” လူကဖြစ်သောမျောက် “(စ/ဆုံး)

Unicode Version

” လူကဖြစ်သောမျောက် “(စ/ဆုံး)
———————————-

ဝါမွေတောင်တန်းကြီးကို ရစ်ပတ်စီးဆင်းလာခဲ့သောနန်းပန်ဝါချောင်း
ကြီးကလည်း အိန္ဒိယ-မြန်မာ နယ်ခြားရာအဖြစ် အထင်အရှား သတ်မှတ်
ထားပေသည်။ရှမ်း – မြန်မာအခေါ် လက်ခပ်တောင်ခိုးနှင့် ဝါဒမွေတောင်
တန်းကြီးကို ရစ်ပတ်၍ စီးဆင်းနေသော နန်းပန်ဝါချောင်း၏ လက်ဝဲဘက်
ကမ်းသည် မြန်မာပိုင်နယ်မြေအဖြစ် ထင်ရှားပေါ်ပေါက်နေ၏။
ထိုအရပ်ဒေသတွင် ခေါင်ဆယ် ချင်းလူမျိုး အများအပြား နေထိုင်လျက်
ရှိရာ ဟော်မွန်အမည်ရှိ ခေါင်ဆယ်ချင်းရွာကလေးမှာ မြန်မာနယ်မြေအဖြစ်
ထင်ရှားအောင် သရုပ်ဆောင်လျက်ရှိ၏။
ဟော်မွန်းရွာကလေးမှာ နန်းပန်ဝါချောင်း၏ လက်ဝဲဘက်ကမ်းတွင်
တည်ရှိလေရာ ငါမွေတောင်တန်းနှင့် (၁၀)မိုင်ခန့် ကွာဝေးလေသည်။
ဟော်မွန်းရွာသားတို့မှာအများအားဖြင့်တောင်သူယာခုတ်ဆင်းရဲ
သားများ ဖြစ်ကြ၏။ ချင်းလူမျိုး ကိုထော်ရိုက်နှင့် မသဲပွန်တို့ လင်မယားမှာ
ဝါပွေတောင်ခြေရိုးတစ်လျှောက်တွင် ကိုယ်ပိုင်လှည်းနွားကလေးဖြင့်
ထင်း ခုတ်၍ထင်းရောင်းသောအလုပ်ဖြင့် အသက်မွေးကြသူများ ဖြစ်လေသည်။
သားသမီးမရှိ၊ လင်ကိုယ်မယားနှစ်ယောက် တစ်နွေနှင့် တစ်ဆောင်း တွင်းလုံး၊
ပါမွေတောင်ခြေရိုးတစ်လျှောက်မှ တောထင်းရိုင်းများကို ခုတ်၍ ဖြတ်တောက်
ကာ ပြုပြင်ပြီး အလှမ်းကွာသောမြို့ပေါ်သို့တက်၍ ရောင်းချ လေ့ရှိ၏။
တောင်ခြေမှ ရသမျှ တောထင်းရိုင်းများကို အိမ်တွင် အသင့်ဖြတ် တောက်
စုဆောင်း၍လည်းထားရသေး၏။ နွေအကုန် မိုးကျသောအခါများ တွင်
ထင်းဈေးမှာ ပို၍ကောင်းတတ်သဖြင့် တစ်နွေတစ်ဆောင်း သိုလှောင်
စုဆောင်းထားသော ထင်းများမှာ ကိုထော်ရိုက်တို့လင်မယားအား
တစ်မိုးတွင်းလုံးအေးအေးဆေးဆေးထိုင်စားနိုင်၏။
မသဲမွန်တွင် (၂)လကျော်နေပြီဖြစ်သော ကိုယ်ဝန်မှာ ယခုအကြိမ်ပါ
ဆိုလျှင်တတိယအကြိမ်မြောက်ဖြစ်၍ယခင်ကနှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်
ရှိ၍ကလေးနှစ်ယောက် မွေးဖွားခဲ့ဖူးသော်လည်းအဖတ်မတင်ခဲ့ပေ။
ဒါကြောင့်ပင် ကိုထော်ရိုက်ရာ မသဲမွန်ပါ သားသမီး အဖတ်
မတင်ခဲ့ဘူး သဖြင့် ယခုအကြိမ် မသဲမွန်၏ ကိုယ်ဝန်အား
လင်မယားနှစ်ယောက်လုံး အရိပ်တကြည့်ကြည့်ရှိခဲ့ပေသည်။
ပို၍ကဲသည်မှာ ကိုထော်ရိုက်ပင် ဖြစ်၏။ ကိုထော်ရိုက်သည်
ကလေးအလွန်လိုချင်နေသူဖြစ်သောကြောင့်မသဲမွန်၏တတိယ
အကြိမ်မြောက် မွေးဖွားမည့်ကလေးအတွက် ကြိုတင်၍ ဆေးဝါးများ
မှာပြီး မီးတွင်းသုံးရန် အသုံးအဆောင်ပါမကျန် ရှာဖွေစုဆောင်း၍
မသဲမွန်၏ဗိုက်ကို မျက်ခြည် ပြတ်မခံအောင် ဂရုစိုက်လေ၏။
မပြင်ရသေးသော ကလေးငယ်အတွက် လင်မယားနှစ်ယောက်
စိတ် ကူးဖြင့်လည်း ကြည်နူး၍ရူးခဲ့ကြသေး၏။
မိုးဦးကျခါနီးပြီဖြစ်၍ ကိုထော်ရိုက်သည် တောင်ခြေမှ ထင်းကလေးရ
သမျှတစ်ခေါက်နှစ်ခေါက်တိုက်ထားရန်ပြင်ဆင်ရပေသည်။
မသဲမွန်ကလည်း ကိုယ်ဝန်ကြီးနှင့်ဖြစ်လင့်ကစား နံနက်စောစော
ထင်း ခုတ်သွားရာတွင် လိုအပ်သည်တို့ကို ကူညီလုပ်ကိုင်ပေးနေရုံ
မက ကိုသော် ရိုက်နှင့် ထင်းခုတ်ထင်းတိုက်ရာတွင် လိုက်ပါကူညီရန်လည်း အသင့်ပြင်ရ သေး။
ကိုထော်ရိုက်သည် နွားစာစင်းပြီး၍ ထင်းခုတ်ဓားမကြီး
နှစ်ချောင်းကို သွေးရင်းမသဲမွန်၏ကိုယ်ဝန်အကြောင်းကို တွေးနေ၏။
(၂)လဆိုသည်မှာ မွေးဖွားရန် ဝေးကွာသေးသော်လည်း
မိုးအကျနှင့် မွေးဖွားမည့်အချိန်တိုက်ဆိုင်ကြုံကြိုက်၍လည်းဝမ်းသာရသေး၏။
မသဲပွန်ပီးဖွားရေးအတွက်သက်သက်မဲ့ အလုပ်နားရန်
မလိုတော့ပေ။ မိုးတွင်းဆိုလျှင် သူတို့အလုပ်က နားရမြဲဖြစ်၏။
ထန်းရွက်တဲအတွင်းမှ အသင့်ဖြတ်ပြီး ထင်းပုံကြီးကိုကြည့်၍လည်းပီတိဖြစ်မိ၏။
ကိုထော်ရိုက်သည် သွေးထားသောဓားမနှစ်ချောင်းကို
လှည်းဦးဓားမ ချပ်တွင် စိုက်လိုက်၏။ စင်းထားပြီးသောနွားစာများကို
နွားစားကျင်းတွင် ထည့်၍ဇွဲနက်ပြီး နယ်၍ကျွေးလိုက်၏။
ကြိုးခွေကြီးနှစ်ခုနှင့်ပေါက်တူးတစ်လက်ကိုကောက်ရိုးများ
တင်ထား သော လှည်းကပ်ပေါ်သို့ ပစ်တင်လိုက်သည်။
မသဲမွန်မှာလည်း ညစာအတွက် ချက်ပြုတ်ပြီး နံနက်စောစော
တောင် ခြေသို့ယူရန် ဆတ်သားခြောက်ဟင်းအိုးကို မီးကြီးရဲရဲနှင့် နှပ်ထားလိုက် ၏။
ကိုထော်ရိုက် အလုပ်ပြီးလာသည်နှင့် အသင့်ခူးခပ်ထားသော
ညစာ ထမင်းကိုလင်မယားနှစ်ယောက် မြိန်ရှက်စွာ စားသောက်ကြလေ၏။
လင်းခါနီးအချိန်သည်အမှောင်ဆုံးဟုဆိုသည့်အတိုင်းအရုဏ်မတက်
မီအမှောင်ထုသည် တစ်ရွာလုံးအားလွှမ်းခြုံထား၏။
ကိုထော်ရိုက်သည် ရေနံဆီမီးခွက်ကို မုန့်သေတ္တာဘူးခွံတွင်
ထည့်၍ နွားတင်းကုတ်ဆီသို့ ထွက်လာခဲ့၏။ ကိုထော်ရိုက်၏ နွားနီကြီးတစ်ရှဉ်း
သည် မှောင်နှင့်မည်းမည်းတွင် ညနေက စားခဲ့သောအစာများကို
စမြုံ့ပြန် နေကြသည်သူတို့၏သခင် ကိုထော်ရိုက်ဝင်လာသည်နှင့်
နွားနီကြီးတစ်ရှဉ်းမှာ ဝပ် နေရာမှ ခေါင်းထောင်ပြီး မတ်တတ်ရပ်
လိုက်ကြသည်။ ကိုထော်ရိုက်က လည်း သူ၏ စီးပွားဘက် နွားနီကြီး
တစ်ဉ်းကို ယုယကြင်နာစွာ ကျောကို သပ်၍ ညကစင်းထားသော
ပြောင်းရိုးများကို စားကျင်းသို့ ဖြည့်ပေးပြီး၊ လှည်းအိမ်ကိုထမ်းပိုးတုံး
မှထုတ်ကာအိမ်ရှေ့သို့ရွှေ့လိုက်သည်။
လှည်းအိပ် ကိုလှည်းဦးမှလည်းဖေါက်ခွဲဖြင့် ထောက်ထားလိုက်၏။
ကိုထော်ရိုက်ကောင်းကင်သို့ မော့ကြည့်လိုက်သောအချိန်တွင်
အ မှောင်ထုမှာ ခပ်ပါးပါးသာ ကျန်တော့၍ အရုဏ်တက်စပြုပေပြီ။
သို့သော် စနေထောင့်ဆီမှ အလိပ်လိပ်တက်လာနေသောမိုးသားတို့
မှာအလင်းရောင် ခပ်ပါးပါးကို ဖုံးလွမ်းစပြုပြီဖြစ်၏။
မီးဖိုထဲမှ မသဲမွန်သည်လည်း နှပ်ပြီးသား ထမင်းအိုးကို
ဇလုံထဲသို့ ယောက်မနှင့်ယက်၍အားလုံးသတ်ရလိုက်၏။
ဆတ်သားခြောက်ငရုတ်သီး စပ်စပ် ချက်ထားသောဟင်းကို
ပန်းကန်လုံးထဲသို့ အကုန်ခပ်၍ ဇလုံထဲမှ ထမင်းများအလယ်တွင်ဖိ၍မြှုပ်လိုက်၏။
ခရမ်းချဉ်သီး လေးငါးလုံးကို ပြာပူတွင် အုံးထားရာမှ
ဆယ်လိုက်ပြီး ငရုတ်ဆုံထဲထည့်၍ငရုတ်သီးနှင့်ခပ်ဖွဖွ
ထောင်းလိုက်ပြီးဇလုံဘေးမှထမင်းများကိုယက်၍မြှုပ်လိုက်ပြန်၏။
ပို့မောက်ကြွတက်နေသော ထမင်းဇလုံပေါ်သို့ ဇလုံတစ်လုံးမှောက်၍
ဖုံးလိုက်ပြီး ထမင်းထုပ်သည့် ဖျဉ်စဖြင့် အဝတ်လေးဖက်စကို
တင်းနေ အောင်ဆွဲ၍ ချည်လိုက်သည်။
ဆက်လက်၍ ရေဘူးတွင် ရေဖြည့်ပြီး၊ ထမင်းထုပ်နှင့်
ရေဘူးကိုယူ၍ အိမ်ရှေ့သို့ထွက်လာခဲ့သည်။
ကိုထော်ရိုက်သည် မသဲမွန်ကို လှမ်းကြည့်ပြီး –
“ခပ်သုတ်သုတ်လုပ်ဟေ့၊ မိုးက စိတ်မချရဘူး၊
တောင်အတက် မိုးနဲ့တွေ့နေမယ်”
ဟုအော်ပြောလိုက်သည်။ မသဲမွန်ကလည်း
“ပြီးပါပြီတော်၊လှည်းသာ ကောက်ပါတော့”
ဟု ပြန်ပြောရင်း ထမင်းထုပ်ကို လှည်းပေါ်သို့ လှမ်းတင်လိုက်လေသည်။
“မိုးနဲ့လေနဲ့ မင်းကလည်း မပေါ့မပါးနဲ့၊ မလိုက်စေချင်ဘူးကွာ”
ကိုထော်ရိုက်သည် နွားနှစ်ကောင်ကို ဆွဲလာရင်း ပသဲမွန်ကို
မလိုက် စေလိုသောဆန္ဒဖြင့် ကန့်ကွက်လိုက်၏။
မသဲမွန်က ရေဖြည့်ထားသောရေဘူးကို ဓားမရပ်တွင် ချိတ်လိုက်ပြီး
“အို-ကိုထော်ရိုက်နှယ်၊ လင်သွား မယားပါပေါ့တော့
မပေါ့မပါးနဲ့ လည်း ဘာဖြစ်လဲ၊ ဒီလို လူတကာတွေလည်းလုပ်ကိုင်စားနေကြတာပဲ…”
“ဒါတော့ … ဒါပေါ့..
မိုးရွာရင် ကိစ္စမရှိဘူး၊ မတော်လို့ မိုးရွာလာရင်
တောင်တက်တောင်ဆင်းမှာ လှည်းကဆောင့်ပါဘိနဲ့မို့ပါဟ..”
“ကိစ္စမရှိပါဘူးတော်၊ မနက်ပိုး ရေဘူးဆောင်တဲ့၊ အဆိုတောင် ရှိသေး တယ်၊ မနက်စောစော ရွာတဲ့မိုးဟာတစ်နေ့လုံး နေပူတတ်သတဲ့ ….” “ကိုင်း … ဒါဖြင့်လည်း တက်တက် … နေမြင့်နေမယ်၊ သွားကြစို့” ဟုပြောပြီး..ကိုထော်ရိုက်သည် နွားစားကြိုးကိုလျှော့၍ နှင်တံကို
မြှောက်လိုက်လျှင် နွားနီကြီးတစ်စဉ်းသည် အချက်ကျကျဆွဲသွားလ တော့သည်။
မြင့်မားမတ်စောက်သော ဝါမွေတောင်တန်း၏ ဆင်ခြေလျှော
တောင် ခြေတစ်ဝိုက်တွင် ခုတ်မကုန်သော သစ်ရာ၊ အင်ကြင်း၊
ပျဉ်းကတိုးနှင့် သန်း၊ ဒဟတ်ပင်တို့ ထူထပ်စွာ ပေါက်ရောက်လျက်ရှိပေသည်။
ထင်းပင်ပေါသော တောင်ခြေတစ်နေရာတွင် လှည်းကိုချွတ်၍
သစ်ရာ ပင်ကြီးအောက်တွင် ကိုထော်ရိုက်တို့ စ,တည်းချကြလေ၏။
လှည်းချွတ်၍ နွားများကို မြေညီသော သစ်ပင်ရိပ်တွင်
လှန်ထားပြီး၊ လှည်းပေါ်မှ ကောက်ရိုးများကိုရ၍ကျွေးလိုက်၏။
မသဲမွန်က ထုံးစံအတိုင်း သစ်ပင်ရိပ်တွင် မီးမွှေး၍ရေနွေးအိုးတည်ရန်
ပြင်ဆင်ရလေ၏။
“ဟောတော့-ကိုထော်ရိုက်တို့ .. လုပ်လိုက်မှဖြင့်လေ – အရေးတကြီးချည့်ပဲ….”
