ကျတ်တို့မာယာ(စ/ဆုံး)

Unicode Version

ကျတ်တို့မာယာ(စ/ဆုံး)
—————————-
ဇယ်ခုတ်၊ကျောက်တုံးပစ်၊ထုတ်ဆီးတိုး၊ကြက်ဖခွပ် ကစားနေကြသော မျောက်ငို၊ခွေးပု၊မိလုံး၊ငပေ၊လုံးရွှေတို့အုပ်စု ချွေး၊ဖုန်မှုန့်တို့လုံးထွေးနေသောအဝတ်စားများဖြင့် ခြံထဲသို့ပြေးလာကြသည်။
” ဖိုးဖိုးလှရေ….ဖိုးဖိုးလှ….ဒီညလည်းသားတို့်ကို ပုံပြင်ပြောပြအုံးနော်….”
” ပြောပြမှာပေါ့ကွာ….ဒါပေမဲ့ဖိုးဖိုးကြီးပုံမပြောခင် ဖိုးဖိုးကြီးကိုနဲနဲပါးပါးတော့ နှိပ်နယ်ပေးကြမယ်မလားဟေ့….”

” သမီးနှိပ်ပေးမယ်…”
” သားလည်းနှိပ်ပေးမယ်ဖိုးဖိုးလှ….”

ပုံပြောပြမည်ဆိုသောကြောင့် ကလေးတစ်စုမှာ အလုအယက်နှိပ်ပေးနေကြ၏။ ဖိုးဖိုးလှကား အသက်(၇၀ )ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး ကွမ်းကိုတပျပ်ပျပ်မနားတမ်းဝါးနေတတ်သူဖြစ်သည်။ ထိုအဖိုးသည် ကလေးများကိုချစ်ပြီး ကြားဖူးတွေ့ဖူးသည့် အဖြစ်အပျက်တို့ကို ပုံပြင်များအဖြစ်ပြန်လည်ပြောပြတတ်သဖြင့် ကလေးများလည်း ဖိုးဖိုးလှကိုချစ်ခင်ကြသည်။

” သမီးတို့ညောင်းသွားပြီဖိုးဖိုးလှရဲ့….သမီးတို့ကို ပုံပြင်ပြောပြတော့လေ….”
” ဟုတ်တယ်ဖိုးဖိုးလှ သားတို့နားထောင်ချင်လှပြီ….”

” ကဲကဲ ငါ့မြေးတို့နားထောင်ချင်သပဆိုလည်းပြောပြရသေးတာပေါ့ဟေ့….ကဲမှက်တွေခြင်တွေမကိုက်အောင် ထင်းထပ်ထည့်ပေးလိုက်ဦးမယ်ခရေ….”

ကလေးများစုသည့်နေရာကား ဖိုးဖိုးလှတို့၏အိမ်ရှေ့သရက်ပင်အောင်တွင်ဖြစ်၏။ ထိုအသရက်ပင်အောက်တွင် ထိုင်စရာဝါးတန်းနှင့်ကွပ်ပျစ်ကလေးလုပ်ထား၏။ ထိန်ထိန်သာနေသည့် လရောင်တို့က ကွပ်ပျစ်ပေါ်၌ထိုင်နေသည့်ကလေးတို့အပေါ် ကျိုးတိုကျဲတဲကျနေ၏။ ခဏ၌ဖွားမယ်ခက မီးအရှိုန်ရအောင် ထင်းနဲ့သစ်ရွက်ခြောက်များထပ်ထဲ့နေ၏။

” ကဲ…ငါ့မြေးတို့ ကျတ်တို့၊သရဲတို့၊တစ္ဆေတို့ဆိုတာကြားဖူးကြလား….”

ဖိုးဖိုးလှသည် ကွမ်းသွေးကိုပျစ်ခနဲထွေးထုတ်ပြီး ကွမ်းဖတ်ကိုပါးစောင်သို့ပို့လိုက်ကာ ထိုသို့မေး၏။

” ကျတ်တော့မကြားဖူးဘူးဖိုးဖိုးကြီး….သရဲတစ္ဆေကတော့ကြားဖူးတယ်…”

“မကြားဖူးရင်ဖိုးဖိုးကြီးပြောပြမယ်… ကျတ်ဆိုတာကလည်းသရဲ၊တစ္ဆေလိုပြိတ္တာဘုံသားဘဲကွဲ့….အစွဲအလမ်းကြောင့် မကျွတ်မလွတ်ဘဲ ရှိနေတာ….”

” အဲကြက်တွေက ဘယ်မှာနေတာလဲဖိုးဖိုးကြီး….”

မျောက်ငိုကထမေး၏။

” ကြက်မဟုတ်ဘူးငါ့မြေး….ကျတ်…သူတို့ဘယ်မှာနေလဲဆိုတော့… လူ့ဘုံရဲ့အနီးပတ်ဝန်းကျင်မှာရှိတယ်လို့တော့ပြောကြတာဘဲ….ဒါပေမဲ့ လူ့ဘုံနဲ့တော့အလွှာတစ်ခုခြားထားသေးတယ်ကွဲ့….”

” သူတို့ကကြောက်ဖိ့ုကောင်းလားဖိုးဖိုးကြီး….”

” ကြောက်ဖို့ကောင်းတဲ့ကျတ်တွေရှိသလို လူကိုအန္တရာယ်မပေးတဲ့ကျတ်တွေလည်းရှိတယ်ကွဲ့….”

” တစ်ခါက ကျတ်တစ်ကောင် လူ့ရွာထဲဝင်လာပြးီ လူကိုအကူအညီတောင်းဖူးတယ်တဲ့….”

” ဟုတ်လားဖိုးဖိုးကြီး ဘယ်လိုအကူအညီတောင်းတာလဲဗျ….”

ခွေးပုကဝင်မေး၏။ ကျန်သည့်ကလေးများက ဘကြီးဖိုးလှပြောသမျှကိုစိတ်ဝင်တစားနားထောင်နေကြ၏။ ဖွားမယ်ခက ပြောင်းဖူးပေါက်ပေါက်ဗန်းကြီးကို ကလေးများရှေ့သို့လာချပေးရင်း

” ဖိုးဖိုးကြီးပြောတာကိုလည်းနားထောင်ရင်း ပြောင်းဖူးပေါက်ပေါက်စားကြဟေ့….သတိတော့ထား နင်တို့ဖိုးဖိုးကြီးတံတွေးတွေ ဗန်းကြီးထဲစင်ထဲ့လို့ စားမိနေအုံးမယ်….”

” ဟားဟားဟား….”

ဖွားမယ်ခစကားကြောင့်ကလေးများပွဲကျသွား၏။ ဘကြးီဖိုးလှမှာစကားပြောလျှင် အာဘောင်အာရင်းသန်သန်ပြောတတ်သဖြင့် တံတွေးမှာမိုးဖွဲရွာသလို စင်သည်ကားအမှန်။ ဘကြီးဖိုးလှကဆက်ပြော၏။

” ဒီလိုကွ….တစ်ခါကတောရွာလေးတစ်ရွာမှာ သားဖွားဆရာမလေးတစ်ယောက် ကျေးလက်ဆေးပေးခန်းမှာတာဝန်ကျလာသတဲ့….အဲဒီသားဖွားဆရာမက တော်လည်းတော်သလို စိတ်လည်းအရမ်းရှည်တယ်ဆိုဘဲ….နောက်တစ်ခုက သူ့ကိုညကြီးသန်းခေါင်လာပင့်လည်း ဝန်မလေးဘဲလိုက်ခဲ့ပေးတယ်တဲ့…”

” ဒီဂုဏ်ပုဒ်တွေကြောင့်ဆရာမလေးက ရွာထဲတင်မကဘဲ…ရွာနီးနားချင်းတွေအထိပါဂုဏ်သတင်းမွှေးသတဲ့….တစ်ညမှာတော့ သူ့ရွာကမဟုတ်တဲ့မျက်နှာစိမ်းတစ်ယောက် ညကြီးအချိန်မတော် ဆရာမလေးကိုလာပင့်သတဲ့….”

