Unicode Version
မောင်ရေခဲနှင့်နတ်ကျားဝါ
——————————–
ဦးမောင်စိုးဟုအမည်ရသူ လူကြီးတစ်ယောက်သည် လောကီကိစ္စများကိုစိတ်ကုန်ပြီး သံယောစဉ်ဖြတ်ကာ သာသနာ့ဘောင်သို့အပြီးတိုင်ဝင်သွားခဲ့သည်။ သို့သော် ဦးမောင်စိုးခေါ်ဥူးကေလာသ သည် မြို့ပေါ်ကျောင်းတွင် မပျော်ပိုက်ဘဲ မြို့ပြင်ဘက်ရှိ ကျောက်ဂူလေးရှိရာနေရာသို့သွားကာ တရားဓူတင်ဆောက်နေ၏။ သို့သော် ဥူးကေလာသ သဘောကျသောနေရာသည်ကား အလွန်ပင်ကြမ်းတမ်းလှသည်။
ထိုနေရာလေးတွင်ညောင်ပင်ကြီးတစ်ပင်ရှိပြီး ထိုညောင်ပင်အောက်တွင်ကြေးဆင်းတူတစ်ဆူက ထူးဆန်းစွာရှိနေသည်။ ကြေးဆင်းတုသည် ဉာဏ်တော်မြင့်ပြီး ချုံနွယ်ပိတ်ပေါင်းထူထပ်ရာအရပ်၌ ရှိနေသော်လည်း ရေညှိကြေးညှော်များတက်မနေဘဲ ထင်းလင်းတောက်ပနေသည်။
ထိုဘုရားကိုဦးမောင်စိုး၏ လူဝတ်ကြောင်ဘဝက အိပ်မက်ထဲ၌မြင်တွေ့ခဲ့ရသည်။ ထိုဘုရားသာသနာထွန်းလင်းချိန်တန်ပြီဖြစ်သဖြင့် သာသနာပြုပေးရန် ရဟန္တာတစ်ပါးက လာရောက်ပြောကြားခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသော ဦးမောင်စိုးလည်း အိပ်မက်ထဲကအတိုင်း မြောက်ကေလာရတောင်ပေါ်သို့ တစ်ယောက်ထဲတက်လာပြီး အိပ်မက်ထဲမှ ဘုရားဆင်းတုတော်အား လာရောက်ရှာဖွေရာ ထူးဆန်းစွာပင် အိပ်မက်ထဲကအတိုင်းတထေရာတည်းတူသော ကြေးဆင်းတုတစ်ဆူကိုဖူးမြော်ဆတွ့ရှိရလေသည်။
ထိုကြေးဆင်းတုတွေ့ရှိရာတောင်ထိပ်နေရာလေးသည် အေးချမ်းတိတ်ဆိတ်ပြီး
ဂူကျောက်ဆောင်လည်းရှိ၏။ ဦးမောင်စိုးကထိုနေရာအား ရှင်းလင်းသုတ်သင်ရင်း ဂူအထဲသို့ဝင်သွားရာ ဂူထဲမှမာန်ဖီသံကိုရှင်းလင်းစွာကြားလိုက်ရသည်။
” ဂူထဲမှာခိုအောင်းနေတဲ့ ဟင်းကောင်ကြီးတွေထင်တယ်…ဘယ်နှယ့်လုပ်ရပါလိမ့်…ငါလည်းဒီနေရာကိုအတော်လေးသဘောကျနေပြီ…ဒီနေ့မှဘာဖြစ်လို့် ငါ့စိတ္က ရဟန်းဘဲဝတ်ချင်နေရတာလဲ…အိပ်မက်ထဲက ရဟန်းကကော ဘယ်ကကြွလာတာလဲ…ဒီဘုရားကို ဘယ်သူတွေတည်ထားကိုးကွယ်ခဲ့ကြတာလဲ….မဖြစ်ဘူးဒီနေရာကနေအမြန်ထွက်သွားမှရမယ်…အန္တာရာယ်ရှိတဲ့အကောင်တွေခိုအောင်းနိူင်လောက်တယ်…”
ဟုတွေးကာ ဂူပြင်သို့ပြန်ထွက်လာခဲ့၏။ ပြီးသော်ဂူပေါက်ဝမှရှိနေသော ကြေးဆင်းတုတော်အား တောပန်းများဖြင့်ပူဇော်၏။
ထိုစဉ်သူ၏အနောက်ဘက်မှ ခြေသံသဲ့သဲ့ကြားရသဖြင့်အနောက်လှည့်ကြည့်ရာ အဝါရောင်အစင်းကြားပါသည့် ကျားကြီးတစ်ကောင်ကို ကိုတွေလိုက်ရသည်။
” ဟိတ်ပလုတ်တုတ်…နည်းတဲ့အကောင်ကြီးမဟုတ်ပါလား…ငါတော့ဘေးတွေ့ပြီထင်တယ်…”
ဟုတွေးကာ အနောက်ဆုတ်ရင်း ဂူပေါက်ဝရှိကြေးဆင်းတုဘုရားရှေ့ထိုင်ချလိုက်ပြီး
” သုံးလူ့ထွတ်ထားမြတ်စွာဘုရား တပည့်တော်ကိုကယ်တင်စောင့်ရှောက်တော်မူပါ…တပည့်တော်၏ ဘဝတစ်လျှောက်လုံး သူတစ်ပါး၏အသက်ကို သိရက်နဲ့မသတ်ခဲ့ဖူးပါဘုရား…ဤမှန်သောသစ္စာစကားကြောင့် ဤနေရာရောက်နေသောကျားကြီးကို နိူင်နင်းပေးမည့်သူ ချက်ချင်းရောက်လာပါစေဘုရား….”
ဟုတိုင်တည်လိုက်၏။ ထိုအချိန် ကောင်းကင်မှ လင်းရှသော အလင်းတန်းတစ်ခုပေါ်လာပြီး မြေကြီးပေါ်သို့သက်ဆင်းလာကာ လူငယ်လေးတစ်ယောက်သဏ္ဍာန်ဖြစ်သွား၏။
” ဟိတ္နတ္က်ားဝါ…သူတော်ကောင်းကိုပြစ်မှားချင်ပြန်ပြီလား…အနောက်ဆုတ်လိုက်စမ်း…”
လူငယ်၏စကားကြောင့် ကျားကြီးသည် လူငယ်ဘက်သို့လှည့်လာပြီး
” ဝေါင်း….ဝေါင်း…ဝေါင်း…”
ဟူသောအသံနက်ကြီးဖြင့် သုံးကြိမ်သုံးခါအော်ပြီး မာန်ဖီရန်ပြုနေ၏။ ကျားအော်သံနှင့်အတူ လူတစ်ယောက်၏ စကားပြောသံကြောင့် ဦးမောင်စိုးသည်ကြောက်စိတ်များပျောက်သွားပြီး အံဩသောအကြည့်တို့ဖြင့် အနောက်သို့ကြည့်လာ၏။ သူ၏မြင်ကွင်းထဲတွင်ကား မာန်ဖီနေသောကျားဝါကြီးတစ်ကောင်နှင့် ဖြူစင်ရှင်းသန့်ပြီး အေးဆေးတည်ငြိမ်နေသောလူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
” ဒီသူငယ်ကဘယ်သူပါလိမ့်…ဒီလောက်ကြီးတဲ့ကျားကို ကြောက်တဲ့အမူအရာလည်း သူ့မှာမတွေ့ရပါလား…ဧကန္တငါသစ္စာပြုလိုက်လို့ ရောက်လာတာများလား…ဖြစ်လည်းဖြစ်နိုင်ပါ့မလား…”
ဦးမောင်စိုးက ထူးဆန်းသောမြင်ကွင်းကြောင့် ငေးကြည့်နေမိ၏။ ကျားဝါကြီးသည် လူငယ်ဆီတစ်လှမ်းချင်းတိုးသွားပြီး ခုန်အုပ်ရန်ရွယ်၏။ သို့သော်လူငယ်က တည်ငြိမ်သောအမူအရာဖြင့် လက်ကိုအနောက်ပစ်ထားဆဲပင်။
” ဝေါင်း…ဝေါင်း…ဝေါင်း….”