“ဘာများလဲဟ – သဲမွန်ရ –
“ဘာရမလဲတော့ – တော် – အရေးတကြီးလုပ်တာနဲ့ ရေနွေးအိုးမေ့ ထားခဲ့ပြီ….”
“ထားလည်း ရေဘူးပါသားပဲဟာ၊ နေပေ့စေ-ရေနွေး ပတည်နဲ့တော့”
ဟုပြောပြီး ကိုထော်ရိုက်သည် ဓားမတစ်ချောင်းဖြင့် တောစပ်သို့ဝင်၍ ထင်းခုတ် စ.လေ၏။
မသဲမွန်ကလည်း ကိုထော်ရိုက် ခုတ်၍ရသမျှ ထင်းတို့ကိုရွက်၍လည်း ဆီသို့ သယ်ပေးရ၏။ ပြီးတန်သမျှပြီးအောင် လှည်းပေါ်သို့ တင်နိုင်သရွေ့ လည်းတင်ပေးထား၏။
နေအတော်မြင့်သောအခါ ခေတ္တနား၍လင်မယားနှစ်ယောက် ထမင်း ထုပ်ကိုဖြေ၍စားကြလေ၏။
အိမ်က မထွက်မီက မသဲမွန်ပြောသကဲ့သို့ နံနက်မိုး ရေဘူးဆောင်ဆို သည့်အတိုင်း တစ်နေ့လုံး နေပူ၍ နံနက်က မိုးသားမိုးရိပ်တို့မှာ ဘယ်ဆီ လွင့်သွားလေသည်မသိတော့ပေ။
နေ့လယ်ပိုင်း ခေတ္တအနားယူပြီး ကိုထော်ရိုက် တောတစ်ခါပြန်ဝင် သောအခါတွင်မူ ရုတ်တရက် နေလုံးပျောက်၍ နံနက်ကလောက် မများ သော်လည်း မိုးသားကလေး ခပ်ပါးပါးတက်လာသဖြင့် မိုးအုံ့အုံ့နှင့် ကိုထော် ရိုက်မှာ အလုပ်ပို၍ တွင်နေ၏။ မိုးအုံ့နေသည်ကတစ်ကြောင်း၊ လောဘ ာကတစ်ကြောင်းဖြင့် ကိုထော်ရိုက်မှာ ထင်းများကို သဲသဲမဲမဲ လိုက်ခုတ် နေလရာ ပြန်ချိန်ကိုပင် ခန့်မှန်း၍မရလိုက်ချေ။
ကိုထော်ရိုက် ထင်းခုတ်ပြီးစီး၍ခုတ်ပြီး ထင်းများကို လည်းဆီသို့ သယ် ယူနေသောအခါမိုးသားများဖုံး၍နေလုံးပင်ဝင်သွားပေပြီ။
“ဟာ ..မိုးတွေကလည်း တက် – နေလုံးလည်း ပျောက်သွားပြီ၊ ဟေ့ – တို့တော့ အတော်နောက်ကျနေပြီ၊ လုပ်ဟေ့ … လုပ် – သဲမွန် အမှောင်မများ ခင် တို့များ မြေပြင်ရောက်မှဖြစ်မယ်၊ အခုနေ မိုးရွာလိုက်ရင် ဒုက္ခဟ” “ဒါကြောင့် ကျုပ်က သတိပေးနေသားပဲ၊ တော်က လောဘကြီးပြီး၊ တောထဲဇွတ်ဝင်နေတာကိုး၊ ပိုးတွေက ပြောရင်းဆိုရင်းတက်လာပြီ…” “အေးပါဟ .. မြန်မြန်တင် မြန်မြန်ကြိုးချည် … သွားကြစို့ …” လင်မယားနှစ်ယောက်ခုတ်ပြီးထင်းများကို လှည်းပေါ်တင်၍ ကဗျာ ကရာကြိုးချည်နေစဉ် မိုးသက်လေ ရှေ့တော်ပြေးသည် အေးခနဲလာ၍နှုတ် ဆက်လိုက်၏။
“မိုးသက်လေတော့ လာပြီဟေ့..တောင်ခြေမှာ မိုး စ.ရွာပြီထင်တယ်”
“ဟာ…
ကိုထော်ရိုက်သည်ပြောရင်းဆိုရင်းစနေထောင့်၊ရာဟုဒေါင့်များဆီမှအလုံး
အခဲနှင့်တက်လာသော လေနှင့်မိုးကိုကြည့်ပြီး လန့်သွားလေ၏။
“တို့တော့ မိုးကို ပြေးမလွတ်တော့ဘူး၊ ဟေ့-မိုးချည်းဆို
ကိစ္စမရှိဘူး၊ လေပါ,ပါတယ်၊နွားတွေမြဲမြဲချည်မှ သဲမွန်ရေ..”
ကိုထော်ရိုက်သည် နွားများကို အပြေးကလေးသွား၍ ချည်နေစဉ်
ရုတ်တရက် သည်းထန်စွာ ရွာချလိုက်သောပိုးကြောင့် ကိုထော်ရိုက်
သည် နွားချည်နေရာမှ သဲမွန်ဆီသို့ အပြေးကလေးရောက်လာပြီး
သစ်ရာပင်ရ ရင်းတွင် လင်မယားနှစ်ယောက် ပါလာသော
လုံချည်ဟောင်းကလေးများ ခြုံ၍မိုးခိုကြရလေ၏။
မိုးသည်းထန်စွာရွာနေသည့်ကြားမှ ရာဟုလေက အရှိန်ပြင်း
ပြင်းဝင်၍ တိုက်လေရာ တစ်တောလုံး မှောင်၍ တဝုန်းဝုန်း
မြည်ကာ လေသံမိုးသံဖြင့် ဆူညံနေသည်။
ကိုထော်ရိုက်တို့ခိုနေသော သစ်ရာပင်ကြီးမှာ လေဒဏ်ကြောင့်
တကျွိကျွိ ပြည်၍ ဘယ်ညာယိမ်းထိုးနေပြန်သဖြင့် လင်မယားနှစ်ယောက် မိုးစိုသည် ထက်
သစ်ပင်ပိမည်ကို စိုးရိမ်နေကြရပြန်သည်။
မိုးက သည်းထန်စွာ ရွာသလောက် လေကလည်း ပြင်းပြင်းထန်ထန်
တိုက်ရင်း တစ်စတစ်စ မိုးအမှောင်မှသည် ညအမှောင်သို့ ပြောင်း၍လာ လေ၏။
ကိုထော်ရိုက်သည် လေဒဏ်မှ ကာကွယ်နိုင်ရန် တောင်ခြေကျောက်
ချိုင့်များ ကျောက်ခေါင်းများကိုသတိရလာသည်နှင့်လင်မယားနှစ်
ယောက် မိုးသည်းသည်းမှောင်နှင့်မည်းမည်းတွင်တောင်ခြေအရောက်မှန်း၍ပြေးကြရပြန်၏။
တစ်ချက်တစ်ချက် ဝင်းခနဲ လက်လိုက်သော လျှပ်စီးရောင်ဖြင့် တစ်
ဆင့်တစ်ဆင့်နား၍ပြေးလာခဲ့ရင်းလင်မယားနှစ်ယောက်စာခိုသာရုံရှိသော
ကျောက်ကမ်းပါးအပဲ့လိုဏ်ခေါင်းကလေးတစ်ခုကို တွေ့ကြသည်
နှင့်တောင် ကမ်းပါးယံကိုကျောနှင့်ပြားနေအောင် ကပ်၍ ခိုနေကြလေ၏။ တောင်ကမ်းပါးယံ
ကျောက်ခေါင်းကလေးရောက်ပြီး အတော်ကြာမှ လေ
ရောမိုးရောငြိမ်သက်သွားလေရာကိုထော်ရိုက်မှာထိုအချိန်မှဟင်းခနဲ
သက်ပြင်း ချနိုင်ပေတော့သည်။သို့သော် … (၂)ယောက်စလုံးပင်
ရွှဲရွှဲစို၍ ခိုက်ခိုက်တုန်နေပြန်၏။ “သဲမွန် – မင်းအိတ်ထဲမှာဓာတ်
မီးခြစ်ကလေးပါသေးရဲ့လား” မသဲမွန်သည် ချွေးခံအင်္ကျီအိတ်ထဲမှ
ဓာတ်မီးခြစ်ကို နှိုက်၍ ကိုထော် ရိုက်အား လှမ်းပေးလိုက်သည်။
“အေး…တော်သေးရဲ့မီးတော့ပွင့်တယ်။ရေမဝင်သေးဘူး။ အေးနေလို့
ခြစ်မရတာ။ နေဦး – မိုးလွတ်တဲ့
ကျောက်ခေါင်းထဲကထင်းခြောက်ကလေး
တွေကောက်ဦးမယ်။ မင်းက မီးတောက်အောင် ခြစ်ထားနှင့်”
ဟု ပြောပြီး ကိုထော်ရိုက်က ထင်းခြောက် နှိုက်နေစဉ်
မသဲမွန်က ဓာတ်မီးခြစ်ကို မီးတောက်အောင် ခြစ်၍ရလေ၏။
ခဏအကြာတွင်သူတို့ မိုးခိုနေသောကျောက်ခေါင်းထက်ပို၍
ကြီးသောလိုဏ်ခေါင်းတစ်ခုကိုကိုထော်ရိုက်ကတွေ့ရှိလာ
သဖြင့်ပြောင်း၍ နှစ်ယောက်သား ထင်းခြောက်ကလေးများ
ဖြင့် မီးဖိုကလေးဗို၍ ရသွားလေ၏။
နှစ်ယောက်သားအဝတ်အစားများကိုမီးကင်ရင်းထင်းကိုင်း
အစိုကလေး များကိုပင်တဖြည်းဖြည်းခြောက်အောင်မီးကင်
ယင်းမီးဖိုဘေးတွင် အအေးဒဏ်မှ ကာကွယ်ရလေသည်။
“သဲမွန်ရေ … ငါတော့ အခုမှ ဆာလာသကွာ”
ကိုထော်ရိုက်က ပိုနေသော ထင်းချောင်းများကို မီးကင်ယင်း လှမ်း၍ ပြောလိုက်၏။
“အင်း … တော်ဖို့ ဆာအားတယ်။ ကျပ်ဖြင့် ထမင်းဆာရဖို့
နေနေသာ သာအခုမှအသက်ရှူနိုင်တော့တယ်”
“နွားတွေလည်း ဘယ်လိုနေသလည်း မသိဘူး။ ဒို့တော့ ကနေ့ညမှာ
ပဲ မိုးလင်းရလိမ့်မယ်။ ပြန်လို့မရဒတာ့ဘူး”
“ဒါပေါ့တော်… ဖြစ်သမျှကပဲ ကနေ့တစ်ညတော့ ထမင်းငတ်ကြရောပေါ့ပြန်၏။
“တစ်နပ်တလေဘဲကွာ”
ကိုထော်ရိုက်သည် ဝမ်းထဲမှ ဆာနေလျက်နှင့် မသိမွန်အား အားပေးရ
ထိုအခိုက် ကျောက်ကမ်းပါးယံအထက်ပိုင်းဆီမှ ကို
ကွိုဆိုသော မြည်သံနှင့်အတူ “ဗုန်းခနဲ မည်းမည်းအရာဝတ္ထုကြီးတစ်ခု ၎င်းတို့ မီးဖိုနား
သို့ကျလာပြီးမသဲမွန်၏ အမယ်လေး”
ဟုလန့်၍အော်လိုက်သောအသံမှာတစ်တောလုံး ဟိန်းသွားလေတော့သည်။
ကိုထော်ရိုက်မှာ ရုတ်တရက်ဖြစ်၍ အံ့သြပြီး ကြောင်သွား၏။
၎င်းတို့ အနီ၊သို့ ကျလာသော မည်းမည်းသဏ္ဌာန်မှာ မျောက်ကြီး
တစ်ကောင်ဖြစ်၍ ၎င်း၏ကိုယ်မှာလည်း ကိုထော်ရိုက်တို့ကဲ့သို့
ရွှဲရွှဲစိုလျက် မီးဖိုနားသို့ တိုးဝှေ့ ၍ငုတ်တုတ်ဝင်ထိုင်လေ၏။
ပင်ကိုကပင် မွဲခြောက်ခြောက်နှင့် ကြောက်စရာကောင်းသော
မျောက်ကြီး ကမိုးစိုထားသဖြင့် ပို၍ပင် ကြောက်စရာကောင်းနေပေသည်။
မသိမွန်မှာ အကြောက်လွန်ပြီး နောက်သို့ ပက်လက်လန်သွား
သဖြင့် ကိုထော်ရိုက်သည် မီးဖိုနားသို့ တိုးဝှေ့နေသော ချောက်
ကြီးကို အတင်း တွန်းခြောက်၍ ပြေးစေသော်လည်း ပျောက်
ကြီးမှာ မပြေးရုံမက မသဲမွန် အနီးသို့ပင် ပို၍တိုးပြန်လေ၏။
ကိုထော်ရိုက်က မျောက်ကြီးကို တွန်းလွှတ်လိုက် မျောက်ကြီးက
သွား ကြီးပြီး၍ တဦးဦးဖြင့် မီးဖိုနား တိုးလိုက်ဖြစ်နေရာ မသဲမွန်မှာ
နောက်သို့ လည်း ဆုတ်ပြေးစရာ နေရာမရှိဘဲ ကြောက်အားကြီး၍
တဆတ်ဆတ်တုန် ပြီး မျက်စေ့ကို စုံမှိတ်ထားသည်။
ကိုထော်ရိုက်မှာလည်း အမျိုးမျိုး ခြောက်လှန့် မောင်းထုတ်နေသော်
လည်း မျောက်ကြီးက မသွားဘဲ မသဲမွန်နှင့် နီးရာမီးဖိုနားဆီသို့သာ ထပ်
တလဲလဲ တိုးဝှေ့နေသဖြင့် နောက်ဆုံးစိတ်မရှည်နိုင်သော
ကိုတော်ရိုက်မှာ အနီးရှိတံတောင်ခန့် ထင်းကိုင်းအကျိုးဖြင့်
လှမ်း၍ ရိုက်လိုက်၏။မျောက်ကြီးမှာ ဘာကြောင့် ဒါလောက်
တိုးခွေ့နေသည်မသိ တုတ်နှင့် ရိုက်လိုက်မှပို၍ပင်ရှေ့သို့တိုး
လာနေပြန်သဖြင့်ကိုထော်ရိုက်သည်လက်ထဲ မှ တုတ်ကို
လက်နှစ်ဖက်ဖြင့် ကိုင်၍တအားလွှဲပြီး ရိုက်ချလိုက်လေ၏။
မျောက်ကြီး၏ ဦးခေါင်း တည့်တည့်သို့ ကိုထော်ရိုက်၏
တုတ်ကျသွား သည်နှင့် ချက်ကောင်းကို ထိသွားလေရာ
မျောက်ကြီးမှာ သွားကြီးများဖြဲ၍ တဦးဦးဖြင့် ပက်လက်လန်သွားလေ၏။
