‘ အရိပ်မည်းသုံးယောက် ”(စ/ဆုံး)

Unicode Version

” အရိပ်မည်းသုံးယောက် ”(စ/ဆုံး)
—————————————–
ဦးဘကျော်သာသည် ဘူမိဗေဒ အရာရှိ ဘဝမှ အငြိမ်းစား ယူခဲ့ပြီးနောက် နန်းမြို့မြို့
သို့ ရောက်နေခဲ့သည် မှာ နှစ်အတန်ကြာခဲ့ပေပြီ။သူသည် အလုပ်မှသည့်နောက်
ရခိုင်သို့မပြန်ဘဲပင်စင်ယူပြီးနာဂတောင်တန်းဘက်၌ ဆက်လက် နေထိုင်ခဲ့ရ
သည် မှာ အဓိကအကြောင်း ရှိပေသည် ။
ထိုအကြောင်းကတော့ လူမျက်နှာတောင် သို့ တစ်ခေါက်သွားကာ ရွှေဖြူ ဟု ခေါ်သော

ပလက်တီနမ် သတ္တုများ သွားရောက်ရှာဖွေ ရန်အတွက် ဖြစ်ပေသည် ။
ထိုနေရာသို့သွားရန် မြေပုံကလည်း ရှိပေ သည် ။ မြေပုံက သူ့ထံမှာ တစ်ခြမ်း၊ သူနှင့် ခရီးသွားဖော် ဦးရန်နိုင်ဆီမှာ တစ်ခြမ်းရှိ လေသည် ။ဦးရန်နိုင်တို့ မှာ လည်း မဝေးလှသော
နေရာ၌ ရှိကြလေသည် ။ ၎င်းကလည်း
အခါအခွင့် သင့်ပါက ဦးဘကျော်သာနှင့်အတူ
ပူးပေါင်းကာ လူမျက်နှာတောင်ရှိရာသို့ တစ် ခေါက်သွားရန် ရည်မှန်းထားသူ ဖြစ်ပေသည်
“ဖေဖေ့ဆီမှာ ရတနာမြေပုံရှိတယ်ဆိုတာ
ကျားကြီးရာဇဂိုဏ်းက ကျားကြီးက သိထား တယ်၊ ဒါကြောင့် နည်းအမျိုးမျိုးနဲ့ ရအောင်
ကြံစည်နေတာပဲ၊ အခုတော့
အကြံအစည် အောင်မြင်သွားပြီပေါ့”
သူတို့နန်းမြို့၌ ရှိသော ဦးဘကျော်သာ၏ နေအိမ်သို့ ရောက်သောအခါ သုနောင်က
အခြေအနေကို ပြောပြလေသည် ။
သုနောင်နှင့် … ဇင်မာတို့မောင်နှမနှစ်
ယောက်မှာ မိခင် မရှိတော့ဘဲ ဖခင်ကြီးကို
အားကိုးနေကြရာ ယခု ဖခင်ကြီးက ပျောက်
နေသောကြောင့် များ စွာ စိုးရိမ်သောက
ရောက်နေကြရရှာသည် ။
“ဒါထက် ဆရာကြီးဆီမှာ ရတနာမြေပုံ ရှိ
တယ်ဆိုတာ ကျားကြီးတို့ က ဘယ်ပုံဘယ်
နည်း သိသွားတာလဲ”က
“ဖေဖေ အရာရှိဘဝတုန်းက သူနဲ့ အတူ လိုက်ဖူးတဲ့ လူအချို့ ကျားကြီးဆီမှာ ရောက် နေကြတယ်၊ အဲဒီက သိရတာပါ”
“ဒါထက် မြေပုံတစ်ခြမ်းက ဦးရန်နိုင်ဆီမှာ ရှိနေတယ်ဆိုတာရော သူတို့ သိပြီလား”
“မသိသေးဘူးထင်တယ်”

“မသိတာ ကောင်းတယ်၊ တကယ်လို့ သိ သွားရင် ဦးရန်နိုင်အတွက်ပါ အန္တရာယ် မ ကင်းလှဘူး၊ ဒါထက် ဦးရန်နိုင်က ဘယ် နေရာမှာ နေတာလဲ”
“ထရုံချောင်း နံဘေးက နမ်းမားစခန်းမှာ
နေတယ်၊ ထင်းရှူးမြိုင်လို့ အမည်ပေးထား
တယ်၊ သူတို့ နေတဲ့ နေရာက ပန်ဆောက်နဲ့(၅)မိုင်လောက် ဝေးတယ်”
“အခု ဆရာကြီးကို ဖမ်းမိသွားပြီဆိုတော့ ကျန်တဲ့ မြေပုံတစ်ခြမ်း ဘယ်မှာ ရှိတယ်ဆို
မရရအောင်စစ်မှာသေချာတယ်၊
တကယ်လို့ မပြောဘဲနေရင် လောလောဆယ်
ဆရာကြီးကိုတော့ သတ်ပစ်မယ် မဟုတ်ဘူး ၊
ငါ့အထင်ပြောရရင် ရန်သူရဲ့ မြားဦးက မင်း
တို့ မောင်နှမဘက်ကို လှည့်လာမှာ သေချာ တယ်၊ မင်းတို့ နှစ်ယောက်ကို ဖမ်းပြီး
အကျပ်ကိုင်လိမ့်မယ်”

“ဒါဖြင့် ဘယ်လိုလုပ်ရမလဲ ဆရာ” “သိပ်တော့ မစိုးရိမ်ပါနဲ့ ၊ အခု ဆရာတို့ အဖွဲ့လဲ ရောက် လာပြီဆိုတော့ အကူအညီ ပေးပါ့မယ်၊ အခုဆိုရင် ဂျစ်ကားဒရိုင်ဘာကို သတ်သွားတဲ့ လူဆိုးတွေနောက်ကို လိုက်ဖို့ အဖွဲ့က လူတွေကို လွှတ်လိုက်ပါပြီ” ထိုစကားကြားသောအခါ သုနောင်နှင့် ဇင် မာတို့ မောင်နှမနှစ်ယောက်၏ မျက်နှာမှာ အတန်ငယ် စိတ်သက်သာရာ ရသွားဟန် ရှိ လေသည် ။
“ဆရာ ရောက်လာတာ ကျွန်မဖြင့် သိပ်ပြီး အားရတာပဲ၊ ဖေဖေ ဒုက္ခရောက်နေတဲ့ အချိန် မှာ အခုလို ရောက်လာတော့ အားကိုးရတာပေါ့”
“ဘာမှ စိတ်မပူပါနဲ့၊ ဆရာကြီးရဲ့ အခြေအနေကို ရအောင်စုံစမ်းပေးပါ့မယ်၊ ဒါထက် မင်းတို့ မောင်နှမနှစ်ယောက်စလုံး

