မုန့်ပေးခေါသောဗိုက်ကြီးသည်

*မုန့်ပေးခေါ်သော ဗိုက်ကြီးသည်*📖📖📖
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ဖြစ်ရပ်မှန်

******************

” ခင်မေ မိန်းမ အထုပ်ပိုးပြင်ဆင်
ပြီးပလား မင်းသားကိုရော သေချာ ခေါ်ခဲ့
ငါတို့ မင်းလှ ရွာက ဆွေမျိုးတွေဆီ
သွားဖို့ နောက်ကြနေမယ်။
အဲ့ရွာကိုရောက်ရင် မှောင်နေမယ် အဲသည်ရွာ
ကို နေမဝင်ခင် နေရဲ့ အလင်းရောင်ရှိတုန်း
ရောက်အောင် သွားမှကွ ပြီးတော့ လူကြီးတွေ
ကအကြောင်းမဟုတ်ဘူးကလေးငယ်ကပါ
သေးတယ်။ မှောင်မှ ရောက်လို့မဖြစ်ဘူး မြန်မြန်
လုပ်ကွာ ….”

“အေးပါတော် ကို မင်းဆွေကလည်း
ပြီးတော့မယ် ..ကလေးပစ္စည်းပါအောင်တော့
ယူမှရမယ်..လမ်းရောက်မှ ဟိုပစ္စည်းလို ၊
သည်ပစ္စည်းလိုနဲ့ ပြန်ယူလို့ရတာမဟုတ်ဘူး
တကယ်တည်းမှပဲ ကဲကဲ ပြီးပြီ သွားကြစို့
ကိုမင်းဆွေ ရှင်ရော လိုတဲ့ပစ္စည်းစုံလင်အောင်
ထည့်လာခဲ့ဦး..”
“အေးထည့်ပြီးတာကြာပြီ မင်းတို့စောင့်နေတာ”
“ရှင်ကလည်း နည်းနည်းမှ စိတ်မရှည်ဘူး
တကယ်ပါပဲ”

“ဖြိုး သက်၊ သားလေး လာလာ အမေ့လက်ကို
သေချာကိုင်နော် မလွှတ်နဲ့ကြားလား”
“ဟုတ်မေမေ သားသေချာကိုင်ထားပါ့မယ်ဂျ”
ဖြိုးသက်လေး အသက်က ခုမှ လေးနှစ်သာရှိ
သေး၍ စကားက မပီချင်ဘူးရယ်..

******************

” ကိုမင်းဆွေ ကားလက်မှတ်ကိုဖြတ်လိုက်ဦး
ပြီးရင် ထိုင်ရမည့်နာမ်ပါတ်စဉ်ကို မြန်မြန်ရှာ
တော့ ..ကျူပ်တို့သားအမိ အရင်ဝင်ထိုင်နှင့်မယ်။
“အေးပါကွာ ထိုင်ခုံနာမ်ပါတ်( ..)..(..)..(..)
ကဲ နာမ်ပါတ်အတိုင်းဝင်ထိုင်လိုက် ”
ကိုမင်းဆွေတို့ မိသားစု သုံးယောက် နှင့်အခြား
ခရီးသည်များစီးလာသည့်( express )ကားကြီး
သည် မနက်ကတည်းက တစ်အိအိခုတ်မောင်း
လာရာ ညနေနွားရိုင်းသွင့်ချိန်တွင်.ကိုမင်းဆွေ
တို့ ရွာရှိသည့် ကားဂိတ်သို့ရောက်လာခဲ့ကြ
သည်ဖြစ်ရာ ကိုမင်းဆွေတို့မိသားစု ကားပေါ်မှ
ဆင်းနေခဲ့လေသည်။ အဲသည်နောက် ကားကြီး
သည် သူ့လိုရာခရီးသို့ ဆက်လက် ထွက်ခွာ
သွားပါတော့သည်။
ရွာတွေမှာက ဖုန်းအဆက်သွယ်လည်း
မရသေးတော့ ကိုမင်းဆွေတို့မိသားစုလေး
ကိုယ့်အထုတ်ကို ဆွဲကာခြေကျင်သာ
ပြန်လာခဲ့ကြသည်။ မင်းလှရွာလေးကို သွားနေ
သည့်အချိန်တောအတွင်းမှာ နွားရိုင်းသွင်းချိန်
လည်းဖြစ်နေတော့..အချိန်က မှောင်သည်ထက်
မှောင်နေပြီး မိသားစုသုံးဦး လက်နှိပ်ဓာတ်မီး
လေး.လက်က..ထိုးကာ မင်းဆွေက ရှေ့က
လျှောက်၍ ရွာသို့ တစ်ဖြည်း
ဖြည်း ဦးတည်ကာ လာခဲ့ကြသည်။

“ကိုမင်းဆွေ ရှင်ကလည်း ရှေ့ကနေ
ဖြည်းဖြည်းချင်း
လျှောက်ပါတော့ ကျွန်မတို့သားအမိ ရှင့်ကိုအမှီ
လိုက်ရတာ မောလာပြီ”
“အေးပါကွာ ငါက ပုံမှန်ပဲလျှောက်တာ မင်းက
မြန်တယ်ထင်နေတာပါ”