” ဆရာမလေးက လိုက်သွားရောလားဖိုးဖိုးကြီး….”

လုံးရွှေကဝင်မေး၏။

” အကျိုးအကြောင်းမေးပြီး လိုက်သွားတယ်တဲ့…”

” ဘာအတွက်လာခေါ်တာလဲဖိုးဖိုးကြီး…”

” သူ့မိန်းမမီးဖွားတာခက်ခဲနေလို့ ပြောပြီးလာပင့်တာတဲ့…ဒါနဲ့ဘဲဆရာမလေးက ဆေးပစ္စည်းအစုံပါတဲ့သေတ္တာကလေးကိုအပြေးဆွဲပြီးလိုက်ခဲ့တာပေါ့…”

” ညကြီးသန်းခေါင်ဆိုပေမဲ့ ဆရာမလေးကနေ့ခင်းအချိန်လိုဘဲကောင်းကောင်းမြင်နေရတယ်တဲ့… ပြီးတော့ လာခေါ်တဲ့လူကလည်း လမ်းလျှောက်တာအရမ်းမြန်တော့ မနဲအမှီလိုက်ရတယ်တဲ့….ခဏတော့ ပုံစံတူတဲအိမ်တွေချည်း စုနေတဲ့ရွာတန်းလေးထဲကို ဝင်လာခဲ့ကြတာတဲ့…တအောင့်လောက်ဝင်လာပြီးတော့ အဲလူက တဲအိမ်လေးတစ်လုံးကိုလက်ညိုးထိုးပြတယ် သူ့အိမ်ရောက်ပြီ အထဲမှာမီးမဖွားနိူင်တဲ့သူ့မိန်းမရှိတယ် ကူညီပြီးဖွားပေးပါအုံးပြောတော့ ဆရာမလေးလည်း မီးဖွားပေးလိုက်ရတာပေါ့….”

” ဆရာမလေးက မကြောက်ဘူးလားဖိုးဖိုးကြီး… ”

” သူလည်းလူလိ့ုထင်ပြီးမကြောက်ဘူးတဲ့…မီးဖွားရေးကိစ္စပြီးတော့ လူစိမ်းကဆရာမကို ရွာထဲကအိမ်အထိလိုက်ပို့ပြီး ပိတ်ဆံလည်းတထပ်ကြီးပေးတယ်တဲ့…အိမ်ရောက်တော့ဆရာမလေးလည်း ပင်ပန်းသွားတာမို့ ခြေလက်ဆေးပြီး အိပ်ယာဝင်သွားတယ်ဆိုဘဲကွဲ့…နောက်နေ့ရောက်တော့ ဆရာမလေးရဲ့အိတ်ထဲမှာ ပိတ်ဆံတွေအစား သစ်ရွက်တွေတထပ်ကြီးရောက်နေတယ်တဲ့လေ…”

” ဟင်…အဲဒီသစ်ရွက်တွေက ဟိုကျတ်သရဲကြီးပေးလိုက်တဲ့ပိတ်ဆံတွေလားဖိုးဖိုးကြီး….”

” ဟုတ်တာပေါ့ကွဲ့…ကျတ်တွေကလည်း ကမ္မဇိဒ္ဓိအစွမ်းရှိတော့ ဆရာမလေးရဲ့အမြင်အာရုံကိုလှည့်စားလိုက်တာပေါ့ကွဲ့.. ”

” အဲဒါကိုဆရာမလေးကမသိဘူးလားဖိုးဖိုးကြီး”

” မသိလို့ပေါ့ကွဲ့…နောက်ပိုင်းအဲဒီသတင်းတွေပြန့်သွားပြီး ဆရာမလေးကကျတ်ရွာကိုရောက်သွားပြီး ကျတ်ရဲ့ကလေးကိုမီးဖွားပေးခဲ့တဲ့အကြောင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားတော့တာပေါ့…..”

” ကြောက်စရာကြီးနော်ဖိုးဖိုးကြီး…ဖိုးဖိုးကြီးရော ကျတ်ကိုမြင်ဖူးလား….”

” သိပ်ကိုမြင်ဖူးတာပေါ့ကွာ…ဖိုးဖိုးကြီးတို့ဆုံခဲ့တာကိုပြောပြမယ်….”

ဘကြီးဖိုးလှသည် ပါးစောင်မှကွမ်းဖတ်ကို
ထုတ်ကာဟိုဟိုသည်သည် လိမ့်လိုက်၏။
သူ့စိတ်အစဉ်မှာလည်း လွန်ခဲ့သည့်နှစ်များဆီသို့ပြန်ရောက်သွား၏။

” စံလှ….ဗျို့စံလှ……”

” ကျုပ်ရှိတယ်ဗျို့ ဘယ်သူလဲအိမ်ပေါ်တက်ခဲ့လေ…..”

” ငါလှဘော်ဟေ့….”

” အေးကိုလှဘော်လာဟေ့….”

” ထူးထူးဆန်းဆန်းပါလားကိုလှဘော်….အကြမ်းရေသုံးဆောင်ဦးရှင့်….”

” ထူးဆို တိုးကျော်တောထဲမှာ ဝက်အုပ်ကြီးတွေ့ထားလို့ သွားဖမ်းရအောင်အဖော်လာစပ်တာအစ်မရေ….”

” ဟေ….ကိုတိုးကျော်ဘယ်တုန်းကပြန်ရောက်သလဲ….သူ့မိန်းမမတင်စိန်ပြောတော့ တောတက်တာနှစ်လပြည့်တော့မယ်ဆို”

” ဟုတ်ပါသော်ကောလားအစ်မရေ…. ဒီကောင် မနေ့ညမှပြန်ရောက်တာ တောဝက်အုပ်ကြီးတွေ့ထားလို့ ကျုပ်ကိုပြန်ခေါ်တာတဲ့…ဒါနဲ့ကျုပ်လည်း ကိုစံလှကိုပါအဖော်လာညှိတာ ဟင်းစားလေးရလည်းမနဲဘူးလေ….”

” ခေါ်သာသွားကိုတိုးကျော်ရေ…. သူလည်းအိမ်မှာဘာအလုပ်မှမယ်မယ်ရရမရှိဘူး….”

တိုးကျော်နှင့်လှဘော်မှာ ယောက်ဖတော်စပ်သူဖြစ်ပြီး နှစ်ဦးစလုံးက မုဆိုးဝါသနာပါသူဖြစ်သည်။ ကိုတိုးကျော်က အမြဲလိုလိုတောထဲရောက်နေတတ်ပြီး တောထွက်ပစ္စည်းရှာကာ သူ့မိန်းမအတွက်တဖက်တလှမ်းဝင်ငွေရှာပေးတတ်သူတည်း။

” စံလှ မင်းလိုက်မယ်မလား…. ”

” လိုက်မှာပေါ့ဟ…. တောဝက်အုပ်ဆိုတော့အဲထဲမယ် ကွင်းပိတ်ကောင်မပါဘူးလို့မဆိုနိူင်ဘူးလေ ဟားဟားဟား…..”

” အေးကွာ မင်းလိုက်မယ်ဆိုပြင်ထားဟေ့ ညနေကြငါနဲ့ငါ့ယောက်ဖမင်းကိုဝင်ခေါ်မယ်…”

” အေးအေး….”

