သုသာန်ကအပြန် လေးဆယ့်ငါးရက်

Unicode Version

သုသာန်ကအပြန် လေးဆယ့်ငါးရက်
——————————————–
“ဘုတ် – ဘုတ် – ဘုတ်- ဘုတ်”
စက်လှေ ခုတ်မောင်းနေသည့် စက်သံမှ လွဲ၍ မည်သည့်အသံကိုမျှ မကြားရ။ ညဉ့်က တိတ်ဆိတ်နေသည်။ စက်လှေပေါ်၌ လူလေးဦးမျှသာ ရှိသည်။ တစ်ဦးက စက်လှေကိုသတိနှင့် ထိန်းမောင်းနေသည်။ တစ်ဦးက စက်လှေဦးပိုင်း၌ကွေးကွေးလေးအိပ်ပျော်နေသည်။တစ်ဦးကမလှုပ်မယှက် သတိမေ့မျောနေသည့်လူနာကိုစောင့်ရင်းငိုက်မြည်းနေသည်။
“မမသန်း … ကျွန်တော်တို့ ဒီဗောတံတားကို ကျော်လို့ မရတော့ဘူး။ ဗောတံတားကပိတ်ထားတယ်”
စက်လှေသမားလေးမှ လှမ်းပြောလိုက်သည့် စကားသံကြောင့် မသန်းစိန်ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ဟုတ်ပါသည်။ဗောတံတားကို ပိတ်ထားသဖြင့် စက်လှေ ရှေ့ဆက်ရန် မလွယ်ကူတော့ နံနက် (၅)နာရီမှ သာလျှင်မော်တော်များ၊စက်လှေများ၊ သမ္ဗန်များသွားရန်ဗောတံတားဖွင့်မည်
ဖြစ်သည်။
“အေး..ဟုတ်ပါရဲ့ညဉ့်နက်သန်းခေါင်ဖြစ်နေပြီးဆိုတော့ဗောတံတားက ပိတ်ထားပြီပေါ့။ဟဲ့…မောင်လေးခဏထဦး။စက်လှေဆက်သွားလို့မရတော့
ဘူး။ ဒီအနီးအနားကကမ်းကိုကပ်ပြီးခဏနားကြရအောင်၊စက်လှေမောင်း သမားလေးလည်းခဏအိပ်လို့ရတာပေါ့။ကမ်းပေါ်တက်ပြီးစက်လှေကြိုးကို
သင့်တော်ရာမှာ ချည်ထားလိုက်နော်”
မသန်းစိန်၏ ပြောစကားကြောင့် ကိုညိုမြင့် အိပ်ချင်မူးတူးဖြင့်ထ၍ စက်လှေကြိုးကိုဆွဲပြီးစက်လှေပေါ်မှကမ်းနဖူးသို့ခုန်တက်ကာစက်လှေကြိုး ကိုချည်လိုက်သည်။ထို့နောက်စက်လှေပေါ်သို့ပြန်တက်လာကာမသန်းစိန်
ကိုပြောလိုက်သည်။
“မမခဏ.. အိပ်လိုက်နော်။ ကျွန်တော်အမေ့ကိုစောင့်နေပေးမယ်” “မောင်လေးပဲ အိပ်ပါ။ မောင်လေးက အရမ်းပင်ပန်းနေပြီ။ မမပဲ ဆက် စောင့်နေမယ်”
မသန်းစိန်၏ပြောစကားကြောင့်ကိုညိုမြင့်သန်းဝေကာလူနာအနီးတွင် တစ်ရေးထပ်အိပ်လိုက်သည်။ စက်လှေသမားလေးကလည်း ပဲ့ပိုင်းတွင် ချထားသည့်မီးမှန်အိမ်အလင်းရောင်ဖြင့် သတိလစ်နေသည့်မိခင်ဖြစ်သူ၏ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။ အမေ့မှာ တုတ်တုတ်မျှမလှုပ်။ သတိ လစ်နေဆဲပင်ရှိသည်။ လူကသာ မလှုပ်သည်။ ဝတ်ထားသည့် ထမီအတွင်း ၌ ဝမ်းများသွားထားသည်မှာ တစ်ထည်ပြီးတစ်ထည်လဲပေးနေရသည်။ မသန်းစိန်သည် ဆီးဝမ်းများပေကျံနေသည့် ထမီများကို ချောင်းရေ အတွင်း၌ ဖွပ်လျှော်လိုက်သည်။ အူ-အူး-အူး “8-8-8:”
“ဖလပ်- ဖလပ်- ဖလပ်”
“ရှဲ-နှဲ-ရှဲ-ရှဲ”
ခွေးအူသံ၊ငှက်ဆိုးထိုးသံငှက်များထပျံသံကြောင့်မသန်းစိန်ကြက်သီး ဖျဉ်းဖျဉ်းထသွားသည်။ လမိုက်ည၏ညလယ်သန်းခေါင်မို့ပတ်ဝန်းကျင်ကို
မသန်းစိန် ဘာမှ မမြင်ရ။ အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးများ၏ ယိမ်းနွဲ့လှုပ်ရှား နေသည်ကို တရှဲရှဲ အသံကြားရရုံဖြင့် သိသာနိုင်သည်။ ထိုစဉ် စက်လှေဦးမှ ငြိမ့်ခနဲဖြစ်ကာ လှုပ်ခါသွားသည်။ မသန်းစိန် အသားများ တဆတ်ဆတ် တုန်အောင် ကြောက်လန့်သွားကာ စက်လှေဦးကို လှမ်းကြည့်လိုက်သည်။ စက်လှေဦး၌ မည်သည့်အရာကိုမျှ မတွေ့။
“အင်း-အင်း-ဟင်း-ဟင်း-ဟင်း”
“ဟော – အမေ့သတိရလာပြီနဲ့ တူတယ်” မသန်းစိန်မိခင်ကြီးဆီမှအသံကြားရသဖြင့်မိခင်ဖြစ်သူကိုကြည့်လိုက်
ရာ မိခင်ဖြစ်သူမှာ တအင်းအင်း ညည်းတွားကာ ထိုင်မည့်ဟန်ဖြင့် လှုပ်ရှား လာသည်။ မသန်းစိန် ကြောက်စိတ်များ ပြေပျောက်ကာ ဝမ်းသာအားရ ဖြစ်၍-
အမေ့-အမေ့-အမေ့
မိခင်ဖြစ်သူကို ခေါ်လိုက်သည်။ မိခင်မှာ ပြန်လည် ငြိမ်သွားပြန်သည်။ မိခင်ဖြစ်သူအား မသန်းစိန်၏ခေါ်သံကြောင့် အနီးတွင် အိပ်ပျော်နေသည့် ကိုညိုမြင့်နိုးလာကာ –
“မမ….အမေ့သတိရလာပြီလား”
“စောစောကတော့ သတိရလာသလိုပဲ အခုတော့ ပြန်ငြိမ်သွားပြန်ပြီ” “မမအမေ့ကို ကြည့်ရတာ သတိလစ်နေတာနဲ့ မတူဘူး။ အိပ်ပျော်နေ
သလိုပဲနော်”
“ဟုတ်တယ်မောင်လေး..အိပ်ပျော်နေသလိုပဲ။ လင်းရောင်ခြည်လည်း လာနေပြီ။ မမတို့ ဒီနေရာကနေ ခွာကြရအောင်၊ စက်လှေသမားလေးကို နှိုး လိုက်တော့နော်”
မသန်းစိန်က ပတ်ဝန်းကျင်ကို ကြည့်ရင်းမှ မောင်ဖြစ်သူကို ပြောလိုက် သည်။ လှေနှင့်မနီးမဝေးမှ အုတ်ဂူဖွေးဖွေးများနှင့် ကိုင်းညွတ်နေကြသည့် သစ်ပင်ချုံနွယ်ပိတ်ပေါင်းများကို လင်းရောင်ခြည်အောက်တွင် ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
မသန်းစိန်၏ ပြောစကားကြောင့် ကိုညိုမြင့်စက်လှေသမားကိုနှိုးကာ
စက်လှေပေါ်မှဆင်း၍ချည်ထားသည့်စက်လှေကြိုးကိုသွား၍ဖြေလိုက်သည်။ ထိုသောအခါမှစက်လှေကြိုးချည်ထားသည့်ငုတ်တိုင်မှာလူသေအလောင်း မြှုပ်ထားသည့်မြေပုံမှနာမည်ရေးထိုးထားသောငုတ်တိုင်ဖြစ်နေကြောင်းကို
မြင်တွေ့ရသည်။ ကိုညိုမြင့်က အစ်မဖြစ်သူကို မသိမသာ လှမ်းကြည့်လိုက် သည်။ မသန်းစိန်မှ မျက်စေ့ပျက်မျက်နှာပျက်ဖြင့် သူ့ကိုကြည့်နေသည်။ နံနက်ငါးနာရီထိုးနေပြီမို့ဘောတံတားဖွင့်ပြီဖြစ်ရာမသန်းစိန်တို့စက်လှေကို မောင်းထွက်ရန် စက်လှေသမားလေးက စက်လှေကို နိုးနေပြီဖြစ်သည်။ “မမမြန်မြန်လာပါအမေ… လေဖြတ်သွားတယ်”
မသန်းစိန် တစ်ကြောင်းတည်းသော စာလေးကိုဖတ်၍ အံ့ဩသွားရ သည်။ စာလာပို့သူအားကြည့်ကာ –
“ဘယ်လိုဖြစ်တာလည်းဟယ် – အမေပဲမောင်လေးဆီသွားတာအခုမှ ငါးရက်ပဲရှိသေးတယ်”
“ဆရာကိုညိုမြင့်ပြောပြသလောက်ကျွန်တော်သိရတာတော့ဒေါ်လေး
ဆရာကိုညိုမြင့်တို့ဆီ ရောက်တဲ့နေ့မှာ ခေါင်းလျှော်ရေချိုးရင်းနဲ့ မူးတယ် မူး တယ်ဆိုပြီး လဲမလို ဖြစ်သွားတယ်။ ဆေးဆရာခေါ်ပြီးဆေးကုလိုက်လို့ ပြန် ကောင်းသွားတယ်။ နောက်တစ်နေ့ညမှာ ညာဘက်တစ်ခြမ်းကို လေဖြတ် သွားတယ်။ ဘယ်ဘက်ကတော့နည်းနည်းလှုပ်လို့ရသေးတယ်။ သတိတော့ မရဘူး။ အဲဒါ့ကြောင့် ဆရာကိုညိုမြင့်က မမဆီကို အကြောင်းကြားခိုင်းလို့ ကျွန်တော်လာရတာပါ”
ရှည်လျားစွာအကြောင်းစုံပြောပြနေသူအားမသန်းစိန်မှင်တက်မိသလို ငေးကြောင် ကြည့်နေရင်းမှ သတိပြန်ဝင်လာကာ အဝတ်အစားများကို အိတ်ထဲထည့်၍ယူသင့်သည်များကိုယူကာမိခင်နှင့်မောင်ရှိရာအိမ်မဲမြို့နယ် ကန္နီလေးအိမ်တန်းရွာသို့ လာရောက် အကြောင်းကြားသူနှင့် လိုက်ပါသွား ခဲ့သည်။
မသန်းစိန်တွင်မွေးချင်းမောင်နှမသုံးယောက်ရှိသည်။အစ်ကိုဦးသာဒင်
