မိုင်းဖုန်းဆရာတော်ရဲ့တန်ခိုး(စ/ဆုံး)

Unicode Version

မိုင်းဖုန်းဆရာတော်ရဲ့တန်ခိုး(စ/ဆုံး)
—————————————-
မိမိတို့တိုင်းပြည်တွင်ဗုဒ္ဓဘာသာထွန်းကားသည့်အလျှောက်တန်ခိုးကြီးသော

ဆရာတော်ကြီးများဝိဇ္ဇာပုဂ္ဂိုလ်ထူးများမြေရှောက်ဘိုးတော်များသူတော်စင်သူတော်မြတ်များအများအပြားရှိနေသည့်အနက်ကိုယ်နှင့်ပဋ္ဌာန်းဆက်ရှိရာ

ရေစက်ရှိရာရာပုဂ္ဂိုလ်ထူးများနှင့်ဆရာတော်ကြီးများအားလူတိုင်းနီးပါးဖူးတွေ့ကြရမှာဧကန်မလွဲပါပဲအဲဒီလိုဖူးတွေ့ကြရာမှာလဲလူသိများသော

ဆရာတော်ကြီးများရှိသလိုလူသိပ်မသိသောမထင်မရှားတန်ခိုးကြီးသည့်ဆရာတော်ကြီးများလဲနေရာအနှံအပြားတွင်ရှိနေကြပါသည်

ကံကောင်း၍ဖူးခွင့်ရသည်ဆိုပါကလည်းယုံကြည်လေးစားမှု့သဒ္ဒါတရားကောင်းမှု့များနှင့်ငါးပါးသီလမြဲသူတို့အားဘယ်လိုပုဂ္ဂိုလ်မျိူ းမဆိုစောင့်ရှောက်တတ်ကြပါတယ်

အပြင်တွင်မဖူးဘူးပေမဲ့ဆရာတော်ကြီးများဓတ်ပုံကိုယုံကြည်စွာကိုးကွယ်ကြသည့်ဘုရားတရားမြဲသူတို့ကို

အဲဒီဆရာတော်ကြီးများကလက်တွေ့ပြန်လည်ကူညီစောင့်ရှောက်သည့်အကြောင်းကိုလဲကြားဖူးကြမှာပါ

တချို့လဲခရီးသွားရင်းဖြင့်မထင်မှတ်ပဲပုဂ္ဂိုလ်ထူးများတန်ခိုးကြီးသောဆရာတော်ကြီးများအား

တိုက်ဆိုင်စွာဖူးခွင့်ရခဲ့သလိုဆွမ်းကပ်ခွင့်ပါရခဲ့တဲ့ကံထူးသူများလည်းရှိခဲ့ပါသည်။

တချို့လဲအသက်ဘေးမှကယ်ပေးလိုက်သည့်ဆရာတော်ကြီးများပုဂ္ဂိုလ်ထူးများနှင့်လဲကြုံခဲ့သည်သာဓကများစွာလဲရှိနေပြန်ရာ

မထင်မရှားရောထင်ထင်ရှားရှားပါဖူးတွေ့ခွင့်ကြုံနေရသည့်မိမိတို့အဖြစ်အားအလွန်ကံကောင်းသည်ဟုဆိုရမည်ဖြစ်ပါသည်။

ယခုလဲမိုင်းဖုန်းဆရာတော်အားကြည်ညိုလေးစားသူတစ်ယောက်၏ကိုယ့်တွေ့အဖြစ်အပျက်အားတင်ပြထားပါသည်။

မန္တလေးတိုင်းမြင်းခြံခရိုင်အတွင်းမှာရှိသောတောင်သာမြို့ကလေးတွင်နေထိုင်သည့်ခမ်းရွှေဟော်ဆိုသော

ဘွဲ့ရခေတ်ပညာတတ်လူငယ်ကလေးတစ်ယောက်သည်ဘုရားတရားအလုပ်ကိုငယ်စဉ်ကထဲကလေးလေးစားစားလုပ်သည်။

ဒီနေရာမှာတစ်ခုပြောချင်တာကလူတစ်ယောက်ရဲ့မွေးရာပါဗီဇကိုဖျောက်ဖျက်ပစ်ဘို့ဆိုတာသိပ်တော့လွယ်ကူလှသည့်အလုပ်မဟုတ်ပါ