“ရှပ်…ရှပ်…..ရှပ်”
ဟင် နောက်က ဘယ်သူများပါလာတာလည်း
တစ်ရှပ်ရှပ်လိုက်လာတဲ့ခြေသံ ကြားတယ်။
ခြေသံကြားလို့ ..ခင်မေ တစ်ယောက်
နောက်သို့ ပြန်လှည့်ကြည့်မိရာ
နောက်လှည့်ကြည့်တော့..လူလည်းမရှိ၊
ကျွန်မ နားကြားများ မှာတာလား…မဟုတ်သေး
ပါဘူး …

ရှပ်…ရှပ်…ရှပ်

သေချာအောင.်နားစွင့်ကြည့်တော့ လူတစ်
ယောက်နောက်က ပါလာသလိုပဲ …
တစ်ရှပ်ရှပ်နဲ့ကြားနေရတုံး..

“ကိုမင်းဆွေ နေပါဦးတော့ ကျွန်မနောက်က
လူလိုက်လာသလို ခြေသံတွေ တစ်ရှပ်ရှပ်နဲ့
ကြားရတယ်။နောက်လှည့်ကြည့်တော့
ဘယ်သူမှ မတွေ့ရဘူး”
“ဟာ ခင်မေရာ ဟုတ်ရော ဟုတ်ရဲ့လားဟ
နေပါဦး မင်းတို့သားအမိ ရှေ့ကသွားငါ နောက်
ကနေ လိုက်ခဲ့မယ် ”
..ကိုမင်းဆွေ နောက်က
ခြေသံ ကြားရ မကြားရ သေချာနားစင့်လာနေ
သည်။ ခင်မေပြောတာ ဟုတ်မဟုတ်နားစွင့်
ကြည့်သည်ခြေသံက မကြားရပါ။
ဘာခြေသံမှာ မကြားရတော့ ခင်မေများ
နားကြားမှားသလားပေါ့…သူတွေးနေမိပြန်သည်

“ခင်မေရာ ငါတို့နောက်က ဘယ်သူမှာ မလိုက်
လာပါဘူးဟ ..မင်း..ကိုယ့်ခြေသံကို ပြန်ကြားရ
တာနေမှာပါ…”
“ဟာ.”.မဟုတ်ပါဘူးကျွန်မနားထဲမှာ
ပီပီပြင်ပြင်ကြားရတာပါရှင့်….”
ကိုမင်းဆွေလည် ခြေသံမကြားရတာ.သေချာ
တော့ လမ်းလျှောက်ရင်း ရှေ့သို့ ပြန်ရောက်
သွားပြန်သည်။

ရှပ်..ရှပ်..ရှပ်

“ဟယ် ကိုမင်းဆွေထပ် ကြားရပြန်ပြီတော့
တစ်ရှပ်ရှပ်နဲ့ လူတစ်ယောက်နောက်က
လိုက်လာသလိုမျိုး…”
“မေမေ …သား လမ်းလျှောက်တာ ညောင်းလာ
ပြီ ချီပေးမေမေ…”
သားလေးဖြိုးသက်က သူညောင်းလာ၍ထင်
သည်။ ခင်မေအား ချီခိုင်းနေလေသည်။
“,အေးအေး သားလေးအမေချီမယ်။”

“ဟမ် “ကလေးချီတော့ မကြားရပြန်ဘူး
မသင်္ကာလို့ ကလေးချကြည့်တော့ ခြေသံက
ုကြားရပြန်ရော ဒီခြေသံ ငါတစ်ယောက်ထဲပဲ
ကြားရသလားမသိပါဘူး…”

“ကိုမင်းဆွေ..ခြေသံက လူတစ်ယောက် နောက်
က လိုက်လာသလိုမျိ ကြားရတာ သေချာနေပြီ
တော့..ကျွန်မ မလိမ်ပါဘူးရှင်..ပြောရင်း
ဆင်းကြောတောင်ချမ်းလာသလိုပဲ”

“ခင်မေ ငါနောက်က ပြန်နားထောင်မယ်
နင်ရှေ့ကသွား”ခင်မေကုိရှေ့ကသွားခိုင်းပြီ
မင်းဆွေလည်း နောက်က ပြန်လျှောက်ကြည့်
သည်၊ ဘာခြေသံမှ မကြားရသောကြောင့်
ရှေ့ကသွားနေသည့် ခင်မေအား အော်ပြော
လိုက်မိသည်။
“မကြားရပါဘူးခင်မေရာ လာလာ
ရွာလည်းရောက်တော့မယ်မြန်မြန်သာ
လျှောက်စမ်းပါ”
ခင်မေတစ်ယောက် …ကံနိမ်းပြီးပဲ ကြားတာ
လားမသိ ခုထိ နောက်က ခြေသံက ကြားနေ
ရတုန်း..ထိုခြေသံသည် ရွာအထိ ပါလာတုန်းပဲ
ရွာထဲ ဝင်လာမှ မကြားရတော့တာပဲ..