နှင့် မသန်းစိန်က မွေးရပ်ဇာတိဖြစ်သည့် ကျုံပျော်မြို့နယ်တွင် နေထိုင်ကြ ကာ မောင်အငယ်ဆုံး ကျောင်းဆရာကိုညိုမြင့်မှာ ကန္နီလေးအိမ်တန်းရှိ ကျောင်း၌ တာဝန်ကျသည်။ ထို့နောက် ကိုညိုမြင့်မှာ တစ်ကျောင်းတည်း လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမတစ်ဦးနှင့်အိမ်ထောင်ကျကာ ကန္နီလေး
အိမ်တန်းတွင် အခြေချ နေထိုင်ကြသည်။
ဖခင်ကြီးကွယ်လွန်ပြီးနောက်မသန်းစိန်မှာအိမ်ထောင်ကျကာမိခင်ကြီး ဒေါ်သိန်းတင်နှင့်ပင် မခွဲမခွာ နေထိုင်ခဲ့သည်။ ယခုလည်း အငယ်ဆုံးသား ဖြစ်သူ မောင်ညိုမြင့်ကို အလွန်သတိရသည်ဆိုကာ မောင်ညိုမြင့်ရှိရာ ကန္နီလေးအိမ်စုရွာကို တစ်ယောက်တည်းသွားခြင်းဖြစ်သည်။ ဒေါ်သိန်း တင်က အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ဝန်းကျင် ရှိသော်လည်း ကျန်းမာသန်စွန်းသည်။ ထို့ကြောင့်မသန်းစိန်ကမိခင်ဖြစ်သူဒေါ်သိန်းတင်ကို စိတ်ချလက်ချ လွှတ်လိုက်ခြင်းဖြစ်သည်။ ယခုတော့ မထင်မှတ်သည့် ကိစ္စရပ်များပေါ်ပေါက်ခဲ့သည်။မောင်ဖြစ်သူဆရာကိုညိုမြင့်တို့ဇနီးမောင်နှံမှာ ကျောင်းကတစ်ဖက်၊ မိခင်လူမမာက တစ်ဖက်ဖြင့် အစ်မဖြစ်သူမသန်းစိန် ကိုအကြောင်းကြားလိုက်ခြင်းဖြစ်သည်။ ကိုညိုမြင့်ကလည်း စက်လှေငှား၍ လူမမာမိခင်အတွက် ခွင့်ဆယ်ရက်ယူကာ လိုက်ပါလာခဲ့သည်။ ကန္ဒီလေး အိမ်စုရွာမှ နံနက်စောစော ထွက်ခွာခဲ့ကြရာ ကျုံပျော်မြို့နယ် စက်ကြီး၊ ကန် ကလေး၊ ဘောတံတားအရောက်၌ ထိုသို့ တွေ့ကြုံရခြင်းဖြစ်သည်။ “ဒုတ်- ဒုတ် – ဒုတ်”
ကြားလိုက်သည့်အသံကြောင့်မသန်းစိန်အတွေးစပြတ်တောက်သွား ကာဘေးဘီကိုကြည့်လိုက်မိသည်။စက်လှေအထွက်စက်လှေမှာချုံနွယ်များ
နှင့်တိုက်မိသောကြောင့်ဖြစ်သည်။
ထိုသို့ဖြင့် မသန်းစိန်တို့ မိမိနေထိုင်ရာရွာကို နံနက်(၈)နာရီခန့်
ပြန်ရောက်ရှိသွားသည်။ မိခင်ကြီးဒေါ်သိန်းတင်မှာ အသက်မှန်မှန်ရှုလျက် အိပ်မောကျသကဲ့သို့ သတိလစ်နေဆဲပင်။ လူမမာဒေါ်သိန်းတင်အား ရွာသူ ရွာသားများ သတင်းမေး လာရောက်ကြည့်ရှုလျက်ရှိသည်။ ညနေငါးနာရီ၌ ဒေါ်သိန်းတင်မှာ လေမဖြတ်သည့် ဘယ်ဘက်တစ်ခြမ်း လှုပ်လှုပ်ရှားရှား ဖြစ်လာ၍ မျက်စေ့များ ပွင့်လာသည်။ မျက်စေ့အပြူးသားဖြင့် ပတ်ဝန်းကျင် ကိုလိုက်လံကြည့်ရှုနေသည်။ လူကသာပက်လက်အနေအထားဖြစ်သည်။ မျက်လုံးအကြည့်များက မာကြောနေသည်။ မည်သည့်စကားကိုမျှ ပြောနိုင် ခြင်းမရှိပေ။
“အမေ – အမေ – သတိရလာပြီ။ ကျွန်တော်သာဒင်လေး မှတ်မိတယ် မို့လား”
သားကြီးဖြစ်သူ ကိုသာဒင်က မေးလိုက်ခြင်းဖြစ်သည်။ဒေါ်သိန်းတင်က ကိုသာဒင်ကို တစ်ခါမျှ မတွေ့ဘူးသကဲ့သို့ စူးစူးရဲရဲပြန်ကြည့်နေသည်။ မည် သူ့ကိုမှ မသိတော့ပေ။ ဒေါ်သိန်းတင်မှာ တစ်ညလုံး မအိပ်၊ မသန်းစိန်က လမ်းခရီးတစ်လျှောက်အိပ်ရေးပျက်သဖြင့်စောစီးစွာလူနာအနီး၌လဲလျောင်း
ရင်းမှ အိပ်ပျော်သွားသည်။ “ဂျလစ်-ဂျလစ်-ဂျလစ်”
“ဟီး-ဟီး-ဟီး-ဟီး”
မသန်းစိန် မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ ထိုအသံများ ကြားမှ အိပ်ပျော်နေရာမှ လန့်နိုးလာသည်။ မသန်းစိန်အသံလာရာသို့ ကြည့်လိုက်မိသည်။ လူနာဒေါ်သိန်းတင်၏ခြေရင်းဘက်ပြတင်းပေါက်ဆီမှ ကိုယ်မပါခေါင်းသာလျှင်ရှိသောအမျိုးသမီးနှစ်ဦး၏မျက်နှာများကိုမြင်တွေ့
ရသည်။ ထိုမျက်နှာရှင်ခေါင်းနှစ်လုံးမှာ ပြတင်းပေါက်သံဆန်ခါများကို
ကိုက်နေကြကာတဟီးဟီးဖြင့်ညည်းညူနေကြသည်။မသန်းစိန်ယောင်ယမ်း
၍အော်ဟစ်လိုက်သည်။
“သူခိုး – သူခိုး – သူခိုး”

“ဟဲ့.. ညီမလေး-ဘယ်မှာလည်း သူခိုး”
ကိုသာဒင် မိခင်ကြီးကို စောင့်နေရာမှ တစ်ချက် ငိုက်မြည်းသွားချိန် မသန်းစိန်၏အော်သံကြောင့် လန့်နိုးကာ မေးလိုက်ခြင်းဖြစ်သည်။ “ဟိုမှာလေ… မိန်းမနှစ်ယောက် ပြတင်းပေါက်မှာ” ကိုသာဒင်က ပြတင်းပေါက်ကို ကြည့်ကာ-
“ဘာမှမရှိပါဘူး…ညီမလေးအိပ်မက်မက်နေတာဖြစ်ပါလိမ့်မယ်” အစ်ကိုဖြစ်သူကိုသာဒင်၏ပြောစကားကြောင့်မသန်းစိန်ယောင်ချာချာ ဖြစ်သွားသည်။မသန်းစိန်အိပ်မက်မဟုတ်သည်ကသေချာသည်။မိန်းမနှစ်ဦး ၏ မျက်နှာများကို အမှန်တကယ် မြင်လိုက်ရသည်က အမှန်ပင်။ မသန်းစိန် မိခင်ကြီးဒေါ်သိန်းတင်ကို သတိရစွာဖြင့် လှမ်းကြည့်မိသည်။ မိခင်ကြီးက မျက်လုံးအရွဲသားနှင့် ဟိုကြည့် – သည်ကြည့် ကြည့်နေသည်။ အချိန်က ညဉ့် နှစ်နာရီထိုးပြီးဖြစ်သည်။ ထိုစဉ် အိပ်ခန်းတွင်း၌ အိပ်ပျော်နေသည့် ကျောင်းဆရာညိုမြင့် အိပ်ချင်မူးတူးနှင့်အခန်းပြင်ထွက်လာကာ – “အစ်ကိုကြီးနဲ့ … မမဘာဖြစ်လို့လဲ”
000
“ဘာမှ … မဖြစ်ပါဘူး။ မင်းမမ အိပ်ပျော်နေရာက အိပ်မက်မက်ပြီး ထအော်တာပါ”
အစ်ကိုကြီးကိုသာဒင်စကားကို မသန်းစိန် ဘာမှ ပြန်မရှင်းလိုတော့။ ရှင်းနေလည်းပို၍ထူးလာမည်မဟုတ်သည်ကိုမသန်းစိန်သိသည်။ထို့ကြောင့်
အစ်ကိုဖြစ်သူကို တစ်ရေးအိပ်ခိုင်းလိုက်သည်။
“အစ်ကိုကြီး- တရေးတမော အိပ်လိုက်ဦးနော်။ ညီမနဲ့မောင်လေးတို့ အမေ့ကို ဆက်စောင့်လိုက်မယ်”
မသန်းစိန်က ပြောပြောဆိုဆို မိခင်ကြီးအနီးသို့ တိုးသွားကာ ဆီများ ပေနေသည့်မိခင်ကြီးထမီကိုလဲပေးလိုက်သည်။ ကိုသာဒင်ကမသန်းစိန်ကို ခေါင်းညိတ်ပြကာ လူမမာမိခင်ကြီးဒေါ်သိန်းတင်အနီးတွင် လဲအိပ်လိုက် သည်။မသန်းစိန်နှင့်ကိုညိုမြင့်ကမိခင်ကြီးအနီးတွင်ထိုင်စောင့်နေကြသော တိတ်ဆိတ်ငြိမ်သက်စွာ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသည်။ လူနာ
ဒေါ်သိန်းတင် လှုပ်ရှား၍ရသည့် ဘယ်ဘက်လက်ဖြင့် ခြုံပေးထားသည့် စောင်စကို ဆွဲလှန်လျက်ရှိသည်။ မျက်စိက ဟိုကြည့်သည်ကြည့်ကာ တအီးအီး ညည်းညူနေသည်။ မသန်းစိန်အတွေးစကိုဖြတ်၍ မိခင်ဖြစ်သူ အားစောင်ကို ပြန်ခြုံပေး၍-
“အမေ – အမေ ဘာလုပ်ချင်လို့လည်းဟင်”
ဒေါ်သိန်းတင်က သမီးဖြစ်သူ၏ အမေးစကားကို ဘာမျှ မသိသကဲ့သို့ ရှိသည်။ ညဉ့်သည်လူနာ၏တအီးအီးညည်းသံမှလွဲ၍ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။
“မမ … အမေက အခုညတစ်ညလုံးတစ်ခါမှမအိပ်သေးဘူးလား” တိတ်ဆိတ်သောငြိမ်သက်မှုကိုဖြိုခွင်းကာကိုညိုမြင့်ကမေးလိုက်ခြင်း
ဖြစ်သည်။