သတိဝီရိယနဲ့ သာ နေကြပါ၊ နောက်ပြီး မြေပုံ တစ်ခြမ်းက ဦးရန်နိုင်ဆီမှာ ရှိတယ်ဆိုတာကို
လဲ ဘယ်သူမှ မသိပါစေနဲ့ ”
“စိတ်ချပါ ဆရာ”
“နောက်ရော ထူးခြားတာတွေ ဘာသိဟာ ရှိသေးလဲ”
“ထိုအခါ သုနောင်က အတန်ကြာအောင်စဉ်းစားနေပြီးမှ …
“တစ်ခါကတော့ ဖေဖေပြောဖူးတယ်၊ ဂူ
ကြီးထဲမှာနာဂတိုင်းရင်းသားတွေ
အစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့ ရှေးဟောင်း
ရတနာပစ္စည်းတွေအပြင် ပလက်တီနမ်တွေ
အပြည့်ရှိတဲ့ တွင်းနက်ကြီးလဲ ရှိတယ်လို့ သိ ရပါတယ်၊ ဒါ့အပြင် ဖေဖေ့ဆီမှာ ရွေခွက် တစ်လုံး ပလက်တီနမ်သတ္တုခဲ တစ်တုံးနဲ့ ကျောက်သွေးခဲတွေပါလာတယ် ဆိုတာ သိရ ပါတယ်၊ အဲဒီပစ္စည်းတွေကိုလဲ အမြတ်တနိုးသိမ်းထားပါတယ်”
“အဲဒီပစ္စည်းတွေကိုတော့ ကြည့်ခွင့်ရရင် ကြည့်ချင်ပါတယ်”
ဟု ဒေါက်တာမင်းထင်ကျော်က ပြောရာ ညဘက် လူရှင်းသောအချိန်တွင် သုနောင်က ဦးဘကျော်သာ၏ အခန်းတွင်းသို့ ခေါ်သွား
လေသည် ။ထိုအခန်းတွင်းသို့ဒေါက်တာမင်းထင်
ကျော်နှင့် ဦးဗန်ကောင်းတို့ နှစ်ယောက်လိုက်သွားကြသည် ။
ထိုအခန်းမှာ အိမ်ကြီး၏ အပေါ်ထပ်၌ ရှိ
ပြီး သီးသန့် အခန်းတစ်ခန်းလည်း ဖြစ်သည်
ထိုအခန်းပြတင်းပေါက်မှ လှမ်းကြည့်လျှင် သစ်တော်ပင်နှင့် လိမ္မော်ပင်စိုက်ခင်းများကို လှမ်းမြင်ရသည် ။
ခြံအလုပ်သမားကတော့ စိုက်ခင်းများအစပ်တွင် တန်းလျားများ နှင့် နေကြလေ သည် ။
သူတို့ လေးယောက် အခန်းတွင်းသို့ ရောက်သောအခါ တံခါးကို . ပြန်ပိတ်ထား လိုက်လေသည် ။
ထို့နောက် သုနောင်က အခန်းနံရံရှိ ဗီရို
တစ်လုံးကို တွန်းရွှေ့လိုက်ရာ နောက်ဘက်၌
အံဝှက်တစ်ခုကို တွေ့ရသည် ။ သုနောင်က
အံဝှက်တံခါးကို ဖွင့်လိုက်ပြီး အတွင်းမှ
သေတ္တာငယ်တစ်လုံးကို ထုတ်ယူလိုက်ကာ
ဒေါက်တာမင်းထင်ကျော်အား ပေးလေသည်
|သေတ္တာမှာ ငွေရောင်သေတ္တာဖြစ်ပြီး အနံ လေးလက်မ၊ အလျားရှစ်လက်မခန့် ရှိလေသည် ။
ဒေါက်တာမင်းထင်ကျော်က အဖုံးကို ဖွင့် လိုက်သောအခါ အတွင်းမှ အရာဝတ္ထုများကိုတွေ့ရသည် ။
ရွှေအိုရောင်သမ်းနေသော ရွှေခွက်ဟောင်းတစ်လုံး၊
အရောင်အဆင်း သိပ်မပေါ်တော့
သည့် ပလက်တီနမ်သတ္တုခဲတစ်တုံး၊ ရွှေအုပ်
ကလေးဖြင့် ထည့်ထားသော အညိုရောင်အခဲ တစ်ခဲ စသည် တို့ ဖြစ်သည် ။။
ဘူမိဗေဒသမားဖြစ်သော ဒေါက်တာမင်း ထင်ကျော်က ပလက်တီနမ် သတ္တုခဲကိုယူ၍ မီးရောင်ဖြင့် ကြည့်သည် ။
တိုင်းရင်းဆေးပညာကို ဝါသနာပါသော ဦးဗန်ကောင်းက ရွှေအုပ်ကလေးဖြင့် ထည့် ထားသည့် အညိုရောင်အခဲကို ယူကြည့်သည် ပွတ်ကြည့်သည် ၊ နမ်းကြည့်သည် ။ ထို့နောက် လျှာဖြင့် တို့ ကြည့်လေသည် ။
အတန်ကြာသောအခါ နှစ်ယောက်စလုံး မျက်နှာပေါ်၌ ကျေနပ်အားရသော အမူအရာ များ ပေါ်လာလေသည် ။

“ဒါဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ပလက်တီနမ်သတ္တုခဲ အစစ်ပဲ”
ထိုအခါ ဦးဗန်ကောင်းကလဲ အားကျမခံပြောလေသည် ။
“ဒီပစ္စည်းကလဲ တခြားဟုတ်ပါရိုးလား၊ လူ တစ်ယောက်ကို ဘာရောဂါမှ မဖြစ်စေဘဲ အသက်ရှည်စေတဲ့ ကျောက်သွေးအစစ်ပဲ” “ဒါဖြင့် ဆရာကြီးဦးဘကျော်သာက ကမ္ဘာ
ပေါ်မှာ အရှားပါးဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်တဲ့
ပလက်တီနမ် သတ္တုခဲတွေနဲ့ ကျောက်သွေး
တွေရှိတဲ့ နေရာကို အမှန်တကယ် ရောက်ခဲ့တာ”
“ဒါကြောင့်လဲဒီအကြောင်းကို
တစ်စွန်းတစ်စ သိသွားကြတော့ သူ့အတွက်
အန္တရာယ်တွေ ဝိုင်းနေတာပေါ့”
ထိုအခါ သုနောင်က ပြောသည် ။
“ဖေဖေ တစ်ခါက ပြောဖူးတယ်၊ အဲဒီ ရတနာတွေရှိတဲ့ ကျောက်ဂူအတွင်းမှ

ာ နာဂ ကြီးတစ်ယောက် အစောင့်ရှိတယ်၊ အဲဒီနာဂ ကြီးက သူတို့ နှစ်ယောက်ကို မှာ လိုက်သေး တယ်၊ နောက်တစ်ကြိမ် သူ့ဆီကိုလာရင် ဒီပစ္စည်းတွေကို အမှတ်အသားတစ်ခုအနေနဲ့ ပြရမယ်လို့ ပြောတယ်၊ ဒီတော့ ဖေဖေတို့
ဆီက ရတနာမြေပုံရလို့ ဂူထဲ ဝင်နိုင် ရင်တောင် … ဒီပစ္စည်းတွေ မပါဘူးဆိုရင် အန္တရာယ်နဲ့ တွေ့မှာ အသေအချာပဲ”
ထိုသို့ ပြောဆိုနေစဉ် အခန်းအပြင်ဘက်မှ ခြေသံလိုလို လှုပ်ရှားမှုအသံ ကြားလိုက်ရသ ဖြင့် ဒေါက်တာမင်းထင်ကျော်က ခါးမှာ ထိုး ထားသော သေနတ်ကို ဖျတ်ခနဲဆွဲထုတ်ကာ တံခါးကိုဖွင့်၍ အပြင်ဘက်သို့ ထွက်လိုက် သည် ။
ထိုအခါ ဝရန်တာဘက်သို့ပြေးသွားသောမည်းမည်းသဏ္ဌာန် တစ်ခုကို ရိပ်ခနဲ လှမ်း
မြင်လိုက်ရသဖြင့် နောက်မှ ပြေးလိုက်သွား
သည် ။ထိုသဏ္ဌာန်ကား အမှောင်ရိပ်ရှိနေသော
ဝရန်တာဘက်သို့ ပြေးသွားပြီး တောင်စွန်း
ရောက်သောအခါ ကျော်၍ အောက်သို့ ခုန်ချ
သွားလေတော့သည် ။
အောက်သို့ရောက်သောအခါ အမှောင်ရိပ် များ ရှိသော သစ်ပင်များကြားသို့ ဝင်ရောက်
ပျောက်ကွယ်သွားလေတော့သည် ။
ထိုအခါမှဒေါက်တာမင်းထင်ကျော်မှာ
နောက်သို့ ပြန်လှည့် လာလေသည် ။
“အခြေအနေက ဘယ်လိုလဲ မောင်ထင်ကျော်”
“ကျွန်တော်တို့တစ်ယောက်ယောက်က
ပြောနေတာကိုချောင်းပြီးနားထောင်သွားတဲ့ ပုံပဲ”

“ဘယ်သူဖြစ်နိုင်သလဲ”
“ဒီအကြောင်းတွေကို တစ်စွန်းတစ်စသိနေ တဲ့ လူတစ်ယောက်ပဲ ဖြစ်မှာ ပေါ့” “ဒီလို ဆိုရင်တော့ ပိုပြီး သတိထားကြရမှာ
ပေါ့”
“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တင် အတွင်းရန်သူ ရှိနေတာ သေချာတယ်။ ဦးဘ ကျော်သာ ခရီးထွက်တဲ့ ကိစ္စလဲ ဒီနည်းနဲ့ ပဲ သူတို့ သိသွားတာ ဖြစ်နိုင်တယ်” “ဒါဖြင့် ကျားကြီးရာဇာဂိုဏ်းနဲ့ ပတ်သက် တဲ့ လူတွေ ဖြစ်နိုင်သလား မောင်ထင်ကျော်”
“ဖြစ်ဖို့ တော့ များ တယ်၊ ဒါပေမဲ့
သေသေချာချာတော့ ပြောလို့မရဘူး၊
အရေးကြီးတာက သူတို့ မောင်နှမအတွက်အန္တရာယ်ရှိနိုင်တယ်၊
သတိထားမှ ဖြစ်မယ်”ကျွန်တော်တို့
ဟု ဒေါက်တာမင်းထင်ကျော်က ပြောလိုက်
ဟုဇင်မာ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့ ထိတ်လန့်မှုများ အထင်းသား ပေါ်နေလေ
သည် ။”ဒါဖြင့် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆရာ”
“အခုလောလောဆယ်တော့ ဒီပစ္စည်းတွေ အရေးကြီးတယ်၊ လုံခြုံတဲ့ နေရာမှာ သိမ်းထားရမယ်၊ ရန်သူတွေနောက်ကို လိုက် သွားတဲ့ တိုင်းလုံတို့ ပြန်လာမှာ ပဲ၊ အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့”
ဟု ပြောကာ အခန်းတွင်းမှ ပြန်ထွက်ခဲ့ကြ
သည် ။ဒေါက်တာမင်းထင်ကျော်မှာ
ထိုညကကောင်းစွာ အိပ်မပျော်ဘဲ ဦးဘကျော်သာတို့ နေရာအကြောင်းကိုရောက်ခဲ့သော
တွေးတောနေရာ အတော်ညဉ့်နက်မှအိပ်ပျော်သွားလေတော့သည် ။