ဆန့်ငင် ဆန့်ငင်ဖြင့် ပက်လက်လန်သွားသော မျောက်ကြီးမှာ
မထ နိုင်တော့သည့်အထည်းကပင် မီးဖိုဘက်သို့လှိမ့်၍
ချလိုက်ပြန်ရာ ကို ထော်ရိုက်သည် စိတ်တိုလွန်းသဖြင့်
လက်ထဲမှ တုတ်နှင့်ပင် ဆက်၍ ဆက်၍ ရိုက်လိုက်စဉ်
မသဲမွန်က “အမယ်လေး ကိုထော်ရိုက်- ကိုထော်ရိုက်
သေအောင် မရိုက်ပါနဲ့၊ သေအောင်မရိုက်ပါနဲ့၊ သေအောင်
မရိုက်ပါနဲ့”ဟုပြောနေသည်ကိုပင် နားမထောင်တော့ပေ။
မျောက်ကြီး၏ ဦးခေါင်းမှ သွေးတို့သည် ပြန့်ကျဲ၍ ကိုဖော်ရိုက် တစ်
ကိုယ်လုံး နီရဲနေသည့်ပြင် မသဲမွန်၏ တစ်ကိုယ်လုံးပါ
မျောက်သွေးတို့ဖြင့် နီရဲကုန်လေတော့သည်။
မသဲမွန်သည် အကြောက်လွန်၍ချွေးသီးချွေးပေါက်များပင်ကျ၍မေးနေလေ၏။
“ကိုထော်ရိုက် ကျုပ်ကို ရေ – ရေ -ရေတစ်ခွက်လောက်ရှာပေးပါ”
ဟု ကျောက်ကမ်းပါးယံကိုမှီယင်းညည်းတွားနေလေရာကိုထော်ရိုက်မှာ
လှည်းတွင် ကျန်ခဲ့သော ရေဘူးကို သတိရ၍ “အေး … မသဲမွန်
ငါရေဘူး သွားယူမယ်။ နင်နေရဲရဲ့လားဟုလှမ်း၍မေးလိုက်၏။
“ဒါကြီး..ဖယ်လိုက်ပါ..ဒါကြီး – ကျုပ်မကြည့်ရဲဘူး”ဟုမီးဖိုဘေး
တွင် ပက်လန်လှန်နေသော မျောက်သေကြီးအား လက်ညှိုးထိုး
ပြနေသဖြင့် ၁း – အေးဟုဆိုကာ ကိုအထော်ရိုက်သည်ပျောက်ကြီးအား
ခြေနှစ်ချောင်း မှဆွဲ၍လွှင့်ပစ်လိုက်လေ၏။
“ကိုင်း.ငါရေဘူးသွားယူဦးမယ်။ နေရဲတယ်မဟုတ်လား”ဟုမသဲမွန်
အား လှမ်းမေးရာ မသဲမွန်က ခေါင်းညိတ်၍ ပြလိုက်သဖြင့်
ကိုထော်ရိုက်မှာ လှည်းဆီသို့ ထွက်သွားလေ၏။
ကိုထော်ရိုက်သည် သစ်ရာပင်အောက်တွင် ချွတ်ထားသော
လှည်းမှ ရေဘူးနှင့်တကွ ဓားမထမင်းဇလုံတို့ကို ယူဆောင်၍
နွားများကို အပိုများ ကျွေးထားခဲ့ပြီး မသဲမွန်ရှိရာသို့ ခပ်သုတ်
သုတ် ပြန်လာခဲ့လေ၏။ ကိုထော်ရိုက်သည် တဖြည်းဖြည်း
ဗိုက်ထဲမှ ဆာလွန်းလာသဖြင့် လမ်း တစ်လျှောက်လုံး မျောက်
သကြီးကို သတိရလာခဲ့သည်။ ကိုထော်ရိုက်တို့ချင်းလူမျိုးတောင်
ပေါ်တွင်ထင်းခုတ်နေသူများအဖို့ မျောက်သားစားခြင်းသည် အဆန်းမဟုတ်တော့ပေ။
ကျောက်ဂူဝသို့ ပြန်ရောက်သောအခါ မသဲပွန်မှာတခေါခေါဖြင့်
အိပ် မောကျနေပေပြီ၊ကိုထော်ရိုက်သည် အိပ်ပျော်နေသောမသိ
မွန်အား မနှိုးသေးဘဲမီးဖိုကို ဖြည့်ယင်းမျောက်သားကို သတိရလာ
သည်နှင့် ကျောက်ဂူ အပြင်သို့ ထွက် ၍ရောက်သေကြီးကို ရှာကြည့်လေ၏။
အဆင်သင့်ပင် ဂူနှင့်မလှမ်းမကမ်းတွင်မျောက်သေကြီးကိုတွေ့၍
အသင့် ပါလာသော ထင်းခုတ်ဓားမဖြင့် ရောက်သေကြီးအား ခုတ်လှီးဖျက်၍
အသားတုံးတို့ကိုဂူထဲသို့ယူလာပြီးမီးရောင်အောက်တွင်
ဝါးလုံးတိုတစ်ခုကို တစို့လုပ်ပြီး မျောက်သားတုံးတို့ကို ကင်လေ၏။
မီးအားကောင်းသဖြင့် သိပ်မကြာလှဘဲ မျောက်သားအပိုမှာ အဆီ
တဝင်းဝင်းဖြင့် ကျက်လေရာ ကိုထော်ရိုက်မှာ နဂိုက
ဆာလောင်နေသူဖြစ် သည့်အတိုင်း အနံ့တသင်းသင်း
မွှေးနေသောမျောက်သားကင်ကို ဖဲ့၍ဖဲ့၍ စားလိုက်လေ၏။
ဆီမပါ၊ ဆားမပါ ဗလာသာဖြစ်သော်လည်း သူ့အဆီနှင့်သူ
နီရဲ၍ မွှေးကြိုင်နေသော မျောက်သားကင်မှာ ကိုထော်ရိုက်
အဖို့ ညစာအတွက် ဆာနေသော ပိုက်ကို အာသာပြေစေ၏။
ကိုထော်ရိုက် စား၍ဝသောအခါ တံစို့တွင် ကျန်နေသော
မျောက်သား နှစ်တုံးကို မသဲမွန်အတွက် ရန်၍ ဘူးထဲမှ
ရေကို အဝသောက်လိုက်၏။ “ကိုထော်ရိုက် – ကိုထော်ရိုက် – ရေယူခဲ့ပြီလား”
မသဲမွန်သည် အိပ်ရာမှ နိုးလာသည်နှင့် ကိုထော်ရိုက်အား ရေတောင်း လိုက်သည်။
“ဟေ့….မသဲမွန် နိုးပြီလား – ရေရပြီလေ – ရော့ – ရော့ကို
ထော်ရိုက်က ရေဘူးကိုလှမ်းပေးလိုက်ပြီး “နင်-အိပ်ပျော်
သွားတာ တော်တော်ကြာ တယ်။ငါပြန်ရောက်နေတာကြာလှပြီ”
မသဲမွန်သည် ဘူးထဲမှရေကိုမော့၍ သောက်လိုက်ပြီး
“ကိုထော်ရိုက် ရယ်…ကျပ်ဖြင့် ဆာလိုက်တာ” ဟု ညည်းလိုက်လေ၏။
“အေး … ငါလည်း နင် – နိုးရင် စားဖို့ အသားကင် ချန်ထားတယ်။ ရော့ရော့ – စားလိုက်”
“ဟင်.. ဘာသားလည်းကိုထော်ရိုက်မွှေးလို့ပါလား”
မသဲမွန်က မျောက်သားကင်ကို ကိုင်၍ နမ်းကြည့်ပြီး၊
မသင်္ကာသလို မျက်နှာထားနှင့် မေးလိုက်၏။
“စားသာစားပါဟ….ရောက်သားပေါ့”
“ဟင်… ဟိုမျောက်ကြီးလာ၊ တော်ပြီ … တော်ပြီကျုပ် ..
မစားဝံ့ဘူး” “အို-ဘာဖြစ်လဲ- ငါတောထဲက ယူလာတဲ့
မျောက်သားတွေတုန်း ကတော့ နင်စားသားပဲ”
“ဟင့် … အင်း .. မျာက်သားစားချင်ရင် ပျောက်မျက်နှာမ
ကြည့်နဲ့တဲ့ ကျပ်ဖြင့် ဟိုမျောက်ကြီးမျက်နှာ မြင်ပြီး မစားဝံ့ဘူး”
မသဲမွန်က မျောက်သားကင်ကို ပြန်ပေးလိုက်၏။
“အို- သဲမွန်ရယ် – မိုက်ပါဘိ … တောထဲ တောင်ထဲမှာ
နင်လည်း ဆာနေ ရက်နဲ့ စားသာစားလိုက်ပါမစားကောင်း
တဲ့အသားမှမဟုတ်ပဲ..” မသံမွန်အနေနှင့်လည်း ငြင်းသာ
ငြင်းရသည် ပိုက်ထဲက ဆာနေ သဖြင့် “ကဲ-ဒါဖြင့်လည်း
စားမယ်တော်”ဟု ပြောကာ မျောက်သားကင်ကို ဖဲ့၍ဝါး
စားလိုက်သည်။နှစ်တုံးလုံးကုန်ခါမှရေအဝသောက်လိုက်ရာ
မသဲမွန်နေသောထိုင်သာရှိသွားသည်။သို့သော် မသဲမွန်၏
မျက်စေ့ဝယ် မိမိရှေ့မှောက်မှ တဦးဦးနှင့် သွားကြီး ဖြဲ၍နေ
သောမျောက်ကြီး၏မျက်နှာကိုသာ မြင်ယောင်နေပေတော့သည်။
ကနေ့ပါဆိုလျှင် ကိုထော်ရိုက်တို့ လင်မယား တောင်ခြေမှ
ပြန်ရောက် သည်မှာ တစ်ပတ်ကျော်ခဲ့ပေပြီ။ မိုးဦးကျစေ၍
မိုးမပြတ်သဖြင့် နောက် တစ်ခေါက်လည်း မသွားနိုင်ကြတော့ပေ။
မသိမွန်မှာလည်း မွေးဖွားရန် တစ်နေ့ထက်တစ်နေ့
နီးကပ်လာပြီ ဖြစ် ၍ ကိုထော်ရိုက် မြို့ပေါ်သို့ ထင်းရောင်း၍သွားသော
အခါများတွင်လည်း အိမ်မှာပင်နေရစ်၍အိမ်မှုကိစ္စများဖြင့် မအားလပ်ရှာပေ။
မသဲမွန်အဖို့ တောင်ခြေမှ မိုးမိ၍ ပြန်လာပြီးကတည်းက
စွဲကပ်လာ သော ရောဂါတစ်ခုမှာ မိမိရှေ့တွင် တဦးဦးနှင့်
သွားကြီးဖြိုး၍ သေဆုံးသွား သော မျောက်ကြီး၏မျက်နှာကို
မျက်စိအောက်မှ ဖျောက်၍ မရနိုင်ခြင်း ဖြစ် ၏။
မျောက်ကြီး၏မျက်နှာကိုမြင်ယောင်လာတိုင်းလည်းငတ်ငတ်နှင့်
စားခဲ့မိသော မျောက်ကြီး၏အသားမှာ လည်ချောင်းတွင်ပျို့၍ ပျို့၍ တက် လာတက်ပေသည်။
မသဲမွန်၏စွဲလမ်းမှုရောဂါကြီးသည် တစ်ပတ်လည်းမပျောက်၊တစ်လ
လည်းမပျောက်။ ဘာလိုလိုနှင့် မွေးဖွားရန် ရက်ပိုင်းသာလိုပေတော့သည်။
တစ်ခါတစ်ရံ ကိုထော်ရိုက်အား မသဲမွန်က “ကိုထော်ရိုက်
ရယ် ကျုပ် မျက်စိထဲမှာ သေသွားတဲ့ မျောက်ကြီးကို
ဖျောက်လို့ မရဘူး။ အဲဒီ ပျောက် ကြီးကို မြင်လာတိုင်းလည်း
သူ့အသားကိုစားမိတဲ့အတွက်ပျို့-ပျို့လာတာ” ပဲ”ဟုပြောပြရှာ၏။
ထိုအခါမျိုးတွင် ကိုထော်ရိုက်က “သဲမွန်ရယ် –
နင့်နှယ်မျောက်သား စားတာများ အဆန်းလိုက်လို့”ဟု ဖျောင်းဖျလေ့ရှိ၏။
မီးတွင်းထဲမှ မသဲမွန်၏ ညည်းညူသံကြောင့်
ကိုထော်ရိုက်မှာ အပြင်မှ ဖင်ချထိုင်၍ပင် မရပေ။
“ယောက်ျားကလေး… မွေးပါစေဗျာ”
ကိုထော်ရိုက်သည် ပါးစပ်မှာလည်း ယောက်ျားကလေးမွေးရန်ဆုတောင်းရသေး၏။
“ဟယ် … ယောက်ျားကလေးဟဲ့”
အိပ်ခန်းထဲမှ လက်သည်မကြီးဒေါ်အဲလုံ၏ အော်သံနှင့်
ကလေးငိုသံ ကြောင့်ကိုထော်ရိုက်မှာ အပြင်မှ ဝမ်းသာ
လွန်း၍ ခုန်လိုက်၏။ “မောင်ထော်ရိုက် .. မောင်ထော်ရိုက်
ဟို- ကလေးကို လာကြည့်ပါ ဦး”ဟုအပြင်မှ ဝမ်းသာလွန်း၍ ခုန်လိုက်၏။
“မောင်ထော်ရိုက် … မောင်ထော်ရိုက် … ဟဲ့- ကလေးကို
လာကြည့် ပါဦး”ဟု ဒေါ်အဲလုံ၏အသံကြောင့်
ကိုထော်ရိုက်သည်အခန်းထဲသို့ ပြေးဝင် သွား၏။
ဒေါ်အဲလုံ၏ လက်မှ ကလေးငယ်ကို ပြင်လိုက်ရသောအခါ
ကိုထော် စိုက်မှာရုတ်တရက်“ဟာ” ဆိုသော အာမေဍိတ်သံနှင့် ငိုင်၍သွား၏။
မသဲမွန်က မိန်းနေရာမှ ကိုထော်ရိုက်၏ “ဟာ”ဆိုသောအသံကြောင့်
“ကိုထော်ရိုက်ဘာလဲဟု”ဟုပက်လက်နေရာမှကလေးငယ်ကိုလှမ်းကြည့်
လိုက်ပြီး “အမယ်aလး” ဟု စူးစူးဝါးဝါး အော်ဟစ်ပြီး
မသဲမွန် အသံပျောက် သွားလေ၏။
ထိုအခါမှ ကိုထော်ရိုက်မှာ ကလေးကို မကြည့်တော့ဘဲ
“သဲမွန် … သဲမွန်” ဟု ခေါ်ယင်း သတိမေ့နေသော မသဲမွန်အား ကြည့်ပြီး ပျာယာခတ် နေ၏။
ဒေါ်အဲလုံမှာလည်း ကလေးကိုချ၍မသဲမွန်အား
