”နွယ်ပင်ကလဲ့စား ”(စ/ဆုံး)

Unicode Version

”နွယ်ပင်ကလဲ့စား ”(စ/ဆုံး)
———————————-
”သီရိ သီရိ မလုပ်ပါနဲ့ သီရိရယ် စိတ်ထိန်းပါဦး”
”သမီး သမီးလေးသတိထားပါဦး သမီး အမလေးး ကျွန်မသမီးလေးကိုကယ်ကြပါဦး ”

”သီရိပြည့်စုံ ဂေဟာ ”
ထိုအိမ်၏ အခန်းတစ်ခန်းအတွင်းမှာတော့ စိုးရိမ်ပူပန်မှု့များစွာဖြင့် အော်ဟစ်တားမြစ်နေကြသည့် လူတချို့။ထိုလူတချို့၏ရှေ့မှာတော့ ကိုယ့်လက်ကို ဘရိတ်ဓားဖြင့် တစ်ချက်ချင်းခြစ်နေသည့် အမျိုးသမီးတစ်ဦး ။ တိတိကျကျဆိုရပါလျှင် ခံစားချက်မဲ့နေသောမျက်နှာသေဖြင့် မှန်တင်ခုံရှေ့တွင်ထိုင်လျက် မျက်ဖြူလန်နေသော မျက်ဝန်းများဖြင့် သူမလက်ကိုသူမ ဘရိတ်ဓားဖြင့်ခြစ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး။

သူမကား ထို” သီရိပြည့်စုံဂေဟာ”၏ အိမ်ရှင်မတစ်ဦးဖြစ်သည့် ”သီရိမေ”။ သူမအဘယ်ကြောင့်ထိုသို့ဖြစ်နေပါသနည်း။ အကြောင်းရင်းကိုဆိုရပါလျှင် ………………။
××× ………×××………×××………×××……

လွန်ခဲ့သောတစ်လခန့်က………
”ဒေါက်တာ ကျွန်တော့မိန်းမ အခြေအနေ ဘယ်လိုနေသေးလဲ ခင်ဗျာ ဘာဖြစ်တာလဲ မသိဘူး ”

”ဟားး ကိုဘုန်းမြတ်ရေ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူးဗျ ဒါသတင်းကောင်းပဲဗျို့ ခင်ဗျားကလေးအဖေဖြစ်တော့မယ်ဗျ ”

”ဗျာ တကယ်ပြောတာလားဒေါက်တာရယ် ဝမ်းသာလိုက်တာဗျာ ဝမ်းသာလိုက်တာ”

မနက်က မိန်းမဖြစ်သူသီရိမေမူးလဲသွား၍ ဆရာဝန်ခေါ်ရာမှ ယခုအခါဆရာဝန်၏ပြောစကားကြောင့် ဘုန်းမြတ်ခေါင်တစ်ယောက် ထခုန်မိမတတ်ပင် ဝမ်းသာသွားရသည်။ ကလေးရူးရူးနေသည့် ဘုန်းမြတ်ခေါင်အဖို့ကတော့ အိမ်ထောင်သက်လေးနှစ်ကျော်မှ သူအကြားချင်ဆုံးသတင်းစကားကိုကြားလိုက်ရသည့်အတွက် အပျော်လွန်ကာပါးစပ်ပင်စေ့မရတော့။

ညနေသူအလုပ်ကပြန်လာချိန်တိုင်း သီရိလက်ကလေးကိုတွဲကာ လမ်းလျောက်ထွက်ရင်း သီရိဗိုက်ထဲကသူ့ရင်သွေးလေးကို ပုံဖော်ကြည့်ရတာကိုက သူ့အတွက် ပီတိတစ်မျိုးပင်။ တစ်ရက်…

”ကိုကိုရေ သွားမယ်လေ ”

”ဟင် သီရိ ညနေစောင်းကြီးမှခေါင်းလျော်ထားတာလား ဆံပင်တွေလည်းစိုလို့ dryerနဲ့မမှုတ်ဘူးလား သီရိရယ် ဖျားနာနေမှဖြင့် ”

”အာ ရပါတယ်ကိုကိုရဲ့ လမ်းလျောက်ရင်းလေတိုက်ရင်ခြောက်သွားမှာပါ ကဲပါ နောက်ကျနေလိမ့်မယ် လာ သွားကြမယ်နော် ”

ခေါင်းလျော်ပြီးစ တင်ပါးရောက်လုဆဲဆဲ ဆံနွယ်ရှည်များကို ဖြန့်ချရင်း သီရိတစ်ယောက် ချစ်ခင်ပွန်း ဘုန်မြတ်ခေါင်လက်ကိုတွဲကာ အိမ်နဲ့မလှမ်းမကမ်းကန်ဘောင်ဘက်သို့ လမ်းလျှောက်ထွက်လာကြသည်။

”ကိုကို ”

”အင်း ပြောလေ သီရိ ”

”ကိုကို သီရိကလေးလေးမွေးလာရင်လေ ဘာလေးလိုချင်လဲဟင် ”

”ဘာလေးပဲဖြစ်ဖြစ်ပါ သီရိရယ် ကိုယ်တို့အိမ်ထောင်သက်လေးနှစ်ကျော်မှ ပထမဆုံးရလာတဲ့ ကလေးမို့လား ကိုယ်ကတော့ဘာလေးပဲဖြစ်ဖြစ် ချစ်ပြီးသား ”

” အင်းနော် သီရိလေ အရမ်းပျော်တာပဲသိလားကိုကိုရယ် နောက်ဆို ကိုကိုရယ် သီရိရယ် ကလေးလေးရယ် အတူတူလမ်းလျောက်ထွက်ကြမယ်လေ နော်”

သီရိတစ်ယောက် အပြုံးတွေဖြင့်စကားတွေ တတွတ်တွတ်ပြောရင်း လျှောက်လာရင်း တစ်နေရာအရောက် ခဲလုံးတစ်လုံးကိုမမြင်မိဘဲ ခလုတ်တိုက်ကာ လဲကျသွားရသည်။ ဘုန်းမြတ်ခေါင်လက်ကိုတွဲထားသည်မို့သာ မှောက်လျက်မလဲသွားသော်လည်း ဒူးထောက်လျက်သားကျတာမို့ ဒူးတော့အနည်းငယ်ပွန်းသွားရသည်။

”အမေ့ ”

”ဟာ သီရိရယ် ဘယ်လိုဖြစ်ရတာလဲ ထ ထ ဘာဖြစ်သွားလေးလဲဟင် ”

”အား ကျွတ် ကျွတ် ရပါတယ်ကိုကိုရဲ့ သီရိဘာမှမဖြစ်ပါဘူး ”

”ဘာလို့ ဘာမှမဖြစ်ရမှာလဲသီရိရယ် ဒီမှာလေ ဒူးပွန်းသွားတယ်မလား ကဲ လာ အိမ်ပဲပြန်ကြစို့နော် ကိုကိုဆေးထည့်ပေးမယ် ”

” ဟုတ်ကဲ့ကိုကို”

ချစ်ဇနီးသီရိပခုံးလေးကို တယုတယဖက်ကာ ထွက်သွားသော ဘုန်းမြတ်ခေါင်တို့ လင်မယားနောက်မှ အရိပ်တစ်ခုကပ်ပါသွားခဲ့သည်ကိုသာ သူတို့သိခဲ့ပါလျှင်မူ ။

သီရိမေတစ်ယောက် မှန်တင်ခုံရှေ့တွင်ထိုင်ကာ ဆံနွယ်များကို တယုတယ စိတ်ရှည်လက်ရှည်ဖြီးသင်နေလေသည်။ ထိုစဉ်စိမ့်ခနဲဖြစ်သွားသောအသိကြောင့် အမှတ်တမဲ့မှန်ထဲကိုကြည့်မိလိုက်တော့ မှန်ထဲမှနေ၍သူမကို စူးစူးစိုက်စိုက်ကြည့်နေသည့် မိန်းကလေးတစ်ဦး။

သူမကြောက်လန့်တကြားအော်ဟစ်ဖို့ ကြိုးစားလိုက်ပေမယ့် အသံတွေက လည်ချောင်းဝက ထွက်မလာ။ ကြည့်နေရင်းမှာပင် မှန်ထဲမှမိန်းကလေးက လက်နှစ်ဖက်ကိုဆန့်တန်းရင်း မှန်ကိုဖောက်လျက်ထွက်လာသည်။ ထို့နောက်သူမဘာမှမသိတော့။

”ဟင် သီရိ ဘယ်လိုလုပ်လိုက်တာလဲ သီရိရယ်”

ဘုန်းမြတ်ခေါင် အလုပ်ကအပြန်အိမ်ရောက်တော့ သီရိကိုမတွေ့၍ အခန်းထဲဝင်ကြည့်ရာ မှန်တင်ခုံရှေ့မှာထိုင်၍ သူမ၏ဆံနွယ်ရှည်ကြီးများကို ကတ်ကြေးဖြင့်တစ်ချက်ချင်းညှပ်ချပစ်နေသည့် သီရိကိုတွေ့လိုက်ရသည်။ သီရိက သူ့ဆံနွယ်တွေကိုသိပ်မြတ်နိုးတာ ခုဘယ်လိုဖြစ်တာပါလိမ့်။ ဝေခွဲမရတဲ့စိတ်တို့နဲ့အတူ ဘုန်းမြတ်ခေါင်တစ်ယောက် သီရိကို မေးခွန်းမေးလိုက်မိပေမယ့် သီရိကား ဘာမှပြန်မပြော ။ ခံစားချက်မဲ့နေသော မျက်နှာသေကြီးဖြင့်သာ ဆံပင်များကို တစ်ချက်ချင်း ညှပ်ချပစ်နေသည်။

”သီရိ သီရိ ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား သတိထားဦးလေ သီရိ”

သူမေးသမျှဘာမှပြန်မဖြေသည့်အဆုံး ဘုန်းမြတ်ခေါင်တစ်ယောက် သီရိဘေးသို့သွားကာပခုံးနှစ်ဖက်ကို ကိုင်လှုပ်ရင်းပြောမိတော့ ခံစားချက်မဲ့နေသောမျက်နှာသေကြီးဖြင့် သီရိကသူ့ကိုမော့ကြည့်လာသည်။ ထို့နောက်သူ့လက်ထဲမှာပင် ခွေခနဲလဲကာသတိမေ့သွားလေတော့သည်။

”သီရိ သီရိ ဘာဖြစ်တာလဲ သတိထားပါဦး သီရိ”