ဤသို့ဖြင့်သုံးယောက်သား ရိက္ခာလက်နက်အပြည့်အစုံဖြင့် တောထဲသို့ရောက်လာခဲ့ကြသည်။ တောကျွမ်းမုဆိးုများပီပီ ရောက်ပြီးနောက်နေ့မှာပင် ချေတစ်ကောင်ရသည်။ သို့သော် မိမိတို့၏ ရည်ရွယ်ချက်ကတောဝက်ပစ်ရန်ဖြစ်သည့်အတွက်ချေနဲ့ကျေနပ်၍မရ။ နောက်နေ့များ၌ တိုးကျော်က သူတောဝက်တွေ့ခဲ့သည့် ကျစ်မြေသို့ ဦးဆောင်ချီတက်၏။

” မင်းတစ်ယောက်ထဲ ဒီတောနက်ကြီးထဲထိဝင်ခဲ့တာလားတိုးကျော်…”

” ဟုတ်တယ်ယောက်ဖ ငါလည်းဒရယ်နောက်လိုက်ရင်း လမ်းမှားလာတာ အဲဒါနဲ့လမ်းရှာရင်းတောဝက်အုပ်နဲ့ပက်ပင်းတိုးတော့တာဘဲ….”

” ဒီလမ်းသေချာလို့လား…. ”

” သေချာတာပေါ့ လာရင်မမှားအောင်လို့ သစ်ပင်တွေမှာငါအမှတ်အသားတွေလုပ်ထားတယ်တွေ့လား…. ”

တိုးကျော်ကသစ်ပင်ပေါ်ရှိအမှတ်အသားများကိုပြ၏။

” ရှူး……..ဆက်မသွားကြနဲ့…အရှေ့မှာအသံကြားလား….”

တိုးကျော်ကသတိပေးလိုက်သဖြင့်နှစ်ယောက်သား ကိုယ်ရှိန်သတ်လိုက်ကြပြီးအသံလာရာဘက်ကိုနားစွင့်နေကြ၏။

” ဟိုကောင်တွေလာပြီကွ ခန့်မှန်းခြေ၁၅ကောင်လောက်ရှိမယ်…. ”

သုံးယောက်သားပြောပြောဆိုဆိုဖြင့် လေကွယ်ရာဘက်၌နေရာယူလိုက်ကြ၏။ တောဝက်အုပ်မှာလည်း ကျစ်မြေရှိရာသို့အလုအယက်လာပြီး စားနေကြ၏။

” ဟိုးမှာတွေ့လား ဝက်အုပ်ကြီးရဲ့အနောက်ကကောင် အဲဒါဝက်အုပ်ရဲ့ခေါင်းဆောင်ဘဲ အဲကောင်ကအကြီးဆုံး ဒီတော့အဲကောင်ကိုရအောင်ပစ် ကိုစံလှကြီးလက်တည့်စမ်းချင်လား….”

” အေး ကျုပ်စမ်းချင်တယ်… ”

” ဒါဆိုလုပ်တော့ ချက်ကောင်းထိပါစေနော်…”

ကိုစံလှလည်း အသင့်နေရာယူလိုက်ပြီး ကင်းစောင့်နေသည့်အကောင်ကို ချိန်ကာချက်ကောင်းကိုပစ်ထည့်လိုက်၏။

” ဒိန်း…..ဒိန်း…..”

” အွီ…..အွိ……အီ်ွ……”

ကျယ်လောင်လှသောသေနတ်သံကြီးကြောင့် ကျစ်မြေကိုစားသုံးနေသောဝက်အုပ်မှာဝရုန်းသုန်းကားပြေးကြကုန်၏။ သေနတ်ထိမှန်သောဝက်ကြီးမှာလည်း သွေးရူးသွေးတမ်းဖြင့် အော်မြည်ကာ အသက်လုပြေးနေ၏။

” ဟာ….ပြေးပြီ….ပြေးပြီ….လိုက်ရအောင်ကွ….”

စံလှက နေရာယူထားရာမှ ထ၏။

” ဟေ့ကောင်အသာကလေးနေဟ…. မင်းမုဆိုးစည်းကမ်းတွေမသိဘူးလား အသာနေအုံးဟ အခြေအနေ ကြည့်ပြီးမှသွားကောက်ကြမယ်….”

တိုးကျော်စကားကြောင့်စံလှမှာအသာကလေးပြန်ထိုင်လိုက်၏။ သေနတ်ထိမှန်သောဝက်ကြီးမှာ လျိုမြောင်ထဲသို့လှိမ့်ဆင်းသွားသည်ဖြစ်ရာ တခြားဘေးအန္တရာယ်များရှိနိူင်သဖြင့် ချက်ချင်းမလိုက်ခြင်းပင်။

” အွစ်…..အွစ်…..အွစ်…..”

ဝက်အော်သံကိုကားကြားနေသေးသည်။ တအောင့်၌ ဝက်အော်သံပျောက်သွားပြီး လျှိုမြောင်ဘက်မှတက်လာသည့်အသံကိုကြားရသဖြင့် သုံးယောက်သားပြိုင်တူကြည့်လိုက်ရာ စောစောကသေနတ်ဒဏ်ရာဖြင့် သေးရူးသွေးတမ်းဖြင့်အသက်လုပြေးနေသော ဝက်ကြီးကို ကောင်မေးလတစ်ယောက်ကခွစီးထားသည်ကိုတွေ့လိုက်ရတော့သည်။

” ဘာ….ဘာတွေလဲ….”

” ရှူး….အသံမထွက်နဲ့ ငါတို့ကိုတောခြောက်နေပြီဟ….”

အံ့ဩလွန်းသဖြင့် ထိုမြင်ကွင်းအားအကြောင်သားငေးနေမိသည်။

” မှောင်လာတော့မယ်မထူးဘူး….သူတို့တွေမြူးတဲ့အချိန်ရောက်လာတော့မှာပြန်ကြစို့…”

” ဝက်ကြီးကရော…”

” သူတို့ကိုပေးလိုက်တော့….”

ထို့နောက်သုံးယောက်သား အသံလုံလုံဖြင့် ထိုနေရာမှအမြန်ပြန်ထွက်လာခဲ့ကြသည်။

နောက်တစ်နေ့တွင် ကိုစံလှတစ်ယောက်နေမကောင်းသလိုဖြစ်နေသဖြင့် တောထဲမလိုက်ဘဲ တဲ၌သာကျန်ခဲ့၏။ အိပ်၍မပျော့်တပျော်ရှိစဉ် နားထဲ၌အသံတစ်ခုဝင်လာ၏။

” ကိုလှရေ…ကိုလှ…..”

ရင်းနှီးနေသည့်အသံကြောင့် ကိုစံလှနိုူးလာ၏။ ထိုစဉ် အသံကထပ်မံထွက်ပေါ်လာ၏။

” ကိုလှ…..ကိုလှရေ….တဲထဲမှာရှိနေမှန်းသိတယ်နော် ထူးပါအုံးရှင့်….”

ထိုအသံကြောင့်ကိုစံလှထွေထွေထူးထူးစဉ်းစားမနေဘဲထကြည့်လိုက်၏။ တဲမှာတံခါးမရှိသဖြင့်အပြင်ကို အတိုင်းသားမြင်နေရ၏။
ထိုစဉ်သူ့မြင်ကွင်းထဲ၌ တဲရှေ့ဆယ်ပေခန့်သာသာတွင် ထိုင်နေသောဇနီးဖြစ်သူမမယ်ခကိုတွေ့လိုက်ရသဖြင့်အံ့ဩသွား၏။

” ဟေ….မယ်….မယ်ခ….”

