‘ မသာလိုင်းကား ”(စ-ဆုံး)

Unicode Version

” မသာလိုင်းကား ”(စ-ဆုံး)
—————————–
ရေးသားသူ…သူရေး

မြို့မစျေးကြီးကို ကျော်လွန်လာခဲ့ပြီးနောက် လမ်းခုလတ်တစ်နေရာတွင် ဖြစ်လေသည်။
ဆောင်းတွင်းကာလလည်း ဖြစ်တော့ အနည်းငယ်ချမ်းစိမ့်စိမ့် လေးပင်။ မနက်ခြောက်နာရီဝန်းကျင်လောက်ဖြစ်ပေလိမ့်မည်။ ကတ္တရာလမ်းမ ကြီးပေါ်မှာတော့ လူတွေ ပျားပန်းခတ်
တစ်ဝမ်းတစ်ခါး အတွက်စတင်အလုပ်လုပ်ကြသော အချိန်လည်းဖြစ်လေ၏ ။အချိန်ကာလ အားဖြင့်တော့ ၂၀၀၄ ခုနှစ်လောက်ကပင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှာတော့ ထိုမြို့ကလေးတွင် ယခုလို ခွေးဘီလူးကားသေးများ သုံးဘီးဆိုင်ကယ်များ လိုင်းဆွဲ စားခြင်းမဟုတ်ပေ။ မဟုတ်သော်လည်းသုံးဘီးဆိုင်ကယ်ကို ဝယ်ယူနိုင်သူ အချို့အနည်းငယ်သာ ရှိလေ၏ ။

ထိုအချိန်က လိုင်းကားများမှာဆန်နီကားဟုလူသိများသော ကားငယ်လေးများပင်ဖြစ်လေတော့သည်။ ကားသမားများကလည်း စီးပွားရေးအလျောက် လက်လုပ်လက်စား များလည်း စားဝတ်နေရေးအလျောက် စတင်ရုန်းကန်ကြသော ထိုမနက်ခင်းလေးတစ်ခုမှာတော့ ရုပ်ဆိုးအကျည်းတန်သော ဖြစ်ရပ်လေးတစ်ခုက စတင် ဆီးကြိုကာနေလေတော့ သည်။ ထိုအကျည်းတန်လှသော ဖြစ်ရပ်ကလေးတစ်ခုကတော့

ကားဆရာ ကိုတရုတ်ကြီး ၏ လိုင်းဆွဲစားသော ဆန်နီကားလေး လမ်းဘေး ပလပ်ဖောင်း
ကို ကျော်ကာ ညောင်အိုပင်ကြီးအား အရှိန်ပြင်းစွာ ဝင်တိုက်ထားခြင်းပင်ဖြစ်လေတော့သည်။ ညမည်သည့်အချိန်က တိုက်ခတ်မှုဖြစ်ခဲ့သည်ကိုတော့ မည်သူမှအတိအကျမပြောနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော်ကားကိုတရုတ်ကြီး ယာဉ်တိုက်မှုဖြစ်သွားသောနေရာမှာ လူအတော်အတန်ပြက်သောနေရာလည်း ဖြစ်နေသောကြောင့်မဟုတ်ပါလား။

ကားရှေ့ပိုင်းမှာတော့ ပိန်လိမ်ကာ ရစရာပင်မရှိတော့ချေ။ နွားပေါက်တစ်ကောင်ပင်ဤ အရှိန်ဖြင့် တိုက်လျှင်သေနိုင်မည်ဟုခန့်မှန်းနိုင်လေသည်။ ထိုကြောင့်လည်းကားရှေ့ခေါင်းခန်းတွင် ရှိသော ကိုတရုတ်ကြီးအဖို့တော့ ပြောစရာပင် မလိုတော့ချေ။ ကားစတီယာရင် ပေါ်တွင် မျက်နှာအပ်ကာသွေးအလိမ်းလိမ်းဖြင့် ကြောက်မက်ဖွယ် သေဆုံးနေသော အလောင်းကြီးတစ်လောင်းထိုအလောင်းကောင်ကြီးမှာတော့ ကိုတရုတ်ကြီး ၏ အလောင်းပင်ဖြစ်လေ
သည်။

” ဟာ ….ကားဆရာ ကိုတရုတ်ကြီးကွ”

”ဟုတ်တယ်ဟ …… ညကတိုက်ထားတာဖြစ်မယ်”

”အမလေး … ကြောက်စရာကြီး”

အလင်းရောင်အနည်းငယ် ရလာသည်နှင့်အမျှ တာဝန်ရှိ ပုဂ္ဂိုလ်များ အခြား မဆီမဆိုင်စပ်စပ်စုစု လူများလည်း ထိုကားတိုက်ရာနေရာသို့ စုအုံလာလေတော့သည်။တစ်ချို့ကလည်း အမှန်တကယ် သနား၍
စိတ်မကောင်းဖြစ်ကြလေ သည်။ တချို့ကလည်း တစ်ယောက်တစ်ပေါက် ထင်ရာထင်ကြေးတွေ ပြောဆိုကြလေတော့၏။ထိုလူများ အကြားကြောက်စရာအကောင်းဆုံးပြော စကားများလည်းရှိကြသေးသည်။

ထိုစကားမှာ မှားသည်လားဆိုရအောင်လည်းမမှားပေ။ ကောလဟလ ဆိုလားတော့လည်းမဟုတ်ပေ။ အမှန်တရားစကားလုံးများပင်ဖြစ်သည်။ သို့သော်ကြားရသူ အပေါင်းအတွက်တော့ နားမချမ်းသာ စရာ စကားများဖြစ်ပေ လိမ့်မည်။ ထိုစကားသည်ကား

”ကိုတရုတ်ကြီးကားက …… ညညဆို ဆေးရုံက မသာတွေ …… ခိုးတင်တဲ့ကားတဲ့”

”ဟာ … ဒါဆို မသာလိုင်းကားကြီးပေါ့”

ဟူ၍ ပင်ဖြစ်လေတော့၏ ။ကံကောင်းခြင်းတစ်ခုကတော့ ကိုတရုတ်ကြီး ကားပေါ်၌ ကား မတိုက်ခင် မည်သည့်ခရီးသည်မှ ပါမလာခြင်းပင် ဖြစ်လေတော့သတည်း။ ။

********************

တကယ်လည်းရှိခဲ့သည်။တကယ်ကြုံခဲ့ရသော သူများလည်း ရှိသည်။ အပြင်လောကတွင်လည်း အမှန်စင်စစ်ဖြစ်ပျက်နေသော အရာလည်းဖြစ်သည်။ ကြားဖူးသူအချို့ကြားဖူးကြပေလိမ့်မည်။ ထိုကိစ္စနှင့် ပတ်သတ်၍လည်း စာရေးသူ၏ မိတ်ဆွေ တစ်ဦး တဒင်္ဂရူးသွပ်သွားခဲ့ဖူးသည်။ မသာများနှင့် မကြာခန ထိတွေ့နေသော လူစီးလိုင်းကားသည်
မင်္ဂလာရှိနိုင်ပါမလား။ ဆေးရုံကနေ သေဆုံးသွားသော အလောင်းများကို ပိုင်ရှင်များကရင်ခွဲ ရုံ မပို့ချင်၍ နေအိမ်သို့ ဆရာဝန် နှင့်ညှိကာ ခိုးတင်တတ်သည်ဆိုသော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။

ထိုမသာ တစ်ခေါက် သယ်ပေးခြင်းဖြင့် ငွေကြေး တော်တော်များများ ရသည်ကိုမက်မောမိ၍ ဒုက္ခတွေ့ရသည်များကို အောက်တွင် ဇာတ်လမ်းသဖွယ်ရေးသားဖော်ပြလိုက်ရပါတော့၏ ။

********************

မသာလိုင်းကား

ဆေးနံ့တွေ မွန်ထူနေသောအခန်းလေးတစ်ခန်း တွင်လူများ ငြိမ်သတ်လျက် ။ အဖြူရောင်long coat ကိုဝတ်ထားသော လူတစ်ယောက် က ခေါင်းကို အသာယမ်းပြလိုက်သည်နှင့်တစ်ပြိုင်နက် နံဘေးက လူနာရှင်ဖြစ်ဟန်တူ သော လူများ မျက်စိမျက်နှာပျက်ကုန်ကြလေတော့သည်။ တချို့လည်း မျက်ရည်များဝဲတက်
လာကြလေ၏ ။

”စိတ်မကောင်းပါဘူးဗျာ”

ဟုတ်ပေသည် ထိုအခန်းလေးသည် လူနာအတွက် သီးသန့်လုပ်ပေးထားသော အခန်းလေးတစ်ခုဖြစ်လေ၏ ။လောင်းကုတ် အဖြူ
ရောင်ဝတ်ထားသောလူဆိုတာလည်းဆရာဝန် ဆိုသည်ကို သိထားပြီးဖြစ်ပေလိမ့်မည်။ သေဆုံးသွားပြီဆိုမှတော့ ထိုအလောင်းကောင်အားရေခဲတိုက်သို့ ပို့ကြရတော့မည်
မဟုတ်ပါလား။

