လောဘကြီးသူ၏ရလဒ်(စ/ဆုံး)

Unicode Version

လောဘကြီးသူ၏ရလဒ်(စ/ဆုံး)
————————————-
ကိုးပင်လိမ်ဆိုတဲ့ရွာလေး၌
တောထဲဝင်ကာထင်းခုတ်ရောင်းတဲ့
ကိုဖေမောင်ဆိုသည့်လူတစ်ဦး
ရှိလေသည်။
ကိုဖေမောင်ကရိုးသားသလောက်
ဆင်းရဲရှာသည်။
ထင်းခုတ်၍ရောင်းလို့ရသည့်ငွေလေး
ဖြင့်ဝမ်းစာကိုဖြေရှင်းနေရ
လေသည်။
ဆင်းရဲပေမယ့်အကျင့်စာရိတ္တ
ကောင်းမွန်ခဲ့သည်။
ထို့ကြောင့်ကိုးပင်လိမ်ရွာထဲမှလူများက
ကိုဖေမောင်ကိုခင်မင်ကြလေသည်။
ကိုဖေမောင်ကတောထဲဝင်ပြီး
ထင်းခုတ်သွားလျှင်ထမင်းထုပ်
တစ်ထုပ်အားအမြဲယူဆောင်
သွားတတ်သည်။
ထင်းခုတ်ရင်းဆာလောင်လာသည့်အခါ
အရံသင့်စားနိုင်အောင်ဖြစ်သည်။
ဒီကနေ့လည်း ကိုဖေမောင်
တစ်ယောက်ထင်းခုတ်ရန်တောထဲ
ကိုဝင်လာခဲ့သည်။
ခါးကြား၌ဓားမတစ်ချောင်းကိုလည်း
ထိုးထားလေသည်။
လက်တစ်ဖက်တွင်တော့ထမင်းထုပ်အား
ကိုင်ဆွဲထားလေသည်။
တဖြည်းဖြည်းနှင့်ကိုဖေမောင်
တစ်ယောက်တောထဲရောက်လာ
ခဲ့သည်။
ထင်းအတွက်ခုတ်ရမည့်
သစ်ပင်များကိုလိုက်လံရှာဖွေရင်း
တောနက်ထဲကိုရောက်လာခဲ့သည်။
လိုချင်သည့်သစ်ပင်အမျိုးအစားကို
မြင်တွေ့တော့မှလိုချင်သလောက်
ခုတ်လေသည်။
တဖြည်းဖြည်းနှင့်ထင်းများအတန်အသင့်
ရလာခဲ့သည်။
ထိုအခါမှသစ်ပင်ခုတ်ခြင်းကို
ခဏနားကာထမင်းစားရန်ပြင်လိုက်
သည်။
ပါလာသည့်ထမင်းထုပ်အား
ဖြည်လိုက်သည်။
ချက်ချင်းမစားသေးပဲသစ်ပင်ခြေရင်း
သို့သွားကာထမင်းနှင့်ဟင်းအနည်းငယ်အားပုံပြီးတောထဲမှမမြင်ရသည့်
ပုဂ္ဂိုလ်များအားကျွေးလိုက်သည်။
ပြီးမှပါလာသည့်ထမင်းအား
ထိုင်စားလိုက်သည်။
ထမင်းစားပြီးတအောင့်နားလိုက်သည်။
ထို့နောက်လိုအပ်သလောက်
ထင်းများကိုထပ်မံခုတ်လေသည်။
ရလာသည့်ထင်းများကို
သေချာခုတ်ထစ်ပြီးစည်းလိုက်သည်။
ပြီးနောက်ပုခုံးပေါ်ထမ်းကာ
ရွာသို့ပြန်လာခဲ့တော့သည်။
==============
“လူကလေးထ ထစမ်း”