” ထွက်ပြီးလာကြိုလေကိုလှရဲ့….ဘာလို့အဲနားထိုင်နေသေးတာလဲ….”

” နင်…နင်ဘယ်လိုလုပ် ဒီတောထဲရောက်လာတာလဲမယ်ခ….”

” ရှင့်ကိုလွမ်းလို့ပေါ့တော်….”

” အဲဆိုတဲထဲကိုလာလေ ဘာကိစ္စအဲဒီမှာထိုင်နေရသလဲကွ….လာတဲထဲကို….”

” ရှင့်တဲပေါက်ဝထောင်ထားတဲ့ဓားကိုဖယ်ပေးဦးအဲဆို….”

” ဟေ…”

ထိုစကားကြောင့်ကိုစံလှဆွံ့အသွား၏။ ထိုဓားရှည်မှာ ကိုတိုးကျော်၏ဆောင်ဓားရှည်ဖြစ်ပြီး တဲဝ၏အထဲဘက်တွင်ထောင်ထားခြင်းဖြစ်၏။

” တဲထဲမှာထောင်ထားတဲ့ဓားကိုသူဘယ်လိုတွေ့တာလဲ…. ဒါသာမန်တော့မဖြစ်နိုင်ဘူး….တကယ်ဘဲမယ်ခဆိုရင်တဲထဲကိုဝင်လာရမှာဘဲ….တစ်ခုခုတော့ မှားနေပြီ…”

ကိုစံလှကထိုသို့တွေးပြီး ဓားရှည်ကိုယူကာထွက်လာ၏။ မယ်ခကကိုစံလှထွက်လာသည်ကိုမြင်လျှင် ဝမ်းသာအားရဖြင့်ထလာ၏။

” ကို…ကိုလှ….”

” အေးမယ်ခ…လာတဲထဲကို….”

” ရှင့်…ရှင့်လက်ထဲကဓားကိုချထားလိုက်….”

” ဒီဓားကိုဘာအတွက်ကြောက်နေတာလဲကွာ….”

စံလှကထိုသို့တွေးပြီး ပြောပြီးထိုနေရာသို့တဟုန်ထိုးပြေးလိုက်ကာ ထိုမိန်းမအား အားကန်ခုတ်ချလိုက်၏။

” ရော့…. သေစမ်းဟေ့ မသာမ….”

” အား……”

ဖွဲအိတ်ကြီးခုတ်သလိုခံစားလိုက်ရပြီး အားခနဲအော်သံနက်ကြီးကိုကြားလိုက်ရ၏။ မယ်ခနဲ့တူသည့်အမျိုးသမီးကားမတွေ့ရတော့ချေ။ ထိုစဉ်တောဘက်မှ ကိုတိုးကျော်တို့သမီးယောက်ဖနှစ်ယောက်က မောကြီးပန်းကြီးဖြင့်

” ဟေ့ကောင်စံလှ အော်သံကြီးကြားလိုက်လို့ငါတို့ပြေးလာတာဟေ့ ဘာဖြစ်တာလဲ…. ”

စံလှလည်း ဖြစ်ကြောင်းကုန်စင်ကိုပြန်ပြောပြလိုက်ရာ တိုးကျော်က

” အဲဒီဓားကယ်ပေလို့ပေါ့စံလှရေ…..အဲကောင်မကမနေ့ကတောဝက်ကျောပေါ်ခွထိုင်လာတဲ့သူဘဲဟေ့… အဲဒီဓားကိုအရိုးတပ်တုန်းကအထဲမှာ ပရိတ်ပွဲကရတဲ့ပိတ်ဖြူပိတ်နီကိုငါခံထားတာဟေ့ အဲဒါကြောင့်သူကဓားကိုကြောက်နေတာ…. ”

” အဲဒါဘာကြီးလဲတိုးကျော်ရာ ငါ့မှာအစတုန်းက တကယ့်ငါ့မိန်းမထင်ပြီးပျော်သွားတာ….နောက်တော့သူက ဓားဖယ်ပေးဆိုတော့ငါသံသယဝင်လာတာ….”

” အဲဒါကျတ်လို့ခေါ်တယ်ကိုယ့်လူရေ….နာမည်ခါ်တာမထူးလို့တော်သေးတာပေါ့…ထူးမိလို့ကတော့သေပြီသာမှတ်….ဒီတောထဲမှာ ကျတ်တစ္ဆေတွေ ရှိတယ် ဒါကြောင့်ငါကဓားကိုတမင်ထားခဲ့တာဘဲ….”

” ဉာဏ်ဦးပေလို့သာပေါ့ဗျာ…. မဟုတ်လို့ကတော့ကျုပ်သေပြီဘဲ…..ကျုပ်လည်းနေသိပ်မကောင်းလို့တောထဲမလိုက်နိူင်မဲ့အတူတူ ကျုပ်ရွာဘဲပြန်လိုက်တော့မယ်ဗျာ….”

ထိုအချိန်မှ စ၍တောထဲသို့ဦးစံလှမသွားတော့ချေ။

” ဖိုးဖိုးကြီး…. ဒါဆိုအဲဓားကတကယ်စွမ်းတာပေါ့နော်….”

” ဓားကစွမ်းတာမဟုတ်ဘူး အဲဒီဓားရိုးထဲမှာပါတဲ့ပရိတ်ချည်ကစွမ်းတာမြေးတို့ရ….ကဲကဲဒီညတော့ဒီလောက်ဘဲကလေးတို့ ၉နာရီလည်းထိုးပြီဆိုတော့ ကိုယ့်အိမ်ကိုပြန်ကြတော့ နောက်ညမှဖိုးဖိုးကြီး တခြားအကြောင်းပြောပြမယ်ဟေ့….”

ဖိုထားသောမီးလည်း ငြိမ်းလုလုဖြစ်နေပြီ။
ဗန်းအပြည့်ထည့်ထားသော ပြောင်းဖူးပေါက်ပေါက်လည်း ကုန်နေပြီ။ ကလေးတို့လည်းမျက်လုံးများစင်းကာ အိပ်ချင်နေကြချေပြီ။ လမင်းကြီးသည်ကား အစွမ်းကုန်ဝင်းပနေဆဲသာတည်း။……..။

# ပြီး
# ခွန်း

Zawgyi Version

က်တ္တို႔မာယာ(စ/ဆုံး)
—————————-
ဇယ္ခုတ္၊ေက်ာက္တုံးပစ္၊ထုတ္ဆီးတိုး၊ၾကက္ဖခြပ္ ကစားေနၾကေသာ ေမ်ာက္ငို၊ေခြးပု၊မိလုံး၊ငေပ၊လုံးေ႐ႊတို႔အုပ္စု ေခြၽး၊ဖုန္မႈန႔္တို႔လုံးေထြးေနေသာအဝတ္စားမ်ားျဖင့္ ၿခံထဲသို႔ေျပးလာၾကသည္။
” ဖိုးဖိုးလွေရ….ဖိုးဖိုးလွ….ဒီညလည္းသားတို႔္ကို ပုံျပင္ေျပာျပအုံးေနာ္….”
” ေျပာျပမွာေပါ့ကြာ….ဒါေပမဲ့ဖိုးဖိုးႀကီးပုံမေျပာခင္ ဖိုးဖိုးႀကီးကိုနဲနဲပါးပါးေတာ့ ႏွိပ္နယ္ေပးၾကမယ္မလားေဟ့….”

” သမီးႏွိပ္ေပးမယ္…”
” သားလည္းႏွိပ္ေပးမယ္ဖိုးဖိုးလွ….”