သီရိသတိရလာတော့လည်း သူမဘာလုပ်ခဲ့လို့ လုပ်ခဲ့မိမှန်းပင်မသိ။ ဘာမှမမှတ်မိချေ။သူမဆံပင်တွေကိုသာနှမြောတသစိတ်ဖြင့် ငိုပင်ငိုနေလိုက်သေးသည်။ သူ့မှာတော့ရင်ခွင်ထဲမှာ ငိုနေသည့် သီရိကိုချော့မောရင်းနှင့်ပင် သီရိဘယ်လိုများဖြစ်သွားတာလည်း ဟူ၍သာတွေးနေမိလေသည်။

တစ်ည
သူအိပ်နေရင်း ရေငတ်လာတာကြောင့် နိုးလာရသည်။ရေသောက်ဖို့ထရင်း ဘေးကိုကြည့်လိုက်မိတော့ သီရိကမရှိ။
သီရိဘယ်ရောက်သွားပါလိမ့်။ အပေါ့အပါးများသွားနေသလားဆိုပြီး ရေချိုးခန်းတံခါးဖွင့်ကာကြည့်မိတော့လည်း သီရိကိုမတွေ့ရ။ သီရိဘယ်များသွားနေပါလိမ့် အတွေးနှင့်အတူ သူအခန်းထဲမှထွက်လာကာ သီရိကိုရှာကြည့်မိတော့ ဟော တွေ့ပါပြီ မီးဖိုခန်းထဲကရေခဲသေတ္တာရှေ့မှာရပ်နေသည့် သီရိ။ ရေခဲသေတ္တာဖွင့်ကာ အထဲမှတစ်စုံတစ်ခုကို အားပါးတရစားနေလေသည်။

သီရိဘာတွေများစားနေပါလိမ့်။ညနေကလည်း ထမင်းကောင်းကောင်းမစားဘူးဆိုတော့ ခုမှဗိုက်ဆာလို့ တစ်ခုခုထစားနေတာထင်တယ်။

”သီရိ ဘာတွေစားနေတာလဲ မိန်းမရဲ့ ဗိုက်ဆာလို့လား ကိုကိုကတော့ သီရိကိုမတွေ့လို့စိတ်ပူသွားတာပဲ လတ်စသတ်တော့ကိုကို့မိန်းမက ဒီမှာမုန့်လာစားနေတာကိုး ”

သူ့အသံကြားတော့သီရိက အားရပါးရခေါင်းမဖော်တမ်းစားနေရာမှနေ၍ ပလုပ်ပလောင်းနှင့် သူ့ဘက်ဆတ်ခနဲလှည့်ကြည့်လာသည်။ ထိုအခါမှပင် သီရိစားနေသည့် အရာများကို သူသေသေချာချာမြင်လိုက်ရသည်။ ဟာ အမဲသားအစိမ်းတွေပါလား။ ဟုတ်ပါသည်။ ဒီရက်ပိုင်းသီရိကိုကြည့်ရတာ အားနည်းသည့်ပုံစံပေါက်နေသဖြင့် မနက်ဖြန်ကျ အမဲသားပြုတ်ကြော်လေးလုပ်ပေးမည်ဟု စိတ်ကူးကာ သူဝယ်လာပြီး ရေခဲသေတ္တာထဲထည့်ထားခဲ့သည့် အမဲသားအစိမ်းများ။

”ဟင် သီရိ သီရိ ဘာဖြစ်လို့အစိမ်းတွေစားနေတာလဲ အဲ့လိုမျိုးမစားရဘူးလေ မိန်းမ ပေး ပေး ကိုကို့ကို အဲ့ဒါတွေ ”

ပြောပြောဆိုဆိုနဲ့ပင် သီရိလက်ထဲက အမဲသားဘူးကို သူဆွဲလုမိတော့ သီရိက သူ့ကိုမျက်ထောင့်နီကြီးများဖြင့်ကြည့်ရင်း အမဲသားဘူးကိုအတင်းပြန်ဆွဲလုသည်။ သူကလည်းဇွတ်အတင်းပြန်လုတော့ သီရိကဒေါသထွက်သွားသည့်ပုံဖြင့် သူ့ကိုဆောင့်တွန်းပစ်လိုက်ပစ်လိုက်လေရာ သူ့မှာမီးဖိုခန်းထောင့်သို့ပင်လွင့်စင်သွားရလေတော့သည်။

သူတအံ့တသြနှင့် သီရိကိုလှမ်းကြည့်လိုက်မိသည်။ နုနုနွဲ့နွဲ့နဲ့ သူ့မိန်းမက ခုတော့သူ့ကိုတွန်းလိုက်သည်မှာ ယောကျာ်းကြီးတစ်ယောက်ကတွန်းလိုက်သလိုပင်အားပါလွန်းလှပေသည်။ ဘုရား ဘုရား သီရိဘာများဖြစ်နေပါလိမ့် သူကြည့်နေတုန်းမှာပဲ သီရိတစ်ယောက်ခွေခနဲလဲကျသွားလေတော့သည်။

”ဟာ သီရိ သီရိ သတိထားပါဦး သီရိ ”

သတိမေ့နေသောသီရိမျက်နှာကို သူခပ်ဆတ်ဆတ်ပုတ်ရင်းခေါ်မိတော့ ညည်းငြူသံတစ်ချို့နဲ့အတူ သီရပြန်သတိရလာလေသည်။

”ဟင် ကိုကို ဘာဖြစ်လို့လဲဟင် ”

”အဲ့ဒါ ကိုကိုက သီရိကိုမေးရမှာသီရိရဲ့ သီရိဘာတွေဖြစ်နေတာလဲဟင် ”

”ဟာ ကိုကိုကလည်း သီရိကဘာဖြစ်ရမှာလည်း ရေဆာလို့ရေထသောက်တာပါ လာပြန်အိပ်ကြမယ် သီရိအိပ်ချင်နေပြီကိုကိုရဲ့”

ပြောရင်း သူ့လက်ကိုဆွဲကာ အိပ်ခန်းဆီသို့ထွက်လာသောသီရိကိုကြည့်ရင်း သူဘာမှနားမလည်နိုင်တော့။အခုကျတော့လည်း သီရိပုံစံက သူဘာမှမလုပ်ထားသလိုပင် အပြစ်ကင်းစင်သောမျက်နှာလေးနှင့် ။ သီရိဘာတွေဖြစ်နေတာပါလိမ့် ။ ဒီရက်ပိုင်းသီရိကိုကြည့်ရတာ မူမမှန်တာကြောင့် သီရိအမေကိုသူတို့နဲ့အတူလာနေဖို့ခေါ်ထားရသည်။ ဟုတ်သည်လေ သီရိမှာကကိုယ်ဝန်နှင့် မတော် တစ်ခုခုဖြစ်ရင် သူပဲရင်ကျိုးရမှာမလား။

တစ်ရက်……
ထိုနေ့က ဘုန်းမြတ်ခေါင်အစောကြီးနိုးနေလေသည်။နာရီကြည့်လိုက်တော့ ခြောက်နာရီပင်ရှိသေးသည်။ သူဘေးကိုကြည့်လိုက်မိတော့ ချစ်ဇနီးသီရိက အပြစ်ကင်းစင်သောမျက်နှာလေးဖြင့် နှစ်ခြိုက်စွာပင်အိပ်မောကျနေဆဲ။ အိပ်ပျော်နေသော သီရိနဖူးလေးကိုသူဖွဖွလေးနမ်းကာ ရေချိုးရန် ရေချိုးခန်းဆီသို့ထွက်လာခဲ့လိုက်သည်။

သူရေချိုးခန်းထဲကအထွက် မြင်လိုက်ရသောမြင်ကွင်းက …

”အားး သီရိဘာလုပ်တာလဲ အဲ့လိုမလုပ်နဲ့လေ အမေရေ အမေ လာကြပါဦး ဒီမှာသီရိဘာဖြစ်နေတာလဲမသိဘူး လုပ်ကြပါဦး”

ဘုန်းမြတ်ခေါင်အော်သံကြောင့် အခန်းထဲသို့ပြေးဝင်လာကြသော သီရိအမေနှင့်အကူအမျိုးသမီးကြီးတို့မှာလည်း မြင်လိုက်ရသောမြင်ကွင်းကြောင့် သွေးပျက်မတတ်ထိတ်လန့်ခြောက်ခြားသွားကြလေသည်။ ဟုတ်ပါသည် သူတို့မြင်လိုက်ရသည်ကား ဆံပင်စုပ်ဖွားနှင့် မှန်တင်ခုံရှေ့မှာထိုင်၍ သူမလက်ကိုသူမဓားဖြင့်တစ်ချက်ချင်း ခြစ်နေသည့် သီရိမေ။ မျက်ဖြူလန်နေသောမျက်ဝန်းများဖြင့် ခံစားချက်မဲ့နေသောမျက်နှာသေကြီးနှင် သီရိမေပုံစံက ထိတ်လန့်ဖွယ်ရာ။

”အမလေးးး သမီး သမီး ဘာဖြစ်တာလည်း ကျွန်မသမီးလေးကိုကယ်ကြပါဦး လုပ်ပါဦး ”

”သီရိ သီရိ စိတ်ထိန်းပါဦး သီရိရယ် ”

”ဟဲ့ ဒီလိုကြည့်နေလို့ ဘယ်ဖြစ်မလည်း အဒေါ့်မိတ်ဆွေအထက်လမ်းဆရာတစ်ယောက်ရှိတယ် မောင်ဘုန်းမြတ် ခုချက်ခြင်းသွားခေါ်ကြမယ် အဒေါ်ပါလိုက်ခဲ့မယ် လာမြန်မြန် ခုချက်ခြင်းသွားကြမယ်”
××××…………××××…………×××………

”ဘေးဖယ်ကြ ဆရာကြွလာပြီ ဘေးဖယ် ဘေးဖယ် ”

ဆရာရောက်လာသည့်အချိန်မှာတော့သီရိမေလက်နှစ်ဖက်လုံး ဓားရာများဖြင့်သွေးချင်းချင်းနီရဲလျက်သား။ တော်သေးသည် လက်ကောက်ဝတ်သွေးကြောမထိလို့ မဟုတ်လျှင် မတွေးဝံ့စရာပင်။

”ကဲ ကလေးမ ဆရာ့ကိုကြည့်စမ်း”

ဆရာကပြောပေမယ့်သီရိမေကားတုပ်တုပ်မှမလှုပ်ချေ။

”သီရိ ဆရာပြောနေတယ်လေ သီရိရဲ့ နားထောင်ပါကွာနော်”

”သီရိ သမီးလေးကလိမ်မာပါတယ်ကွယ် မေမေပြောတာနားထောင်ပါနော်”

”တိတ်စမ်း ငါသီရိမေ မဟုတ်ဘူး ”

”ဟုတ်ပြီ ကလေးမ မင်းဘယ်သူလဲ ဘာကြောင့်ဒီမိန်းကလေးကိုနှောင့်ယှက်ချင်ရတာလဲ မင်းဘာလိုချင်တာလဲ ပြောစမ်း”

