တစ်ပွဲတိုးခင်သုန်

တစ်ပွဲတိုး ခင်သုန်(စ/ဆုံး)
~~~~~~~~~~~~~~~~~ဖြစ်ရပ်ဆန်းကျယ်

” ဟဲ့…မိနွယ် ကြားပြီးပြီလား…”

” ဘာကို ကြားရမှာတုန်း တင်တင်မြရဲ့ …အရင်းမရှိ့ အဖျားမရှိ့ ဟယ်…”

” ရွာစွန်က အိမ်မှာ သုံးလောင်းပြိုင် သေနေလို့တဲ့တော့် …”

ဒီသတင်းက တစ်ယောက်စကား တစ်ယောက်ကြားဖြင့်တောမီးလောင်သလိုချက်ချင်းပင် ပျံ့နှံ့သွားတယ် ။ ရွာသူရွာသားတွေ ရွာစွန်ရှိ့အိမ်အနီးက လမ်းတွေပေါ်မှာ အုတ်အော်သောင်းတင် ရောက်လာကြတယ် ။ ဟုတ်တယ်…အိမ်ြံခံတံခါးဝန်းရဲ့ မလှမ်းမကမ်းမှာ အလောင်းသုံးလောင်းရှိ့နေတယ် ။ အိမ်ရှင် ထွန်းထွန်းဦး …သူမိန်းမ ခင်စိန်…ပြီးတော့ နှနှစ်အရွယ် သူတို့ သားလေး … ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တစ်ရွာလုံး အံ့သြထိတ်လန့်ကုန်ကြတယ် ။ သူတို့ရွာမှာတစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးတဲ့ အဖြစ်အပျက်ရယ်လေ ။ မျက်မြင်တွေ့သူများ ပြောစကားများအရ အိမ်ရှင်မိသားစုမှာ အပြင်မှ ပြန်လာပြီး ခြံတံခါးတွန်းဖွင့် ဝင်လိုက်စဉ်မှာပင် ရှေ့ဆုံးက ဝင်လာသော ထွန်းထွန်းဦး ရုတ်တရက်ဆိုသလို ခွေခနဲ လဲကြသွားတယ် ။ ထွန်းထွန်းဦး လဲကြသွားတာမြင်တော့ နောက်ကလိုက်လာတဲ့ မိန်းမဖြစ်သူက နှနှစ်အရွယ် သားလေးကို အောက်ချပြီး ပြေးအလာ သူလဲပဲ ထွန်းထွန်းဦးနဲ့ မလှမ်းမကမ်းမှာ ခေါက်ခနဲ့ လဲကြသေဆုံးသွားပြန်တယ် ။ ပြီးတော့ သူမိခင်ဆီသို့ တောက်ဆက် တောက်ဆက်နဲ့ လိုက်လာတဲ့ ကလေးမှာလဲ သူ့မိခင်ဆီ မရောက်ပဲ ခြံပေါက်ဝမှပင် ခွေခနဲ လဲကြသွားပြန်တယ် ။ အဖြစ်အပျက်က မျက်စိတစ်မှိတ် လျှပ်တစ်ပြတ် အတွင်းမှာပင် ရုတ်ချည်းဖြစ်သွားတာကြောင့် မင်သက်ငေးကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြဘူး ။ အဖြစ်အပျက်မှာ နေ့လည်ခင်းအချိန် ဖြစ်ပွားခဲ့တာကြောင့် အနီးဝန်းကျင်အိမ်များမှ လူတစ်ချို့ ်မြင်လိုက်ကြတယ် ။ ဒီသတင်းကို ကြားတော့ ရွာလယ်က ဆေးဆရာလဲ ဟုတ်…အထက်လမ်းဆရာလဲ ဖြစ်တဲ့ ဦးပွား တစ်ယောက် ရောက်ရှိ့လာပါတော့တယ် ။ ပြီးတော့ အဖြစ်အပျက်ကို စုံးစမ်းမေးမြန်းတယ် ။ အဲ့ဒီနောက်…

” ဟေ့…ခြံထဲကို ဘယ်သူမှ မဝင်ကြနဲ့အုံး ။ဒါသွေးရိုးသားရိုး ဖြစ်တာ မဟုတ်ဘူး ။ ခြံထဲဝင်သွားရင် ထပ်သေအုံးမလား မပြောတတ်ဘူး ။ အောက်လမ်း အစီအစဉ်မျိုးနဲ့ အသေကိုတိုက်ထားတာပဲ ။ ဘယ်သူကများ ဘယ်လိုအငြိုးအတေးနဲ့ တိုက်ထားတာလဲ မသိဘူး ။ သေသူ မိသားစုနဲ့ အတော်ကို ရန်းငြိုးရန်စ ကြီးမားခဲ့ပုံရတယ် ။ ဦးပွား ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စဉ်းစားတွေးတောရင်း သူ့မျက်စိထဲ မြင်လာသူက မိန်းမတစ်ဦး…သူမကား ခင်သုန်ပေတည်း ။ ဦးပွား ခင်သုန်ကိုပြေးမြင်လိုက်ပြီးနောက် လွန်ခဲ့သော လေးနှစ်တာ အတိတ်ကာဆီမှ ခင်သုန်ရဲ့ ဘဝဇာတ်လမ်းလေးကို ပြန်ပြေးသတိရမိလေတော့သည် ။