.ဟော ဆွေမျိုးတွေရှိရာ အိမ်သို့ ဝင်လာခဲ့သည်။
ဆွေမျိုးတစ်ဦးမှ မြင်မြင်ချင်း မင်းဆွေတို့မိသားစု
ကို နုတ်ဆက်သည်။
“မင်းတို့ရောက်လာကြပြီလား ..နေပါဦးမင်းတို့
ဘယ်လမ်းက လာခဲ့တာလည်း…ဒီရွာရဲ့တောင်
ဖက်လမ်းက လာခဲ့ကြတာပါ ”
“ဘာ …”ဆွေမျိုးအိမ်က ဘဦးဆိုတဲ့လူက
အလန့်တကြားဖြေလိုက်တဲ့အသံကြောင့်
ကျွန်တော်တို့မိသားစုတောင် လန့်သွားသေး။

“ဗျာ ဘာဖြစ်လို့လဲဗျ မထိပ်သာမလန့်သာရှိ
ဲ့ လိုက်တာ ဘဦးရယ်”

“့ အေး မင်းတိုလာတဲ့လမ်းက သရဲအရမ်း
ခြောက်တယ်ကွ မင်းတို့ တစ်ခုခု ထူးခြားမလာ
ဘူးလာ။”
“ဘာ ဘယ်လို သရဲခြောက်တယ်ဟုတ်လား
ဘာကြောင့်လည်းဗျ ကျွန်တော်တို့လာတော့
ကျွန်တော်တို့ နောက်က လူတစ်ယောက်
နောက်က လိုက်လာတဲ့ အသံလိုလိုတော့
ကြားရတယ်ပြောတာပဲ
ကျွန်တော့မိန်းမပဲ ကြားရတာ..သူနောက်က
တစ်ရှပ်ရှပ် လိုက်လာတယ်ပြောတာပဲ ကျွန်
တော်တော့ ဘာခြေသံမှ မကြားရဘူး…
တစ်ခါတစ်ခါဆို အဲသည် ခြေသံက အဝေးက
နေပြေးလိုက်လာတဲ့အသံလိုမျိုးတောင် ကြားရ
တယ်ပြောတာပဲ…”
“အေးကွ အဲ့ဘက်လမ်းက ရွာသားတစ်ဦး
လယ်ထွန်စက် ကြိတ်မိပြီး သေထားတာ
မကြာသေးဘူးကွ ….သူက မကျွတ်ပဲ လာသမျှ
လူကို လိုက်လိုက်ခြောက်နေတာတဲ့လေ..
တော်သေးတာပေါ့ မင်းတို့မိသားစုကို
အန္တရာယ်တစုံတရာမပေးလို့..
အေးအေး မင်းတို့လည်း .ပင်ပန်းလာရောပေါ့
ခဏနား ပြီးတော့ ညစာ စောစောစား အိပ်ယာ
စောစောဝင်ကြ ဟုတ်ပီလား”
“ကောင်းပါပြီဗျာ”

*¿¿*¿*************
ဟော အချိန်ကဆယ်နာရီတောင် ထိုးပါရော
လား…သားလေးက အိပ်ြပီး ခင်မေက မအိပ်ချင်
သေးတာနဲ့ အိမ်တံခါးပိတ်ပြီး ..အိမ်ထဲမှာ ဝိုင်းဖွဲ့
စကားပြောရင်း ရေနွေးကြမ်းသောက် စကား
ပြောနေသည့် ဆွေမျိုးတွေနားသွားကာ ထိုင်
နေသည်။ ဆွေမျုိ.များ.စကားပြောနေရင်း…
ထင်မှတ်မထားသော အိမ်တံခါးကြီးကို
သဲကြီးမဲကြီး တွန်းဖွင့်နေတဲ့ အသံကြားရ
ပါလေရော။

“ဒုန်းးး.. ဒုန်းးး.. .ဂျောက်ကလောက်..
ဂျောက်ကလောက်..ဂျောက်ဂျောက်..”

“ဟဲ့ဟဲ့ ဘာဖြစ်တာလည်း ဘယ်သူလည်း
အိမ်မတံခါးကြီးကို တွန်းဖွင့်နေတာ”

အားလုံးရဲ့ အကြည့်က ထိုတံခါးမကြီးဆီ
ရောက်သွားကြသည် ။ တံခါးကိုအပြင်က လူ
တစ်ယောက်တွန်းဖွင့်သလို တစ်ဝုန်း ဝုန်းနဲ့..
“နေနေ ကျွန်တော် မင်းဆွေ သွားဖွင့်ကြည့်
လိုက်မယ်..”.ဂျကလောက် ..တံခါးဖွင့်ကြည့်
သည်။ အပြင်ဘက်မှာ လူလည်းလည်း မတွေ့
ပါလား
..ဘယ်သူမှလည်းမရှိပဲ တံခါးတွန်းနေတာ
ဘယ်သူမှမရှိတော့…
တံခါးပြန်ပိတ် ပြီး ပြန်ဝင်ထိုင်လိုက်တယ်။
နောက်တစ်ခါ ..တံခါးကြီးကိုထပ်လူပ် ထပ်တွန်း
ပြန်ပေါ့ ..

