မောင်ရေခဲနှင့်နတ်မြွေရန်ငြိုး(စ/ဆုံး)

Unicode Version

မောင်ရေခဲနှင့်နတ်မြွေရန်ငြိုး(စ/ဆုံး)
———————————————
မောင်ရေခဲတို့ ဆရာတပည့်လည်း ခြေဦးတည့်ရာသို့သွားရင်း အလွန်ချောင်ကျလှသော ရွာတစ်ရွာသို့ရောက်လာခဲ့လေသည်။ ထိုရွာအမည်ကား တောင်ထိုးရွာဖြစ်ပြီးအခြားရွာများနှင့်မနီးစပ်ပေ။
ထိုရွာရှိလူများမှာ လယ်ယာလုပ်ငန်းလုပ်ကြပြီး အချို့ကထင်းခုတ်သမားများဖြစ်ကြလေသည်။ တစ်နေ့တွင် ထိုရွာမှရွာသားနှစ်ဦး တောင်ပေါ်သို့တက်ကာ ထင်းခုတ်ကြလေသည်။
” သာထူးရေ တစ်ထမ်းစာရတော့မယ် ခဏနားရအောင် ပြီးမှဆက်ပြီး ခုတ်ကြတာပေါ့ ”
” အေးအေး ငနီရေ နားရအောင်ကွာ နေမွန်းတည့်နေပြီ ထမင်းစားရအောင် ထမင်းထုပ်ဖြည်လိုက်တော့ ”
” ဟ မင်း ထမင်းထုပ်ထဲက ဆတ်သားခြောက်ကင်ကမွှေးနေတာပဲ မုဆိုးဘေကျော်ဆီကလား ”
” အေးလေကွာ တို့ရွာမှာ မုဆိုးဆိုလို့ ဘကျော်ပဲရှိတာလေကွာ စကားများမနေနဲ့ ထမင်းစားစမ်းပါ ပြီးရင် လျိူှထဲဆင်းကြည့်ရအောင် ”
” အေးပါကွာ ရော့စားစား ”
သူငယ်ချင်းနှစ်ယောက်သား စကားစဖြတ်ကာထမင်းစားကြလေသည်။ ထမင်းစားပြီး ခဏနားကာ လျှိုထဲသို့ဆင်းကြည့်ကြလေသည်။ သာထူးက
” ငနီရေ ဒီနေရာက လူတွေသိပ်မလာကြဘူး ယုန်ပေါက်တွေ ချေပေါက်တွေ အတိုင်းသားမြင်နေရတယ် ”
” ဟုတ်ပါ့ဘကျော်လည်း ဒီလျုှိထဲမဆင်းဘူးထင်တယ် သားကောင်တွေပေါလိုက်တာကွာ ”
” ဟုတ်မယ် ငနီရေ ဒီနေရာက ရွာနဲ့ဝေးတယ်လေ တောလည်းထူတယ် ရှူး တိုးတိုး အသံခဏလေးတိတ်ကြည့် ”
သာထူးက ထိုသို့ပြောကာ တစ်ခုခုကိုနားစွင့်နေသည်။ ခဏကြာမှ
” မင်းကြားလိုက်လား တစ်ခုခုလျှောဆင်းသွားတဲ့အသံကြီး ဘာလဲမသိဘူး အရှေ့ဆက်တိုးကြည့်ရအောင်…”
” ဟ ငါတော့မကြားပါဘူး မင်းနားကြားမှားတာဖြစ်မယ် ဆက်တိုးမယ်ဆိုလည်း ဆက်တိုးကြည့်ကွာ ”
ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက်ရှေ့ဆက်တိုးကြည့်ရာ တစ်နေရာတွင် အပင်များပြောင်ရှင်းနေသော နေရာတွင် သပိတ်လုံးခန့်ရှိသော ဥကြီးများအား အမှတ်မထင်တွေ့လိုက်ရသည်။
” ဟာ ဥအကြီးကြီးတွေပဲ ဘာဥတြေလဲမသိဘူး ”
” ဟုတ်ပါ့ကွာ…တစ်သက်နဲ့တစ်ကိုယ် ဒီဥမျိုးအခုမှမြင်ဖူးတယ် လာကိုင်ကြည့်ရအောင် ”
” ဟေ့ကောင် ရမ်းသမ်းကိုင်လို့မဖြစ်ဘူး ဘာဥတွေမှန်းမသိဘူး တော်ကြာ ဒုက္ခရောက်နေလိမ့်မယ် ”
” မင်းကလည်း ကြောက်တတ်လိုက်တာ ကိုင်ပဲကိုင်ကြည့်မှာပါ ဘာလုပ်မှာမို့လဲကွာ ”
” ဒါဆိုလည်း ကိုင်ကြည့်ပေါ့ ငါလည်းကိုင်ကြည့်မယ် ”
ထိုသို့ပြောပြီး ဥတစ်လုံးစီကောက်မကြည့်လိုက်လေသည်။ ဥကြီးများမှာ ပျော့အိအိဖြစ်နေကြီးလှုပ်စိစိဖြစ်နေသဖြင့် ကိုင်ကောင်းလှသည်။
” ငနီရေ ဥကလှုပ်နေတယ်ကွ ကြည့်ပါဦး ဟာ. ကျပြီကွ ”
သာထူးကပြောရင်းဆိုရင်း လက်ထဲမှ ဥကချော်ကျသွားလေသည်။ ငနီလည်းရုတ်တရက်မို့ လန့်သွားကာ လက်ထဲမှ ဥကိုပစ္ခ် ပြီးသာအောင်လက်မှကျသွားသော ဥကို လှမ်းဖမ်းလိုက်ရာ ဥနှစ်လုံးစလုံး ကျန်ဥများပေါ်သို့ကျသွားပြီး ဥများအားလုံးကွဲသွားလေသည်။
” ဟာ မြွေဥတွေကွ မြွေပေါက်သေးသေးလေးတွေတောင်ဖြစ်နေပြီ သွားပါပြီကွာ ”
” ဟုတ်တယ် မြွေမကြီးမလာခင် အမြန်ပြန်ရအောင် လာလာ တော်ကြာဒုက္ခရောက်နေလိမ့်မယ် ”
ဥများကွဲကုန်သောကြောင့်နှစ်ယောက်လုံးလန့်သွားကြပြီး လာရာလမ်းအတိုင်းပြန်လာကာ ခုတ်လက်စထင်းများကိုစည်းပြီး ရွာသို့ပြန်လာခဲ့ကြလေသည်။ မြွေဥကိစ္စကို မည်သူ့ကိုမှမပြောပဲ နှစ်ယောက်သား နှုတ်ဆိတ်နေလေသည်။ ထိုနေ့ညတွင် ရွာအပြင်မှ မြွေတွန်သံကျယ်လောင်စွာကြားနေရပြီး မနက်လင်းခါနီးမှ ငြိမ်သက်သွားလေသည်။
တခြားလူများအဖို့ တောတောင်နှင့်နီးသောကြောင့် ေြမြွတွန်သံကြားရသည်မှာမထူးဆန်းသော်လည်း သာထူးနှင့်ငနီမှာ တစ်ညလုံးမအိပ်နိုင်ဘဲ မိုးလင်းပေါက်ထိုင်နေကြရသည်။ နေ့ဘက်များတွင်လည်း အပြင်မသွားရဲကြဘဲရှိလေသည်။
ရွာအပြင်မှ အမျိုးသမီးတစ်ဦးသည် ရွာကို ဒေါသတကြီးကြည့်ကာ တစ်စုံတစ်ယောက်ကို မကျေမနပ်သည့်ဟန်ဖြင့်
” ငါ့ဥတြေကို ဖျက်ဆီးသွားတဲ့အတွက် နင်တို့တစ်ရွာလုံးကလူတွေ ပြန်ပေးဆပ်ရမယ် ငါ့အကြောင်းသိစေရမယ် ”
ထိုသို့ပြောကာ ရွာကိုကျောခိုင်းထွက်သွားလေသည်။ ထိုနေ့တွင် ရွာသားတစ်ဦး ထင်းခုတ်သွားရာမှပြန်မလာသဖြင့် မိသာစုမ်ားမွာ စိတ်ပူနေကြသည်။ ထို့ကြောင့် ရွာသားလေးငါးယောက်ဖြင့် လိုက်ရှာရန်ဆုံးဖြတ်လိုက်ကြသည်။ ရွာနှင့်သိပ်မဝေးသော တောစပ်တွင် အဝတ်စားအစုတ်အပြဲများနှင့်လူရိုးများကို တွေ့သွားသဖြင့်
” အမလေးသားလေးရယ် ဖြစ်မှဖြစ်ရလေကွယ် ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာလဲ အီးဟီးဟီးဟီး ”
မိခင်ဖြစ်သူမှရုတ်တရက် ထငိုသဖြင့် ကျန်ရွာသားများက အဝတ်စားအစုတ်အပြဲများကို ကြည့်ကာ
” ဟင် ဒါမနက္က စိန်လှဝတ်သွားတဲ့အဝတ်စားတွေပဲ ကျားနဲ့တွေ့လိုက် အကိုက်ခံရပြီး ကျားစာဖြစ်သွားပြီလားကွာ…”
” မဖြစ်နိုင်ဘူး ကျားနဲ့တွေတာဆို အခုလို အရိုးတွေတွေ့နေရမှာမဟုတ်ဘူး သွေးသံရဲရဲတွေလည်း မရှိဘူး ”
” ဒါဆို ဘယ်လိုဖြစ်နိုင်မလည်း အခုတော့ စိန်လှအရိုးတွေကို မြေထဲမြုပ်ရအောင် ”
ထိုသို့ပြောပြီး အရိုးစုအချို့ကိုမြေထဲမြုပ်လိုက်ကြသည်။ ရွာပြန်ရောက်သော် နာရေးအတွက်ပြင်ဆင်ကြကာ စိန်လှသေပုံသေနည်းကို အမျိုးမျိုးသုံးသပ်ကြသည်။ ဖိုးပိန်ဆိုသောလူငယ်လေးက
” ညက မြွေတွန်သံတွေကြားရတယ် ဒီကိစ္စနဲ့ပတ်သက်နေမလား ပြီးတော့ရွာအပြင်မှာ ဧရာမ မြွေရာတွေတွေ့ခဲ့ရတယ် ကျုပ်ပြောတာ ဖြစ်နိုင်မလား ”
” ဖြစ်နိုင်တယ် မြွေတွေက သူတို့သားကောင်ကိုမြိုပြီးရင် အရိုးကိုပြန်အန်ထုတ်တတ်ကြတယ်တဲ့ ”
” ဒါဆို အားလုံး ရွာအပြင်ကိုထွက်ရင် အသွားသတိအလာသတိနဲ့သွားကြဟေ့ တစ်ယောက်တည်းလည်းမသွားကြနဲ့ လေးငါးယောက်စုပြီးသွားကြ ”
ထိုသို့ပြောပြီး အခြားကိစ္စများကိုသာပြောဆိုနေကြလေသည်။ ညအချိန်ရောက်သော်ရွာအပြင်တွင် မြွေတွန်သံများ ကြားနေရသဖြင့် ဓား၊လှံ၊လေးမြှားတို့ကို ကိုင်ဆောင်ကာလူငါးယောက်မျှ ရွာအပြင်ထွက်ခဲ့ကြလေသည်။ ရွာအပြင်တွင်အမျိုးသမီးတစ်ယောက်မှ ရွာဘက်သို့အစိမ်းတောက်ဆောက်မျက်လုံးများဖြင့်ကြည့်နေလေသည်။
” သတိထားကြဟေ့ မြွေတွန်သံက တော်တော်ကျယ်တယ် ဧရာမမြွေကြီး ဖြစ်မယ်ထင်တယ်…”
မုဆိုးဘကျော်ဆီမှ သတိပေးစကားပြောလိုက်ပြီး မီးတုတ်များဖြင့် ဘေးဘီဝဲယာသို့အကဲခတ်နေလေသည်။ တဖြည်းဖြည်းနဲ့မြွေတွန်သံက နီးသထက်နီးလာလေသည်။ ရွာသားများလည်း သတိဝိရိယဖြင့် ဆက်လျှောက်လာရာ မြွေတွန်သံက ရုတ်တရက် တိတ်သွားပြီး
” ဟိတ် နင်တို့ရွာကကောင်တွေ ငါ့ဥတွေဖျက်ဆီးသွားတယ် အဲ့ဒီအတွက် နင်တို့တရွာလုံးပြန်ပေးဆပ်ရမယ် ”
ရွာသားများလည်း နားမလည်ဟန်ဖြင့် ထိုမိန်းမကြီးအား အံဩတကြီးကြည့်နေကြသည်။ ထိုမိန်းမက ဆံပင်ခြေသလုံးခန့်ထိရှည်လျားပြီး မျက်နှာထားက ဒေါသအပြည့်ဖြင့် မျက်လုံးများက စိမ်းညို့ညို့ဖြင့် ကြောက်မက်ဖွယ်ကောင်းလှလေသည်။ မုဆိုးဘကျော်က
