“ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ”(စ/ဆုံး)

“ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ”(စ/ဆုံး)

————————————————–
မူရင်းရေးသူ_ဆရာတာတေ

ဝါဆိုဝါခေါင်လဆိုတော့ မိုးအားကောင်းတော့ ကျုပ်တို့လို

တောသူတောင်သားတွေကလည်း အကြိုက်တွေ့နေ

တာပေါ့ဗျာ။ မနက်က မိုးလေးဖြိုက်ဖြိုက်ရွာတာနဲ့ ကျုပ်

လည်းထွန်တုန်းပြင်ပြီး မနက်ဝေလီဝေလင်းကတည်းက

ကနေယာတောထဲရောက်နေပြီလေ။ လယ်ယာဆိုတာ

ကျုပ်တို့တောသူတောင်သားတွေရဲ့ ဘဝပဲလေ။ ထွန်း

ရေးငင်ကောင်းပြီး မြေဆီလွှာပေါ်မှစိုက်တဲ့သီးနှံက

ကောင်းပြီးအောင်မှာဗျ။ ဒါ့ကြောင့်ကျုပ်လည်းအဘ
ယာ

ကွက်လေးမှာနွားတစ်ရှဉ်းနဲ့ ဂရုတစိုက်ထွန်ရေးငင်နေ

တာပေါ့ဗျာ။သတိထားမိတော့မှ နေကထန်းတဖျား

ရောက်နေပြီ။ ယာကလည်း တစ်ရေးပဲကျန်တော့တာ

ဗျ။ ကျုပ်လည်းနွားတစ်ရှဉ်းကိုဖြူတ်လှမ်းပြီး ထနောင်းပင်

ရိပ်စပ်စပ်မှာအမေထဲ့ပေးလိုက်တဲ့ ထမင်းထုပ်လေးဖြည်

စားလိုက်တာပေါ့ဗျာ။ စားသောက်ပြီးတာနဲ့

ကျုပ်အကြိုက် နဂါးဆေးပေါ့လိပ်လေးဖွာပြီးမှိန်းနေတာ

ပေါ့။ မှိန်းနေရုံပဲရှိသေး ကျုပ်နားထဲမှာခြေသံကြားလို့

ခေါင်းထောင်ကြည့်လိုက်တော့ ဆရာမနိုင်ရွာက ကို

အောင်ဘုကိုတွေ့လိုက်ရတယ်ဗျ။သူ့ပုံစံက ရေးကြီး

သုတ်ပြာနဲ့ဗျ။ ကျုပ်လည်းမှိန်းနေရာကနေ ထလိုက်ပြီး

လှမ်းမေးလိုက်တယ်ဗျ။

”’ ဟာ! ကိုအောင်ဘုပါလား ဘယ်ကိုလည်းဗျ ”

” ဘယ်ကိုမှမဟုတ်ဘူးဟေ့ မင်းဆီကိုပဲလာတာဟ

တာတေရ ”

” မင်းအိမ်ရောက်တော့ အရီးကမနက်ကတည်းကယာ

ထဲမှာဆိုလို့လိုက်လာတာဟ ”

” ဒါဆိုဘာကိစ္စလည်းဗျ ” ဆိုပြီးမေးလိုက်တော့ကိုအောင်

ဘုက ” ဒီလိုကွ ငါတို့ရွာမှာထူးထူးခြားခြား ကိစ္စပေါ်လာ

လို့ကွ ”

” ဘယ်လိုကိစ္စပေါ်လာလို့လည်းဗျ ”

ထူးထူးခြားခြားကိစ္စဆိုတာနဲ့ကျုပ်ရဲ့ ဗီဇအတိုင်းသိချင်

လာတာပေါ့ဗျာ။

” ဒီလိုကွတလော ဝါဆိုလကွယ်ည ၉ နာရီလောက်မှာ

ငါတို့ကာလသားတွေ သက်ကြီး ဦးပုတို့အိမ်မှာစကား

လက်စုံကြနေတာပေါ့ ”

” အဲ့ဒီချိန် ရွာတောင်ပိုင်ဒေါ်ညိုတို့အိမ်ကနေကြောက်

လန့်တကြားအော်သံကြားလိုက်တယ်ကွ ”

” ငါတို့ကာလသားတွေလည်း အသံကြားတာနဲ့ ဝုန်းဆို

ပြီးဒေါ်ညိုတို့ဝိုင်းကိုပြေးသွားကြတာပေါ့ ”