”ဆရာ … ကျွန်မတို့ အလောင်းကို အိမ်ပြန် သယ်သွားချင်တယ်”

အလောင်းပိုင်ရှင်များကလည်းလူကုံထံ အသိုင်းအဝိုင်းကဖြစ်ပုံရလေသည်။ ဝတ်ပုံ စားပုံများကို ကြည့်ရသည့်အလျောက်လူချမ်းသာ မိသားစု တစ်ခုဖြစ်မည် ကိုတပ်အပ်ပြောလို့ရပေသည်။ အလောင်းကို ဆေးရုံကနေ ဤ သို့အလွယ် တကူသယ်ဆောင်ခွင့်တော့မရှိပေ။ လုပ်ရိုးလုပ်စဉ် အတိုင်းလုပ်ဆောင်ရမည်ဖြစ်လေ၏ သို့သော်ငြားလည်း
ငွေ ဆိုသော တန်ခိုးရှင်သည် အရာရာကိုဖန်ဆင်းပေးနိုင်သည် မဟုတ်ပါလား။

+++++++++

” …”

ကားထဲတွင် ကတ်ဆတ်ကို ဖွင့်ထားရင်းအပူအပင်ကင်းစွာ ကိုတရုတ်ကြီးမောင်းနှင်လာခဲ့တော့သည်။ နာရီကို တစ်ချက်ကြည့်လိုက်တော့ ညကိုးနာရီပင် ထိုးလုတော့မည်။ဆိုင်ကယ်များလည်း မပေါသော ကာလလည်းဖြစ်သည်မို့ ရှစ်နာရီ နောက်ပိုင်းတွင်တော့
ကားလမ်းမ ပေါ်တွင်အသွားအလာနည်း သွားလေတော့သည်။ ခါတိုင်းစောစောပြန်နေကြဖြစ်လေသည်။ ဒီနေ့မှသာ ကိုတရုတ်ကြီးကိစ္စလေးတစ်ခု ကြောင့် အိမ်ပြန်နောက်ကျခဲ့တော့သည်။

”ဟိုး ………… ကားဆရာ”

ရှေ့ခပ်လှမ်းလှမ်းတွင် လူတစ်ယောက် ကားကိုလှမ်းတားနေသောကြောင့် ကိုတရုတ်ကြီး
အရှိန်ကို လျော့ချလိုက်‌ လေတော့သည်။ ပြီးနောက် ထိုလူအနီးတွင် ကားကိုရပ်ချလိုက်တော့၏ ။ ထိုနေရာသည် ဆေးရုံကြီး အရှေ့တွင် ဖြစ်လေ၏ ။

”ဘယ်လဲဗျ”

”ဘယ်လဲတော့ မဟုတ်ဘူးဗျ…………… အဲ့လိုဗျာ”

”ဗျာ …… ဟာ မဖြစ်ဘူးထင်တယ် …… ကျုပ်ကတင်ဖူးတာမဟုတ်ဘူး”

ကားတားသော လူမှာ စောစောက ဆေးရုံပေါ်တွင် သေဆုံးသွားသော သူ၏ အမျိုးတော် စပ်သူဖြစ်လေ၏ ။ အခုလည်း ထိုအလောင်းအား သူတို့ နေအိမ်သို့ပို့ပေးရန်ပြောဆိုခြင်းအား ကိုတရုတ်ကြီး ငြင်းဆိုနေခြင်းပင်ဖြစ်လေတော့သည်။

”လုပ်ပါဗျာ …… ကျုပ်တို့အရေးကြီးလို့ပါ”

”မဖြစ်ဘူးဗျ…… တခြားကားသာဌားလိုက်ကြပါဗျာ”

”ခင်များကို ၁၀၀၀၀ ပေးမယ်ဗျာ ……… ခရီးက ဝေးတာမှ မဟုတ်တာ”

၁၀၀၀၀ တဲ့ထိုလူကပြောလာတော့သည်။ ထိုခေတ် ထိုအခါက ငါးထောင် ဆိုသော ငွေပ
မာဏသည်လည်းအတော်အတန်တန်ဖိုးရှိ
လွန်းလှပေသည်။

တစ်ပတ်လောက်ပင်ပင်ပန်း
ပန်း ဆွဲစားရင်တောင် တစ်သောင်းက ပုံသေမရနိုင်။ ခုတစ်ကြောင်းထဲ နဲ့တစ်သောင်းဆိုတော့ ကိုတရုတ်ကြီး ဘာကိုမှ မစဉ်းစားနိုင်တော့ပေ။ သူ့ကားအား ဆေးရုံဝင်းထဲသို့မောင်း ဝင်ချလိုက်လေ တော့၏။

*********************

အယူအဆတွေ ဘာတွေ ညာတွေကို တွေးတောနေလို့ မဖြစ်။ မိမိစားရေးသောက် ရေးနေရေးထိုင်ရေးလောက် ဘာမှအရေးမကြီးသက်သက်သာသာ နှင့် ငွေ အရချောင်သော ထိုမသာ ကယ်ရီ အလုပ်အား ကိုတရုတ်ကြီး တစ်ကြိမ်တစ်ခါ မျှ လုပ်လ်ုက်ရုံဖြင့် အရသာတွေ့သွားလေတော့သည်။

နေ့ဘက်တွင် ခရီးသည်ပို့ ညဖက်ဆို ဆေးရုံကြီးနားသို့ ကားထိုးကာ ရစ်သီရစ်သီလုပ်တတ်လာလေတော့၏ ။ နေ့ခင်းဘက် အော်ဒါနည်းလည်း ကိုတရုတ်ကြီး သိပ်ဂရုမစိုက်တော့၊ မသာခိုးပို့ခြင်းက ရက်
သိပ်မခြား ခနခန လိုက်ပ်ု့နေရသည်မို့တဖြေးဖြေးအနေအစားချောင်လာခဲ့တော့ သည်။

”အဲ့ …… လူကြီးကားဆို မစီးနဲ့ သိလား”

”ဟင် …… ဘာလို့တုန်း ”

”ဘာလို့ရမလဲ …… အဲ့ကားက ………ညဆိုဆေးရုံက မသာအလောင်းတွေကို…… ခိုးခိုးသယ်ပေးနေတဲ့ …… မသာလိုင်းကားပဲ”

”ဟယ် ……… ကြောက်စရာကြီး”

”ဟုတ်တယ် …… ငါတို့ကိုပါ အညံ့တွေကပ်ပါလာလိမ့်မယ် …… ကားတွေပေါလို့အေ ……တခြားကားရှာစီးလဲ ရတာပဲ”

ထိုသို့ ပြောဆိုသံများပင် ထွက်ပေါ်လာသည်အထိ ။ သို့သော် ဂရုမစိုက်ပါ။ အချို့ရင်းနှီးသောကားဆရာများ က ထိုအလုပ်ဆိုးကြီးအား ဆက်မလုပ်တော့ရန် တားဆီးသော်ငြား လည်း ငွေအရချောင်သောကြောင့် ကိုတရုတ်ကြီး ခေါင်းမာမာ နှင့်ဆက်လုပ်ခဲ့သည်။ အလောင်းများကို သယ်ခြင်းပို့ခြင်းကား အကုသိုလ်မများသော်လည်း အကုသိုလ်များသော လောဘကြောင့် တနေ့တွင်တော့ ကိုတရုတ်ကြီး ဒုက္ခကောင်း ကောင်းရောက်ခဲ့ရလေ တော့သည်။

******************

”ဗျို့ …… ကိုတရုတ်ကြီး မပြန်သေးဘူးလား”

”အေးဆေးပေါ့ …… ကို့လူရာ”

”ဒါဆိုလည်း …… ကျုပ်တော့ပြန်ပြီဗျို့”

လိုင်းဆွဲစားနေသော ကားသမားအချင်းချင်း ထိုမျှတော့ ရင်းနှီးဖော်ရွေ မှု ရှိကြလေသည်။ယခုလည်း နေဝင်ရီ တရောအချိန် ဆေးရုံ အပေါက်နှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ထားသော ကိုတရုတ်ကြီးအား အပေါင်းအဖော်ကားသမားများက လှမ်းနှုတ်ဆက်နေခြင်းဖြစ်လေသည်။ လူဆိုသည့် အမျိုးက ရလေလို လေ အိုတစ္ဆေ ဆိုသလိုပါပဲ ။ ရသလောက်နဲ့ မတင်းတိမ် မရောင့်ရဲ နိုင်သော သတ္တဝါသည်လည်း လူသားများပင်ဖြစ်လင့်
ကစား ကိုတရုတ်ကြီးလည်း ထိုလူထဲကလူမို့ မရောင့်ရဲနိုင်တော့ပေ။