” ဒီမှာ ခင်ဗျားဘာတွေလာပြောနေတာလဲ ရူးနေတာလား စောစောက မြွေတွန်သံတွေကြားနေရလို့ကျုပ်တို့ကထွက်ကြည့်တာ ခင်ဗျားအတွက်အန္တရာယ်ရှိတယ် ရွာထဲလိုက်ခဲ့ ”
“ဟားဟားဟား အဲ့ဒါငါပဲလေ နင်တို့တစ်ရွာလုံးကို သတ်မလို့ ငါလိုက်လာတာဟေ့ ”
အစိမ်းရောင်ဝမ်းဆက်ဝတ်ထားသောမိန်းမကြီးကထိုသို့ပြောပြီး ခန္ဓာကိုယ်အား တစ်ပတ်လှည့်လိုက်ရာ ဧရာမှမြွေကြီးအဖြစ်ပြောင်းသွားလေသည်။ ထို့နောက် ပါးပျဉ်းကြီးခွက်ကာ ရွာသားများအားတိုက်ခိုက်ရန်ပြင်လေသည်။ မုဆိုးဘကျော်က
” ဟာ နည်းနည်းနောနောမြွေကြီးမဟုတ်ဘူး လေးနဲ့ပစ်ကြဟေ့ ပစ်ကြ ”
ဝါရင့်မုဆိုးဘကျော်ကရွာသားများကိုသတိပေးပြီး သူကိုယ်တိုင်လက်စွဲတော် ဒူးလေးကြီးဖြင့် အလျင်အမြန်ပစ်ခတ်လေသည်။ ရွာသားများကလည်း လေးမြားဖြင့် တရစပ်ပစ်ခတ်ကြလေသည်။ သို့သော် ဧရာမမြွေကြီးအဖို့ မပြောစလောက်ပေ။ မြွေကြီးသည် ရွာသား တစ်ယောက်ချင်းစီကို ကိုက်ဖမ်းပြီး မြိုချလိုက်လေသည်။ မုဆိုးဘကျော်လည်းအခြေနေမဟန်သဖြင့် ဖနှောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးလေတော့သည်။ နောက်နေ့မနက်တွင်
” ရွာသူရွာသားအားလုံးစုံကြပြီလို့ထင်တယ် မနေ့ညကကိစ္စကို ဘကျော် မင်းပြောစမ်း ”
ရွာလူကြီးမှ ထိုသို့ပြောလိုက်ရာ မုဆိုးဘကျော်လည်း မနေ့ညက အရှိန်ဖြင့်အကြောက်မပြေသေးသောအသံဖြင့်
” ကျုပ်တို့ညက မြွေတွန်သံကြားလို့ လူလေးငါးယောက်စုပြီး ရွာအပြင်ထွက်ကြည့်ကြတယ် အဲ့ဒီမှာမိန်းမကြီးတစ်ယောက်က သူ့ဥတွေဖျက်ဆီးခဲ့လို့ တစ်ရွာလုံးပြန်ပေးဆပ်ရမယ်လို့ပြောတယ် ပြီးတော့ ဧရာမမြွေကြီးအဖြစ်ပြောင်းသွားပြီး ရွာသားတွေကို တိုက်ခိုက်ပြီး မြိုသွားတယ် ကျုပ်တောင်မနည်းပြေးခဲ့လို့ လွတ်လာတာ ”
ထိုသို့ရှင်းပြလိုက်ရာ သာထူးနှင့်ငနီက ဘာမှမသိဟန်ဖြင့် ခေါင်းငုံ့ကာ အသံတိတ်နေကြလေသည်။ ရွာလူကြီးက
” အဲ့ဒီမြွေဥတွေကို ဘယ်သူဖျက်ဆီးခဲ့တာလဲ မင်းတို့လုပ်လို့ တစ်ရွာလုံးအသေဆိုးနဲ့သေတော့မှာပဲ …ဟိတ် ဘယ်သူတွေဖျက်ဆီးခဲ့ကြတာလဲ ဖြေကြလေ ”
ုံ ရွာလူကြီးက ဒေါသတကြီးဖြင့်မေးသော်လည်း ဘယ်သူ့ဆီကမှ အသံမထွက်ပေ။ ရွာလူကြီးက ထပ်ဆင့်မေးလေသည်။
” ရွာသူရွာသားတွေထဲကတစ်ယောက်ယောက်ဖျက်ဆီးခဲ့ရင် အခုအချိန်မှီ ဝန်ခံပါ တောင်းပန်စရာရှိတာတောင်းပန်ရအောင်လို့ ဒီအတိုင်းနေရင် တစ်ရွာလုံးသေလိမ့်မယ် ”
” မြွေဥတွေကို ဖျက်ဆီးခဲ့တာ သာထူးနဲ့ငနီပါ မရည်ရွယ်ပဲဖြစ်သွားပေမဲ့ မြွေမကြီးက အငြိုးတေးလိုက်ပြီ တောင်းပန်နေလို့လည်း ဘာမှမထူးဘူး ”
မလှမ်းမကမ်းမှ ပိတ်ဖြူဝတ်ထားသောလူငယ်နှစ်ယောက်က ဝင်ပြောလိုက်သည်။ ရွာသူရွာသားတွေအကြည့်က ထိုလူငယ်များထံရောက်သွားလေသည်။ ရွာလူကြီးက
” မင်းတို့က ဘယ်သူတွေလဲ မင်းတို့ကို ဒီရွာမှာ တစ်ခါမှမမြင်ဖူးပါဘူး ”
” ကျုပ်တို့က နယ်လှည့်ပြီးအဓိဌာန်ဝင်တယ်… ပြီးတော့ခုနှရက်သားသမီးတွေကို ကူညီကယ်တင်နေတဲ့သူတွေပါ ”
” ဒါဆို မင်းတို့ပြောတာအမှန်တွေလား သာထူးနဲ့ငနီ မြွေဥတွေကိုဖျက်ဆီးခဲ့တာ မင်းတို့ဆို အဲ့ဒါဟုတ်လား ”
ရွာလူကြီးစကားတွင် ဒေါသအသံပါနေလေသည်။ သာထူးနဲ့ငနီလည်း လိမ်ညာမနေတော့ပဲ
” ဟုတ်.. ဟုတ်ပါတယ် သူကြီး ကျုပ်တို့မရည်ရွယ်ပဲဖြစ်သွားခဲ့တာပါ အခုလိုဖြစ်မယ်မှန်းမသိလို့ပါ ”
” အေး မင်းတို့မရည်ရွယ်ပဲဖြစ်ခဲ့ပေမဲ့ အခုရွာသားတွေသေတာ ဘယ်နှယောက်ရှိနေပြီလဲ မင်းတို့ကွာ ကိုယ်နဲ့မဆိုင်တာကို သွားပြီးကိုင်တွယ်ထိတွေ့ရတယ်လို့ ”
” ကျုပ်တို့လည်း ဥတွေကအရမ်းကြီးတာနဲ့ကိုင်ကြည့်တာပါ လက်ချော်ပြီး ပြုတ်ကျသွားတာပါ မြွေဥတွေမှန်းသိရင်မကိုင်ပါဘူး အခုက..”
” ဘာကွ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာမလို့လား အခု အဲ့ကိစ္စဘယ်လိုလုပ်မလဲ မင်းတို့ကိုရွာအပြင်မှာမြွေစာကျွေးပြီးအသေခံခိုင်းရမလား ဟမ် ”
ငနီစကားမဆုံးခင် ရွာလူကြီးက ဝင်ပြီးပိတ်ဟောက်လိုက်လေသည်။ ငနီနှင့်သာထူးလည်း မျက်နှာငယ်လေးတွေဖြင့်
” ကျုပ်တို့ကိုမြွေစာမကျွေးပါနဲ့ဗျာ ကျုပ်တို့တောင်းပန်ပါတယ် သူကြီးရေ မလုပ်ပါနဲ့ ”
” အဲ့လိုမှမလုပ်ရင် ငါတို့တစ်ရွာလုံးသေရလိမ့်မယ် တခြားနည်းလမ်းမရှိဘူးကွ ”
သူကြီးက ထိုသို့ပြောလိုက်ရာ လူငယ်နှစ်ယောက်ထဲမှတစ်ယောက်က
” တခြားနည်းလမ်းရှိပါတယ် တစ်ခုတော့ရှိတယ် သာထူးနဲ့ငနီကို ရာသက်ပန် သာသနာ့ဘောင်ကိုဝင်ပြီး တရားအားထုတ်ခိုင်းရမယ် ”
” မင်းတို့နာမည်က ဘယ်လိုခေါ်လဲ တခြားနည်းလမ်းဆိုတာက ဘယ်လိုနည်းလဲ ”
” ကျုပ်နာမည်ကရေခဲပါ သူ့နာမည်ကထင်ပေါ်ပါ တခြားနည်းလမ်းက ကျုပ်တို့ဘာသာပဲဖြေရှင်းလိုက်မယ် ကျုပ်ပြောတာကို လက်ခံရင်ပေါ့ ”
မောင်ရေခဲကထိုသို့ပြောလိုက်ရာ ရွာသူကြီးက သာထူးနဲ့ငနီကို ကြည့်ကာ
” သာထူးနဲ့ငနီ မင်းတို့ သာသနာ့ဘောင်ကိုဝင်ပြီးတရားအားထုတ်မှာလား အသေခံမှာလား ”
ရွာသူကြီးက ပြတ်ပြတ်သားသားမေးလိုက်ရာ သာထူးနှင့်ငနီလည်း ပြာပြာသလဲဖြင့်
” ကျုပ်တို့ မသေချင်ဘူး တရားအားထုတ်မယ် သူတို့ပြောတာကို လက်ခံလိုက်ပါ သူကြီး ”
” ကဲ ကြားတဲ့အတိုင်းပဲ မောင်ရေခဲ မင်းတို့ဖြေရှင်းနိုင်တာ သေချာပါတယ်နော် ”
” သေချာပါတယ် ခင်ဗျားတို့ရွာသားတွေထဲက သတ္တိကောင်းတဲ့လူ သုံးယောက်လောက်ကို ညကျရင် ကျုပ်တို့နဲ့ထည့်ပေးပါ မျက်မြင်ဖြစ်အောင်လို့ပါ ”
” ရတယ် ညကျရင် ရွာသားသုံးယောက်ထည့်ပေးမယ် တခြားဘာလိုသေးလဲ ”
” မလိုပါဘူး လောလောဆယ်ကျုပ်တို့ကို ဇရပ်ရှိတဲ့နေရာလေး ညွှန်ပြပေးပါလား ”
” တို့ရွာမှာ ဇရပ်မရှိဘူး နားချင်ရင် ကျုပ်အိမ်မှာနားလို့ရပါတယ် ဟော ဟိုက တဲထဲမှာနားလို့ရတယ် ”
” ဒါဆိုလည်း ကျေးဇူးပါ တခြားကိစ္စမရှိတော့ရင် ရွာသားတွေကိုပြန်ခိုင်းလိုက်ပါတော့ သာထူးနဲ့ငနီကို ဒီမှာပဲနေခိုင်းလိုက်ပါ ”
” ကဲ ရွာသူရွာသားတွေပြန်လို့ရပြီ ဟိုနှစ်ကောင် မင်းတို့ကို တစ်နေကုန်ထိပ်တုံးခတ်မယ် ”
ထိုသို့ပြောပြီး ထိပ်တုံးခတ်ထားလိုက်လေသည်။ မောင်ရေခဲနှင့်ထင်ပေါ်လည်း တဲထဲဝင်ကာ နားနေလိုက်သည်။ နေ့လည်ရောက်သော်သူကြီးက စားစရာထမင်းဟင်းများကိုပို့ပေးလေသည်။ ထို့နောက် စကားစပ္ကာ
” ငါ့တူတို့က အသက်ငယ်ငယ်နဲ့ဒီလိုကိစ္စတွေဖြေရှင်းနိုင်တယ်ဆိုတော့ ကျုပ်ဖြင့် မယုံနိုင်ဘူး ”
” အတိတ်ဘဝကရေစက်ပါလို့ လာကူညီတာလို့ပဲမှတ်လိုက်ပါဗျ ကျုပ်တို့လည်း ကယ်ခွင့်ရလို့ကယ်ရတာပဲ ”
” ဒါနဲ့ ငါ့တူတို့က ဘယ်ကလာပြီး ဘယ်ကိုသွားကြမှာလဲ အချိန်ရရင် ဦးတို့ရွာမှာ ခဏလောက်ထပ်တည်းလို့ရပါတယ် ဟိုနှစ်ကောင်ကို သင်္ကန်းစည်းပေးပြီးတဲ့အထိပေါ့ ”
ရွာလူကြီးက ထိုသို့ပြောလိုက်ရာမောင် ရေခဲက တစ်စုံတစ်ခုကိုစဉ်းစားလိုက်ပြီးနောက်
” ကောင်းပြီလေ.. ကျုပ်တို့ အဲ့အထိနေပေးပါ့မယ် အခုတော့ထမင်းစားပြီးရင် ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့လိုသေးတယ် ဒီညအတွက် ”
” ဟေးဟေးဟေး ဟုတ်ပါပြီ ကျုပ်အလိုက်မသိသလိုဖြစ်သွားတယ် ကဲ ကျုပ်အိမ်ပေါ်တက်လိုက်ဦးမယ် ”
သူကြီးကထိုသို့ပြောပြီး တဲထဲမှထွက်သွားလေသည်။ မောင်ရေခဲက ထင်ပေါ်အား