ခင်သုန်တစ်ယောက် သူ့သမီးလေး ရက်လည်တဲ့ညမှာပဲ ရွာက တိတ်တဆိတ် ပျောက်သွားတယ် ။ သူ …ဘယ်ကိုသွားလဲ ဘယ်သူမှ မသိဘူး ။ တစ်အိမ်ထဲနေ မိခင်ဖြစ်သူဒေါ်အေး တောင်မသိလိုက်ဘူး ။ ပျောက်သွားတယ် ဆိုပေမယ့် ထွက်သွားတယ်ဆို ပိုမှန်လိမ့်မယ် ။ ခင်သုန် ရွာက ထွက်ခွာချင်လောက်အောင်လဲ အကြောင်းရှိ့နေတယ် ။ တစ်ရွာလုံးလဲ သိတယ် ။ အဲ့ဒီအကြောင်းက သူတို့ အိမ်ထောင်ရေး ကိစွပဲ ။ ခင်သုန်က ရွာမှာ အချောအလှ စာရင်းဝင် ။ မိစုံဖစုံမရှိ့လို့ ရွာကွမ်းတောင်ကိုင် မဖြစ်ရပေမယ့် ရွာထဲက ကာလသားတွေရော …ရွာနီးချုပ်စပ်က ကာလသားတွေရော ခင်သုန်အနီးမှာ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေကြတယ် ။ ဒီအထဲမှာမှ တစ်ရွာထဲနေ မြေပိုင်ရှင်သား အရက်သမား ဖဲသမားဖြစ်သူ ထွန်းထွန်းဦးက ရှေ့ဆုံးကဖြစ်တယ် ။ သူက ခင်သုန်ကို အသေရရ အရှင်ရရ ပိုးပန်းနေသူ ။ တစ်နေ့တော့ ခင်သုန်တစ်ယောက် တစ်ဖတ်ရွာက ပြန်အလာ ထွန်းထွန်းဦးရဲ့ အနိုင်ကျင့် စော်ကားတာခံခဲ့ရတယ် ။ ဒါနဲ့ပဲ သူတို့ရွာရဲ့ ဓလေ့ထုံးစံအရ အပျိုပြန်မဖြစ်တော့မယ့် အတူတူ မချစ်သော်လည်း အောက်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှုခဲ့ရတယ် ။ ခင်သုန်…ထွန်းထွန်းဦးကို ယောကျာင်္တော်ခဲ့ရတယ် ။ တစ်ရွာလုံးကလဲ ခင်သုန်အတွက် ခံပြင်းနေခဲ့ပြီး ထွန်းထွန်းဦးကို လူယုတ်မာတစ်ယောက်လို့ ပုတ်ခတ်ပြောဆိုခဲ့တယ် ။ ဒီအကြောင်းကိစွတွေကြောင့် ထွန်းထွန်းဦးက ခင်သုန်ကို အမျက်သိုခဲ့တယ် ။ ထွန်းထွန်းဦးက ခင်သုန်အပျိုဘဝမှာ အရှုးအမူးဖြစ်ခဲ့ပေမယ့် အိမ်ထောင်ကြပြီးနောက်တော့ အချိုးပြောင်းသွားတယ် ။ ခင်သုန်ကို လိုသုံးလို သဘောထားခဲ့တယ် ။ စိတ်မထင်ရင် မထင်သလို သွေးထွတ်သံယိုထိ ရိုက်ပုတ်နှိပ့်စက်တတ်လာတယ် ။ ဒီလိုဖြစ်နေတဲ့ ကြားထဲ ချီးကျူးစရာ လေးစားစရာကောင်းသည့်က ခင်သုန်ရယ် ။ သူမယောကျာင်္ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ မိန်းမဝတ္တရားတွေ ကျေပွန်အောင် ပြုမူနေထိုင်ခဲ့တယ် ။ သူမက ဒီလိုသည့်ခံလေ ထွန်းထွန်းဦးက ရောင့်တတ်လာလေပဲ ။ခင်သုန် အိမ်ထောင်ရေး ကံမကောင်းလှ ။ လင်ဆိုးမယား တဖားဖား ဖြစ်ခဲ့တယ် ။ အစပိုင်းတုန်းက ထွန်းထွန်းဦး ပြောင်းလဲလာမလားရယ်လို့ မျော်လင့်မိသေးတယ် ။ ဒါပေမယ့် ထွန်းထွန်းဦးက ထွန်းထွန်းဦးလေ …လူမိုက်က လူမိုက်ပါပဲ ။ ဘာမှာကွဲပြားမသွားဘူး ။ ခင်သုန် ထွန်းထွန်းဦးအပေါ် ဘာမှာ