” လက်ထဲမှာကလည်း ဝါးချွန် ၊ တုတ်၊ ဓားစံလို့ပေါ့ကွာ ”

ပြောရင်းအာခြောက်လာပုံထင်တယ် အကြမ်းရည်တစ်

ခွက်ငှဲ့သောက်လိုက်တယ်ဗျ။ကျုပ်လည်း ဆေးပါ့လိပ်

လေးဖွာရင်းစကားအဆက် စောင့်နေတာပေါ့။

” ဒေါ်ညိုတို့ အိမ်ခြေတံရှည်အိမ်ကွ ငါတို့ရောက်တော့

ဒေါ်ညိုတို့အိမ်အောက်မှာ နွားမဒမ်း(အမွေးအသားတန်း

မှီသောနွားမပျို) လောက်ရှိတဲ့ခွေးနက်ကြီးက လျှာကြီး

ထုတ်လိုက်သွင်းလိုက်လုပ်နေတာကွ ”

” မျက်စိကလည်းနီရဲနေတာပဲကွ ဒ့နဲ့ငါတို့

လူအုပ်ကြီးကလည်း ညာသံပေးပြီးဝိုင်းလိုက်တော့

ဘယ်ကနေဘယ်လိုပျောက်သွားမှန်းမသိဘူးကွ လေး

ငါးအိမ်ခြားက ဦးပေါ်တို့အိမ်အောက်ရောက်သွားပါရော

လားဟ ငါတို့လည်းထပ်လိုက်တော့ပျောက်သွားတာ

ထပ်ပေါ်မလာတော့ဘူးကွ ”

” နောက်နေ့ညကျတော့လည်း ဒီလိုပဲကွထပ်ပေါ်လာ

တယ် ငါတို့ဝိုင်းလိုက်ပြန်တော့ ပျောက်သွားတယ်ကွ”

” အခုဆို ၃ ညရှိပြီကွပေါ်လိုက်ပျောက်လိုက်နဲ့ ငါတို့

တစ်ရွာလုံးထိတ်လန့်နေပြီ ”

” ဒါ့ကြောင့်ဒီလိုကိစ္စတွေမှာနားလည်တာဆိုလို့မင်းပဲ

ရှိတော့အကူညီလာတောင်းရတာပေါ့တာတေရာ ”

ကျုပ်နည်းနည်းစဉ်းစားမိတယ်ဗျ။အခုလိုကိစ္စနဲ့ပတ်

သက်ပြီးဖြစ်ခဲ့ဖူးပြီလေ။

” ကဲဗျာ ကိုအောင်ဘုညနေထွန်သိမ်းပြီးတာနဲ့ ကျုပ်

လာခဲ့မယ်ဗျာ အခုတော့အလုပ်လက်စလေးမြန်မြန်သိမ်း

လိုက်ဦးမယ်ဗျို့ ”

ကိုအောင်ဘုလည်း ကျုပ်ကိုကျေးဇူးတင်ကြောင်းပြောပြီး

သူ့ရွာကိုပြန်သွားတယ်ဗျ။ကျုပ်လည်း ညနေစောင်း

လောက်မှထွန်သိမ်းပြီးကမန်းကတန်းရေကိုချိုးလိုက်တာ

ပေါ့ဗျာ။အမေချက်ထားတဲ့ကြက်သားဘူးသီးချက်လေးနဲ့

စားလိုက်တာဗိုက်တောင်တင်းသွားတာပဲဗျ။

စားသောက်ပြီးဆရာမနိုင်ရွာကိုထွက်လာတော့နေ

တောင်အတော်ကြနေပြီဗျ။ ဆရာမနိုင်ရွာရောက်တော့

ကိုအောင်ဘုကအဆင်သင့်စောင့်နေတာဗျ။

အချိန်ကလည်းနည်းနည်းစေားနေတာနဲ့ ကျုပ်လည်း

လိုရမယ်ရ အင်းတွေကိုနှိုးထားလိုက်တယ်ဗျ။ ညနည်း

နည်းနက်လာတော့

” အမလေးလုပ်ကျပါဦးခွေးနက်ကြီး”

