” အပမှီနေသည့် ကလေး “(စ/ဆုံး)

Unicode Version

” အပမှီနေသည့် ကလေး “(စ/ဆုံး)
—————————————–

” မတင်ညွန့်ညစ်ထားမွေးတော့မယ် ”

” ညစ်ထားဟေ့ ညစ်ထား ”

” အား အာ့ ”

တိတ်ဆိတ်နေသောညဉ့်နက်သန်ခေါင်ယံအချိန်၊ မွေးခန်းထဲ၌မတင်ညွန့်အော်သံနှင့်အတူလက်သည်မနှစ်ယောက်၏အသံက ဆူညံနေလေသည်။ မတင်ညွန့်ယောကျာင်္းဖြစ်သူစိန်သောင်းမှာတော့အခန်းပြင်၌ပင် စိတ်လှုပ်ရှားစွာဖြင့်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။ အိမ်အောက်ဘက်၌ကားမတင်ညွန့်မိဘဆွေမျိုးများနှင့်စိန်သောင်းမိဘအပြင် ဆွေမျိုးများပင်ရှိလေသည်။

” အား ”

” မွေးပြီတော် မွေးပြီ ”

မတင်ညွန့်နာကျင်စွာအော်ဟစ်သံနှင့် အတူလက်သည်မ၏စကားကို
ကွားလိုကျရ၏။

” ယောကျာင်္းလေးတော် ချစ်စရာလေး ”

” အူးငင့် အူးငင့် ”

မတင်ညွန့်ကကလေးမွေးပြီးတော့ကလေးကိုပင်မကြည့်နိုင်တော့ဘဲ သတိမေ့သွားလေပြီ။ စိန်သောင်းတစ်ယောက်ကြားလိုက်ရသည့်စကားေ
ကြာင့် ဝမ်းသာသွားပြီးအခန်းထဲပြေးဝင်လာသည်။

” စိန်သောင်းနေဦးလေ နင်ကလဲအလောတကြီးနဲ့ မွေးခန်းထဲကိုယော
ကျာင်္းတွေမဝင်ရဘူး ”

” ကလေးကိုကြည့်ချင်လို့ပါ၊ ဒါနဲ့မိန်းမရောဘယ်လိုနေလဲ ”

” နင့်မိန်းမသတိမေ့နေတယ်၊ နင်အပြင်ထွက်လိုက်ဦး ကလေးကိုငါယူ
လာပေးမယ် ”

” အင်း ”

စိန်သောင်းလဲ လက်သည်မ၏စကားကိုနားထောင်ပြီးအခန်းပြင်ဘက်ဆီထွက်လာခဲ့လေသည်။ လက်သည်မနှစ်ယောက်မှာတစ်ယောက်ကမွေးခန်းထဲ၌ပြင်ဆင်စရာရှိတာကိုပြင်ဆင်နေပြီး နောက်တစ်ယောက်က ကလေးကိုအဖြူရောင်ပိတ်စလေးရိုက်ပတ်ကာအခန်းပြင်ဘက်ထွက်လာခဲ့လေသည်။ အခန်းပြင်ဘက်၌ကားစိန်သောင်းအမျိုးတွေနှင့်မတင်ညွန့်အမျိုးတွေအပါအဝင်စိန်သောင်းပါ ကလေးကိုကြည့်ရန်စောင့်နေလေ၏။ လက်သည်မထွက်လာတော့ စိန်သောင်းမိဘများနှင့်မတင်ညွန့်မိဘများက ကလေးကိုကြည့်ရန်လာကြသည်။

” ရော စိန်သောင်း ”

” အူးငင့် အူးငင့် ”

စိန်သောင်းတစ်ယောက်ကလေးကိုကြည့်ရင်း ပီတိဖြစ်နေမိသည်။ လောကမှာဖခင်တစ်ယောက်ရဲ့ပျော်ရွင်းခြင်း၊ပီတိဖြစ်ခြင်းဆိုတာ ဒါမျိုးလားဆို
ပြီး စိန်သောင်းစိတ်ထဲကနေတွေးမိလိုက်သည်။ ကလေးကလဲမျက်လုံးမပွင့်သေးဘဲ အော်ငိုနေလေ၏။

” ကလေးကိုပေးတော့ ”

” ဟေ့ဟေ့ နေဦးလေ၊ ငါတို့လဲချီပါရစေဦး ”

” မရဘူး၊ ကလေးကခုမှမွေးကင်းစဘဲရှိသေးတာ လူတွေအများကြီးချီ
လို့မရဘူး ”

လက်သည်မကကလေးကိုချီပြီးအခန်းထဲပြန်ဝင်သွားလေသည်။ စိန်သောင်းမိဘများနှင့်မတင်ညွန့်မိဘများကကလေးကိုမချီလိုက်ရတာကြောင့် စိတ်ထဲ၌မကျေနပ်ချင်ပေ။ သို့သော်ကလေးကိုမကြာခင်တွေ့ရမှာဘဲဆိုတဲ့ စိတ်နဲ့သာဖြေလိုက်ကြ၏။ စိန်သောင်းအိမ်အောက်ဘက်ဆီဆင်းလာတော့

” ကဲ စိန်သောင်း ကလေးမွေးတဲ့အထိမ်းအမှတ်နဲ့ဘာကျွေးမှာလဲ ”

” ရွာမှာတော့မုန့်တီဘဲရှိတယ် မုန့်တီဘဲစားကြတော့ ဟီးဟီးဟီး ”

” အေးပါတော် အေးပါ ”

စိန်သောင်းလဲအမျိုးတွေနှင့်စကားပြောပြီး ရွာထဲမှမုန့်တီဆိုင်ဆီမုန့်တီဝယ်ရန်လက်နှိပ်ဓာတ်မီးလေးတစ်လုံးယူပြီး အေးအေးလူလူထွက်လာခဲ့သည်။ မုန့်တီဆိုင်ဆီရောက်တော့မုန့်တီရောင်းသည့်အပျိုကြီးကအိပ်နေ၍ အိမ်အောက်ကနေအော်နိုးပြီးမုန့်တီဝယ်လာခဲ့ရ၏။ စိန်သောင်းမုန့်တီဝယ်၍ရွာထဲလမ်းအတိုင်းအိမ်ဆီသွားနေစဉ် နောက်ကနေ

” ညီလေးရယ် ညီလေးနေပါဦး ”

ဆိုပြီး အော်ခေါ်သံကြားလိုက်ရသည်။ စိန်သောင်းလဲနောက်ကိုလှည့်ပြီးဓာတ်မီးထွန်းကြည့်လိုက်တော့ အသက်အရွယ်အားဖြင့် ၃၀ ကျော်လောက်ခန့်ရှိမည့်လူကြီးတစ်ယောက်ကိုမြင်လိုက်သည်။ စိန်သောင်းလဲထိုလူကိုရွာထဲ၌တစ်ခါမှမမြင်ဖူးပေ။

” ဒီကညီလေးလက်ထဲမှာလဲမုန့်တီထုတ်တွေနဲ့ မုန့်တီကျွေးမှာထင်
တယ် ”

” ကျွန်တော့်မိန်းမကလေးမွေးလို့ မုန့်တီကျွေးမှာလေ ဟီးဟီးဟီး ”

စိန်သောင်းကထိုလူအမေးကိုရယ်ရင်း ဖြေလိုက်၏။

” ဪ၊ အစ်ကိုလဲဗိုက်ဆာနေတာနဲ့အတော်ဘဲ ညီလေးအိမ်မှာမုန့်တီ
ကျွေးမှာဆိုတော့ အစ်ကိုလဲလိုက်ခဲ့မယ်လေ ”

” ရပါတယ် လိုက်ခဲ့ပါ ”

စိန်သောင်းလဲမိန်းမဖြစ်သူကလေးမွေးထားတာကြောင့် ပျော်ရွင်နေ၍ထိုလူကိုခေါ်ပြီးအိမ်ကိုလာခဲ့လေသည်။ လမ်းတစ်လျောက်ထိုလူကစိန်သောင်းမိန်းမနှင့်ကလေးအကြောင်းမေးလာ၍ စိန်သောင်းလဲရိုးရိုးသားသားပင်ဖြေလိုက်၏။ စိန်သောင်းအိမ်ကိုရောက်တော့နောက်ကလိုက်ပါလာသည့်လူ၏စကားကိုမကြားတာကြောင့် နောက်ကိုလှည့်ကြည့်
လိုက်တော့ ထိုလူမှမရှိတော့ပေ။ စိန်သောင်းလဲထိုလူပျောက်သွားတာေ
ကြာင့် စိတ်ထဲ၌ဇဝေဇဝါဖြစ်သွားလေ၏။ ခဏကြာတော့စိန်သောင်းလဲထိုလူကိုမေ့ထားလိုက်ပြီး အမျိုးတွေကိုမုန့်တီကျွေးရင်းစကားပြောကာနေလိုက်တော့သည်။

စိန်သောင်းတစ်ယောက် ထိုလူကိုခေါ်လာပြီးနောက်ပိုင်း ညအချိန်ရေသောက်ဆင်းရင် အရိပ်မဲတစ်ခုကိုမကြာခဏမြင်ရလေသည်။ မတင်ညွန့်လဲထိုနည်းတူ အရိပ်မကြီးကိုညအချိန်မကြာခဏ မြင်ရလေ့ရှိ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၅ နှစ်ခန့်ကြာပြီးနောက်…….

” မိန်းမရယ် ကိုအလုပ်သွားလုပ်တော့မယ်၊ ကလေးကိုဂရုစိုက်နော် ”

” စိန်ချပါယောကျာင်္းရယ် ”

” အေးအေး သွားပြီ ”

စိန်သောင်းတစ်ယောက်မိန်းမဖြစ်သူကိုကလေးအားဂရုစိုက်ရန် ပြောပြီး မနက်စောစောစီးစီး အိမ်ကနေစက်ဘီလေးစီးပြီးထွက်လာခဲ့သည်။ စိန်သောင်းလုပ်သည့်အလုပ်ကအခြားတစ်ရွာမှ သစ်စက်ရုံ၌သစ်တွေကိုထမ်းပိုးပြီးပို့ပေးရသောအလုပ်ဖြစ်သည်။ ပင်လဲပင်ပန်းသလိုဝင်ငွေလဲကောင်း၍စိန်သောင်းလုပ်နေခြင်းဖြစ်၏။ စိန်သောင်း၏သားမှာယခုဆိုရင်အသက် ၅ နှစ်ရှိပြီဖြစ်တာကြောင့် စကားကောင်းကောင်းပြောတတ်ပြီးလမ်းလဲကောင်းကောင်းလျှောက်တတ်နေလေပြီ။ စိန်သောင်းမှာသူ့၏သားဖြစ်သူကို အောင်စိန်ဆိုပြီး နာမည်ပေးထားလေ၏။

” သားရယ် ခါးခါးလေးလိမ်းပေးမယ် မေမေဆီလာခဲ့ပါဦး ”

မတင်ညွန့်တစ်ယောက်သားဖြစ်သူအိမ်အောက်၌အရုပ်တွေနှင့်ဆော့ကစားနေ၍ သနပ်ခါးလိမ်းရန်ခေါ်လိုက်လေ၏။ သားဖြစ်သူအောင်စိန်မှာလဲ
မိဘစကားတွေကိုနားလည်စအရွယ်ကတည်းက မငြင်းမပယ်၊အမြဲတမ်းလိုလိုနားထောင်လေ့ရှိသောသားလိမ္မာတစ်ယောက်ဖြစ်၍ စိန်သောင်းနှင့်မတင်ညွန့်မှာသားဖြစ်သူကိုအချစ်ပိုရလေ၏။

” လာပြီမေမေရယ် ”

အောင်စိန်တစ်ယောက်မိခင်ဖြစ်သူခေါ်သံကြားလိုက်၍ ဆော့လက်စအရုပ်တွေကိုပစ်ထားပြီး မိခင်ဖြစ်သူဆီလှေကားထစ်ကနေပြေးတက်တက်လာခဲ့လေသည်။ ခဏအကြာ အောင်စိန်မှာသနပ်ခါးလိမ်းပြီးသွားလေ၏။

” မေမေ သားလှသွားပြီလား ”

” အင်း၊ လှသွားပြီ ”

” ဟီးဟီးဟီး ”

