”ကျွန်းရွာထိပ်ကတယောသံရှင်”(စ/ဆုံး)

Unicode Version

”ကျွန်းရွာထိပ်ကတယောသံရှင်”(စ/ဆုံး)
——————————————–
”ဝုတ်အူ….ဝုတ်”
”ဟော… ကျော်စွာရေ ငါတို့ရွာထိပ်မှာ ဟိုမိန်းကလေး
ရောက်နေပြန်ပြီး ထင်တယ်ကွ ခွေးတွေ အူလာပြီ”
”အေးကွာ ဒီမိန်းကလေး မလာသာတောင် ကြာနေပြီ မဟုတ်လား”
”ဟုတ်တယ်ကွ ဒါပေမဲ့ သူလာတာ အချိန်မှန်တယ်ကွ”
”ဟာ မင်းဟာကလည်းကွာ မလာသာတောင် ကြာနေပြီဟာ
ဘယ်ကနေ သူလာတာ အချိန်မှန်ရမှာတုန်း”
”ဟာ မှန်တာပေါ့ကွ ဟိုအရင် ၃လလောက်က မင်းမှ ဒီရွာကို
မရောက်သေးတာ သူလာတာက လပြည့်ကျော်မှ လာတာ
ပြီးတော့ လကွယ်ညရောက်သွားရင် သူထိုးနေကြ တယောသံ
လေးက အတော်လေးကို သနားဖို့ကောင်းတာ ”
”ဟာ ဟုတ်လား ဒါဆို သူက လူလား တစ္ဆေလား”
”ဒါတော့ ငါလည်းမသိဘူး အိန်း..မှတ်မှတ်ရရ ဆိုသလို
သူဒီရွာထိပ် တံတားပေါ်လာပြီး တယော မထိုးခင်က
ဒီတံတားနားက ပခူးအမြန်ကားလမ်းမကြီးပေါ်မှာ
ကားaccidentတစ်ခု ဖြစ်သေးတယ်ကွ လူတွေ သေတာတော့
ရှိတယ်လို့ ပြောသံကြားတာဘဲ”
”ဟင် ဒါဆို ဒီမိန်းကလေးက လူမဖြစ်နိုင်ဘူးလို့ မင်းပြောချင်
တာလား စောထူး”
”အင်း ငါတော့ ဒီလိုဘဲ ထင်တယ် ကွာ….”
”သြော်… ”
ဒီအချိန်မှာပင် တယောသံ နွဲ့နွဲ့လေးဟာ ပြန့်လွင့်လို့
လာခဲ့ပါပြီ။
”ဟာ…တံယောသံ ကြားရပြီ”
”ဟုတ်ပါ့ကွာ…”
”ဟိတ်ကောင် စောထူး ငါတို့ ရွာထိပ်ကို သွားကြည့်ကြရအောင်
ကွာ..”
”ဟာ မင်းကလည်း မကြည့်ရဲပါဘူးကွာ တော်ကြာ လူမဟုတ်ဘဲ
တစ္ဆေ၊ သရဲ ဖြစ်နေပြီး ဂုတ်လာချိုးမှ အလကားနေရင်း
သေနေအုံးမယ် ”
”ဟာကွာ မင်းကလည်း ဟို ငါစိတ်ဝင်စားလို့ပါကွ
အဖော်လိုက်ခဲ့စမ်းပါကွာ”
”ဟ့ကောင်ရ မင့်ကဘာကို စိတ်ဝင်စားတာလဲ ဘာလဲ
တယောထိုးနေသူက မိန်းကလေးဆိုလို့လား”
”မဟုတ်ပါဘူးကွာ… ဘာဖြစ်လို့လဲတော့ မသိဘူး
ငါစိတ်တွေက တယောသံရှိတဲ့နေရာကိုဘဲ သွားချင်
နေတယ်ကွာ ”
”မသွားချင်ပါနဲ့ ကျော်စွာရာ တော်ကြာ တစ်ခုခု ဖြစ်နေပါအုံးမယ်”
”ဟာ..ဖြစ်ရင်လဲ ဖြစ်ဖြစ်ကွာ ငါကတော့ သွားမှာဘဲ”.
”ကျော်စွာ ငါလည်းမင်းလို အရင်က သူ့ကို သွားကြည့်ချင်မိဖူး
တယ် ဒါပေမဲ့ အိမ်က ခွင့်မပြုခဲ့ဘူးကွ ပြီးတော့ ဒီတယောသံ
ရှင်ကို သွားကြည့်ရင် းလကွယ်ည တစ်ညမှာ ကလေးတစ်ယောက်
ဆုံးပါးသွားခဲ့ဖူးတယ် ”
”ဘာ..ကလေးတစ်ယောက် ဆုံးပါးသွားခဲ့ဖူးတယ် ဟုတ်လား ”
”ဟုတ်တယ် ကျော်စွာ လွန်ခဲ့တဲ့ ၂လလောက်ကဘဲ ဆိုပါတော့
ငါလည်း ဒီကလေး ဆုံးသံကြားလို့ ရွာထဲက လူအချို့ကို
မေးကြည့်တာကွ ရွာထိပ်မှာနေတဲ့ ဦးမိုးကြီး ပြောတာကတော့
အဲဒိနေ့က ရွာထဲက ကလေးသုံးယောက်က ညပိုင်းကြီး ကစား
နေကြရင်း ညကလည်း လကွယ်ညဆိုတော့ ဒီရွာထိပ် က
တယောသံကို ကြားရော ဒီကလေး သုံးယောက်ထဲက
သေသွားတဲ့ ကလေးက သွားကြည့်ချင်ပြောလို့တဲ့ မိဘတွေ
မသိအောင် ခိုးထွက်လာကြပြီး တံတားဆီကို သွားကြတာတဲ့ကွ ..”
”ပြီးတော့ကော”
”လာမယ်လေ….ဒီလို့ကွ ကလေးတွေ တံတားဆီကို ရောက်တော့
ရွာထဲက ခွေးတွေက အကုန်လုံး အူလိုက်ကြတာကွာ တော်သလင်း
လ မဟုတ် ဘာမဟုတ်နဲ့ ဒီလို အူကြတော့ ရွာထဲကလူတွေ
အကုန်လုံးလန့် ကုန်ကြတာပေါ့ ဒီလိုနဲ့ ခွေးအူသံတွေလဲ
တိတ်သွားကော တိတ်မကြာဘူးကွ ရွာထိပ် တယောသံလည်း
မကြားရတော့သလို အရာရာ အားလုံးလဲ တိတ်ဆိတ်သွားတယ်
ဒီအချိန်မှာဘဲ အစောက ကလေးသုံးရဲ့ ကြောက်လန့်တကြား
အော် ငိုသံကို ကြားရတော့တာဘဲ ဒီလိုနဲ့ ရွာထဲက ကလေးရှင်
တွေလဲ စိတ်ပူပြီး ရွာထိပ်ကို လိုက်သွားကြတော့မှ အဲဒီမှာ
ကလေးသုံးယောက်ထဲက တစ်ယောက်က အသက်မရှိတော့ဘဲ
ကြောက်လန့်ပြီး သေနေတာကို တွေ့ရတယ် ပြီးတော့ ကျန်ခဲ့တဲ့
ကလေး၂ကလည်း ချက်ချင်းကို ဆေးရုံပို့လိုက်ရတယ်လေ
ဆရာဝန်ကတော့ ရောဂါမရှိဘူး ဆိုပြီး အားဆေးလေးတွေဘဲ
ထိုးပေးပြီး ပြန်လွှတ်လိုက်တယ်တဲ့”
”သြော်… မင်းပြောမှ ငါတောင်ကြောက်လာပြီ စောထူးရာ”
”အေး ဟုတ်တယ် ကျော်စွာ ငါလည်း မင်းကို ဒါကြောင့် မသွားစေချင်တာ
အခုဆို ငါတို့ရွာက လူတွေ ညပိုင်းတယောသံ ကြားပြီဆိုတာနဲ့
ရွာအပြင်ကို ဘယ်သူမှ မသွားရဲကြတော့ဘူး ”
”ဒါနဲ့နေပါအုံး ဒီသေဆုံးသွားတဲ့ ကလေးတစ်ယောက်ကို
ဘာကြော့င် ဒီတယောသံ ပိုင်ရှင် သတ်တယ်ပြောရတာလဲ”
,,”ဒါက ဒီလိုကွ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းမှာ
ကြီးမားတဲ့ လက်ဝါးအရာ နှစ်ခု တွေ့ရတယ် ပြီးတော့ အသက်
မသေဘဲ ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်က ပြောပြတာကတော့
အဲဒိတယောသံရှင်ဟာ တယောထိုးနေသုံးကတော့ သာမာန်
လူတစ်ယောက်ပဲတဲ့ ဒီလိုနဲ့ ကလေးတွေက သူ့ကိုချောင်းကြည့်
နေတာလဲ သိသွားကော ကလေးတွေကို လှည့်ကြည့်လိုက်အခါ
မှာ ဒီတယောသံပိုင်ရှင်ရဲ့ မျက်လုံးတွေက အမှောင်ထဲကနေ
ဓာတ်မီးနဲ့ မထိုးဘဲ အနီရောင်တွေ ပြောင်းသွားတယ်တဲ့
နောက်ပြီး တယောကို ဆက်မထိုးတော့ဘဲ ကလေးတွေဆီကို
လာနေတာကို တွေ့လို့ ရုတ်တရက် ဓာတ်မီးနဲ့ မျက်နှာတည့်တည့်
ထိုးလိုက်တာ ထူးဆန်းစွာနဲ့ ဒီတယောသံရှင်က အဆမတန်
ကြီးလာပြီး ကလေးတွေဆီကို ဇွတ်အတင်း ပြေးလာလို့
ကလေးတွေလဲ ထွက်ပြေးကြရင်း နောက်ဆုံးမှာတော့ သေသွားတဲ့
ကလေးကို အဲဒိ မိစ္ဆာမကြီးက ပွေ့ယူသွားတယ်တဲ့ ဒါနဲ့ ကလေး
တွေလည်း ကြောက်လန့်ပြီး အော်ငိုကြရင်း နဲ့ ဘဲ ကလေး
တစ်ယောက်ရဲ့ အသက်လည်း ဆုံးပါသွားခဲ့ရတယ်..”
”သြော်…ဒါဆို သူက လူမဟုတ်တာတော့ သေချာပြီပေါ့”
”အင်း အခုတော့ ဒီလိုဘဲထင်နေကြတယ်”
”ဒါနဲ့ ရွာထဲက လူတွေက ဘာမှပြန်မလုပ်ကြတော့ဘူးလား”
” အေးကွာ လုပ်တော့လုပ်သေးတယ် ဒါပေမဲ့ မနိုင်ကြဘူးကွ
ပြီးတော့ သူက ဒီအတိုင်းကြည့်မိရင်တော့ အပျိုအရွယ်
မိန်းကလေး တစ်ယောက်ပဲတဲ့ ဒါပေမဲ့ ဟိုသလောက မင့်လည်း
ကြားရင် ကြားမှာပေါ့ ပယောဂဆရာ တစ်ယောက် လာလုပ်ကြည့်
သေးတယ် သူလည်း မနိုင်ဘဲ ပြန်ပြေးသွားရရှာတယ် အခုတော့
ဒီအတိုင်းပဲ လွှတ်ထားလိုက်ရတယ် သူကလဲ ရွာထဲကို မဝင်သလို
ငါတို့ကလည်း ရွာအပြင် မထွက်တော့ဘူး ”
”အိန်း!!ကောင်းကွာ ကိုယ်ပိုင် မြေ ကိုယ်ပိုင် တံတားကနေ
သူအပိုင်ဖြစ်သွားတာတော့ တိတ်တော့ သဘာဝမကျလှဘူးကွ…”
”အေးပေါ့ကွာ..ဘာလဲ အခု ငါပြောတာတွေ ကြားရလို့
မင်းလည်း ကြောက်ပြီး မသွားရဲတော့ဘူး မဟုတ်လား”
”ဟားဟားဟား ရိုးပါ့ရောကွာ…အခုလို မင်းရှင်းပြမှ
သွားချင်စိတ်က ပိုပြင်းပြလာတယ် စောထူးရေ့…”
”ဟိုက်စ်!!”