ကျားကြီးက နောက်တစ်ကြိမ်မာန်ဖီဟိန်းဟောက်ပြန်၏။ လူရွယ်က
” တော်လိုက်တော့ ဇိတြ…မင်းမာန်ဖီပြီးငါ့ကိုရန်ရှာနေလည်းအပိုဘဲ…ဒီနေရာမှာသာသနာထွန်းကားမဲ့အချိန်ထိ မင်းကိုစောင့်ရှောက်ထားခိုင်းတာ…ခုဒီနေရာကိုသာသနာပြုမဲ့လူပေါ်လာပြီ…ဒီနယ်မြေဟာ သာသနာ်မြေဖြစ်သွားပြီ…မင်းနေခွင့်မရှိတော့ဘူး…”
” ဝေါင်း….ဝေါင်း….”
လူငယ်၏စကားကိုကြားသော် ကျားကြီးသည် ဒေါသပိုထွက်သွားပြီး ဟိန်းသံပြုကာ လူငယ်အားခုန်အုပ်လိုက်၏။ သို့သော် လူငယ်သည် လက်ညိုးဖြင့် လေထဲသို့တစ်စုံတစ်ရာကို အမြန်ရေးဆွဲလိုက်သည်။
” ဝုန်း…”
” ဖောင်း…”
အရှိန်ဖြင့်ခုန်ဝင်လာသောကျားကြီးမှာ လေထဲရှိအရာနှင့်ရိုက်မိပြီး ဝုန်းခနဲ ဖောင်းခနဲအသံမြည်ကာ အထိနာစွာပြုတ်ကျသွား၏။ သို့သော် ကျားကြီးက အေလ်ွာ့မေပးဘဲ မာန်တင်းကာ ပြန်ထလာပြန်၏။
” ဝေါင်း…ဝေါင်း….”
” မင်းဒီထက်နာချင်နေတာလားဇိတြ…ဒီနေရာကိုသာသနာစောင့်နတ်မင်းကြီးက မင်းကိုအပိုင်အပ်ထားတာမဟုတ်ဘူးလေ…သာသနာထွန်းကားမဲ့အချိန်ထိဘဲ စောင့်ရှောက်ထားခိုင်းတာ…ခုဒီနေရာမှာ သာသနာပြုမဲ့ပုဂ္ဂိုလ်ရောက်နေပြီ…သင်လည်း သင့်နေရာပြန်ရတော့မယ်…”
လူငယ်၏ပြောစကားများကို ဦးမောင်စိုးက ရှင်းလင်းစွာကြားနေရ၏။ တည်ငြိမ်အေးချမ်းပြီးနားဝင်ချိုလှသော သူ့အသံကား ဦးမောင်စိုး၏ နားထဲ၌စွဲနေလေ၏။ လူငယ်ပြောသော သာသနာပြုမည့်ပုဂ္ဂိုလ်နဲ့ သာသနာထွန်းကားချိန်ရောက်ပြီ ဟူသောအသံမှာ သူ့နားထဲ၌ထပ်တလဲလဲ ပဲ့တင်ထပ်နေ၏။
ကျားကြီးက လူငယ်၏ပြောစကားကို နားထောင်မည့်ပုံမပေါ်ချေ။ လူငယ္ကိုသာ သတ်ချင်သည့် ဒေါသစိတ်တို့မွှန်နေသည်။ သို့သော် လူငယ်ကားမလှုပ်မယှက်ဖြင့် ကျားကြီးအားစကားပြောနေဆဲပင်။ ကျားကြီးသည် လူငယ်အားခုန်အုပ်လိုက်တိုင်း လေဟာနယ်ထဲကအရာတစ်ခုကြောင့် လူငယ်ဆီမရောက်ဘဲ ပြန်ပြန်ပြုတ်ကျနေ၏။
” ရပ်လိုက်တော့သင်ကျိုးစားနေလည်းအပိုဘဲ…ပုံသဏ္ဍာန်ပြောင်းစမ်း..”
ဆိုပြီးလူငယ်က လေထဲသို့အင်းကွက်ဆွဲပြီး ကျားကြီး၏ဦးခေါင်းထက်သို့ ဝှေ့ယမ်းလိုက်ရာ ကျားကြီးသည် အဝါရောင်ဝတ်စုံကိုဝတ်ထားပြီး ရင်ဘတ်၌ အနီရောင်အစရှည်ကိုပတ်ထားသော လူတစ်ယောက်အဖြစ်ပြောင်းသွား၏။ ထိုအဝါရောင်လူက လူငယ်အား မျက်ထောင့်နီကြီးဖြင့် ကြည့်ပြီး လက်ညိုးထိုးကာ
” ဆရာစုတ်…ဒီနေရာကငါပိုင်တာဟဲ့…ဘယ်သူမှလာနေခွင့်မရှိဘူး…လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဒီဂူမှာငါ့ကိုနေဖို့ နတ်မင်းကြီးလေးပါးက တာဝန်ပေးခဲ့တာ…ခုမှဘာကိစ္စလူတွေက ငါ့နေရာလာလုရတာလဲပြောစမ်း….”
” အိုအသင်စိတြ…အသင်ကအစွဲအလမ်းကြီးလှပါကော…ဒီနေရာကို သင့်ကိုစောင့်ရှောက်ဖို့ တာဝန်ပေးထားတာ…အပိုင်စားဖို့ပေးထားတာမဟုတ်…ခုဒီနယ်မြေဟာ သာသနာပြုပုဂ္ဂိုလ်ကြောင့် အပူဇော်ခံသာသနာ့နယ်မြေဖြစ်တော့မယ်…ဒါကြောင့် သင်လည်းဝိုင်းဝန်းပြီး သာသနာပြုရမယ်…”
” ဟား…ဟား…ဟား….ဘယ်သူပြောလဲ ငါကဒီနေရာကို လူတွေလာခွင့်ပေးမယ်လို့…ဘယ်သူမှလာခွင့်မရှိဘူး..မျက်စိလည်လမ်းမှားပြီး လာခွင့်ရှိရင်ရှိလိမ့်မယ်…အသက်ရှင်ရက်ပြန်သွားခွင့်မရှိဘူး…”
” ဒီတာဝန္ကို သင်ကကျေပွန်အောင်မထမ်းဆောင်ချင်တဲ့သဘောလား…”
” သင့်လိုလူပေါက်စကများ ရာရာစစငါ့ကို တရားလာချရတယ်လို့ ကြားလို့တောင်နားဝင်မအေးဘူး…”
လူငယ်လေးနှင့် ကျားမှလူအဖြစ်သို့ပြောင်းသွားသော လူငယ်၏ အပြန်အလှန်စကားပြောနေကြသည်ကိုကြည့်ပြီး ဦးမောင်စိုးက ကိုယ့်မျက်စိကို ကိုယ်မယုံနိူင်ဖြစ်နေ၏။
” ဒါဟာ ငါအိပ်မက်မက်နေတာများလား…ဘယ်နှယ့်ကျားကနေ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်လို့…ငါ့ကိုမျက်လှည့်များပြနေကြတာလား…မှန်းစမ်း..”