အောင်စိန်တစ်ယောက်ပျော်သွားပြီး မိခင်ဖြစ်သူနားမှအပြေးကလေးပြေးလာရင်း လှေကားကိုပြေးဆင်းလာလေသည်။ ထိုစဉ် အောင်စိန်တစ်ယောက်လှေကားထစ်ကနေပြေးဆင်းနေရင်း ရှေ့ကိုအားလွန်ပြီးပြုတ်ဆင်းသွားလေသည်။

” အား ”

အောင်စိန်တစ်ယောက်လှေကားထစ်ကနေပြုတ်ဆင်းပြီး ‘အား ‘ လို့အော်ကာ လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားလေတော့၏။ မတင်ညွန့်တစ်ယောက်သားဖြစ်သူ၏အော်သံကြားတာကြောင့် အိမ်ထက်ကနေပြေးလာတော့ မြင်လိုရတဲ့မြင်ကွင်းကြောင့်ခဏကြောင်ပြီးရပ်ကြည့်နေမိသည်။ မတင်ညွန့်မြင်လိုက်ရသည်က သားဖြစ်သူအောင်စိန်လှေကားရင်း၌ ခေါင်းမှသွေးများစီးကျလျက်ငိုလဲမငို၊စကားလဲမပြောဘဲ ငူငူ
ကြီးထိုင်နေလေ၏။ ခဏအကြာ မတင်ညွန့်လဲသတိဝင်လာပြီးသားဖြစ်သူဆီသွားလိုက်တော့၏။ အနားကိုရောက်တော့

” ဘယ်လိုဖြစ်တာလဲ သားရယ်၊ ခေါင်းမှာလဲသွေးတွေနဲ့ ”

” ဘာမှမဖြစ်ဘူး ”

သားဖြစ်သူခပ်ပြတ်ပြတ်ပြောလိုက်သည့်စကားကြောင့် မတင်ညွန့်အံ့ဩသွားလေသည်။ အရင်က ခုလိုမဟုတ်ပေ။ နားလည်စအရွယ်ကတည်းကမိဘစကားတွေကို အမြဲတမ်းမငြင်း၊မပယ်နားထောင်တတ်သည့်သား
လိမ္မာလေးပင်။

” ကဲပါသားရယ် ၊ မေမေဆေးထည့်ပေးမယ် လာ ”

” မလိုက်ဘူး ”

” ခေါင်းမမာနဲ့ သားရယ် ၊ လာပါ ”

” ငါမလိုက်ဘူးလို့ပြောနေတယ်နော် ”

” ဟာ ”

ဒီတစ်ခါသားဖြစ်သူဆီကကြားလိုက်ရသည့်စကားကြောင့် မတင်ညွန့်အံ့ဩထိန့်လန့်သွားတော့သည်။ မတင်ညွန့်လဲသားဖြစ်သူပြောသည့်စကားများကို ယောကျာင်္းဖြစ်သူပြန်လာရင်ပြောမယ်ဟုစိတ်ကူးထားလိုက်၏။

” လာပါသားရယ် ၊ ဆေးထည့်ပြီးရင်မေမေမုန့်ကျွေးမယ် ”

” မစားဘူး၊ ငါ့ကိုကျွေးချင်ရင်အမဲသားကျွေး ”

” အေးပါသားရယ် မနက်ဖြန်စျေးသွားပြီးမေမေဝယ်ပေးမယ် ”

မတင်ညွန့်အမဲသားကျွေးမည်ဟုပြောမှ အောင်စိန်အနားကိုသွားလေသည်။ ညနေဘက်ရောက်တော့ စိန်သောင်းအလုပ်ကနေပြန်လာလေ၏။ မတင်ညွန့်လဲစိန်သောင်းကို သားဖြစ်သူအောင်စိန်အကြောင်းဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လေ၏။ စိန်သောင်းကတော့ထိုအကြောင်းကို ‘ ကလေးဘဲတစ်ခါတစ်လေ စိတ်တိုပြီးပြောတာနေမှာပေါ့ ‘ ဆိုတဲ့စကာပြော
ပြီး ပေါ့ဆစွာထားလိုက်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့ရောက်တော့ မတင်ညွန့်တစ်ယောက်စျေးကိုသွားတော့ သားဖြစ်သူ မှာထားသည့်အမဲသားဝယ်ရန် မေ့ခဲလေသည်။ အိမ်ကိုရောက်တော့

” မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး ”

သားဖြစ်သူအောင်စိန်၏စကားသံကြောင့်သားဖြစ်သူကိုကြည့်လိုက်တော့
မျက်ထောင့်နီနီကြီးဖြင့်ကြည့်နေတာကို မြင်လိုက်ရသည်။

” မေမေမေ့သွားလို့ပါသားလေးရယ် စိတ်မဆိုးနဲ့နော် ၊ မနက်ဖြန်စျေး
သွား ရင်ဝယ်လာခဲ့မယ် ”

” နင့်အပေါက်ပိတ်ထားပြီး ခုချက်ချင်းအမဲသားငါ့အတွက်သွားဝယ်ပေး
စမ်း ”

သားဖြစ်သူအောင်စိန်၏ရိုင်းစိုင်းသောစကားများကြောင့် မတင်ညွန့်အံ့ဩစိတ်နှင့်အတူဒေါသထွက်သွားလေသည်။

” မအေကိုတောင်ပြန်ပြောတဲ့ကလေး လာစမ်း ”

မတင်ညွန့်လဲဒေါသထွက်သွားပြီးသားဖြစ်သူအောင်စိန်ဆီသွားပြီး ပါးကိုခပ်ပြင်းပြင်းလေးရိုက်ချလိုက်တော့သည်။

” ဖြန်း ”

” နင်ကများငါ့ကိုရိုက်တယ်ပေါ့ ကဲကွာ ”

” ဖြန်း…ဖြန်း ”

အောင်စိန်ပါးစပ်မှယောကျာင်္းကြီးတစ်ယောက်၏ အသံထွက်လာပြီးမိခင်
ဖြစ်သူပါးကိုနှစ်ချက်ဆက်တိုက်ရိုက်ချလိုက်လေသည်။ မတင်ညွန့်တစ်ယောက်မထင်မှတ်ထားသည့်ရိုက်ချက်ကြောင့် ရှောင်ချိန်မရလိုက်ပေ။ မတင်ညွန့်လဲသားဖြစ်သူပါးစပ်မှယောကျာင်္းကြီးတစ်ယောက်၏ အသံကြား
လိုက်ရတာကြောင့်ကြည့်လိုက်တော့ သားဖြစ်သူမီးဖိုချောင်ထဲပြေးဝင်သွားတာကိုမြင်လိုက်သည်။ ခဏကြာတော့

” ငါ့ကိုအမဲသားဝယ်ကျွေး မကျွေးရင်သေဖို့သာပြင်ထား ”

မီးဖိုချောင်ထဲကနေအော်ပြောပြီး ပြေးထွက်လာလေသည်။

” ဟာ ”

မီးချောင်ထဲကနေထွက်လာသည့်လူမှာသားဖြစ်သူအောင်စိန်မဟုတ်ဘဲ တစ်ခန္ဓာလုံးမီးလောင်သလိုမဲနက်နေသည့်လူတစ်ယောက်ပင်။ လက်ထဲမှာလဲ ကြက်သွန်လှီးဓားတစ်လက်ပါလေ၏။

” ငါ့ကိုအမဲသားခုချက်ချင်းဝယ်ပေးစမ်း ”

မတင်ညွန့်တစ်ယောက် မီးလောင်ထားသလိုတစ်ခန္ဓာလုံးမဲနက်နေသည့်လူကိုမြင်ပြီး

‘ အား၊ ကယ်ကြပါဦး ‘

လို့အော်ကာအိမ်ပြင်ကိုထွက်ပြေးတော့သည်။

” မပြေးနဲ့ ”

ထိုလူလဲနောက်ကနေပြေးလိုက်လာလေသည်။ မတင်ညွန့်အော်သံကို
ကြားသည့်အိမ်နားပတ်ဝန်းကျင်မှလူများက မတင်ညွန့်အိမ်ဆီပြေးလာ
ကြလေ၏။ အိမ်နားကိုရောက်တော့ မတင်ညွန့်အိမ်ထဲကနေပြေးထွက်
လာပြီးနောက်ကနေသားဖြစ်သူအောင်စိန် ဓားတစ်လက်ကိုင်ကာလိုက်လာနေသည်ကိုမြင်လိုက်လေသည်။

” ကယ်ကြပါဦးရှင့် ကယ်ကြပါဦး ”

” ဟေ့ မတင်ညွန့်ဘာဖြစ်တာလဲ ”

” တစ်ခန္ဓာလုံးမီးလောင်ထားသလိုမဲနေတဲ့ လူတစ်ယောက်ကျွန်မကိုလိုက်သတ်နေလို့ ကယ်ပါဦး ”

” နင့်ကိုလိုက်သတ်နေတဲ့လူကဘယ်မှာလဲ ”

” နောက်….နောက်မှာပါလာတယ် ”

မတင်ညွန့်တစ်ယောက်စကားအထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောပြီး နောက်ဘက်ကိုလက်ညိုးထိုးပြလိုက်တော့ ဓားတစ်လက်ကိုင်ထားပြီးမျက်ထောင့်နီနီကြီးဖြင့်ကြည့်နေသော သားဖြစ်သူကိုသာမြင်လိုက်သည်။

” ဪ၊ ဒီကလေးကလဲဓားတွေကိုင်ပြီးဘာလုပ်နေလဲမသိဘူး ”

မတင်ညွန့်နားမှာရပ်နေသည့် အသက် ၂၅ နှစ်အရွယ်ကျောက်ခဲက ကလေးဆီသွားလိုက်၏။ အနားကိုရောက်တော့

” ငါ့နားကိုတစ်ကောင်မှမလာနဲ့နော် လာတဲ့ကောင်အသေဘဲ ”

” ဟာ ”

ကျောက်ခဲကြားလိုက်သည့်စကားကြောင့်အံ့ဩသွားပြီး နောက်ကိုဆုတ်ပြေးလိုက်လေသည်။

” ဟေ့ မသာမငါ့ကိုအမဲသားကျွေးစမ်း ”

အောင်စိန်တစ်ယောက်မိခင်ဖြစ်သူကိုအော်ပြောလိုက်လေ၏။ အောင်စိန်ဘေးနားမှာရှိသည့်ကျောက်ခဲက အောင်စိန်ပြောသည့်စကားများကိုနား
ထောင်ပြီး အခြေအနေကိုရိတ်မိသွားကာမတင်ညွန့်နားဆီသွားပြီး

” မတင်ညွန့်ငါပြောတာသေချာနားထောင်နော် ၊ နင့်သားကိုအပမှီနေ
တာ ”

” ရှင့် ”

” ဟုတ်တယ်၊ ငါသိသလောက်ပြောရမယ်ဆိုရင် နင့်သားကိုအပမှီနေ
တာ ”

” ဟင်၊ ဒါဆိုကျွန်မသားလေးသေသွားပြီလား ”

” အဲဒါတော့ငါလဲမသိဘူး၊ ငါ့အဘနှင့်တွေ့မှဘဲသိရမယ် ”

” ကူညီပါဦး ကျောက်ခဲရယ် ”

” ခုလော လောဆယ်သူတောင်းထားတဲ့အမဲသားကိုဝယ်ကျွေးပြီး သူစိတ်ချမ်းသာအောင်ပြောပြီးထား ၊ ပြီးတော့အိမ်ထဲမှာသူ့ကိုတစ်ယော က်ထဲထားပြီး နင်ဘေးအိမ်တစ် အိမ်ကနေအခြေအနေစောင့်ကြည့်ထား ငါအဘကို သွားခေါ်ဦ မယ် ”

” နင့်အဘကဘယ်အချိန်ရောက်မှာလဲ ”

” အဘကဟိုဘက်ရွာမှာရှိတာ ရွာကို ညနေပိုင်းလောက်မှရော
က်မယ်ထင်တယ် ”

” မြန်မြန်လာခဲ့နော် ”

” အေးအေး ငါသွားပြီ ”

ကျောက်ခဲတစ်ယောက်မတင်ညွန့်နားကထလာပြီး သူ၏အဘဖြစ်သူရွာဆီသွားလေတော့သည်။ မတင်ညွန့်လဲသားဖြစ်သူကို

” သားရယ်အမေအမဲသားသွားဝယ်လိုက်မယ်၊ အိမ်ကစောင့်နေနော် ”