ပုံေျပာျပမည္ဆိုေသာေၾကာင့္ ကေလးတစ္စုမွာ အလုအယက္ႏွိပ္ေပးေနၾက၏။ ဖိုးဖိုးလွကား အသက္(၇၀ )ဝန္းက်င္ခန႔္ရွိမည္ျဖစ္ၿပီး ကြမ္းကိုတပ်ပ္ပ်ပ္မနားတမ္းဝါးေနတတ္သူျဖစ္သည္။ ထိုအဖိုးသည္ ကေလးမ်ားကိုခ်စ္ၿပီး ၾကားဖူးေတြ႕ဖူးသည့္ အျဖစ္အပ်က္တို႔ကို ပုံျပင္မ်ားအျဖစ္ျပန္လည္ေျပာျပတတ္သျဖင့္ ကေလးမ်ားလည္း ဖိုးဖိုးလွကိုခ်စ္ခင္ၾကသည္။

” သမီးတို႔ေညာင္းသြားၿပီဖိုးဖိုးလွရဲ႕….သမီးတို႔ကို ပုံျပင္ေျပာျပေတာ့ေလ….”
” ဟုတ္တယ္ဖိုးဖိုးလွ သားတို႔နားေထာင္ခ်င္လွၿပီ….”

” ကဲကဲ ငါ့ေျမးတို႔နားေထာင္ခ်င္သပဆိုလည္းေျပာျပရေသးတာေပါ့ေဟ့….ကဲမွက္ေတြျခင္ေတြမကိုက္ေအာင္ ထင္းထပ္ထည့္ေပးလိုက္ဦးမယ္ခေရ….”

ကေလးမ်ားစုသည့္ေနရာကား ဖိုးဖိုးလွတို႔၏အိမ္ေရွ႕သရက္ပင္ေအာင္တြင္ျဖစ္၏။ ထိုအသရက္ပင္ေအာက္တြင္ ထိုင္စရာဝါးတန္းႏွင့္ကြပ္ပ်စ္ကေလးလုပ္ထား၏။ ထိန္ထိန္သာေနသည့္ လေရာင္တို႔က ကြပ္ပ်စ္ေပၚ၌ထိုင္ေနသည့္ကေလးတို႔အေပၚ က်ိဳးတိုက်ဲတဲက်ေန၏။ ခဏ၌ဖြားမယ္ခက မီးအရႈိန္ရေအာင္ ထင္းနဲ႔သစ္႐ြက္ေျခာက္မ်ားထပ္ထဲ့ေန၏။

” ကဲ…ငါ့ေျမးတို႔ က်တ္တို႔၊သရဲတို႔၊တေစၦတို႔ဆိုတာၾကားဖူးၾကလား….”

ဖိုးဖိုးလွသည္ ကြမ္းေသြးကိုပ်စ္ခနဲေထြးထုတ္ၿပီး ကြမ္းဖတ္ကိုပါးေစာင္သို႔ပို႔လိုက္ကာ ထိုသို႔ေမး၏။

” က်တ္ေတာ့မၾကားဖူးဘူးဖိုးဖိုးႀကီး….သရဲတေစၦကေတာ့ၾကားဖူးတယ္…”

“မၾကားဖူးရင္ဖိုးဖိုးႀကီးေျပာျပမယ္… က်တ္ဆိုတာကလည္းသရဲ၊တေစၦလိုၿပိတၱာဘုံသားဘဲကြဲ႕….အစြဲအလမ္းေၾကာင့္ မကြၽတ္မလြတ္ဘဲ ရွိေနတာ….”

” အဲၾကက္ေတြက ဘယ္မွာေနတာလဲဖိုးဖိုးႀကီး….”

ေမ်ာက္ငိုကထေမး၏။

” ၾကက္မဟုတ္ဘူးငါ့ေျမး….က်တ္…သူတို႔ဘယ္မွာေနလဲဆိုေတာ့… လူ႔ဘုံရဲ႕အနီးပတ္ဝန္းက်င္မွာရွိတယ္လို႔ေတာ့ေျပာၾကတာဘဲ….ဒါေပမဲ့ လူ႔ဘုံနဲ႔ေတာ့အလႊာတစ္ခုျခားထားေသးတယ္ကြဲ႕….”

” သူတို႔ကေၾကာက္ဖိ့ုေကာင္းလားဖိုးဖိုးႀကီး….”

” ေၾကာက္ဖို႔ေကာင္းတဲ့က်တ္ေတြရွိသလို လူကိုအႏၲရာယ္မေပးတဲ့က်တ္ေတြလည္းရွိတယ္ကြဲ႕….”

” တစ္ခါက က်တ္တစ္ေကာင္ လူ႔႐ြာထဲဝင္လာျပးီ လူကိုအကူအညီေတာင္းဖူးတယ္တဲ့….”

” ဟုတ္လားဖိုးဖိုးႀကီး ဘယ္လိုအကူအညီေတာင္းတာလဲဗ်….”

ေခြးပုကဝင္ေမး၏။ က်န္သည့္ကေလးမ်ားက ဘႀကီးဖိုးလွေျပာသမွ်ကိုစိတ္ဝင္တစားနားေထာင္ေနၾက၏။ ဖြားမယ္ခက ေျပာင္းဖူးေပါက္ေပါက္ဗန္းႀကီးကို ကေလးမ်ားေရွ႕သို႔လာခ်ေပးရင္း

” ဖိုးဖိုးႀကီးေျပာတာကိုလည္းနားေထာင္ရင္း ေျပာင္းဖူးေပါက္ေပါက္စားၾကေဟ့….သတိေတာ့ထား နင္တို႔ဖိုးဖိုးႀကီးတံေတြးေတြ ဗန္းႀကီးထဲစင္ထဲ့လို႔ စားမိေနအုံးမယ္….”

” ဟားဟားဟား….”

ဖြားမယ္ခစကားေၾကာင့္ကေလးမ်ားပြဲက်သြား၏။ ဘၾကးီဖိုးလွမွာစကားေျပာလွ်င္ အာေဘာင္အာရင္းသန္သန္ေျပာတတ္သျဖင့္ တံေတြးမွာမိုးဖြဲ႐ြာသလို စင္သည္ကားအမွန္။ ဘႀကီးဖိုးလွကဆက္ေျပာ၏။

” ဒီလိုကြ….တစ္ခါကေတာ႐ြာေလးတစ္႐ြာမွာ သားဖြားဆရာမေလးတစ္ေယာက္ ေက်းလက္ေဆးေပးခန္းမွာတာဝန္က်လာသတဲ့….အဲဒီသားဖြားဆရာမက ေတာ္လည္းေတာ္သလို စိတ္လည္းအရမ္းရွည္တယ္ဆိုဘဲ….ေနာက္တစ္ခုက သူ႔ကိုညႀကီးသန္းေခါင္လာပင့္လည္း ဝန္မေလးဘဲလိုက္ခဲ့ေပးတယ္တဲ့…”

” ဒီဂုဏ္ပုဒ္ေတြေၾကာင့္ဆရာမေလးက ႐ြာထဲတင္မကဘဲ…႐ြာနီးနားခ်င္းေတြအထိပါဂုဏ္သတင္းေမႊးသတဲ့….တစ္ညမွာေတာ့ သူ႔႐ြာကမဟုတ္တဲ့မ်က္ႏွာစိမ္းတစ္ေယာက္ ညႀကီးအခ်ိန္မေတာ္ ဆရာမေလးကိုလာပင့္သတဲ့….”

” ဆရာမေလးက လိုက္သြားေရာလားဖိုးဖိုးႀကီး….”

