“သူ့မယား”(စ/ဆုံး)

Unicode Version

“သူ့မယား”(စ/ဆုံး)
————————
ဈေးသည်မ မဖော့သည် ကိုဆင်၏မယားဖြစ်လေသည်။ မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တမိုင်နီးပါးခန့် ခြေလျင်သွားရလေသည်။
အရောင်းရတွင်လျှင် စောစောပြန်လာတတ်၍ အရောင်းရထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်လေသည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်လေသည်။
မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်းဖြစ်သည်။ ဆံပင်မှာ နီကြန့်ကြန့်ဖြစ်၍ တထွာသာသာလောက် ရှည်သည်။ သွားအတန်ငယ်ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။
ကိုဆင်သည် အိမ်၌ ထိုင်စားသမားဖြစ်သည်။ အို…ထိုင်စားသမား သက်သက်လည်း မဟုတ်ရှာ။ အိမ်မှာ ထမင်းအိုးတည်ရသည်။ သားငယ်သမီးငယ်များကို ထိန်းရသည်။ ကိုဆင်သည် ငယ်စဉ်က သာမဏေဘဝနှင့် ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် တီးခေါက်မိသည်။ စိတ်သဘောထားကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူပွဲ၊ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင်ကောင်းသည်။ နှုတ်ခမ်းမွေးရေးရေးရှိသည်။ ရင်အုပ်ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးသည်။
သူတို့နှစ်ယောက် ညားကြ၍ သားငယ်တယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတယောက် နောက်ထပ်တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တဖန် သမီးတယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်းလာတတ်လေသည်။ ကုန်ရှုံးသောအလှည့်နှင့်ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းညူသည် မရှိ။
“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည့်ယောက်ျား မင်္ဂလာသြဘာစကားပြောပုံကို ညည်းလာပြီး နားထောင်စေချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာပြည့်ပါပေတယ်အေ့” ဟု မဖော့၏ သူငယ်ချင်းမတယောက်က ကိုဆင်ကို ချီးမွှမ်းလေသည်။ ထိုအခါ မဖော့သည် အလွန်အားရသည်။ သူ၏စိတ်ထဲတွင် ကျက်သရေအပေါင်းတို့ ပြည့်လျမ်းနေသော လင်၏ မျက်နှာကို မြင်လာ၊ ထင်လာလေသည်။
တခါတရံ ဆယ့်လေးနှစ်အရွယ် သားအကြီးလေးက တံတားမှဆီးကြို၍ အမေ့ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်လေသည်။ ‘မောင်မင်းကြီးသားကြောင့် ဒီသားကလေးကို အားထားရပေတယ်’ ဟု တွေးမိလေသည်။
တခါသော် အိမ်ငယ်ရှေ့သို့ ထန်းရေမူးသမားတယောက် ရောက်လာ၍ အိမ်ရှေ့ခုံပြင်၌ စကားပြောနေကြသော မဖော့တို့သားအမိအား မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိတို့သည် အိမ်တွင်းသို့ ပြေးဝင်ကြလေသည်။ အိမ်တွင်းက ကိုဆင်လည်း အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ခုံပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးနှစ်လုံးသည် ချာကနဲ လှည့်၍ ယိမ်းထိုးသွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားလေသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ၍ ကြည့်နေသော မဖော့သည် ‘မောင်မင်းကြီးသား မရှိလျှင် ဒုက္ခအဖြစ်ပဲ’ ဟု တွေးမိပြန်လေသည်။
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ်အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှကြီးသည်။
ကိုဆင်သည် ဤအသက် ဤအရွယ်အထိ မည်သည့်အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ကိုင်ခဲ့ဖူးချေ။ ‘ထဘီနားခိုစားသည်’ ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင်၊
“အလို…ဝေဿန္တရာမင်းကြီးပင်လျှင် မဒီ၏ လုပ်စာကို ထိုင်စားသေးတာပဲ ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ရှိသည်။ ‘ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလိုတိုရှည် မဖြစ်ကြနှင့်လေ’ ဟုပင် နောက်ထပ်ဆက်လိုက် တတ်သေးလေသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်းမသိ။ စကားနိုင်လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သေးသည်။
မလိုသူတို့သည် စကားအတင်စီးခံရ၍ သာ၍ပင် မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။