ဆိုပြီး အော်ပြောလိုက်၏။

” မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့၊ အမဲသားမဝယ်လာလို့ကတော့နင့်
သားသေပြီသာမှတ် ”

” တောင်းပန်ပါတယ်၊ ကျွန်မသားလေးကိုမသတ်ပါနဲ့ ”

အောင်စိန်ကမိခင်ဖြစ်သူစကားကိုနားမထောင်တော့ဘဲ အိမ်ထဲကိုပြန်ဝင်သွားလေသည်။ မတင်ညွန့်လဲဘေးအိမ်ကလူများကိုသားဖြစ်သူအားစောင့်ကြည့်ရန်မှာကြားပြီး အမဲသားဝယ်ရန်စျေးကိုထွက်လာခဲ့လေသည်။
၁၅ မိနစ်လောက်သွားတော့ စျေးကိုရောက်သွားလေသည်။ မတင်ညွန့်စျေးကိုရောက်သည်နှင့်အမဲသား လေးဆယ် သားဝယ်လိုက်ပြီး အိမ်ကိုပြန်လာခဲ့လေသည်။ အိမ်ကိုရောက်တော့

” အမဲသားတွေကိုမီးဖိုချောင်ထဲထားပြီး ထွက်သွားတော့ ”

” ဟုတ်..ဟုတ်ကဲ့ပါရှင့် ”

မတင်ညွန့်တစ်ယောက်ကျောက်ခဲမှာထားသည့်အတိုင်း သားဖြစ်သူကိုစိတ်ချမ်းသာအောင်ပြောလိုက်ပြီး အိမ်ပြင်ကိုထွက်လာခဲ့သည်။ မတငမညွန့်လဲဘေးအိမ်တစ်အိမ်၌ဝင်ပြီး သားဖြစ်သူအခြေအနေကိုစောင့်ကြ
ည့်နေလေ၏။ သို့သော် ဘာတစ်ခုမှထူးခြားမူမရှိပေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညနေဘက်ရောက်တော့ ကျောက်ခဲနှင့်အတူ မုဆိတ်မွေးအဖြူဆံပင်ဖြူ
နေသည့်အသက်အရွယ်အားဖြင့် ၆၀ ကျော်လောက်ရှိမည့်လူတစ်ယောက်အိတ်တစ်လုံးလွယ်ပြီးပါလာလေသည်။ မတင်ညွန့်လဲ ကျောက်ခဲနှင့်အတူပါလာသည့်လူကိုမြင်တော့အိမ်ထဲကနေထွက်ပြီး အကူအညီတောင်းလေတော့၏။

” ဆရာကြီးရယ် ကျွန်မသားလေးကိုကယ်ပါဦး ”

” အိမ်း၊ အဘကိုလာပြီးအကူအညီတောင်းတော့လဲ ကူညီရတာပေါ့၊
ခုအဘရောက်နေပြီဆိုတော့ဘာမှစိတ်မပူနဲ့တော့ ၊ ဒါနဲ့ကလေးနာမည်ကဘာလဲ ”

” အောင်စိန်ပါ ဆရာကြီး ”

” သမီးလေး အဘကိုဆရာကြီးလို့ခေါ်စရာမလိုဘူး အဘလို့ဘဲခေါ်ပါ
အဘနာမည်မသိရင်လဲမှတ်ထားဦး အဘနာမည်က စံထွန်း ”

” ဟုတ်ကဲ့ပါ အဘ ”

” ကဲ ဒါဆိုသမီးလေးအိမ်ကိုသွားရအောင်၊ ကျောက်ခဲမင်းကတော့
ငါ့နောက်ကနေလိုက်ခဲ့ ”

” ဟုတ်ကဲ့ပါ အဘ ”

မတင်ညွန့်၊ ကျောက်ခဲနှင့်စံထွန်းတို့က အောင်စိန်ရှိသည့်အိမ်ကိုဖြေးဖြေး
ချင်းဝင်လာလေသည်။ အိမ်ထဲကိုရောက်တော့

” ဟေ့ကောင်မ နင်ကများငါ့ကိုနှိမ်နှင်းဖို့အတွက် ဆရာတွေခေါ်လာတ
ယ်ပေါ့ သေချင်နေပြီထင်တယ်၊ ဆံပင်အဖြူကြီးနဲ့အဖိုးကြီးလဲ မသေချင်
ရင် အိမ်ပြန်တော့ ”

စံထွန်းဆိုသည့်လူက အိမ်ထက်ကနေပြောနေသည့်စကားများကိုကြားပြီး မဲ့ပြုံးပြုံးကာ ဂါထာတစ်ခုကိုဖြည်းဖြည်းချင်းရွတ်ဆိုလိုက်ပြီး အိမ်ထက်ကိုဖြည်းဖြည်းချင်းတက်လာခဲ့လေသည်။ ကျောက်ခဲနှင့်မတင်ညွန့်လဲ
နောက်ကနေ ထပ်ကြပ်မကွာလိုက်လာလေ၏။ အိမ်ထက်ကိုရောက်တော့

” ဒီအဖိုးကြီးငါလုပ်ရင်သေတော့မယ် အဟင်းဟင်း ”

အောင်စိန်ကအခန်းထောင့်တစ်နေရာက အံ့ကိုကြိတ်ရင်းစံထွန်းကို မကျေနပ်သောမျက်နှာမျိုးနှင့်ကြည့်နေလေသည်။ မတင်ညွန့်ကသားဖြစ်သူကိုကြည့်ရင်း ကြက်သီးများပင်ထနေလေ၏။ ကျောက်ခဲကတော့အတွေ့အကြုံရှိသူပီပီအေးဆေးပင်။ စံထွန်းဆိုသည့်လူကလဲအောင်စိန်ကိုဂရုမစိုက်ဘဲ ဘုရားစင်ရှိရာဘက်ဆီသွားနေလေသည်။ ဘုရားစင်ရှေ့ရောက်တော့ စံထွန်းကအိတ်ထဲမှဖယောင်းတိုင် ၇ ချောင်းထုတ်ကာဘုရားစင်၌ထွန်းလိုက်ပြီး ဘုရားစင်ရှေ့ဒူးထောက်လက်အုပ်ရှီကာ

” အရှင်ဘုရား တပည့်တော်သည် ၇ ရက်သား၊သမီးများကို အန္တာရာယ်
ကင်းအောင်ကယ်တင်ပေးနေသည့်အထက်လမ်းဆရာကြီးတစ်ဦးဖြစ်
ပါတယ် သို့ကြောင့် ဤအိမ်၌ရှိသည့်အောင်စိန်ဆိုသည့်ကလေးကိုပူး
ကပ်ပြီးအနှောက်အရှက်ပေးနေသည့် မကောင်းဆိုးဝါးရိုဖယ်ရှားရာ
၌ကလေးကိုအန္တာရာယ်ကင်းအောင်ကူညီပေးပါ ”

ဆိုပြီးပြောကာ ဘုရားကိုရှီခိုးလိုက်လေသည်။

” ကဲ၊ အောင်စိန်ဆိုတဲ့ကလေးခန္ဓာကိုယ်ထဲမှာဘာလို့ပူးကပ်ပြီး ဒီမိသား
စုကိုနှောက်ရှက်တာလဲဆိုတာ အဘရှေ့လာပြီးရှင်းပြပါဦး ”

” မလာဘူး မလာဘူး ”

” ကျောက်ခဲ ”

” ပြောပါ အဘ ”

” အဘအတွက်သောက်တော်ရေတစ်ခွက်မြန်မြန်ခပ်ပေးစမ်း ”

” ဟုတ်ကဲ့ပါ အဘ ”

ကျောက်ခဲကသူ၏အဘဖြစ်သူစံထွန်းပြောသည့်အတိုင်း အိမ်အောက်ကိုဆင်းသွားလေသည်။ ခဏအကြာမှာ လက်ထဲ၌သောက်ရေခွက်တစ်ခွက်ကိုင်ကာတက်လာပြီး အထက်လမ်းဆရာကြိ်းစံထွန်းကိုပေးလိုက်၏။ အထက်လမ်းဆရာကြီးစံထွန်းလဲသောက်ရေခွက်ကိုကိုင်ပြီး ဂါထာတစ်ခုကိုတိုးတိုးလေးရွတ်ကာ အောင်စိန်နားဆီထသွားလေသည်။
အောင်စိန်နာကိုရောက်တော့

” ကဲ အဘနောက်တစ်ခါထပ်မေးမယ်၊ အောင်စိန်ကိုပူးကပ်နေတာဘာ
ကြောင့်လဲ မင်းဘယ်သူလဲ ဒီကလေးနှင့်မင်းကဘာပတ်သက်မူရှိလို့
လဲပြော ”

” မပြောဘူးကွာ ”

” အိမ်း၊ ဒီလောက်တောင်ခေါင်းမာနေတာ အနုနည်းနဲ့မရရင်အကြမ်းန
ည်းသုံးရတော့မှာပေါ့ ”

အထက်လမ်းဆရာကြီးစံထွန်းကသောက်ရေခွက်ထဲလက်တစ်ဘက်နှိုက်ပြီး

” ဘုရားငါးဆူအမိန့် အထက်ဆရာကြီးများ၏အာဏာ နတ်မင်းကြီးလေးပါး၏အာဏာနှင့် ကလေးကိုပူးကပ်နေတဲ့မကောင်းဆိုးဝါးသရုပ်မှန်ခုချက်ချင်းပေါ်စမ်း ”

အထက်လမ်းဆရာကြီးစံထွန်းကရေခွက်ထဲကရေကိုလက်ထဲ၌အနည်းငယ်ယူပြီး အောင်စိန်ကိုပက်ဖြန်းလိုက်လေသည်။

” အား ”

ရေစက်များကျလာသည်နှင့်အောင်စိန် ‘ အား ‘ လို့အော်ကာတဖြည်းဖြည်းမီးလောင်ထားသလိုမဲနက်နေသည့်လူတစ်ယောက်အဖြစ်ပြောင်းသွားလေ၏။

” ဟာ ”

ကျောက်ခဲနှင့်မတင်ညွန့်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့ဩသွားလေသည်။ ထိုအချိန်အိမ်ပေါ်ကိုပြေးတက်လာသည့်ခြေသံတစ်သံကြားလိုက်ရလေသည်။

” ဒုန်း ဒုန်း ဒုန်း ”

အသံကြားရာဘက်လှည့်ကြည့်လိုက်တော့ စိန်သောင်းဖြစ်နေလေသည်။
စိန်သောင်းခန္ဓာကိုယ်ပေါ်၌ချွေးများထွက်လျက်

” ဟာ ”

စိန်သောင်းသူ၏မိန်းမဖြစ်သူနှင့် ၇ ပေလောက်အကွာမှာရှိနေသည့်တစ်ကိုယ်လုံးမဲနက်နေသည်ူ့လူတစ်ယောက်ကိုမြင်ပြီးအံ့ဩသွားလေသည်။

” မိန်းမ သူကဘယ်သူလဲ ”

” အဲဒါ အောင်စိန်ကိုပူးကပ်နေတဲ့မကောင်းဆိုးဝါး ဝိညာဉ်ဘဲကွယ် ”

စံထွန်းကစိန်သောင်းကိုဝင်ပြောလိုက်၏။

” ဗျာ ”

” လူလေးကိုအဘနောက်မှရှင်းပြမယ်၊ ခုလောလောဆယ်လူလေးတိတ်
တိတ်လေးနေပေးပါ ”

စိန်သောင်းလဲဆက်မပြောတော့ဘဲ မိန်းမဖြစ်သူအနားဆီသွားပြီးထိုင်ကာအခြေအနေကိုစောင့်ကြည့်နေလိုက်တော့သည်။ တစ်ကိုယ်လုံးမဲနက်နေသောမကောင်းဆိုးဝါးကောင်က အထက်လမ်းဆရာစံထွန်းကိုမကျေနပ်သောမျက်နှာနှင့်ကြည့်နေလေသည်။

” မကောင်းဆိုးဝါးကောင်ကများ ငါ့ကိုမခန့်လေးစားနဲ့ငါမေးတာကိုမဖြေ
ဘူးပေါ့ မင်းကမဖြေရင်ငါကလဲဖြေအောင်လုပ်ရမှာပေါ့ ရောကွာ ”

အထက်လမ်းဆရာကြီးစံထွန်းက မဲနက်နေသည့်မကောင်းဆိုးဝါးကောင်ကိုသောက်ရေခွက်မှရေကိုယူပြီးဆက်တိုက် ပက်ဖြန်းလိုက်လေသည်။