ဘဝင်ဖိ၍အတက်ကျ အောင် နှိပ်ကြ ပြုစုကြသော်
လည်း မသိမွန်မှာ ပြန်၍ မလည်လာတော့ဘဲ မွေးခါစ
သားငယ်နှင့် ကိုထော်ရိုက်တို့အားစွန့်ခွာ သွားလေတော့၏။
ဒေါ်အဲလုံမှာလည်း ကလေးကိုချ၍မသဲမွန်အား
ဘဝင်ဖိ၍အတက်ကျ အောင် နှိပ်ကြ ပြုစုကြသော်လည်း
မသဲမွန်မှာ ပြန်၍ မလည်လာတော့ဘဲ
မွေးခါစသားငယ်နှင့် ကိုထော်ရိုက်တို့အား စွန့်ခွာ သွားလေတော့၏။
ကိုထော်ရိုက်သည်မသဲပွန်၏အလောင်းကိုပွေ့ထားရာမှခေါင်းအုံးပေါ်
သို့ ချလိုက်ပြီး ခြေရင်းတွင် သိပ်ထားသော ကလေးကို
မျက်တောင် မခတ် ဘဲ စိုက်ကြည့်နေမိ၏။
ကလေးငယ်မှာ ခြေဆန်လက်ဆန်များ ရှည်၍ ခေါင်း
ကလေးရှည်၍ အဖျားချွန်ကာ ဆံပင်ကလေးများမှာ နီကျင်ကျင်ဖြစ်၏။
မျက်နှာမှာမူ မေးရိုးရှည်၍ ချွန်ပြီး နှာခေါင်းနားတွင်
ချိုင့်၍ မျက်လုံး ကလေးမှာ ကလယ်ကလယ်နှင့် ရှိနေ၏။
ခြေချောင်းလက်ချောင်းကလေးများမှာ အတော်ပင်
ရှည်၍ လက်သည်း အရှည်ကလေးများ ပါနေ၏။
ကိုထော်ရိုက်သည် ပါးစပ်မှ အလန့်တကြားမျောက်ကလေး
မျောက် ကလေး”ဟု အော်ပြီး မသဲမွန် အလောင်းပေါ်သို့ မျက်နှာမှောက်၍ ငို လိုက်သည်။
“သဲမွန် … သဲမွန် ကံဆိုးလှချည့်သဲမွန်ရယ် … နင်မွေး
ခဲ့တဲ့သားကို နင် ပြန်ကြည့်ပါဦး..”ကိုထော်ရိုက်သည်
မျှော်လင့်တောင့်တခဲ့သော သားကိုတော့ရပေပြီ။
သို့သော်ကိုထော်ရိုက်ရသောသားသည်လူသားမဟုတ် မျောက်သားငယ်ပါတကား။
ကိုထော်ရိုက်သည် ရှိုက်၍ ရှိုက်၍ငိုနေသော်လည်းမသဲ
မွန်ကမူ သူ၏ ရောက်သားငယ်ကို ပြန်မကြည့်နိုင်ရှာတော့ပေ။
ရင်သွေးဟူက ချစ်မဝဆိုသည့်အတိုင်း ကိုထော်ရိုက်မှာ
သဲမွန်က စွန့်ပစ် ခဲ့သော်လည်း သားငယ်ကလေးကို
မပစ်ရက် မစွန့်ရက်ဘဲ ကြီးပြင်း အောင် ကျွေးမွေးခဲ့ရှာ၏။
ကလေးငယ်သည်တစ်လထက်တစ်လတစ်နှစ်ထက်
တစ်နှစ်ကြီးပြင်း လာသည်နှင့် အနေအထိုင် အစား
အသောက် အပြုအမူများမှာ လူကလေး တစ်
ယောက်၏ သဘာဝနှင့် ကွာခြား၍လာလေ၏။
ထမင်းနှင့်ဟင်းကို မနှစ်သက်သော သားအတွက်
ကိုထော်ရိုက်သည် ငှက်ပျော်သီးကလေးမှအစ
အသီးအနှံကလေးများဖြင့် မွေးခဲ့ရ၏။ ကလေးငယ်
အချင်းချင်းရောနှောနေထိုင်မကစားတတ်သောသူ့သား
ငယ်သည် တစ်ကိုယ်ထီးတည်း သစ်ပင်ခွကြားတွင်သာ
အချိန်ကုန်တတ်၏။အဝတ်အစား အင်္ကျီ ဘောင်းဘီကလေးများ
ဆင်ပေးလျှင် ကိုက်ဆွဲ ဆုတ်ဖြတ်၍ သဘာဝကိုယ်လုံးကလေးဖြင့်
နေရသည်ကိုပင် နှစ်သက်ရှာ ၏။
အထူးခြားဆုံးမှာ (၆)နှစ်သားအထိ စကားမပြောခြင်းပင်
ဖြစ်၏။ စကားမပြောရုံမက နံနက်မိုးလင်းမှ ရွာအပြင်
တောင်ကြို တောင်ကြားသို့ သွား၍ ခုန်ပေါက်
ပြေးလွှားကစားနေသည်မှာ နေဝင်မှပြန်လာတတ်၏။
တစ်ခါတစ်ရံညမှောင်သည်ထိပြန်မလာဘဲနေတတ်ရာကိုထော်ပိုက်မှာ
ပိုးရိမ်စိတ်ဖြင့် လိုက်လံရှာဖွေ ခေါ်ဆောင်ခဲ့ရသည်။
ကြိမ်ဖန်များလာသောအခါ ကိုထော်ရိုက်လည်း လိုက်၍
မခေါ်တော့ ပေ။ ရံဖန်ရံခါ (၄-၅)ရက်ကြာမှ အိမ်ပြန်လာ
တတ်သည်။ ဘယ်သွား၍ ဘာစားနေမှန်းလည်းမသိ။
ကိုထော်ရိုက်အဖို့ သဘာဝချင်းမတူသော သားဖြစ်၍လည်း
စိတ်ပျက် စပြုခဲ့၏။ သို့သော် ရင်သွေးဖြစ်၍လည်း မစွန့်ပစ်ရက်ရှာပေ။
မသဲမွန် ဆုံးခဲ့သည်မှာ (၆)နှစ်ကျော်ပြီဖြစ်ရာကိုထော်
ရိုက်မှာမသဲမွန် မွှေးခဲ့သော လူလိုလို၊ မျောက်လိုလို
သားငယ်အား လုပ်ကိုင် ကျွေးမွေး ပြုစု ယင်းနောက်
အိမ်ထောင်ပင် မပြုခဲ့ပေ။
အသက် (၃၅)နှစ်မျှ ကျန်းမာသန်စွမ်း၍ ရှာနိုင်ဖွေနိုင်ပြီး
ရိုးသားသော ကိုထော်ရိုက်အား တစ်ရွာတည်းသား မိန်းမများက
စုံမက်ကြသော်လည်း ဤမျောက်သားငယ်၏ မျက်နှာကို
ထောက်ထား၍ အိမ်ထောင်သစ်ထူရန် အကြံပြုတိုင်း နောက်ဆုံးတွင် ရင်သွေး
ကလေးအတွက် အားလျှော့တတ် ပေသည်။
ရင်သွေးအစစ်ဖြစ်သော သားငယ်မှာလည်း ကိုထော်
ရိုက်ကသာ သံ ယောဇဉ်ငြိတွယ်၍ချစ်နေရသည်။
ကလေးငယ်ကမူ“အဖေ”ဟူ၍လည်းမခေါ်ရင်းရင်းနှီးနှီးလည်းမနေ။
သူ့ဘာသာသဘာဝ တောထဲ၌သာ ပျော်နေတတ်သော
ကြောင့်ကိုထော် ရိုက်မှာ သားငယ်အတွက် ရင်ထုမနာ ဖြစ်ရပြန်သည်။
မမျှော်လင့်သောတစ်နေ့တွင် ကိုထော်ရိုက်မှာ နဖူးစာ
ရွာလည်ဆိုသည့် အတိုင်းထင်းရောင်းရင်း အလှမ်းကွာ
သောရွာကြီးတစ်ရွာမှ အမျိုးသမီး တစ်ဦးနှင့်မေတ္တာမျှလေ၏။
အကယ်၍သာ သားငယ်သည် လူ့သဘာဝအတိုင်း
အဖေနှင့်ဒို၊တူ ပေါင်ဖက် လုပ်ကိုင်စားသောက်နေထိုင်သူ
ဖြစ်လာပါမူ ကိုထော်ရိုက်အဖို့ အိမ်ထောင်ပြုရန် ဆန္ဒရှိမည် မဟုတ်ပေ။
ယခုမူ ကိုထော်ရိုက်သည် သားကလေး ကျန်ရစ်သည်ဟု
ဆိုသော် လည်း တစ်ကိုယ်တည်း နေရသကဲ့သို့ ငြီးငွေ့
ခြောက်ကပ်လှသော သူ့ဘဝ အတွက် စိုပြေအောင် ဖန်တီးရခြင်း ဖြစ်သည်။
ကိုထော်ရိုက်မှာ ဆုံးဖြတ်မရသော ပြဿနာသည်
ဦးခေါင်း၌ ချာချာ လည်၍စဉ်းစားမရဖြစ်နေ၏။
တစ်ရွာသူမိန်းမနှင့် အိမ်ထောင်ပြုပါမူ ဤသားငယ်ကို စွန့်ပစ်ရ တော့မည်။
သည်လို လူရာမဝင်နိုင်သော သားငယ်အတွက်လည်း
ကိုထော်ငိုက် အဖို့တစ်ရွာတစ်ကျေးတွင်မျက်နှာပန်းလှမည် မဟုတ်။
သားကို သံယောဇဉ်စိတ်နှင့် လှည့်၍ ကြည့်ပြန်သော်လည်း
သားဆို သောသားသည် သားနှင့်လည်း မတူပါချေ။
နောက်ဆုံးတွင် ကိုထော်ရိုက်သည် မျက်စိမှိတ်၍ ဆုံးဖြတ်ချက်ကို ချလိုက်၏။
ကိုထော်ရိုက်သည် အိပ်ရာမှ လူးလဲထကာ အဝတ်
အစားများကို အ ထုပ်ဖြင့် ထုပ်လိုက်၏။ သင့်တင့်သော
အိမ်ထောင်မှုပစ္စည်းများကို လှည်း ပေါ်သို့တင်၍အိမ်
တံခါးကိုသော့ခတ်၍ပိတ်လိုက်၏။
နောက်ဆုံးကိုထာ်ရိုက်သည် သားငယ်သွားလေ့ရှိသော
ရွာမြောက် ဘက် တောင်တန်းဆီသို့ မျှော်ကြည့်လိုက်၏။
မပြန်လာသည်မှာ (၄-၅)ရက်ပင် ရှိပြီဖြစ်သော သားငယ်အား မှန်းဆ
၍နောက်ဆုံးမျှော်ကြည့်လိုက်ခြင်းဖြစ်၏။
အချိန်မှာ အရုဏ်တက်စဖြစ်၍ ဝါဒမွေတောင်တန်းကြီးကို
ခပ်ဝါးဝါးသာမြင်ရသည်။မိုးသားမည်းမည်းတို့သည်
ဝါမွေတောင်တန်းအားလွှမ်းခြုံလျက်ရှိသဖြင့် ကိုထော်
ရိုက်သည် မသဲမွန်ကို မြင်ယောင်လာ၍ မျက်ရည်ဝဲလာ
သဖြင့် ဝါငွေတောင်တန်းကြီးကို ကျောခိုင်း၍ အသင့်
ပြင်ထားသော လှည်း နှင့် နွားကိုကောက်လိုက်သည်။
အရှေ့ဆီမှ အလင်းရောင်တန်းကြီးပေါ်လာသော
အချိန်တွင်ကိုထော်ရိုက် သည် သားငယ်နှင့်ဟော်
မွန်းရွာကိုကျောပေး၍ နွားနီတစ်ရှဉ်းကို ခပ်သွက်
သွက်ဟင်း၍ထွက်သွားလေတော့သည်။
ကိုထော်ရိုက်လှည်းထွက်သွား၍ဟော်မွန်းရွာနှင့် ကိုက်တစ်ရာ
သာသာခန့် အရောက်တွင် ကိုထော်ရိုက်၏မျောက်သား
ငယ်ကလေးသည် ဘယ်ဆီကပေါက်လာသည်မသိ
အိမ်ရှေ့သို့ ရောက်လာလေ၏။ မျောက်သားငယ်
ကလေးသည်ပိတ်ထားသောတံခါမှသော့ခလောက်
ကို တဒေါက်ဒေါက်ဆွဲခေါက်လိုက်၏။ အတန်ကြာသောါ
အိမ်ဘေးမှ လှည့် ၍ပွင့်နေသောပြတင်းပေါက်တစ်ခုမှ လွှားခနဲ ခုန်၍တက်လိုက်၏။
အိမ်ထဲသို့အရောက်တွင်ဟာလာဟင်းလင်းရှင်းနေသောအိမ်ငယ်ကို
လှည့်ပတ်ကြည့်ပြီး အတန်ကြာ ပိုင်သွားလေ၏။
၎င်းနောက် ဝင်လာသော ပြတင်းပေါက်မှ လွှားခနဲ ခုန်ချပြီး အိပ်ပတ်
လည် တစ်ပတ်လျှောက် ကြည့်လိုက်သေး၏။
နောက်ဆုံး မျှော်လင့်ချက်ကုန်ဆုံးသည့်ပမာ မျောက်သား
ငယ်ကလေး သည်အိမ်ကိုနောက်ပြန်လှည့်ကြည့် လှည့်ကြည့်နှင့် ရွာပေါက်ဆီသို့ထွက်သွားလေ၏။
သို့သော် ယခင်က သွားနေကျ ရွာမြောက်ဘက် တောဆီသို့
မသွား တော့ဘဲ မှုန်ဝါးဝါးမြင်နေရသော ဝါမွှေတောင်တန်း
ကြီးဆီသို့ ခုန်ဆွ ခုန်ဆွ နှင့်တရွေ့ရွေ့သွားရင်းမှုန်ဝါး ပျောက်ကွယ်သွားလေတော့သတည်း။

မင်းသူရိန်

Zawgyi Version

” လူကျဖစ္ေသာေမ်ာက္ “(စ/ဆုံး)
———————————-

ဝါေမြေတာင္တန္းႀကီးကို ရစ္ပတ္စီးဆင္းလာခဲ့ေသာနန္းပန္ဝါေခ်ာင္း
ႀကီးကလည္း အိႏၵိယ-ျမန္မာ နယ္ျခားရာအျဖစ္ အထင္အရွား သတ္မွတ္
ထားေပသည္။ရွမ္း – ျမန္မာအေခၚ လက္ခပ္ေတာင္ခိုးႏွင့္ ဝါဒေမြေတာင္
တန္းႀကီးကို ရစ္ပတ္၍ စီးဆင္းေနေသာ နန္းပန္ဝါေခ်ာင္း၏ လက္ဝဲဘက္
ကမ္းသည္ ျမန္မာပိုင္နယ္ေျမအျဖစ္ ထင္ရွားေပၚေပါက္ေန၏။
ထိုအရပ္ေဒသတြင္ ေခါင္ဆယ္ ခ်င္းလူမ်ိဳး အမ်ားအျပား ေနထိုင္လ်က္