မျော်လင့်ချက်မရှိ့တော့ဘူး ။ သူမယောကျာင်္နဲ့ ပတ်သက်ပြီး ဘာမှ ခံစားမနေတော့ဘူး ။ သူမရဲ့ အသည်းနှလုံးတွေ ကျောက်စိုင် ကျောက်ခဲ လိုမာကျောနေလေပြီ ။ ခင်သုန်အတွက်တော့ အိမ်ထောင်ကြပြီးနောက် ငရဲခံနေရတဲ့ နေ့ရက်တွေလိုပါပဲ ။ ဒူးနဲ့မျက်ရည်ကို နေ့စဉ်သုတ်ခဲ့ရတယ် ။ ဒီလိုနဲ့ အိမ်ထောင်ကြပြီး နှနှစ်လောက်အကြာမှာ ခင်သုန်ရဲ့ ဘဝအမောတွေကို ပြေပျောက်စေမယ့် အိမ်ဆည်းလဲ့လေး မွေးဖွားလာခဲ့တယ် ။ ခင်သုန် မျော်လင့်ရပြန်ပြီ ။ သမီးလေးရဲ့ မျက်နှာနဲ့ ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦး ပြောင်းလဲ လာလေမလားရယ်လို့။ သို့သော် ဘာမှပြောင်းလဲမသွားဘူး လူမိုက်က လူမိုက်ပါပဲ ။ ထူးပြီးပြောင်းလဲမသွားဘူး ။ မပြောင်းလဲတဲ့ အပြင် ပိုတောင်ဆိုးလာပါကောလား ။ ထွန်းထွန်းဦး နောက်မယားငယ် ယူထားတယ်တဲ့ ။ ဒီသတင်းက အစပိုင်းမှာ တိုးတိုး ။ တိုးတိုးကနေ ကျယ်ကျယ်ဖြစ်လာတယ် ။ ပြီးတော့ အိမ်ပေါ်ခေါ်တင်ထားတဲ့အထိ တိတိလင်းလင်း ဖြစ်သွားတယ် ။ ခင်သုန်ကတော့ သူ့ယောကျာင်္နဲ့ ပတ်သကိပြီး ထူးပြီးခံစားမနေရဘူး ။ ဒါပေမယ့် တစ်အိမ်ထဲမှာပဲ ယောကျာင်္တစ်ယောက်ကို မိန်းမနှစ်ယောက် ပေါင်းရမယ်ဆိုတာပဲ ရှက်စိတ်ဝင်ခဲ့တယ် ။ ဒါကြောင့် ကွာပေးဖို့တောင်းဆိုတယ် ။သူ့ယောကျာင်္က ကွာမပေးဘူး ။ မယားငယ်ကို အိမ်ခေါ်တင်တဲ့နေ့မှာပဲ မယားကြီးဖြစ်တဲ့ ခင်သုန်တို့ သားအမိကို အိမ်ကြီးရဲ့နောက်ဘက်က တဲအိမ်လေးမှာ ထားလေတယ် ။ မယားငယ်ဖြစ်သူကိုတော့ အိမ်ကြီးအရှင်သခင်ဖြစ် ထားရှိ့တယ် ။ မယားငယ် ခင်စိန်ဟာ မယားကြီးဖြစ်ခဲ့ပြီး မယားကြီး ခင်သုန်ကတော့ မယားကျွန်ဘဝ ရောက်ခဲ့လေတယ် ။ မယားငယ်ရောက်လာတဲ့ အချိန်ကစပြီး တစ်အိမ်လုံးရှိ့ အိမ်မူ့ကိစွ ခြံကိစွတွေကို ခင်သုန်ပဲ လုပ်ကိုင်ခဲ့ရတယ် ။ ဒါ့အပြင် မယားငယ်ရဲ့ ခိုင်းစေမူတွေကိုလည်း ကျိုးနွံ့စွာလုပ်ပေးခဲ့ရတယ် ။ ယောကျာင်္ဖြစ်သူရဲ့ မထင်ရင် မထင်သလို နှိပ့်စက်ညှင်းပန်းမူ့တွေကိုလည်း နေ့စဉ်နှင့်အမျှ ရင်စည်းခံခဲ့ရှာတယ် ။ ဒါပေမယ့် ခင်သုန်အတွက်တော့ သမီးလေးရဲ့ မျက်နှာကြောင့် အတတ်နိုင်ဆုံး အောက်ကျို့သည့်ခံနေခဲ့တယ် ။ အလုပ်တွေ ဘယ်လောက်လုပ်ရလုပ်ရ မောပန်းရမှန်းတောင် မသိခဲ့ဘူး ။ သမီးလေးဟာ သူ့မရဲ့ ကမ္ဘာဖြစ်ခဲ့နေတာကို ။ သူမယောကျာင်္ ထွန်းထွန်းဦးကတော့ သမီးလေးကို ရှိ့တယ်လို့တောင် မထင်ဘူး ။ ခင်သုန်ပေါ်မှထားတဲ့ အငြိုးတွေကြောင့် ပဲလား ။ဒါမှမဟုတ် သူ့မယားငယ် မကြိုက်မှာစိုးလို့ပဲလား မသိဘူး ။ သမီးလေး မွေးဖွားလာကတည်းက တစ်ခါတောင် မချီမပိုးဖူးဘူး ။ ကလေး လဲကြသွားလို့ အော်ဟစ်ငိုနေပါစေ ကိုယ်နဲ့မသက်ဆိုင်သလို လျစ်လျူရှု့ ရှောင်ထွက်သွားတယ်ကောလား ။ ခင်သုန်တစ်ယောက် ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦးကို နားကြည်းမိတယ် ။ အမျက်သိုခဲ့မိတယ် ။

