ကိုယ်ချင်းစာစိတ်(စ/ဆုံး)

Unicode Version

ကိုယ်ချင်းစာစိတ်(စ/ဆုံး)
——————————-
စံစံကြီးကအိမ်ယာဝင်းတစ်ခုထဲမှာနေထိုင်ပါတယ်
သူမတို့အိမ်ကနှစ်ထပ်အိမ်ပါအိမ်ယာဝင်းဆိုတော့ခြံနဲ့ဝင်းနဲ့နေကြတာပေါ့
တစ်နေ့တော့စံစံကြီးတို့အိမ်နောက်ကခြံမှာသုံးထပ်တိုက်လာဆောက်တယ်အချိန်ကမိုးတွင်းကာလကြီးပေါ့
အလုပ်သမားတွေကညနေငါးနားရီလောက်ဆိုအလုပ်သိမ်းသွားကြတယ်
တစ်ရက်တော့ညနေငါးနာရီခွဲလောက်မှာနောက်ဖေးခြံထဲကခွေးတစ်ကောင်အူလိုက်ဟောင်လိုက်နဲ့အတောမသတ်နိုင်ဘူး
ဒါနဲ့ဘာများဖြစ်နေသလဲသူခိုးများဝင်နေသလားဆိုပြီးထင်မိတယ်မိုးကလည်းရွာနေတာဆိုတော့ပျင်းပျင်းနဲ့ထမကြည့်ဖြစ်ဘူး
၆နာရီကျော်လောက်အထိခွေးကဟောင်လိုက်ရပ်လိုက်နဲ့တဖြေးဖြေးခွေးအသံကအားမရှိတော့သလိုဖျော့တော့ပြီးတိုးတိုးလာတယ်
၆နာရီခွဲကျော်အထိခွေးအသံကအူသလိုလိုငြီးသလိုလိုနဲ့အစပိုင်းကလိုအဆက်မပြတ်အသံမထွက်တော့ဘူး
နားလိုက်ဟောင်လိုက်နဲ့ကြားနေရတာကြောင့်စံစံကြီးလည်းအဖြစ်မှန်သိရအောင်အိမ်ပေါ်ထပ်တက်ကြည့်တယ်
အပြင်မှာမှောင်နေပြီမိုးကလည်းတဖွဲဖွဲနဲ့ရွာကောင်းဆဲဆိုတော့အပေါ်ထပ်နောက်ဖေးပြတင်းပေါက်ကနေခြံထဲလှမ်းကြည့်တော့ဘာမှမမြင်ရဘူးခွေးအသံကလည်းကြားနေရတုံး
ဒါနဲ့ဓတ်မီးနဲ့သေသေချာချာထိုးကြည့်တဲ့အခါမှာတော့သူတို့မိလ္လာကန်လုပ်ဖို့တူးထားတဲ့တွင်းထဲခွေးတစ်ကောင်ကျနေတာမြင်လိုက်ရတယ်
ခွေးကမီးရောင်ထိုးတဲ့အပေါ်မော့ကြည့်ပြီးအသနားခံတဲ့မျက်လုံးနဲ့အော်နေတာ
ကန်ထဲကရေကလည်းခွေးလည်ပင်းထိရောက်နေပြီမိုးကလည်းစွေနေတယ်ခွေးခဗျာတစ်နာရီကျော်လောက်ရေထဲစိမ်ပြီအော်နေရလို့အသံတောင်တုန်နေရှာပြီ
ဒါနဲ့စံစံကြီးလည်းခွေးကိုဘယ်လိုကယ်ရမလဲလို့စဉ်းစားတယ်အိမ်မှာကလည်းယောင်္ကျားလေးတွေမရှိဘူးအလုပ်ကပြန်မရောက်ကြသေးဘူး
အိမ်ရှေ့ထွက်လိုက်မျှော်လိုက်နဲ့ခွေးအော်သံလည်းစိတ်မချမ်းသာစွာကြားနေရတယ်
နောက်ဆုံးမနေနိုင်တော့ဘူးကြာရင်ခွေးကရေနစ်ပြီးသေတော့မယ်ဆိုတော့ထးီတစ်ချောင်းဆောင်းပြီးအနောက်ဖက်လမ်းထဲခပ်သွက်သွက်လျှောက်သွားလိုက်တယ်
ခွေးကျနေတဲ့ဘေးအိမ်ကိုအကူအညီတောင်းဖို့ကလည်းလူမရှိဘူးအဲဒီအချိန်မှာလမ်းထဲပစ္စည်းလာပို့ကားတစ်စီးကိုတားလိုက်တယ်