“အဲဒါတော့.. မမလည်း မသိဘူး။ အစ်ကိုကြီးရှိတာနဲ့ အစောကြီး အိပ်ပျော်သွားတယ်။ မောင်လေးရော ဘယ်အချိန်အိပ်လဲ”
“ကျွန်တော်လည်း အစ်ကိုကြီးနဲ့ စကားပြောနေတာနဲ့ ဆယ့်တစ်နာရီ လောက်မှ ဝင်အိပ်တာ။ အမေ့က စကားသာ မပြောတာ ကြက်ပေါင်းရည်နဲ့ နွားနို့ကိုတိုက်တော့ အကုန်သောက်နိုင်တယ်”
“ဆေးဆရာကြီးက ပြောတယ်လေ။ လျှာတစ်ခြမ်း လေဖြတ်သွားလို့ စကားမပြောနိုင်တော့သလို ထမင်းတွေ ဘာတွေလည်း စားနိုင်တော့မှာ မဟုတ်ဘူးတဲ့။ အဲဒါကြောင့် အရည်ပဲ တိုက်ပါလို့ ပြောတယ် မဟုတ်လား”
“ဟုတ်တယ်လေ … အမေ့ကြည့်ရတာ အသိဉာဏ်ပါ ပျောက်သွား သလိုပဲနော်မမ”
မသန်းစိန်တို့ မောင်နှမစကားပြောရင်း မိခင်ကြီးဒေါ်သိန်းတင်ကို စောင့်ကြည့်နေကြသည်။ နံနက်လေးနာရီကျော်၍ လင်းအရုဏ်လာသော အချိန်တွင် ဒေါ်သိန်းတင် တအီးအီး ညည်းညူနေရာမှ အိပ်ပျော်သွားပြီ ဖြစ်သည်။
ထို့နောက်တွင် လူနာဒေါ်သိန်းတင်မှာ တစ်နေကုန် အိပ်နေသဖြင့်
သားသမီးများကလှုပ်နှိုးကြသော်လည်း တအီးအီးညည်းညူကာ ပြန်လည် ၍ အိပ်ပျော်သွားသည်။ ညနေ နေကျချိန် ငါးနာရီတွင် လူနာဒေါ်သိန်းတင် နိုးလာသည်။ ထိုအချိန်မှ လူနာကြည့်သားသမီးများက ကြက်ပြုတ်ရည်နှင့် နွားနို့ကိုတိုက်ကြရသည်။ ထိုအခါမှလူနာဒေါ်သိန်းတင်ကထိုအရည်များကို အငမ်းမရသောက်သည်။ ညဘက်တွင် တစ်ညလုံး မအိပ်ဘဲ နံနက် ငါးနာရီ ထိုးမှသာလျှင် ပြန်လည်၍အိပ်ပျော်သွားလေ့ရှိသည်။
လူနာဒေါ်သိန်းတင်၏သားငယ်ဖြစ်သူ ကျောင်းဆရာကိုညိုမြင့်မှာ ကျောင်းမှ ခွင့်ဆယ်ရက်ယူခဲ့သည်မှာ ခွင့်စေ့သဖြင့် ကန္နီလေးအိမ်တန်းရွာ ကို ပြန်သွားပြီးဖြစ်သည်။ လူနာဒေါ်သိန်း၏ သားကြီးကိုသာဒင်နှင့် သမီး မသန်းစိန်မှာလည်း မိခင်ကြီးအား စောင့်ကြည့်နေရာမှအ အိပ်ရေးပျက်ဖန် များလာသဖြင့်ခြေကုန်လက်ပန်းကျလာပြီးဖြစ်သည်။ထို့ကြောင့်မသန်းစိန် ကညီမဝမ်းကွဲဖြစ်သူလူနာဒေါ်သိန်းတင်၏တူမရင်းမနှင်းအေးကိုခေါ်ထား
ရသည်။
မနှင်းအေးက အစ်ကိုဝမ်းကွဲနှင့် အစ်မဝမ်းကွဲတို့ အနားရစေရန် အဒေါ် ဖြစ်သူဒေါ်သိန်းတင်ကိုနေ့နေ့ညညစောင့်ပေးနေသည်။လူနာဒေါ်သိန်းတင် မှာ ညနေဘက်အိပ်ရာမှ နိုးလာသောအခါ မနှင်းအေးကို တွေ့သည်နှင့် လေမဖြတ်သည့် ဘယ်ဘက်လက်ဖြင့်ကိုင်ထားတတ်သည်။ ညဘက်မနှင်း အေးအိပ်ချင်လျှင် ဒေါ်သိန်းတင်အနီး၌ ကပ်အိပ်ရသည်။ မနှင်းအေးထိုသို့ ကပ်မအိပ်ပါက လူနာဒေါ်သိန်းတင်မှာ တအီးအီး ညည်းညူနေတတ်သည်။ ထိုသို့ဖြင့်မနှင်းအေးလူမမာဒေါ်သိန်းတင်အားစောင့်ကြည့်ပေးနေသည်မှာ ခြောက်ရက်ရှိသွားပြီး ဖြစ်သည်။ လူနာဒေါ်သိန်းတင် နံနက်ငါးနာရီတွင် ပြန်အိပ်သွားသောအခါ မနှင်းအေးအိမ်ကို ခေတ္တပြန်ရန် မသန်းစိန်ကို ပြော လိုက်သည်။
“မမသန်း … ကျွန်မ နေရတာ သိပ်မကောင်းဘူး။ ရင်ထဲကလည်း တစ်မျိုးကြီးဖြစ်နေတယ်။ အဲဒါကြောင့်ကျွန်မအိမ်ကိုပြန်ပြီးနားလိုက်ဦးမယ် နော်”
“အော် … အေး – အေး ငါ့ညီမလည်း အဒေါ့်ကို စောင့်ပေးနေရတာနဲ့ အတော်ပင်ပန်းနေပြီ။ နားနားနေနေနဲ့ပြန်နေလိုက်ဦးနော်။ညကျတော့လာ ခဲ့ပေးဦး သိလား။ ညီမ အဒေါ်က ညီမကိုမတွေ့ရင် တအီးအီးနဲ့ ညည်းညူ နေဦးမှာ”
“ဟုတ်ကဲ့ပါ….မမ ညနေကျရင် ကျွန်မလာခဲ့ပါ့မယ်”
မနှင်းအေး ပြောပြောဆိုဆို အိမ်ပေါ်မှ ဆင်းသွားသည်။ မနှင်းအေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်မုဆိုးမတစ်ဦး ဖြစ်သည်။ လူနာဒေါ်သိန်းတင်၏ ညီမ ဖြစ်သူမနှင်းအေး၏အမေမှာမုဆိုးမပင်ဖြစ်ရာမုဆိုးမသားအမိနှစ်ဦးတည်း ရှိသောအိမ်ထောင်စုကလေးအားမနှင်းအေးကငှက်ပျောခြံကိုပြုစုပျိုးထောင်
လုပ်ကိုင်ရှာဖွေ၍သားအမိနှစ်ဦးဘဝကိုအေးချမ်းစွာရပ်တည်နေကြသူများ
ဖြစ်သည်။ မသန်းစိန်က ညီမဝမ်းကွဲဖြစ်သူ မနှင်းအေး၏ ကျောပြင်ကို တွေဝေစွာ ငေးကြည့်နေရင်းမှ မထင်မှတ်ဘဲ မနှင်းအေးအကြောင်း တွေးဖြစ်သွားသည်။
“မသန်းစိန် … မသန်းစိန် … တူမ”
..
မသန်းစိန် ခေါ်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ မနှင်းအေး၏မိခင် ဒေါ်လေးအား တွေ့လိုက်ရသည်။
“ဟင် … ဒေါ်လေး ဘာပြောမလို့လည်း ရေးကြီးသုတ်ပျာနဲ့” “နင့် – ညီမနှင်းအေး …. အတော်ဖျားနေတယ်။ နင်တို့ဆီကိုဆေးဆရာ ဒီနေ့လာမှာမို့လား။ ဆေးဆရာလာရင် ဒေါ်လေးတို့ ဆီကို ခေါ်လာခဲ့ အုန်းနော်”
“ဒီနေ့တော့ – လာမှာမဟုတ်ဘူး။ ဒေါ်လေး- သူက သုံးရက်တစ်ကြိမ် ကြွတာဆိုတော့ မနက်ဖြန်မှ လာလိမ့်မယ်။ ဒါဆိုရင် နှင်းအေးကို ဘာဆေး တိုက်ထားလည်းဟင်”
“ချွေးထွက်ပြီးအဖျားကျသွားအောင်ငန်းဆေးတော့တိုက်ထားတာပဲ။ အဲ့ဒါဆို ဒေါ်လေးပြန်ဦးမယ်။ မမကို တက်မကြည့်တော့ဘူး။ မမ သက်သာ
တယ်မဟုတ်လား”
“ဟုတ်ကဲ့…ဒေါ်လေးအမေကဒီအတိုင်းပါပဲနေ့ဘက်ကျတစ်နေကုန် အိပ်ညဘက်ကျတော့တစ်ညလုံးမအိပ်ဘူးလေ။မနက်ဖြန်ဆေးဆရာလာရင်
ဒေါ်လေးတို့ဆီကိုကျွန်မခေါ်လာခဲ့မယ်နော်”
မသန်းစိန်မှာ ဒေါ်လေးဖြစ်သူ ပြန်သွားပြီးနောက် မိခင်ကြီး၏ ချေးဝတ် သေးဝတ်များ လျှော်ဖွပ်ပေးရန် အိမ်ပေါ်မှ ဆင်းလိုက်သည်။ ဆေးဆရာက လူနာမိခင်ကြီး၌အနံ့အသက်များရှိလျှင်မကြိုက်ပေ။မိခင်ကြီးအား သုံးရက် တစ်ကြိမ်ရေဖတ်တိုက်ကာသုတ်ပေးခြင်း၊စောင်အိပ်ရာခင်းများကိုလျှော်ဖွပ် ပေးထားရသည်။မသန်းစိန်အဝတ်များလျှော်ဖွပ်နေရင်းမှမနှင်းအေးသည်နေ့
လာနိုင်တော့မည်မဟုတ်မှန်းတွေးမိလိုက်သည်။
မသန်းစိန်တွင် သားနှင့်သမီး(၂)နှစ်ယောက်ရှိသည်။ ခင်ပွန်းသည်မှာ ပြည်တွင်းသင်္ဘောသားဖြစ်သောကြောင့် တစ်လတစ်ခေါက်၊ နှစ်လတစ်
ခေါက်သာလျှင်ပြန်လာလေ့ရှိသည်။သားနှင့်သမီးမှာအသက်ရှစ်နှစ်ဆယ်နှစ်
သာလျှင် ရှိကြသေးသဖြင့် အားကိုး၍ မရ လူမမာဘွားအေကြီးအနီးပင် မကပ်ကြပေ။ ထို့နေ့ညအဖို့ မနှင်းအေး မလာနိုင်တော့သဖြင့် အစ်ကိုကြီး ကိုသာဒင် လူနာစောင့်ပေးလေသည်။
ဆေးဆရာလာမည့်နေ့ ဖြစ်သဖြင့် မသန်းစိန်မိခင် လူမမာကြီးကို ရေဖတ်ဝတ်များ တိုက်ပေးနေရင်းမှ ဆေးဆရာကြီးကို မျှော်နေမိသည်။
ဆေးဆရာမှာညနေစောင့်သည့်အထိပေါ်မလာပေ။မနှင်းအေးဖျားနေသည် ကို သွား၍ ကြည့်ချင်သော်လည်း လူမမာမိခင်ကြီးကို စောင့်ကြည့်ပေးမည့် သူကမရှိ ဖြစ်နေသည်။ မသန်းစိန်တို့ရွာမှာ ကျေးလက်တောရွာ ဖြစ်သဖြင့် ဆေးရုံဆေးခန်းမရှိ၊တိုက်နယ်ဆေးရုံရှိသည့်မြို့နှင့်ကဆယ်မိုင်ကျော်မျှဝေး ကွာလှပါသည်။ မိခင်ကြီးမှာ နာတာရှည်ရောဂါသည် ဖြစ်သဖြင့် အိမ်၌ပင်၊ ဆေးဆရာပင့်၍ကုသနေခြင်းဖြစ်သည်။