” ထင်ပေါ် ဒီကိစ္စကိုမင်းဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ မင်းမှာအကြံရှိလား ”
” မေတ္တာနဲ့ပြောရမှာပေါ့ မရရင်အကြမ်းနည်းသုံးရမယ်ထင်တယ် ကျွန်တော်လုပ်နိုင်ပါတယ် ”
” မင်းက ဘယ်လိုလုပ်ဖို့စဉ်းစားထားတာလဲ ”
” နဂါးမှော်အင်းကိုသုံးမယ်လေ ဒါဆိုအေးဆေးနိုင်ပါတယ် သူက နတ်မြွေမိစ္ဆာမျိုးနွယ်ကလေ အစွမ်းသတ္တိကြီးမားတယ် ”
” မဟုတ်ဘူးထင်ပေါ် နဂါးမှော်အင်းကိုမသုံးသင့်ဘူး သူ့အသက်ထိခိုက်နိုင်တယ် ငါတို့အလုပ်က တစ်ဖက်သူရဲ့အသက်ကိုသေစေလောက်အောင် မလုပ်ရဘူး ”
” ဒါဆို တခြားနည်းလမ်းသုံးမယ်လေ ဆရာ မြွေချုပ်အင်းကိုသုံးပြီး သူ့ကိုတရားချရမှာပေါ့ ”
” အင်း အဲ့လိုပဲလုပ်ရတာပေါ့ လိုအပ်တဲ့အင်းတွေ ကိုအသင့်ပြင်ထား ငါတရားထိုင်လိုက်ဦးမယ် ”
” ဟုတ်ကဲ့ဆရာ ကျွန်တော် စီစဉ်ထားပါ့မယ် ”
ထင်ပေါ်က ထိုသို့ပြန်ဖြေလိုက်ရာ မောင်ရေခဲလည်း တရားထိုင်နေလိုက်သည်။ ထင်ပေါ်က လိုအပ်သည့် အင်းများကိုအဆင်သင့်ပြုလုပ်ထားလေသည်။ ညနေစောင်းတော့ ရွာသားသုံးယောက်ရောက်လာပြီး
” ဒီညကျုပ်တို့လိုက်မှာပါ ဒီကဆရာလေးတွေနဲ့ ”
” ဟုတ်ပြီ ကျွန်တော့်ဆရာ တရားထိုင်နေလို့ ခဏစောင့်ကြပါဦး အလုပ်က ညကျမှစမယ်ထင်တယ် ”
” တခြားဘာတွေလိုအပ်သေးလဲ ကျုပ်တို့ ဘာကူညီရမလဲဆရာလေး အားမနာပါနဲ့နော် ”
” ရတယ်ဗျ အခုလိုခေါ်တာကလဲ ကျွန်တော်တို့ဒီကိစ္စကိုဖြေရှင်းတယ်ဆိုတာ မျက်မြင်သက်သေအနေနဲ့ပါ ”
” ဟုတ်ပါပြီ ဒါဆို ကျုပ်တို့ အပြင်ကပဲစောင့်နေမယ် ”
ထိုသို့ပြောပြီး တဲအပြင်ထွက်သွားလေသည်။ ညနေမှောင်လာသည်နှင့်အမျှ လေကြမ်းတွေလဲတဖြည်းဖြည်းတိုက်ခတ်လာသည်။ ရေခဲလည်းတရားထိုင်ဖြုတ်လိုက်ပြီး
” ထင်ပေါ် မင်းက ရွာထောင့်လေးထောင့်ဆီမှာ အကာကွယ်အင်းကိုမြုပ်ထားပါ ပြီးတာနဲ့ရွာအလည်မှာ တန်ပြန်အင်းကို မြုပ်ထားပါ ဒီညအခြေအနေကတော်တော်ဆိုးနိုင်ခြေရှိတယ် သေချာလုပ်နော် ထင်ပေါ် အမြန်ပြီးဖို့လိုတယ် ”
” ဟုတ်ကဲ့ဆရာ ကျွန်တော် သေချာလုပ်လိုက်ပါ့မယ် တခြားဘာတွေလုပ်ဖို့လိုသေးလဲ ”
” ရွာထဲကလူတွေကို အိမ်အပြင်မထွက်ဖို့မှာထားလိုက် မြွေမိစ္ဆာက အင်းတွေမြုပ်မပြီးခင်မှာ ရွာသားတွေကို ညို့ပြီးခေါ်နိုင်တယ် အခုချက်ချင်းလုပ်တော့ ”
” ဟုတ်ဆရာ ကျွန်တော် အခုပဲ အင်းလိုက်မြုပ်ရင်း ရွာသားတွေနဲ့ဆော်ဩလိုက်ပါ့မယ် ”
” ကောင်းတယ်ထင်ပေါ် ကဲအချိန်ကျပြီ အခုလုပ်တော့ ”
မောင်ရေခဲကထိုသို့ပြောလိုက်ရာ ထင်ပေါ်လည်းရွာသားများနှင့်အတူ ထွက်သွားကာ ရွာသူရွာသားများကိုအိမ်အပြင်မထွက်ဖို့ အော်ပြောရင်း ရွာထောင့်တွေမှာ အင်းမြုပ်လိုက်မြုပ်လေသည်။ ထင်ပေါ်လည်း ရွာထောင့်သုံးထောင့်တွင် အင်းမြုပ်ပြီး နောက်ဆုံးထောင့်အရောက်တွင် အရိပ်မဲမဲများက လေပေါ်မှအလျှင်အမြန်ပြေးလာလေသည်။ ထင်ပေါ်လည်း အင်းဖြင့်ပစ်လိုက်ရာ ထိုအရိပ်မဲမဲများ အနောက်သို့ပြန်ပြေးသွားလေသည်။
ထင်ပေါ်လည်အချိန်မဆွဲပဲ မြေကြီးကိုတူးကာ အင်းကိုမြုပ်လိုက်လေသည်။ ထို့နောက် အင်းနှိုးဂါထာရွတ်လိုက်ရာ အင်းမြုပ်ထားသောနေရာမှ ငွေရောင် အလင်းတန်းလေးများပေါ်ထွက်လာပြီးအခြားထောင့်ဘက်ဆီသို့သွယ်တန်းသွားလေသည်။ ထို့နောက် ရွာအလည်သို့ပြန်လာပြီး တန်ပြန်အင်းကိုမြုပ်ထားလိုက်သည်။
ထင်ပေါ်လည်းလုပ်စရာများပြီးစီးသွားသောကြောင့် ဆရာဖြစ်သူထံသို့ပြန်လာခဲ့လေသည်။ မောင်ရေခဲက ထင်ပေါ်အား
” အခြေအနေက တော်တော်ဆိုးမှာ လာရွာအပြင်သွားကြရအောင် မြွေတွန်သံတွေကြားနေပြီ ”
” ဟုတ် ဆရာ ရွာအပြင်သွားကြတာပေါ့ ”
ထိုသို့ပြောပြီး ငါးယောက်သား ရွာအပြင်သို့ထွက်လာခဲ့လေသည်။မောင်ရေခဲက
” ရွာသားတွေက ရွာစည်းထဲမှာပဲနေပါ ကျုပ်တို့လုပ်တာကိုကြည့်နေပါ ဘာဖြစ်ဖြစ်ကြောက်ပြီးမပြေးပါနဲ့ ဘာမှမဖြစ်စေရဘူး ကျုပ်အာမခံပါတယ် ”
ထိုသို့ပြောပြီး အဝေးသို့လှမ်းကြည့်နေလေသည်။ မောင်ရေခဲကြည့်နေသော နေရာမှ ဧရာမ မြွေနက်ကြီးတစ်ကောင် လျှင်မြန်စွာရောက်ရှိလာပြီး မိန်းမတစ်ဦးအသွင်ပြောင်းကာ
” ဆရာက ဒီကရွာလူတွေကို ကာကွယ်ပေးနေတာသိတယ် ဒီကိစ္စကို ဆရာလေးတို့ ဝင်မပါရင်ကောင်းမယ် ”
” မဟုတ်သေးဘူး အသင်ရဲ့ဥတွေကို ရွာကလူတွေက မရည်ရွယ်ပဲကိုင်မိရင်းဖျက်ဆီးသလိုဖြစ်သွားတာ သင်မေတ္တာထားပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ် ”
” ဒီမှာဆရာ ဆရာ့ကိုရိုသေလေးစားလို့ ဒီကိစ္စမှာဝင်မပါဖို့လာသတိပေးတာ ကျွုန်ုပ် ဒီရွာကို ဒီညအပြီးဖျောက်ဖျက်ပစ်မှာ ဆရာတို့ ဝင်မပါပါနဲ့ ”
” သင့်ရဲ့ကို ကျုပ်က မေတ္တာထားပြီးခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံနေတာပါ သင်ကဇွတ်လုပ်ရင် ကျုပ်ကမရ ရအောင်တားရမှာပဲ သင်ခွင့်လွှတ်လိုက်ပါ ”
” လုံးဝခွင့်မလွှတ်နိုင်ဘူး ဆရာပါဝင်ပါနေရင်ဆရာ့ကိုပါသတ်ရလိမ့်မယ် ဆရာဝင်မပါချင်နဲ့ ”
ထိုမိန်းမကြီးစကားက တဖြည်းဖြည်းမာကျောလာပြီး မောင်ရေခဲကိုပင် အမိန့်ပေးနေလေသည်။ မောင်ရေခဲက
” ကျုပ်တို့က ဒီပညာကိုသင်ထားတဲ့ရည်ရွယ်ချက်က ခုနှရက်သားသမီးတွေကို ကူညီကယ်တင်ဖို့ပါ ”
” ဒါဆိုလည်း ဆရာ့ကိုနောက်ဆုံးအနေနဲ့သတိပေးမယ် ဒီကိစ္စကိုဝင်မပါပါနဲ့ ဝင်ပါနေရင် ကျုန်ုပ်အဆိုးမဆိုနဲ့ ”
” ဒါဆိုလဲ သင် ရွာကိုနှောင့်ယှက်လို့ရသေးလားအရင်စမ်းကြည့်လိုက်ပါဦး ”
မောင်ရေခဲက ထိုသို့ပြောလိုက်ရာ ထိုမိန်းမကြီးလဲ မြွေပုံပြန်ပြောင်းကာ ကိုယ်ခန္ဓာအားခွေလိုက်ပြီး ပါးပျဉ်းထောင်ကာ ပါစပ်ထဲမှ အခိုးအငွေ့များဖြင့်မှုတ်လေသည်။ လေးကွက်အင်းအစွမ်းကြောင့် အခိုးအငွေ့များ ရှေ့ဆက်မသွားပဲ ရပ်တန့်နေသည်။ မြွေမကြီးလည်း စိတ်တိုကာကိုယ်ပွားများထုတ်ပြီး ရွာကို ထိုးဖောက်လေသည်။ ထင်ပေါ်မြုပ်ထားသော အင်းများမှ အလင်းတန်းများ ပေါ်လာပြီး ခြံစည်းရိုးကဲ့သို့ ရွာအား ကာရံထားလေသည်။
ကိုယ်ပွားမြွေများလည်း စည်းအတင်းထိုးဖောက်လေရာ ခေါင်းပြတ်သွားရသည်ချည်း။ ခေါင်းပြတ်သွားသောမြွေများမှာ ခေါင်းမပါပဲဆက်တိုးလေရာ စည်းနှင့်ထိသည်နှင့်ပြတ်ကျသွားကြလေသည်။ မြွေပွားများ ကုန်သွားသည်နှင့်မြွေမကြီးက ရွှီး ခနဲအော်လိုက်ရာ ဦးခေါင်းအထက်မှ အမောက်များထွက်လာလေပြီး ရွာစည်းအားမီးဖြင့်မှုတ်လေသည်။
မြွေမကြီးမှုတ်လိုက်သော မီးအရှိန်ကြောင့် ဘေးမှသစ်ပင်များ ချက်ချင်းညိုးနွမ်းခြောက်သွေ့သွားလေသည်။ သို့သော် ရွာစည်းအား မတိုးနိုင်ပေ။ မောင်ရေခဲက
” အခုလိုဆက်တိုက်နေရင် သင်ပဲထိလိုက်နာကျင်ရလိုက်မယ် ဒီစည်းတွေကပျက်မှာ မဟုတ်ဘူး..သင်လက်လျှော့လိုက်တော့…”
မောင်ရေခဲက ထိုသိုြေြာလိုက်ရာ မြွေမကြီးကမောင်ရေခဲတို့အား မီးဖြင့် ရုတ်တရက်မှုတ်လေသည်။ အသင့်စောင့်နေသော ထင်ပေါ်က တန်ပြန်အင်းဖြင့် ကာထားလိုက်ရာ မြွေမကြီးမှုတ်လိုက်သောမီးများ ရှေ့ဆက်မတိုးပဲ ရပ်တန့်နေပြီး နောက်ပြန်လှည့်သွားကာ မြွေမကြီးအားပြန်ထိသွားလေသည်။ မောင်ရေခဲက
” သင်ခေါင်းမမာတော့နဲ့ သင့်ကိုကျုပ်နောက်ဆုံးပြောမယ် သင်ခွင့်လွှတ်မလား နတ်မင်းကြီးတွေထံအပ်နှံရမလား ”