ကိုဆင် အသက်အရွယ်ကြီးလာသောအခါ ပျိုရွယ်စဉ်က မေးငေါ့ခံရ၊ အမဲ့အရွဲ့ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင်၏စိတ်တွင် ပေါ်လာကြလေသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက်ဖြစ်သဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တနှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှါး ဆင်းထွန်ပြန် သည်။ ထွန်သွားထိသဖြင့် ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရလေသည်။
၂။
အနာကျက်သောနေ့တွင် ကိုဆင်၏အသက် လေးဆယ့်သုံးနှစ်ပြည့်ပြီ။ အသားအနာက ကောင်းစွာကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ပင် ဈေးသို့ထွက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားလေသည်။ သားအလတ်နှင့် သမီးထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင်အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်ဝယ် လက်ဖက်ရည်အဖန်သောက်လေသည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီးခြောက်ယောက်တို့၏ အဖေသည် လက်သမားသေတ္တာကိုထမ်းကာ ထွက်သွားသည်။ ခြေရင်းအိမ်က မယားမီးယပ်သည်မ၏ ယောက်ျား ဓနိခုတ်ရန် ဓားကိုယူ၍ တဖက်ကမ်းသို့ လှေဖြင့် ကူးလေသည်။ မျက်နှာချင်းဆိုင်အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မခုတ်နေလေပြီ။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည်အဖန်ကို တခွက်ပြီးတခွက် ငှဲ့သောက်ကာ ကစားနေကြသော သားနှင့်သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့ တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ်လုပ်ကြသည်ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုးတည်ရမည်ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် သူတို့ကို မကြည့်ဘဲ ခေါင်းငုံ့နေလိုက်သည်။ သူတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေးတသီတတန်းကြီးကိုကား သူ့စိတ်မျက်စိတွင် မြင်ရသည်။ ရှင်လူထွက်သည့်အခါမှစ၍ ပိုးပုဝါ တသသဖြင့် လူပေါ်ကြော့လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ပင်တည်း။
သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ ဒီဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူတွေးနေသည်မှာ ရဟန်းဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုးတည်ရတော့မည်မဟုတ်။ ရဟန်းဖြစ်လျှင် သူလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်။ မယား သားသမီးတို့လည်း သူ့ကိုမှီ၍ ကုသိုလ်ရကြမည်။ သူကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ့အတွေးကား ဤသို့တည်း။
သြော်… ထမင်းအိုးတည်စရာရှိပါသေး၏တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့်သမီးတို့လည်း ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ပင် ဈေး၌ ကုန်စိမ်းရောင်းနေသော မဖော့သည် ကုန်စိမ်းများကို ရေပိုဆွတ်သည်။ အလေးချိန် ပိုစီးလျှင် အမြတ်ငွေ ပို၍ ရစရာရှိ သည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ်ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေလေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညက ချန်ထားသောဟင်းနှင့် စားကြလေသည်။ စားပြီးကြသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်လေသည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးမျိုးကို ထပ်မံ၍ ကောက်ပြန်လေသည်။
သူ ရဟန်းဖြစ်လျှင် နံနက်တိုင်း မဖော့အိမ်သို့ ဆွမ်းခံလာမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏မျက်နှာကို သူမြင်ရမည်။ သူ့သားသမီးများ၏ မျက်နှာတို့ကိုလည်း မြင်ရမည်။ မဖော့သည် တရားမတတ်၊ စာပေမတတ်၊ သေလျှင် မဖော့ အပါယ်ကျတော့မည်။ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ဤသို့ တွေး၍ကောင်းနေတုန်း သားနှင့်သမီးတို့၏ ငိုသံကြားလိုက်ရာ အတွေးဆက် ပြတ်သွားလေသည်။ ညီမငယ်က အစ်ကို၏မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကိုငိုလေသည်။ တဖန် အစ်ကိုက ညီမငယ်၏ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်လေသည်။
“နင်တို့ ငါ့ကို အလွန်ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာထိုင်၊ နင်ကလဲ ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။