လုံးေ႐ႊကဝင္ေမး၏။

” အက်ိဳးအေၾကာင္းေမးၿပီး လိုက္သြားတယ္တဲ့…”

” ဘာအတြက္လာေခၚတာလဲဖိုးဖိုးႀကီး…”

” သူ႔မိန္းမမီးဖြားတာခက္ခဲေနလို႔ ေျပာၿပီးလာပင့္တာတဲ့…ဒါနဲ႔ဘဲဆရာမေလးက ေဆးပစၥည္းအစုံပါတဲ့ေသတၱာကေလးကိုအေျပးဆြဲၿပီးလိုက္ခဲ့တာေပါ့…”

” ညႀကီးသန္းေခါင္ဆိုေပမဲ့ ဆရာမေလးကေန႔ခင္းအခ်ိန္လိုဘဲေကာင္းေကာင္းျမင္ေနရတယ္တဲ့… ၿပီးေတာ့ လာေခၚတဲ့လူကလည္း လမ္းေလွ်ာက္တာအရမ္းျမန္ေတာ့ မနဲအမွီလိုက္ရတယ္တဲ့….ခဏေတာ့ ပုံစံတူတဲအိမ္ေတြခ်ည္း စုေနတဲ့႐ြာတန္းေလးထဲကို ဝင္လာခဲ့ၾကတာတဲ့…တေအာင့္ေလာက္ဝင္လာၿပီးေတာ့ အဲလူက တဲအိမ္ေလးတစ္လုံးကိုလက္ညိဳးထိုးျပတယ္ သူ႔အိမ္ေရာက္ၿပီ အထဲမွာမီးမဖြားႏိူင္တဲ့သူ႔မိန္းမရွိတယ္ ကူညီၿပီးဖြားေပးပါအုံးေျပာေတာ့ ဆရာမေလးလည္း မီးဖြားေပးလိုက္ရတာေပါ့….”

” ဆရာမေလးက မေၾကာက္ဘူးလားဖိုးဖိုးႀကီး… ”

” သူလည္းလူလိ့ုထင္ၿပီးမေၾကာက္ဘူးတဲ့…မီးဖြားေရးကိစၥၿပီးေတာ့ လူစိမ္းကဆရာမကို ႐ြာထဲကအိမ္အထိလိုက္ပို႔ၿပီး ပိတ္ဆံလည္းတထပ္ႀကီးေပးတယ္တဲ့…အိမ္ေရာက္ေတာ့ဆရာမေလးလည္း ပင္ပန္းသြားတာမို႔ ေျခလက္ေဆးၿပီး အိပ္ယာဝင္သြားတယ္ဆိုဘဲကြဲ႕…ေနာက္ေန႔ေရာက္ေတာ့ ဆရာမေလးရဲ႕အိတ္ထဲမွာ ပိတ္ဆံေတြအစား သစ္႐ြက္ေတြတထပ္ႀကီးေရာက္ေနတယ္တဲ့ေလ…”

” ဟင္…အဲဒီသစ္႐ြက္ေတြက ဟိုက်တ္သရဲႀကီးေပးလိုက္တဲ့ပိတ္ဆံေတြလားဖိုးဖိုးႀကီး….”

” ဟုတ္တာေပါ့ကြဲ႕…က်တ္ေတြကလည္း ကမၼဇိဒၶိအစြမ္းရွိေတာ့ ဆရာမေလးရဲ႕အျမင္အာ႐ုံကိုလွည့္စားလိုက္တာေပါ့ကြဲ႕.. ”

” အဲဒါကိုဆရာမေလးကမသိဘူးလားဖိုးဖိုးႀကီး”

” မသိလို႔ေပါ့ကြဲ႕…ေနာက္ပိုင္းအဲဒီသတင္းေတြျပန႔္သြားၿပီး ဆရာမေလးကက်တ္႐ြာကိုေရာက္သြားၿပီး က်တ္ရဲ႕ကေလးကိုမီးဖြားေပးခဲ့တဲ့အေၾကာင္းက ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားေတာ့တာေပါ့…..”

” ေၾကာက္စရာႀကီးေနာ္ဖိုးဖိုးႀကီး…ဖိုးဖိုးႀကီးေရာ က်တ္ကိုျမင္ဖူးလား….”

” သိပ္ကိုျမင္ဖူးတာေပါ့ကြာ…ဖိုးဖိုးႀကီးတို႔ဆုံခဲ့တာကိုေျပာျပမယ္….”

ဘႀကီးဖိုးလွသည္ ပါးေစာင္မွကြမ္းဖတ္ကို
ထုတ္ကာဟိုဟိုသည္သည္ လိမ့္လိုက္၏။
သူ႔စိတ္အစဥ္မွာလည္း လြန္ခဲ့သည့္ႏွစ္မ်ားဆီသို႔ျပန္ေရာက္သြား၏။

” စံလွ….ဗ်ိဳ႕စံလွ……”

” က်ဳပ္ရွိတယ္ဗ်ိဳ႕ ဘယ္သူလဲအိမ္ေပၚတက္ခဲ့ေလ…..”

” ငါလွေဘာ္ေဟ့….”

” ေအးကိုလွေဘာ္လာေဟ့….”

” ထူးထူးဆန္းဆန္းပါလားကိုလွေဘာ္….အၾကမ္းေရသုံးေဆာင္ဦးရွင့္….”

” ထူးဆို တိုးေက်ာ္ေတာထဲမွာ ဝက္အုပ္ႀကီးေတြ႕ထားလို႔ သြားဖမ္းရေအာင္အေဖာ္လာစပ္တာအစ္မေရ….”

” ေဟ….ကိုတိုးေက်ာ္ဘယ္တုန္းကျပန္ေရာက္သလဲ….သူ႔မိန္းမမတင္စိန္ေျပာေတာ့ ေတာတက္တာႏွစ္လျပည့္ေတာ့မယ္ဆို”

” ဟုတ္ပါေသာ္ေကာလားအစ္မေရ…. ဒီေကာင္ မေန႔ညမွျပန္ေရာက္တာ ေတာဝက္အုပ္ႀကီးေတြ႕ထားလို႔ က်ဳပ္ကိုျပန္ေခၚတာတဲ့…ဒါနဲ႔က်ဳပ္လည္း ကိုစံလွကိုပါအေဖာ္လာညႇိတာ ဟင္းစားေလးရလည္းမနဲဘူးေလ….”

” ေခၚသာသြားကိုတိုးေက်ာ္ေရ…. သူလည္းအိမ္မွာဘာအလုပ္မွမယ္မယ္ရရမရွိဘူး….”

တိုးေက်ာ္ႏွင့္လွေဘာ္မွာ ေယာက္ဖေတာ္စပ္သူျဖစ္ၿပီး ႏွစ္ဦးစလုံးက မုဆိုးဝါသနာပါသူျဖစ္သည္။ ကိုတိုးေက်ာ္က အၿမဲလိုလိုေတာထဲေရာက္ေနတတ္ၿပီး ေတာထြက္ပစၥည္းရွာကာ သူ႔မိန္းမအတြက္တဖက္တလွမ္းဝင္ေငြရွာေပးတတ္သူတည္း။

” စံလွ မင္းလိုက္မယ္မလား…. ”

” လိုက္မွာေပါ့ဟ…. ေတာဝက္အုပ္ဆိုေတာ့အဲထဲမယ္ ကြင္းပိတ္ေကာင္မပါဘူးလို႔မဆိုႏိူင္ဘူးေလ ဟားဟားဟား…..”

” ေအးကြာ မင္းလိုက္မယ္ဆိုျပင္ထားေဟ့ ညေနၾကငါနဲ႔ငါ့ေယာက္ဖမင္းကိုဝင္ေခၚမယ္…”

” ေအးေအး….”