” အား….. ပူတယ် ပူတယ် ရေစင်နှင့်ပစ်တာရပ်ပေးပါ ”

အထက်လမ်းဆရာကြီးစံထွန်းက ရေခွက်ထဲမှရေများဖြင့်ပစ်နေသည်ကိုမရပ်သေးဘဲ

” ကလေးကိုဘာကြောင့်နှောက်ရှက်တာလဲဆိုတာပြောပြရင် ရပ်ပေး
မယ် ”

” ပြောပြပါမယ် ပူတယ်မခံနိုင်တော့ဘူး ”

” သေချာတယ်နော် ”

” သေချာပါတယ် ရေစင်နှင့်ပစ်တာရပ်ပါတော့ ”

ထိုသို့ပြောမှ အထက်လမ်းဆရာကြီးစံထွန်းရေဖြင့်ပစ်နေတာကိုရပ်လိုက်လေသည်။ စိန်သောင်း၊ မတင်ညွန့်နှင့်ကျောက်ခဲတို့ကား စကားတစ်ခွန်းမှမပြောဘဲ ကြည့်နေလေ၏။

” ကဲ မကောင်းဆိုးဝါးကောင်ပြောတော့ ”

” ငါကလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကမီးလောင်ပြီးသေသွားတဲ့လူတစ်ယောက်ဘဲ ငါသေသွားပြီးနောက်ပိုင်း ငါ့မိသားစုကငါ့ကိုအမျှအတန်းဝေမပေးလို့သရဲတစ်ကောင်ဖြစ်နေတာ သရဲဘဝမှာအစာရှာစားရတာလဲမလွယ်ဘူး ဒါနဲ့ငါလဲတစ်ရွာဝင်တစ်ရွာထွက်လာရင်း တစ်နေ့ဒီကလေးအဖေမုန့်တီဝယ်ပြီးပြန်လာတာမြင်တော့ မုန့်တီစားမယ်လို့ခွင့်တောင်းပြီး
နောက်ကနေလိုက်လာခဲ့တာအိမ်ကိုရောက်တော့ငါ့ကိုမုန့်တီလဲမကျွေး
ကြဘူး သူတို့စွန့်ပစ်တဲ့မုန့်တီတွေကိုဘဲကောက်စားရတယ် ဒါနဲ့ငါလဲမုန့်တီမစားရတာနဲ့ဒေါသထွက်ပြီဒီအိမ်ရှေ့ကသရက်ပင်မှာနေပြီးအခွင့်အရေးရင် ဘယ်သူ့ကိုမဆိုပူးကပ်ပြီးစားသောက်မယ်လို့စိတ်ကူးထားတာ ဟိုတစ်နေ့ကဒီကလေးလှေကားပေါ်ကပြုတ်ဆင်းပြီးသတိမေ့နေတုန်း ငါလဲအခွင့်အရေးရတာနဲ့ပူးကပ်ပြီးတောင်းစားတာ မရရင်ဒီကလေးကိုစားမယ်လို့စိတ်ကူးထားတာ ခုတော့အစီအစဉ်အားလုံးပျက်ကုန်
ပြီ ”

” ဟင် ”

” ဟာ ”

စိန်သောင်းနှင့်မတင်ညွန့်အံ့ဩထိန့်လန့်သွားတော့သည်။

” ကယ်ပါဦး အဘရယ် ”

” တိတ်တိတ်လေးနေပေးပါ သမီးလေး ”

အထက်လမ်းဆရာကြီးစံထွန်းပြောမှမတင်ညွန့်တိတ်သွားလေသည်။

” ရာရာစစ မလောက်လေးမလောက်စားသရဲကများကလေးကိုစားမယ်
တဲ့ ခုချက်ချင်းထွက်သွားစမ်း ”

” အဟင်းဟင်း ”

တစ်ကိုယ်လုံးမဲနက်နေသည့်သရဲက ‘ တဟင်းဟင်း ‘ ဖြင့်စကားမပြောဘဲမျက်ထောက်နီနီကြီးဖြင့် အနီးအနားရှိသည့်လူများကိုကြည့်နေလေသည်။

” ငါနောက်တစ်ခါထပ်ပြောမယ် ခုချက်ချင်းကလေးခန္ဓာကိုယ်ကထွက်
သွားစမ်း မထွက်ရင်တော့သရဲဘဝကနေပြာပုံဘဝဖြစ်သွားအောင်
လုပ်ပစ်မယ် ”

” အဟင်းဟင်း ”

အထက်လမ်းဆရာကြီးစံထွန်းပြောနေသည့်စကားများကိုမကြားသလိုလုပ်နေလေသည်။

” တော်တော်ခေါင်းမာတဲ့သရဲ ရောကွာ ”

” အား……… ”

ဒီတစ်ခါတော့ အထက်လမ်းဆရာကြီးစံထွန်းကလက်ထဲ၌ရှိသည့်သောက်ရည်ခွက်မှရေအားလုံးဖြင့်ပစ်လိုက်တာကြောင့် ‘ အား ‘ လို့အော်ကာအနက်ရောင်အခိုးအငွေ့အဖြစ်ပြောင်းသွားပြီးတစ်ကိုယ်လုံးမဲနက်နေသည့်သရဲပျောက်ကွယ်သွားကာ အောင်စိန်ခွေခွေလေးလဲကျသွားလေသည်။

” သားလေး ”

” သား ”

စိန်သောင်းနှင့်မတင်ညွန့်သားဖြစ်သူအောင်စိန်နားသွားပြီး ပွေ့ချီကာအော်ခေါ်နေလေသည်။

” ဘာမှစိတ်ပူစရာမလိုတော့ဘူးကလေးအန္တာရာယ်ကင်းသွားပြီ ”

အထက်လးမ်ဆရာကြီးစံထွန်းကစိန်သောင်းနှင့်မတင်ညွန့့်ကိုသားဖြစ်သူအားစိတ်မပူရန်ပြောပြီးအရင်တစ်ခါလို ကျောက်ခဲကိုရေခပ်ခိုင်းလိုက်လေသည်။ ကျောက်ခဲလဲသောက်ရေခွက်ကိုင်ပြီး ရေတစ်ခွက်သွားခပ်လိုက်ကာ သူ၏အဘဖြစ်သူစံထွန်းကိုပေးလိုက်လေသည်။

” သမီးလေး ကလေးကိုဘုရားစင်ရှေ့ယူလာခဲ့ ”

” ဟုတ်ကဲ့ပါ အဘ ”

မတင်ညွန့်ကသားဖြစ်သူအောင်စိန်ကိုထမ်းယူပြီး ဘုရားစင်ရှေ့ချလိုက်လေသည်။ အထက်လမ်းဆရာကြီးစံထွန်းလဲသောက်ရေခွက်ကိုအရင်တစ်ခါလိုလက်တစ်ဘက်နှိုက်ပြီး ဂါထာတစ်ခုရွတ်ဖတ်ကာကလေးမျက်နှာကိုပစ်လိုက်လေသည်။ခဏအကြာမှာ

” ရေ…ရေဆာတယ် ”

သားဖြစ်သူဆီမှအသံကြားလိုက်ရ၍ စိန်သောင်းတို့လင်မယားနှစ်ယောက်ဝမ်းသာသွားလေသည်။

” သမီးလေး ကလေးကိုရေတိုက်လိုက် ”

” ဟုတ် အဘ ”

အထက်လမ်းဆရာကြီးစံထွန်းပေးလိုက်သည့်ရေကို မတင်ညွန့်ကယူပြီးကလေးကိုတိုက်လိုက်လေသည်။ ရေသောက်ပြီးတော့ကလေးက ဘာမှမဖြစ်သလိုပုံစံမျိုးဖြင့်ထလာပြီး မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူကိုကြည့်နေလေ၏။ အထက်လမ်းဆရာကြီးစံထွန်းက ကလေးကိုကြည့်ကာပြုံးရင်းထိုင်ရာကနေထရပ်လိုက်လေသည်။

” မကောင်းဆိုးဝါးကောင်ကိုဖယ်ရှားပြီးပြီဆိုတော့အဘလဲသွားတော့
မယ် ”

” နေပါဦးအဘရယ် ”

သာစိန်ကအိတ်ထဲမှပိုက်ဆံတစ်သောင်းတန် ငါးရွက်ထုတ်ကာ

” ကျွန်တော်ဉာဏ်ပူဇော်ခပေးတဲ့ပိုက်ဆံကိုလက်ခံပေးပါ အဘ ”

” အဘက ၇ ရက်သား၊သမီးတွေကိုဒီလိုဘဲကူညီလာတာ လူလေးပေး
တဲ့ပိုက်ဆံကိုမယူပါရစေနဲ့၊ ကျောက်ခဲသွားရအောင် ”

” အဘနပေါဦး ”

စိန်သောင်းတားသော်လဲ အထက်လမ်းဆရာကြီးစံထွန်းနှင့်ကျောက်ခဲက
မကြားသလိုပင် အိမ်ကနေထွက်သွားလေတော့သည်။

” မေမေ သားဗိုက်ဆာတယ် ”

” ခဏနော်သားလေး မေမေထမင်းချက်လိုက်ဦးမယ် ”

” ဟုတ် ”

မတင်ညွန့်လဲပျော်ရွင်စွာဖြင့်သားဖြစ်သူကိုထမင်းချက်ကျွေးလိုက်တော့သည်။ မတင်ညွန့်နှင့်စိန်သောင်းလဲထိုနေ့မှစ၍ သားဖြစ်သူအောင်စိန်ကိုအရင်ကထက်ပိုဂရုစိုက်ပြီး ပျော်ရွင်သောမိသားစုအဖြစ်နေထိုင်သွား
ကြတော့သည်။

ဆုံး…

စာဖတ်သူများအား ချစ်ခင်လေးစားလျက် 😍

Zawgyi Version

” အပမွီေနသည့္ ကေလး “(စ/ဆုံး)
—————————————–

” မတင္ၫြန္႔ညစ္ထားေမြးေတာ့မယ္ ”

” ညစ္ထားေဟ့ ညစ္ထား ”

” အား အာ့ ”

တိတ္ဆိတ္ေနေသာညဥ့္နက္သန္ေခါင္ယံအခ်ိန္၊ ေမြးခန္းထဲ၌မတင္ၫြန္႔ေအာ္သံႏွင့္အတူလက္သည္မႏွစ္ေယာက္၏အသံက ဆူညံေနေလသည္။ မတင္ၫြန္႔ေယာက်ာၤးျဖစ္သူစိန္ေသာင္းမွာေတာ့အခန္းျပင္၌ပင္ စိတ္လႈပ္ရွားစြာျဖင့္ေခါက္တုံ႔ေခါက္ျပန္လမ္းေလွ်ာက္ေနမိသည္။ အိမ္ေအာက္ဘက္၌ကားမတင္ၫြန္႔မိဘေဆြမ်ိဳးမ်ားႏွင့္စိန္ေသာင္းမိဘအျပင္ ေဆြမ်ိဳးမ်ားပင္ရွိေလသည္။

” အား ”

” ေမြးၿပီေတာ္ ေမြးၿပီ ”

မတင္ၫြန္႔နာက်င္စြာေအာ္ဟစ္သံႏွင့္ အတူလက္သည္မ၏စကားကို
ကြားလိုက်ရ၏။

” ေယာက်ာၤးေလးေတာ္ ခ်စ္စရာေလး ”

” အူးငင့္ အူးငင့္ ”

မတင္ၫြန္႔ကကေလးေမြးၿပီးေတာ့ကေလးကိုပင္မၾကည့္ႏိုင္ေတာ့ဘဲ သတိေမ့သြားေလၿပီ။ စိန္ေသာင္းတစ္ေယာက္ၾကားလိုက္ရသည့္စကားေ
ၾကာင့္ ဝမ္းသာသြားၿပီးအခန္းထဲေျပးဝင္လာသည္။

” စိန္ေသာင္းေနဦးေလ နင္ကလဲအေလာတႀကီးနဲ႔ ေမြးခန္းထဲကိုေယာ
က်ာၤးေတြမဝင္ရဘူး ”

” ကေလးကိုၾကည့္ခ်င္လို႔ပါ၊ ဒါနဲ႔မိန္းမေရာဘယ္လိုေနလဲ ”

” နင့္မိန္းမသတိေမ့ေနတယ္၊ နင္အျပင္ထြက္လိုက္ဦး ကေလးကိုငါယူ
လာေပးမယ္ ”

