သစ်ခြောက်အိမ်(စ/ဆုံး)

Unicode Version

သစ်ခြောက်အိမ်(စ/ဆုံး)
—————————–
ကျွန်ုသည်ငယ်စဉ်ကမိဘညီအစ်ကိုမောင်နှမများနှင့်အတူ သန်လျင်
မြို့တွင် နေထိုင်၏။ ၁၉၇၃ – ခုနှစ်တွင် ကျွန်ုပ် (၉)တန်း စာမေးပွဲ ဖြေဆိုပြီးနောက် နွေရာသီကျောင်းပိတ်ရက်တွင် မိခင်၏ ညီမတော်စပ်သူ ကျွန်ုပ်၏အဒေါ်နှင့် ဦးလေးမိသားစုနေထိုင်သော ရန်ကုန်တိုင်း၊ မရမ်းကုန်း မြို့နယ်၊ ချော်တွင်းကုန်းရှိ က.ပ.စ တပ်ဝန်း အိမ်ထောင်သည်လိုင်း နေအိမ် သို့ မိဘများထံ ခွင့်တောင်းပြီး သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်ုပ် အဒေါ်မှာက.စ.လဓာတ်ခဲထုတ်လုပ်မှုဌာနတွင်လည်းကောင်း၊ ဦးလေး ဖြစ် သူမှာ က.ပ.စ တွင် တပ်ကြပ်ကြီးအဆင့်ဖြင့်လည်းကောင်း တာဝန်ထမ်း ဆောင်နေကြသူများ ဖြစ်၏။
ကျွန်ုပ်၏ အဒေါ်နှင့် ဦးလေး နေထိုင်သော နေအိမ်ခန်းမှာ (၆)ခန်းတွဲ အုတ်တိုက်မှ အခန်းတစ်ခန်းတွင်နေကြပြီး အိမ်ရှေ့ မျက်စောင်းထိုး (၄၅) ဒီဂရီခန့် ခပ်လှမ်းလှမ်းတွင် က.ပ.စ စစ်သည်မိသားစုများ၏ တပ်တွင်း မူလ

တန်းကျောင်းရှိသည်။ ကျောင်းရှေ့ ကတ္တရာလမ်းတစ်ဖက်တွင် ကလေး ကစားကွင်းရှိသည်ကို သတိထားမိ၏။ ကစားကွင်းအား သစ်သားတံခါးဖြင့် အဝင်၊ အထွက်ပြုလုပ်သည်ကို တွေ့ရသည်။ ကတ္တရာလမ်းပေါ်မှကြည့်လျှင် ကစားကွင်းသည် ပေ(၁၀၀) ခန့် ကျယ်ပြီး ဒန်းနှင့်စီးလျှောများကိုတွေ့ရ၏။ ယခင်ကျောင်းဖွင့်ရက်များကျွန်ုပ်ရောက်ခဲ့စဉ်ကမူလတန်းကလေးငယ်များ
အားကစားကွင်းအတွင်း ပြေးလွှားဆော့ကစားနေသည်ကိုအမြဲတစေ တွေ့
နေရ၏။
ကျွန်ုပ်အဒေါ်နှင့်ဦးလေးအိမ်ရောက်ပြီး ညနေ (၅)နာရီခန့်တွင် ဦးလေး ဖြစ်သူမှရေချိုးရန်ပြောသည်။ ရေချိုးရသည့်နေရာမှာ အိမ်နောက်ဖေးအများ သုံးရေအုတ်ကန်တွင် ချိုးရ၏။ ရေမှာ အချိန်နှင့်လာပြီး အိမ်ထောင်သည် မိသားစုများ ဝိုင်းဝန်းခပ်၍ ရေကုန်သွားမည်ကိုလည်း စိုးရ၏။ ဦးလေး ဖြစ်သူမှ “မောင်ဝင်း – ရေ အမြန်ချိုးကွ၊ ရေက အတော်နေ ပိတ်တော့မှာ၊ တော်ကြာ – ရေကုန်နေဦးမယ်။ မြန်မြန်လုပ်” ဟု ပြောပြီး နိုဆော်နေသည်။
ကျွန်ုပ်လည်း ရေချိုးရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ရသည်။ ကျွန်ုပ် စီးသောဖိနပ်မှာ ယိုးဒယားမှလာသော စင်ကြယ်ဖိနပ်ဖြစ်၏။ ယခင်လည်း ရေချိုးသွားနေကြဖြစ်သဖြင့် အမှုမဲ့အမှတ်မဲ့ ကျွန်ုပ် ရေအုတ်ကန်သို့ရောက် စဉ် ရေညှိများနင်းမိပြီး ကျွန်ုပ် ချော်လဲတော့၏။ “ဖုန်း – ဂွမ်း – အမလေးဗျ”ဟု ကျွန်ုပ် ခြေလွတ်လက်လွတ်ကျပြီး ရေခွက်နှင့် ဆပ်ပြာခွက်များ ကျကုန် သဖြင့် အဒေါ်မှ တွေ့ပြီးလာထူပေးသည်။

ကျွန်ုပ်နှင့်ရွယ်တူမိန်းကလေး၊ ယောက်ျားလေးများလည်းအနီးဝန်းကျင် တွင် ရှိနေသဖြင့် ခိုးခိုးခစ်ခစ် ရယ်ကြ၏။ ကျွန်ုပ်လည်းရှက်နေ၍ နာမှန်း မသိခဲ့။ ရေချိုး ထမင်းစားပြီး ည (၉)နာရီခန့်တွင် ကျွန်ုပ်၏ ညာလက်ဒူးဆစ် မှာအတော်နာလာ၍ အဒေါ်ဖြစ်သူထံမှ ပရုတ်ဆီတောင်းပြီး မိမိကိုယ်မိမိ လိမ်းပြီး နှိပ်နယ်လိုက်၏။ ကျွန်ုပ် အိပ်ရန် အိမ်ဝင်ပေါက် ခုတင်အသေးပေါ် ထိုင်လိုက်စဉ် အိမ်ရှေ့ပေ (၁၀၀)ခန့် အကွာ ဓာတ်မီးတိုင်အောက် အုတ်ခုံ ပေါ်တွင်ကျွန်ုပ်နှင့် ရွယ်တူယောက်ျားလေး (၄၊၅) ဦးခန့် ဂစ်တာတီး သီချင်း

ဆိုသံ ကြားတွေ့ရသည်။ ကျွန်ုပ်လည်း ဒူးဆစ် အနာသက်သာရန် လမ်း လျှောက်ရန်နှင့်ရွယ်တူလူငယ်ချင်းမိတ်ဆွေဖွဲ့ရန်ခြေထော့နင်းထော့နင်းဖြင့်
ထွက်ခဲ့တော့၏။
ကျွန်ုပ်၎င်းတို့ရှေ့ဖြတ်လျှောက်စဉ်ယင်းအုပ်စုမှာ ဆို၊ တီး အရှိန်တက် နေသဖြင့်ကျွန်ုပ်လည်းကစားကွင်းဘက်သို့ဆက်လျှောက်ခဲ့၏။ ကစားကွင်း ရှေ့ဓာတ်မီးတိုင်များမှာ မီးမလာဘဲ ခပ်လှမ်းလှမ်းရှိ မီးတိုင်များ၏ အလင်း ရောင်သာအနည်းငယ်လာရောက်လင်းနေ၏။ လမ်းပေါ်တွင် မည်သူမျှ မရှိ၊ ကျွန်ုပ် တစ်ဦးတည်းဖြစ်သည်။ ကျွန်ုပ်ကစားကွင်းရှေ့အရောက်တွင် ဒန်းစီး ချင်သည့်စိတ် အလိုလိုဖြစ်လာ၏။ ကျွန်ုပ်လည်း ကစားကွင်း ဝင်၊ ထွက် သစ်သားတံခါးအားကြည့်ရာ ပွင့်နေသဖြင့် ကျွန်ုပ်ဝင်ခဲ့၏။ ကျွန်ုပ်ဝင်ပေါက် နှင့်ပေ(၈၀)ခန့်အကွာတွင်တွေ့ရ၏။ ကျွန်ုပ်လည်းခြေထော့နင်းထော့နင်း ဖြင့် သွားခဲ့၏။ ကစားကွင်းအတွင်း အနည်းငယ်မှောင်နေသည်။ ကျွန်ုပ် လည်း ဒန်းစင်နှင့် လက်တစ်ကမ်းအကွာရောက်၍သေချာကြည့်ရာ ဒန်းစင် (၃) ခု တွေ့ရပြီး ငြိမ်သက်နေ၏။
ကျွန်ုပ်လည်း အနီးဆုံးဒန်းကြိုးအား ဘေးတိုက်အနေအထားဖြင့် ကိုင်ရန် လက်လှမ်းလိုက်စဉ်”ဟီး-ဟီး-ဝှီး- ဘုတ်”ဟုရီသံလိုလိုကြားပြီး ဒန်းကြိုးမှာ အရှိန်ဖြင့်တအားကုန်လွှဲနေပြီးခေါင်းတစ်ခုလုံးပုတ်လောက်ကြီး သွားပြီး ခေါင်းရှိဆံပင်နှင့် တစ်ကိုယ်လုံး အမွေးအမှင်များ ထောင်မတ်သွား ၏။ ကျွန်ုပ် သရဲခြောက်ခံရပြီဟု အသိဝင်လာ၏။ “ဘုတ်”ဟု ကျသွားသည့် နေရာတွင်လည်း ဘာမှမရှိ၊ ကျွန်ုပ်လည်း ချက်ချင်းစိတ်ထိန်း၍ အနောက် သို့ နောက်ပြန်တစ်လှမ်းချင်း ဆုတ်လာ၏။ ဒန်းနှင့်ဝန်းကျင်အား မျက်ခြေ မပြတ်ကြည့်နေရ၏။ ဒန်းမှာလွှဲနေတုန်းပင်ကျွန်ုပ်နောက်ပြန်တစ်လှမ်းချင်း ဆုတ်ခဲ့ရာဝင်၊ ထွက် သစ်သားတံခါးအနီး (၅)လှမ်းခန့်အကွာအရောက်တွင် ကျွန်ုပ် ရုတ်ခြည်းလှည့်၍ လမ်းပေါ်သို့ ထွက်ပြေးခဲ့တော့၏။