မိန်းမတစ်ယောက်အော်သံထွက်လာတာ ကျုပ်တို့

တောင်လန့်သွားမိတယ်ဗျ။ ကိုအောင်ဘုကတော့

” လာဗျို့တာတေ ကျုပ်တို့သွားကျမယ်ဆိုပြီး ”ရှေ့ကနေ

သွားတာဗျ။ ကျုပ်လည်းလွယ်အိပ်ကောက်လွယ်ပြီး

အပြေးလိုက်သွားတာပေါ့။ဟိုရောက်တော့လူတွေက ရွာ

လုံးကျွတ်နီးပါးပဲဗျ။

” ဟာဟိုမှာဦးထွန်းစိန်နဲ့ဒေါ်ချစ်စုတို့အိမ်အောက်

မှာခွေးနက်ကြီးဟေ့ ” ဆိုပြီးထိုးပြလိုက်တော့

ကျုပ်လည်းကြည့်မိသားဖြစ်သွားတယ်ဗျ။

”ဟာ ဟုတ်ပါရဲ့နွားမဒမ်းသာသာလောက်ရှိတဲ့

ခွေးနက်ကြီးဗျာ လူတစ်ယောက်တော့အသာလေးပဲ”

မျက်ကွင်းဆေးမလိမ်းပဲနဲ့တောင်မြင်နေရတော့ ကျုပ်

အံ့သြသွားတယ်ဗျ။ ရွားသားတွေက ဝိုင်းလိုက်တော့

ဘယ်လိုပျောက်သွားမှန်းကိုမသိတာဗျ။တော်တော်

မြန်မြန်တယ်ဗျ။ပေါ်လာဦးမလားဆိုပြီးထပ်စောင့်နေတာ

ပြန်မပေါ်လာတာနဲ့လူစုခွဲပြီး ပြန်လာကျတာပေါ့ဗျာ။

——————————————————————–

မနက်အိပ်ယာထတော့ နေကအတော်တ်ေမြင့်နေပြီဗျ။ကို

အောင်ဘုအမေအရီးစိန်ကတော့မနက်စာအစာပြေ

တောင်အဆင်သင့်လုပ်ထားပြီဗျ။ ကျုပ်လည်းမျက်နှာ

သစ်ပြီကိုအောင်ဘုနဲ့အစာပြေစားလိုက်တယ်ဗျ။စား

သောက်ပြီးတာနဲ့ ဆေးပေါ့လိပ်လေးထိုင်ဖွာပြီး ညက

အကြောင်းတွေပြန်ပြောနေကျတာပေါ့ဗျာ။

” ဗျို့ကိုအောင်ဘုရေ ထူးခြားမှုတော့စပြီဗျ ”

ဆိုပြီးခြံဝကနေရွာမြောက်ပိုင်းကိုဗျောကအော်ပြောတာ

ဗျ။ကိုအောင်ဘုက

” ကိုဗျောလာလေဗျာ ဘယလိုထူးခြားတာလည်းဗျ”

ဆိုပြီးမေးလိုက်တယ်ဗျ။ကိုဗျောက

” ဒီလိုဗျ ဒီမနက်ကပဲဒေါ်ညိုနဲ့ဦးပေါ်ကြီးတို့ဆုံး

သွားပြီဗျ အခုနတင်ပဲရွာနောက်ပိုင်းကဒေါ်တုတ်ကြီး

ဆုံးသွားပါကောလားဗျာ ”

ဆိုပြီးပြောပြောဆိုဆိုနဲ့အကြမ်းရည်ငှဲ့သောက်လိုက်

တယ်ဗျ။ဒါနဲ့ကျုပ်လည်းနည်းနည်းမရှင်းတာနဲ့

” ကိုအောင်ဘုခွေးနက်ကြီးကအိမ် ၇ အိမ်ပဲဝင်တာ

မဟုတ်လားဗျ ” ဆိုပြီးမေးလိုက်တော့

” ဟာဟုတ်တယ်တာတေပြောမှသတိထားမိတယ်

ခွေးနက်ကြီးကအိမ် ၇ အိမ်ပဲဝင်တာဗျ” ဆိုပြီးပြောတာဗျ။

ဒါနဲ့ကျုပ်က

”’ ဒါဆိုသေချာတယ်ဗျ ခွေးကြီးအိမ် ၇ အိမ်ပဲ

ဝင်တာဆိုတော့ဒါအောက်လမ်းပညာနဲ့အိမ်ခုနှစ်စဉ်တိုက်

တာဗျ အဲ့အိမ်ကလူတွေသေမှ ရပ်သွားလိမ့်မယ် ”