အချိန်က ည ၁၁နာရီကျော်သွားပြီ တယောသံလေးကတော့
ကြားရစမြဲပါဘဲ။ ဒီတယောသံလေးကို ကြားမိတိုင်း
တယောသံပိုင်ရှင်ကို တွေ့ချင်သူက ကျော်စွာဖြစ်သည်။
တယောသံလေးက သာယာသလောက် တယောသံ ရှင်ဟာ
ကြောက်ဖို့ ကောင်းနေချင်းက သဘာဝမကျလှချေ။ ထို့ကြောင့်
ကျော်စွာဟာ တယောသံပိုင်ရှင်ကို တွေ့ချင်နေရှာသည်။
”ဝုတ်အူ…ဝုတ်ဝုတ်. ….”
ရုတ်တရက် ခွေးအူသံများက တယောသံနွဲ့နွဲ့လေးကို လွှမ်းခြုံ
ပြစ်လိုက်သည်။ အရာအားလုံးလည်း တိတ်ဆိတ်သွားသည်။
”စောထူး စောထူး”.
”ဟာ ကျော်စွာ မင်းမအိပ်သေးဘူးလား ကွာ ဒီမှာ ငါအိပ်ကောင်း
နေပြီကွ”
”ဟိတ်ကောင် ထပါအုံးကွ ပြီးမှပြန်အိပ် ”
”ဘာလဲကွာ…ကဲပြောပြော”
”ဟို တယောသံ ပြောက်သွားပြီကွ ပြီးတော့ ခွေးတွေကလည်း
အရမ်းအူဘဲကွ ”
,,”ဟာ…!!ဒါဆို တစ်ခုတစ်ခုများ ဖြစ်အုံးမလား မသိဘူး”
”ဟေ!!”
”ဟုတ်တယ်ကွ အရင်ကဆို သူထွက်သွားရင် ခွေးအူသံတွေ
မကြားရပါဘူး အခု ခွေးတွေ ပြန်အုူနေပြီ ဆိုတော့ မဟုတ်မှ
လွဲရော တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်နော်,,”
”ကဲ စောထူး ဓာတ်မီးယူကွာ ငါတို့ သွားကြည့်ရအောင်”
”အာ!!”
”ကဲလာ သွားမယ် ထ”
”အေးကွာ မထူးတော့ဘူး ဂုတ်ချိုးလို့ သေရင်လည်း
သေပါစေတော့ သွားမယ်”
ဒီလိုနဲ့ စောထူးနဲ့ ကျော်စွာတို့နှစ်ယောက် ရွာထိပ်တံတားဆီက
တယောသံရှင်ဆီကို ရောက်လာခဲ့ကြပါပြီ။
”ဟေ့ စောထူး တယောသံရှင်က ဘယ်နားမှာ နေတာလဲကွ
အစအနတောင် မတွေ့ရသေးဘူးနော်… ”
”အေးကွ အရင်ကတော့ ဟိုးက တံတား ပေါ်မှာလို့ ပြောသံကြား
တယ် အခုတော့…”
”ဟာ စောထူး ဓာတ်မီးပိတ်”
”သြော်အေး..တ..တတယောသံ ထွက်လာပြီကွ”
”ဟိုးမှာ တွေ့ပြီ..”
”အေး အေး ဟုတ်..ဟုတ်တယ်ကွ ”
ညအချိန်ခါ အမှောင်အရိပ်ဆီမှ အဖြူရောင် ဝတ်စုံလေးနှင့်
ဆံပင်ရှည်ရှည် ကိုယ်ခန္ဓာအချိုးအစား ညီမျှသလို
အသက်အရွယ်မှာလည်း ၂၀ ပတ်ဝန်းကျင်မို့ အလှမျိုးစုံသည့်
အရွယ်ဖြစ်၍ ပိုပြီးကြည့်လို့ ကောင်းတာ ထင်သည်။ အမှောင်အရိပ်
ထဲမှပင် ကြယ်လေးတွေ၏ အလင်းရောင် ကြောင့်ပဲလား
သူမရဲ့ ကိုယ်ခန္ဓာကပဲ အလင်းရောင် လွှတ်နေသောကြောင့်
မြင်ရတာလား ဆိုတာကို မသိတော့ပေ
ဒီလိုနဲ့ အချိန်အတော်အကြာ ငေးကြည့်နေရာမှ ။
”အယ်မယ်လေးဗျ ”
စောထူး၏ ကြောက်လန့် တကြား အော်သံကြောင့်
တယောသံပင် ရပ်သွားသည်။
”ဟိတ်ကောင် စောထူး ဘာလို့ အော်လိုက်တာလဲကွ ”
”ငါ့အောက်မှာ ငါ့အောက်မှာမြွေကြီးလား မသိဘူး
ပျော့စိစိကြီးဟ လုပ်အုံး ”
”နေအုံး နေအုံး ငြိမ်ငြိမ်နေ နော်…ငါဓာတ်မီးနဲ့ထိုးကြည့်အုံးမယ်”
”ဟာ…”
”ဘာ ဘာဖြစ်တာလဲ ဘာ လဲ ငါအောက်က ဘာကောင်လဲ ”
”မြွေပွေး ..”
”ဟိုက်!! သေပါပြီကွာ.. ”
”မင်းမသေနိုင်ပါဘူး… ဟဲဟဲ”
”အရေးထဲ ရီနေ.. ဒါနဲ့ ငါ ကော ကြည့်လို့ရမလား ”
”ကြည့်ပေ့ါကွ မြွေက အသေကြီးဟာ..”
”ဟင်း !!”
ကျော်စွာနှင့်စောထူးတို့ နှစ်ယောက်လဲ တယောသံရှင်ဆီကို
စိတ်မရောက်တော့ပေ ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
ရီနေကြသည်။ ထိုအချိန်မှာပင် ကျော်စွာ၏ နောက်မှာ
လူတစ်ယောက် ရောက်နေသလို ကျော်စွာခံစားရသည်။
”ဟိတ်ကောင် စောထူး ငါ့ နောက်ကျောဘက်ကို တစ်ချက်
ကြည့်ပေးစမ်း လူတစ်ယောက် ရောက်နေသလိုဘဲ… ”
”အေး နေအုံး ဘာမှမရှိပါဘူးကွ ”
”ဒါနဲ့ တယောသံ…”
”ဟေ!!,,”
အခုမှ တယောသံ မကြားရတော့သည်ကို သတိပြုမိကြသည်။
”အား!!ဟာ”
”ဘာဖြစ်တာလဲ စောထူး”
”ငါ့ဂုတ်ပေါ်မှာ လက် လက်ကြီး လာတင်နေတယ် အေးစက်စက်ကြီးနဲ့
ကွာ ”
”ဘာကွ လက်ကြီး ဟုတ်လား ”
”ဟုတ်တယ်…နောက်မှာ လူရှိလား ကြည့်ပါအုံးကွာ ”
ဒီလိုနဲ့ ကျော်စွာတစ်ယောက် ဘေးပတ်ဝန်းကျင်ကို
လိုက်ကြည့်မိသည်။
”ဘာမှတော့ မရှိဘူးကွ ”
”သေချာကြည့်ပါအုံးကွာ ”
”သြော် တကယ်ကို ဟာ….”
”ဘာလဲ ဟိတ်ကောင် လူကိုမြင် လား”
”အေး မြင် မြင်တယ်”
ကျော်စွာဟာ စောထူး၏ နောက်ကျောဘက် တည့်တည့်ကို
သေချာ ဓာတ်မီးနဲ့ ထိုးကြည့်မိတော့မှ စပြီး မြင်ရတာက
ကျွန်းသားရောင် တယောတစ်လက်ကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို မြင်ရသည်။
ထို့နောက် ဓာတ်မီးရောင်ကို အပေါ် ကိုနည်းနည်း ချင်း တိုး၍
ထိုးကြည့်မိသည်။ ကျော့ရှင်းသည့် ကိုယ်ခန္ဓာပေါ်က
အဖြူရောင် အဝတ်စများ ပေါ်တွင် အနီရောင်
သွေးစက်ကလေးများက ပေါ်လွင်လှသည်။
ကျန်တဲ့လက်တစ်ဖက် မှာတော့ စောထူး၏ ပခုံးတစ်ဖက်ကို
ဆုပ်ကိုင်ထားပြန်သည်။ ဒီကနေ ကျော်စွာရဲ့ လက်ထဲက
ဓာတ်မီး၏ အလင်းရောင်ဟာ သူမ၏ မျက်နှာဆီသို့
ရောက်သွား၍ ကြည့်လိုက်သောအခါ
”အမယ်လေး သရဲမကြီးဗျ”
”ဘာ..ကျော်စွာ သရဲမကြီး ဟုတ်လား ”
”ဟုတ်..ဟုတ်တယ် မျက်နှာတစ်ခြမ်း မရှိတော့ဘူးဟ”
”အမယ်လေးဗျ အမေရေ့ ဟိတ်ကောင် ငါ့ဂုတ်ကို အတင်းဖြစ်နေတယ်
ငါကတော့ သေရတော့မယ် ထင်တယ် ငါ့ကို ကယ်ပါအုံးကွာ..”
”ငါကဘာလုပ်ရမှာလဲ စောထူး မင်းငါ့ကိုပြောပြ ငါဘာကို စ.လုပ်ရ
မှန်းမသိတော့ဘူး”
ကျော်စွာဟာ အသားများ တစ်ဆက်ဆက်တုန်လာပြီး
ဘာကို ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေသည်။ တယောသံရှင်
သရဲမကတော့ ကျော်စွာ့ကို စိုက်ကြည့်နေ၏။ ကျော်စွာကတော့
သရဲမကို ကြည့်လိုက် သူငယ်ချင်းဖြစ်သူ စောထူးကို ကြည့်လိုက်နှင့်
ရောင်ချာချာ ဖြစ်နေသည်။
”ကျော်စွာ…”
”ဟင်..စောထူး ”
” ငါပြောမယ် မင်းသေသေချာချာ နားထောင်နော်
မင်း ရွာထဲက ဦးကြီးဝေတို့ အိမ်ကို ရောက်အောင်သွားပါ
ပြီးရင် ရွာထဲက လူအချို့ကိုပါ ခေါ်ပြီး ငါ့ဆီကို ပြန်လာပါ
အကယ်၍ ငါသေသွားခဲ့ရင် ငါ့အလောင်းကို ယူပြီး မီးသဂြိုလ်
လိုက်ပါ တစ်ခုတော့ရှိတယ် ဒီသရဲမ မကျွတ်မချင်း ငါ့ကို
အမျှမဝေ ပါနဲ့ မင်းသွားတော့ ကျော်စွာ ငါမှာတာ မမေ့နဲ့နော်
မင်းလွတ်အောင်ပြေးပါ ”
”စောထူး!! ဟိတ်ကောင် ငါ..ငါမသွားဘူးကွာ မင်း …မင်းပါလိုက်ခဲ့
မင်းမပါရင် ငါဘယ်ကိုမှမသွားဘူး လိုက်ခဲ့ကွာ ”
”ကျော်စွာ အခု ငါပခုံးကို ကိုင်ထားတာ လူမဟုတ်ဘူးနော်
အခု ငါလှုပ်လို့ မရတော့ဘူး မင်းမြန်မြန်သွားပြီး ည ၁၂နာရီ
မထိုးခင် ပြန်လာခဲ့ပါ မြန်မြန်သွား ”
ကျော်စွာဟာ နာရီကို ငုံ့ကြည့်မိသည်။ ၁၁နာရီ ၄၀ မိနစ် ။
”ကောင်းပြီ စောထူး ငါ၁၂နာရီ မထိုးခင် ပြန်လာမယ် ငါသွားပြီ
စောထူး မင်း ဘုရားတရားသံဃာကို မမေ့နဲ့နော် ”
ကျော်စွာ၏ စကားပြောသံကို နားထောင်ပြီး ခေါင်းငြိမ့်ပြသည်။
ထို့နောက် ကျော်စွာဟာ ဓာတ်မီးကို ကိုင်ကာ ဇွတ်အတင်းပြေးသည်။
ကျော်စွာ ရွာထဲကို ဝင်ဝင်ချင်းဘဲ ။
”အား!!!!”