ဒီအချိန် ဒီနာရီတွင် ဆေးရုံရှေ့တွင် ကိုတရုတ်ကြီး တစ်ယောက်သာ အမြဲရှိနေ တတ်လေသည်။ အချို့ကားဆရာများကတော့မိမိတို့ နေထိုင်ရာ အိမ်သို့ ပြန်ကြသည့်အချိန်။
ကိုတရုတ်ကြီး ထိုမသာကယ်ရီ အလုပ်ကိုလုပ်လာတာ ယခုဆိုရင် တစ်လပင်ကျော် လာခဲ့လေတော့သည်။ ထိုတစ်လကျော်ကာလအတွင်း သူအတော်အတန် ချောင်လည် ခဲ့လေ၏ ။ ထို့ကြောင့်လည်း ထိုအလုပ်ကိုစွန့်လွတ်ပစ်ဖို့လောက်တော့ သူမမိုက်မဲတော့
ပေ။

မနေ့ကလည်း မသာမရသည်မို့ ဒီနေ့အဖို့တော့ သူ မသာတစ်လောင်းတော့ သူလိုချင်မိလေသည်။

”ဟူး ……… ဒီနေ့တော့ တစ်ခေါက်လောက်ရရင် ကောင်းမယ်ကွာ”

နှုတ်မှလည်း ရေရွတ်လည်ပင်းကလည်း ကြက်ကြီးလို ဆေးရုံထဲ တမျှော်မျှော်နှင့်။
ဘယ်သူသေမလဲ ဘယ်သူလာဌားမည်လဲမျှော်နေခြင်းက အပြစ်တော့မရှိပေ။ သို့သော်
သူထိုသို့မျှော်နေခြင်းသည် သူတပါးအား မနောကံ စိတ်ဖြင့် လူသတ်နေခြင်းပင် မဟုတ် ပါလား။ သူကိုယ်တိုင် မသိခဲ့ပေမယ့် နေ့စဉ် နေ့တိုင်း တစ်စုံတစ်ယောက်သေဖို့ကို ဆန္ဒ ရှိနေသော ကိုတရုတ်ကြီး အတွက်တော့ များစွာအကုသိုလ်ကြီးလှပေသည်။

အမှောင်ရိပ်က တဖြေးဖြေး ကြီးစိုးလာခဲ့ပြီ။ ကိုတရုတ်ကြီး တစ်နာရီခန့်ပင်ရှိနေပြီ။ မတတ်နိုင်ဘူး စောင့်တော့ စောင့်ကြည့်ရမှာပဲဟူသော အတွေးစနှင့် သူဆက်စောင့်နေလေ တော့၏ ။ အချိန်ကား ညခုနစ်နာရီကျော်ခဲ့လေပြီ ။ ထိုစဉ် ဆေးရုံတံခါးပေါက်မှ လူတစ်ယောက်က ကိုတရုတ်ကြီးအား လက် ယပ်ခေါ်လိုက်လေတော့သည်။ ကိုတရုတ်ကြီးအားတက်သွားသည်။ ထိုလက်ပြနေသော သူအနီးသို့ကား ကို သွားရပ်လိုက်တော့မှမိန်းကလေးတစ်ယောက်

”အကို ….… ကားဌားချင်လို့”

”ရတယ် …… ညီမလေး ”

”အလောင်းကို ခနနေမှ…… လာသယ်မယ်……ညီမကို…… အိမ်အရင် ပို့ပေးပါ”

ဒီအချိန် ကားဌားခြင်းသည်အလောင်းသယ် ရန်ဌားခြင်းသာဖြစ်လေ၏ ။ ကိုတရုတ်ကြီး ကောင်မလေးအား ကြည့်လိုက်တော့ ကောင်မလေးမှာ နွမ်းဖတ်ဖတ် နှင့် အားငယ် နေသည့်ပုံပေါက်လေသည်။ ဟုတ်မှာပေါ့လေဆွေမျိုးသားချင်းတစ်ယောက်သေသွား တော့ ဝမ်းနည်းနေရှာမှာ ဟု ကိုတရုတ်ကြီး တွေးနေမိသည်။ ဆေးနံ့များကလည်း ကောင်မလေး နားမှ မွန်ထူအောင် ထွက်နေသည်။

”အကို …… လမ်းမှာ …… လူထပ်မတင်ပါနဲ့……ညီမ ကားခကို ထိုက်ထိုက်တန်တန်ပေး ပါ့မယ်”

”ကောင်းပြီ …… ကားပေါ်တက် ……ဘယ်သွား မှာလဲ…… အိမ်က …… ဘယ်မှာ”

”အဲ့ …………… မှာပါ”

အိမ်ခြေ အတော်နည်းသော ရပ်ကွက်လေး ဖြစ်လေသည်။ လူသူအရောက်အပေါက်လည်းနည်းလေ၏ ။ မြို့မစျေးကြီးနှင့်တော့ သိပ်မဝေးပေ။ ကောင်မလေးလည်း ကိုတရုတ်ကြီး နံဘေး ကားရှေ့ခန်းတွင်ဝင်ထိုင်လိုက်လေတော့သည်။

”ရပြီ …… အကို”

ကိုတရုတ်ကြီးလဲ ကားမှန်များကို တင်လိုက်ရင်း ကားစက်ကို နှိုးလိုက်လေတော့သည်။ ထိုစဉ် ရုတ်တရက်

”ဒေါက် ……… ဒေါက် ”’

ကားတံခါး မှန်ကို လူတစ်ယောက်က လာခေါ့က် လိုက်ခြင်းပင်။ ကိုတရုတ်ကြီး လည်း ကားမှန်ကို တစ်ထွာခန့်ချလိုက်ရင်း

”ဘာဖြစ်လို့လဲဗျ”

”ကားဌားမလို့ပါ…… လူငါးယောက်ပါတယ်……မန်နား ဘက်သွားချင်လို့”

ကိုတရုတ်ကြီး ခေါင်းအသာပြူ ထွက်လိုက်ပြီး ကြည့်လိုက်တော့ မိသားစုတစ်စုဖြစ်ဟန်
တူလေသည်။ အထုပ်အပိုးတွေနှင့် ဖြစ်လေ၏ ။ နံဘေးက ကောင်မလေးက စင်းလုံးပြတ်ဌားထားသည်မို့ သူမကိုတော့ တိုင်ပင် ကောင်းသည် ဟုကိုတရုတ်ကြီးတွေးလိုက် မိလေသည်။

”ညီမ ……… ဒီလူတွေကို တင်သွားမယ်လေ…… လမ်းလဲသင့်နေတာပဲ အဆင်ပြေမလား”

ကောင်မလေးက ခေါင်းကိုသာ အသာရမ်းပြသည်။ သူ့အကြည့်က ရှင့်ကို ကျွန်မပြောပြီးသား ဆိုတဲ့ အဓိပါယ်သက်ရောက်နေတယ်။ ထို့ကြောင့် ကိုတရုတ်ကြီးလည်း စောစောက လူအား အားတုန့်အားနာဟန်ဖြင့်

”စိတ်မကောင်းပါဘူးဗျာ …… တခြားကားသာဌားလိုက်ပါ …… ကျုပ်ခရီးသည်က အရေးကြီးနေလို့”

ထိုလူလည်းကိုတရုတ်ကြီးအားနားမလည် နိုင်သော အမူအရာဖြင့်ကြည့်ရင်းခေါင်းကိုသာ ငြိမ့်ပြလိုက်လေတော့သည်။အမှန်တော့ ကားခေါင်းခန်းတွင် ကိုတရုတ်ကြီးမှအပ မည်သည့်ကောင်မလေးမှ ထိုအချိန်တွင်ရှိမနေခဲ့ပါ ။ ဤသို့ဆိုလျှင် ကိုတရုတ်ကြီး ကားအား ဌားရမ်းခဲ့သော ကောင်မလေးမှာမည်သူနည်း ………………

*************

ကိုတရတ်ကြီး တစ်ယောက် ထိုကောင်မလေး ပြောသည့်အတိုင်း ကားကို ခပ်မြန်မြန်လေးမောင်းနှင်ခဲ့လိုက်တော့သည်။ ကောင်မလေးမှာတော့ သူ့နံဘေးတွင် ငြိမ်သက်လျက်သားလိုက်ပါလာလေ၏ ။ ကောင်မလေးပြောသောရပ်ကွက် သို့ရောက်ခဲ့လေပြီ ။ မှတ်မှတ်ရရထိုနေရာလေးတွင် ကွန်ကရစ်တံတား ငယ်လေးတစ်ခုလည်းရှိ၏ ။

ကောင်မလေးကတော့
မည်သို့ မျှမပြောပဲ ပကတိငြိမ်သက်တိတ်ဆိတ်လျက်

”ရောက်တော့မှာလား …… ညီမ”

ကိုတရုတ်ကြီးမေးသည်ကို ကောင်မလေးကမဖြေ ရှေ့ကိုသာ လက်ညှိုးညွန်ပြကာနေလေ၏ ။ ဆယ်မိနစ်ခန့်မောင်းလာသည့်တိုင်မရောက်သေး ။ နာရီလက်တံများကလည်း တစ်ချက်ချက် ရွေ့လျားနေလေသည်။ဆယ့်ငါးမိနစ် ထိုရပ်ကွက်လေးကို တစ်ပတ်ပြည့်အောင် ပတ်လျှင်ပင် ဆယ့်ငါးမိနစ်မကြာ