ဘုန်းကြီးဖြစ်မည့်သူကမွေးကထဲကဘုရားတရားစိတ်ဝင်စားကာလူမိုက်ဖြစ်မည့်သူကမွေးကထဲကလူသတ်လက်နက်စိတ်ဝင်စားသလိုပါပဲ

သူ့ဗီဇနှင့်သူလာတာဆိုတော့အတင်းတိုက်တွန်းခိုင်း၍ရမည်မထင်ပါ

ခမ်းရွှေဟော်လဲမွေရာပါဗီဇအရယာဉ်ကျေးလိမ္မာ၏မိုင်းဖုန်းဆရာတော်အားကိုးကွယ်လာသည်မှာ၁၀နှစ်ကျော်ကာလရှိပြီဖြစ်ကာ

မိုင်းဖုန်းဆရာတော်၏ထူးခြားချက်များကိုလက်ဆင့်ကမ်းဝေမျှပေးလိုက်ခြင်းဖြစ်သည်။

ခမ်းရွှေဟော်ကလူငယ်ပေမဲ့ဘာသာတရားအလေးထားသည်စိတ်စေတနာကောင်းမွန်၏

သူတော်ကောင်းစိတ်မွေး၏ဘယ်အရာမဆိုအလေးအနက်ထားကာလုပ်ဆောင်လေ့ရှိသည်။

မြတ်စွာဘုရားအားဆွမ်းပန်းရေချမ်းမပြတ်ကပ်လူ ၏ညစဉ်ဘုရားရှိခိုး၏

ဘုရားတရားအလုပ်ကိုသက်ဝင်ယုံကြည်သည်ကံငါးပါးအားအတတ်နိုင်ဆုံးလုံအောင်ထိန်းသည်။

တစ်နေ့တွင်လားရှို့မြို့သို့မိုင်းဖုန်းဆရာတော်ကြီးကြွလာသည်ကိုအလွန်ဖူးချင်စိတ်ဖြစ်သဖြင့်သွားဖူးဖြစ်၏

ဆရာတော်ကိုဖူးရန်ရောက်လာကြသည့်လူတွေကလဲများလှပေသည်ခမ်းရွှေဟော်လဲဆရာတော်အားလေးလေးစားစားအာရုံပြုကာဖူးလိုက်သည်။

ထူးဆန်းသည်ပဲပြောရမလားဆရာတော်ကြီးသည်လူအများကြီးထဲကမှခမ်းရွှေဟော်အားရေခွက်တစ်ခွက်ထဲသို့သူကိုယ်တိုင်ရေထည့်ကာတိုက်၏

ဘာစကားမှတော့မပြောပါသူတော်ကောင်းတို့မည်သည်မလိုအပ်ပဲနှင့်စကားများများပြောလေ့မရှိတတ်ပေ

ခမ်းရွှေဟော်လဲဆရာတော်ကြီးတိုက်သောရေကိုဝမ်းသာအားရသောက်လိုက်၏

ဆရာတော်ကိုလဲအလွန်ကြည်ညှိလှသဖြင့်ဆရာတော်၏မေတ္တာဓတ်ကိုခံယူပါ၏ဟုလျှောက်ခဲ့ပါသည်။

အဲဒီနောက်ပိုင်းဆရာတော်ဓတ်ပုံအားမှန်ဘောင်သွင်း၍အိမ်ရှိဘုရားခန်းတွင်ထားကာပူဇော်ကိုးကွယ်ထား၏

မြတ်စွာဘုရားအားဆွမ်းပန်းရေချမ်းဆီမီးနံ့သာကပ်လူ ပူဇော်တိုင်းလဲမိုင်းဖုန်းဆရာတော်ကြီးလဲကပ်လူ ပူဇော်၏

ထိုသို့ပူဇော်ရာတွင်လည်းစေတနာသဒ္ဒါတရားအလွန်ထက်သန်လှ၏

ညဘက်များတွင်အမွေးနံ့သာကပ်ရန်အတွက်သနပ်ခါးအစစ်တုံးများကိုခွဲချမ်းစိတ်ဖြာ၍နံ့သာမီခိုးငွေ့အဖြစ်ပူဇော်သည်