”ဟာ စော စောထူး ”
ကျော်စွာဟာ ရွာတံတားဆီမှ စောထူး၏ ကြောက်လန့်တစ်ကြား
အော်လိုက်တဲ့ အသံကြောင့် ပြေးနေတဲ့ ခြေလှမ်းကျဲကြီးများက
ရပ်တန့်သွားပြီး ကြောင်ကြောင်ကြီး ဖြစ်နေသည်။
ထို့နောက် သတိပြန်ဝင်လာပြီး စောထူးမှာသည့်အတိုင်း
ဦးကြီးဝေ၏ အိမ်ကို ဆက်ပြေးသည်။ ထူးဆန်းသည့်
တိုက်ဆိုင်မှု့မှာ ဦးကြီးဝေတို့ အိမ်မှာ ဖယောင်းတိုင်
မီးများ တစ်အိမ်လုံး ထိန်ထိန်လင်းနေအောင် ထွန်းထားချင်းပင်
ထို့နောက် ကျော်စွာဟာ အိမ်ခြံဝန်းထဲကို ရောက်သွားပြီး
ဦးကြီးဝေကို လှန်းခေါ်လိုက်သည်။
”ဦးကြီးဝေ ဦးကြီးဝေ ”
”အိမ်း!!…ရောက်လာပြီကိုး..”
”ဗျာ…ဒီကအဘ ကျွန်တော့်ကို သိလို့လားဗျာ”
”ကဲရော့ နောက်မှမေး ရေကို အရင်သောက်လိုက်အုံး ရော့ရော့”
ကျော်စွာဟာ ရေကို မော့သောက်လိုက်ပြီး ဦးကြီးဝေ၏
အိမ်အောက်မှ သူ့ကို ခရီးဦးကြို ပြုနေသည့် အသက်၅၀အရွယ်
လောက်ရှိပြီး ယေါဂီအရောင် ဝတ်စုံကို ဝတ်ဆင်ကာ လက်ထဲမှာ
လည်း ပုတီးနှင့် အရန်သင့် သောက်ရန် ရေကိုပင် ခပ်ထားခြင်း
ကြောင့် အံ့သြမိသည်။
”အဘ ဒီအိမ်က ဦးကြီးဝေ ရှိသလားဗျာ ”
”ရှိပါတယ် မောင်ရင်ရယ်… ကဲ..ညွှန့်ဝေရေ ဒီမှာ ရောက်လာပြီဟေ့”
ကျော်စွာနဲ့ စကားပြောကပင် အိမ်ပေါ်သို့ လှမ်းကြည့်ရင်း
ဦးကြီးဝေကို အသိပေးလိုက်သည်။ တကယ်တော့ ဦးကြီးဝေ တင်
မဟုတ် ရွာထဲမှ လူအချို့လည်း ရောက်နေကြသည်။
”ဟာ.. လူတွေစုံနေပါ့လားဗျာ ကျွန်တော့် သူငယ်ချင်း စောထူးကို
ကယ်ကြအုံးဗျာ သူ..”
ကျော်စွာစကားပြောနေရင်း ယောဂီဝတ်စုံ နှင့် အဘမှ လက်ကာပြ
သဖြင့် စကားပြောတာကို ရပ်လိုက်ရသည်။
ထို့နောက် ဦးကြီးဝေ ဆင်းလာပြီး
”ကောင်လေး ကျော်စွာ မင်းသူငယ်ချင်း အတွက် ဘာမှ
စိတ်မပူနဲ့ နော် အခု ဒီအဘကြီးက ပယောဂဆရာကြီး ဆရာမြဲတဲ့
ဟိုသလောက ဒီတယောသံပိုင်ရှင် နဲ့ ပညာချင်း ယှဉ်ပြိုင်ရာ
ကနေ မနိုင်လို့ ပြန်ပြေးသွားရတဲ့ ဆရာလေးတွေရဲ့ ဂိုဏ်းချုပ်
ဆရာကြီးပေါ့ ဆရာကြီးက မင်းလာမှာကို ကြိုသိနေလို့
ဒီကနေ လူစုပြီး စောင့်နေတာ ”
”ဟုတ်တယ် မောင်ရင် ခဏနေရင် မင်းသူငယ်ချင်းလဲ
လိုက်လာလိမ့်မယ် ဟော.. ပြောရင်း ဆိုရင်း ဟိုမှာ..”
”ဟင်!!”
ကျော်စွာဟာ ဆရာမြဲ ညွှန်ပြသည့် အိမ်ခြံဝန်းအဝက လမ်းမကြီးဆီကို
ကြည့်လိုက်တော့ အိမ်ခြံဝန်းထဲကို ထူးဆန်းစွာ ဝင်လာတဲ့
စောထူးကို တွေ့ရသည်။ ထို့နောက် ကျော်စွာဟာ လက်မှနာရီကို
ပြန်ကြည့်လိုက်တော့ ၁၂နာရီထိုးဖို့ ၅မိနစ်သာ လိုတော့သည်။
”စောထူး”
ကျော်စွာဟာ စောထူးဆီကို ပြေးဖက်မဲ့ အလုပ်မှာ
ဆရာမြဲက ဆွဲထားလိုက်သည်။
”လွှတ်ပါဗျာ ဟိုမှာ စောထူးပြန်လာပြီလေ လွှတ်ပေးပါဗျာ”
”စိတ်အေးအေးထားပါ မောင်ရင် အခုလာနေတဲ့သူက စောထူး
မဟုတ်သေးဘူး သူက တယောသံရှင်ပါ”
”ဗျာ… ”
”ဟုတ်တယ်… ကဲညွှန့်ဝေရေ သွားခြံဝန်း တံခါး သွားပိတ်လိုက်တော့”
ဆရာမြဲရဲ့ စကားပြီးတာနဲ့ ဦးကြီးဝေဟာ ခြံဝန်တံခါးမကြီးကို
ပိတ်လိုက်သည်။
”မောင်ရင် ”
”ဗျာ ”
”မောင်ရင်တို့ ဟိုရွာထိပ် တံတားကိုရောက်တော့ ဒီတယောသံ
ပိုင်ရှင်မကို အနီးကပ်ပြီး ဘယ်သူကြည့်ခဲ့တာလဲ”
”ဟုတ်ကဲ့ ကျွန်ကြည့်ခဲ့တာပါ”
”ကောင်းပြီ ဒါဆိုရင် သူမျက်နှာကို အခု မြင်ရမယ် ဆိုရင်
မောင်ရင် ကြောက်မှာလား”
”ဒီလောက်လူတွေ များနေတာ ကျွန်တော် မကြောက်တော့ပါဘူး
စောထူးကိုတာ ကယ်ပေးပါ ဆရာကြီး”
”ကယ်ပေးရမှာပေါ့ကွယ် ရော့ လက်ဖွဲှ့အဆောင်ကို ကိုင်ထားပြီ
အခုရပ်နေတဲ့ စောထူးကို ကြည့်လိုက်”.
ကျော်စွာ အံ့သြမှု့တွေနဲ့အတူ ဆရာမြဲပေးတဲ့ အဆောင်ပစ္စည်း
တစ်ခုကိုယူကိုင်လိုက်ပြီး ကြည့်လိုက်တော့အခါ
အဖြူ ဝတ်စုံလေးနှင့် သန့်ရှင်းလှပတဲ့ ပြီး ကျွန်းသားရောင်
တယောလေးကို ကိုင်ကာ စောထူး၏ ရှေ့တည့်တည့်မှာ
ကျော်စွာ့ကို ရပ်ကြည့်နေရှာသည်။
”ဟင် ကျွန်တော့်ကို ပြန်ကြည့်နေတယ် ဆရာကြီး ”
”အိမ်း ဟုတ်ပါတယ်ကွယ် သူက မင်းကိုပဲ ကြည့်နေတာပါ
အမှန်တော့ ဒီမိန်းကလေးဟာ တစ္ဆေမဟုတ်သလို
သရဲလည်း မဟုတ်သေးဘူး သူဟာ ဥစ္စာတစ်ခုကို အစွဲပြုပြီး
မကျွတ်နိုင်တဲ့ သူတစ်ယောက်ပါဘဲ ကဲ သူ့ကိုမီးရောင်ထဲ ခေါ်ကြစို့ ”
အိမ်အပေါ်ထပ် ခေါ်ရန် ဦးကြီးဝေက ပြင်နေသည်။ သို့သော် ..
ဆရာမြဲက ”ညွှန့်ဝေ သူ့ကို အိမ်ပေါ်ကို ခေါ်လို့မရဘူး အိမ်ပေါ်က
ထိုင်စရာ အခင်းနဲ့ ဖယောင်းတိုင်း သုံးတိုင် ဒီကို ယူခဲ့ပါ
ဒီတလင်းပြင် ကျယ်မှာပဲ လုပ်ကြတာပေါ့”
”ကောင်းပါပြီ ဆရာမြဲ ကဲ..တာဝနှင့် မောင်ကျည်းညိုတို့
လာကူကြပါအုံးကွယ်”
ဒီလိုနဲ့ တလင်းပြင်ကျယ်မှာပင် ရွာသူ ရွာသားများနှင့် ဝိုင်းဖွဲှ့ကာ
စည်ကားနေပြီး လူအများ၏ အလယ်တွင် ငှက်ပျောပွဲတစ်ပွဲနှင့်
ဖယောင်းသုံးတိုင်ကို ထွန်းညှိကာ စစ်မေးနေသည်။ အချိန်က
၁၂ထိုးပြီမို့ ဆရာမြဲမှ ။ ”ကဲ ၁၂နာရီထိုးပြီ ဆိုတော့ အခုပူးကပ်နေတဲ့
လူဆီက ခွာပြီး သင့်လျော်ရာ ကိုယ်ခန္ဓာမှာ ပူးကပ်ပေတော့
တယောသံအရှင် ဥစ္စာသခင်မရေ”
ဆရာမြဲ၏ စကားသံအဆုံးတွင် စောထူး၏ ကိုယ်ခန္ဓာဟာ
ရပ်နေရာမှ မြေပြင်ပေါ်သို့ ပုံလဲကျသွားသည်။
”ဟာ စောထူး မေ့လဲကျသွားပြီဟေ့ ”
ကျော်စွာလည်း စောထူးကို ဝင်ပွေ့ရန် ပြင်လိုက်သည်နှင့်အပြိုင်
လာကြည့်ကြသော လူအုပ်ထဲမှ မိန်းကလေးတစ်ယောက်ဟာ
ရှေ့ကို အတင်းတို့ကာ ကျော်စွာ၏ လက်ကို ဆွဲထားလိုက်သည်။
ထိုအချိန်မှာပင် ဆရာမြဲက ”ဟိတ် နင်ဘယ်သူလဲ ”
”ကျွန်မ ရွာထိပ်က တယောသံရှင်ဘဲ ”
”မောင်ကျော်စွာ ကိုယ့်နေရာမှာပဲ ထိုင်နေလိုက်ပါ ”
”ဟုတ်ကဲ့ ”
စောထူးကိုတော့ ရွာသားအချို့က သတိရအောင် လုပ်ပေးသူများနှင့်
အိမ်အောက်သို့ မ,သယ်သွားကြသည်။
”ဒါနဲ့ နင့်နာမည် ဘယ်လိုခေါ် ”
”ကျွန်မနာမည်က မွန်မွန် ပါ ”
အပူးအကပ်ခံရသော မိန်းကလေး၏ ကိုယ်ခန္ဓာမှာ
အနည်းငယ် တုန်နေရှာသည်။
”နင်ဘာလိုချင်လို့လဲ ” ” ကျွန်မ တယောလိုချင်တယ် ”
”နင့်တယောက ဘယ်နားမှာလဲ ”
”ကျွန်းရွာထိပ် တံတားရဲ့ဘေးကဆူးခြုံထဲမှာရှိတယ် ”
”သြော်…ဒါနဲ့ ဆရာမေးမယ် နင်က ဘယ်ကနေရောက်လာတာလဲ”
”ကျွန်မက တောင်ကြီးမြို့ကပါ ကားaccident တစ်ခုကြောင့်
ကျွန်မ သေဆုံးခဲ့ရတယ် ”
”အခုကော ဘယ်ကို သွားမှာလဲ ”
”ကျွန်မ ပဲခူးကိုဘဲ ပြန်မှာပါ တယောလေး မပါသေးလို့”
”ကောင်းပြီလေ ငါတို့ နင့်တယောကို ပြန်ယူပေးမယ် ”
” ကျေးကျေးဇူးတင်ပါတယ် ”
”ဒါနဲ့ နင် ကျော်စွာ ကို ဘာလို့ ဆွဲထားတာလဲ”
”ကျွန်မ သူ့ကိုခင်လို့ ”
”ဟင်!!”
ရုတ်တရက် ကျော်စွာ၏ အသံကြောင့် လူတွေအားလုံးက
ပြုံးစိစိဖြစ်သွားကြသည်။
”နေအုံး နင်ဘာလို့ ဟိုသလောက ကလေးတစ်ယောက်ကို
သတ်လိုက်ရတာလဲ”
”ကျွန်မ မသတ်ပါဘူး”
”ဘာကွ…နင်မလိမ့်နဲ့နော်..”
