” တူသောအကျိုး “(စ/ဆုံး)

Unicode Version

” တူသောအကျိုး “(စ/ဆုံး)
———————————–
“ဟာ…မိန်းမ မင်းကလည်းကွာ
လုပ်လာပြန်ပြီမင်းမှာလည်းဗိုက်ကြီးကြီးနဲ့ကို
ရေတွေဆွဲနေရတယ်လို့ကွာ။
ဗိုက်ထဲကကလေးတစ်ခုခုဖြစ်သွားမှဖြင့်”
“အမယ်လေး ကိုသန့်ဇင်ရယ်
ဒီလောက်ကတော့မိနွယ်တို့ကအေးဆေးပါ။
ရှင်အကဲပိုမနေနဲ့ ”
“ဟ…ငါကအကဲပိုနေတာမဟုတ်ဘူးကွ။
မတော်လို့မင်းနဲ့ဗိုက်ထဲကကလေးတစ်ခုခု
ဖြစ်မှာစိုးလို့ပြောနေတာကွ။
ပေးပေး ရေပုံး”
ကိုသန့်ဇင်လည်းမမိနွယ်လက်ထဲမှ
ရေပုံးအားဆွဲယူလိုက်ပြီးကျောက်ခွက်ထဲသို့
ထည့်လိုက်လေသည်။
ကိုသန့်ဇင်နှင့်မမိနွယ်တို့ရဲ့ ပထမဆုံး
ရင်သွေးလေးမို့ကိုသန့်ဇင်ကအထူးဂရုစိုက်
သလောက်မမိနွယ်ကတော့
ကိုသန့်ဇင်အားအကဲပိုလွန်းသည်ဟု
ထင်နေမိသည်။
မမိနွယ်ကနည်းနည်းခေါင်းမာတတ်သူ
ဖြစ်သည့်အတွက်ကိုသန့်ဇင်နှင့်မကြာခဏ
ဆိုသလိုစကားများတတ်ကြလေသည်။
အဲ့သလိုစကားများတိုင်းကိုသန့်ဇင်ကပဲ
မနေနိုင်၍ပြန်လည်ချော့မော့ရပြန်သည်။
ကိုသန့်ဇင်ကမမိနွယ်၏စိတ်ကိုသိ၍
တော်တော်တန်းတန်းဘာမှမပြောပဲ
အသာကြည့်နေတာများသည်။
မြင်မြင်တိုင်းပြောပါလျှင်လည်းလင်မယား
၂ယောက်စကားများရပေဦးမည်။
ဒီကနေ့လည်းကိုသန့်ဇင်အလစ်
ရေခပ်နေသည့်အတွက်စကားများမလို
ဖြစ်ရသေးသည်။
===============
“မိန်းမရေ ဖြူမကိုထမင်းကျွေးလိုက်ဦး
ငါဒီမှာရေချိုးအဝတ်လျှော်နေလို့။
ငါပြီးမှကျွေးရင်ဖြူမထမင်းစားဖို့စောင့်နေရ
လိမ့်မယ်”
“တော့်ခွေးကိုကျွန်မအစာကျွေးဖို့
လုပ်နေပါတယ်တော်။
တကယ်တည်းမိန်းမထက်ခွေးကိုစိတ်ပူပေးနေရ
တယ်လို့”
“ဟ…လူဆိုတာကအချိန်မရွေးခူးခပ်စား
လို့ရတယ်ကွ။
တိရစ္ဆာန်ဆိုတာကိုယ်ကျွေးမှစားရတာ
မင်းနည်းနည်းလေးကိုယ်ချင်းစာစမ်းပါ”
“မသိဘူးတော်ရေကျွန်မကတော့
ကိုယ့်ဝမ်းကလွဲပြီးဘယ်တိရစ္ဆာန်မှ
ခေါင်းထဲသိပ်မထည့်တတ်ဘူး။
ရှင်းရှင်းပဲ”
“တော်ပြီ မင်းကိုဆက်ပြောနေရင်
ငါနဲ့စကားများရဦးမယ်။
“ရော့ ဖြူမ စား”
“ခွပ်”
မမိနွယ်ကထမင်းခွက်အားမြေပေါ်သို့
ပစ်ချကာကျွေးလိုက်လေသည်။
ဖြူမလည်းအမြှီးလေးနှံ့ကာစားနေလေသည်။
မမိနွယ်ဗိုက်ကြီးနေသလိုအိမ်မှာမွေးထားသည့်
ဖြူမလည်းဗိုက်ကြီးနေလေသည်။
ထို့ကြောင့်ကိုသန့်ဇင်က ဖြူမကိုလည်း
လူတစ်ယောက်သဖွယ်ဂရုတစိုက်နှင့်
စောင့်ရှောက်ကျွေးမွေးထားလေသည်။
ကိုသန့်ဇင်ကဖြူမအားချစ်သလောက်
မမိနွယ်ကတော့ဖြူမကိုအသေအလဲ
မုန်းနေလေသည်။
တိရစ္ဆာန်ဆိုဘာကောင်ကိုမှချစ်မရသော
မမိနွယ်တစ်ယောက်အိမ်မှာမွေးထားသော
ဖြူမကိုတစ်စက်ကလေးမှကြည့်မရခဲ့ပေ။
ထို့ကြောင့်ဖြူမအားကိုသန့်ဇင်ကပဲ
ဒိုင်ခံလုပ်ကိုင်ပေးရှာသည်။
==============
မနက်၅နာရီခန့် မမိနွယ်တစ်ယောက်
အိမ်ပေါ်မှအိမ်အောက်သို့ဆင်းလာခဲ့လေသည်။
ခင်ပွန်းဖြစ်သူကိုသန့်ဇင်အလုပ်သွားလျှင်
ထမင်းချိုင့်တစ်ခါတည်းထည့်ပေးနိုင်ရန်
ထမင်းဟင်းထချက်ခြင်းဖြစ်လေသည်။
မီးမှိတ်ထားသည့်အတွက်ကြောင့်
မမိနွယ်လည်းလှေကားလက်ရန်းအား
ကိုင်ကာဖြည်းဖြည်းချင်းလှေကားပေါ်မှ
ဆင်းလာခဲ့လေသည်။
လှေကားအောက်ဆုံးအထစ်သို့အရောက်
“ကိန် ကိန် ကိန်”
“ဖြူမ နင်အိပ်စရာရှားလို့
လှေကားခြေရင်းမှာလာအိပ်နေရသလား
တော်သေးတာပေါ့ နင့်တက်နင်းမိလို့