” အို ဆရာ ဘယ်လိုပဲပြောပြော ကျုနု်ပ်ကလက်စားချေရလိမ့်မယ် ကျွနု်ပ်လက်မလျှော့နိုင်ဘူး ”
” ဒါဆိုလည်း သင့်အစွမ်းကိုထပ်ပြကြည့်ပါဦး ကျုပ်ခွင့်ပြုပါတယ် သင်ဘယ်လောက်ထိစွမ်းနိုင်မလဲ ”
မောင်ရေခဲက ထိုသို့ပြောလိုက်ရာ မြွေမကြီးက မောင်ရေခဲနှင့်ထင်ပေါ်ကို ရစ်ပတ်ရန်ရှေ့သို့တိုးဝင်လာလေသည်။ မောင်ရေခဲလည်း မြွေချုပ်အင်းဖြင့် ပစ်လိုက်ရာ အင်းက အပေါ်သို့ပြန်တက်သွားပြီး ရွှေရောင် အလင်းတန်းများကျလာကာ မြွေမကြီးကို ဖမ်းချုပ်လျက်သားဖြစ်ကာ လူ့အသွင်ပြောင်းသွားလေသည်။ မောင်ရေခဲက
” သင့်ကို ကျုပ်အခု နတ်မင်းကြီးတွေဆီပို့လိုက်လို့ရတယ် ဒါပေမဲ့ သင့်ကိုအပြစ်ဒဏ်တွေမခံစေချင်လို့ မေတ္တာရပ်ခံနေတာ သင်ကလက်မခံဘူး ”
” ဒီမှာဆရာ ဆရာလုပ်ချင်လိုလုပ်လို့ရတယ် ကျုနု်ပ်က ဒီရွာကို ရအောင်ဖျက်ဆီးမယ် ဟင်း ”
ထိုသို့ပြောပြီး ရွှေရောင်ကြိုးများအား အားဖြင့်ရုန်းလိုက်ရာ ရွှေရောင်ကြိုးများပြတ်တောက်သွားလေသည်။ ထို့နောက်မောင်ရေခဲတို့ထံသို့ တိုးဝင်လာပြန်လေသည်။ ဒီတစ်ခါမှာ နဂါးမင်းသမီး သီရိမာလာရောက်လာပြီး
” အံမာ… မြွေမိစ္ဆာမ သင်က ငါ့ဆရာကိုတောင်ရန်ပြုနေပါလား သင်အသက်သေဖို့ပြင်ထား ”
ထိုသို့ပြောပြီး နဂါကြီးအသွင်ပြောင်းကာ မြွေမကြီးအားတိုက်ခိုက်လေတော့သည်။ မြွေမကြီးနှင့်နဂါးမင်းသမီးမှာ ခန္ဓာကိုယ်ချင်း မကွာလှပေ။ ထို့ကြောင့် မြွေမကြီးက ပြန်လည်ရစ်ပတ်ပြီး နဂါးမင်းသမီးအား ပြန်လည်တိုက်ခိုက်လေသည်။
နဂါးမင်းသမီးလည်း မြွေမကြီးအား ရစ်ပတ်ထားရာမှ ကိုယ်ခန္ဓာအားဆန့်တန်းလိုက်ရာ နဂါးအကြေးခွံများကြောင့် မြွေမကြီး ဒဏ်ရာများစွာ ရရှိသွားလေသည်။ နဂါးမင်းသမီးလည်း မြွေမကြီး၏ခေါင်းကို နဂါးမီးဖြင့် မှုတ်ရန်အရွယ် ဩဇာအာဏာပြည့်နက်သောအသံတစ်ခုက
” ရပ်စမ်း သင်တို့နှစ်ယောက်လုံး ဒီလိုဆက်တိုက်နေရင် အသက်တွေပဲဆုံးရံှုးရမယ် လူ့အသွင်ပြောင်းကြစမ်း ”
အသံပိုင်ရှင်မှာ မောင်ရေခဲဖြစ်ပြီး နဂါးနှင့်မြွေလည်း လူ့အသွင်ပြောင်းသွားလိုက်ကြလေသည်။ ထို့နောက်ရေခဲက မြွေမကြီးအား
” သင်သေချာကြည့်ထားပါ သင့်ဥတွေအကောင်ပေါက်နိုင်လား မပေါက်နိုင်လား သေချာကြည့်ထားပါ ”
ထိုသို့ပြောပြီး ဘယ်လက်ဝါးအား အရှေ့သို့တိုးပြီး ဖြန့်လိုက်ရာ စက်ဝိုင်းသဏ်ဏ္ဍန်အလင်းတန်းတစ်ခုထဲမှ ရုပ်ရှင်ပြနေသလို အရာတစ်ခုအားပြနေလေသည်။ ထို့နောက် မြွေမကြီးက ဒူးထောက်ချလိုက်ပြီး
” ကျုနု်ပ် ဒေါသအလျှောက် လူ့အသတ်များစွာ သတ်ခဲ့မိပြီ ဆရာ့ကိုလည်းရန်လိုလဲ့မိပြီး မကြံစည်အပ်တာကိုလည်း ကြံစည်မိပြီ ကျနု်ပ်ကို နတ်မင်းကြီးတွေထံ အပ်န့ှချင်အပ်နှံပါ ဆရာ့သေဘာပါ ”
” မိခင်မေတ္တာစိတ်ကြောင့် မှားခဲ့တာပဲ ကိစ္စတစ်ခုကိုဆောင်ရွက်တော့မည်ဆိုလျှင် ကိုယ့်မှာရှိနေတဲ့ဉာဏ်အစွမ်းနဲ့ယှဉ်ကြည့်ပါ ”
” ဟုတ်ကဲ့ပါ ဆရာ ကျုန်ုပ်ကိုခွင့်လွှတ်ပေးပါ ”
” ကျွုနု်ပ်က ခွင့်လွှတ်ပြီးသားပါ နောက်ဆို အပြစ်အမှားတွေ မကျူးလွန်မိအောင်နေပါ အခု သင်လိုရာသွားနိုင်ပါပြီ ”
မောင်ရေခဲက ထိုသို့ပြောလိုက်ရာမြွေမကြီးလည်း မောင်ရေခဲအားအရိုအသေပေးကာ မြွေသဏ္ဍာန်ပြောင်းကာ ထိုနေရာမှထွက်ခွာသွားလေသည်။ နဂါးမင်းသမီးသီရိမာလာက
” ဆရာမို့ အဲ့လောက်အလျှော့ပေးပြီးခွင့်လွှတ်ပေးနေတာ မြွေမိစ္ဆာဆိုတာ ကတိတည်တဲ့သူမဟုတ်ဘူး ”
” အခုလို ကျုပ်ကိုလာပြီးကူညီလို့ ကျေးဇူးတင်ပါတယ် သူ့ကိုအလျှော့ပေးတယ်ဆိုတာကလည်း မနာကျင်စေချင်လို့ပါ မေတ္တာသည်သာ စွမ်းအားအကြီးမားဆုံးမဟုတ်လား ”
” ဆရာ့မေတ္တာ တရားကကြီးမားလှပါတယ် ဆရာအခက်တွေ့နေမှန်း ကြားသိရလို့လာပြီးကူညီတာပါ ”
” နဂါးမင်းသမီးကိုပင်ပန်းစေခဲ့ပြီပဲ ကဲကဲ နဂါးမင်းသမီးရဲ့မောင်လေးနဲ့စကားပြောလိုက်ဦး ထင်ပေါ်ငါသွားနှင့်ပြီနော် ”
ထိုသို့ပြောပြီးမောင်ရေခဲက ရွာထဲသို့ဝင်သွားလေသည်။ ရွာသားများကလည်းမောင်ရေခဲအနောက်သို့လိုက်ပြန်သွားကြလေသည်။ နဂါးမင်းသမီးက
” မောင်လေးထင်ပေါ်တောင် ပညာအတော်စုံပြီး လူပျိုကြီးဖြစ်နေပါရော့ ချစ်သူရည်းစားတွေရနေပြီလား ”
” မမသီရိကလည်း ကျွန်တော်ကဆရာနဲ့ပဲပတ်သွားနေရတာလေ ဘယ်ကချစ်သူရည်းစားရှိရမှာလဲ ”
” ဟုတ်ပါပြီကွယ် မမကစတာပါ မောင်လေးတို့ ဒီရွာသားနှစ်ယောက်သင်္ကန်းဝတ်ပြီးတဲ့အထိ နေရမယ်မဟုတ်လား ”
” ဟုတ်တယ်မမ..ဘာလို့လဲဗျ..”
” ရော့ဒီပစ္စည်းကို ဆရာရေခဲဆီအပ်ပြီး အလှူအတန်းလုပ်ပြီး မမတို့တွေကိုလည်းအမျှဝေပေးပါ မမပြန်တော့မယ် ”
ထင်ပေါ်အား နီရဲနေသော ပတ္တမြားကိုပေးပြီးပြန်သွားလေသည်။ ထင်ပေါ်လည်း ဆရာဖြစ်သူအား ပြန်အပ်လိုက်ရာ
” ဒါအဖိုးထိုက်တဲ့ ပတ္တမြားပဲ ဒါကို မြို့မှာရောင်းပြီး အလှူလုပ်ရာမှာ ကုန်ကျမည့်အရာကိုဝယ်ရမယ် ”
” ဒါဆို ဆရာသွားရောင်းမှာလား တန်ဖိုးဘယ်လိုဖြတ်မှာလဲဆရာ ကျွန်တော်မသိလို့ပါ ”
ထင်ပေါ်ကမေးလိုက်ပေမဲ့ မောင်ရေခဲက မည်သို့မျှပြန်မဖြေပဲ မျက်လုံးစုံမှိတ်ကာ တရားထိုင်နေလိုက်သည်။ နောက်နေ့မနက်မှာတော့ မောင်ရေခဲက ငွေစက္ကူ လွယ်အိတ်တစ်လုံးစာကို ရွာသားများအားပေးလိုက်လေသည်။
” ဒီရွာမှာ အလှူအကြီးအကျယ်လှူရမယ် အခြားသင်္ကန်းဝတ်ချင်သူများကိုလည်း သင်္ကန်းဝတ်ပေးမယ် ဒီငွေတွေက ကုန်ကျစရိတ်အတွက်ပါ ”
” တို့ရွာတော့ အလှူကြီးပေးနိုင်ပြီဟေ့ ”
မောင်ရေခဲ၏လှူဒါန်းပေးဝေမှူကြောင့်ရွာသူရွာသားတွေက ဝမ်းသာအားရဖြင့် ပြောကြလေသည်။ ထိုနေ့တွင် စာရင်းဇယားများလုပ်ကာ ရွာသူရွာသားအချို့ မြို့တက်ပြီး လိုအပ်သည်များဝယ်ခြမ်းကြလေသည်။ ထိုနေ့ညတွင်
” ဆရာ ဆရာရေခဲ လာပါဦး ကျုပ်အကိုဘာဖြစ်နေလဲမသိဘူး လာကြည့်ပေးပါဦး သူ့ကိုယ်သူလည်း တိုင်နဲ့ခေါင်းနဲ့စောင့်နေတယ် လုပ်ပါဦး ”
ရေးကြီးသုတ်ပြာနှင့်လာပြောသော ရွာသားတစ်ဦးကြောင့်ထင်ပေါ်က တဲအပြင်ထွက်ကာ
” ကျွန်တော့်ဆရာ တရားထိုင်နေတယ် ဘာဖြစ်လို့လဲ ”
” ဒီလိုပါ ကျုပ်အစ်ကို ညနေကတည်းက မူမမှန်ဖြစ်နေတာ စောစောက ကျုပ်အမေဘုရားရှိခိုးတော့ ထသောင်းကျန်းတော့တာပဲ ဒီရွာရဲ့အလှူကိုဖျက်မယ်လို့လဲပြောနေတယ် ”
” ဟာ ဒါဆို ဆရာ့ကိုစောင့်နေလို့မဖြစ်ဘူး ကျွန်တော်လိုက်ခဲ့မယ် ခဏစောင့် ”
ထင်ပေါ်လည်း ဘုရားဦးတိုက်ကာ ဆရာဖြစ်သူကို ဦးတိုက်ပြီး စိတ်ထဲမှ ခွင့်တောင်းလိုက်လေသည်။ ထို့နောက် ဆေးလွယ်အိတ်လွယ်ကာ
” လာသွားမယ် ဘယ်ဘက်လဲ ”
” ဒီဘက်ပါ ဆရာ အခုချိန်သွေးရဲသံရဲဖြစ်နေလောက်ပြီ ”
ထိုသို့ပြောကာ ရှေ့ကနေ အလျှင်အမြန်သွားလေသည်။ ခဏမျှလျှောက်ပြီးသော အိမ်တစ်အိမ်ရှေ့တွင်ရပ်ကာ
” ဒီအိမ်ပါဆရာ အထဲမှာကြမ်းနေပြီ လာပါအထဲဝင်ဆရာ တွေ့လား ကြမ်းနေပြီ ”
ထင်ပေါ်လည်း အိမ်ကိုအရုံစိုက်ပြီးကြည့်လိုက်ရာ နှုတ်မှ တစ်စုံတစ်ခုအား ရေရွတ်လိုက်လေသည်။
” ဘီလူးမိစ္ဆာ ”
(နောက်အပိုင်းမှာ ထင်ပေါ် ဆရာဖြစ်သူမပါပဲ ဘီလူးမိစ္ဆာအား ဘယ်လိုနှိမ်နင်းပြီး အကျိုးဆက်က ဘာဖြစ်မလဲစောင့်ကြည့်ပေးပါဦးနော်။စာဖတ်သူများကိုချစ်သောခွန်း…စာမူလက်ဆောင်ပေးသောတေဇအားအထူးကျေးဇူးတင်ပါသည်။အားပေးဖတ်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ…)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲႏွင့္နတ္ေႁမြရန္ၿငိဳး(စ/ဆုံး)