ရွိရာ ေဟာ္မြန္အမည္ရွိ ေခါင္ဆယ္ခ်င္း႐ြာကေလးမွာ ျမန္မာနယ္ေျမအျဖစ္
ထင္ရွားေအာင္ သ႐ုပ္ေဆာင္လ်က္ရွိ၏။
ေဟာ္မြန္း႐ြာကေလးမွာ နန္းပန္ဝါေခ်ာင္း၏ လက္ဝဲဘက္ကမ္းတြင္
တည္ရွိေလရာ ငါေမြေတာင္တန္းႏွင့္ (၁၀)မိုင္ခန႔္ ကြာေဝးေလသည္။
ေဟာ္မြန္း႐ြာသားတို႔မွာအမ်ားအားျဖင့္ေတာင္သူယာခုတ္ဆင္းရဲ
သားမ်ား ျဖစ္ၾက၏။ ခ်င္းလူမ်ိဳး ကိုေထာ္႐ိုက္ႏွင့္ မသဲပြန္တို႔ လင္မယားမွာ
ဝါေပြေတာင္ေျခ႐ိုးတစ္ေလွ်ာက္တြင္ ကိုယ္ပိုင္လွည္းႏြားကေလးျဖင့္
ထင္း ခုတ္၍ထင္းေရာင္းေသာအလုပ္ျဖင့္ အသက္ေမြးၾကသူမ်ား ျဖစ္ေလသည္။
သားသမီးမရွိ၊ လင္ကိုယ္မယားႏွစ္ေယာက္ တစ္ေႏြႏွင့္ တစ္ေဆာင္း တြင္းလုံး၊
ပါေမြေတာင္ေျခ႐ိုးတစ္ေလွ်ာက္မွ ေတာထင္း႐ိုင္းမ်ားကို ခုတ္၍ ျဖတ္ေတာက္
ကာ ျပဳျပင္ၿပီး အလွမ္းကြာေသာၿမိဳ႕ေပၚသို႔တက္၍ ေရာင္းခ် ေလ့ရွိ၏။
ေတာင္ေျခမွ ရသမွ် ေတာထင္း႐ိုင္းမ်ားကို အိမ္တြင္ အသင့္ျဖတ္ ေတာက္
စုေဆာင္း၍လည္းထားရေသး၏။ ေႏြအကုန္ မိုးက်ေသာအခါမ်ား တြင္
ထင္းေဈးမွာ ပို၍ေကာင္းတတ္သျဖင့္ တစ္ေႏြတစ္ေဆာင္း သိုေလွာင္
စုေဆာင္းထားေသာ ထင္းမ်ားမွာ ကိုေထာ္႐ိုက္တို႔လင္မယားအား
တစ္မိုးတြင္းလုံးေအးေအးေဆးေဆးထိုင္စားႏိုင္၏။
မသဲမြန္တြင္ (၂)လေက်ာ္ေနၿပီျဖစ္ေသာ ကိုယ္ဝန္မွာ ယခုအႀကိမ္ပါ
ဆိုလွ်င္တတိယအႀကိမ္ေျမာက္ျဖစ္၍ယခင္ကႏွစ္ႀကိမ္တိုင္တိုင္ ကိုယ္ဝန္
ရွိ၍ကေလးႏွစ္ေယာက္ ေမြးဖြားခဲ့ဖူးေသာ္လည္းအဖတ္မတင္ခဲ့ေပ။
ဒါေၾကာင့္ပင္ ကိုေထာ္႐ိုက္ရာ မသဲမြန္ပါ သားသမီး အဖတ္
မတင္ခဲ့ဘူး သျဖင့္ ယခုအႀကိမ္ မသဲမြန္၏ ကိုယ္ဝန္အား
လင္မယားႏွစ္ေယာက္လုံး အရိပ္တၾကည့္ၾကည့္ရွိခဲ့ေပသည္။
ပို၍ကဲသည္မွာ ကိုေထာ္႐ိုက္ပင္ ျဖစ္၏။ ကိုေထာ္႐ိုက္သည္
ကေလးအလြန္လိုခ်င္ေနသူျဖစ္ေသာေၾကာင့္မသဲမြန္၏တတိယ
အႀကိမ္ေျမာက္ ေမြးဖြားမည့္ကေလးအတြက္ ႀကိဳတင္၍ ေဆးဝါးမ်ား
မွာၿပီး မီးတြင္းသုံးရန္ အသုံးအေဆာင္ပါမက်န္ ရွာေဖြစုေဆာင္း၍
မသဲမြန္၏ဗိုက္ကို မ်က္ျခည္ ျပတ္မခံေအာင္ ဂ႐ုစိုက္ေလ၏။
မျပင္ရေသးေသာ ကေလးငယ္အတြက္ လင္မယားႏွစ္ေယာက္
စိတ္ ကူးျဖင့္လည္း ၾကည္ႏူး၍႐ူးခဲ့ၾကေသး၏။
မိုးဦးက်ခါနီးၿပီျဖစ္၍ ကိုေထာ္႐ိုက္သည္ ေတာင္ေျခမွ ထင္းကေလးရ
သမွ်တစ္ေခါက္ႏွစ္ေခါက္တိုက္ထားရန္ျပင္ဆင္ရေပသည္။
မသဲမြန္ကလည္း ကိုယ္ဝန္ႀကီးႏွင့္ျဖစ္လင့္ကစား နံနက္ေစာေစာ
ထင္း ခုတ္သြားရာတြင္ လိုအပ္သည္တို႔ကို ကူညီလုပ္ကိုင္ေပးေန႐ုံ
မက ကိုေသာ္ ႐ိုက္ႏွင့္ ထင္းခုတ္ထင္းတိုက္ရာတြင္ လိုက္ပါကူညီရန္လည္း အသင့္ျပင္ရ ေသး။
ကိုေထာ္႐ိုက္သည္ ႏြားစာစင္းၿပီး၍ ထင္းခုတ္ဓားမႀကီး
ႏွစ္ေခ်ာင္းကို ေသြးရင္းမသဲမြန္၏ကိုယ္ဝန္အေၾကာင္းကို ေတြးေန၏။
(၂)လဆိုသည္မွာ ေမြးဖြားရန္ ေဝးကြာေသးေသာ္လည္း
မိုးအက်ႏွင့္ ေမြးဖြားမည့္အခ်ိန္တိုက္ဆိုင္ႀကဳံႀကိဳက္၍လည္းဝမ္းသာရေသး၏။
မသဲပြန္ပီးဖြားေရးအတြက္သက္သက္မဲ့ အလုပ္နားရန္
မလိုေတာ့ေပ။ မိုးတြင္းဆိုလွ်င္ သူတို႔အလုပ္က နားရၿမဲျဖစ္၏။
ထန္း႐ြက္တဲအတြင္းမွ အသင့္ျဖတ္ၿပီး ထင္းပုံႀကီးကိုၾကည့္၍လည္းပီတိျဖစ္မိ၏။
ကိုေထာ္႐ိုက္သည္ ေသြးထားေသာဓားမႏွစ္ေခ်ာင္းကို
လွည္းဦးဓားမ ခ်ပ္တြင္ စိုက္လိုက္၏။ စင္းထားၿပီးေသာႏြားစာမ်ားကို
ႏြားစားက်င္းတြင္ ထည့္၍ဇြဲနက္ၿပီး နယ္၍ေကြၽးလိုက္၏။
ႀကိဳးေခြႀကီးႏွစ္ခုႏွင့္ေပါက္တူးတစ္လက္ကိုေကာက္႐ိုးမ်ား
တင္ထား ေသာ လွည္းကပ္ေပၚသို႔ ပစ္တင္လိုက္သည္။
မသဲမြန္မွာလည္း ညစာအတြက္ ခ်က္ျပဳတ္ၿပီး နံနက္ေစာေစာ
ေတာင္ ေျခသို႔ယူရန္ ဆတ္သားေျခာက္ဟင္းအိုးကို မီးႀကီးရဲရဲႏွင့္ ႏွပ္ထားလိုက္ ၏။
ကိုေထာ္႐ိုက္ အလုပ္ၿပီးလာသည္ႏွင့္ အသင့္ခူးခပ္ထားေသာ
ညစာ ထမင္းကိုလင္မယားႏွစ္ေယာက္ ၿမိန္ရွက္စြာ စားေသာက္ၾကေလ၏။
လင္းခါနီးအခ်ိန္သည္အေမွာင္ဆုံးဟုဆိုသည့္အတိုင္းအ႐ုဏ္မတက္
မီအေမွာင္ထုသည္ တစ္႐ြာလုံးအားလႊမ္းၿခဳံထား၏။
ကိုေထာ္႐ိုက္သည္ ေရနံဆီမီးခြက္ကို မုန႔္ေသတၱာဘူးခြံတြင္
ထည့္၍ ႏြားတင္းကုတ္ဆီသို႔ ထြက္လာခဲ့၏။ ကိုေထာ္႐ိုက္၏ ႏြားနီႀကီးတစ္ရွဥ္း
သည္ ေမွာင္ႏွင့္မည္းမည္းတြင္ ညေနက စားခဲ့ေသာအစာမ်ားကို
စၿမဳံ႕ျပန္ ေနၾကသည္သူတို႔၏သခင္ ကိုေထာ္႐ိုက္ဝင္လာသည္ႏွင့္
ႏြားနီႀကီးတစ္ရွဥ္းမွာ ဝပ္ ေနရာမွ ေခါင္းေထာင္ၿပီး မတ္တတ္ရပ္
လိုက္ၾကသည္။ ကိုေထာ္႐ိုက္က လည္း သူ၏ စီးပြားဘက္ ႏြားနီႀကီး
တစ္ဥ္းကို ယုယၾကင္နာစြာ ေက်ာကို သပ္၍ ညကစင္းထားေသာ
ေျပာင္း႐ိုးမ်ားကို စားက်င္းသို႔ ျဖည့္ေပးၿပီး၊ လွည္းအိမ္ကိုထမ္းပိုးတုံး
မွထုတ္ကာအိမ္ေရွ႕သို႔ေ႐ႊ႕လိုက္သည္။
လွည္းအိပ္ ကိုလွည္းဦးမွလည္းေဖါက္ခြဲျဖင့္ ေထာက္ထားလိုက္၏။
ကိုေထာ္႐ိုက္ေကာင္းကင္သို႔ ေမာ့ၾကည့္လိုက္ေသာအခ်ိန္တြင္
အ ေမွာင္ထုမွာ ခပ္ပါးပါးသာ က်န္ေတာ့၍ အ႐ုဏ္တက္စျပဳေပၿပီ။
သို႔ေသာ္ စေနေထာင့္ဆီမွ အလိပ္လိပ္တက္လာေနေသာမိုးသားတို႔
မွာအလင္းေရာင္ ခပ္ပါးပါးကို ဖုံးလြမ္းစျပဳၿပီျဖစ္၏။
မီးဖိုထဲမွ မသဲမြန္သည္လည္း ႏွပ္ၿပီးသား ထမင္းအိုးကို
ဇလုံထဲသို႔ ေယာက္မႏွင့္ယက္၍အားလုံးသတ္ရလိုက္၏။
ဆတ္သားေျခာက္င႐ုတ္သီး စပ္စပ္ ခ်က္ထားေသာဟင္းကို
ပန္းကန္လုံးထဲသို႔ အကုန္ခပ္၍ ဇလုံထဲမွ ထမင္းမ်ားအလယ္တြင္ဖိ၍ျမႇဳပ္လိုက္၏။
ခရမ္းခ်ဥ္သီး ေလးငါးလုံးကို ျပာပူတြင္ အုံးထားရာမွ
ဆယ္လိုက္ၿပီး င႐ုတ္ဆုံထဲထည့္၍င႐ုတ္သီးႏွင့္ခပ္ဖြဖြ
ေထာင္းလိုက္ၿပီးဇလုံေဘးမွထမင္းမ်ားကိုယက္၍ျမႇဳပ္လိုက္ျပန္၏။
ပို႔ေမာက္ႂကြတက္ေနေသာ ထမင္းဇလုံေပၚသို႔ ဇလုံတစ္လုံးေမွာက္၍
ဖုံးလိုက္ၿပီး ထမင္းထုပ္သည့္ ဖ်ဥ္စျဖင့္ အဝတ္ေလးဖက္စကို
တင္းေန ေအာင္ဆြဲ၍ ခ်ည္လိုက္သည္။
ဆက္လက္၍ ေရဘူးတြင္ ေရျဖည့္ၿပီး၊ ထမင္းထုပ္ႏွင့္
ေရဘူးကိုယူ၍ အိမ္ေရွ႕သို႔ထြက္လာခဲ့သည္။
ကိုေထာ္႐ိုက္သည္ မသဲမြန္ကို လွမ္းၾကည့္ၿပီး –
“ခပ္သုတ္သုတ္လုပ္ေဟ့၊ မိုးက စိတ္မခ်ရဘူး၊
ေတာင္အတက္ မိုးနဲ႔ေတြ႕ေနမယ္”
ဟုေအာ္ေျပာလိုက္သည္။ မသဲမြန္ကလည္း
“ၿပီးပါၿပီေတာ္၊လွည္းသာ ေကာက္ပါေတာ့”
ဟု ျပန္ေျပာရင္း ထမင္းထုပ္ကို လွည္းေပၚသို႔ လွမ္းတင္လိုက္ေလသည္။
“မိုးနဲ႔ေလနဲ႔ မင္းကလည္း မေပါ့မပါးနဲ႔၊ မလိုက္ေစခ်င္ဘူးကြာ”
ကိုေထာ္႐ိုက္သည္ ႏြားႏွစ္ေကာင္ကို ဆြဲလာရင္း ပသဲမြန္ကို
မလိုက္ ေစလိုေသာဆႏၵျဖင့္ ကန႔္ကြက္လိုက္၏။
မသဲမြန္က ေရျဖည့္ထားေသာေရဘူးကို ဓားမရပ္တြင္ ခ်ိတ္လိုက္ၿပီး
“အို-ကိုေထာ္႐ိုက္ႏွယ္၊ လင္သြား မယားပါေပါ့ေတာ့
မေပါ့မပါးနဲ႔ လည္း ဘာျဖစ္လဲ၊ ဒီလို လူတကာေတြလည္းလုပ္ကိုင္စားေနၾကတာပဲ…”
“ဒါေတာ့ … ဒါေပါ့..
မိုး႐ြာရင္ ကိစၥမရွိဘူး၊ မေတာ္လို႔ မိုး႐ြာလာရင္
ေတာင္တက္ေတာင္ဆင္းမွာ လွည္းကေဆာင့္ပါဘိနဲ႔မို႔ပါဟ..”
“ကိစၥမရွိပါဘူးေတာ္၊ မနက္ပိုး ေရဘူးေဆာင္တဲ့၊ အဆိုေတာင္ ရွိေသး တယ္၊ မနက္ေစာေစာ ႐ြာတဲ့မိုးဟာတစ္ေန႔လုံး ေနပူတတ္သတဲ့ ….” “ကိုင္း … ဒါျဖင့္လည္း တက္တက္ … ေနျမင့္ေနမယ္၊ သြားၾကစို႔” ဟုေျပာၿပီး..ကိုေထာ္႐ိုက္သည္ ႏြားစားႀကိဳးကိုေလွ်ာ့၍ ႏွင္တံကို
ေျမႇာက္လိုက္လွ်င္ ႏြားနီႀကီးတစ္စဥ္းသည္ အခ်က္က်က်ဆြဲသြားလ ေတာ့သည္။
ျမင့္မားမတ္ေစာက္ေသာ ဝါေမြေတာင္တန္း၏ ဆင္ေျခေလွ်ာ
ေတာင္ ေျခတစ္ဝိုက္တြင္ ခုတ္မကုန္ေသာ သစ္ရာ၊ အင္ၾကင္း၊
ပ်ဥ္းကတိုးႏွင့္ သန္း၊ ဒဟတ္ပင္တို႔ ထူထပ္စြာ ေပါက္ေရာက္လ်က္ရွိေပသည္။
ထင္းပင္ေပါေသာ ေတာင္ေျခတစ္ေနရာတြင္ လွည္းကိုခြၽတ္၍
သစ္ရာ ပင္ႀကီးေအာက္တြင္ ကိုေထာ္႐ိုက္တို႔ စ,တည္းခ်ၾကေလ၏။
လွည္းခြၽတ္၍ ႏြားမ်ားကို ေျမညီေသာ သစ္ပင္ရိပ္တြင္
လွန္ထားၿပီး၊ လွည္းေပၚမွ ေကာက္႐ိုးမ်ားကိုရ၍ေကြၽးလိုက္၏။
မသဲမြန္က ထုံးစံအတိုင္း သစ္ပင္ရိပ္တြင္ မီးေမႊး၍ေရေႏြးအိုးတည္ရန္
ျပင္ဆင္ရေလ၏။
“ေဟာေတာ့-ကိုေထာ္႐ိုက္တို႔ .. လုပ္လိုက္မွျဖင့္ေလ – အေရးတႀကီးခ်ည့္ပဲ….”
“ဘာမ်ားလဲဟ – သဲမြန္ရ –
“ဘာရမလဲေတာ့ – ေတာ္ – အေရးတႀကီးလုပ္တာနဲ႔ ေရေႏြးအိုးေမ့ ထားခဲ့ၿပီ….”
