“အမိန့်ပြန်တမ်း”(စ/ဆုံး)

Unicode Version

“အမိန့်ပြန်တမ်း”(စ/ဆုံး)
——————————
ဆရာဆိုတာ အမှားနဲ့ အမှန်ကိုလည်း ချင့်ချိန်တတ်ရတယ်၊ သူ့ဘက်က လွန်
နေတာလာ။
ကိုယ့်လူဘက်ကလွန်ကျူးနေတာလား၊ ဘယ်သူ့ဘက်ကမှားနေတာလဲ။
ဘယ်သူ့ဘက်က မှန်နေတာလဲ၊
စဉ်းစားရတယ်၊ ဝေဖန်ရတယ်၊ သုံးသပ်ရတယ်။ မှန်တဲ့ဘက်ကို ငဲ့ကွက်ရတာ ဆရာရဲ့သဘာဝ၊
ကိုယ့်မှာရှိတဲ့ လုပ်ပိုင်ခွင့်အာဏာ က နယ်ကျဉ်းတယ်။ နိုင်ခြေရှိတိုင်း လုပ်ပစ် လိုက်လို့မသင့်ဘူး။
ဒီတော့မေတ္တာရပ်ခံရတာပေါ့။
သူတို့က ပရဝိညာဉ်သားတွေလေ။
ပိုင်ဆိုင်ခွင့်ဥပဒေမပေါ်ခင်ကတည်းက သူတို့က သစ်ပင်ကြီးတွေ၊ သစ်ငုတ်အို တွေ၊ သင်္ချိုင်းကုန်းတွေ၊တစ်စပြင်တွေ၊ သုသာန်တွေ၊ တောင်ကုန်။တောင်ပျက်ကုန်း တွေမှာနေလာခဲ့ကြတာ။
နေရာ၊
ဒါ-ပရဝိညာဉ်သားရဲ့ဘဝ။
ဘုရားရှင်များလက်ထက်ကတည်းက နေခွင့်ရတဲ့နေရာ။ နေချင်ရင်နေလို့ရတဲ့
ငါကအထက်လမ်းဆရာကြီးပဲ ဟေ့၊
ငါကကိုးသချိုင်းပြန်ဆရာကြီးပဲကွ၊
မင်းတို့၊သင်းတို့ခုချက်ချင်းဒီနေရာကထွက်သွားကြလို့အမိန့်ပေးကြရင် မယှဉ်
နိုင်လို့သာ ပြေးရင် ပြေးကြတယ်။ အရှုံးပေးလိုက်တာမဟုတ်ဘူးလေ။ မတတ်သာလို့ နောက်ဆုတ်ပေးလိုက်ရတာ။ အရှုံးပေးလိုက်တာမဟုတ်ဘူး။ ဆရာဆိုတော့ကိုယ်ချင်းစာနာရတာပေါ့။
ဪ-ဒီနေရာက သူတို့နေလာတာနှစ်ပေါင်းကြာခဲ့ပြီပဲ။ဒီနေရာအလိုရှိတာနဲ့ သူတို့ကို အစီအရင်နဲ့ မောင်းထုတ်အနိုင်ယူလို့ရပေမယ့်မယူရက်ဘူး။ ဆရာဆိုတော့အပေ၊အယူနဲ့ လုပ်ချင်တာပေါ့။ တရားသဖြင့် စီရင်ချင်တာပေါ့။ ဒါကြောင့် ဆရာမနိုင်ဘူးရယ်လို့မထင်ပါနဲ့။ သို့သော်…

အချို့သော ပရဝိညာဉ်သားတွေက မာနကြီးတယ်၊ အစွဲကြီးတယ်၊အထိပါ၊ မခံ ကြဘူး။
လူ့ဘဝမှာကတည်းက မာနကြီးခဲ့တာလည်းရှိမှာပေါ့။လူ့ဘဝကတည်းကအစွဲ ကြီးခဲ့တဲ့စိတ်တွေ၊ မာနတွေက ကွယ်လွန်ပြီး ဘဝကူးမကောင်းတဲ့ ပရဝိညာဉ်သား ဘဝရောက်သည့်တိုင် ဖြစ်တည်ခိုင်မာနေတာလည်းဖြစ်ကောင်း ဖြစ်မှာပေါ့။ နောက်တစ်ချက်က နေရာထိုင်ခင်းကိစ္စပေါ့။
သူတို့နေတဲ့နေရာကိုထိပါးကျူးကျော်လာတော့သူတို့မကျေမနပ်ဖြစ်ပြီးပြန်တုံ့
ပြန်ကြတာ။
သက်ရှိလူ့ဘဝမှာလည်း ဒီလိုအဓမ္မ ကျူးကျော်မှုတွေ၊ မသိမသာ ကျူးကျော်မှု တွေ၊ လုပ်ငန်းအယောင်ပြပြီး အဓမ္မ မြေသိမ်းယူ၊ ရောင်းစားလုပ်နေတာ ရှိတယ် မဟုတ်လား။
တရားမျှတမှုမရှိတော့ပြဿနာဖြစ်ကြရော။ ကြည့်လေ…။
အတိုင်အတောတွေ၊ ဆန္ဒပြပွဲတွေ၊ထွန်တုံးတိုက်ပွဲတွေ၊ကျိန်စာတိုက်ပွဲတွေနဲ့
လက်တုံ့ပြန်ကြ။သွေးမြေကျကြ၊အချုပ်နဲ့တရားရုံးရောက်၊ထောင်ကျကြရ။ဒီတုံ့ပြန် တိုက်ပွဲတွေမှာအမှားတွေရှိတယ်။အမှန်တွေရှိတယ်။ရက်စက်မှုတွေရှိတယ်၊ကိုယ် ကျိုးရှာတာတွေရှိတယ်။အမှားကိုအမှန်လုပ်နေတာတွေ့ရှိတယ်။အမှန်ကအမှားဖြစ်
သွားရတဲ့ ဘဝတွေ ရှိတယ်၊
အခုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကမမြင်ရတဲ့ပရလောကသားနဲ့သက်ရှိလူသားတွေရဲ့အား
ပြိုင်ပွဲ၊ တစ်နည်းပြောရရင်ပဋိပက္ခ၊
ကဲ- ဘယ်သူနိုင်လဲ၊ ဘယ်သူရှုံးလဲ၊ ဘယ်သူမှန်၊ ဘယ်သူအမှာ၊လဲ။ ဒါမှမဟုတ် သူလည်းမရှုံး။ကိုယ်လည်းမရှုံး။သရေပွဲပဲလား။ နှစ်ဦးနှစ်ဖက်ကြေ အေးကြတဲ့ပွဲလား။ ဖတ်ရင်းနဲ့ စဉ်းစားအဖြေရှာကြည့်စို့လားဗျာ- နော်။
ဖြစ်ပုံက ဒီလိုဗျ။
ကိုးလုံးချက်ဆိုတဲ့ကျုပ်တို့ရွာမှာဖြစ်သွားတာ။
ဘာလို့ကိုးလုံးချက်ရွာလို့ ခေါ်တာလဲ၊ဟုတ်လား။
ဒီလိုဗျ-ဒီရွာကိုစတင်တည်တဲ့ လူကြီးကဆန်နို့ဆီဘူးကိုးလုံးချက်ထမင်းအား လုံးကို ပဲကုလားဟင်းနဲ့ တစ်ထိုင်တည်း ပြောင်အောင်စားနိုင်တဲ့ လူကြီးများ

နာမည်က ကိုးလုံးချက်တဲ့။
မယုံလို့လောင်းကြေးထပ်ပြီး စားခိုင်း၊ သူပဲနိုင်တယ်။ လောင်းတဲ့လူ ရှုံးတာပဲ။ မူလနာမည်အရင်းက ကိုဗိုက်ကြီးလို့ခေါ်တယ်။ ထမင်းကိုးလုံးချက်ကို ထိုင်ရာ မထအကုန်စားနိုင်လို့ကိုဗိုက်ကြီးအမည်ပျောက်ပြီးကိုးလုံးချက်ခေါ်တော့တာ၊ သူက
ဒီရွာကို စတည်လို့။
ရွာအမည်ကို ကိုးလုံးချက်ရွာလို့အမည်မှည့်ခဲ့တာ၊
ရွာမြောက်ဖျားမှာကိုးလုံးချက် သချိုင်းရှိတယ်၊
ဒီသင်္ချိုင်းမှာပဲ ဦးကိုးလုံးချက်ကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာ။ ခုတော့ သူ့အုတ်ဂူက အုတ်ခဲတွေကျိုးပဲ့ဖွာလန်ပြီး သင်္ချိုင်းမြေကြွက်ကြီးတွေမှီတင်းနေထိုင်တဲ့ ဂူပျက်ကြီး ဖြစ်နေတာပေါ့။
နှစ်ပေါင်း(၇၀)ကျော်တိုင်ကြာတော့ကိုးလုံးချက်ရွာကြီးလူနေအိမ်ခြေမြောက်
မြားစွာနဲ့ စည်ကားတဲ့ရွာကြီးဖြစ်လာတယ်၊
ကျန်းမာရေးဆေးပေးခန်း ရှိတယ်။ မူလတန်းနဲ့ အလယ်တန်းကျောင်း ရှိတယ်။ ဈေးလည်းရှိတယ်။ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ဗွီဒီယို ပြတဲ့ရုံက နှစ်ရုံရှိတယ်ဗျာ။လျှပ်စစ်မီးလည်းတစ်ရွာလုံးရနေပြီဗျား
မကြာခင်မြို့အဆင့်ကိုမြှင့်ဖို့အားလုံးဝိုင်းဝန်းကြိုးစားနေကြတယ်၊ အခုဖြစ်တဲ့ပြဿနာကမူလတန်းကျောင်းလေးကနစ်တွေကြာတော့ဆွေးမြည့် ယိုင်ရွဲ့ဖြစ်လာလို့ကျောင်းသစ်ပြန်ဆောက်ကြရာကအခြေတည်ဖြစ်လာတဲ့ဖြစ်ရပ်
ဆန်းကြယ်ကိစ္စပဲဗျ၊
မူလကျောင်းရဲ့ခေါင်းရင်းမှာကိုးလုံးချက်သင်္ချိုင်းရှိတယ်၊ ကျောင်းမြေနဲ့ သုသာန်
မြေနဲ့က ဆက်စပ်နေတာရယ်ဗျ။
ဒီကိုးလုံးချက် မူလတန်းကျောင်းက ကလေးတွေ သင်္ချိုင်းမြေပေါ်မှာ ပြေးလွှား ဆော့ကစားကြတာပဲဗျာ၊
ဘာပြဿနာမှ မဖြစ်ပေါင်း
မူလတန်းကျောင်းသား၊ ကျောင်းသူဆိုပေမယ့် အရွယ်တွေကကာလသား ပေါက်စ၊ အပျိုပေါက်စလေးအရွယ်တွေ ပါကြတယ်။ လေးတန်းအောင်လို့ ငါးတန်း (ပဉ္စမတန်း)ရောက်ရင် အပျို၊ လူပျိုဖြစ်မှာ မလွဲတဲ့အရွယ်တွေလည်းရှိကြတာပေါ့။

အုတ်ဂူတွေပေါ်တက်ဆော့တဲ့ကလေးလည်းရှိတာပဲ။တူတူပုန်းတမ်းကစားကြ၊
လိုက်တမ်းပြေးတမ်း ကစားကြ၊ကလေးဘာဝ စစ်တိုက်တမ်းကစားကြ။ ဆရာ၊ ဆရာမတွေကတော့ သတိပေးရတာပေါ့။
အုတ်ဂူတွေပေါ်မတက်နဲ့။ ချော်ကျလိမ့်ကျပြီး ခြေလက်ကျိုးပဲ့ကုန်မယ်တဲ့။ မိဘတွေကလည်း ကျောင်းသွားခါနီးရောက်ရင်ကြိုပြောရတယ်။
ကလေးတွေ ..
သင်္ချိုင်းကုန်းပေါ်မှာ သွားမဆော့ ကြနဲ့။ တစ္ဆေခြောက်တယ်၊ ချော်လဲရင် အပ ကောင် ကပ်မှီလာမယ်။ ဂူတွေပေါ်မတက်ကြနဲ့၊ ဂူရှင်က မကြိုက်လို့ တွန်းချရင် သေလိမ့်မယ်။
စသည် ပြောရ၊ ခြောက်ရ၊ ပြုကြတာပေါ့။ သို့သော် ကလေးတွေက မကြောက် ကြပေါင်ဗျာ၊ ကျောင်းရှေ့မှာဆော့တဲ့သူကဆော့။အချို့က သင်္ချိုင်းကုန်းပေါ်မှာ သွား ကစားကြ၊ ဆော့ကြ။
အုတ်ဂူရှေ့က စာတွေကို အော်ဖတ်ကြ။ အသုဘချလာတာမြင်ရင် လှမ်းကြည့် ကြ၊ လူသေမြှုပ်တဲ့နေရာတော့ သွားမကြည့်ကြဘူး။ ဘာလို့လဲဆိုတော့ လူသေပုပ် အနံ့ရလို့ မကြည့်တာ၊
ဆိုရရင်တစ္ဆေကို သူတို့မမြင်ဖူးဘူး။ သရဲကို သူတို့ မမြင်ဖူးဘူး။ သင်္ချိုင်းစောင့်လင်မယားနှင့်လည်းကလေးတွေရင်းနှီးနေကြပြီ။ သင်္ချိုင်းစောင့် ဦးကုလားကြီးရဲ့သား မောင်ဒေါနလည်းဒီကျောင်းမှာနေတာ။
ဒေါနဆိုရင် သင်္ချိုင်းကုန်းပေါ်မှာနေ့ရောညရောဆော့တာ၊ ကစားတာ၊ အုတ်ဂူ ပေါ်မှာထိုင်ကစားတာ။အိပ်ချင် ရင် အိပ်လိုက်တာပဲ။
ဘာသရဲ၊တစ္ဆေမှ မခြောက်၊
ကိုယ့်အချင်းချင်း သရဲခြောက်တမ်းကစားကြတာ။ ကြောက်ချင်ယောင်ဆောင် ပြီးလန့်ပြကြတာ၊
နေရာ၊
ပျော်လိုက်တာနှယ်။
သင်္ချိုင်းကုန်းဆိုတာ ကြောက်စရာ မဟုတ်။ ကစားရတာ အလွန်လွတ်လပ်တဲ့

မူလတန်းကျောင်းဟောင်းကို ဒီနွေရာသီကျောင်းပိတ်ချိန်ကာလမှာ ဖျက်ပြီး ကျောင်းသစ်ပြန်ဆောက်ကြတယ်။
ကျောင်းအုပ်ဆရာကြီးက ဦးစီးဦးဆောင်လုပ်ပြီ၊မိဘဆရာအသင်းနဲ့ ရွာမိရွာဖ၊ ရပ်မိရပ်ဖတွေညှိနှိုင်းတိုင်ပင်ပြီးတရားဝင် ခွင့်ပြုချက်နဲ့ ကျောင်းသစ်ပြန်ဆောက်ကြ
တား
ထူးခြားချက်ကကျောင်းစာသင်ခန်းကိုတိုးချဲ့လိုက်ကြတယ်။ ကျောင်းသားသစ် တွေကတစ်နှစ်တစ်နှစ်တိုးလာတာများသကိုးလေ။ဒီတော့ကျောင်းဆောင်ရဲ့ရတာ
ပေါ့၊
ကျောင်းကိုကိုကျောက်ဒိုးတို့လက်သမားအဖွဲ့နဲ့ကိုစိန်မောင်တို့ပန်းရန်အဖွဲ့က
နှစ်လအတွင်းအပြီးဆောက်ကြတာဗျ။
ကျောင်းကျယ်သွားလို့ ကျောင်းခြံ စည်းရိုးကျောက်တိုင်စိုက်၊ သံဆူးကြိုးကာ တော့ကိုးလုံးချက်သင်္ချိုင်းဘက်က နည်၊နည်းပါသွားတယ်။
သင်္ချိုင်းမြေဆိုတော့ မိဘဆရာအသင်းက အတွင်းရေးမှူးကလည်း မသိလိုက် မသိဘာသာနေလိုက်တယ်။
လယ်သမားအဖွဲ့ကလည်း ကျောက်တိုင်စိုက်၊ ကွန်ကရစ်လောင်း၊ သံဆူးကြိုး ခပ်စိပ်စိပ်ကာလိုက်ကြတယ်၊ကျောင်းခြံစည်းရိုးကာတဲ့အလုပ်ပြီးခါနီးမှာ မိဘဆရာ
အသင်းက လူကြီးတစ်ဦးက…
ခြံစည်းရိုးကာတာ ဘယ်သူတုံးကွ”
“ကျွန်တော်တို့ပါ- ဘကြီး။ လက် သမာ၊ကျောက်ဒိုးအဖွဲ့ကပါ ခင်ဗျ။ ဘာဖြစ်
လို့ပါလဲ- ဘကြီး”
“မင်းတို့ကျောင်းခြံစည်းရိုးကာတာ သင်္ချိုင်းဘက်ကနည်းနည်းပါသွားတယ်လို့
ပြောသံကြားလို့”
“ဗျာ- ဘယ်သူပြောတာတုံး ဘကြီးရာ”

“ပြောတဲ့လူ ရှိလို့ပေါ့ကွာ၊ အခု ငါကြည့်တော့လည်း မူလကျောင်းဟောင်းက သုံးပေကျော်ကျော်လောက်ပိုပြီးသင်္ချိုင်းကုန်းဘက် ဝင်နေတာ ငါတွေ့နေတာပဲကွ” “ဟို-ဟို-ခြံစည်းရိုးကကျောက်တိုင်စိုက်တာရော၊ သံဆူးကြိုးကာတာရောပြီး
သွားပြီ- ဘကြီးရာ ပြဿနာလည်းမရှိပါဘူးဗျာ၊ကျောင်းခေါင်းရင်းလူတစ်ယောက် သွားလို့ရရုံလေးရဲ့ယူမိတာပါ- ဘကြီးရာ

“မင်းတို့အတော်ခက်တာပဲကိုးကွ ဒီမှာမိဘဆရာအသင်းက လူကြီးအချို့ရောက်လာပြီ… “ကိုဘော်- ဘာဖြစ်လို့တုံး”
“ဒီကောင်တွေခြံစည်းရိုးကာတာ၊ကျောင်းဆောက်တာသင်္ချိုင်းမြေဘက်နည်း
နည်းပါသွားတယ်”
ပါဗျာ”
“တစ်ပေ၊နှစ်ပေလောက်များ ဘာဖြစ်မှာလဲ-ကိုဘော်ရာ။ ဒီအတိုင်းထားလိုက်
“တစ်နေ့ပြဿနာတက်ရင် ဘယ် လိုလုပ်မှာတုံး-မောင်သောင်းကြိုင်” “ဘယ်လိုပြဿနာတက်မှာမို့လဲဗျ”
“သင်္ချိုင်းစောင့်က သူတို့သင်္ချိုင်းမြေ ကို စာသင်ကျောင်းက မြေခိုးကျူးကျော် ဆောက်တယ်လို့သွားပြောရင် ဘယ်လိုလုပ်မတုံး”
“သင်္ချိုင်းစောင့်ကိုကုလားကြီးလား”
“ဟုတ်တယ်”
“ပြောရဲ ပြောကြည့်စမ်းပါစေဗျာ၊ ကျုပ်တို့ ပုံစံပေးလိုက်မှာပေါ့-ကိုဘော်ရ။ မပူပါနဲ့ဗျာ”
“အိုကွာ – ခုလည်း သင်္ချိုင်းစောင့် မသိပါဘူးကွာ။ ခြံစည်းရိုးမရှိတဲ့သင်္ချိုင်းမြေပဲ ဥစ္စာ။ဒီကိစ္စသင်္ချိုင်းစောင့်လည်း စိတ်ဝင်စားမယ်မထင်ပါဘူး။ သိပ်ရစ်လာရင်တော့ မုန့်ဖိုးလေးပေးပြီးနှုတ်ပိတ်လိုက်ပေါ့ကွာ။ခြံစည်းရိုးကကာပြီးပြီဥစ္စာ၊ပြန်ဖျက်၊နေရာ ရွှေ့နေရင် အချိန်ကုန်တယ်၊ အလုပ်ရှုပ်ပါတယ်ဗျာ။ထားလိုက်ပါဗျာ” ဒီလိုနဲ့ ဘာမှမဖြစ်တန်ပါဘူးဆိုပြီး နေလိုက်ကြတယ်။
“ဒေါ်ကြိုင်-ဒေါ်ကြိုင်”

“ဟဲ့- ဘယ်သူတုံး-အိမ်ရှေ့က အော်နေတာ
“ကျုပ်ပါဗျ – ဒီလိုပါ- မြန်မြန်လာဗျာ”
“ဟဲ့-ဒီလို-ဘာဖြစ်လို့လဲ- ဟင်”
“ကျောင်းမှာ- ကျောင်းမှာ-ဟိုဟို
“ဟဲ့ကောင် – ကျောင်းမှာ ဘာဖြစ်လို့တုံး”