“ညီမလေး … မသန်းစိန် ဘာတွေ စဉ်းစားနေလဲ ဒီနေ့ ဆေးဆရာကြီး မလာဘူးလား”
အစ်ကိုဖြစ်သူကိုသာဒင်ရောက်လာကာမေးလိုက်သည့်စကားကြောင့် မသန်းစိန် စဉ်းစားနေရာမှ အစ်ကိုဖြစ်သူ၏ အမေးစကားကို ပြန်ဖြေလိုက် ရသည်။
“ဘာရယ်လို့မဟုတ်ပါဘူးအစ်ကို၊အမေကအခုဆိုရင်ရွာကိုပြန်ရောက် တာ ရက်နှစ်ဆယ်ကျော်သွားပြီ။ အမေ့ဝေဒနာက သိသိသာသာ သက်သာ လာတာကိုမတွေ့ရဘူး။ တိုက်နယ်ဆေးရုံကိုတက်ကုဖို့ကလည်းအိမ်မှာက ကလေးတွေကြီးပဲ။ အစ်ကိုကျတော့လည်း အဆင်ကမပြေလို့ မိသားစု သုံးယောက်စာတောင် မနည်းရုန်းကန်နေရတယ်”
“အော် – ညီမလေးရယ် အမေ့ကနာတာရှည်ဆိုတော့ ဒီလိုပဲ ကုရမှာ ပဲလေ။ ဆေးဆရာကြီးကလည်း ပြောထားတယ်။ အမေ့ကို အိမ်မှာထားပြီး ကုတာ ပိုကောင်းတယ်လို့ ဟုတ်တယ် – မဟုတ်လား။ အခု မနှင်းအေးက ဖျားနေတော့မလာနိုင်ပြန်ဘူး။ညီမဘာမှအားမငယ်ပါနဲ့။အစ်ကိုကြီးညတိုင်း
လာစောင့်အိပ်ပေးမယ်နော်”
“ဟုတ်တယ် .. အစ်ကို မနှင်းအေး ဖျားနေတာ တစ်ခေါက်မှ သွား မကြည့်ရသေးဘူး။ဆေးဆရာလာရင်မနှင်းအေးဆီပင့်သွားဖို့ဟာဆေးဆရာ က မကြွတော့ နှင်းအေးကို ဒီအတိုင်းပဲ သွားကြည့်လိုက်ဦးမယ်အစ်ကို အမေ့ကိုစောင့်ကြည့်နေပေးပါနော်။ဟိုကလေးနှစ်ယောက်လည်းဘယ်ကို
သွားဆော့နေကြတယ်မသိဘူး”
မသန်းစိန်က အစ်ကိုဖြစ်သူကို မှာကြားပြီး မနှင်းအေးတို့အိမ်ရှိရာ ထွက်သွားသည်။ မနှင်းအေးအိမ်အနီးရောက်သောအခါ မနှင်းအေးအိမ်သို့ ပတ်ဝန်းကျင်မှလူများရောက်ရှိနေကြသည်ကိုတွေ့လိုက်ရသည်။ မသန်းစိန် ထိတ်လန့်စွာ မနှင်းအေးအနီး လျင်မြန်စွာ သွားလိုက်သည်။ မနှင်းအေး မျက်နှာက သွေးဆုတ်သကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ အသားများ
ချစ်ချစ်တောက်ပူလျက် သတိမရတစ်ချက် ရတစ်ချက် ဖြစ်နေသည်။ သမီး ဖြစ်သူအား မျက်ရည်လည်ရွဲဖြင့် ကြည့်နေသည့် မနှင်းအေး၏မိခင်မှ မသန်းစိန်ကို အားကိုးတကြီး ဆေးဆရာပါလာသည်အထင်နှင့်။
“တူမ…ဆေးဆရာကြီးပါလာတယ်မို့လား”
ဒေါ်လေးဖြစ်သူ၏ အမေးစကားကို မသန်းစိန် မည်သို့ ပြန်ပြောရမည် မသိဖြစ်သွားသည်။ မပြောလျှင်လည်းမဖြစ်သဖြင့်မသန်းစိန်အားတင်းကာ ပြောလိုက်ရသည်။
“ဆေးဆရာကြီးက ဒီနေ့ မကြွဘူးဒေါ်လေး … အဲဒါကြောင့် အစ်ကို ကိုသာဒင် အမေ့ကို စောင့်ကြည့်နေတုန်း ကျွန်မနှင်းအေးကိုကြည့်ရင်းလာ ပြောတာ။ နှင်းအေးကို ဘာဆေးတွေ တိုက်ထားလည်း နှင်းအေးက အရမ်း ဖျားနေတယ်”
“မနေ့ကတော့ ငန်းဆေးတိုက်လို့ အဖျားကျသွားတယ်။ ညကလည်း သက်သာသလိုရှိတယ်။ဒီနေ့မနက်မှပြန်ဖျားလာတယ်။အဲဒါလည်းငန်းဆေး ပြန်တိုက်တာ။ အဖျားကျသလိုလိုနဲ့ ပြန်ဖျားနေတာ ပိုဆိုးလာတယ်။ အဲ့ဒါ ဘယ်လိုလုပ်မလဲတူမ၊ ဒေါ်လေးတော့ ဘာမှ မလုပ်တတ်တော့ဘူး” “ဒေါ်လေးနှင်းအေးက အဖျားသိပ်ကြီးနေတယ် တိုက်နယ်ဆေးရုံ ကို သွားပြရင် ကောင်းလိမ့်မယ်လို့ထင်တယ်အစ်ကိုသာဒင်ကိုကျွန်မပြန်ပြော လိုက်ဦးမယ်”
“တူမတို့ပဲအဆင်ပြေသလိုကြည့်လုပ်ပါဒေါ်လေးစောင့်နေမယ်နော်”
မသန်းစိန်မိမိအိမ်သို့အမြန်ပြန်ကာမနှင်းအေးကိုအမြန်ဆုံးဆေးရုံပြနိုင်
ရေးတွက်အစ်ကိုဖြစ်သူကိုသာဒင်ကိုအကြောင်းစုံပြောပြရသည်။ကိုသာဒင်
ကအကြောင်းစုံသိသောအခါမနှင်းအေးရှိရာသို့ကသုတ်ကရက်ထွက်သွား သည်။ မသန်းစိန်မှာ ထိုညအတွက် မိခင်လူမမာကြီးကိုစောင့်ရန် တူဝမ်းကွဲ လင်မယားကို အဖော်ခေါ်ရသည်။ ကိုသာဒင်၏ဇနီးမသန်းစိန်၏ ယောင်းမ မှာလည်း မီးယပ်ချိချိနေသူဖြစ်သည်။ ထိုသမီးလေး အပျိုဖြစ်မှ နောက်ထပ်
ကလေးမွေးရာမှ မီးယပ်ချည့်ချည့်သွားခြင်းဖြစ်သည်။ ထိုကလေးကလည်း လသားအရွယ်နှင့်ပင် ဆုံးသွားသည်။
“ငါ့တူတို့လင်မယားကိုအဖေါ်ခေါ်ရတာ။ ငါ့တူမခင်ထားက ကိုယ်ဝန်နဲ့ ဆိုတော့ အားနာမိတယ်။ ငါ့တူမက အိမ်မှာပဲပြန်အိပ်ပါလား” “ရပါတယ် … ဒေါ်လေးရဲ့ကျွန်မက ဒီမှာအိပ်လည်းဖြစ်ပါတယ်” “ဖြစ်တော့ ဖြစ်တာပေါ့ ခင်ထားရယ် – ခင်ထားကိုယ်ဝန်ကလရင့်နေပြီ မို့လား”
“ရှစ်လပဲ ရှိပါသေးတယ်ဒေါ်လေးရဲ့၊ တော်ကြာ သူကအိပ်ပျော်နေရင် ဒေါ်လေးတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ပါ”
မသန်းစိန်က တူလင်မယားကို ပြောမည့်သာ ပြောရသည်။ မသန်းစိန် မှာ အဖော်မရှိသည်ကတော့ အမှန်ပင် ဖြစ်သည်။ မသန်းစိန်၏သားနှင့် သမီးကလည်း အရွယ်မရောက်ကြသေးသဖြင့် အားမကိုးရပေ။
“အူး – အူး- အူး”
“ဝုတ် – ဝုတ် – ဂုတ် – ဝုတ်”
ဆယ်
ရုတ်တရက်၊ ခွေးအူသံများ၊ ခွေးဟောင်သံများကြောင့် မသန်းစိန် ခေါင်းနားပန်းကြီးကာ ရင်တွေ တဆတ်ဆတ် တုန်သွားသည်။ ညက တစ်နာရီခန့် ရှိပြီးဖြစ်သည်။ ထိုစဉ်-
“ဟင်း-ဟင်း-ဟင်း”
လူနာမိခင်ကြီးဆီမှအသံများထွက်ပေါ်လာသည်။ မသန်းစိန် မိခင်ကြီး အနီးသို့ကပ်သွားလိုက်သည်။ မိခင်ကြီးမှာဟိုကြည့်ဒီကြည့်ကြည့်နေရင်းမှ ဝမ်းကွဲမြေးလင်မယားကို တွေ့သွားကာ လေမဖြတ်သည့်ဘယ်ဘက်လက် အားလှုပ်လှုပ်ရှားရှား ပြုလာသည်။
“မသန်းစိန်- မသန်းစိန် – ညီမလေး-အစ်ကိုကြီးပါ- အိမ်အောက်ကို ခဏဆင်းခဲ့ဦး”
မသန်းစိန်ကမိခင်ကြီးအားရေတိုက်မည့်ဟန်ပြင်နေစဉ်အိမ်အောက်မှ အစ်ကိုသာဒင်ခေါ်နေသည့် အသံကြားရသဖြင့် –
“တူလေးရေတူလေးရဲ့ “ ဘွားလေးအနားမှာ လာနေပေးပါနော်။ အိမ် အောက်က အစ်ကိုသာဒင် ခေါ်နေတယ်။ ဘာကိစ္စရှိလို့လည်း မသိဘူး။ ဒေါ်လေး သွားလိုက်ဦးမယ်”

မသန်းစိန်က ပြောပြောဆိုဆို မီးခွက်ကိုကိုင်လျက် အိမ်အောက်ရှိ ကမန်းကတန်း ဆင်းသွားလိုက်သည်။ အိမ်အောက်တွင် မျက်နှာပျက်ဖြင့် အစ်ကိုသာဒင်ကို တွေ့ရသည်။
“အစ်ကိုသာဒင် – ဘာဖြစ်လို့လဲ။ နှင်းအေးရော – သက်သာရဲ့လား။ ဆေးရုံတင်ထားခဲ့ရလား”
တွေတွေကြီးရပ်ကာမျက်စိမျက်နှာပျက်ဖြင့်ကိုသာဒင်ကတုန်ရီလှိုက်
မောစွာပြောသည်။
“နှင်းအေးဆုံးသွားပြီ”
“ဘာ …. အစ်ကို နှင်းအေးဆုံးသွားပြီ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေ နှင်းအေးရယ် ဘယ်လို ဖြစ်တာလည်း အစ်ကိုရယ်”
မသန်းစိန်က မချိတင်ကဲ တိတ်တဆိတ် ငိုရှိုက်ကာ တိုးတိတ်ကာ မေးလိုက်သည်။