ကလေးတို့သည် မျက်ရည်သုတ်၍ တတိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှပြန်ထိုင်၍ အတွေးကို ပြန်ကောက်လေသည်။ ကောက်၍မရတော့ချေ။ အတန်ကြာသောအခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်လည်း သမ်းဝေလာသည်။
“ဘယ်ကိုမှ ထမသွားကြနဲ့၊ တိုင်မှာသာထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် လဲလျောင်း၍ မျက်စိတို့ကို မှိတ်လေသည်။
ကိုဆင် မျက်စိမှိတ် သည်နှင့်တပြိုင်နက် ကလေးတို့၏မျက်စိသည် ကျယ်လာကြသည်။
တယောက်၏မျက်နှာကို တယောက် ကြည့်ကြသည်။ မျက်စိမှိတ်နေသောကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင်အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှကြာသွားသည် မသိ၊ ကိုဆင် နိုးလာသောအခါ မဖော့၏အသံကို ကြားရလေသည်။ မဖော့၏အသံကြောင့်လည်း ကိုဆင် နိုးလာရခြင်းဖြစ်လေသည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍…
“ကြည့်စမ်း ဟဲ့ ကောင်လေး ဆင်းခဲ့၊ မြန်မြန်ဆင်းခဲ့၊ လိမ့်ကျရင် မခက်ပါလား၊ ညီမလေးဘယ်မှာလဲ”
“ဟို…. ကမ်းနားမှာ”
“အကျိုးနည်းကုန်ပါပြီတော်၊ ကိုဆင်.. ရှင် ဒီလိုပဲ ကလေးတွေကို ပစ်ထားရလား။ တယ်တော်တဲ့ အဖေပါလားရှင်”
ထိုအခိုက်တွင် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားလည်း မန်ကျည်းပင်ပေါ်က ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းဖြင့် ကြည့်၏။ ကလေးတို့သည် အမေ့ကို ကွယ်နေကြသည်။
“ရော့.. ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံးခေါ်သွားလေသည်။ ကိုဆင်သည် စားဖိုဖက်သို့ လိုက်၍ကြည့်သည်။ မဖော့သည် သမီး၏လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျွေးသည်။ ထို့နောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တထွာသာသာရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျားကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြ သည်။ “အမေ့ကျောကို တံတောင်နှင့် ကြိတ်စမ်း” ဟုဆိုသဖြင့် သားသည် မုန့်ကို ပါးစပ်ထဲ၌ ကိုက်ကာ တံတောင်နှင့်ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိမ်းယမ်းနေရာ ဆံပင် ဖားလျားကျနေသော ခေါင်းလည်း ယိမ်းယမ်းနေလေသည်။ မဖော့ကိုကြည့်ရသည်မှာ သရဲအခြောက်ခံနေရသည်နှင့် တူလှပေသည်။
ကိုဆင်သည် မဖော့ကိုမြင်၏။ သက်ပြင်းကြီးချ၍ …
“ငါသင်္ကန်းဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ်လောင်းလိုက်ပြန်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန်ရောက်မှ ပြောဝံ့၍ သူ့အကြံထမြောက်သွားလေသည်။
၃။
ပြောစဉ်က တလလောက်သင်္ကန်းဝတ်လိုကြောင်း ပြော၍ သင်္ကန်းဝတ်သည်။ သို့ရာတွင် သုံးလနီးပါးရှိလာပြီ။ ကိုဆင် လူမထွက်သေးပေ။ ကလေးများကို ကြည့်ဖော်ရှုဖော်အဖြစ်ဖြင့် လာရောက်နေထိုင်သော မဖော့၏ဒွေးလေးသည် သူ၏သမီးများကို အောက်မေ့လှပြီ။ သူ့ရွာသို့ ပြန်ချင်ပြီ။
တနေ့သောအခါ ဒွေးလေးက…
“ဦးပဉ္စင်း ဘယ်တော့လူထွက်မှာလဲ”
ဟု မေးလျှောက်လေ၏။
ဦးပဉ္စင်းသည် မေးလျှောက်သည်ကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွတ်ဆို၍ တရားဟောလေတော့သည်။
ဒွေးလေး ခက်ပြီ။ ဒွေးလေး၏နားထဲသို့ ထို တရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသပုန် ထလေသည်။
ဦးပဉ္စင်းကြွသွားသောအခါ ဒွေးလေးသည် “ဟေ့… ရှင်ဖော့၊ ငါပြန်ချင်ပြီ။ ညည်းဦးပဉ္စင်းကို လူထွက်ခိုင်းတော့။ ငါ အလကား သက်သက်မဲ့ ညည့်အိမ်မှာ ကျွန်မခံချင်ဘူး ” ဟု မဖော့ကို ကြိမ်းလေသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တခါ နှစ်ခါ လျှောက်ပါ၏။ တရားအဟောသာ ခံခဲ့ရလေသည်။ ဝါလည်းဝင်လုပြီ။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာမရသဖြင့် သူငယ်ချင်းမတယောက်နှင့် တိုင်ပင်လေသည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်မောကြလေသည်။
၄။