ဒုန်းးး.. ဒုန်းးး..ဂျကလောက်..ဂျကလောက်…

“ဟာ ဘယ်သူများတွန်းနေတာလည်းမသိဘူး”
ဒီတခါ ခင်မေ ထ ဖွင့်သည်။ဂလောက်.
ဟင် !!..လူလည်းမရှ်ိပါလား ခွေးတစ်ကောင်
တော့.တွေ့တယ် မဟုတ်မှလွဲရော
ခွေးပဲ တွန်းတာနေမှာပါရှင်..
အိမ်ရှေ့လူမတွေ့တာနဲ့
ခင်မေလည်း အဖွဲ့ထဲ ပြန်ပြီးဝင်ထိုင်ပြန်ရော၊
ဝုန်းးး.. ဝုန်းးး..ဂျကလောက်.ဂျကလောက်
ဟင် တွန်းပြန်ပီ ခွေးပဲနေမှာပါရှင့်.ခုနက
အိမ်ရှေ့ ခွေးတစ်ကောင်တွေ့ခဲ့တယ်။
ဟာခွေးတွန်းရင် အောက်နားကပဲ လှူုပ်မှာလေ
ခုဟာက အပေါ်ကပဲ ဇွတ်ကြီး တွန်းဖွင့်သလိုမျိုး
ကြီး ..ဧကန်န လယ်ထွန်စက်ကြိပ်မိပြီးသေတဲ့
သူများ ကပ်ပါလာပြီး ခြောက်နေတာ
များလား..သူပဲနေမှာ
ဒီတစ်ခါလုပ်ရင် သွားမဖွင့်တော့နဲ့ဆိုပြီး ဘုရား
စင်က ရေမန်းနဲ့ အပြင်၊ တံခါးကိုဖွင့်လိုက်ပြီး
ရေမန်းနဲ့ပတ်ဖျန်းကာ ..တံခါးပြန်ဆွဲပိတ်လိုက်သည်။
“ကဲကဲ အားလုံးအိပ်ကြစို့ကွာ ညဉ့်လည်းနက်ပြီ”
ဆက္​၍
စကားမပြောကြတော့ပဲ အားလုံးအိပ်ယာဝင်
ခဲ့ကြသည်။ ..နောပ်ထပ် တံခါးကိုလည်း
လာတွန်းဖွင့်သံလည်းမကြားရတော့ဘူးရယ်။
နောက်နေ့တွေ ဖြိုးသက်လေး ရှင်ပြု.ပြီး
လေး.ငါ..ရက်နေတော့ မြို့ကိုပြန်လာခဲ့ကြ
တယ်။ ပြန်လာပြီး တစ်ပတ်နှစ်ပတ်လောက်
နေတော့ မင်းဆွေတို့မိသားစု.အိမ်သစ်ဝယ်ပြီး
ထိုအိမ်သစ်သို့ပြောင်းလာခဲ့ကြတယ်။
ီ သစ်သားနဲ့ဆောက်ထားတဲ့
နှစ့်ထပ်ပြင်ထောင်
်အိမ်လေးဝယ်ယူထားခဲ့ခြင်းဖြစ်သည်။
​..
အဲအိမ်က ကျယ်တော့ကျယ်သားရယ်
အဲခြံထဲမှာပဲ ဇီးဖြူပင် ၊ နံနံပင်၊ ပူစီနံပင် ၊ အစုံ
စိုက်ထားသေး၊ နောက် မန်ကျည်းပင်ကြီး တစ်
ပင်လည်း ရှိနေသေးတယ်လေ..

*********

အိမ်သစ် ဝယ်တုန်းက သရဲခြောက်
တယ်ဆိုတာ မသိဘူးရယ်။ ဝယ်ပြီး
လ အနည်းငယ်ကြာလာတော့ ထူးခြားမူ
လေးတွေ ရှိနေတာနဲ့ ဘေးပတ်ဝန်းကျင်မေး
မြန်းကြည့်တော့မှ သရဲခြောက်တယ်ဆိုတာ
သိခဲ့ရတာပေါ့။ သရဲက ဗိုက်ကြီးသည်ဖြစ်ပြီး
မတော်တဆလှေခါးပေါ်ကပြုတ်ကျသေဆုံး
ခဲ့တာ ဖြစ်သည်။
သူက ကလေးကိုအရမ်းချစ်တာ ကလေးကုိ
လည်းစွဲပြီ်းသေသွားတာ ဖြစ်နိုင်တယ်ပြော
တယ်။ အိမ်ဝယ်ပြီးလာနေသူတိုင်း
ဆီကလည်း ကလေး
ကိုမကြာခဏ တောင်းတတ်တယ်လို့လည်း
အများက ကြားထားသေးတယ်ပြောတယ်။
ဒါကြောင့်ဒီအိမ်မှာ မနေရဲကြပဲ အဆင့်ဆင့်
ရောင်းပြေးကြရသည်ဟု နာမည်ကြီးနေသည်။
ကျွန်တော်တို့က မမေးမမြန်းပဲ ဝယ်ယူခဲ့ကြ
ခြင့်းဖြစ်သည်။ယခုတော့
သရဲခြောက်တယ်ဆိုတာ
သိနေတော့လည်း ဝယ်ပြီးသား
ဖြစ်နေတော့ မနေလို့ကလည်းမဖြစ်
လာမယ့်ဘေး ပြေးတွေ့ရုံပဲရှိတော့တာပဲ..