”ဟာ ”

ကိုတရုတ်ကြီး စိတ်ထဲ မသိုးမသန့်ဖြစ်လာ လေတော့သည်။ စောစောက ကွန်ကရစ်တံတားလေးက သူ့ကားမီးရောင်အောက်တွင် ထင်းခနဲပေါ်လာလေတော့၏ ။စောစောကမှ ဖြတ်ကျော်လာသောတံတား
ကို သူတစ်ခေါက်ပြန်ရောက်နေလေပြီ ။ကိုတရုတ်ကြီးကားမောင်းလာသည့်သက်တမ်းတစ်လျှောက်မကြုံဖူးသော အဖြစ်အပျက်ပင်။

”ဟာ ………ဘာနံ့ကြီးလဲ”

ရုတ်တရက် ထောင်းခနဲ ကိုတရုတ်ကြီးနှာခေါင်းသို့ ညှီစို့စို့ပုပ်အက်အက် အနံ့ကြီး ဝင်လာလေတော့သည်။ နံဘေးက ကောင်မလေးမှာတော့ ငြိမ်ချက်သားကောင်းနေ လေသည်။ ကိုတရုတ်ကြီးလဲ မနေနိုင်တော့ပဲ

”ညီမ …… အပုပ်နံ့ကြီးမရဘူးလား”

”ရတယ်လေ”

ကောင်မလေး၏ အမူအရာကား ထိုအပုပ်နံ့ကြီးကို ဂရုမစိုက်သည့်နှယ်။ ခပ်ပြတ်ပြတ်သာဖြေလိုက်လေတော့သည်။

”ညီမ အိမ်မရောက်သေးဘူးလား……အလောင်း သယ်ဖို့နောက်ကျနေပြီလေ”

”အလောင်းက …… သယ်စရာမလိုတော့ပါဘူး…… ကားပေါ်မှာပါလာပြီပဲ”

”ဘာ”

”ဟုတ်တယ် …… စောစောက အပုပ်နံ့ကလည်းညီမစီကလာတာ …… ကားနောက်ခန်းမှာ
ညီမအလောင်းလဲပါတယ်”

ကိုတရုတ်ကြီး တစ်ယောက် ခေါင်းမွေးများ ထောင်တက်သွားကာ ကားနောက်ခန်းသို့
သမင်လည်ပြန် လှည့်ကြည့်လိုက်လေတော့သည်။ ဖြူဖြူဖွေးဖွေး အဝတ်ဖြူကြီးဖြင့်
လွှားထားသော အလောင်းကြီးတစ်လောင်း /ဘယ်ချိန်တည်းက ရောက်နေသည်ကို သူမသိခဲ့။ နံဘေးကိုကြည့်လိုက်တော့ စောစောက ကောင်မလေး
ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ ။ မှောင်မဲနေသော ကြောက်စရာညတစ်ည တွင်ကားပေါ်၌ ကိုတရုတ်ကြီး တစ်ယောက်သာ ။

ရုတ်တရက်ကားမီးကလည်း ပျောက်သွားလေတော့၏ ။ လကွယ်နေ့လည်းဖြစ်သလိုလမ်းမီးမရှိသော ထိုလမ်းလေးတွင် ကိုတရုတ်ကြီး ဇောချွေးများပြန်လာလေမိ တော့သည်။ လမ်းကိုမှန်းရင်း ကိုတရုတ်ကြီး လီဗာပေါ် ခြေထောက်ကို အားကုန်နင်းချလိုက်တော့၏ ။ မီးကဖျောက်ခနဲပြန်လင်းလာပြီး သူ့ကားမီးရောင် ရှေ့တည့်တည့်တွင်စောစောကကောင်မလေးဘွားခနဲပေါ်လာပြီး တိုက်လုဆဲဆဲအနေ အထားမှ ကိုတရတ်ကြီး ကားစတီယာရင်ကို ဘယ်ဘက်သို့အားကုန်ဆွဲလှည့်လိုက်မိတော့သည်။

”ဝုန်း ” ခနဲကျယ်လောင်စွာ မြည်သွားပြီးနောက် ကိုတရုတ်ကြီး၏ ဆန်နီကားငယ်လေးမှာ လမ်းဘေး ညောင်အိုပင်ကြီးသို့ဦးစိုက်သွားလေ တော့သည်။ ထိုညောင်ပင်
ကြီးနှင့် သူ့ကား တိုက်မိပြီးနောက်ဘာဆက်ဖြစ်သွားသည်ကိုတော့ ကိုတရုတ်ကြီးမသိ
နိုင်ပေ။

သူအရက်ပဲအလွန်အကျွံသောက်ထား မိခဲ့လေသလား ဒါမှမဟုတ်ထင်ယောင်ထင်မှားပဲ ဖြစ်ခဲ့လေသလား သူမောင်းနှင်ခဲ့သော ဆန်နီကားလေးမှာ လူတင်တဲ့ လိုင်းကားလေးလား
ဒါမှ မဟုတ် မသာတွေ တင်တင်နေတဲ့မသာလိုင်းကားလား ။ လူအများပြောကြ သည်ကတော့ မသာလိုင်းကားတဲ့

မသာတွေကိုတင်တင်ပြီး ခိုးပို့နေတဲ့ မသာလိုင်းကားတဲ့………… မသာတွေကို တင်တင်နေတဲ့……မသာလိုင်းကား ………ညစဉ်ညတိုင်း ……နိဗ္ဗာန်ယာဉ်မဟုတ်ဘဲမသာတွေပို့နေတဲ့ ………လိုင်းကား……အကုသိုလ် မျက်ရည်များခဲ့တဲ့……လိုင်းကား ကိုတရုတ်ကြီး၏ အသက်ကိုပါနှုတ်သွား
တဲ့လိုင်းကား………အဲ့ကားလေးကိုလူတွေသမုတ်လိုက်တဲ့နာမည်က ……………

””’မသာလိုင်းကား ””’

တဲ့……………………………………

ပြီးပါပြီ

စာဖတ်သူတို့အားအစဉ်လေးစားလျက်

သူရေး Since 2018

ခုနှစ် ၂၀၁၈ မှာရေးသားခဲ့သော ဇာတ်လမ်းတိုလေး ဖြစ်သည့် အတွက် အရေးအသားလို အပ်ချက်များကို သည်းခံဖတ်ရှု ပေးကြပါရန် လေးစားစွာ မေတ္တာ ရပ်ခံလိုက်ပါသည်။

Zawgyi Version

” မသာလိုင္းကား ”(စ-ဆုံး)
—————————–
ေရးသားသူ…သူေရး

ၿမိဳ႕မေစ်းႀကီးကို ေက်ာ္လြန္လာခဲ့ၿပီးေနာက္ လမ္းခုလတ္တစ္ေနရာတြင္ ျဖစ္ေလသည္။
ေဆာင္းတြင္းကာလလည္း ျဖစ္ေတာ့ အနည္းငယ္ခ်မ္းစိမ့္စိမ့္ ေလးပင္။ မနက္ေျခာက္နာရီဝန္းက်င္ေလာက္ျဖစ္ေပလိမ့္မည္။ ကတၱရာလမ္းမ ႀကီးေပၚမွာေတာ့ လူေတြ ပ်ားပန္းခတ္
တစ္ဝမ္းတစ္ခါး အတြက္စတင္အလုပ္လုပ္ၾကေသာ အခ်ိန္လည္းျဖစ္ေလ၏ ။အခ်ိန္ကာလ အားျဖင့္ေတာ့ ၂၀၀၄ ခုႏွစ္ေလာက္ကပင္ ျဖစ္ေပလိမ့္မည္။

ထိုအခ်ိန္မွာေတာ့ ထိုၿမိဳ႕ကေလးတြင္ ယခုလို ေခြးဘီလူးကားေသးမ်ား သုံးဘီးဆိုင္ကယ္မ်ား လိုင္းဆြဲ စားျခင္းမဟုတ္ေပ။ မဟုတ္ေသာ္လည္းသုံးဘီးဆိုင္ကယ္ကို ဝယ္ယူႏိုင္သူ အခ်ိဳ႕အနည္းငယ္သာ ရွိေလ၏ ။

ထိုအခ်ိန္က လိုင္းကားမ်ားမွာဆန္နီကားဟုလူသိမ်ားေသာ ကားငယ္ေလးမ်ားပင္ျဖစ္ေလေတာ့သည္။ ကားသမားမ်ားကလည္း စီးပြားေရးအေလ်ာက္ လက္လုပ္လက္စား မ်ားလည္း စားဝတ္ေနေရးအေလ်ာက္ စတင္႐ုန္းကန္ၾကေသာ ထိုမနက္ခင္းေလးတစ္ခုမွာေတာ့ ႐ုပ္ဆိုးအက်ည္းတန္ေသာ ျဖစ္ရပ္ေလးတစ္ခုက စတင္ ဆီးႀကိဳကာေနေလေတာ့ သည္။ ထိုအက်ည္းတန္လွေသာ ျဖစ္ရပ္ကေလးတစ္ခုကေတာ့