“ထားလည္း ေရဘူးပါသားပဲဟာ၊ ေနေပ့ေစ-ေရေႏြး ပတည္နဲ႔ေတာ့”
ဟုေျပာၿပီး ကိုေထာ္႐ိုက္သည္ ဓားမတစ္ေခ်ာင္းျဖင့္ ေတာစပ္သို႔ဝင္၍ ထင္းခုတ္ စ.ေလ၏။
မသဲမြန္ကလည္း ကိုေထာ္႐ိုက္ ခုတ္၍ရသမွ် ထင္းတို႔ကို႐ြက္၍လည္း ဆီသို႔ သယ္ေပးရ၏။ ၿပီးတန္သမွ်ၿပီးေအာင္ လွည္းေပၚသို႔ တင္ႏိုင္သေ႐ြ႕ လည္းတင္ေပးထား၏။
ေနအေတာ္ျမင့္ေသာအခါ ေခတၱနား၍လင္မယားႏွစ္ေယာက္ ထမင္း ထုပ္ကိုေျဖ၍စားၾကေလ၏။
အိမ္က မထြက္မီက မသဲမြန္ေျပာသကဲ့သို႔ နံနက္မိုး ေရဘူးေဆာင္ဆို သည့္အတိုင္း တစ္ေန႔လုံး ေနပူ၍ နံနက္က မိုးသားမိုးရိပ္တို႔မွာ ဘယ္ဆီ လြင့္သြားေလသည္မသိေတာ့ေပ။
ေန႔လယ္ပိုင္း ေခတၱအနားယူၿပီး ကိုေထာ္႐ိုက္ ေတာတစ္ခါျပန္ဝင္ ေသာအခါတြင္မူ ႐ုတ္တရက္ ေနလုံးေပ်ာက္၍ နံနက္ကေလာက္ မမ်ား ေသာ္လည္း မိုးသားကေလး ခပ္ပါးပါးတက္လာသျဖင့္ မိုးအုံ႔အုံ႔ႏွင့္ ကိုေထာ္ ႐ိုက္မွာ အလုပ္ပို၍ တြင္ေန၏။ မိုးအုံ႔ေနသည္ကတစ္ေၾကာင္း၊ ေလာဘ ာကတစ္ေၾကာင္းျဖင့္ ကိုေထာ္႐ိုက္မွာ ထင္းမ်ားကို သဲသဲမဲမဲ လိုက္ခုတ္ ေနလရာ ျပန္ခ်ိန္ကိုပင္ ခန႔္မွန္း၍မရလိုက္ေခ်။
ကိုေထာ္႐ိုက္ ထင္းခုတ္ၿပီးစီး၍ခုတ္ၿပီး ထင္းမ်ားကို လည္းဆီသို႔ သယ္ ယူေနေသာအခါမိုးသားမ်ားဖုံး၍ေနလုံးပင္ဝင္သြားေပၿပီ။
“ဟာ ..မိုးေတြကလည္း တက္ – ေနလုံးလည္း ေပ်ာက္သြားၿပီ၊ ေဟ့ – တို႔ေတာ့ အေတာ္ေနာက္က်ေနၿပီ၊ လုပ္ေဟ့ … လုပ္ – သဲမြန္ အေမွာင္မမ်ား ခင္ တို႔မ်ား ေျမျပင္ေရာက္မွျဖစ္မယ္၊ အခုေန မိုး႐ြာလိုက္ရင္ ဒုကၡဟ” “ဒါေၾကာင့္ က်ဳပ္က သတိေပးေနသားပဲ၊ ေတာ္က ေလာဘႀကီးၿပီး၊ ေတာထဲဇြတ္ဝင္ေနတာကိုး၊ ပိုးေတြက ေျပာရင္းဆိုရင္းတက္လာၿပီ…” “ေအးပါဟ .. ျမန္ျမန္တင္ ျမန္ျမန္ႀကိဳးခ်ည္ … သြားၾကစို႔ …” လင္မယားႏွစ္ေယာက္ခုတ္ၿပီးထင္းမ်ားကို လွည္းေပၚတင္၍ ကဗ်ာ ကရာႀကိဳးခ်ည္ေနစဥ္ မိုးသက္ေလ ေရွ႕ေတာ္ေျပးသည္ ေအးခနဲလာ၍ႏႈတ္ ဆက္လိုက္၏။
“မိုးသက္ေလေတာ့ လာၿပီေဟ့..ေတာင္ေျခမွာ မိုး စ.႐ြာၿပီထင္တယ္”
“ဟာ…
ကိုေထာ္႐ိုက္သည္ေျပာရင္းဆိုရင္းစေနေထာင့္၊ရာဟုေဒါင့္မ်ားဆီမွအလုံး
အခဲႏွင့္တက္လာေသာ ေလႏွင့္မိုးကိုၾကည့္ၿပီး လန႔္သြားေလ၏။
“တို႔ေတာ့ မိုးကို ေျပးမလြတ္ေတာ့ဘူး၊ ေဟ့-မိုးခ်ည္းဆို
ကိစၥမရွိဘူး၊ ေလပါ,ပါတယ္၊ႏြားေတြၿမဲၿမဲခ်ည္မွ သဲမြန္ေရ..”
ကိုေထာ္႐ိုက္သည္ ႏြားမ်ားကို အေျပးကေလးသြား၍ ခ်ည္ေနစဥ္
႐ုတ္တရက္ သည္းထန္စြာ ႐ြာခ်လိုက္ေသာပိုးေၾကာင့္ ကိုေထာ္႐ိုက္
သည္ ႏြားခ်ည္ေနရာမွ သဲမြန္ဆီသို႔ အေျပးကေလးေရာက္လာၿပီး
သစ္ရာပင္ရ ရင္းတြင္ လင္မယားႏွစ္ေယာက္ ပါလာေသာ
လုံခ်ည္ေဟာင္းကေလးမ်ား ၿခဳံ၍မိုးခိုၾကရေလ၏။
မိုးသည္းထန္စြာ႐ြာေနသည့္ၾကားမွ ရာဟုေလက အရွိန္ျပင္း
ျပင္းဝင္၍ တိုက္ေလရာ တစ္ေတာလုံး ေမွာင္၍ တဝုန္းဝုန္း
ျမည္ကာ ေလသံမိုးသံျဖင့္ ဆူညံေနသည္။
ကိုေထာ္႐ိုက္တို႔ခိုေနေသာ သစ္ရာပင္ႀကီးမွာ ေလဒဏ္ေၾကာင့္
တကြၽိကြၽိ ျပည္၍ ဘယ္ညာယိမ္းထိုးေနျပန္သျဖင့္ လင္မယားႏွစ္ေယာက္ မိုးစိုသည္ ထက္
သစ္ပင္ပိမည္ကို စိုးရိမ္ေနၾကရျပန္သည္။
မိုးက သည္းထန္စြာ ႐ြာသေလာက္ ေလကလည္း ျပင္းျပင္းထန္ထန္
တိုက္ရင္း တစ္စတစ္စ မိုးအေမွာင္မွသည္ ညအေမွာင္သို႔ ေျပာင္း၍လာ ေလ၏။
ကိုေထာ္႐ိုက္သည္ ေလဒဏ္မွ ကာကြယ္ႏိုင္ရန္ ေတာင္ေျခေက်ာက္
ခ်ိဳင့္မ်ား ေက်ာက္ေခါင္းမ်ားကိုသတိရလာသည္ႏွင့္လင္မယားႏွစ္
ေယာက္ မိုးသည္းသည္းေမွာင္ႏွင့္မည္းမည္းတြင္ေတာင္ေျခအေရာက္မွန္း၍ေျပးၾကရျပန္၏။
တစ္ခ်က္တစ္ခ်က္ ဝင္းခနဲ လက္လိုက္ေသာ လွ်ပ္စီးေရာင္ျဖင့္ တစ္
ဆင့္တစ္ဆင့္နား၍ေျပးလာခဲ့ရင္းလင္မယားႏွစ္ေယာက္စာခိုသာ႐ုံရွိေသာ
ေက်ာက္ကမ္းပါးအပဲ့လိုဏ္ေခါင္းကေလးတစ္ခုကို ေတြ႕ၾကသည္
ႏွင့္ေတာင္ ကမ္းပါးယံကိုေက်ာႏွင့္ျပားေနေအာင္ ကပ္၍ ခိုေနၾကေလ၏။ ေတာင္ကမ္းပါးယံ
ေက်ာက္ေခါင္းကေလးေရာက္ၿပီး အေတာ္ၾကာမွ ေလ
ေရာမိုးေရာၿငိမ္သက္သြားေလရာကိုေထာ္႐ိုက္မွာထိုအခ်ိန္မွဟင္းခနဲ
သက္ျပင္း ခ်ႏိုင္ေပေတာ့သည္။သို႔ေသာ္ … (၂)ေယာက္စလုံးပင္
႐ႊဲ႐ႊဲစို၍ ခိုက္ခိုက္တုန္ေနျပန္၏။ “သဲမြန္ – မင္းအိတ္ထဲမွာဓာတ္
မီးျခစ္ကေလးပါေသးရဲ႕လား” မသဲမြန္သည္ ေခြၽးခံအက်ႌအိတ္ထဲမွ
ဓာတ္မီးျခစ္ကို ႏႈိက္၍ ကိုေထာ္ ႐ိုက္အား လွမ္းေပးလိုက္သည္။
“ေအး…ေတာ္ေသးရဲ႕မီးေတာ့ပြင့္တယ္။ေရမဝင္ေသးဘူး။ ေအးေနလို႔
ျခစ္မရတာ။ ေနဦး – မိုးလြတ္တဲ့
ေက်ာက္ေခါင္းထဲကထင္းေျခာက္ကေလး
ေတြေကာက္ဦးမယ္။ မင္းက မီးေတာက္ေအာင္ ျခစ္ထားႏွင့္”
ဟု ေျပာၿပီး ကိုေထာ္႐ိုက္က ထင္းေျခာက္ ႏႈိက္ေနစဥ္
မသဲမြန္က ဓာတ္မီးျခစ္ကို မီးေတာက္ေအာင္ ျခစ္၍ရေလ၏။
ခဏအၾကာတြင္သူတို႔ မိုးခိုေနေသာေက်ာက္ေခါင္းထက္ပို၍
ႀကီးေသာလိုဏ္ေခါင္းတစ္ခုကိုကိုေထာ္႐ိုက္ကေတြ႕ရွိလာ
သျဖင့္ေျပာင္း၍ ႏွစ္ေယာက္သား ထင္းေျခာက္ကေလးမ်ား
ျဖင့္ မီးဖိုကေလးဗို၍ ရသြားေလ၏။
ႏွစ္ေယာက္သားအဝတ္အစားမ်ားကိုမီးကင္ရင္းထင္းကိုင္း
အစိုကေလး မ်ားကိုပင္တျဖည္းျဖည္းေျခာက္ေအာင္မီးကင္
ယင္းမီးဖိုေဘးတြင္ အေအးဒဏ္မွ ကာကြယ္ရေလသည္။
“သဲမြန္ေရ … ငါေတာ့ အခုမွ ဆာလာသကြာ”
ကိုေထာ္႐ိုက္က ပိုေနေသာ ထင္းေခ်ာင္းမ်ားကို မီးကင္ယင္း လွမ္း၍ ေျပာလိုက္၏။
“အင္း … ေတာ္ဖို႔ ဆာအားတယ္။ က်ပ္ျဖင့္ ထမင္းဆာရဖို႔
ေနေနသာ သာအခုမွအသက္ရႉႏိုင္ေတာ့တယ္”
“ႏြားေတြလည္း ဘယ္လိုေနသလည္း မသိဘူး။ ဒို႔ေတာ့ ကေန႔ညမွာ
ပဲ မိုးလင္းရလိမ့္မယ္။ ျပန္လို႔မရဒတာ့ဘူး”
“ဒါေပါ့ေတာ္… ျဖစ္သမွ်ကပဲ ကေန႔တစ္ညေတာ့ ထမင္းငတ္ၾကေရာေပါ့ျပန္၏။
“တစ္နပ္တေလဘဲကြာ”
ကိုေထာ္႐ိုက္သည္ ဝမ္းထဲမွ ဆာေနလ်က္ႏွင့္ မသိမြန္အား အားေပးရ
ထိုအခိုက္ ေက်ာက္ကမ္းပါးယံအထက္ပိုင္းဆီမွ ကို
ကြိဳဆိုေသာ ျမည္သံႏွင့္အတူ “ဗုန္းခနဲ မည္းမည္းအရာဝတၳဳႀကီးတစ္ခု ၎တို႔ မီးဖိုနား
သို႔က်လာၿပီးမသဲမြန္၏ အမယ္ေလး”
ဟုလန႔္၍ေအာ္လိုက္ေသာအသံမွာတစ္ေတာလုံး ဟိန္းသြားေလေတာ့သည္။
ကိုေထာ္႐ိုက္မွာ ႐ုတ္တရက္ျဖစ္၍ အံ့ၾသၿပီး ေၾကာင္သြား၏။
၎တို႔ အနီ၊သို႔ က်လာေသာ မည္းမည္းသဏၭာန္မွာ ေမ်ာက္ႀကီး
တစ္ေကာင္ျဖစ္၍ ၎၏ကိုယ္မွာလည္း ကိုေထာ္႐ိုက္တို႔ကဲ့သို႔
႐ႊဲ႐ႊဲစိုလ်က္ မီးဖိုနားသို႔ တိုးေဝွ႔ ၍ငုတ္တုတ္ဝင္ထိုင္ေလ၏။
ပင္ကိုကပင္ မြဲေျခာက္ေျခာက္ႏွင့္ ေၾကာက္စရာေကာင္းေသာ
ေမ်ာက္ႀကီး ကမိုးစိုထားသျဖင့္ ပို၍ပင္ ေၾကာက္စရာေကာင္းေနေပသည္။
မသိမြန္မွာ အေၾကာက္လြန္ၿပီး ေနာက္သို႔ ပက္လက္လန္သြား
သျဖင့္ ကိုေထာ္႐ိုက္သည္ မီးဖိုနားသို႔ တိုးေဝွ႔ေနေသာ ေခ်ာက္
ႀကီးကို အတင္း တြန္းေျခာက္၍ ေျပးေစေသာ္လည္း ေပ်ာက္
ႀကီးမွာ မေျပး႐ုံမက မသဲမြန္ အနီးသို႔ပင္ ပို၍တိုးျပန္ေလ၏။
ကိုေထာ္႐ိုက္က ေမ်ာက္ႀကီးကို တြန္းလႊတ္လိုက္ ေမ်ာက္ႀကီးက
သြား ႀကီးၿပီး၍ တဦးဦးျဖင့္ မီးဖိုနား တိုးလိုက္ျဖစ္ေနရာ မသဲမြန္မွာ
ေနာက္သို႔ လည္း ဆုတ္ေျပးစရာ ေနရာမရွိဘဲ ေၾကာက္အားႀကီး၍
တဆတ္ဆတ္တုန္ ၿပီး မ်က္ေစ့ကို စုံမွိတ္ထားသည္။
ကိုေထာ္႐ိုက္မွာလည္း အမ်ိဳးမ်ိဳး ေျခာက္လွန႔္ ေမာင္းထုတ္ေနေသာ္
လည္း ေမ်ာက္ႀကီးက မသြားဘဲ မသဲမြန္ႏွင့္ နီးရာမီးဖိုနားဆီသို႔သာ ထပ္
တလဲလဲ တိုးေဝွ႔ေနသျဖင့္ ေနာက္ဆုံးစိတ္မရွည္ႏိုင္ေသာ
ကိုေတာ္႐ိုက္မွာ အနီးရွိတံေတာင္ခန႔္ ထင္းကိုင္းအက်ိဳးျဖင့္
လွမ္း၍ ႐ိုက္လိုက္၏။ေမ်ာက္ႀကီးမွာ ဘာေၾကာင့္ ဒါေလာက္
တိုးေခြ႕ေနသည္မသိ တုတ္ႏွင့္ ႐ိုက္လိုက္မွပို၍ပင္ေရွ႕သို႔တိုး
လာေနျပန္သျဖင့္ကိုေထာ္႐ိုက္သည္လက္ထဲ မွ တုတ္ကို
လက္ႏွစ္ဖက္ျဖင့္ ကိုင္၍တအားလႊဲၿပီး ႐ိုက္ခ်လိုက္ေလ၏။
ေမ်ာက္ႀကီး၏ ဦးေခါင္း တည့္တည့္သို႔ ကိုေထာ္႐ိုက္၏
တုတ္က်သြား သည္ႏွင့္ ခ်က္ေကာင္းကို ထိသြားေလရာ