“ခင်ဗျား- သမီး- သမီး-ပူး-ပူးနေလို့”
“ဘာ-ဘာ-ငါ့သမီ၊ ပူ၊နေတယ်။ ဒီလုံ၊- နင် သေချင်လို့ မဟုတ်က၊ ဟုတ် က လာပြောတာလားဟင်”
વા
“ဟာဗျာ- ဒေါ်ကြိုင်ကလည်း- ဟို- ဟို- ခင်ဗျားသမီးကို-သ-သရဲပူးပူးနေလို့
“ဟေ- ငါ့သမီးကို သရဲပူး”
“ဟုတ်တယ် – မြန်မြန်လိုက်ခဲ့”
“ဒီ – ဒီလုံး – သင်း – သင်း- သင်္ချိုင်းမှာလားဟင်- ဟင်- ဟင်လို့” “မဟုတ်ဘူး- ကို၊လုံးချက်စာသင် ကျောင်းမှာ”
“အမလေးတော်
ဒေါ်ကြိုင် အိမ်ပေါ်က ခုန်ချပြီး ကိုးလုံးချက်စာသင်ကျောင်းရှိရာသို့ ပြေးပါရော။ မောင်ဒီလုံးကလည်း သူ့နောက်ကနေ အမြန်ပြေးလိုက်ခဲ့ရတယ်။
ကိုးလုံးချက် မူလတန်းကျောင်းမှာ စာသင်သားကလေးအချို့ သရဲပူ။ တစ္ဆေ
ပူးဖြစ်နေတယ်ကြားရောရွာထဲကကျောင်းသားမိဘတွေကျောင်းရှိရာပြေးကြည့်ကြ
တော့တယ်ဗျာ၊
စာသင်ကျောင်းဝင်းထဲမှာလူအတော်များများရောက်နေကြပြီးကြည့်လိုက်တော့ ကျောင်းသူသုံးဦး ကြောက်လန့်ပြီး ငိုနေတာမြင်ရပါရောဗျာ၊
အပျိုဖော်ဝင်ဖို့ ခြေလှမ်းပြင်နေတဲ့အရွယ်ကလေးတွေပါဗျာ၊ တောသူ တောင် သားမိဘဖွားတွေဆိုတော့ အရွယ်အလုံး ဝင့်ထည်ကြတာပေါ့။
ငိုယို။
ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမ တွေက ဝိုင်းချော့မေးကြ။ သူတို့သုံးဦးက
“ကြောက်တယ်- ကြောက်တယ်”
“ကလေးမ… ဘယ်သူ့ကိုကြောက် လို့တုံး။ ဆရာကြီးတို့ကို ပြော၊ ဘယ်သူ့ ကို ကြောက်တာလဲ-ပြောလေ”
“ကြောက်တယ်-ကြောက်တယ်” “အမေရေ-အမေ“သမီး-သမီး-အမလေး-လုပ်ကြပါဦး”
သမီးရှင်တွေ ရောက်လာပြီး သမီးနဲ့ မအေ ပြိုင်တူ ပြိုင်တူ ခေါ်ကြနဲ့။ ဆူညံကုန်
ပါရော၊
“အိမ်ပြန်မယ် – သမီး ကြောက်တယ်… ဟီး” “ကလေး-ကလေးမ”
“ရှင် – ရှင်”
“ဆရာကြီး မေးတာကို ဖြေပါ သမီး”
“ဆရာကြီးကို သိလား” ”
“ဆရာမတွေရော သိလား”
“သိ-သိပါတယ်ရှင့် – ရှင့်”
“သမီးကြောက်နေလား – ဟင်”
“ဘာကိုတွေ့လို့ ကြောက်အော်ရတာလဲ”
“ဟို-ဟို”
ကျောင်းသူလေးကကျောင်းအုပ်ဆရာကြီးမေးနေတာကိုမဖြေဘဲတုန်တုန်ရီရီ
စိုးရွံ့ဟန်နဲ့ ကျောင်းခေါင်းရင်းဘက်ကိုလှမ်းကြည့်လိုက်ရင်း…
“အမလေး- ဟိုမှာ- ဟိုမှာ- အား” “ကြောက်တယ်-ကြောက်တယ်-အမေ”
ကျောင်းသူကလေးသုံးဦး ရှေ့ဆင့်နောက်ဆင့်လန့်အော်ပြီးမျက်နှာကိုလက်ဝါး နဲ့အုပ်ပြီးတုန်ယင်နေပါကြပါရော။
ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမတွေအားလုံး ကျောင်းခေါင်းရင်းပြတင်း ပေါက်အတိုင်း မြင်နေရတဲ့ သင်္ချိုင်းကုန်းကို ပြိုင်တူလှမ်းကြည့်လိုက်ကြတယ်။ ” “အူ-ဂူ-အူ-ဝ”
“အမလေး ဖွဖွ”
-ခွေးတစ်ကောင် ကျောင်းဘက်ကိုလှည့်ကြည့်ပြီးအူနေလို့ ဆရာမအချို့က ဖွဖွ လုပ်ကြတယ်။
“ခွေးတစ်ကောင်ပါကလေးရဲ့။ ဘာမှမရှိ…”
“ရှိတယ် – ကြောက်တယ်- အိမ်ပြန်မယ်”
“အမေ-အမေ-သမီးကိုလာခေါ်ပါ
“သမီး- သမီး”
နောက်ဆုံ၊ ကြောက်လန့်တုန်ယင် ငိုရှိုက်နေတဲ့ ကျောင်းသူကလေး သုံးဦးကို သူ့မိခင်များလက် ပြန်အပ်ပြီး ခေါ်ခွင့်ပြုလိုက်ရတယ်။
“သရဲခြောက်လို့လား”
“သိဘူး”
“သူတို့အတော့်ကို ကြောက်လန့်နေတာ”
“ဟုတ်တယ်”
“သင်္ချိုင်းကုန်းထဲကများ ကိုယ်ထင်ရော့လာ၊”
“ကလေးတွေအမြင်မှောက်တာနေမှာပါလေ”
“ဆရာမတို့ရောတစ္ဆေသရဲကို မြင်ရလားဟင်”
“ကလေးတွေများ-ကံနိမ့်ပြီး”
“ဒုန်း- ဂလုံး-ကလုံး”
“အမယ်လေး- သောက်ပလုတ်တုတ်- ငါ့ဘကြီးနဲ့ ဆရာမလေးနဲ့ညား” “အို”
“ကန်တော့- ကန်တော့ပါဆရာမရယ်။ သရက်သီးသွပ်ပြားပေါ်ကြွေကျတာကို သရဲခုန်ချတယ်ထင်ပြီး လန့်လို့၊ ယောင်ယောင်-ကန်တော့နော်-ကန်တော့” အဲဒါသာကြည့်တော့ဗျာ။
ကျောင်းအမိုးသွပ်ပြားပေါ်သရက်သီးမှည့်တစ်လုံးကြွေကျလို့လန့်ပြီးအော်တာ
ထမီကိုကျွတ်ကရော- ဗွီ၊
ကိုးလုံးချက် မူလတန်းကျောင်းမှာကလေးတွေလန့်ပြီးအော်တာ၊ ငိုတာ၊တက်
တာ၊သတိလစ်တာတွေကနေ့တိုင်းလိုလိုဖြစ်နေတာဗျ။ ကျောင်းတက်ဘုရားရှိခိုးနေချိန်မှာဇတာ့ဘာမှမဖြစ်ကြဘူး။စာသင်နေတဲ့အချိန် မှာကလေးတွေလန့်အော်ကြ၊ ငိုကြ၊ ပူးကြတာဗျာ၊ ပထမနေ့ ကျောင်းသူသုံးဦးလန့်ငိုပူးတယ်၊ ဒုတိယနေ့ ကျောင်းသူငါးဦးလန့်ငိုပူး။
တတိယနေ့ကျတော့ ကျောင်၊သူ (၇)ဦး ရှေ့ဆင့်နောက်ဆင့် လန့်အော် ငိုကြ၊
ပူးကြ၊ ခုန်ကြ၊
နတ်ဝင်သည်လို တုန်ရီသူကတုန်ရီ၊ ဆွေ့ဆွေ့ခုန်တဲ့သူကရန်။
တောက်ခတ် ဖနောင့်ပေါက်၊ အော်ဟစ်သူက အော်ဟစ်၊ ဆရာ၊ ဆရာမတွေ ထိန်းမနိုင်ဖြစ်ကုန်ရော။
ဆရာမလေးတွေက သူတို့တပည့် မလေးတွေရဲ့ ဖြစ်အင်ကို မကြည့်ရက်လို့ ငိုကြ၊ ရှိုက်ကြ၊
ဒီစာသင်ကျောင်းမှာ သရဲပူးတယ်ဆိုပြီး သတင်းကြီးနေလို့ကျောင်းရှေ့မှာလာ ကြည့်တဲ့လူက မနည်းဘူး။
ဘူး။

နေ့စဉ်ရက်ဆက်လိုလိုလည်းဖြစ်နေတာကိုး။
အချို့မိဘတွေကဆိုရင် သူတို့သမီးတွေကို စာသင်ကျောင်း မလွှတ်ကြတော့
ကလေးတွေ ပူးတုန်၊ ကြောက်လန့်ဖြစ်တော့ ဆရာကြီးက ရေစင်တော် ရေမန်း ပရိတ်တော်ရေတွေ ပက်ဖြန်းလိုက်တယ်။ ဒီလိုလုပ်ပေးလိုက်ရင် ခဏနေတော့ ပူး တာ၊ခုန်တာ၊ အော်ဟစ်ငိုယိုတာငြိမ်သွားရော၊
“သမီး”
“ရှင်”
“နေကောင်းပြီနော်”
“ဟုတ် – ဟုတ်”
“နေကောင်းသွားရင် ဆရာကြီးတို့ မေးတာကို ဖြေပေးနော်”
“ဟုတ်- ဟုတ်”
“သမီးတို့ ဘာကိုမြင်ပြီးလန့်ကြတာလဲဟင်”
“ဟို-ဟို-သ-သရဲ-အဲ-အဲ
“ပြော-ဘာကိုတွေ့ ကြတာတုံး” “မိန်းမကြီး”
“ဟုတ်ပြီ – မိန်းမကြီး ဘာဖြစ်လဲ” “ထမီရင်လျားကြီးနဲ့”
“ဟေ”
“ဆံပင်ကို ဖားလျားချပြီးသ- သမီးကိုလက်ရပ်လှမ်း လှမ်းခေါ်တယ်” “ဘယ်နေရာက ခေါ်တာလဲ သမီ။” “ဟောဟို- ခြံစည်းရိုးစပ်သင်္ချိုင်းထဲက”
“ဟေ”
“ဆရာကြီးတို့ မမြင်ပါလားကွယ်၊ သမီးတို့ မြင်တယ်ဟုတ်လား”
“ဟုတ် – ဟုတ်”
“ဟိုသမီးလေးတို့ရောမြင်ကြလားဟင်”
“မြင်-မြင်ပါတယ် – ဆ – ရာကြီး”
“ဘယ်လိုမြင်တုံ – ဟင် – ဟင်”
“မိန်းမကြီးက မျက်လုံးပြူးပြတယ်”
“အံကြိတ်ပြီး ဖနောင့်ပေါက်တယ်” “ပြီး- ပြီး – ဟိုဟို”
“ပြာ-ပြောပါ-မကြောက်နဲ့ ပြော”
“ခေါင်း – ခေါင်းမပါတဲ့ယောက်ျားကြီးတွေ-တွေ” “ဟေ”
“ကျောင်းခြံစည်းရိုးကို ကိုင်လှုပ်ပြီး ဒေါ- ဒေါသတွေ ထွက်-ထွက်နေကြ
“ဘုရားရေ”
“သမီးတို့ကို လာခဲ့ရမယ်လို့ လက်ရပ်လှမ်းခေါ်နေတယ်၊ သမီးတို့ ခေါင်းယမ်း ပြတော့ထမီရင်လျားနဲ့အဘွားအိုကြီးတွေက…”
“ဘာဖြစ်လဲ… ဘာလုပ်ကြလဲ”
“ကျောင်းခြံစည်းရိုးကိုကျော်တက်ပြီး-ကျ-ကျွန်မတို့ဆီကိုပြေးလာ-လာကြ
လို့-ဟီး-ဟီး- ဟီ၊”

“ဘုရားရေ” “အလိုလေး-လေး “မြတ်စွာဗုဒ္ဓေါ”
“တိတ်ပါ သမီးတို့ရယ်။ ဆရာကြီးတို့ ရှိပါတယ်။ ဆရာကြီးတို့ ဒိကိစ္စ စုံစမ်းလေ့ လာပြီး သမီးတို့ မကြောက်မလန့်ရအောင် စီစဉ်ပေးမယ်- ဟုတ်လား”
“upos-upos”
“ဒီခေါင်းရင်းပြတင်းပေါက်ကနေမြင်ရတာလား”
“ဟုတ်- ဟုတ်”
သည့်နောက်ကျောင်းခေါင်းရင်းဘက်ခြမ်းပြတင်းပေါက်ကိုပိတ်ထားလိုက်ကြ
တယ်။ ပြီး ပရိတ်ရေမန်းများ နေရာအနှံ့ကြဲပက်ဖြန်းပြီးမနှောင့်ယှက်ကြပါနဲ့လို့ ပြော ဆိုလိုက်သတဲ့။
အခြောက်အလှန့်ခံရတဲ့ကလေးတွေပြောပုံအရဆိုထမီရင်လျာ။ဆံပင်ဖားလျား
နဲ့ အဘွားကြီးတွေ၊ မျက်လုံးပြူးပြူးကြီးကြီးနဲ့ မိန်းမတွေ၊ ဦးခေါင်းမပါတဲ့ ယောက်ျား ကြီးတွေ၊ ကိုယ်တုံးလုံးနဲ့ ကလေးတွေက စာသင်ကျောင်းခြံစည်းတိုင်တွေကို ကိုင် လှုပ်ပြီးအော်ဟစ်နေကြတာတဲ့။
အချို့ကကျောင်းစည်းရိုးကိုကန်ကျောက်ဆွဲနုတ်လုပ်ကြတာတဲ့။မိန်းမကြီးတွေ ကလက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ကြတာဆိုပဲ၊
အဝတ်ဗလာနဲ့ကလေးကြီးငယ်တွေကမြေကြီးခဲတွေနဲ့ စာသင်ကျောင်းကိုပစ်
ကြသတဲ့ဗျာ၊
ဆံပင်ဖားလျား၊ မျက်နှာမှာ အသီး အထွတ်အဖုကြီးတွေ ပြည့်နေတဲ့ မိန်းမကြီး တွေက ကျောင်းခြံစည်းရိုးကို တိုးဝင်၊ ဖောက်ဝင်၊ ကျော်တက်ပြီး ကျောင်းထဲကို ဝင် လာကြတာဆိုပဲ။
ဝင်လာပြီး သူတို့ စာသင်မိန်းကလေးတွေ၊ မြင်ရတဲ့ကလေးတွေကို ဝင်ဆွဲကြ တာတဲ့ဗျာ၊
အချို့ကလက်ဆွဲပြီးခေါ်တာခံရ၊
အချို့ကလေးမလေးတွေက ဆံပင်ကို ဆောင့်ဆွဲခေါ်ခံရ၊ အချို့ကလေးမလေး တွေကတော့ ပွေ့ချီခံရသလိုဖြစ်ပြီး လန့်အော်ငိုကြ၊ ပူးကြ ဖြစ်ကြတာတဲ့ဗျာ၊

သရဲပူးသလိုလို၊ တစ္ဆေပူးသလိုလို ကလေးတွေဖြစ်တဲ့နေ့ကစပြီး ကျောင်းသူ ကျောင်းသားတွေကို သင်္ချိုင်းကုန်းပေါ်မှာသွားရောက်ကစားခြင်း မပြုရဘူးလို့ ဆရာ ကြီးက အမိန့်ထုတ်လိုက်တယ်။
စာသင်နေချိန်မှာ ကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းဆရာတစ်ဦးတို့ကကျောင်း ကို ပတ်ပြီး ကင်းလှည့်စောင့်ကြည့်ကြတယ်၊
ပူး၊လန့်၊ကြောက်၊အော်ဖြစ်ကြတဲ့ကျောင်းသူမိန်းကလေးတွေကတော့ကျောင်း မလာကြဘူး။ ကျောင်းတက်ရမှာလည်း ကြောက်ရွံ့နေကြတယ်၊ ကျောင်းသားတွေလည်းသင်္ချိုင်းကုန်းပေါ်ကိုသွားမကစားကြတော့ဘူး။ကျောင်း
ရှေ့က ကွက်လပ်ကစားကွင်းငယ်မှာပဲဆော့ကစားကြတော့တယ်။ သို့သော် ဆရာကြီးတို့ ကင်းလှည့်စောင့်ရှောက်နေစဉ်မှာပဲ ကျောင်းထဲရှိ တတိယတန်းရှိစတုတ္ထတန်းကကျောင်းသူငါးဦးကိုဝင်ပူး၊လန့်အော်၊ထခုန်ဖြစ်ကြလို့
အနီးရှိ ကျောင်းသူကျောင်းသားတွေလည်းလွယ်အိတ်ဆွဲပြီးပြေးကြပါရောဗျာ၊
ဆရာကြီးလည်းအခက်တွေ့နေတာပေါ့ဗျာ။ အခု- စာသင်ခန်းထဲမှာ ပုန်းဒိုင်းကြဲနေပြီ၊ ဟိုကလေးကိုထိန်းလိုက်၊
ဒီကလေးကို ချောလိုက်။
ကျောင်းမှာကလေးတွေကိုအပမှီနေ၊ပူးနေတယ်ကြားကြရော၊ ရွာထဲ ရပ်ထဲက
လူတွေပြေးလာကြည့်ကြ။ မိဘတွေက ရင်ထုအော်ဟစ်ပြေးလာကြ။
“ဟင်း ဟင်း- ဟင်း-ဟင်း”
“ဟီး-ဟီး-ဟီး-ဟီး”
“ဟူး- ဟူး-အူ၊”
38-8-8-8-8 “အိန်’ဂိန်ဂိန် – ဂိန်”
ဘာပူးနေမှန်းမသိရတဲ့ ကျောင်းသူလေးတွေက ခုန်ပေါက်အော်ဟစ်၊ ခွေးတွေ က အူ၊ကျီးကန်းတွေကလန့်ပျံ၊ ညံနေတာပဲ။
ဒီမှာပဲ ကျောင်းသားမိဘတစ်ဦးက ပယောဂကုဆရာကြီးတစ်ဦးကို ခေါ်ပြီး ကျောင်းထဲဝင်လာတာ။
သူက ဆရာကြီး ဦးရွှေဘော်တို့ကို ပြောပြတယ်။

“ဆရာကြီး”
“ဟုတ်ကဲ့ – ပြောပါ ခင်ဗျာ”
“ဟာဒါ… ပယောဂကုတဲ့၊ နိုင်တဲ့ဂိုဏ်းဆရာကြီးပါခင်ဗျာ။ နာမည်ကဆရာကြီး ဦးတိုင်းချစ်တင်လို့ခေါ်ပါတယ် ခင်ဗျ”
“ဟုတ်ကဲ့-ကျွန်တော်က ကျောင်းအုပ်ကြီး ဦးရွှေဘော်ပါ- ဆရာကြီး။ ကူညီ ဖြေရှင်းလို့ရရင်ကူညီဖြေရှင်းပေးပါ-ဆရာကြီးရယ်။ကျွန်တော်တို့လည်း
ညစ်ထိတ်လန့်နေရပါတယ် ခင်ဗျ”
“ခုလိုဖြစ်နေတာ ဘယ်နှရက်ရှိပြီလဲ-ဆရာကြီး”
“ဆယ်ရက် ရှိသွားပါပြီ ခင်ဗျ”
“ကျုပ် စစ်ဆေးကြည့်ပါရစေ။ ကျောင်းအုပ်ဆရာကြီး ခွင့်ပြုမယ်လား” “ခွင့်ပြုပါတယ်။ စစ်ဆေးကူညီပါ ဆရာကြီး”
ဒီမှာအထက်ဂိုဏ်၊ဆရာဆိုလား၊
နေ့စဉ်စိတ်
ယောဂီဝတ်စုံ၊ယောဂ်ခေါင်းပေါင်းပေါင်းထားတဲ့အသက်(၇ဝ)ခန့် ပယောဂကု
ဆရာကြီးက အော်ဟစ်ခုန်ပေါက် ထိန်းချုပ်မရဖြစ်နေတဲ့ကလေးမလေး တစ်ဦးရှေ့ မှာရပ်ပြီ..
“ဟဲ့-ကလေးမ”
“ဟူး- အူး- ဟူး- ဟူး – ဟင်း ဟင်း – ဟင်း”
“ကလေးမ‘သမီးနာမည် ဘယ်လိုခေါ်လဲ”
“ဝုန်း”
“ဟင်း-ဟင်း-ဟင်း-ဟင်း”
အပမှီပုံရတဲ့ကလေးမလေးကဆရာကြီးတိုင်းချစ်တင်ကိုမျက်လုံးပြူးကြည့်ပြီး
ကုန်ပါ၊ ရုန်းပါရောဗျာ။
“သမီး- စိတ်ကိုထိန်းပါ။ ကိုယ့် နာမည်ကိုယ်မသိဘူးလား”
“ဟင်း-ဟင်း- ဟင်း-ဟင်း-ဟင်း- သိတယ် – သိတယ် – နင် – နင် – ဝင်-
ဝင်မပါ-ပါနဲ့”
“ဟယ်”
“အို”