ကျွန်ုပ် ဂစ်တာတီးနေသည့်အဖွဲ့နား မရောက်မီ ၎င်းလူရွယ်များ ထို အချိန်တွင်ထလာပြီး“ဘာဖြစ်တာလဲ – ဘာဖြစ်တာလဲ”ဟုဝိုင်းမေးကြတော့ သည်။ ကျွန်ုပ်လည်း ခေတ္တအမောဖြေပြီး အခြေအနေ ပြောပြလိုက်၏။ ၎င်း အုပ်စုထဲမှ ကျွန်ုပ်ထက် အသက်အနည်းငယ်ကြီးသူတစ်ဦးမှ “မင်း – ဧည့် သည်နဲ့ တူတယ်၊ နောက်မှပြောပြမယ်၊ အခု ဒန်းကို သွားကြည့်ကြရ အောင်”
ဟု ပြောပြီး ကျွန်ုပ်တို့ (၅) ဦး ကစားကွင်း ဝင်ပေါက်မှဝင်ခဲ့ပြီး ခပ်လှမ်း လှမ်းမှ ဒန်းကိုကြည့်ရာ ဒန်းမှာ ရှေ့နောက်(၂)ပေခန့်သာလှုပ်ယမ်းနေသည် ကို တွေ့ကြရ၏။ “ရပြီ – ပြန်ကြရအောင်” ဟု ၎င်းတို့ အဖွဲ့ထဲမှ တစ်ယောက် ကပြော၍ ပြန်ထွက်ခဲ့ကြပြီး ဓာတ်မီးတိုင်အောက်အုတ်ခုံတွင် ထိုင်လိုက်ကြ ၏။ ကျွန်ုပ်မှာ နှလုံးခုန်၊ ရင်တုန်ခြေဖျားလက်ဖျားအေးနေဆဲဖြစ်သည်။ ၎င်း တို့ပြောပြ၍လွန်ခဲ့သောတစ်လခန့်က စတုတ္ထတန်းကျောင်းသားကြီးတစ်ဦး ကျောင်းဖွင့်ချိန်တွင် ၎င်းဒန်းအား မတ်တတ်ရပ်၍အပြိုင်စီးကြစဉ် ရင်ဘတ် ဖြင့်ပြုတ်ကျပြီး၎င်းနေရာမှာပင်သေဆုံးခဲ့ကြောင်း၊ ယင်းကျောင်းသားသည် ၎င်းဒန်းအား မည်သူမျှ ကိုင်တာစီးတာ မကြိုက်ကြောင်း သိရတော့၏။ ကျွန်ုပ်လည်းအဒေါ်အိမ်ပြန်လာပြီး ဦးလေးနှင့် အဒေါ်အားပြောပြရာ အဒေါ်မှ ညအချိန် အပြင်ထွက်သဖြင့် အနည်းငယ်ဆူ၏။ ယင်းဖြစ်စဉ်အားလည်း အဒေါ်မှ ကျွန်ုပ်အား ပြန်ပြောပြ၏။
နောက်နေ့တွင် ကျွန်ုပ်လည်း သန်လျင် မိဘနေအိမ်သို့ ပြန်ခဲ့တော့ သည်။ သို့ရာတွင် ကျွန်ုပ် သတိထားမိသည်မှာ ကျွန်ုပ် ချော်လဲ၍ ညာဘက် ဒူးအတော်နာခဲ့ရာ ကစားကွင်းဝင်၊ထွက်ပေါက်မှကျွန်ုပ်ထွက်ပြေးချိန်မှစပြီး ဒူးဆစ်မှာ လုံးဝမနာတော့ကြောင်း အံ့ဩစွာ သတိထားမိလိုက်ပါတော့ သည်။
ဤကဲ့သို့ကြုံဆုံခဲ့ပြီးနောက်ကျွန်ုပ်သည်နွေရာသီကျောင်းပိတ်ရက်များ ၌ အိမ်တွင် နေလေ့နေထမရှိဘဲ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများထံ ညအိပ်ညနေသွားလည်ခြင်း၊ သူငယ်ချင်းများနှင့်အတူ သင်္ကြန်လည်ပတ်ရန်

ရရာလုပ်ငန်းဝင်လုပ်ခြင်း၊ ဖခင်ကြီးမှာ နိုင်ငံဝန်ထမ်း ဖြစ်နေသဖြင့် ဖခင်ကြီး တာဝန်ကျရာ နေရာဒေသသို့လိုက်ပါလည်ပတ်ခြင်းများဖြင့်သာ အချိန်ကုန် ဆုံးခဲ့ရသည်။ ကျွန်ုပ်၌ သန်လျင်မြို့တွင် ကျောင်းလာတက်သည့် သူငယ်ချင်း လှစိန်ဆိုသူရှိ၏။ ယင်း၏ အဒေါ်ဖြစ်သူထံလာနေပြီး သန်လျင်မြို့အတွင်း နေ့ပိုင်း အလုပ်လုပ်၍ ညပိုင်းလူငယ်ရေးရာ ညကျောင်း (၁၀) တန်း ပညာ သင်ကြားနေသူဖြစ်၏။ ၎င်း၏ မိဘများမှာ မှော်ဘီမြို့တွင်နေသည်ဟု သိရ သည်။
လှစိန်သည် အသားဖြူဖြူ အရပ်အမောင်းကြည့်ကောင်း၏။ မျက်ခုံး ကောင်းပြီးလူရည်သန့်မျက်နှာမျိုးဖြစ်သည်။ စကားအပြောအဆိုယဉ်ကျေး ပြီး လိမ္မာပါးနပ်သဖြင့် လူကြီးများ သဘောကျ၏။ ၎င်းအဒေါ်နှင့် ကျွန်ုပ် မိဘ များသည် အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ တစ်အိမ်နှင့် တစ် အိမ် ရပ်ကွက်ခြားအလှမ်းဝေးသော်လည်း မကြာခဏလည်ပတ်ကြလေ့ ရှိ၏။ လှစိန်၏ အဒေါ်ပြောပြ၍ လှစိန်မိဘများမှာ စီးပွားရေး ချို့တဲ့ကြောင်း၊ အလုပ်လုပ်၍ရသောငွေအားစုဆောင်း၍ (၂၊၃) လတစ်ကြိမ် မှော်ဘီရှိ မိဘ များထံသို့ ပြန်ပို့ကြောင်း သိလိုက်ရသည်။
၁၉၇၃ – ခုနှစ် နွေရာသီကျောင်းပိတ်ရက် တစ်ရက်တွင် ကျွန်ုပ် မိခင် နှင့်အတူ လှစိန်၏အဒေါ်အိမ် သွားရောက်ခဲ့စဉ်မနက်ဖြန် လှစိန်မှာ မှော်ဘီ မြို့သို့ တစ်ညအိပ်ပြန်ရန်ရှိကြောင်း သိရ၏။ ကျွန်ုပ်လည်း လှစိန်အား … “ငါမှော်ဘီကို မင်းနဲ့ လိုက်လည်ချင်တယ်ကွာ၊ တစ်ညအိပ်ဆိုတော့ ငါ့ အမေ ခွင့်ပြုမှာပါ။ မင်းလည်း ဝိုင်းပြောပေးကွာ” ဟုပြော၏။
လှစိန်မှ“ငါပြောတော့ ပြောကြည့်ပေးမယ်”ဟုတာဝန်ကျေစွာပြောပြီး
လိုလိုလားလားတက်တက်ကြွကြွမပြောခဲ့ပေ။ကျွန်ုပ်မှာမှော်ဘီလိုက်လည်
ရဖို့သာ အဓိကဖြစ်၏။ ၎င်းနောက် ကျွန်ုပ်နှင့် လှစိန်မှ မိခင်အား ခွင့်တောင်း ခဲ့ရာ ခွင့်ပြုခဲ့တော့သည်။
နောက်နေ့ မနက်တွင် လှစိန်မှ ဦးဆောင်၍ ကျွန်ုပ်တို့ (၂)ဦး သန်လျင် မြို့မှ“သီတာ” သင်္ဘောစီး၍ရန်ကုန်။ ရန်ကုန်မှာ မှော်ဘီမြို့သို့ ထွက်ခဲ့ကြ၏။

မှော်ဘီမြို့၊ ဆတ်သွားတောရွာ မှတ်တိုင်တွင် ဆင်းပြီး ရွာအတွင်းမှ တော လမ်းအတိုင်းမိနစ်(၃၀) ခန့်လမ်းလျှောက်ပြီး၎င်းတို့နေအိမ်သို့ရောက်တော့ သည်။ ကျွန်ုပ်တို့ ရောက်ရှိချိန်သည် နေ့လယ် (၂)နာရီခန့်ရှိပြီ ဖြစ်၏။