ေမ်ာက္ႀကီးမွာ သြားႀကီးမ်ားၿဖဲ၍ တဦးဦးျဖင့္ ပက္လက္လန္သြားေလ၏။
ဆန႔္ငင္ ဆန႔္ငင္ျဖင့္ ပက္လက္လန္သြားေသာ ေမ်ာက္ႀကီးမွာ
မထ ႏိုင္ေတာ့သည့္အထည္းကပင္ မီးဖိုဘက္သို႔လွိမ့္၍
ခ်လိုက္ျပန္ရာ ကို ေထာ္႐ိုက္သည္ စိတ္တိုလြန္းသျဖင့္
လက္ထဲမွ တုတ္ႏွင့္ပင္ ဆက္၍ ဆက္၍ ႐ိုက္လိုက္စဥ္
မသဲမြန္က “အမယ္ေလး ကိုေထာ္႐ိုက္- ကိုေထာ္႐ိုက္
ေသေအာင္ မ႐ိုက္ပါနဲ႔၊ ေသေအာင္မ႐ိုက္ပါနဲ႔၊ ေသေအာင္
မ႐ိုက္ပါနဲ႔”ဟုေျပာေနသည္ကိုပင္ နားမေထာင္ေတာ့ေပ။
ေမ်ာက္ႀကီး၏ ဦးေခါင္းမွ ေသြးတို႔သည္ ျပန႔္က်ဲ၍ ကိုေဖာ္႐ိုက္ တစ္
ကိုယ္လုံး နီရဲေနသည့္ျပင္ မသဲမြန္၏ တစ္ကိုယ္လုံးပါ
ေမ်ာက္ေသြးတို႔ျဖင့္ နီရဲကုန္ေလေတာ့သည္။
မသဲမြန္သည္ အေၾကာက္လြန္၍ေခြၽးသီးေခြၽးေပါက္မ်ားပင္က်၍ေမးေနေလ၏။
“ကိုေထာ္႐ိုက္ က်ဳပ္ကို ေရ – ေရ -ေရတစ္ခြက္ေလာက္ရွာေပးပါ”
ဟု ေက်ာက္ကမ္းပါးယံကိုမွီယင္းညည္းတြားေနေလရာကိုေထာ္႐ိုက္မွာ
လွည္းတြင္ က်န္ခဲ့ေသာ ေရဘူးကို သတိရ၍ “ေအး … မသဲမြန္
ငါေရဘူး သြားယူမယ္။ နင္ေနရဲရဲ႕လားဟုလွမ္း၍ေမးလိုက္၏။
“ဒါႀကီး..ဖယ္လိုက္ပါ..ဒါႀကီး – က်ဳပ္မၾကည့္ရဲဘူး”ဟုမီးဖိုေဘး
တြင္ ပက္လန္လွန္ေနေသာ ေမ်ာက္ေသႀကီးအား လက္ညႇိဳးထိုး
ျပေနသျဖင့္ ၁း – ေအးဟုဆိုကာ ကိုအေထာ္႐ိုက္သည္ေပ်ာက္ႀကီးအား
ေျခႏွစ္ေခ်ာင္း မွဆြဲ၍လႊင့္ပစ္လိုက္ေလ၏။
“ကိုင္း.ငါေရဘူးသြားယူဦးမယ္။ ေနရဲတယ္မဟုတ္လား”ဟုမသဲမြန္
အား လွမ္းေမးရာ မသဲမြန္က ေခါင္းညိတ္၍ ျပလိုက္သျဖင့္
ကိုေထာ္႐ိုက္မွာ လွည္းဆီသို႔ ထြက္သြားေလ၏။
ကိုေထာ္႐ိုက္သည္ သစ္ရာပင္ေအာက္တြင္ ခြၽတ္ထားေသာ
လွည္းမွ ေရဘူးႏွင့္တကြ ဓားမထမင္းဇလုံတို႔ကို ယူေဆာင္၍
ႏြားမ်ားကို အပိုမ်ား ေကြၽးထားခဲ့ၿပီး မသဲမြန္ရွိရာသို႔ ခပ္သုတ္
သုတ္ ျပန္လာခဲ့ေလ၏။ ကိုေထာ္႐ိုက္သည္ တျဖည္းျဖည္း
ဗိုက္ထဲမွ ဆာလြန္းလာသျဖင့္ လမ္း တစ္ေလွ်ာက္လုံး ေမ်ာက္
သႀကီးကို သတိရလာခဲ့သည္။ ကိုေထာ္႐ိုက္တို႔ခ်င္းလူမ်ိဳးေတာင္
ေပၚတြင္ထင္းခုတ္ေနသူမ်ားအဖို႔ ေမ်ာက္သားစားျခင္းသည္ အဆန္းမဟုတ္ေတာ့ေပ။
ေက်ာက္ဂူဝသို႔ ျပန္ေရာက္ေသာအခါ မသဲပြန္မွာတေခါေခါျဖင့္
အိပ္ ေမာက်ေနေပၿပီ၊ကိုေထာ္႐ိုက္သည္ အိပ္ေပ်ာ္ေနေသာမသိ
မြန္အား မႏႈိးေသးဘဲမီးဖိုကို ျဖည့္ယင္းေမ်ာက္သားကို သတိရလာ
သည္ႏွင့္ ေက်ာက္ဂူ အျပင္သို႔ ထြက္ ၍ေရာက္ေသႀကီးကို ရွာၾကည့္ေလ၏။
အဆင္သင့္ပင္ ဂူႏွင့္မလွမ္းမကမ္းတြင္ေမ်ာက္ေသႀကီးကိုေတြ႕၍
အသင့္ ပါလာေသာ ထင္းခုတ္ဓားမျဖင့္ ေရာက္ေသႀကီးအား ခုတ္လွီးဖ်က္၍
အသားတုံးတို႔ကိုဂူထဲသို႔ယူလာၿပီးမီးေရာင္ေအာက္တြင္
ဝါးလုံးတိုတစ္ခုကို တစို႔လုပ္ၿပီး ေမ်ာက္သားတုံးတို႔ကို ကင္ေလ၏။
မီးအားေကာင္းသျဖင့္ သိပ္မၾကာလွဘဲ ေမ်ာက္သားအပိုမွာ အဆီ
တဝင္းဝင္းျဖင့္ က်က္ေလရာ ကိုေထာ္႐ိုက္မွာ နဂိုက
ဆာေလာင္ေနသူျဖစ္ သည့္အတိုင္း အနံ႔တသင္းသင္း
ေမႊးေနေသာေမ်ာက္သားကင္ကို ဖဲ့၍ဖဲ့၍ စားလိုက္ေလ၏။
ဆီမပါ၊ ဆားမပါ ဗလာသာျဖစ္ေသာ္လည္း သူ႔အဆီႏွင့္သူ
နီရဲ၍ ေမႊးႀကိဳင္ေနေသာ ေမ်ာက္သားကင္မွာ ကိုေထာ္႐ိုက္
အဖို႔ ညစာအတြက္ ဆာေနေသာ ပိုက္ကို အာသာေျပေစ၏။
ကိုေထာ္႐ိုက္ စား၍ဝေသာအခါ တံစို႔တြင္ က်န္ေနေသာ
ေမ်ာက္သား ႏွစ္တုံးကို မသဲမြန္အတြက္ ရန္၍ ဘူးထဲမွ
ေရကို အဝေသာက္လိုက္၏။ “ကိုေထာ္႐ိုက္ – ကိုေထာ္႐ိုက္ – ေရယူခဲ့ၿပီလား”
မသဲမြန္သည္ အိပ္ရာမွ ႏိုးလာသည္ႏွင့္ ကိုေထာ္႐ိုက္အား ေရေတာင္း လိုက္သည္။
“ေဟ့….မသဲမြန္ ႏိုးၿပီလား – ေရရၿပီေလ – ေရာ့ – ေရာ့ကို
ေထာ္႐ိုက္က ေရဘူးကိုလွမ္းေပးလိုက္ၿပီး “နင္-အိပ္ေပ်ာ္
သြားတာ ေတာ္ေတာ္ၾကာ တယ္။ငါျပန္ေရာက္ေနတာၾကာလွၿပီ”
မသဲမြန္သည္ ဘူးထဲမွေရကိုေမာ့၍ ေသာက္လိုက္ၿပီး
“ကိုေထာ္႐ိုက္ ရယ္…က်ပ္ျဖင့္ ဆာလိုက္တာ” ဟု ညည္းလိုက္ေလ၏။
“ေအး … ငါလည္း နင္ – ႏိုးရင္ စားဖို႔ အသားကင္ ခ်န္ထားတယ္။ ေရာ့ေရာ့ – စားလိုက္”
“ဟင္.. ဘာသားလည္းကိုေထာ္႐ိုက္ေမႊးလို႔ပါလား”
မသဲမြန္က ေမ်ာက္သားကင္ကို ကိုင္၍ နမ္းၾကည့္ၿပီး၊
မသကၤာသလို မ်က္ႏွာထားႏွင့္ ေမးလိုက္၏။
“စားသာစားပါဟ….ေရာက္သားေပါ့”
“ဟင္… ဟိုေမ်ာက္ႀကီးလာ၊ ေတာ္ၿပီ … ေတာ္ၿပီက်ဳပ္ ..
မစားဝံ့ဘူး” “အို-ဘာျဖစ္လဲ- ငါေတာထဲက ယူလာတဲ့
ေမ်ာက္သားေတြတုန္း ကေတာ့ နင္စားသားပဲ”
“ဟင့္ … အင္း .. မ်ာက္သားစားခ်င္ရင္ ေပ်ာက္မ်က္ႏွာမ
ၾကည့္နဲ႔တဲ့ က်ပ္ျဖင့္ ဟိုေမ်ာက္ႀကီးမ်က္ႏွာ ျမင္ၿပီး မစားဝံ့ဘူး”
မသဲမြန္က ေမ်ာက္သားကင္ကို ျပန္ေပးလိုက္၏။
“အို- သဲမြန္ရယ္ – မိုက္ပါဘိ … ေတာထဲ ေတာင္ထဲမွာ
နင္လည္း ဆာေန ရက္နဲ႔ စားသာစားလိုက္ပါမစားေကာင္း
တဲ့အသားမွမဟုတ္ပဲ..” မသံမြန္အေနႏွင့္လည္း ျငင္းသာ
ျငင္းရသည္ ပိုက္ထဲက ဆာေန သျဖင့္ “ကဲ-ဒါျဖင့္လည္း
စားမယ္ေတာ္”ဟု ေျပာကာ ေမ်ာက္သားကင္ကို ဖဲ့၍ဝါး
စားလိုက္သည္။ႏွစ္တုံးလုံးကုန္ခါမွေရအဝေသာက္လိုက္ရာ
မသဲမြန္ေနေသာထိုင္သာရွိသြားသည္။သို႔ေသာ္ မသဲမြန္၏
မ်က္ေစ့ဝယ္ မိမိေရွ႕ေမွာက္မွ တဦးဦးႏွင့္ သြားႀကီး ၿဖဲ၍ေန
ေသာေမ်ာက္ႀကီး၏မ်က္ႏွာကိုသာ ျမင္ေယာင္ေနေပေတာ့သည္။
ကေန႔ပါဆိုလွ်င္ ကိုေထာ္႐ိုက္တို႔ လင္မယား ေတာင္ေျခမွ
ျပန္ေရာက္ သည္မွာ တစ္ပတ္ေက်ာ္ခဲ့ေပၿပီ။ မိုးဦးက်ေစ၍
မိုးမျပတ္သျဖင့္ ေနာက္ တစ္ေခါက္လည္း မသြားႏိုင္ၾကေတာ့ေပ။
မသိမြန္မွာလည္း ေမြးဖြားရန္ တစ္ေန႔ထက္တစ္ေန႔
နီးကပ္လာၿပီ ျဖစ္ ၍ ကိုေထာ္႐ိုက္ ၿမိဳ႕ေပၚသို႔ ထင္းေရာင္း၍သြားေသာ
အခါမ်ားတြင္လည္း အိမ္မွာပင္ေနရစ္၍အိမ္မႈကိစၥမ်ားျဖင့္ မအားလပ္ရွာေပ။
မသဲမြန္အဖို႔ ေတာင္ေျခမွ မိုးမိ၍ ျပန္လာၿပီးကတည္းက
စြဲကပ္လာ ေသာ ေရာဂါတစ္ခုမွာ မိမိေရွ႕တြင္ တဦးဦးႏွင့္
သြားႀကီးၿဖိဳး၍ ေသဆုံးသြား ေသာ ေမ်ာက္ႀကီး၏မ်က္ႏွာကို
မ်က္စိေအာက္မွ ေဖ်ာက္၍ မရႏိုင္ျခင္း ျဖစ္ ၏။
ေမ်ာက္ႀကီး၏မ်က္ႏွာကိုျမင္ေယာင္လာတိုင္းလည္းငတ္ငတ္ႏွင့္
စားခဲ့မိေသာ ေမ်ာက္ႀကီး၏အသားမွာ လည္ေခ်ာင္းတြင္ပ်ိဳ႕၍ ပ်ိဳ႕၍ တက္ လာတက္ေပသည္။
မသဲမြန္၏စြဲလမ္းမႈေရာဂါႀကီးသည္ တစ္ပတ္လည္းမေပ်ာက္၊တစ္လ
လည္းမေပ်ာက္။ ဘာလိုလိုႏွင့္ ေမြးဖြားရန္ ရက္ပိုင္းသာလိုေပေတာ့သည္။
တစ္ခါတစ္ရံ ကိုေထာ္႐ိုက္အား မသဲမြန္က “ကိုေထာ္႐ိုက္
ရယ္ က်ဳပ္ မ်က္စိထဲမွာ ေသသြားတဲ့ ေမ်ာက္ႀကီးကို
ေဖ်ာက္လို႔ မရဘူး။ အဲဒီ ေပ်ာက္ ႀကီးကို ျမင္လာတိုင္းလည္း
သူ႔အသားကိုစားမိတဲ့အတြက္ပ်ိဳ႕-ပ်ိဳ႕လာတာ” ပဲ”ဟုေျပာျပရွာ၏။
ထိုအခါမ်ိဳးတြင္ ကိုေထာ္႐ိုက္က “သဲမြန္ရယ္ –
နင့္ႏွယ္ေမ်ာက္သား စားတာမ်ား အဆန္းလိုက္လို႔”ဟု ေဖ်ာင္းဖ်ေလ့ရွိ၏။
မီးတြင္းထဲမွ မသဲမြန္၏ ညည္းညဴသံေၾကာင့္
ကိုေထာ္႐ိုက္မွာ အျပင္မွ ဖင္ခ်ထိုင္၍ပင္ မရေပ။
“ေယာက္်ားကေလး… ေမြးပါေစဗ်ာ”
ကိုေထာ္႐ိုက္သည္ ပါးစပ္မွာလည္း ေယာက္်ားကေလးေမြးရန္ဆုေတာင္းရေသး၏။
“ဟယ္ … ေယာက္်ားကေလးဟဲ့”
အိပ္ခန္းထဲမွ လက္သည္မႀကီးေဒၚအဲလုံ၏ ေအာ္သံႏွင့္
ကေလးငိုသံ ေၾကာင့္ကိုေထာ္႐ိုက္မွာ အျပင္မွ ဝမ္းသာ
လြန္း၍ ခုန္လိုက္၏။ “ေမာင္ေထာ္႐ိုက္ .. ေမာင္ေထာ္႐ိုက္
ဟို- ကေလးကို လာၾကည့္ပါ ဦး”ဟုအျပင္မွ ဝမ္းသာလြန္း၍ ခုန္လိုက္၏။
“ေမာင္ေထာ္႐ိုက္ … ေမာင္ေထာ္႐ိုက္ … ဟဲ့- ကေလးကို
လာၾကည့္ ပါဦး”ဟု ေဒၚအဲလုံ၏အသံေၾကာင့္
ကိုေထာ္႐ိုက္သည္အခန္းထဲသို႔ ေျပးဝင္ သြား၏။
ေဒၚအဲလုံ၏ လက္မွ ကေလးငယ္ကို ျပင္လိုက္ရေသာအခါ
ကိုေထာ္ စိုက္မွာ႐ုတ္တရက္“ဟာ” ဆိုေသာ အာေမဍိတ္သံႏွင့္ ငိုင္၍သြား၏။
မသဲမြန္က မိန္းေနရာမွ ကိုေထာ္႐ိုက္၏ “ဟာ”ဆိုေသာအသံေၾကာင့္
“ကိုေထာ္႐ိုက္ဘာလဲဟု”ဟုပက္လက္ေနရာမွကေလးငယ္ကိုလွမ္းၾကည့္