“ဗျာ…အဘကဘယ်သူလဲ”
“အဘကတောထဲမှာစောင့်ရတဲ့
အစောင့်ပဲလူကလေးရဲ့။
လူကလေးကိုပြောစရာရှိလို့
အဘဒီရောက်လာရတာပဲ”
“ဟုတ်ဘာများပြောချင်လို့လဲအဘ”
“မနက်ဖြန်မနက်လူကလေး
တောထဲဝင်ရင် ယုန်တစ်ကောင်ကို
တွေ့ရလိမ့်မယ်။
အဲ့ဒီယုန်ကိုမြင်တာနဲ့လူကလေးက
ယုန်နောက်ကိုထပ်ကြပ်မကွာ
လိုက်သွားပါ။
ဟိုကိုရောက်ရင်ထူးခြားတာ
တွေ့ရလိမ့်မယ်လူကလေး။
တစ်ခုသတိထားရမှာက လူကလေး
လောဘမကြီးဖို့ပဲလိုတယ်
လက်တစ်ဆုပ်စာနဲ့သာကျေနပ်ပါ
လူကလေး အဘသွားပြီ……”
“အဘ အဘ အဘ”
“ဟင်…ငါအိပ်မက်မက်နေပါလား
ထူးတော့ထူးဆန်းနေသလိုပဲ
ငါဒီလူကြီးကိုတစ်ခါမှလည်း
မမြင်ဖူးဘူး၊အကြောင်းရင်းမရှိပဲနဲ့တော့
ငါ့ကိုအိပ်မက်ပေးမှာမဟုတ်ဘူး။
ပြီးတော့အဘပြောတာငါ့ကိုလောဘ
မျကီးနဲ့ဆိုပါလား
ဘာပဲဖြစ်ဖြစ်မနက်ဖြန်ရောက်ရင်
သိရမှာပဲလေ
ပြန်အိပ်တာကောင်းမယ်,
ကိုဖေမောင်လည်းအိပ်ရာထဲ
ပြန်လှဲအိပ်လိုက်တော့သည်။
နောက်တစ်နေ့မိုးလင်းသည်နှင့်
ကိုဖေမောင်လည်းထင်းခုတ်ရန်
အတွက်တောထဲသို့လာခဲ့သည်။
တောထဲဝင်ဝင်ခြင်းအိပ်မက်ထဲက
အတိုင်းယုန်တစ်ကောင်ကိုတွေ့လေ
သည်။
ယုန်ကလေးကကိုဖေမောင်ကိုမြင်သည်
နှင့်တောထဲဝင်ပြေးလေသည်။
ကိုဖေမောင်လည်းနောက်မှ
အမြန်ပြေးလိုက်သည်။
တဖြည်းဖြည်းနှင့်ဂူကြီးတစ်လုံးရှေ့
ရောက်မှယုန်လေးလည်း
ပျောက်ချင်းမလှပျောက်သွားသည်။
ကိုဖေမောင်လည်းသူတစ်ခါမှ
မရောက်ဖူးသည့်ဂူကြီးထဲသို့
တိုးဝင်လာခဲ့သည်။
ဂူကြီးတစ်ခုလုံးလင်းထိန်နေသည်။
ကိုဖေမောင်လည်းဂူထဲသို့
ရောက်လာကာဟိုကြည့်သည်ကြည့်
ကြည့်လိုက်မိသည်။
“ဟာ…ရွှေသေတ္တာကြီးပါလား”
“ရွှေတွေနည်းတာမှမဟုတ်ပဲ
ငါ ငါတော့ချမ်းသာပြီဟေ့”
“ဟား ဟား ဟား ဟား”
ကိုဖေမောင်တစ်ယောက်
ရွှေများကိုကြည့်ကာဝမ်းသာ
နေတော့သည်။
“လောဘမကြီးဖို့တော့လိုမယ်
လူကလေး လက်တစ်ဆုပ်စာ
နဲ့တင်ကျေနပ်ပါ……”
“ဟင်…”
အိပ်မက်ထဲ၌ပြောသွားသည့်