“မေမေ မုန့်စားချင်တယ်။ မုန့်ဝယ်ပေး..”
မိခင်ဖြစ်သူက ဖြိုးသက်လေး မုန့်စားချင်တယ်
ပြောတော့ ဟင်းစားစျေးသွားရင်းအပြန်မှာ
မုန့်ဝယ်လာခဲ့သည်။အဲထဲမှာ
ပီကေလည်း ပါလာခဲ့သည်။ဖြိုးသက်လေးက
..မုန့်ပဲ သရေစာတွေ ကုိ မြိန်ရေယှက်ရေ
စားနေသည် နောက်ဆုံးပီကေလေးတစ်ခုကိုပါ
အချိုကုန်သည်အထိ ဝါးစားပြီးနောက်
..ပီကေကို နှစ်ထပ်လှေကားပေါ ဗျစ်ဆို
ထွေးချလိုက်တော့ ပီကေလေးက လှေကား
ပေါ်မှာ တင်နေတာကို မသိပဲနဲ့..မခင်မေ
ထိုအရာကို
တက်နင်းမိလေသည်။ ခင်မေပီကေပေါ်
တက်နင်းမိတော့ ပီကေရဲ့ပုသဏ္ဍာန်က
မိခင်က၊
ကလေးငယ်တစ်ဦးကို နုိ့ချိုတိုက်ကြွေးနေသည့်
ပုံလေးဖြစ်နေတာကို ထူးဆန်အံ့သြစွာ
တွေ့ရတော့ခင်မေတစ်ယောက် ကြောင်
ကြည့်နေမိသည်။ ထိုအချိန်ဖြိုးသက်လေးက
မိခင်ဆီပြေးလာပြီး
“မေမေ သားနို့စို့ချင်တယ်မေမေ..”ပြောပြီး မိခင်
ရင်ခွင်ထဲ အတင်းတက်စို့နေလေရဲ့…
“မေမေ သားသား စားထားတဲ့ပီကေက
မေမေသားကို နို့တိုက်နေတာနဲ့တူနေတယ်။
ကြည့်ရိုက်မေမေ..ခ်ခ်” ကလေးကပြောပြီး
တစ်ခစ်ခစ်ရယ်နေလေသည်။
ဟင် ဒီကလေးလည်း ဒီပုံသဏ္ဍာန်မြင်တာပဲ
လား ထူးတော့ ထူးဆန်းနေသလိုပဲ…ခင်မေ
တွေးရင်းနဲ့ပင် သက်ပြင်းရှည်ကြီး တစ်ချပ်ဆွဲ
ကာ.ကလေးက နို့ဝသွား၍ ကလေးသဘာဝ
ဘေးအိမ်သို့သွားကာ ဘေးချင်းကပ်ရက်က
သူ့ကျောင်းဆရာအိမ်
သွားပြီး video သွားကြည့်နေသည်။
ခင်ပွန်းဖြစ်သူလည်း
အပြင်ကနေပြန်လာတယ်ထင်ပါရဲ့ ခြေသံ
ကြားနေရသည်။ပြီးတော့ အိပ်ယာဝင်ကာ
ဘေးမှာ ဝင်အိပ်ခဲ့သည်။
ခင်ပွန်းသည်အပြင်က
ပြန်လာတော့ ..ညအချိန်က ကိုးနာရီ ရှိသေး
သည်။ ခင်မေလည်း အိပ်တာနုိးတစ်ဝက်အိပ်
တစ်ဝက်ဖြစ်နေသည်။

*****************

ရှပ်…ရှပ်….ရှပ်..

ဗိုက်ကြီးသည် သရဲမသည်။ ထိုမိသားစုအိပ်
သည့်အခန်းထဲသို့ တစ်ရှပ်ရှပ် ဝင်လာလေသည်
ပြီးတော့ …ကိုမင်းဆွေဆီ ဦးတည်ကာ
တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ပြီးတော့
မင်းဆွေဘေးနားရပ်ကာ
ကိုမင်းဆွေ ခေါင်းကို ကိုင်မြှောက်နေ
သည်။ ထိုအချိန်ဘေးအိမ်မှ videoကြည့်
ပြန်လာသော ဖြိုးသက်လေးက
ကလေးသဘာဝ ဖအေမအေ
ကြားထဲ ဝင်အိပ်လိုက်သည်။
ထိုအချိန် ကိုမင်းဆွေ အိပ်နေရာမှ တစ်စုံတစ်
ယောက် သူ့ခေါင်းကြီး မ နေတာကို မသိစိတ်
ကြောင့် နိုးလာကာ ဆက်ခနဲ ..ထ ထိုင်ပြီး
အော်ပါလေရော..

“ဟဲ့ ခင်မေ ထ စမ်း..ထစမ်း နင်ငါ့ခေါင်းကို
ဘာလ ို့မ နေတာလည်း ..ဘာလုပ်နေတာ
လည်းဟာ..”