“အဖျားကကြီးနေတော့လမ်းခရီးမှာထဲက မျက်ဖြူလန်လန်သွားတာ။ ဆေးရုံရောက်တော့ လူနာက အရမ်းသွေးပေါင်ကျနေပြီ။ ဆေးရုံကိုရောက် တာနောက်ကျတယ်။ ကြိုးစားကြည့်မယ်လို့ဆရာဝန်ကပြောတယ်။ပြောတဲ့ အတိုင်းလည်း ကြိုးစားကုပေးကြပါတယ်။ ဒါပေမဲ့ မရတော့ဘူး။ ဒေါ်လေး ကလည်း သူ့မှာ အားကိုးစရာ လူမရှိတော့ဘူးဆိုပြီး ငိုလိုက်တာ။ အစ်ကို လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်သွားတယ်။ အတင်းချော့မော့ ပြီး ရွာကို ပြန်ခေါ်ခဲ့ရတယ်။ အဲ့ဒါ ညီမသိအောင်လို့ လာပြောတာ။ အစ်ကို ဒေါ်လေးတို့ အိမ်ကို ပြန်သွားလိုက်မယ်”
မသန်းစိန်နှင့်ကိုသာဒင်တို့ပြောဆိုကြပြီးနောက်မသန်းစိန်အိမ်ပေါ်သို့
ပြန်တက်ခဲ့သည်။ထိုတွင်လူနာမိခင်ကြီးမှာ ကိုယ်ဝန်ဆောင်သည်ခင်ထား ၏လက်ကို ဆုပ်ကိုင်ထားကာဟိုကြည့်သည်ကြည့်ဖြင့် ငြိမ်သက်နေသည်။ ငိုထားသည့်မသန်းစိန်၏ မျက်နှာကိုကြည့်ကာ တူဖြစ်သူက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ဒေါ်လေး… ဦးလေး ဘာလာပြောတာလည်းဟင်”

မသန်းစိန်ကတူဖြစ်သူကိုလှမ်းကြည့်ကာလေသံတိုးတိုးဖြင့်ပြောလိုက်
“မနှင်းအေး ဆုံးသွားပြီတဲ့ – အဲ့ဒါလာပြောတာပါ။ ခင်ထားလည်း အိပ် တော့နော်။ ဒေါ်လေးဆက်စောင့်နေပါ့မယ်”
တူဖြစ်သူနှင့် ခင်ထားတို့မှာ မသန်းစိန်၏ စကားကိုကြားရသောအခါ အံ့ဩထိတ်လန့်သွားကြသည်။ ထို့နောက် ခင်ထားက လူနာဒေါ်သိန်းတင် ဆုပ်ကိုင်ထားသည့် သူမ၏ လက်ကို ပြန်ရုတ်လျက် ခင်ပွန်းဖြစ်သူအနီးသို့ ကပ်ထိုင်လိုက်သည်။ သူတို့အားလုံးမှာ လူနာအနီးတွင် ထိုင်နေကြသော် လည်း သူတို့အသိစိတ်က ပျံ့လွင့်နေကြသည်။ ထိုစဉ်- “ဟင်း-ဟင်း-ဟင်း- ဖျန်း”
ရုတ်တရက်မို့ သူတို့ အားလုံး ထိတ်လန့်သွားကြသည်။ လူနာ ဒေါ်သိန်းတင်မှာတဟင်းဟင်းညည်းကာလေမဖြတ်သည့်ဘယ်ဘက်လက်
ဖြင့် ကြမ်းပြင်ကို ရိုက်လိုက်ခြင်း ဖြစ်သည်။ မသန်းစိန်မှ မိခင်ဖြစ်သူ လူနာ
အား-
“အမေ ဘာဖြစ်လို့လည်းဟင် – ဘာလိုချင်လို့လဲ…” မသန်းစိန်ကမေးသော်လည်းဘာကိုမျှမသိသည့်လူနာဒေါ်သိန်းတင်က ကိုယ်ဝန်ဆောင်သည် ခင်ထားကိုသာလျှင် မျက်ထောင့်နီကြီးများဖြင့် မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ခင်ထားက သူ့အား စိုက်ကြည့်နေ သည့် လူနာဒေါ်သိန်းတင် မျက်ထောင့်နီကြီးများကို ကြောက်ရွံ့ကာ ခင်ပွန်း အနီးသို့ ပို၍ တိုးကပ်သွားသည်။ မသန်းစိန်မှာလည်း သူ့အနီးသို့ တိုး ကပ်ကာ နေရာမရွေ့ သုံးယောက်စလုံး ပူးကပ်၍ ထိုင်နေကြသည်မှာ လင်း ရောင်ခြည်လာ၍ ဒေါ်သိန်းတင် ပြန်အိပ်ပျော်သွားသည့်တိုင်အောင်ပင် ဖြစ်သည်။
မနှင်းအေးအသုဘရက်မို့ကိုသာဒင်ကလည်းမိခင်လူနာကြီးကိုလာ၍ စောင့်မအိပ်နိုင်။ တူဖြစ်သူလင်မယားမှာလည်း တစ်ညသာလျှင် လူနာ လာစောင့်ကြသည်။ မသန်းစိန်က နေ့ဘက်တွင် မိမိတစ်ဦးတည်းနှင့် ဖြစ်သော်လည်း ညဘက်တွင် မိမိတစ်ဦးတည်းနှင့် အဆင်မပြေသော ကြောင့်အိမ်အနီးအနားမှ သက်ကြီးရွယ်အိုဦးကြီးနှစ်ယောက်ကိုအကူအညီ
တောင်းကာခေါ်ထားရသည်။ထိုဦးကြီးများကလူနာဒေါ်သိန်းတင်ကိုကြည့် ကာ ဒေါ်သိန်းတင်အနီးသို့ မကပ်ကြပေ။ မသန်းစိန်မှလည်း မိခင်ကြီး နိုးလာသောအခါ နွားနို့နှင့်ကြက်ပြုတ်ရည်တိုက်ချိန်မှလွဲ၍ ဒေါ်သိန်းတင်၏ မျက်လုံးအကြည့်များကိုကြောက်ကာ ခပ်လှမ်းလှမ်းမှာပင် နေသည်။ ထိုသို့ဖြင့် မနှင်းအေး ရက်လည်ပြီး နောက်တစ်နေ့ သတင်းဆိုးတစ်ခု ကိုကြားလိုက်ရပြန်ပါသည်။
ခင်ထားကလေးအသေလေး မွေးကာ ခင်ထားပါဆုံးသွားခြင်းပင် ဖြစ်သည်။ ခင်ထား၏ခင်ပွန်း ဖြစ်သူမသန်းစိန်၏တူမှာလည်း အရူးတစ်ပိုင်း ဖြစ်သွားသည်။ ခင်ထား၏မိဘများမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွား ရသည့် သူတို့သမီးအတွက် မဖြေဆည်နိုင်အောင် ရှိနေကြသည်။ အစ်ကိုသာဒင်ကလည်းနေ့ဘက်အလုပ်လုပ်ရ၊ညဘက်မနှင်းအေးအသုဘ
ရက်မလည်မချင်း အဒေါ်ဖြစ်သူကို သွားစောင့်ရှောက်ရနှင့် နားရသည်မရှိ ဖြစ်နေသဖြင့် မသန်းစိန်က အိမ်မှာ နားနားနေနေ ခဏနေခိုင်းထားသည်။ ယခုတူဖြစ်သူ၏ဇနီးခင်ထားက ဆုံးသဖြင့်ကိုသာဒင်သွား၍ဝိုင်းကူလုပ်ပေး
ရပြန်သည်။
“ချွတ် – ချွတ် – ချွတ်” အသံတစ်သံ…။
မသန်းစိန်မိခင်လူနာကိုညစဉ်စောင့်ရသဖြင့်အိပ်ရေးပျက်ဖန်များကာ
မှေးခနဲ အိပ်ပျော်သွားသည်။ မသန်းစိန် အိပ်မက်မက်နေသည်ထင်သည်။ “ချွတ် – ချွတ် – ချွတ်”
မသန်းစိန် ထိုအသံကိုခပ်သဲ့သဲ့ကြားလိုက်ရပြန်သည်။ အိပ်မက်မက်ခြင်း မဟုတ်ပါ။ မသန်းစိန်မျက်လုံးကို ဖွင့်မကြည့်ဘဲ အာရုံစိုက်၍ နားထောင်နေ မိသည်။
“ချွတ် – ချွတ် – ချွတ်”
မသန်းစိန် သိလိုက်ပါပြီ။ထိုအသံမှာ မိခင်ကြီးဘက်မှ အသံဖြစ်သည်။ မသန်းစိန်အိပ်ရာမှမထဘဲ မျက်လုံးကိုမှေး၍ အသံလာရာသို့ မသိမသာ ကြည့်လိုက်သည်။ မသန်းစိန်တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်လွန်စွာ အံ့ဩသွားသည်။လူနာမိခင်ကြီးဒေါ်သိန်းတင်မှာအိပ်ရာမှအားယူထနေခြင်း
ကြောင့်ပင်ဖြစ်သည်။
“ဟောအမေ-အမေထနိုင်ပြီနဲ့တူတယ်”
မသန်းစိန်ကလူနာဒေါ်သိန်းတင်ကိုကြည့်ကာပြောပြောဆိုဆိုအိပ်ရာမှ
ထလိုက်သည်။ ထိုစဉ်မှာပင် လူနာဒေါ်သိန်းတင်မှာ ပြန်၍လဲကျသွား ကာ တအီးအီး ညည်းညူနေပြန်လေသည်။ ထိုမြင်ကွင်းကို မသန်းစိန်ပင် မကဘဲ လူနာကိုလာ၍ ကူအိပ်စောင့်ပေးနေသည့် ဦးကြီးတစ်ယောက်ပါ မြင်တွေ့လိုက်ခြင်းဖြစ်သည်။ လူနာဒေါ်သိန်းတင်မှာ တအီးအီး ညည်းညူ ကာ မျက်ထောင့်နီကြီးများဖြင့် ဟိုကြည့်ဒီကြည့်ကြည့်ကာနေရင်းမှ လင်း ရောင်နီသောအချိန်၌ ပြန်လည်အိပ်ပျော်သွားပြီဖြစ်သည်။
လူနာမိခင်ကြီးကို ကူစောင့်ပေးနေကြသည့် ဦးကြီးနှစ်ယောက်က ကိုသာဒင်နှင့်မသန်းစိန်ကို အရေးကြီးသည့် စကားပြောစရာရှိသည်ဟု ဆိုကာမသန်းစိန်တို့အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်၍မသန်းစိန်နှင့်ကိုသာဒင် ကိုစောင့်နေကြသည်။ မသန်းစိန်နှင့်ကိုသာဒင်ကလည်း မိခင်ကြီး၏အရိပ် အခြေကိုကြည့်၍အိမ်ပေါ်မှ ဆင်းကာ စောင့်နေကြသည့်ဦးကြီးနှစ်ယောက် ရှိရာကို သွားလိုက်ကြသည်။ ဦးကြီးနှစ်ယောက်မှာ မသန်းစိန်နှင့်ကိုသာဒင် ကိုတွေ့သည်နှင့် –
.