”ဟားးး ဟားးး ဟားးးးး ”

ဆရာပြောနေပေမယ့် သီရိမေကား တင်းမာခက်ထန်သောမျက်နှာထားဖြင့် ဘာမှပြန်မပြောပဲ တဟားးဟားနှင့်သာအော်ရယ်နေလေသည်။

”ဟေ့ ပြောနေတာမရဘူးလား ကဲ အဲ့ဒါဆိုရင်တော့ဆရာ့အဆိုးအဆိုနဲ့တော့ကလေးမ”

ပြောပြောဆိုဆို ဆရာကလွယ်အိတ်ထဲမှ အထုပ်တစ်ထုပ်ကိုယူကာ ဖြေလိုက်ပြီး ထိုအထုပ်ထဲမှ ဆန်မန်းတစ်ချို့ဖြင့် သီရိမေဆီသို့ပက်လိုက်လေရာ

”အားးး မလုပ်နဲ့ ငါပူတယ် ပူတယ် ”

”အေး အဲ့ဒါဆို ဆရာမေးတာဖြေပါကလေးမ မင်းဘာဖြစ်ချင်တာလဲဆိုတာပြောမှ ဆရာတို့ကလုပ်ပေးလို့ရမှာပေါ့ ဟုတ်ပြီလား ကဲပြော မင်းဘာကြောင့်ဒီမိန်းကလေးကိုနှောင့်ယှက်ရတာလဲ မင်းဘယ်သူလဲ ”

ဆရာစကားအဆုံး သီရိမေက နာကျည်းမုန်းတီးသောမျက်လုံးများဖြင့် ဘုန်းမြတ်ခေါင်ဘက်သို့လှည့်ကြည့်ကာ လက်ညှိုးထိုးလိုက်ပြီး

”ငါသူ့ကိုမကျေနပ်ဘူး ငါသူ့ကိုမကျေနပ်လို့လုပ်တာ ”

”ဟုတ်ပြီ မင်းဘာ့ကြောင့် သူ့ကိုမကျေနပ်ရတာလဲ မင်းဘယ်သူလဲ သေချာပြောပါကလေးမ ”

”ငါ့ နာမည်နွယ်ပင် ”

သီရိမေဆီမှ နွယ်ပင်ဆိုသည့် နာမည်ကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်ထဲ ဘုန်းမြတ်ခေါင်မျက်နှာမှာ အလွန်အမင်း သွေးဆုတ်ဖြူလျော်သွားပြီး သူ့မျက်ဝန်းထဲမှာလည်း ရိုးသားအေးဆေးသည့် အပြုံးချိုချိုလေးနှင့်ကောင်မလေးတစ်ယောက်ပုံရိပ်ကပေါ်လာလေသည်။

”ကဲ ဆက်ပြောပါကလေးမ မင်းဘာဖြစ်ချင်တာလဲ ”

ဆရာ့စကားအဆုံး နွယ်ပင် ဝိညာဉ်ဝင်ရောက်ပူးကပ်နေသော သီရိမေမှာ ဝမ်းနည်းပူဆွေးသည့်ဟန်ဖြင့်ချုံးပွဲချကာ ငိုချလိုက်ပြီး

”ကျွန်မနာမည် နွယ်ပင်ပါ ကျွန်မမှာတွယ်တာစရာဆွေမျိုးသားချင်းလည်းမရှိပါဘူး အဖေက ကျွန်မငယ်ငယ်လေးကတည်းကဆုံးပါးခဲ့တယ် အမေကလည်းကျွန်မ ဆယ်တန်းဖြေပြီးတဲ့နှစ်မှာပဲ ဆုံးသွားခဲ့တာကြောင့် တွယ်တာစရာဆွေမျိုးမရှိတဲ့ ကျွန်မဒီမြို့ကိုတက်လာခဲ့ပါတယ် ပြီးတော့အဆောင်မှာနေရင်း အလုပ်လုပ်ခဲ့ပါတယ် အဲ့ဒီမှာတင် ဒီကိုဘုန်းမြတ်ခေါင်နဲ့ စတွေ့တာပါပဲ ”

လွန်ခဲ့သောတစ်နှစ်ကျော်ခန့်………
ထိုအချိန်က ကလေးအရမ်းလိုချင်နေသော ဘုန်းမြတ်ခေါင်တစ်ယောက် အိမ်ထောင်သက်သုံးနှစ်ကျော်လာတဲ့ထိ ကလေးမရနိုင်သေးတော့ စိတ်ညစ်ညစ်နဲ့လေနေတုန်းမှာပဲ နွယ်ပင်ဆိုသော ကောင်မလေးကိုတွေ့ခဲ့ခြင်းဖြစ်သည်။

”နွယ်ပင်”တဲ့
အသားလတ်လတ် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ရယ်လိုက်လျှင် ညာဘက်ပါးချိုင့်လေးတစ်ဖက် ချိုင့်ဝင်သွားတတ်သော ထူးဆန်းသောနာမည်နဲ့ကောင်မလေးက နွယ်ပင်ဆိုသည့်အတိုင်းနွယ်တစ်ပင်လို သူ့ရင်ထဲကိုငြိတွယ်လာစေခဲ့သည်။ နွယ်ပင်က သိပ်ကိုဖြူစင်ရိုးသားသည်။ ထိုအချိန်က ကလေးရူးရူးနေသည့်စိတ်ဖြင့် လေနေသော ဘုန်းမြတ်ခေါင်တစ်ယောက် နွယ်ပင်ကို ချဉ်းကပ်ပြီး ချစ်ရေးဆိုခဲ့မိလေသည်။ နောက်ပိုင်း နွယ်ပင်နဲ့သူရင်းနှီးမှုအတိုင်းအတာက စည်းကျော်လာကြတော့ သူနွယ်ပင်ကို တိုက်ခန်းတစ်ခန်းဌားပေးကာ နေစေခဲ့သည်။ သူ့အကြောင်းတွေကိုတော့ နွယ်ပင်ကိုသူဖွင့်မပြောခဲ့မိချေ။

”ကျွန်မသူ့ကို သိပ်ချစ်ခဲ့တာပါ တွယ်တာစရာမရှိတဲ့ကျွန်မဘဝမှာ သူကကျွန်မအတွက်တော့အရာရာပါပဲ ကျွန်မသူ့ကိုလက်ထပ်ကြဖို့ပြောတိုင်း သူအကြောင်းအမျိုးမျိုးပြပြီး ရှောင်ထွက်ခဲ့တယ်။ ဒါပေမယ့် ကျွန်မသူ့ကိုလုံးဝသံသယမရှိခဲ့ဘူး ကျွန်မချစ်သလို သူလည်းကျွန်မကိုချစ်မယ်လို့ ကျွန်မယုံကြည်ခဲ့တယ်လေ ။ တစ်ရက် ကျွန်မအိပ်ရာအထမှာ မူးလဲမလိုဖြစ်သွားလို့ မသကာင်္လို့စစ်ကြည့်လိုက်တော့ ကျွန်မမှာကိုယ်ဝန်ရှိနေတယ်ဆိုတာသိလိုက်ရတယ် အဲ့ဒါနဲ့ကျွန်မဆေးခန်းသွားပြတော့ ကိုယ်ဝန်သုံးလတဲ့။

ကျွန်မလေ ကျွန်မချစ်ရတဲ့သူရဲ့သွေးသားလေး ကျွန်မဗိုက်ထဲမှာဆိုတဲ့အသိနဲ့ အရမ်းကိုပျော်ခဲ့ရတာ အဲ့ဒီနေ့က သူ့ဆီဖုန်းဆက်ပြီးကျွန်မဆီလာဖို့ လှမ်းခေါ်မလို့လုပ်တုန်းမှာပဲ သူ့ဆီကနေအရင်ဖုန်းဝင်လာခဲ့တယ် သူကျွန်မကိုပြောစရာရှိလို့ ဒီနေ့လာခဲ့မယ်တဲ့လေ အဲ့နေ့က ကျွန်မပီတိတွေနဲ့အတူသူအလာကို ထိုင်စောင့်နေခဲ့မိတယ်။ သူရောက်လာတော့ ကျွန်မဘာမှမပြောရသေးခင်မှာပဲ သူ့အကြောင်းတွေအားလုံးကိုသူဖွင့်ပြောခဲ့တယ်။ သူ့မှာအိမ်ထောင်ရှိတယ်တဲ့ သူ့မိန်းမကလေးမရသေးလို့ သူစိတ်လေနေရင်း ကျွန်မနဲ့ပက်သက်ခဲ့မိတာတဲ့လေ ခုသူ့အမေက ကျွန်မနဲ့သူနဲ့အကြောင်း သိသွားပြီးကျွန်မနဲ့အဆက်ဖြတ်ခိုင်းတယ်တဲ့ သူ့အမေ သူ့ကြောင့်စိတ်ဆင်းရဲတာမျိုးအဖြစ်မခံနိုင်ဘူးဆိုပြီး ကျွန်မနဲ့သူ့ရဲ့ဇာတ်လမ်းကို ဒီမှာပဲရပ်လိုက်ကြဖို့ပြောလာတယ်လေ ။

သူ့စကားတွေကိုနားထောင်ပြီးတဲ့နောက်မှာ ကျွန်မကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလိုပါပဲ။ ကျွန်မတစ်ယောက်ထဲ ရုန်းကန်နေထိုင်ခဲ့ရပေမယ့် ကျွန်မကိုယ်ကျင့်တရားနဲ့ သိက္ခာကိုတန်ဖိုးထားမြတ်နိုးတဲ့ မိန်းမပါ။
ခုတော့ ခုတော့ ကျွန်မကအိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုမှ အဆုံးစွန်ထိပက်သက်ခဲ့မိသတဲ့လား။