“ရှင် ”
ခင်မေအိပ်ချင်မူးတူး ထ လာလျှက်
“ရှင်ဘာ
တွေ ပြောနေတာလည်း ..ဘယ်သူက မ နေလို့
လည်း ရှင့်ခေါင်းကို မ လည်း မမဘူး ထိလည်း
မထိဘူး ကျွန်မတောင်..
ပင်ပန်းလို့အိပ်ပျော်နေတာကို”
ပြောပြီး ခင်မေလည်းပြန်လည်အိပ်စက်
ခဲ့တယ်။
မင်းဆွေလည်း ဇဝေဇဝါဖြစ်လျှက် သူ့ခေါင်းကို
တစ်ယောက်ယောက်မ နေတာတော
့ အသေချာကို ခံစားမိလိုက်တယ်။

ဝီးးးး…..ဖကျ………
ဟာ ဘာလည်းဟ ငါ့ဘေးကနေ ဖြတ်ပြေးသွား
တာ
“ဟင်”
် ဖြူးဖြူးအရိပ်ကြီးတစ်ခု ဗိုက်ကြီးသည်
ုိပုံသဏ္ဍာန်နဲ့ သရဲမက ဖြတ်ခနဲ အခြားခန်းဘက်
အူယား ဖားယား
ပြေးဝင်သွားတာကို တွေ့လုိက်ရတော့တာပဲ
ဒီလိုပြေးဝင်သွားတော့ ..ကိုမင်းဆွေလည်း
မြန်မြန် ထ လိုက်ကာ ဘုရားစင်မှ ရေမန်းတွေ
ယူ ပြီး သရဲမ ဝင်သွားသည့် အခန်းထဲကို
ပတ်ဖျန်းလိုက်ပါတော့တယ်။
ကလေးကလည်း ရှိနေသေး၍ သရဲမ အန္တရာယ်
ကရှိသေးသည်လေ။

ကလေးရှိနေတော့…သရဲမရဲ့ရန်က
ကာကွယ်ရန်လိုအပ်သည်လေ။
သရဲမလည်း ရေမန်းပတ်ဖျန်းပြီးကတည်းက
နောက်ထက် ပေါ်လာဦးမလား စောင့်ကြည့်
နေသေးသည်။ သူလည်းနောက်ထပ် ပေါ်မလာ
တော့တာနဲ့..မင်းဆွေတစ်ယောက်အိပ်ယာသို့
ဝင်အိပ်စက်ခဲ့သည်။
***************************

နောက်ပြီး ဖြိုးသက်လေးက နို့မပြတ်
သေးပေမဲ့ ခင်မေက ကိုယ်ဝန်နေ့စေ့လစေ့
ကြီးနဲ့ နောက်တော့ ခင်မေ ကလေးတစ်
ယောက် ထပ်ပြီးမွေးဖွားလာခဲ့သည်။
ကလေးက သမီးလေးဖြစ်သည်။
သည်တော့ ကလေးကနှစ်ယောက်မြောက်ခဲ့ပြီ
ခင်မေ သည် သမီးငယ်လေး
ငိုနေသည့်အတွက် သမီးငယ်ကုို ရင်ခွင်
ထဲ ထည့်ကာ နို့ချိုတိုက်ကြွေးရင်း
သမီးငယ်လေး အိပ်ပျော်သွားတော့
ပုခက်မှာ ထည့်ကာ သိတ်ထား
လိုက်သည်။ ညရောက်တော့ ..မိသားစု ထမင်း
စာကြ သောက်ကြ အားလုံးပြီးစီးသွားတော့
မိသားစုတွေ အိပ်ယာဝင်ခ်ဲကြပြန်သည်။

*************

နောက်သမီးငယ်လေး တစ်လပြည့်
တော့ ညနေဖက်ကြီး သမီးလေးပုခက်ထဲ
ထည့်ကာ သားကြီးကိုလွှဲခိုင်းထားလိုက်၏။
သားကြီးက ဘာဖြစ်တယ်မသိဘူး ရုပ်
တရပ်ကြီး ကလေးလွှဲရင်း ထင်မှတ်မထား
သည့် ထူးခြားမူကြီး ဖြစ်လာခဲ့သည်။
ထိုအရာကား….

” ဟေ့ကလေး ဟေ့ကောင်လေး
ငါနဲ့ လိုက်မလား
လိုက်ခဲ့ပါလား”

“ဟင်အင်
မလိုက်ဘူး
မလိုက်ချင်ဘူး”

” ငါမုန့်တွေအများကြီးကျွေးမယ် အများကြီးပဲ
ဟောဒီမှာ တွေ့လား မုန့်တွေ
ငါနဲ့ လိုက်ခဲ့ပါလား…လာပါ လာနေပါနော်
ကလေး”

“မလိုက်ဘူး..မလိုက်ချင်ဘူး မလိုက်ဘူး”