ကားဆရာ ကိုတ႐ုတ္ႀကီး ၏ လိုင္းဆြဲစားေသာ ဆန္နီကားေလး လမ္းေဘး ပလပ္ေဖာင္း
ကို ေက်ာ္ကာ ေညာင္အိုပင္ႀကီးအား အရွိန္ျပင္းစြာ ဝင္တိုက္ထားျခင္းပင္ျဖစ္ေလေတာ့သည္။ ညမည္သည့္အခ်ိန္က တိုက္ခတ္မႈျဖစ္ခဲ့သည္ကိုေတာ့ မည္သူမွအတိအက်မေျပာႏိုင္ၾကေပ။ အဘယ္ေၾကာင့္ဆိုေသာ္ကားကိုတ႐ုတ္ႀကီး ယာဥ္တိုက္မႈျဖစ္သြားေသာေနရာမွာ လူအေတာ္အတန္ျပက္ေသာေနရာလည္း ျဖစ္ေနေသာေၾကာင့္မဟုတ္ပါလား။

ကားေရွ႕ပိုင္းမွာေတာ့ ပိန္လိမ္ကာ ရစရာပင္မရွိေတာ့ေခ်။ ႏြားေပါက္တစ္ေကာင္ပင္ဤ အရွိန္ျဖင့္ တိုက္လွ်င္ေသႏိုင္မည္ဟုခန္႔မွန္းႏိုင္ေလသည္။ ထိုေၾကာင့္လည္းကားေရွ႕ေခါင္းခန္းတြင္ ရွိေသာ ကိုတ႐ုတ္ႀကီးအဖို႔ေတာ့ ေျပာစရာပင္ မလိုေတာ့ေခ်။ ကားစတီယာရင္ ေပၚတြင္ မ်က္ႏွာအပ္ကာေသြးအလိမ္းလိမ္းျဖင့္ ေၾကာက္မက္ဖြယ္ ေသဆုံးေနေသာ အေလာင္းႀကီးတစ္ေလာင္းထိုအေလာင္းေကာင္ႀကီးမွာေတာ့ ကိုတ႐ုတ္ႀကီး ၏ အေလာင္းပင္ျဖစ္ေလ
သည္။

” ဟာ ….ကားဆရာ ကိုတ႐ုတ္ႀကီးကြ”

”ဟုတ္တယ္ဟ …… ညကတိုက္ထားတာျဖစ္မယ္”

”အမေလး … ေၾကာက္စရာႀကီး”

အလင္းေရာင္အနည္းငယ္ ရလာသည္ႏွင့္အမွ် တာဝန္ရွိ ပုဂၢိဳလ္မ်ား အျခား မဆီမဆိုင္စပ္စပ္စုစု လူမ်ားလည္း ထိုကားတိုက္ရာေနရာသို႔ စုအုံလာေလေတာ့သည္။တစ္ခ်ိဳ႕ကလည္း အမွန္တကယ္ သနား၍
စိတ္မေကာင္းျဖစ္ၾကေလ သည္။ တခ်ိဳ႕ကလည္း တစ္ေယာက္တစ္ေပါက္ ထင္ရာထင္ေၾကးေတြ ေျပာဆိုၾကေလေတာ့၏။ထိုလူမ်ား အၾကားေၾကာက္စရာအေကာင္းဆုံးေျပာ စကားမ်ားလည္းရွိၾကေသးသည္။

ထိုစကားမွာ မွားသည္လားဆိုရေအာင္လည္းမမွားေပ။ ေကာလဟလ ဆိုလားေတာ့လည္းမဟုတ္ေပ။ အမွန္တရားစကားလုံးမ်ားပင္ျဖစ္သည္။ သို႔ေသာ္ၾကားရသူ အေပါင္းအတြက္ေတာ့ နားမခ်မ္းသာ စရာ စကားမ်ားျဖစ္ေပ လိမ့္မည္။ ထိုစကားသည္ကား

”ကိုတ႐ုတ္ႀကီးကားက …… ညညဆို ေဆး႐ုံက မသာေတြ …… ခိုးတင္တဲ့ကားတဲ့”

”ဟာ … ဒါဆို မသာလိုင္းကားႀကီးေပါ့”

ဟူ၍ ပင္ျဖစ္ေလေတာ့၏ ။ကံေကာင္းျခင္းတစ္ခုကေတာ့ ကိုတ႐ုတ္ႀကီး ကားေပၚ၌ ကား မတိုက္ခင္ မည္သည့္ခရီးသည္မွ ပါမလာျခင္းပင္ ျဖစ္ေလေတာ့သတည္း။ ။

********************

တကယ္လည္းရွိခဲ့သည္။တကယ္ႀကဳံခဲ့ရေသာ သူမ်ားလည္း ရွိသည္။ အျပင္ေလာကတြင္လည္း အမွန္စင္စစ္ျဖစ္ပ်က္ေနေသာ အရာလည္းျဖစ္သည္။ ၾကားဖူးသူအခ်ိဳ႕ၾကားဖူးၾကေပလိမ့္မည္။ ထိုကိစၥႏွင့္ ပတ္သတ္၍လည္း စာေရးသူ၏ မိတ္ေဆြ တစ္ဦး တဒဂၤ႐ူးသြပ္သြားခဲ့ဖူးသည္။ မသာမ်ားႏွင့္ မၾကာခန ထိေတြ႕ေနေသာ လူစီးလိုင္းကားသည္
မဂၤလာရွိႏိုင္ပါမလား။ ေဆး႐ုံကေန ေသဆုံးသြားေသာ အေလာင္းမ်ားကို ပိုင္ရွင္မ်ားကရင္ခြဲ ႐ုံ မပို႔ခ်င္၍ ေနအိမ္သို႔ ဆရာဝန္ ႏွင့္ညႇိကာ ခိုးတင္တတ္သည္ဆိုေသာ အျဖစ္အပ်က္မ်ား ရွိခဲ့ဖူးသည္။

ထိုမသာ တစ္ေခါက္ သယ္ေပးျခင္းျဖင့္ ေငြေၾကး ေတာ္ေတာ္မ်ားမ်ား ရသည္ကိုမက္ေမာမိ၍ ဒုကၡေတြ႕ရသည္မ်ားကို ေအာက္တြင္ ဇာတ္လမ္းသဖြယ္ေရးသားေဖာ္ျပလိုက္ရပါေတာ့၏ ။

********************

မသာလိုင္းကား

ေဆးနံ႔ေတြ မြန္ထူေနေသာအခန္းေလးတစ္ခန္း တြင္လူမ်ား ၿငိမ္သတ္လ်က္ ။ အျဖဴေရာင္long coat ကိုဝတ္ထားေသာ လူတစ္ေယာက္ က ေခါင္းကို အသာယမ္းျပလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ နံေဘးက လူနာရွင္ျဖစ္ဟန္တူ ေသာ လူမ်ား မ်က္စိမ်က္ႏွာပ်က္ကုန္ၾကေလေတာ့သည္။ တခ်ိဳ႕လည္း မ်က္ရည္မ်ားဝဲတက္
လာၾကေလ၏ ။

”စိတ္မေကာင္းပါဘူးဗ်ာ”

ဟုတ္ေပသည္ ထိုအခန္းေလးသည္ လူနာအတြက္ သီးသန္႔လုပ္ေပးထားေသာ အခန္းေလးတစ္ခုျဖစ္ေလ၏ ။ေလာင္းကုတ္ အျဖဴ
ေရာင္ဝတ္ထားေသာလူဆိုတာလည္းဆရာဝန္ ဆိုသည္ကို သိထားၿပီးျဖစ္ေပလိမ့္မည္။ ေသဆုံးသြားၿပီဆိုမွေတာ့ ထိုအေလာင္းေကာင္အားေရခဲတိုက္သို႔ ပို႔ၾကရေတာ့မည္
မဟုတ္ပါလား။

”ဆရာ … ကြၽန္မတို႔ အေလာင္းကို အိမ္ျပန္ သယ္သြားခ်င္တယ္”

အေလာင္းပိုင္ရွင္မ်ားကလည္းလူကုံထံ အသိုင္းအဝိုင္းကျဖစ္ပုံရေလသည္။ ဝတ္ပုံ စားပုံမ်ားကို ၾကည့္ရသည့္အေလ်ာက္လူခ်မ္းသာ မိသားစု တစ္ခုျဖစ္မည္ ကိုတပ္အပ္ေျပာလို႔ရေပသည္။ အေလာင္းကို ေဆး႐ုံကေန ဤ သို႔အလြယ္ တကူသယ္ေဆာင္ခြင့္ေတာ့မရွိေပ။ လုပ္႐ိုးလုပ္စဥ္ အတိုင္းလုပ္ေဆာင္ရမည္ျဖစ္ေလ၏ သို႔ေသာ္ျငားလည္း
ေငြ ဆိုေသာ တန္ခိုးရွင္သည္ အရာရာကိုဖန္ဆင္းေပးႏိုင္သည္ မဟုတ္ပါလား။