သေသွားလည်းအကြောင်းမဟုတ်ဘူး
ငါလဲသွားရင်နင်အသေပဲ
ပြောနေတာမကြားဘူးလား
အံမယ်ပေကပ်ကပ်နဲ့ရပ်နေသေးတာ”
“ကဲဟယ်”
“ဖုန်း”
“ဂိန် ဂိန် ဂိန် ကိန်”
“အီအီ အုအု အု”
မမိနွယ်လည်းဒေါသဖြစ်ကာ
ဖြူမအားခြေထောက်ဖြင့်ဆောင့်ကန်လိုက်
လေသည်။
မထင်မှတ်ပဲဖြူမ၏ဝမ်းဗိုက်အား
ကန်လိုက်မိသည့်အတွက်ဖြူမအတော်ကလေး
နာကျင်သွားသည့်ပုံပင်။
ခွေးအော်သံကြောင့်ကိုသန့်ဇင်လည်း
အိမ်ပေါ်မှပြေးဆင်းလာခဲ့လေသည်။
“ဘာဖြစ်တာလဲမိန်းမ”
“ဘာဖြစ်ရမလဲတော့်ခွေးမလေ
လှေကားရင်းမှာဝပ်နေတာကျွန်မကမမြင်ပဲ
တက်နင်းမိတာပေါ့။
တော်သေးတာပေါ့ ကျွန်မဘာမှမဖြစ်တာ
စိတ်တိုတိုနဲ့ပိတ်ကန်ပစ်လိုက်တယ်
အေးရော”
“ဟာမင်းကလည်းကွာလုပ်လိုက်ရင်
အဲ့သလိုချည်းပဲဖြူမမှာလည်းမင်းလို
ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတာလည်း
သတိထားပါဦးကွ။
တော်ကြာမင်းလုပ်လို့ ဖြူမသေသွားမှဖြင့်
မင်းငရဲကြီးနေဦးမယ်”
“အို…ငရဲကြီးတာတွေသေးတာတွေ
ကျွန်မမသိဘူး တော့်ခွေးကိုတစ်စက်ကလေးမှ
ကြည့်မရတာတော်အသိပဲ။
ကျွန်မကန်လိုက်လို့သေသွားလည်း
အေးတာပဲပေါ့”
“တောက်…မင်းကအတော်အကြင်နာ
တရားခေါင်းပါးတဲ့မိန်းမပဲ”
“တော်ထင်ချင်သလိုထင်
ဂရုမစိုက်ဘူး”
ကိုသန့်ဇင်လည်းဆက်မပြောချင်တော့
သဖြင့်အိမ်ပေါ်သို့ ပြန်တက်လာခဲ့လေသည်။
================
မနက်လင်းတော့ကိုသန့်ဇင်အိပ်ရာမှ
နိုးလာပြီးအလုပ်သွားရန်ပြင်နေလိုက်သည်။
“ဖြူမကိုလည်းမတွေ့မိပါလား
ဘယ်တွေလျှောက်သွားနေသလဲမသိဘူး”
ကိုသန့်ဇင်လည်းဖြူမအားစိတ်ထဲကနေ
တွေးတောမိလိုက်လေသည်။
“မိန်းမ ဖြူမလည်းမတွေ့မိပါလား
မင်းရောဖြူမကိုမြင်မိသေးလား”
“ဟင့်အင်း မမြင်မိဘူး
မနက်ကတည်းကမမြင်မိတာအခုထိပဲ
ဘယ်သွားသေနေသလဲမှမသိတာ”
“ဟင်း…”
ကိုသန့်ဇင်လည်းမမိနွယ်၏စကားကြောင့်
အသက်ပြင်းပြင်းရှူထုတ်ပြီးဒေါသကို
လျှော့လိုက်ရလေသည်။
“ထမင်းချိုင့်ကစားပွဲပေါ်မှာ
တစ်ခါတည်းယူသွား”
“ငါသိပါတယ် မင်းမပြောလည်း”
ကိုသန့်ဇင်ကဘုဆက်ဆက်ပြောလိုက်သဖြင့်
မမိနွယ်ကကိုသန့်ဇင်အားမျက်စောင်းထိုး
လိုက်လေသည်။
ထမင်းချိုင့်ကိုဆွဲပြီးကိုသန့်ဇင်လည်း
အလုပ်ခွင်သို့ရောက်လာခဲ့လေသည်။
တနေကုန်အလုပ်လုပ်လိုက်
နားလိုက်ဖြင့်တစ်ရက်တာအချိန်တွေကုန်ဆုံး
သွားခဲ့လေသည်။
ညနေ၅နာရီထိုးတော့ကိုသန့်ဇင်
အလုပ်ကပြင်ဆင်းလာခဲ့လေသည်။
အိမ်ကိုရောက်ခါနီးလမ်းထောင့်အရောက်
ကိုသန့်ဇင်၏မျက်လုံးတို့ ပြူးကျယ်သွားရ
လေသည်။
“ဖြူမ ဖြူ မ ”
ကိုသန့်ဇင်လည်းမြေပေါ်လဲကျနေသည့်
ဖြူမအနီးသို့အပြေးအလွှားရောက်လာခဲ့
လေသည်။
“ဖြူမကြည့်ရတာဝေဒနာခံစားနေရပုံပဲ
မဖြစ်ဘူး မဖြစ်ဘူး ဆရာဝန်ဆီပြကြည့်မှပဲ”
“အီ အီ”
“ဖြူမ ဘာမှမကြောက်နဲ့ ငါနင့်ကို
ဆရာဝန်ဆီပို့ပေးမယ်”
ကိုသန့်ဇင်လည်းဖြူမအားပွေ့ချီကာ
ဖြူမအားလူတစ်ဦးသဖွယ်စိုးရိမ်နေမိတော့သည်။
တိလေးတွေကိုကုသပေးသည့်
ဆရာဝန်ဆီသို့ကိုသန့်ဇင်အပြေးအလွှား
ရောက်လာခဲ့လေသည်။
ကံကောင်းချင်တော့တခြား
လာပြသည့်တိပိုင်ရှင်များရှိမနေသည့်အတွက်
ဆရာဝန်က
ဖြူမအားချက်ချင်းကုသပေးလေသည်။
ကိုသန့်ဇင်လည်းဖြူမအားကြည့်ကာ
အတော်စိတ်မကောင်းဖြစ်နေမိလေသည်။
ဖြူမကကိုသန့်ဇင်အားသနားစရာ
ကောင်းသောအကြည့်လေးဖြင့်