ဆိုကာ သူ့လက်ဖမိုးအား ကျန်လက်ဖြင့်နာနာဆွဲလိမ်ကြည့်လိုက်၏။
” အား…နာတယ်ဟ..အိမ်မက်မဟုတ်ဘူး…ဒါဆိုသူတို့က သရဲတစ္ဆေတွေများလား…”
ဆိုပြီး ဦးမောင်စိုးတစ်ယောက် အတွေးရကြပ်နေ၏။ လူငယ်နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်စကားပြောဆိုကြရင်း ဝတ်ဖြူစင်ကြယ်ဝတ်ထားသော လူငယ္က တစ်စုံတစ်ခုကိုရွတ်လိုက်ရာ ကောင်းကင်လေးမျက်နှာ၌ အရောင်တလက်လင်တောက်ပြောင်နေသောဝတ်ရုံများကိုဝတ်ဆက်ထားသည့် နတ်သားများပေါ်လာလေသည်။ ဦးမောင်စိုးသည် တသက်နဲ့တစ်ကိုဤကဲ့သို့ထူးဆန်းသောမြင်ကွင်းကိုမမြင်ဖူးသောကြောင့် မျက်တောင်မခပ်စတမ်း ငေးကြည့်နေမိသည်။
မောင်ရေခဲသည် ဇိတြအားပြောဆိုဆုံးမ၍မရသည့်အဆုံး သာသနာစောင့်နတ်မင်းကြီးကိုတိုင်တည်ပြီး နတ်ကျားဝါဇိတြအား ဆုံးမရန်ပြောလိုက်သည်။ သာသနာစောင့်နတ်မင်းကြီး၏ အပါး၌ခစားနေသော နတ်သားလေးပါးက အရပ်လေးမျက်နှာ၌ပေါ်လာပြီး နတ်သိုင်းကိုယ်စီကိုင်ကာ ဇိတြအားရပ်ကြည့်နေ၏။ အဝါရောင်ဝတ်စုံဝတ်ထားသောလူငယ်သည် နတ်လေးပါးအားမြင်လျှင်
” ဟင်…အရှင်တို့က ဘယ်လိုရောက်လာကြတာလဲ…”
” ဟယ်အပြစ်သား….သင်သည် သာသနာပြုမည့်ပုဂ္ဂိုလ်ကို ပြစ်မှားမိနေပေပြီ…ပြန်ပြီးတောင်းပန်ပေတော့…”
” ကျွန်ုပ်မပြစ်မှားဘူးအရှင်…ဒီလူက အကျွန်ပ်ရဲ့ နေရာကို လာနှောင့်ယှက်နေလို့ ကျွန်ုပ်မောင်းထုတ်ရတာပါ….”
” အသင်မှားနေပြီဇိတြ….ဒီလူသားပုဂ္ဂိုလ်ဟာ လွန်ခဲ့တဲ့ဘဝပေါင်းများစွာက ပစ္စေကဗုဒ္ဓါဘုရားထံမှာ ဗျာဒီတ်ရထားတဲ့သူဘဲ…ရှေးဘဝရဲ့ကောင်းမှုကုသိုလ်ကံကြောင့် ဒီဘဝမွာ သူဟာသာသနာပြုမဲ့ရဟန္တာပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်…”
” သူဟာဘယ်သူဖြစ်ဖြစ် ကျွန်ုပ်ဂရုမစိုက်ပေဘူးအရှင်တို့…ဒီလူသားကိုသာသနာပြုခွင့်မပေးနိုင်ဘူး…”
ဆိုကာ ဇိတြသည် ကိုးတောင်ကျားကြီးအသွင်ပြန်ပြောင်းသွားပြီး ရဟန္တာဖြစ်လာမည့် ဦးမောင်စိုးအား သတ်ရန်ပြုလိုက်၏။ မောင်ရေခဲက ဦးမောင်စိုးအား ရွှေရောင်အမျှင်တမ်းများပါသော ရွှေအင်းချပ်ဖြင့်အကာအကွယ်ပေးထားလိုက်၏။
” ဝေါင်း….ဝေါင်း….”
” အမေလးဘုရား….ကယ်တော်မူပါ…”
ထူးဆန်းသောအဖြစ်အပျက်များကို ငေးမောကြည့်နေသော ဦးမောင်စိုးတစ်ယောက် ရုတ်တရက်ခုန်ဝင်လာသော ကိုးတောင်ကျားကြီးတစ်ကောင်ကြောင့် လန့်ဖျတ်သွားပြီး ဘုရားတမိလိုက်၏။
” ဝေါင်း….”
” ဖုန်း….”
” ဝုန်း….”
ကိုးတောင်ကျားကြီးက ဦးမောင်စိုးနားမရောက်မှီအနည်းငယ်အကွာအဝေး၌ ရွှေရောင်အင်းချပ်ကြောင့် ဝုန်းခနဲပေါက်ကွဲပြီး ကျားကြီးကအနောက်သို့ ဖုန်းခနဲလွှင့်သွား၏။ တန်ခိုးအစွမ်းရှိသော နတ်ကျားကြီးဖြစ်သောကြောင့် ချက်ချင်းပြန်ထလာပြီး ဦးမောင်စိုးထံနောက်တစ်ခေါက်ပြေးလာပြန် ၏။
” ရွှီး….ရွှမ်း….”
” ဝေါင်း….”
ထိုစဉ်အရပ်လေးမျက်နှာမှ နတ်သားလေးပါး၏ လက်၌ကိုင်ထားသောနတ်သိုင်းတို့သည် ကျားကြီး၏ကျောပေါ်သို့စုပုံရောက်ရှိလာပြီး ရွီှးခနဲ ရွှမ်းခနဲအသံမြည်သွား၏။ ကိုးတောင်ကျားကြီးလဲ အထိနာသွားပြီး မြေပေါ်လဲကျသွား၏။ ဦးမောင်စိုးလည်း သူ့ရှေ့၌လဲကျနေသောကျားကြီးကို သနားစိတ်ဝင်သွားပြီး မတ်တတ်ရပ်ကာ
” တော်ကြပါတော့…တော်ကြပါတော့.
….ဒီကျားလေးကိုမသတ်ပါနဲ့…သူငါ့ကိုကြိုက်တာလုပ်သွားပါစေ…ငါအျပစ္မယူဘူး…သူ့ကိုအသက်ချမ်းသာပေးလိုက်ပါ..”
ဦးမောင်စိုး၏တောင်းဆိုချက်ကြောင့် နတ်သားလေးပါးလည်း နတ်သိုင်းကို ပြန်သိမ်းလိုက်ကြ၏။
” ဟယ္ကမိုက်သား…ဗျာဒိတ်ရသူတော်ကောင်းကြီးက အသင့်အတွက်အသနားခံပေးသတဲ့…သင်သတ်မဲ့သူက သင့်အသက်ကို မသတ်ဖို့တောင်းဆိုသတဲ့…သင့်အမှားအတွက် ပြန်တောင်းပန်လိုက်ချေ…သူဟာသင့်ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်နေပြီ…”
နတ်သားတစ်ပါး၏ စကားကြောင့်ကျားကြီးသည် လူသားအသွင်ပြန်ပြောင်းသွားပြီး ဦးမောင်စိုး၏ခြေရင်း၌ ဝတ္တြားကာ တောင်းပန်လိုက်၏။ နှစ်ဦးနှစ်ဖက် ပြေလည်သွားပြီဖြစ်သောကြောင့် မောင်ရေခဲသည်ဒုတိယတာဝန်ဖြစ်သော သာသနာ့နယ်မြေပြန့်ပွားရေးအတွက်ကြိုးပမ်း၏။
ဦးမောင်စိုးကား လှိုဏ်ဂူမှုပြန်လာပြီးနောက်ပိုင်း လူ့လောကကိုငြီးငွေ့လာကာ လူဝတ်ကြောင်ဘဝကိုစွန့်ပြီး သာသနာ့ဘောင်သိုအပြီးဝင်ခဲ့တော့သည်၊။ ပစ္စည်းလေးပါးဒါယကာအဖြစ် မောင်ရေခဲကတာဝန်ယူပေး၏။ ဦးမောင်စိုးခေါ် ဥူးကေလာသသီတင်းသုံးရာ ကျားဂူခေါ် မြောက်ကေလာရတောင်ကား တဖြေးဖြေး သာသနာပြန့်ပွားလာပြီး လူသိမ်ားလာ၏။ ဥူးကေလာသ တရားစတင်ကျင့်ကြံစဉ်၌ အမျိုးမျိူးသော အာရုံထွေပြားမှု၊စမ်းသပ်မှုကို ကြုံတွေ့ရ၏။
စိတ်ချောက်ချားမှုဖြစ်စေသော နာနာဘာဝစမ်းသပ်မှုများကိုလည်း အမျိုးမျိုးကြုံတွေ့ရ၏။ ခုနှစ်ရက်မြောက်သောနေ့၌ ဥူးကေလာသ သည် စိတ်အာရုံတည်ငြိမ်လာပြီး ဆဋ္ဌမအာရုံကိုစတင်ရရှိလာသည်။ ဆရာတော်ဥူးကေလာသ တရားကျင့်ကြံစဉ်အတောအတွင်း လိုအပ်သောရေပူရေချမ်း၊ဆွမ်းနှင့်ဆေးများကို မောင်ရေခဲကမပြတ်စတမ်း ဖြည့်ဆည်းပေး၏။
တရားထိုင်ရင်း ၄၅ရက်ပြည့်သွားသောနေ့၌ ဥူးကေလသ သည်ဈာန်ကြွနိူင်သော ရဟန္တာတစ်ပါးအဖြစ်ရောက်ရှိသွားတော့သည်။ ထိုည၌ တရားထိုင်နေသောဥူးကေလာသ သည်ဝင်းထိန်နေသော အရောင်တန်းများ တဖိတ်ဖိတ်ထွက်လာပြီး
နတ်သားနတ်သမီးများကလည်း ဆရာတော်ဘုရားအား လာရောက်ဖူးမြော်ကြကုန်၏။
” အောင်ပြီဟေ့…အောင်ပြီ…ငါ့ရဲ့တာဝန်ပြီးဆုံးသွားပြိ..”