” အင္း ”

စိန္ေသာင္းလဲ လက္သည္မ၏စကားကိုနားေထာင္ၿပီးအခန္းျပင္ဘက္ဆီထြက္လာခဲ့ေလသည္။ လက္သည္မႏွစ္ေယာက္မွာတစ္ေယာက္ကေမြးခန္းထဲ၌ျပင္ဆင္စရာရွိတာကိုျပင္ဆင္ေနၿပီး ေနာက္တစ္ေယာက္က ကေလးကိုအျဖဴေရာင္ပိတ္စေလး႐ိုက္ပတ္ကာအခန္းျပင္ဘက္ထြက္လာခဲ့ေလသည္။ အခန္းျပင္ဘက္၌ကားစိန္ေသာင္းအမ်ိဳးေတြႏွင့္မတင္ၫြန္႔အမ်ိဳးေတြအပါအဝင္စိန္ေသာင္းပါ ကေလးကိုၾကည့္ရန္ေစာင့္ေနေလ၏။ လက္သည္မထြက္လာေတာ့ စိန္ေသာင္းမိဘမ်ားႏွင့္မတင္ၫြန္႔မိဘမ်ားက ကေလးကိုၾကည့္ရန္လာၾကသည္။

” ေရာ စိန္ေသာင္း ”

” အူးငင့္ အူးငင့္ ”

စိန္ေသာင္းတစ္ေယာက္ကေလးကိုၾကည့္ရင္း ပီတိျဖစ္ေနမိသည္။ ေလာကမွာဖခင္တစ္ေယာက္ရဲ႕ေပ်ာ္႐ြင္းျခင္း၊ပီတိျဖစ္ျခင္းဆိုတာ ဒါမ်ိဳးလားဆို
ၿပီး စိန္ေသာင္းစိတ္ထဲကေနေတြးမိလိုက္သည္။ ကေလးကလဲမ်က္လုံးမပြင့္ေသးဘဲ ေအာ္ငိုေနေလ၏။

” ကေလးကိုေပးေတာ့ ”

” ေဟ့ေဟ့ ေနဦးေလ၊ ငါတို႔လဲခ်ီပါရေစဦး ”

” မရဘူး၊ ကေလးကခုမွေမြးကင္းစဘဲရွိေသးတာ လူေတြအမ်ားႀကီးခ်ီ
လို႔မရဘူး ”

လက္သည္မကကေလးကိုခ်ီၿပီးအခန္းထဲျပန္ဝင္သြားေလသည္။ စိန္ေသာင္းမိဘမ်ားႏွင့္မတင္ၫြန္႔မိဘမ်ားကကေလးကိုမခ်ီလိုက္ရတာေၾကာင့္ စိတ္ထဲ၌မေက်နပ္ခ်င္ေပ။ သို႔ေသာ္ကေလးကိုမၾကာခင္ေတြ႕ရမွာဘဲဆိုတဲ့ စိတ္နဲ႔သာေျဖလိုက္ၾက၏။ စိန္ေသာင္းအိမ္ေအာက္ဘက္ဆီဆင္းလာေတာ့

” ကဲ စိန္ေသာင္း ကေလးေမြးတဲ့အထိမ္းအမွတ္နဲ႔ဘာေကြၽးမွာလဲ ”

” ႐ြာမွာေတာ့မုန္႔တီဘဲရွိတယ္ မုန္႔တီဘဲစားၾကေတာ့ ဟီးဟီးဟီး ”

” ေအးပါေတာ္ ေအးပါ ”

စိန္ေသာင္းလဲအမ်ိဳးေတြႏွင့္စကားေျပာၿပီး ႐ြာထဲမွမုန္႔တီဆိုင္ဆီမုန္႔တီဝယ္ရန္လက္ႏွိပ္ဓာတ္မီးေလးတစ္လုံးယူၿပီး ေအးေအးလူလူထြက္လာခဲ့သည္။ မုန္႔တီဆိုင္ဆီေရာက္ေတာ့မုန္႔တီေရာင္းသည့္အပ်ိဳႀကီးကအိပ္ေန၍ အိမ္ေအာက္ကေနေအာ္ႏိုးၿပီးမုန္႔တီဝယ္လာခဲ့ရ၏။ စိန္ေသာင္းမုန္႔တီဝယ္၍႐ြာထဲလမ္းအတိုင္းအိမ္ဆီသြားေနစဥ္ ေနာက္ကေန

” ညီေလးရယ္ ညီေလးေနပါဦး ”

ဆိုၿပီး ေအာ္ေခၚသံၾကားလိုက္ရသည္။ စိန္ေသာင္းလဲေနာက္ကိုလွည့္ၿပီးဓာတ္မီးထြန္းၾကည့္လိုက္ေတာ့ အသက္အ႐ြယ္အားျဖင့္ ၃၀ ေက်ာ္ေလာက္ခန္႔ရွိမည့္လူႀကီးတစ္ေယာက္ကိုျမင္လိုက္သည္။ စိန္ေသာင္းလဲထိုလူကို႐ြာထဲ၌တစ္ခါမွမျမင္ဖူးေပ။

” ဒီကညီေလးလက္ထဲမွာလဲမုန္႔တီထုတ္ေတြနဲ႔ မုန္႔တီေကြၽးမွာထင္
တယ္ ”

” ကြၽန္ေတာ့္မိန္းမကေလးေမြးလို႔ မုန္႔တီေကြၽးမွာေလ ဟီးဟီးဟီး ”

စိန္ေသာင္းကထိုလူအေမးကိုရယ္ရင္း ေျဖလိုက္၏။

” ဪ၊ အစ္ကိုလဲဗိုက္ဆာေနတာနဲ႔အေတာ္ဘဲ ညီေလးအိမ္မွာမုန္႔တီ
ေကြၽးမွာဆိုေတာ့ အစ္ကိုလဲလိုက္ခဲ့မယ္ေလ ”

” ရပါတယ္ လိုက္ခဲ့ပါ ”

စိန္ေသာင္းလဲမိန္းမျဖစ္သူကေလးေမြးထားတာေၾကာင့္ ေပ်ာ္႐ြင္ေန၍ထိုလူကိုေခၚၿပီးအိမ္ကိုလာခဲ့ေလသည္။ လမ္းတစ္ေလ်ာက္ထိုလူကစိန္ေသာင္းမိန္းမႏွင့္ကေလးအေၾကာင္းေမးလာ၍ စိန္ေသာင္းလဲ႐ိုး႐ိုးသားသားပင္ေျဖလိုက္၏။ စိန္ေသာင္းအိမ္ကိုေရာက္ေတာ့ေနာက္ကလိုက္ပါလာသည့္လူ၏စကားကိုမၾကားတာေၾကာင့္ ေနာက္ကိုလွည့္ၾကည့္
လိုက္ေတာ့ ထိုလူမွမရွိေတာ့ေပ။ စိန္ေသာင္းလဲထိုလူေပ်ာက္သြားတာေ
ၾကာင့္ စိတ္ထဲ၌ဇေဝဇဝါျဖစ္သြားေလ၏။ ခဏၾကာေတာ့စိန္ေသာင္းလဲထိုလူကိုေမ့ထားလိုက္ၿပီး အမ်ိဳးေတြကိုမုန္႔တီေကြၽးရင္းစကားေျပာကာေနလိုက္ေတာ့သည္။

စိန္ေသာင္းတစ္ေယာက္ ထိုလူကိုေခၚလာၿပီးေနာက္ပိုင္း ညအခ်ိန္ေရေသာက္ဆင္းရင္ အရိပ္မဲတစ္ခုကိုမၾကာခဏျမင္ရေလသည္။ မတင္ၫြန္႔လဲထိုနည္းတူ အရိပ္မႀကီးကိုညအခ်ိန္မၾကာခဏ ျမင္ရေလ့ရွိ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၅ ႏွစ္ခန္႔ၾကာၿပီးေနာက္…….

” မိန္းမရယ္ ကိုအလုပ္သြားလုပ္ေတာ့မယ္၊ ကေလးကိုဂ႐ုစိုက္ေနာ္ ”

” စိန္ခ်ပါေယာက်ာၤးရယ္ ”

” ေအးေအး သြားၿပီ ”

စိန္ေသာင္းတစ္ေယာက္မိန္းမျဖစ္သူကိုကေလးအားဂ႐ုစိုက္ရန္ ေျပာၿပီး မနက္ေစာေစာစီးစီး အိမ္ကေနစက္ဘီေလးစီးၿပီးထြက္လာခဲ့သည္။ စိန္ေသာင္းလုပ္သည့္အလုပ္ကအျခားတစ္႐ြာမွ သစ္စက္႐ုံ၌သစ္ေတြကိုထမ္းပိုးၿပီးပို႔ေပးရေသာအလုပ္ျဖစ္သည္။ ပင္လဲပင္ပန္းသလိုဝင္ေငြလဲေကာင္း၍စိန္ေသာင္းလုပ္ေနျခင္းျဖစ္၏။ စိန္ေသာင္း၏သားမွာယခုဆိုရင္အသက္ ၅ ႏွစ္ရွိၿပီျဖစ္တာေၾကာင့္ စကားေကာင္းေကာင္းေျပာတတ္ၿပီးလမ္းလဲေကာင္းေကာင္းေလွ်ာက္တတ္ေနေလၿပီ။ စိန္ေသာင္းမွာသူ႔၏သားျဖစ္သူကို ေအာင္စိန္ဆိုၿပီး နာမည္ေပးထားေလ၏။

” သားရယ္ ခါးခါးေလးလိမ္းေပးမယ္ ေမေမဆီလာခဲ့ပါဦး ”

မတင္ၫြန္႔တစ္ေယာက္သားျဖစ္သူအိမ္ေအာက္၌အ႐ုပ္ေတြႏွင့္ေဆာ့ကစားေန၍ သနပ္ခါးလိမ္းရန္ေခၚလိုက္ေလ၏။ သားျဖစ္သူေအာင္စိန္မွာလဲ
မိဘစကားေတြကိုနားလည္စအ႐ြယ္ကတည္းက မျငင္းမပယ္၊အၿမဲတမ္းလိုလိုနားေထာင္ေလ့ရွိေသာသားလိမၼာတစ္ေယာက္ျဖစ္၍ စိန္ေသာင္းႏွင့္မတင္ၫြန္႔မွာသားျဖစ္သူကိုအခ်စ္ပိုရေလ၏။

” လာၿပီေမေမရယ္ ”

ေအာင္စိန္တစ္ေယာက္မိခင္ျဖစ္သူေခၚသံၾကားလိုက္၍ ေဆာ့လက္စအ႐ုပ္ေတြကိုပစ္ထားၿပီး မိခင္ျဖစ္သူဆီေလွကားထစ္ကေနေျပးတက္တက္လာခဲ့ေလသည္။ ခဏအၾကာ ေအာင္စိန္မွာသနပ္ခါးလိမ္းၿပီးသြားေလ၏။

” ေမေမ သားလွသြားၿပီလား ”

” အင္း၊ လွသြားၿပီ ”

” ဟီးဟီးဟီး ”

ေအာင္စိန္တစ္ေယာက္ေပ်ာ္သြားၿပီး မိခင္ျဖစ္သူနားမွအေျပးကေလးေျပးလာရင္း ေလွကားကိုေျပးဆင္းလာေလသည္။ ထိုစဥ္ ေအာင္စိန္တစ္ေယာက္ေလွကားထစ္ကေနေျပးဆင္းေနရင္း ေရွ႕ကိုအားလြန္ၿပီးျပဳတ္ဆင္းသြားေလသည္။

” အား ”

ေအာင္စိန္တစ္ေယာက္ေလွကားထစ္ကေနျပဳတ္ဆင္းၿပီး ‘အား ‘ လို႔ေအာ္ကာ ေလာကႀကီးႏွင့္အဆက္အသြယ္ျပတ္သြားေလေတာ့၏။ မတင္ၫြန္႔တစ္ေယာက္သားျဖစ္သူ၏ေအာ္သံၾကားတာေၾကာင့္ အိမ္ထက္ကေနေျပးလာေတာ့ ျမင္လိုရတဲ့ျမင္ကြင္းေၾကာင့္ခဏေၾကာင္ၿပီးရပ္ၾကည့္ေနမိသည္။ မတင္ၫြန္႔ျမင္လိုက္ရသည္က သားျဖစ္သူေအာင္စိန္ေလွကားရင္း၌ ေခါင္းမွေသြးမ်ားစီးက်လ်က္ငိုလဲမငို၊စကားလဲမေျပာဘဲ ငူငူ
ႀကီးထိုင္ေနေလ၏။ ခဏအၾကာ မတင္ၫြန္႔လဲသတိဝင္လာၿပီးသားျဖစ္သူဆီသြားလိုက္ေတာ့၏။ အနားကိုေရာက္ေတာ့