လိုပြောလိုက်တော့ ကိုအောင်ဘုက

” ဟာ ဒုက္ခပါပဲနောက်ထပ်လူတွေထပ်သေရဦးမှာပဲ

ဘယ်လိုကြောင့်ဖြစ်တာလည်းမသိဘူးဗျာ ” ဆိုပြီး

ညည်းတော့တယ်ဗျ။ကျုပ်က

” စိတ်မပူပါနဲ့ကိုအောင်ဘု ဒီညနေတော့ အကြောင်းစုံ

သိရတော့မှာပါ ဒီရွာကနတ်ဝင်သည်တစ်ယောက်ခေါ်

ထားလိုက်ဗျာ ပြီးတော့ဆန်တစ်ပြည်ချက်နဲ့အမဲသား

တစ်ပိဿာချက်ထားလိုက်ဗျာ ”

” ဒါတော့မပူနဲ့နတ်ဝင်သည်ဆိုရင် ကျုပ်အရီးဒေါ်စံမှီ

ရှိတယ်ဗျ ”

ကျုပ်လည်းမြန်မြန် စီစဉ်မှဖြစ်မှာဗျ။ မတော်ထပ်ပြီး သေ

ဆုံးမှုတွေဖြစ်နေဦးမှဗျ။

”ဟူး နောက်ထပ်မဖြစ်ပါစေနဲ့တော ”့လို့ပဲဆုတောင်း

လိုက်ရတယ်ဗျာ။

ညနေရောက်တော့ကိုအောင်ဘု ဒေါ်စံမှီ ကျုပ် တို့သုံး

ယောက်သားဆရာမနိုင်သင်္ချိုင်းကုန်းကိုထွက်လာခဲ့

တယ်ဗျ။ ကိုအောင်ဘုထမင်းတောင်းထမ်းလို့ပေါ့ဗျာ။

သင်္ချိုင်းကုန်းထဲရောက်တာနဲ့ အုတ်ဂူခပ်ကြီးကြီး

တစ်လုံးပေါ်မှာ ငှက်ပျောဖက်ခင်းပြီးထမင်းတွေကိုထဲ့

ထားလိုက်တယ်ဗျ။ဒေါ်စံမှီကတော့ဆံပင်တွေဖွထားပြီး

လက်အုပ်ချီလေးနဲ့ထိုင်နေတာဗျ။ကျုပ်လည်းအချိန်ဆွဲ

မနေတော့ဘဲမဖဲဝါကိုပင့်ဖိတ်လိုက်တာပေါ့ဗျာ။

” သချိင်္ုင်းတို့ရဲ့အရှင်မ မဖဲဝါကျုပ်တာတေအရှင်မကို

ပင့်ဖိတ်ပါတယ် ရောက်ရာအရပ်ကနေအမြန်ဆုံးကြွ

ခဲ့ပါ ” ဆိုပြီး သုံးလေးခါ အော်လိုက်တော့တောစပ်

ကနေခွေအူသံကြီးကိုကြားလိုက်ရတယ်ဗျ။

”’ အူးး အူးးဝူးးဝူး ဝူးး ”