———————————————
ေမာင္ေရခဲတို႔ ဆရာတပည့္လည္း ေျခဦးတည့္ရာသို႔သြားရင္း အလြန္ေခ်ာင္က်လွေသာ ႐ြာတစ္႐ြာသို႔ေရာက္လာခဲ့ေလသည္။ ထို႐ြာအမည္ကား ေတာင္ထိုး႐ြာျဖစ္ၿပီးအျခား႐ြာမ်ားႏွင့္မနီးစပ္ေပ။
ထို႐ြာရွိလူမ်ားမွာ လယ္ယာလုပ္ငန္းလုပ္ၾကၿပီး အခ်ိဳ႕ကထင္းခုတ္သမားမ်ားျဖစ္ၾကေလသည္။ တစ္ေန႔တြင္ ထို႐ြာမွ႐ြာသားႏွစ္ဦး ေတာင္ေပၚသို႔တက္ကာ ထင္းခုတ္ၾကေလသည္။
” သာထူးေရ တစ္ထမ္းစာရေတာ့မယ္ ခဏနားရေအာင္ ၿပီးမွဆက္ၿပီး ခုတ္ၾကတာေပါ့ ”
” ေအးေအး ငနီေရ နားရေအာင္ကြာ ေနမြန္းတည့္ေနၿပီ ထမင္းစားရေအာင္ ထမင္းထုပ္ျဖည္လိုက္ေတာ့ ”
” ဟ မင္း ထမင္းထုပ္ထဲက ဆတ္သားေျခာက္ကင္ကေမႊးေနတာပဲ မုဆိုးေဘေက်ာ္ဆီကလား ”
” ေအးေလကြာ တို႔႐ြာမွာ မုဆိုးဆိုလို႔ ဘေက်ာ္ပဲရွိတာေလကြာ စကားမ်ားမေနနဲ႔ ထမင္းစားစမ္းပါ ၿပီးရင္ လ်ိဴွထဲဆင္းၾကည့္ရေအာင္ ”
” ေအးပါကြာ ေရာ့စားစား ”
သူငယ္ခ်င္းႏွစ္ေယာက္သား စကားစျဖတ္ကာထမင္းစားၾကေလသည္။ ထမင္းစားၿပီး ခဏနားကာ လွ်ိဳထဲသို႔ဆင္းၾကည့္ၾကေလသည္။ သာထူးက
” ငနီေရ ဒီေနရာက လူေတြသိပ္မလာၾကဘူး ယုန္ေပါက္ေတြ ေခ်ေပါက္ေတြ အတိုင္းသားျမင္ေနရတယ္ ”
” ဟုတ္ပါ့ဘေက်ာ္လည္း ဒီလ်ဳွိထဲမဆင္းဘူးထင္တယ္ သားေကာင္ေတြေပါလိုက္တာကြာ ”
” ဟုတ္မယ္ ငနီေရ ဒီေနရာက ႐ြာနဲ႔ေဝးတယ္ေလ ေတာလည္းထူတယ္ ရႉး တိုးတိုး အသံခဏေလးတိတ္ၾကည့္ ”
သာထူးက ထိုသို႔ေျပာကာ တစ္ခုခုကိုနားစြင့္ေနသည္။ ခဏၾကာမွ
” မင္းၾကားလိုက္လား တစ္ခုခုေလွ်ာဆင္းသြားတဲ့အသံႀကီး ဘာလဲမသိဘူး အေရွ႕ဆက္တိုးၾကည့္ရေအာင္…”
” ဟ ငါေတာ့မၾကားပါဘူး မင္းနားၾကားမွားတာျဖစ္မယ္ ဆက္တိုးမယ္ဆိုလည္း ဆက္တိုးၾကည့္ကြာ ”
ဤသို႔ျဖင့္ သူငယ္ခ်င္းႏွစ္ေယာက္ေရွ႕ဆက္တိုးၾကည့္ရာ တစ္ေနရာတြင္ အပင္မ်ားေျပာင္ရွင္းေနေသာ ေနရာတြင္ သပိတ္လုံးခန႔္ရွိေသာ ဥႀကီးမ်ားအား အမွတ္မထင္ေတြ႕လိုက္ရသည္။
” ဟာ ဥအႀကီးႀကီးေတြပဲ ဘာဥေၾတလဲမသိဘူး ”
” ဟုတ္ပါ့ကြာ…တစ္သက္နဲ႔တစ္ကိုယ္ ဒီဥမ်ိဳးအခုမွျမင္ဖူးတယ္ လာကိုင္ၾကည့္ရေအာင္ ”
” ေဟ့ေကာင္ ရမ္းသမ္းကိုင္လို႔မျဖစ္ဘူး ဘာဥေတြမွန္းမသိဘူး ေတာ္ၾကာ ဒုကၡေရာက္ေနလိမ့္မယ္ ”
” မင္းကလည္း ေၾကာက္တတ္လိုက္တာ ကိုင္ပဲကိုင္ၾကည့္မွာပါ ဘာလုပ္မွာမို႔လဲကြာ ”
” ဒါဆိုလည္း ကိုင္ၾကည့္ေပါ့ ငါလည္းကိုင္ၾကည့္မယ္ ”
ထိုသို႔ေျပာၿပီး ဥတစ္လုံးစီေကာက္မၾကည့္လိုက္ေလသည္။ ဥႀကီးမ်ားမွာ ေပ်ာ့အိအိျဖစ္ေနႀကီးလႈပ္စိစိျဖစ္ေနသျဖင့္ ကိုင္ေကာင္းလွသည္။
” ငနီေရ ဥကလႈပ္ေနတယ္ကြ ၾကည့္ပါဦး ဟာ. က်ၿပီကြ ”
သာထူးကေျပာရင္းဆိုရင္း လက္ထဲမွ ဥကေခ်ာ္က်သြားေလသည္။ ငနီလည္း႐ုတ္တရက္မို႔ လန႔္သြားကာ လက္ထဲမွ ဥကိုပစၡ္ ၿပီးသာေအာင္လက္မွက်သြားေသာ ဥကို လွမ္းဖမ္းလိုက္ရာ ဥႏွစ္လုံးစလုံး က်န္ဥမ်ားေပၚသို႔က်သြားၿပီး ဥမ်ားအားလုံးကြဲသြားေလသည္။
” ဟာ ေႁမြဥေတြကြ ေႁမြေပါက္ေသးေသးေလးေတြေတာင္ျဖစ္ေနၿပီ သြားပါၿပီကြာ ”
” ဟုတ္တယ္ ေႁမြမႀကီးမလာခင္ အျမန္ျပန္ရေအာင္ လာလာ ေတာ္ၾကာဒုကၡေရာက္ေနလိမ့္မယ္ ”
ဥမ်ားကြဲကုန္ေသာေၾကာင့္ႏွစ္ေယာက္လုံးလန႔္သြားၾကၿပီး လာရာလမ္းအတိုင္းျပန္လာကာ ခုတ္လက္စထင္းမ်ားကိုစည္းၿပီး ႐ြာသို႔ျပန္လာခဲ့ၾကေလသည္။ ေႁမြဥကိစၥကို မည္သူ႔ကိုမွမေျပာပဲ ႏွစ္ေယာက္သား ႏႈတ္ဆိတ္ေနေလသည္။ ထိုေန႔ညတြင္ ႐ြာအျပင္မွ ေႁမြတြန္သံက်ယ္ေလာင္စြာၾကားေနရၿပီး မနက္လင္းခါနီးမွ ၿငိမ္သက္သြားေလသည္။
တျခားလူမ်ားအဖို႔ ေတာေတာင္ႏွင့္နီးေသာေၾကာင့္ ေျႁမြတြန္သံၾကားရသည္မွာမထူးဆန္းေသာ္လည္း သာထူးႏွင့္ငနီမွာ တစ္ညလုံးမအိပ္ႏိုင္ဘဲ မိုးလင္းေပါက္ထိုင္ေနၾကရသည္။ ေန႔ဘက္မ်ားတြင္လည္း အျပင္မသြားရဲၾကဘဲရွိေလသည္။
႐ြာအျပင္မွ အမ်ိဳးသမီးတစ္ဦးသည္ ႐ြာကို ေဒါသတႀကီးၾကည့္ကာ တစ္စုံတစ္ေယာက္ကို မေက်မနပ္သည့္ဟန္ျဖင့္
” ငါ့ဥေၾတကို ဖ်က္ဆီးသြားတဲ့အတြက္ နင္တို႔တစ္႐ြာလုံးကလူေတြ ျပန္ေပးဆပ္ရမယ္ ငါ့အေၾကာင္းသိေစရမယ္ ”
ထိုသို႔ေျပာကာ ႐ြာကိုေက်ာခိုင္းထြက္သြားေလသည္။ ထိုေန႔တြင္ ႐ြာသားတစ္ဦး ထင္းခုတ္သြားရာမွျပန္မလာသျဖင့္ မိသာစုမ္ားမြာ စိတ္ပူေနၾကသည္။ ထို႔ေၾကာင့္ ႐ြာသားေလးငါးေယာက္ျဖင့္ လိုက္ရွာရန္ဆုံးျဖတ္လိုက္ၾကသည္။ ႐ြာႏွင့္သိပ္မေဝးေသာ ေတာစပ္တြင္ အဝတ္စားအစုတ္အၿပဲမ်ားႏွင့္လူ႐ိုးမ်ားကို ေတြ႕သြားသျဖင့္
” အမေလးသားေလးရယ္ ျဖစ္မွျဖစ္ရေလကြယ္ ဘယ္လိုအျဖစ္ဆိုးမ်ိဳးနဲ႔ႀကဳံရတာလဲ အီးဟီးဟီးဟီး ”
မိခင္ျဖစ္သူမွ႐ုတ္တရက္ ထငိုသျဖင့္ က်န္႐ြာသားမ်ားက အဝတ္စားအစုတ္အၿပဲမ်ားကို ၾကည့္ကာ
” ဟင္ ဒါမနကၠ စိန္လွဝတ္သြားတဲ့အဝတ္စားေတြပဲ က်ားနဲ႔ေတြ႕လိုက္ အကိုက္ခံရၿပီး က်ားစာျဖစ္သြားၿပီလားကြာ…”
” မျဖစ္ႏိုင္ဘူး က်ားနဲ႔ေတြတာဆို အခုလို အ႐ိုးေတြေတြ႕ေနရမွာမဟုတ္ဘူး ေသြးသံရဲရဲေတြလည္း မရွိဘူး ”
” ဒါဆို ဘယ္လိုျဖစ္ႏိုင္မလည္း အခုေတာ့ စိန္လွအ႐ိုးေတြကို ေျမထဲျမဳပ္ရေအာင္ ”
ထိုသို႔ေျပာၿပီး အ႐ိုးစုအခ်ိဳ႕ကိုေျမထဲျမဳပ္လိုက္ၾကသည္။ ႐ြာျပန္ေရာက္ေသာ္ နာေရးအတြက္ျပင္ဆင္ၾကကာ စိန္လွေသပုံေသနည္းကို အမ်ိဳးမ်ိဳးသုံးသပ္ၾကသည္။ ဖိုးပိန္ဆိုေသာလူငယ္ေလးက
” ညက ေႁမြတြန္သံေတြၾကားရတယ္ ဒီကိစၥနဲ႔ပတ္သက္ေနမလား ၿပီးေတာ့႐ြာအျပင္မွာ ဧရာမ ေႁမြရာေတြေတြ႕ခဲ့ရတယ္ က်ဳပ္ေျပာတာ ျဖစ္ႏိုင္မလား ”
” ျဖစ္ႏိုင္တယ္ ေႁမြေတြက သူတို႔သားေကာင္ကိုၿမိဳၿပီးရင္ အ႐ိုးကိုျပန္အန္ထုတ္တတ္ၾကတယ္တဲ့ ”
” ဒါဆို အားလုံး ႐ြာအျပင္ကိုထြက္ရင္ အသြားသတိအလာသတိနဲ႔သြားၾကေဟ့ တစ္ေယာက္တည္းလည္းမသြားၾကနဲ႔ ေလးငါးေယာက္စုၿပီးသြားၾက ”
ထိုသို႔ေျပာၿပီး အျခားကိစၥမ်ားကိုသာေျပာဆိုေနၾကေလသည္။ ညအခ်ိန္ေရာက္ေသာ္႐ြာအျပင္တြင္ ေႁမြတြန္သံမ်ား ၾကားေနရသျဖင့္ ဓား၊လွံ၊ေလးျမႇားတို႔ကို ကိုင္ေဆာင္ကာလူငါးေယာက္မွ် ႐ြာအျပင္ထြက္ခဲ့ၾကေလသည္။ ႐ြာအျပင္တြင္အမ်ိဳးသမီးတစ္ေယာက္မွ ႐ြာဘက္သို႔အစိမ္းေတာက္ေဆာက္မ်က္လုံးမ်ားျဖင့္ၾကည့္ေနေလသည္။
” သတိထားၾကေဟ့ ေႁမြတြန္သံက ေတာ္ေတာ္က်ယ္တယ္ ဧရာမေႁမြႀကီး ျဖစ္မယ္ထင္တယ္…”
မုဆိုးဘေက်ာ္ဆီမွ သတိေပးစကားေျပာလိုက္ၿပီး မီးတုတ္မ်ားျဖင့္ ေဘးဘီဝဲယာသို႔အကဲခတ္ေနေလသည္။ တျဖည္းျဖည္းနဲ႔ေႁမြတြန္သံက နီးသထက္နီးလာေလသည္။ ႐ြာသားမ်ားလည္း သတိဝိရိယျဖင့္ ဆက္ေလွ်ာက္လာရာ ေႁမြတြန္သံက ႐ုတ္တရက္ တိတ္သြားၿပီး
” ဟိတ္ နင္တို႔႐ြာကေကာင္ေတြ ငါ့ဥေတြဖ်က္ဆီးသြားတယ္ အဲ့ဒီအတြက္ နင္တို႔တ႐ြာလုံးျပန္ေပးဆပ္ရမယ္ ”
႐ြာသားမ်ားလည္း နားမလည္ဟန္ျဖင့္ ထိုမိန္းမႀကီးအား အံဩတႀကီးၾကည့္ေနၾကသည္။ ထိုမိန္းမက ဆံပင္ေျခသလုံးခန႔္ထိရွည္လ်ားၿပီး မ်က္ႏွာထားက ေဒါသအျပည့္ျဖင့္ မ်က္လုံးမ်ားက စိမ္းညိဳ႕ညိဳ႕ျဖင့္ ေၾကာက္မက္ဖြယ္ေကာင္းလွေလသည္။ မုဆိုးဘေက်ာ္က