+++++++++

” …”

ကားထဲတြင္ ကတ္ဆတ္ကို ဖြင့္ထားရင္းအပူအပင္ကင္းစြာ ကိုတ႐ုတ္ႀကီးေမာင္းႏွင္လာခဲ့ေတာ့သည္။ နာရီကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ညကိုးနာရီပင္ ထိုးလုေတာ့မည္။ဆိုင္ကယ္မ်ားလည္း မေပါေသာ ကာလလည္းျဖစ္သည္မို႔ ရွစ္နာရီ ေနာက္ပိုင္းတြင္ေတာ့
ကားလမ္းမ ေပၚတြင္အသြားအလာနည္း သြားေလေတာ့သည္။ ခါတိုင္းေစာေစာျပန္ေနၾကျဖစ္ေလသည္။ ဒီေန႔မွသာ ကိုတ႐ုတ္ႀကီးကိစၥေလးတစ္ခု ေၾကာင့္ အိမ္ျပန္ေနာက္က်ခဲ့ေတာ့သည္။

”ဟိုး ………… ကားဆရာ”

ေရွ႕ခပ္လွမ္းလွမ္းတြင္ လူတစ္ေယာက္ ကားကိုလွမ္းတားေနေသာေၾကာင့္ ကိုတ႐ုတ္ႀကီး
အရွိန္ကို ေလ်ာ့ခ်လိုက္‌ ေလေတာ့သည္။ ၿပီးေနာက္ ထိုလူအနီးတြင္ ကားကိုရပ္ခ်လိုက္ေတာ့၏ ။ ထိုေနရာသည္ ေဆး႐ုံႀကီး အေရွ႕တြင္ ျဖစ္ေလ၏ ။

”ဘယ္လဲဗ်”

”ဘယ္လဲေတာ့ မဟုတ္ဘူးဗ်…………… အဲ့လိုဗ်ာ”

”ဗ်ာ …… ဟာ မျဖစ္ဘူးထင္တယ္ …… က်ဳပ္ကတင္ဖူးတာမဟုတ္ဘူး”

ကားတားေသာ လူမွာ ေစာေစာက ေဆး႐ုံေပၚတြင္ ေသဆုံးသြားေသာ သူ၏ အမ်ိဳးေတာ္ စပ္သူျဖစ္ေလ၏ ။ အခုလည္း ထိုအေလာင္းအား သူတို႔ ေနအိမ္သို႔ပို႔ေပးရန္ေျပာဆိုျခင္းအား ကိုတ႐ုတ္ႀကီး ျငင္းဆိုေနျခင္းပင္ျဖစ္ေလေတာ့သည္။

”လုပ္ပါဗ်ာ …… က်ဳပ္တို႔အေရးႀကီးလို႔ပါ”

”မျဖစ္ဘူးဗ်…… တျခားကားသာဌားလိုက္ၾကပါဗ်ာ”

”ခင္မ်ားကို ၁၀၀၀၀ ေပးမယ္ဗ်ာ ……… ခရီးက ေဝးတာမွ မဟုတ္တာ”

၁၀၀၀၀ တဲ့ထိုလူကေျပာလာေတာ့သည္။ ထိုေခတ္ ထိုအခါက ငါးေထာင္ ဆိုေသာ ေငြပ
မာဏသည္လည္းအေတာ္အတန္တန္ဖိုးရွိ
လြန္းလွေပသည္။

တစ္ပတ္ေလာက္ပင္ပင္ပန္း
ပန္း ဆြဲစားရင္ေတာင္ တစ္ေသာင္းက ပုံေသမရႏိုင္။ ခုတစ္ေၾကာင္းထဲ နဲ႔တစ္ေသာင္းဆိုေတာ့ ကိုတ႐ုတ္ႀကီး ဘာကိုမွ မစဥ္းစားႏိုင္ေတာ့ေပ။ သူ႔ကားအား ေဆး႐ုံဝင္းထဲသို႔ေမာင္း ဝင္ခ်လိုက္ေလ ေတာ့၏။

*********************

အယူအဆေတြ ဘာေတြ ညာေတြကို ေတြးေတာေနလို႔ မျဖစ္။ မိမိစားေရးေသာက္ ေရးေနေရးထိုင္ေရးေလာက္ ဘာမွအေရးမႀကီးသက္သက္သာသာ ႏွင့္ ေငြ အရေခ်ာင္ေသာ ထိုမသာ ကယ္ရီ အလုပ္အား ကိုတ႐ုတ္ႀကီး တစ္ႀကိမ္တစ္ခါ မွ် လုပ္လ္ုက္႐ုံျဖင့္ အရသာေတြ႕သြားေလေတာ့သည္။

ေန႔ဘက္တြင္ ခရီးသည္ပို႔ ညဖက္ဆို ေဆး႐ုံႀကီးနားသို႔ ကားထိုးကာ ရစ္သီရစ္သီလုပ္တတ္လာေလေတာ့၏ ။ ေန႔ခင္းဘက္ ေအာ္ဒါနည္းလည္း ကိုတ႐ုတ္ႀကီး သိပ္ဂ႐ုမစိုက္ေတာ့၊ မသာခိုးပို႔ျခင္းက ရက္
သိပ္မျခား ခနခန လိုက္ပ္ု႔ေနရသည္မို႔တေျဖးေျဖးအေနအစားေခ်ာင္လာခဲ့ေတာ့ သည္။

”အဲ့ …… လူႀကီးကားဆို မစီးနဲ႔ သိလား”

”ဟင္ …… ဘာလို႔တုန္း ”

”ဘာလို႔ရမလဲ …… အဲ့ကားက ………ညဆိုေဆး႐ုံက မသာအေလာင္းေတြကို…… ခိုးခိုးသယ္ေပးေနတဲ့ …… မသာလိုင္းကားပဲ”

”ဟယ္ ……… ေၾကာက္စရာႀကီး”

”ဟုတ္တယ္ …… ငါတို႔ကိုပါ အညံ့ေတြကပ္ပါလာလိမ့္မယ္ …… ကားေတြေပါလို႔ေအ ……တျခားကားရွာစီးလဲ ရတာပဲ”

ထိုသို႔ ေျပာဆိုသံမ်ားပင္ ထြက္ေပၚလာသည္အထိ ။ သို႔ေသာ္ ဂ႐ုမစိုက္ပါ။ အခ်ိဳ႕ရင္းႏွီးေသာကားဆရာမ်ား က ထိုအလုပ္ဆိုးႀကီးအား ဆက္မလုပ္ေတာ့ရန္ တားဆီးေသာ္ျငား လည္း ေငြအရေခ်ာင္ေသာေၾကာင့္ ကိုတ႐ုတ္ႀကီး ေခါင္းမာမာ ႏွင့္ဆက္လုပ္ခဲ့သည္။ အေလာင္းမ်ားကို သယ္ျခင္းပို႔ျခင္းကား အကုသိုလ္မမ်ားေသာ္လည္း အကုသိုလ္မ်ားေသာ ေလာဘေၾကာင့္ တေန႔တြင္ေတာ့ ကိုတ႐ုတ္ႀကီး ဒုကၡေကာင္း ေကာင္းေရာက္ခဲ့ရေလ ေတာ့သည္။

******************

”ဗ်ိဳ႕ …… ကိုတ႐ုတ္ႀကီး မျပန္ေသးဘူးလား”

”ေအးေဆးေပါ့ …… ကို႔လူရာ”

”ဒါဆိုလည္း …… က်ဳပ္ေတာ့ျပန္ၿပီဗ်ိဳ႕”

လိုင္းဆြဲစားေနေသာ ကားသမားအခ်င္းခ်င္း ထိုမွ်ေတာ့ ရင္းႏွီးေဖာ္ေ႐ြ မႈ ရွိၾကေလသည္။ယခုလည္း ေနဝင္ရီ တေရာအခ်ိန္ ေဆး႐ုံ အေပါက္ႏွင့္ ခပ္လွမ္းလွမ္းတြင္ ကားရပ္ထားေသာ ကိုတ႐ုတ္ႀကီးအား အေပါင္းအေဖာ္ကားသမားမ်ားက လွမ္းႏႈတ္ဆက္ေနျခင္းျဖစ္ေလသည္။ လူဆိုသည့္ အမ်ိဳးက ရေလလို ေလ အိုတေစၦ ဆိုသလိုပါပဲ ။ ရသေလာက္နဲ႔ မတင္းတိမ္ မေရာင့္ရဲ ႏိုင္ေသာ သတၱဝါသည္လည္း လူသားမ်ားပင္ျဖစ္လင့္
ကစား ကိုတ႐ုတ္ႀကီးလည္း ထိုလူထဲကလူမို႔ မေရာင့္ရဲႏိုင္ေတာ့ေပ။