ဒါမဖဲဝါရဲ့ခွေးနက်သံကြီးဗျ။ကျုပ်သိတာပေါ့။မကြာပါဘူး

၁၀ ပေလောက်ရှည်တဲ့အရပ်ကြီးနဲ့ ကျုပ်ရှိရာကိုမဖဲဝါ

လာနေတာဗျ။တော်တော်မြန်တယ်။ညနေတည်းကမျက်

ကွင်းဆေးကွင်းခဲ့တာဆိုတော့မြင်နေရတာပေါ့ဗျာ။

ဟောကြည့်နေရင်းနဲ့ဒေါ်စံမှီကနုယ်ထဲ မဖဲဝါဝင်သွား

တယ်ဗျ။

” အီးးး ဟီးဟီး” ဆိုတဲ့ညည်းသံကြီးထွက်

လာပြီးဒေါ်စံမှီရဲ့လက်တွေ ကွးကောက်သွားတယ်ဗျ။

ထမင်းတွေဟင်းတွေချထားတဲ့ အုတ်ဂူပေါ်လွှာခနဲ

ခုန်တက်ပီးအားရပါးရစားတော့တာပဲဗျာ။စားနေရင်းနဲ့

ကျုပ်ကိုမျက်တောင့်နီကြီးနဲ့ကြည့်လို့ဗျ။ကိုအောင်ဘု

ကတော့ကြောက်လို့ထင်ပရဲ့ ကျုပ်အနောက်မှာရပ်

နေတာဗျ။

” မဖဲဝါ အခုဆရာမနိုင်ရွာမှာဝင်သွားတဲ့ခွေးနက်ကြီး

ကဘယ်လိုဖြစ်တာလည်းဗျ အခုဆိုလူသုံးလေး

ယောက်လောက်သေသွားပြီဗျ ” လို့ပြောလိုက်တော့

မဖဲဝါကလက်တွေကိုရေနဲ့ဆေးလိုက်ပြီးပိုတဲ့ရေကို

သောက်လိုက်တယ်ဗျ။

” ဟဲ့တာတေအဲ့တာသိုက်စောင့်သရဲကြီရဲ့ခွေးဟဲ့

တောထဲမှစေတီဟောင်းတစ်စူရှိတယ် အဲ့ဒီစေတီထဲက

ဌာပနာတွေကိုအခုသေတဲ့လူတွေကသူတို့သဘောနဲ့

သူတို့ရွာဦးကျောင်းမှာစေတီတည်လိုက်တယ်လေဒါကို

မကျေနပ်တဲ့သိုက်စောင့်ကြီးအောက်လမ်းနည်းနဲ့ခုနှစ်

စဉ်တိုက်တာဟဲ့ ”

” ဒါဆိုဘယ်လိုလုပ်ရမလည်းဗျ ”

”သံဃာတော်တွေပင့်ပြီး ကမ္မဝါနဲ့ပရိတ်ရွတ်မယ်ဆိုရင်

ရပ်သွားလိမ့်မယ် ဒါပေမဲ့သိုက်စောင့်သရဲကြီးကတော့

နည်းနည်းခက်မယ် ဒါပေမဲ့ငါကူညီမယ်မပူနဲ့ ”