” ခင်သုန်တစ်ယောက် သိပ်ဝဋ်ကြီးတာပဲ ” ဟုတစ်ရွာလုံးက သနားဂရုဏသက် စုတ်သက်ရတဲ့ အထိရယ်…”

ဒီလိုနဲ့တစ်နေ့ ခင်သုန်ကမ္ဘာလေးပျက်မည့် နေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။ အဲ့ဒီနေ့က ခင်သုန်တစ်ယောက် လုပ်စရာရှိ့သည့် အလုပ်များ လုပ်နေခဲ့တယ် ။ နှနှစ်အရွယ် သူ့သမီးလေးက တဲအိမ်ရှေ့မြေကွက်လပ်မှာ ကစားနေလေတယ် ။ ခနအကြာ သမီးလေးရဲ့ အော်ဟစ်လိုက်သံနှင့် အတူ လှေကားမှ တစ်စုံတစ်ရာ ပြုတ်ကြလာသံကို တဲရှေ့ အိမ်မကြီးမှ ကြားလိုက်ရ၍ စိုးရိမ်သောက နဲ့ ကသောကမြော ပြေးသွားလေတယ် ။ နှနှစ်အရွယ် သူ့သမီးလေးမှာ လှေကားခြေရင်းတွင် ခွေခွေလေး လဲနေလို့ရယ်…ပြီးတော့ ခေါင်းမှာ သွေးတွေကလဲ ဖြာလို့ …ခင်သုန်တစ်ယောက် အရှုးမီးဝိုင်းဖြစ်ရပြီ ။ သမီးလေးကို ပွေ့ဖက်ထားရင်း အိမ်ပေါ်ထပ်သို့ ကြည့်လိုက်မိတယ် ။ ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦးနဲ့ မယားငယ်ခင်ရွှေတို့ အောက်သို့ ငုံကြည့်နေတာကို တွေ့လိုက်ရတယ် ။

” နင်…နင်တို့ …ငါ့…ငါ့သမီးလေးကို…”
ခင်သုန် စကားမဆက်နိုင်ဘဲ အသားတွေ တဆက်ဆက်တုန်သည့်အထိ ဒေါသတွေ ဖြစ်ခဲ့တယ် ။ ပြီးတော့ မျက်လုံးမီးတောက်မတတ် စိုက်ကြည့်လိုက်ပြီး သမီးဖြစ်သူကို ပွေ့ချီလိုက်ကာ ရွာလယ်က ဆေးဆရာ ဦးပွားအိမ်သို့ အမောတကော ပြေးသွားလေတော့တယ် ။ ဒါပေမယ့် အလာကောင်းပေမယ့် အခါနောင်းခဲ့ပြီ ။

” ကလေးက အသက်မရှိ့တော့ဘူး သမီးရယ် ” ဟုဆေးဆရာ ဦးပွားဆိုလိုက်တယ် ။ ခင်သုန် ကမ္ဘာလေး ပြိုကွဲသွားချေပြီ ။ သမီးလေး မရှိ့တဲ့ဘဝ ခင်သုန်အဖို့ ဘဝမှာနေလဲပဲ ဘာမှ အဓိပ္ပာမရှိ့တော့။

” သမီးရေ.…သမီးနောက်ကို …အမေလိုက်ခဲ့မယ် သိလား ” ဟု အရှုးတစ်ယောက်လို ခင်သုန် တတွက်တွက်ပြောနေလေတယ် ။

” သမီးရယ် သတိလေးထားပါအုံး ။ တရားနဲ့ဖြေပါ သမီးရယ် …ဝဋ်ကြွေးရှိ့လို့ ခံနေရတယ်လို့ သဘောထား ဖြေသိပ့်ပါ သမီးရယ် ” ဟုဦးပွားက တရားချလေသည် ။

ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက် သူ့သမီးလေး ရက်လည်ညမှာပဲ ရွာကတိတ်တဆိတ် ပျောက်သွားတယ် ။ပြီးနောက် ( ၄ ) နှစ်ခန့်ကြာသော် ခင်သုန်တစ်ယောက် မမျော်လင့်ပဲ ရွာပြန်လာခဲ့တယ် ။ လေးနှစ်အတွင်း ခင်သုန်အသွင် အတော်ပင် ပြောင်းလဲသွားခဲ့တယ် ။ တည်ငြိမ်ရင့်ကျက်တဲ့ အသွင် …ကိုယ့်ကိုယ်ကို ယုံကြည်မူ့ ရှိ့နေတဲ့ ဟန်ပန်မျိုးရယ်…ခင်သုန် ရွာပြန်လာပေမယ့် သူ့ယောကျာင်္အိမ်သို့ မပြန်ဘူး…သူ့မိခင်အိမ်မှာပဲ နေလေတယ် ။ လေးနှစ်ခန့်ကြာပြီးနောက် လင်မယားခန်း ပြတ်ဆဲပြီးလို့ ခံယူထားတယ် ။ ထွန်းထွန်ဦးကလဲ သူ့လိုပဲခံယူထားပုံရတယ် လာမတွေ့ဘူး။ ဒီလိုအနေအထားမျိုးကို ခင်သုန်ကြိုက်တယ် ။ ထွန်းထွန်းဦးတို့မိသားစု ပြီးတော့သူ့ ဆွေးမျိုးသားချင်းတွေနဲ့ မဆုံမိအောင် အတတ်နိုင်ဆုံး ရှောင်နေခဲ့တယ် ။ မလွဲမရှောင်သာတဲ့ အခြေအနေမျိုးမှ ခေါ်ပြောနူတ်ဆက်ရုံ ပြုခဲ့တယ် ။ ရွာကသူတွေတော့ ခင်သုန်တစ်ယောက် ဝဋ်ကြွေးတွေကျေပြီးဆိုပြီး ဝမ်းသာနေလေတယ် ။ ဒီလိုနဲ့ ခင်သုန်ပြန်ရောက်ပြီး သုံးလခန့်အကြာ သူတို့ရွာမှာ တစ်ခါမှမဖြစ်ဘူးတဲ့ အံ့သြထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကြီး ပေါ်ပေါက်လာလေတယ် ။ ဆေးဆရာကြီး ဦးပွား နောက်ကြောင်းပြန် စဉ်းစားနေရင်း ခုလိုအသေလုပ်ရထိ ရန်ငြိုးထားမယ်ဆို့ရင် ခင်သုန်ပဲရှိ့တယ်လို့ ထစ်ထစ်ချ ယူဆနေလေတယ် ။ ဒီလိုစဉ်းစားမိတဲ့ ဆေးဆရာ ဦးပွား…ခင်သုန်ရဲ့ အရိပ်အချည် သိရအောင်လို့ ခင်သုန်အိမ်သို့ အကဲခတ်ရင်း လျှောက်လာခဲ့တယ် ။ တွေ့ပါပြီကော…ခင်သုန်ရယ်လေ အိမ်ပြတင်းပေါက်မှာ ရပ်နေရင်း… သူ့ယောကျာင်္ထွန်းထွန်းဦးအိမ်ရှိ့ရာသို့ ကျေနပ်အားရဟန်နဲ့ စိုက်ကြည့်နေသည်ကို တွေ့လိုက်တယ် ။ ခင်သုန်တစ်ယောက် ထွန်းထွန်းဦးအိမ်ရှိ့ရာသို့ ကြည့်နေရာမှ သူမကို တစ်ယောက်ယောက်စိုက်ကြည့်နေသည်ဆိုတဲ့ အသိကြောင့် လှည့်ကြည့်လိုက်တယ် ။ ဆေးဆရာ ဦးပွားကို တွေ့လိုက်၍ သူမလဲ မျက်တောင်မခတ်တမ်း ပြန်ကြည့်နေလေတယ် ။ အသံတိတ် အကြည့်ချင်းပြိုင်နေကြပါကော ။ ဦးစွာအကြည့်လွဲသွားသူ ကခင်သုန်ရယ် ။ ထုတ်မပြောပေမယ့် နှစ်ယောက်သား နားလည်မိကြတယ် ။ ခင်သုန် ရှုံးသွားချေပြီ ။ ထိုစဉ်…

” သမီး…ဆရာ အိမ်ပေါ်တတ်လာခဲ့ရမလား ” ဟုဆရာပွားမေးလိုက်တယ် ။

” ဟုတ်ကဲ့ ရှင် …တတ်ခဲ့ပါဆရာ ” ဟုရိုသေလေးစားသမူ့နဲ့ ဖိတ်ခေါ်လိုက်တယ် ။

” ဆရာမေးစရာလေး သိချင်တာလေးရှိ့တယ် သမီး … အမှန်အတိုင်းဖြေမလား ”

ခင်သုန် သက်ပြင်းချလိုက်တယ် ။ ပြီးနောက် ” ဆရာဘာမေးမလဲဆိုတာ သမီးသိပါတယ် ။ ဆရာအတွေးမမှားပါဘူး ။ ဟုတ်ပါတယ်…ထွန်းထွန်းဦးတိူ့ အိမ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်က သမီးလုပ်ထားတာပါ ဆရာ ။ ဒီလူယုတ်မာကို သမီးနာကြည်းတယ် ။ အမျက်သို့မိခဲ့တယ် ။ သမီးတို့ သားအမိပေါ်မှာ ပြုမူခဲ့တာတွေကို မေ့မရဘူး ။ ဒါကြောင့် လက်စားချေခဲ့တာပါ ။