ဒီအခ်ိန္ ဒီနာရီတြင္ ေဆး႐ုံေရွ႕တြင္ ကိုတ႐ုတ္ႀကီး တစ္ေယာက္သာ အၿမဲရွိေန တတ္ေလသည္။ အခ်ိဳ႕ကားဆရာမ်ားကေတာ့မိမိတို႔ ေနထိုင္ရာ အိမ္သို႔ ျပန္ၾကသည့္အခ်ိန္။
ကိုတ႐ုတ္ႀကီး ထိုမသာကယ္ရီ အလုပ္ကိုလုပ္လာတာ ယခုဆိုရင္ တစ္လပင္ေက်ာ္ လာခဲ့ေလေတာ့သည္။ ထိုတစ္လေက်ာ္ကာလအတြင္း သူအေတာ္အတန္ ေခ်ာင္လည္ ခဲ့ေလ၏ ။ ထို႔ေၾကာင့္လည္း ထိုအလုပ္ကိုစြန္႔လြတ္ပစ္ဖို႔ေလာက္ေတာ့ သူမမိုက္မဲေတာ့
ေပ။

မေန႔ကလည္း မသာမရသည္မို႔ ဒီေန႔အဖို႔ေတာ့ သူ မသာတစ္ေလာင္းေတာ့ သူလိုခ်င္မိေလသည္။

”ဟူး ……… ဒီေန႔ေတာ့ တစ္ေခါက္ေလာက္ရရင္ ေကာင္းမယ္ကြာ”

ႏႈတ္မွလည္း ေရ႐ြတ္လည္ပင္းကလည္း ၾကက္ႀကီးလို ေဆး႐ုံထဲ တေမွ်ာ္ေမွ်ာ္ႏွင့္။
ဘယ္သူေသမလဲ ဘယ္သူလာဌားမည္လဲေမွ်ာ္ေနျခင္းက အျပစ္ေတာ့မရွိေပ။ သို႔ေသာ္
သူထိုသို႔ေမွ်ာ္ေနျခင္းသည္ သူတပါးအား မေနာကံ စိတ္ျဖင့္ လူသတ္ေနျခင္းပင္ မဟုတ္ ပါလား။ သူကိုယ္တိုင္ မသိခဲ့ေပမယ့္ ေန႔စဥ္ ေန႔တိုင္း တစ္စုံတစ္ေယာက္ေသဖို႔ကို ဆႏၵ ရွိေနေသာ ကိုတ႐ုတ္ႀကီး အတြက္ေတာ့ မ်ားစြာအကုသိုလ္ႀကီးလွေပသည္။

အေမွာင္ရိပ္က တေျဖးေျဖး ႀကီးစိုးလာခဲ့ၿပီ။ ကိုတ႐ုတ္ႀကီး တစ္နာရီခန္႔ပင္ရွိေနၿပီ။ မတတ္ႏိုင္ဘူး ေစာင့္ေတာ့ ေစာင့္ၾကည့္ရမွာပဲဟူေသာ အေတြးစႏွင့္ သူဆက္ေစာင့္ေနေလ ေတာ့၏ ။ အခ်ိန္ကား ညခုနစ္နာရီေက်ာ္ခဲ့ေလၿပီ ။ ထိုစဥ္ ေဆး႐ုံတံခါးေပါက္မွ လူတစ္ေယာက္က ကိုတ႐ုတ္ႀကီးအား လက္ ယပ္ေခၚလိုက္ေလေတာ့သည္။ ကိုတ႐ုတ္ႀကီးအားတက္သြားသည္။ ထိုလက္ျပေနေသာ သူအနီးသို႔ကား ကို သြားရပ္လိုက္ေတာ့မွမိန္းကေလးတစ္ေယာက္

”အကို ….… ကားဌားခ်င္လို႔”

”ရတယ္ …… ညီမေလး ”

”အေလာင္းကို ခနေနမွ…… လာသယ္မယ္……ညီမကို…… အိမ္အရင္ ပို႔ေပးပါ”

ဒီအခ်ိန္ ကားဌားျခင္းသည္အေလာင္းသယ္ ရန္ဌားျခင္းသာျဖစ္ေလ၏ ။ ကိုတ႐ုတ္ႀကီး ေကာင္မေလးအား ၾကည့္လိုက္ေတာ့ ေကာင္မေလးမွာ ႏြမ္းဖတ္ဖတ္ ႏွင့္ အားငယ္ ေနသည့္ပုံေပါက္ေလသည္။ ဟုတ္မွာေပါ့ေလေဆြမ်ိဳးသားခ်င္းတစ္ေယာက္ေသသြား ေတာ့ ဝမ္းနည္းေနရွာမွာ ဟု ကိုတ႐ုတ္ႀကီး ေတြးေနမိသည္။ ေဆးနံ႔မ်ားကလည္း ေကာင္မေလး နားမွ မြန္ထူေအာင္ ထြက္ေနသည္။

”အကို …… လမ္းမွာ …… လူထပ္မတင္ပါနဲ႔……ညီမ ကားခကို ထိုက္ထိုက္တန္တန္ေပး ပါ့မယ္”

”ေကာင္းၿပီ …… ကားေပၚတက္ ……ဘယ္သြား မွာလဲ…… အိမ္က …… ဘယ္မွာ”

”အဲ့ …………… မွာပါ”

အိမ္ေျခ အေတာ္နည္းေသာ ရပ္ကြက္ေလး ျဖစ္ေလသည္။ လူသူအေရာက္အေပါက္လည္းနည္းေလ၏ ။ ၿမိဳ႕မေစ်းႀကီးႏွင့္ေတာ့ သိပ္မေဝးေပ။ ေကာင္မေလးလည္း ကိုတ႐ုတ္ႀကီး နံေဘး ကားေရွ႕ခန္းတြင္ဝင္ထိုင္လိုက္ေလေတာ့သည္။

”ရၿပီ …… အကို”

ကိုတ႐ုတ္ႀကီးလဲ ကားမွန္မ်ားကို တင္လိုက္ရင္း ကားစက္ကို ႏႈိးလိုက္ေလေတာ့သည္။ ထိုစဥ္ ႐ုတ္တရက္

”ေဒါက္ ……… ေဒါက္ ”’

ကားတံခါး မွန္ကို လူတစ္ေယာက္က လာေခါ့က္ လိုက္ျခင္းပင္။ ကိုတ႐ုတ္ႀကီး လည္း ကားမွန္ကို တစ္ထြာခန္႔ခ်လိုက္ရင္း

”ဘာျဖစ္လို႔လဲဗ်”

”ကားဌားမလို႔ပါ…… လူငါးေယာက္ပါတယ္……မန္နား ဘက္သြားခ်င္လို႔”

ကိုတ႐ုတ္ႀကီး ေခါင္းအသာျပဴ ထြက္လိုက္ၿပီး ၾကည့္လိုက္ေတာ့ မိသားစုတစ္စုျဖစ္ဟန္
တူေလသည္။ အထုပ္အပိုးေတြႏွင့္ ျဖစ္ေလ၏ ။ နံေဘးက ေကာင္မေလးက စင္းလုံးျပတ္ဌားထားသည္မို႔ သူမကိုေတာ့ တိုင္ပင္ ေကာင္းသည္ ဟုကိုတ႐ုတ္ႀကီးေတြးလိုက္ မိေလသည္။

”ညီမ ……… ဒီလူေတြကို တင္သြားမယ္ေလ…… လမ္းလဲသင့္ေနတာပဲ အဆင္ေျပမလား”

ေကာင္မေလးက ေခါင္းကိုသာ အသာရမ္းျပသည္။ သူ႔အၾကည့္က ရွင့္ကို ကြၽန္မေျပာၿပီးသား ဆိုတဲ့ အဓိပါယ္သက္ေရာက္ေနတယ္။ ထို႔ေၾကာင့္ ကိုတ႐ုတ္ႀကီးလည္း ေစာေစာက လူအား အားတုန္႔အားနာဟန္ျဖင့္

”စိတ္မေကာင္းပါဘူးဗ်ာ …… တျခားကားသာဌားလိုက္ပါ …… က်ဳပ္ခရီးသည္က အေရးႀကီးေနလို႔”

ထိုလူလည္းကိုတ႐ုတ္ႀကီးအားနားမလည္ ႏိုင္ေသာ အမူအရာျဖင့္ၾကည့္ရင္းေခါင္းကိုသာ ၿငိမ့္ျပလိုက္ေလေတာ့သည္။အမွန္ေတာ့ ကားေခါင္းခန္းတြင္ ကိုတ႐ုတ္ႀကီးမွအပ မည္သည့္ေကာင္မေလးမွ ထိုအခ်ိန္တြင္ရွိမေနခဲ့ပါ ။ ဤသို႔ဆိုလွ်င္ ကိုတ႐ုတ္ႀကီး ကားအား ဌားရမ္းခဲ့ေသာ ေကာင္မေလးမွာမည္သူနည္း ………………