“ဟဲ့သမီး- လူကြီးကို ဒီလိုမပြောရဘူးလေ”
“သယ်
“အမလေး”
ဆရာမတစ်ဦးက ပယောဂဆရာကြီးကို “နင်ဝင်မပါနဲ့”လို့ ပြောလိုက်လို့ ဝင် ဖျောင်းဖျရော၊ မျက်လုံးပြူးပြီး သယ်”လို့ အော်လိုက်တာ။
ဗျ။
ဆရာ၊ ဆရာမတွေအားလုံးလန့်ဖျပ်အံ့ဩကုန်ပါရော။အချို့များထွက်ပြေးတာ
“ကိုင်း-ကိုင်း-ကလေးတွေကိုမနှောင့်ယှက်၊ မဖမ်းစားပါနဲ့။ ကလေးများကိုယ် စား၊ ကျောင်းရဲ့ကိုယ်စား ကျုပ်က မေတ္တာရပ်ခံပါတယ်။ သင် ဘယ်လိုပုဂ္ဂိုလ်ပါလဲ။ ဘာအလိုရှိလို့ရောက်လာတာပါလဲ။ကလေးတွေကဘယ်လိုအမှားတွေပြုမိလို့ပူးဝင် နှောင့်ယှက်ရတာပါလဲ။ ပြောပါ- ပြောပါ” ပယောဂဆရာကြီးကညင်ညင်သာသာ မေးတာပါ။
“ဟင်း- ဟင်း”
“ပြောပါ- သင် ဘယ်လိုပုဂ္ဂိုလ်ပါလဲ”
“ဟင်း- ဟင်း- ဟင်း”
“ကလေးတွေအမှားလုပ်တာ ရှိပါသလား။ ရှိရင် ခေါင်၊ညိတ်ပြပါ” အပူးခံနေရတဲ့ကလေးမက ခေါင်းယမ်းပြတယ်၊
“ဒါဆိုလူကြီးတွေအမှားလုပ်ခဲ့လို့လား”
သူ ခေါင်းညိတ်ပြတယ်၊ လူကြီးတွေ မျက်လုံးပြူးကုန်ကြပြီ။ “သူတို့ ဘာအမှားလုပ်ကြသလဲ-ပြောပြပါ”
“ဟင်း-ဟင်း- ဟင်း-ဟင်း”
“ဝူး-ဟူး- ဟူး … ဟူး”
ကလေးမလေးရဲ့အသံကမိန်းကလေးအသံမဟုတ်ဘဲမိန်းမအသက်ကြီးကြီးရဲ့ ဒေါသဖြစ်နေတဲ့အသံဖြစ်နေတာကို မယုံနိုင်အောင် ကြားနေရပါရော၊
“ပြောပါ- လူကြီးတွေ ဘာအမှားလုပ်ပါသလဲ”
“ဟင်း-ဟင်း – ဟင်း – သူ – သူတို့ ငါ-ငါတို့မြေ-မြေကို ခိုးတယ်-ခိုးတယ်”
“ဗျာ”
“ဘာ

“အလိုလေးရှင်
“မြေခိုးတယ် – ဟုတ်လာ။ ဘယ်သူ့မြေကိုခိုးလို့လည်း ပြောပါ” “ဟူး-ဟူး-ဟူး-တောက်”
“ဒေါသမဖြစ်ပါနဲ့ – မေတ္တာရပ်ခံပါတယ်။ ပြောပါ- ဘယ်မြေကိုခိုးလို့တုံး” “ငါတို့နေတဲ့- ဟောဒီသင်္ချိုင်းမြေကိုခိုးထားတယ်။ ဟင်း-ဟင်း- ဟင်း – ခိုးထား တဲ့ မြေကို ပြန်ပေးရင်ပေး၊ မပေးရင် ငါတို့အကြောင်း သိရစေမယ်ဟေ့-ဟူး-ဟူး- ဟူး-ဟီး-ဟီး- ဟီး”
“ဘုရားရေ” “ပြဿနာပဲ”
“သင်္ချိုင်းမြေခိုးလို့တဲ့”
ဒီမှာ ပယောဂကုဆရာကြီး ဦးတိုင်းချစ်တင်က ကျောင်းအုပ်ဆရာကြီးဘက်
လှည့်ပြီး …
“ဆရာကြီး” “ဟုတ်ကဲ့”
“သင်္ချိုင်းမြေခိုးလို့ ဝင်ပူးနှောင့်ယှက်တာပဲ၊ ဆရာကြီးတို့ သချိုင်းမြေများ ခိုး သလားခင်ဗျာ”
“ကျွန်တော်-မ-မသိ-သိ”
“ကျွန်တော် ရှင်းပြပါရစေ – ဆရာကြီး”
ကျောင်းအုပ်ဆရာကြီးမဖြေနိုင်တုန်းမှာလူကြီးတစ်ဦးကပယောဂကု ဆရာကြီး
ကိုတိုးတိုးလေးပြောလိုက်တယ်၊
“ဆရာကြီးခင်ဗျား-ဟောဒီစာသင်ကျောင်းကိုအသစ်ပြန်ဆောက်တော့လက် သမားတွေက မူလခြံစည်းရိုးကိုကျော်ပြီး မြေချဲ့ဆောက်မိကြတယ်။ သင်္ချိုင်းမြေမှန်း
မသိတသိနဲ့ဆောက်ကြတာပါ။ခြံစည်းရိုးလည်းတိုးကာလိုက်တော့သင်္ချိုင်းမြေနည်း
နည်းပါသွားမှန်းကျောင်းဆောက်ပြီးမှသိသွားကြပါတယ် ခင်ဗျ၊ ကျောင်းပြန်ဖျက်ဖို့ လည်း မဖြစ်နိုင်လို့ ဒီအတိုင်း မသိချင်ယောင်ပြုနေမိကြပါတယ် ခင်ဗျ
“ဒါကြောင့် ဖြစ်ကြတာကို။ ရှင်းပြီပေါ့လေ။ ဒါဆို ကျောင်းဆောက်တဲ့ဘက်က လူတွေအမှားပဲပေါ့

“ဒီလိုဖြစ်လာမယ်လို့မထင်တာနဲ့”
“ခု-ကျော်မကောင်း၊ကြားမကောင်းဖြစ်ကုန်ပြီမဟုတ်လား။ ခင်ဗျားတို့လူကြီး
တွေ မဆင်မခြင်လုပ်တဲ့ကိစ္စကြောင့် အပြစ်မရှိတဲ့ကလေးတွေ ခြောက်လှန့်ပူးကပ် ညှဉ်းဆဲခံနေရပြီလေ။အခု- ဘယ်လိုလုပ်ကြမတဲ့။”

ကျောင်းအကျိုးတော်ဆောင် လူကြီးရော၊ ကျောင်းအုပ်ဆရာကြီးရော ဘာမှ
မပြောနိုင်ကြဘူး။
“ဘယ်လိုလုပ်မတုံး”
“ဟူး- ဟူး- ဟူ၊ – နင်တို့သူခိုးတွေငါတို့မကျေနပ်ဘူး၊ ငါတို့မြေကိုပြန်ပေ။ငါတို့ နေတဲ့မြေပေါ်က ဖယ်ပေးကြ-ဟူး- ဟူး-ဟူး”
အပဝင်ပူ၊နေတဲ့ကလေးကလည်းလူကြီးသံနဲ့ အော်ဟစ်ကြိမ်းဝါးနေပြီဗျ။ “နင်တို့အားလုံးငါတို့အကြောင်း သိရစေ့မယ်ဟေ့”
မိန်းကလေးငါးဦး ဝုန်းဒိုင်းကြဲခုန်ပေါက်အော်ဟစ်နေပါရော။
“ကိုင်း-ကိုင်း- ဒိသချိုင်းမြေပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ မမြင်ရ၊ မြင်ရ ပုဂ္ဂိုလ် များခင်ဗျား- ဒီကလူကြီးတွေကလည်း သူတို့အမှားကို သူတို့ဝန်ခံပါတယ်၊ ကျောင်း ကလည်း ဆောက်လုပ်ပြီးစီးသွားပြီမို့ ပြန်ဖျက်ရွှေ့ဆောက်ဖို့လည်းအခက်အခဲရှိနေ ပါတယ်တဲ့။ သူတို့အမှားကိုလည်း ဝန်ခံတောင်းပန်ပါတယ်တဲ့။ ဒါကြောင့် နားလည် သည်းခံခွင့်လွှတ်ပေးပါလို့တောင်းပန်ပါတယ်”
“ဟင်း-ဟင်း-ဟူး-ဟူး”
ပူးနေတဲ့မိန်းကလေးငါးဦးခေါင်းတွေယမ်းပြတယ်၊လက်မခံဘူးတဲ့။ ဆရာကြီး ကလည်း တောင်းပန်မေတ္တာ ရပ်ခံပါတယ်၊ သူတို့ ဖယ်ပေးရမယ်လို့ ဇွတ်တင်းပြော နေကြတယ်၊
“ကျောင်းအုပ်ကြီးဘယ်လိုလုပ်ကြမတုံး။သူတို့ကိုတောင်းပန်မေတ္တာရပ်ခံတာ
လည်း ခေါင်းယမ်းပြကြတယ်။ ကျောင်းကို ဖျက်ရွှေ့လို့ရနိုင်မလာ၊”
“ကျောင်းဖျက်မယ်ဆိုရင် ကျောင်းသားတွေ ဘယ်မှာစာသင်လို့ရမှာလဲ ဆရာ
ကြီးရယ်၊ ပြီး- ကုန်ကျစရိတ်အသစ်အတွက်ရံပုံငွေက မရှိပါဘူးဗျာ” “ဒီလိုဆိုရင် ရွှေ့ပေးဖျက်ပေးလို့မဖြစ်နိုင်ဘူးပေါ့နော်”

“အဲအဲ – ခုလိုသိရပြီဆိုတော့လည်း ကျောင်းသားမိဘ ဆရာအသင်းဝင်တွေနဲ့ တိုင်ပင်ပြီးမှအဖြေပေးလို့ရမှာပါ ခင်ဗျာ”
“ဟူး- ခက်တာပဲကို”
ပယောဂစစ်ဆေးသူ ဆရာကြီး တိုင်းချစ်တင် သို့ကလို ပြောလိုက်စဉ်မှာပဲ ကျောင်းသားမိဘတစ်ဦးက.
“ဆရာကြီး ဦးတိုင်းချစ်တင် ခင်ဗျ”
“ဟုတ်ကဲ့” ပြောပါ”
“ဒီကလေးတွေကို သင်္ချိုင်းကုန်းက တစ္ဆေသရဲတွေ ခြောက်လှန့်ပူးကပ်နေတာ
ပါလား- ဆရာကြီး” “ဟုတ်ပါတယ်ဗျာ”
“ဆရာကြီးအနေနဲ့ ကလေးတွေကို ပူးကပ်နှောင့်ယှက်နေတဲ့ မကောင်းဆိုးဝါး တစ္ဆေသရဲတွေကို နှင်လို့၊ ထုတ်လို့မရဘူးလား – ဆရာကြီး”
“ထုတ်လို့ရပါတယ်”
“ရရင်ထုတ်နှင်ပေးပါလား ဆရာကြီးရာ – ဟင်”
ထိုလူကထုတ်နင်ပေးဖို့ ဝင်အကြံပြုတော့ကျန်-ကျောင်းသားမိဘများ၊ ဆရာ များကလည်း ပူးကပ်နေတဲ့ သရဲတစ္ဆေကို နှင်ထုတ်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုကြပါ ရောဗျာ။ဒီမှာပယောဂဆရာကြီးတိုင်းချုပ်တင်က ..
“မိတ်ဆွေတို့ကျုပ်ဧဟောဒီကလေးတွေကိုပူးကပ်ဝင်ရောက်နှောင့်ယှက်ခြောက် လှန့်နေတဲ့သင်္ချိုင်းကုန်းကတစ္ဆေသရဲအဖကောင်တွေကိုထုတ်နင်ပေးမယ် -ကြည့်
ကြပါ”
ပယောဂဆရာကြီးဦးတိုင်းချစ်တင်က သို့ကလို ပြောပြီးနောက်လက်အုပ်ချီပြီး ဂါထာမန္တန်တွေကို ရွတ်လိုက်တယ်ဗျ။ ပြီး- ပူးဝင်အော်ဟစ်နေတဲ့ ကျောင်းသူလေး တွေရဲ့ဦးခေါင်းပေါ်ကို သူ့လက်ဝါးနဲ့အုပ်လိုက်ရော..
“အား-အား—–လုပ်နဲ့ – မလုပ်နဲ့”
“ငါ့ကိုကြောက်ရဲ့လား“ကဲ”
“အား-အီး”
လူးလွန့်အော်ဟစ်ပါရောဗျို့။
“နောင်ကို ဒီကလေးတွေကိုနှောင့်ယှက်ဦးမလား”

“အမယ်လေး- မလုပ်ပါနဲ့ – အား” “ခြောက်လှန့်ဦးမလားဟေ့”
“မ-လှန့်-တော့-ပါ-ဘူ၊- ရှင့်- အား” “ကတိပေးမှာလား”
“အင်း-အင်း”
“ကတိမတည်ရင် နင်တို့ ငါနဲ့တွေ့မယ် သိလား၊ ခုချက်ချင်း ပူးကပ်နှောင့်ယှက် နေတာတွေထွက်ကြ။အထက်ဆရာတော်ဘုရားကြီးများနဲ့ဘုရားငါးဆူအမိန့်တော်-
ကိုင်း”
“အား-အား-အား”
“ဝုန်း”
ပူးဝင်နေတဲ့အပကောင် ချက်ချင်းထွက်သွားလို့ကျောင်းသူလေးလဲကျ၊ သတိ လစ်သွားခဲ့တယ်။မြင်ရသူတွေပို၊ရိမ်ထိတ်လန့်၊ အော်ဟစ်နေချိန်မှာပဲ ဆရာကြီးက သတိလစ်နေတဲ့ ကျောင်းသူလေးရဲ့မျက်နှာကိုလက်ဝါးနှင့် သပ်ချလိုက်ရောကလေး မလေးပြန်သတိရလာပြီး ဝမ်းနည်းပက်လက် ငိုပါရောဗျာ။
အခြားအပအနောင့်ပူးဝင်နေတဲ့ ကျောင်းသူလေးများကိုလည်း ဆရာကြီးတိုင်း
ချစ်တင်ကထုတ်ပေးလိုက်ရောအားလုံးပုံမှန်အနေအထားကိုပြန်ရောက်၊သတိရပြီး
ငိုကြပါရော။
လက်တွေ့ မြင်ရတဲ့ဆရာ၊ဆရာမတွေ၊ ကျောင်းသားမိဘတွေ၊ရွာထဲကလူတွေ ဟာ ပယောဂထုတ်နိင်တဲ့ ဆရာကြီးဦးတိုင်းချစ်တင်ကို ကျေးဇူးတင်၊ လေးစားလို့ မဆုံးနိုင်အောင် ဖြစ်ကြပါရောဗျာ

ပယောဂကုဆရာကြီး ဦးတိုင်းချစ်တင် ကောင်းမှုကြောင့် ကျောင်းမှာသရဲပူး၊ တစ္ဆေပူး၊ ဟို – ကြောက်လန့်တာတို့တစ်ပတ်တိတိ မဖြစ်ခဲ့ဘူးဗျာ၊
အားလုံးဝမ်းသာကျေနပ်ပျော်ရွှင်ကြပေါ့။
ကျောင်းသူကျောင်းသားတွေလည်းနဂိုကလိုပဲပျော်ပျော်ရွှင်ရွှင်ကျောင်းတက်၊
ဆော့ကစားမြဲကစားကြ၊ စာသင်ကြ၊ ဆရာ၊ဆရာမတွေလည်းစိတ်ချမ်းသာဖြစ်နေ တုန်းမှာပဲ စတုတ္ထတန်းက ကျောင်းသူကိုးဦး တစ်ပြိုင်နက်တည်း သရဲပူးပါလေရော
ဗျား

ကိုးယောက် ပြိုင်တူပူးပြီး အော်ဟစ်သောင်းကျန်းတာ။ ဆရာ၊ ဆရာမတွေထိန်းလို့အုပ်လို့မနိုင်ဘူးဗျ။
နောက်ဆုံး ဧည့်သည်ဂိုဏ်းဆရာကြီး ဆရာတိုင်းချစ်တင်ထံကိုပြေးပြီး အကူ အညီတောင်းရပြန်ပါရော။ ဆရာကြီးတိုင်းချစ်က ပြောပြီဗျို့။
“ကျောင်းအုပ်ကြီး”
“ခင်ဗျာ- ဆရာကြီးတိုင်းချစ်”
“ဒီလိုပူးဝင်နှောင့်ယှက်လိုက်၊ ပယောဂကုဆရာနဲ့တွေ့ရင် ပယောဂ အပထွက် သွားလိုက်ကမကြာခဏဖြစ်နေမှာပဲဗျ၊အဓိကကဆရာကြီးတို့ဘက်ကမှားနေတယ်
လေ၊ သင်္ချိုင်းမြေထဲ ကျူးဝင်ဆောက်ထားတာ မှန်ပါတယ်လို့လည်း ဝန်ခံခဲ့ကြပြီ။ သင်္ချိုင်းထဲက ပရသာ၊တွေ့ကလည်း ကျူးဝင်တာ မဖယ်ပေးသရွေ့ ခုလိုပဲ လစ်ရင် လစ်သလိုဝင်ရောက်ပူးဝင်၊ခြောက်လှန့်လုပ်နေမှာပဲ။ကျုပ်တို့ပညာရပ်ပိုင်းကလည်း အမှားပြုလုပ်ထားတဲ့ဆရာကြီးတို့စာသင်ကျောင်းဘက်ကဘက်လိုက်ပြီး၊ မှန်နေတဲ့ ပရလောကသားတွေကိုဒဏ်ခတ်လို့မရဘူးလေ။ကျုပ်တို့ပညာတော်မြတ်ကြီးသင်
ဆရာတွေလည်း အဂတိတရားကင်းစင်ပြီး မှန်ကန်ရာကို ပြုလုပ်ရပါတယ်။ ကျုပ်တို့ မမှန်မကန်ပြုခဲ့ရင်ကျုပ်တို့ကိုဘုရားသခင်တွေကဒဏ်ခတ်ကြလိမ့်မယ်။ဒဏ်ထိရင် ပညာကန်းရော၊ ကျုပ်တို့လည်းမှန်နေတဲ့ပရသားတွေအပေါ်မရက်စက်ချင်ဘူးဗျာ။ ကျုပ်တို့ ပညာပိုင်းအမြင်ရပြောရရင် သူတို့မြေကို ပြန်ပေးလိုက်ပါ။ ပြန်မပေးချင်ရင် သူတို့ထံမှာအလှူခံကြည့်ပေါ့။ ကျုပ်အမြင်အတွေ့အကြုံအရပြောရရင် ကျောင်းမြေ ကို နောက်ဆုတ်ပြန်ပေးလိုက်ရင် ခုလိုပူးတာ၊ ကပ်တာ၊ နှောင့်ယှက်တာ၊ လန့်တာ မရှိတော့ဘူးလို့ ယုံကြည်တယ်။ ကျောင်းဖျက်ရွှေ့တာ၊ မရွှေ့တာက ဆရာကြီးတို့ သဘောပါပဲ။ ရော့- ဒီရေမန်းယူသွားပြီးအပမှီနေ၊ပူးဝင်နေးတဲ့ကလေးတွေရဲ့ခေါင်း ပေါ်ကိုယ်ပေါ်ကို ဒီရေမန်းဗျန်းပေးလိုက်။ အားလုံးထွက်သွားလိမ့်မယ်။ ကျပ် ဒါမျှပဲ ကူညီနိုင်မယ်ဗျာ-နော်
ဆရာကြီးဦးတိုင်းချစ်တည်းခိုနေတဲ့အိမ်ကပြန်လာပြီ၊ဆရာကြီးပေးတဲ့ ရေမန်း
နဲ့ပက်လိုက်တော့မှအပမှီပူးကပ်နေတာ ငြိမ်ကျသွားခဲ့တယ်ဗျာ၊ ဒီလိုပူးကပ်နှောင့်ယှက်နေတာ မကြာခဏပဲ၊

ကျောင်းအုပ်ကြီးကိုလည်းပရသားတွေကအိပ်မက်ပေးကြသတဲ့။ သူတို့နေတဲ့
မြေပြန်ပေးပါတဲ့။
သတဲ့၊
မြေသူခိုးတွေလို့ ဝိုင်းစွပ်စွဲကြသတဲ့၊
မြေပြန်မပေးရင် တစ်ကျောင်းလုံးရူးအောင်လုပ်ပစ်မယ်လို့ အိပ်မက်ပေး ပြော
နောက်ထပ် ပယောဂဆရာအသစ်တွေ ခေါ်ပြီး ရှင်းလည်း မရဘူး။ နောက် ပယောဂဆရာတွေကလည်း ဆရာကြီးဦးထိုင်းချစ် ပြောသလိုပဲကျောင်းရွှေ့ပြီး မြေ ပြန်ပေးဖို့ပဲ အကြံပြုကြတယ်၊ အခက်တော့ကြုံနေရပြီ။ ဘယ်လိုလုပ်ရပါ့။
ကျောင်းဖျက်ရွှေ့ဖို့က ငွေမတတ်နိုင်။ ကျောင်းဆောက်ခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ အမြော်အမြင်နည်းခဲ့၊မဆင်မခြင်လုပ်ခဲ့ကြတဲ့လုပ်ချက်ကတစ်ကျောင်းလုံးကိုဒုက္ခ
ပေးနေပြီ။
ဒီပရသားတွေအကြောင်းက မယုံရအခက်၊ ယုံရအခက်၊ သူ့တပည့်တွေ ပူးဝင် ကြောက်လန့်နေတာ ရက်တွေမနည်းတော့။ သရဲပူး၊ တစ္ဆေပူးနေတာအမှန်ပဲလား။ သုသာန်မြေကိုကျူးမိလို့ဖြစ်တာရော- အမှန်ပဲလား။
နောက်ဆုံး ဒီဖြစ်ရပ်ဆန်းကြယ် ဖြစ်နေတဲ့ကိစ္စအပေါ်ပညာရေးမှူးထံရော မြို့နယ်ကောင်စီကိုပါတင်ပြအစီအရင်ခံလိုက်ရတော့တယ်။
လူကြီးတွေကိုဖြစ်နေတဲ့ အကြောင်းအရာကို သက်သေလူကြီး အစုံအလင်နဲ့ တင်ပြတော့ပညာရေးဌာနကတာဝန်ရှိသူတွေ၊ဌာနဆိုင်ရာလူကြီးတွေ ဆင်းချလာ ပြီး ကိုယ်တိုင် မျက်မြင်လေ့လာကြပါရော။
သူတို့လည်း စတုတ္ထတန်းနဲ့ တတိယတန်းက ကျောင်းသူအတော်များများ ကယောင်ချောက်ချား စုန်းပူးသလို၊ သရဲပူး၊ နတ်ပူးသလိုဖြစ်နေတာမြင်တော့အံ့ဩ ကုန်ကြရော၊
သို့သော် သူတို့က ပညာတတ်တွေ၊ သရဲတစ္ဆေဆိုတာလက်မခံချင်ကြဘူး။ ဒါ- ကျန်းမာရေးကိစ္စကြောင့် ဖြစ်တာနေမှာလို့ ယုံကြည်တဲ့အတွက် မြို့နယ် ကျန်းမာရေးဦးစီးဌာနကကျန်းမာရေးဝန်ထမ်းတွေ၊ဆရာဝန်ကြီးတွေပါကျောင်းကို