ကျွန်ုပ်မှာလှစိန်မိဘများနေအိမ်ရောက်မှ(၁၅)ပေပတ်လည်ခန့်၊ သစ်
ခင်း၊ ထရံကာ၊ ဓနိမိုး အိမ်ငယ်လေး ဖြစ်၏။ ဘုရားကျောင်းဆောင် ခပ်သေး သေးရှိပြီး သပြေပန်းများ တင်လှူပသထား၏။ ကျွန်ုပ်တို့ ရောက်ချိန်တွင် ဘေးအိမ်မှ (၇)နှစ် ခန့် ယောက်ျားလေးတစ်ဦး ရောက်လာပြီး“အစ်ကိုကြီး လှစိန်လာတယ်၊ အစ်ကိုကြီး လှစိန်လာတယ်” ဟု အော်နေတော့၏။

လှစိန်မှ ၎င်းကလေးအား သန်လျင်မြို့ သင်္ဘောဆိပ်မှ ဝယ်လာသော ထန်းသီးမုန့် တစ်လုံးထုတ်ပေးလိုက်၏။ ခဏအကြာ လှစိန်မှ“အမေ-လာ ပြီ” ဟု ပြော၍ အိမ်ပေါ်မှဆင်းပြီး ယင်းအမေဖြစ်သူနှင့်အတူ အိမ်ပေါ်ပြန် တက်လာသည်။ လှစိန်၏ မိခင်မှာ အသက် (၄၀) ကျော်ခန့်ရှိမည် ဖြစ်ပြီး ပိန်ပိန်ပါးပါး၊ အသားညို၍ အိုစာ၏။ မသိလျှင် အသက် (၅၀) ကျော်ပြီဟု ခန့်မှန်းရ၏။ လှစိန်မှ ကျွန်ုပ်နှင့် မိတ်ဆက်ပေးပြီး မိခင်ဖြစ်သူမှ ရေနွေးကြမ်း လာချပေး၏။ ၎င်းအချိန် အသားဖြူဖြူ၊ ရုပ်ချောချော၊ မျက်လုံးမျက်ခုံး ကောင်းကောင်းအသက်(၁၄)နှစ်ခန့် မိန်းကလေးတစ်ဦးအိမ်ပေါ်တက်လာ
၍လှစိန်မှ –
“ဟေ့ကောင် – ဒါ ငါ့ညီမလေး အရင်းလေကွာ၊ စကားမပြောတတ်ဘူး အင်း – အ,နေတယ်။ မွေးကတည်းကပဲ”ဟု ပြောပြသည်။ ကျွန်ုပ်မှ – “ဒါနဲ့ – မင်း အဖေ ကော မရှိဘူးလား”မေးရာ

“ငါ့အဖေက တောထဲ သစ်အငှားခုတ်လိုက်တယ်။ တစ်ခါ ခရီးသွားရင် (၃)ပတ်၊ တစ်ခါတလေ (၁)လ ကျော်ကြာတယ်” ဟု ပြောပြ၍ သိရ၏။ လှစိန်နှင့် ၎င်းညီမမှာ အိမ်နှင့် လူမလိုက်ပါ။ မောင်နှမ (၂)ဦးလုံး အသားဖြူ ဖွေးပြီး ရုပ်ရည်ချော၏။ မြို့တွင် ကိုယ်ပိုင်ကားစီးပြီး သွားပါက သူဌေးသား၊ သူဌေးသမီးဟု ထင်မှတ်ရမည်။ သို့ရာတွင် လက်တွေ့နှင့် ကွာခြားနေ၏။ ပတ်ဝန်းကျင်အိမ်များမှာလည်း ခပ်လှမ်းလှမ်းတွင်ရှိပြီး အိမ်ခပ်သေးသေး လေးများ ဖြစ်ကြသည်။
ကျွန်ုပ်တို့ နှစ်ဦး ညနေချိန် ရေချိုးပြီးနောက် ၎င်း၏ မိခင်မှ ငါးဟင်းဖြင့် ချက်၍ ထမင်းကြွေး၍ စားကြ၏။ ထမင်းစားစဉ် လှစိန်မှ “ငါ့ညီမက မွေး ကတည်းက စကားမပြောတတ်လို ကျောင်းမနေရဘူးကွာ၊ စာမတတ်ကြ တော့ လက်ဟန်ခြေဟန်နဲ့ ပြောရတယ်။ ငါ့အဖေနဲ့အမေ၊ပြီးတော့ ရွာထဲက လူကြီးတချို့ ပြော တော့ သိုက်ကလာတယ်ပြောတယ်။ အင်း – ပြီးတော့ ဘာတဲ့ အသက် (၂ဝ) ပြည့်ရင် သိုက်က ပြန်ခေါ်မယ် ပြောတယ်ကွ”
“အဲဒီသိုက်က ဘယ်လို ပြန်ခေါ်မှာလဲ”

“ငါလည်း မသိဘူးကွာ၊ ကဲ- ထမင်း ဆက်စားကြရအောင်”
ဟု လှစိန်က စကားဖြတ်ခဲ့၏။ ည (၇)နာရီခန့်တွင် ကျွန်ုပ်၏ မိသားစု အကြောင်း ပြောဆိုကြပြီးနောက် လှစိန်၏ မိခင်မှ ကျွန်ုပ်တို့ (၂)ဦး အိပ်ရန် ဘုရားကျောင်းဆောင်အောက်၌ ဖျာနှင့် ခေါင်းအုံးပေး၏။ ခြင်ထောင် အဖြူ အပါး တစ်လုံးပေး၍ ခြင်ထောင် ထောင်လိုက်ကြသည်။
နိုး”
လှစိန်မှ ကျွန်ုပ်အား “မင်း – အပေါ့၊ အလေး ညပိုင်းသွားချင်ရင် ငါ့ကို
“ရတယ် – ငါ ညပိုင်း မသွားတတ်ဘူး၊ မနက်မိုးလင်းမှ သွားတတ်တာ” ဟု ကျွန်ုပ် ပြန်ပြောပြီး အိပ်ကြ၏။ လှစိန်၏ မိခင်နှင့်ညီမမှာ ကျွန်ုပ်တို့နှင့် ခပ်ကွာကွာနေရာတွင် ရေနံဆီမီးခွက်မှုတ်၍ အိပ်တော့သည်။ ကျွန်ုပ်မှာ အိမ်ဝင်ပေါက်ထရံအနီး ကပ်၍အိပ်လိုက်တော့သည်။
ကျွန်ုပ် အိပ်ပြီး မှေးခနဲပျော်သွားစဉ် ကျွန်ုပ်၏ အနားအနီးသို့ ကပ်ပြီး အိမ်မြှောင်အမြီးရိုက်သံလို တဒေါက်ဒေါက်ဖြင့်ခေါက်သံ ကျယ်လောင်စွာ ကြားရ၍ လန့်နိုးသွား၏။ ဘေးဝန်းကျင်မှာ မှောင်မည်းနေ၏။ ကျွန်ုပ်မှ လှစိန်အား အမှောင်တွင်းမှကြည့်ရာ ၎င်းမှာ အိပ်မောကျ၍ ဟောက်သံပင် ထွက်နေသည်။ ၎င်း၏ မိခင်နှင့်ညီမမှာလည်း အိပ်မောကျနေဟန်ရှိပြီး ပါးစပ်မှ လေရှူသံ တရှူးရှူးကြားနေရသည်။ ကျွန်ုပ်လည်း အိမ်မြှောင် ထင် မှတ်၍ခေါင်းရင်းဘက်ရှိပျဉ်ခင်းနှင့် ဝါးကပ်အားလက်ဖြင့်ပုတ်ပြီး“ရှူး – ရှူး” ဟု မောင်းထုတ်လိုက်၏။
ခေတ္တငြိမ်သွားသဖြင့် ကျွန်ုပ် ပြန်အိပ်လိုက်သည်။ ထိုစဉ် “တဒေါက် ဒေါက်”အသံမှာ ကျွန်ုပ်၏ နားအောက်ခင်းပျဉ်ပြားကပ်ပြီး လက်ညှိုးဖြင့် တောက်သလို ကျယ်လောင်စွာ ကြားနေရပြန်၏။ ထို့အပြင် လက်သည်းဖြင့် ပျဉ်ပြားအား ခြစ်သလို “တဗျင်းဗျင်း” ကြားရ၏။ ကျွန်ုပ်မှာ ကြောင်သော် လည်းကောင်း၊ လက်သည်းရှိသော ခွေးသော်လည်းကောင်း သတ္တဝါတစ် ကောင်ကောင်လာပြီး ကျွန်ုပ်အောက် ခေါင်းရင်းပျဉ်ခင်းအား ကုတ်ခြစ်နေ သည်ဟု ထင်၏။