” ဘယ္လိုျဖစ္တာလဲ သားရယ္၊ ေခါင္းမွာလဲေသြးေတြနဲ႔ ”

” ဘာမွမျဖစ္ဘူး ”

သားျဖစ္သူခပ္ျပတ္ျပတ္ေျပာလိုက္သည့္စကားေၾကာင့္ မတင္ၫြန္႔အံ့ဩသြားေလသည္။ အရင္က ခုလိုမဟုတ္ေပ။ နားလည္စအ႐ြယ္ကတည္းကမိဘစကားေတြကို အၿမဲတမ္းမျငင္း၊မပယ္နားေထာင္တတ္သည့္သား
လိမၼာေလးပင္။

” ကဲပါသားရယ္ ၊ ေမေမေဆးထည့္ေပးမယ္ လာ ”

” မလိုက္ဘူး ”

” ေခါင္းမမာနဲ႔ သားရယ္ ၊ လာပါ ”

” ငါမလိုက္ဘူးလို႔ေျပာေနတယ္ေနာ္ ”

” ဟာ ”

ဒီတစ္ခါသားျဖစ္သူဆီကၾကားလိုက္ရသည့္စကားေၾကာင့္ မတင္ၫြန္႔အံ့ဩထိန္႔လန္႔သြားေတာ့သည္။ မတင္ၫြန္႔လဲသားျဖစ္သူေျပာသည့္စကားမ်ားကို ေယာက်ာၤးျဖစ္သူျပန္လာရင္ေျပာမယ္ဟုစိတ္ကူးထားလိုက္၏။

” လာပါသားရယ္ ၊ ေဆးထည့္ၿပီးရင္ေမေမမုန္႔ေကြၽးမယ္ ”

” မစားဘူး၊ ငါ့ကိုေကြၽးခ်င္ရင္အမဲသားေကြၽး ”

” ေအးပါသားရယ္ မနက္ျဖန္ေစ်းသြားၿပီးေမေမဝယ္ေပးမယ္ ”

မတင္ၫြန္႔အမဲသားေကြၽးမည္ဟုေျပာမွ ေအာင္စိန္အနားကိုသြားေလသည္။ ညေနဘက္ေရာက္ေတာ့ စိန္ေသာင္းအလုပ္ကေနျပန္လာေလ၏။ မတင္ၫြန္႔လဲစိန္ေသာင္းကို သားျဖစ္သူေအာင္စိန္အေၾကာင္းျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္ေလ၏။ စိန္ေသာင္းကေတာ့ထိုအေၾကာင္းကို ‘ ကေလးဘဲတစ္ခါတစ္ေလ စိတ္တိုၿပီးေျပာတာေနမွာေပါ့ ‘ ဆိုတဲ့စကာေျပာ
ၿပီး ေပါ့ဆစြာထားလိုက္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေနာက္တစ္ေန႔ေရာက္ေတာ့ မတင္ၫြန္႔တစ္ေယာက္ေစ်းကိုသြားေတာ့ သားျဖစ္သူ မွာထားသည့္အမဲသားဝယ္ရန္ ေမ့ခဲေလသည္။ အိမ္ကိုေရာက္ေတာ့

” မေက်နပ္ဘူးေဟ့ မေက်နပ္ဘူး ”

သားျဖစ္သူေအာင္စိန္၏စကားသံေၾကာင့္သားျဖစ္သူကိုၾကည့္လိုက္ေတာ့
မ်က္ေထာင့္နီနီႀကီးျဖင့္ၾကည့္ေနတာကို ျမင္လိုက္ရသည္။

” ေမေမေမ့သြားလို႔ပါသားေလးရယ္ စိတ္မဆိုးနဲ႔ေနာ္ ၊ မနက္ျဖန္ေစ်း
သြား ရင္ဝယ္လာခဲ့မယ္ ”

” နင့္အေပါက္ပိတ္ထားၿပီး ခုခ်က္ခ်င္းအမဲသားငါ့အတြက္သြားဝယ္ေပး
စမ္း ”

သားျဖစ္သူေအာင္စိန္၏႐ိုင္းစိုင္းေသာစကားမ်ားေၾကာင့္ မတင္ၫြန္႔အံ့ဩစိတ္ႏွင့္အတူေဒါသထြက္သြားေလသည္။

” မေအကိုေတာင္ျပန္ေျပာတဲ့ကေလး လာစမ္း ”

မတင္ၫြန္႔လဲေဒါသထြက္သြားၿပီးသားျဖစ္သူေအာင္စိန္ဆီသြားၿပီး ပါးကိုခပ္ျပင္းျပင္းေလး႐ိုက္ခ်လိုက္ေတာ့သည္။

” ျဖန္း ”

” နင္ကမ်ားငါ့ကို႐ိုက္တယ္ေပါ့ ကဲကြာ ”

” ျဖန္း…ျဖန္း ”

ေအာင္စိန္ပါးစပ္မွေယာက်ာၤးႀကီးတစ္ေယာက္၏ အသံထြက္လာၿပီးမိခင္
ျဖစ္သူပါးကိုႏွစ္ခ်က္ဆက္တိုက္႐ိုက္ခ်လိုက္ေလသည္။ မတင္ၫြန္႔တစ္ေယာက္မထင္မွတ္ထားသည့္႐ိုက္ခ်က္ေၾကာင့္ ေရွာင္ခ်ိန္မရလိုက္ေပ။ မတင္ၫြန္႔လဲသားျဖစ္သူပါးစပ္မွေယာက်ာၤးႀကီးတစ္ေယာက္၏ အသံၾကား
လိုက္ရတာေၾကာင့္ၾကည့္လိုက္ေတာ့ သားျဖစ္သူမီးဖိုေခ်ာင္ထဲေျပးဝင္သြားတာကိုျမင္လိုက္သည္။ ခဏၾကာေတာ့

” ငါ့ကိုအမဲသားဝယ္ေကြၽး မေကြၽးရင္ေသဖို႔သာျပင္ထား ”

မီးဖိုေခ်ာင္ထဲကေနေအာ္ေျပာၿပီး ေျပးထြက္လာေလသည္။

” ဟာ ”

မီးေခ်ာင္ထဲကေနထြက္လာသည့္လူမွာသားျဖစ္သူေအာင္စိန္မဟုတ္ဘဲ တစ္ခႏၶာလုံးမီးေလာင္သလိုမဲနက္ေနသည့္လူတစ္ေယာက္ပင္။ လက္ထဲမွာလဲ ၾကက္သြန္လွီးဓားတစ္လက္ပါေလ၏။

” ငါ့ကိုအမဲသားခုခ်က္ခ်င္းဝယ္ေပးစမ္း ”

မတင္ၫြန္႔တစ္ေယာက္ မီးေလာင္ထားသလိုတစ္ခႏၶာလုံးမဲနက္ေနသည့္လူကိုျမင္ၿပီး

‘ အား၊ ကယ္ၾကပါဦး ‘

လို႔ေအာ္ကာအိမ္ျပင္ကိုထြက္ေျပးေတာ့သည္။

” မေျပးနဲ႔ ”

ထိုလူလဲေနာက္ကေနေျပးလိုက္လာေလသည္။ မတင္ၫြန္႔ေအာ္သံကို
ၾကားသည့္အိမ္နားပတ္ဝန္းက်င္မွလူမ်ားက မတင္ၫြန္႔အိမ္ဆီေျပးလာ
ၾကေလ၏။ အိမ္နားကိုေရာက္ေတာ့ မတင္ၫြန္႔အိမ္ထဲကေနေျပးထြက္
လာၿပီးေနာက္ကေနသားျဖစ္သူေအာင္စိန္ ဓားတစ္လက္ကိုင္ကာလိုက္လာေနသည္ကိုျမင္လိုက္ေလသည္။

” ကယ္ၾကပါဦးရွင့္ ကယ္ၾကပါဦး ”

” ေဟ့ မတင္ၫြန္႔ဘာျဖစ္တာလဲ ”

” တစ္ခႏၶာလုံးမီးေလာင္ထားသလိုမဲေနတဲ့ လူတစ္ေယာက္ကြၽန္မကိုလိုက္သတ္ေနလို႔ ကယ္ပါဦး ”

” နင့္ကိုလိုက္သတ္ေနတဲ့လူကဘယ္မွာလဲ ”

” ေနာက္….ေနာက္မွာပါလာတယ္ ”

မတင္ၫြန္႔တစ္ေယာက္စကားအထစ္ထစ္အေငါ့ေငါ့ျဖင့္ေျပာၿပီး ေနာက္ဘက္ကိုလက္ညိဳးထိုးျပလိုက္ေတာ့ ဓားတစ္လက္ကိုင္ထားၿပီးမ်က္ေထာင့္နီနီႀကီးျဖင့္ၾကည့္ေနေသာ သားျဖစ္သူကိုသာျမင္လိုက္သည္။

” ဪ၊ ဒီကေလးကလဲဓားေတြကိုင္ၿပီးဘာလုပ္ေနလဲမသိဘူး ”

မတင္ၫြန္႔နားမွာရပ္ေနသည့္ အသက္ ၂၅ ႏွစ္အ႐ြယ္ေက်ာက္ခဲက ကေလးဆီသြားလိုက္၏။ အနားကိုေရာက္ေတာ့

” ငါ့နားကိုတစ္ေကာင္မွမလာနဲ႔ေနာ္ လာတဲ့ေကာင္အေသဘဲ ”

” ဟာ ”

ေက်ာက္ခဲၾကားလိုက္သည့္စကားေၾကာင့္အံ့ဩသြားၿပီး ေနာက္ကိုဆုတ္ေျပးလိုက္ေလသည္။

” ေဟ့ မသာမငါ့ကိုအမဲသားေကြၽးစမ္း ”

ေအာင္စိန္တစ္ေယာက္မိခင္ျဖစ္သူကိုေအာ္ေျပာလိုက္ေလ၏။ ေအာင္စိန္ေဘးနားမွာရွိသည့္ေက်ာက္ခဲက ေအာင္စိန္ေျပာသည့္စကားမ်ားကိုနား
ေထာင္ၿပီး အေျခအေနကိုရိတ္မိသြားကာမတင္ၫြန႔္နားဆီသြားၿပီး

” မတင္ၫြန္႔ငါေျပာတာေသခ်ာနားေထာင္ေနာ္ ၊ နင့္သားကိုအပမွီေန
တာ ”

” ရွင့္ ”

” ဟုတ္တယ္၊ ငါသိသေလာက္ေျပာရမယ္ဆိုရင္ နင့္သားကိုအပမွီေန
တာ ”

” ဟင္၊ ဒါဆိုကြၽန္မသားေလးေသသြားၿပီလား ”

” အဲဒါေတာ့ငါလဲမသိဘူး၊ ငါ့အဘႏွင့္ေတြ႕မွဘဲသိရမယ္ ”

” ကူညီပါဦး ေက်ာက္ခဲရယ္ ”

” ခုေလာ ေလာဆယ္သူေတာင္းထားတဲ့အမဲသားကိုဝယ္ေကြၽးၿပီး သူစိတ္ခ်မ္းသာေအာင္ေျပာၿပီးထား ၊ ၿပီးေတာ့အိမ္ထဲမွာသူ႔ကိုတစ္ေယာ က္ထဲထားၿပီး နင္ေဘးအိမ္တစ္ အိမ္ကေနအေျခအေနေစာင့္ၾကည့္ထား ငါအဘကို သြားေခၚဦ မယ္ ”

” နင့္အဘကဘယ္အခ်ိန္ေရာက္မွာလဲ ”

” အဘကဟိုဘက္႐ြာမွာရွိတာ ႐ြာကို ညေနပိုင္းေလာက္မွေရာ
က္မယ္ထင္တယ္ ”

” ျမန္ျမန္လာခဲ့ေနာ္ ”

” ေအးေအး ငါသြားၿပီ ”