မောင်ရေခဲက ဆရာတော်ဘုရား၏အလင်းရောင်တန်းများကိုမြင်ပြီး စိတ်ထဲ၌ဝမ်းသာစကားဆိုမိ၏။ ဆရာတော်ဥူးကေလာသက စက္ခုအလင်းပွင့်လာပြီး
” အတော်ပင်ပန်းသွားပြီလားဒကာလေး..”
” မပင်ပန်းပါဘူးဘုရား….တပည့်တော်ကအရှင်ဘုရားကိုပါရမီဖြည့်ဆီးပေးရလို့ ပျော်နေတာပါဘုရား…”
” အိမ်းကွယ်… ဤသို့ပြုရသောကုသိုလ်ကောင်းမှုကြောင့်ဒကာလေးလည်း ပညာတွေအများကြီးတိုးပွားလာပြီး လောကအကျိုးသယ်ပိုးနိုင်ပါစေကွယ်…”
” ပေးသောဆုနဲ့ပြည့်ပါရလို၏ဘုရား…”
” ကောင်းပြီဒကာလေးရေ…ဒီကျားဂူကြီးကို မြောက်ကေလာရဂူလို့ အမည်နာမပေးပြီးတော့ ဂူထဲမွာ နတ်ကျားဝါရုပ်တုလေး ထုလုပ်ပေးစေချင်ပါတယ်ဒကာလေး…”
” တင်ပါ့…တပည့်တော်လုပ်လိုက်ပါ့မယ်ဘုရား…”
မောင်ရေခဲလည်း ဥူးကေလာသမိန့်သည့်အတိုင်း ရွာထဲမှပန်းရံဆရာများကိုခေါ်ကာ နတ်ကျားဝါဇိတြ၏ ပုံစုံတူရုပ်တုတစ်ခုအား ထုလုပ်စေလိုက်၏။ အားလုံးပြီးစီးသွားသော် လဲလျောင်းနေသည့်သဏ္ဍာန်ကျားရုပ်ကြီူသည် လက်ရာအလွန်သေသပ်ပြီး တကယ့်ကျားကြီးတစ်ကောင်လဲလျောင်းနေသည်နှင့်ပင်တူနေတော့၏။
နောက်ပိုင်းတွင် မြောက်ကေလာရတောင်၌တဖြေးဖြေးလူသိများထင်ရှားလာပြီး စေတီ၊ဘုရားများလည်း များစွာထုလုပ်ပူဇော်ထားကြ၏။ ဆရာတော်သီတင်းသုံးရန် နှစ်ထပ်ကျောင်းဆောင်ငယ်လေးတစ့လုံးလည်း အလှူဒါယကာအပေါင်းတို့၏ကျေးဇူးကြောင့် ခန့်ထည်စွာပြီးစီးသွား၏။
မောင်ရေခဲလည်း မိမိ၏တာဝန်ပြီးဆုံးသွားသောကြောင့် တပည့်ရှိရာအရပ်သို့ပြန်လာခဲ့လေသည်။ မြောက်ကေလာရတောင်ရှိ နတ်ကျားဝါရုပ်တုရှေ့တွင်ကား အုန်းပွဲငှက်ပျောပွဲများပြည့်နေ၏။ ဂူထဲရှိကြေးဆင်းတုဘုရားရှေ့၌လည်း အမျိုးစုံသောဆွမ်း၊ပန်း၊ရေချမ်းများ ပြည့်နက်နေ၏၊ ဆရာတော်ဥူးကေလာသကား တဖြေးဖြေး လူသိများလာပြီးပစ္စည်းလေးပါး ဒါယကာလည်း ပေါများလာ၏။ ရပ်ဝေးရပ်နီးမှ ကိုးကွယ်ပူဇော်သူလူအများလည်း ဆရာတော်ဘုရားကို လာရောက်ဖူးမြော်ကြ၏။ ဆရာတော်ဘုကားသည် လာရောက်ဖူးမြော်ကြသူများအား ပရိတ်ရေဘူးများ၊သင်္ကန်းစများကို အဆောင်အဖြစ်စွန့်ပေး၏။
မောင်ရေခဲကားတစ်နှစ်တစ်ခါ ထိုမြောက်ကေလာရတောင်သို့ လာရောက်ပြီး အမှိုက်သရိုက်များလဲှကျင်းခြင်း၊ဆွမ်းပန်းရေချမ်းများ ကပ်လှူခြင်းများပြုလုပ်ပြီး ကုသိုလ်ယူနေတော့သည်။….။
( စိတ်ကူးမျှသာဖြစ်သည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံးကျန်းမာပြီး လိုရာဆန္ဒများ ပြည့်စုံကြပါစေသောဝ်)
# ပြီး
# ခွန်း
Zawgyi Version
ေမာင္ေရခဲႏွင့္နတ္က်ား၀ါ
——————————–
ဦးေမာင္စိုးဟုအမည္ရသူ လူႀကီးတစ္ေယာက္သည္ ေလာကီကိစၥမ်ားကိုစိတ္ကုန္ၿပီး သံေယာစဥ္ျဖတ္ကာ သာသနာ့ေဘာင္သို႔အၿပီးတိုင္ဝင္သြားခဲ့သည္။ သို႔ေသာ္ ဦးေမာင္စိုးေခၚဥဴးေကလာသ သည္ ၿမိဳ႕ေပၚေက်ာင္းတြင္ မေပ်ာ္ပိုက္ဘဲ ၿမိဳ႕ျပင္ဘက္႐ွိ ေက်ာက္ဂူေလး႐ွိရာေနရာသို႔သြားကာ တရားဓူတင္ေဆာက္ေန၏။ သို႔ေသာ္ ဥဴးေကလာသ သေဘာက်ေသာေနရာသည္ကား အလြန္ပင္ၾကမ္းတမ္းလွသည္။
ထိုေနရာေလးတြင္ေညာင္ပင္ႀကီးတစ္ပင္႐ွိၿပီး ထိုေညာင္ပင္ေအာက္တြင္ေၾကးဆင္းတူတစ္ဆူက ထူးဆန္းစြာ႐ွိေနသည္။ ေၾကးဆင္းတုသည္ ဥာဏ္ေတာ္ျမင့္ၿပီး ခ်ံဳႏြယ္ပိတ္ေပါင္းထူထပ္ရာအရပ္၌ ႐ွိေနေသာ္လည္း ေရညႇိေၾကးေညႇာ္မ်ားတက္မေနဘဲ ထင္းလင္းေတာက္ပေနသည္။