ခေါ်လာပြီး ပယောဂဝင်နေတဲ့ ကလေးမကောင်းသူတွေရော၊ အခြားကျောင်းသူ ကျောင်းသားတွေကိုပေါ့။ကျန်းမာရေး စစ်ဆေးခဲ့ကြတယ်။
အပျိုဖော်ဝင်စပြုလုမိန်းကလေးတွေလည်းဖြစ်ကြသလို့စေ့စေ့စပ်စပ် မေးမြန်း
စစ်ဆေးပြီး ဆေးဝါးကောင်းတွေပါ သောက်ဖို့ပေးခဲ့တယ်၊
သောက်ရေ၊ သုံးရေတွေကိုလည်း စနစ်တကျ စစ်ဆေးကြတယ်။ ဒါ့အပြင် စိတ် ရောဂါကုဆရာဝန်ကြီးတွေပါ ရောက်ရှိလာပြီးကျောင်းသူကျောင်းသားတိုင်းရဲ့စိတ် ကျန်းမာရေးအခြေအနေကို စစ်ဆေးခဲ့ကြတယ်။
အပြစ်အနာအဆာမရှိကြပါဘူးတဲ့။စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေကတစ္ဆေ
သရဲဆိုတာမရှိဘူး။ ကြောက်စရာမလိုဘူးလို့ရှင်းပြကြတယ်။ပြီး-ကလေးတွေ စိတ် ဓာတ်ရဲရင့်အောင် သူရဲကောင်းပုံပြင်တွေ ပြောပြကြ၊ ရဲစွမ်းသတ္တိဗွီဒီယိုတွေ ဖွင့်ပြနဲ့ စိတ်ဓာတ်မြှင့်တင်ပေးခဲ့ကြတယ်ဗျာ၊
သို့သော်များမကြာခင် ဟိုနေ့ကဖြစ်စဉ်အတိုင်းပယောဂဝင်ကြ၊ ပူးကြ၊ ခုန်ကြ၊ အော်ဟစ်ကြ၊ထိတ်လန့်ကြ၊ထွက်ပြေးကြ၊သတိလစ်ကြ၊ငိုကြွေးကြ၊စာသင်ကျောင်း
လေးဟာထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တွေနဲ့ တုန်လှုပ်ချောက်ချားနေကြရဲ့။ ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စကို လူကြီးပိုင်းက ယုံသူလည်း ရှိကြရဲ့၊ မယုံသူလည်း
ရှိကြရဲ့၊
တဲ့၊
သံဃာတော်အရှင်သူမြတ်ကြီးတွေကလည်း မိန့်တယ်။
မြင်ရ၊ မမြင်ရ ပရသားတွေ ကျေနပ်အောင်လုပ်ပေးနိုင်ရင်လုပ်ပေးလိုက်ကြပါ
ဂမ္ဘီရပညာရှင်တွေကလည်းအကြံပေးကြတယ်ဗျ။
ကိုယ့်ဘက်ကမှားနေရင်ကိုယ်ပြင်လိုက်ပါတဲ့။
သက်ရှိလောကမှာပဲဖြစ်ဖြစ်၊ မမြင် ရတဲ့ ပရလောကမှာပဲဖြစ်ဖြစ် နေရာဆိုတာ ရှိတယ်တဲ့၊ သူ့နယ်ကိုယ့်နယ် မကျူးကျော်တာအကောင်းဆုံးပဲတဲ့။ ဟုတ်တာပဲဗျ။ စည်းတော့ ရှိသင့်တာပဲဗျာနော်၊
သစ်ပင်ကြီးတွေကို ခုတ်ချင်တိုင်း ခုတ်လို့မရဘူးလေ၊
သစ်ပင်တွေမှာ ပရသားတွေ မှီခို နေကြတာ။
အချို့သစ်ပင်ကြီးတွေကအုန်းပွဲ၊ ငှက်ပျောပွဲပေ။တောင်းပန်၊ နေရာချပြီးမှ ခုတ်
လို့ရတာရှိတယ်၊

ပြောရင်ယုံကြမှာမဟုတ်ဘူး။
ကိုယ်တွေ့ကြုံဖူးသူတွေကတော့လက်ခံတယ်။ဟော-အခု-ကိစ္စပြတ်အောင်
ရှင်းပြပြီး
မြို့နယ်ပြည်သူ့ကောင်စီကလူကြီးတွေ၊စည်ပင်သာယာကလူကြီးတွေ၊ မြေယာ
ကလူကြီးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ သရဲဝင်ပူးတဲ့ကျောင်းရှိရာရောက်လာကြတယ်။ ဒီနေ့ ဇူလိုင်လ (၉)ရက်၊ မင်းမိန့်ပြန်မယ်တဲ့။
မင်းမိန့်ပြန်တာ မမြင်ဘူး။ မကြားဘူးကြတော့ ကြားကြသမျှလူတွေ လာကြည့် ကြတာ၊ စာသင်ကျောင်းရှေ့နဲ့ သင်္ချိုင်းကုန်းဝန်းကျင်မှာ မနည်းဘူးဗျာ၊ စာသင်ကျောင်းခေါင်းရင်းဘက်ကျောင်းစည်းရိုးရှေ့မှာမြို့နယ်ပြည်သူ့ကောင်စီ ကိုယ်စားလှယ်(လူမှုရေးတာဝန်ခံ)ကအမိန့်စာစာရွက်ကိုကိုင်ပြီးသင်္ချိုင်းကုန်းရှိရာကို စိုက်ကြည့်နေတယ်။ သူ့နံဘေးဘယ်ညာမှာကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာမ တွေ ကျောင်းအကျိုးတော်ဆောင်တွေ၊ ဌာနဆိုင်ရာ လူကြီးတွေ၊ ရဲအရာရှိနဲ့ လက် နက်ကိုင်ရဲသားတွေတန်းစီနေရာယူထားကြလို့ဗျ။
ကျောင်းသားမိဘ၊ ရပ်သူရွာသားနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကလည်း ကျောင်းဝင်း၊ကျောင်းပြင်ကနေငြိမ်သက်စွာရပ်ကြည့်နေကြတာ။ဒါမျိုးမမြင်ဖူးဘူး
အချိန်က နံနက်ကိုးနာရီတိတိ၊
မြို့နယ်လူကြီးက အောင်မြင်တဲ့အသံနဲ့ အမိန့်စာကို ဖတ်လိုက်တယ်။
သို့/
“ မြို့နယ်၊ကိုးလုံးချက်ကျေးရွာသင်္ချိုင်းအတွင်းမှီတင်းနေထိုင်ကြကုန်သော ပရဝိညာဉ်လောသားတို့အားလုံးအားမြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌမှတရားဝင်မင်း
မိန့်ပြန် အသိပေးပါသည်။
ကိုးလုံးချက်ကျေးရွာအစိုးရမူလတန်းစာသင်ကျောင်းသစ်(…..) နေ့ကပြန် လည်ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ကျောင်းသစ်ပြန်လည်ဆောက်လုပ်ရာမှာကိုးလုံး
ချက် သချိုင်းမြေအတွင်းသို့ လေးပေမျှ ကျူးဝင်ဆောက်လုပ်လျက် ဖြစ်သွားခဲ့ပါ
သည်။

ထိုသို့ မြေငါးပေမျှ ကျူးကျော်ဝင်ဆောက်လုပ်မိသည့်အတွက် ကျူးဝင်မိတာ မြေလေးပေ၊အရှည်ပေတစ်ရာ့ငါးဆယ်ကိုနဂိုမူလရှိရင်းစွဲ ကိုးလုံးချက်သင်္ချိုင်းအရှေ့ ဘက်သို့ တရားဝင် ပြေအစားထိုးပေးအပ်လိုက်ပါသည်။
ကျောင်းသစ်ဆောက်၍ ကျူးဝင်သွားသည့်မြေကို အစားထိုးရှေ့တိုး၍ ကိုးလုံး ချက်သင်္ချိုင်းပိုင်မြေအဖြစ် ယနေ့ ယခုအချိန်မှစ၍ တရားဝင်သတ်မှတ်လိုက်ပြီဖြစ် သည်။
သို့ဖြစ်ပါသောကြောင့် ကိုးလုံးချက် အစိုးရပိုင် မူလတန်းစာသင်ကျောင်းမြေ အရှေ့အနောက် တောင်ပြောက် ဧက (…..) သည် ကျောင်းပိုင်မြေဖြစ်သွားပြီဟု နိုင်ငံတော်အစိုးရမှ တရားဝင်ပြင်ဆင်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်သည်။
၁၉၇၀ – ခုနှစ်၊ ဇူလိုင်လ (၉)ရက် နေ့မှစ၍ ကျောင်းပိုင်မြေနဲ့ သုသာန်ပိုင်မြေတို့ သည် အသီးအခြား ပိုင်းခြားတိုးချဲ့ဖြည့်စွက်သတ်မှတ်ပြီးကြောင်း နိုင်ငံတော်အစိုးရ တိုယ်စား ကျွန်တော်ကတရားဝင် ကြေညာလိုက်သည်။
ယနေ့ယနေအချိန်မှစ၍ ကိုးလုံးချက်မူလတန်းကျောင်း၏ ပညာသင်ကြားရေး ဆိုင်ရာ ကိစ္စအဝဝကို မည်သူမျှ နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရ။ နှောင့်ယှက် ဟန့်တား ဖျက်ဆီးပြုလုပ်ခဲ့သည်ရှိသော် နိုင်ငံတော်အစိုးရ၏ တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာအမိန့်ထုတ်ပြန်လိုက်သည်။
“အားလုံးက သတိ”
ပုံ
ဦးမင်းရန်နှောင်ကြီး။ မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ . မြို့နယ်။
မြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌရဲ့မင်းမိန့်ပြန်စာ ဖတ်လို့ပြီးရောရဲတပ်ဖွဲ့ရဲ့အမိန့် ပေးသံကို ကြားရပြီး ရဲတပ်သား (၁၈)ဦးတို့က သေနတ်ကိုယ်စီနဲ့ သတိဆွဲထားကြ သည်။
“အားလုံး- သေနတ်( ၁၈)ချက်ပစ်ဖောက်ရန်အသင့်ပြင်” “ဖြောင်း- ဖြောင်း”
ရဲတပ်သား(၁၈)ယောက်ကရိုင်ဖယ်သေနတ်တွေကိုမောင်းတင်ပြီးကိုးလုံးချက်
သင်္ချိုင်းရှိရာကို မျက်နှာမူလို့ သေနတ်ပြောင်းတွေကို မိုးပေါ်ထိုးချိန်လိုက်တယ်။

“ဒိုင်း”
“ဒိုင်း-ဖောင်း-ဒိုင်း-ဖောင်း-ဒိုင်း-ဖောင်း”
သေနတ်သံတွေဟာ နားကွဲမတတ် ဆူညံပေါက်ကွဲ ပေါ်ထွက်လာခဲ့တယ်ဗျာ။ ယမ်းငွေ့တွေဟာ ကိုးလုံးချက် သင်္ချိုင်းနဲ့ စာသင်ကျောင်းပေါ်မှာလွင့်ပျံ့ဝေ့ဝဲ မှိုင်းထသွားခဲ့တယ်။
သေနတ်သံ (၁၈)ချက် ပစ်ဖောက်ပြီးတော့ ရဲအရာရှိရဲ့ “နေမြဲ”ဆိုတဲ့အမိန့်ပေး သံ၊ တန်းဖြုတ်” ဆိုတဲ့အမိန့်ပေးသံအဆုံးမှာမင်းမိန့်ပြန်အခမ်းအနားပြီးဆုံးသွားခဲ့
တယ်ဗျာ။
အံ့ဩစရာသိပ်ကောင်းတာပဲဗျာ၊

မင်းမိန့်ပြန်စာဖတ်ပြီးသေနတ် (၁၈)ချက်ဖောက်ပြီး နောက်ပိုင်းကစပြီး… ကိုးလုံးချက်စာသင်ကျောင်းထဲမှာကျောင်းသူလေးတွေ သရဲပူးတာမဖြစ်တော့
ဘူးဗျာ။
ကြောက်၊ လန့်၊ အော်ဟစ်၊ ငိုယိုတာတွေ လုံးဝမဖြစ်တော့ဘူးဗျာ။ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ဆရာမတွေရော၊ကျောင်းသူကျောင်းသားတွေ ရော၊ မိဘတွေ၊ ရွာသူရွာသားတွေပါ အံ့ဩကျေနပ် ဝမ်၊သာမဆုံး ဖြစ်ခဲ့ကြပြီပေါ့
ဗျား
ကိုင်း- စာရေးဆရာ၊ ဒီပွဲမှာ ဘယ်သူနိုင်လဲ၊ ဘယ်သူရှုံးလဲဗျာ၊
ဘယ်သူမှားလဲ၊ဘယ်သူမှန်လဲဗျာ။ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေနိုင်ငံတော် အစိုးရ မင်းမိန့်ရဲ့အာဏာစက်ကိုတော့ လူတွေတင်မက မြင်ရ၊ မမြင်ရ ပရဝိညာဉ် လောကသားတွေပါ မလွန်ဆန်ဝံ့တာတော့အထင်အရှားပဲဗျာ၊
နိုင်ငံတော် အစိုးရကိုယ်စား မြို့နယ်အာဏာပိုင်အဖွဲ့ကလည်း နားလည်ကြလို့ သင်္ချိုင်းမြေအစားထိုးပေးခဲ့၊ သတ်မှတ်ခဲ့တာပေါ့။
ဘုရားရှင်ကိုယ်တော်မြတ်ကြီ၊ ဟောခဲ့သားပဲဗျာ၊
ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာ၊ အသူရကာယ်တဲ့။
ငရဲ၊ ပြိတ္တာ၊ အသူရကာယ်က ပရသားတွေပဲလေဗျာ။ ပရဝိညာဉ်လောကသား တွေရှိနေတာကို ယုံချင်ယုံ၊မယုံချင်နေပါဗျာ။

ကျုပ်တို့ လက်တွေ့အံ့ဩစရာ တွေ့ကြုံခဲ့ရဖူးပေါ့ဗျာ၊ ဒီလိုအဖြစ်မျိုးတွေ ဒီနေ့ မျက်မှောက်မှာ မကြာခဏဖြစ်နေတာကြားရမဟုတ်လားဗျ။ သေနတ်(၁၈)ချက် ဘာကြောင့် ဖောက်ရတာလဲဟုတ်လာ။ ကိုယ့်ဘာသာစဉ်းစားအဖြေထုတ်ကြည့်စမ်းပါစာရေ၊ဆရာ။ ကိုပြောရရင်တော့(၁၈)ချက်ဆိုတာကိုရှင်းလိုက်ရင်(၁+၈) – (၉) မရပဘူးလား
ကျုပ်အယူအဆ
ဗျား
သေနတ်ပစ်တဲ့ရဲသားက(၁၈) ယောက်။(၁+၈)-(၉) ပဲရတယ်ဗျာ၊ မင်းမိန့်ပြန်တဲ့နေ့ကဇူလိုင်(၉)ရက်ဗျာ၊
တဲ့၊
ပြီး…။
အမိန့်ပြန်စာထုတ်တဲ့ ပြည်သူ့ကောင်စီဥက္ကဋ္ဌနာမည်က ဦးမင်းရန်နောင်ကြီး
မင်း+ရန်+နောင်+ ကြီးကို ဂဏန်း ဖွဲ့ရင်.. ၅+၄+၇+၂-(၁၈)ရတယ်။
(၁၈)-(၁+၈)-(၉)ရပြန်ရောဗျာ။အားလုံး ကိုးဂဏန်းမှာသွားကျနေတယ်။ ကိုးဂဏန်း၊ ကိုးနဝင်း ရနေတော့ကိုးနဝင်း မိုးလင်းရင် သိလိမ့်မယ် ဆိုသကိုးဗျ။ ကိုးနဝင်းစီးတော့ မိုးအလင်းပြီးတာပေါ့ဗျာ၊
ဒါက ဂမ္ဘီရအမြင်နဲ့ ပြောတာပါ။
အမှန်က မင်းမိန့်ပဲ၊
ပြီး – သင်္ချိုင်းကုန်းက ပရသားတွေ ကျေနပ်အောင်လည်းလုပ်ပေးခဲ့ပြန်တော့။ ကျေနပ်ကြလို့ပဲလား။ ကြောက်လို့ပဲလား မသိ။
လုံးဝကိုတစ္ဆေသရဲမပူးတော့ပါဘူးဗျာ။
ကဲ- စာရေးဆရာ။
ဒီပွဲက သရေပွဲလား။ အရှုံးအနိုင်ပွဲလား။
ကိုယ့်ဘာသာစဉ်းစားဖြေကြည့်စမ်းများ

Zawgyi Version

“အမိန္႔ျပန္တမ္း”(စ/ဆံုး)
——————————
ဆရာဆိုတာ အမွားနဲ႔ အမွန္ကိုလည္း ခ်င့္ခ်ိန္တတ္ရတယ္၊ သူ႔ဘက္က လြန္
ေနတာလာ။
ကိုယ့္လူဘက္ကလြန္က်ဴးေနတာလား၊ ဘယ္သူ႔ဘက္ကမွားေနတာလဲ။
ဘယ္သူ႔ဘက္က မွန္ေနတာလဲ၊
စဥ္းစားရတယ္၊ ေဝဖန္ရတယ္၊ သုံးသပ္ရတယ္။ မွန္တဲ့ဘက္ကို ငဲ့ကြက္ရတာ ဆရာရဲ႕သဘာဝ၊
ကိုယ့္မွာရွိတဲ့ လုပ္ပိုင္ခြင့္အာဏာ က နယ္က်ဥ္းတယ္။ ႏိုင္ေျခရွိတိုင္း လုပ္ပစ္ လိုက္လို႔မသင့္ဘူး။
ဒီေတာ့ေမတၱာရပ္ခံရတာေပါ့။
သူတို႔က ပရဝိညာဥ္သားေတြေလ။
ပိုင္ဆိုင္ခြင့္ဥပေဒမေပၚခင္ကတည္းက သူတို႔က သစ္ပင္ႀကီးေတြ၊ သစ္ငုတ္အို ေတြ၊ သခ်ႋဳင္းကုန္းေတြ၊တစ္စျပင္ေတြ၊ သုသာန္ေတြ၊ ေတာင္ကုန္။ေတာင္ပ်က္ကုန္း ေတြမွာေနလာခဲ့ၾကတာ။
ေနရာ၊
ဒါ-ပရဝိညာဥ္သားရဲ႕ဘဝ။
ဘုရားရွင္မ်ားလက္ထက္ကတည္းက ေနခြင့္ရတဲ့ေနရာ။ ေနခ်င္ရင္ေနလို႔ရတဲ့
ငါကအထက္လမ္းဆရာႀကီးပဲ ေဟ့၊
ငါကကိုးသခ်ိဳင္းျပန္ဆရာႀကီးပဲကြ၊
မင္းတို႔၊သင္းတို႔ခုခ်က္ခ်င္းဒီေနရာကထြက္သြားၾကလို႔အမိန႔္ေပးၾကရင္ မယွဥ္
ႏိုင္လို႔သာ ေျပးရင္ ေျပးၾကတယ္။ အရႈံးေပးလိုက္တာမဟုတ္ဘူးေလ။ မတတ္သာလို႔ ေနာက္ဆုတ္ေပးလိုက္ရတာ။ အရႈံးေပးလိုက္တာမဟုတ္ဘူး။ ဆရာဆိုေတာ့ကိုယ္ခ်င္းစာနာရတာေပါ့။
ဪ-ဒီေနရာက သူတို႔ေနလာတာႏွစ္ေပါင္းၾကာခဲ့ၿပီပဲ။ဒီေနရာအလိုရွိတာနဲ႔ သူတို႔ကို အစီအရင္နဲ႔ ေမာင္းထုတ္အႏိုင္ယူလို႔ရေပမယ့္မယူရက္ဘူး။ ဆရာဆိုေတာ့အေပ၊အယူနဲ႔ လုပ္ခ်င္တာေပါ့။ တရားသျဖင့္ စီရင္ခ်င္တာေပါ့။ ဒါေၾကာင့္ ဆရာမႏိုင္ဘူးရယ္လို႔မထင္ပါနဲ႔။ သို႔ေသာ္…