”ကျွန်မ မလိမ့်ဝံ့ပါဘူး ဆရာကြီး ”
”ဒါဆို ဘယ်သူသတ်တာလဲ ”
”ကျွန်မကတော့ တစ်ယောက်တည်း ပြင်းနေလို့ စလိုက်တာ
ကျွန်မအစ လွန်သွားပါတယ် ပြီးတော့ ကလေးမှာ အသည်းငယ်
ပုံရတယ် ကျွန်မက ပြန်ချော့မလို့ ပြင်လိုက်တော့ သူအသက်
မရှိတော့ပါဘူး ဒီအတွက်လဲ ကျွန်မကို အထက်က အပြစ်ပေး
ကြတာ အခုမှ ဒီကို ပြန်ရောက်တာပါ ”
”ကောင်းပြီလေ ဖြစ်ပြီးသား ကိစ္စမို့ ဆရာခွင့်လွှတ်လိုက်မယ်”
”ကျေးဇူးတင်ပါတယ် ”
”ဒါနဲ့ ဟိုသလောက ဆရာရဲ့ တပည့်တစ်ယောက်ကို
ပညာပြလိုက်တယ် ဆိုတာ ဟုတ်လား”.
”ဟုတ်ပါတယ် ကျွန်မ စိတ်တိုသွားလို့ ပညာချင်းယှဉ်ပြီး
ခြောက်လှန့်ခဲ့ရတာပါ ”
”ဒါဆို ဆရာနဲ့ကော ပြိုင်မလား”
” ဟင့်အင် မပြိုင်ရဲပါဘူးရှင်”
ဆရာမြဲ၏ စိန်ခေါ်သံကြောင့် အတော်တုန်လှုပ်သွားပုံ ရသည်။
ဆရာမြဲကို ကြည့်ကာ လက်အုပ်များပင် ချီနေသည်။
”ကောင်းပြီ ငါတို့နင့် ရဲ့ တယောကို ပြန်ယူပေးမယ် ပြီးတော့
နင့်အတွက် ရည်စူးပြီး အလှူဒါန ပြုပေးရင်း အမျှဝေပေးပါ့မယ် ”
” ကျေးဇူးကြီးလှပါတယ် ရှင်, ကျွန်မတစ်ခု ပြောပါရစေ
ကျွန်မရဲ့တယောကို ပြန်ယူပေးပြီးရင် ” သူမဟာ စကားကို ဆက်မပြောတော့
ဘဲ ကျော်စွ့ာကို ကြည့်နေသည်။ ပြီးမှ ”ဒီက အစ်ကိုကိုဘဲ
ပေးလိုက်ပါ”
”ဝေါင်း…” လူအုပ်ထဲမှ အံ့သြနေကြသော အသံများနှင့်
သနားစရာကောင်းသော မြင်ကွင်းကို တစ်ခုကိုပါ မြင်ကြရသည်။
အဲဒါကတော့ သူမ၏
ပါးပြင် မျက်ရည်စ,တွေ စီးကျလာခြင်းပါဘဲ။
ကျော်စွာဟာ သူမကို ကြည့်ပြီး မျက်ရည်ဝိုင်းလာသလို
ပျော်ရွှင်ချင်း ဝမ်းနည်းချင်းတွေနဲ့ အတူ ဆုပ်ကိုင်ထားသော
လက်တစ်ဖက်ကို ယုယစွာ ပြန်ကိုင်လိုက်သည့် မြင်ကွင်းကို
မြင်ရသူ စိတ်ထိခိုက်ဖွယ် ကောင်းလှပေသည်။
”အိမ်း…ကဲကဲ ဒီကမိန်းကလေးလဲ ကောင်းရာဘုံဘဝသို့
ရောက်ပါစေကွယ်….ပြီးတော့ နောက်ထပ်လဲ ဘယ်သူ့ကိုမှ
မနှောင့်ယှက်နဲ့ ကြားလား ”
‘စိတ်ချပါ. .ကျွန်မဘယ်တော့မှ အနှောင့်အယှက်မပြုတော့ပါဘူး”
”သာဓု သာဓု သာဓု ကောင်းရာ ဘုံဘဝသို့ ရောက်ပါစေ..”
”ပေးတဲ့ဆုတဲ့ ပြည့်ရပါစေ ဆရာကြီး”
”ကဲ…ပြန်ပေအုံးကွယ်…”
”ဟုတ်ကဲ့”
”အစ်ကို..ညီမ သွားတော့မယ်နော်…”
”ကောင်းပါပြီ ညီမရယ် အစ်ကိုရဲ့ ဘဝမှာ ပထမဦးဆုံး
ဆက်ဆောင်နဲ့ အထူးဆန်းဆုံး ညီမကို အစ်ကို
ဒီတစ်သက် မေ့လိမ့်မယ် မထင်တော့ပါဘူးကွယ် …
ကောင်းရာ ဘဝသို့ ရောက်ပါစေ….”
ဒီလိုနဲ့ အပူးအကပ်ခံရတဲ့ မိန်းကလေးဟာလည်း
မေ့လဲသွားတော့သည်။ ထိုအချိန် မှာပင် ရွာထိပ် တံတားဆီမှ
တယောသ့နွဲ့နွဲ့လေးကလည်း တဖြည်းဖြည်းနဲ့ အဝေးသို့
ထွက်ခွာ သွားပါတော့သည်။
နှစ်တွေက ကြာခဲ့ပေပြီ သို့သော် လသာသည့် လပြည့် ညတိုင်း
တယောသံလေးကတော့ ကြားနေပြန်သည်။
အဖြူရောင် doctorဝတ်စုံလေးနှင့် ပဲခူးကားလမ်းမကြီးရဲ့ ဘေးက
ကျွန်းရွာ ထိပ် တံတားလေးပေါ်မှာ doctorကျော်စွာတစ်ယောက်
တည်း ညနေပိုင်း နေမဝင်ခင်အချိန်မှာ အနောက်အရပ်မှ နေမင်းကို
မျက်နှာမူပြီး ခါးလေးကို အနေတော် လူသွားလမ်း တံတား
ဘောင်လေးကို မှီကာ မျက်စိကို စုံမှိတ်ပြီး တယောထိုးနေသည် ။
ထိုအချိန်မှာပင် ”အစ်ကို……”
ရုတ်တရက် ခေါ်သံကြားရတာကြောင့် ဒေါက်တာကျော်စွာဟာ
မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ ၁၉အရွယ်ခန့် မိန်းကလေး
တစ်ယောက် လက်ထဲမှာလဲ နှင်းဆီပန်းပွင့်လေးကို ကိုင်ကာ
ပြုံးပြုံးကြီး စိုက်ကြည့်နေသည်။
”ဟာ ညီမလေး မွန်မွန် …”
ဒေါက်တာကျော်စွာဟာ မိန်းကလေးရှိရာသို့ ပြေးပြီး
ဖက်ထားလိုက်မိသည်။ ထိုအချိန်မှာပင်..
”ဟေးး…မပြေးနဲ့ ဟားဟားဟား.. ”
စောထူးနှင့် မိန်းကလေးရှင်၏ မိဘများ လိုက်လာကြသည်။
” စော..စောထူး… ”
”အင်း ပြောကြည့်လေ ကိုကိုဒေါက်တာ ကျော်စွာ..
ဒီမှာ ဒီဘက်က ဒီမိန်းကလေးရဲ့ မိဘတွေ ဘဲ တကယ်တော့
မင့်တို့ နှစ်ယောက်ဟာ တော်တော် ထူးဆန်းတဲ့ အတွဲဘဲ
အသက် အရွယ်ချင်း ကွာသွားကြပေမဲ့ စိတ်ချင်း ဆက်နွယ်နေကြလို့
ဒီဘက်က ဦးဦးနဲ့ ဒေါ်ဒေါ်ကလည်း သဘောတူကြပြီး မင်းရှိရာ
ဒီကျွန်းထိပ် တံတားလေးဆီကို လာရောက်တွေ့ဆုံးပေး ကြသတဲ့ဗျာ
ဒီတော့ မင်းဘာဆက်လုပ်မှာလဲ ကျော်စွာ…”
”ဒီတော့ အိမ်ကိုဘဲ ခေါ်သွားတော့မယ်လေ.. လိုက်ခဲ့ပေတော့
ညီမရေ….”
” ဟိုဒီဘက်က ဦးဦးနဲ့ ဒေ့ါ်ဒေါ့်ကိုလဲ အရမ်းကျေးဇူးတင်ပါတယ်ဗျာ”
”ရပါတယ်ကွယ် ရပါတယ် သမီးလေး ပျော်ရင် ပြီးတာပါဘဲ ”
”အစ်ကိုရဲ့အိမ်ကို ခေါ်သွားမယ်ဆို ခေါ်တော့လေ…”
”ဟိုက်စ်!! သေစမ်း ရှက်လိုက်တာ ကျော်စွာရာ သွားကြကွာ
သွားကြ မြန်မြန်”
”ကြည့်စမ်း လူပျိုကြီး ရှက်သွားပြီဟေ့ ”
”ဟာ ဒီကောင်..ကဲကွာ..ဟားဟားဟား….”

”နှစ်ဦးနှစ်ဖက် သစ္စာတာ
မပြတ်စေနဲ့ တစ်နေ့ကြရင်
ပြန်ဆုံတက်တယ်…….”

” စာဖတ်သူ အပေါင်း ရွှင်လန်း ချမ်းမြေ့ကြပါစေ

အောင်မြတ်ဝေ ( အညာမြေ )

Zawgyi Version

”ကြၽန္း႐ြာထိပ္ကတေယာသံရွင္”(စ/ဆုံး)
——————————————–
”ဝုတ္အူ….ဝုတ္”
”ေဟာ… ေက်ာ္စြာေရ ငါတို႔႐ြာထိပ္မွာ ဟိုမိန္းကေလး
ေရာက္ေနျပန္ၿပီး ထင္တယ္ကြ ေခြးေတြ အူလာၿပီ”
”ေအးကြာ ဒီမိန္းကေလး မလာသာေတာင္ ၾကာေနၿပီ မဟုတ္လား”
”ဟုတ္တယ္ကြ ဒါေပမဲ့ သူလာတာ အခ်ိန္မွန္တယ္ကြ”
”ဟာ မင္းဟာကလည္းကြာ မလာသာေတာင္ ၾကာေနၿပီဟာ
ဘယ္ကေန သူလာတာ အခ်ိန္မွန္ရမွာတုန္း”
”ဟာ မွန္တာေပါ့ကြ ဟိုအရင္ ၃လေလာက္က မင္းမွ ဒီ႐ြာကို
မေရာက္ေသးတာ သူလာတာက လျပည့္ေက်ာ္မွ လာတာ
ၿပီးေတာ့ လကြယ္ညေရာက္သြားရင္ သူထိုးေနၾက တေယာသံ
ေလးက အေတာ္ေလးကို သနားဖို႔ေကာင္းတာ ”
”ဟာ ဟုတ္လား ဒါဆို သူက လူလား တေစၦလား”
”ဒါေတာ့ ငါလည္းမသိဘူး အိန္း..မွတ္မွတ္ရရ ဆိုသလို
သူဒီ႐ြာထိပ္ တံတားေပၚလာၿပီး တေယာ မထိုးခင္က
ဒီတံတားနားက ပခူးအျမန္ကားလမ္းမႀကီးေပၚမွာ
ကားaccidentတစ္ခု ျဖစ္ေသးတယ္ကြ လူေတြ ေသတာေတာ့
ရွိတယ္လို႔ ေျပာသံၾကားတာဘဲ”
”ဟင္ ဒါဆို ဒီမိန္းကေလးက လူမျဖစ္ႏိုင္ဘူးလို႔ မင္းေျပာခ်င္
တာလား ေစာထူး”
”အင္း ငါေတာ့ ဒီလိုဘဲ ထင္တယ္ ကြာ….”
”ေၾသာ္… ”
ဒီအခ်ိန္မွာပင္ တေယာသံ ႏြဲ႕ႏြဲ႕ေလးဟာ ျပန႔္လြင့္လို႔
လာခဲ့ပါၿပီ။
”ဟာ…တံေယာသံ ၾကားရၿပီ”
”ဟုတ္ပါ့ကြာ…”
”ဟိတ္ေကာင္ ေစာထူး ငါတို႔ ႐ြာထိပ္ကို သြားၾကည့္ၾကရေအာင္
ကြာ..”