ကားမောင်းတဲ့ကောင်လေးကိုအကျိုးအကြောင်းပြောပြီးခွေးကိုကယ်ဖို့အကူအညီတောင်းလိုက်တယ်
ကားသမားလေးကလည်းသဘောကောင်းရှာတယ်ခွေးကိုတွင်းထဲဆင်းပြီးကယ်ပေးတယ်
အပြင်ရောက်တော့ခွေးကအသားတွေတဆတ်ဆတ်တုန်နေရှာတယ်ခြေထောက်တစ်ဖက်ကလည်းမသန်ရှာဘူ
းမျက်လုံးတစ်ဖက်ကလည်းသိပ်ကောင်းပုံမရဘူး
ကြည့်ရတာအစာရှာရင်းတွင်းထဲခြေချော်ကျသွားတယ်ထင်တာပဲခွေးကတော်တော်နဲ့မသွားနိုင်ရှာဘူးရေတွင်းထဲနှစ်နာရီနီးပါးလောက်ကျနေတာဆိုတော့တုန်တုန်ချိချိဖြစ်နေရှာတယ်
ဒါပေမဲ့သူ့ကိုကယ်ပေးတဲ့သူတွေကိုတော့ကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအူပြရှာတယ်
စံစံကြီးကတော့အချိန်မှီကလေးခွေးအသက်ကိုကယ်လိုက်နိုင်လို့ဝမ်းသာပီတိဖြစ်နေမိတယ်
အဲဒီကုသိုလ်လေးကစံစံကြီးအတွက်မမေ့နိုင်စရာဖြစ်ခဲ့တယ်စံစံကြီးဘဝမှာလည်းခွေးအသက်ကယ်ခဲ့လို့လားမသိအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်
ဘယ်အရာမဆိုစိတ်စေတနာကောင်းပြီးကိုယ်ချင်းစာစိတ်ကကိုယ့်ကိုအကျိုးပေးပါတယ်
တိမ်လွှာမိုး

Zawgyi Version

ကိုယ္ခ်င္းစာစိတ္(စ/ဆံုး)
——————————-
စံစံႀကီးကအိမ္ယာဝင္းတစ္ခုထဲမွာေနထိုင္ပါတယ္
သူမတို့အိမ္ကနွစ္ထပ္အိမ္ပါအိမ္ယာဝင္းဆိုေတာ့ျခံနဲ႔ဝင္းနဲ႔ေနႀကတာေပါ့
တစ္ေန့ေတာ့စံစံႀကီးတို့အိမ္ေနာက္ကျခံမွာသံုးထပ္တိုက္လာေဆာက္တယ္အခ်ိန္ကမိုးတြင္းကာလႀကီးေပါ့
အလုပ္သမားေတြကညေနငါးနားရီေလာက္ဆိုအလုပ္သိမ္းသြားႀကတယ္
တစ္ရက္ေတာ့ညေနငါးနာရီခြဲေလာက္မွာေနာက္ေဖးျခံထဲကေခြးတစ္ေကာင္အူလိုက္ေဟာင္လိုက္နဲ႔အေတာမသတ္နုိင္ဘူး
ဒါနဲ႔ဘာမ်ားျဖစ္ေနသလဲသူခိုးမ်ားဝင္ေနသလားဆိုျပီးထင္မိတယ္မိုးကလည္းရြာေနတာဆိုေတာ့ပ်င္းပ်င္းနဲ႔ထမႀကည့္ျဖစ္ဘူး
၆နာရီေက်ာ္ေလာက္အထိေခြးကေဟာင္လိုက္ရပ္လိုက္နဲ႔တေျဖးေျဖးေခြးအသံကအားမရွိေတာ့သလိုေဖ်ာ့ေတာ့ျပီးတိုးတိုးလာတယ္
၆နာရီခြဲေက်ာ္အထိေခြးအသံကအူသလိုလိုျငီးသလိုလိုနဲ႔အစပိုင္းကလိုအဆက္မျပတ္အသံမထြက္ေတာ့ဘူး
နားလိုက္ေဟာင္လိုက္နဲ႔ႀကားေနရတာေႀကာင့္စံစံႀကီးလည္းအျဖစ္မွန္သိရေအာင္အိမ္ေပၚထပ္တက္ႀကည့္တယ္