ထိုနေ့ နံနက်ခင်းသည် နေရောင်ခြည်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင်ထိပ်က ချိုးကူသံသည် ဆက်ကာ ဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်။ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ် ကြော်လှော်နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါးလူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး၊ ခပ်မှုန်မှုန်ရိုက်သည်။ သူ့တကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သပ်ရပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစားကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ရှိမဲ့ ဆံစများကို ခိုတောင် ကျအောင် အတင်းသိမ်းဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အင်္ကျီအဖြူပါးပါးနှင့် ပန်းပွင့်အနီရိုက် သရက်ထည် ထဘီအသစ်တို့ကို ဝတ်သည်။ ကလေးနှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင် ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးထားသည်။ အိမ်ရှေ့တွင် လှည်းတစီးကို အသင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာသည်။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း ‘ ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ’ဟု တွေးရင်း စိတ်လေးလာလေသည်။
အိမ်နားသို့ ရောက်လာ၏။ လှည်းကိုမြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်ပြန်သည်။ ဒွေးလေးက ပင့်ရာ၊ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်လေသည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တချက်မျှ စောင်းငဲ့၍ကြည့်၏။ မဖော့ ဖြီးပုံ၊ လိမ်းပုံ၊ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တဖန်ထပ်၍ တချက်ကြည့်ပြန်သည်။ ထူးခြားလှပါတကားဟု တွေးမိလာသည်။
မဖော့ စားဖိုဆောင်သို့ပင် ပြန်ဝင်သွားလေသည်။ ဆွမ်းစားရင်း ‘မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်’ ဟူသော အတွေးကြောင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာလေသည်။
“ငါ့ကို လူထွက်ဖို့ ပြောမှာပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား”ဟု ဖြေလိုက်မှ စိတ်ထဲ ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချိုပွဲကို မဖော့ ယူလာပြန်၏။ ဦးပဉ္စင်းလည်း တချက်ကြည့်လိုက်ပြန်သည်။
“အလို… နဖူးမှာ ခိုတောင်များချလို့ပါကလား..” ဟု အံ့သြမိပြန်သည်။
အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်းတနေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်လေသည်။ ဦးပဉ္စင်းက တရား‌ဟောမည်ဟု ကြံလိုက်သည်နှင့်တပြိုင်နက် မဖော့သည် “ဒွေးလေး၊ လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့်လေသည်။
ဦးပဉ္စင်းသည် တရားစကားကို စရမည့်အစား ” မဖော့တို့ ဘာများလုပ်ကြမှာတုန်း” ဟု မေးလေသည်။
“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။
“ဒွေးလေးကလည်း သူ့ရွာ ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခရောက်ပါလိမ့်မယ်။ ဒုက္ခမရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်ယောက် ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါ ဘုရား။ ဟဲ့…
ကလေး … ဦးပဉ္စင်းနှင့် နေရစ်ပေတော့”
မဖော့သည် ခေါင်းကိုမမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့က ဆက်၍ လျှောက်ပြန်သည်မှာ…
“ဦးပဉ္စင်းကြီးလည်း တသက်လုံးပဲ ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းရဲ့ဘဝနဲ့ တပည့်တော်မတို့ရဲ့ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ ဒကာမအဖြစ်နဲ့သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီးနှစ်ယောက် ရှိနေသေးတော့၊ တရွာတကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံလိုပါတယ်။ ဟဲ့…. ဖိုးနီ… ဟိုအထုပ်တွေကို လှည်းပေါ် ယူတင်လိုက်။ ဒါကြောင့်မို့ အခုကစပြီး ရှင်းအောင်၊ ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေးဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု လျှောက်လေ၏။
“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်၏။
မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့်တဖော် ထားလေသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် ဒီပြင် ပြင်သလိုပြု၍ မဖော့ကို တချက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ “ဦးပဉ္စင်းကြီးဘုရား…. ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မလည်း အခြား အားကိုးအားထားကို တွေ့ပါက…… ”