လိုက္ၿပီး “အမယ္aလး” ဟု စူးစူးဝါးဝါး ေအာ္ဟစ္ၿပီး
မသဲမြန္ အသံေပ်ာက္ သြားေလ၏။
ထိုအခါမွ ကိုေထာ္႐ိုက္မွာ ကေလးကို မၾကည့္ေတာ့ဘဲ
“သဲမြန္ … သဲမြန္” ဟု ေခၚယင္း သတိေမ့ေနေသာ မသဲမြန္အား ၾကည့္ၿပီး ပ်ာယာခတ္ ေန၏။
ေဒၚအဲလုံမွာလည္း ကေလးကိုခ်၍မသဲမြန္အား
ဘဝင္ဖိ၍အတက္က် ေအာင္ ႏွိပ္ၾက ျပဳစုၾကေသာ္
လည္း မသိမြန္မွာ ျပန္၍ မလည္လာေတာ့ဘဲ ေမြးခါစ
သားငယ္ႏွင့္ ကိုေထာ္႐ိုက္တို႔အားစြန႔္ခြာ သြားေလေတာ့၏။
ေဒၚအဲလုံမွာလည္း ကေလးကိုခ်၍မသဲမြန္အား
ဘဝင္ဖိ၍အတက္က် ေအာင္ ႏွိပ္ၾက ျပဳစုၾကေသာ္လည္း
မသဲမြန္မွာ ျပန္၍ မလည္လာေတာ့ဘဲ
ေမြးခါစသားငယ္ႏွင့္ ကိုေထာ္႐ိုက္တို႔အား စြန႔္ခြာ သြားေလေတာ့၏။
ကိုေထာ္႐ိုက္သည္မသဲပြန္၏အေလာင္းကိုေပြ႕ထားရာမွေခါင္းအုံးေပၚ
သို႔ ခ်လိုက္ၿပီး ေျခရင္းတြင္ သိပ္ထားေသာ ကေလးကို
မ်က္ေတာင္ မခတ္ ဘဲ စိုက္ၾကည့္ေနမိ၏။
ကေလးငယ္မွာ ေျခဆန္လက္ဆန္မ်ား ရွည္၍ ေခါင္း
ကေလးရွည္၍ အဖ်ားခြၽန္ကာ ဆံပင္ကေလးမ်ားမွာ နီက်င္က်င္ျဖစ္၏။
မ်က္ႏွာမွာမူ ေမး႐ိုးရွည္၍ ခြၽန္ၿပီး ႏွာေခါင္းနားတြင္
ခ်ိဳင့္၍ မ်က္လုံး ကေလးမွာ ကလယ္ကလယ္ႏွင့္ ရွိေန၏။
ေျခေခ်ာင္းလက္ေခ်ာင္းကေလးမ်ားမွာ အေတာ္ပင္
ရွည္၍ လက္သည္း အရွည္ကေလးမ်ား ပါေန၏။
ကိုေထာ္႐ိုက္သည္ ပါးစပ္မွ အလန႔္တၾကားေမ်ာက္ကေလး
ေမ်ာက္ ကေလး”ဟု ေအာ္ၿပီး မသဲမြန္ အေလာင္းေပၚသို႔ မ်က္ႏွာေမွာက္၍ ငို လိုက္သည္။
“သဲမြန္ … သဲမြန္ ကံဆိုးလွခ်ည့္သဲမြန္ရယ္ … နင္ေမြး
ခဲ့တဲ့သားကို နင္ ျပန္ၾကည့္ပါဦး..”ကိုေထာ္႐ိုက္သည္
ေမွ်ာ္လင့္ေတာင့္တခဲ့ေသာ သားကိုေတာ့ရေပၿပီ။
သို႔ေသာ္ကိုေထာ္႐ိုက္ရေသာသားသည္လူသားမဟုတ္ ေမ်ာက္သားငယ္ပါတကား။
ကိုေထာ္႐ိုက္သည္ ရႈိက္၍ ရႈိက္၍ငိုေနေသာ္လည္းမသဲ
မြန္ကမူ သူ၏ ေရာက္သားငယ္ကို ျပန္မၾကည့္ႏိုင္ရွာေတာ့ေပ။
ရင္ေသြးဟူက ခ်စ္မဝဆိုသည့္အတိုင္း ကိုေထာ္႐ိုက္မွာ
သဲမြန္က စြန႔္ပစ္ ခဲ့ေသာ္လည္း သားငယ္ကေလးကို
မပစ္ရက္ မစြန႔္ရက္ဘဲ ႀကီးျပင္း ေအာင္ ေကြၽးေမြးခဲ့ရွာ၏။
ကေလးငယ္သည္တစ္လထက္တစ္လတစ္ႏွစ္ထက္
တစ္ႏွစ္ႀကီးျပင္း လာသည္ႏွင့္ အေနအထိုင္ အစား
အေသာက္ အျပဳအမူမ်ားမွာ လူကေလး တစ္
ေယာက္၏ သဘာဝႏွင့္ ကြာျခား၍လာေလ၏။
ထမင္းႏွင့္ဟင္းကို မႏွစ္သက္ေသာ သားအတြက္
ကိုေထာ္႐ိုက္သည္ ငွက္ေပ်ာ္သီးကေလးမွအစ
အသီးအႏွံကေလးမ်ားျဖင့္ ေမြးခဲ့ရ၏။ ကေလးငယ္
အခ်င္းခ်င္းေရာေႏွာေနထိုင္မကစားတတ္ေသာသူ႔သား
ငယ္သည္ တစ္ကိုယ္ထီးတည္း သစ္ပင္ခြၾကားတြင္သာ
အခ်ိန္ကုန္တတ္၏။အဝတ္အစား အက်ႌ ေဘာင္းဘီကေလးမ်ား
ဆင္ေပးလွ်င္ ကိုက္ဆြဲ ဆုတ္ျဖတ္၍ သဘာဝကိုယ္လုံးကေလးျဖင့္
ေနရသည္ကိုပင္ ႏွစ္သက္ရွာ ၏။
အထူးျခားဆုံးမွာ (၆)ႏွစ္သားအထိ စကားမေျပာျခင္းပင္
ျဖစ္၏။ စကားမေျပာ႐ုံမက နံနက္မိုးလင္းမွ ႐ြာအျပင္
ေတာင္ႀကိဳ ေတာင္ၾကားသို႔ သြား၍ ခုန္ေပါက္
ေျပးလႊားကစားေနသည္မွာ ေနဝင္မွျပန္လာတတ္၏။
တစ္ခါတစ္ရံညေမွာင္သည္ထိျပန္မလာဘဲေနတတ္ရာကိုေထာ္ပိုက္မွာ
ပိုးရိမ္စိတ္ျဖင့္ လိုက္လံရွာေဖြ ေခၚေဆာင္ခဲ့ရသည္။
ႀကိမ္ဖန္မ်ားလာေသာအခါ ကိုေထာ္႐ိုက္လည္း လိုက္၍
မေခၚေတာ့ ေပ။ ရံဖန္ရံခါ (၄-၅)ရက္ၾကာမွ အိမ္ျပန္လာ
တတ္သည္။ ဘယ္သြား၍ ဘာစားေနမွန္းလည္းမသိ။
ကိုေထာ္႐ိုက္အဖို႔ သဘာဝခ်င္းမတူေသာ သားျဖစ္၍လည္း
စိတ္ပ်က္ စျပဳခဲ့၏။ သို႔ေသာ္ ရင္ေသြးျဖစ္၍လည္း မစြန႔္ပစ္ရက္ရွာေပ။
မသဲမြန္ ဆုံးခဲ့သည္မွာ (၆)ႏွစ္ေက်ာ္ၿပီျဖစ္ရာကိုေထာ္
႐ိုက္မွာမသဲမြန္ ေမႊးခဲ့ေသာ လူလိုလို၊ ေမ်ာက္လိုလို
သားငယ္အား လုပ္ကိုင္ ေကြၽးေမြး ျပဳစု ယင္းေနာက္
အိမ္ေထာင္ပင္ မျပဳခဲ့ေပ။
အသက္ (၃၅)ႏွစ္မွ် က်န္းမာသန္စြမ္း၍ ရွာႏိုင္ေဖြႏိုင္ၿပီး
႐ိုးသားေသာ ကိုေထာ္႐ိုက္အား တစ္႐ြာတည္းသား မိန္းမမ်ားက
စုံမက္ၾကေသာ္လည္း ဤေမ်ာက္သားငယ္၏ မ်က္ႏွာကို
ေထာက္ထား၍ အိမ္ေထာင္သစ္ထူရန္ အႀကံျပဳတိုင္း ေနာက္ဆုံးတြင္ ရင္ေသြး
ကေလးအတြက္ အားေလွ်ာ့တတ္ ေပသည္။
ရင္ေသြးအစစ္ျဖစ္ေသာ သားငယ္မွာလည္း ကိုေထာ္
႐ိုက္ကသာ သံ ေယာဇဥ္ၿငိတြယ္၍ခ်စ္ေနရသည္။
ကေလးငယ္ကမူ“အေဖ”ဟူ၍လည္းမေခၚရင္းရင္းႏွီးႏွီးလည္းမေန။
သူ႔ဘာသာသဘာဝ ေတာထဲ၌သာ ေပ်ာ္ေနတတ္ေသာ
ေၾကာင့္ကိုေထာ္ ႐ိုက္မွာ သားငယ္အတြက္ ရင္ထုမနာ ျဖစ္ရျပန္သည္။
မေမွ်ာ္လင့္ေသာတစ္ေန႔တြင္ ကိုေထာ္႐ိုက္မွာ နဖူးစာ
႐ြာလည္ဆိုသည့္ အတိုင္းထင္းေရာင္းရင္း အလွမ္းကြာ
ေသာ႐ြာႀကီးတစ္႐ြာမွ အမ်ိဳးသမီး တစ္ဦးႏွင့္ေမတၱာမွ်ေလ၏။
အကယ္၍သာ သားငယ္သည္ လူ႔သဘာဝအတိုင္း
အေဖႏွင့္ဒို၊တူ ေပါင္ဖက္ လုပ္ကိုင္စားေသာက္ေနထိုင္သူ
ျဖစ္လာပါမူ ကိုေထာ္႐ိုက္အဖို႔ အိမ္ေထာင္ျပဳရန္ ဆႏၵရွိမည္ မဟုတ္ေပ။
ယခုမူ ကိုေထာ္႐ိုက္သည္ သားကေလး က်န္ရစ္သည္ဟု
ဆိုေသာ္ လည္း တစ္ကိုယ္တည္း ေနရသကဲ့သို႔ ၿငီးေငြ႕
ေျခာက္ကပ္လွေသာ သူ႔ဘဝ အတြက္ စိုေျပေအာင္ ဖန္တီးရျခင္း ျဖစ္သည္။
ကိုေထာ္႐ိုက္မွာ ဆုံးျဖတ္မရေသာ ျပႆနာသည္
ဦးေခါင္း၌ ခ်ာခ်ာ လည္၍စဥ္းစားမရျဖစ္ေန၏။
တစ္႐ြာသူမိန္းမႏွင့္ အိမ္ေထာင္ျပဳပါမူ ဤသားငယ္ကို စြန႔္ပစ္ရ ေတာ့မည္။
သည္လို လူရာမဝင္ႏိုင္ေသာ သားငယ္အတြက္လည္း
ကိုေထာ္ငိုက္ အဖို႔တစ္႐ြာတစ္ေက်းတြင္မ်က္ႏွာပန္းလွမည္ မဟုတ္။
သားကို သံေယာဇဥ္စိတ္ႏွင့္ လွည့္၍ ၾကည့္ျပန္ေသာ္လည္း
သားဆို ေသာသားသည္ သားႏွင့္လည္း မတူပါေခ်။
ေနာက္ဆုံးတြင္ ကိုေထာ္႐ိုက္သည္ မ်က္စိမွိတ္၍ ဆုံးျဖတ္ခ်က္ကို ခ်လိုက္၏။
ကိုေထာ္႐ိုက္သည္ အိပ္ရာမွ လူးလဲထကာ အဝတ္
အစားမ်ားကို အ ထုပ္ျဖင့္ ထုပ္လိုက္၏။ သင့္တင့္ေသာ
အိမ္ေထာင္မႈပစၥည္းမ်ားကို လွည္း ေပၚသို႔တင္၍အိမ္
တံခါးကိုေသာ့ခတ္၍ပိတ္လိုက္၏။
ေနာက္ဆုံးကိုထာ္႐ိုက္သည္ သားငယ္သြားေလ့ရွိေသာ
႐ြာေျမာက္ ဘက္ ေတာင္တန္းဆီသို႔ ေမွ်ာ္ၾကည့္လိုက္၏။
မျပန္လာသည္မွာ (၄-၅)ရက္ပင္ ရွိၿပီျဖစ္ေသာ သားငယ္အား မွန္းဆ
၍ေနာက္ဆုံးေမွ်ာ္ၾကည့္လိုက္ျခင္းျဖစ္၏။
အခ်ိန္မွာ အ႐ုဏ္တက္စျဖစ္၍ ဝါဒေမြေတာင္တန္းႀကီးကို
ခပ္ဝါးဝါးသာျမင္ရသည္။မိုးသားမည္းမည္းတို႔သည္
ဝါေမြေတာင္တန္းအားလႊမ္းၿခဳံလ်က္ရွိသျဖင့္ ကိုေထာ္
႐ိုက္သည္ မသဲမြန္ကို ျမင္ေယာင္လာ၍ မ်က္ရည္ဝဲလာ
သျဖင့္ ဝါေငြေတာင္တန္းႀကီးကို ေက်ာခိုင္း၍ အသင့္
ျပင္ထားေသာ လွည္း ႏွင့္ ႏြားကိုေကာက္လိုက္သည္။
အေရွ႕ဆီမွ အလင္းေရာင္တန္းႀကီးေပၚလာေသာ
အခ်ိန္တြင္ကိုေထာ္႐ိုက္ သည္ သားငယ္ႏွင့္ေဟာ္
မြန္း႐ြာကိုေက်ာေပး၍ ႏြားနီတစ္ရွဥ္းကို ခပ္သြက္
သြက္ဟင္း၍ထြက္သြားေလေတာ့သည္။
ကိုေထာ္႐ိုက္လွည္းထြက္သြား၍ေဟာ္မြန္း႐ြာႏွင့္ ကိုက္တစ္ရာ
သာသာခန႔္ အေရာက္တြင္ ကိုေထာ္႐ိုက္၏ေမ်ာက္သား
ငယ္ကေလးသည္ ဘယ္ဆီကေပါက္လာသည္မသိ
အိမ္ေရွ႕သို႔ ေရာက္လာေလ၏။ ေမ်ာက္သားငယ္
ကေလးသည္ပိတ္ထားေသာတံခါမွေသာ့ခေလာက္
ကို တေဒါက္ေဒါက္ဆြဲေခါက္လိုက္၏။ အတန္ၾကာေသာါ
အိမ္ေဘးမွ လွည့္ ၍ပြင့္ေနေသာျပတင္းေပါက္တစ္ခုမွ လႊားခနဲ ခုန္၍တက္လိုက္၏။
အိမ္ထဲသို႔အေရာက္တြင္ဟာလာဟင္းလင္းရွင္းေနေသာအိမ္ငယ္ကို
လွည့္ပတ္ၾကည့္ၿပီး အတန္ၾကာ ပိုင္သြားေလ၏။
၎ေနာက္ ဝင္လာေသာ ျပတင္းေပါက္မွ လႊားခနဲ ခုန္ခ်ၿပီး အိပ္ပတ္
လည္ တစ္ပတ္ေလွ်ာက္ ၾကည့္လိုက္ေသး၏။
ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသည့္ပမာ ေမ်ာက္သား
ငယ္ကေလး သည္အိမ္ကိုေနာက္ျပန္လွည့္ၾကည့္ လွည့္ၾကည့္ႏွင့္ ႐ြာေပါက္ဆီသို႔ထြက္သြားေလ၏။
သို႔ေသာ္ ယခင္က သြားေနက် ႐ြာေျမာက္ဘက္ ေတာဆီသို႔
မသြား ေတာ့ဘဲ မႈန္ဝါးဝါးျမင္ေနရေသာ ဝါေမႊေတာင္တန္း
ႀကီးဆီသို႔ ခုန္ဆြ ခုန္ဆြ ႏွင့္တေ႐ြ႕ေ႐ြ႕သြားရင္းမႈန္ဝါး ေပ်ာက္ကြယ္သြားေလေတာ့သတည္း။

မင္းသူရိန္