”ဟာ မင္းကလည္း မၾကည့္ရဲပါဘူးကြာ ေတာ္ၾကာ လူမဟုတ္ဘဲ
တေစၦ၊ သရဲ ျဖစ္ေနၿပီး ဂုတ္လာခ်ိဳးမွ အလကားေနရင္း
ေသေနအုံးမယ္ ”
”ဟာကြာ မင္းကလည္း ဟို ငါစိတ္ဝင္စားလို႔ပါကြ
အေဖာ္လိုက္ခဲ့စမ္းပါကြာ”
”ဟ့ေကာင္ရ မင့္ကဘာကို စိတ္ဝင္စားတာလဲ ဘာလဲ
တေယာထိုးေနသူက မိန္းကေလးဆိုလို႔လား”
”မဟုတ္ပါဘူးကြာ… ဘာျဖစ္လို႔လဲေတာ့ မသိဘူး
ငါစိတ္ေတြက တေယာသံရွိတဲ့ေနရာကိုဘဲ သြားခ်င္
ေနတယ္ကြာ ”
”မသြားခ်င္ပါနဲ႔ ေက်ာ္စြာရာ ေတာ္ၾကာ တစ္ခုခု ျဖစ္ေနပါအုံးမယ္”
”ဟာ..ျဖစ္ရင္လဲ ျဖစ္ျဖစ္ကြာ ငါကေတာ့ သြားမွာဘဲ”.
”ေက်ာ္စြာ ငါလည္းမင္းလို အရင္က သူ႔ကို သြားၾကည့္ခ်င္မိဖူး
တယ္ ဒါေပမဲ့ အိမ္က ခြင့္မျပဳခဲ့ဘူးကြ ၿပီးေတာ့ ဒီတေယာသံ
ရွင္ကို သြားၾကည့္ရင္ းလကြယ္ည တစ္ညမွာ ကေလးတစ္ေယာက္
ဆုံးပါးသြားခဲ့ဖူးတယ္ ”
”ဘာ..ကေလးတစ္ေယာက္ ဆုံးပါးသြားခဲ့ဖူးတယ္ ဟုတ္လား ”
”ဟုတ္တယ္ ေက်ာ္စြာ လြန္ခဲ့တဲ့ ၂လေလာက္ကဘဲ ဆိုပါေတာ့
ငါလည္း ဒီကေလး ဆုံးသံၾကားလို႔ ႐ြာထဲက လူအခ်ိဳ႕ကို
ေမးၾကည့္တာကြ ႐ြာထိပ္မွာေနတဲ့ ဦးမိုးႀကီး ေျပာတာကေတာ့
အဲဒိေန႔က ႐ြာထဲက ကေလးသုံးေယာက္က ညပိုင္းႀကီး ကစား
ေနၾကရင္း ညကလည္း လကြယ္ညဆိုေတာ့ ဒီ႐ြာထိပ္ က
တေယာသံကို ၾကားေရာ ဒီကေလး သုံးေယာက္ထဲက
ေသသြားတဲ့ ကေလးက သြားၾကည့္ခ်င္ေျပာလို႔တဲ့ မိဘေတြ
မသိေအာင္ ခိုးထြက္လာၾကၿပီး တံတားဆီကို သြားၾကတာတဲ့ကြ ..”
”ၿပီးေတာ့ေကာ”
”လာမယ္ေလ….ဒီလို႔ကြ ကေလးေတြ တံတားဆီကို ေရာက္ေတာ့
႐ြာထဲက ေခြးေတြက အကုန္လုံး အူလိုက္ၾကတာကြာ ေတာ္သလင္း
လ မဟုတ္ ဘာမဟုတ္နဲ႔ ဒီလို အူၾကေတာ့ ႐ြာထဲကလူေတြ
အကုန္လုံးလန႔္ ကုန္ၾကတာေပါ့ ဒီလိုနဲ႔ ေခြးအူသံေတြလဲ
တိတ္သြားေကာ တိတ္မၾကာဘူးကြ ႐ြာထိပ္ တေယာသံလည္း
မၾကားရေတာ့သလို အရာရာ အားလုံးလဲ တိတ္ဆိတ္သြားတယ္
ဒီအခ်ိန္မွာဘဲ အေစာက ကေလးသုံးရဲ႕ ေၾကာက္လန႔္တၾကား
ေအာ္ ငိုသံကို ၾကားရေတာ့တာဘဲ ဒီလိုနဲ႔ ႐ြာထဲက ကေလးရွင္
ေတြလဲ စိတ္ပူၿပီး ႐ြာထိပ္ကို လိုက္သြားၾကေတာ့မွ အဲဒီမွာ
ကေလးသုံးေယာက္ထဲက တစ္ေယာက္က အသက္မရွိေတာ့ဘဲ
ေၾကာက္လန႔္ၿပီး ေသေနတာကို ေတြ႕ရတယ္ ၿပီးေတာ့ က်န္ခဲ့တဲ့
ကေလး၂ကလည္း ခ်က္ခ်င္းကို ေဆး႐ုံပို႔လိုက္ရတယ္ေလ
ဆရာဝန္ကေတာ့ ေရာဂါမရွိဘူး ဆိုၿပီး အားေဆးေလးေတြဘဲ
ထိုးေပးၿပီး ျပန္လႊတ္လိုက္တယ္တဲ့”
”ေၾသာ္… မင္းေျပာမွ ငါေတာင္ေၾကာက္လာၿပီ ေစာထူးရာ”
”ေအး ဟုတ္တယ္ ေက်ာ္စြာ ငါလည္း မင္းကို ဒါေၾကာင့္ မသြားေစခ်င္တာ
အခုဆို ငါတို႔႐ြာက လူေတြ ညပိုင္းတေယာသံ ၾကားၿပီဆိုတာနဲ႔
႐ြာအျပင္ကို ဘယ္သူမွ မသြားရဲၾကေတာ့ဘူး ”
”ဒါနဲ႔ေနပါအုံး ဒီေသဆုံးသြားတဲ့ ကေလးတစ္ေယာက္ကို
ဘာေၾကာ့င္ ဒီတေယာသံ ပိုင္ရွင္ သတ္တယ္ေျပာရတာလဲ”
,,”ဒါက ဒီလိုကြ ေသဆုံးသြားတဲ့ ကေလးငယ္ရဲ႕ အေလာင္းမွာ
ႀကီးမားတဲ့ လက္ဝါးအရာ ႏွစ္ခု ေတြ႕ရတယ္ ၿပီးေတာ့ အသက္
မေသဘဲ က်န္ခဲ့တဲ့ ကေလးႏွစ္ေယာက္က ေျပာျပတာကေတာ့
အဲဒိတေယာသံရွင္ဟာ တေယာထိုးေနသုံးကေတာ့ သာမာန္
လူတစ္ေယာက္ပဲတဲ့ ဒီလိုနဲ႔ ကေလးေတြက သူ႔ကိုေခ်ာင္းၾကည့္
ေနတာလဲ သိသြားေကာ ကေလးေတြကို လွည့္ၾကည့္လိုက္အခါ
မွာ ဒီတေယာသံပိုင္ရွင္ရဲ႕ မ်က္လုံးေတြက အေမွာင္ထဲကေန
ဓာတ္မီးနဲ႔ မထိုးဘဲ အနီေရာင္ေတြ ေျပာင္းသြားတယ္တဲ့
ေနာက္ၿပီး တေယာကို ဆက္မထိုးေတာ့ဘဲ ကေလးေတြဆီကို
လာေနတာကို ေတြ႕လို႔ ႐ုတ္တရက္ ဓာတ္မီးနဲ႔ မ်က္ႏွာတည့္တည့္
ထိုးလိုက္တာ ထူးဆန္းစြာနဲ႔ ဒီတေယာသံရွင္က အဆမတန္
ႀကီးလာၿပီး ကေလးေတြဆီကို ဇြတ္အတင္း ေျပးလာလို႔
ကေလးေတြလဲ ထြက္ေျပးၾကရင္း ေနာက္ဆုံးမွာေတာ့ ေသသြားတဲ့
ကေလးကို အဲဒိ မိစာၦမႀကီးက ေပြ႕ယူသြားတယ္တဲ့ ဒါနဲ႔ ကေလး
ေတြလည္း ေၾကာက္လန႔္ၿပီး ေအာ္ငိုၾကရင္း နဲ႔ ဘဲ ကေလး
တစ္ေယာက္ရဲ႕ အသက္လည္း ဆုံးပါသြားခဲ့ရတယ္..”
”ေၾသာ္…ဒါဆို သူက လူမဟုတ္တာေတာ့ ေသခ်ာၿပီေပါ့”
”အင္း အခုေတာ့ ဒီလိုဘဲထင္ေနၾကတယ္”
”ဒါနဲ႔ ႐ြာထဲက လူေတြက ဘာမွျပန္မလုပ္ၾကေတာ့ဘူးလား”
” ေအးကြာ လုပ္ေတာ့လုပ္ေသးတယ္ ဒါေပမဲ့ မႏိုင္ၾကဘူးကြ
ၿပီးေတာ့ သူက ဒီအတိုင္းၾကည့္မိရင္ေတာ့ အပ်ိဳအ႐ြယ္
မိန္းကေလး တစ္ေယာက္ပဲတဲ့ ဒါေပမဲ့ ဟိုသေလာက မင့္လည္း
ၾကားရင္ ၾကားမွာေပါ့ ပေယာဂဆရာ တစ္ေယာက္ လာလုပ္ၾကည့္
ေသးတယ္ သူလည္း မႏိုင္ဘဲ ျပန္ေျပးသြားရရွာတယ္ အခုေတာ့
ဒီအတိုင္းပဲ လႊတ္ထားလိုက္ရတယ္ သူကလဲ ႐ြာထဲကို မဝင္သလို
ငါတို႔ကလည္း ႐ြာအျပင္ မထြက္ေတာ့ဘူး ”
”အိန္း!!ေကာင္းကြာ ကိုယ္ပိုင္ ေျမ ကိုယ္ပိုင္ တံတားကေန
သူအပိုင္ျဖစ္သြားတာေတာ့ တိတ္ေတာ့ သဘာဝမက်လွဘူးကြ…”
”ေအးေပါ့ကြာ..ဘာလဲ အခု ငါေျပာတာေတြ ၾကားရလို႔
မင္းလည္း ေၾကာက္ၿပီး မသြားရဲေတာ့ဘူး မဟုတ္လား”
”ဟားဟားဟား ႐ိုးပါ့ေရာကြာ…အခုလို မင္းရွင္းျပမွ
သြားခ်င္စိတ္က ပိုျပင္းျပလာတယ္ ေစာထူးေရ႕…”
”ဟိုက္စ္!!”
အခ်ိန္က ည ၁၁နာရီေက်ာ္သြားၿပီ တေယာသံေလးကေတာ့
ၾကားရစၿမဲပါဘဲ။ ဒီတေယာသံေလးကို ၾကားမိတိုင္း
တေယာသံပိုင္ရွင္ကို ေတြ႕ခ်င္သူက ေက်ာ္စြာျဖစ္သည္။
တေယာသံေလးက သာယာသေလာက္ တေယာသံ ရွင္ဟာ
ေၾကာက္ဖို႔ ေကာင္းေနခ်င္းက သဘာဝမက်လွေခ်။ ထို႔ေၾကာင့္
ေက်ာ္စြာဟာ တေယာသံပိုင္ရွင္ကို ေတြ႕ခ်င္ေနရွာသည္။
”ဝုတ္အူ…ဝုတ္ဝုတ္. ….”
႐ုတ္တရက္ ေခြးအူသံမ်ားက တေယာသံႏြဲ႕ႏြဲ႕ေလးကို လႊမ္းၿခဳံ
ျပစ္လိုက္သည္။ အရာအားလုံးလည္း တိတ္ဆိတ္သြားသည္။
”ေစာထူး ေစာထူး”.
”ဟာ ေက်ာ္စြာ မင္းမအိပ္ေသးဘူးလား ကြာ ဒီမွာ ငါအိပ္ေကာင္း
ေနၿပီကြ”
”ဟိတ္ေကာင္ ထပါအုံးကြ ၿပီးမွျပန္အိပ္ ”
”ဘာလဲကြာ…ကဲေျပာေျပာ”
”ဟို တေယာသံ ေျပာက္သြားၿပီကြ ၿပီးေတာ့ ေခြးေတြကလည္း
အရမ္းအူဘဲကြ ”
,,”ဟာ…!!ဒါဆို တစ္ခုတစ္ခုမ်ား ျဖစ္အုံးမလား မသိဘူး”
”ေဟ!!”