လို့ပြောပြီးထွက်သွားတာဗျ။ကျုပ်လည်းဒေါ်စံမှီကိုဆွဲ

ထူပြီးမနည်းနှာနှပ်လိုက်ရတယ်ဗျ။ပြီးတာနဲ့ရွာထဲပြန်

ဝင်ပြီးချက်ချင်းသံဃာတော်တွေပင့်တော့တာပေါဗျာ။

သံဃာတော်တွေကလည်း ကျန်နေသေးတဲ့လူတွေကို

ကိုအောင်ဘုတို့အိမ်မှာစုဝိုင်းပြီးပရိတ်ရွတ်ဖတ်ကျတာ

ပေါ့ဗျာ။ကျုပ်လည်းခြံထဲကနေ အပြင်ကိုအကဲခတ်နေရ

တယ်ဗျ။ သိပ်မကြာပါဘူးရွာထဲကခွေးတွေရဲ့ အီအီ

ဆိုပြီးအသံတွေကြားလိုက်ရတယ်ဗျ။သူတို့ကြောက်တဲ့

အကောင်တစ်ကောင်ကောင် ဝင်လာလို့ပဲဖြစ်ရမယ်

ဆိုတာကျုပ်သိပြီပေါ့ဗျာ။မကြာပါဘူးခြံရှေ့ကိုတင်ပုတ်

တွေကိုကိုင်ထားတဲ့ဘီးလူသုးံကောင်ရောက်လာတာမြင်

လိုက်တယ်ဗျ။မြင်ရဆိုမျက်ကွင်းဆေးကမဖြတ်သေးကို

ဗျ။ အရပ်က ၁၅ ပေလောက်ရှိမယ်ဗျ။ တစ်ကိုယ်လုံး

အမွေးအမှင်တွေနဲ့ မျက်လုံးကြီးတွေကလည်းဟင်းချို

သောက်ပန်းကန်လောက်ရှိတယ်ဗျ။ရဲတက်နေတာပဲဗျ။

သူတို့နောက်မှာတော့ ပေ ၂၀ လောက်ရှိမဲ့သရဲကြီးတစ်

ကောင်ရပ်နေတာဗျ။ပုံစံကဘီလူးကြီးတွေထပ်တောင်

ိဆိုးသေးဗျ။ထူးခြားတာက သရဲကြီးမှာမျက်စိတစ်ဖက်မပါ

ဘူးဗျ။ကျုပ်ကြည့်နေတုန်းသရဲကြီးက တစ်ခုခုပါးစပ်က

နေအမိန့်ပေးပုံရတယ် သံဃာတွေပရိတ်ရွနေတဲ့ကြား

ထဲကအိမ်ဝ်ိုင်းထဲကလူတွေကိုအတင်းဝင်လုတာဗျ။

ဒါပေမဲ့ ဘယ်ရမလည်းပရိတ်တော်ကသူတို့ကို

တားစီးထားတယ်လေ။ ရှေ့ကိုတိုးလေ နောက်ကို

လန်ကျလေဖြစ်နေတာပေါ့။ သရဲကြီးကစိတ်မရှည်ပုံ

ရတယ်ဗျ။ သူကိုယ်တိုင်ဝင်လာတာဗျ။ ဘယ်ရမလည်း

ဂုဏ်တော်တွေက အုပ်မိုးထားတာကိုဗျ။သူလည်း

နောက်ကိုလန်ကျသွားတာဗျ။သရဲကြီးတော်တော်

စိ်ိတ်ဆိုးသွားတယ်ဗျ။ လက်ကြီးကိုမိုးပေါ်မြောက်ပြီး

” ဝါးး အီးးး” ဆိုပြီအော်လိုက်တာသရဲတွေဗျာ

ဘယ်ကနေရောက်လာမှန်းမသိဘူးအများသားဗျ။

လေတွေကလည်းတိုက်လာတယ်ဗျ။ တိုက်တာမှရွာ

ထဲကအပင်ငယ်တွေဆိုလဲကုန်တယ်ဗျာ။ ကျုပ်လည်း

နည်းနည်းတော့နောက်ကိုဆုတ်မိသွားတယ်။

ဒီလောက်အများကြီးဆိုကျုပ်မနိုင်လောက်ဘူးဗျ။

စောစောကသရဲမျက်ကန်းကြီးကသရဲတွေကိုအရှေ့ကို

တိုးဖို့အမိန်ပေးနေတာဗျ။ကျုပ်လည်းအသင့်နှိုး

ထားတဲ့ ဖုဋ္ဌဿအင်းနဲ့ပစ်ပြီးစီးတားထားလိုက်တယ်ဗျ။

ပထမတော့နောက်ကိုလန်ကျသွားတယ်။ခဏနေတော့

မိုက်မိုက်ကန်းကန်းနဲ့တိုးလာကျတာဗျ။ ကျုပ်လည်းအင်း

တွေကိုအဆင်သင့်ကိုင်ထားတာပေါ့ဗျာ။အဲ့ဒီချိန်

အနောက်ဖက်ကနေ ” ဘုန်းဘုန်း ” ဆိုပြီးရိုက်သံထွက်

လာတယ်ဗျ။ အင့်ဆိုတဲ့အသံကြီးနဲ့မျက်ကန်းသရဲ

ဖင်ထိုင်ကျသွားတာဗျ။ ကျုပ်လည်းလှမ်းကြည့်လိုက်

တော့မဖဲဝါရောက်လာတာဗျ။အခုမှသက်ပြင်းချနိုင်

တော့တယ်။သေချာကြည့်မှ မဖဲဝါနဲ့အတူအနောက်

ချုပ်မယ်တော်ကြီး အိမ်တွင်းကိုယ်တော်ကြီးတို့ပါ

ပါလာတာဗျ။ အနောက်ချုပ်မယ်တော်က မျက်ကန်း

သရဲကြီးကိုတစ်ခုခုပြောလိုက်တော့သရဲကြီးက

ကြောက်ကြောက်နဲ့နောက်ဆုတ်ပြီးအမှောင်ထဲဝင်

သွားတယ်ဗျ။ အနောက်ချုပ်မယ်တော်ကြီးတို့

ထွက်သွားတော့ မဖဲဝါက ” ပြီးသွားပြီ ” ဆိုတဲ့သဘောနဲ့

ကျုပ်ကိုကြည့်ပြီးထွက်သွားတော့သရဲတွေလည်း

သူ့နောက်ကပါသွားတာပေါ့ဗျာ။

ဟောအရှေ့ဖက်က ရောင်နီတောင်သန်းလာပြီကော။

သံဃာတော်တွေလည်း ပရိတ်တရားရွတ်တာရပ်သွား

ကြပြီလေ။ ကျုပ်လည်းအန္တာရယ်ကင်းပြီဆိုတာက်ို

အကြောင်းဆုံးရှင်းပြလိုက်တော့တစ်ရွာလုံးကျေးဇူး

တင်မဆုံးပေါ့ဗျာ။ပေးလိုက်တဲ့လက်ဆောင်တွေဆိုလည်း

လှည်းအပြည့်ပေါ့ဗျာ။ကျုပ်လည်း ကိစ္ခပြီးပြီမို့ရွာကို

ပြန်လာခဲ့တော့တာပေါ့ဗျာ။….

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share
လေးနဲ့ အားပေးသွားပါအုံးဗျာ။

#တာတေ
#မဖဲဝါ
#ညမဖတ်ရ