“ဟဲ့သား ဘာတွေအော်နေတာလည်း ဘယ်သူ
ကသားကို ခေါ်နေလို့ မလိုက်ချင်ဘူးအော်နေ
တာလည်း ဟင် ဖေဖေကို ပြောပါဦး”
.
“ဟိုမှာလေ ဖေဖေ မိန်းမကြီးတစ်ယောက်သား
ကို သူနဲ့ လိုက်မလားခေါ်နေတာ သားက
မလိုက်ချင်ဘူးလို့ပြောနေတာကို
ဇွတ်တင်းကြီး ခေါ်ပြီ သူနဲ့လိုက်နေရင် မုန့်
တွေအများကြီးကျွေးမယ်လို့ပြောနေတယ်လေ”

“ဘယ်မှာလည်းသားရဲ့ ဘယ်သူလည်း”
“ဟိုမှာလေ ဖေဖေ မမြင်ဘူးလား ဗိုက်ကြီး
သည်မိန်းမကြီး ”

ဟင် သားပြတာ ဟို ဗိုက်ကြီးသည် သရဲမပဲ
ဖြစ်မယ် ဒင်းက အတင့်ရဲလားကြီးလား ငါ့က
လေးကို လာခေါ်နေတာ နေနင့်ဦးပေါ့ သရဲမ
နင်ငါ့အကြောင်းကောင်းကောင်းသိစေရမယ်
ပြောပြီး သရဲမ ခိုကပ်နေတဲ့ ဆီးဖြူပင်ကြီးကို
အခြေကနေ ဘယ်သူမှ မခေါ်ပဲ ခုတ်လှဲပစ်ပါ
တော့တယ်။ သစ်ပင်ကြီး ခုတ်ပစ်ပြီး
ည10နာရီကြတော့ အိပ်ယာဝင်ကာ
အိပ်ခဲ့ကြပါတော့တယ်။
ည၂ရီလောက်ကြတော့ မင်းဆွေလည်း
တစ်ရေးနိုးလာလို့ အပေါ့ ပါးသွားခြင်လာတာ
နဲ့ အိမ်သာ သို့ သွားခဲ့သည်။ အိမ်ထောင့်က
မန်ကျည်းပင်ကြီးမှာ မီးမွားတွေ တစ်ဖွားဖွားကြ
နေတာကို သွားတွေ့တယ်။ ညက မှောင်နေ
တော့ မန်ကျည်းပင် ထိပ်မှာ ဖွာကြနေတဲ့ မီးမွှား
တွေက လင်းထိန်နေတာရယ်။
ဒါနဲ့ မင်းဆွေလည်း အသင့်ပါလာတဲ့ လက်နှိပ်
ဓာတ်မီးနဲ့ ထိုးကြည့်မိသည်။

“ဟင်”
ဘာမှလည်း မတွေ့ပါလား ခုနက မီးတွေ ဖွာ
ကြနေတာ ငါမျက်စိနဲ့ မြင်လိုက်တာအသေအချာ
ပဲကို ခု လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တော့
ဘာမှ ရှိမနေပါလား ..ဓာတ်မီးပိတ်ရင် မီးရောင်
တွေ့ရတယ်။ ထိုးကြည့်ပြန်ရင်မတွေ့ဘူး..စိတ်
တွေရူတ်လာတာနဲ့..အိမ်သာသွားပြီး ပြန်အိပ်
ခဲ့တယ်။…
နံနက်လေးနာထိုးလောက်ကြီးမှာတော့
ထူးခြားပြီး လူတစ်ယောက်က ဒေါသမီး
ပေါက်ကွဲနေသလို စိတ်ရှိသလို မီးဖိုထဲတွင်
အိုးခွက်ပန်းကန်များ ပစ်ပေါက်နေသည့်
အသံများကျယ်လှောင်စွာ ထွက်ပေါ်လာပါ
တော့သည်။

” ဝုန်းးးး..ဒုန်းးး.. .

“ခွမ်းး….”

“ဘုန်းးး..ဘုန်းးး”