အျပင္မွာေမွာင္ေနျပီမိုးကလည္းတဖြဲဖြဲနဲ႔ရြာေကာင္းဆဲဆိုေတာ့အေပၚထပ္ေနာက္ေဖးျပတင္းေပါက္ကေနျခံထဲလွမ္းျကည့္ေတာ့ဘာမွမျမင္ရဘူးေခြးအသံကလည္းႀကားေနရတံုး
ဒါနဲ႔ဓတ္မီးနဲ႔ေသေသခ်ာခ်ာထိုးႀကည့္တဲ႔အခါမွာေတာ့သူတို့မိလႅာကန္လုပ္ဖို့တူးထားတဲ႔တြင္းထဲေခြးတစ္ေကာင္က်ေနတာျမင္လိုက္ရတယ္
ေခြးကမီးေရာင္ထိုးတဲ႔အေပၚေမာ့ႀကည့္ျပီးအသနားခံတဲ႔မ်က္လံုးနဲ႔ေအာ္ေနတာ
ကန္ထဲကေရကလည္းေခြးလည္ပင္းထိေရာက္ေနျပီမိုးကလည္းေစြေနတယ္ေခြးခဗ်ာတစ္နာရီေက်ာ္ေလာက္ေရထဲစိမ္ျပီေအာ္ေနရလို့အသံေတာင္တုန္ေနရွာျပီ
ဒါနဲ႔စံစံႀကီးလည္းေခြးကိုဘယ္လိုကယ္ရမလဲလို့စဥ္းစားတယ္အိမ္မွာကလည္းေယာက်ၤားေလးေတြမရွိဘူးအလုပ္ကျပန္မေရာက္ႀကေသးဘူး
အိမ္ေရွ့ထြက္လိုက္ေမ်ွာ္လိုက္နဲ႔ေခြးေအာ္သံလည္းစိတ္မခ်မ္းသာစြာႀကားေနရတယ္
ေနာက္ဆံုးမေနနုိင္ေတာ့ဘူးႀကာရင္ေခြးကေရနစ္ျပီးေသေတာ့မယ္ဆိုေတာ့ထးီတစ္ေခ်ာင္းေဆာင္းျပီးအေနာက္ဖက္လမ္းထဲခပ္သြက္သြက္ေလ်ွာက္သြားလိုက္တယ္
ေခြးက်ေနတဲ႔ေဘးအိမ္ကိုအကူအညီေတာင္းဖို့ကလည္းလူမရွိဘူးအဲဒီအခ်ိန္မွာလမ္းထဲပစၥည္းလာပို့ကားတစ္စီးကိုတားလိုက္တယ္
ကားေမာင္းတဲ႔ေကာင္ေလးကိုအက်ိုးအေႀကာင္းေျပာျပီးေခြးကိုကယ္ဖို့အကူအညီေတာင္းလိုက္တယ္
ကားသမားေလးကလည္းသေဘာေကာင္းရွာတယ္ေခြးကိုတြင္းထဲဆင္းျပီးကယ္ေပးတယ္
အျပင္ေရာက္ေတာ့ေခြးကအသားေတြတဆတ္ဆတ္တုန္ေနရွာတယ္ေျခေထာက္တစ္ဖက္ကလည္းမသန္ရွာဘူ
းမ်က္လံုးတစ္ဖက္ကလည္းသိပ္ေကာင္းပံုမရဘူး
ႀကည့္ရတာအစာရွာရင္းတြင္းထဲေျခေခ်ာ္က်သြားတယ္ထင္တာပဲေခြးကေတာ္ေတာ္နဲ႔မသြားနုိင္ရွာဘူးေရတြင္းထဲႏွစ္နာရီနီးပါးေလာက္က်ေနတာဆိုေတာ့တုန္တုန္ခ်ိခ်ိျဖစ္ေနရွာတယ္
ဒါေပမဲ႔သူ့႔ကိုကယ္ေပးတဲ႔သူေတြကိုေတာ့ေက်းဇူးတင္တဲ႔မ်က္လံုးေတြနဲ႔ႀကည့္ျပီးအူျပရွာတယ္
စံစံႀကီးကေတာ့အခ်ိန္မွီကေလးေခြးအသက္ကိုကယ္လိုက္နုိင္လို့ဝမ္းသာပီတိျဖစ္ေနမိတယ္
အဲဒီကုသိုလ္ေလးကစံစံႀကီးအတြက္မေမ့နိုင္စရာျဖစ္ခဲ႔တယ္စံစံႀကီးဘဝမွာလည္းေခြးအသက္ကယ္ခဲ႔လို့လားမသိအသက္ေဘးကလြတ္ေျမာက္ခဲ႔ပါတယ္
ဘယ္အရာမဆိုစိတ္ေစတနာေကာင္းျပီးကိုယ္ခ်င္းစာစိတ္ကကိုယ့္ကိုအက်ိုးေပးပါတယ္
တိမ္လႊာမိုး