ရံဖန်ရံခါ လေမှုတ်သံလို “တဖူးဖူး” ကြားရသည်။ ကျွန်ုပ်လည်း လှစိန် နှင့် အိမ်သားများ နိုး၍ အိမ်အောက်ဆင်းကြည့်ရန် စဉ်းစားမိ၏။ အသံများ မှာ ကျယ်လွန်း၍ ၎င်းတို့မိသားစု နိုးလောက်ပေသည်။ သို့ရာတွင် လှစိန်တို့ မိသားစုမှာ“တခေါခေါ-တရှူးရှူး” ဖြင့်အိပ်မောကျနေ၍ကျွန်ုပ်မနိုးလိုတော့ ဘဲ ဆက်အိပ်ရန် ကြံ၏။ အိပ်ပျော်မည် ဖြစ်လိုက်၊ အသံက ဆူညံစွာကြား လိုက်နှင့် မိုးစင်စင်လင်းခဲ့၏။
နံနက်မိုးလင်း၍ကျွန်ုပ်မှလှစိန်အား”ငါညကအိပ်လို့မရဘူးကွာ။ အိပ် အိမ်မြှောင်အပြီးရိုက်သံလိုလိုတဒေါက်ဒေါက်ကြားတယ်။
ပျော်မယ်ရှိတုန်း
ပြီးတော့ – ပျဉ်ပြားကို လက်သည်းနဲ့ ကုတ်ခြစ်တဲ့ အသံကော၊ တဖူးဖူး လေ မှုတ်တဲ့ အသံကော၊ ဆူညံနေတာပဲကွာ။ မင်းတို့အိမ်အောက်မှာ ခွေးတွေ ကြောင်တွေမွေးထားလားကွာ” ဟုပြောပြရာလှစိန်မှအိမ်အတွင်းနှင့်ဘေး ဘယ်၊ ညာ ပြူးပြူးပျာပျာကြည့်ပြီး “မင်းငါ့ကို နှိုးရမှာကွ၊ အပြန်ကျမှ ငါ့အိမ် အကြောင်း ပြောပြမယ်”ဟု ခပ်တိုးတိုး ပြန်ပြော၏။
၎င်းအချိန် လှစိန်၏ မိခင်မှာ ညီမမှာ အိမ်အပြင်တွင် မျက်နှာသွားညစ် နေ၏။ ကျွန်ုပ်လည်း ဘာမှပြန်မပြောဘဲ (၂)ဦးသားစောင်၊ ခြင်ထောင်သိမ်း ပြီး အိမ်အောက်သို့ဆင်း၍ မျက်နှာသစ်ခဲ့ကြသည်။ ကျွန်ုပ်မှာ ဆားအနည်း ငယ်တောင်းပြီး ဆားဖြင့် သွားတိုက်နေစဉ်ကျွန်ုပ် အိပ်ခဲ့သည့် အိမ်အောက် ပျဉ်ခင်းနှင့် မြေကြီးဝန်းကျင်အား သေချာစွာငုံ့၍ လိုက်ကြည့်သေး၏။ တိရစ္ဆာန် ခြေရာလည်း မတွေ့၊ လက်သည်းကဲ့သို့ ခြစ်ရာများလည်း မတွေ့ သဖြင့် ဇဝေဇဝါ ဖြစ်ခဲ့ရတော့သည်။ ကျွန်ုပ်မှာ တစ်ညလုံး မအိပ်ရသဖြင့် မူးနောက်နောက် ဖြစ်နေ၍ မျက်နှာအမြန်သစ်လိုက်ရ၏။ ၎င်းနောက် ကျွန်ုပ်တို့ (၂)ဦးလည်း သန်လျင်ပြန်ရန် လှစိန်၏ မိခင်နှင့် ညီမအား နှုတ် ဆက်ပြီး ပြန်ခဲ့တော့သည်။
အပြန် ရန်ကုန်ထင်းပုံဆိပ်ကမ်းမှ သီတာသင်္ဘောဖြင့် သန်လျင်ပြန်စဉ် ကျွန်ုပ်မှ လှစိန်အား …

“မင်း အိမ်အကြောင်း ပြောပြမယ်ဆို၊ ပြောပြလေကွာ” ဟု ပြောသ ဖြင့် ၎င်းမှ ..
“ငါ့အိမ်ကို သူငယ်ချင်းတွေ ညအိပ်မခေါ်ချင်ဘူးကွာ”
“ဟေ- ဘာဖြစ်လို့လဲကွ”
“မင်းငါ့အိမ်ကိုလိုက်မယ်ဆိုကတည်းကငါသိပ်မခေါ်ချင်ဘူး။ မင်းလိုပဲ ဟိုတုန်းက သူငယ်ချင်း (၄၊၅) ဦးတစ်ယောက်ပြီးတစ်ယောက်အိပ်ဖူးတယ်။ မင်း ခံရသလိုပဲ အသံတွေကြားပြီး ဘယ်သူမှ မအိပ်ရဘူး။ မနက်မိုးလင်းမှ ပြန်ပြောလို့ သိရတယ်”
“အဲဒါ ဘာဖြစ်တာလဲကွာ၊ ပြီးတော့ ငါတို့အိမ်သားတွေတစ်ခါမှမကြား ဖူးဘူး။ သူစိမ်းဧည့်သည် ရောက်ပြီဆိုရင် ဖြစ်ပြီကွ။ လာအိပ်တဲ့ ဧည့်သည် နဲ့ သူငယ်ချင်းတွေ မင်းလို ပြန်ပြောပြမှသိရတာ”
“အဲ့ဒါ ဘာဖြစ်တာလဲ”
“ငါတို့အိမ်မှာ သစ်ခြောက်သားပါလာတယ်ပြောတယ်။ငါ့အဖေတော ထဲက သစ်မင်းအသားတွေ ရှာလာပြီး အိမ်ခေါင်းရင်းတိုင်နဲ့ ထုပ်တန်းတွေ၊ ခင်းပျဉ်တွေကြားထဲ သစ်မင်းသားတွေ ရိုက်ထားတာလည်းမရဘူးကွ။ ဧည့် သည်လာရင် ဖြစ်တာပဲ။ ပြီးတော့ -ငါ့ညီမသိုက်က လာတာပြောကြတော့ သူနဲ့များ ပတ်သက်နေလား မသိပါဘူးကွာ။ တော်တော်စဉ်းစားရ ခက် တယ်”
“ဟာ-ငါတောင်မင်းပြောမှသိပြီးကြောက်လာတော့တယ်။လူကြီးတွေ ပြောသလို သိရင် ကြောက်တယ်။ မသိရင် မကြောက်ဘူးဆိုတာမှန်နေတာ ပေါ့ကွ”
“အော်- ဒါနဲ့ မင်း ငါ့အိမ်အကြောင်း ဘယ်သူမှ မပြောပါနဲ့ကွာ။ တတ် နိုင်ရင် မင်းအဖေနဲ့ အမေတောင် မပြောပါနဲ့”
-အေး-အေး”
ဟု ကျွန်ုပ်လည်း လွယ်လွယ်ကူကူ ကတိပေးလိုက်၏။ သို့ရာတွင် ကျွန်ုပ်မှာ အိမ်ပြန်ရောက်သည်နှင့်မိခင်အား ပြန်ပြောပြလိုက်တော့၏။ ယင်း

သို့ပြောလိုက်မှကျွန်ုပ်ရင်ထဲရှိဆို့နင့်နှင့်အလုံးကြီးမှာကျသွားပြီးပေါ့ပါးသွား
ပါတော့သည်။
ကျွန်ုပ်၏ ဖြစ်စဉ်အား ရေးသားတင်ပြရခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း (၄၀)ကျော်ခန့်က ကျွန်ုပ်ကိုယ်တိုင် ကြုံခဲ့ရသော သစ်ခြောက်အကြောင်း စာဖတ်သူများ သိစေလို၍လည်းကောင်း၊ သူငယ်ချင်းနှင့် ကွဲကွာခဲ့သည်မှာ နှစ်အတော်ကြာ၍ သတိရသောကြောင့်လည်းကောင်း သူငယ်ချင်း၏ ညီမ “သိုက်”ကလာသူဟု ဆိုသူမှာ ယခုအချိန် လူ့လောကတွင် ရှိ၊ မရှိ “သိုက်” က ဘယ်လို ပြန်ခေါ်သွားသလဲစသည်များစိတ်ကူးပုံဖော်ခံစားမိ၍ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါကြောင်းနှင့် အလျဉ်းသင့်လျှင် ကျွန်ုပ် သွားရောက် ၍မေးမြန်းစုံစမ်းပြီး ပြန်လည်တင်ပြပေးမည် ဖြစ်ပါကြောင်း..

Zawgyi Version

သစ္ေျခာက္အိမ္(စ/ဆုံး)
—————————–
ကြၽႏ္ုသည္ငယ္စဥ္ကမိဘညီအစ္ကိုေမာင္ႏွမမ်ားႏွင့္အတူ သန္လ်င္
ၿမိဳ႕တြင္ ေနထိုင္၏။ ၁၉၇၃ – ခုႏွစ္တြင္ ကြၽႏ္ုပ္ (၉)တန္း စာေမးပြဲ ေျဖဆိုၿပီးေနာက္ ေႏြရာသီေက်ာင္းပိတ္ရက္တြင္ မိခင္၏ ညီမေတာ္စပ္သူ ကြၽႏ္ုပ္၏အေဒၚႏွင့္ ဦးေလးမိသားစုေနထိုင္ေသာ ရန္ကုန္တိုင္း၊ မရမ္းကုန္း ၿမိဳ႕နယ္၊ ေခ်ာ္တြင္းကုန္းရွိ က.ပ.စ တပ္ဝန္း အိမ္ေထာင္သည္လိုင္း ေနအိမ္ သို႔ မိဘမ်ားထံ ခြင့္ေတာင္းၿပီး သြားေရာက္လည္ပတ္ခဲ့သည္။ ကြၽႏ္ုပ္ အေဒၚမွာက.စ.လဓာတ္ခဲထုတ္လုပ္မႈဌာနတြင္လည္းေကာင္း၊ ဦးေလး ျဖစ္ သူမွာ က.ပ.စ တြင္ တပ္ၾကပ္ႀကီးအဆင့္ျဖင့္လည္းေကာင္း တာဝန္ထမ္း ေဆာင္ေနၾကသူမ်ား ျဖစ္၏။
ကြၽႏ္ုပ္၏ အေဒၚႏွင့္ ဦးေလး ေနထိုင္ေသာ ေနအိမ္ခန္းမွာ (၆)ခန္းတြဲ အုတ္တိုက္မွ အခန္းတစ္ခန္းတြင္ေနၾကၿပီး အိမ္ေရွ႕ မ်က္ေစာင္းထိုး (၄၅) ဒီဂရီခန႔္ ခပ္လွမ္းလွမ္းတြင္ က.ပ.စ စစ္သည္မိသားစုမ်ား၏ တပ္တြင္း မူလ