စကားများအားပြန်လည်ကြား
ယောင်မိလိုက်သည်။
“အဘကငါ့ကိုလောဘမျကီးဖို့
အိပ်မက်ထဲမှာအသေအချာမှာ
သွားတာပဲ။
ငါဘယ်လိုလုပ်သင့်လဲ”
“အို…ဒီလိုအခွင့်အရေးမျိုး
နှစ်ခါမရဘူး။
ဖြစ်ချင်တာဖြစ်
ငါကတော့နိုင်သလောက်သယ်ရမယ်”
ကိုဖေမောင်လည်းဝတ်ထားသည့်
ပုဆိုအားချွတ်လိုက်သည်။
အောက်၌ခံဝတ်ထားသည့်
ဒူးလောက်ဘောင်းဘီအတိုလေးက
နွမ်းပါစွာမြင်ရလေသည်။
ကိုဖေမောင်လည်းပုဆိုးဖြန့်ကာ
ရွှေသေတ္တာထဲမှ
ရွှေများကိုပုဆိုးပေါ်သို့ပုံလိုက်သည်။
ရွှေသေတ္တာထဲမှရွှေများ
အားလုံးကုန်သွားသည်အထိ
ထည့်လိုက်သည်။
ပုဆိုးနဲ့ပင်မဆံ့အောင်ရွှေများက
များပြားလွန်းလှသည်။
ပုဆိုးအနားစလေးခုအားချည်ကာ
မနိုင်မနင်းသယ်လိုက်သည်။
“ဟင်…နေဦး ငါ့ပုဆိုးထုပ်ကြီးကို
ရွာထဲကလူတွေမြင်ရင်ရွှေတွေမှန်း
သိသွားမှာပဲ။
မဖြစ်ဘူးမဖြစ်ဘူး ရွှေတွေအပေါ်ကနေ
သစ်ရွက်တွေအုပ်သွားမှပဲ……”
ကိုဖေမောင်လည်းပုဆိုးစအား
ုဖြည်ကာသစ်ရွက်ခြောက်များအား
ရွေများအပေါ်ဖုံးလိုက်သည်။
ပြီးမှပုဆိုးစအားပြန်ချည်ကာ
ရွာသို့ပြန်လာခဲ့တော့သည်။
ကိုဖေမောင်ရွာထဲဝင်လာသည်နှင့်
လူများကမေးကြမြန်းကြသည်။
ထိုအခါကိုဖေမောင်ကမြေဆွေး
များအားသစ်ပင်စိုက်ရန်သယ်လာ
ခြင်းဖြစ်ကြောင်းလိမ်ပြောလေသည်။
အိမ်ကိုရောက်သည်နှင့်
ပုဆိုးထုပ်ကြီးအားအခန်းထဲ၌
လုံခြုံစွာထားလိုက်သည်။
တနေကုန်မစားနိုင်မသောက်နိုင်
ပုဆိုးထုပ်ကြီးကိုကြည့်ပြီးပျော်မြူး
နေလေသည်။
ညရောက်သည့်အချိန်လူခြေ
တိတ်တော့မှပုဆိုးထုပ်ကြီးအား
ဖြည်ကြည့်လိုက်သည်။
“သွားစမ်းဒီအရွက်ခြောက်တွေ”
“ဟင်.ငါ့ရွှေတွေဘယ်ရောက်သွားတာလဲ”
“ငါ့ရွှေတွေမရှိတော့ဘူး”
“ဘာလို့ရွှေတွေကမြေကြီးခဲတွေ
ဖြစ်နေတာလဲ”
“ဟာသွားပါပြီ ငါ့ရွှေတွေတော့
သွားပါပြီကွာ”
ကိုဖေမောင်တစ်ယောက်
သူသယ်လာသည့်ရွှေထုပ်ကြီးက
မြေသားအတိဖြစ်နေသည်ကိုမြင်ကာ