ကြည့်နေရှာလေသည်။
ဒီတစ်ခါဖြူမကြည့်နေသည့်အကြည့်များက
နောက်ဆုံးနှုတ်ဆက်နေတဲ့အသွင်မျိုး
ဖြစ်နေလေတော့သည်။
ကိုသန့်ဇင်လည်းရင်ထဲမှဝမ်းနည်းမှုက
စို့နင့်၍လာခဲ့ရလေသည်။
ဆရာဝန်ကလည်းချွေးသီးချွေးပေါက်များ
ကျလာသည့်တိုင်အောင်ဖြူမအားကုသပေး
ရှာလေသည်။
“ခွေးရဲ့သန္ဓေသားကိုပြင်းပြင်းထန်ထန်
ထိခိုက်ထားတဲ့အတွက်ဘယ်လိုမှ
ကုသလို့မရနိုင်တော့ဘူးညီလေး”
“ဗျာ…”
“ဟုတ်ပါတယ် ဆရာလည်းအတတ်နိုင်ဆုံး
ကုသပေးထားပေမယ့်ဘယ်လိုမှမရတော့လို့
ခွေးမိခင်ရောဗိုက်ထဲကသန္ဓေသားတွေပါ
အသက်ဆုံးရှုံးခဲ့ပါပြီ။
စိတ်မကောင်းပါဘူးညီလေးရာ
ဒါနဲ့ခွေးရဲ့ဗိုက်ကဘာနဲ့ပြင်းပြင်းထန်ထန်
ထိခိုက်မိတာလဲ”
“ဟို.ဟို”
ဆရာဝန်ရဲ့မေးခွန်းအားကိုသန့်ဇင်
ချက်ချင်းပြန်မဖြေနိုင်ခဲ့ပေ။
“ဟို ကား ကားနဲ့တိုက်မိလို့ပါဆရာ”
“အင်း…ကားမောင်းတဲ့သူကလည်း
ဒီခွေးကြီးတစ်ကောင်လုံးတောင်
မမြင်ကြတော့ဘူးလားမသိပါဘူးဗျာ
ခွေးလေးသနားပါတယ်
ပိုဆိုးတာကခွေးမကြီးရဲ့ဗိုက်ထဲက
ခွေးပေါက်လေးတွေပါသေရတာ”
“ဟုတ်ဆရာ ကျွန်တော့်ကိုခွင့်ပြုပါဦးဆရာ
ဖြူမကိုမြေမြှုပ်ပေးဖို့လည်းရှိသေးတော့”
“သြော် ဟုတ်ကဲ့ ကောင်းပါပြီဗျာ”
ကိုသန့်ဇင်လည်းဖြူမ၏အလောင်းအား
ပွေ့ချီပြီးအိမ်သို့ပြန်ရောက်လာခဲ့လေသည်။
ကိုသန့်ဇင်အိမ်ထဲဝင်လာသည်ကို
မမိနွယ်မြင်လိုက်လေသည်။
“ယောကျ်ား လက်ထဲမှာဖြူမကြီးကိုပွေ့လို့
ဘာဖြစ်လာတာလဲ”
“မင်းရဲ့လူမဆန်တဲ့လုပ်ရက်ကြောင့်
ငါမွေးထားတဲ့ဖြူမသေသွားပြီကွ။
“ဟင်…”
မမိနွယ်လည်းကိုသန့်ဇင်၏
စကားကြောင့်အံ့သြသွားရလေသည်။
“ဟုတ်တယ် မင်းအခုမှအံ့သြမနေနဲ့
ဆရာဝန်ကပြောလိုက်တယ်ဖြူမရဲ့
ဗိုက်ထဲကသန္ဓေသားကိုပြင်းပြင်းထန်ထန်
ထိခိုက်မိလို့ ဖြူမရောဗိုက်ထဲက
ကလေးတွေပါသေသွားရတာတဲ့
အဲ့ဒါမင်းကြောင့်”
ကိုသန့်ဇင်ရဲ့စကားကြောင့်မမိနွယ်
ထိတ်လန့်သွားခဲ့ရလေသည်။
မမိနွယ်ရင်ထဲနေလို့မကောင်းတော့ပေ။
သူ့ရဲ့ဒေါသတရားကြောင့်အပြစ်မရှိတဲ့
ခွေးမကြီးနဲ့အတူသူ့သန္ဓေသားလေးတွေပါ
အသက်ပေးဆပ်ခဲ့ရလေသည်။
ကိုသန့်ဇင်လည်းဖြူမ၏အလောင်းအား
အိမ်၏နောက်ဖေးဘက်တွင်ကျင်းတူး၍
မြှုပ်နှံလိုက်လေသည်။
ဒီကနေ့ညတစ်ညလုံး
မမိနွယ်တစ်စက်ကလေးမှအိပ်၍မရခဲ့ပေ။
မျက်လုံးကိုမှိတ်ပြီးကြိုးစားအိပ်လိုက်
သည့်အခါတိုင်းဖြူမ၏အော်သံနှင့်အတူ
ဖြူမရဲ့မျက်နှာကပေါ်လာသည့်အတွက်
အိပ်ချင်သည့်စိတ်ပင်ပျောက်သွားခဲ့ရလေသည်။
ဖြူမအတွက်လွန်စွာမှစိတ်မကောင်း
ဖြစ်နေမိတော့သည်။
================
နောက်တစ်နေ့ မနက်လင်းတော့
ကိုသန့်ဇင်လည်းမမိနွယ်အားစကားမပြောပဲ
ထမင်းချိုင့်ကိုဆွဲ၍အလုပ်သွားလေသည်။
တနေကုန်အလုပ်နေရပေမယ့်
ဖြူမအားအမှတ်ရနေမိသည်။
အလုပ်ထဲမှလူများကကိုသန့်ဇင်
ငြိမ်နေသည့်အတွက်ဘာဖြစ်နေလဲဟု
မေးကြလေသည်။
ထိုအခါကိုသန့်ဇင်ကအိမ်မှာမွေးထားသည့်
ဖြူမသေဆုံးသွား၍စိတ်မကောင်းဖြစ်နေရ
ကြောင်းပြောပြသည့်အခါကိုသန့်ဇင်အား
ရယ်မောကြလေသည်။
ကိုသန့်ဇင်လည်းသူတို့၏လှောင်ပြောင်မှုအား
ဂရမစိုက်ခဲ့ပါ။
လူသားဆန်စွာကြင်နာတတ်ပါလျှင်
ဘယ်အရာမဆိုချစ်ချင်စဖွယ်ဖြစ်နေမှာ
အမှန်ပင်ဖြစ်လေသည်။
ကိုသန့်ဇင်အလုပ်လုပ်နေသည့်အချိန်
လူတစ်ယောက်အမောတကောဖြင့်
ရောက်လာပြီး……