” ဒီမွာ ခင္ဗ်ားဘာေတြလာေျပာေနတာလဲ ႐ူးေနတာလား ေစာေစာက ေႁမြတြန္သံေတြၾကားေနရလို႔က်ဳပ္တို႔ကထြက္ၾကည့္တာ ခင္ဗ်ားအတြက္အႏၲရာယ္ရွိတယ္ ႐ြာထဲလိုက္ခဲ့ ”
“ဟားဟားဟား အဲ့ဒါငါပဲေလ နင္တို႔တစ္႐ြာလုံးကို သတ္မလို႔ ငါလိုက္လာတာေဟ့ ”
အစိမ္းေရာင္ဝမ္းဆက္ဝတ္ထားေသာမိန္းမႀကီးကထိုသို႔ေျပာၿပီး ခႏၶာကိုယ္အား တစ္ပတ္လွည့္လိုက္ရာ ဧရာမွေႁမြႀကီးအျဖစ္ေျပာင္းသြားေလသည္။ ထို႔ေနာက္ ပါးပ်ဥ္းႀကီးခြက္ကာ ႐ြာသားမ်ားအားတိုက္ခိုက္ရန္ျပင္ေလသည္။ မုဆိုးဘေက်ာ္က
” ဟာ နည္းနည္းေနာေနာေႁမြႀကီးမဟုတ္ဘူး ေလးနဲ႔ပစ္ၾကေဟ့ ပစ္ၾက ”
ဝါရင့္မုဆိုးဘေက်ာ္က႐ြာသားမ်ားကိုသတိေပးၿပီး သူကိုယ္တိုင္လက္စြဲေတာ္ ဒူးေလးႀကီးျဖင့္ အလ်င္အျမန္ပစ္ခတ္ေလသည္။ ႐ြာသားမ်ားကလည္း ေလးျမားျဖင့္ တရစပ္ပစ္ခတ္ၾကေလသည္။ သို႔ေသာ္ ဧရာမေႁမြႀကီးအဖို႔ မေျပာစေလာက္ေပ။ ေႁမြႀကီးသည္ ႐ြာသား တစ္ေယာက္ခ်င္းစီကို ကိုက္ဖမ္းၿပီး ၿမိဳခ်လိုက္ေလသည္။ မုဆိုးဘေက်ာ္လည္းအေျခေနမဟန္သျဖင့္ ဖေႏွာင့္နဲ႔တင္ပါးတစ္သားတည္းက်ေအာင္ေျပးေလေတာ့သည္။ ေနာက္ေန႔မနက္တြင္
” ႐ြာသူ႐ြာသားအားလုံးစုံၾကၿပီလို႔ထင္တယ္ မေန႔ညကကိစၥကို ဘေက်ာ္ မင္းေျပာစမ္း ”
႐ြာလူႀကီးမွ ထိုသို႔ေျပာလိုက္ရာ မုဆိုးဘေက်ာ္လည္း မေန႔ညက အရွိန္ျဖင့္အေၾကာက္မေျပေသးေသာအသံျဖင့္
” က်ဳပ္တို႔ညက ေႁမြတြန္သံၾကားလို႔ လူေလးငါးေယာက္စုၿပီး ႐ြာအျပင္ထြက္ၾကည့္ၾကတယ္ အဲ့ဒီမွာမိန္းမႀကီးတစ္ေယာက္က သူ႔ဥေတြဖ်က္ဆီးခဲ့လို႔ တစ္႐ြာလုံးျပန္ေပးဆပ္ရမယ္လို႔ေျပာတယ္ ၿပီးေတာ့ ဧရာမေႁမြႀကီးအျဖစ္ေျပာင္းသြားၿပီး ႐ြာသားေတြကို တိုက္ခိုက္ၿပီး ၿမိဳသြားတယ္ က်ဳပ္ေတာင္မနည္းေျပးခဲ့လို႔ လြတ္လာတာ ”
ထိုသို႔ရွင္းျပလိုက္ရာ သာထူးႏွင့္ငနီက ဘာမွမသိဟန္ျဖင့္ ေခါင္းငုံ႔ကာ အသံတိတ္ေနၾကေလသည္။ ႐ြာလူႀကီးက
” အဲ့ဒီေႁမြဥေတြကို ဘယ္သူဖ်က္ဆီးခဲ့တာလဲ မင္းတို႔လုပ္လို႔ တစ္႐ြာလုံးအေသဆိုးနဲ႔ေသေတာ့မွာပဲ …ဟိတ္ ဘယ္သူေတြဖ်က္ဆီးခဲ့ၾကတာလဲ ေျဖၾကေလ ”
ုံ ႐ြာလူႀကီးက ေဒါသတႀကီးျဖင့္ေမးေသာ္လည္း ဘယ္သူ႔ဆီကမွ အသံမထြက္ေပ။ ႐ြာလူႀကီးက ထပ္ဆင့္ေမးေလသည္။
” ႐ြာသူ႐ြာသားေတြထဲကတစ္ေယာက္ေယာက္ဖ်က္ဆီးခဲ့ရင္ အခုအခ်ိန္မွီ ဝန္ခံပါ ေတာင္းပန္စရာရွိတာေတာင္းပန္ရေအာင္လို႔ ဒီအတိုင္းေနရင္ တစ္႐ြာလုံးေသလိမ့္မယ္ ”
” ေႁမြဥေတြကို ဖ်က္ဆီးခဲ့တာ သာထူးနဲ႔ငနီပါ မရည္႐ြယ္ပဲျဖစ္သြားေပမဲ့ ေႁမြမႀကီးက အၿငိဳးေတးလိုက္ၿပီ ေတာင္းပန္ေနလို႔လည္း ဘာမွမထူးဘူး ”
မလွမ္းမကမ္းမွ ပိတ္ျဖဴဝတ္ထားေသာလူငယ္ႏွစ္ေယာက္က ဝင္ေျပာလိုက္သည္။ ႐ြာသူ႐ြာသားေတြအၾကည့္က ထိုလူငယ္မ်ားထံေရာက္သြားေလသည္။ ႐ြာလူႀကီးက
” မင္းတို႔က ဘယ္သူေတြလဲ မင္းတို႔ကို ဒီ႐ြာမွာ တစ္ခါမွမျမင္ဖူးပါဘူး ”
” က်ဳပ္တို႔က နယ္လွည့္ၿပီးအဓိဌာန္ဝင္တယ္… ၿပီးေတာ့ခုႏွရက္သားသမီးေတြကို ကူညီကယ္တင္ေနတဲ့သူေတြပါ ”
” ဒါဆို မင္းတို႔ေျပာတာအမွန္ေတြလား သာထူးနဲ႔ငနီ ေႁမြဥေတြကိုဖ်က္ဆီးခဲ့တာ မင္းတို႔ဆို အဲ့ဒါဟုတ္လား ”
႐ြာလူႀကီးစကားတြင္ ေဒါသအသံပါေနေလသည္။ သာထူးနဲ႔ငနီလည္း လိမ္ညာမေနေတာ့ပဲ
” ဟုတ္.. ဟုတ္ပါတယ္ သူႀကီး က်ဳပ္တို႔မရည္႐ြယ္ပဲျဖစ္သြားခဲ့တာပါ အခုလိုျဖစ္မယ္မွန္းမသိလို႔ပါ ”
” ေအး မင္းတို႔မရည္႐ြယ္ပဲျဖစ္ခဲ့ေပမဲ့ အခု႐ြာသားေတြေသတာ ဘယ္ႏွေယာက္ရွိေနၿပီလဲ မင္းတို႔ကြာ ကိုယ္နဲ႔မဆိုင္တာကို သြားၿပီးကိုင္တြယ္ထိေတြ႕ရတယ္လို႔ ”
” က်ဳပ္တို႔လည္း ဥေတြကအရမ္းႀကီးတာနဲ႔ကိုင္ၾကည့္တာပါ လက္ေခ်ာ္ၿပီး ျပဳတ္က်သြားတာပါ ေႁမြဥေတြမွန္းသိရင္မကိုင္ပါဘူး အခုက..”
” ဘာကြ မိုးႀကိဳးပစ္တာကို ထန္းလက္နဲ႔ကာမလို႔လား အခု အဲ့ကိစၥဘယ္လိုလုပ္မလဲ မင္းတို႔ကို႐ြာအျပင္မွာေႁမြစာေကြၽးၿပီးအေသခံခိုင္းရမလား ဟမ္ ”
ငနီစကားမဆုံးခင္ ႐ြာလူႀကီးက ဝင္ၿပီးပိတ္ေဟာက္လိုက္ေလသည္။ ငနီႏွင့္သာထူးလည္း မ်က္ႏွာငယ္ေလးေတြျဖင့္
” က်ဳပ္တို႔ကိုေႁမြစာမေကြၽးပါနဲ႔ဗ်ာ က်ဳပ္တို႔ေတာင္းပန္ပါတယ္ သူႀကီးေရ မလုပ္ပါနဲ႔ ”
” အဲ့လိုမွမလုပ္ရင္ ငါတို႔တစ္႐ြာလုံးေသရလိမ့္မယ္ တျခားနည္းလမ္းမရွိဘူးကြ ”
သူႀကီးက ထိုသို႔ေျပာလိုက္ရာ လူငယ္ႏွစ္ေယာက္ထဲမွတစ္ေယာက္က
” တျခားနည္းလမ္းရွိပါတယ္ တစ္ခုေတာ့ရွိတယ္ သာထူးနဲ႔ငနီကို ရာသက္ပန္ သာသနာ့ေဘာင္ကိုဝင္ၿပီး တရားအားထုတ္ခိုင္းရမယ္ ”
” မင္းတို႔နာမည္က ဘယ္လိုေခၚလဲ တျခားနည္းလမ္းဆိုတာက ဘယ္လိုနည္းလဲ ”
” က်ဳပ္နာမည္ကေရခဲပါ သူ႔နာမည္ကထင္ေပၚပါ တျခားနည္းလမ္းက က်ဳပ္တို႔ဘာသာပဲေျဖရွင္းလိုက္မယ္ က်ဳပ္ေျပာတာကို လက္ခံရင္ေပါ့ ”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာ ႐ြာသူႀကီးက သာထူးနဲ႔ငနီကို ၾကည့္ကာ
” သာထူးနဲ႔ငနီ မင္းတို႔ သာသနာ့ေဘာင္ကိုဝင္ၿပီးတရားအားထုတ္မွာလား အေသခံမွာလား ”
႐ြာသူႀကီးက ျပတ္ျပတ္သားသားေမးလိုက္ရာ သာထူးႏွင့္ငနီလည္း ျပာျပာသလဲျဖင့္
” က်ဳပ္တို႔ မေသခ်င္ဘူး တရားအားထုတ္မယ္ သူတို႔ေျပာတာကို လက္ခံလိုက္ပါ သူႀကီး ”
” ကဲ ၾကားတဲ့အတိုင္းပဲ ေမာင္ေရခဲ မင္းတို႔ေျဖရွင္းႏိုင္တာ ေသခ်ာပါတယ္ေနာ္ ”
” ေသခ်ာပါတယ္ ခင္ဗ်ားတို႔႐ြာသားေတြထဲက သတၱိေကာင္းတဲ့လူ သုံးေယာက္ေလာက္ကို ညက်ရင္ က်ဳပ္တို႔နဲ႔ထည့္ေပးပါ မ်က္ျမင္ျဖစ္ေအာင္လို႔ပါ ”
” ရတယ္ ညက်ရင္ ႐ြာသားသုံးေယာက္ထည့္ေပးမယ္ တျခားဘာလိုေသးလဲ ”
” မလိုပါဘူး ေလာေလာဆယ္က်ဳပ္တို႔ကို ဇရပ္ရွိတဲ့ေနရာေလး ၫႊန္ျပေပးပါလား ”
” တို႔႐ြာမွာ ဇရပ္မရွိဘူး နားခ်င္ရင္ က်ဳပ္အိမ္မွာနားလို႔ရပါတယ္ ေဟာ ဟိုက တဲထဲမွာနားလို႔ရတယ္ ”
” ဒါဆိုလည္း ေက်းဇူးပါ တျခားကိစၥမရွိေတာ့ရင္ ႐ြာသားေတြကိုျပန္ခိုင္းလိုက္ပါေတာ့ သာထူးနဲ႔ငနီကို ဒီမွာပဲေနခိုင္းလိုက္ပါ ”
” ကဲ ႐ြာသူ႐ြာသားေတြျပန္လို႔ရၿပီ ဟိုႏွစ္ေကာင္ မင္းတို႔ကို တစ္ေနကုန္ထိပ္တုံးခတ္မယ္ ”
ထိုသို႔ေျပာၿပီး ထိပ္တုံးခတ္ထားလိုက္ေလသည္။ ေမာင္ေရခဲႏွင့္ထင္ေပၚလည္း တဲထဲဝင္ကာ နားေနလိုက္သည္။ ေန႔လည္ေရာက္ေသာ္သူႀကီးက စားစရာထမင္းဟင္းမ်ားကိုပို႔ေပးေလသည္။ ထို႔ေနာက္ စကားစပၠာ
” ငါ့တူတို႔က အသက္ငယ္ငယ္နဲ႔ဒီလိုကိစၥေတြေျဖရွင္းႏိုင္တယ္ဆိုေတာ့ က်ဳပ္ျဖင့္ မယုံႏိုင္ဘူး ”
” အတိတ္ဘဝကေရစက္ပါလို႔ လာကူညီတာလို႔ပဲမွတ္လိုက္ပါဗ် က်ဳပ္တို႔လည္း ကယ္ခြင့္ရလို႔ကယ္ရတာပဲ ”
” ဒါနဲ႔ ငါ့တူတို႔က ဘယ္ကလာၿပီး ဘယ္ကိုသြားၾကမွာလဲ အခ်ိန္ရရင္ ဦးတို႔႐ြာမွာ ခဏေလာက္ထပ္တည္းလို႔ရပါတယ္ ဟိုႏွစ္ေကာင္ကို သကၤန္းစည္းေပးၿပီးတဲ့အထိေပါ့ ”
႐ြာလူႀကီးက ထိုသို႔ေျပာလိုက္ရာေမာင္ ေရခဲက တစ္စုံတစ္ခုကိုစဥ္းစားလိုက္ၿပီးေနာက္
” ေကာင္းၿပီေလ.. က်ဳပ္တို႔ အဲ့အထိေနေပးပါ့မယ္ အခုေတာ့ထမင္းစားၿပီးရင္ ျပင္ဆင္စရာရွိတာျပင္ဆင္ဖို႔လိုေသးတယ္ ဒီညအတြက္ ”
” ေဟးေဟးေဟး ဟုတ္ပါၿပီ က်ဳပ္အလိုက္မသိသလိုျဖစ္သြားတယ္ ကဲ က်ဳပ္အိမ္ေပၚတက္လိုက္ဦးမယ္ ”
သူႀကီးကထိုသို႔ေျပာၿပီး တဲထဲမွထြက္သြားေလသည္။ ေမာင္ေရခဲက ထင္ေပၚအား
” ထင္ေပၚ ဒီကိစၥကိုမင္းဘယ္လိုလုပ္မယ္လို႔ စဥ္းစားထားလဲ မင္းမွာအႀကံရွိလား ”