ဤသို႔ျဖင့္သုံးေယာက္သား ရိကၡာလက္နက္အျပည့္အစုံျဖင့္ ေတာထဲသို႔ေရာက္လာခဲ့ၾကသည္။ ေတာကြၽမ္းမုဆိးုမ်ားပီပီ ေရာက္ၿပီးေနာက္ေန႔မွာပင္ ေခ်တစ္ေကာင္ရသည္။ သို႔ေသာ္ မိမိတို႔၏ ရည္႐ြယ္ခ်က္ကေတာဝက္ပစ္ရန္ျဖစ္သည့္အတြက္ေခ်နဲ႔ေက်နပ္၍မရ။ ေနာက္ေန႔မ်ား၌ တိုးေက်ာ္က သူေတာဝက္ေတြ႕ခဲ့သည့္ က်စ္ေျမသို႔ ဦးေဆာင္ခ်ီတက္၏။

” မင္းတစ္ေယာက္ထဲ ဒီေတာနက္ႀကီးထဲထိဝင္ခဲ့တာလားတိုးေက်ာ္…”

” ဟုတ္တယ္ေယာက္ဖ ငါလည္းဒရယ္ေနာက္လိုက္ရင္း လမ္းမွားလာတာ အဲဒါနဲ႔လမ္းရွာရင္းေတာဝက္အုပ္နဲ႔ပက္ပင္းတိုးေတာ့တာဘဲ….”

” ဒီလမ္းေသခ်ာလို႔လား…. ”

” ေသခ်ာတာေပါ့ လာရင္မမွားေအာင္လို႔ သစ္ပင္ေတြမွာငါအမွတ္အသားေတြလုပ္ထားတယ္ေတြ႕လား…. ”

တိုးေက်ာ္ကသစ္ပင္ေပၚရွိအမွတ္အသားမ်ားကိုျပ၏။

” ရႉး……..ဆက္မသြားၾကနဲ႔…အေရွ႕မွာအသံၾကားလား….”

တိုးေက်ာ္ကသတိေပးလိုက္သျဖင့္ႏွစ္ေယာက္သား ကိုယ္ရွိန္သတ္လိုက္ၾကၿပီးအသံလာရာဘက္ကိုနားစြင့္ေနၾက၏။

” ဟိုေကာင္ေတြလာၿပီကြ ခန႔္မွန္းေျခ၁၅ေကာင္ေလာက္ရွိမယ္…. ”

သုံးေယာက္သားေျပာေျပာဆိုဆိုျဖင့္ ေလကြယ္ရာဘက္၌ေနရာယူလိုက္ၾက၏။ ေတာဝက္အုပ္မွာလည္း က်စ္ေျမရွိရာသို႔အလုအယက္လာၿပီး စားေနၾက၏။

” ဟိုးမွာေတြ႕လား ဝက္အုပ္ႀကီးရဲ႕အေနာက္ကေကာင္ အဲဒါဝက္အုပ္ရဲ႕ေခါင္းေဆာင္ဘဲ အဲေကာင္ကအႀကီးဆုံး ဒီေတာ့အဲေကာင္ကိုရေအာင္ပစ္ ကိုစံလွႀကီးလက္တည့္စမ္းခ်င္လား….”

” ေအး က်ဳပ္စမ္းခ်င္တယ္… ”

” ဒါဆိုလုပ္ေတာ့ ခ်က္ေကာင္းထိပါေစေနာ္…”

ကိုစံလွလည္း အသင့္ေနရာယူလိုက္ၿပီး ကင္းေစာင့္ေနသည့္အေကာင္ကို ခ်ိန္ကာခ်က္ေကာင္းကိုပစ္ထည့္လိုက္၏။

” ဒိန္း…..ဒိန္း…..”

” အြီ…..အြိ……အီ္ြ……”

က်ယ္ေလာင္လွေသာေသနတ္သံႀကီးေၾကာင့္ က်စ္ေျမကိုစားသုံးေနေသာဝက္အုပ္မွာဝ႐ုန္းသုန္းကားေျပးၾကကုန္၏။ ေသနတ္ထိမွန္ေသာဝက္ႀကီးမွာလည္း ေသြး႐ူးေသြးတမ္းျဖင့္ ေအာ္ျမည္ကာ အသက္လုေျပးေန၏။

” ဟာ….ေျပးၿပီ….ေျပးၿပီ….လိုက္ရေအာင္ကြ….”

စံလွက ေနရာယူထားရာမွ ထ၏။

” ေဟ့ေကာင္အသာကေလးေနဟ…. မင္းမုဆိုးစည္းကမ္းေတြမသိဘူးလား အသာေနအုံးဟ အေျခအေန ၾကည့္ၿပီးမွသြားေကာက္ၾကမယ္….”

တိုးေက်ာ္စကားေၾကာင့္စံလွမွာအသာကေလးျပန္ထိုင္လိုက္၏။ ေသနတ္ထိမွန္ေသာဝက္ႀကီးမွာ လ်ိဳေျမာင္ထဲသို႔လွိမ့္ဆင္းသြားသည္ျဖစ္ရာ တျခားေဘးအႏၲရာယ္မ်ားရွိႏိူင္သျဖင့္ ခ်က္ခ်င္းမလိုက္ျခင္းပင္။

” အြစ္…..အြစ္…..အြစ္…..”

ဝက္ေအာ္သံကိုကားၾကားေနေသးသည္။ တေအာင့္၌ ဝက္ေအာ္သံေပ်ာက္သြားၿပီး လွ်ိဳေျမာင္ဘက္မွတက္လာသည့္အသံကိုၾကားရသျဖင့္ သုံးေယာက္သားၿပိဳင္တူၾကည့္လိုက္ရာ ေစာေစာကေသနတ္ဒဏ္ရာျဖင့္ ေသး႐ူးေသြးတမ္းျဖင့္အသက္လုေျပးေနေသာ ဝက္ႀကီးကို ေကာင္ေမးလတစ္ေယာက္ကခြစီးထားသည္ကိုေတြ႕လိုက္ရေတာ့သည္။

” ဘာ….ဘာေတြလဲ….”

” ရႉး….အသံမထြက္နဲ႔ ငါတို႔ကိုေတာေျခာက္ေနၿပီဟ….”

အံ့ဩလြန္းသျဖင့္ ထိုျမင္ကြင္းအားအေၾကာင္သားေငးေနမိသည္။

” ေမွာင္လာေတာ့မယ္မထူးဘူး….သူတို႔ေတြျမဴးတဲ့အခ်ိန္ေရာက္လာေတာ့မွာျပန္ၾကစို႔…”

” ဝက္ႀကီးကေရာ…”

” သူတို႔ကိုေပးလိုက္ေတာ့….”

ထို႔ေနာက္သုံးေယာက္သား အသံလုံလုံျဖင့္ ထိုေနရာမွအျမန္ျပန္ထြက္လာခဲ့ၾကသည္။

ေနာက္တစ္ေန႔တြင္ ကိုစံလွတစ္ေယာက္ေနမေကာင္းသလိုျဖစ္ေနသျဖင့္ ေတာထဲမလိုက္ဘဲ တဲ၌သာက်န္ခဲ့၏။ အိပ္၍မေပ်ာ့္တေပ်ာ္ရွိစဥ္ နားထဲ၌အသံတစ္ခုဝင္လာ၏။

” ကိုလွေရ…ကိုလွ…..”