အရူးမီးဝိုင်းသလိုဖြစ်နေတော့သည်။
ညအိပ်တော့အိပ်မက်တစ်ခု
ထပ်မံ၍မက်ပြန်သည်။
“တယ်လည်းလောဘကြီးတဲ့သူကိုး
မင်းကိုအဘအတန်တန်မှာနေတဲ့
ကြားကမင်းကလောဘတက်တာကိုး
အခုတော့မင်းပိုင်သင့်တဲ့ရွှေလက်တစ်ဆုပ်စာဟာအချည်းအနှီးဖြစ်သွားရပြီ
မဟုတ်လား”
“အဘကျုပ်မှားပါတယ်ဗျာ
အဘစကားကိုနားမထောင်လို့
ကျုပ်ရွှေတွေမရှိတော့ဘူးဗျ”
“အဘလည်းမတတ်နိုင်ဘူး
အခွင့်အရေးဆိုတာတစ်ခါပဲရတယ်
အဲ့ဒီအခွင့်အရေးကို
မတော်တဲ့လောဘကပေါင်းစည်းလာတဲ့
အခါအခုလိုဖြစ်လာရတာပဲ လူကလေး
လူကလေးအတွက်အဘစိတ်မကောင်း
ပါဘူး……”
“အဘ အဘ အဘ”
ကိုဖေမောင်လည်း နောင်တကြီးစွာဖြင့်ဟစ်ကြွေးနေမိ
တော့သည်။
တစ်ခါတလေမှာရသင့်ရထိုက်
တာထက်ပိုပြီးမျှော်လင့်ကြတဲ့အခါ
မတော်တဲ့လောဘဆိုတာ
ဖြစ်လာတတ်ပါတယ်။
ဒါကြောင့်အားလုံးလည်းလောဘကို
အတောသတ်နိုင်ကြပါစေ……”
လူများများဖတ်လို့ရအောင်Shareပေးသွားပါဦးဗျ။
အောင်ဓူဝံ_ရေးသားသည်။

Zawgyi Version

ေလာဘျကီးသူ၏ရလဒ္(စ/ဆံုး)
————————————-
ကိုးပင္လိမ္ဆိုတဲ့ရြာေလး၌
ေတာထဲဝင္ကာထင္းခုတ္ေရာင္းတဲ့
ကိုေဖေမာင္ဆိုသည့္လူတစ္ဦး
ရွိေလသည္။
ကိုေဖေမာင္ကရိုးသားသေလာက္
ဆင္းရဲရွာသည္။
ထင္းခုတ္၍ေရာင္းလို့ရသည့္ေငြေလး
ျဖင့္ဝမ္းစာကိုေျဖရွင္းေနရ
ေလသည္။
ဆင္းရဲေပမယ့္အက်င့္စာရိတၱ
ေကာင္းမြန္ခဲ့သည္။
ထို့ေျကာင့္ကိုးပင္လိမ္ရြာထဲမွလူမ်ားက
ကိုေဖေမာင္ကိုခင္မင္ျကေလသည္။
ကိုေဖေမာင္ကေတာထဲဝင္ျပီး
ထင္းခုတ္သြားလ်ွင္ထမင္းထုပ္
တစ္ထုပ္အားအျမဲယူေဆာင္
သြားတတ္သည္။
ထင္းခုတ္ရင္းဆာေလာင္လာသည့္အခါ
အရံသင့္စားနိုင္ေအာင္ျဖစ္သည္။
ဒီကေန့လည္း ကိုေဖေမာင္
တစ္ေယာက္ထင္းခုတ္ရန္ေတာထဲ
ကိုဝင္လာခဲ့သည္။
ခါးျကား၌ဓားမတစ္ေခ်ာင္းကိုလည္း
ထိုးထားေလသည္။
လက္တစ္ဖက္တြင္ေတာ့ထမင္းထုပ္အား
ကိုင္ဆြဲထားေလသည္။
တျဖည္းျဖည္းႏွင့္ကိုေဖေမာင္