ထိုသို့ အိပ်ပျော်သွားစဉ် နားထဲမှာ ခြေသံ လိုလို ကြားလာရသည် ။ ခြေသံက တဖြည်းဖြည်းနှင့် နီးလာသဖြင့် မျက်စိဖွင့် ကြည့် လိုက်လေသည် ။
ခေါင်းအုံးနံဘေးမှာ ချထားသော သေနတ် ကို လက်ဖြင့် စမ်းကြည့်လိုက်သည် ။ လူက လှုပ်မရတော့ပေ။
ခြေသံက အပေါ်ထပ်သို့ ရောက်လာကြ လေသည် ။ လှမ်းကြည့်လိုက်တော့ အမှောင် ထဲမှာ တရွေ့ရွေ့လာနေသော မည်းမည်း သဏ္ဌာန် သုံးယောက်ကို လှမ်းမြင်ရသည် ။ ထိုသဏ္ဌာန်များက သူရှိရာသို့ လာနေကြ ဒေါက်တာ မင်းထင်ကျော်ကသည်
သေနတ်ကို အရေးတကြီး လက်ဖြင့်စမ်း
သော်လည်း မရတော့ပေ။
လူမည်းကြီးသုံးယောက်က အနားသို့ ရောက်လာကြသည် ။ လူမည်းကြီးများမှာ

အမွေးရှည်များ ဖြင့် ကြောက်မက်ဖွယ်ရာမျက်နှာသွင်ပြင်မျိုး ရှိကြလေသည် ။
အနားရောက်တော့တစ်ယောက်က အသံသြသြကြီးဖြင့် ပြောသည် ။
“မင်းတို့ ငါတို့ နေရာကိုလာဖို့ ကြိုးစားနေ
တယ် မဟုတ်လား၊ ငါတို့ သဘောမတူဘဲ
လာရင်တော့ အားလုံး သေကုန်မှာ ပဲ၊ တစ်ခု
တော့ရှိတယ်၊ ငါတို့ နဲ့ မိတ်ဆွေဖွဲ့ရလိမ့်မယ်”
“ဘယ်လိုဖွဲ့ရမှာ လဲ”
“လူမျက်နှာတောင် ရောက်တဲ့ အခါ လူအ
ရှင်လတ်လတ် သုံးယောက်ကို ယစ်ပူဇော်
ပေးရမယ်”ထိုစကားကြားသောအခါ ဒေါက်တာမင်း
ထင်ကျော်မှာ လန့်သွားလေသည် ။
ဘယ်လို ပြန်ပြောရမှန်းလည်း မသိတော့
“ဒီလိုမလုပ်ဘူး ဆိုရင်တော့ အားလုံး သေမှာပဲ။
“ဒါ.. ဒါထက် ဘယ်နေရာမှာ လုပ်ရမှာ
“လူမျက်နှာတောင်ရဲ့ ထိပ်မှာ ရှေးက နာဂ တွေ ယစ်ပူဇော်တဲ့ နေရာ ရှိတယ်၊ အဲဒီ နေရာမှာ လုပ်ပေးရမယ်။

“အဲဒီလိုလုပ်ပေးရင် ဘယ်လိုအကျိုး ရှိမလဲ။
“မင်းတို့လိုချင်တဲ့ ပစ္စည်းတွေ ရသင့် သလောက် ရမယ်၊ ဒီလိုမှ မလုပ်ရင်တော့ လာသမျှလူတွေကို တစ်ယောက်ပြီးတစ်
ယောက် သတ်စားပစ်မယ် ”
ဟု ပြောကာ နေရာမှ ပြန်လှည့်သွားကြလေသည် ။
ထိုအခါမှာဒေါက်တာမင်းထင်ကျော်
လည်း အိပ်ရာမှ လန့်နိုး လာလေတော့သည်

မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းတွင်း
မှာ ဘာမှ မရှိပေ။ ဒေါက်တာမင်းထင်ကျော် က စိတ်မကောင်းသဖြင့် နေရာမှ ထကာ

ပြတင်းပေါက်မှ အပြင်သို့ မျှော်ကြည့်လိုက် သောအခါ သစ်ပင်ရိပ်များကြားမှ အပြင် ဘက်သို့ထွက်သွားသော အရိပ်မည်းကြီး သုံး ယောက်ကို လှမ်းမြင်ရလေသည် ။

Zawgyi Version

” အရိပ္မည္းသုံးေယာက္ ”(စ/ဆံုး)
—————————————–
ဦးဘေက်ာ္သာသည္ ဘူမိေဗဒ အရာရွိ ဘဝမွ အၿငိမ္းစား ယူခဲ့ၿပီးေနာက္ နန္းၿမိဳ႕ၿမိဳ႕
သို႔ ေရာက္ေနခဲ့သည္ မွာ ႏွစ္အတန္ၾကာခဲ့ေပၿပီ။သူသည္ အလုပ္မွသည့္ေနာက္
ရခိုင္သို႔မျပန္ဘဲပင္စင္ယူၿပီးနာဂေတာင္တန္းဘက္၌ ဆက္လက္ ေနထိုင္ခဲ့ရ
သည္ မွာ အဓိကအေၾကာင္း ရွိေပသည္ ။
ထိုအေၾကာင္းကေတာ့ လူမ်က္ႏွာေတာင္ သို႔ တစ္ေခါက္သြားကာ ေ႐ႊျဖဴ ဟု ေခၚေသာ