ကျွန်မတစ်သက်လုံး ထိန်းသိမ်းလာသမျှ ကိုယ့်ကျင့်တရားတွေပျက်ဆီးကုန်ပြီဆိုပြီး ရှက်တဲ့စိတ် သူ့အပေါ်သိပ်ချစ်မှန်းသိရက်နဲ့ သူကျွန်မအပေါ်လုပ်ရက်လေခြင်းဆိုတဲ့အသိနဲ့ဝမ်းနည်းတဲ့စိတ်တွေပေါင်းပြီး ကျွနိမသူ့ကိုဘာစကားတစ်ခွန်းမှပြန်မပြောနိုင်ခဲ့ဘူး။ သူထပြန်သွားတော့မယ့်အချိန်မှ ကျွန်မသတိဝင်လာပြီး ကျွန်မပြောတာတွေကိုခဏလောက်နားထောင်ပေးပါဆိုပြီး သူ့လက်ကိုဆွဲပြီးတောင်းပန်ခဲ့ပေမယ့် သူကကျွန်မစကားကိုနားမထောင်ပေးခဲ့တဲ့အပြင် ကျွန်မကိုပါရက်ရက်စက်စက် တွန်းပစ်ပြီး တစ်ချက်မှလှည့်မကြည့်ပဲထွက်သွားခဲ့တယ်လေ။
သူတွန်းပစ်လိုက်တဲ့အရှိန်နဲ့ပဲ ကျွန်မလဲကျသွားပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့ရတယ်။ တိုက်ခန်းထဲမှာကျွန်မတစ်ယောက်ထဲ ကိုယ်ဝန်ပျက်ကျတဲ့အရှိန်နဲ့ သွေးအိုင်ကြားမှာလဲနေခဲ့ရတယ်။ တော်တော်လေးကြာမှ အခန်းနားနီးချင်းအန်တီကြီးတစ်ယောက်အကူအညီနဲ့ ကျွန်မဆေးရုံကိုရောက်သွားခဲ့ပေမယ့် သွေးထွက်လွန်တဲ့အရှိန်နဲ့ပဲ ကျွန်မသေဆုံးခဲ့ရတယ် ။

ကျွန်မမှာအပြစ်ရှိတယ်ဆိုရင်တောင် ကျွန်မသူ့ကိုချစ်ခဲ့မိတဲ့ အပြစ်တစ်ခုထဲပါ သူကတော့ ကျွန်မသူ့အပေါ်ထားခဲ့တဲ့ အချစ်တွေကိုစော်ကားခဲ့တဲ့အပြင် ကျွန်မစောင့်ထိန်းခဲ့တဲ့ကိုယ့်ကျင့်တရားတွေကိုပါ ပျက်ပြားစေခဲ့တယ် ဒါ့အပြင် မမြင်လိုက်ရတဲ့ ကျွန်မရင်သွေးလေးကိုပါ ကျွန်မဆုံးရှုံးခဲ့ရတယ် ကျွန်မသူ့ကိုလုံးဝမကျေနပ်ဘူး။

အဲ့ဒါကြောင့် ကျွန်မသူတို့လမ်းလျောက်ထွက်ရင်း သီရိမေလဲကျသွားတုန်းက သူတို့နဲ့အတူ ကျွန်မကပ်ပါလာခဲ့တာပဲ။ ဒီရောက်တော့ သီရိမေရဲ့ မှန်တင်ခုံကမှန်ချပ်ထဲ ကျွန်မခိုအောင်းနေခဲ့တယ်။ ”ဘုန်းမြတ်ခေါင်” သူ့ကိုကျွန်မခံစားခဲ့ရသလို ပြန်ခံစားစေချင်တယ် သူချစ်ရတဲ့သူတွေကိုဆုံးရှုံးရတဲ့နာကျင်ခံစားမှုမျိုး သူ့ကိုခံစားစေချင်တယ် အဲ့ဒါကြောင့် ကျွန်မ ခုလိုလုပ်ရတာပဲ ”

နွယ်ပင်စကားအဆုံး ဘုန်းမြတ်ခေါင်တစ်ယောက် အရုပ်ကြိုးပျက်လဲကျသွားရလေသည်။

”ကိုယ် ကိုယ်တောင်းပန်ပါတယ်နွယ်ရယ် ကိုယ့်အမှားတွေပါ ဒါပေမယ့် နွယ့်မှာကိုယ့်ရင်သွေးလေးရှိနေတယ်ဆိုတာ ကိုယ်တကယ်မသိခဲ့ရိုးအမှန်ပါ ကိုယ်တောင်းပန်ပါတယ် နွယ်မကျေနပ်ရင်ကိုယ့်ကိုကြိုက်သလိုအပြစ်ပေးပါ သီရိမှာဘာအပြစ်မှမရှိပါဘူးနွယ်ရယ်နော် ကိုယ်တကယ်တောင်းပန်ပါတယ် ”

”ဟုတ်ပါတယ် ကလေးမရယ် မင်းအခုဝင်ရောက်ပူးကပ်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်မှာဘာအပြစ်မှမရှိပါဘူး အဲ့ဒီကိစ္စတွေကိုလည်း သူဘာမှမသိခဲ့ရှာဘူးလေ ပြီးတော့ ခုဒီမိန်းကလေးမှာကိုယ်ဝန်ကြီးနဲ့ မင်းတောင်မှဆုံးရှုံးလိုက်ရတဲ့မင်းရင်သွေးလေးကိုအရမ်းချစ်တယ်မလား မင်းရင်သွေးလေးနဲ့ကိုယ်ချင်းစာပြီး တွေးပေးပါလို့ ဆရာမေတ္တာရပ်ခံပါတယ်ကွယ် ။

အတိတ်ဘဝကဝဋ်ကြွေးပါခဲ့လို့ ဒီဘဝမှာကာမပိုင်ရှိတဲ့ယောကျာ်းတစ်ယောက်ကို စွဲလမ်းတွယ်ငြိခဲ့မိပြီး ဘဝပျက်အသက်ပါဆုံးရှုံးခဲ့ရပြီးပြီ နောင်သံသရာထိ အမှားတွေကိုသယ်ဆောင်မသွားချင်ပါနဲ့တော့ ကလေးမရယ် ဒီလောက်နဲ့ပဲအမုန်းတရားတွေပြေပီး ကျေနပ်လိုက်ပါတော့ ဆရာကကြားထဲကနေပဲမေတ္တာရပ်ခံပါတယ်ကွယ် ဟုတ်ပြီလား ”

ဆရာကြီး၏ မေတ္တာရပ်ခံချက်အဆုံးမှာတော့ နွယ်ပင်ဝိညာဉ်ဝင်ရောက်ပူးကပ်နေသော သီရိမေမှာဝမ်းနည်ပက်လက်ဖြင့် ချုံးပွဲချကာငိုကြွေးလိုက်ပြီးနောက်

”ကျွန်မမှားပါတယ်ဆရာရယ် ကျွန်မရင်ထဲကအမုန်းတရားတွေကို နောင်သံသရာထိသယ်ဆောင်မသွားတော့ပါဘူး အဲ့တာကြောင့် ကျွန်မဒီဘဝကကျွတ်လွတ်ဖို့အတွက် ကျွန်မအတွက်ကိုရည်စူးပြီးသံဃာတော်တွေကို အလှူအတန်းပြုလုပ်ပြီး အမျှပေးဝေပေးပါရှင် ”

”ကောင်းပါပြီ မိန်းကလေး မင်းစိတ်တိုင်းကျဖြစ်စေရပါမယ်လို့ ဆရာကအာမခံပြီး ကတိပေးပါတယ် ခုတော့ ဒီမိန်းကလေးခန္ဓာကိုယ်ထဲကနေထွက်ပေးလိုက်ပါတော့ သူ့ခမျာ ကိုယ်ဝန်ကြီးတစ်ဖက်နဲ့ပင်ပန်းနေရှာပါပြီကွယ် ”

ဆရာ့စကားအဆုံးမှာတော့ နွယ်ပင်ဝိညာဉ်ဝင်ရောက်ပူးကပ်ခြင်းခံနေရသော သီရိမေတစ်ယောက် ခွေခနဲလဲကျသွားလေတော့သည်။

နောက်တစ်နေ့မနက် ”သီရိပြည့်စုံ ဂေဟာ”တွင် ကွယ်လွန်သူနွယ်ပင်အား ရည်စူး၍သံဃာတော်များကိုဆွမ်းကပ်ကာ အလှူအတန်းပြုလုပ်၍အမျှဝေပေးခဲ့လေသည်။ လွတ်ရာကျွတ်ရာကို စိတ်အေးချမ်းစွာသွားပါတော့နွယ်ပင်ရေ။ ထူးဆန်းသည်မှာကား နွယ်ပင်ဝိညာဉ်ကိုရည်စူးပြီး အမျှအတန်းပေးဝေပေးခဲ့သည့် ညမှာပဲ နွယ်ပင်ဝိညာဉ်ဝင်ရောက်ခိုတွယ်ခဲ့သော မှန်ချပ်မှာလည်း သူ့အလိုလိုအစိပ်စိပ်အမွှာမွှာကွဲကြေသွားခဲ့သည်ကို တွေ့ကြရလေသည်။ နွယ်ပင်တစ်ယောက် ရင်ထဲကအမုန်းတရားတွေကိုသင်ပုန်းခြေကာ အေချမ်းရာဘုံဘဝကိုထွက်ခွာသွားခဲ့လေပြီထင်ပါသည်။

စာဖတ်သူတစ်ဦးချင်းဆီကိုအထူးကျေးဇူးတင်လျက်

အမ်နိုင်း (oasis)

Zawgyi Version

”ႏြယ္ပင္ကလဲ့စား ”(စ/ဆုံး)
———————————-
”သီရိ သီရိ မလုပ္ပါနဲ႔ သီရိရယ္ စိတ္ထိန္းပါဦး”
”သမီး သမီးေလးသတိထားပါဦး သမီး အမေလးး ကြၽန္မသမီးေလးကိုကယ္ၾကပါဦး ”

”သီရိျပည့္စုံ ေဂဟာ ”
ထိုအိမ္၏ အခန္းတစ္ခန္းအတြင္းမွာေတာ့ စိုးရိမ္ပူပန္မႈ႕မ်ားစြာျဖင့္ ေအာ္ဟစ္တားျမစ္ေနၾကသည့္ လူတခ်ိဳ႕။ထိုလူတခ်ိဳ႕၏ေရွ႕မွာေတာ့ ကိုယ့္လက္ကို ဘရိတ္ဓားျဖင့္ တစ္ခ်က္ခ်င္းျခစ္ေနသည့္ အမ်ိဳးသမီးတစ္ဦး ။ တိတိက်က်ဆိုရပါလွ်င္ ခံစားခ်က္မဲ့ေနေသာမ်က္ႏွာေသျဖင့္ မွန္တင္ခုံေရွ႕တြင္ထိုင္လ်က္ မ်က္ျဖဴလန္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သူမလက္ကိုသူမ ဘရိတ္ဓားျဖင့္ျခစ္ေနေသာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး။

သူမကား ထို” သီရိျပည့္စုံေဂဟာ”၏ အိမ္ရွင္မတစ္ဦးျဖစ္သည့္ ”သီရိေမ”။ သူမအဘယ္ေၾကာင့္ထိုသို႔ျဖစ္ေနပါသနည္း။ အေၾကာင္းရင္းကိုဆိုရပါလွ်င္ ………………။
××× ………×××………×××………×××……