အခ်ိဳ႕ေသာ ပရဝိညာဥ္သားေတြက မာနႀကီးတယ္၊ အစြဲႀကီးတယ္၊အထိပါ၊ မခံ ၾကဘူး။
လူ႔ဘဝမွာကတည္းက မာနႀကီးခဲ့တာလည္းရွိမွာေပါ့။လူ႔ဘဝကတည္းကအစြဲ ႀကီးခဲ့တဲ့စိတ္ေတြ၊ မာနေတြက ကြယ္လြန္ၿပီး ဘဝကူးမေကာင္းတဲ့ ပရဝိညာဥ္သား ဘဝေရာက္သည့္တိုင္ ျဖစ္တည္ခိုင္မာေနတာလည္းျဖစ္ေကာင္း ျဖစ္မွာေပါ့။ ေနာက္တစ္ခ်က္က ေနရာထိုင္ခင္းကိစၥေပါ့။
သူတို႔ေနတဲ့ေနရာကိုထိပါးက်ဴးေက်ာ္လာေတာ့သူတို႔မေက်မနပ္ျဖစ္ၿပီးျပန္တုံ႔
ျပန္ၾကတာ။
သက္ရွိလူ႔ဘဝမွာလည္း ဒီလိုအဓမၼ က်ဴးေက်ာ္မႈေတြ၊ မသိမသာ က်ဴးေက်ာ္မႈ ေတြ၊ လုပ္ငန္းအေယာင္ျပၿပီး အဓမၼ ေျမသိမ္းယူ၊ ေရာင္းစားလုပ္ေနတာ ရွိတယ္ မဟုတ္လား။
တရားမွ်တမႈမရွိေတာ့ျပႆနာျဖစ္ၾကေရာ။ ၾကည့္ေလ…။
အတိုင္အေတာေတြ၊ ဆႏၵျပပြဲေတြ၊ထြန္တုံးတိုက္ပြဲေတြ၊က်ိန္စာတိုက္ပြဲေတြနဲ႔
လက္တုံ႔ျပန္ၾက။ေသြးေျမက်ၾက၊အခ်ဳပ္နဲ႔တရား႐ုံးေရာက္၊ေထာင္က်ၾကရ။ဒီတုံ႔ျပန္ တိုက္ပြဲေတြမွာအမွားေတြရွိတယ္။အမွန္ေတြရွိတယ္။ရက္စက္မႈေတြရွိတယ္၊ကိုယ္ က်ိဳးရွာတာေတြရွိတယ္။အမွားကိုအမွန္လုပ္ေနတာေတြ႕ရွိတယ္။အမွန္ကအမွားျဖစ္
သြားရတဲ့ ဘဝေတြ ရွိတယ္၊
အခုျဖစ္ခဲ့တဲ့ျဖစ္ရပ္ကမျမင္ရတဲ့ပရေလာကသားနဲ႔သက္ရွိလူသားေတြရဲ႕အား
ၿပိဳင္ပြဲ၊ တစ္နည္းေျပာရရင္ပဋိပကၡ၊
ကဲ- ဘယ္သူႏိုင္လဲ၊ ဘယ္သူရႈံးလဲ၊ ဘယ္သူမွန္၊ ဘယ္သူအမွာ၊လဲ။ ဒါမွမဟုတ္ သူလည္းမရႈံး။ကိုယ္လည္းမရႈံး။သေရပြဲပဲလား။ ႏွစ္ဦးႏွစ္ဖက္ေၾက ေအးၾကတဲ့ပြဲလား။ ဖတ္ရင္းနဲ႔ စဥ္းစားအေျဖရွာၾကည့္စို႔လားဗ်ာ- ေနာ္။
ျဖစ္ပုံက ဒီလိုဗ်။
ကိုးလုံးခ်က္ဆိုတဲ့က်ဳပ္တို႔႐ြာမွာျဖစ္သြားတာ။
ဘာလို႔ကိုးလုံးခ်က္႐ြာလို႔ ေခၚတာလဲ၊ဟုတ္လား။
ဒီလိုဗ်-ဒီ႐ြာကိုစတင္တည္တဲ့ လူႀကီးကဆန္ႏို႔ဆီဘူးကိုးလုံးခ်က္ထမင္းအား လုံးကို ပဲကုလားဟင္းနဲ႔ တစ္ထိုင္တည္း ေျပာင္ေအာင္စားႏိုင္တဲ့ လူႀကီးမ်ား

နာမည္က ကိုးလုံးခ်က္တဲ့။
မယုံလို႔ေလာင္းေၾကးထပ္ၿပီး စားခိုင္း၊ သူပဲႏိုင္တယ္။ ေလာင္းတဲ့လူ ရႈံးတာပဲ။ မူလနာမည္အရင္းက ကိုဗိုက္ႀကီးလို႔ေခၚတယ္။ ထမင္းကိုးလုံးခ်က္ကို ထိုင္ရာ မထအကုန္စားႏိုင္လို႔ကိုဗိုက္ႀကီးအမည္ေပ်ာက္ၿပီးကိုးလုံးခ်က္ေခၚေတာ့တာ၊ သူက
ဒီ႐ြာကို စတည္လို႔။
႐ြာအမည္ကို ကိုးလုံးခ်က္႐ြာလို႔အမည္မွည့္ခဲ့တာ၊
႐ြာေျမာက္ဖ်ားမွာကိုးလုံးခ်က္ သခ်ိဳင္းရွိတယ္၊
ဒီသခ်ႋဳင္းမွာပဲ ဦးကိုးလုံးခ်က္ကို ေျမျမႇဳပ္သၿဂႋဳဟ္ခဲ့တာ။ ခုေတာ့ သူ႔အုတ္ဂူက အုတ္ခဲေတြက်ိဳးပဲ့ဖြာလန္ၿပီး သခ်ႋဳင္းေျမႂကြက္ႀကီးေတြမွီတင္းေနထိုင္တဲ့ ဂူပ်က္ႀကီး ျဖစ္ေနတာေပါ့။
ႏွစ္ေပါင္း(၇၀)ေက်ာ္တိုင္ၾကာေတာ့ကိုးလုံးခ်က္႐ြာႀကီးလူေနအိမ္ေျခေျမာက္
ျမားစြာနဲ႔ စည္ကားတဲ့႐ြာႀကီးျဖစ္လာတယ္၊
က်န္းမာေရးေဆးေပးခန္း ရွိတယ္။ မူလတန္းနဲ႔ အလယ္တန္းေက်ာင္း ရွိတယ္။ ေဈးလည္းရွိတယ္။ ဘုန္းေတာ္ႀကီးေက်ာင္း ႏွစ္ေက်ာင္းရွိတယ္။ ဗြီဒီယို ျပတဲ့႐ုံက ႏွစ္႐ုံရွိတယ္ဗ်ာ။လွ်ပ္စစ္မီးလည္းတစ္႐ြာလုံးရေနၿပီဗ်ား
မၾကာခင္ၿမိဳ႕အဆင့္ကိုျမႇင့္ဖို႔အားလုံးဝိုင္းဝန္းႀကိဳးစားေနၾကတယ္၊ အခုျဖစ္တဲ့ျပႆနာကမူလတန္းေက်ာင္းေလးကနစ္ေတြၾကာေတာ့ေဆြးျမည့္ ယိုင္႐ြဲ႕ျဖစ္လာလို႔ေက်ာင္းသစ္ျပန္ေဆာက္ၾကရာကအေျခတည္ျဖစ္လာတဲ့ျဖစ္ရပ္
ဆန္းၾကယ္ကိစၥပဲဗ်၊
မူလေက်ာင္းရဲ႕ေခါင္းရင္းမွာကိုးလုံးခ်က္သခ်ႋဳင္းရွိတယ္၊ ေက်ာင္းေျမနဲ႔ သုသာန္
ေျမနဲ႔က ဆက္စပ္ေနတာရယ္ဗ်။
ဒီကိုးလုံးခ်က္ မူလတန္းေက်ာင္းက ကေလးေတြ သခ်ႋဳင္းေျမေပၚမွာ ေျပးလႊား ေဆာ့ကစားၾကတာပဲဗ်ာ၊
ဘာျပႆနာမွ မျဖစ္ေပါင္း
မူလတန္းေက်ာင္းသား၊ ေက်ာင္းသူဆိုေပမယ့္ အ႐ြယ္ေတြကကာလသား ေပါက္စ၊ အပ်ိဳေပါက္စေလးအ႐ြယ္ေတြ ပါၾကတယ္။ ေလးတန္းေအာင္လို႔ ငါးတန္း (ပၪၥမတန္း)ေရာက္ရင္ အပ်ိဳ၊ လူပ်ိဳျဖစ္မွာ မလြဲတဲ့အ႐ြယ္ေတြလည္းရွိၾကတာေပါ့။

အုတ္ဂူေတြေပၚတက္ေဆာ့တဲ့ကေလးလည္းရွိတာပဲ။တူတူပုန္းတမ္းကစားၾက၊
လိုက္တမ္းေျပးတမ္း ကစားၾက၊ကေလးဘာဝ စစ္တိုက္တမ္းကစားၾက။ ဆရာ၊ ဆရာမေတြကေတာ့ သတိေပးရတာေပါ့။
အုတ္ဂူေတြေပၚမတက္နဲ႔။ ေခ်ာ္က်လိမ့္က်ၿပီး ေျခလက္က်ိဳးပဲ့ကုန္မယ္တဲ့။ မိဘေတြကလည္း ေက်ာင္းသြားခါနီးေရာက္ရင္ႀကိဳေျပာရတယ္။
ကေလးေတြ ..
သခ်ႋဳင္းကုန္းေပၚမွာ သြားမေဆာ့ ၾကနဲ႔။ တေစၦေျခာက္တယ္၊ ေခ်ာ္လဲရင္ အပ ေကာင္ ကပ္မွီလာမယ္။ ဂူေတြေပၚမတက္ၾကနဲ႔၊ ဂူရွင္က မႀကိဳက္လို႔ တြန္းခ်ရင္ ေသလိမ့္မယ္။
စသည္ ေျပာရ၊ ေျခာက္ရ၊ ျပဳၾကတာေပါ့။ သို႔ေသာ္ ကေလးေတြက မေၾကာက္ ၾကေပါင္ဗ်ာ၊ ေက်ာင္းေရွ႕မွာေဆာ့တဲ့သူကေဆာ့။အခ်ိဳ႕က သခ်ႋဳင္းကုန္းေပၚမွာ သြား ကစားၾက၊ ေဆာ့ၾက။
အုတ္ဂူေရွ႕က စာေတြကို ေအာ္ဖတ္ၾက။ အသုဘခ်လာတာျမင္ရင္ လွမ္းၾကည့္ ၾက၊ လူေသျမႇဳပ္တဲ့ေနရာေတာ့ သြားမၾကည့္ၾကဘူး။ ဘာလို႔လဲဆိုေတာ့ လူေသပုပ္ အနံ႔ရလို႔ မၾကည့္တာ၊
ဆိုရရင္တေစၦကို သူတို႔မျမင္ဖူးဘူး။ သရဲကို သူတို႔ မျမင္ဖူးဘူး။ သခ်ႋဳင္းေစာင့္လင္မယားႏွင့္လည္းကေလးေတြရင္းႏွီးေနၾကၿပီ။ သခ်ႋဳင္းေစာင့္ ဦးကုလားႀကီးရဲ႕သား ေမာင္ေဒါနလည္းဒီေက်ာင္းမွာေနတာ။
ေဒါနဆိုရင္ သခ်ႋဳင္းကုန္းေပၚမွာေန႔ေရာညေရာေဆာ့တာ၊ ကစားတာ၊ အုတ္ဂူ ေပၚမွာထိုင္ကစားတာ။အိပ္ခ်င္ ရင္ အိပ္လိုက္တာပဲ။
ဘာသရဲ၊တေစၦမွ မေျခာက္၊
ကိုယ့္အခ်င္းခ်င္း သရဲေျခာက္တမ္းကစားၾကတာ။ ေၾကာက္ခ်င္ေယာင္ေဆာင္ ၿပီးလန႔္ျပၾကတာ၊
ေနရာ၊
ေပ်ာ္လိုက္တာႏွယ္။
သခ်ႋဳင္းကုန္းဆိုတာ ေၾကာက္စရာ မဟုတ္။ ကစားရတာ အလြန္လြတ္လပ္တဲ့

မူလတန္းေက်ာင္းေဟာင္းကို ဒီေႏြရာသီေက်ာင္းပိတ္ခ်ိန္ကာလမွာ ဖ်က္ၿပီး ေက်ာင္းသစ္ျပန္ေဆာက္ၾကတယ္။
ေက်ာင္းအုပ္ဆရာႀကီးက ဦးစီးဦးေဆာင္လုပ္ၿပီ၊မိဘဆရာအသင္းနဲ႔ ႐ြာမိ႐ြာဖ၊ ရပ္မိရပ္ဖေတြညႇိႏႈိင္းတိုင္ပင္ၿပီးတရားဝင္ ခြင့္ျပဳခ်က္နဲ႔ ေက်ာင္းသစ္ျပန္ေဆာက္ၾက
တား
ထူးျခားခ်က္ကေက်ာင္းစာသင္ခန္းကိုတိုးခ်ဲ႕လိုက္ၾကတယ္။ ေက်ာင္းသားသစ္ ေတြကတစ္ႏွစ္တစ္ႏွစ္တိုးလာတာမ်ားသကိုးေလ။ဒီေတာ့ေက်ာင္းေဆာင္ရဲ႕ရတာ
ေပါ့၊
ေက်ာင္းကိုကိုေက်ာက္ဒိုးတို႔လက္သမားအဖြဲ႕နဲ႔ကိုစိန္ေမာင္တို႔ပန္းရန္အဖြဲ႕က
ႏွစ္လအတြင္းအၿပီးေဆာက္ၾကတာဗ်။
ေက်ာင္းက်ယ္သြားလို႔ ေက်ာင္းၿခံ စည္း႐ိုးေက်ာက္တိုင္စိုက္၊ သံဆူးႀကိဳးကာ ေတာ့ကိုးလုံးခ်က္သခ်ႋဳင္းဘက္က နည္၊နည္းပါသြားတယ္။
သခ်ႋဳင္းေျမဆိုေတာ့ မိဘဆရာအသင္းက အတြင္းေရးမႉးကလည္း မသိလိုက္ မသိဘာသာေနလိုက္တယ္။
လယ္သမားအဖြဲ႕ကလည္း ေက်ာက္တိုင္စိုက္၊ ကြန္ကရစ္ေလာင္း၊ သံဆူးႀကိဳး ခပ္စိပ္စိပ္ကာလိုက္ၾကတယ္၊ေက်ာင္းၿခံစည္း႐ိုးကာတဲ့အလုပ္ၿပီးခါနီးမွာ မိဘဆရာ
အသင္းက လူႀကီးတစ္ဦးက…
ၿခံစည္း႐ိုးကာတာ ဘယ္သူတုံးကြ”
“ကြၽန္ေတာ္တို႔ပါ- ဘႀကီး။ လက္ သမာ၊ေက်ာက္ဒိုးအဖြဲ႕ကပါ ခင္ဗ်။ ဘာျဖစ္
လို႔ပါလဲ- ဘႀကီး”
“မင္းတို႔ေက်ာင္းၿခံစည္း႐ိုးကာတာ သခ်ႋဳင္းဘက္ကနည္းနည္းပါသြားတယ္လို႔
ေျပာသံၾကားလို႔”
“ဗ်ာ- ဘယ္သူေျပာတာတုံး ဘႀကီးရာ”

“ေျပာတဲ့လူ ရွိလို႔ေပါ့ကြာ၊ အခု ငါၾကည့္ေတာ့လည္း မူလေက်ာင္းေဟာင္းက သုံးေပေက်ာ္ေက်ာ္ေလာက္ပိုၿပီးသခ်ႋဳင္းကုန္းဘက္ ဝင္ေနတာ ငါေတြ႕ေနတာပဲကြ” “ဟို-ဟို-ၿခံစည္း႐ိုးကေက်ာက္တိုင္စိုက္တာေရာ၊ သံဆူးႀကိဳးကာတာေရာၿပီး
သြားၿပီ- ဘႀကီးရာ ျပႆနာလည္းမရွိပါဘူးဗ်ာ၊ေက်ာင္းေခါင္းရင္းလူတစ္ေယာက္ သြားလို႔ရ႐ုံေလးရဲ႕ယူမိတာပါ- ဘႀကီးရာ

“မင္းတို႔အေတာ္ခက္တာပဲကိုးကြ ဒီမွာမိဘဆရာအသင္းက လူႀကီးအခ်ိဳ႕ေရာက္လာၿပီ… “ကိုေဘာ္- ဘာျဖစ္လို႔တုံး”
“ဒီေကာင္ေတြၿခံစည္း႐ိုးကာတာ၊ေက်ာင္းေဆာက္တာသခ်ႋဳင္းေျမဘက္နည္း
နည္းပါသြားတယ္”
ပါဗ်ာ”
“တစ္ေပ၊ႏွစ္ေပေလာက္မ်ား ဘာျဖစ္မွာလဲ-ကိုေဘာ္ရာ။ ဒီအတိုင္းထားလိုက္
“တစ္ေန႔ျပႆနာတက္ရင္ ဘယ္ လိုလုပ္မွာတုံး-ေမာင္ေသာင္းႀကိဳင္” “ဘယ္လိုျပႆနာတက္မွာမို႔လဲဗ်”
“သခ်ႋဳင္းေစာင့္က သူတို႔သခ်ႋဳင္းေျမ ကို စာသင္ေက်ာင္းက ေျမခိုးက်ဴးေက်ာ္ ေဆာက္တယ္လို႔သြားေျပာရင္ ဘယ္လိုလုပ္မတုံး”
“သခ်ႋဳင္းေစာင့္ကိုကုလားႀကီးလား”
“ဟုတ္တယ္”
“ေျပာရဲ ေျပာၾကည့္စမ္းပါေစဗ်ာ၊ က်ဳပ္တို႔ ပုံစံေပးလိုက္မွာေပါ့-ကိုေဘာ္ရ။ မပူပါနဲ႔ဗ်ာ”
“အိုကြာ – ခုလည္း သခ်ႋဳင္းေစာင့္ မသိပါဘူးကြာ။ ၿခံစည္း႐ိုးမရွိတဲ့သခ်ႋဳင္းေျမပဲ ဥစၥာ။ဒီကိစၥသခ်ႋဳင္းေစာင့္လည္း စိတ္ဝင္စားမယ္မထင္ပါဘူး။ သိပ္ရစ္လာရင္ေတာ့ မုန႔္ဖိုးေလးေပးၿပီးႏႈတ္ပိတ္လိုက္ေပါ့ကြာ။ၿခံစည္း႐ိုးကကာၿပီးၿပီဥစၥာ၊ျပန္ဖ်က္၊ေနရာ ေ႐ႊ႕ေနရင္ အခ်ိန္ကုန္တယ္၊ အလုပ္ရႈပ္ပါတယ္ဗ်ာ။ထားလိုက္ပါဗ်ာ” ဒီလိုနဲ႔ ဘာမွမျဖစ္တန္ပါဘူးဆိုၿပီး ေနလိုက္ၾကတယ္။
“ေဒၚႀကိဳင္-ေဒၚႀကိဳင္”

“ဟဲ့- ဘယ္သူတုံး-အိမ္ေရွ႕က ေအာ္ေနတာ
“က်ဳပ္ပါဗ် – ဒီလိုပါ- ျမန္ျမန္လာဗ်ာ”
“ဟဲ့-ဒီလို-ဘာျဖစ္လို႔လဲ- ဟင္”
“ေက်ာင္းမွာ- ေက်ာင္းမွာ-ဟိုဟို
“ဟဲ့ေကာင္ – ေက်ာင္းမွာ ဘာျဖစ္လို႔တုံး”