မြတ်စွာဘုရားနှင့်ဆရာတော်ရှေ့တွင်ငွေဖလားထဲရေထည့်ကာမျက်နှာသစ်တော်ရေလဲမပြတ်ကပ်လူ ထားသည်။

သူ့တွင်အခက်အခဲရှိပါကလည်းဆရာတော်အားအပြင်မှာဖူးတွေ့နေရသလိုအသေအချာယုံကြည်စွာရှောက်၏

တစ်နေ့တွင်မိုင်းဖုန်းဆရာတော်သည်နေပြည်တော်သို့ကြွလာသည်။

ဆရာတော်ကြွလာမည့်သတင်းကြားသည်နှင့်ခမ်းရွှေဟော်တို့မိသားစုများနှင့်နေပြည်တော်ပတ်ဝန်းကျင်မြို့များမှလူအများဆရာတော်ကိုသွားဖူးရန်အားခဲထားကြသည်။

်ဆရာတော်အားကြည်ညိုကြကုန်သောတပည့်များဆရာတော်ကြွလာမည်ကိုဝမ်းသာလျှက်ရှိကြ၏

တကယ်တန်းဆရာတော်ကြွလာသည့်အခါခမ်းရွှေဟော်သည်လူမှု့ရေးကိစ္စတစ်ခုဖြင့်ဆရာတော်အားသွား၍မဖူးဖြစ်ပါ

သို့ပေမဲ့ဆရာတော်အားဖူးချင်သည့်စိတ်များကခမ်းရွှေဟော်ရင်ထဲပြည့်နေသည်။

ဆရာတော်အားသွားဖူးပြီးပြန်လာသည့်မိဘများနှင့်ဆွေမျိူ းများအားဆရာတော်ကိုသွားမဖူးလိုက်ရ၍စိတ်မကောင်းသည့်အကြောင်းတဖွဖွပြောမိ၏

ညဘက်ရောက်တော့ခမ်းရွှေဟော်ကသူလုပ်နေကြအတိုင်းမြတ်စွာဘုရားအားဆီးမီးနံ့သာများဖြင့်ပူဇော်ကာ

ရေချမ်းကပ်လူ၏ပြီးနောက်မိုင်းဖုန်းဆရာတော်ပုံတော်အားဆီမီးနံ့သာများရေချမ်းများကပ်လူ ပြီးနောက်ဆရာတော်အားလျှောက်လိုက်၏

””ဆရာတော်ဘုရားတပည့်တော်ဆရာတော်ကိုအလွန်လာဖူးချင်ပေမဲ့လူမှု့ရေးကိစ္စကြောင့်လာမဖူးရတာကိုအလွန်စိတ်မကောင်းဖြစ်မိပါတယ်ဘုရား—-ဆရာတော်ဘုရား ၏ဂုဏ်တော်များအားရည်စူး၍တပည့်တော်ဆီမီးနံ့သာများနှင့်ရေချမ်းများဆပ်ကပ်လူတန်းပါသည်ဘုရား””

ခမ်းရွှေဟော်ကထုံးစံအတိုင်းဘုရားရှိခိုး၍ဆရာတော်အားစိတ်ထဲရှိတာတိုင်တည်ကာအိပ်ယာဝင်၏

ထိုညကအလွန်ထူးခြားဆန်းကြယ်စွာအိမ်မက်မက်၏သူ၏အိမ်မက်ထဲတွင်မုန်းဖုန်းဆရာတော်သည်ခမ်းရွှေဟော်ဆီသို့ကြွလာ၏

ဆရာတော်မျက်နှာသည်ပကတိအေးချမ်းနေကာခမ်းရွှေဟော်အားကြည့်ကာမိန့်လိုက်သည်။

””’တကာလေး—တကာလေးဆရာတော်ကိုလာမဖူးလိုက်ရလို့ိစိတ်မကောင်းမဖြစ်ပါနဲ့—တကာလေးနေ့စဉ်ပူဇော်နေတဲ့ဆီးမီးအမွှေးနံ့သာများရေချမ်းများဆရာတော်ကိုပူဇော်နေတာဆရာတော်သိပါတယ်ဗျာ—အဲဒီအတွက်တကာလေးကို–သာဓု—သာဓု—-သာဓု—-ခေါ်ပါတယ်””’