”ဟုတ္တယ္ကြ အရင္ကဆို သူထြက္သြားရင္ ေခြးအူသံေတြ
မၾကားရပါဘူး အခု ေခြးေတြ ျပန္အုူေနၿပီ ဆိုေတာ့ မဟုတ္မွ
လြဲေရာ တစ္ခုခုေတာ့ ျဖစ္ေတာ့မယ္ ထင္တယ္ေနာ္,,”
”ကဲ ေစာထူး ဓာတ္မီးယူကြာ ငါတို႔ သြားၾကည့္ရေအာင္”
”အာ!!”
”ကဲလာ သြားမယ္ ထ”
”ေအးကြာ မထူးေတာ့ဘူး ဂုတ္ခ်ိဳးလို႔ ေသရင္လည္း
ေသပါေစေတာ့ သြားမယ္”
ဒီလိုနဲ႔ ေစာထူးနဲ႔ ေက်ာ္စြာတို႔ႏွစ္ေယာက္ ႐ြာထိပ္တံတားဆီက
တေယာသံရွင္ဆီကို ေရာက္လာခဲ့ၾကပါၿပီ။
”ေဟ့ ေစာထူး တေယာသံရွင္က ဘယ္နားမွာ ေနတာလဲကြ
အစအနေတာင္ မေတြ႕ရေသးဘူးေနာ္… ”
”ေအးကြ အရင္ကေတာ့ ဟိုးက တံတား ေပၚမွာလို႔ ေျပာသံၾကား
တယ္ အခုေတာ့…”
”ဟာ ေစာထူး ဓာတ္မီးပိတ္”
”ေၾသာ္ေအး..တ..တတေယာသံ ထြက္လာၿပီကြ”
”ဟိုးမွာ ေတြ႕ၿပီ..”
”ေအး ေအး ဟုတ္..ဟုတ္တယ္ကြ ”
ညအခ်ိန္ခါ အေမွာင္အရိပ္ဆီမွ အျဖဴေရာင္ ဝတ္စုံေလးႏွင့္
ဆံပင္ရွည္ရွည္ ကိုယ္ခႏၶာအခ်ိဳးအစား ညီမွ်သလို
အသက္အ႐ြယ္မွာလည္း ၂၀ ပတ္ဝန္းက်င္မို႔ အလွမ်ိဳးစုံသည့္
အ႐ြယ္ျဖစ္၍ ပိုၿပီးၾကည့္လို႔ ေကာင္းတာ ထင္သည္။ အေမွာင္အရိပ္
ထဲမွပင္ ၾကယ္ေလးေတြ၏ အလင္းေရာင္ ေၾကာင့္ပဲလား
သူမရဲ႕ ကိုယ္ခႏၶာကပဲ အလင္းေရာင္ လႊတ္ေနေသာေၾကာင့္
ျမင္ရတာလား ဆိုတာကို မသိေတာ့ေပ
ဒီလိုနဲ႔ အခ်ိန္အေတာ္အၾကာ ေငးၾကည့္ေနရာမွ ။
”အယ္မယ္ေလးဗ် ”
ေစာထူး၏ ေၾကာက္လန႔္ တၾကား ေအာ္သံေၾကာင့္
တေယာသံပင္ ရပ္သြားသည္။
”ဟိတ္ေကာင္ ေစာထူး ဘာလို႔ ေအာ္လိုက္တာလဲကြ ”
”ငါ့ေအာက္မွာ ငါ့ေအာက္မွာေႁမြႀကီးလား မသိဘူး
ေပ်ာ့စိစိႀကီးဟ လုပ္အုံး ”
”ေနအုံး ေနအုံး ၿငိမ္ၿငိမ္ေန ေနာ္…ငါဓာတ္မီးနဲ႔ထိုးၾကည့္အုံးမယ္”
”ဟာ…”
”ဘာ ဘာျဖစ္တာလဲ ဘာ လဲ ငါေအာက္က ဘာေကာင္လဲ ”
”ေႁမြေပြး ..”
”ဟိုက္!! ေသပါၿပီကြာ.. ”
”မင္းမေသႏိုင္ပါဘူး… ဟဲဟဲ”
”အေရးထဲ ရီေန.. ဒါနဲ႔ ငါ ေကာ ၾကည့္လို႔ရမလား ”
”ၾကည့္ေပ့ါကြ ေႁမြက အေသႀကီးဟာ..”
”ဟင္း !!”
ေက်ာ္စြာႏွင့္ေစာထူးတို႔ ႏွစ္ေယာက္လဲ တေယာသံရွင္ဆီကို
စိတ္မေရာက္ေတာ့ေပ ။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ
ရီေနၾကသည္။ ထိုအခ်ိန္မွာပင္ ေက်ာ္စြာ၏ ေနာက္မွာ
လူတစ္ေယာက္ ေရာက္ေနသလို ေက်ာ္စြာခံစားရသည္။
”ဟိတ္ေကာင္ ေစာထူး ငါ့ ေနာက္ေက်ာဘက္ကို တစ္ခ်က္
ၾကည့္ေပးစမ္း လူတစ္ေယာက္ ေရာက္ေနသလိုဘဲ… ”
”ေအး ေနအုံး ဘာမွမရွိပါဘူးကြ ”
”ဒါနဲ႔ တေယာသံ…”
”ေဟ!!,,”
အခုမွ တေယာသံ မၾကားရေတာ့သည္ကို သတိျပဳမိၾကသည္။
”အား!!ဟာ”
”ဘာျဖစ္တာလဲ ေစာထူး”
”ငါ့ဂုတ္ေပၚမွာ လက္ လက္ႀကီး လာတင္ေနတယ္ ေအးစက္စက္ႀကီးနဲ႔
ကြာ ”
”ဘာကြ လက္ႀကီး ဟုတ္လား ”
”ဟုတ္တယ္…ေနာက္မွာ လူရွိလား ၾကည့္ပါအုံးကြာ ”
ဒီလိုနဲ႔ ေက်ာ္စြာတစ္ေယာက္ ေဘးပတ္ဝန္းက်င္ကို
လိုက္ၾကည့္မိသည္။
”ဘာမွေတာ့ မရွိဘူးကြ ”
”ေသခ်ာၾကည့္ပါအုံးကြာ ”
”ေၾသာ္ တကယ္ကို ဟာ….”
”ဘာလဲ ဟိတ္ေကာင္ လူကိုျမင္ လား”
”ေအး ျမင္ ျမင္တယ္”
ေက်ာ္စြာဟာ ေစာထူး၏ ေနာက္ေက်ာဘက္ တည့္တည့္ကို
ေသခ်ာ ဓာတ္မီးနဲ႔ ထိုးၾကည့္မိေတာ့မွ စၿပီး ျမင္ရတာက
ကြၽန္းသားေရာင္ တေယာတစ္လက္ကို တင္းၾကပ္စြာ
ဆုပ္ကိုင္ထားတဲ့ လက္တစ္ဖက္ကို ျမင္ရသည္။
ထို႔ေနာက္ ဓာတ္မီးေရာင္ကို အေပၚ ကိုနည္းနည္း ခ်င္း တိုး၍
ထိုးၾကည့္မိသည္။ ေက်ာ့ရွင္းသည့္ ကိုယ္ခႏၶာေပၚက
အျဖဴေရာင္ အဝတ္စမ်ား ေပၚတြင္ အနီေရာင္
ေသြးစက္ကေလးမ်ားက ေပၚလြင္လွသည္။
က်န္တဲ့လက္တစ္ဖက္ မွာေတာ့ ေစာထူး၏ ပခုံးတစ္ဖက္ကို
ဆုပ္ကိုင္ထားျပန္သည္။ ဒီကေန ေက်ာ္စြာရဲ႕ လက္ထဲက
ဓာတ္မီး၏ အလင္းေရာင္ဟာ သူမ၏ မ်က္ႏွာဆီသို႔
ေရာက္သြား၍ ၾကည့္လိုက္ေသာအခါ
”အမယ္ေလး သရဲမႀကီးဗ်”
”ဘာ..ေက်ာ္စြာ သရဲမႀကီး ဟုတ္လား ”
”ဟုတ္..ဟုတ္တယ္ မ်က္ႏွာတစ္ျခမ္း မရွိေတာ့ဘူးဟ”
”အမယ္ေလးဗ် အေမေရ႕ ဟိတ္ေကာင္ ငါ့ဂုတ္ကို အတင္းျဖစ္ေနတယ္
ငါကေတာ့ ေသရေတာ့မယ္ ထင္တယ္ ငါ့ကို ကယ္ပါအုံးကြာ..”
”ငါကဘာလုပ္ရမွာလဲ ေစာထူး မင္းငါ့ကိုေျပာျပ ငါဘာကို စ.လုပ္ရ
မွန္းမသိေတာ့ဘူး”
ေက်ာ္စြာဟာ အသားမ်ား တစ္ဆက္ဆက္တုန္လာၿပီး
ဘာကို ဘယ္လိုလုပ္ရမွန္း မသိျဖစ္ေနသည္။ တေယာသံရွင္
သရဲမကေတာ့ ေက်ာ္စြာ့ကို စိုက္ၾကည့္ေန၏။ ေက်ာ္စြာကေတာ့
သရဲမကို ၾကည့္လိုက္ သူငယ္ခ်င္းျဖစ္သူ ေစာထူးကို ၾကည့္လိုက္ႏွင့္
ေရာင္ခ်ာခ်ာ ျဖစ္ေနသည္။
”ေက်ာ္စြာ…”
”ဟင္..ေစာထူး ”
” ငါေျပာမယ္ မင္းေသေသခ်ာခ်ာ နားေထာင္ေနာ္
မင္း ႐ြာထဲက ဦးႀကီးေဝတို႔ အိမ္ကို ေရာက္ေအာင္သြားပါ
ၿပီးရင္ ႐ြာထဲက လူအခ်ိဳ႕ကိုပါ ေခၚၿပီး ငါ့ဆီကို ျပန္လာပါ
အကယ္၍ ငါေသသြားခဲ့ရင္ ငါ့အေလာင္းကို ယူၿပီး မီးသၿဂိဳလ္
လိုက္ပါ တစ္ခုေတာ့ရွိတယ္ ဒီသရဲမ မကြၽတ္မခ်င္း ငါ့ကို
အမွ်မေဝ ပါနဲ႔ မင္းသြားေတာ့ ေက်ာ္စြာ ငါမွာတာ မေမ့နဲ႔ေနာ္
မင္းလြတ္ေအာင္ေျပးပါ ”
”ေစာထူး!! ဟိတ္ေကာင္ ငါ..ငါမသြားဘူးကြာ မင္း …မင္းပါလိုက္ခဲ့
မင္းမပါရင္ ငါဘယ္ကိုမွမသြားဘူး လိုက္ခဲ့ကြာ ”
”ေက်ာ္စြာ အခု ငါပခုံးကို ကိုင္ထားတာ လူမဟုတ္ဘူးေနာ္
အခု ငါလႈပ္လို႔ မရေတာ့ဘူး မင္းျမန္ျမန္သြားၿပီး ည ၁၂နာရီ
မထိုးခင္ ျပန္လာခဲ့ပါ ျမန္ျမန္သြား ”
ေက်ာ္စြာဟာ နာရီကို ငုံ႔ၾကည့္မိသည္။ ၁၁နာရီ ၄၀ မိနစ္ ။
”ေကာင္းၿပီ ေစာထူး ငါ၁၂နာရီ မထိုးခင္ ျပန္လာမယ္ ငါသြားၿပီ
ေစာထူး မင္း ဘုရားတရားသံဃာကို မေမ့နဲ႔ေနာ္ ”
ေက်ာ္စြာ၏ စကားေျပာသံကို နားေထာင္ၿပီး ေခါင္းၿငိမ့္ျပသည္။
ထို႔ေနာက္ ေက်ာ္စြာဟာ ဓာတ္မီးကို ကိုင္ကာ ဇြတ္အတင္းေျပးသည္။
ေက်ာ္စြာ ႐ြာထဲကို ဝင္ဝင္ခ်င္းဘဲ ။
”အား!!!!”