တန္းေက်ာင္းရွိသည္။ ေက်ာင္းေရွ႕ ကတၱရာလမ္းတစ္ဖက္တြင္ ကေလး ကစားကြင္းရွိသည္ကို သတိထားမိ၏။ ကစားကြင္းအား သစ္သားတံခါးျဖင့္ အဝင္၊ အထြက္ျပဳလုပ္သည္ကို ေတြ႕ရသည္။ ကတၱရာလမ္းေပၚမွၾကည့္လွ်င္ ကစားကြင္းသည္ ေပ(၁၀၀) ခန႔္ က်ယ္ၿပီး ဒန္းႏွင့္စီးေလွ်ာမ်ားကိုေတြ႕ရ၏။ ယခင္ေက်ာင္းဖြင့္ရက္မ်ားကြၽႏ္ုပ္ေရာက္ခဲ့စဥ္ကမူလတန္းကေလးငယ္မ်ား
အားကစားကြင္းအတြင္း ေျပးလႊားေဆာ့ကစားေနသည္ကိုအၿမဲတေစ ေတြ႕
ေနရ၏။
ကြၽႏ္ုပ္အေဒၚႏွင့္ဦးေလးအိမ္ေရာက္ၿပီး ညေန (၅)နာရီခန႔္တြင္ ဦးေလး ျဖစ္သူမွေရခ်ိဳးရန္ေျပာသည္။ ေရခ်ိဳးရသည့္ေနရာမွာ အိမ္ေနာက္ေဖးအမ်ား သုံးေရအုတ္ကန္တြင္ ခ်ိဳးရ၏။ ေရမွာ အခ်ိန္ႏွင့္လာၿပီး အိမ္ေထာင္သည္ မိသားစုမ်ား ဝိုင္းဝန္းခပ္၍ ေရကုန္သြားမည္ကိုလည္း စိုးရ၏။ ဦးေလး ျဖစ္သူမွ “ေမာင္ဝင္း – ေရ အျမန္ခ်ိဳးကြ၊ ေရက အေတာ္ေန ပိတ္ေတာ့မွာ၊ ေတာ္ၾကာ – ေရကုန္ေနဦးမယ္။ ျမန္ျမန္လုပ္” ဟု ေျပာၿပီး ႏိုေဆာ္ေနသည္။
ကြၽႏ္ုပ္လည္း ေရခ်ိဳးရန္ ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ရသည္။ ကြၽႏ္ုပ္ စီးေသာဖိနပ္မွာ ယိုးဒယားမွလာေသာ စင္ၾကယ္ဖိနပ္ျဖစ္၏။ ယခင္လည္း ေရခ်ိဳးသြားေနၾကျဖစ္သျဖင့္ အမႈမဲ့အမွတ္မဲ့ ကြၽႏ္ုပ္ ေရအုတ္ကန္သို႔ေရာက္ စဥ္ ေရညႇိမ်ားနင္းမိၿပီး ကြၽႏ္ုပ္ ေခ်ာ္လဲေတာ့၏။ “ဖုန္း – ဂြမ္း – အမေလးဗ်”ဟု ကြၽႏ္ုပ္ ေျခလြတ္လက္လြတ္က်ၿပီး ေရခြက္ႏွင့္ ဆပ္ျပာခြက္မ်ား က်ကုန္ သျဖင့္ အေဒၚမွ ေတြ႕ၿပီးလာထူေပးသည္။

ကြၽႏ္ုပ္ႏွင့္႐ြယ္တူမိန္းကေလး၊ ေယာက္်ားေလးမ်ားလည္းအနီးဝန္းက်င္ တြင္ ရွိေနသျဖင့္ ခိုးခိုးခစ္ခစ္ ရယ္ၾက၏။ ကြၽႏ္ုပ္လည္းရွက္ေန၍ နာမွန္း မသိခဲ့။ ေရခ်ိဳး ထမင္းစားၿပီး ည (၉)နာရီခန႔္တြင္ ကြၽႏ္ုပ္၏ ညာလက္ဒူးဆစ္ မွာအေတာ္နာလာ၍ အေဒၚျဖစ္သူထံမွ ပ႐ုတ္ဆီေတာင္းၿပီး မိမိကိုယ္မိမိ လိမ္းၿပီး ႏွိပ္နယ္လိုက္၏။ ကြၽႏ္ုပ္ အိပ္ရန္ အိမ္ဝင္ေပါက္ ခုတင္အေသးေပၚ ထိုင္လိုက္စဥ္ အိမ္ေရွ႕ေပ (၁၀၀)ခန႔္ အကြာ ဓာတ္မီးတိုင္ေအာက္ အုတ္ခုံ ေပၚတြင္ကြၽႏ္ုပ္ႏွင့္ ႐ြယ္တူေယာက္်ားေလး (၄၊၅) ဦးခန႔္ ဂစ္တာတီး သီခ်င္း

ဆိုသံ ၾကားေတြ႕ရသည္။ ကြၽႏ္ုပ္လည္း ဒူးဆစ္ အနာသက္သာရန္ လမ္း ေလွ်ာက္ရန္ႏွင့္႐ြယ္တူလူငယ္ခ်င္းမိတ္ေဆြဖြဲ႕ရန္ေျခေထာ့နင္းေထာ့နင္းျဖင့္
ထြက္ခဲ့ေတာ့၏။
ကြၽႏ္ုပ္၎တို႔ေရွ႕ျဖတ္ေလွ်ာက္စဥ္ယင္းအုပ္စုမွာ ဆို၊ တီး အရွိန္တက္ ေနသျဖင့္ကြၽႏ္ုပ္လည္းကစားကြင္းဘက္သို႔ဆက္ေလွ်ာက္ခဲ့၏။ ကစားကြင္း ေရွ႕ဓာတ္မီးတိုင္မ်ားမွာ မီးမလာဘဲ ခပ္လွမ္းလွမ္းရွိ မီးတိုင္မ်ား၏ အလင္း ေရာင္သာအနည္းငယ္လာေရာက္လင္းေန၏။ လမ္းေပၚတြင္ မည္သူမွ် မရွိ၊ ကြၽႏ္ုပ္ တစ္ဦးတည္းျဖစ္သည္။ ကြၽႏ္ုပ္ကစားကြင္းေရွ႕အေရာက္တြင္ ဒန္းစီး ခ်င္သည့္စိတ္ အလိုလိုျဖစ္လာ၏။ ကြၽႏ္ုပ္လည္း ကစားကြင္း ဝင္၊ ထြက္ သစ္သားတံခါးအားၾကည့္ရာ ပြင့္ေနသျဖင့္ ကြၽႏ္ုပ္ဝင္ခဲ့၏။ ကြၽႏ္ုပ္ဝင္ေပါက္ ႏွင့္ေပ(၈၀)ခန႔္အကြာတြင္ေတြ႕ရ၏။ ကြၽႏ္ုပ္လည္းေျခေထာ့နင္းေထာ့နင္း ျဖင့္ သြားခဲ့၏။ ကစားကြင္းအတြင္း အနည္းငယ္ေမွာင္ေနသည္။ ကြၽႏ္ုပ္ လည္း ဒန္းစင္ႏွင့္ လက္တစ္ကမ္းအကြာေရာက္၍ေသခ်ာၾကည့္ရာ ဒန္းစင္ (၃) ခု ေတြ႕ရၿပီး ၿငိမ္သက္ေန၏။
ကြၽႏ္ုပ္လည္း အနီးဆုံးဒန္းႀကိဳးအား ေဘးတိုက္အေနအထားျဖင့္ ကိုင္ရန္ လက္လွမ္းလိုက္စဥ္”ဟီး-ဟီး-ဝွီး- ဘုတ္”ဟုရီသံလိုလိုၾကားၿပီး ဒန္းႀကိဳးမွာ အရွိန္ျဖင့္တအားကုန္လႊဲေနၿပီးေခါင္းတစ္ခုလုံးပုတ္ေလာက္ႀကီး သြားၿပီး ေခါင္းရွိဆံပင္ႏွင့္ တစ္ကိုယ္လုံး အေမြးအမွင္မ်ား ေထာင္မတ္သြား ၏။ ကြၽႏ္ုပ္ သရဲေျခာက္ခံရၿပီဟု အသိဝင္လာ၏။ “ဘုတ္”ဟု က်သြားသည့္ ေနရာတြင္လည္း ဘာမွမရွိ၊ ကြၽႏ္ုပ္လည္း ခ်က္ခ်င္းစိတ္ထိန္း၍ အေနာက္ သို႔ ေနာက္ျပန္တစ္လွမ္းခ်င္း ဆုတ္လာ၏။ ဒန္းႏွင့္ဝန္းက်င္အား မ်က္ေျခ မျပတ္ၾကည့္ေနရ၏။ ဒန္းမွာလႊဲေနတုန္းပင္ကြၽႏ္ုပ္ေနာက္ျပန္တစ္လွမ္းခ်င္း ဆုတ္ခဲ့ရာဝင္၊ ထြက္ သစ္သားတံခါးအနီး (၅)လွမ္းခန႔္အကြာအေရာက္တြင္ ကြၽႏ္ုပ္ ႐ုတ္ျခည္းလွည့္၍ လမ္းေပၚသို႔ ထြက္ေျပးခဲ့ေတာ့၏။

