ့ငါ့ရင်သွေးသေရသလို ဒင်းလဲသေရမယ်….
…ငါ…တောက်…..
…အုန်း…ဝုန်း….
…ထွန်းနောင်ဟာ အိမ်ရေ့ကိုခုန်ချပြီး
ထင်းပုံမှ ပုဆိမ်ကိုပြေးဆွဲလိုက်သည်…ပြီးတော့ တင်းကုတ်ထဲသို့ပြေးဝင်သွားပြီး……
…..ဟားး
…ငါ့မိန်းမနဲ့ ငါ့ရင်သွေးကိုသတ်တာ
မင်းလားကွ…..ကဲကွာ
…ဒိန်း…..
…အုန်း….
…ဝမ္​းဘဲ…..ဘဲ…..
….ဝုန်းးဂလုံ
..ကဲ..ကြာ……..
ဇွပ်……ဇွပ်…..

အသံကြားလို့ ရွားသားများ ထွန်းနောင်၏အိမ်သို့ရောက်လာသောအခါ……ဟာ……
အမလေး….
လုပ်ကြပါဦး..
..ထွန်းနောင်…..
လူစိတ်ပျောက်နေတယ်ဟေ့….
..ဘုရား….ဘုရား….
ခေါင်းတစ်ခုလုံး ညက်ညက်ကြေ၍ သွေးသီးနေသော ငနီ….ထွန်းနောင်လက်ထဲမှာ ပုဆိန်ဖြင့် ရိုက်ချိုးထားသော ငနီ၏ ဦးချိုကြီးတစ်ချောင်း…ထိုဦးချိုကြီးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ငနီ၏လည်ပင်းကို အချက်ပေါင်းများစွာထိုးစိုက်နေသော သည်းခြေပျက်သွားသောထွန်းနောင်…
…မြင်ရသူအားလုံး သွေးပျက်ချောက်ခြားသွားလေတော့သည်။

……………………………………………….

….အဖြစ်ကတော့အဲ့ဒါပဲဆရာလေးရေ..
…အဲ့နောက်ပိုင်း ထွန်းနောင်လဲ ငုဝါနဲ့သူ့ရင်သွေးလေးကို `သံသရ´ ဆိုတဲ့ခေါင်စဉ်ကြီးတခုနဲ့သက်ခဲ့မိလို့..ရင်ကျိုးမရဖြစ်ပြီး စိတ်ဖောက်ပြန်သွားတာခုချိန်ထိပါပဲ…….ဘယ်သူနဲ့မှ စကားမပြောတော့ပဲ ငုဝါသေခဲ့တဲ့ ဒီချောင်းနဲ့ဒီပိတောက်ပင်ကြီးနားမှာပဲ လာထိုင်ပြီးစကားပြောနေတာ ခုအသက်ရွယ်ထိပါပဲကွယ်……

….ဟာ…..ဗျာ……ကြားရတာ..ကျွန်တော့ရင်ဘက်ကိုဆွဲဆုပ်ထားသလိုပါပဲ…
…ဖြစ်မှဖြစ်ရလေ အဘထွန်းနောင်ရယ်…
…ဟူးးး

….ဘာတက်နိုင်မလဲဆရာလေးရယ်….လူတဦးတယောက်ဟာ ပျက်စီးချိန်တန်လာရင်….ပိန်းရွက်တောင် ဓား လှံ လက်နက်တွေဖြစ်ခဲ့တဲ့ သာဓကတွေရှိနေခဲ့သေးတာပဲ။

….ကိုင်း….စကားလည်း ကောင်းတယ်….
…အဘလဲ ရွာဦးကျောင်းသွားစရာရှိလို့ခွင့်ပြချေဦး….

….ဟုတ်..ဟုတ်ကဲ့အဘ….

….အဖိုးကြီးဟာ ဇရပ်ပေါ်မှတောင်မွှေးကိုယူပြီး ဇရပ်အပြင်ဘက်ကိုထွက်မည်အလုပ်…..

…အဘ……
…ဟေ…ဆရာလေး….
…ဘာပြောစရာရှိလို့လဲ…..

….အဘနာမည်လေး….တဆိပ်လောက်…

….အင်း…အဘနာမည် ဘကြီးပန်းပါ….

…သြော်….ဟို….အဘပြောတဲ့ထဲက ကိုပန်းတောကရော အခုဒီရွာမှာ သက်ရှိထင်ရှားရှိသေးလားအဘ….

….အဖိုးကြီးတချက်ပြုံးလိုက်သည်…
…ရှိတာပေါ့လူလေးရယ်….

…သြော်…

….လူလေးရှေ့မှာရပ်နေတဲ့ ဘကြီးပန်းဟာ တချိန်တုန်းက ထွန်းနောင်ရဲ့သူငယ်ချင်း မောင်ပန်းတော ဆိုတဲ့သူပေါ့ ဆရာလေးရယ်……

….ခင်….ခင်ဗျာ……
….
…..ဆရာလေးခင်မောင် ပါးစပ်ကထွက်လာတဲ့ အာမေဋိတ်သံနှင့်အတူ လှုပ်ရှားမှုအားလုံး တဒင်္ဂရပ်တန့်သွားပါတော့သည်ခင်ဗျာ။

ပြီးပါပြီ

…(ဆက်လက်ကြိုးစားပါဦးမည်)

စာရေးသူ= မောင်ဂေါ်လီ (ဟင်္သာတ)အားလေးစားလျက်

ရွင်လန်းချမ်းမြေ့ကြပါစေ

Like&shareလေးနဲ့အားပေးကြပါအုံး