ပလက္တီနမ္ သတၱဳမ်ား သြားေရာက္ရွာေဖြ ရန္အတြက္ ျဖစ္ေပသည္ ။
ထိုေနရာသို႔သြားရန္ ေျမပုံကလည္း ရွိေပ သည္ ။ ေျမပုံက သူ႔ထံမွာ တစ္ျခမ္း၊ သူႏွင့္ ခရီးသြားေဖာ္ ဦးရန္ႏိုင္ဆီမွာ တစ္ျခမ္းရွိ ေလသည္ ။ဦးရန္ႏိုင္တို႔ မွာ လည္း မေဝးလွေသာ
ေနရာ၌ ရွိၾကေလသည္ ။ ၎ကလည္း
အခါအခြင့္ သင့္ပါက ဦးဘေက်ာ္သာႏွင့္အတူ
ပူးေပါင္းကာ လူမ်က္ႏွာေတာင္ရွိရာသို႔ တစ္ ေခါက္သြားရန္ ရည္မွန္းထားသူ ျဖစ္ေပသည္
“ေဖေဖ့ဆီမွာ ရတနာေျမပုံရွိတယ္ဆိုတာ
က်ားႀကီးရာဇဂိုဏ္းက က်ားႀကီးက သိထား တယ္၊ ဒါေၾကာင့္ နည္းအမ်ိဳးမ်ိဳးနဲ႔ ရေအာင္
ႀကံစည္ေနတာပဲ၊ အခုေတာ့
အႀကံအစည္ ေအာင္ျမင္သြားၿပီေပါ့”
သူတို႔နန္းၿမိဳ႕၌ ရွိေသာ ဦးဘေက်ာ္သာ၏ ေနအိမ္သို႔ ေရာက္ေသာအခါ သုေနာင္က
အေျခအေနကို ေျပာျပေလသည္ ။
သုေနာင္ႏွင့္ … ဇင္မာတို႔ေမာင္ႏွမႏွစ္
ေယာက္မွာ မိခင္ မရွိေတာ့ဘဲ ဖခင္ႀကီးကို
အားကိုးေနၾကရာ ယခု ဖခင္ႀကီးက ေပ်ာက္
ေနေသာေၾကာင့္ မ်ား စြာ စိုးရိမ္ေသာက
ေရာက္ေနၾကရရွာသည္ ။
“ဒါထက္ ဆရာႀကီးဆီမွာ ရတနာေျမပုံ ရွိ
တယ္ဆိုတာ က်ားႀကီးတို႔ က ဘယ္ပုံဘယ္
နည္း သိသြားတာလဲ”က
“ေဖေဖ အရာရွိဘဝတုန္းက သူနဲ႔ အတူ လိုက္ဖူးတဲ့ လူအခ်ိဳ႕ က်ားႀကီးဆီမွာ ေရာက္ ေနၾကတယ္၊ အဲဒီက သိရတာပါ”
“ဒါထက္ ေျမပုံတစ္ျခမ္းက ဦးရန္ႏိုင္ဆီမွာ ရွိေနတယ္ဆိုတာေရာ သူတို႔ သိၿပီလား”
“မသိေသးဘူးထင္တယ္”

“မသိတာ ေကာင္းတယ္၊ တကယ္လို႔ သိ သြားရင္ ဦးရန္ႏိုင္အတြက္ပါ အႏၲရာယ္ မ ကင္းလွဘူး၊ ဒါထက္ ဦးရန္ႏိုင္က ဘယ္ ေနရာမွာ ေနတာလဲ”
“ထ႐ုံေခ်ာင္း နံေဘးက နမ္းမားစခန္းမွာ
ေနတယ္၊ ထင္းရႉးၿမိဳင္လို႔ အမည္ေပးထား
တယ္၊ သူတို႔ ေနတဲ့ ေနရာက ပန္ေဆာက္နဲ႔(၅)မိုင္ေလာက္ ေဝးတယ္”
“အခု ဆရာႀကီးကို ဖမ္းမိသြားၿပီဆိုေတာ့ က်န္တဲ့ ေျမပုံတစ္ျခမ္း ဘယ္မွာ ရွိတယ္ဆို
မရရေအာင္စစ္မွာေသခ်ာတယ္၊
တကယ္လို႔ မေျပာဘဲေနရင္ ေလာေလာဆယ္
ဆရာႀကီးကိုေတာ့ သတ္ပစ္မယ္ မဟုတ္ဘူး ၊
ငါ့အထင္ေျပာရရင္ ရန္သူရဲ႕ ျမားဦးက မင္း
တို႔ ေမာင္ႏွမဘက္ကို လွည့္လာမွာ ေသခ်ာ တယ္၊ မင္းတို႔ ႏွစ္ေယာက္ကို ဖမ္းၿပီး
အက်ပ္ကိုင္လိမ့္မယ္”

“ဒါျဖင့္ ဘယ္လိုလုပ္ရမလဲ ဆရာ” “သိပ္ေတာ့ မစိုးရိမ္ပါနဲ႔ ၊ အခု ဆရာတို႔ အဖြဲ႕လဲ ေရာက္ လာၿပီဆိုေတာ့ အကူအညီ ေပးပါ့မယ္၊ အခုဆိုရင္ ဂ်စ္ကားဒ႐ိုင္ဘာကို သတ္သြားတဲ့ လူဆိုးေတြေနာက္ကို လိုက္ဖို႔ အဖြဲ႕က လူေတြကို လႊတ္လိုက္ပါၿပီ” ထိုစကားၾကားေသာအခါ သုေနာင္ႏွင့္ ဇင္ မာတို႔ ေမာင္ႏွမႏွစ္ေယာက္၏ မ်က္ႏွာမွာ အတန္ငယ္ စိတ္သက္သာရာ ရသြားဟန္ ရွိ ေလသည္ ။
“ဆရာ ေရာက္လာတာ ကြၽန္မျဖင့္ သိပ္ၿပီး အားရတာပဲ၊ ေဖေဖ ဒုကၡေရာက္ေနတဲ့ အခ်ိန္ မွာ အခုလို ေရာက္လာေတာ့ အားကိုးရတာေပါ့”
“ဘာမွ စိတ္မပူပါနဲ႔၊ ဆရာႀကီးရဲ႕ အေျခအေနကို ရေအာင္စုံစမ္းေပးပါ့မယ္၊ ဒါထက္ မင္းတို႔ ေမာင္ႏွမႏွစ္ေယာက္စလုံး