“ဟာ… နင်တို့ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟုပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်မယားဖြစ်ရပြန်လေသတည်း။
————
#ဇော်ဂျီ

Zawgyi Version

“သူ႔မယား”(စ/ဆံုး)
————————
ေစ်းသည္မ မေဖာ့သည္ ကိုဆင္၏မယားျဖစ္ေလသည္။ မေဖာ့သည္ ၿမိဳ႕သို႔တက္၍ ကုန္စိမ္းေရာင္းေလ့ရွိရာ နံနက္တိုင္း ဗ်ပ္ကို႐ြက္၍ ၿမိဳ႕သို႔ တမိုင္နီးပါးခန္႔ ေျခလ်င္သြားရေလသည္။
အေရာင္းရတြင္လွ်င္ ေစာေစာျပန္လာတတ္၍ အေရာင္းရထိုင္းလွ်င္ ေနေစာင္းမွ ျပန္လာတတ္ေလသည္။ ျပန္လာတိုင္း ေခ်ာင္းကိုျဖတ္ကာ ႐ြာဘက္သို႔ ကူးထားေသာ ဝါးတံတားသို႔ ေရာက္လွ်င္ လင္စိတ္၊ သားသမီးစိတ္တို႔သည္ အလိုလို ေပၚလာတတ္ေလသည္။
မေဖာ့သည္ အရပ္ ေထာင္ေထာင္ေမာင္းေမာင္းျဖစ္သည္။ ဆံပင္မွာ နီၾကန္႔ၾကန္႔ျဖစ္၍ တထြာသာသာေလာက္ ရွည္သည္။ သြားအတန္ငယ္ေခါသည္။ သို႔ရာတြင္ အ႐ုပ္ဆိုးဟု မဆိုသာေခ်။
ကိုဆင္သည္ အိမ္၌ ထိုင္စားသမားျဖစ္သည္။ အို…ထိုင္စားသမား သက္သက္လည္း မဟုတ္ရွာ။ အိမ္မွာ ထမင္းအိုးတည္ရသည္။ သားငယ္သမီးငယ္မ်ားကို ထိန္းရသည္။ ကိုဆင္သည္ ငယ္စဥ္က သာမေဏဘဝႏွင့္ ကိုးႏွစ္ခန္႔ ေနခဲ့ဖူးသူ ျဖစ္သျဖင့္ စာေပ၌ အေတာ္အတန္ တီးေခါက္မိသည္။ စိတ္သေဘာထားေကာင္းသည္။ ရယ္ရယ္ေမာေမာ ေနတတ္သည္။ အလႉပြဲ၊ မဂၤလာပြဲမ်ားတြင္ ေရွ႕တန္းက ပါတတ္သည္။ သူ၏ အရပ္အေမာင္းမွာ မယားေလာက္ မျမင့္လွ။ ဆံပင္ေကာင္းသည္။ ႏႈတ္ခမ္းေမြးေရးေရးရွိသည္။ ရင္အုပ္က်ဥ္းသည္။ ထိုးကြင္းကို ဒူးအထိ ထိုးသည္။
သူတို႔ႏွစ္ေယာက္ ညားၾက၍ သားငယ္တေယာက္ ရၿပီးသည္အထိ မေဖာ့သည္ ေစ်းေရာင္းထြက္သည္။ ကိုဆင္ကိုလည္း ျပဳစုရွာသည္။ သားတေယာက္ ေနာက္ထပ္တိုးလာေသာအခါ မေဖာ့သည္ ေစ်းေရာင္းသာ ထြက္ႏိုင္ရွာေတာ့သည္။ ေနာက္တဖန္ သမီးတေယာက္ တိုးလာျပန္ေသာအခါ မေဖာ့ အလြန္ ေမာပန္းလာတတ္ေလသည္။ ကုန္ရႈံးေသာအလွည့္ႏွင့္ႀကဳံသည့္အခါ သနားဖြယ္သာ ျဖစ္ေတာ့သည္။ သို႔ရာတြင္ မေဖာ့သည္ ညည္းညဴသည္ မရွိ။
“အေရွ႕ပိုင္းက မဂၤလာေဆာင္မွာ ညည့္ေယာက္်ား မဂၤလာၾသဘာစကားေျပာပုံကို ညည္းလာၿပီး နားေထာင္ေစခ်င္တယ္ သူငယ္ခ်င္းမရဲ႕၊ အလြန္ခံ့တယ္။ ညည့္ေယာက္်ား ပညာျပည့္ပါေပတယ္ေအ့” ဟု မေဖာ့၏ သူငယ္ခ်င္းမတေယာက္က ကိုဆင္ကို ခ်ီးမႊမ္းေလသည္။ ထိုအခါ မေဖာ့သည္ အလြန္အားရသည္။ သူ၏စိတ္ထဲတြင္ က်က္သေရအေပါင္းတို႔ ျပည့္လ်မ္းေနေသာ လင္၏ မ်က္ႏွာကို ျမင္လာ၊ ထင္လာေလသည္။
တခါတရံ ဆယ့္ေလးႏွစ္အ႐ြယ္ သားအႀကီးေလးက တံတားမွဆီးႀကိဳ၍ အေမ့ဗ်ပ္၊ ေတာင္း စသည္တို႔ကို ကူသယ္ေပး၏။ ထိုအခါ မေဖာ့သည္ အားရျပန္ေလသည္။ ‘ေမာင္မင္းႀကီးသားေၾကာင့္ ဒီသားကေလးကို အားထားရေပတယ္’ ဟု ေတြးမိေလသည္။
တခါေသာ္ အိမ္ငယ္ေရွ႕သို႔ ထန္းေရမူးသမားတေယာက္ ေရာက္လာ၍ အိမ္ေရွ႕ခုံျပင္၌ စကားေျပာေနၾကေသာ မေဖာ့တို႔သားအမိအား မထီမဲ့ျမင္ ျပဳလိုေသာ မ်က္စိျဖင့္ ၾကည့္ေလသည္။ ထိုအခါ သားအမိတို႔သည္ အိမ္တြင္းသို႔ ေျပးဝင္ၾကေလသည္။ အိမ္တြင္းက ကိုဆင္လည္း အိမ္ေရွ႕သို႔ ကပ်ာကယာ ထြက္လာ၍ ခုံျပင္၌ ခါးေထာက္ကာ ရပ္ေနလိုက္သည္။ မထီမဲ့ျမင္ ျပဳလိုေသာ မ်က္လုံးႏွစ္လုံးသည္ ခ်ာကနဲ လွည့္၍ ယိမ္းထိုးသြားၾကေသာ ေျခတို႔ႏွင့္အတူ ယိုင္ယမ္းကာ ပါသြားေလသည္။ ထိုအခါ အိမ္ခန္းတံခါးမွ ေခါင္းျပဴ၍ ၾကည့္ေနေသာ မေဖာ့သည္ ‘ေမာင္မင္းႀကီးသား မရွိလွ်င္ ဒုကၡအျဖစ္ပဲ’ ဟု ေတြးမိျပန္ေလသည္။
မေဖာ့သည္ ယခု သုံးဆယ့္ခုနစ္ႏွစ္အတြင္းသို႔ ဝင္ၿပီ။ ကိုဆင္သည္ မေဖာ့ထက္ ေျခာက္ႏွစ္မွ်ႀကီးသည္။
ကိုဆင္သည္ ဤအသက္ ဤအ႐ြယ္အထိ မည္သည့္အလုပ္ကိုမွ် ျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ကိုင္ခဲ့ဖူးေခ်။ ‘ထဘီနားခိုစားသည္’ ဟု မလိုသူတို႔က ကဲ့ရဲ႕ၾကလွ်င္၊
“အလို…ေဝႆႏၲရာမင္းႀကီးပင္လွ်င္ မဒီ၏ လုပ္စာကို ထိုင္စားေသးတာပဲ ဟု ရယ္သလို ေမာသလိုႏွင့္ ျပန္ေခ်ေလ့ရွိသည္။ ‘ကိုယ့္ကုသိုလ္ႏွင့္ ကိုယ္ျဖစ္တာ၊ မနာလိုတိုရွည္ မျဖစ္ၾကႏွင့္ေလ’ ဟုပင္ ေနာက္ထပ္ဆက္လိုက္ တတ္ေသးေလသည္။ သို႔ရာတြင္ စိတ္ထဲ၌ကား နာက်င္မိသည္။ နာပင္ နာျငားေသာ္လည္း နာရမွန္းမသိ။ စကားႏိုင္လု၍ ေျပာလိုက္ရေသာ သူ႔ကိုယ္ကိုပင္ သူ ခ်ီးမြမ္းလိုက္ေသးသည္။
မလိုသူတို႔သည္ စကားအတင္စီးခံရ၍ သာ၍ပင္ မလိုစိတ္ ေပါက္လာၾကသည္။ အခြင့္ရတိုင္း ေမးေငါ့ၾကသည္။ မဲ့႐ြဲ႕ၾကသည္။
ကိုဆင္ အသက္အ႐ြယ္ႀကီးလာေသာအခါ ပ်ိဳ႐ြယ္စဥ္က ေမးေငါ့ခံရ၊ အမဲ့အ႐ြဲ႕ခံခဲ့ရေသာ ဒဏ္ရာမ်ားသည္ ကိုဆင္၏စိတ္တြင္ ေပၚလာၾကေလသည္။