တစ္ေယာက္ေတာထဲေရာက္လာ
ခဲ့သည္။
ထင္းအတြက္ခုတ္ရမည့္
သစ္ပင္မ်ားကိုလိုက္လံရွာေဖြရင္း
ေတာနက္ထဲကိုေရာက္လာခဲ့သည္။
လိုခ်င္သည့္သစ္ပင္အမ်ိုးအစားကို
ျမင္ေတြ့ေတာ့မွလိုခ်င္သေလာက္
ခုတ္ေလသည္။
တျဖည္းျဖည္းႏွင့္ထင္းမ်ားအတန္အသင့္
ရလာခဲ့သည္။
ထိုအခါမွသစ္ပင္ခုတ္ျခင္းကို
ခဏနားကာထမင္းစားရန္ျပင္လိုက္
သည္။
ပါလာသည့္ထမင္းထုပ္အား
ျဖည္လိုက္သည္။
ခ်က္ခ်င္းမစားေသးပဲသစ္ပင္ေျခရင္း
သို့သြားကာထမင္းႏွင့္ဟင္းအနည္းငယ္အားပံုျပီးေတာထဲမွမျမင္ရသည့္
ပုဂိၢုလ္မ်ားအားေက်ြးလိုက္သည္။
ျပီးမွပါလာသည့္ထမင္းအား
ထိုင္စားလိုက္သည္။
ထမင္းစားျပီးတေအာင့္နားလိုက္သည္။
ထို့ေနာက္လိုအပ္သေလာက္
ထင္းမ်ားကိုထပ္မံခုတ္ေလသည္။
ရလာသည့္ထင္းမ်ားကို
ေသခ်ာခုတ္ထစ္ျပီးစည္းလိုက္သည္။
ျပီးေနာက္ပုခုံးေပၚထမ္းကာ
ရြာသို႔ျပန္လာခဲ့ေတာ့သည္။
==============
“လူကေလးထ ထစမ္း”
“ဗ်ာ…အဘကဘယ္သူလဲ”
“အဘကေတာထဲမွာေစာင့္ရတဲ့
အေစာင့္ပဲလူကေလးရဲ႕။
လူကေလးကိုေျပာစရာရွိလို့
အဘဒီေရာက္လာရတာပဲ”
“ဟုတ္ဘာမ်ားေျပာခ်င္လို့လဲအဘ”
“မနက္ျဖန္မနက္လူကေလး
ေတာထဲဝင္ရင္ ယုန္တစ္ေကာင္ကို
ေတြ့ရလိမ့္မယ္။
အဲ့ဒီယုန္ကိုျမင္တာနဲ့လူကေလးက
ယုန္ေနာက္ကိုထပ္ျကပ္မကြာ
လိုက္သြားပါ။
ဟိုကိုေရာက္ရင္ထူးျခားတာ
ေတြ့ရလိမ့္မယ္လူကေလး။
တစ္ခုသတိထားရမွာက လူကေလး
ေလာဘမျကီးဖို့ပဲလိုတယ္
လက္တစ္ဆုပ္စာနဲ့သာေက်နပ္ပါ
လူကေလး အဘသြားျပီ……”
“အဘ အဘ အဘ”
“ဟင္…ငါအိပ္မက္မက္ေနပါလား
ထူးေတာ့ထူးဆန္းေနသလိုပဲ
ငါဒီလူျကီးကိုတစ္ခါမွလည္း
မျမင္ဖူးဘူး၊အေျကာင္းရင္းမရွိပဲနဲ႔ေတာ့
ငါ့ကိုအိပ္မက္ေပးမွာမဟုတ္ဘူး။
ျပီးေတာ့အဘေျပာတာငါ့ကိုေလာဘ
မ်ကီးနဲ႔ဆိုပါလား
ဘာပဲျဖစ္ျဖစ္မနက္ျဖန္ေရာက္ရင္
သိရမွာပဲေလ
ျပန္အိပ္တာေကာင္းမယ္,
ကိုေဖေမာင္လည္းအိပ္ရာထဲ
ျပန္လွဲအိပ္လိုက္ေတာ့သည္။