အောင်မလေး ဟဲ့ဟဲ့ ဘာဖြစ်တာလည်းမသိဘူး
အောက်ထပ်က အသံဗလံတွေ ဆူညံနေတာပဲ
နေပါဦး ထ ကြည့် ဦးမှာပါ ကိုမင်းဆွေကြည့်
တော့ အိပ်မောကြနေတာနဲ့သူ့မနိုးတော့ပဲ
ကိုယ်တိုင် တုတ်
တစ်ချောင်းကို လက်ကကိုင်ဆွဲရင်းနဲ့
သူခို့လား…ခွေးတစ်ကောင်လား … သောင်း
ကြမ်းနေသော ..နေရာကို ခြေဖွနင်းကာ
လှေကားအတိုင်း မီးဖိုဆောင်ဆီသို့ တစ်လှမ်း
ချင်းဆင်းလာခဲ့သည်။ လက်ထဲက တုတ်ကို
လည်း …မလွတ်တန်းချိန်ရွယ်လျက်…
မီးဖိုချောင်ထဲ လှမ်းလာခဲ့သည်။.
“ဟင်!!”
အံ့သြစွာ ထိုအရာတွေကို ငေးကြည့်ရင်း စော
နက ဆူညံနေအောင် ကြကွဲသံများ..
ကြားလို့ ဆင်းကြည့်မိသည်။ ကျွန်မထင်တာက
ရစရာမရှိအောင် ကွဲကုန်ပြီလို့ထင်ထားခဲ့ပေမဲ့
မှန်းချက်နဲ့ နှမ်းထွက်က တက်တက်စင်အောင်
လွဲချော်နေတာကိုတွေ့ခဲ့ရတာပဲ မီးဖိုချောင်ထဲ
မှာရှိသည့်ပစ္စည်းများက ရူတ်ပွမနေပဲ ပစ္စည်း
များက သူ့နေရာနှင့်သူ ပုံမပျက်
ရှိနေတာကို အံ့သြစွာတွေ့ခဲ့ရတော့ …ကျွန်မ
ထိုအရာကို မသင်္ကာလို့ လူမမြင်နိုင်သည့်
နေရာကနေ တုတ်တစ်ချောင်းကိုင်ကာ
ထိုင်စောင့်နေခဲ့သည်။ တစ်အောင့်နေတော့
“ဝုန်း ..ဒုန်း…”
“ဟင်!!!”
အကွယ်ကနေ ကြည့်နေသည့် ကျွန်မ
ပစ္စည်းများအား ဒေါသကြီးပြီး ပစ်ပေါက်နေ
သော မိန်းမတစ်ဦးကို
တွေ့ရတော့ ချက်ခြင်းထ လာ ကာ
“ဟေ နင်ဘယ်သူလည်း ငါ့အိမ်ထဲ ဘာလို့ဝင်
နေတာလည်း ဘာလိုချင်တာလည်း..ပြော
ငါမေးနေတာ မကြားဘူးလား လက်ကလည်း
တုတ်ကြီးကိုချိန်ထားလျက် မေးသာမေးနေတာ
ဟိုဖက်က ပြန်မဖြေပဲ မျက်လုံးပြူးပြီး စိုက်
ကြည့်နေတာ သူ့ပုံက ဗိုက်ကြီးသည်တစ်ဦးဖြစ်
ဟန်တူသည်။ ပြီးတော့ သူ့ကြည့်ရတာ အသက်
မရူသလိုပဲ အေးစက်စက်အကြည့်တွေနဲ့
အသက်မပါသလို ဘာမှပြန်လည်ဖြေကြားခြင်း
မရှိပဲ သည်တိုင်း စိုက်ကြည့်နေသည်။
ကျွန်မ ထင်လိုက်သည်။ သည်ဗိုက်ကြီးသည်
က သာမန်လူမဖြစ်နိုင်ဘူးဆိုတာ ဒါနဲ့ကျွန်မ
လည်း..လက်ထဲက တုတ်နဲ့ အေးစက်
တောင့်တင်းစွာ ကြည့်နေသောထိုသရဲမကို
အားကုန်လွဲကာ လှမ်းပစ်ပေါက်လိုက်ပါ
တော့သည်။
“ဘုန်းးး”.
ပစ်ပေါက်လိုက်တဲ့အသံက သရဲမ ထိသွား
သည်ထင်ပါရဲ့ ဘုန်းဆိုတဲ့အသံကြားရပြီး
နောက်.ထိုိုသရဲမ ချက်ခြင်း
ပျောက်ကွယ်သွားပါတော့တယ်။
ပျောက်မှာပေါ့ အဲသည်တုတ်က ရေမန်းတွေ
ပတ်ဖျန်းထားသည့်တုတ်ဖြစ်နေတာလေ။
နောက်နှစ်ရက်လောက်နေတော့ အိမ်မက်ထဲ
မှာ သရဲမပေါ်လာပြီ နင်တိုမ်ိသားစုထဲက
ကလေးတစ်ယောက်ကို ငါလာခေါ်မယ်ဟု
ပြောပြီး ပျောက်ကွယ်သွားပါတော့တယ်။
အဲအိမ်မက်ကြောင့် သားကြီးကို ခေါ်သွားမည်
စိုးသောကြောင့်အိမ်မှာ မထားတော့ပဲ ဆွေမျိုး
အိမ်မှာ တစ်နှစ်လောက်ပို့ထားလိုက်ရသည်။
အိမ်ကုိတော့ ဘုန်းဘုန်းတွေပင့် ပရိတ်တွေ
ရွတ်လျက် ရေစက်ချအမျှဝေခဲ့ကြတယ်။
ရေစက်ချအမျှပေးဝေပြီးကတည်းက သရဲမရဲ့
ခြောက်လန့်မူကို မခံရတော့တာပဲ သူလည်း
ကျွတ်လွတ်သွားသလား…နေရာပဲ ပြောင်း
သွားသလားဆိုတာ သူသာလျင် သိနေပါလိမ့်
မည်။ အစွဲလမ်းကြီးတာ ကြောက်စရာ
တော်တော်ကောင်းပါလားနော်..အစွဲလမ်းကြီး
ပြီး သေသူတိုင်း အလျင်အမြန်ကျွတ်လွတ်နိုင်
ကြပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်လမ်း
လေး အဆုံးသတ်လိုက်ပါတယ်ရှင့်။

ပြီးပါပြီ ။

စာရေးသူ- ယဉ်မေမြင့်မိုရ်အားလေးစားလျက်

#Like&shareလေးနဲ့အားပေးသွားကြပါအုံး