ထိုဘုရားကိုဦးေမာင္စိုး၏ လူဝတ္ေျကာင္ဘဝက အိပ္မက္ထဲ၌ျမင္ေတြ႔ခဲ့ရသည္။ ထိုဘုရားသာသနာထြန္းလင္းခ်ိန္တန္ၿပီျဖစ္သျဖင့္ သာသနာျပဳေပးရန္ ရဟႏၱာတစ္ပါးက လာေရာက္ေျပာၾကားခဲ့သည္။ ဘာသာတရားကိုင္း႐ိႈင္းေသာ ဦးေမာင္စိုးလည္း အိပ္မက္ထဲကအတိုင္း ေျမာက္ေကလာရေတာင္ေပၚသို႔ တစ္ေယာက္ထဲတက္လာၿပီး အိပ္မက္ထဲမွ ဘုရားဆင္းတုေတာ္အား လာေရာက္႐ွာေဖြရာ ထူးဆန္းစြာပင္ အိပ္မက္ထဲကအတိုင္းတေထရာတည္းတူေသာ ေၾကးဆင္းတုတစ္ဆူကိုဖူးေျမာ္ဆတြ႔႐ွိရေလသည္။
ထိုေၾကးဆင္းတုေတြ႔႐ွိရာေတာင္ထိပ္ေနရာေလးသည္ ေအးခ်မ္းတိတ္ဆိတ္ၿပီး
ဂူေက်ာက္ေဆာင္လည္း႐ွိ၏။ ဦးေမာင္စိုးကထိုေနရာအား ႐ွင္းလင္းသုတ္သင္ရင္း ဂူအထဲသို႔ဝင္သြားရာ ဂူထဲမွမာန္ဖီသံကို႐ွင္းလင္းစြာၾကားလိုက္ရသည္။
” ဂူထဲမွာခိုေအာင္းေနတဲ့ ဟင္းေကာင္ႀကီးေတြထင္တယ္…ဘယ္ႏွယ့္လုပ္ရပါလိမ့္…ငါလည္းဒီေနရာကိုအေတာ္ေလးသေဘာက်ေနၿပီ…ဒီေန႔မွဘာျဖစ္လို္႔ ငါ့စိတၠ ရဟန္းဘဲဝတ္ခ်င္ေနရတာလဲ…အိပ္မက္ထဲက ရဟန္းကေကာ ဘယ္ကႂကြလာတာလဲ…ဒီဘုရားကို ဘယ္သူေတြတည္ထားကိုးကြယ္ခဲ့ၾကတာလဲ….မျဖစ္ဘူးဒီေနရာကေနအျမန္ထြက္သြားမွရမယ္…အႏၱာရာယ္႐ွိတဲ့အေကာင္ေတြခိုေအာင္းႏိူင္ေလာက္တယ္…”
ဟုေတြးကာ ဂူျပင္သို႔ျပန္ထြက္လာခဲ့၏။ ၿပီးေသာ္ဂူေပါက္ဝမွ႐ွိေနေသာ ေၾကးဆင္းတုေတာ္အား ေတာပန္းမ်ားျဖင့္ပူေဇာ္၏။
ထိုစဥ္သူ၏အေနာက္ဘက္မွ ေျခသံသဲ့သဲ့ၾကားရသျဖင့္အေနာက္လွည့္ၾကည့္ရာ အဝါေရာင္အစင္းၾကားပါသည့္ က်ားႀကီးတစ္ေကာင္ကို ကိုေတြလိုက္ရသည္။
” ဟိတ္ပလုတ္တုတ္…နည္းတဲ့အေကာင္ႀကီးမဟုတ္ပါလား…ငါေတာ့ေဘးေတြ႔ၿပီထင္တယ္…”
ဟုေတြးကာ အေနာက္ဆုတ္ရင္း ဂူေပါက္ဝ႐ွိေၾကးဆင္းတုဘုရားေ႐ွ႕ထိုင္ခ်လိုက္ၿပီး
” သံုးလူ႔ထြတ္ထားျမတ္စြာဘုရား တပည့္ေတာ္ကိုကယ္တင္ေစာင့္ေ႐ွာက္ေတာ္မူပါ…တပည့္ေတာ္၏ ဘဝတစ္ေလ်ွာက္လံုး သူတစ္ပါး၏အသက္ကို သိရက္နဲ႔မသတ္ခဲ့ဖူးပါဘုရား…ဤမွန္ေသာသစၥာစကားေၾကာင့္ ဤေနရာေရာက္ေနေသာက်ားႀကီးကို ႏိူင္နင္းေပးမည့္သူ ခ်က္ခ်င္းေရာက္လာပါေစဘုရား….”
ဟုတိုင္တည္လိုက္၏။ ထိုအခ်ိန္ ေကာင္းကင္မွ လင္း႐ွေသာ အလင္းတန္းတစ္ခုေပၚလာၿပီး ေျမႀကီးေပၚသို႔သက္ဆင္းလာကာ လူငယ္ေလးတစ္ေယာက္သ႑ာန္ျဖစ္သြား၏။
” ဟိတၷတၠ္ားဝါ…သူေတာ္ေကာင္းကိုျပစ္မွားခ်င္ျပန္ၿပီလား…အေနာက္ဆုတ္လိုက္စမ္း…”
လူငယ္၏စကားေၾကာင့္ က်ားႀကီးသည္ လူငယ္ဘက္သို႔လွည့္လာၿပီး
” ေဝါင္း….ေဝါင္း…ေဝါင္း…”
ဟူေသာအသံနက္ႀကီးျဖင့္ သံုးႀကိမ္သံုးခါေအာ္ၿပီး မာန္ဖီရန္ျပဳေန၏။ က်ားေအာ္သံႏွင့္အတူ လူတစ္ေယာက္၏ စကားေျပာသံေၾကာင့္ ဦးေမာင္စိုးသည္ေၾကာက္စိတ္မ်ားေပ်ာက္သြားၿပီး အံဩေသာအၾကည့္တို႔ျဖင့္ အေနာက္သို႔ၾကည့္လာ၏။ သူ၏ျမင္ကြင္းထဲတြင္ကား မာန္ဖီေနေသာက်ားဝါႀကီးတစ္ေကာင္ႏွင့္ ျဖဴစင္႐ွင္းသန္႔ၿပီး ေအးေဆးတည္ၿငိမ္ေနေသာလူငယ္ေလးတစ္ေယာက္ကို ေတြ႔လိုက္ရသည္။
” ဒီသူငယ္ကဘယ္သူပါလိမ့္…ဒီေလာက္ႀကီးတဲ့က်ားကို ေၾကာက္တဲ့အမူအရာလည္း သူ႔မွာမေတြ႔ရပါလား…ဧကႏၱငါသစၥာျပဳလိုက္လို႔ ေရာက္လာတာမ်ားလား…ျဖစ္လည္းျဖစ္ႏိုင္ပါ့မလား…”
ဦးေမာင္စိုးက ထူးဆန္းေသာျမင္ကြင္းေၾကာင့္ ေငးၾကည့္ေနမိ၏။ က်ားဝါႀကီးသည္ လူငယ္ဆီတစ္လွမ္းခ်င္းတိုးသြားၿပီး ခုန္အုပ္ရန္ရြယ္၏။ သို႔ေသာ္လူငယ္က တည္ၿငိမ္ေသာအမူအရာျဖင့္ လက္ကိုအေနာက္ပစ္ထားဆဲပင္။
” ေဝါင္း…ေဝါင္း…ေဝါင္း….”
က်ားႀကီးက ေနာက္တစ္ႀကိမ္မာန္ဖီဟိန္းေဟာက္ျပန္၏။ လူရြယ္က
” ေတာ္လိုက္ေတာ့ ဇိၾတ…မင္းမာန္ဖီၿပီးငါ့ကိုရန္႐ွာေနလည္းအပိုဘဲ…ဒီေနရာမွာသာသနာထြန္းကားမဲ့အခ်ိန္ထိ မင္းကိုေစာင့္ေ႐ွာက္ထားခိုင္းတာ…ခုဒီေနရာကိုသာသနာျပဳမဲ့လူေပၚလာၿပီ…ဒီနယ္ေျမဟာ သာသနာ္ေျမျဖစ္သြားၿပီ…မင္းေနခြင့္မ႐ွိေတာ့ဘူး…”
” ေဝါင္း….ေဝါင္း….”