“ကိုသန့်ဇင် ကိုသန့်ဇင်”
“ဟာ…ကိုမှတ်ကြီးပါလားဗျ”
အိမ်နီးချင်းဖြစ်သူကိုမှတ်ကြီးက
ကိုသန့်ဇင်၏အလုပ်ထဲသို့အပြေးအလွှား
ရောက်လာပုံရလေသည်။
သူ့တစ်ကိုယ်လုံးလည်းချွေးများက
ရွှဲနေလေသည်။
“ဘာဖြစ်လာတာလဲ ကိုမှတ်ကြီး
ခင်ဗျားကြည့်ရတာအမောတကောနဲ့”
“မင်း မင်းမိန်းမ မိနွယ်
အိမ်ပေါ်လှေကားကနေလိမ့်ကျပြီးအခုဆေးရုံကို
ရောက်နေတယ်ကွ။
“ဗျာ…”
“မင်းငါနဲ့အခုပဲဆေးရုံကိုလိုက်ခဲ့”
“ဟုတ်ဟုတ် ကိုမှတ်ကြီး”
ကိုသန့်ဇင်လည်းကိုမှတ်ကြီးနဲ့အတူ
ဆေးရုံသို့ချက်ချင်းလိုက်လာခဲ့လေသည်။
ဆေးရုံသို့ရောက်တော့ မမိနွယ်အားအရေးပေါ်ခွဲစိပ်မှု
ပြုလုပ်ရလေသည်။
နာရီအတော်ကြာသည့်တိုင်အောင်
ခွဲစိပ်မှုကမပြီးမြောက်နိုင်ခဲ့ပေ။
ကိုသန့်ဇင်လည်းရသမျှဘုရားစားများအား
တောက်လျောက်ရွတ်ဆိုကာမမိနွယ်အတွက်
ဆုတောင်းနေမိတော့သည်။
“ဂျောက်”
“ဟင်…”
ခွဲစိပ်ခန်းတံခါးဖွင့်သံကြောင့်
ကိုသန့်ဇင်နှင့်ကိုမှတ်ကြီးလည်းထိုင်နေရာမှ
ထလာခဲ့ပြီး။
“ဆရာ ကျွန်တော့်မိန်းမအခြေအနေလေး”
“လူနာကပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့
အတွက်ကြောင့်ခွဲစိပ်မှုကိုအတော်ကြိုးကြိုး
စားစားလုပ်လိုက်ရပါတယ်။
စိတ်မကောင်းစရာကတော့ဗိုက်ထဲက
ကလေးအသက်ကိုဆုံးရှုံးခဲ့ရသလို
လူနာကလည်းခါးရိုးကိုပြင်းထန်စွာ
ထိခိုက်မိတဲ့အတွက်နောင်ကို
ကိုယ်ဝန်ဆောင်ဖို့ခဲယဉ်းသွားပါပြီ။
ဆရာတို့ဘက်ကလည်းအတတ်နိုင်ဆုံး
ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့်ဒီအခြေအနေကိုလက်မခံချင်လည်း
လက်ခံပေးရတော့မှာပါပဲ
ဆရာ့ကိုသွားခွင့်ပြုပါဦး”
“ဟုတ် ဟုတ်ကဲ့ဆရာ”
ဆရာဝန်ပြောလိုက်သည့်စကားကြောင့်
ကိုသန့်ဇင်အားအင်တို့ဆွဲနှုတ်ယူခံလိုက်
ရသလိုဖြစ်ကာမြေပေါ်သို့ထိုင်လျက်သား
လဲကျသွားခဲ့ရလေသည်။
“သန့်ဇင် စိတ်ထိန်းမှပေါ့ကွ
မင်းမိန်မကိုလည်းမင်ပြုစုပေးရဦးမယ်မလား
ဒီတော့မင်းခံနိုင်ရည်ရှိမှပေ့ါကွ။
“ကျေးဇူးပါကိုမှတ်ကြီးရာ
ကျွန်တော်လည်းရုတ်တရက်ဆိုတော့
အသိလွတ်သွားလို့ပါ။
အဆိုးထဲကအကောင်းလို့ပြောရရင်
ကျွန်တော့်မိန်းမအသက်ရှင်နေသေးတာပဲဗျာ
ဒီလိုပဲတွေးယူရတော့မှာပေါ့
ကိုမှတ်ကြီးရာ”
မမိနွယ်လည်းဆေးရုံပေါ်တွင်
အချိန်တော်တော်ကြာသည်အထိ
တက်ခဲ့ရလေသည်။
ဆေးရုံပေါ်မှာမမိနွယ်ကခင်ပွန်းဖြစ်သူ
ကိုသန့်ဇင်ကိုစကားတစ်ခွန်းပြောရှာ
လေသည်။
“ယောကျ်ား”
“ဟင်ပြောလေမိန်းမ”
“ကျွန်မအခုလိုဖြစ်ရတာ
ကျွန်မလုပ်လိုက်တဲ့အကုသိုလ်ကြောင့်လို့
ကျွန်မယုံတယ်။
ကျွန်မဖြူမကိုလုပ်ခဲ့တဲ့လုပ်ရက်က
ကျွန်မကိုတူသောအကျိုးပေးလိုက်တာပဲ
ယောကျ်ား”
“အိုကွာ…ပြီးခဲ့တာတွေလည်းပြီးပါပြီကွာ
ပြောမနေပါနဲ့တော့ အခုလက်ရှိကိုသာ
ကောင်းအောင်နေပါတော့မိန်းမရာ”
“ကျွန်မနားလည်သွားပါပြီ
ဝဋ်မှာအမြဲငရဲမှာအပဆိုတာလေ
အခုလက်တွေ့ ကြုံလိုက်ရပြီဆိုတော့
ကျွန်မတကယ်ကိုကြောက်သွားပါပြီရှင်”
မမိနွယ်၏စကားကြောင့်ကိုသန့်ဇင်
ပြုံးမိလိုက်လေသည်။
ဇနီးသည်ယခုလိုအသိတရားရသွားသည့်
အတွက်ကိုသန့်ဇင်ကျေနပ်မိလေသည်။
ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်လာသလို
ကိုယ်ပြုသောအကျိုးကိုယ့်ပြုသလို
ပြန်ဖြစ်မည်မှာမလွဲဧကန်ပင်ဖြစ်လေ