ရင္းႏွီးေနသည့္အသံေၾကာင့္ ကိုစံလွႏိုူးလာ၏။ ထိုစဥ္ အသံကထပ္မံထြက္ေပၚလာ၏။

” ကိုလွ…..ကိုလွေရ….တဲထဲမွာရွိေနမွန္းသိတယ္ေနာ္ ထူးပါအုံးရွင့္….”

ထိုအသံေၾကာင့္ကိုစံလွေထြေထြထူးထူးစဥ္းစားမေနဘဲထၾကည့္လိုက္၏။ တဲမွာတံခါးမရွိသျဖင့္အျပင္ကို အတိုင္းသားျမင္ေနရ၏။
ထိုစဥ္သူ႔ျမင္ကြင္းထဲ၌ တဲေရွ႕ဆယ္ေပခန႔္သာသာတြင္ ထိုင္ေနေသာဇနီးျဖစ္သူမမယ္ခကိုေတြ႕လိုက္ရသျဖင့္အံ့ဩသြား၏။

” ေဟ….မယ္….မယ္ခ….”

” ထြက္ၿပီးလာႀကိဳေလကိုလွရဲ႕….ဘာလို႔အဲနားထိုင္ေနေသးတာလဲ….”

” နင္…နင္ဘယ္လိုလုပ္ ဒီေတာထဲေရာက္လာတာလဲမယ္ခ….”

” ရွင့္ကိုလြမ္းလို႔ေပါ့ေတာ္….”

” အဲဆိုတဲထဲကိုလာေလ ဘာကိစၥအဲဒီမွာထိုင္ေနရသလဲကြ….လာတဲထဲကို….”

” ရွင့္တဲေပါက္ဝေထာင္ထားတဲ့ဓားကိုဖယ္ေပးဦးအဲဆို….”

” ေဟ…”

ထိုစကားေၾကာင့္ကိုစံလွဆြံ႕အသြား၏။ ထိုဓားရွည္မွာ ကိုတိုးေက်ာ္၏ေဆာင္ဓားရွည္ျဖစ္ၿပီး တဲဝ၏အထဲဘက္တြင္ေထာင္ထားျခင္းျဖစ္၏။

” တဲထဲမွာေထာင္ထားတဲ့ဓားကိုသူဘယ္လိုေတြ႕တာလဲ…. ဒါသာမန္ေတာ့မျဖစ္ႏိုင္ဘူး….တကယ္ဘဲမယ္ခဆိုရင္တဲထဲကိုဝင္လာရမွာဘဲ….တစ္ခုခုေတာ့ မွားေနၿပီ…”

ကိုစံလွကထိုသို႔ေတြးၿပီး ဓားရွည္ကိုယူကာထြက္လာ၏။ မယ္ခကကိုစံလွထြက္လာသည္ကိုျမင္လွ်င္ ဝမ္းသာအားရျဖင့္ထလာ၏။

” ကို…ကိုလွ….”

” ေအးမယ္ခ…လာတဲထဲကို….”

” ရွင့္…ရွင့္လက္ထဲကဓားကိုခ်ထားလိုက္….”

” ဒီဓားကိုဘာအတြက္ေၾကာက္ေနတာလဲကြာ….”

စံလွကထိုသို႔ေတြးၿပီး ေျပာၿပီးထိုေနရာသို႔တဟုန္ထိုးေျပးလိုက္ကာ ထိုမိန္းမအား အားကန္ခုတ္ခ်လိုက္၏။

” ေရာ့…. ေသစမ္းေဟ့ မသာမ….”

” အား……”

ဖြဲအိတ္ႀကီးခုတ္သလိုခံစားလိုက္ရၿပီး အားခနဲေအာ္သံနက္ႀကီးကိုၾကားလိုက္ရ၏။ မယ္ခနဲ႔တူသည့္အမ်ိဳးသမီးကားမေတြ႕ရေတာ့ေခ်။ ထိုစဥ္ေတာဘက္မွ ကိုတိုးေက်ာ္တို႔သမီးေယာက္ဖႏွစ္ေယာက္က ေမာႀကီးပန္းႀကီးျဖင့္

” ေဟ့ေကာင္စံလွ ေအာ္သံႀကီးၾကားလိုက္လို႔ငါတို႔ေျပးလာတာေဟ့ ဘာျဖစ္တာလဲ…. ”

စံလွလည္း ျဖစ္ေၾကာင္းကုန္စင္ကိုျပန္ေျပာျပလိုက္ရာ တိုးေက်ာ္က

” အဲဒီဓားကယ္ေပလို႔ေပါ့စံလွေရ…..အဲေကာင္မကမေန႔ကေတာဝက္ေက်ာေပၚခြထိုင္လာတဲ့သူဘဲေဟ့… အဲဒီဓားကိုအ႐ိုးတပ္တုန္းကအထဲမွာ ပရိတ္ပြဲကရတဲ့ပိတ္ျဖဴပိတ္နီကိုငါခံထားတာေဟ့ အဲဒါေၾကာင့္သူကဓားကိုေၾကာက္ေနတာ…. ”

” အဲဒါဘာႀကီးလဲတိုးေက်ာ္ရာ ငါ့မွာအစတုန္းက တကယ့္ငါ့မိန္းမထင္ၿပီးေပ်ာ္သြားတာ….ေနာက္ေတာ့သူက ဓားဖယ္ေပးဆိုေတာ့ငါသံသယဝင္လာတာ….”

” အဲဒါက်တ္လို႔ေခၚတယ္ကိုယ့္လူေရ….နာမည္ခၚတာမထူးလို႔ေတာ္ေသးတာေပါ့…ထူးမိလို႔ကေတာ့ေသၿပီသာမွတ္….ဒီေတာထဲမွာ က်တ္တေစၦေတြ ရွိတယ္ ဒါေၾကာင့္ငါကဓားကိုတမင္ထားခဲ့တာဘဲ….”

” ဉာဏ္ဦးေပလို႔သာေပါ့ဗ်ာ…. မဟုတ္လို႔ကေတာ့က်ဳပ္ေသၿပီဘဲ…..က်ဳပ္လည္းေနသိပ္မေကာင္းလို႔ေတာထဲမလိုက္ႏိူင္မဲ့အတူတူ က်ဳပ္႐ြာဘဲျပန္လိုက္ေတာ့မယ္ဗ်ာ….”

ထိုအခ်ိန္မွ စ၍ေတာထဲသို႔ဦးစံလွမသြားေတာ့ေခ်။

” ဖိုးဖိုးႀကီး…. ဒါဆိုအဲဓားကတကယ္စြမ္းတာေပါ့ေနာ္….”

” ဓားကစြမ္းတာမဟုတ္ဘူး အဲဒီဓား႐ိုးထဲမွာပါတဲ့ပရိတ္ခ်ည္ကစြမ္းတာေျမးတို႔ရ….ကဲကဲဒီညေတာ့ဒီေလာက္ဘဲကေလးတို႔ ၉နာရီလည္းထိုးၿပီဆိုေတာ့ ကိုယ့္အိမ္ကိုျပန္ၾကေတာ့ ေနာက္ညမွဖိုးဖိုးႀကီး တျခားအေၾကာင္းေျပာျပမယ္ေဟ့….”

ဖိုထားေသာမီးလည္း ၿငိမ္းလုလုျဖစ္ေနၿပီ။
ဗန္းအျပည့္ထည့္ထားေသာ ေျပာင္းဖူးေပါက္ေပါက္လည္း ကုန္ေနၿပီ။ ကေလးတို႔လည္းမ်က္လုံးမ်ားစင္းကာ အိပ္ခ်င္ေနၾကေခ်ၿပီ။ လမင္းႀကီးသည္ကား အစြမ္းကုန္ဝင္းပေနဆဲသာတည္း။……..။

# ၿပီး
# ခြန္း