”ဟာ ေစာ ေစာထူး ”
ေက်ာ္စြာဟာ ႐ြာတံတားဆီမွ ေစာထူး၏ ေၾကာက္လန႔္တစ္ၾကား
ေအာ္လိုက္တဲ့ အသံေၾကာင့္ ေျပးေနတဲ့ ေျခလွမ္းက်ဲႀကီးမ်ားက
ရပ္တန႔္သြားၿပီး ေၾကာင္ေၾကာင္ႀကီး ျဖစ္ေနသည္။
ထို႔ေနာက္ သတိျပန္ဝင္လာၿပီး ေစာထူးမွာသည့္အတိုင္း
ဦးႀကီးေဝ၏ အိမ္ကို ဆက္ေျပးသည္။ ထူးဆန္းသည့္
တိုက္ဆိုင္မႈ႕မွာ ဦးႀကီးေဝတို႔ အိမ္မွာ ဖေယာင္းတိုင္
မီးမ်ား တစ္အိမ္လုံး ထိန္ထိန္လင္းေနေအာင္ ထြန္းထားခ်င္းပင္
ထို႔ေနာက္ ေက်ာ္စြာဟာ အိမ္ၿခံဝန္းထဲကို ေရာက္သြားၿပီး
ဦးႀကီးေဝကို လွန္းေခၚလိုက္သည္။
”ဦးႀကီးေဝ ဦးႀကီးေဝ ”
”အိမ္း!!…ေရာက္လာၿပီကိုး..”
”ဗ်ာ…ဒီကအဘ ကြၽန္ေတာ့္ကို သိလို႔လားဗ်ာ”
”ကဲေရာ့ ေနာက္မွေမး ေရကို အရင္ေသာက္လိုက္အုံး ေရာ့ေရာ့”
ေက်ာ္စြာဟာ ေရကို ေမာ့ေသာက္လိုက္ၿပီး ဦးႀကီးေဝ၏
အိမ္ေအာက္မွ သူ႔ကို ခရီးဦးႀကိဳ ျပဳေနသည့္ အသက္၅၀အ႐ြယ္
ေလာက္ရွိၿပီး ေယါဂီအေရာင္ ဝတ္စုံကို ဝတ္ဆင္ကာ လက္ထဲမွာ
လည္း ပုတီးႏွင့္ အရန္သင့္ ေသာက္ရန္ ေရကိုပင္ ခပ္ထားျခင္း
ေၾကာင့္ အံ့ၾသမိသည္။
”အဘ ဒီအိမ္က ဦးႀကီးေဝ ရွိသလားဗ်ာ ”
”ရွိပါတယ္ ေမာင္ရင္ရယ္… ကဲ..ၫႊန႔္ေဝေရ ဒီမွာ ေရာက္လာၿပီေဟ့”
ေက်ာ္စြာနဲ႔ စကားေျပာကပင္ အိမ္ေပၚသို႔ လွမ္းၾကည့္ရင္း
ဦးႀကီးေဝကို အသိေပးလိုက္သည္။ တကယ္ေတာ့ ဦးႀကီးေဝ တင္
မဟုတ္ ႐ြာထဲမွ လူအခ်ိဳ႕လည္း ေရာက္ေနၾကသည္။
”ဟာ.. လူေတြစုံေနပါ့လားဗ်ာ ကြၽန္ေတာ့္ သူငယ္ခ်င္း ေစာထူးကို
ကယ္ၾကအုံးဗ်ာ သူ..”
ေက်ာ္စြာစကားေျပာေနရင္း ေယာဂီဝတ္စုံ ႏွင့္ အဘမွ လက္ကာျပ
သျဖင့္ စကားေျပာတာကို ရပ္လိုက္ရသည္။
ထို႔ေနာက္ ဦးႀကီးေဝ ဆင္းလာၿပီး
”ေကာင္ေလး ေက်ာ္စြာ မင္းသူငယ္ခ်င္း အတြက္ ဘာမွ
စိတ္မပူနဲ႔ ေနာ္ အခု ဒီအဘႀကီးက ပေယာဂဆရာႀကီး ဆရာၿမဲတဲ့
ဟိုသေလာက ဒီတေယာသံပိုင္ရွင္ နဲ႔ ပညာခ်င္း ယွဥ္ၿပိဳင္ရာ
ကေန မႏိုင္လို႔ ျပန္ေျပးသြားရတဲ့ ဆရာေလးေတြရဲ႕ ဂိုဏ္းခ်ဳပ္
ဆရာႀကီးေပါ့ ဆရာႀကီးက မင္းလာမွာကို ႀကိဳသိေနလို႔
ဒီကေန လူစုၿပီး ေစာင့္ေနတာ ”
”ဟုတ္တယ္ ေမာင္ရင္ ခဏေနရင္ မင္းသူငယ္ခ်င္းလဲ
လိုက္လာလိမ့္မယ္ ေဟာ.. ေျပာရင္း ဆိုရင္း ဟိုမွာ..”
”ဟင္!!”
ေက်ာ္စြာဟာ ဆရာၿမဲ ၫႊန္ျပသည့္ အိမ္ၿခံဝန္းအဝက လမ္းမႀကီးဆီကို
ၾကည့္လိုက္ေတာ့ အိမ္ၿခံဝန္းထဲကို ထူးဆန္းစြာ ဝင္လာတဲ့
ေစာထူးကို ေတြ႕ရသည္။ ထို႔ေနာက္ ေက်ာ္စြာဟာ လက္မွနာရီကို
ျပန္ၾကည့္လိုက္ေတာ့ ၁၂နာရီထိုးဖို႔ ၅မိနစ္သာ လိုေတာ့သည္။
”ေစာထူး”
ေက်ာ္စြာဟာ ေစာထူးဆီကို ေျပးဖက္မဲ့ အလုပ္မွာ
ဆရာၿမဲက ဆြဲထားလိုက္သည္။
”လႊတ္ပါဗ်ာ ဟိုမွာ ေစာထူးျပန္လာၿပီေလ လႊတ္ေပးပါဗ်ာ”
”စိတ္ေအးေအးထားပါ ေမာင္ရင္ အခုလာေနတဲ့သူက ေစာထူး
မဟုတ္ေသးဘူး သူက တေယာသံရွင္ပါ”
”ဗ်ာ… ”
”ဟုတ္တယ္… ကဲၫႊန႔္ေဝေရ သြားၿခံဝန္း တံခါး သြားပိတ္လိုက္ေတာ့”
ဆရာၿမဲရဲ႕ စကားၿပီးတာနဲ႔ ဦးႀကီးေဝဟာ ၿခံဝန္တံခါးမႀကီးကို
ပိတ္လိုက္သည္။
”ေမာင္ရင္ ”
”ဗ်ာ ”
”ေမာင္ရင္တို႔ ဟို႐ြာထိပ္ တံတားကိုေရာက္ေတာ့ ဒီတေယာသံ
ပိုင္ရွင္မကို အနီးကပ္ၿပီး ဘယ္သူၾကည့္ခဲ့တာလဲ”
”ဟုတ္ကဲ့ ကြၽန္ၾကည့္ခဲ့တာပါ”
”ေကာင္းၿပီ ဒါဆိုရင္ သူမ်က္ႏွာကို အခု ျမင္ရမယ္ ဆိုရင္
ေမာင္ရင္ ေၾကာက္မွာလား”
”ဒီေလာက္လူေတြ မ်ားေနတာ ကြၽန္ေတာ္ မေၾကာက္ေတာ့ပါဘူး
ေစာထူးကိုတာ ကယ္ေပးပါ ဆရာႀကီး”
”ကယ္ေပးရမွာေပါ့ကြယ္ ေရာ့ လက္ဖြဲွ႔အေဆာင္ကို ကိုင္ထားၿပီ
အခုရပ္ေနတဲ့ ေစာထူးကို ၾကည့္လိုက္”.
ေက်ာ္စြာ အံ့ၾသမႈ႕ေတြနဲ႔အတူ ဆရာၿမဲေပးတဲ့ အေဆာင္ပစၥည္း
တစ္ခုကိုယူကိုင္လိုက္ၿပီး ၾကည့္လိုက္ေတာ့အခါ
အျဖဴ ဝတ္စုံေလးႏွင့္ သန႔္ရွင္းလွပတဲ့ ၿပီး ကြၽန္းသားေရာင္
တေယာေလးကို ကိုင္ကာ ေစာထူး၏ ေရွ႕တည့္တည့္မွာ
ေက်ာ္စြာ့ကို ရပ္ၾကည့္ေနရွာသည္။
”ဟင္ ကြၽန္ေတာ့္ကို ျပန္ၾကည့္ေနတယ္ ဆရာႀကီး ”
”အိမ္း ဟုတ္ပါတယ္ကြယ္ သူက မင္းကိုပဲ ၾကည့္ေနတာပါ
အမွန္ေတာ့ ဒီမိန္းကေလးဟာ တေစၦမဟုတ္သလို
သရဲလည္း မဟုတ္ေသးဘူး သူဟာ ဥစၥာတစ္ခုကို အစြဲျပဳၿပီး
မကြၽတ္ႏိုင္တဲ့ သူတစ္ေယာက္ပါဘဲ ကဲ သူ႔ကိုမီးေရာင္ထဲ ေခၚၾကစို႔ ”
အိမ္အေပၚထပ္ ေခၚရန္ ဦးႀကီးေဝက ျပင္ေနသည္။ သို႔ေသာ္ ..
ဆရာၿမဲက ”ၫႊန႔္ေဝ သူ႔ကို အိမ္ေပၚကို ေခၚလို႔မရဘူး အိမ္ေပၚက
ထိုင္စရာ အခင္းနဲ႔ ဖေယာင္းတိုင္း သုံးတိုင္ ဒီကို ယူခဲ့ပါ
ဒီတလင္းျပင္ က်ယ္မွာပဲ လုပ္ၾကတာေပါ့”
”ေကာင္းပါၿပီ ဆရာၿမဲ ကဲ..တာဝႏွင့္ ေမာင္က်ည္းညိဳတို႔
လာကူၾကပါအုံးကြယ္”
ဒီလိုနဲ႔ တလင္းျပင္က်ယ္မွာပင္ ႐ြာသူ ႐ြာသားမ်ားႏွင့္ ဝိုင္းဖြဲွ႔ကာ
စည္ကားေနၿပီး လူအမ်ား၏ အလယ္တြင္ ငွက္ေပ်ာပြဲတစ္ပြဲႏွင့္
ဖေယာင္းသုံးတိုင္ကို ထြန္းညႇိကာ စစ္ေမးေနသည္။ အခ်ိန္က
၁၂ထိုးၿပီမို႔ ဆရာၿမဲမွ ။ ”ကဲ ၁၂နာရီထိုးၿပီ ဆိုေတာ့ အခုပူးကပ္ေနတဲ့
လူဆီက ခြာၿပီး သင့္ေလ်ာ္ရာ ကိုယ္ခႏၶာမွာ ပူးကပ္ေပေတာ့
တေယာသံအရွင္ ဥစၥာသခင္မေရ”
ဆရာၿမဲ၏ စကားသံအဆုံးတြင္ ေစာထူး၏ ကိုယ္ခႏၶာဟာ
ရပ္ေနရာမွ ေျမျပင္ေပၚသို႔ ပုံလဲက်သြားသည္။
”ဟာ ေစာထူး ေမ့လဲက်သြားၿပီေဟ့ ”
ေက်ာ္စြာလည္း ေစာထူးကို ဝင္ေပြ႕ရန္ ျပင္လိုက္သည္ႏွင့္အၿပိဳင္
လာၾကည့္ၾကေသာ လူအုပ္ထဲမွ မိန္းကေလးတစ္ေယာက္ဟာ
ေရွ႕ကို အတင္းတို႔ကာ ေက်ာ္စြာ၏ လက္ကို ဆြဲထားလိုက္သည္။
ထိုအခ်ိန္မွာပင္ ဆရာၿမဲက ”ဟိတ္ နင္ဘယ္သူလဲ ”
”ကြၽန္မ ႐ြာထိပ္က တေယာသံရွင္ဘဲ ”
”ေမာင္ေက်ာ္စြာ ကိုယ့္ေနရာမွာပဲ ထိုင္ေနလိုက္ပါ ”
”ဟုတ္ကဲ့ ”
ေစာထူးကိုေတာ့ ႐ြာသားအခ်ိဳ႕က သတိရေအာင္ လုပ္ေပးသူမ်ားႏွင့္
အိမ္ေအာက္သို႔ မ,သယ္သြားၾကသည္။
”ဒါနဲ႔ နင့္နာမည္ ဘယ္လိုေခၚ ”
”ကြၽန္မနာမည္က မြန္မြန္ ပါ ”
အပူးအကပ္ခံရေသာ မိန္းကေလး၏ ကိုယ္ခႏၶာမွာ
အနည္းငယ္ တုန္ေနရွာသည္။
”နင္ဘာလိုခ်င္လို႔လဲ ” ” ကြၽန္မ တေယာလိုခ်င္တယ္ ”
”နင့္တေယာက ဘယ္နားမွာလဲ ”
”ကြၽန္း႐ြာထိပ္ တံတားရဲ႕ေဘးကဆူးၿခဳံထဲမွာရွိတယ္ ”
”ေၾသာ္…ဒါနဲ႔ ဆရာေမးမယ္ နင္က ဘယ္ကေနေရာက္လာတာလဲ”
”ကြၽန္မက ေတာင္ႀကီးၿမိဳ႕ကပါ ကားaccident တစ္ခုေၾကာင့္
ကြၽန္မ ေသဆုံးခဲ့ရတယ္ ”
”အခုေကာ ဘယ္ကို သြားမွာလဲ ”
”ကြၽန္မ ပဲခူးကိုဘဲ ျပန္မွာပါ တေယာေလး မပါေသးလို႔”
”ေကာင္းၿပီေလ ငါတို႔ နင့္တေယာကို ျပန္ယူေပးမယ္ ”
” ေက်းေက်းဇူးတင္ပါတယ္ ”
”ဒါနဲ႔ နင္ ေက်ာ္စြာ ကို ဘာလို႔ ဆြဲထားတာလဲ”
”ကြၽန္မ သူ႔ကိုခင္လို႔ ”
”ဟင္!!”