လြန္ခဲ့ေသာတစ္လခန႔္က………
”ေဒါက္တာ ကြၽန္ေတာ့မိန္းမ အေျခအေန ဘယ္လိုေနေသးလဲ ခင္ဗ်ာ ဘာျဖစ္တာလဲ မသိဘူး ”

”ဟားး ကိုဘုန္းျမတ္ေရ ဘာမွစိုးရိမ္စရာမရွိေတာ့ပါဘူးဗ် ဒါသတင္းေကာင္းပဲဗ်ိဳ႕ ခင္ဗ်ားကေလးအေဖျဖစ္ေတာ့မယ္ဗ် ”

”ဗ်ာ တကယ္ေျပာတာလားေဒါက္တာရယ္ ဝမ္းသာလိုက္တာဗ်ာ ဝမ္းသာလိုက္တာ”

မနက္က မိန္းမျဖစ္သူသီရိေမမူးလဲသြား၍ ဆရာဝန္ေခၚရာမွ ယခုအခါဆရာဝန္၏ေျပာစကားေၾကာင့္ ဘုန္းျမတ္ေခါင္တစ္ေယာက္ ထခုန္မိမတတ္ပင္ ဝမ္းသာသြားရသည္။ ကေလး႐ူး႐ူးေနသည့္ ဘုန္းျမတ္ေခါင္အဖို႔ကေတာ့ အိမ္ေထာင္သက္ေလးႏွစ္ေက်ာ္မွ သူအၾကားခ်င္ဆုံးသတင္းစကားကိုၾကားလိုက္ရသည့္အတြက္ အေပ်ာ္လြန္ကာပါးစပ္ပင္ေစ့မရေတာ့။

ညေနသူအလုပ္ကျပန္လာခ်ိန္တိုင္း သီရိလက္ကေလးကိုတြဲကာ လမ္းေလ်ာက္ထြက္ရင္း သီရိဗိုက္ထဲကသူ႔ရင္ေသြးေလးကို ပုံေဖာ္ၾကည့္ရတာကိုက သူ႔အတြက္ ပီတိတစ္မ်ိဳးပင္။ တစ္ရက္…

”ကိုကိုေရ သြားမယ္ေလ ”

”ဟင္ သီရိ ညေနေစာင္းႀကီးမွေခါင္းေလ်ာ္ထားတာလား ဆံပင္ေတြလည္းစိုလို႔ dryerနဲ႔မမႈတ္ဘူးလား သီရိရယ္ ဖ်ားနာေနမွျဖင့္ ”

”အာ ရပါတယ္ကိုကိုရဲ႕ လမ္းေလ်ာက္ရင္းေလတိုက္ရင္ေျခာက္သြားမွာပါ ကဲပါ ေနာက္က်ေနလိမ့္မယ္ လာ သြားၾကမယ္ေနာ္ ”

ေခါင္းေလ်ာ္ၿပီးစ တင္ပါးေရာက္လုဆဲဆဲ ဆံႏြယ္ရွည္မ်ားကို ျဖန႔္ခ်ရင္း သီရိတစ္ေယာက္ ခ်စ္ခင္ပြန္း ဘုန္ျမတ္ေခါင္လက္ကိုတြဲကာ အိမ္နဲ႔မလွမ္းမကမ္းကန္ေဘာင္ဘက္သို႔ လမ္းေလွ်ာက္ထြက္လာၾကသည္။

”ကိုကို ”

”အင္း ေျပာေလ သီရိ ”

”ကိုကို သီရိကေလးေလးေမြးလာရင္ေလ ဘာေလးလိုခ်င္လဲဟင္ ”

”ဘာေလးပဲျဖစ္ျဖစ္ပါ သီရိရယ္ ကိုယ္တို႔အိမ္ေထာင္သက္ေလးႏွစ္ေက်ာ္မွ ပထမဆုံးရလာတဲ့ ကေလးမို႔လား ကိုယ္ကေတာ့ဘာေလးပဲျဖစ္ျဖစ္ ခ်စ္ၿပီးသား ”

” အင္းေနာ္ သီရိေလ အရမ္းေပ်ာ္တာပဲသိလားကိုကိုရယ္ ေနာက္ဆို ကိုကိုရယ္ သီရိရယ္ ကေလးေလးရယ္ အတူတူလမ္းေလ်ာက္ထြက္ၾကမယ္ေလ ေနာ္”

သီရိတစ္ေယာက္ အၿပဳံးေတြျဖင့္စကားေတြ တတြတ္တြတ္ေျပာရင္း ေလွ်ာက္လာရင္း တစ္ေနရာအေရာက္ ခဲလုံးတစ္လုံးကိုမျမင္မိဘဲ ခလုတ္တိုက္ကာ လဲက်သြားရသည္။ ဘုန္းျမတ္ေခါင္လက္ကိုတြဲထားသည္မို႔သာ ေမွာက္လ်က္မလဲသြားေသာ္လည္း ဒူးေထာက္လ်က္သားက်တာမို႔ ဒူးေတာ့အနည္းငယ္ပြန္းသြားရသည္။

”အေမ့ ”

”ဟာ သီရိရယ္ ဘယ္လိုျဖစ္ရတာလဲ ထ ထ ဘာျဖစ္သြားေလးလဲဟင္ ”

”အား ကြၽတ္ ကြၽတ္ ရပါတယ္ကိုကိုရဲ႕ သီရိဘာမွမျဖစ္ပါဘူး ”

”ဘာလို႔ ဘာမွမျဖစ္ရမွာလဲသီရိရယ္ ဒီမွာေလ ဒူးပြန္းသြားတယ္မလား ကဲ လာ အိမ္ပဲျပန္ၾကစို႔ေနာ္ ကိုကိုေဆးထည့္ေပးမယ္ ”

” ဟုတ္ကဲ့ကိုကို”

ခ်စ္ဇနီးသီရိပခုံးေလးကို တယုတယဖက္ကာ ထြက္သြားေသာ ဘုန္းျမတ္ေခါင္တို႔ လင္မယားေနာက္မွ အရိပ္တစ္ခုကပ္ပါသြားခဲ့သည္ကိုသာ သူတို႔သိခဲ့ပါလွ်င္မူ ။

သီရိေမတစ္ေယာက္ မွန္တင္ခုံေရွ႕တြင္ထိုင္ကာ ဆံႏြယ္မ်ားကို တယုတယ စိတ္ရွည္လက္ရွည္ၿဖီးသင္ေနေလသည္။ ထိုစဥ္စိမ့္ခနဲျဖစ္သြားေသာအသိေၾကာင့္ အမွတ္တမဲ့မွန္ထဲကိုၾကည့္မိလိုက္ေတာ့ မွန္ထဲမွေန၍သူမကို စူးစူးစိုက္စိုက္ၾကည့္ေနသည့္ မိန္းကေလးတစ္ဦး။

သူမေၾကာက္လန႔္တၾကားေအာ္ဟစ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ အသံေတြက လည္ေခ်ာင္းဝက ထြက္မလာ။ ၾကည့္ေနရင္းမွာပင္ မွန္ထဲမွမိန္းကေလးက လက္ႏွစ္ဖက္ကိုဆန႔္တန္းရင္း မွန္ကိုေဖာက္လ်က္ထြက္လာသည္။ ထို႔ေနာက္သူမဘာမွမသိေတာ့။

”ဟင္ သီရိ ဘယ္လိုလုပ္လိုက္တာလဲ သီရိရယ္”

ဘုန္းျမတ္ေခါင္ အလုပ္ကအျပန္အိမ္ေရာက္ေတာ့ သီရိကိုမေတြ႕၍ အခန္းထဲဝင္ၾကည့္ရာ မွန္တင္ခုံေရွ႕မွာထိုင္၍ သူမ၏ဆံႏြယ္ရွည္ႀကီးမ်ားကို ကတ္ေၾကးျဖင့္တစ္ခ်က္ခ်င္းညႇပ္ခ်ပစ္ေနသည့္ သီရိကိုေတြ႕လိုက္ရသည္။ သီရိက သူ႔ဆံႏြယ္ေတြကိုသိပ္ျမတ္ႏိုးတာ ခုဘယ္လိုျဖစ္တာပါလိမ့္။ ေဝခြဲမရတဲ့စိတ္တို႔နဲ႔အတူ ဘုန္းျမတ္ေခါင္တစ္ေယာက္ သီရိကို ေမးခြန္းေမးလိုက္မိေပမယ့္ သီရိကား ဘာမွျပန္မေျပာ ။ ခံစားခ်က္မဲ့ေနေသာ မ်က္ႏွာေသႀကီးျဖင့္သာ ဆံပင္မ်ားကို တစ္ခ်က္ခ်င္း ညႇပ္ခ်ပစ္ေနသည္။

”သီရိ သီရိ ဘာျဖစ္ေနတာလဲ ေနမေကာင္းဘူးလား သတိထားဦးေလ သီရိ”

သူေမးသမွ်ဘာမွျပန္မေျဖသည့္အဆုံး ဘုန္းျမတ္ေခါင္တစ္ေယာက္ သီရိေဘးသို႔သြားကာပခုံးႏွစ္ဖက္ကို ကိုင္လႈပ္ရင္းေျပာမိေတာ့ ခံစားခ်က္မဲ့ေနေသာမ်က္ႏွာေသႀကီးျဖင့္ သီရိကသူ႔ကိုေမာ့ၾကည့္လာသည္။ ထို႔ေနာက္သူ႔လက္ထဲမွာပင္ ေခြခနဲလဲကာသတိေမ့သြားေလေတာ့သည္။

”သီရိ သီရိ ဘာျဖစ္တာလဲ သတိထားပါဦး သီရိ”

သီရိသတိရလာေတာ့လည္း သူမဘာလုပ္ခဲ့လို႔ လုပ္ခဲ့မိမွန္းပင္မသိ။ ဘာမွမမွတ္မိေခ်။သူမဆံပင္ေတြကိုသာႏွေျမာတသစိတ္ျဖင့္ ငိုပင္ငိုေနလိုက္ေသးသည္။ သူ႔မွာေတာ့ရင္ခြင္ထဲမွာ ငိုေနသည့္ သီရိကိုေခ်ာ့ေမာရင္းႏွင့္ပင္ သီရိဘယ္လိုမ်ားျဖစ္သြားတာလည္း ဟူ၍သာေတြးေနမိေလသည္။