လူငယ္၏စကားကိုၾကားေသာ္ က်ားႀကီးသည္ ေဒါသပိုထြက္သြားၿပီး ဟိန္းသံျပဳကာ လူငယ္အားခုန္အုပ္လိုက္၏။ သို႔ေသာ္ လူငယ္သည္ လက္ညိဳးျဖင့္ ေလထဲသို႔တစ္စံုတစ္ရာကို အျမန္ေရးဆဲြလိုက္သည္။
” ဝုန္း…”
” ေဖာင္း…”
အ႐ွိန္ျဖင့္ခုန္ဝင္လာေသာက်ားႀကီးမွာ ေလထဲ႐ွိအရာႏွင့္႐ိုက္မိၿပီး ဝုန္းခနဲ ေဖာင္းခနဲအသံျမည္ကာ အထိနာစြာျပဳတ္က်သြား၏။ သို႔ေသာ္ က်ားႀကီးက ေအလ္ြာ့ေမပးဘဲ မာန္တင္းကာ ျပန္ထလာျပန္၏။
” ေဝါင္း…ေဝါင္း….”
” မင္းဒီထက္နာခ်င္ေနတာလားဇိၾတ…ဒီေနရာကိုသာသနာေစာင့္နတ္မင္းႀကီးက မင္းကိုအပိုင္အပ္ထားတာမဟုတ္ဘူးေလ…သာသနာထြန္းကားမဲ့အခ်ိန္ထိဘဲ ေစာင့္ေ႐ွာက္ထားခိုင္းတာ…ခုဒီေနရာမွာ သာသနာျပဳမဲ့ပုဂၢိဳလ္ေရာက္ေနၿပီ…သင္လည္း သင့္ေနရာျပန္ရေတာ့မယ္…”
လူငယ္၏ေျပာစကားမ်ားကို ဦးေမာင္စိုးက ႐ွင္းလင္းစြာၾကားေနရ၏။ တည္ၿငိမ္ေအးခ်မ္းၿပီးနားဝင္ခ်ိဳလွေသာ သူ႔အသံကား ဦးေမာင္စိုး၏ နားထဲ၌စဲြေနေလ၏။ လူငယ္ေျပာေသာ သာသနာျပဳမည့္ပုဂၢိဳလ္နဲ႔ သာသနာထြန္းကားခ်ိန္ေရာက္ၿပီ ဟူေသာအသံမွာ သူ႔နားထဲ၌ထပ္တလဲလဲ ပဲ့တင္ထပ္ေန၏။
က်ားႀကီးက လူငယ္၏ေျပာစကားကို နားေထာင္မည့္ပံုမေပၚေခ်။ လူငယၠိုသာ သတ္ခ်င္သည့္ ေဒါသစိတ္တို႔မႊန္ေနသည္။ သို႔ေသာ္ လူငယ္ကားမလႈပ္မယွက္ျဖင့္ က်ားႀကီးအားစကားေျပာေနဆဲပင္။ က်ားႀကီးသည္ လူငယ္အားခုန္အုပ္လိုက္တိုင္း ေလဟာနယ္ထဲကအရာတစ္ခုေၾကာင့္ လူငယ္ဆီမေရာက္ဘဲ ျပန္ျပန္ျပဳတ္က်ေန၏။
” ရပ္လိုက္ေတာ့သင္က်ိဳးစားေနလည္းအပိုဘဲ…ပံုသ႑ာန္ေျပာင္းစမ္း..”
ဆိုၿပီးလူငယ္က ေလထဲသို႔အင္းကြက္ဆဲြၿပီး က်ားႀကီး၏ဦးေခါင္းထက္သို႔ ေဝွ့ယမ္းလိုက္ရာ က်ားႀကီးသည္ အဝါေရာင္ဝတ္စံုကိုဝတ္ထားၿပီး ရင္ဘတ္၌ အနီေရာင္အစ႐ွည္ကိုပတ္ထားေသာ လူတစ္ေယာက္အျဖစ္ေျပာင္းသြား၏။ ထိုအဝါေရာင္လူက လူငယ္အား မ်က္ေထာင့္နီႀကီးျဖင့္ ၾကည့္ၿပီး လက္ညိဳးထိုးကာ
” ဆရာစုတ္…ဒီေနရာကငါပိုင္တာဟဲ့…ဘယ္သူမွလာေနခြင့္မ႐ွိဘူး…လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ဒီဂူမွာငါ့ကိုေနဖို႔ နတ္မင္းႀကီးေလးပါးက တာဝန္ေပးခဲ့တာ…ခုမွဘာကိစၥလူေတြက ငါ့ေနရာလာလုရတာလဲေျပာစမ္း….”
” အိုအသင္စိၾတ…အသင္ကအစဲြအလမ္းႀကီးလွပါေကာ…ဒီေနရာကို သင့္ကိုေစာင့္ေ႐ွာက္ဖို႔ တာဝန္ေပးထားတာ…အပိုင္စားဖို႔ေပးထားတာမဟုတ္…ခုဒီနယ္ေျမဟာ သာသနာျပဳပုဂၢိဳလ္ေၾကာင့္ အပူေဇာ္ခံသာသနာ့နယ္ေျမျဖစ္ေတာ့မယ္…ဒါေၾကာင့္ သင္လည္းဝိုင္းဝန္းၿပီး သာသနာျပဳရမယ္…”
” ဟား…ဟား…ဟား….ဘယ္သူေျပာလဲ ငါကဒီေနရာကို လူေတြလာခြင့္ေပးမယ္လို႔…ဘယ္သူမွလာခြင့္မ႐ွိဘူး..မ်က္စိလည္္လမ္းမွားၿပီး လာခြင့္႐ွိရင္႐ွိလိမ့္မယ္…အသက္႐ွင္ရက္ျပန္သြားခြင့္မ႐ွိဘူး…”
” ဒီတာဝႏၠို သင္ကေက်ပြန္ေအာင္မထမ္းေဆာင္ခ်င္တဲ့သေဘာလား…”
” သင့္လိုလူေပါက္စကမ်ား ရာရာစစငါ့ကို တရားလာခ်ရတယ္လို႔ ၾကားလို႔ေတာင္နားဝင္မေအးဘူး…”
လူငယ္ေလးႏွင့္ က်ားမွလူအျဖစ္သို႔ေျပာင္းသြားေသာ လူငယ္၏ အျပန္အလွန္စကားေျပာေနၾကသည္ကိုၾကည့္ၿပီး ဦးေမာင္စိုးက ကိုယ့္မ်က္စိကို ကိုယ္မယံုႏိူင္ျဖစ္ေန၏။
” ဒါဟာ ငါအိပ္မက္မက္ေနတာမ်ားလား…ဘယ္ႏွယ့္က်ားကေန လူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားတယ္လို႔…ငါ့ကိုမ်က္လွည့္မ်ားျပေနၾကတာလား…မွန္းစမ္း..”