႐ုတ္တရက္ ေက်ာ္စြာ၏ အသံေၾကာင့္ လူေတြအားလုံးက
ၿပဳံးစိစိျဖစ္သြားၾကသည္။
”ေနအုံး နင္ဘာလို႔ ဟိုသေလာက ကေလးတစ္ေယာက္ကို
သတ္လိုက္ရတာလဲ”
”ကြၽန္မ မသတ္ပါဘူး”
”ဘာကြ…နင္မလိမ့္နဲ႔ေနာ္..”
”ကြၽန္မ မလိမ့္ဝံ့ပါဘူး ဆရာႀကီး ”
”ဒါဆို ဘယ္သူသတ္တာလဲ ”
”ကြၽန္မကေတာ့ တစ္ေယာက္တည္း ျပင္းေနလို႔ စလိုက္တာ
ကြၽန္မအစ လြန္သြားပါတယ္ ၿပီးေတာ့ ကေလးမွာ အသည္းငယ္
ပုံရတယ္ ကြၽန္မက ျပန္ေခ်ာ့မလို႔ ျပင္လိုက္ေတာ့ သူအသက္
မရွိေတာ့ပါဘူး ဒီအတြက္လဲ ကြၽန္မကို အထက္က အျပစ္ေပး
ၾကတာ အခုမွ ဒီကို ျပန္ေရာက္တာပါ ”
”ေကာင္းၿပီေလ ျဖစ္ၿပီးသား ကိစၥမို႔ ဆရာခြင့္လႊတ္လိုက္မယ္”
”ေက်းဇူးတင္ပါတယ္ ”
”ဒါနဲ႔ ဟိုသေလာက ဆရာရဲ႕ တပည့္တစ္ေယာက္ကို
ပညာျပလိုက္တယ္ ဆိုတာ ဟုတ္လား”.
”ဟုတ္ပါတယ္ ကြၽန္မ စိတ္တိုသြားလို႔ ပညာခ်င္းယွဥ္ၿပီး
ေျခာက္လွန႔္ခဲ့ရတာပါ ”
”ဒါဆို ဆရာနဲ႔ေကာ ၿပိဳင္မလား”
” ဟင့္အင္ မၿပိဳင္ရဲပါဘူးရွင္”
ဆရာၿမဲ၏ စိန္ေခၚသံေၾကာင့္ အေတာ္တုန္လႈပ္သြားပုံ ရသည္။
ဆရာၿမဲကို ၾကည့္ကာ လက္အုပ္မ်ားပင္ ခ်ီေနသည္။
”ေကာင္းၿပီ ငါတို႔နင့္ ရဲ႕ တေယာကို ျပန္ယူေပးမယ္ ၿပီးေတာ့
နင့္အတြက္ ရည္စူးၿပီး အလႉဒါန ျပဳေပးရင္း အမွ်ေဝေပးပါ့မယ္ ”
” ေက်းဇူးႀကီးလွပါတယ္ ရွင္, ကြၽန္မတစ္ခု ေျပာပါရေစ
ကြၽန္မရဲ႕တေယာကို ျပန္ယူေပးၿပီးရင္ ” သူမဟာ စကားကို ဆက္မေျပာေတာ့
ဘဲ ေက်ာ္စြ႕ာကို ၾကည့္ေနသည္။ ၿပီးမွ ”ဒီက အစ္ကိုကိုဘဲ
ေပးလိုက္ပါ”
”ေဝါင္း…” လူအုပ္ထဲမွ အံ့ၾသေနၾကေသာ အသံမ်ားႏွင့္
သနားစရာေကာင္းေသာ ျမင္ကြင္းကို တစ္ခုကိုပါ ျမင္ၾကရသည္။
အဲဒါကေတာ့ သူမ၏
ပါးျပင္ မ်က္ရည္စ,ေတြ စီးက်လာျခင္းပါဘဲ။
ေက်ာ္စြာဟာ သူမကို ၾကည့္ၿပီး မ်က္ရည္ဝိုင္းလာသလို
ေပ်ာ္႐ႊင္ခ်င္း ဝမ္းနည္းခ်င္းေတြနဲ႔ အတူ ဆုပ္ကိုင္ထားေသာ
လက္တစ္ဖက္ကို ယုယစြာ ျပန္ကိုင္လိုက္သည့္ ျမင္ကြင္းကို
ျမင္ရသူ စိတ္ထိခိုက္ဖြယ္ ေကာင္းလွေပသည္။
”အိမ္း…ကဲကဲ ဒီကမိန္းကေလးလဲ ေကာင္းရာဘုံဘဝသို႔
ေရာက္ပါေစကြယ္….ၿပီးေတာ့ ေနာက္ထပ္လဲ ဘယ္သူ႔ကိုမွ
မေႏွာင့္ယွက္နဲ႔ ၾကားလား ”
‘စိတ္ခ်ပါ. .ကြၽန္မဘယ္ေတာ့မွ အေႏွာင့္အယွက္မျပဳေတာ့ပါဘူး”
”သာဓု သာဓု သာဓု ေကာင္းရာ ဘုံဘဝသို႔ ေရာက္ပါေစ..”
”ေပးတဲ့ဆုတဲ့ ျပည့္ရပါေစ ဆရာႀကီး”
”ကဲ…ျပန္ေပအုံးကြယ္…”
”ဟုတ္ကဲ့”
”အစ္ကို..ညီမ သြားေတာ့မယ္ေနာ္…”
”ေကာင္းပါၿပီ ညီမရယ္ အစ္ကိုရဲ႕ ဘဝမွာ ပထမဦးဆုံး
ဆက္ေဆာင္နဲ႔ အထူးဆန္းဆုံး ညီမကို အစ္ကို
ဒီတစ္သက္ ေမ့လိမ့္မယ္ မထင္ေတာ့ပါဘူးကြယ္ …
ေကာင္းရာ ဘဝသို႔ ေရာက္ပါေစ….”
ဒီလိုနဲ႔ အပူးအကပ္ခံရတဲ့ မိန္းကေလးဟာလည္း
ေမ့လဲသြားေတာ့သည္။ ထိုအခ်ိန္ မွာပင္ ႐ြာထိပ္ တံတားဆီမွ
တေယာသ့ႏြဲ႕ႏြဲ႕ေလးကလည္း တျဖည္းျဖည္းနဲ႔ အေဝးသို႔
ထြက္ခြာ သြားပါေတာ့သည္။
ႏွစ္ေတြက ၾကာခဲ့ေပၿပီ သို႔ေသာ္ လသာသည့္ လျပည့္ ညတိုင္း
တေယာသံေလးကေတာ့ ၾကားေနျပန္သည္။
အျဖဴေရာင္ doctorဝတ္စုံေလးႏွင့္ ပဲခူးကားလမ္းမႀကီးရဲ႕ ေဘးက
ကြၽန္း႐ြာ ထိပ္ တံတားေလးေပၚမွာ doctorေက်ာ္စြာတစ္ေယာက္
တည္း ညေနပိုင္း ေနမဝင္ခင္အခ်ိန္မွာ အေနာက္အရပ္မွ ေနမင္းကို
မ်က္ႏွာမူၿပီး ခါးေလးကို အေနေတာ္ လူသြားလမ္း တံတား
ေဘာင္ေလးကို မွီကာ မ်က္စိကို စုံမွိတ္ၿပီး တေယာထိုးေနသည္ ။
ထိုအခ်ိန္မွာပင္ ”အစ္ကို……”
႐ုတ္တရက္ ေခၚသံၾကားရတာေၾကာင့္ ေဒါက္တာေက်ာ္စြာဟာ
မ်က္လုံးမ်ား ဖြင့္ၾကည့္လိုက္သည္။ ၁၉အ႐ြယ္ခန႔္ မိန္းကေလး
တစ္ေယာက္ လက္ထဲမွာလဲ ႏွင္းဆီပန္းပြင့္ေလးကို ကိုင္ကာ
ၿပဳံးၿပဳံးႀကီး စိုက္ၾကည့္ေနသည္။
”ဟာ ညီမေလး မြန္မြန္ …”
ေဒါက္တာေက်ာ္စြာဟာ မိန္းကေလးရွိရာသို႔ ေျပးၿပီး
ဖက္ထားလိုက္မိသည္။ ထိုအခ်ိန္မွာပင္..
”ေဟးး…မေျပးနဲ႔ ဟားဟားဟား.. ”
ေစာထူးႏွင့္ မိန္းကေလးရွင္၏ မိဘမ်ား လိုက္လာၾကသည္။
” ေစာ..ေစာထူး… ”
”အင္း ေျပာၾကည့္ေလ ကိုကိုေဒါက္တာ ေက်ာ္စြာ..
ဒီမွာ ဒီဘက္က ဒီမိန္းကေလးရဲ႕ မိဘေတြ ဘဲ တကယ္ေတာ့
မင့္တို႔ ႏွစ္ေယာက္ဟာ ေတာ္ေတာ္ ထူးဆန္းတဲ့ အတြဲဘဲ
အသက္ အ႐ြယ္ခ်င္း ကြာသြားၾကေပမဲ့ စိတ္ခ်င္း ဆက္ႏြယ္ေနၾကလို႔
ဒီဘက္က ဦးဦးနဲ႔ ေဒၚေဒၚကလည္း သေဘာတူၾကၿပီး မင္းရွိရာ
ဒီကြၽန္းထိပ္ တံတားေလးဆီကို လာေရာက္ေတြ႕ဆုံးေပး ၾကသတဲ့ဗ်ာ
ဒီေတာ့ မင္းဘာဆက္လုပ္မွာလဲ ေက်ာ္စြာ…”
”ဒီေတာ့ အိမ္ကိုဘဲ ေခၚသြားေတာ့မယ္ေလ.. လိုက္ခဲ့ေပေတာ့
ညီမေရ….”
” ဟိုဒီဘက္က ဦးဦးနဲ႔ ေဒ့ၚေဒၚ့ကိုလဲ အရမ္းေက်းဇူးတင္ပါတယ္ဗ်ာ”
”ရပါတယ္ကြယ္ ရပါတယ္ သမီးေလး ေပ်ာ္ရင္ ၿပီးတာပါဘဲ ”
”အစ္ကိုရဲ႕အိမ္ကို ေခၚသြားမယ္ဆို ေခၚေတာ့ေလ…”
”ဟိုက္စ္!! ေသစမ္း ရွက္လိုက္တာ ေက်ာ္စြာရာ သြားၾကကြာ
သြားၾက ျမန္ျမန္”
”ၾကည့္စမ္း လူပ်ိဳႀကီး ရွက္သြားၿပီေဟ့ ”
”ဟာ ဒီေကာင္..ကဲကြာ..ဟားဟားဟား….”

”ႏွစ္ဦးႏွစ္ဖက္ သစၥာတာ
မျပတ္ေစနဲ႔ တစ္ေန႔ၾကရင္
ျပန္ဆုံတက္တယ္…….”

” စာဖတ္သူ အေပါင္း ႐ႊင္လန္း ခ်မ္းေျမ့ၾကပါေစ

ေအာင္ျမတ္ေဝ ( အညာေျမ )