” ေမတၱာနဲ႔ေျပာရမွာေပါ့ မရရင္အၾကမ္းနည္းသုံးရမယ္ထင္တယ္ ကြၽန္ေတာ္လုပ္ႏိုင္ပါတယ္ ”
” မင္းက ဘယ္လိုလုပ္ဖို႔စဥ္းစားထားတာလဲ ”
” နဂါးေမွာ္အင္းကိုသုံးမယ္ေလ ဒါဆိုေအးေဆးႏိုင္ပါတယ္ သူက နတ္ေႁမြမိစာၦမ်ိဳးႏြယ္ကေလ အစြမ္းသတၱိႀကီးမားတယ္ ”
” မဟုတ္ဘူးထင္ေပၚ နဂါးေမွာ္အင္းကိုမသုံးသင့္ဘူး သူ႔အသက္ထိခိုက္ႏိုင္တယ္ ငါတို႔အလုပ္က တစ္ဖက္သူရဲ႕အသက္ကိုေသေစေလာက္ေအာင္ မလုပ္ရဘူး ”
” ဒါဆို တျခားနည္းလမ္းသုံးမယ္ေလ ဆရာ ေႁမြခ်ဳပ္အင္းကိုသုံးၿပီး သူ႔ကိုတရားခ်ရမွာေပါ့ ”
” အင္း အဲ့လိုပဲလုပ္ရတာေပါ့ လိုအပ္တဲ့အင္းေတြ ကိုအသင့္ျပင္ထား ငါတရားထိုင္လိုက္ဦးမယ္ ”
” ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္ စီစဥ္ထားပါ့မယ္ ”
ထင္ေပၚက ထိုသို႔ျပန္ေျဖလိုက္ရာ ေမာင္ေရခဲလည္း တရားထိုင္ေနလိုက္သည္။ ထင္ေပၚက လိုအပ္သည့္ အင္းမ်ားကိုအဆင္သင့္ျပဳလုပ္ထားေလသည္။ ညေနေစာင္းေတာ့ ႐ြာသားသုံးေယာက္ေရာက္လာၿပီး
” ဒီညက်ဳပ္တို႔လိုက္မွာပါ ဒီကဆရာေလးေတြနဲ႔ ”
” ဟုတ္ၿပီ ကြၽန္ေတာ့္ဆရာ တရားထိုင္ေနလို႔ ခဏေစာင့္ၾကပါဦး အလုပ္က ညက်မွစမယ္ထင္တယ္ ”
” တျခားဘာေတြလိုအပ္ေသးလဲ က်ဳပ္တို႔ ဘာကူညီရမလဲဆရာေလး အားမနာပါနဲ႔ေနာ္ ”
” ရတယ္ဗ် အခုလိုေခၚတာကလဲ ကြၽန္ေတာ္တို႔ဒီကိစၥကိုေျဖရွင္းတယ္ဆိုတာ မ်က္ျမင္သက္ေသအေနနဲ႔ပါ ”
” ဟုတ္ပါၿပီ ဒါဆို က်ဳပ္တို႔ အျပင္ကပဲေစာင့္ေနမယ္ ”
ထိုသို႔ေျပာၿပီး တဲအျပင္ထြက္သြားေလသည္။ ညေနေမွာင္လာသည္ႏွင့္အမွ် ေလၾကမ္းေတြလဲတျဖည္းျဖည္းတိုက္ခတ္လာသည္။ ေရခဲလည္းတရားထိုင္ျဖဳတ္လိုက္ၿပီး
” ထင္ေပၚ မင္းက ႐ြာေထာင့္ေလးေထာင့္ဆီမွာ အကာကြယ္အင္းကိုျမဳပ္ထားပါ ၿပီးတာနဲ႔႐ြာအလည္မွာ တန္ျပန္အင္းကို ျမဳပ္ထားပါ ဒီညအေျခအေနကေတာ္ေတာ္ဆိုးႏိုင္ေျခရွိတယ္ ေသခ်ာလုပ္ေနာ္ ထင္ေပၚ အျမန္ၿပီးဖို႔လိုတယ္ ”
” ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္ ေသခ်ာလုပ္လိုက္ပါ့မယ္ တျခားဘာေတြလုပ္ဖို႔လိုေသးလဲ ”
” ႐ြာထဲကလူေတြကို အိမ္အျပင္မထြက္ဖို႔မွာထားလိုက္ ေႁမြမိစာၦက အင္းေတြျမဳပ္မၿပီးခင္မွာ ႐ြာသားေတြကို ညိဳ႕ၿပီးေခၚႏိုင္တယ္ အခုခ်က္ခ်င္းလုပ္ေတာ့ ”
” ဟုတ္ဆရာ ကြၽန္ေတာ္ အခုပဲ အင္းလိုက္ျမဳပ္ရင္း ႐ြာသားေတြနဲ႔ေဆာ္ဩလိုက္ပါ့မယ္ ”
” ေကာင္းတယ္ထင္ေပၚ ကဲအခ်ိန္က်ၿပီ အခုလုပ္ေတာ့ ”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာ ထင္ေပၚလည္း႐ြာသားမ်ားႏွင့္အတူ ထြက္သြားကာ ႐ြာသူ႐ြာသားမ်ားကိုအိမ္အျပင္မထြက္ဖို႔ ေအာ္ေျပာရင္း ႐ြာေထာင့္ေတြမွာ အင္းျမဳပ္လိုက္ျမဳပ္ေလသည္။ ထင္ေပၚလည္း ႐ြာေထာင့္သုံးေထာင့္တြင္ အင္းျမဳပ္ၿပီး ေနာက္ဆုံးေထာင့္အေရာက္တြင္ အရိပ္မဲမဲမ်ားက ေလေပၚမွအလွ်င္အျမန္ေျပးလာေလသည္။ ထင္ေပၚလည္း အင္းျဖင့္ပစ္လိုက္ရာ ထိုအရိပ္မဲမဲမ်ား အေနာက္သို႔ျပန္ေျပးသြားေလသည္။
ထင္ေပၚလည္အခ်ိန္မဆြဲပဲ ေျမႀကီးကိုတူးကာ အင္းကိုျမဳပ္လိုက္ေလသည္။ ထို႔ေနာက္ အင္းႏႈိးဂါထာ႐ြတ္လိုက္ရာ အင္းျမဳပ္ထားေသာေနရာမွ ေငြေရာင္ အလင္းတန္းေလးမ်ားေပၚထြက္လာၿပီးအျခားေထာင့္ဘက္ဆီသို႔သြယ္တန္းသြားေလသည္။ ထို႔ေနာက္ ႐ြာအလည္သို႔ျပန္လာၿပီး တန္ျပန္အင္းကိုျမဳပ္ထားလိုက္သည္။
ထင္ေပၚလည္းလုပ္စရာမ်ားၿပီးစီးသြားေသာေၾကာင့္ ဆရာျဖစ္သူထံသို႔ျပန္လာခဲ့ေလသည္။ ေမာင္ေရခဲက ထင္ေပၚအား
” အေျခအေနက ေတာ္ေတာ္ဆိုးမွာ လာ႐ြာအျပင္သြားၾကရေအာင္ ေႁမြတြန္သံေတြၾကားေနၿပီ ”
” ဟုတ္ ဆရာ ႐ြာအျပင္သြားၾကတာေပါ့ ”
ထိုသို႔ေျပာၿပီး ငါးေယာက္သား ႐ြာအျပင္သို႔ထြက္လာခဲ့ေလသည္။ေမာင္ေရခဲက
” ႐ြာသားေတြက ႐ြာစည္းထဲမွာပဲေနပါ က်ဳပ္တို႔လုပ္တာကိုၾကည့္ေနပါ ဘာျဖစ္ျဖစ္ေၾကာက္ၿပီးမေျပးပါနဲ႔ ဘာမွမျဖစ္ေစရဘူး က်ဳပ္အာမခံပါတယ္ ”
ထိုသို႔ေျပာၿပီး အေဝးသို႔လွမ္းၾကည့္ေနေလသည္။ ေမာင္ေရခဲၾကည့္ေနေသာ ေနရာမွ ဧရာမ ေႁမြနက္ႀကီးတစ္ေကာင္ လွ်င္ျမန္စြာေရာက္ရွိလာၿပီး မိန္းမတစ္ဦးအသြင္ေျပာင္းကာ
” ဆရာက ဒီက႐ြာလူေတြကို ကာကြယ္ေပးေနတာသိတယ္ ဒီကိစၥကို ဆရာေလးတို႔ ဝင္မပါရင္ေကာင္းမယ္ ”
” မဟုတ္ေသးဘူး အသင္ရဲ႕ဥေတြကို ႐ြာကလူေတြက မရည္႐ြယ္ပဲကိုင္မိရင္းဖ်က္ဆီးသလိုျဖစ္သြားတာ သင္ေမတၱာထားၿပီး ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္ ”
” ဒီမွာဆရာ ဆရာ့ကို႐ိုေသေလးစားလို႔ ဒီကိစၥမွာဝင္မပါဖို႔လာသတိေပးတာ ကြၽဳႏ္ုပ္ ဒီ႐ြာကို ဒီညအၿပီးေဖ်ာက္ဖ်က္ပစ္မွာ ဆရာတို႔ ဝင္မပါပါနဲ႔ ”
” သင့္ရဲ႕ကို က်ဳပ္က ေမတၱာထားၿပီးခြင့္လႊတ္ေပးဖို႔ ေမတၱာရပ္ခံေနတာပါ သင္ကဇြတ္လုပ္ရင္ က်ဳပ္ကမရ ရေအာင္တားရမွာပဲ သင္ခြင့္လႊတ္လိုက္ပါ ”
” လုံးဝခြင့္မလႊတ္ႏိုင္ဘူး ဆရာပါဝင္ပါေနရင္ဆရာ့ကိုပါသတ္ရလိမ့္မယ္ ဆရာဝင္မပါခ်င္နဲ႔ ”
ထိုမိန္းမႀကီးစကားက တျဖည္းျဖည္းမာေက်ာလာၿပီး ေမာင္ေရခဲကိုပင္ အမိန႔္ေပးေနေလသည္။ ေမာင္ေရခဲက
” က်ဳပ္တို႔က ဒီပညာကိုသင္ထားတဲ့ရည္႐ြယ္ခ်က္က ခုႏွရက္သားသမီးေတြကို ကူညီကယ္တင္ဖို႔ပါ ”
” ဒါဆိုလည္း ဆရာ့ကိုေနာက္ဆုံးအေနနဲ႔သတိေပးမယ္ ဒီကိစၥကိုဝင္မပါပါနဲ႔ ဝင္ပါေနရင္ က်ဳႏ္ုပ္အဆိုးမဆိုနဲ႔ ”
” ဒါဆိုလဲ သင္ ႐ြာကိုေႏွာင့္ယွက္လို႔ရေသးလားအရင္စမ္းၾကည့္လိုက္ပါဦး ”
ေမာင္ေရခဲက ထိုသို႔ေျပာလိုက္ရာ ထိုမိန္းမႀကီးလဲ ေႁမြပုံျပန္ေျပာင္းကာ ကိုယ္ခႏၶာအားေခြလိုက္ၿပီး ပါးပ်ဥ္းေထာင္ကာ ပါစပ္ထဲမွ အခိုးအေငြ႕မ်ားျဖင့္မႈတ္ေလသည္။ ေလးကြက္အင္းအစြမ္းေၾကာင့္ အခိုးအေငြ႕မ်ား ေရွ႕ဆက္မသြားပဲ ရပ္တန႔္ေနသည္။ ေႁမြမႀကီးလည္း စိတ္တိုကာကိုယ္ပြားမ်ားထုတ္ၿပီး ႐ြာကို ထိုးေဖာက္ေလသည္။ ထင္ေပၚျမဳပ္ထားေသာ အင္းမ်ားမွ အလင္းတန္းမ်ား ေပၚလာၿပီး ၿခံစည္း႐ိုးကဲ့သို႔ ႐ြာအား ကာရံထားေလသည္။
ကိုယ္ပြားေႁမြမ်ားလည္း စည္းအတင္းထိုးေဖာက္ေလရာ ေခါင္းျပတ္သြားရသည္ခ်ည္း။ ေခါင္းျပတ္သြားေသာေႁမြမ်ားမွာ ေခါင္းမပါပဲဆက္တိုးေလရာ စည္းႏွင့္ထိသည္ႏွင့္ျပတ္က်သြားၾကေလသည္။ ေႁမြပြားမ်ား ကုန္သြားသည္ႏွင့္ေႁမြမႀကီးက ႐ႊီး ခနဲေအာ္လိုက္ရာ ဦးေခါင္းအထက္မွ အေမာက္မ်ားထြက္လာေလၿပီး ႐ြာစည္းအားမီးျဖင့္မႈတ္ေလသည္။
ေႁမြမႀကီးမႈတ္လိုက္ေသာ မီးအရွိန္ေၾကာင့္ ေဘးမွသစ္ပင္မ်ား ခ်က္ခ်င္းညိဳးႏြမ္းေျခာက္ေသြ႕သြားေလသည္။ သို႔ေသာ္ ႐ြာစည္းအား မတိုးႏိုင္ေပ။ ေမာင္ေရခဲက
” အခုလိုဆက္တိုက္ေနရင္ သင္ပဲထိလိုက္နာက်င္ရလိုက္မယ္ ဒီစည္းေတြကပ်က္မွာ မဟုတ္ဘူး..သင္လက္ေလွ်ာ့လိုက္ေတာ့…”
ေမာင္ေရခဲက ထိုသိုျေျာလိုက္ရာ ေႁမြမႀကီးကေမာင္ေရခဲတို႔အား မီးျဖင့္ ႐ုတ္တရက္မႈတ္ေလသည္။ အသင့္ေစာင့္ေနေသာ ထင္ေပၚက တန္ျပန္အင္းျဖင့္ ကာထားလိုက္ရာ ေႁမြမႀကီးမႈတ္လိုက္ေသာမီးမ်ား ေရွ႕ဆက္မတိုးပဲ ရပ္တန႔္ေနၿပီး ေနာက္ျပန္လွည့္သြားကာ ေႁမြမႀကီးအားျပန္ထိသြားေလသည္။ ေမာင္ေရခဲက
” သင္ေခါင္းမမာေတာ့နဲ႔ သင့္ကိုက်ဳပ္ေနာက္ဆုံးေျပာမယ္ သင္ခြင့္လႊတ္မလား နတ္မင္းႀကီးေတြထံအပ္ႏွံရမလား ”
” အို ဆရာ ဘယ္လိုပဲေျပာေျပာ က်ဳႏု္ပ္ကလက္စားေခ်ရလိမ့္မယ္ ကြၽႏု္ပ္လက္မေလွ်ာ့ႏိုင္ဘူး ”