သည်။
ပြီးပါပြီ။ ။
ဇာတ်လမ်းလေးဖတ်ပြီးရင်လက်မလေး
တွေနှိပ်ပြီးအားပေးသွားကြပါ။
#အောင်ဓူဝံ

Zawgyi Version

” တူေသာအက်ိုး “(စ/ဆံုး)
———————————–
“ဟာ…မိန္းမ မင္းကလည္းကြာ
လုပ္လာျပန္ျပီမင္းမွာလည္းဗိုက္ျကီးျကီးနဲ့ကို
ေရေတြဆြဲေနရတယ္လို့ကြာ။
ဗိုက္ထဲကကေလးတစ္ခုခုျဖစ္သြားမွျဖင့္”
“အမယ္ေလး ကိုသန့္ဇင္ရယ္
ဒီေလာက္ကေတာ့မိႏြယ္တို့ကေအးေဆးပါ။
ရွင္အကဲပိုမေနနဲ့ ”
“ဟ…ငါကအကဲပိုေနတာမဟုတ္ဘူးကြ။
မေတာ္လို့မင္းနဲ့ဗိုက္ထဲကကေလးတစ္ခုခု
ျဖစ္မွာစိုးလို့ေျပာေနတာကြ။
ေပးေပး ေရပံုး”
ကိုသန့္ဇင္လည္းမမိႏြယ္လက္ထဲမွ
ေရပံုးအားဆြဲယူလိုက္ျပီးေက်ာက္ခြက္ထဲသို့
ထည့္လိုက္ေလသည္။
ကိုသန့္ဇင္ႏွင့္မမိႏြယ္တို့ရဲ႕ ပထမဆံုး
ရင္ေသြးေလးမို့ကိုသန့္ဇင္ကအထူးဂရုစိုက္
သေလာက္မမိႏြယ္ကေတာ့
ကိုသန့္ဇင္အားအကဲပိုလြန္းသည္ဟု
ထင္ေနမိသည္။
မမိႏြယ္ကနည္းနည္းေခါင္းမာတတ္သူ
ျဖစ္သည့္အတြက္ကိုသန့္ဇင္ႏွင့္မျကာခဏ
ဆိုသလိုစကားမ်ားတတ္ျကေလသည္။
အဲ့သလိုစကားမ်ားတိုင္းကိုသန့္ဇင္ကပဲ
မေနနိုင္၍ျပန္လည္ေခ်ာ့ေမာ့ရျပန္သည္။
ကိုသန့္ဇင္ကမမိႏြယ္၏စိတ္ကိုသိ၍
ေတာ္ေတာ္တန္းတန္းဘာမွမေျပာပဲ
အသာျကည့္ေနတာမ်ားသည္။
ျမင္ျမင္တိုင္းေျပာပါလ်ွင္လည္းလင္မယား
၂ေယာက္စကားမ်ားရေပဦးမည္။
ဒီကေန့လည္းကိုသန့္ဇင္အလစ္
ေရခပ္ေနသည့္အတြက္စကားမ်ားမလို
ျဖစ္ရေသးသည္။
===============
“မိန္းမေရ ျဖူမကိုထမင္းေက်ြးလိုက္ဦး
ငါဒီမွာေရခ်ိုးအဝတ္ေလ်ွာ္ေနလို့။
ငါျပီးမွေက်ြးရင္ျဖူမထမင္းစားဖို့ေစာင့္ေနရ
လိမ့္မယ္”
“ေတာ့္ေခြးကိုက်ြန္မအစာေက်ြးဖို့
လုပ္ေနပါတယ္ေတာ္။
တကယ္တည္းမိန္းမထက္ေခြးကိုစိတ္ပူေပးေနရ
တယ္လို့”
“ဟ…လူဆိုတာကအခ်ိန္မေရြးခူးခပ္စား
လို့ရတယ္ကြ။
တိရစၧာန္ဆိုတာကိုယ္ေက်ြးမွစားရတာ
မင္းနည္းနည္းေလးကိုယ္ခ်င္းစာစမ္းပါ”
“မသိဘူးေတာ္ေရက်ြန္မကေတာ့
ကိုယ့္ဝမ္းကလြဲျပီးဘယ္တိရစၧာန္မွ
ေခါင္းထဲသိပ္မထည့္တတ္ဘူး။
ရွင္းရွင္းပဲ”
“ေတာ္ျပီ မင္းကိုဆက္ေျပာေနရင္
ငါနဲ့စကားမ်ားရဦးမယ္။
“ေရာ့ ျဖူမ စား”
“ခြပ္”
မမိႏြယ္ကထမင္းခြက္အားေျမေပၚသို့
ပစ္ခ်ကာေက်ြးလိုက္ေလသည္။
ျဖူမလည္းအျမွီးေလးႏွံ႕ကာစားေနေလသည္။
မမိႏြယ္ဗိုက္ျကီးေနသလိုအိမ္မွာေမြးထားသည့္
ျဖူမလည္းဗိုက္ျကီးေနေလသည္။
ထို့ေျကာင့္ကိုသန့္ဇင္က ျဖူမကိုလည္း
လူတစ္ေယာက္သဖြယ္ဂရုတစိုက္ႏွင့္
ေစာင့္ေရွာက္ေက်ြးေမြးထားေလသည္။
ကိုသန့္ဇင္ကျဖူမအားခ်စ္သေလာက္
မမိႏြယ္ကေတာ့ျဖူမကိုအေသအလဲ
မုန္းေနေလသည္။
တိရစၦာန္ဆိုဘာေကာင္ကိုမွခ်စ္မရေသာ
မမိႏြယ္တစ္ေယာက္အိမ္မွာေမြးထားေသာ
ျဖူမကိုတစ္စက္ကေလးမွျကည့္မရခဲ့ေပ။
ထို့ေျကာင့္ျဖူမအားကိုသန့္ဇင္ကပဲ
ဒိုင္ခံလုပ္ကိုင္ေပးရွာသည္။
==============
မနက္၅နာရီခန့္ မမိႏြယ္တစ္ေယာက္
အိမ္ေပၚမွအိမ္ေအာက္သို့ဆင္းလာခဲ့ေလသည္။
ခင္ပြန္းျဖစ္သူကိုသန့္ဇင္အလုပ္သြားလ်ွင္
ထမင္းခ်ိုင့္တစ္ခါတည္းထည့္ေပးနိုင္ရန္
ထမင္းဟင္းထခ်က္ျခင္းျဖစ္ေလသည္။
မီးမွိတ္ထားသည့္အတြက္ေျကာင့္
မမိႏြယ္လည္းေလွကားလက္ရန္းအား
ကိုင္ကာျဖည္းျဖည္းခ်င္းေလွကားေပၚမွ
ဆင္းလာခဲ့ေလသည္။
ေလွကားေအာက္ဆံုးအထစ္သို့အေရာက္
“ကိန္ ကိန္ ကိန္”
“ျဖူမ နင္အိပ္စရာရွားလို့