ထို႔ေၾကာင့္ ကိုဆင္သည္ အစ္ကိုဝမ္းကြဲတေယာက္ထံမွ ေငြေခ်း၍ ဝါးေရာင္းသည္။ ဝါးေစ်းက်ခိုက္ျဖစ္သျဖင့္ ခြက္ခြက္လန္ေအာင္ ရႈံးပါေလ၏။ ေနာက္တႏွစ္ မိုးဦးက်ေသာအခါ ကိုဆင္သည္ လယ္အငွါး ဆင္းထြန္ျပန္ သည္။ ထြန္သြားထိသျဖင့္ ေျခသလုံးဝယ္ ေသြးစက္စက္ႏွင့္ အိမ္သို႔ျပန္လာရသည္။ အနာကို ဆယ့္ငါးရက္ေလာက္ ကုယူရေလသည္။
၂။
အနာက်က္ေသာေန႔တြင္ ကိုဆင္၏အသက္ ေလးဆယ့္သုံးႏွစ္ျပည့္ၿပီ။ အသားအနာက ေကာင္းစြာက်က္ေပ၏။ သို႔ရာတြင္ စိတ္အနာကား ရင္းစျပဳလာၿပီ။
မေဖာ့သည္ ခါတိုင္းကဲ့သို႔ပင္ ေဈးသို႔ထြက္သြား၏။ ထိုအခါ သားအႀကီးသည္ ဘုန္းႀကီးေက်ာင္းသို႔ သြားေလသည္။ သားအလတ္ႏွင့္ သမီးေထြးတို႔သည္ အိမ္ေရွ႕ မန္က်ည္းပင္ေအာက္၌ ကစားၾကသည္။ ကိုဆင္သည္ ကျပင္ဝယ္ လက္ဖက္ရည္အဖန္ေသာက္ေလသည္။ အတန္ၾကာေသာအခါ ေခါင္းရင္းအိမ္က သားသမီးေျခာက္ေယာက္တို႔၏ အေဖသည္ လက္သမားေသတၱာကိုထမ္းကာ ထြက္သြားသည္။ ေျခရင္းအိမ္က မယားမီးယပ္သည္မ၏ ေယာက္်ား ဓနိခုတ္ရန္ ဓားကိုယူ၍ တဖက္ကမ္းသို႔ ေလွျဖင့္ ကူးေလသည္။ မ်က္ႏွာခ်င္းဆိုင္အိမ္က အဘိုးအိုပင္လွ်င္ တေဒါက္ေဒါက္ႏွင့္ ေယာက္မခုတ္ေနေလၿပီ။
လက္ဦးတြင္ ကိုဆင္သည္ လက္ဖက္ရည္အဖန္ကို တခြက္ၿပီးတခြက္ ငွဲ႔ေသာက္ကာ ကစားေနၾကေသာ သားႏွင့္သမီးတို႔ကို ၾကည့္၍ ၾကည္ႏူးေနသည္။ သို႔ရာတြင္ အိမ္နီးခ်င္းတို႔ တလႈပ္လႈပ္ တ႐ြ႐ြ အလုပ္သြားၾက၊ အလုပ္လုပ္ၾကသည္ကို ျမင္ရေသာအခါ သားသမီးတို႔ကို ၾကည့္၍ မၾကည္ႏူးႏိုင္။ ထမင္းအိုးတည္ရမည္ျဖစ္ေသာ သူ၏ အလုပ္ကို သူ သတိရလာသည္။ ေမးေငါ့ၾကေသာ မ်က္ႏွာ၊ မဲ့႐ြဲ႕ၾကေသာ မ်က္ႏွာတို႔ကိုလည္း ျမင္ေယာင္ေယာင္ ျဖစ္လာသည္။ ထို႔ေၾကာင့္ သူတို႔ကို မၾကည့္ဘဲ ေခါင္းငုံ႔ေနလိုက္သည္။ သူတို႔ကိုကား မျမင္ရ။ သို႔ရာတြင္ သူ႔ျဖစ္ေရွးတသီတတန္းႀကီးကိုကား သူ႔စိတ္မ်က္စိတြင္ ျမင္ရသည္။ ရွင္လူထြက္သည့္အခါမွစ၍ ပိုးပုဝါ တသသျဖင့္ လူေပၚေၾကာ့လုပ္လာခဲ့ပုံ၊ မေဖာ့ႏွင့္ ညားပုံ၊ ကုန္ရႈံးပုံ၊ ေျခသလုံး၌ ဒဏ္ရာရပုံတို႔ပင္တည္း။
သူ ဝမ္းနည္းလာ၏။ ရွက္လာ၏။ ဒီဘဝႏွင့္ သူ မေနခ်င္၊ သူ ႐ုန္းထြက္ခ်င္သည္။ သူေတြးေနသည္မွာ ရဟန္းဝတ္ရလွ်င္ ေကာင္းမည္။ ရဟန္းျဖစ္လွ်င္ သူ ထမင္းအိုးတည္ရေတာ့မည္မဟုတ္။ ရဟန္းျဖစ္လွ်င္ သူလည္း နိဗၺာန္ကို မ်က္ေမွာက္ျပဳႏိုင္မည္။ မယား သားသမီးတို႔လည္း သူ႔ကိုမွီ၍ ကုသိုလ္ရၾကမည္။ သူကြၽတ္ခ်ိန္တန္ၿပီ။ သူ ဘုရားဆုပန္မည္။ သူ႔အေတြးကား ဤသို႔တည္း။
ေၾသာ္… ထမင္းအိုးတည္စရာရွိပါေသး၏တကား။ မတည္လွ်င္ သူ ယေန႔ ထမင္းငတ္မည္။ သူ႔သားႏွင့္သမီးတို႔လည္း ငိုၾကလိမ့္မည္။ ထို႔ေၾကာင့္ ကိုဆင္သည္ စားဖိုသို႔ ဝင္ရေလ၏။ ထိုအခ်ိန္၌ပင္ ေစ်း၌ ကုန္စိမ္းေရာင္းေနေသာ မေဖာ့သည္ ကုန္စိမ္းမ်ားကို ေရပိုဆြတ္သည္။ အေလးခ်ိန္ ပိုစီးလွ်င္ အျမတ္ေငြ ပို၍ ရစရာရွိ သည္။ ရလွ်င္ ကိုဆင္ဖို႔ ေဆးေပါ့လိပ္ေကာင္းေကာင္း ဝယ္သြားမည္ဟု မေဖာ့ စိတ္ကူးေနေလသည္။
ကြၽမ္းက်င္သည့္အေလ်ာက္ ကိုဆင္သည္ ထမင္းကို ေကာင္းစြာ ခ်က္ႏိုင္သည္။ က်က္ေသာအခါ ကေလးမ်ားကိုေခၚ၍ မေန႔ညက ခ်န္ထားေသာဟင္းႏွင့္ စားၾကေလသည္။ စားၿပီးၾကေသာအခါ ကေလးမ်ားသည္ ေဆာ့ၿမဲတိုင္း ေဆာ့ၾကျပန္ေလသည္။ ကိုဆင္လည္း အိမ္ခါးပန္း၌ ေျခတြဲလဲခ်၍ ေဆးေပါ့လိပ္ကို လက္ၾကားညႇပ္ကာ ယခင္အေတြးမ်ိဳးကို ထပ္မံ၍ ေကာက္ျပန္ေလသည္။
သူ ရဟန္းျဖစ္လွ်င္ နံနက္တိုင္း မေဖာ့အိမ္သို႔ ဆြမ္းခံလာမည္။ မေဖာ့ ေစ်းသို႔ မသြားေသးသျဖင့္ မေဖာ့၏မ်က္ႏွာကို သူျမင္ရမည္။ သူ႔သားသမီးမ်ား၏ မ်က္ႏွာတို႔ကိုလည္း ျမင္ရမည္။ မေဖာ့သည္ တရားမတတ္၊ စာေပမတတ္၊ ေသလွ်င္ မေဖာ့ အပါယ္က်ေတာ့မည္။ မေဖာ့ကို သူ သနားလွသည္။ မေဖာ့ကို သူ တရားျပမည္။
ဤသို႔ ေတြး၍ေကာင္းေနတုန္း သားႏွင့္သမီးတို႔၏ ငိုသံၾကားလိုက္ရာ အေတြးဆက္ ျပတ္သြားေလသည္။ ညီမငယ္က အစ္ကို၏မ်က္ႏွာကို ကုတ္ဆြဲသျဖင့္ အစ္ကိုငိုေလသည္။ တဖန္ အစ္ကိုက ညီမငယ္၏ဆံပင္ကို ဆြဲလိုက္သျဖင့္ ညီမငယ္ ငိုျပန္ေလသည္။
“နင္တို႔ ငါ့ကို အလြန္ဒုကၡေပးတယ္၊ အိမ္ထဲကို လာခဲ့ၾက။ နင္က သည္တိုင္မွာထိုင္၊ နင္ကလဲ ဟိုတိုင္မွာ ထိုင္၊ မထၾကနဲ႔” ဟု ကိုဆင္သည္ ႀကိမ္းေမာင္း၍ ေနရာခ်ေပးသည္။
ကေလးတို႔သည္ မ်က္ရည္သုတ္၍ တတိုင္စီမွာ ထိုင္ၾကသည္။ ကိုဆင္သည္ ထိုင္ၿမဲေနရာမွျပန္ထိုင္၍ အေတြးကို ျပန္ေကာက္ေလသည္။ ေကာက္၍မရေတာ့ေခ်။ အတန္ၾကာေသာအခါ ကေလးတို႔ကို ၾကည့္လိုက္သည္။ ကေလးတို႔သည္ ငိုက္ေနၾကသည္။ ကိုဆင္လည္း သမ္းေဝလာသည္။