” သြော်…ဒုက္ခ ဒုက္ခ…သမီးအနေနဲ့ဘယ်လိုခံစား ရမလဲ…ဆရာကိုယ်ချင်းစာပါတယ် ။ ဒါပေမယ့် သမီးရယ် …သမီးက ခုလိုပြုမူတော့ မဆိုင်တဲ့ အသက်တွေ ဆုံးရှုံးပြီကောလား ။ ဒီအတွက် သမီးအပြစ်ကြွေးတွေ ခံစားရမယ်ဆိုတာကော သမီးသိရဲ့လား” ဟုဂရုဏဒေါသ စကားဆိုလိုက်တယ် ။

” အပြစ်ကြွေးတွေ ခံရမယ်ဆိုလဲ သမီးရဲရဲကြီး ခံပါမယ်။ ဒီလူယုတ်မာကို လက်စားချေခွင့်ရတာပဲ သမီးကျေနပ်ပါပြီ ။ ဘယ်လိုအပြစ်ကြွေးမျိုးမဆို သမီးကျေကျေနပ်နပ် ခံယူဖို့ အသင့်ပါ” ဟုပြောတယ် …

ဆရာပွား သက်ပြင်းချလိုက်တယ် ။ ပြီးနောက်…” ဒါနဲ့ သမီး…သမီး ဒီအောက်လမ်းပညာကို ဘယ်လိုတတ်လာတာလဲ ။ သမီးကိုကြည့်ရတာ အောက်လမ်းပညာသည် စစ်စစ်မဟုတ်မှန်း ဆရာအကဲခတ်မိတယ် …”

” ဟုတ်ပါတယ် …ဆရာ…သမီးက တစ်ပွဲတိုး အောက်လမ်းပါ …”

” အင်း… ဟုတ်ပြီ သမီး .ခုလိုပြုလုပ်ဖို့ ဘယ်နှသက် ခွင့်တောင်းခဲ့လဲ ”

” ငါးသက်ပါ ဆရာကြီး …”

” မိုက်လိုက်ပါ့ သမီးရယ်..” ဟုရေရွတ်လိုက်တယ် ။ပြီး …ဆရာကို ခနလေးစောင့်နေ သမီး …ဆရာပြန်လာခဲ့မယ် ” ဟုဆိုလိုက်ကာ အခင်းဖြစ်ပွားရာ အိမ်သို့ ပြန်သွားခဲ့ပြန်တယ် ။ ဘယ်သူမှ ခြံထဲမဝင်ရဲလို့ အလောင်းတွေက အမြင်မတော်စရာရယ် ။

ဆရာပွား ပြန်ရောက်တယ် ဆိုရင်ပဲ” ဆရာ ဘယ်သွားနေတာလဲ …” ဟုရွာလူကြီးက မေးမြန်းလိုက်တယ် ။ အဲ့ဒါအသာထား ရွာလူကြီးရေ …ခုဖြစ်နေတာက တစ်ပွဲတိုး အောက်လမ်းသည်မရဲ့ အစီအစဉ် စက်တွေပဲ ။ အသက် ငါးသက်ပြည့်မှ ခြံဝန်းထဲ ဝင်နိုင်မယ် ။ တစ်ပွဲတိုး အောက်လမ်းက ထွန်းထွန်းဦးတို့ မိသားစုနဲ့ သူ့ဆွေမျိုးတွေထဲက နှစ်ယောက်ကို အသေကိုတိုက်ထားတာ ဗျ ။

” ဟင်…ဟာ…ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆရာကြီး…”

ဆရာပွား စဉ်းစားလိုက်တယ် ။ ပြီးနောက် … “ကဲ…ဟေ့…တစ်ယောက်ယောက် ကြက်အရှင် သုံးကောင်လောက် အမြန်ရှာယူခဲ့ချေ ” သို့ကလို ပြောနေစဉ်အတွင်း ရွာခွေးတစ်ကောင်မှာ လူတွေကြားထဲမှ တိုးဝင်ပြီး ခြံဝန်းအတွင်းသို့ ရုတ်တရက် ဝင်ရောက်သွားတယ် ။ ချက်ချင်းမှ ချက်ချင်းဆိုသလိုပဲ ဗျာ…ခြံဝန်းအပေါက်ဝမှပင် “ကိန်ခနဲ ” တစ်ချက်သာ အော်နိုင်ပြီး ခွေခနဲ လဲကြသေဆုံးသွားတယ် ။ ခြံဝန်းတံခါးနီးရှိ့ လူတစ်ချို့မှာလဲ ကြောက်လန့်တကြား နောက်သို့ ရှဲသွားကြတယ် ။ ခဏကြာသော် ကြက်သွားရှာသူတွေ ပြန်ရောက်လာကြတယ် ။

” ဟုတ်ပြီ…ကဲဟေ့ တစ်ယောက်ယောက် ဒီကြက်ကိုအပေါ်မြှောက်ပြီး ခြံဝန်းထဲကို ဦးတည်လွှတ်လိုက်ချေ…”