” ဒါဆိုလည္း သင့္အစြမ္းကိုထပ္ျပၾကည့္ပါဦး က်ဳပ္ခြင့္ျပဳပါတယ္ သင္ဘယ္ေလာက္ထိစြမ္းႏိုင္မလဲ ”
ေမာင္ေရခဲက ထိုသို႔ေျပာလိုက္ရာ ေႁမြမႀကီးက ေမာင္ေရခဲႏွင့္ထင္ေပၚကို ရစ္ပတ္ရန္ေရွ႕သို႔တိုးဝင္လာေလသည္။ ေမာင္ေရခဲလည္း ေႁမြခ်ဳပ္အင္းျဖင့္ ပစ္လိုက္ရာ အင္းက အေပၚသို႔ျပန္တက္သြားၿပီး ေ႐ႊေရာင္ အလင္းတန္းမ်ားက်လာကာ ေႁမြမႀကီးကို ဖမ္းခ်ဳပ္လ်က္သားျဖစ္ကာ လူ႔အသြင္ေျပာင္းသြားေလသည္။ ေမာင္ေရခဲက
” သင့္ကို က်ဳပ္အခု နတ္မင္းႀကီးေတြဆီပို႔လိုက္လို႔ရတယ္ ဒါေပမဲ့ သင့္ကိုအျပစ္ဒဏ္ေတြမခံေစခ်င္လို႔ ေမတၱာရပ္ခံေနတာ သင္ကလက္မခံဘူး ”
” ဒီမွာဆရာ ဆရာလုပ္ခ်င္လိုလုပ္လို႔ရတယ္ က်ဳႏု္ပ္က ဒီ႐ြာကို ရေအာင္ဖ်က္ဆီးမယ္ ဟင္း ”
ထိုသို႔ေျပာၿပီး ေ႐ႊေရာင္ႀကိဳးမ်ားအား အားျဖင့္႐ုန္းလိုက္ရာ ေ႐ႊေရာင္ႀကိဳးမ်ားျပတ္ေတာက္သြားေလသည္။ ထို႔ေနာက္ေမာင္ေရခဲတို႔ထံသို႔ တိုးဝင္လာျပန္ေလသည္။ ဒီတစ္ခါမွာ နဂါးမင္းသမီး သီရိမာလာေရာက္လာၿပီး
” အံမာ… ေႁမြမိစာၦမ သင္က ငါ့ဆရာကိုေတာင္ရန္ျပဳေနပါလား သင္အသက္ေသဖို႔ျပင္ထား ”
ထိုသို႔ေျပာၿပီး နဂါႀကီးအသြင္ေျပာင္းကာ ေႁမြမႀကီးအားတိုက္ခိုက္ေလေတာ့သည္။ ေႁမြမႀကီးႏွင့္နဂါးမင္းသမီးမွာ ခႏၶာကိုယ္ခ်င္း မကြာလွေပ။ ထို႔ေၾကာင့္ ေႁမြမႀကီးက ျပန္လည္ရစ္ပတ္ၿပီး နဂါးမင္းသမီးအား ျပန္လည္တိုက္ခိုက္ေလသည္။
နဂါးမင္းသမီးလည္း ေႁမြမႀကီးအား ရစ္ပတ္ထားရာမွ ကိုယ္ခႏၶာအားဆန႔္တန္းလိုက္ရာ နဂါးအေၾကးခြံမ်ားေၾကာင့္ ေႁမြမႀကီး ဒဏ္ရာမ်ားစြာ ရရွိသြားေလသည္။ နဂါးမင္းသမီးလည္း ေႁမြမႀကီး၏ေခါင္းကို နဂါးမီးျဖင့္ မႈတ္ရန္အ႐ြယ္ ဩဇာအာဏာျပည့္နက္ေသာအသံတစ္ခုက
” ရပ္စမ္း သင္တို႔ႏွစ္ေယာက္လုံး ဒီလိုဆက္တိုက္ေနရင္ အသက္ေတြပဲဆုံးရံႈးရမယ္ လူ႔အသြင္ေျပာင္းၾကစမ္း ”
အသံပိုင္ရွင္မွာ ေမာင္ေရခဲျဖစ္ၿပီး နဂါးႏွင့္ေႁမြလည္း လူ႔အသြင္ေျပာင္းသြားလိုက္ၾကေလသည္။ ထို႔ေနာက္ေရခဲက ေႁမြမႀကီးအား
” သင္ေသခ်ာၾကည့္ထားပါ သင့္ဥေတြအေကာင္ေပါက္ႏိုင္လား မေပါက္ႏိုင္လား ေသခ်ာၾကည့္ထားပါ ”
ထိုသို႔ေျပာၿပီး ဘယ္လက္ဝါးအား အေရွ႕သို႔တိုးၿပီး ျဖန႔္လိုက္ရာ စက္ဝိုင္းသဏ္႑န္အလင္းတန္းတစ္ခုထဲမွ ႐ုပ္ရွင္ျပေနသလို အရာတစ္ခုအားျပေနေလသည္။ ထို႔ေနာက္ ေႁမြမႀကီးက ဒူးေထာက္ခ်လိုက္ၿပီး
” က်ဳႏု္ပ္ ေဒါသအေလွ်ာက္ လူ႔အသတ္မ်ားစြာ သတ္ခဲ့မိၿပီ ဆရာ့ကိုလည္းရန္လိုလဲ့မိၿပီး မႀကံစည္အပ္တာကိုလည္း ႀကံစည္မိၿပီ က်ႏု္ပ္ကို နတ္မင္းႀကီးေတြထံ အပ္န႔ွခ်င္အပ္ႏွံပါ ဆရာ့ေသဘာပါ ”
” မိခင္ေမတၱာစိတ္ေၾကာင့္ မွားခဲ့တာပဲ ကိစၥတစ္ခုကိုေဆာင္႐ြက္ေတာ့မည္ဆိုလွ်င္ ကိုယ့္မွာရွိေနတဲ့ဉာဏ္အစြမ္းနဲ႔ယွဥ္ၾကည့္ပါ ”
” ဟုတ္ကဲ့ပါ ဆရာ က်ဳႏ္ုပ္ကိုခြင့္လႊတ္ေပးပါ ”
” ကြၽဳႏု္ပ္က ခြင့္လႊတ္ၿပီးသားပါ ေနာက္ဆို အျပစ္အမွားေတြ မက်ဴးလြန္မိေအာင္ေနပါ အခု သင္လိုရာသြားႏိုင္ပါၿပီ ”
ေမာင္ေရခဲက ထိုသို႔ေျပာလိုက္ရာေႁမြမႀကီးလည္း ေမာင္ေရခဲအားအ႐ိုအေသေပးကာ ေႁမြသ႑ာန္ေျပာင္းကာ ထိုေနရာမွထြက္ခြာသြားေလသည္။ နဂါးမင္းသမီးသီရိမာလာက
” ဆရာမို႔ အဲ့ေလာက္အေလွ်ာ့ေပးၿပီးခြင့္လႊတ္ေပးေနတာ ေႁမြမိစာၦဆိုတာ ကတိတည္တဲ့သူမဟုတ္ဘူး ”
” အခုလို က်ဳပ္ကိုလာၿပီးကူညီလို႔ ေက်းဇူးတင္ပါတယ္ သူ႔ကိုအေလွ်ာ့ေပးတယ္ဆိုတာကလည္း မနာက်င္ေစခ်င္လို႔ပါ ေမတၱာသည္သာ စြမ္းအားအႀကီးမားဆုံးမဟုတ္လား ”
” ဆရာ့ေမတၱာ တရားကႀကီးမားလွပါတယ္ ဆရာအခက္ေတြ႕ေနမွန္း ၾကားသိရလို႔လာၿပီးကူညီတာပါ ”
” နဂါးမင္းသမီးကိုပင္ပန္းေစခဲ့ၿပီပဲ ကဲကဲ နဂါးမင္းသမီးရဲ႕ေမာင္ေလးနဲ႔စကားေျပာလိုက္ဦး ထင္ေပၚငါသြားႏွင့္ၿပီေနာ္ ”
ထိုသို႔ေျပာၿပီးေမာင္ေရခဲက ႐ြာထဲသို႔ဝင္သြားေလသည္။ ႐ြာသားမ်ားကလည္းေမာင္ေရခဲအေနာက္သို႔လိုက္ျပန္သြားၾကေလသည္။ နဂါးမင္းသမီးက
” ေမာင္ေလးထင္ေပၚေတာင္ ပညာအေတာ္စုံၿပီး လူပ်ိဳႀကီးျဖစ္ေနပါေရာ့ ခ်စ္သူရည္းစားေတြရေနၿပီလား ”
” မမသီရိကလည္း ကြၽန္ေတာ္ကဆရာနဲ႔ပဲပတ္သြားေနရတာေလ ဘယ္ကခ်စ္သူရည္းစားရွိရမွာလဲ ”
” ဟုတ္ပါၿပီကြယ္ မမကစတာပါ ေမာင္ေလးတို႔ ဒီ႐ြာသားႏွစ္ေယာက္သကၤန္းဝတ္ၿပီးတဲ့အထိ ေနရမယ္မဟုတ္လား ”
” ဟုတ္တယ္မမ..ဘာလို႔လဲဗ်..”
” ေရာ့ဒီပစၥည္းကို ဆရာေရခဲဆီအပ္ၿပီး အလႉအတန္းလုပ္ၿပီး မမတို႔ေတြကိုလည္းအမွ်ေဝေပးပါ မမျပန္ေတာ့မယ္ ”
ထင္ေပၚအား နီရဲေနေသာ ပတၱျမားကိုေပးၿပီးျပန္သြားေလသည္။ ထင္ေပၚလည္း ဆရာျဖစ္သူအား ျပန္အပ္လိုက္ရာ
” ဒါအဖိုးထိုက္တဲ့ ပတၱျမားပဲ ဒါကို ၿမိဳ႕မွာေရာင္းၿပီး အလႉလုပ္ရာမွာ ကုန္က်မည့္အရာကိုဝယ္ရမယ္ ”
” ဒါဆို ဆရာသြားေရာင္းမွာလား တန္ဖိုးဘယ္လိုျဖတ္မွာလဲဆရာ ကြၽန္ေတာ္မသိလို႔ပါ ”
ထင္ေပၚကေမးလိုက္ေပမဲ့ ေမာင္ေရခဲက မည္သို႔မွ်ျပန္မေျဖပဲ မ်က္လုံးစုံမွိတ္ကာ တရားထိုင္ေနလိုက္သည္။ ေနာက္ေန႔မနက္မွာေတာ့ ေမာင္ေရခဲက ေငြစကၠဴ လြယ္အိတ္တစ္လုံးစာကို ႐ြာသားမ်ားအားေပးလိုက္ေလသည္။
” ဒီ႐ြာမွာ အလႉအႀကီးအက်ယ္လႉရမယ္ အျခားသကၤန္းဝတ္ခ်င္သူမ်ားကိုလည္း သကၤန္းဝတ္ေပးမယ္ ဒီေငြေတြက ကုန္က်စရိတ္အတြက္ပါ ”
” တို႔႐ြာေတာ့ အလႉႀကီးေပးႏိုင္ၿပီေဟ့ ”
ေမာင္ေရခဲ၏လႉဒါန္းေပးေဝမႉေၾကာင့္႐ြာသူ႐ြာသားေတြက ဝမ္းသာအားရျဖင့္ ေျပာၾကေလသည္။ ထိုေန႔တြင္ စာရင္းဇယားမ်ားလုပ္ကာ ႐ြာသူ႐ြာသားအခ်ိဳ႕ ၿမိဳ႕တက္ၿပီး လိုအပ္သည္မ်ားဝယ္ျခမ္းၾကေလသည္။ ထိုေန႔ညတြင္
” ဆရာ ဆရာေရခဲ လာပါဦး က်ဳပ္အကိုဘာျဖစ္ေနလဲမသိဘူး လာၾကည့္ေပးပါဦး သူ႔ကိုယ္သူလည္း တိုင္နဲ႔ေခါင္းနဲ႔ေစာင့္ေနတယ္ လုပ္ပါဦး ”
ေရးႀကီးသုတ္ျပာႏွင့္လာေျပာေသာ ႐ြာသားတစ္ဦးေၾကာင့္ထင္ေပၚက တဲအျပင္ထြက္ကာ
” ကြၽန္ေတာ့္ဆရာ တရားထိုင္ေနတယ္ ဘာျဖစ္လို႔လဲ ”
” ဒီလိုပါ က်ဳပ္အစ္ကို ညေနကတည္းက မူမမွန္ျဖစ္ေနတာ ေစာေစာက က်ဳပ္အေမဘုရားရွိခိုးေတာ့ ထေသာင္းက်န္းေတာ့တာပဲ ဒီ႐ြာရဲ႕အလႉကိုဖ်က္မယ္လို႔လဲေျပာေနတယ္ ”
” ဟာ ဒါဆို ဆရာ့ကိုေစာင့္ေနလို႔မျဖစ္ဘူး ကြၽန္ေတာ္လိုက္ခဲ့မယ္ ခဏေစာင့္ ”
ထင္ေပၚလည္း ဘုရားဦးတိုက္ကာ ဆရာျဖစ္သူကို ဦးတိုက္ၿပီး စိတ္ထဲမွ ခြင့္ေတာင္းလိုက္ေလသည္။ ထို႔ေနာက္ ေဆးလြယ္အိတ္လြယ္ကာ
” လာသြားမယ္ ဘယ္ဘက္လဲ ”
” ဒီဘက္ပါ ဆရာ အခုခ်ိန္ေသြးရဲသံရဲျဖစ္ေနေလာက္ၿပီ ”
ထိုသို႔ေျပာကာ ေရွ႕ကေန အလွ်င္အျမန္သြားေလသည္။ ခဏမွ်ေလွ်ာက္ၿပီးေသာ အိမ္တစ္အိမ္ေရွ႕တြင္ရပ္ကာ
” ဒီအိမ္ပါဆရာ အထဲမွာၾကမ္းေနၿပီ လာပါအထဲဝင္ဆရာ ေတြ႕လား ၾကမ္းေနၿပီ ”
ထင္ေပၚလည္း အိမ္ကိုအ႐ုံစိုက္ၿပီးၾကည့္လိုက္ရာ ႏႈတ္မွ တစ္စုံတစ္ခုအား ေရ႐ြတ္လိုက္ေလသည္။
” ဘီလူးမိစာၦ ”
(ေနာက္အပိုင္းမွာ ထင္ေပၚ ဆရာျဖစ္သူမပါပဲ ဘီလူးမိစာၦအား ဘယ္လိုႏွိမ္နင္းၿပီး အက်ိဳးဆက္က ဘာျဖစ္မလဲေစာင့္ၾကည့္ေပးပါဦးေနာ္။စာဖတ္သူမ်ားကိုခ်စ္ေသာခြန္း…စာမူလက္ေဆာင္ေပးေသာေတဇအားအထူးေက်းဇူးတင္ပါသည္။အားေပးဖတ္ရႈသူအေပါင္း ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ…)
# ၿပီး
# ခြန္း