တစ္ည
သူအိပ္ေနရင္း ေရငတ္လာတာေၾကာင့္ ႏိုးလာရသည္။ေရေသာက္ဖို႔ထရင္း ေဘးကိုၾကည့္လိုက္မိေတာ့ သီရိကမရွိ။
သီရိဘယ္ေရာက္သြားပါလိမ့္။ အေပါ့အပါးမ်ားသြားေနသလားဆိုၿပီး ေရခ်ိဳးခန္းတံခါးဖြင့္ကာၾကည့္မိေတာ့လည္း သီရိကိုမေတြ႕ရ။ သီရိဘယ္မ်ားသြားေနပါလိမ့္ အေတြးႏွင့္အတူ သူအခန္းထဲမွထြက္လာကာ သီရိကိုရွာၾကည့္မိေတာ့ ေဟာ ေတြ႕ပါၿပီ မီးဖိုခန္းထဲကေရခဲေသတၱာေရွ႕မွာရပ္ေနသည့္ သီရိ။ ေရခဲေသတၱာဖြင့္ကာ အထဲမွတစ္စုံတစ္ခုကို အားပါးတရစားေနေလသည္။

သီရိဘာေတြမ်ားစားေနပါလိမ့္။ညေနကလည္း ထမင္းေကာင္းေကာင္းမစားဘူးဆိုေတာ့ ခုမွဗိုက္ဆာလို႔ တစ္ခုခုထစားေနတာထင္တယ္။

”သီရိ ဘာေတြစားေနတာလဲ မိန္းမရဲ႕ ဗိုက္ဆာလို႔လား ကိုကိုကေတာ့ သီရိကိုမေတြ႕လို႔စိတ္ပူသြားတာပဲ လတ္စသတ္ေတာ့ကိုကို႔မိန္းမက ဒီမွာမုန႔္လာစားေနတာကိုး ”

သူ႔အသံၾကားေတာ့သီရိက အားရပါးရေခါင္းမေဖာ္တမ္းစားေနရာမွေန၍ ပလုပ္ပေလာင္းႏွင့္ သူ႔ဘက္ဆတ္ခနဲလွည့္ၾကည့္လာသည္။ ထိုအခါမွပင္ သီရိစားေနသည့္ အရာမ်ားကို သူေသေသခ်ာခ်ာျမင္လိုက္ရသည္။ ဟာ အမဲသားအစိမ္းေတြပါလား။ ဟုတ္ပါသည္။ ဒီရက္ပိုင္းသီရိကိုၾကည့္ရတာ အားနည္းသည့္ပုံစံေပါက္ေနသျဖင့္ မနက္ျဖန္က် အမဲသားျပဳတ္ေၾကာ္ေလးလုပ္ေပးမည္ဟု စိတ္ကူးကာ သူဝယ္လာၿပီး ေရခဲေသတၱာထဲထည့္ထားခဲ့သည့္ အမဲသားအစိမ္းမ်ား။

”ဟင္ သီရိ သီရိ ဘာျဖစ္လို႔အစိမ္းေတြစားေနတာလဲ အဲ့လိုမ်ိဳးမစားရဘူးေလ မိန္းမ ေပး ေပး ကိုကို႔ကို အဲ့ဒါေတြ ”

ေျပာေျပာဆိုဆိုနဲ႔ပင္ သီရိလက္ထဲက အမဲသားဘူးကို သူဆြဲလုမိေတာ့ သီရိက သူ႔ကိုမ်က္ေထာင့္နီႀကီးမ်ားျဖင့္ၾကည့္ရင္း အမဲသားဘူးကိုအတင္းျပန္ဆြဲလုသည္။ သူကလည္းဇြတ္အတင္းျပန္လုေတာ့ သီရိကေဒါသထြက္သြားသည့္ပုံျဖင့္ သူ႔ကိုေဆာင့္တြန္းပစ္လိုက္ပစ္လိုက္ေလရာ သူ႔မွာမီးဖိုခန္းေထာင့္သို႔ပင္လြင့္စင္သြားရေလေတာ့သည္။

သူတအံ့တၾသႏွင့္ သီရိကိုလွမ္းၾကည့္လိုက္မိသည္။ ႏုႏုႏြဲ႕ႏြဲ႕နဲ႔ သူ႔မိန္းမက ခုေတာ့သူ႔ကိုတြန္းလိုက္သည္မွာ ေယာက်ာ္းႀကီးတစ္ေယာက္ကတြန္းလိုက္သလိုပင္အားပါလြန္းလွေပသည္။ ဘုရား ဘုရား သီရိဘာမ်ားျဖစ္ေနပါလိမ့္ သူၾကည့္ေနတုန္းမွာပဲ သီရိတစ္ေယာက္ေခြခနဲလဲက်သြားေလေတာ့သည္။

”ဟာ သီရိ သီရိ သတိထားပါဦး သီရိ ”

သတိေမ့ေနေသာသီရိမ်က္ႏွာကို သူခပ္ဆတ္ဆတ္ပုတ္ရင္းေခၚမိေတာ့ ညည္းျငဴသံတစ္ခ်ိဳ႕နဲ႔အတူ သီရျပန္သတိရလာေလသည္။

”ဟင္ ကိုကို ဘာျဖစ္လို႔လဲဟင္ ”

”အဲ့ဒါ ကိုကိုက သီရိကိုေမးရမွာသီရိရဲ႕ သီရိဘာေတြျဖစ္ေနတာလဲဟင္ ”

”ဟာ ကိုကိုကလည္း သီရိကဘာျဖစ္ရမွာလည္း ေရဆာလို႔ေရထေသာက္တာပါ လာျပန္အိပ္ၾကမယ္ သီရိအိပ္ခ်င္ေနၿပီကိုကိုရဲ႕”

ေျပာရင္း သူ႔လက္ကိုဆြဲကာ အိပ္ခန္းဆီသို႔ထြက္လာေသာသီရိကိုၾကည့္ရင္း သူဘာမွနားမလည္ႏိုင္ေတာ့။အခုက်ေတာ့လည္း သီရိပုံစံက သူဘာမွမလုပ္ထားသလိုပင္ အျပစ္ကင္းစင္ေသာမ်က္ႏွာေလးႏွင့္ ။ သီရိဘာေတြျဖစ္ေနတာပါလိမ့္ ။ ဒီရက္ပိုင္းသီရိကိုၾကည့္ရတာ မူမမွန္တာေၾကာင့္ သီရိအေမကိုသူတို႔နဲ႔အတူလာေနဖို႔ေခၚထားရသည္။ ဟုတ္သည္ေလ သီရိမွာကကိုယ္ဝန္ႏွင့္ မေတာ္ တစ္ခုခုျဖစ္ရင္ သူပဲရင္က်ိဳးရမွာမလား။

တစ္ရက္……
ထိုေန႔က ဘုန္းျမတ္ေခါင္အေစာႀကီးႏိုးေနေလသည္။နာရီၾကည့္လိုက္ေတာ့ ေျခာက္နာရီပင္ရွိေသးသည္။ သူေဘးကိုၾကည့္လိုက္မိေတာ့ ခ်စ္ဇနီးသီရိက အျပစ္ကင္းစင္ေသာမ်က္ႏွာေလးျဖင့္ ႏွစ္ၿခိဳက္စြာပင္အိပ္ေမာက်ေနဆဲ။ အိပ္ေပ်ာ္ေနေသာ သီရိနဖူးေလးကိုသူဖြဖြေလးနမ္းကာ ေရခ်ိဳးရန္ ေရခ်ိဳးခန္းဆီသို႔ထြက္လာခဲ့လိုက္သည္။

သူေရခ်ိဳးခန္းထဲကအထြက္ ျမင္လိုက္ရေသာျမင္ကြင္းက …

”အားး သီရိဘာလုပ္တာလဲ အဲ့လိုမလုပ္နဲ႔ေလ အေမေရ အေမ လာၾကပါဦး ဒီမွာသီရိဘာျဖစ္ေနတာလဲမသိဘူး လုပ္ၾကပါဦး”

ဘုန္းျမတ္ေခါင္ေအာ္သံေၾကာင့္ အခန္းထဲသို႔ေျပးဝင္လာၾကေသာ သီရိအေမႏွင့္အကူအမ်ိဳးသမီးႀကီးတို႔မွာလည္း ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ ေသြးပ်က္မတတ္ထိတ္လန႔္ေျခာက္ျခားသြားၾကေလသည္။ ဟုတ္ပါသည္ သူတို႔ျမင္လိုက္ရသည္ကား ဆံပင္စုပ္ဖြားႏွင့္ မွန္တင္ခုံေရွ႕မွာထိုင္၍ သူမလက္ကိုသူမဓားျဖင့္တစ္ခ်က္ခ်င္း ျခစ္ေနသည့္ သီရိေမ။ မ်က္ျဖဴလန္ေနေသာမ်က္ဝန္းမ်ားျဖင့္ ခံစားခ်က္မဲ့ေနေသာမ်က္ႏွာေသႀကီးႏွင္ သီရိေမပုံစံက ထိတ္လန႔္ဖြယ္ရာ။

”အမေလးးး သမီး သမီး ဘာျဖစ္တာလည္း ကြၽန္မသမီးေလးကိုကယ္ၾကပါဦး လုပ္ပါဦး ”

”သီရိ သီရိ စိတ္ထိန္းပါဦး သီရိရယ္ ”

”ဟဲ့ ဒီလိုၾကည့္ေနလို႔ ဘယ္ျဖစ္မလည္း အေဒၚ့မိတ္ေဆြအထက္လမ္းဆရာတစ္ေယာက္ရွိတယ္ ေမာင္ဘုန္းျမတ္ ခုခ်က္ျခင္းသြားေခၚၾကမယ္ အေဒၚပါလိုက္ခဲ့မယ္ လာျမန္ျမန္ ခုခ်က္ျခင္းသြားၾကမယ္”
××××…………××××…………×××………

”ေဘးဖယ္ၾက ဆရာႂကြလာၿပီ ေဘးဖယ္ ေဘးဖယ္ ”

ဆရာေရာက္လာသည့္အခ်ိန္မွာေတာ့သီရိေမလက္ႏွစ္ဖက္လုံး ဓားရာမ်ားျဖင့္ေသြးခ်င္းခ်င္းနီရဲလ်က္သား။ ေတာ္ေသးသည္ လက္ေကာက္ဝတ္ေသြးေၾကာမထိလို႔ မဟုတ္လွ်င္ မေတြးဝံ့စရာပင္။

”ကဲ ကေလးမ ဆရာ့ကိုၾကည့္စမ္း”

ဆရာကေျပာေပမယ့္သီရိေမကားတုပ္တုပ္မွမလႈပ္ေခ်။

”သီရိ ဆရာေျပာေနတယ္ေလ သီရိရဲ႕ နားေထာင္ပါကြာေနာ္”

”သီရိ သမီးေလးကလိမ္မာပါတယ္ကြယ္ ေမေမေျပာတာနားေထာင္ပါေနာ္”

”တိတ္စမ္း ငါသီရိေမ မဟုတ္ဘူး ”

”ဟုတ္ၿပီ ကေလးမ မင္းဘယ္သူလဲ ဘာေၾကာင့္ဒီမိန္းကေလးကိုေႏွာင့္ယွက္ခ်င္ရတာလဲ မင္းဘာလိုခ်င္တာလဲ ေျပာစမ္း”