ေလွကားေျခရင္းမွာလာအိပ္ေနရသလား
ေတာ္ေသးတာေပါ့ နင့္တက္နင္းမိလို့
ေသသြားလည္းအေျကာင္းမဟုတ္ဘူး
ငါလဲသြားရင္နင္အေသပဲ
ေျပာေနတာမျကားဘူးလား
အံမယ္ေပကပ္ကပ္နဲ့ရပ္ေနေသးတာ”
“ကဲဟယ္”
“ဖုန္း”
“ဂိန္ ဂိန္ ဂိန္ ကိန္”
“အီအီ အုအု အု”
မမိႏြယ္လည္းေဒါသျဖစ္ကာ
ျဖူမအားေျခေထာက္ျဖင့္ေဆာင့္ကန္လိုက္
ေလသည္။
မထင္မွတ္ပဲျဖူမ၏ဝမ္းဗိုက္အား
ကန္လိုက္မိသည့္အတြက္ျဖူမအေတာ္ကေလး
နာက်င္သြားသည့္ပံုပင္။
ေခြးေအာ္သံေျကာင့္ကိုသန့္ဇင္လည္း
အိမ္ေပၚမွေျပးဆင္းလာခဲ့ေလသည္။
“ဘာျဖစ္တာလဲမိန္းမ”
“ဘာျဖစ္ရမလဲေတာ့္ေခြးမေလ
ေလွကားရင္းမွာဝပ္ေနတာက်ြန္မကမျမင္ပဲ
တက္နင္းမိတာေပါ့။
ေတာ္ေသးတာေပါ့ က်ြန္မဘာမွမျဖစ္တာ
စိတ္တိုတိုနဲ့ပိတ္ကန္ပစ္လိုက္တယ္
ေအးေရာ”
“ဟာမင္းကလည္းကြာလုပ္လိုက္ရင္
အဲ့သလိုခ်ည္းပဲျဖူမမွာလည္းမင္းလို
ကိုယ္ဝန္အရင့္အမာျကီးနဲ့ဆိုတာလည္း
သတိထားပါဦးကြ။
ေတာ္ျကာမင္းလုပ္လို့ ျဖူမေသသြားမွျဖင့္
မင္းငရဲျကီးေနဦးမယ္”
“အို…ငရဲျကီးတာေတြေသးတာေတြ
က်ြန္မမသိဘူး ေတာ့္ေခြးကိုတစ္စက္ကေလးမွ
ျကည့္မရတာေတာ္အသိပဲ။
က်ြန္မကန္လိုက္လို့ေသသြားလည္း
ေအးတာပဲေပါ့”
“ေတာက္…မင္းကအေတာ္အျကင္နာ
တရားေခါင္းပါးတဲ့မိန္းမပဲ”
“ေတာ္ထင္ခ်င္သလိုထင္
ဂရုမစိုက္ဘူး”
ကိုသန့္ဇင္လည္းဆက္မေျပာခ်င္ေတာ့
သျဖင့္အိမ္ေပၚသို့ ျပန္တက္လာခဲ့ေလသည္။
================
မနက္လင္းေတာ့ကိုသန့္ဇင္အိပ္ရာမွ
နိုးလာျပီးအလုပ္သြားရန္ျပင္ေနလိုက္သည္။
“ျဖူမကိုလည္းမေတြ့မိပါလား
ဘယ္ေတြေလ်ွာက္သြားေနသလဲမသိဘူး”
ကိုသန့္ဇင္လည္းျဖူမအားစိတ္ထဲကေန
ေတြးေတာမိလိုက္ေလသည္။
“မိန္းမ ျဖူမလည္းမေတြ့မိပါလား
မင္းေရာျဖူမကိုျမင္မိေသးလား”
“ဟင့္အင္း မျမင္မိဘူး
မနက္ကတည္းကမျမင္မိတာအခုထိပဲ
ဘယ္သြားေသေနသလဲမွမသိတာ”
“ဟင္း…”
ကိုသန့္ဇင္လည္းမမိႏြယ္၏စကားေျကာင့္
အသက္ျပင္းျပင္းရွဴထုတ္ျပီးေဒါသကို
ေလ်ွာ့လိုက္ရေလသည္။
“ထမင္းခ်ိုင့္ကစားပြဲေပၚမွာ
တစ္ခါတည္းယူသြား”
“ငါသိပါတယ္ မင္းမေျပာလည္း”
ကိုသန့္ဇင္ကဘုဆက္ဆက္ေျပာလိုက္သျဖင့္
မမိႏြယ္ကကိုသန့္ဇင္အားမ်က္ေစာင္းထိုး
လိုက္ေလသည္။
ထမင္းခ်ိုင့္ကိုဆြဲျပီးကိုသန့္ဇင္လည္း
အလုပ္ခြင္သို့ေရာက္လာခဲ့ေလသည္။
တေနကုန္အလုပ္လုပ္လိုက္
နားလိုက္ျဖင့္တစ္ရက္တာအခ်ိန္ေတြကုန္ဆံုး
သြားခဲ့ေလသည္။
ညေန၅နာရီထိုးေတာ့ကိုသန့္ဇင္
အလုပ္ကျပင္ဆင္းလာခဲ့ေလသည္။
အိမ္ကိုေရာက္ခါနီးလမ္းေထာင့္အေရာက္
ကိုသန့္ဇင္၏မ်က္လံုးတို့ ျပူးက်ယ္သြားရ
ေလသည္။
“ျဖူမ ျဖူ မ ”
ကိုသန့္ဇင္လည္းေျမေပၚလဲက်ေနသည့္
ျဖူမအနီးသို့အေျပးအလႊားေရာက္လာခဲ့
ေလသည္။
“ျဖူမျကည့္ရတာေဝဒနာခံစားေနရပံုပဲ
မျဖစ္ဘူး မျဖစ္ဘူး ဆရာဝန္ဆီျပျကည့္မွပဲ”
“အီ အီ”
“ျဖူမ ဘာမွမေျကာက္နဲ့ ငါနင့္ကို
ဆရာဝန္ဆီပို့ေပးမယ္”
ကိုသန့္ဇင္လည္းျဖူမအားေပြ့ခ်ီကာ
ျဖူမအားလူတစ္ဦးသဖြယ္စိုးရိမ္ေနမိေတာ့သည္။
တိေလးေတြကိုကုသေပးသည့္
ဆရာဝန္ဆီသို့ကိုသန့္ဇင္အေျပးအလႊား
ေရာက္လာခဲ့ေလသည္။
ကံေကာင္းခ်င္ေတာ့တျခား
လာျပသည့္တိပိုင္ရွင္မ်ားရွိမေနသည့္အတြက္
ဆရာဝန္က
ျဖူမအားခ်က္ခ်င္းကုသေပးေလသည္။
ကိုသန့္ဇင္လည္းျဖူမအားျကည့္ကာ
အေတာ္စိတ္မေကာင္းျဖစ္ေနမိေလသည္။
ျဖူမကကိုသန့္ဇင္အားသနားစရာ