ေက်ာက္ခဲတစ္ေယာက္မတင္ၫြန္႔နားကထလာၿပီး သူ၏အဘျဖစ္သူ႐ြာဆီသြားေလေတာ့သည္။ မတင္ၫြန္႔လဲသားျဖစ္သူကို

” သားရယ္အေမအမဲသားသြားဝယ္လိုက္မယ္၊ အိမ္ကေစာင့္ေနေနာ္ ”

ဆိုၿပီး ေအာ္ေျပာလိုက္၏။

” ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာခဲ့၊ အမဲသားမဝယ္လာလို႔ကေတာ့နင့္
သားေသၿပီသာမွတ္ ”

” ေတာင္းပန္ပါတယ္၊ ကြၽန္မသားေလးကိုမသတ္ပါနဲ႔ ”

ေအာင္စိန္ကမိခင္ျဖစ္သူစကားကိုနားမေထာင္ေတာ့ဘဲ အိမ္ထဲကိုျပန္ဝင္သြားေလသည္။ မတင္ၫြန္႔လဲေဘးအိမ္ကလူမ်ားကိုသားျဖစ္သူအားေစာင့္ၾကည့္ရန္မွာၾကားၿပီး အမဲသားဝယ္ရန္ေစ်းကိုထြက္လာခဲ့ေလသည္။
၁၅ မိနစ္ေလာက္သြားေတာ့ ေစ်းကိုေရာက္သြားေလသည္။ မတင္ၫြန္႔ေစ်းကိုေရာက္သည္ႏွင့္အမဲသား ေလးဆယ္ သားဝယ္လိုက္ၿပီး အိမ္ကိုျပန္လာခဲ့ေလသည္။ အိမ္ကိုေရာက္ေတာ့

” အမဲသားေတြကိုမီးဖိုေခ်ာင္ထဲထားၿပီး ထြက္သြားေတာ့ ”

” ဟုတ္..ဟုတ္ကဲ့ပါရွင့္ ”

မတင္ၫြန္႔တစ္ေယာက္ေက်ာက္ခဲမွာထားသည့္အတိုင္း သားျဖစ္သူကိုစိတ္ခ်မ္းသာေအာင္ေျပာလိုက္ၿပီး အိမ္ျပင္ကိုထြက္လာခဲ့သည္။ မတငမၫြန္႔လဲေဘးအိမ္တစ္အိမ္၌ဝင္ၿပီး သားျဖစ္သူအေျခအေနကိုေစာင့္ၾက
ည့္ေနေလ၏။ သို႔ေသာ္ ဘာတစ္ခုမွထူးျခားမူမရွိေပ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညေနဘက္ေရာက္ေတာ့ ေက်ာက္ခဲႏွင့္အတူ မုဆိတ္ေမြးအျဖဴဆံပင္ျဖဴ
ေနသည့္အသက္အ႐ြယ္အားျဖင့္ ၆၀ ေက်ာ္ေလာက္ရွိမည့္လူတစ္ေယာက္အိတ္တစ္လုံးလြယ္ၿပီးပါလာေလသည္။ မတင္ၫြန္႔လဲ ေက်ာက္ခဲႏွင့္အတူပါလာသည့္လူကိုျမင္ေတာ့အိမ္ထဲကေနထြက္ၿပီး အကူအညီေတာင္းေလေတာ့၏။

” ဆရာႀကီးရယ္ ကြၽန္မသားေလးကိုကယ္ပါဦး ”

” အိမ္း၊ အဘကိုလာၿပီးအကူအညီေတာင္းေတာ့လဲ ကူညီရတာေပါ့၊
ခုအဘေရာက္ေနၿပီဆိုေတာ့ဘာမွစိတ္မပူနဲ႔ေတာ့ ၊ ဒါနဲ႔ကေလးနာမည္ကဘာလဲ ”

” ေအာင္စိန္ပါ ဆရာႀကီး ”

” သမီးေလး အဘကိုဆရာႀကီးလို႔ေခၚစရာမလိုဘူး အဘလို႔ဘဲေခၚပါ
အဘနာမည္မသိရင္လဲမွတ္ထားဦး အဘနာမည္က စံထြန္း ”

” ဟုတ္ကဲ့ပါ အဘ ”

” ကဲ ဒါဆိုသမီးေလးအိမ္ကိုသြားရေအာင္၊ ေက်ာက္ခဲမင္းကေတာ့
ငါ့ေနာက္ကေနလိုက္ခဲ့ ”

” ဟုတ္ကဲ့ပါ အဘ ”

မတင္ၫြန္႔၊ ေက်ာက္ခဲႏွင့္စံထြန္းတို႔က ေအာင္စိန္ရွိသည့္အိမ္ကိုေျဖးေျဖး
ခ်င္းဝင္လာေလသည္။ အိမ္ထဲကိုေရာက္ေတာ့

” ေဟ့ေကာင္မ နင္ကမ်ားငါ့ကိုႏွိမ္ႏွင္းဖို႔အတြက္ ဆရာေတြေခၚလာတ
ယ္ေပါ့ ေသခ်င္ေနၿပီထင္တယ္၊ ဆံပင္အျဖဴႀကီးနဲ႔အဖိုးႀကီးလဲ မေသခ်င္
ရင္ အိမ္ျပန္ေတာ့ ”

စံထြန္းဆိုသည့္လူက အိမ္ထက္ကေနေျပာေနသည့္စကားမ်ားကိုၾကားၿပီး မဲ့ၿပဳံးၿပဳံးကာ ဂါထာတစ္ခုကိုျဖည္းျဖည္းခ်င္း႐ြတ္ဆိုလိုက္ၿပီး အိမ္ထက္ကိုျဖည္းျဖည္းခ်င္းတက္လာခဲ့ေလသည္။ ေက်ာက္ခဲႏွင့္မတင္ၫြန္႔လဲ
ေနာက္ကေန ထပ္ၾကပ္မကြာလိုက္လာေလ၏။ အိမ္ထက္ကိုေရာက္ေတာ့

” ဒီအဖိုးႀကီးငါလုပ္ရင္ေသေတာ့မယ္ အဟင္းဟင္း ”

ေအာင္စိန္ကအခန္းေထာင့္တစ္ေနရာက အံ့ကိုႀကိတ္ရင္းစံထြန္းကို မေက်နပ္ေသာမ်က္ႏွာမ်ိဳးႏွင့္ၾကည့္ေနေလသည္။ မတင္ၫြန္႔ကသားျဖစ္သူကိုၾကည့္ရင္း ၾကက္သီးမ်ားပင္ထေနေလ၏။ ေက်ာက္ခဲကေတာ့အေတြ႕အႀကဳံရွိသူပီပီေအးေဆးပင္။ စံထြန္းဆိုသည့္လူကလဲေအာင္စိန္ကိုဂ႐ုမစိုက္ဘဲ ဘုရားစင္ရွိရာဘက္ဆီသြားေနေလသည္။ ဘုရားစင္ေရွ႕ေရာက္ေတာ့ စံထြန္းကအိတ္ထဲမွဖေယာင္းတိုင္ ၇ ေခ်ာင္းထုတ္ကာဘုရားစင္၌ထြန္းလိုက္ၿပီး ဘုရားစင္ေရွ႕ဒူးေထာက္လက္အုပ္ရွီကာ

” အရွင္ဘုရား တပည့္ေတာ္သည္ ၇ ရက္သား၊သမီးမ်ားကို အႏၲာရာယ္
ကင္းေအာင္ကယ္တင္ေပးေနသည့္အထက္လမ္းဆရာႀကီးတစ္ဦးျဖစ္
ပါတယ္ သို႔ေၾကာင့္ ဤအိမ္၌ရွိသည့္ေအာင္စိန္ဆိုသည့္ကေလးကိုပူး
ကပ္ၿပီးအေႏွာက္အရွက္ေပးေနသည့္ မေကာင္းဆိုးဝါး႐ိုဖယ္ရွားရာ
၌ကေလးကိုအႏၲာရာယ္ကင္းေအာင္ကူညီေပးပါ ”

ဆိုၿပီးေျပာကာ ဘုရားကိုရွီခိုးလိုက္ေလသည္။

” ကဲ၊ ေအာင္စိန္ဆိုတဲ့ကေလးခႏၶာကိုယ္ထဲမွာဘာလို႔ပူးကပ္ၿပီး ဒီမိသား
စုကိုေႏွာက္ရွက္တာလဲဆိုတာ အဘေရွ႕လာၿပီးရွင္းျပပါဦး ”

” မလာဘူး မလာဘူး ”

” ေက်ာက္ခဲ ”

” ေျပာပါ အဘ ”

” အဘအတြက္ေသာက္ေတာ္ေရတစ္ခြက္ျမန္ျမန္ခပ္ေပးစမ္း ”

” ဟုတ္ကဲ့ပါ အဘ ”

ေက်ာက္ခဲကသူ၏အဘျဖစ္သူစံထြန္းေျပာသည့္အတိုင္း အိမ္ေအာက္ကိုဆင္းသြားေလသည္။ ခဏအၾကာမွာ လက္ထဲ၌ေသာက္ေရခြက္တစ္ခြက္ကိုင္ကာတက္လာၿပီး အထက္လမ္းဆရာႀကိ္းစံထြန္းကိုေပးလိုက္၏။ အထက္လမ္းဆရာႀကီးစံထြန္းလဲေသာက္ေရခြက္ကိုကိုင္ၿပီး ဂါထာတစ္ခုကိုတိုးတိုးေလး႐ြတ္ကာ ေအာင္စိန္နားဆီထသြားေလသည္။
ေအာင္စိန္နာကိုေရာက္ေတာ့

” ကဲ အဘေနာက္တစ္ခါထပ္ေမးမယ္၊ ေအာင္စိန္ကိုပူးကပ္ေနတာဘာ
ေၾကာင့္လဲ မင္းဘယ္သူလဲ ဒီကေလးႏွင့္မင္းကဘာပတ္သက္မူရွိလို႔
လဲေျပာ ”

” မေျပာဘူးကြာ ”

” အိမ္း၊ ဒီေလာက္ေတာင္ေခါင္းမာေနတာ အႏုနည္းနဲ႔မရရင္အၾကမ္းန
ည္းသုံးရေတာ့မွာေပါ့ ”

အထက္လမ္းဆရာႀကီးစံထြန္းကေသာက္ေရခြက္ထဲလက္တစ္ဘက္ႏႈိက္ၿပီး

” ဘုရားငါးဆူအမိန္႔ အထက္ဆရာႀကီးမ်ား၏အာဏာ နတ္မင္းႀကီးေလးပါး၏အာဏာႏွင့္ ကေလးကိုပူးကပ္ေနတဲ့မေကာင္းဆိုးဝါးသ႐ုပ္မွန္ခုခ်က္ခ်င္းေပၚစမ္း ”

အထက္လမ္းဆရာႀကီးစံထြန္းကေရခြက္ထဲကေရကိုလက္ထဲ၌အနည္းငယ္ယူၿပီး ေအာင္စိန္ကိုပက္ျဖန္းလိုက္ေလသည္။

” အား ”

ေရစက္မ်ားက်လာသည္ႏွင့္ေအာင္စိန္ ‘ အား ‘ လို႔ေအာ္ကာတျဖည္းျဖည္းမီးေလာင္ထားသလိုမဲနက္ေနသည့္လူတစ္ေယာက္အျဖစ္ေျပာင္းသြားေလ၏။

” ဟာ ”

ေက်ာက္ခဲႏွင့္မတင္ၫြန္႔ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ အံ့ဩသြားေလသည္။ ထိုအခ်ိန္အိမ္ေပၚကိုေျပးတက္လာသည့္ေျခသံတစ္သံၾကားလိုက္ရေလသည္။

” ဒုန္း ဒုန္း ဒုန္း ”

အသံၾကားရာဘက္လွည့္ၾကည့္လိုက္ေတာ့ စိန္ေသာင္းျဖစ္ေနေလသည္။
စိန္ေသာင္းခႏၶာကိုယ္ေပၚ၌ေခြၽးမ်ားထြက္လ်က္

” ဟာ ”

စိန္ေသာင္းသူ၏မိန္းမျဖစ္သူႏွင့္ ၇ ေပေလာက္အကြာမွာရွိေနသည့္တစ္ကိုယ္လုံးမဲနက္ေနသည္ူ႔လူတစ္ေယာက္ကိုျမင္ၿပီးအံ့ဩသြားေလသည္။

” မိန္းမ သူကဘယ္သူလဲ ”