“လာကြကွာ … မင်းတို့မောင်နှမနှစ်ယောက်ကို အရေးကြီးတဲ့စကား ပြောစရာရှိတယ်။ မင်းတို့က လူငယ်တွေဆိုတော့အတွေ့အကြုံမရှိလို့ သိကြ
မှာ မဟုတ်ဘူး ဦးကြီးတို့ကတော့ ဒီလိုမျိုး အတွေ့အကြုံကို တွေ့ကြုံခဲ့ဖူး
တယ်”
“ဟုတ်ကဲ့…ပြောပါဦးကြီး ပြောချင်တဲ့စကားကိုသာပြောပါဦးကြီး” ဦးကြီးတစ်ယောက်က ပြောချင်သည့် စကားကို အစချီနေသဖြင့် ကိုသာဒင်က ဝင်ထောက်ပေးလိုက်ခြင်းဖြစ်သည်။
“ဒီလိုကွာ … မောင်သာဒင်လိုရင်းနဲ့ တိုရှင်း တည့်တည့်ပြောရရင် မင်းတို့ရဲ့အမေ ဒေါ်သိန်းတင်ဟာ သူ့ရဲ့မူလရုပ်အသက်မရှိတော့ဘူးလို့ ငါ ထင်တယ်”
ထိုဦးကြီး၏ ပြောစကားကြောင့် မသန်းစိန်နှင့် ကိုသာဒင်တို့ အံ့ဩ ထိတ်လန့်စွာ ထိုဦးကြီး၏ မျက်နှာကို ကြည့်လိုက်ကြသည်။ ထို့နောက် ကိုသာဒင်က မယုံကြည်စွာဖြင့် ပြန်မေးလိုက်သည်။
“ဟုတ်ပါ့မလား… ဦးကြီးရယ်၊ အမေ့က သူ့အသက်အခုထိ ရှိနေလို့ အိပ်တယ်၊နိုးတယ်၊သောက်တယ်လေ။သူ့အသက်မရှိမှတော့သူဒီလိုအခြေ
အနေဘယ်ရှိပါ့တော့မလဲ”
“အဲ့ဒါကို ပြောတာပေါ့ – မင်းတို့အမေ ဒီလို အခြေအနေနဲ့ ရွာကို ပြန်ရောက်လာတာ။ တစ်လကျော်သွားပြီ။နေ့ကျတော့တစ်နေကုန်အိပ်နေ တယ်။ အပုပ်ချိန်ရောက်ပြီးဆို နိုးလာပြီ။ တစ်ညလုံးမအိပ်တော့ဘူး။ မင်းတို့ ကျွေးတဲ့အစားအစာကို မနားတမ်းစားတယ်။ ပြီးတော့ မျက်လုံးတွေက မူ မမှန်ဘူး။ သူ့အနားမှာကပ်ပြီးနေမှ သူ့လက်ကိုကိုင်ထားမှ ဟိုတစ်နေ့ညက ဆိုရင်မလှုပ်မရှားနိုင်တဲ့သူကအိပ်ရာကနေကုန်းရုန်းထတယ်။ မသန်းစိန်နဲ့ ငါတို့ပြန်လဲချလိုက်တယ်။ ဒီထက် အချိန်ကြာလာလေ၊ မင်းတို့အမေက ပိုဆိုးလာလေ ဖြစ်လိမ့်မယ်”
“ဒါဆိုရင်… ဦးကြီးရယ် အမေက သူ့အသက်မရှိဘူးဆိုတော့ ဘယ် အသက်နဲ့ဒီလို ဖြစ်နေတာလဲ”
မသန်းစိန်က ဝင်ရောက် မေးလိုက်ခြင်းဖြစ်သည်။

“ဟဲ့… သန်းစိန်ရဲ့ဘယ်အသက်ဟုတ်တော့မလဲ။ နာနာဘာဝအသက် ပရကောင်ရဲ့အသက်နဲ့ နေနေတာပေါ့ဟ”
မသန်းစိန် ဖျတ်ခနဲ သတိရလိုက်သည်။ မိခင်ကြီးကိုကန္နီလေး အိမ် တန်းရွာမှ ပြန်ခေါ်အလာ စက်ကြီးကန်ကလေးအရောက် ဗောတံတား မဖွင့်သေးသဖြင့်သင့်တော်ရာကမ်းစပ်အနီးကပ်၍စက်လှေကိုခေတ္တရပ်နား
စဉ် စက်လှေပေါ်သို့ လူတစ်ယောက် ခုန်တက်လိုက်သကဲ့သို့ ဖြစ်သွားခြင်း၊ စက်လှေကြိုးအားလူသေမြှုပ်နှံထားသည့်မြေပုံမှအမည်ရေးထိုးထားသည့် ငုတ်တိုင်သစ်သားတန်းတွင် ချည်နှောင်ခဲ့ခြင်းတို့ကို ပြန်လည် သတိရ သွားသည်။
“အေး…အဲဒါကြောင့်ဦးကြီးပြောတာဟုတ်မဟုတ်သိရအောင်အထက် ဗိန္ဓောဆရာကြီးတစ်ဦး ငါတို့ရွာဦးကျောင်းဆရာတော်ဆီမှာ ရောက်နေ တယ်။ သူနဲ့ပြကြည့်ရအောင် မင်းတို့သဘော ဘယ်လိုရှိသလဲ” ထိုဦးကြီး၏ပြောစကားအားကိုသာဒင်ကမယုံသကဲ့သို့ရှိသော်လည်း
ညီမဖြစ်သူကိုလှမ်းကြည့်လိုက်သည်။ ညီမဖြစ်သူမသန်းစိန်ကကိုသာဒင်ကို ခေါင်းညိတ် အဖြေပေးလိုက်သည်။ မသန်းစိန်တို့ မောင်နှမနှစ်ယောက်၏ သဘောတူညီချက် ရသည်နှင့် ဦးကြီးနှစ်ယောက်မှာ ရွာဦးဘုန်းတော်ကြီး ကျောင်းတွင်တည်းခိုရောက်ရှိနေသည့်ပုသိမ်မြို့မှအထက်ဗိန္ဒောဆရာကြီး ကိုသွားရောက်ကာပင့်ဆောင်လာကြသည်။အထက်ဗိန္ဒောဆရာကြီးမှာရှမ်း ဘောင်းဘီကဲ့သို့ ပင်နီဘောင်းဘီကို ဝတ်ကာ ဦးခေါင်းတွင် ခေါင်းပေါင်းကို ပေါင်း၍ အစတစ်ဘက်ကို ချထားသည်။ အပေါ်အင်္ကျီမှာလည်း ပင်နီရောင် တိုက်ပုံပင် ဖြစ်သည်။ ပခုံး၌ အနီရောင်လွယ်အိတ်ကို လွယ်ထားသည်။ မသန်းစိန်က ဆရာကြီးကို နေရာထိုင်ခင်းပေး၍ရေနွေးကြမ်းအိုး၊ ကွမ်းအစ် တို့ဖြင့် ဧည့်ခံလိုက်သည်။ အချိန်က နံနက်ဆယ့်တစ်နာရီခန့် ဖြစ်သည်။
“အထက်ဗိန္ဒောဆရာကြီးကကိုသာဒင်နှင့်မသန်းစိန်ကိုကြည့်ကာ-
“ဒီနေ့တော့ လူနာကို အနည်းငယ်စမ်းသပ်မယ်။ သေချာရင်တော့ ငါ့- တူနဲ့ငါ့တူမ ဆရာကြီးပြောတဲ့အတိုင်း လိုက်လုပ်ပေးရမယ်။ အခုတော့ မှန် တစ်ချပ်လောက်ပေးပါ”
ဆေးဆရာကြီးမှ ပြောပြောဆိုဆို လူနာအနီးသို့သွားကာ အိပ်ပျော်နေ သည့် လူနာ၏မျက်ခွံကို လှန်ကြည့်လိုက်သည်။ ထို့နောက် လက်ကောက် ဝတ်ကို ကိုင်၍ သွေးလည်ပတ်နှုန်းကို စမ်းသပ်သည်။ လူနာဒေါ်သိန်းတင် ခေါင်းရင်းမှ ပိတ်ထားသည့် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ အထက် ဗိန္ဒောဆရာကြီးသည် မသန်းစိန် ကမ်းပေးသည့် မှန်ချပ်ကိုယူကာ ပြတင်း ပေါက်မှ အခန်းတွင်းသို့ ကျရောက်နေသည့် နေရောင်ခြည်အောက် မှန်ချပ် ကိုခံကာ မှန်ပေါ်ကျရောက်နေသည့် နေရောင်ဖြင့် လူနာဒေါ်သိန်းတင်၏ မျက်နှာကိုထိုးထားသည်။ ထိုပတ်ဝန်းကျင်ရှိအိမ်များမှလူပေါင်းနှစ်ဆယ်ခန့် စိတ်ဝင်စားစွာ လာရောက် ကြည့်ရှုနေကြသည်။ အထက်ဗိန္ဒောဆရာကြီး သည် နေရောင်ကျသွားရာ နောက်လိုက်၍ မှန်ချပ်ခံကာ လူနာမျက်နှာအား ထိုးထားသည်မှာ တစ်နာရီခန့်ရှိသောအချိန်၌ –
“အင်း- အင်း – အင်း”
လူနာဆီမှညည်းသံထွက်လာပြီးပြန်ငြိမ်ကျသွားသည်။ထိုအခါအထက်
ဗိန္ဒောဆရာကြီးမှ မသန်းစိန်တို့ကိုလှမ်းပြောသည်။
“အရေးကြီးလာပြီ။ ခြေရင်းဘက်က ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။ နေရောင်ဝင်လာအောင်လို့ နေရောင်ဝင်လာတာနဲ့ နောက်မှန်တစ်ချပ်ခံပြီး လူနာမျက်နှာကို နေရောင်ထိုးထားပါ”
အထက်ဗိန္ဒောဆရာကြီးပြောလိုက်သည့်စကားကြောင့်ရွာသားတစ်ဦး
က သူ့အိမ်မှ ကိုယ်လုံးပေါ်မှန်ကြီးကို အလျင်အမြန်ပြေးယူလာသည်။ လူနာစောင့် ဦးကြီးတစ်ယောက်မှ ကိုယ်လုံးပေါ်မှန်ကြီးကိုယူကာ လူနာ ၏ ခြေရင်းပြတင်းပေါက်မှ နေရောင်စတင်ဝင်လာသည်နှင့် မှန်ချပ်ကြီး ဖြင့်ခံကာ လူနာမျက်နှာပေါ်သို့ နေရောင်ကို တိုက်ရိုက်ထိုးထားလိုက်သည်။ ခေါင်းရင်း ခြေရင်းညှပ်၍ ထိုးထားသည့် နေရောင်ကြောင့် နောက်ထပ်
တစ်နာရီခန့်အကြာတွင်လူမှာရုတ်တရက်မျက်လုံးပွင့်လာသည်။ မျက်လုံး ပြူးကျယ်နီရဲနေသည်။ဝိုင်းကြည့်နေကြသည့်လူများကိုမြင်ရသော
များက
အခါ၌ –
“ဟင်း-ဟင်း-ဟင်း-ဒုန်း- ဒုန်း”
လူနာမှ တဟင်းဟင်း ညည်းတွားလျက် လေမဖြတ်သည့်လက်ဖြင့် ကြမ်းပြင်ကိုနှစ်ချက်ဆင့်ထုလိုက်လေသည်။ထိုအခါဝိုင်းကြည့်နေကြသူများ မှာကြောက်ရွံ့၍နောက်ဆုတ်သွားကြသည်။ထိုအချိန်၌အထက်ဗိန္ဒောဆရာ ကြီးဘက်မှနေရောင်မှာမရတော့သဖြင့်ခြေရင်းဘက်မှမှန်တစ်ချက်နှင့်သာ လူနာမျက်နှာကို နေရောင်ထိုးထားနိုင်သည်။ ထို့ကြောင့် အထက်ဗိန္ဒော ဆရာကြီးမှ –