ဆရာတော်ကသူ့အလူ ဒါနများကိုသာဓုခေါ်ကာပြန်ကြွသွားလေသည်

သူလဲဆရာတော်အားထိခြင်းငါးပါးနှင့်ပူဇော်ကန်တော့လိုက်ရ၍အလွန်ကျေနပ်သွား၏

မနက်မိုးလင်းတော့ခမ်းရွှေဟော်ကညကအိမ်မက်ထဲဆရာတော်ကြွပြီးသာဓုခေါ်သွားသည့်အကြောင်းမိဘများကိုပြောပြ၍

သူကိုယ်တိုင်လဲအလွန်ဝမ်းသာပီတိဖြစ်နေမိသည်။ဆရာတော်ကိုလဲအတိုင်းထက်အလွန်ကြည်ညိုမိသွားသည်

ဆရာတော်သည်သူ၏ကောင်းမှု့ကုသိုလ်များအားအသိအမှတ်ပြုကာလာရောက်ချီးမြှောက်သည်ဟုထင်သည်

ဆရာတော်အခုလိုလာ၍အိမ်မက်ပေးမည်ဟုထင်မထားသောကြောင့်အလွန်တစ်ရာကြည်နူးနေမိပါသည်။

အဲဒီနောက်ပိုင်းမှာတော့အရင်ကထက်ဘုရားတရားကိုအာရုံပြု၍ပိုလုပ်၏ဆရာတော်အားလည်းအမြဲပူဇော်ရှိခိုးကာ

စိတ်ထဲရှိသည့်အတိုင်းသူလုပ်ဆောင်သမျှကိုဆရာတော်အားလျှောက်၏

သူ့စိတ်ထဲဆရာတော်ကိုအလွန်ယုံကြည်အားထားရသောဆရာတစ်ဆူလိုဖြစ်နေ၏

အကြောင်းအကျိူးးအဆိုးအကောင်းမှန်သမျှဆရာတော်ကိုညစဉ်လျှောက်လိုက်ရမှရင်ထဲပေါ့သွားကာနေသာထိုင်သာရှိသွားသည်ဟုထင်သည်။

သို့ပေမဲ့ဆရာတော်သည်သူ့အားအမြဲအိမ်မက်မပေးပါ
ဘာဘဲဖြစ်ဖြစ်သူကတော့ဆရာတော်၏မေတ္တာဓတ်ကိုခံယူကာအပြည့်အဝယုံကြည်၏သူ၏

ယုံကြည်ချက်သည်အလွန်မှန်ကြောင်းတနေ့တွင်မယုံနိုင်ဖွယ်ဆရာတော်၏မေတ္တာဓတ်ကိုရရှိလိုက်သည်

တမနက်တွင်ခမ်းရွှေဟော်၏မိတ်ဆွေတစ်ယောက်သည်ခမ်းရွှေဟော်အားခရီးတစ်ခုသွားရန်လာခေါ်၏

သူ၏စိတ်ထဲတွင်ထိုခရီးကိုသွားချင်စိတ်မရှိစိတ်ထဲလေးလံထိုင်းမှိုင်းနေသည်

သို့ပေမဲ့မိတ်ဆွေအားအာနာသဖြင့်လိုက်ရန်ဆုံးဖြတ်လိုက်သည့်အခါသူ၏နားထဲသိုမယုံနိုင်ဖွယ်ရာဆရာတော်၏အသံအားကြားလိုက်ရသည်။

””’သူနဲံခရီးလိုက်မသွားနဲ့တကာလေး–””’

ခမ်းရွှေဟော်စိတ်ထဲဆရာတော်ဘာကြောင့်ပြောသည်ကိုစဉ်းစားရင်းသူကြားမိတာကိုဇဝေဇဝါဖြစ်နေ၏

ဘယ်လိုအကြောင်းပဲရှိရှိဒါဟာဆရာတော်ပြောတာဖြစ်မည်ဟုတထစ်ချယုံကြည်စွာမိတ်ဆွေအားမလိုက်အားသည့်အကြောင်းအားနာစွာဖြင့်ငြင်းလိုက်သည်။