ဆိုကာ သူ႔လက္ဖမိုးအား က်န္လက္ျဖင့္နာနာဆဲြလိမ္ၾကည့္လိုက္၏။
” အား…နာတယ္ဟ..အိမ္မက္မဟုတ္ဘူး…ဒါဆိုသူတို႔က သရဲတေစၦေတြမ်ားလား…”
ဆိုၿပီး ဦးေမာင္စိုးတစ္ေယာက္ အေတြးရၾကပ္ေန၏။ လူငယ္ႏွစ္ဦးသည္ တစ္ဦးႏွင့္တစ္ဦးအျပန္အလွန္စကားေျပာဆိုၾကရင္း ဝတ္ျဖဴစင္ၾကယ္ဝတ္ထားေသာ လူငယၠ တစ္စံုတစ္ခုကိုရြတ္လိုက္ရာ ေကာင္းကင္ေလးမ်က္ႏွာ၌ အေရာင္တလက္လင္ေတာက္ေျပာင္ေနေသာဝတ္ရံုမ်ားကိုဝတ္ဆက္ထားသည့္ နတ္သားမ်ားေပၚလာေလသည္။ ဦးေမာင္စိုးသည္ တသက္နဲ႔တစ္ကိုဤကဲ့သို႔ထူးဆန္းေသာျမင္ကြင္းကိုမျမင္ဖူးေသာေၾကာင့္ မ်က္ေတာင္မခပ္စတမ္း ေငးၾကည့္ေနမိသည္။
ေမာင္ေရခဲသည္ ဇိၾတအားေျပာဆိုဆံုးမ၍မရသည့္အဆံုး သာသနာေစာင့္နတ္မင္းႀကီးကိုတိုင္တည္ၿပီး နတ္က်ားဝါဇိၾတအား ဆံုးမရန္ေျပာလိုက္သည္။ သာသနာေစာင့္နတ္မင္းႀကီး၏ အပါး၌ခစားေနေသာ နတ္သားေလးပါးက အရပ္ေလးမ်က္ႏွာ၌ေပၚလာၿပီး နတ္သိုင္းကိုယ္စီကိုင္ကာ ဇိၾတအားရပ္ၾကည့္ေန၏။ အဝါေရာင္ဝတ္စံုဝတ္ထားေသာလူငယ္သည္ နတ္ေလးပါးအားျမင္လ်ွင္
” ဟင္…အ႐ွင္တို႔က ဘယ္လိုေရာက္လာၾကတာလဲ…”
” ဟယ္အျပစ္သား….သင္သည္ သာသနာျပဳမည့္ပုဂၢိဳလ္ကို ျပစ္မွားမိေနေပၿပီ…ျပန္ၿပီးေတာင္းပန္ေပေတာ့…”
” ကြၽႏ္ုပ္မျပစ္မွားဘူးအ႐ွင္…ဒီလူက အကြၽန္ပ္ရဲ႕ ေနရာကို လာေႏွာင့္ယွက္ေနလို႔ ကြၽႏ္ုပ္ေမာင္းထုတ္ရတာပါ….”
” အသင္မွားေနၿပီဇိၾတ….ဒီလူသားပုဂၢိဳလ္ဟာ လြန္ခဲ့တဲ့ဘဝေပါင္းမ်ားစြာက ပေစၥကဗုဒၶါဘုရားထံမွာ ဗ်ာဒီတ္ရထားတဲ့သူဘဲ…ေ႐ွးဘဝရဲ႕ေကာင္းမႈကုသိုလ္ကံေၾကာင့္ ဒီဘဝမြာ သူဟာသာသနာျပဳမဲ့ရဟႏၱာပုဂၢိဳလ္ျဖစ္လာလိမ့္မယ္…”
” သူဟာဘယ္သူျဖစ္ျဖစ္ ကြၽႏ္ုပ္ဂ႐ုမစိုက္ေပဘူးအ႐ွင္တို႔…ဒီလူသားကိုသာသနာျပဳခြင့္မေပးႏိုင္ဘူး…”
ဆိုကာ ဇိၾတသည္ ကိုးေတာင္က်ားႀကီးအသြင္ျပန္ေျပာင္းသြားၿပီး ရဟနၱာျဖစ္လာမည့္ ဦးေမာင္စိုးအား သတ္ရန္ျပဳလိုက္၏။ ေမာင္ေရခဲက ဦးေမာင္စိုးအား ေရႊေရာင္အမ်ွင္တမ္းမ်ားပါေသာ ေရႊအင္းခ်ပ္ျဖင့္အကာအကြယ္ေပးထားလိုက္၏။
” ေဝါင္း….ေဝါင္း….”
” အေမလးဘုရား….ကယ္ေတာ္မူပါ…”
ထူးဆန္းေသာအျဖစ္အပ်က္မ်ားကို ေငးေမာၾကည့္ေနေသာ ဦးေမာင္စိုးတစ္ေယာက္ ႐ုတ္တရက္ခုန္ဝင္လာေသာ ကိုးေတာင္က်ားႀကီးတစ္ေကာင္ေၾကာင့္ လန္႔ဖ်တ္သြားၿပီး ဘုရားတမိလိုက္၏။
” ေဝါင္း….”
” ဖုန္း….”
” ဝုန္း….”
ကိုးေတာင္က်ားႀကီးက ဦးေမာင္စိုးနားမေရာက္မွီအနည္းငယ္အကြာအေဝး၌ ေရႊေရာင္အင္းခ်ပ္ေၾကာင့္ ဝုန္းခနဲေပါက္ကဲြၿပီး က်ားႀကီးကအေနာက္သို႔ ဖုန္းခနဲလႊင့္သြား၏။ တန္ခိုးအစြမ္း႐ွိေသာ နတ္က်ားႀကီးျဖစ္ေသာေၾကာင့္ ခ်က္ခ်င္းျပန္ထလာၿပီး ဦးေမာင္စိုးထံေနာက္တစ္ေခါက္ေျပးလာျပန္ ၏။
” ရႊီး….ရႊမ္း….”
” ေဝါင္း….”
ထိုစဥ္အရပ္ေလးမ်က္ႏွာမွ နတ္သားေလးပါး၏ လက္၌ကိုင္ထားေသာနတ္သိုင္းတို႔သည္ က်ားႀကီး၏ေက်ာေပၚသို႔စုပံုေရာက္႐ွိလာၿပီး ရီႊးခနဲ ရႊမ္းခနဲအသံျမည္သြား၏။ ကိုးေတာင္က်ားႀကီးလဲ အထိနာသြားၿပီး ေျမေပၚလဲက်သြား၏။ ဦးေမာင္စိုးလည္း သူ႔ေ႐ွ႕၌လဲက်ေနေသာက်ားႀကီးကို သနားစိတ္ဝင္သြားၿပီး မတ္တတ္ရပ္ကာ
” ေတာ္ၾကပါေတာ့…ေတာ္ၾကပါေတာ့.
….ဒီက်ားေလးကိုမသတ္ပါနဲ႔…သူငါ့ကိုႀကိဳက္တာလုပ္သြားပါေစ…ငါအ်ပစၼယူဘူး…သူ႔ကိုအသက္ခ်မ္းသာေပးလိုက္ပါ..”