ေနာက္တစ္ေန့မိုးလင္းသည္ႏွင့္
ကိုေဖေမာင္လည္းထင္းခုတ္ရန္
အတြက္ေတာထဲသို့လာခဲ့သည္။
ေတာထဲဝင္ဝင္ျခင္းအိပ္မက္ထဲက
အတိုင္းယုန္တစ္ေကာင္ကိုေတြ့ေလ
သည္။
ယုန္ကေလးကကိုေဖေမာင္ကိုျမင္သည္
ႏွင့္ေတာထဲဝင္ေျပးေလသည္။
ကိုေဖေမာင္လည္းေနာက္မွ
အျမန္ေျပးလိုက္သည္။
တျဖည္းျဖည္းႏွင့္ဂူျကီးတစ္လံုးေရွ့
ေရာက္မွယုန္ေလးလည္း
ေပ်ာက္ခ်င္းမလွေပ်ာက္သြားသည္။
ကိုေဖေမာင္လည္းသူတစ္ခါမွ
မေရာက္ဖူးသည့္ဂူျကီးထဲသို့
တိုးဝင္လာခဲ့သည္။
ဂူျကီးတစ္ခုလံုးလင္းထိန္ေနသည္။
ကိုေဖေမာင္လည္းဂူထဲသို့
ေရာက္လာကာဟိုျကည့္သည္ျကည့္
ျကည့္လိုက္မိသည္။
“ဟာ…ေရႊေသတၱာျကီးပါလား”
“ေရႊေတြနည္းတာမွမဟုတ္ပဲ
ငါ ငါေတာ့ခ်မ္းသာျပီေဟ့”
“ဟား ဟား ဟား ဟား”
ကိုေဖေမာင္တစ္ေယာက္
ေရႊမ်ားကိုျကည့္ကာဝမ္းသာ
ေနေတာ့သည္။
“ေလာဘမျကီးဖို့ေတာ့လိုမယ္
လူကေလး လက္တစ္ဆုပ္စာ
နဲ႔တင္ေက်နပ္ပါ……”
“ဟင္…”
အိပ္မက္ထဲ၌ေျပာသြားသည့္
စကားမ်ားအားျပန္လည္ျကား
ေယာင္မိလိုက္သည္။
“အဘကငါ့ကိုေလာဘမ်ကီးဖို့
အိပ္မက္ထဲမွာအေသအခ်ာမွာ
သြားတာပဲ။
ငါဘယ္လိုလုပ္သင့္လဲ”
“အို…ဒီလိုအခြင့္အေရးမ်ိုး
ႏွစ္ခါမရဘူး။
ျဖစ္ခ်င္တာျဖစ္
ငါကေတာ့နိုင္သေလာက္သယ္ရမယ္”
ကိုေဖေမာင္လည္းဝတ္ထားသည့္
ပုဆိုအားခ်ြတ္လိုက္သည္။
ေအာက္၌ခံဝတ္ထားသည့္
ဒူးေလာက္ေဘာင္းဘီအတိုေလးက
ႏြမ္းပါစြာျမင္ရေလသည္။
ကိုေဖေမာင္လည္းပုဆိုးျဖန့္ကာ
ေရႊေသတၱာထဲမွ
ေရႊမ်ားကိုပုဆိုးေပၚသို့ပံုလိုက္သည္။
ေရႊေသတၲာထဲမွေရႊမ်ား
အားလံုးကုန္သြားသည္အထိ
ထည့္လိုက္သည္။
ပုဆိုးနဲ႔ပင္မဆံ့ေအာင္ေရႊမ်ားက
မ်ားျပားလြန္းလွသည္။
ပုဆိုးအနားစေလးခုအားခ်ည္ကာ
မနိုင္မနင္းသယ္လိုက္သည္။
“ဟင္…ေနဦး ငါ့ပုဆိုးထုပ္ျကီးကို
ရြာထဲကလူေတြျမင္ရင္ေရႊေတြမွန္း
သိသြားမွာပဲ။
မျဖစ္ဘူးမျဖစ္ဘူး ေရႊေတြအေပၚကေန
သစ္ရြက္ေတြအုပ္သြားမွပဲ……”
ကိုေဖေမာင္လည္းပုဆိုးစအား