ဆရာပွား စကားဆုံးသည်နှင့် ကြက်ကိုခြံထဲသို့ ဦးတည် မြှောက်လွှတ်လိုက်တယ် ။ ခနအတွင်းမှပင် ခြံဝန်းထဲ ရောက်ပြီး မြေပေါ်မကြမီအချိန်…တစ်စုံတစ်ယောက်က ရိုက်ပုတ်လိုက်သလို ဖတ်ခနဲ ပြုတ်ကြသေဆုံ့းသွားတယ် ။

” ဟုတ်ပြီ…နောက်တစ်ကောင်ကို ထပ်လွှတ်ကြည့် “ဟု ဆိုပြန်ရာ ရှေ့နည်းတူ လွှတ်လိုက်ပြန်တယ် ။ ဒီကြက်လဲ သေအုံးမှာပဲလို့ အားလုံး ထင်လိုက်ကြတယ် ။ သို့သော် ခြံထဲရောက်ရှိ့သွားသော ကြက်မှာ ဘာမှမဖြစ်ပဲ အစာလိုက်ကောက် နေလေသည်ကို တွေ့လိုက်တော့ အံ့သြသွားကြသည် ။

ထိုစဉ် ဆရာပွားက ” ခုချိန်ကစပြီး ဘယ်သူမဆို ခြံထဲဝင်နိုင်ပါပြီ ။ တစ်ပွဲတိုး အောက်လမ်းရဲ့ စက်တွေလဲပျက်သွားပါပြီ ။ တစ်ပွဲတိုး အောက်လမ်းက ငါးသက်သေအောင်ပဲ တိုက်ထားတာ ။ ထွန်းထွန်းဦးတို့ မိသားစု သုံးဦးအပါအဝင် ခွေးတစ်ကောင်…ကြက်တစ်ကောင် အသက်နဲ့ဆို ငါးသက်ပြည့်ပါပြီ ။ဒါမို့ နောက်ဆုံးလွှတ်လိုက်တဲ့ ကြက်မသေတော့တာပေါ့ ။ ခုချိန်ကစပြီး ဝင်ချင်တဲ့သူ ဝင်နိုင်ပါပြီ ” ဟု ပြောလိုက်တယ် ။ ဒါပေမယ့် ဘယ်သူမှချက်ချင်းမဝင်ရဲကြဘူး ။ ဟုတ်တယ်လေ …အောက်လမ်းစက် မပြတ်သေးဘဲ ဝင်မိချေက အချောင်သေရမည့်ကိန်းရယ် ။ ရွာသူရွာသားတွေရဲ့ အခက်အခဲကို ဆရာပွား နားလည်ပါတယ် ။ ဒါကြောင့် ” ကဲ…ကျုပ်ကရှေ့ဆုံးက ဝင်မယ် ။ အနောက်က လိုက်ဝင်ချေ ” ဟုဆိုကာ ရှေ့ဆုံး က ဦးဆောင်ဝင်ခဲ့တယ် ။ ဒါတောင် အနားက ကပ်လိုက်မလာပဲ ခပ်လှမ်းလှမ်းကနေပဲ လိုက်လာဝံ့တယ် ။ ခြံထဲရောက်ပြီးချိန်ထိ ဘာမှထူးခြားမူ့မရှိ့သောကြောင့် ရွာသူရွာသားများ စိတ်ချလက်ချဖြစ်ကာ အလောင်းကိစွနှင့် အလုပ်ရှုပ်သွားတော့သည် ။ ဆေးဆရာ ဦးပွားကလဲ ပြသာနာကို ဖြေ ရှင်းပေးပြီးနောက် ခင်သုန်အိမ်သို့ ထွက်လာခဲ့လေသည် ။ခင်သုန်က ဆရာပွား လာမည်မှန်းသိတာကြောင့် အိမ်ပေါက်ဝမှ ဆီးကြိုလေတယ် ။

” သမီး ခင်သုန်…သမီး ဒီပညာကို ဘယ်က တတ်လာတာလဲ ။ ဆရာကို ပြောစမ်း …” ဟုဆရာပွား မေးလိုက်တယ်။

” ကျွန်မရဲ့ သမီးလေးမရှိ့တော့တဲ့ နောက်ပိုင်းမှာ လူလောကထဲ ဆက်လက် မနေချင်တော့ဘူး ။ ကိုယ့်ကိုယ်ကို သတ်သေဖို့ထိ စဉ်းစားခဲ့တယ် ။ ဒါပေမယ့် သမီးလေးကို သူတို့လှေကားက တွန်းချတယ်လို့ပဲ စိတ်စွဲနေမိလေတော့ သတ်သေဖို့ အစီအစဉ်ကို လက်လျှော့လိုက်ပြီး သူတို့ကို လက်စားပြန်ချေမယ်လို့ ဆုးံဖြတ်ခဲ့တယ် ။ အဲ့ဒီနောက် သမီးရွာက ထွက်လာခဲ့တယ် ။ ရွာကထွတ်လာပြီး ခြေဦးတည့်ရာ လျောက်သွားနေရင်း တောင်ခြေရွာလေး တစ်ရွာကို ရောက်ရှိ့သွားတယ် ။ ခရီးပန်းလာတဲ့ဒဏ် အစာအဟာရပြတ်လပ်မူ့ ဒဏ်တွေကြောင့် သမီးအားပြတ်ပြီး မေ့မျောသွားခဲ့တယ် ။ သမီးပြန်သတိရလာတော့ အဘွားအိုတစ်ဦးက ကယ်ဆယ်ထားတယ်ဆိုတာ သိလိုက်ရတယ် ။ သမီးလဲ သွားစရာမရှိ့တာနဲ့ အဘွားအိမ်မှာ လအတော်ကြာအောင် နေထိုင်ခဲ့တယ် ။ အဲ့ဒီမှာပဲ အဘွားနဲ့ အနေကြာရင်း သံယောဇဉ်တွေ ဖြစ်မိကြတယ် ။ နောက်တော့ သူအကြောင်း ကိုယ့်အကြောင်းလေးတွေ ရင်ဖွင့်ရာကနေ အဘွားက အောက်လမ်းပညာသည် ဆိုတာ သိလိုက်ရတယ် ။ ဒီလိုသိလိုက်ရတာဟာ ထွန်းထွန်းဦးတို့အတွက် ကံဆိုးဖို့ ဖြစ်သွားခဲ့တယ် ။ အဘွားကို အောက်လမ်းပညာရပ်တွေသင်ပေးဖို့ သမီးတောင်းဆိုခဲ့တယ် ။ အဘွားကလဲ သင်ပေးခဲ့တယ် ။ ဒါပေမယ် အောက်လမ်းပညာထဲက တစ်ပွဲတိုး အောက်လမ်းပညာရပ်ကိုပဲ သင်ခွင့်ပြုခဲ့တယ် ။ ဒီပညာက တစ်ကြိမ်တစ်ခါပဲ အသုံးပြုရတယ် ။ တစ်ကြိမ်အသုံးပြုပြီးတာနဲ့ အောက်လမ်းပညာတွေ သူကိုယ်က ထွက်သွားတယ် ။ ဒီပညာကို မတတ်တဲ့ ရိုးရိုးလူ တစ်ယောက်ပြန်ဖြစ်သွားတယ် ။ ကောင်းတာက ဒီတစ်ပွဲတိုး အောက်လမ်းပညာကို ကမ္မဇိဒ္ဓ တန်ခိုးကြီးတဲ့ နတ်တွေက စောင့်ရှောက်ကူညီပေးကြတယ် ။ ဒါကြောင့် တော်ရုံဆရာတစ်ယောက်အနေနဲ့ ကြားဝင် ဖြတ်ဆီးဖို့ မဖြစ်နိုင်ဘူး ” ဟုရှည်လျှားစွာ ရှင်းပြလေသည် ။

ဆရာကြီး ဦးပွား…ခင်သုန်မျက်နှာကို ကြည့်လိုက်တယ် ။ ခင်သုန် မျက်နှာ တည်ငြိမ်နေတယ် ။
တစ်ပွဲတိုးအောက်လမ်းပညာနဲ့ လူအသက်တွေကို သေတဲ့အထိ သူ့ရဲ့ရက်စက်တဲ့ လက်စားချေမူ့ကို ဘယ်ပုဒ်မ ဥပဒေနဲ့မှ အရေးယူလို့ မရပေမယ့် …သံသရာထဲက ဘဝတစ်ခုခုမှာတော့ မဖြစ်မနေပေးဆပ်ရမယ်ဆိုတာ သိနေတဲ့မျက်နှာ …ဒီလိုအပြစ်ကြွေး ဆပ်ရမယ့်အချိန်ကျရောက်လာရင်လည်း ရဲရဲဝံ့ဝံ့ ခံယူလိုက်မယ်ဆိုတဲ့ မျက်နှာ မျိုးဆိုတာ ဆရာကြီး ဦးပွား သတိပြုမိတယ် ။

” ပြီးခဲ့တာတွေ ပြီးပါစေတော့ သမီးရယ်…အခုအချိန်ကစပြီး ရတနာသုံးပါးကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပူဇော်ပါ ။ ကံငါးပါးကို လုံအောင်ထိန်းပါ ။ ကဲ…ဆရာကြီး ပြန်မယ်…သမီး …”

ခင်သုန် ဆရာကြီးကို ပုဆစ်ဒူးတုပ်ပြီး ထိခြင်းငါးပါးနဲ့ ကန်တော့တယ် ။ ဆရာကြီး စကားကိုလည်း မြေဝယ်မကြ နားထောင်ပါမယ်လို့လည်း ကတိပြုတယ် ။ ဆရာကြီး ဦးပွား ပြန်သွားချိန်မှာတော့ ခင်သုန်မျက်လုံးအိမ်က မျက်ရည်တွေ တပေါက်ပေါက်ကြလာတယ် ။ ဒီငိုကြွေးခြင်းဟာ ကလဲ့စားချေလိုက်ရတဲ့အတွက် ဝမ်းသာလွန်းလို့ ငိုကြွေးခြင်းလား …ဒါမှမဟုတ် သံသရာ ခရီးရှည်ကြီးကို မျှော်တေွးရင်း ကြောက်လှန့်လို့ ငိုကြွေးခြင်းလား သူစိတ်ထဲ နှလုံးသားထဲမှာ ဘယ်လိုခံစားရမူ့မျိုးနဲ့ ငိုတဲ့ငိုကြွေးခြင်း ဖြစ်မလဲ …ခင်သုန်က လွဲပြီး ဘယ်သူမှ သိနိုင်မည်မဟုတ်ပါဘူး…

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )
#လေးစားစွာcreditပေးပါတယ်ဗျ