ကြၽႏ္ုပ္ ဂစ္တာတီးေနသည့္အဖြဲ႕နား မေရာက္မီ ၎လူ႐ြယ္မ်ား ထို အခ်ိန္တြင္ထလာၿပီး“ဘာျဖစ္တာလဲ – ဘာျဖစ္တာလဲ”ဟုဝိုင္းေမးၾကေတာ့ သည္။ ကြၽႏ္ုပ္လည္း ေခတၱအေမာေျဖၿပီး အေျခအေန ေျပာျပလိုက္၏။ ၎ အုပ္စုထဲမွ ကြၽႏ္ုပ္ထက္ အသက္အနည္းငယ္ႀကီးသူတစ္ဦးမွ “မင္း – ဧည့္ သည္နဲ႔ တူတယ္၊ ေနာက္မွေျပာျပမယ္၊ အခု ဒန္းကို သြားၾကည့္ၾကရ ေအာင္”
ဟု ေျပာၿပီး ကြၽႏ္ုပ္တို႔ (၅) ဦး ကစားကြင္း ဝင္ေပါက္မွဝင္ခဲ့ၿပီး ခပ္လွမ္း လွမ္းမွ ဒန္းကိုၾကည့္ရာ ဒန္းမွာ ေရွ႕ေနာက္(၂)ေပခန႔္သာလႈပ္ယမ္းေနသည္ ကို ေတြ႕ၾကရ၏။ “ရၿပီ – ျပန္ၾကရေအာင္” ဟု ၎တို႔ အဖြဲ႕ထဲမွ တစ္ေယာက္ ကေျပာ၍ ျပန္ထြက္ခဲ့ၾကၿပီး ဓာတ္မီးတိုင္ေအာက္အုတ္ခုံတြင္ ထိုင္လိုက္ၾက ၏။ ကြၽႏ္ုပ္မွာ ႏွလုံးခုန္၊ ရင္တုန္ေျခဖ်ားလက္ဖ်ားေအးေနဆဲျဖစ္သည္။ ၎ တို႔ေျပာျပ၍လြန္ခဲ့ေသာတစ္လခန႔္က စတုတၳတန္းေက်ာင္းသားႀကီးတစ္ဦး ေက်ာင္းဖြင့္ခ်ိန္တြင္ ၎ဒန္းအား မတ္တတ္ရပ္၍အၿပိဳင္စီးၾကစဥ္ ရင္ဘတ္ ျဖင့္ျပဳတ္က်ၿပီး၎ေနရာမွာပင္ေသဆုံးခဲ့ေၾကာင္း၊ ယင္းေက်ာင္းသားသည္ ၎ဒန္းအား မည္သူမွ် ကိုင္တာစီးတာ မႀကိဳက္ေၾကာင္း သိရေတာ့၏။ ကြၽႏ္ုပ္လည္းအေဒၚအိမ္ျပန္လာၿပီး ဦးေလးႏွင့္ အေဒၚအားေျပာျပရာ အေဒၚမွ ညအခ်ိန္ အျပင္ထြက္သျဖင့္ အနည္းငယ္ဆူ၏။ ယင္းျဖစ္စဥ္အားလည္း အေဒၚမွ ကြၽႏ္ုပ္အား ျပန္ေျပာျပ၏။
ေနာက္ေန႔တြင္ ကြၽႏ္ုပ္လည္း သန္လ်င္ မိဘေနအိမ္သို႔ ျပန္ခဲ့ေတာ့ သည္။ သို႔ရာတြင္ ကြၽႏ္ုပ္ သတိထားမိသည္မွာ ကြၽႏ္ုပ္ ေခ်ာ္လဲ၍ ညာဘက္ ဒူးအေတာ္နာခဲ့ရာ ကစားကြင္းဝင္၊ထြက္ေပါက္မွကြၽႏ္ုပ္ထြက္ေျပးခ်ိန္မွစၿပီး ဒူးဆစ္မွာ လုံးဝမနာေတာ့ေၾကာင္း အံ့ဩစြာ သတိထားမိလိုက္ပါေတာ့ သည္။
ဤကဲ့သို႔ႀကဳံဆုံခဲ့ၿပီးေနာက္ကြၽႏ္ုပ္သည္ေႏြရာသီေက်ာင္းပိတ္ရက္မ်ား ၌ အိမ္တြင္ ေနေလ့ေနထမရွိဘဲ ေဆြမ်ိဳးသားခ်င္းမ်ား၊ သူငယ္ခ်င္းမ်ားထံ ညအိပ္ညေနသြားလည္ျခင္း၊ သူငယ္ခ်င္းမ်ားႏွင့္အတူ သၾကၤန္လည္ပတ္ရန္

ရရာလုပ္ငန္းဝင္လုပ္ျခင္း၊ ဖခင္ႀကီးမွာ ႏိုင္ငံဝန္ထမ္း ျဖစ္ေနသျဖင့္ ဖခင္ႀကီး တာဝန္က်ရာ ေနရာေဒသသို႔လိုက္ပါလည္ပတ္ျခင္းမ်ားျဖင့္သာ အခ်ိန္ကုန္ ဆုံးခဲ့ရသည္။ ကြၽႏ္ုပ္၌ သန္လ်င္ၿမိဳ႕တြင္ ေက်ာင္းလာတက္သည့္ သူငယ္ခ်င္း လွစိန္ဆိုသူရွိ၏။ ယင္း၏ အေဒၚျဖစ္သူထံလာေနၿပီး သန္လ်င္ၿမိဳ႕အတြင္း ေန႔ပိုင္း အလုပ္လုပ္၍ ညပိုင္းလူငယ္ေရးရာ ညေက်ာင္း (၁၀) တန္း ပညာ သင္ၾကားေနသူျဖစ္၏။ ၎၏ မိဘမ်ားမွာ ေမွာ္ဘီၿမိဳ႕တြင္ေနသည္ဟု သိရ သည္။
လွစိန္သည္ အသားျဖဴျဖဴ အရပ္အေမာင္းၾကည့္ေကာင္း၏။ မ်က္ခုံး ေကာင္းၿပီးလူရည္သန႔္မ်က္ႏွာမ်ိဳးျဖစ္သည္။ စကားအေျပာအဆိုယဥ္ေက်း ၿပီး လိမၼာပါးနပ္သျဖင့္ လူႀကီးမ်ား သေဘာက်၏။ ၎အေဒၚႏွင့္ ကြၽႏ္ုပ္ မိဘ မ်ားသည္ အလြန္ရင္းႏွီးေသာမိတ္ေဆြမ်ားျဖစ္ၾကသည္။ တစ္အိမ္ႏွင့္ တစ္ အိမ္ ရပ္ကြက္ျခားအလွမ္းေဝးေသာ္လည္း မၾကာခဏလည္ပတ္ၾကေလ့ ရွိ၏။ လွစိန္၏ အေဒၚေျပာျပ၍ လွစိန္မိဘမ်ားမွာ စီးပြားေရး ခ်ိဳ႕တဲ့ေၾကာင္း၊ အလုပ္လုပ္၍ရေသာေငြအားစုေဆာင္း၍ (၂၊၃) လတစ္ႀကိမ္ ေမွာ္ဘီရွိ မိဘ မ်ားထံသို႔ ျပန္ပို႔ေၾကာင္း သိလိုက္ရသည္။
၁၉၇၃ – ခုႏွစ္ ေႏြရာသီေက်ာင္းပိတ္ရက္ တစ္ရက္တြင္ ကြၽႏ္ုပ္ မိခင္ ႏွင့္အတူ လွစိန္၏အေဒၚအိမ္ သြားေရာက္ခဲ့စဥ္မနက္ျဖန္ လွစိန္မွာ ေမွာ္ဘီ ၿမိဳ႕သို႔ တစ္ညအိပ္ျပန္ရန္ရွိေၾကာင္း သိရ၏။ ကြၽႏ္ုပ္လည္း လွစိန္အား … “ငါေမွာ္ဘီကို မင္းနဲ႔ လိုက္လည္ခ်င္တယ္ကြာ၊ တစ္ညအိပ္ဆိုေတာ့ ငါ့ အေမ ခြင့္ျပဳမွာပါ။ မင္းလည္း ဝိုင္းေျပာေပးကြာ” ဟုေျပာ၏။
လွစိန္မွ“ငါေျပာေတာ့ ေျပာၾကည့္ေပးမယ္”ဟုတာဝန္ေက်စြာေျပာၿပီး
လိုလိုလားလားတက္တက္ႂကြႂကြမေျပာခဲ့ေပ။ကြၽႏ္ုပ္မွာေမွာ္ဘီလိုက္လည္
ရဖို႔သာ အဓိကျဖစ္၏။ ၎ေနာက္ ကြၽႏ္ုပ္ႏွင့္ လွစိန္မွ မိခင္အား ခြင့္ေတာင္း ခဲ့ရာ ခြင့္ျပဳခဲ့ေတာ့သည္။
ေနာက္ေန႔ မနက္တြင္ လွစိန္မွ ဦးေဆာင္၍ ကြၽႏ္ုပ္တို႔ (၂)ဦး သန္လ်င္ ၿမိဳ႕မွ“သီတာ” သေဘၤာစီး၍ရန္ကုန္။ ရန္ကုန္မွာ ေမွာ္ဘီၿမိဳ႕သို႔ ထြက္ခဲ့ၾက၏။

ေမွာ္ဘီၿမိဳ႕၊ ဆတ္သြားေတာ႐ြာ မွတ္တိုင္တြင္ ဆင္းၿပီး ႐ြာအတြင္းမွ ေတာ လမ္းအတိုင္းမိနစ္(၃၀) ခန႔္လမ္းေလွ်ာက္ၿပီး၎တို႔ေနအိမ္သို႔ေရာက္ေတာ့ သည္။ ကြၽႏ္ုပ္တို႔ ေရာက္ရွိခ်ိန္သည္ ေန႔လယ္ (၂)နာရီခန႔္ရွိၿပီ ျဖစ္၏။