“ခင္ဗ်ား- သမီး- သမီး-ပူး-ပူးေနလို႔”
“ဘာ-ဘာ-ငါ့သမီ၊ ပူ၊ေနတယ္။ ဒီလုံ၊- နင္ ေသခ်င္လို႔ မဟုတ္က၊ ဟုတ္ က လာေျပာတာလားဟင္”
વા
“ဟာဗ်ာ- ေဒၚႀကိဳင္ကလည္း- ဟို- ဟို- ခင္ဗ်ားသမီးကို-သ-သရဲပူးပူးေနလို႔
“ေဟ- ငါ့သမီးကို သရဲပူး”
“ဟုတ္တယ္ – ျမန္ျမန္လိုက္ခဲ့”
“ဒီ – ဒီလုံး – သင္း – သင္း- သခ်ႋဳင္းမွာလားဟင္- ဟင္- ဟင္လို႔” “မဟုတ္ဘူး- ကို၊လုံးခ်က္စာသင္ ေက်ာင္းမွာ”
“အမေလးေတာ္
ေဒၚႀကိဳင္ အိမ္ေပၚက ခုန္ခ်ၿပီး ကိုးလုံးခ်က္စာသင္ေက်ာင္းရွိရာသို႔ ေျပးပါေရာ။ ေမာင္ဒီလုံးကလည္း သူ႔ေနာက္ကေန အျမန္ေျပးလိုက္ခဲ့ရတယ္။
ကိုးလုံးခ်က္ မူလတန္းေက်ာင္းမွာ စာသင္သားကေလးအခ်ိဳ႕ သရဲပူ။ တေစၦ
ပူးျဖစ္ေနတယ္ၾကားေရာ႐ြာထဲကေက်ာင္းသားမိဘေတြေက်ာင္းရွိရာေျပးၾကည့္ၾက
ေတာ့တယ္ဗ်ာ၊
စာသင္ေက်ာင္းဝင္းထဲမွာလူအေတာ္မ်ားမ်ားေရာက္ေနၾကၿပီးၾကည့္လိုက္ေတာ့ ေက်ာင္းသူသုံးဦး ေၾကာက္လန႔္ၿပီး ငိုေနတာျမင္ရပါေရာဗ်ာ၊
အပ်ိဳေဖာ္ဝင္ဖို႔ ေျခလွမ္းျပင္ေနတဲ့အ႐ြယ္ကေလးေတြပါဗ်ာ၊ ေတာသူ ေတာင္ သားမိဘဖြားေတြဆိုေတာ့ အ႐ြယ္အလုံး ဝင့္ထည္ၾကတာေပါ့။
ငိုယို။
ေက်ာင္းအုပ္ႀကီးနဲ႔ ဆရာ၊ ဆရာမ ေတြက ဝိုင္းေခ်ာ့ေမးၾက။ သူတို႔သုံးဦးက
“ေၾကာက္တယ္- ေၾကာက္တယ္”
“ကေလးမ… ဘယ္သူ႔ကိုေၾကာက္ လို႔တုံး။ ဆရာႀကီးတို႔ကို ေျပာ၊ ဘယ္သူ႔ ကို ေၾကာက္တာလဲ-ေျပာေလ”
“ေၾကာက္တယ္-ေၾကာက္တယ္” “အေမေရ-အေမ“သမီး-သမီး-အမေလး-လုပ္ၾကပါဦး”
သမီးရွင္ေတြ ေရာက္လာၿပီး သမီးနဲ႔ မေအ ၿပိဳင္တူ ၿပိဳင္တူ ေခၚၾကနဲ႔။ ဆူညံကုန္
ပါေရာ၊
“အိမ္ျပန္မယ္ – သမီး ေၾကာက္တယ္… ဟီး” “ကေလး-ကေလးမ”
“ရွင္ – ရွင္”
“ဆရာႀကီး ေမးတာကို ေျဖပါ သမီး”
“ဆရာႀကီးကို သိလား” ”
“ဆရာမေတြေရာ သိလား”
“သိ-သိပါတယ္ရွင့္ – ရွင့္”
“သမီးေၾကာက္ေနလား – ဟင္”
“ဘာကိုေတြ႕လို႔ ေၾကာက္ေအာ္ရတာလဲ”
“ဟို-ဟို”
ေက်ာင္းသူေလးကေက်ာင္းအုပ္ဆရာႀကီးေမးေနတာကိုမေျဖဘဲတုန္တုန္ရီရီ
စိုး႐ြံ႕ဟန္နဲ႔ ေက်ာင္းေခါင္းရင္းဘက္ကိုလွမ္းၾကည့္လိုက္ရင္း…
“အမေလး- ဟိုမွာ- ဟိုမွာ- အား” “ေၾကာက္တယ္-ေၾကာက္တယ္-အေမ”
ေက်ာင္းသူကေလးသုံးဦး ေရွ႕ဆင့္ေနာက္ဆင့္လန႔္ေအာ္ၿပီးမ်က္ႏွာကိုလက္ဝါး နဲ႔အုပ္ၿပီးတုန္ယင္ေနပါၾကပါေရာ။
ဆရာႀကီးအပါအဝင္ ဆရာ၊ ဆရာမေတြအားလုံး ေက်ာင္းေခါင္းရင္းျပတင္း ေပါက္အတိုင္း ျမင္ေနရတဲ့ သခ်ႋဳင္းကုန္းကို ၿပိဳင္တူလွမ္းၾကည့္လိုက္ၾကတယ္။ ” “အူ-ဂူ-အူ-ဝ”
“အမေလး ဖြဖြ”
-ေခြးတစ္ေကာင္ ေက်ာင္းဘက္ကိုလွည့္ၾကည့္ၿပီးအူေနလို႔ ဆရာမအခ်ိဳ႕က ဖြဖြ လုပ္ၾကတယ္။
“ေခြးတစ္ေကာင္ပါကေလးရဲ႕။ ဘာမွမရွိ…”
“ရွိတယ္ – ေၾကာက္တယ္- အိမ္ျပန္မယ္”
“အေမ-အေမ-သမီးကိုလာေခၚပါ
“သမီး- သမီး”
ေနာက္ဆုံ၊ ေၾကာက္လန႔္တုန္ယင္ ငိုရႈိက္ေနတဲ့ ေက်ာင္းသူကေလး သုံးဦးကို သူ႔မိခင္မ်ားလက္ ျပန္အပ္ၿပီး ေခၚခြင့္ျပဳလိုက္ရတယ္။
“သရဲေျခာက္လို႔လား”
“သိဘူး”
“သူတို႔အေတာ့္ကို ေၾကာက္လန႔္ေနတာ”
“ဟုတ္တယ္”
“သခ်ႋဳင္းကုန္းထဲကမ်ား ကိုယ္ထင္ေရာ့လာ၊”
“ကေလးေတြအျမင္ေမွာက္တာေနမွာပါေလ”
“ဆရာမတို႔ေရာတေစၦသရဲကို ျမင္ရလားဟင္”
“ကေလးေတြမ်ား-ကံနိမ့္ၿပီး”
“ဒုန္း- ဂလုံး-ကလုံး”
“အမယ္ေလး- ေသာက္ပလုတ္တုတ္- ငါ့ဘႀကီးနဲ႔ ဆရာမေလးနဲ႔ညား” “အို”
“ကန္ေတာ့- ကန္ေတာ့ပါဆရာမရယ္။ သရက္သီးသြပ္ျပားေပၚေႂကြက်တာကို သရဲခုန္ခ်တယ္ထင္ၿပီး လန႔္လို႔၊ ေယာင္ေယာင္-ကန္ေတာ့ေနာ္-ကန္ေတာ့” အဲဒါသာၾကည့္ေတာ့ဗ်ာ။
ေက်ာင္းအမိုးသြပ္ျပားေပၚသရက္သီးမွည့္တစ္လုံးေႂကြက်လို႔လန႔္ၿပီးေအာ္တာ
ထမီကိုကြၽတ္ကေရာ- ဗြီ၊
ကိုးလုံးခ်က္ မူလတန္းေက်ာင္းမွာကေလးေတြလန႔္ၿပီးေအာ္တာ၊ ငိုတာ၊တက္
တာ၊သတိလစ္တာေတြကေန႔တိုင္းလိုလိုျဖစ္ေနတာဗ်။ ေက်ာင္းတက္ဘုရားရွိခိုးေနခ်ိန္မွာဇတာ့ဘာမွမျဖစ္ၾကဘူး။စာသင္ေနတဲ့အခ်ိန္ မွာကေလးေတြလန႔္ေအာ္ၾက၊ ငိုၾက၊ ပူးၾကတာဗ်ာ၊ ပထမေန႔ ေက်ာင္းသူသုံးဦးလန႔္ငိုပူးတယ္၊ ဒုတိယေန႔ ေက်ာင္းသူငါးဦးလန႔္ငိုပူး။
တတိယေန႔က်ေတာ့ ေက်ာင္၊သူ (၇)ဦး ေရွ႕ဆင့္ေနာက္ဆင့္ လန႔္ေအာ္ ငိုၾက၊
ပူးၾက၊ ခုန္ၾက၊
နတ္ဝင္သည္လို တုန္ရီသူကတုန္ရီ၊ ေဆြ႕ေဆြ႕ခုန္တဲ့သူကရန္။
ေတာက္ခတ္ ဖေနာင့္ေပါက္၊ ေအာ္ဟစ္သူက ေအာ္ဟစ္၊ ဆရာ၊ ဆရာမေတြ ထိန္းမႏိုင္ျဖစ္ကုန္ေရာ။
ဆရာမေလးေတြက သူတို႔တပည့္ မေလးေတြရဲ႕ ျဖစ္အင္ကို မၾကည့္ရက္လို႔ ငိုၾက၊ ရႈိက္ၾက၊
ဒီစာသင္ေက်ာင္းမွာ သရဲပူးတယ္ဆိုၿပီး သတင္းႀကီးေနလို႔ေက်ာင္းေရွ႕မွာလာ ၾကည့္တဲ့လူက မနည္းဘူး။
ဘူး။

ေန႔စဥ္ရက္ဆက္လိုလိုလည္းျဖစ္ေနတာကိုး။
အခ်ိဳ႕မိဘေတြကဆိုရင္ သူတို႔သမီးေတြကို စာသင္ေက်ာင္း မလႊတ္ၾကေတာ့
ကေလးေတြ ပူးတုန္၊ ေၾကာက္လန႔္ျဖစ္ေတာ့ ဆရာႀကီးက ေရစင္ေတာ္ ေရမန္း ပရိတ္ေတာ္ေရေတြ ပက္ျဖန္းလိုက္တယ္။ ဒီလိုလုပ္ေပးလိုက္ရင္ ခဏေနေတာ့ ပူး တာ၊ခုန္တာ၊ ေအာ္ဟစ္ငိုယိုတာၿငိမ္သြားေရာ၊
“သမီး”
“ရွင္”
“ေနေကာင္းၿပီေနာ္”
“ဟုတ္ – ဟုတ္”
“ေနေကာင္းသြားရင္ ဆရာႀကီးတို႔ ေမးတာကို ေျဖေပးေနာ္”
“ဟုတ္- ဟုတ္”
“သမီးတို႔ ဘာကိုျမင္ၿပီးလန႔္ၾကတာလဲဟင္”
“ဟို-ဟို-သ-သရဲ-အဲ-အဲ
“ေျပာ-ဘာကိုေတြ႕ ၾကတာတုံး” “မိန္းမႀကီး”
“ဟုတ္ၿပီ – မိန္းမႀကီး ဘာျဖစ္လဲ” “ထမီရင္လ်ားႀကီးနဲ႔”
“ေဟ”
“ဆံပင္ကို ဖားလ်ားခ်ၿပီးသ- သမီးကိုလက္ရပ္လွမ္း လွမ္းေခၚတယ္” “ဘယ္ေနရာက ေခၚတာလဲ သမီ။” “ေဟာဟို- ၿခံစည္း႐ိုးစပ္သခ်ႋဳင္းထဲက”
“ေဟ”
“ဆရာႀကီးတို႔ မျမင္ပါလားကြယ္၊ သမီးတို႔ ျမင္တယ္ဟုတ္လား”
“ဟုတ္ – ဟုတ္”
“ဟိုသမီးေလးတို႔ေရာျမင္ၾကလားဟင္”
“ျမင္-ျမင္ပါတယ္ – ဆ – ရာႀကီး”
“ဘယ္လိုျမင္တုံ – ဟင္ – ဟင္”
“မိန္းမႀကီးက မ်က္လုံးျပဴးျပတယ္”
“အံႀကိတ္ၿပီး ဖေနာင့္ေပါက္တယ္” “ၿပီး- ၿပီး – ဟိုဟို”
“ျပာ-ေျပာပါ-မေၾကာက္နဲ႔ ေျပာ”
“ေခါင္း – ေခါင္းမပါတဲ့ေယာက္်ားႀကီးေတြ-ေတြ” “ေဟ”
“ေက်ာင္းၿခံစည္း႐ိုးကို ကိုင္လႈပ္ၿပီး ေဒါ- ေဒါသေတြ ထြက္-ထြက္ေနၾက
“ဘုရားေရ”
“သမီးတို႔ကို လာခဲ့ရမယ္လို႔ လက္ရပ္လွမ္းေခၚေနတယ္၊ သမီးတို႔ ေခါင္းယမ္း ျပေတာ့ထမီရင္လ်ားနဲ႔အဘြားအိုႀကီးေတြက…”
“ဘာျဖစ္လဲ… ဘာလုပ္ၾကလဲ”
“ေက်ာင္းၿခံစည္း႐ိုးကိုေက်ာ္တက္ၿပီး-က်-ကြၽန္မတို႔ဆီကိုေျပးလာ-လာၾက
လို႔-ဟီး-ဟီး- ဟီ၊”

“ဘုရားေရ” “အလိုေလး-ေလး “ျမတ္စြာဗုေဒၶါ”
“တိတ္ပါ သမီးတို႔ရယ္။ ဆရာႀကီးတို႔ ရွိပါတယ္။ ဆရာႀကီးတို႔ ဒိကိစၥ စုံစမ္းေလ့ လာၿပီး သမီးတို႔ မေၾကာက္မလန႔္ရေအာင္ စီစဥ္ေပးမယ္- ဟုတ္လား”
“upos-upos”
“ဒီေခါင္းရင္းျပတင္းေပါက္ကေနျမင္ရတာလား”
“ဟုတ္- ဟုတ္”
သည့္ေနာက္ေက်ာင္းေခါင္းရင္းဘက္ျခမ္းျပတင္းေပါက္ကိုပိတ္ထားလိုက္ၾက
တယ္။ ၿပီး ပရိတ္ေရမန္းမ်ား ေနရာအႏွံ႔ႀကဲပက္ျဖန္းၿပီးမေႏွာင့္ယွက္ၾကပါနဲ႔လို႔ ေျပာ ဆိုလိုက္သတဲ့။
အေျခာက္အလွန႔္ခံရတဲ့ကေလးေတြေျပာပုံအရဆိုထမီရင္လ်ာ။ဆံပင္ဖားလ်ား
နဲ႔ အဘြားႀကီးေတြ၊ မ်က္လုံးျပဴးျပဴးႀကီးႀကီးနဲ႔ မိန္းမေတြ၊ ဦးေခါင္းမပါတဲ့ ေယာက္်ား ႀကီးေတြ၊ ကိုယ္တုံးလုံးနဲ႔ ကေလးေတြက စာသင္ေက်ာင္းၿခံစည္းတိုင္ေတြကို ကိုင္ လႈပ္ၿပီးေအာ္ဟစ္ေနၾကတာတဲ့။
အခ်ိဳ႕ကေက်ာင္းစည္း႐ိုးကိုကန္ေက်ာက္ဆြဲႏုတ္လုပ္ၾကတာတဲ့။မိန္းမႀကီးေတြ ကလက္ညႇိဳးေငါက္ေငါက္ထိုးၿပီး ရန္ေတြ႕ၾကတာဆိုပဲ၊
အဝတ္ဗလာနဲ႔ကေလးႀကီးငယ္ေတြကေျမႀကီးခဲေတြနဲ႔ စာသင္ေက်ာင္းကိုပစ္
ၾကသတဲ့ဗ်ာ၊
ဆံပင္ဖားလ်ား၊ မ်က္ႏွာမွာ အသီး အထြတ္အဖုႀကီးေတြ ျပည့္ေနတဲ့ မိန္းမႀကီး ေတြက ေက်ာင္းၿခံစည္း႐ိုးကို တိုးဝင္၊ ေဖာက္ဝင္၊ ေက်ာ္တက္ၿပီး ေက်ာင္းထဲကို ဝင္ လာၾကတာဆိုပဲ။
ဝင္လာၿပီး သူတို႔ စာသင္မိန္းကေလးေတြ၊ ျမင္ရတဲ့ကေလးေတြကို ဝင္ဆြဲၾက တာတဲ့ဗ်ာ၊
အခ်ိဳ႕ကလက္ဆြဲၿပီးေခၚတာခံရ၊
အခ်ိဳ႕ကေလးမေလးေတြက ဆံပင္ကို ေဆာင့္ဆြဲေခၚခံရ၊ အခ်ိဳ႕ကေလးမေလး ေတြကေတာ့ ေပြ႕ခ်ီခံရသလိုျဖစ္ၿပီး လန႔္ေအာ္ငိုၾက၊ ပူးၾက ျဖစ္ၾကတာတဲ့ဗ်ာ၊

သရဲပူးသလိုလို၊ တေစၦပူးသလိုလို ကေလးေတြျဖစ္တဲ့ေန႔ကစၿပီး ေက်ာင္းသူ ေက်ာင္းသားေတြကို သခ်ႋဳင္းကုန္းေပၚမွာသြားေရာက္ကစားျခင္း မျပဳရဘူးလို႔ ဆရာ ႀကီးက အမိန႔္ထုတ္လိုက္တယ္။
စာသင္ေနခ်ိန္မွာ ေက်ာင္းအုပ္ဆရာႀကီးနဲ႔ေက်ာင္းဆရာတစ္ဦးတို႔ကေက်ာင္း ကို ပတ္ၿပီး ကင္းလွည့္ေစာင့္ၾကည့္ၾကတယ္၊
ပူး၊လန႔္၊ေၾကာက္၊ေအာ္ျဖစ္ၾကတဲ့ေက်ာင္းသူမိန္းကေလးေတြကေတာ့ေက်ာင္း မလာၾကဘူး။ ေက်ာင္းတက္ရမွာလည္း ေၾကာက္႐ြံ႕ေနၾကတယ္၊ ေက်ာင္းသားေတြလည္းသခ်ႋဳင္းကုန္းေပၚကိုသြားမကစားၾကေတာ့ဘူး။ေက်ာင္း
ေရွ႕က ကြက္လပ္ကစားကြင္းငယ္မွာပဲေဆာ့ကစားၾကေတာ့တယ္။ သို႔ေသာ္ ဆရာႀကီးတို႔ ကင္းလွည့္ေစာင့္ေရွာက္ေနစဥ္မွာပဲ ေက်ာင္းထဲရွိ တတိယတန္းရွိစတုတၳတန္းကေက်ာင္းသူငါးဦးကိုဝင္ပူး၊လန႔္ေအာ္၊ထခုန္ျဖစ္ၾကလို႔
အနီးရွိ ေက်ာင္းသူေက်ာင္းသားေတြလည္းလြယ္အိတ္ဆြဲၿပီးေျပးၾကပါေရာဗ်ာ၊
ဆရာႀကီးလည္းအခက္ေတြ႕ေနတာေပါ့ဗ်ာ။ အခု- စာသင္ခန္းထဲမွာ ပုန္းဒိုင္းႀကဲေနၿပီ၊ ဟိုကေလးကိုထိန္းလိုက္၊
ဒီကေလးကို ေခ်ာလိုက္။
ေက်ာင္းမွာကေလးေတြကိုအပမွီေန၊ပူးေနတယ္ၾကားၾကေရာ၊ ႐ြာထဲ ရပ္ထဲက
လူေတြေျပးလာၾကည့္ၾက။ မိဘေတြက ရင္ထုေအာ္ဟစ္ေျပးလာၾက။
“ဟင္း ဟင္း- ဟင္း-ဟင္း”
“ဟီး-ဟီး-ဟီး-ဟီး”
“ဟူး- ဟူး-အူ၊”
38-8-8-8-8 “အိန္’ဂိန္ဂိန္ – ဂိန္”
ဘာပူးေနမွန္းမသိရတဲ့ ေက်ာင္းသူေလးေတြက ခုန္ေပါက္ေအာ္ဟစ္၊ ေခြးေတြ က အူ၊က်ီးကန္းေတြကလန႔္ပ်ံ၊ ညံေနတာပဲ။
ဒီမွာပဲ ေက်ာင္းသားမိဘတစ္ဦးက ပေယာဂကုဆရာႀကီးတစ္ဦးကို ေခၚၿပီး ေက်ာင္းထဲဝင္လာတာ။
သူက ဆရာႀကီး ဦးေ႐ႊေဘာ္တို႔ကို ေျပာျပတယ္။

“ဆရာႀကီး”
“ဟုတ္ကဲ့ – ေျပာပါ ခင္ဗ်ာ”
“ဟာဒါ… ပေယာဂကုတဲ့၊ ႏိုင္တဲ့ဂိုဏ္းဆရာႀကီးပါခင္ဗ်ာ။ နာမည္ကဆရာႀကီး ဦးတိုင္းခ်စ္တင္လို႔ေခၚပါတယ္ ခင္ဗ်”
“ဟုတ္ကဲ့-ကြၽန္ေတာ္က ေက်ာင္းအုပ္ႀကီး ဦးေ႐ႊေဘာ္ပါ- ဆရာႀကီး။ ကူညီ ေျဖရွင္းလို႔ရရင္ကူညီေျဖရွင္းေပးပါ-ဆရာႀကီးရယ္။ကြၽန္ေတာ္တို႔လည္း
ညစ္ထိတ္လန႔္ေနရပါတယ္ ခင္ဗ်”
“ခုလိုျဖစ္ေနတာ ဘယ္ႏွရက္ရွိၿပီလဲ-ဆရာႀကီး”
“ဆယ္ရက္ ရွိသြားပါၿပီ ခင္ဗ်”
“က်ဳပ္ စစ္ေဆးၾကည့္ပါရေစ။ ေက်ာင္းအုပ္ဆရာႀကီး ခြင့္ျပဳမယ္လား” “ခြင့္ျပဳပါတယ္။ စစ္ေဆးကူညီပါ ဆရာႀကီး”
ဒီမွာအထက္ဂိုဏ္၊ဆရာဆိုလား၊
ေန႔စဥ္စိတ္
ေယာဂီဝတ္စုံ၊ေယာဂ္ေခါင္းေပါင္းေပါင္းထားတဲ့အသက္(၇ဝ)ခန႔္ ပေယာဂကု
ဆရာႀကီးက ေအာ္ဟစ္ခုန္ေပါက္ ထိန္းခ်ဳပ္မရျဖစ္ေနတဲ့ကေလးမေလး တစ္ဦးေရွ႕ မွာရပ္ၿပီ..
“ဟဲ့-ကေလးမ”
“ဟူး- အူး- ဟူး- ဟူး – ဟင္း ဟင္း – ဟင္း”
“ကေလးမ‘သမီးနာမည္ ဘယ္လိုေခၚလဲ”
“ဝုန္း”
“ဟင္း-ဟင္း-ဟင္း-ဟင္း”
အပမွီပုံရတဲ့ကေလးမေလးကဆရာႀကီးတိုင္းခ်စ္တင္ကိုမ်က္လုံးျပဴးၾကည့္ၿပီး
ကုန္ပါ၊ ႐ုန္းပါေရာဗ်ာ။
“သမီး- စိတ္ကိုထိန္းပါ။ ကိုယ့္ နာမည္ကိုယ္မသိဘူးလား”
“ဟင္း-ဟင္း- ဟင္း-ဟင္း-ဟင္း- သိတယ္ – သိတယ္ – နင္ – နင္ – ဝင္-
ဝင္မပါ-ပါနဲ႔”
“ဟယ္”
“အို”