“သိပ်အရေးကြီးနေလို့ပါ … အကူအညီပေးကြပါ။ လူနာမျက်နှာနဲ့ တည့်တည့်အိမ်အမိုးသက်ကယ်တက်ပြီး ဖျက်ပေးကြပါ။ အဲဒါမှ နေရောင် စူးစူးကြောင့်လူမမာကိုယ်ထဲဝင်နေတဲ့ပရကောင်မခံနိုင်လို့ထွက်မှာ။ မြန်မြန် လုပ်ကြပါဟ။ တစ်နာရီထိုးနေပြီ။ နှစ်နာရီပဲ အချိန်ရတော့မယ်။ သုံးနာရီ နောက်ပိုင်းဆိုရင် အပုပ်ချိန်ဖြစ်ပြီ”
အနီးတွင် ဝိုင်းကြည့်နေကြသည့် ရွာသားနှစ်ဦးမှာ ကမန်းကတန်း အိမ်ခေါင်မိုးပေါ်သို့ တက်၍ လူနာ၏မျက်နှာတည့်တည့်ရှိ အိမ်မိုးထားသည့် သက်ကယ်ပျစ်များကို ဖြုတ်လိုက်ကြသည်။ ထိုအခါနေရောင်သည် လူနာ မျက်နှာပေါ်သို့ စူးရှစွာ တိုက်ရိုက်ထိမှန်ကျရောက်လာသည်။ လူမမာ၏ မျက်လုံးရဲရဲများက ခက်ထန်ကာ ပို၍ တောက်ပလာသည်။ တအီးအီး ညည်းညူနေရာမှ တဟင်းဟင်း ဖြစ်လာသည်။ ထို့အပြင် –
“တောက် … ဒုန်း- ဒုန်း- ဒုန်း-ဟင်း-ဟင်း-ဟင်း – ခွမ်း” တောက်ခေါက်သံများကြမ်းပျဉ်အားလက်ဝါးနှင့်ရိုက်သံတို့မှာအဆက်
မပြတ် ထွက်ပေါ်၍ လူမမာတစ်ကိုယ်လုံး တလှုပ်လှုပ်တရွရွ ဖြစ်လာသည်။

အသံမျိုးစုံဖြင့်တစ်ချိန်လုံးညည်းတွားနေသည်။ ထိုသို့ဖြင့်နေ့လယ်(၂)နာရီ
ခွဲခန့်တွင် လူမမာမှာ ရုတ်တရက် ပက်လက်အနေအထားမှ ကုန်း၍ ထထိုင် လိုက်သည်။ကြည့်နေကြသည့်ရွာသားများကြောက်ရွံ့ထိတ်လန့်ကာအိမ်ပေါ် မှပြေးဆင်းသူပြေးဆင်းကြသည်။ ထိုစဉ်-
“ဟင်း”
လူမမာ၏ပါးစပ်ကြီးဟလာကာသက်ပြင်းရှည်ကြီးမှုတ်ထုတ်၍လူမမာ
မှာ ပြန်လည်လဲကျသွားပြီးနောက် ငြိမ်ကျသွားသည်။ အထက်ဗိန္ဒောဆရာ ကြီးကလူနာကိုကြည့်ကာ –
“နာနာဘာဝပရကောင်တော့ထွက်သွားပြီ။ ဒါ – ခင်ဗျားတို့အသိမြန်လို့ မဟုတ်ရင် ခင်ဗျားတို့တစ်ရွာလုံး မလွယ်ဘူးမှတ်ပါ။ ကဲ-ကဲ ငါ့တူနဲ့ ငါ့တူမ လည်း စီစဉ်စရာရှိတာကို အမြန်ဆုံးစီစဉ်ပါ။ မင်းတို့မိခင်ကြီးရဲ့အသက်က မရှိတာကြာပြီ။ တော်ကြာ – အနံ့အသက်တွေ ထွက်လာတော့မယ်” မိခင်ကြီး၏ ဖြစ်အင်ကို မြင်တွေ့ ကြားသိလိုက်ရသော မသန်းစိန်မှာ ယူကြုံးမရဖြစ်ကာ သတိလစ်မေ့မြောသွားသည်။ ထိုအချိန်တွင် အထက် ဗိန္ဒောဆရာကြီးရှိနေ၍သာလျှင်မသန်းစိန်၏အသက်ကိုကယ်လိုက်နိုင်ကြ သည်။ မသန်းစိန် ပြန်လည် သတိရလာသောအချိန်၌ အပုပ်နံ့ လျင်မြန်စွာ တထောင်းထောင်းထွက်နေပြီဖြစ်သည့် မိခင်ကြီး၏ရုပ်ကလာပ်အား စောင်၊ဖျာတို့ဖြင့်ပတ်ကာ ကိုသာဒင်နှင့်ရွာသားခြောက်ယောက်တို့က သုသာန်သို့ သယ်ဆောင်သွားကြပြီဖြစ်သည်။
မနှင်းအေးနှင့်ခင်ထားတို့ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြရသည်မှာ တိုက်ဆိုင်မှုပေလား။ သို့တည်းမဟုတ် ဒေါ်သိန်းတင်၏ခန္ဓာကိုယ်အတွင်း ကပ်ငြိဝင်ရောက်နေသည့် နာနာဘာဝပရကောင်ကြောင့်များ ဖြစ်လေမည် လားဟု မည်သူမျှ အတတ်မပြောနိုင်တော့ပါလေ။
(မှတ်ချက်။ ။ဗောတံတားဆိုသည်မှာ ချောင်းတစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်းဆောက်လုပ်ထားသည့် တံတားအလယ်ဗဟိုမှဖြတ်သန်း

ကာ သမ္ဗန်၊ စက်လှေ၊မော်တော်တို့ ခုတ်မောင်း၍ရရန်၊ အဖွင့်အပိတ် ပြုလုပ်၍ရသည့် ဗောကို တပ်ဆင်ထားကြသည်။ ထိုအရာကို ဗောတံတား ဟုခေါ်ကြသည်။
(ဖွင့်ဟဝန်ခံချက်။ ။ အထက်ဖော်ပြပါဇာတ်လမ်းမှာလွန်ခဲ့သောနှစ် ပေါင်းသုံးဆယ်ခန့်က ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်မှန်ကို ဇာတ်လမ်းအသွင်ဖြင့် ပြောင်းလဲပြုပြင် ရေးဖွဲ့တင်ပြပါသည်။
မရည်မွန် ( ကျုံငပျော် )

Zawgyi Version

သုသာန္ကအျပန္ ေလးဆယ့္ငါးရက္
——————————————–
“ဘုတ္ – ဘုတ္ – ဘုတ္- ဘုတ္”
စက္ေလွ ခုတ္ေမာင္းေနသည့္ စက္သံမွ လြဲ၍ မည္သည့္အသံကိုမွ် မၾကားရ။ ညဥ့္က တိတ္ဆိတ္ေနသည္။ စက္ေလွေပၚ၌ လူေလးဦးမွ်သာ ရွိသည္။ တစ္ဦးက စက္ေလွကိုသတိႏွင့္ ထိန္းေမာင္းေနသည္။ တစ္ဦးက စက္ေလွဦးပိုင္း၌ေကြးေကြးေလးအိပ္ေပ်ာ္ေနသည္။တစ္ဦးကမလႈပ္မယွက္ သတိေမ့ေမ်ာေနသည့္လူနာကိုေစာင့္ရင္းငိုက္ျမည္းေနသည္။
“မမသန္း … ကြၽန္ေတာ္တို႔ ဒီေဗာတံတားကို ေက်ာ္လို႔ မရေတာ့ဘူး။ ေဗာတံတားကပိတ္ထားတယ္”
စက္ေလွသမားေလးမွ လွမ္းေျပာလိုက္သည့္ စကားသံေၾကာင့္ မသန္းစိန္ပတ္ဝန္းက်င္ကိုၾကည့္လိုက္သည္။ဟုတ္ပါသည္။ေဗာတံတားကို ပိတ္ထားသျဖင့္ စက္ေလွ ေရွ႕ဆက္ရန္ မလြယ္ကူေတာ့ နံနက္ (၅)နာရီမွ သာလွ်င္ေမာ္ေတာ္မ်ား၊စက္ေလွမ်ား၊ သမၺန္မ်ားသြားရန္ေဗာတံတားဖြင့္မည္
ျဖစ္သည္။
“ေအး..ဟုတ္ပါရဲ႕ညဥ့္နက္သန္းေခါင္ျဖစ္ေနၿပီးဆိုေတာ့ေဗာတံတားက ပိတ္ထားၿပီေပါ့။ဟဲ့…ေမာင္ေလးခဏထဦး။စက္ေလွဆက္သြားလို႔မရေတာ့
ဘူး။ ဒီအနီးအနားကကမ္းကိုကပ္ၿပီးခဏနားၾကရေအာင္၊စက္ေလွေမာင္း သမားေလးလည္းခဏအိပ္လို႔ရတာေပါ့။ကမ္းေပၚတက္ၿပီးစက္ေလွႀကိဳးကို
သင့္ေတာ္ရာမွာ ခ်ည္ထားလိုက္ေနာ္”
မသန္းစိန္၏ ေျပာစကားေၾကာင့္ ကိုညိဳျမင့္ အိပ္ခ်င္မူးတူးျဖင့္ထ၍ စက္ေလွႀကိဳးကိုဆြဲၿပီးစက္ေလွေပၚမွကမ္းနဖူးသို႔ခုန္တက္ကာစက္ေလွႀကိဳး ကိုခ်ည္လိုက္သည္။ထို႔ေနာက္စက္ေလွေပၚသို႔ျပန္တက္လာကာမသန္းစိန္
ကိုေျပာလိုက္သည္။
“မမခဏ.. အိပ္လိုက္ေနာ္။ ကြၽန္ေတာ္အေမ့ကိုေစာင့္ေနေပးမယ္” “ေမာင္ေလးပဲ အိပ္ပါ။ ေမာင္ေလးက အရမ္းပင္ပန္းေနၿပီ။ မမပဲ ဆက္ ေစာင့္ေနမယ္”
မသန္းစိန္၏ေျပာစကားေၾကာင့္ကိုညိဳျမင့္သန္းေဝကာလူနာအနီးတြင္ တစ္ေရးထပ္အိပ္လိုက္သည္။ စက္ေလွသမားေလးကလည္း ပဲ့ပိုင္းတြင္ ခ်ထားသည့္မီးမွန္အိမ္အလင္းေရာင္ျဖင့္ သတိလစ္ေနသည့္မိခင္ျဖစ္သူ၏ မ်က္ႏွာကို လွမ္းၾကည့္လိုက္မိသည္။ အေမ့မွာ တုတ္တုတ္မွ်မလႈပ္။ သတိ လစ္ေနဆဲပင္ရွိသည္။ လူကသာ မလႈပ္သည္။ ဝတ္ထားသည့္ ထမီအတြင္း ၌ ဝမ္းမ်ားသြားထားသည္မွာ တစ္ထည္ၿပီးတစ္ထည္လဲေပးေနရသည္။ မသန္းစိန္သည္ ဆီးဝမ္းမ်ားေပက်ံေနသည့္ ထမီမ်ားကို ေခ်ာင္းေရ အတြင္း၌ ဖြပ္ေလွ်ာ္လိုက္သည္။ အူ-အူး-အူး “8-8-8:”
“ဖလပ္- ဖလပ္- ဖလပ္”
“ရွဲ-ႏွဲ-ရွဲ-ရွဲ”
ေခြးအူသံ၊ငွက္ဆိုးထိုးသံငွက္မ်ားထပ်ံသံေၾကာင့္မသန္းစိန္ၾကက္သီး ဖ်ဥ္းဖ်ဥ္းထသြားသည္။ လမိုက္ည၏ညလယ္သန္းေခါင္မို႔ပတ္ဝန္းက်င္ကို
မသန္းစိန္ ဘာမွ မျမင္ရ။ အုပ္ဆိုင္းဆိုင္း သစ္ပင္ႀကီးမ်ား၏ ယိမ္းႏြဲ႕လႈပ္ရွား ေနသည္ကို တရွဲရွဲ အသံၾကားရ႐ုံျဖင့္ သိသာႏိုင္သည္။ ထိုစဥ္ စက္ေလွဦးမွ ၿငိမ့္ခနဲျဖစ္ကာ လႈပ္ခါသြားသည္။ မသန္းစိန္ အသားမ်ား တဆတ္ဆတ္ တုန္ေအာင္ ေၾကာက္လန႔္သြားကာ စက္ေလွဦးကို လွမ္းၾကည့္လိုက္သည္။ စက္ေလွဦး၌ မည္သည့္အရာကိုမွ် မေတြ႕။