သတိဝီရိယနဲ႔ သာ ေနၾကပါ၊ ေနာက္ၿပီး ေျမပုံ တစ္ျခမ္းက ဦးရန္ႏိုင္ဆီမွာ ရွိတယ္ဆိုတာကို
လဲ ဘယ္သူမွ မသိပါေစနဲ႔ ”
“စိတ္ခ်ပါ ဆရာ”
“ေနာက္ေရာ ထူးျခားတာေတြ ဘာသိဟာ ရွိေသးလဲ”
“ထိုအခါ သုေနာင္က အတန္ၾကာေအာင္စဥ္းစားေနၿပီးမွ …
“တစ္ခါကေတာ့ ေဖေဖေျပာဖူးတယ္၊ ဂူ
ႀကီးထဲမွာနာဂတိုင္းရင္းသားေတြ
အစဥ္အဆက္ ပိုင္ဆိုင္ခဲ့တဲ့ ေရွးေဟာင္း
ရတနာပစၥည္းေတြအျပင္ ပလက္တီနမ္ေတြ
အျပည့္ရွိတဲ့ တြင္းနက္ႀကီးလဲ ရွိတယ္လို႔ သိ ရပါတယ္၊ ဒါ့အျပင္ ေဖေဖ့ဆီမွာ ေ႐ြခြက္ တစ္လုံး ပလက္တီနမ္သတၱဳခဲ တစ္တုံးနဲ႔ ေက်ာက္ေသြးခဲေတြပါလာတယ္ ဆိုတာ သိရ ပါတယ္၊ အဲဒီပစၥည္းေတြကိုလဲ အျမတ္တႏိုးသိမ္းထားပါတယ္”
“အဲဒီပစၥည္းေတြကိုေတာ့ ၾကည့္ခြင့္ရရင္ ၾကည့္ခ်င္ပါတယ္”
ဟု ေဒါက္တာမင္းထင္ေက်ာ္က ေျပာရာ ညဘက္ လူရွင္းေသာအခ်ိန္တြင္ သုေနာင္က ဦးဘေက်ာ္သာ၏ အခန္းတြင္းသို႔ ေခၚသြား
ေလသည္ ။ထိုအခန္းတြင္းသို႔ေဒါက္တာမင္းထင္
ေက်ာ္ႏွင့္ ဦးဗန္ေကာင္းတို႔ ႏွစ္ေယာက္လိုက္သြားၾကသည္ ။
ထိုအခန္းမွာ အိမ္ႀကီး၏ အေပၚထပ္၌ ရွိ
ၿပီး သီးသန႔္ အခန္းတစ္ခန္းလည္း ျဖစ္သည္
ထိုအခန္းျပတင္းေပါက္မွ လွမ္းၾကည့္လွ်င္ သစ္ေတာ္ပင္ႏွင့္ လိေမၼာ္ပင္စိုက္ခင္းမ်ားကို လွမ္းျမင္ရသည္ ။
ၿခံအလုပ္သမားကေတာ့ စိုက္ခင္းမ်ားအစပ္တြင္ တန္းလ်ားမ်ား ႏွင့္ ေနၾကေလ သည္ ။
သူတို႔ ေလးေယာက္ အခန္းတြင္းသို႔ ေရာက္ေသာအခါ တံခါးကို . ျပန္ပိတ္ထား လိုက္ေလသည္ ။
ထို႔ေနာက္ သုေနာင္က အခန္းနံရံရွိ ဗီ႐ို
တစ္လုံးကို တြန္းေ႐ႊ႕လိုက္ရာ ေနာက္ဘက္၌
အံဝွက္တစ္ခုကို ေတြ႕ရသည္ ။ သုေနာင္က
အံဝွက္တံခါးကို ဖြင့္လိုက္ၿပီး အတြင္းမွ
ေသတၱာငယ္တစ္လုံးကို ထုတ္ယူလိုက္ကာ
ေဒါက္တာမင္းထင္ေက်ာ္အား ေပးေလသည္
|ေသတၱာမွာ ေငြေရာင္ေသတၱာျဖစ္ၿပီး အနံ ေလးလက္မ၊ အလ်ားရွစ္လက္မခန႔္ ရွိေလသည္ ။
ေဒါက္တာမင္းထင္ေက်ာ္က အဖုံးကို ဖြင့္ လိုက္ေသာအခါ အတြင္းမွ အရာဝတၳဳမ်ားကိုေတြ႕ရသည္ ။
ေ႐ႊအိုေရာင္သမ္းေနေသာ ေ႐ႊခြက္ေဟာင္းတစ္လုံး၊
အေရာင္အဆင္း သိပ္မေပၚေတာ့
သည့္ ပလက္တီနမ္သတၱဳခဲတစ္တုံး၊ ေ႐ႊအုပ္
ကေလးျဖင့္ ထည့္ထားေသာ အညိဳေရာင္အခဲ တစ္ခဲ စသည္ တို႔ ျဖစ္သည္ ။။
ဘူမိေဗဒသမားျဖစ္ေသာ ေဒါက္တာမင္း ထင္ေက်ာ္က ပလက္တီနမ္ သတၱဳခဲကိုယူ၍ မီးေရာင္ျဖင့္ ၾကည့္သည္ ။
တိုင္းရင္းေဆးပညာကို ဝါသနာပါေသာ ဦးဗန္ေကာင္းက ေ႐ႊအုပ္ကေလးျဖင့္ ထည့္ ထားသည့္ အညိဳေရာင္အခဲကို ယူၾကည့္သည္ ပြတ္ၾကည့္သည္ ၊ နမ္းၾကည့္သည္ ။ ထို႔ေနာက္ လွ်ာျဖင့္ တို႔ ၾကည့္ေလသည္ ။
အတန္ၾကာေသာအခါ ႏွစ္ေယာက္စလုံး မ်က္ႏွာေပၚ၌ ေက်နပ္အားရေသာ အမူအရာ မ်ား ေပၚလာေလသည္ ။