”ဟားးး ဟားးး ဟားးးးး ”

ဆရာေျပာေနေပမယ့္ သီရိေမကား တင္းမာခက္ထန္ေသာမ်က္ႏွာထားျဖင့္ ဘာမွျပန္မေျပာပဲ တဟားးဟားႏွင့္သာေအာ္ရယ္ေနေလသည္။

”ေဟ့ ေျပာေနတာမရဘူးလား ကဲ အဲ့ဒါဆိုရင္ေတာ့ဆရာ့အဆိုးအဆိုနဲ႔ေတာ့ကေလးမ”

ေျပာေျပာဆိုဆို ဆရာကလြယ္အိတ္ထဲမွ အထုပ္တစ္ထုပ္ကိုယူကာ ေျဖလိုက္ၿပီး ထိုအထုပ္ထဲမွ ဆန္မန္းတစ္ခ်ိဳ႕ျဖင့္ သီရိေမဆီသို႔ပက္လိုက္ေလရာ

”အားးး မလုပ္နဲ႔ ငါပူတယ္ ပူတယ္ ”

”ေအး အဲ့ဒါဆို ဆရာေမးတာေျဖပါကေလးမ မင္းဘာျဖစ္ခ်င္တာလဲဆိုတာေျပာမွ ဆရာတို႔ကလုပ္ေပးလို႔ရမွာေပါ့ ဟုတ္ၿပီလား ကဲေျပာ မင္းဘာေၾကာင့္ဒီမိန္းကေလးကိုေႏွာင့္ယွက္ရတာလဲ မင္းဘယ္သူလဲ ”

ဆရာစကားအဆုံး သီရိေမက နာက်ည္းမုန္းတီးေသာမ်က္လုံးမ်ားျဖင့္ ဘုန္းျမတ္ေခါင္ဘက္သို႔လွည့္ၾကည့္ကာ လက္ညႇိဳးထိုးလိုက္ၿပီး

”ငါသူ႔ကိုမေက်နပ္ဘူး ငါသူ႔ကိုမေက်နပ္လို႔လုပ္တာ ”

”ဟုတ္ၿပီ မင္းဘာ့ေၾကာင့္ သူ႔ကိုမေက်နပ္ရတာလဲ မင္းဘယ္သူလဲ ေသခ်ာေျပာပါကေလးမ ”

”ငါ့ နာမည္ႏြယ္ပင္ ”

သီရိေမဆီမွ ႏြယ္ပင္ဆိုသည့္ နာမည္ကိုၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ထဲ ဘုန္းျမတ္ေခါင္မ်က္ႏွာမွာ အလြန္အမင္း ေသြးဆုတ္ျဖဴေလ်ာ္သြားၿပီး သူ႔မ်က္ဝန္းထဲမွာလည္း ႐ိုးသားေအးေဆးသည့္ အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ေကာင္မေလးတစ္ေယာက္ပုံရိပ္ကေပၚလာေလသည္။

”ကဲ ဆက္ေျပာပါကေလးမ မင္းဘာျဖစ္ခ်င္တာလဲ ”

ဆရာ့စကားအဆုံး ႏြယ္ပင္ ဝိညာဥ္ဝင္ေရာက္ပူးကပ္ေနေသာ သီရိေမမွာ ဝမ္းနည္းပူေဆြးသည့္ဟန္ျဖင့္ခ်ဳံးပြဲခ်ကာ ငိုခ်လိုက္ၿပီး

”ကြၽန္မနာမည္ ႏြယ္ပင္ပါ ကြၽန္မမွာတြယ္တာစရာေဆြမ်ိဳးသားခ်င္းလည္းမရွိပါဘူး အေဖက ကြၽန္မငယ္ငယ္ေလးကတည္းကဆုံးပါးခဲ့တယ္ အေမကလည္းကြၽန္မ ဆယ္တန္းေျဖၿပီးတဲ့ႏွစ္မွာပဲ ဆုံးသြားခဲ့တာေၾကာင့္ တြယ္တာစရာေဆြမ်ိဳးမရွိတဲ့ ကြၽန္မဒီၿမိဳ႕ကိုတက္လာခဲ့ပါတယ္ ၿပီးေတာ့အေဆာင္မွာေနရင္း အလုပ္လုပ္ခဲ့ပါတယ္ အဲ့ဒီမွာတင္ ဒီကိုဘုန္းျမတ္ေခါင္နဲ႔ စေတြ႕တာပါပဲ ”

လြန္ခဲ့ေသာတစ္ႏွစ္ေက်ာ္ခန႔္………
ထိုအခ်ိန္က ကေလးအရမ္းလိုခ်င္ေနေသာ ဘုန္းျမတ္ေခါင္တစ္ေယာက္ အိမ္ေထာင္သက္သုံးႏွစ္ေက်ာ္လာတဲ့ထိ ကေလးမရႏိုင္ေသးေတာ့ စိတ္ညစ္ညစ္နဲ႔ေလေနတုန္းမွာပဲ ႏြယ္ပင္ဆိုေသာ ေကာင္မေလးကိုေတြ႕ခဲ့ျခင္းျဖစ္သည္။

”ႏြယ္ပင္”တဲ့
အသားလတ္လတ္ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားျဖင့္ ရယ္လိုက္လွ်င္ ညာဘက္ပါးခ်ိဳင့္ေလးတစ္ဖက္ ခ်ိဳင့္ဝင္သြားတတ္ေသာ ထူးဆန္းေသာနာမည္နဲ႔ေကာင္မေလးက ႏြယ္ပင္ဆိုသည့္အတိုင္းႏြယ္တစ္ပင္လို သူ႔ရင္ထဲကိုၿငိတြယ္လာေစခဲ့သည္။ ႏြယ္ပင္က သိပ္ကိုျဖဴစင္႐ိုးသားသည္။ ထိုအခ်ိန္က ကေလး႐ူး႐ူးေနသည့္စိတ္ျဖင့္ ေလေနေသာ ဘုန္းျမတ္ေခါင္တစ္ေယာက္ ႏြယ္ပင္ကို ခ်ဥ္းကပ္ၿပီး ခ်စ္ေရးဆိုခဲ့မိေလသည္။ ေနာက္ပိုင္း ႏြယ္ပင္နဲ႔သူရင္းႏွီးမႈအတိုင္းအတာက စည္းေက်ာ္လာၾကေတာ့ သူႏြယ္ပင္ကို တိုက္ခန္းတစ္ခန္းဌားေပးကာ ေနေစခဲ့သည္။ သူ႔အေၾကာင္းေတြကိုေတာ့ ႏြယ္ပင္ကိုသူဖြင့္မေျပာခဲ့မိေခ်။

”ကြၽန္မသူ႔ကို သိပ္ခ်စ္ခဲ့တာပါ တြယ္တာစရာမရွိတဲ့ကြၽန္မဘဝမွာ သူကကြၽန္မအတြက္ေတာ့အရာရာပါပဲ ကြၽန္မသူ႔ကိုလက္ထပ္ၾကဖို႔ေျပာတိုင္း သူအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေရွာင္ထြက္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္မသူ႔ကိုလုံးဝသံသယမရွိခဲ့ဘူး ကြၽန္မခ်စ္သလို သူလည္းကြၽန္မကိုခ်စ္မယ္လို႔ ကြၽန္မယုံၾကည္ခဲ့တယ္ေလ ။ တစ္ရက္ ကြၽန္မအိပ္ရာအထမွာ မူးလဲမလိုျဖစ္သြားလို႔ မသကာလႋု႔စစ္ၾကည့္လိုက္ေတာ့ ကြၽန္မမွာကိုယ္ဝန္ရွိေနတယ္ဆိုတာသိလိုက္ရတယ္ အဲ့ဒါနဲ႔ကြၽန္မေဆးခန္းသြားျပေတာ့ ကိုယ္ဝန္သုံးလတဲ့။

ကြၽန္မေလ ကြၽန္မခ်စ္ရတဲ့သူရဲ႕ေသြးသားေလး ကြၽန္မဗိုက္ထဲမွာဆိုတဲ့အသိနဲ႔ အရမ္းကိုေပ်ာ္ခဲ့ရတာ အဲ့ဒီေန႔က သူ႔ဆီဖုန္းဆက္ၿပီးကြၽန္မဆီလာဖို႔ လွမ္းေခၚမလို႔လုပ္တုန္းမွာပဲ သူ႔ဆီကေနအရင္ဖုန္းဝင္လာခဲ့တယ္ သူကြၽန္မကိုေျပာစရာရွိလို႔ ဒီေန႔လာခဲ့မယ္တဲ့ေလ အဲ့ေန႔က ကြၽန္မပီတိေတြနဲ႔အတူသူအလာကို ထိုင္ေစာင့္ေနခဲ့မိတယ္။ သူေရာက္လာေတာ့ ကြၽန္မဘာမွမေျပာရေသးခင္မွာပဲ သူ႔အေၾကာင္းေတြအားလုံးကိုသူဖြင့္ေျပာခဲ့တယ္။ သူ႔မွာအိမ္ေထာင္ရွိတယ္တဲ့ သူ႔မိန္းမကေလးမရေသးလို႔ သူစိတ္ေလေနရင္း ကြၽန္မနဲ႔ပက္သက္ခဲ့မိတာတဲ့ေလ ခုသူ႔အေမက ကြၽန္မနဲ႔သူနဲ႔အေၾကာင္း သိသြားၿပီးကြၽန္မနဲ႔အဆက္ျဖတ္ခိုင္းတယ္တဲ့ သူ႔အေမ သူ႔ေၾကာင့္စိတ္ဆင္းရဲတာမ်ိဳးအျဖစ္မခံႏိုင္ဘူးဆိုၿပီး ကြၽန္မနဲ႔သူ႔ရဲ႕ဇာတ္လမ္းကို ဒီမွာပဲရပ္လိုက္ၾကဖို႔ေျပာလာတယ္ေလ ။

သူ႔စကားေတြကိုနားေထာင္ၿပီးတဲ့ေနာက္မွာ ကြၽန္မကမာၻႀကီးတစ္ခုလုံး ခ်ာခ်ာလည္သြားသလိုပါပဲ။ ကြၽန္မတစ္ေယာက္ထဲ ႐ုန္းကန္ေနထိုင္ခဲ့ရေပမယ့္ ကြၽန္မကိုယ္က်င့္တရားနဲ႔ သိကၡာကိုတန္ဖိုးထားျမတ္ႏိုးတဲ့ မိန္းမပါ။
ခုေတာ့ ခုေတာ့ ကြၽန္မကအိမ္ေထာင္သည္ေယာက်ာ္းတစ္ေယာက္ကိုမွ အဆုံးစြန္ထိပက္သက္ခဲ့မိသတဲ့လား။