ဦးေမာင္စိုး၏ေတာင္းဆိုခ်က္ေၾကာင့္ နတ္သားေလးပါးလည္း နတ္သိုင္းကို ျပန္သိမ္းလိုက္ၾက၏။
” ဟယၠမိုက္သား…ဗ်ာဒိတ္ရသူေတာ္ေကာင္းႀကီးက အသင့္အတြက္အသနားခံေပးသတဲ့…သင္သတ္မဲ့သူက သင့္အသက္ကို မသတ္ဖို႔ေတာင္းဆိုသတဲ့…သင့္အမွားအတြက္ ျပန္ေတာင္းပန္လိုက္ေခ်…သူဟာသင့္ရဲ႕အသက္သခင္ေက်းဇူး႐ွင္ျဖစ္ေနၿပီ…”
နတ္သားတစ္ပါး၏ စကားေၾကာင့္က်ားႀကီးသည္ လူသားအသြင္ျပန္ေျပာင္းသြားၿပီး ဦးေမာင္စိုး၏ေျခရင္း၌ ဝၾတၱားကာ ေတာင္းပန္လိုက္၏။ ႏွစ္ဦးႏွစ္ဖက္ ေျပလည္သြားၿပီျဖစ္ေသာေၾကာင့္ ေမာင္ေရခဲသည္ဒုတိယတာဝန္ျဖစ္ေသာ သာသနာ့နယ္ေျမျပန္႔ပြားေရးအတြက္ႀကိဳးပမ္း၏။
ဦးေမာင္စိုးကား လိႈဏ္ဂူမႈျပန္လာၿပီးေနာက္ပိုင္း လူ႔ေလာကကိုၿငီးေငြ႔လာကာ လူဝတ္ေၾကာင္ဘဝကိုစြန္႔ၿပီး သာသနာ့ေဘာင္သို္အၿပီးဝင္ခဲ့ေတာ့သည္၊။ ပစၥည္းေလးပါးဒါယကာအျဖစ္ ေမာင္ေရခဲကတာဝန္ယူေပး၏။ ဦးေမာင္စိုးေခၚ ဥဴးေကလာသသီတင္းသံုးရာ က်ားဂူေခၚ ေျမာက္ေကလာရေတာင္ကား တေျဖးေျဖး သာသနာျပန္႔ပြားလာၿပီး လူသိမ္ားလာ၏။ ဥဴးေကလာသ တရားစတင္က်င့္ၾကံစဥ္၌ အမ်ိဳးမ်ိဴးေသာ အာရံုေထြျပားမႈ၊စမ္းသပ္မႈကို ၾကံဳေတြ႔ရ၏။
စိတ္ေခ်ာက္ခ်ားမႈျဖစ္ေစေသာ နာနာဘာဝစမ္းသပ္မႈမ်ားကိုလည္း အမ်ိဳးမ်ိဳးၾကံဳေတြ႔ရ၏။ ခုႏွစ္ရက္ေျမာက္ေသာေန႔၌ ဥဴးေကလာသ သည္ စိတ္အာရံုတည္ၿငိ္မ္လာၿပီး ဆ႒မအာရံုကိုစတင္ရ႐ွိလာသည္။ ဆရာေတာ္ဥဴးေကလာသ တရားက်င့္ၾကံစဥ္အေတာအတြင္း လိုအပ္ေသာေရပူေရခ်မ္း၊ဆြမ္းႏွင့္ေဆးမ်ားကို ေမာင္ေရခဲကမျပတ္စတမ္း ျဖည့္ဆည္းေပး၏။
တရားထိုင္ရင္း ၄၅ရက္ျပည့္သြားေသာေန႔၌ ဥဴးေကလသ သည္စ်ာန္ႂကြႏိူင္ေသာ ရဟႏၱာတစ္ပါးအျဖစ္ေရာက္႐ွိသြားေတာ့သည္။ ထိုည၌ တရားထိုင္ေနေသာဥဴးေကလာသ သည္ဝင္းထိန္ေနေသာ အေရာင္တန္းမ်ား တဖိတ္ဖိတ္ထြက္လာၿပီး
နတ္သားနတ္သမီးမ်ားကလည္း ဆရာေတာ္ဘုရားအား လာေရာက္ဖူးေျမာ္ၾကကုန္၏။
” ေအာင္ၿပီေဟ့…ေအာင္ၿပီ…ငါ့ရဲ႕တာဝန္ၿပီးဆံုးသြားၿပိ..”
ေမာင္ေရခဲက ဆရာေတာ္ဘုရား၏အလင္းေရာင္တန္းမ်ားကိုျမင္ၿပီး စိတ္ထဲ၌ဝမ္းသာစကားဆိုမိ၏။ ဆရာေတာ္ဥဴးေကလာသက စကၡဳအလင္းပြင့္လာၿပီး
” အေတာ္ပင္ပန္းသြားၿပီလားဒကာေလး..”
” မပင္ပန္းပါဘူးဘုရား….တပည့္ေတာ္ကအ႐ွင္ဘုရားကိုပါရမီျဖည့္ဆီးေပးရလို႔ ေပ်ာ္ေနတာပါဘုရား…”
” အိမ္းကြယ္… ဤသို႔ျပဳ႐ေသာကုသိုလ္ေကာင္းမႈေၾကာင့္ဒကာေလးလည္း ပညာေတြအမ်ားႀကီးတိုးပြားလာၿပီး ေလာကအက်ိဳးသယ္ပိုးႏိုင္ပါေစကြယ္…”
” ေပးေသာဆုနဲ႔ျပည့္ပါရလို၏ဘုရား…”
” ေကာင္းၿပီဒကာေလးေရ…ဒီက်ားဂူႀကီးကို ေျမာက္ေကလာရဂူလို႔ အမည္နာမေပးၿပီးေတာ့ ဂူထဲမြာ နတ္က်ားဝါ႐ုပ္တုေလး ထုလုပ္ေပးေစခ်င္ပါတယ္ဒကာေလး…”
” တင္ပါ့…တပည့္ေတာ္လုပ္လိုက္ပါ့မယ္ဘုရား…”
ေမာင္ေရခဲလည္း ဥဴးေကလာသမိန္႔သည့္အတိုင္း ရြာထဲမွပန္းရံဆရာမ်ားကိုေခၚကာ နတ္က်ားဝါဇိၾတ၏ ပံုစံုတူ႐ုပ္တုတစ္ခုအား ထုလုပ္ေစလိုက္၏။ အားလံုးၿပီးစီးသြားေသာ္ လဲေလ်ာင္းေနသည့္သ႑ာန္က်ား႐ုပ္ႀကီဴသည္ လက္ရာအလြန္ေသသပ္ၿပီး တကယ့္က်ားႀကီးတစ္ေကာင္လဲေလ်ာင္းေနသည္ႏွင့္ပင္တူေနေတာ့၏။
ေနာက္ပိုင္းတြင္ ေျမာက္ေကလာရေတာင္၌တေျဖးေျဖးလူသိမ်ားထင္႐ွားလာၿပီး ေစတီ၊ဘုရားမ်ားလည္း မ်ားစြာထုလုပ္ပူေဇာ္ထားၾက၏။ ဆရာေတာ္သီတင္းသံုးရန္ ႏွစ္ထပ္ေက်ာင္းေဆာင္ငယ္ေလးတစ့လံုးလည္း အလႉဒါယကာအေပါင္းတို႔၏ေက်းဇူးေၾကာင့္ ခန္႔ထည္စြာၿပီးစီးသြား၏။
ေမာင္ေရခဲလည္း မိမိ၏တာဝန္ၿပီးဆံုးသြားေသာေၾကာင့္ တပည့္႐ွိရာအရပ္သို႔ျပန္လာခဲ့ေလသည္။ ေျမာက္ေကလာရေတာင္႐ွိ နတ္က်ားဝါ႐ုပ္တုေ႐ွ႕တြင္ကား အုန္းပဲြငွက္ေပ်ာပဲြမ်ားျပည့္ေန၏။ ဂူထဲ႐ွိေၾကးဆင္းတုဘုရားေ႐ွ႕၌လည္း အမ်ိဳးစံုေသာဆြမ္း၊ပန္း၊ေရခ်မ္းမ်ား ျပည့္နက္ေန၏၊ ဆရာေတာ္ဥဴးေကလာသကား တေျဖးေျဖး လူသိမ်ားလာၿပီးပစၥည္းေလးပါး ဒါယကာလည္း ေပါမ်ားလာ၏။ ရပ္ေဝးရပ္နီးမွ ကိုးကြယ္ပူေဇာ္သူလူအမ်ားလည္း ဆရာေတာ္ဘုရားကို လာေရာက္ဖူးေျမာ္ၾက၏။ ဆရာေတာ္ဘုကားသည္ လာေရာက္ဖူးေျမာ္ၾကသူမ်ားအား ပရိတ္ေရဘူးမ်ား၊သကၤန္းစမ်ားကို အေဆာင္အျဖစ္စြန္႔ေပး၏။
ေမာင္ေရခဲကားတစ္ႏွစ္တစ္ခါ ထိုေျမာက္ေကလာရေတာင္သို႔ လာေရာက္ၿပီး အမိိႈက္သ႐ိုက္မ်ားလဲွက်င္းျခင္း၊ဆြမ္းပန္းေရခ်မ္းမ်ား ကပ္လႉျခင္းမ်ားျပဳလုပ္ၿပီး ကုသိုလ္ယူေနေတာ့သည္။….။
( စိတ္ကူးမ်ွသာျဖစ္သည္။ စာ႐ႈသူအေပါင္း ကိုယ္စိတ္ႏွလံုးက်န္းမာၿပီး လိုရာဆႏၵမ်ား ျပည့္စံုၾကပါေစေသာဝ္)
# ၿပီး
# ခြန္း