“ဒါဟာ ကမာၻေပၚမွာ အရွားပါးဆုံးနဲ႔ တန္ဖိုးအရွိဆုံး ျဖစ္တဲ့ ပလက္တီနမ္သတၱဳခဲ အစစ္ပဲ”
ထိုအခါ ဦးဗန္ေကာင္းကလဲ အားက်မခံေျပာေလသည္ ။
“ဒီပစၥည္းကလဲ တျခားဟုတ္ပါ႐ိုးလား၊ လူ တစ္ေယာက္ကို ဘာေရာဂါမွ မျဖစ္ေစဘဲ အသက္ရွည္ေစတဲ့ ေက်ာက္ေသြးအစစ္ပဲ” “ဒါျဖင့္ ဆရာႀကီးဦးဘေက်ာ္သာက ကမာၻ
ေပၚမွာ အရွားပါးဆုံး၊ တန္ဖိုးအရွိဆုံးျဖစ္တဲ့
ပလက္တီနမ္ သတၱဳခဲေတြနဲ႔ ေက်ာက္ေသြး
ေတြရွိတဲ့ ေနရာကို အမွန္တကယ္ ေရာက္ခဲ့တာ”
“ဒါေၾကာင့္လဲဒီအေၾကာင္းကို
တစ္စြန္းတစ္စ သိသြားၾကေတာ့ သူ႔အတြက္
အႏၲရာယ္ေတြ ဝိုင္းေနတာေပါ့”
ထိုအခါ သုေနာင္က ေျပာသည္ ။
“ေဖေဖ တစ္ခါက ေျပာဖူးတယ္၊ အဲဒီ ရတနာေတြရွိတဲ့ ေက်ာက္ဂူအတြင္းမွ

ာ နာဂ ႀကီးတစ္ေယာက္ အေစာင့္ရွိတယ္၊ အဲဒီနာဂ ႀကီးက သူတို႔ ႏွစ္ေယာက္ကို မွာ လိုက္ေသး တယ္၊ ေနာက္တစ္ႀကိမ္ သူ႔ဆီကိုလာရင္ ဒီပစၥည္းေတြကို အမွတ္အသားတစ္ခုအေနနဲ႔ ျပရမယ္လို႔ ေျပာတယ္၊ ဒီေတာ့ ေဖေဖတို႔
ဆီက ရတနာေျမပုံရလို႔ ဂူထဲ ဝင္ႏိုင္ ရင္ေတာင္ … ဒီပစၥည္းေတြ မပါဘူးဆိုရင္ အႏၲရာယ္နဲ႔ ေတြ႕မွာ အေသအခ်ာပဲ”
ထိုသို႔ ေျပာဆိုေနစဥ္ အခန္းအျပင္ဘက္မွ ေျခသံလိုလို လႈပ္ရွားမႈအသံ ၾကားလိုက္ရသ ျဖင့္ ေဒါက္တာမင္းထင္ေက်ာ္က ခါးမွာ ထိုး ထားေသာ ေသနတ္ကို ဖ်တ္ခနဲဆြဲထုတ္ကာ တံခါးကိုဖြင့္၍ အျပင္ဘက္သို႔ ထြက္လိုက္ သည္ ။
ထိုအခါ ဝရန္တာဘက္သို႔ေျပးသြားေသာမည္းမည္းသဏၭာန္ တစ္ခုကို ရိပ္ခနဲ လွမ္း
ျမင္လိုက္ရသျဖင့္ ေနာက္မွ ေျပးလိုက္သြား
သည္ ။ထိုသဏၭာန္ကား အေမွာင္ရိပ္ရွိေနေသာ
ဝရန္တာဘက္သို႔ ေျပးသြားၿပီး ေတာင္စြန္း
ေရာက္ေသာအခါ ေက်ာ္၍ ေအာက္သို႔ ခုန္ခ်
သြားေလေတာ့သည္ ။
ေအာက္သို႔ေရာက္ေသာအခါ အေမွာင္ရိပ္ မ်ား ရွိေသာ သစ္ပင္မ်ားၾကားသို႔ ဝင္ေရာက္
ေပ်ာက္ကြယ္သြားေလေတာ့သည္ ။
ထိုအခါမွေဒါက္တာမင္းထင္ေက်ာ္မွာ
ေနာက္သို႔ ျပန္လွည့္ လာေလသည္ ။
“အေျခအေနက ဘယ္လိုလဲ ေမာင္ထင္ေက်ာ္”
“ကြၽန္ေတာ္တို႔တစ္ေယာက္ေယာက္က
ေျပာေနတာကိုေခ်ာင္းၿပီးနားေထာင္သြားတဲ့ ပုံပဲ”

“ဘယ္သူျဖစ္ႏိုင္သလဲ”
“ဒီအေၾကာင္းေတြကို တစ္စြန္းတစ္စသိေန တဲ့ လူတစ္ေယာက္ပဲ ျဖစ္မွာ ေပါ့” “ဒီလို ဆိုရင္ေတာ့ ပိုၿပီး သတိထားၾကရမွာ
ေပါ့”
“ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ တင္ အတြင္းရန္သူ ရွိေနတာ ေသခ်ာတယ္။ ဦးဘ ေက်ာ္သာ ခရီးထြက္တဲ့ ကိစၥလဲ ဒီနည္းနဲ႔ ပဲ သူတို႔ သိသြားတာ ျဖစ္ႏိုင္တယ္” “ဒါျဖင့္ က်ားႀကီးရာဇာဂိုဏ္းနဲ႔ ပတ္သက္ တဲ့ လူေတြ ျဖစ္ႏိုင္သလား ေမာင္ထင္ေက်ာ္”
“ျဖစ္ဖို႔ ေတာ့ မ်ား တယ္၊ ဒါေပမဲ့
ေသေသခ်ာခ်ာေတာ့ ေျပာလို႔မရဘူး၊
အေရးႀကီးတာက သူတို႔ ေမာင္ႏွမအတြက္အႏၲရာယ္ရွိႏိုင္တယ္၊
သတိထားမွ ျဖစ္မယ္”ကြၽန္ေတာ္တို႔
ဟု ေဒါက္တာမင္းထင္ေက်ာ္က ေျပာလိုက္
ဟုဇင္မာ၏ မ်က္ႏွာေပၚမွာ ေၾကာက္႐ြံ႕ ထိတ္လန႔္မႈမ်ား အထင္းသား ေပၚေနေလ
သည္ ။”ဒါျဖင့္ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ရမလဲဆရာ”
“အခုေလာေလာဆယ္ေတာ့ ဒီပစၥည္းေတြ အေရးႀကီးတယ္၊ လုံၿခဳံတဲ့ ေနရာမွာ သိမ္းထားရမယ္၊ ရန္သူေတြေနာက္ကို လိုက္ သြားတဲ့ တိုင္းလုံတို႔ ျပန္လာမွာ ပဲ၊ အေျခအေနၾကည့္ၿပီး လုပ္ၾကတာေပါ့”
ဟု ေျပာကာ အခန္းတြင္းမွ ျပန္ထြက္ခဲ့ၾက
သည္ ။ေဒါက္တာမင္းထင္ေက်ာ္မွာ
ထိုညကေကာင္းစြာ အိပ္မေပ်ာ္ဘဲ ဦးဘေက်ာ္သာတို႔ ေနရာအေၾကာင္းကိုေရာက္ခဲ့ေသာ
ေတြးေတာေနရာ အေတာ္ညဥ့္နက္မွအိပ္ေပ်ာ္သြားေလေတာ့သည္ ။