ုျဖည္ကာသစ္ရြက္ေျခာက္မ်ားအား
ေရြမ်ားအေပၚဖံုးလိုက္သည္။
ျပီးမွပုဆိုးစအားျပန္ခ်ည္ကာ
ရြာသို့ျပန္လာခဲ့ေတာ့သည္။
ကိုေဖေမာင္ရြာထဲဝင္လာသည္ႏွင့္
လူမ်ားကေမးျကျမန္းျကသည္။
ထိုအခါကိုေဖေမာင္ကေျမေဆြး
မ်ားအားသစ္ပင္စိုက္ရန္သယ္လာ
ျခင္းျဖစ္ေျကာင္းလိမ္ေျပာေလသည္။
အိမ္ကိုေရာက္သည္ႏွင့္
ပုဆိုးထုပ္ျကီးအားအခန္းထဲ၌
လံုျခံုစြာထားလိုက္သည္။
တေနကုန္မစားနိုင္မေသာက္နိုင္
ပုဆိုးထုပ္ျကီးကိုျကည့္ျပီးေပ်ာ္ျမူး
ေနေလသည္။
ညေရာက္သည့္အခ်ိန္လူေျခ
တိတ္ေတာ့မွပုဆိုးထုပ္ျကီးအား
ျဖည္ျကည့္လိုက္သည္။
“သြားစမ္းဒီအရြက္ေျခာက္ေတြ”
“ဟင္.ငါ့ေရႊေတြဘယ္ေရာက္သြားတာလဲ”
“ငါ့ေရႊေတြမရွိေတာ့ဘူး”
“ဘာလို့ေရႊေတြကေျမျကီးခဲေတြ
ျဖစ္ေနတာလဲ”
“ဟာသြားပါျပီ ငါ့ေရႊေတြေတာ့
သြားပါျပီကြာ”
ကိုေဖေမာင္တစ္ေယာက္
သူသယ္လာသည့္ေရႊထုပ္ျကီးက
ေျမသားအတိျဖစ္ေနသည္ကိုျမင္ကာ
အရူးမီးဝိုင္းသလိုျဖစ္ေနေတာ့သည္။
ညအိပ္ေတာ့အိပ္မက္တစ္ခု
ထပ္မံ၍မက္ျပန္သည္။
“တယ္လည္းေလာဘျကီးတဲ့သူကိုး
မင္းကိုအဘအတန္တန္မွာေနတဲ့
ျကားကမင္းကေလာဘတက္တာကိုး
အခုေတာ့မင္းပိုင္သင့္တဲ့ေရႊလက္တစ္ဆုပ္စာဟာအခ်ည္းအႏွီးျဖစ္သြားရျပီ
မဟုတ္လား”
“အဘက်ုပ္မွားပါတယ္ဗ်ာ
အဘစကားကိုနားမေထာင္လို့
က်ုပ္ေရႊေတြမရွိေတာ့ဘူးဗ်”
“အဘလည္းမတတ္နိုင္ဘူး
အခြင့္အေရးဆိုတာတစ္ခါပဲရတယ္
အဲ့ဒီအခြင့္အေရးကို
မေတာ္တဲ့ေလာဘကေပါင္းစည္းလာတဲ့
အခါအခုလိုျဖစ္လာရတာပဲ လူကေလး
လူကေလးအတြက္အဘစိတ္မေကာင္း
ပါဘူး……”
“အဘ အဘ အဘ”
ကိုေဖေမာင္လည္း ေနာင္တျကီးစြာျဖင့္ဟစ္ေျကြးေနမိ
ေတာ့သည္။
တစ္ခါတေလမွာရသင့္ရထိုက္
တာထက္ပိုျပီးေမ်ွာ္လင့္ျကတဲ့အခါ
မေတာ္တဲ့ေလာဘဆိုတာ
ျဖစ္လာတတ္ပါတယ္။
ဒါေျကာင့္အားလံုးလည္းေလာဘကို
အေတာသတ္နိုင္ျကပါေစ……”
လူမ်ားမ်ားဖတ္လို့ရေအာင္Shareေပးသြားပါဦးဗ်။
ေအာင္ဓူဝံ_ေရးသားသည္။