အဲဒီနေ့ကခမ်းရွှေဟော်မလိုက်သွားသည်မှာအလွန်ကံကောင်းသည်ဟုဆိုရပါမည်

အဘယ်ကြောင့်ဆိုသော်ခရီးသွားသောမိတ်ဆွေသည်လမ်းတွင်ဆိုင်ကယ်မှောက်ကာလက်ရိုးအက်သွားကာခြေထောက်တစ်ဖက်ကျိူ းသွားသည်။

ခမ်းရွှေဟော်သာလိုက်သွားပါကဘာတွေဖြစ်မည်လဲဆိုတာတွေးမရပါ

သူ့၏အသက်အန္တရယ်အားဆရာတော်ကကယ်လိုက်သည်ဟုခမ်းရွှေဟော်ယုံကြည်မိပါသည်။

ခမ်းရွှေဟော်ဘာအန္တရယ်မှမဖြစ်သည်မှာဘုရားတရားတန်ခိုးနှင့်ဆရာတော်၏ကျေးဇူးဟုအမြဲအောင်မေ့မိပါသည်။

ဘယ်အရာမဆိုပေါ့ပေါ့တန်တန်သဘောမထားပဲလေးနက်ယုံကြည်စွာလုပ်ဆောင်ပါကထိုအကျိူ းကျေးဇူးသည်လက်ငင်းအကျိူ းပေးတတ်ပါသည်။

ပုဂ္ဂိုလ်ထူးများတန်ခိုးကြီးသည့်ဆရာတော်ကြီးများအားယုံကြည်မှု့သည်မည်သည့်အခါမှအလကားမဖြစ်သည်ကို

ကိုယ်တွေ့ဖြစ်ရပ်အဖြစ်စာဖတ်သူများကြည်ညိုသဒ္ဒါပွားများနိုင်အောင်တင်ပြပေးလိုက်ပါသည်။

မှားတာရှိရင်ပြင်ဖတ်ကြပါ

ပြီး

D Moe Moe

Zawgyi Version

—————————————-




ကံကောင်း၍ဖူးခွင့်ရသည်ဆိုပါကလည်းယုံကြည်လေးစားမှု့သဒ္ဒါတရားကောင်းမှု့များနှင့်ငါးပါးသီလမြဲသူတို့အားဘယ်လိုပုဂ္ဂိုလ်မျိုးမဆိုစောင့်ရှောက်တတ်ကြပါတယ်




































ဆရာတော်အားသွားဖူးပြီးပြန်လာသည့်မိဘများနှင့်ဆွေမျိုးများအားဆရာတော်ကိုသွားမဖူးလိုက်ရ၍စိတ်မကောင်းသည့်အကြောင်းတဖွဖွပြောမိ၏







””’တကာလေး—တကာလေးဆရာတော်ကိုလာမဖူးလိုက်ရလို့စိတ်မကောင်းမဖြစ်ပါနဲ့—တကာလေးနေ့စဉ်ပူဇော်နေတဲ့ဆီးမီးအမွှေးနံ့သာများရေချမ်းများဆရာတော်ကိုပူဇော်နေတာဆရာတော်သိပါတယ်ဗျာ—အဲဒီအတွက်တကာလေးကို–သာဓု—သာဓု—-သာဓု—-ခေါ်ပါတယ်””’










အကြောင်းအကျိုးးအဆိုးအကောင်းမှန်သမျှဆရာတော်ကိုညစဉ်လျှောက်လိုက်ရမှရင်ထဲပေါ့သွားကာနေသာထိုင်သာရှိသွားသည်ဟုထင်သည်။










အဘယ်ကြောင့်ဆိုသော်ခရီးသွားသောမိတ်ဆွေသည်လမ်းတွင်ဆိုင်ကယ်မှောက်ကာလက်ရိုးအက်သွားကာခြေထောက်တစ်ဖက်ကျိုးသွားသည်။




ဘယ်အရာမဆိုပေါ့ပေါ့တန်တန်သဘောမထားပဲလေးနက်ယုံကြည်စွာလုပ်ဆောင်ပါကထိုအကျိုးကျေးဇူးသည်လက်ငင်းအကျိုးပေးတတ်ပါသည်။




ပြီး

D Moe Moe