ထိုသို႔ အိပ္ေပ်ာ္သြားစဥ္ နားထဲမွာ ေျခသံ လိုလို ၾကားလာရသည္ ။ ေျခသံက တျဖည္းျဖည္းႏွင့္ နီးလာသျဖင့္ မ်က္စိဖြင့္ ၾကည့္ လိုက္ေလသည္ ။
ေခါင္းအုံးနံေဘးမွာ ခ်ထားေသာ ေသနတ္ ကို လက္ျဖင့္ စမ္းၾကည့္လိုက္သည္ ။ လူက လႈပ္မရေတာ့ေပ။
ေျခသံက အေပၚထပ္သို႔ ေရာက္လာၾက ေလသည္ ။ လွမ္းၾကည့္လိုက္ေတာ့ အေမွာင္ ထဲမွာ တေ႐ြ႕ေ႐ြ႕လာေနေသာ မည္းမည္း သဏၭာန္ သုံးေယာက္ကို လွမ္းျမင္ရသည္ ။ ထိုသဏၭာန္မ်ားက သူရွိရာသို႔ လာေနၾက ေဒါက္တာ မင္းထင္ေက်ာ္ကသည္
ေသနတ္ကို အေရးတႀကီး လက္ျဖင့္စမ္း
ေသာ္လည္း မရေတာ့ေပ။
လူမည္းႀကီးသုံးေယာက္က အနားသို႔ ေရာက္လာၾကသည္ ။ လူမည္းႀကီးမ်ားမွာ

အေမြးရွည္မ်ား ျဖင့္ ေၾကာက္မက္ဖြယ္ရာမ်က္ႏွာသြင္ျပင္မ်ိဳး ရွိၾကေလသည္ ။
အနားေရာက္ေတာ့တစ္ေယာက္က အသံၾသၾသႀကီးျဖင့္ ေျပာသည္ ။
“မင္းတို႔ ငါတို႔ ေနရာကိုလာဖို႔ ႀကိဳးစားေန
တယ္ မဟုတ္လား၊ ငါတို႔ သေဘာမတူဘဲ
လာရင္ေတာ့ အားလုံး ေသကုန္မွာ ပဲ၊ တစ္ခု
ေတာ့ရွိတယ္၊ ငါတို႔ နဲ႔ မိတ္ေဆြဖြဲ႕ရလိမ့္မယ္”
“ဘယ္လိုဖြဲ႕ရမွာ လဲ”
“လူမ်က္ႏွာေတာင္ ေရာက္တဲ့ အခါ လူအ
ရွင္လတ္လတ္ သုံးေယာက္ကို ယစ္ပူေဇာ္
ေပးရမယ္”ထိုစကားၾကားေသာအခါ ေဒါက္တာမင္း
ထင္ေက်ာ္မွာ လန႔္သြားေလသည္ ။
ဘယ္လို ျပန္ေျပာရမွန္းလည္း မသိေတာ့
“ဒီလိုမလုပ္ဘူး ဆိုရင္ေတာ့ အားလုံး ေသမွာပဲ။
“ဒါ.. ဒါထက္ ဘယ္ေနရာမွာ လုပ္ရမွာ
“လူမ်က္ႏွာေတာင္ရဲ႕ ထိပ္မွာ ေရွးက နာဂ ေတြ ယစ္ပူေဇာ္တဲ့ ေနရာ ရွိတယ္၊ အဲဒီ ေနရာမွာ လုပ္ေပးရမယ္။

“အဲဒီလိုလုပ္ေပးရင္ ဘယ္လိုအက်ိဳး ရွိမလဲ။
“မင္းတို႔လိုခ်င္တဲ့ ပစၥည္းေတြ ရသင့္ သေလာက္ ရမယ္၊ ဒီလိုမွ မလုပ္ရင္ေတာ့ လာသမွ်လူေတြကို တစ္ေယာက္ၿပီးတစ္
ေယာက္ သတ္စားပစ္မယ္ ”
ဟု ေျပာကာ ေနရာမွ ျပန္လွည့္သြားၾကေလသည္ ။
ထိုအခါမွာေဒါက္တာမင္းထင္ေက်ာ္
လည္း အိပ္ရာမွ လန႔္ႏိုး လာေလေတာ့သည္

မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အခန္းတြင္း
မွာ ဘာမွ မရွိေပ။ ေဒါက္တာမင္းထင္ေက်ာ္ က စိတ္မေကာင္းသျဖင့္ ေနရာမွ ထကာ

ျပတင္းေပါက္မွ အျပင္သို႔ ေမွ်ာ္ၾကည့္လိုက္ ေသာအခါ သစ္ပင္ရိပ္မ်ားၾကားမွ အျပင္ ဘက္သို႔ထြက္သြားေသာ အရိပ္မည္းႀကီး သုံး ေယာက္ကို လွမ္းျမင္ရေလသည္ ။