“ဟဲ့သမီး- လူႀကီးကို ဒီလိုမေျပာရဘူးေလ”
“သယ္
“အမေလး”
ဆရာမတစ္ဦးက ပေယာဂဆရာႀကီးကို “နင္ဝင္မပါနဲ႔”လို႔ ေျပာလိုက္လို႔ ဝင္ ေဖ်ာင္းဖ်ေရာ၊ မ်က္လုံးျပဴးၿပီး သယ္”လို႔ ေအာ္လိုက္တာ။
ဗ်။
ဆရာ၊ ဆရာမေတြအားလုံးလန႔္ဖ်ပ္အံ့ဩကုန္ပါေရာ။အခ်ိဳ႕မ်ားထြက္ေျပးတာ
“ကိုင္း-ကိုင္း-ကေလးေတြကိုမေႏွာင့္ယွက္၊ မဖမ္းစားပါနဲ႔။ ကေလးမ်ားကိုယ္ စား၊ ေက်ာင္းရဲ႕ကိုယ္စား က်ဳပ္က ေမတၱာရပ္ခံပါတယ္။ သင္ ဘယ္လိုပုဂၢိဳလ္ပါလဲ။ ဘာအလိုရွိလို႔ေရာက္လာတာပါလဲ။ကေလးေတြကဘယ္လိုအမွားေတြျပဳမိလို႔ပူးဝင္ ေႏွာင့္ယွက္ရတာပါလဲ။ ေျပာပါ- ေျပာပါ” ပေယာဂဆရာႀကီးကညင္ညင္သာသာ ေမးတာပါ။
“ဟင္း- ဟင္း”
“ေျပာပါ- သင္ ဘယ္လိုပုဂၢိဳလ္ပါလဲ”
“ဟင္း- ဟင္း- ဟင္း”
“ကေလးေတြအမွားလုပ္တာ ရွိပါသလား။ ရွိရင္ ေခါင္၊ညိတ္ျပပါ” အပူးခံေနရတဲ့ကေလးမက ေခါင္းယမ္းျပတယ္၊
“ဒါဆိုလူႀကီးေတြအမွားလုပ္ခဲ့လို႔လား”
သူ ေခါင္းညိတ္ျပတယ္၊ လူႀကီးေတြ မ်က္လုံးျပဴးကုန္ၾကၿပီ။ “သူတို႔ ဘာအမွားလုပ္ၾကသလဲ-ေျပာျပပါ”
“ဟင္း-ဟင္း- ဟင္း-ဟင္း”
“ဝူး-ဟူး- ဟူး … ဟူး”
ကေလးမေလးရဲ႕အသံကမိန္းကေလးအသံမဟုတ္ဘဲမိန္းမအသက္ႀကီးႀကီးရဲ႕ ေဒါသျဖစ္ေနတဲ့အသံျဖစ္ေနတာကို မယုံႏိုင္ေအာင္ ၾကားေနရပါေရာ၊
“ေျပာပါ- လူႀကီးေတြ ဘာအမွားလုပ္ပါသလဲ”
“ဟင္း-ဟင္း – ဟင္း – သူ – သူတို႔ ငါ-ငါတို႔ေျမ-ေျမကို ခိုးတယ္-ခိုးတယ္”
“ဗ်ာ”
“ဘာ

“အလိုေလးရွင္
“ေျမခိုးတယ္ – ဟုတ္လာ။ ဘယ္သူ႔ေျမကိုခိုးလို႔လည္း ေျပာပါ” “ဟူး-ဟူး-ဟူး-ေတာက္”
“ေဒါသမျဖစ္ပါနဲ႔ – ေမတၱာရပ္ခံပါတယ္။ ေျပာပါ- ဘယ္ေျမကိုခိုးလို႔တုံး” “ငါတို႔ေနတဲ့- ေဟာဒီသခ်ႋဳင္းေျမကိုခိုးထားတယ္။ ဟင္း-ဟင္း- ဟင္း – ခိုးထား တဲ့ ေျမကို ျပန္ေပးရင္ေပး၊ မေပးရင္ ငါတို႔အေၾကာင္း သိရေစမယ္ေဟ့-ဟူး-ဟူး- ဟူး-ဟီး-ဟီး- ဟီး”
“ဘုရားေရ” “ျပႆနာပဲ”
“သခ်ႋဳင္းေျမခိုးလို႔တဲ့”
ဒီမွာ ပေယာဂကုဆရာႀကီး ဦးတိုင္းခ်စ္တင္က ေက်ာင္းအုပ္ဆရာႀကီးဘက္
လွည့္ၿပီး …
“ဆရာႀကီး” “ဟုတ္ကဲ့”
“သခ်ႋဳင္းေျမခိုးလို႔ ဝင္ပူးေႏွာင့္ယွက္တာပဲ၊ ဆရာႀကီးတို႔ သခ်ိဳင္းေျမမ်ား ခိုး သလားခင္ဗ်ာ”
“ကြၽန္ေတာ္-မ-မသိ-သိ”
“ကြၽန္ေတာ္ ရွင္းျပပါရေစ – ဆရာႀကီး”
ေက်ာင္းအုပ္ဆရာႀကီးမေျဖႏိုင္တုန္းမွာလူႀကီးတစ္ဦးကပေယာဂကု ဆရာႀကီး
ကိုတိုးတိုးေလးေျပာလိုက္တယ္၊
“ဆရာႀကီးခင္ဗ်ား-ေဟာဒီစာသင္ေက်ာင္းကိုအသစ္ျပန္ေဆာက္ေတာ့လက္ သမားေတြက မူလၿခံစည္း႐ိုးကိုေက်ာ္ၿပီး ေျမခ်ဲ႕ေဆာက္မိၾကတယ္။ သခ်ႋဳင္းေျမမွန္း
မသိတသိနဲ႔ေဆာက္ၾကတာပါ။ၿခံစည္း႐ိုးလည္းတိုးကာလိုက္ေတာ့သခ်ႋဳင္းေျမနည္း
နည္းပါသြားမွန္းေက်ာင္းေဆာက္ၿပီးမွသိသြားၾကပါတယ္ ခင္ဗ်၊ ေက်ာင္းျပန္ဖ်က္ဖို႔ လည္း မျဖစ္ႏိုင္လို႔ ဒီအတိုင္း မသိခ်င္ေယာင္ျပဳေနမိၾကပါတယ္ ခင္ဗ်
“ဒါေၾကာင့္ ျဖစ္ၾကတာကို။ ရွင္းၿပီေပါ့ေလ။ ဒါဆို ေက်ာင္းေဆာက္တဲ့ဘက္က လူေတြအမွားပဲေပါ့

“ဒီလိုျဖစ္လာမယ္လို႔မထင္တာနဲ႔”
“ခု-ေက်ာ္မေကာင္း၊ၾကားမေကာင္းျဖစ္ကုန္ၿပီမဟုတ္လား။ ခင္ဗ်ားတို႔လူႀကီး
ေတြ မဆင္မျခင္လုပ္တဲ့ကိစၥေၾကာင့္ အျပစ္မရွိတဲ့ကေလးေတြ ေျခာက္လွန႔္ပူးကပ္ ညႇဥ္းဆဲခံေနရၿပီေလ။အခု- ဘယ္လိုလုပ္ၾကမတဲ့။”

ေက်ာင္းအက်ိဳးေတာ္ေဆာင္ လူႀကီးေရာ၊ ေက်ာင္းအုပ္ဆရာႀကီးေရာ ဘာမွ
မေျပာႏိုင္ၾကဘူး။
“ဘယ္လိုလုပ္မတုံး”
“ဟူး- ဟူး- ဟူ၊ – နင္တို႔သူခိုးေတြငါတို႔မေက်နပ္ဘူး၊ ငါတို႔ေျမကိုျပန္ေပ။ငါတို႔ ေနတဲ့ေျမေပၚက ဖယ္ေပးၾက-ဟူး- ဟူး-ဟူး”
အပဝင္ပူ၊ေနတဲ့ကေလးကလည္းလူႀကီးသံနဲ႔ ေအာ္ဟစ္ႀကိမ္းဝါးေနၿပီဗ်။ “နင္တို႔အားလုံးငါတို႔အေၾကာင္း သိရေစ့မယ္ေဟ့”
မိန္းကေလးငါးဦး ဝုန္းဒိုင္းႀကဲခုန္ေပါက္ေအာ္ဟစ္ေနပါေရာ။
“ကိုင္း-ကိုင္း- ဒိသခ်ိဳင္းေျမေပၚမွာ မွီတင္းေနထိုင္ၾကတဲ့ မျမင္ရ၊ ျမင္ရ ပုဂၢိဳလ္ မ်ားခင္ဗ်ား- ဒီကလူႀကီးေတြကလည္း သူတို႔အမွားကို သူတို႔ဝန္ခံပါတယ္၊ ေက်ာင္း ကလည္း ေဆာက္လုပ္ၿပီးစီးသြားၿပီမို႔ ျပန္ဖ်က္ေ႐ႊ႕ေဆာက္ဖို႔လည္းအခက္အခဲရွိေန ပါတယ္တဲ့။ သူတို႔အမွားကိုလည္း ဝန္ခံေတာင္းပန္ပါတယ္တဲ့။ ဒါေၾကာင့္ နားလည္ သည္းခံခြင့္လႊတ္ေပးပါလို႔ေတာင္းပန္ပါတယ္”
“ဟင္း-ဟင္း-ဟူး-ဟူး”
ပူးေနတဲ့မိန္းကေလးငါးဦးေခါင္းေတြယမ္းျပတယ္၊လက္မခံဘူးတဲ့။ ဆရာႀကီး ကလည္း ေတာင္းပန္ေမတၱာ ရပ္ခံပါတယ္၊ သူတို႔ ဖယ္ေပးရမယ္လို႔ ဇြတ္တင္းေျပာ ေနၾကတယ္၊
“ေက်ာင္းအုပ္ႀကီးဘယ္လိုလုပ္ၾကမတုံး။သူတို႔ကိုေတာင္းပန္ေမတၱာရပ္ခံတာ
လည္း ေခါင္းယမ္းျပၾကတယ္။ ေက်ာင္းကို ဖ်က္ေ႐ႊ႕လို႔ရႏိုင္မလာ၊”
“ေက်ာင္းဖ်က္မယ္ဆိုရင္ ေက်ာင္းသားေတြ ဘယ္မွာစာသင္လို႔ရမွာလဲ ဆရာ
ႀကီးရယ္၊ ၿပီး- ကုန္က်စရိတ္အသစ္အတြက္ရံပုံေငြက မရွိပါဘူးဗ်ာ” “ဒီလိုဆိုရင္ ေ႐ႊ႕ေပးဖ်က္ေပးလို႔မျဖစ္ႏိုင္ဘူးေပါ့ေနာ္”

“အဲအဲ – ခုလိုသိရၿပီဆိုေတာ့လည္း ေက်ာင္းသားမိဘ ဆရာအသင္းဝင္ေတြနဲ႔ တိုင္ပင္ၿပီးမွအေျဖေပးလို႔ရမွာပါ ခင္ဗ်ာ”
“ဟူး- ခက္တာပဲကို”
ပေယာဂစစ္ေဆးသူ ဆရာႀကီး တိုင္းခ်စ္တင္ သို႔ကလို ေျပာလိုက္စဥ္မွာပဲ ေက်ာင္းသားမိဘတစ္ဦးက.
“ဆရာႀကီး ဦးတိုင္းခ်စ္တင္ ခင္ဗ်”
“ဟုတ္ကဲ့” ေျပာပါ”
“ဒီကေလးေတြကို သခ်ႋဳင္းကုန္းက တေစၦသရဲေတြ ေျခာက္လွန႔္ပူးကပ္ေနတာ
ပါလား- ဆရာႀကီး” “ဟုတ္ပါတယ္ဗ်ာ”
“ဆရာႀကီးအေနနဲ႔ ကေလးေတြကို ပူးကပ္ေႏွာင့္ယွက္ေနတဲ့ မေကာင္းဆိုးဝါး တေစၦသရဲေတြကို ႏွင္လို႔၊ ထုတ္လို႔မရဘူးလား – ဆရာႀကီး”
“ထုတ္လို႔ရပါတယ္”
“ရရင္ထုတ္ႏွင္ေပးပါလား ဆရာႀကီးရာ – ဟင္”
ထိုလူကထုတ္နင္ေပးဖို႔ ဝင္အႀကံျပဳေတာ့က်န္-ေက်ာင္းသားမိဘမ်ား၊ ဆရာ မ်ားကလည္း ပူးကပ္ေနတဲ့ သရဲတေစၦကို ႏွင္ထုတ္ေပးဖို႔ ဝိုင္းဝန္းေတာင္းဆိုၾကပါ ေရာဗ်ာ။ဒီမွာပေယာဂဆရာႀကီးတိုင္းခ်ဳပ္တင္က ..
“မိတ္ေဆြတို႔က်ဳပ္ဧေဟာဒီကေလးေတြကိုပူးကပ္ဝင္ေရာက္ေႏွာင့္ယွက္ေျခာက္ လွန႔္ေနတဲ့သခ်ႋဳင္းကုန္းကတေစၦသရဲအဖေကာင္ေတြကိုထုတ္နင္ေပးမယ္ -ၾကည့္
ၾကပါ”
ပေယာဂဆရာႀကီးဦးတိုင္းခ်စ္တင္က သို႔ကလို ေျပာၿပီးေနာက္လက္အုပ္ခ်ီၿပီး ဂါထာမႏၲန္ေတြကို ႐ြတ္လိုက္တယ္ဗ်။ ၿပီး- ပူးဝင္ေအာ္ဟစ္ေနတဲ့ ေက်ာင္းသူေလး ေတြရဲ႕ဦးေခါင္းေပၚကို သူ႔လက္ဝါးနဲ႔အုပ္လိုက္ေရာ..
“အား-အား—–လုပ္နဲ႔ – မလုပ္နဲ႔”
“ငါ့ကိုေၾကာက္ရဲ႕လား“ကဲ”
“အား-အီး”
လူးလြန႔္ေအာ္ဟစ္ပါေရာဗ်ိဳ႕။
“ေနာင္ကို ဒီကေလးေတြကိုေႏွာင့္ယွက္ဦးမလား”

“အမယ္ေလး- မလုပ္ပါနဲ႔ – အား” “ေျခာက္လွန႔္ဦးမလားေဟ့”
“မ-လွန႔္-ေတာ့-ပါ-ဘူ၊- ရွင့္- အား” “ကတိေပးမွာလား”
“အင္း-အင္း”
“ကတိမတည္ရင္ နင္တို႔ ငါနဲ႔ေတြ႕မယ္ သိလား၊ ခုခ်က္ခ်င္း ပူးကပ္ေႏွာင့္ယွက္ ေနတာေတြထြက္ၾက။အထက္ဆရာေတာ္ဘုရားႀကီးမ်ားနဲ႔ဘုရားငါးဆူအမိန႔္ေတာ္-
ကိုင္း”
“အား-အား-အား”
“ဝုန္း”
ပူးဝင္ေနတဲ့အပေကာင္ ခ်က္ခ်င္းထြက္သြားလို႔ေက်ာင္းသူေလးလဲက်၊ သတိ လစ္သြားခဲ့တယ္။ျမင္ရသူေတြပို၊ရိမ္ထိတ္လန႔္၊ ေအာ္ဟစ္ေနခ်ိန္မွာပဲ ဆရာႀကီးက သတိလစ္ေနတဲ့ ေက်ာင္းသူေလးရဲ႕မ်က္ႏွာကိုလက္ဝါးႏွင့္ သပ္ခ်လိုက္ေရာကေလး မေလးျပန္သတိရလာၿပီး ဝမ္းနည္းပက္လက္ ငိုပါေရာဗ်ာ။
အျခားအပအေနာင့္ပူးဝင္ေနတဲ့ ေက်ာင္းသူေလးမ်ားကိုလည္း ဆရာႀကီးတိုင္း
ခ်စ္တင္ကထုတ္ေပးလိုက္ေရာအားလုံးပုံမွန္အေနအထားကိုျပန္ေရာက္၊သတိရၿပီး
ငိုၾကပါေရာ။
လက္ေတြ႕ ျမင္ရတဲ့ဆရာ၊ဆရာမေတြ၊ ေက်ာင္းသားမိဘေတြ၊႐ြာထဲကလူေတြ ဟာ ပေယာဂထုတ္နိင္တဲ့ ဆရာႀကီးဦးတိုင္းခ်စ္တင္ကို ေက်းဇူးတင္၊ ေလးစားလို႔ မဆုံးႏိုင္ေအာင္ ျဖစ္ၾကပါေရာဗ်ာ

ပေယာဂကုဆရာႀကီး ဦးတိုင္းခ်စ္တင္ ေကာင္းမႈေၾကာင့္ ေက်ာင္းမွာသရဲပူး၊ တေစၦပူး၊ ဟို – ေၾကာက္လန႔္တာတို႔တစ္ပတ္တိတိ မျဖစ္ခဲ့ဘူးဗ်ာ၊
အားလုံးဝမ္းသာေက်နပ္ေပ်ာ္႐ႊင္ၾကေပါ့။
ေက်ာင္းသူေက်ာင္းသားေတြလည္းနဂိုကလိုပဲေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေက်ာင္းတက္၊
ေဆာ့ကစားၿမဲကစားၾက၊ စာသင္ၾက၊ ဆရာ၊ဆရာမေတြလည္းစိတ္ခ်မ္းသာျဖစ္ေန တုန္းမွာပဲ စတုတၳတန္းက ေက်ာင္းသူကိုးဦး တစ္ၿပိဳင္နက္တည္း သရဲပူးပါေလေရာ
ဗ်ား

ကိုးေယာက္ ၿပိဳင္တူပူးၿပီး ေအာ္ဟစ္ေသာင္းက်န္းတာ။ ဆရာ၊ ဆရာမေတြထိန္းလို႔အုပ္လို႔မႏိုင္ဘူးဗ်။
ေနာက္ဆုံး ဧည့္သည္ဂိုဏ္းဆရာႀကီး ဆရာတိုင္းခ်စ္တင္ထံကိုေျပးၿပီး အကူ အညီေတာင္းရျပန္ပါေရာ။ ဆရာႀကီးတိုင္းခ်စ္က ေျပာၿပီဗ်ိဳ႕။
“ေက်ာင္းအုပ္ႀကီး”
“ခင္ဗ်ာ- ဆရာႀကီးတိုင္းခ်စ္”
“ဒီလိုပူးဝင္ေႏွာင့္ယွက္လိုက္၊ ပေယာဂကုဆရာနဲ႔ေတြ႕ရင္ ပေယာဂ အပထြက္ သြားလိုက္ကမၾကာခဏျဖစ္ေနမွာပဲဗ်၊အဓိကကဆရာႀကီးတို႔ဘက္ကမွားေနတယ္
ေလ၊ သခ်ႋဳင္းေျမထဲ က်ဴးဝင္ေဆာက္ထားတာ မွန္ပါတယ္လို႔လည္း ဝန္ခံခဲ့ၾကၿပီ။ သခ်ႋဳင္းထဲက ပရသာ၊ေတြ႕ကလည္း က်ဴးဝင္တာ မဖယ္ေပးသေ႐ြ႕ ခုလိုပဲ လစ္ရင္ လစ္သလိုဝင္ေရာက္ပူးဝင္၊ေျခာက္လွန႔္လုပ္ေနမွာပဲ။က်ဳပ္တို႔ပညာရပ္ပိုင္းကလည္း အမွားျပဳလုပ္ထားတဲ့ဆရာႀကီးတို႔စာသင္ေက်ာင္းဘက္ကဘက္လိုက္ၿပီး၊ မွန္ေနတဲ့ ပရေလာကသားေတြကိုဒဏ္ခတ္လို႔မရဘူးေလ။က်ဳပ္တို႔ပညာေတာ္ျမတ္ႀကီးသင္
ဆရာေတြလည္း အဂတိတရားကင္းစင္ၿပီး မွန္ကန္ရာကို ျပဳလုပ္ရပါတယ္။ က်ဳပ္တို႔ မမွန္မကန္ျပဳခဲ့ရင္က်ဳပ္တို႔ကိုဘုရားသခင္ေတြကဒဏ္ခတ္ၾကလိမ့္မယ္။ဒဏ္ထိရင္ ပညာကန္းေရာ၊ က်ဳပ္တို႔လည္းမွန္ေနတဲ့ပရသားေတြအေပၚမရက္စက္ခ်င္ဘူးဗ်ာ။ က်ဳပ္တို႔ ပညာပိုင္းအျမင္ရေျပာရရင္ သူတို႔ေျမကို ျပန္ေပးလိုက္ပါ။ ျပန္မေပးခ်င္ရင္ သူတို႔ထံမွာအလႉခံၾကည့္ေပါ့။ က်ဳပ္အျမင္အေတြ႕အႀကဳံအရေျပာရရင္ ေက်ာင္းေျမ ကို ေနာက္ဆုတ္ျပန္ေပးလိုက္ရင္ ခုလိုပူးတာ၊ ကပ္တာ၊ ေႏွာင့္ယွက္တာ၊ လန႔္တာ မရွိေတာ့ဘူးလို႔ ယုံၾကည္တယ္။ ေက်ာင္းဖ်က္ေ႐ႊ႕တာ၊ မေ႐ႊ႕တာက ဆရာႀကီးတို႔ သေဘာပါပဲ။ ေရာ့- ဒီေရမန္းယူသြားၿပီးအပမွီေန၊ပူးဝင္ေနးတဲ့ကေလးေတြရဲ႕ေခါင္း ေပၚကိုယ္ေပၚကို ဒီေရမန္းဗ်န္းေပးလိုက္။ အားလုံးထြက္သြားလိမ့္မယ္။ က်ပ္ ဒါမွ်ပဲ ကူညီႏိုင္မယ္ဗ်ာ-ေနာ္
ဆရာႀကီးဦးတိုင္းခ်စ္တည္းခိုေနတဲ့အိမ္ကျပန္လာၿပီ၊ဆရာႀကီးေပးတဲ့ ေရမန္း
နဲ႔ပက္လိုက္ေတာ့မွအပမွီပူးကပ္ေနတာ ၿငိမ္က်သြားခဲ့တယ္ဗ်ာ၊ ဒီလိုပူးကပ္ေႏွာင့္ယွက္ေနတာ မၾကာခဏပဲ၊