ေကာင္းေသာအျကည့္ေလးျဖင့္
ျကည့္ေနရွာေလသည္။
ဒီတစ္ခါျဖူမျကည့္ေနသည့္အျကည့္မ်ားက
ေနာက္ဆံုးႏႈတ္ဆက္ေနတဲ့အသြင္မ်ိုး
ျဖစ္ေနေလေတာ့သည္။
ကိုသန့္ဇင္လည္းရင္ထဲမွဝမ္းနည္းမႈက
စို့နင့္၍လာခဲ့ရေလသည္။
ဆရာဝန္ကလည္းေခ်ြးသီးေခ်ြးေပါက္မ်ား
က်လာသည့္တိုင္ေအာင္ျဖူမအားကုသေပး
ရွာေလသည္။
“ေခြးရဲ႕သေႏၶသားကိုျပင္းျပင္းထန္ထန္
ထိခိုက္ထားတဲ့အတြက္ဘယ္လိုမွ
ကုသလို့မရနိုင္ေတာ့ဘူးညီေလး”
“ဗ်ာ…”
“ဟုတ္ပါတယ္ ဆရာလည္းအတတ္နိုင္ဆံုး
ကုသေပးထားေပမယ့္ဘယ္လိုမွမရေတာ့လို့
ေခြးမိခင္ေရာဗိုက္ထဲကသေႏၶသားေတြပါ
အသက္ဆံုးရံႈးခဲ့ပါျပီ။
စိတ္မေကာင္းပါဘူးညီေလးရာ
ဒါနဲ့ေခြးရဲ႕ဗိုက္ကဘာနဲ့ျပင္းျပင္းထန္ထန္
ထိခိုက္မိတာလဲ”
“ဟို.ဟို”
ဆရာဝန္ရဲ့ေမးခြန္းအားကိုသန့္ဇင္
ခ်က္ခ်င္းျပန္မေျဖနိုင္ခဲ့ေပ။
“ဟို ကား ကားနဲ့တိုက္မိလို့ပါဆရာ”
“အင္း…ကားေမာင္းတဲ့သူကလည္း
ဒီေခြးျကီးတစ္ေကာင္လံုးေတာင္
မျမင္ျကေတာ့ဘူးလားမသိပါဘူးဗ်ာ
ေခြးေလးသနားပါတယ္
ပိုဆိုးတာကေခြးမျကီးရဲ႕ဗိုက္ထဲက
ေခြးေပါက္ေလးေတြပါေသရတာ”
“ဟုတ္ဆရာ က်ြန္ေတာ့္ကိုခြင့္ျပုပါဦးဆရာ
ျဖူမကိုေျမျမွုပ္ေပးဖို့လည္းရွိေသးေတာ့”
“ေျသာ္ ဟုတ္ကဲ့ ေကာင္းပါျပီဗ်ာ”
ကိုသန့္ဇင္လည္းျဖူမ၏အေလာင္းအား
ေပြ့ခ်ီျပီးအိမ္သို့ျပန္ေရာက္လာခဲ့ေလသည္။
ကိုသန့္ဇင္အိမ္ထဲဝင္လာသည္ကို
မမိႏြယ္ျမင္လိုက္ေလသည္။
“ေယာက်္ား လက္ထဲမွာျဖူမျကီးကိုေပြ့လို့
ဘာျဖစ္လာတာလဲ”
“မင္းရဲ႕လူမဆန္တဲ့လုပ္ရက္ေျကာင့္
ငါေမြးထားတဲ့ျဖူမေသသြားျပီကြ။
“ဟင္…”
မမိႏြယ္လည္းကိုသန့္ဇင္၏
စကားေျကာင့္အံ့ျသသြားရေလသည္။
“ဟုတ္တယ္ မင္းအခုမွအံ့ျသမေနနဲ့
ဆရာဝန္ကေျပာလိုက္တယ္ျဖူမရဲ႕
ဗိုက္ထဲကသေႏၶသားကိုျပင္းျပင္းထန္ထန္
ထိခိုက္မိလို့ ျဖူမေရာဗိုက္ထဲက
ကေလးေတြပါေသသြားရတာတဲ့
အဲ့ဒါမင္းေျကာင့္”
ကိုသန့္ဇင္ရဲ႕စကားေျကာင့္မမိႏြယ္
ထိတ္လန့္သြားခဲ့ရေလသည္။
မမိႏြယ္ရင္ထဲေနလို့မေကာင္းေတာ့ေပ။
သူ့ရဲ႕ေဒါသတရားေျကာင့္အျပစ္မရွိတဲ့
ေခြးမျကီးနဲ့အတူသူ့သေႏၶသားေလးေတြပါ
အသက္ေပးဆပ္ခဲ့ရေလသည္။
ကိုသန့္ဇင္လည္းျဖူမ၏အေလာင္းအား
အိမ္၏ေနာက္ေဖးဘက္တြင္က်င္းတူး၍
ျမွုပ္ႏွံလိုက္ေလသည္။
ဒီကေန့ညတစ္ညလံုး
မမိႏြယ္တစ္စက္ကေလးမွအိပ္၍မရခဲ့ေပ။
မ်က္လံုးကိုမွိတ္ျပီးျကိုးစားအိပ္လိုက္
သည့္အခါတိုင္းျဖူမ၏ေအာ္သံႏွင့္အတူ
ျဖူမရဲ႕မ်က္ႏွာကေပၚလာသည့္အတြက္
အိပ္ခ်င္သည့္စိတ္ပင္ေပ်ာက္သြားခဲ့ရေလသည္။
ျဖူမအတြက္လြန္စြာမွစိတ္မေကာင္း
ျဖစ္ေနမိေတာ့သည္။
================
ေနာက္တစ္ေန့ မနက္လင္းေတာ့
ကိုသန့္ဇင္လည္းမမိႏြယ္အားစကားမေျပာပဲ
ထမင္းခ်ိုင့္ကိုဆြဲ၍အလုပ္သြားေလသည္။
တေနကုန္အလုပ္ေနရေပမယ့္
ျဖူမအားအမွတ္ရေနမိသည္။
အလုပ္ထဲမွလူမ်ားကကိုသန့္ဇင္
ျငိမ္ေနသည့္အတြက္ဘာျဖစ္ေနလဲဟု
ေမးျကေလသည္။
ထိုအခါကိုသန့္ဇင္ကအိမ္မွာေမြးထားသည့္
ျဖူမေသဆံုးသြား၍စိတ္မေကာင္းျဖစ္ေနရ
ေျကာင္းေျပာျပသည့္အခါကိုသန့္ဇင္အား
ရယ္ေမာျကေလသည္။
ကိုသန့္ဇင္လည္းသူတို့၏ေလွာင္ေျပာင္မႈအား
ဂရမစိုက္ခဲ့ပါ။
လူသားဆန္စြာျကင္နာတတ္ပါလ်ွင္
ဘယ္အရာမဆိုခ်စ္ခ်င္စဖြယ္ျဖစ္ေနမွာ
အမွန္ပင္ျဖစ္ေလသည္။
ကိုသန့္ဇင္အလုပ္လုပ္ေနသည့္အခ်ိန္
လူတစ္ေယာက္အေမာတေကာျဖင့္