ကြၽႏ္ုပ္မွာလွစိန္မိဘမ်ားေနအိမ္ေရာက္မွ(၁၅)ေပပတ္လည္ခန႔္၊ သစ္
ခင္း၊ ထရံကာ၊ ဓနိမိုး အိမ္ငယ္ေလး ျဖစ္၏။ ဘုရားေက်ာင္းေဆာင္ ခပ္ေသး ေသးရွိၿပီး သေျပပန္းမ်ား တင္လႉပသထား၏။ ကြၽႏ္ုပ္တို႔ ေရာက္ခ်ိန္တြင္ ေဘးအိမ္မွ (၇)ႏွစ္ ခန႔္ ေယာက္်ားေလးတစ္ဦး ေရာက္လာၿပီး“အစ္ကိုႀကီး လွစိန္လာတယ္၊ အစ္ကိုႀကီး လွစိန္လာတယ္” ဟု ေအာ္ေနေတာ့၏။

လွစိန္မွ ၎ကေလးအား သန္လ်င္ၿမိဳ႕ သေဘၤာဆိပ္မွ ဝယ္လာေသာ ထန္းသီးမုန႔္ တစ္လုံးထုတ္ေပးလိုက္၏။ ခဏအၾကာ လွစိန္မွ“အေမ-လာ ၿပီ” ဟု ေျပာ၍ အိမ္ေပၚမွဆင္းၿပီး ယင္းအေမျဖစ္သူႏွင့္အတူ အိမ္ေပၚျပန္ တက္လာသည္။ လွစိန္၏ မိခင္မွာ အသက္ (၄၀) ေက်ာ္ခန႔္ရွိမည္ ျဖစ္ၿပီး ပိန္ပိန္ပါးပါး၊ အသားညိဳ၍ အိုစာ၏။ မသိလွ်င္ အသက္ (၅၀) ေက်ာ္ၿပီဟု ခန႔္မွန္းရ၏။ လွစိန္မွ ကြၽႏ္ုပ္ႏွင့္ မိတ္ဆက္ေပးၿပီး မိခင္ျဖစ္သူမွ ေရေႏြးၾကမ္း လာခ်ေပး၏။ ၎အခ်ိန္ အသားျဖဴျဖဴ၊ ႐ုပ္ေခ်ာေခ်ာ၊ မ်က္လုံးမ်က္ခုံး ေကာင္းေကာင္းအသက္(၁၄)ႏွစ္ခန႔္ မိန္းကေလးတစ္ဦးအိမ္ေပၚတက္လာ
၍လွစိန္မွ –
“ေဟ့ေကာင္ – ဒါ ငါ့ညီမေလး အရင္းေလကြာ၊ စကားမေျပာတတ္ဘူး အင္း – အ,ေနတယ္။ ေမြးကတည္းကပဲ”ဟု ေျပာျပသည္။ ကြၽႏ္ုပ္မွ – “ဒါနဲ႔ – မင္း အေဖ ေကာ မရွိဘူးလား”ေမးရာ

“ငါ့အေဖက ေတာထဲ သစ္အငွားခုတ္လိုက္တယ္။ တစ္ခါ ခရီးသြားရင္ (၃)ပတ္၊ တစ္ခါတေလ (၁)လ ေက်ာ္ၾကာတယ္” ဟု ေျပာျပ၍ သိရ၏။ လွစိန္ႏွင့္ ၎ညီမမွာ အိမ္ႏွင့္ လူမလိုက္ပါ။ ေမာင္ႏွမ (၂)ဦးလုံး အသားျဖဴ ေဖြးၿပီး ႐ုပ္ရည္ေခ်ာ၏။ ၿမိဳ႕တြင္ ကိုယ္ပိုင္ကားစီးၿပီး သြားပါက သူေဌးသား၊ သူေဌးသမီးဟု ထင္မွတ္ရမည္။ သို႔ရာတြင္ လက္ေတြ႕ႏွင့္ ကြာျခားေန၏။ ပတ္ဝန္းက်င္အိမ္မ်ားမွာလည္း ခပ္လွမ္းလွမ္းတြင္ရွိၿပီး အိမ္ခပ္ေသးေသး ေလးမ်ား ျဖစ္ၾကသည္။
ကြၽႏ္ုပ္တို႔ ႏွစ္ဦး ညေနခ်ိန္ ေရခ်ိဳးၿပီးေနာက္ ၎၏ မိခင္မွ ငါးဟင္းျဖင့္ ခ်က္၍ ထမင္းေႂကြး၍ စားၾက၏။ ထမင္းစားစဥ္ လွစိန္မွ “ငါ့ညီမက ေမြး ကတည္းက စကားမေျပာတတ္လို ေက်ာင္းမေနရဘူးကြာ၊ စာမတတ္ၾက ေတာ့ လက္ဟန္ေျခဟန္နဲ႔ ေျပာရတယ္။ ငါ့အေဖနဲ႔အေမ၊ၿပီးေတာ့ ႐ြာထဲက လူႀကီးတခ်ိဳ႕ ေျပာ ေတာ့ သိုက္ကလာတယ္ေျပာတယ္။ အင္း – ၿပီးေတာ့ ဘာတဲ့ အသက္ (၂ဝ) ျပည့္ရင္ သိုက္က ျပန္ေခၚမယ္ ေျပာတယ္ကြ”
“အဲဒီသိုက္က ဘယ္လို ျပန္ေခၚမွာလဲ”

“ငါလည္း မသိဘူးကြာ၊ ကဲ- ထမင္း ဆက္စားၾကရေအာင္”
ဟု လွစိန္က စကားျဖတ္ခဲ့၏။ ည (၇)နာရီခန႔္တြင္ ကြၽႏ္ုပ္၏ မိသားစု အေၾကာင္း ေျပာဆိုၾကၿပီးေနာက္ လွစိန္၏ မိခင္မွ ကြၽႏ္ုပ္တို႔ (၂)ဦး အိပ္ရန္ ဘုရားေက်ာင္းေဆာင္ေအာက္၌ ဖ်ာႏွင့္ ေခါင္းအုံးေပး၏။ ျခင္ေထာင္ အျဖဴ အပါး တစ္လုံးေပး၍ ျခင္ေထာင္ ေထာင္လိုက္ၾကသည္။
ႏိုး”
လွစိန္မွ ကြၽႏ္ုပ္အား “မင္း – အေပါ့၊ အေလး ညပိုင္းသြားခ်င္ရင္ ငါ့ကို
“ရတယ္ – ငါ ညပိုင္း မသြားတတ္ဘူး၊ မနက္မိုးလင္းမွ သြားတတ္တာ” ဟု ကြၽႏ္ုပ္ ျပန္ေျပာၿပီး အိပ္ၾက၏။ လွစိန္၏ မိခင္ႏွင့္ညီမမွာ ကြၽႏ္ုပ္တို႔ႏွင့္ ခပ္ကြာကြာေနရာတြင္ ေရနံဆီမီးခြက္မႈတ္၍ အိပ္ေတာ့သည္။ ကြၽႏ္ုပ္မွာ အိမ္ဝင္ေပါက္ထရံအနီး ကပ္၍အိပ္လိုက္ေတာ့သည္။
ကြၽႏ္ုပ္ အိပ္ၿပီး ေမွးခနဲေပ်ာ္သြားစဥ္ ကြၽႏ္ုပ္၏ အနားအနီးသို႔ ကပ္ၿပီး အိမ္ေျမႇာင္အၿမီး႐ိုက္သံလို တေဒါက္ေဒါက္ျဖင့္ေခါက္သံ က်ယ္ေလာင္စြာ ၾကားရ၍ လန႔္ႏိုးသြား၏။ ေဘးဝန္းက်င္မွာ ေမွာင္မည္းေန၏။ ကြၽႏ္ုပ္မွ လွစိန္အား အေမွာင္တြင္းမွၾကည့္ရာ ၎မွာ အိပ္ေမာက်၍ ေဟာက္သံပင္ ထြက္ေနသည္။ ၎၏ မိခင္ႏွင့္ညီမမွာလည္း အိပ္ေမာက်ေနဟန္ရွိၿပီး ပါးစပ္မွ ေလရႉသံ တရႉးရႉးၾကားေနရသည္။ ကြၽႏ္ုပ္လည္း အိမ္ေျမႇာင္ ထင္ မွတ္၍ေခါင္းရင္းဘက္ရွိပ်ဥ္ခင္းႏွင့္ ဝါးကပ္အားလက္ျဖင့္ပုတ္ၿပီး“ရႉး – ရႉး” ဟု ေမာင္းထုတ္လိုက္၏။
ေခတၱၿငိမ္သြားသျဖင့္ ကြၽႏ္ုပ္ ျပန္အိပ္လိုက္သည္။ ထိုစဥ္ “တေဒါက္ ေဒါက္”အသံမွာ ကြၽႏ္ုပ္၏ နားေအာက္ခင္းပ်ဥ္ျပားကပ္ၿပီး လက္ညႇိဳးျဖင့္ ေတာက္သလို က်ယ္ေလာင္စြာ ၾကားေနရျပန္၏။ ထို႔အျပင္ လက္သည္းျဖင့္ ပ်ဥ္ျပားအား ျခစ္သလို “တဗ်င္းဗ်င္း” ၾကားရ၏။ ကြၽႏ္ုပ္မွာ ေၾကာင္ေသာ္ လည္းေကာင္း၊ လက္သည္းရွိေသာ ေခြးေသာ္လည္းေကာင္း သတၱဝါတစ္ ေကာင္ေကာင္လာၿပီး ကြၽႏ္ုပ္ေအာက္ ေခါင္းရင္းပ်ဥ္ခင္းအား ကုတ္ျခစ္ေန သည္ဟု ထင္၏။