“ဘယ္ကိုမွ ထမသြားၾကနဲ႔၊ တိုင္မွာသာထိုင္ေနၾကရမယ္” ဟု ေျပာၿပီးေနာက္ ကိုဆင္သည္ လဲေလ်ာင္း၍ မ်က္စိတို႔ကို မွိတ္ေလသည္။
ကိုဆင္ မ်က္စိမွိတ္ သည္ႏွင့္တၿပိဳင္နက္ ကေလးတို႔၏မ်က္စိသည္ က်ယ္လာၾကသည္။
တေယာက္၏မ်က္ႏွာကို တေယာက္ ၾကည့္ၾကသည္။ မ်က္စိမွိတ္ေနေသာကိုဆင္ကို ၾကည့္ၾကျပန္သည္။ ကိုဆင္အိပ္ေပ်ာ္လွ်င္ သူတို႔ ဆင္းကစားၾကလိမ့္ဦးမည္။
မည္မွ်ၾကာသြားသည္ မသိ၊ ကိုဆင္ ႏိုးလာေသာအခါ မေဖာ့၏အသံကို ၾကားရေလသည္။ မေဖာ့၏အသံေၾကာင့္လည္း ကိုဆင္ ႏိုးလာရျခင္းျဖစ္ေလသည္။ မေဖာ့သည္ မန္က်ည္းပင္ေပၚသို႔ ေမာ့ၾကည့္၍…
“ၾကည့္စမ္း ဟဲ့ ေကာင္ေလး ဆင္းခဲ့၊ ျမန္ျမန္ဆင္းခဲ့၊ လိမ့္က်ရင္ မခက္ပါလား၊ ညီမေလးဘယ္မွာလဲ”
“ဟို…. ကမ္းနားမွာ”
“အက်ိဳးနည္းကုန္ပါၿပီေတာ္၊ ကိုဆင္.. ရွင္ ဒီလိုပဲ ကေလးေတြကို ပစ္ထားရလား။ တယ္ေတာ္တဲ့ အေဖပါလားရွင္”
ထိုအခိုက္တြင္ သမီးသည္ ႐ႊံ႕ေပေနေသာ လက္မ်ားျဖင့္ အေမ့ထံသို႔ ေျပးလာသည္။ သားလည္း မန္က်ည္းပင္ေပၚက ဆင္းလာ၍ ေျမျပင္ကို နင္းမိၿပီ။
ကိုဆင္သည္ ကေလးတို႔ကို မ်က္ေစာင္းျဖင့္ ၾကည့္၏။ ကေလးတို႔သည္ အေမ့ကို ကြယ္ေနၾကသည္။
“ေရာ့.. ကိုဆင္၊ ေဆးေပါ့လိပ္” ဟု မေဖာ့သည္ ေျပာေပး ေပး၍ ကေလးမ်ားကို စားဖိုေဆာင္သို႔ သိမ္း႐ုံးေခၚသြားေလသည္။ ကိုဆင္သည္ စားဖိုဖက္သို႔ လိုက္၍ၾကည့္သည္။ မေဖာ့သည္ သမီး၏လက္မ်ားကို ေရေဆးေပးသည္။ ထို႔ေနာက္ မိမိဝယ္လာခဲ့ေသာ မုန္႔ပဲတို႔ကို ကေလးတို႔အား ထုတ္ေကြၽးသည္။ ထို႔ေနာက္ ၾကမ္းေပၚတြင္ ေျခဆင္း၍ ဆံပင္ကို ေျဖသည္။ ခါးကို ေရွ႕သို႔ ကုန္းလိုက္သည္။ ထိုအခါ တထြာသာသာရွည္ေသာ ဆံပင္တို႔သည္ ေရွ႕သို႔ ဖားလ်ားက်လာ၍ ေျခသလုံးေပၚတြင္ ဝဲေနၾက သည္။ “အေမ့ေက်ာကို တံေတာင္ႏွင့္ ႀကိတ္စမ္း” ဟုဆိုသျဖင့္ သားသည္ မုန္႔ကို ပါးစပ္ထဲ၌ ကိုက္ကာ တံေတာင္ႏွင့္ႀကိတ္ေနသည္။ ေက်ာသည္ တံေတာင္ေအာက္တြင္ ယိမ္းယမ္းေနရာ ဆံပင္ ဖားလ်ားက်ေနေသာ ေခါင္းလည္း ယိမ္းယမ္းေနေလသည္။ မေဖာ့ကိုၾကည့္ရသည္မွာ သရဲအေျခာက္ခံေနရသည္ႏွင့္ တူလွေပသည္။
ကိုဆင္သည္ မေဖာ့ကိုျမင္၏။ သက္ျပင္းႀကီးခ်၍ …
“ငါသကၤန္းဝတ္မွ ျဖစ္မယ္” ဟု အေတြးေဟာင္းတြင္ အေတြးသစ္ေလာင္းလိုက္ျပန္သည္။ သို႔ရာတြင္ မယားကို ေတာ္ေတာ္ႏွင့္ မေျပာဝံ့ေသး။ ႏွစ္သစ္ကူးခ်ိန္ေရာက္မွ ေျပာဝံ့၍ သူ႔အႀကံထေျမာက္သြားေလသည္။
၃။
ေျပာစဥ္က တလေလာက္သကၤန္းဝတ္လိုေၾကာင္း ေျပာ၍ သကၤန္းဝတ္သည္။ သို႔ရာတြင္ သုံးလနီးပါးရွိလာၿပီ။ ကိုဆင္ လူမထြက္ေသးေပ။ ကေလးမ်ားကို ၾကည့္ေဖာ္ရႈေဖာ္အျဖစ္ျဖင့္ လာေရာက္ေနထိုင္ေသာ မေဖာ့၏ေဒြးေလးသည္ သူ၏သမီးမ်ားကို ေအာက္ေမ့လွၿပီ။ သူ႔႐ြာသို႔ ျပန္ခ်င္ၿပီ။
တေန႔ေသာအခါ ေဒြးေလးက…
“ဦးပၪၥင္း ဘယ္ေတာ့လူထြက္မွာလဲ”
ဟု ေမးေလွ်ာက္ေလ၏။
ဦးပၪၥင္းသည္ ေမးေလွ်ာက္သည္ကို မေျဖ။ သကၤန္း၏ အရိပ္အာဝါသ ေအးျမေၾကာင္း အစခ်ီကာ ပါဠိဂါထာမ်ားကို ႐ြတ္ဆို၍ တရားေဟာေလေတာ့သည္။
ေဒြးေလး ခက္ၿပီ။ ေဒြးေလး၏နားထဲသို႔ ထို တရားေတာ္ မဝင္။ သူ႔ကို မတရားသျဖင့္ အိမ္မွာ ေခၚထားသည္ဟု ေအာက္ေမ့၍ စိတ္ထဲတြင္ ေဒါသပုန္ ထေလသည္။
ဦးပၪၥင္းႂကြသြားေသာအခါ ေဒြးေလးသည္ “ေဟ့… ရွင္ေဖာ့၊ ငါျပန္ခ်င္ၿပီ။ ညည္းဦးပၪၥင္းကို လူထြက္ခိုင္းေတာ့။ ငါ အလကား သက္သက္မဲ့ ညည့္အိမ္မွာ ကြၽန္မခံခ်င္ဘူး ” ဟု မေဖာ့ကို ႀကိမ္းေလသည္။ မေဖာ့ကလည္း ဦးပၪၥင္းကို လူထြက္ေစခ်င္လွၿပီ။ တခါ ႏွစ္ခါ ေလွ်ာက္ပါ၏။ တရားအေဟာသာ ခံခဲ့ရေလသည္။ ဝါလည္းဝင္လုၿပီ။ ေဒြးေလးကလည္း နားပူလွၿပီ။
ႀကံရာမရသျဖင့္ သူငယ္ခ်င္းမတေယာက္ႏွင့္ တိုင္ပင္ေလသည္။ ၿပီးေသာအခါ ႏွစ္ေယာက္သား တဝါးဝါး ရယ္ေမာၾကေလသည္။
၄။
ထိုေန႔ နံနက္ခင္းသည္ ေနေရာင္ျခည္ေၾကာင့္ ဝါထိန္ေနသည္။ မန္က်ည္းပင္ထိပ္က ခ်ိဳးကူသံသည္ ဆက္ကာ ဆက္ကာ ျမည္ေနသည္။ မေဖာ့သည္ ၿမိဳ႕သို႔ ေစ်းေရာင္းမတက္။ အိမ္တြင္ ကိုယ္တိုင္ ခ်က္ျပဳတ္ ေၾကာ္ေလွာ္ေနသည္။ ၿပီးလွ်င္ ေရမိုးခ်ိဳး၍ သနပ္ခါးလူးသည္။ ေျခအထိ လူးသည္။ မ်က္ႏွာမွာ ခပ္ပါးပါး၊ ခပ္မႈန္မႈန္႐ိုက္သည္။ သူ႔တကိုယ္လုံး ေမႊးႀကိဳင္ေနသည္။ ဆံထုံးကို သပ္ရပ္စြာ ထုံးသည္။ ဆံစု သုံးေခ်ာင္းမွ် ေရာေပါင္း ထုံးထားသျဖင့္ ဆံထုံးႏွင့္ မ်က္ႏွာတို႔သည္ အခ်ိဳးအစားက်သည္။ မ်က္ခုံးကို ေကာ့ေနေအာင္ ဆြဲသည္။ နဖူးက မရွိမဲ့ရွိမဲ့ ဆံစမ်ားကို ခိုေတာင္ က်ေအာင္ အတင္းသိမ္းဆြဲထားသည္။ ကြမ္းဝါး၍ ႏႈတ္ခမ္းတို႔ကို နီေစသည္။ အက်ႌအျဖဴပါးပါးႏွင့္ ပန္းပြင့္အနီ႐ိုက္ သရက္ထည္ ထဘီအသစ္တို႔ကို ဝတ္သည္။ ကေလးႏွစ္ေယာက္ကို ဝတ္ေကာင္းစားလွ ဆင္ ထားသည္။ အိမ္ထဲတြင္ အခ်ိဳ႕ အိမ္ေထာင္ပစၥည္းမ်ားကို သိမ္းဆည္းထုပ္ပိုးထားသည္။ အိမ္ေရွ႕တြင္ လွည္းတစီးကို အသင့္ ျပင္ထားသည္။