ေရာက္လာျပီး……
“ကိုသန့္ဇင္ ကိုသန့္ဇင္”
“ဟာ…ကိုမွတ္ျကီးပါလားဗ်”
အိမ္နီးခ်င္းျဖစ္သူကိုမွတ္ျကီးက
ကိုသန့္ဇင္၏အလုပ္ထဲသို့အေျပးအလႊား
ေရာက္လာပံုရေလသည္။
သူ့တစ္ကိုယ္လံုးလည္းေခ်ြးမ်ားက
ရႊဲေနေလသည္။
“ဘာျဖစ္လာတာလဲ ကိုမွတ္ျကီး
ခင္ဗ်ားျကည့္ရတာအေမာတေကာနဲ့”
“မင္း မင္းမိန္းမ မိႏြယ္
အိမ္ေပၚေလွကားကေနလိမ့္က်ျပီးအခုေဆးရံုကို
ေရာက္ေနတယ္ကြ။
“ဗ်ာ…”
“မင္းငါနဲ့အခုပဲေဆးရံုကိုလိုက္ခဲ့”
“ဟုတ္ဟုတ္ ကိုမွတ္ျကီး”
ကိုသန့္ဇင္လည္းကိုမွတ္ျကီးနဲ့အတူ
ေဆးရံုသို့ခ်က္ခ်င္းလိုက္လာခဲ့ေလသည္။
ေဆးရံုသို့ေရာက္ေတာ့ မမိႏြယ္အားအေရးေပၚခြဲစိပ္မႈ
ျပုလုပ္ရေလသည္။
နာရီအေတာ္ျကာသည့္တိုင္ေအာင္
ခြဲစိပ္မႈကမျပီးေျမာက္နိုင္ခဲ့ေပ။
ကိုသန့္ဇင္လည္းရသမ်ွဘုရားစားမ်ားအား
ေတာက္ေလ်ာက္ရြတ္ဆိုကာမမိႏြယ္အတြက္
ဆုေတာင္းေနမိေတာ့သည္။
“ေဂ်ာက္”
“ဟင္…”
ခြဲစိပ္ခန္းတံခါးဖြင့္သံေျကာင့္
ကိုသန့္ဇင္ႏွင့္ကိုမွတ္ျကီးလည္းထိုင္ေနရာမွ
ထလာခဲ့ျပီး။
“ဆရာ က်ြန္ေတာ့္မိန္းမအေျခအေနေလး”
“လူနာကျပင္းျပင္းထန္ထန္ထိခိုက္ထားတဲ့
အတြက္ေျကာင့္ခြဲစိပ္မႈကိုအေတာ္ျကိုးျကိုး
စားစားလုပ္လိုက္ရပါတယ္။
စိတ္မေကာင္းစရာကေတာ့ဗိုက္ထဲက
ကေလးအသက္ကိုဆံုးရံႈးခဲ့ရသလို
လူနာကလည္းခါးရိုးကိုျပင္းထန္စြာ
ထိခိုက္မိတဲ့အတြက္ေနာင္ကို
ကိုယ္ဝန္ေဆာင္ဖို့ခဲယဥ္းသြားပါျပီ။
ဆရာတို့ဘက္ကလည္းအတတ္နိုင္ဆံုး
ျကိုးစားခဲ့ပါတယ္။
ဒါေပမယ့္ဒီအေျခအေနကိုလက္မခံခ်င္လည္း
လက္ခံေပးရေတာ့မွာပါပဲ
ဆရာ့ကိုသြားခြင့္ျပုပါဦး”
“ဟုတ္ ဟုတ္ကဲ့ဆရာ”
ဆရာဝန္ေျပာလိုက္သည့္စကားေျကာင့္
ကိုသန့္ဇင္အားအင္တို့ဆြဲႏႈတ္ယူခံလိုက္
ရသလိုျဖစ္ကာေျမေပၚသို့ထိုင္လ်က္သား
လဲက်သြားခဲ့ရေလသည္။
“သန့္ဇင္ စိတ္ထိန္းမွေပါ့ကြ
မင္းမိန္မကိုလည္းမင္ျပုစုေပးရဦးမယ္မလား
ဒီေတာ့မင္းခံနိုင္ရည္ရွိမွေပ့ါကြ။
“ေက်းဇူးပါကိုမွတ္ျကီးရာ
က်ြန္ေတာ္လည္းရုတ္တရက္ဆိုေတာ့
အသိလြတ္သြားလို့ပါ။
အဆိုးထဲကအေကာင္းလို့ေျပာရရင္
က်ြန္ေတာ့္မိန္းမအသက္ရွင္ေနေသးတာပဲဗ်ာ
ဒီလိုပဲေတြးယူရေတာ့မွာေပါ့
ကိုမွတ္ျကီးရာ”
မမိႏြယ္လည္းေဆးရံုေပၚတြင္
အခ်ိန္ေတာ္ေတာ္ျကာသည္အထိ
တက္ခဲ့ရေလသည္။
ေဆးရံုေပၚမွာမမိႏြယ္ကခင္ပြန္းျဖစ္သူ
ကိုသန့္ဇင္ကိုစကားတစ္ခြန္းေျပာရွာ
ေလသည္။
“ေယာက်္ား”
“ဟင္ေျပာေလမိန္းမ”
“က်ြန္မအခုလိုျဖစ္ရတာ
က်ြန္မလုပ္လိုက္တဲ့အကုသိုလ္ေျကာင့္လို့
က်ြန္မယံုတယ္။
က်ြန္မျဖူမကိုလုပ္ခဲ့တဲ့လုပ္ရက္က
က်ြန္မကိုတူေသာအက်ိုးေပးလိုက္တာပဲ
ေယာက်္ား”
“အိုကြာ…ျပီးခဲ့တာေတြလည္းျပီးပါျပီကြာ
ေျပာမေနပါနဲ့ေတာ့ အခုလက္ရွိကိုသာ
ေကာင္းေအာင္ေနပါေတာ့မိန္းမရာ”
“က်ြန္မနားလည္သြားပါျပီ
ဝဋ္မွာအျမဲငရဲမွာအပဆိုတာေလ
အခုလက္ေတြ့ ျကံဳလိုက္ရျပီဆိုေတာ့
က်ြန္မတကယ္ကိုေျကာက္သြားပါျပီရွင္”
မမိႏြယ္၏စကားေျကာင့္ကိုသန့္ဇင္
ျပံုးမိလိုက္ေလသည္။
ဇနီးသည္ယခုလိုအသိတရားရသြားသည့္
အတြက္ကိုသန့္ဇင္ေက်နပ္မိေလသည္။
ကိုယ္ျပုသည့္ကံကိုယ့္ထံျပန္လာသလို
ကိုယ္ျပုေသာအက်ိုးကိုယ့္ျပုသလို
ျပန္ျဖစ္မည္မွာမလြဲဧကန္ပင္ျဖစ္ေလ
သည္။
ျပီးပါျပီ။ ။
ဇာတ္လမ္းေလးဖတ္ျပီးရင္လက္မေလး
ေတြြႏွိပ္ျပီးအားေပးသြားျကပါ။
#ေအာင္ဓူဝံ