*************

ကိုတရတ္ႀကီး တစ္ေယာက္ ထိုေကာင္မေလး ေျပာသည့္အတိုင္း ကားကို ခပ္ျမန္ျမန္ေလးေမာင္းႏွင္ခဲ့လိုက္ေတာ့သည္။ ေကာင္မေလးမွာေတာ့ သူ႔နံေဘးတြင္ ၿငိမ္သက္လ်က္သားလိုက္ပါလာေလ၏ ။ ေကာင္မေလးေျပာေသာရပ္ကြက္ သို႔ေရာက္ခဲ့ေလၿပီ ။ မွတ္မွတ္ရရထိုေနရာေလးတြင္ ကြန္ကရစ္တံတား ငယ္ေလးတစ္ခုလည္းရွိ၏ ။

ေကာင္မေလးကေတာ့
မည္သို႔ မွ်မေျပာပဲ ပကတိၿငိမ္သက္တိတ္ဆိတ္လ်က္

”ေရာက္ေတာ့မွာလား …… ညီမ”

ကိုတ႐ုတ္ႀကီးေမးသည္ကို ေကာင္မေလးကမေျဖ ေရွ႕ကိုသာ လက္ညႇိဳးၫြန္ျပကာေနေလ၏ ။ ဆယ္မိနစ္ခန္႔ေမာင္းလာသည့္တိုင္မေရာက္ေသး ။ နာရီလက္တံမ်ားကလည္း တစ္ခ်က္ခ်က္ ေ႐ြ႕လ်ားေနေလသည္။ဆယ့္ငါးမိနစ္ ထိုရပ္ကြက္ေလးကို တစ္ပတ္ျပည့္ေအာင္ ပတ္လွ်င္ပင္ ဆယ့္ငါးမိနစ္မၾကာ

”ဟာ ”

ကိုတ႐ုတ္ႀကီး စိတ္ထဲ မသိုးမသန္႔ျဖစ္လာ ေလေတာ့သည္။ ေစာေစာက ကြန္ကရစ္တံတားေလးက သူ႔ကားမီးေရာင္ေအာက္တြင္ ထင္းခနဲေပၚလာေလေတာ့၏ ။ေစာေစာကမွ ျဖတ္ေက်ာ္လာေသာတံတား
ကို သူတစ္ေခါက္ျပန္ေရာက္ေနေလၿပီ ။ကိုတ႐ုတ္ႀကီးကားေမာင္းလာသည့္သက္တမ္းတစ္ေလွ်ာက္မႀကဳံဖူးေသာ အျဖစ္အပ်က္ပင္။

”ဟာ ………ဘာနံ႔ႀကီးလဲ”

႐ုတ္တရက္ ေထာင္းခနဲ ကိုတ႐ုတ္ႀကီးႏွာေခါင္းသို႔ ညႇီစို႔စို႔ပုပ္အက္အက္ အနံ႔ႀကီး ဝင္လာေလေတာ့သည္။ နံေဘးက ေကာင္မေလးမွာေတာ့ ၿငိမ္ခ်က္သားေကာင္းေန ေလသည္။ ကိုတ႐ုတ္ႀကီးလဲ မေနႏိုင္ေတာ့ပဲ

”ညီမ …… အပုပ္နံ႔ႀကီးမရဘူးလား”

”ရတယ္ေလ”

ေကာင္မေလး၏ အမူအရာကား ထိုအပုပ္နံ႔ႀကီးကို ဂ႐ုမစိုက္သည့္ႏွယ္။ ခပ္ျပတ္ျပတ္သာေျဖလိုက္ေလေတာ့သည္။

”ညီမ အိမ္မေရာက္ေသးဘူးလား……အေလာင္း သယ္ဖို႔ေနာက္က်ေနၿပီေလ”

”အေလာင္းက …… သယ္စရာမလိုေတာ့ပါဘူး…… ကားေပၚမွာပါလာၿပီပဲ”

”ဘာ”

”ဟုတ္တယ္ …… ေစာေစာက အပုပ္နံ႔ကလည္းညီမစီကလာတာ …… ကားေနာက္ခန္းမွာ
ညီမအေလာင္းလဲပါတယ္”

ကိုတ႐ုတ္ႀကီး တစ္ေယာက္ ေခါင္းေမြးမ်ား ေထာင္တက္သြားကာ ကားေနာက္ခန္းသို႔
သမင္လည္ျပန္ လွည့္ၾကည့္လိုက္ေလေတာ့သည္။ ျဖဴျဖဴေဖြးေဖြး အဝတ္ျဖဴႀကီးျဖင့္
လႊားထားေသာ အေလာင္းႀကီးတစ္ေလာင္း /ဘယ္ခ်ိန္တည္းက ေရာက္ေနသည္ကို သူမသိခဲ့။ နံေဘးကိုၾကည့္လိုက္ေတာ့ ေစာေစာက ေကာင္မေလး
ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ၿပီ ။ ေမွာင္မဲေနေသာ ေၾကာက္စရာညတစ္ည တြင္ကားေပၚ၌ ကိုတ႐ုတ္ႀကီး တစ္ေယာက္သာ ။

႐ုတ္တရက္ကားမီးကလည္း ေပ်ာက္သြားေလေတာ့၏ ။ လကြယ္ေန႔လည္းျဖစ္သလိုလမ္းမီးမရွိေသာ ထိုလမ္းေလးတြင္ ကိုတ႐ုတ္ႀကီး ေဇာေခြၽးမ်ားျပန္လာေလမိ ေတာ့သည္။ လမ္းကိုမွန္းရင္း ကိုတ႐ုတ္ႀကီး လီဗာေပၚ ေျခေထာက္ကို အားကုန္နင္းခ်လိုက္ေတာ့၏ ။ မီးကေဖ်ာက္ခနဲျပန္လင္းလာၿပီး သူ႔ကားမီးေရာင္ ေရွ႕တည့္တည့္တြင္ေစာေစာကေကာင္မေလးဘြားခနဲေပၚလာၿပီး တိုက္လုဆဲဆဲအေန အထားမွ ကိုတရတ္ႀကီး ကားစတီယာရင္ကို ဘယ္ဘက္သို႔အားကုန္ဆြဲလွည့္လိုက္မိေတာ့သည္။

”ဝုန္း ” ခနဲက်ယ္ေလာင္စြာ ျမည္သြားၿပီးေနာက္ ကိုတ႐ုတ္ႀကီး၏ ဆန္နီကားငယ္ေလးမွာ လမ္းေဘး ေညာင္အိုပင္ႀကီးသို႔ဦးစိုက္သြားေလ ေတာ့သည္။ ထိုေညာင္ပင္
ႀကီးႏွင့္ သူ႔ကား တိုက္မိၿပီးေနာက္ဘာဆက္ျဖစ္သြားသည္ကိုေတာ့ ကိုတ႐ုတ္ႀကီးမသိ
ႏိုင္ေပ။

သူအရက္ပဲအလြန္အကြၽံေသာက္ထား မိခဲ့ေလသလား ဒါမွမဟုတ္ထင္ေယာင္ထင္မွားပဲ ျဖစ္ခဲ့ေလသလား သူေမာင္းႏွင္ခဲ့ေသာ ဆန္နီကားေလးမွာ လူတင္တဲ့ လိုင္းကားေလးလား
ဒါမွ မဟုတ္ မသာေတြ တင္တင္ေနတဲ့မသာလိုင္းကားလား ။ လူအမ်ားေျပာၾက သည္ကေတာ့ မသာလိုင္းကားတဲ့

မသာေတြကိုတင္တင္ၿပီး ခိုးပို႔ေနတဲ့ မသာလိုင္းကားတဲ့………… မသာေတြကို တင္တင္ေနတဲ့……မသာလိုင္းကား ………ညစဥ္ညတိုင္း ……နိဗၺာန္ယာဥ္မဟုတ္ဘဲမသာေတြပို႔ေနတဲ့ ………လိုင္းကား……အကုသိုလ္ မ်က္ရည္မ်ားခဲ့တဲ့……လိုင္းကား ကိုတ႐ုတ္ႀကီး၏ အသက္ကိုပါႏႈတ္သြား
တဲ့လိုင္းကား………အဲ့ကားေလးကိုလူေတြသမုတ္လိုက္တဲ့နာမည္က ……………

””’မသာလိုင္းကား ””’

တဲ့……………………………………

ၿပီးပါၿပီ

စာဖတ္သူတို႔အားအစဥ္ေလးစားလ်က္

သူေရး Since 2018

ခုႏွစ္ ၂၀၁၈ မွာေရးသားခဲ့ေသာ ဇာတ္လမ္းတိုေလး ျဖစ္သည့္ အတြက္ အေရးအသားလို အပ္ခ်က္မ်ားကို သည္းခံဖတ္ရႈ ေပးၾကပါရန္ ေလးစားစြာ ေမတၱာ ရပ္ခံလိုက္ပါသည္။