ရံဖန္ရံခါ ေလမႈတ္သံလို “တဖူးဖူး” ၾကားရသည္။ ကြၽႏ္ုပ္လည္း လွစိန္ ႏွင့္ အိမ္သားမ်ား ႏိုး၍ အိမ္ေအာက္ဆင္းၾကည့္ရန္ စဥ္းစားမိ၏။ အသံမ်ား မွာ က်ယ္လြန္း၍ ၎တို႔မိသားစု ႏိုးေလာက္ေပသည္။ သို႔ရာတြင္ လွစိန္တို႔ မိသားစုမွာ“တေခါေခါ-တရႉးရႉး” ျဖင့္အိပ္ေမာက်ေန၍ကြၽႏ္ုပ္မႏိုးလိုေတာ့ ဘဲ ဆက္အိပ္ရန္ ႀကံ၏။ အိပ္ေပ်ာ္မည္ ျဖစ္လိုက္၊ အသံက ဆူညံစြာၾကား လိုက္ႏွင့္ မိုးစင္စင္လင္းခဲ့၏။
နံနက္မိုးလင္း၍ကြၽႏ္ုပ္မွလွစိန္အား”ငါညကအိပ္လို႔မရဘူးကြာ။ အိပ္ အိမ္ေျမႇာင္အၿပီး႐ိုက္သံလိုလိုတေဒါက္ေဒါက္ၾကားတယ္။
ေပ်ာ္မယ္ရွိတုန္း
ၿပီးေတာ့ – ပ်ဥ္ျပားကို လက္သည္းနဲ႔ ကုတ္ျခစ္တဲ့ အသံေကာ၊ တဖူးဖူး ေလ မႈတ္တဲ့ အသံေကာ၊ ဆူညံေနတာပဲကြာ။ မင္းတို႔အိမ္ေအာက္မွာ ေခြးေတြ ေၾကာင္ေတြေမြးထားလားကြာ” ဟုေျပာျပရာလွစိန္မွအိမ္အတြင္းႏွင့္ေဘး ဘယ္၊ ညာ ျပဴးျပဴးပ်ာပ်ာၾကည့္ၿပီး “မင္းငါ့ကို ႏႈိးရမွာကြ၊ အျပန္က်မွ ငါ့အိမ္ အေၾကာင္း ေျပာျပမယ္”ဟု ခပ္တိုးတိုး ျပန္ေျပာ၏။
၎အခ်ိန္ လွစိန္၏ မိခင္မွာ ညီမမွာ အိမ္အျပင္တြင္ မ်က္ႏွာသြားညစ္ ေန၏။ ကြၽႏ္ုပ္လည္း ဘာမွျပန္မေျပာဘဲ (၂)ဦးသားေစာင္၊ ျခင္ေထာင္သိမ္း ၿပီး အိမ္ေအာက္သို႔ဆင္း၍ မ်က္ႏွာသစ္ခဲ့ၾကသည္။ ကြၽႏ္ုပ္မွာ ဆားအနည္း ငယ္ေတာင္းၿပီး ဆားျဖင့္ သြားတိုက္ေနစဥ္ကြၽႏ္ုပ္ အိပ္ခဲ့သည့္ အိမ္ေအာက္ ပ်ဥ္ခင္းႏွင့္ ေျမႀကီးဝန္းက်င္အား ေသခ်ာစြာငုံ႔၍ လိုက္ၾကည့္ေသး၏။ တိရစာၦန္ ေျခရာလည္း မေတြ႕၊ လက္သည္းကဲ့သို႔ ျခစ္ရာမ်ားလည္း မေတြ႕ သျဖင့္ ဇေဝဇဝါ ျဖစ္ခဲ့ရေတာ့သည္။ ကြၽႏ္ုပ္မွာ တစ္ညလုံး မအိပ္ရသျဖင့္ မူးေနာက္ေနာက္ ျဖစ္ေန၍ မ်က္ႏွာအျမန္သစ္လိုက္ရ၏။ ၎ေနာက္ ကြၽႏ္ုပ္တို႔ (၂)ဦးလည္း သန္လ်င္ျပန္ရန္ လွစိန္၏ မိခင္ႏွင့္ ညီမအား ႏႈတ္ ဆက္ၿပီး ျပန္ခဲ့ေတာ့သည္။
အျပန္ ရန္ကုန္ထင္းပုံဆိပ္ကမ္းမွ သီတာသေဘၤာျဖင့္ သန္လ်င္ျပန္စဥ္ ကြၽႏ္ုပ္မွ လွစိန္အား …

“မင္း အိမ္အေၾကာင္း ေျပာျပမယ္ဆို၊ ေျပာျပေလကြာ” ဟု ေျပာသ ျဖင့္ ၎မွ ..
“ငါ့အိမ္ကို သူငယ္ခ်င္းေတြ ညအိပ္မေခၚခ်င္ဘူးကြာ”
“ေဟ- ဘာျဖစ္လို႔လဲကြ”
“မင္းငါ့အိမ္ကိုလိုက္မယ္ဆိုကတည္းကငါသိပ္မေခၚခ်င္ဘူး။ မင္းလိုပဲ ဟိုတုန္းက သူငယ္ခ်င္း (၄၊၅) ဦးတစ္ေယာက္ၿပီးတစ္ေယာက္အိပ္ဖူးတယ္။ မင္း ခံရသလိုပဲ အသံေတြၾကားၿပီး ဘယ္သူမွ မအိပ္ရဘူး။ မနက္မိုးလင္းမွ ျပန္ေျပာလို႔ သိရတယ္”
“အဲဒါ ဘာျဖစ္တာလဲကြာ၊ ၿပီးေတာ့ ငါတို႔အိမ္သားေတြတစ္ခါမွမၾကား ဖူးဘူး။ သူစိမ္းဧည့္သည္ ေရာက္ၿပီဆိုရင္ ျဖစ္ၿပီကြ။ လာအိပ္တဲ့ ဧည့္သည္ နဲ႔ သူငယ္ခ်င္းေတြ မင္းလို ျပန္ေျပာျပမွသိရတာ”
“အဲ့ဒါ ဘာျဖစ္တာလဲ”
“ငါတို႔အိမ္မွာ သစ္ေျခာက္သားပါလာတယ္ေျပာတယ္။ငါ့အေဖေတာ ထဲက သစ္မင္းအသားေတြ ရွာလာၿပီး အိမ္ေခါင္းရင္းတိုင္နဲ႔ ထုပ္တန္းေတြ၊ ခင္းပ်ဥ္ေတြၾကားထဲ သစ္မင္းသားေတြ ႐ိုက္ထားတာလည္းမရဘူးကြ။ ဧည့္ သည္လာရင္ ျဖစ္တာပဲ။ ၿပီးေတာ့ -ငါ့ညီမသိုက္က လာတာေျပာၾကေတာ့ သူနဲ႔မ်ား ပတ္သက္ေနလား မသိပါဘူးကြာ။ ေတာ္ေတာ္စဥ္းစားရ ခက္ တယ္”
“ဟာ-ငါေတာင္မင္းေျပာမွသိၿပီးေၾကာက္လာေတာ့တယ္။လူႀကီးေတြ ေျပာသလို သိရင္ ေၾကာက္တယ္။ မသိရင္ မေၾကာက္ဘူးဆိုတာမွန္ေနတာ ေပါ့ကြ”
“ေအာ္- ဒါနဲ႔ မင္း ငါ့အိမ္အေၾကာင္း ဘယ္သူမွ မေျပာပါနဲ႔ကြာ။ တတ္ ႏိုင္ရင္ မင္းအေဖနဲ႔ အေမေတာင္ မေျပာပါနဲ႔”
-ေအး-ေအး”
ဟု ကြၽႏ္ုပ္လည္း လြယ္လြယ္ကူကူ ကတိေပးလိုက္၏။ သို႔ရာတြင္ ကြၽႏ္ုပ္မွာ အိမ္ျပန္ေရာက္သည္ႏွင့္မိခင္အား ျပန္ေျပာျပလိုက္ေတာ့၏။ ယင္း

သို႔ေျပာလိုက္မွကြၽႏ္ုပ္ရင္ထဲရွိဆို႔နင့္ႏွင့္အလုံးႀကီးမွာက်သြားၿပီးေပါ့ပါးသြား
ပါေတာ့သည္။
ကြၽႏ္ုပ္၏ ျဖစ္စဥ္အား ေရးသားတင္ျပရျခင္းမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၄၀)ေက်ာ္ခန႔္က ကြၽႏ္ုပ္ကိုယ္တိုင္ ႀကဳံခဲ့ရေသာ သစ္ေျခာက္အေၾကာင္း စာဖတ္သူမ်ား သိေစလို၍လည္းေကာင္း၊ သူငယ္ခ်င္းႏွင့္ ကြဲကြာခဲ့သည္မွာ ႏွစ္အေတာ္ၾကာ၍ သတိရေသာေၾကာင့္လည္းေကာင္း သူငယ္ခ်င္း၏ ညီမ “သိုက္”ကလာသူဟု ဆိုသူမွာ ယခုအခ်ိန္ လူ႔ေလာကတြင္ ရွိ၊ မရွိ “သိုက္” က ဘယ္လို ျပန္ေခၚသြားသလဲစသည္မ်ားစိတ္ကူးပုံေဖာ္ခံစားမိ၍ေရးသား တင္ျပလိုက္ရျခင္း ျဖစ္ပါေၾကာင္းႏွင့္ အလ်ဥ္းသင့္လွ်င္ ကြၽႏ္ုပ္ သြားေရာက္ ၍ေမးျမန္းစုံစမ္းၿပီး ျပန္လည္တင္ျပေပးမည္ ျဖစ္ပါေၾကာင္း..