” အဲဒါ ေအာင္စိန္ကိုပူးကပ္ေနတဲ့မေကာင္းဆိုးဝါး ဝိညာဥ္ဘဲကြယ္ ”

စံထြန္းကစိန္ေသာင္းကိုဝင္ေျပာလိုက္၏။

” ဗ်ာ ”

” လူေလးကိုအဘေနာက္မွရွင္းျပမယ္၊ ခုေလာေလာဆယ္လူေလးတိတ္
တိတ္ေလးေနေပးပါ ”

စိန္ေသာင္းလဲဆက္မေျပာေတာ့ဘဲ မိန္းမျဖစ္သူအနားဆီသြားၿပီးထိုင္ကာအေျခအေနကိုေစာင့္ၾကည့္ေနလိုက္ေတာ့သည္။ တစ္ကိုယ္လုံးမဲနက္ေနေသာမေကာင္းဆိုးဝါးေကာင္က အထက္လမ္းဆရာစံထြန္းကိုမေက်နပ္ေသာမ်က္ႏွာႏွင့္ၾကည့္ေနေလသည္။

” မေကာင္းဆိုးဝါးေကာင္ကမ်ား ငါ့ကိုမခန္႔ေလးစားနဲ႔ငါေမးတာကိုမေျဖ
ဘူးေပါ့ မင္းကမေျဖရင္ငါကလဲေျဖေအာင္လုပ္ရမွာေပါ့ ေရာကြာ ”

အထက္လမ္းဆရာႀကီးစံထြန္းက မဲနက္ေနသည့္မေကာင္းဆိုးဝါးေကာင္ကိုေသာက္ေရခြက္မွေရကိုယူၿပီးဆက္တိုက္ ပက္ျဖန္းလိုက္ေလသည္။

” အား….. ပူတယ္ ပူတယ္ ေရစင္ႏွင့္ပစ္တာရပ္ေပးပါ ”

အထက္လမ္းဆရာႀကီးစံထြန္းက ေရခြက္ထဲမွေရမ်ားျဖင့္ပစ္ေနသည္ကိုမရပ္ေသးဘဲ

” ကေလးကိုဘာေၾကာင့္ေႏွာက္ရွက္တာလဲဆိုတာေျပာျပရင္ ရပ္ေပး
မယ္ ”

” ေျပာျပပါမယ္ ပူတယ္မခံႏိုင္ေတာ့ဘူး ”

” ေသခ်ာတယ္ေနာ္ ”

” ေသခ်ာပါတယ္ ေရစင္ႏွင့္ပစ္တာရပ္ပါေတာ့ ”

ထိုသို႔ေျပာမွ အထက္လမ္းဆရာႀကီးစံထြန္းေရျဖင့္ပစ္ေနတာကိုရပ္လိုက္ေလသည္။ စိန္ေသာင္း၊ မတင္ၫြန္႔ႏွင့္ေက်ာက္ခဲတို႔ကား စကားတစ္ခြန္းမွမေျပာဘဲ ၾကည့္ေနေလ၏။

” ကဲ မေကာင္းဆိုးဝါးေကာင္ေျပာေတာ့ ”

” ငါကလြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္ကမီးေလာင္ၿပီးေသသြားတဲ့လူတစ္ေယာက္ဘဲ ငါေသသြားၿပီးေနာက္ပိုင္း ငါ့မိသားစုကငါ့ကိုအမွ်အတန္းေဝမေပးလို႔သရဲတစ္ေကာင္ျဖစ္ေနတာ သရဲဘဝမွာအစာရွာစားရတာလဲမလြယ္ဘူး ဒါနဲ႔ငါလဲတစ္႐ြာဝင္တစ္႐ြာထြက္လာရင္း တစ္ေန႔ဒီကေလးအေဖမုန္႔တီဝယ္ၿပီးျပန္လာတာျမင္ေတာ့ မုန္႔တီစားမယ္လို႔ခြင့္ေတာင္းၿပီး
ေနာက္ကေနလိုက္လာခဲ့တာအိမ္ကိုေရာက္ေတာ့ငါ့ကိုမုန္႔တီလဲမေကြၽး
ၾကဘူး သူတို႔စြန္႔ပစ္တဲ့မုန္႔တီေတြကိုဘဲေကာက္စားရတယ္ ဒါနဲ႔ငါလဲမုန္႔တီမစားရတာနဲ႔ေဒါသထြက္ၿပီဒီအိမ္ေရွ႕ကသရက္ပင္မွာေနၿပီးအခြင့္အေရးရင္ ဘယ္သူ႔ကိုမဆိုပူးကပ္ၿပီးစားေသာက္မယ္လို႔စိတ္ကူးထားတာ ဟိုတစ္ေန႔ကဒီကေလးေလွကားေပၚကျပဳတ္ဆင္းၿပီးသတိေမ့ေနတုန္း ငါလဲအခြင့္အေရးရတာနဲ႔ပူးကပ္ၿပီးေတာင္းစားတာ မရရင္ဒီကေလးကိုစားမယ္လို႔စိတ္ကူးထားတာ ခုေတာ့အစီအစဥ္အားလုံးပ်က္ကုန္
ၿပီ ”

” ဟင္ ”

” ဟာ ”

စိန္ေသာင္းႏွင့္မတင္ၫြန္႔အံ့ဩထိန္႔လန္႔သြားေတာ့သည္။

” ကယ္ပါဦး အဘရယ္ ”

” တိတ္တိတ္ေလးေနေပးပါ သမီးေလး ”

အထက္လမ္းဆရာႀကီးစံထြန္းေျပာမွမတင္ၫြန္႔တိတ္သြားေလသည္။

” ရာရာစစ မေလာက္ေလးမေလာက္စားသရဲကမ်ားကေလးကိုစားမယ္
တဲ့ ခုခ်က္ခ်င္းထြက္သြားစမ္း ”

” အဟင္းဟင္း ”

တစ္ကိုယ္လုံးမဲနက္ေနသည့္သရဲက ‘ တဟင္းဟင္း ‘ ျဖင့္စကားမေျပာဘဲမ်က္ေထာက္နီနီႀကီးျဖင့္ အနီးအနားရွိသည့္လူမ်ားကိုၾကည့္ေနေလသည္။

” ငါေနာက္တစ္ခါထပ္ေျပာမယ္ ခုခ်က္ခ်င္းကေလးခႏၶာကိုယ္ကထြက္
သြားစမ္း မထြက္ရင္ေတာ့သရဲဘဝကေနျပာပုံဘဝျဖစ္သြားေအာင္
လုပ္ပစ္မယ္ ”

” အဟင္းဟင္း ”

အထက္လမ္းဆရာႀကီးစံထြန္းေျပာေနသည့္စကားမ်ားကိုမၾကားသလိုလုပ္ေနေလသည္။

” ေတာ္ေတာ္ေခါင္းမာတဲ့သရဲ ေရာကြာ ”

” အား……… ”

ဒီတစ္ခါေတာ့ အထက္လမ္းဆရာႀကီးစံထြန္းကလက္ထဲ၌ရွိသည့္ေသာက္ရည္ခြက္မွေရအားလုံးျဖင့္ပစ္လိုက္တာေၾကာင့္ ‘ အား ‘ လို႔ေအာ္ကာအနက္ေရာင္အခိုးအေငြ႕အျဖစ္ေျပာင္းသြားၿပီးတစ္ကိုယ္လုံးမဲနက္ေနသည့္သရဲေပ်ာက္ကြယ္သြားကာ ေအာင္စိန္ေခြေခြေလးလဲက်သြားေလသည္။

” သားေလး ”

” သား ”

စိန္ေသာင္းႏွင့္မတင္ၫြန္႔သားျဖစ္သူေအာင္စိန္နားသြားၿပီး ေပြ႕ခ်ီကာေအာ္ေခၚေနေလသည္။

” ဘာမွစိတ္ပူစရာမလိုေတာ့ဘူးကေလးအႏၲာရာယ္ကင္းသြားၿပီ ”

အထက္လးမ္ဆရာႀကီးစံထြန္းကစိန္ေသာင္းႏွင့္မတင္ၫြန႔့္ကိုသားျဖစ္သူအားစိတ္မပူရန္ေျပာၿပီးအရင္တစ္ခါလို ေက်ာက္ခဲကိုေရခပ္ခိုင္းလိုက္ေလသည္။ ေက်ာက္ခဲလဲေသာက္ေရခြက္ကိုင္ၿပီး ေရတစ္ခြက္သြားခပ္လိုက္ကာ သူ၏အဘျဖစ္သူစံထြန္းကိုေပးလိုက္ေလသည္။

” သမီးေလး ကေလးကိုဘုရားစင္ေရွ႕ယူလာခဲ့ ”

” ဟုတ္ကဲ့ပါ အဘ ”

မတင္ၫြန္႔ကသားျဖစ္သူေအာင္စိန္ကိုထမ္းယူၿပီး ဘုရားစင္ေရွ႕ခ်လိုက္ေလသည္။ အထက္လမ္းဆရာႀကီးစံထြန္းလဲေသာက္ေရခြက္ကိုအရင္တစ္ခါလိုလက္တစ္ဘက္ႏႈိက္ၿပီး ဂါထာတစ္ခု႐ြတ္ဖတ္ကာကေလးမ်က္ႏွာကိုပစ္လိုက္ေလသည္။ခဏအၾကာမွာ

” ေရ…ေရဆာတယ္ ”

သားျဖစ္သူဆီမွအသံၾကားလိုက္ရ၍ စိန္ေသာင္းတို႔လင္မယားႏွစ္ေယာက္ဝမ္းသာသြားေလသည္။

” သမီးေလး ကေလးကိုေရတိုက္လိုက္ ”

” ဟုတ္ အဘ ”

အထက္လမ္းဆရာႀကီးစံထြန္းေပးလိုက္သည့္ေရကို မတင္ၫြန္႔ကယူၿပီးကေလးကိုတိုက္လိုက္ေလသည္။ ေရေသာက္ၿပီးေတာ့ကေလးက ဘာမွမျဖစ္သလိုပုံစံမ်ိဳးျဖင့္ထလာၿပီး မိခင္ျဖစ္သူႏွင့္ဖခင္ျဖစ္သူကိုၾကည့္ေနေလ၏။ အထက္လမ္းဆရာႀကီးစံထြန္းက ကေလးကိုၾကည့္ကာၿပဳံးရင္းထိုင္ရာကေနထရပ္လိုက္ေလသည္။

” မေကာင္းဆိုးဝါးေကာင္ကိုဖယ္ရွားၿပီးၿပီဆိုေတာ့အဘလဲသြားေတာ့
မယ္ ”

” ေနပါဦးအဘရယ္ ”

သာစိန္ကအိတ္ထဲမွပိုက္ဆံတစ္ေသာင္းတန္ ငါး႐ြက္ထုတ္ကာ

” ကြၽန္ေတာ္ဉာဏ္ပူေဇာ္ခေပးတဲ့ပိုက္ဆံကိုလက္ခံေပးပါ အဘ ”

” အဘက ၇ ရက္သား၊သမီးေတြကိုဒီလိုဘဲကူညီလာတာ လူေလးေပး
တဲ့ပိုက္ဆံကိုမယူပါရေစနဲ႔၊ ေက်ာက္ခဲသြားရေအာင္ ”

” အဘနေပါဦး ”

စိန္ေသာင္းတားေသာ္လဲ အထက္လမ္းဆရာႀကီးစံထြန္းႏွင့္ေက်ာက္ခဲက
မၾကားသလိုပင္ အိမ္ကေနထြက္သြားေလေတာ့သည္။

” ေမေမ သားဗိုက္ဆာတယ္ ”

” ခဏေနာ္သားေလး ေမေမထမင္းခ်က္လိုက္ဦးမယ္ ”

” ဟုတ္ ”

မတင္ၫြန္႔လဲေပ်ာ္႐ြင္စြာျဖင့္သားျဖစ္သူကိုထမင္းခ်က္ေကြၽးလိုက္ေတာ့သည္။ မတင္ၫြန္႔ႏွင့္စိန္ေသာင္းလဲထိုေန႔မွစ၍ သားျဖစ္သူေအာင္စိန္ကိုအရင္ကထက္ပိုဂ႐ုစိုက္ၿပီး ေပ်ာ္႐ြင္ေသာမိသားစုအျဖစ္ေနထိုင္သြား
ၾကေတာ့သည္။

ဆုံး…

စာဖတ္သူမ်ားအား ခ်စ္ခင္ေလးစားလ်က္ 😍