ေက်ာင္းအုပ္ႀကီးကိုလည္းပရသားေတြကအိပ္မက္ေပးၾကသတဲ့။ သူတို႔ေနတဲ့
ေျမျပန္ေပးပါတဲ့။
သတဲ့၊
ေျမသူခိုးေတြလို႔ ဝိုင္းစြပ္စြဲၾကသတဲ့၊
ေျမျပန္မေပးရင္ တစ္ေက်ာင္းလုံး႐ူးေအာင္လုပ္ပစ္မယ္လို႔ အိပ္မက္ေပး ေျပာ
ေနာက္ထပ္ ပေယာဂဆရာအသစ္ေတြ ေခၚၿပီး ရွင္းလည္း မရဘူး။ ေနာက္ ပေယာဂဆရာေတြကလည္း ဆရာႀကီးဦးထိုင္းခ်စ္ ေျပာသလိုပဲေက်ာင္းေ႐ႊ႕ၿပီး ေျမ ျပန္ေပးဖို႔ပဲ အႀကံျပဳၾကတယ္၊ အခက္ေတာ့ႀကဳံေနရၿပီ။ ဘယ္လိုလုပ္ရပါ့။
ေက်ာင္းဖ်က္ေ႐ႊ႕ဖို႔က ေငြမတတ္ႏိုင္။ ေက်ာင္းေဆာက္ခဲ့တဲ့ တာဝန္ရွိသူေတြရဲ႕ အေျမာ္အျမင္နည္းခဲ့၊မဆင္မျခင္လုပ္ခဲ့ၾကတဲ့လုပ္ခ်က္ကတစ္ေက်ာင္းလုံးကိုဒုကၡ
ေပးေနၿပီ။
ဒီပရသားေတြအေၾကာင္းက မယုံရအခက္၊ ယုံရအခက္၊ သူ႔တပည့္ေတြ ပူးဝင္ ေၾကာက္လန႔္ေနတာ ရက္ေတြမနည္းေတာ့။ သရဲပူး၊ တေစၦပူးေနတာအမွန္ပဲလား။ သုသာန္ေျမကိုက်ဴးမိလို႔ျဖစ္တာေရာ- အမွန္ပဲလား။
ေနာက္ဆုံး ဒီျဖစ္ရပ္ဆန္းၾကယ္ ျဖစ္ေနတဲ့ကိစၥအေပၚပညာေရးမႉးထံေရာ ၿမိဳ႕နယ္ေကာင္စီကိုပါတင္ျပအစီအရင္ခံလိုက္ရေတာ့တယ္။
လူႀကီးေတြကိုျဖစ္ေနတဲ့ အေၾကာင္းအရာကို သက္ေသလူႀကီး အစုံအလင္နဲ႔ တင္ျပေတာ့ပညာေရးဌာနကတာဝန္ရွိသူေတြ၊ဌာနဆိုင္ရာလူႀကီးေတြ ဆင္းခ်လာ ၿပီး ကိုယ္တိုင္ မ်က္ျမင္ေလ့လာၾကပါေရာ။
သူတို႔လည္း စတုတၳတန္းနဲ႔ တတိယတန္းက ေက်ာင္းသူအေတာ္မ်ားမ်ား ကေယာင္ေခ်ာက္ခ်ား စုန္းပူးသလို၊ သရဲပူး၊ နတ္ပူးသလိုျဖစ္ေနတာျမင္ေတာ့အံ့ဩ ကုန္ၾကေရာ၊
သို႔ေသာ္ သူတို႔က ပညာတတ္ေတြ၊ သရဲတေစၦဆိုတာလက္မခံခ်င္ၾကဘူး။ ဒါ- က်န္းမာေရးကိစၥေၾကာင့္ ျဖစ္တာေနမွာလို႔ ယုံၾကည္တဲ့အတြက္ ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနကက်န္းမာေရးဝန္ထမ္းေတြ၊ဆရာဝန္ႀကီးေတြပါေက်ာင္းကို

ေခၚလာၿပီး ပေယာဂဝင္ေနတဲ့ ကေလးမေကာင္းသူေတြေရာ၊ အျခားေက်ာင္းသူ ေက်ာင္းသားေတြကိုေပါ့။က်န္းမာေရး စစ္ေဆးခဲ့ၾကတယ္။
အပ်ိဳေဖာ္ဝင္စျပဳလုမိန္းကေလးေတြလည္းျဖစ္ၾကသလို႔ေစ့ေစ့စပ္စပ္ ေမးျမန္း
စစ္ေဆးၿပီး ေဆးဝါးေကာင္းေတြပါ ေသာက္ဖို႔ေပးခဲ့တယ္၊
ေသာက္ေရ၊ သုံးေရေတြကိုလည္း စနစ္တက် စစ္ေဆးၾကတယ္။ ဒါ့အျပင္ စိတ္ ေရာဂါကုဆရာဝန္ႀကီးေတြပါ ေရာက္ရွိလာၿပီးေက်ာင္းသူေက်ာင္းသားတိုင္းရဲ႕စိတ္ က်န္းမာေရးအေျခအေနကို စစ္ေဆးခဲ့ၾကတယ္။
အျပစ္အနာအဆာမရွိၾကပါဘူးတဲ့။စိတ္က်န္းမာေရးဆရာဝန္ႀကီးေတြကတေစၦ
သရဲဆိုတာမရွိဘူး။ ေၾကာက္စရာမလိုဘူးလို႔ရွင္းျပၾကတယ္။ၿပီး-ကေလးေတြ စိတ္ ဓာတ္ရဲရင့္ေအာင္ သူရဲေကာင္းပုံျပင္ေတြ ေျပာျပၾက၊ ရဲစြမ္းသတၱိဗြီဒီယိုေတြ ဖြင့္ျပနဲ႔ စိတ္ဓာတ္ျမႇင့္တင္ေပးခဲ့ၾကတယ္ဗ်ာ၊
သို႔ေသာ္မ်ားမၾကာခင္ ဟိုေန႔ကျဖစ္စဥ္အတိုင္းပေယာဂဝင္ၾက၊ ပူးၾက၊ ခုန္ၾက၊ ေအာ္ဟစ္ၾက၊ထိတ္လန႔္ၾက၊ထြက္ေျပးၾက၊သတိလစ္ၾက၊ငိုေႂကြးၾက၊စာသင္ေက်ာင္း
ေလးဟာထူးဆန္းအံ့ဖြယ္ျဖစ္ရပ္ေတြနဲ႔ တုန္လႈပ္ေခ်ာက္ခ်ားေနၾကရဲ႕။ ဒီျဖစ္ရပ္ဆန္းၾကယ္ကိစၥကို လူႀကီးပိုင္းက ယုံသူလည္း ရွိၾကရဲ႕၊ မယုံသူလည္း
ရွိၾကရဲ႕၊
တဲ့၊
သံဃာေတာ္အရွင္သူျမတ္ႀကီးေတြကလည္း မိန႔္တယ္။
ျမင္ရ၊ မျမင္ရ ပရသားေတြ ေက်နပ္ေအာင္လုပ္ေပးႏိုင္ရင္လုပ္ေပးလိုက္ၾကပါ
ဂမၻီရပညာရွင္ေတြကလည္းအႀကံေပးၾကတယ္ဗ်။
ကိုယ့္ဘက္ကမွားေနရင္ကိုယ္ျပင္လိုက္ပါတဲ့။
သက္ရွိေလာကမွာပဲျဖစ္ျဖစ္၊ မျမင္ ရတဲ့ ပရေလာကမွာပဲျဖစ္ျဖစ္ ေနရာဆိုတာ ရွိတယ္တဲ့၊ သူ႔နယ္ကိုယ့္နယ္ မက်ဴးေက်ာ္တာအေကာင္းဆုံးပဲတဲ့။ ဟုတ္တာပဲဗ်။ စည္းေတာ့ ရွိသင့္တာပဲဗ်ာေနာ္၊
သစ္ပင္ႀကီးေတြကို ခုတ္ခ်င္တိုင္း ခုတ္လို႔မရဘူးေလ၊
သစ္ပင္ေတြမွာ ပရသားေတြ မွီခို ေနၾကတာ။
အခ်ိဳ႕သစ္ပင္ႀကီးေတြကအုန္းပြဲ၊ ငွက္ေပ်ာပြဲေပ။ေတာင္းပန္၊ ေနရာခ်ၿပီးမွ ခုတ္
လို႔ရတာရွိတယ္၊

ေျပာရင္ယုံၾကမွာမဟုတ္ဘူး။
ကိုယ္ေတြ႕ႀကဳံဖူးသူေတြကေတာ့လက္ခံတယ္။ေဟာ-အခု-ကိစၥျပတ္ေအာင္
ရွင္းျပၿပီး
ၿမိဳ႕နယ္ျပည္သူ႔ေကာင္စီကလူႀကီးေတြ၊စည္ပင္သာယာကလူႀကီးေတြ၊ ေျမယာ
ကလူႀကီးေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြပါ သရဲဝင္ပူးတဲ့ေက်ာင္းရွိရာေရာက္လာၾကတယ္။ ဒီေန႔ ဇူလိုင္လ (၉)ရက္၊ မင္းမိန႔္ျပန္မယ္တဲ့။
မင္းမိန႔္ျပန္တာ မျမင္ဘူး။ မၾကားဘူးၾကေတာ့ ၾကားၾကသမွ်လူေတြ လာၾကည့္ ၾကတာ၊ စာသင္ေက်ာင္းေရွ႕နဲ႔ သခ်ႋဳင္းကုန္းဝန္းက်င္မွာ မနည္းဘူးဗ်ာ၊ စာသင္ေက်ာင္းေခါင္းရင္းဘက္ေက်ာင္းစည္း႐ိုးေရွ႕မွာၿမိဳ႕နယ္ျပည္သူ႔ေကာင္စီ ကိုယ္စားလွယ္(လူမႈေရးတာဝန္ခံ)ကအမိန႔္စာစာ႐ြက္ကိုကိုင္ၿပီးသခ်ႋဳင္းကုန္းရွိရာကို စိုက္ၾကည့္ေနတယ္။ သူ႔နံေဘးဘယ္ညာမွာေက်ာင္းအုပ္ဆရာႀကီးနဲ႔ ဆရာ၊ ဆရာမ ေတြ ေက်ာင္းအက်ိဳးေတာ္ေဆာင္ေတြ၊ ဌာနဆိုင္ရာ လူႀကီးေတြ၊ ရဲအရာရွိနဲ႔ လက္ နက္ကိုင္ရဲသားေတြတန္းစီေနရာယူထားၾကလို႔ဗ်။
ေက်ာင္းသားမိဘ၊ ရပ္သူ႐ြာသားနဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြကလည္း ေက်ာင္းဝင္း၊ေက်ာင္းျပင္ကေနၿငိမ္သက္စြာရပ္ၾကည့္ေနၾကတာ။ဒါမ်ိဳးမျမင္ဖူးဘူး
အခ်ိန္က နံနက္ကိုးနာရီတိတိ၊
ၿမိဳ႕နယ္လူႀကီးက ေအာင္ျမင္တဲ့အသံနဲ႔ အမိန႔္စာကို ဖတ္လိုက္တယ္။
သို႔/
“ ၿမိဳ႕နယ္၊ကိုးလုံးခ်က္ေက်း႐ြာသခ်ႋဳင္းအတြင္းမွီတင္းေနထိုင္ၾကကုန္ေသာ ပရဝိညာဥ္ေလာသားတို႔အားလုံးအားၿမိဳ႕နယ္ျပည္သူ႔ေကာင္စီဥကၠ႒မွတရားဝင္မင္း
မိန႔္ျပန္ အသိေပးပါသည္။
ကိုးလုံးခ်က္ေက်း႐ြာအစိုးရမူလတန္းစာသင္ေက်ာင္းသစ္(…..) ေန႔ကျပန္ လည္ေဆာက္လုပ္ၿပီးစီးခဲ့ပါသည္။ေက်ာင္းသစ္ျပန္လည္ေဆာက္လုပ္ရာမွာကိုးလုံး
ခ်က္ သခ်ိဳင္းေျမအတြင္းသို႔ ေလးေပမွ် က်ဴးဝင္ေဆာက္လုပ္လ်က္ ျဖစ္သြားခဲ့ပါ
သည္။

ထိုသို႔ ေျမငါးေပမွ် က်ဴးေက်ာ္ဝင္ေဆာက္လုပ္မိသည့္အတြက္ က်ဴးဝင္မိတာ ေျမေလးေပ၊အရွည္ေပတစ္ရာ့ငါးဆယ္ကိုနဂိုမူလရွိရင္းစြဲ ကိုးလုံးခ်က္သခ်ႋဳင္းအေရွ႕ ဘက္သို႔ တရားဝင္ ေျပအစားထိုးေပးအပ္လိုက္ပါသည္။
ေက်ာင္းသစ္ေဆာက္၍ က်ဴးဝင္သြားသည့္ေျမကို အစားထိုးေရွ႕တိုး၍ ကိုးလုံး ခ်က္သခ်ႋဳင္းပိုင္ေျမအျဖစ္ ယေန႔ ယခုအခ်ိန္မွစ၍ တရားဝင္သတ္မွတ္လိုက္ၿပီျဖစ္ သည္။
သို႔ျဖစ္ပါေသာေၾကာင့္ ကိုးလုံးခ်က္ အစိုးရပိုင္ မူလတန္းစာသင္ေက်ာင္းေျမ အေရွ႕အေနာက္ ေတာင္ေျပာက္ ဧက (…..) သည္ ေက်ာင္းပိုင္ေျမျဖစ္သြားၿပီဟု ႏိုင္ငံေတာ္အစိုးရမွ တရားဝင္ျပင္ဆင္သတ္မွတ္ အတည္ျပဳလိုက္ၿပီျဖစ္သည္။
၁၉၇၀ – ခုႏွစ္၊ ဇူလိုင္လ (၉)ရက္ ေန႔မွစ၍ ေက်ာင္းပိုင္ေျမနဲ႔ သုသာန္ပိုင္ေျမတို႔ သည္ အသီးအျခား ပိုင္းျခားတိုးခ်ဲ႕ျဖည့္စြက္သတ္မွတ္ၿပီးေၾကာင္း ႏိုင္ငံေတာ္အစိုးရ တိုယ္စား ကြၽန္ေတာ္ကတရားဝင္ ေၾကညာလိုက္သည္။
ယေန႔ယေနအခ်ိန္မွစ၍ ကိုးလုံးခ်က္မူလတန္းေက်ာင္း၏ ပညာသင္ၾကားေရး ဆိုင္ရာ ကိစၥအဝဝကို မည္သူမွ် ေႏွာင့္ယွက္ဟန႔္တားျခင္း မျပဳလုပ္ရ။ ေႏွာင့္ယွက္ ဟန႔္တား ဖ်က္ဆီးျပဳလုပ္ခဲ့သည္ရွိေသာ္ ႏိုင္ငံေတာ္အစိုးရ၏ တရားဥပေဒအရ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း ေၾကညာအမိန႔္ထုတ္ျပန္လိုက္သည္။
“အားလုံးက သတိ”
ပုံ
ဦးမင္းရန္ေႏွာင္ႀကီး။ ၿမိဳ႕နယ္ျပည္သူ႔ေကာင္စီဥကၠ႒ . ၿမိဳ႕နယ္။
ၿမိဳ႕နယ္ ျပည္သူ႔ေကာင္စီဥကၠ႒ရဲ႕မင္းမိန႔္ျပန္စာ ဖတ္လို႔ၿပီးေရာရဲတပ္ဖြဲ႕ရဲ႕အမိန႔္ ေပးသံကို ၾကားရၿပီး ရဲတပ္သား (၁၈)ဦးတို႔က ေသနတ္ကိုယ္စီနဲ႔ သတိဆြဲထားၾက သည္။
“အားလုံး- ေသနတ္( ၁၈)ခ်က္ပစ္ေဖာက္ရန္အသင့္ျပင္” “ေျဖာင္း- ေျဖာင္း”
ရဲတပ္သား(၁၈)ေယာက္က႐ိုင္ဖယ္ေသနတ္ေတြကိုေမာင္းတင္ၿပီးကိုးလုံးခ်က္
သခ်ႋဳင္းရွိရာကို မ်က္ႏွာမူလို႔ ေသနတ္ေျပာင္းေတြကို မိုးေပၚထိုးခ်ိန္လိုက္တယ္။

“ဒိုင္း”
“ဒိုင္း-ေဖာင္း-ဒိုင္း-ေဖာင္း-ဒိုင္း-ေဖာင္း”
ေသနတ္သံေတြဟာ နားကြဲမတတ္ ဆူညံေပါက္ကြဲ ေပၚထြက္လာခဲ့တယ္ဗ်ာ။ ယမ္းေငြ႕ေတြဟာ ကိုးလုံးခ်က္ သခ်ႋဳင္းနဲ႔ စာသင္ေက်ာင္းေပၚမွာလြင့္ပ်ံ႕ေဝ့ဝဲ မႈိင္းထသြားခဲ့တယ္။
ေသနတ္သံ (၁၈)ခ်က္ ပစ္ေဖာက္ၿပီးေတာ့ ရဲအရာရွိရဲ႕ “ေနၿမဲ”ဆိုတဲ့အမိန႔္ေပး သံ၊ တန္းျဖဳတ္” ဆိုတဲ့အမိန႔္ေပးသံအဆုံးမွာမင္းမိန႔္ျပန္အခမ္းအနားၿပီးဆုံးသြားခဲ့
တယ္ဗ်ာ။
အံ့ဩစရာသိပ္ေကာင္းတာပဲဗ်ာ၊

မင္းမိန႔္ျပန္စာဖတ္ၿပီးေသနတ္ (၁၈)ခ်က္ေဖာက္ၿပီး ေနာက္ပိုင္းကစၿပီး… ကိုးလုံးခ်က္စာသင္ေက်ာင္းထဲမွာေက်ာင္းသူေလးေတြ သရဲပူးတာမျဖစ္ေတာ့
ဘူးဗ်ာ။
ေၾကာက္၊ လန႔္၊ ေအာ္ဟစ္၊ ငိုယိုတာေတြ လုံးဝမျဖစ္ေတာ့ဘူးဗ်ာ။ ေက်ာင္းအုပ္ဆရာႀကီးနဲ႔ ဆရာ၊ဆရာမေတြေရာ၊ေက်ာင္းသူေက်ာင္းသားေတြ ေရာ၊ မိဘေတြ၊ ႐ြာသူ႐ြာသားေတြပါ အံ့ဩေက်နပ္ ဝမ္၊သာမဆုံး ျဖစ္ခဲ့ၾကၿပီေပါ့
ဗ်ား
ကိုင္း- စာေရးဆရာ၊ ဒီပြဲမွာ ဘယ္သူႏိုင္လဲ၊ ဘယ္သူရႈံးလဲဗ်ာ၊
ဘယ္သူမွားလဲ၊ဘယ္သူမွန္လဲဗ်ာ။ မွားသည္ျဖစ္ေစ၊မွန္သည္ျဖစ္ေစႏိုင္ငံေတာ္ အစိုးရ မင္းမိန႔္ရဲ႕အာဏာစက္ကိုေတာ့ လူေတြတင္မက ျမင္ရ၊ မျမင္ရ ပရဝိညာဥ္ ေလာကသားေတြပါ မလြန္ဆန္ဝံ့တာေတာ့အထင္အရွားပဲဗ်ာ၊
ႏိုင္ငံေတာ္ အစိုးရကိုယ္စား ၿမိဳ႕နယ္အာဏာပိုင္အဖြဲ႕ကလည္း နားလည္ၾကလို႔ သခ်ႋဳင္းေျမအစားထိုးေပးခဲ့၊ သတ္မွတ္ခဲ့တာေပါ့။
ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီ၊ ေဟာခဲ့သားပဲဗ်ာ၊
ငရဲ၊ တိရစာၦန္၊ၿပိတၱာ၊ အသူရကာယ္တဲ့။
ငရဲ၊ ၿပိတၱာ၊ အသူရကာယ္က ပရသားေတြပဲေလဗ်ာ။ ပရဝိညာဥ္ေလာကသား ေတြရွိေနတာကို ယုံခ်င္ယုံ၊မယုံခ်င္ေနပါဗ်ာ။

က်ဳပ္တို႔ လက္ေတြ႕အံ့ဩစရာ ေတြ႕ႀကဳံခဲ့ရဖူးေပါ့ဗ်ာ၊ ဒီလိုအျဖစ္မ်ိဳးေတြ ဒီေန႔ မ်က္ေမွာက္မွာ မၾကာခဏျဖစ္ေနတာၾကားရမဟုတ္လားဗ်။ ေသနတ္(၁၈)ခ်က္ ဘာေၾကာင့္ ေဖာက္ရတာလဲဟုတ္လာ။ ကိုယ့္ဘာသာစဥ္းစားအေျဖထုတ္ၾကည့္စမ္းပါစာေရ၊ဆရာ။ ကိုေျပာရရင္ေတာ့(၁၈)ခ်က္ဆိုတာကိုရွင္းလိုက္ရင္(၁+၈) – (၉) မရပဘူးလား
က်ဳပ္အယူအဆ
ဗ်ား
ေသနတ္ပစ္တဲ့ရဲသားက(၁၈) ေယာက္။(၁+၈)-(၉) ပဲရတယ္ဗ်ာ၊ မင္းမိန႔္ျပန္တဲ့ေန႔ကဇူလိုင္(၉)ရက္ဗ်ာ၊
တဲ့၊
ၿပီး…။
အမိန႔္ျပန္စာထုတ္တဲ့ ျပည္သူ႔ေကာင္စီဥကၠ႒နာမည္က ဦးမင္းရန္ေနာင္ႀကီး
မင္း+ရန္+ေနာင္+ ႀကီးကို ဂဏန္း ဖြဲ႕ရင္.. ၅+၄+၇+၂-(၁၈)ရတယ္။
(၁၈)-(၁+၈)-(၉)ရျပန္ေရာဗ်ာ။အားလုံး ကိုးဂဏန္းမွာသြားက်ေနတယ္။ ကိုးဂဏန္း၊ ကိုးနဝင္း ရေနေတာ့ကိုးနဝင္း မိုးလင္းရင္ သိလိမ့္မယ္ ဆိုသကိုးဗ်။ ကိုးနဝင္းစီးေတာ့ မိုးအလင္းၿပီးတာေပါ့ဗ်ာ၊
ဒါက ဂမၻီရအျမင္နဲ႔ ေျပာတာပါ။
အမွန္က မင္းမိန႔္ပဲ၊
ၿပီး – သခ်ႋဳင္းကုန္းက ပရသားေတြ ေက်နပ္ေအာင္လည္းလုပ္ေပးခဲ့ျပန္ေတာ့။ ေက်နပ္ၾကလို႔ပဲလား။ ေၾကာက္လို႔ပဲလား မသိ။
လုံးဝကိုတေစၦသရဲမပူးေတာ့ပါဘူးဗ်ာ။
ကဲ- စာေရးဆရာ။
ဒီပြဲက သေရပြဲလား။ အရႈံးအႏိုင္ပြဲလား။
ကိုယ့္ဘာသာစဥ္းစားေျဖၾကည့္စမ္းမ်ား