ဆယ္နာရီေလာက္တြင္ ဦးပၪၥင္းသည္ အိမ္သို႔ ႂကြလာသည္။ သူ႔ေနာက္က သူ႔သား ေက်ာင္းသား ပါလာသည္။ ေလွ်ာက္လာရင္း ‘ ငါ့ကို လူထြက္ဖို႔ ေျပာၾကဦးမွာပဲ’ဟု ေတြးရင္း စိတ္ေလးလာေလသည္။
အိမ္နားသို႔ ေရာက္လာ၏။ လွည္းကိုျမင္သည္။ အိမ္တြင္းသို႔ ဝင္၏။ အထုပ္အပိုးတို႔ကို ျမင္ျပန္သည္။ ေဒြးေလးက ပင့္ရာ၊ အိမ္ေခါင္းရင္း၌ ခင္းအပ္ေသာ ဖ်ာေပၚတြင္ ထက္ဝယ္ဖြဲ႕ေခြ ထိုင္လိုက္ေလသည္။ မေဖာ့ကိုကား မျမင္ရေသးေခ်။
အတန္ၾကာမွ မေဖာ့သည္ ဆြမ္းႏွင့္ ဆြမ္းဟင္းဗ်ပ္ကို ခ်ီကာ ထြက္လာသည္။ ညႇိဳးငယ္ေသာ မ်က္ႏွာကို ငုံ႔ထားသည္။ ငုံ႔လ်က္ႏွင့္ပင္ ဦးပၪၥင္းအား ဆြမ္းကပ္သည္။ ဦးပၪၥင္းသည္ တခ်က္မွ် ေစာင္းငဲ့၍ၾကည့္၏။ မေဖာ့ ၿဖီးပုံ၊ လိမ္းပုံ၊ ဝတ္ဆင္ပုံတို႔ကို ျမင္သည္။ တဖန္ထပ္၍ တခ်က္ၾကည့္ျပန္သည္။ ထူးျခားလွပါတကားဟု ေတြးမိလာသည္။
မေဖာ့ စားဖိုေဆာင္သို႔ပင္ ျပန္ဝင္သြားေလသည္။ ဆြမ္းစားရင္း ‘မေဖာ့ ငါ့ကို ဘာေၾကာင့္ မၾကည့္ပါလိမ့္’ ဟူေသာ အေတြးေၾကာင့္ မေဖာ့၏ ထူးျခားေသာ ႐ူပါ႐ုံတို႔သည္ ဦးပၪၥင္း၏ စိတ္ထဲတြင္ တဝဲလည္လည္ ျဖစ္လာေလသည္။
“ငါ့ကို လူထြက္ဖို႔ ေျပာမွာပဲ။ ငါ့တာဝန္ကေတာ့ သင္းတို႔ကို တရားျပဖို႔ပဲ မဟုတ္လား”ဟု ေျဖလိုက္မွ စိတ္ထဲ ၿငိမ္သြားသည္။
ဆြမ္းကိစၥ ၿပီးေပၿပီ။ အခ်ိဳပြဲကို မေဖာ့ ယူလာျပန္၏။ ဦးပၪၥင္းလည္း တခ်က္ၾကည့္လိုက္ျပန္သည္။
“အလို… နဖူးမွာ ခိုေတာင္မ်ားခ်လို႔ပါကလား..” ဟု အံ့ၾသမိျပန္သည္။
အခ်ိဳပြဲကို သိမ္းသြားျပန္သည္။ ထို႔ေနာက္ မေဖာ့ျပန္ထြက္လာ၍ ခပ္လွမ္းလွမ္းတေနရာတြင္ ခပ္က်ဳံ႕က်ဳံ႕ ထိုင္ေလသည္။ ဦးပၪၥင္းက တရား‌ေဟာမည္ဟု ႀကံလိုက္သည္ႏွင့္တၿပိဳင္နက္ မေဖာ့သည္ “ေဒြးေလး၊ လွည္းဆရာႀကီး မလာေသးဘူးလား” ဟု လွမ္းေမးလိုက္သည္။ ဦးပၪၥင္း တရားမေဟာႏိုင္။ လွည္းဆီသို႔ လွမ္းၾကည့္ေလသည္။
ဦးပၪၥင္းသည္ တရားစကားကို စရမည့္အစား ” မေဖာ့တို႔ ဘာမ်ားလုပ္ၾကမွာတုန္း” ဟု ေမးေလသည္။
“ဦးပၪၥင္းႀကီးကို အားလုံးစုံ ေလွ်ာက္ပါရေစဘုရား” ဟု မေဖာ့သည္ ေခါင္းကို မေမာ့ဘဲ ေျပာသည္။
“ေဒြးေလးကလည္း သူ႔႐ြာ ျပန္ခ်င္လွၿပီ။ ေဒြးေလးျပန္ရင္ တပည့္ေတာ္မွာ ေစ်းကိုလည္း ထြက္ရ၊ ကေလးေတြကိုလည္း ၾကည့္ရ ျဖစ္ပါလိမ့္မယ္။ သိပ္ ဒုကၡေရာက္ပါလိမ့္မယ္။ ဒုကၡမေရာက္ရေအာင္ တပည့္ေတာ္မႏွင့္ ကေလးႏွစ္ေယာက္ ေဒြးေလးတို႔႐ြာမွာ ေျပာင္းေနပါရေစေတာ့ဘုရား။ သားအႀကီးကိုသာ ဦးပၪၥင္းႀကီး ၾကည့္ရႈပါ ဘုရား။ ဟဲ့…
ကေလး … ဦးပၪၥင္းႏွင့္ ေနရစ္ေပေတာ့”
မေဖာ့သည္ ေခါင္းကိုမေမာ့ဘဲ မ်က္ရည္စကို သိမ္း၏။ ဦးပၪၥင္းသည္ ဦးျပည္းကို တိမ္းကာ ေငးေနသည္။ မေဖာ့က ဆက္၍ ေလွ်ာက္ျပန္သည္မွာ…
“ဦးပၪၥင္းႀကီးလည္း တသက္လုံးပဲ ရဟန္းဘဝႏွင့္ ေနပါ။ တပည့္ေတာ္မတို႔လည္း သင့္သလို ၾကည့္ေနပါ့မယ္။ ဦးပၪၥင္းရဲ႕ဘဝနဲ႔ တပည့္ေတာ္မတို႔ရဲ႕ဘဝဟာ ကြာျခားေနပါၿပီ။ ဆရာနဲ႔ ဒကာမအျဖစ္နဲ႔သာ ဆက္ဆံႏိုင္ပါေတာ့မယ္။ တပည့္ေတာ္မမွာလည္း သားသမီးႏွစ္ေယာက္ ရွိေနေသးေတာ့၊ တ႐ြာတေက်းမွာ အားကိုးအားထား ေတြ႕ရင္ လက္ခံလိုပါတယ္။ ဟဲ့…. ဖိုးနီ… ဟိုအထုပ္ေတြကို လွည္းေပၚ ယူတင္လိုက္။ ဒါေၾကာင့္မို႔ အခုကစၿပီး ရွင္းေအာင္၊ ကိစၥကို စီမံေပးေစခ်င္ပါတယ္။ ေနာင္အခါ စကားအရႈပ္အေထြးျဖစ္ၿပီး ႐ုံးကို မေရာက္ပါရေစနဲ႔ ဘုရား” ဟု ေလွ်ာက္ေလ၏။
“ဟင္” ဟု ဦးပၪၥင္းသည္ အာေလးေလးႏွင့္ ျမည္လိုက္၏။
မေဖာ့သည္ ေခါင္းကို မေမာ့တေမာ္၊ မ်က္ႏွာကို မေဖာ့္တေဖာ္ ထားေလသည္။ ဦးပၪၥင္းသည္ သကၤန္းကို ဟိုျပင္ ဒီျပင္ ျပင္သလိုျပဳ၍ မေဖာ့ကို တခ်က္ၾကည့္ျပန္သည္။
မေဖာ့သည္ အားတက္လာ၍ “ဦးပၪၥင္းႀကီးဘုရား…. ယခုလို ေလွ်ာက္ထားရတာဟာ ႏွစ္ဖက္အက်ိဳးကို ၾကည့္ၿပီး ေလွ်ာက္ထားရျခင္းသာျဖစ္ပါတယ္။ ဦးပၪၥင္းႀကီးလည္း တရားေတာ္ကို ေျဖာင့္ေျဖာင့္ အားထုတ္ႏိုင္ပါလိမ့္မယ္။ တပည့္ေတာ္မလည္း အျခား အားကိုးအားထားကို ေတြ႕ပါက…… ”
“ဟာ… နင္တို႔ေဒြးေလး႐ြာမွာ ထန္းရည္သမား အလြန္ေပါတယ္ဟ။ ငါ လူထြက္ပါေတာ့မယ္ဟာ” ဟုေျပာ၍ အိမ္မွ ဆင္းသြားေလ၏။
မေဖာ့ ကိုဆင္မယားျဖစ္ရျပန္ေလသတည္း။
————
#ေဇာ္ဂ်ီ