ကြၽန္မတစ္သက္လုံး ထိန္းသိမ္းလာသမွ် ကိုယ့္က်င့္တရားေတြပ်က္ဆီးကုန္ၿပီဆိုၿပီး ရွက္တဲ့စိတ္ သူ႔အေပၚသိပ္ခ်စ္မွန္းသိရက္နဲ႔ သူကြၽန္မအေပၚလုပ္ရက္ေလျခင္းဆိုတဲ့အသိနဲ႔ဝမ္းနည္းတဲ့စိတ္ေတြေပါင္းၿပီး ကြၽနိမသူ႔ကိုဘာစကားတစ္ခြန္းမွျပန္မေျပာႏိုင္ခဲ့ဘူး။ သူထျပန္သြားေတာ့မယ့္အခ်ိန္မွ ကြၽန္မသတိဝင္လာၿပီး ကြၽန္မေျပာတာေတြကိုခဏေလာက္နားေထာင္ေပးပါဆိုၿပီး သူ႔လက္ကိုဆြဲၿပီးေတာင္းပန္ခဲ့ေပမယ့္ သူကကြၽန္မစကားကိုနားမေထာင္ေပးခဲ့တဲ့အျပင္ ကြၽန္မကိုပါရက္ရက္စက္စက္ တြန္းပစ္ၿပီး တစ္ခ်က္မွလွည့္မၾကည့္ပဲထြက္သြားခဲ့တယ္ေလ။
သူတြန္းပစ္လိုက္တဲ့အရွိန္နဲ႔ပဲ ကြၽန္မလဲက်သြားၿပီး ကိုယ္ဝန္ပ်က္က်သြားခဲ့ရတယ္။ တိုက္ခန္းထဲမွာကြၽန္မတစ္ေယာက္ထဲ ကိုယ္ဝန္ပ်က္က်တဲ့အရွိန္နဲ႔ ေသြးအိုင္ၾကားမွာလဲေနခဲ့ရတယ္။ ေတာ္ေတာ္ေလးၾကာမွ အခန္းနားနီးခ်င္းအန္တီႀကီးတစ္ေယာက္အကူအညီနဲ႔ ကြၽန္မေဆး႐ုံကိုေရာက္သြားခဲ့ေပမယ့္ ေသြးထြက္လြန္တဲ့အရွိန္နဲ႔ပဲ ကြၽန္မေသဆုံးခဲ့ရတယ္ ။

ကြၽန္မမွာအျပစ္ရွိတယ္ဆိုရင္ေတာင္ ကြၽန္မသူ႔ကိုခ်စ္ခဲ့မိတဲ့ အျပစ္တစ္ခုထဲပါ သူကေတာ့ ကြၽန္မသူ႔အေပၚထားခဲ့တဲ့ အခ်စ္ေတြကိုေစာ္ကားခဲ့တဲ့အျပင္ ကြၽန္မေစာင့္ထိန္းခဲ့တဲ့ကိုယ့္က်င့္တရားေတြကိုပါ ပ်က္ျပားေစခဲ့တယ္ ဒါ့အျပင္ မျမင္လိုက္ရတဲ့ ကြၽန္မရင္ေသြးေလးကိုပါ ကြၽန္မဆုံးရႈံးခဲ့ရတယ္ ကြၽန္မသူ႔ကိုလုံးဝမေက်နပ္ဘူး။

အဲ့ဒါေၾကာင့္ ကြၽန္မသူတို႔လမ္းေလ်ာက္ထြက္ရင္း သီရိေမလဲက်သြားတုန္းက သူတို႔နဲ႔အတူ ကြၽန္မကပ္ပါလာခဲ့တာပဲ။ ဒီေရာက္ေတာ့ သီရိေမရဲ႕ မွန္တင္ခုံကမွန္ခ်ပ္ထဲ ကြၽန္မခိုေအာင္းေနခဲ့တယ္။ ”ဘုန္းျမတ္ေခါင္” သူ႔ကိုကြၽန္မခံစားခဲ့ရသလို ျပန္ခံစားေစခ်င္တယ္ သူခ်စ္ရတဲ့သူေတြကိုဆုံးရႈံးရတဲ့နာက်င္ခံစားမႈမ်ိဳး သူ႔ကိုခံစားေစခ်င္တယ္ အဲ့ဒါေၾကာင့္ ကြၽန္မ ခုလိုလုပ္ရတာပဲ ”

ႏြယ္ပင္စကားအဆုံး ဘုန္းျမတ္ေခါင္တစ္ေယာက္ အ႐ုပ္ႀကိဳးပ်က္လဲက်သြားရေလသည္။

”ကိုယ္ ကိုယ္ေတာင္းပန္ပါတယ္ႏြယ္ရယ္ ကိုယ့္အမွားေတြပါ ဒါေပမယ့္ ႏြယ့္မွာကိုယ့္ရင္ေသြးေလးရွိေနတယ္ဆိုတာ ကိုယ္တကယ္မသိခဲ့႐ိုးအမွန္ပါ ကိုယ္ေတာင္းပန္ပါတယ္ ႏြယ္မေက်နပ္ရင္ကိုယ့္ကိုႀကိဳက္သလိုအျပစ္ေပးပါ သီရိမွာဘာအျပစ္မွမရွိပါဘူးႏြယ္ရယ္ေနာ္ ကိုယ္တကယ္ေတာင္းပန္ပါတယ္ ”

”ဟုတ္ပါတယ္ ကေလးမရယ္ မင္းအခုဝင္ေရာက္ပူးကပ္ေနတဲ့ ခႏၶာကိုယ္ပိုင္ရွင္မွာဘာအျပစ္မွမရွိပါဘူး အဲ့ဒီကိစၥေတြကိုလည္း သူဘာမွမသိခဲ့ရွာဘူးေလ ၿပီးေတာ့ ခုဒီမိန္းကေလးမွာကိုယ္ဝန္ႀကီးနဲ႔ မင္းေတာင္မွဆုံးရႈံးလိုက္ရတဲ့မင္းရင္ေသြးေလးကိုအရမ္းခ်စ္တယ္မလား မင္းရင္ေသြးေလးနဲ႔ကိုယ္ခ်င္းစာၿပီး ေတြးေပးပါလို႔ ဆရာေမတၱာရပ္ခံပါတယ္ကြယ္ ။

အတိတ္ဘဝကဝဋ္ေႂကြးပါခဲ့လို႔ ဒီဘဝမွာကာမပိုင္ရွိတဲ့ေယာက်ာ္းတစ္ေယာက္ကို စြဲလမ္းတြယ္ၿငိခဲ့မိၿပီး ဘဝပ်က္အသက္ပါဆုံးရႈံးခဲ့ရၿပီးၿပီ ေနာင္သံသရာထိ အမွားေတြကိုသယ္ေဆာင္မသြားခ်င္ပါနဲ႔ေတာ့ ကေလးမရယ္ ဒီေလာက္နဲ႔ပဲအမုန္းတရားေတြေျပပီး ေက်နပ္လိုက္ပါေတာ့ ဆရာကၾကားထဲကေနပဲေမတၱာရပ္ခံပါတယ္ကြယ္ ဟုတ္ၿပီလား ”

ဆရာႀကီး၏ ေမတၱာရပ္ခံခ်က္အဆုံးမွာေတာ့ ႏြယ္ပင္ဝိညာဥ္ဝင္ေရာက္ပူးကပ္ေနေသာ သီရိေမမွာဝမ္းနည္ပက္လက္ျဖင့္ ခ်ဳံးပြဲခ်ကာငိုေႂကြးလိုက္ၿပီးေနာက္

”ကြၽန္မမွားပါတယ္ဆရာရယ္ ကြၽန္မရင္ထဲကအမုန္းတရားေတြကို ေနာင္သံသရာထိသယ္ေဆာင္မသြားေတာ့ပါဘူး အဲ့တာေၾကာင့္ ကြၽန္မဒီဘဝကကြၽတ္လြတ္ဖို႔အတြက္ ကြၽန္မအတြက္ကိုရည္စူးၿပီးသံဃာေတာ္ေတြကို အလႉအတန္းျပဳလုပ္ၿပီး အမွ်ေပးေဝေပးပါရွင္ ”

”ေကာင္းပါၿပီ မိန္းကေလး မင္းစိတ္တိုင္းက်ျဖစ္ေစရပါမယ္လို႔ ဆရာကအာမခံၿပီး ကတိေပးပါတယ္ ခုေတာ့ ဒီမိန္းကေလးခႏၶာကိုယ္ထဲကေနထြက္ေပးလိုက္ပါေတာ့ သူ႔ခမ်ာ ကိုယ္ဝန္ႀကီးတစ္ဖက္နဲ႔ပင္ပန္းေနရွာပါၿပီကြယ္ ”

ဆရာ့စကားအဆုံးမွာေတာ့ ႏြယ္ပင္ဝိညာဥ္ဝင္ေရာက္ပူးကပ္ျခင္းခံေနရေသာ သီရိေမတစ္ေယာက္ ေခြခနဲလဲက်သြားေလေတာ့သည္။

ေနာက္တစ္ေန႔မနက္ ”သီရိျပည့္စုံ ေဂဟာ”တြင္ ကြယ္လြန္သူႏြယ္ပင္အား ရည္စူး၍သံဃာေတာ္မ်ားကိုဆြမ္းကပ္ကာ အလႉအတန္းျပဳလုပ္၍အမွ်ေဝေပးခဲ့ေလသည္။ လြတ္ရာကြၽတ္ရာကို စိတ္ေအးခ်မ္းစြာသြားပါေတာ့ႏြယ္ပင္ေရ။ ထူးဆန္းသည္မွာကား ႏြယ္ပင္ဝိညာဥ္ကိုရည္စူးၿပီး အမွ်အတန္းေပးေဝေပးခဲ့သည့္ ညမွာပဲ ႏြယ္ပင္ဝိညာဥ္ဝင္ေရာက္ခိုတြယ္ခဲ့ေသာ မွန္ခ်ပ္မွာလည္း သူ႔အလိုလိုအစိပ္စိပ္အမႊာမႊာကြဲေၾကသြားခဲ့သည္ကို ေတြ႕ၾကရေလသည္။ ႏြယ္ပင္တစ္ေယာက္ ရင္ထဲကအမုန္းတရားေတြကိုသင္ပုန္းေျခကာ ေအခ်မ္းရာဘုံဘဝကိုထြက္ခြာသြားခဲ့ေလၿပီထင္ပါသည္။

စာဖတ္သူတစ္ဦးခ်င္းဆီကိုအထူးေက်းဇူးတင္လ်က္

အမ္ႏိုင္း (oasis)