“အင္း-အင္း-ဟင္း-ဟင္း-ဟင္း”
“ေဟာ – အေမ့သတိရလာၿပီနဲ႔ တူတယ္” မသန္းစိန္မိခင္ႀကီးဆီမွအသံၾကားရသျဖင့္မိခင္ျဖစ္သူကိုၾကည့္လိုက္
ရာ မိခင္ျဖစ္သူမွာ တအင္းအင္း ညည္းတြားကာ ထိုင္မည့္ဟန္ျဖင့္ လႈပ္ရွား လာသည္။ မသန္းစိန္ ေၾကာက္စိတ္မ်ား ေျပေပ်ာက္ကာ ဝမ္းသာအားရ ျဖစ္၍-
အေမ့-အေမ့-အေမ့
မိခင္ျဖစ္သူကို ေခၚလိုက္သည္။ မိခင္မွာ ျပန္လည္ ၿငိမ္သြားျပန္သည္။ မိခင္ျဖစ္သူအား မသန္းစိန္၏ေခၚသံေၾကာင့္ အနီးတြင္ အိပ္ေပ်ာ္ေနသည့္ ကိုညိဳျမင့္ႏိုးလာကာ –
“မမ….အေမ့သတိရလာၿပီလား”
“ေစာေစာကေတာ့ သတိရလာသလိုပဲ အခုေတာ့ ျပန္ၿငိမ္သြားျပန္ၿပီ” “မမအေမ့ကို ၾကည့္ရတာ သတိလစ္ေနတာနဲ႔ မတူဘူး။ အိပ္ေပ်ာ္ေန
သလိုပဲေနာ္”
“ဟုတ္တယ္ေမာင္ေလး..အိပ္ေပ်ာ္ေနသလိုပဲ။ လင္းေရာင္ျခည္လည္း လာေနၿပီ။ မမတို႔ ဒီေနရာကေန ခြာၾကရေအာင္၊ စက္ေလွသမားေလးကို ႏႈိး လိုက္ေတာ့ေနာ္”
မသန္းစိန္က ပတ္ဝန္းက်င္ကို ၾကည့္ရင္းမွ ေမာင္ျဖစ္သူကို ေျပာလိုက္ သည္။ ေလွႏွင့္မနီးမေဝးမွ အုတ္ဂူေဖြးေဖြးမ်ားႏွင့္ ကိုင္းၫြတ္ေနၾကသည့္ သစ္ပင္ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားကို လင္းေရာင္ျခည္ေအာက္တြင္ ဝိုးတဝါး ျမင္ေတြ႕လိုက္ရသည္။
မသန္းစိန္၏ ေျပာစကားေၾကာင့္ ကိုညိဳျမင့္စက္ေလွသမားကိုႏႈိးကာ
စက္ေလွေပၚမွဆင္း၍ခ်ည္ထားသည့္စက္ေလွႀကိဳးကိုသြား၍ေျဖလိုက္သည္။ ထိုေသာအခါမွစက္ေလွႀကိဳးခ်ည္ထားသည့္ငုတ္တိုင္မွာလူေသအေလာင္း ျမႇဳပ္ထားသည့္ေျမပုံမွနာမည္ေရးထိုးထားေသာငုတ္တိုင္ျဖစ္ေနေၾကာင္းကို
ျမင္ေတြ႕ရသည္။ ကိုညိဳျမင့္က အစ္မျဖစ္သူကို မသိမသာ လွမ္းၾကည့္လိုက္ သည္။ မသန္းစိန္မွ မ်က္ေစ့ပ်က္မ်က္ႏွာပ်က္ျဖင့္ သူ႔ကိုၾကည့္ေနသည္။ နံနက္ငါးနာရီထိုးေနၿပီမို႔ေဘာတံတားဖြင့္ၿပီျဖစ္ရာမသန္းစိန္တို႔စက္ေလွကို ေမာင္းထြက္ရန္ စက္ေလွသမားေလးက စက္ေလွကို ႏိုးေနၿပီျဖစ္သည္။ “မမျမန္ျမန္လာပါအေမ… ေလျဖတ္သြားတယ္”
မသန္းစိန္ တစ္ေၾကာင္းတည္းေသာ စာေလးကိုဖတ္၍ အံ့ဩသြားရ သည္။ စာလာပို႔သူအားၾကည့္ကာ –
“ဘယ္လိုျဖစ္တာလည္းဟယ္ – အေမပဲေမာင္ေလးဆီသြားတာအခုမွ ငါးရက္ပဲရွိေသးတယ္”
“ဆရာကိုညိဳျမင့္ေျပာျပသေလာက္ကြၽန္ေတာ္သိရတာေတာ့ေဒၚေလး
ဆရာကိုညိဳျမင့္တို႔ဆီ ေရာက္တဲ့ေန႔မွာ ေခါင္းေလွ်ာ္ေရခ်ိဳးရင္းနဲ႔ မူးတယ္ မူး တယ္ဆိုၿပီး လဲမလို ျဖစ္သြားတယ္။ ေဆးဆရာေခၚၿပီးေဆးကုလိုက္လို႔ ျပန္ ေကာင္းသြားတယ္။ ေနာက္တစ္ေန႔ညမွာ ညာဘက္တစ္ျခမ္းကို ေလျဖတ္ သြားတယ္။ ဘယ္ဘက္ကေတာ့နည္းနည္းလႈပ္လို႔ရေသးတယ္။ သတိေတာ့ မရဘူး။ အဲဒါ့ေၾကာင့္ ဆရာကိုညိဳျမင့္က မမဆီကို အေၾကာင္းၾကားခိုင္းလို႔ ကြၽန္ေတာ္လာရတာပါ”
ရွည္လ်ားစြာအေၾကာင္းစုံေျပာျပေနသူအားမသန္းစိန္မွင္တက္မိသလို ေငးေၾကာင္ ၾကည့္ေနရင္းမွ သတိျပန္ဝင္လာကာ အဝတ္အစားမ်ားကို အိတ္ထဲထည့္၍ယူသင့္သည္မ်ားကိုယူကာမိခင္ႏွင့္ေမာင္ရွိရာအိမ္မဲၿမိဳ႕နယ္ ကႏၷီေလးအိမ္တန္း႐ြာသို႔ လာေရာက္ အေၾကာင္းၾကားသူႏွင့္ လိုက္ပါသြား ခဲ့သည္။
မသန္းစိန္တြင္ေမြးခ်င္းေမာင္ႏွမသုံးေယာက္ရွိသည္။အစ္ကိုဦးသာဒင္
ႏွင့္ မသန္းစိန္က ေမြးရပ္ဇာတိျဖစ္သည့္ က်ဳံေပ်ာ္ၿမိဳ႕နယ္တြင္ ေနထိုင္ၾက ကာ ေမာင္အငယ္ဆုံး ေက်ာင္းဆရာကိုညိဳျမင့္မွာ ကႏၷီေလးအိမ္တန္းရွိ ေက်ာင္း၌ တာဝန္က်သည္။ ထို႔ေနာက္ ကိုညိဳျမင့္မွာ တစ္ေက်ာင္းတည္း လုပ္ေဖာ္ကိုင္ဖက္ ေက်ာင္းဆရာမတစ္ဦးႏွင့္အိမ္ေထာင္က်ကာ ကႏၷီေလး
အိမ္တန္းတြင္ အေျခခ် ေနထိုင္ၾကသည္။
ဖခင္ႀကီးကြယ္လြန္ၿပီးေနာက္မသန္းစိန္မွာအိမ္ေထာင္က်ကာမိခင္ႀကီး ေဒၚသိန္းတင္ႏွင့္ပင္ မခြဲမခြာ ေနထိုင္ခဲ့သည္။ ယခုလည္း အငယ္ဆုံးသား ျဖစ္သူ ေမာင္ညိဳျမင့္ကို အလြန္သတိရသည္ဆိုကာ ေမာင္ညိဳျမင့္ရွိရာ ကႏၷီေလးအိမ္စု႐ြာကို တစ္ေယာက္တည္းသြားျခင္းျဖစ္သည္။ ေဒၚသိန္း တင္က အသက္ေျခာက္ဆယ္ေက်ာ္ ခုနစ္ဆယ္ဝန္းက်င္ ရွိေသာ္လည္း က်န္းမာသန္စြန္းသည္။ ထို႔ေၾကာင့္မသန္းစိန္ကမိခင္ျဖစ္သူေဒၚသိန္းတင္ကို စိတ္ခ်လက္ခ် လႊတ္လိုက္ျခင္းျဖစ္သည္။ ယခုေတာ့ မထင္မွတ္သည့္ ကိစၥရပ္မ်ားေပၚေပါက္ခဲ့သည္။ေမာင္ျဖစ္သူဆရာကိုညိဳျမင့္တို႔ဇနီးေမာင္ႏွံမွာ ေက်ာင္းကတစ္ဖက္၊ မိခင္လူမမာက တစ္ဖက္ျဖင့္ အစ္မျဖစ္သူမသန္းစိန္ ကိုအေၾကာင္းၾကားလိုက္ျခင္းျဖစ္သည္။ ကိုညိဳျမင့္ကလည္း စက္ေလွငွား၍ လူမမာမိခင္အတြက္ ခြင့္ဆယ္ရက္ယူကာ လိုက္ပါလာခဲ့သည္။ ကႏၵီေလး အိမ္စု႐ြာမွ နံနက္ေစာေစာ ထြက္ခြာခဲ့ၾကရာ က်ဳံေပ်ာ္ၿမိဳ႕နယ္ စက္ႀကီး၊ ကန္ ကေလး၊ ေဘာတံတားအေရာက္၌ ထိုသို႔ ေတြ႕ႀကဳံရျခင္းျဖစ္သည္။ “ဒုတ္- ဒုတ္ – ဒုတ္”
ၾကားလိုက္သည့္အသံေၾကာင့္မသန္းစိန္အေတြးစျပတ္ေတာက္သြား ကာေဘးဘီကိုၾကည့္လိုက္မိသည္။စက္ေလွအထြက္စက္ေလွမွာခ်ဳံႏြယ္မ်ား
ႏွင့္တိုက္မိေသာေၾကာင့္ျဖစ္သည္။
ထိုသို႔ျဖင့္ မသန္းစိန္တို႔ မိမိေနထိုင္ရာ႐ြာကို နံနက္(၈)နာရီခန႔္
ျပန္ေရာက္ရွိသြားသည္။ မိခင္ႀကီးေဒၚသိန္းတင္မွာ အသက္မွန္မွန္ရႈလ်က္ အိပ္ေမာက်သကဲ့သို႔ သတိလစ္ေနဆဲပင္။ လူမမာေဒၚသိန္းတင္အား ႐ြာသူ ႐ြာသားမ်ား သတင္းေမး လာေရာက္ၾကည့္ရႈလ်က္ရွိသည္။ ညေနငါးနာရီ၌ ေဒၚသိန္းတင္မွာ ေလမျဖတ္သည့္ ဘယ္ဘက္တစ္ျခမ္း လႈပ္လႈပ္ရွားရွား ျဖစ္လာ၍ မ်က္ေစ့မ်ား ပြင့္လာသည္။ မ်က္ေစ့အျပဴးသားျဖင့္ ပတ္ဝန္းက်င္ ကိုလိုက္လံၾကည့္ရႈေနသည္။ လူကသာပက္လက္အေနအထားျဖစ္သည္။ မ်က္လုံးအၾကည့္မ်ားက မာေၾကာေနသည္။ မည္သည့္စကားကိုမွ် ေျပာႏိုင္ ျခင္းမရွိေပ။
“အေမ – အေမ – သတိရလာၿပီ။ ကြၽန္ေတာ္သာဒင္ေလး မွတ္မိတယ္ မို႔လား”
သားႀကီးျဖစ္သူ ကိုသာဒင္က ေမးလိုက္ျခင္းျဖစ္သည္။ေဒၚသိန္းတင္က ကိုသာဒင္ကို တစ္ခါမွ် မေတြ႕ဘူးသကဲ့သို႔ စူးစူးရဲရဲျပန္ၾကည့္ေနသည္။ မည္ သူ႔ကိုမွ မသိေတာ့ေပ။ ေဒၚသိန္းတင္မွာ တစ္ညလုံး မအိပ္၊ မသန္းစိန္က လမ္းခရီးတစ္ေလွ်ာက္အိပ္ေရးပ်က္သျဖင့္ေစာစီးစြာလူနာအနီး၌လဲေလ်ာင္း
ရင္းမွ အိပ္ေပ်ာ္သြားသည္။ “ဂ်လစ္-ဂ်လစ္-ဂ်လစ္”
“ဟီး-ဟီး-ဟီး-ဟီး”
မသန္းစိန္ မည္မွ်ၾကာေအာင္ အိပ္ေပ်ာ္သြားသည္မသိ။ ထိုအသံမ်ား ၾကားမွ အိပ္ေပ်ာ္ေနရာမွ လန႔္ႏိုးလာသည္။ မသန္းစိန္အသံလာရာသို႔ ၾကည့္လိုက္မိသည္။ လူနာေဒၚသိန္းတင္၏ေျခရင္းဘက္ျပတင္းေပါက္ဆီမွ ကိုယ္မပါေခါင္းသာလွ်င္ရွိေသာအမ်ိဳးသမီးႏွစ္ဦး၏မ်က္ႏွာမ်ားကိုျမင္ေတြ႕
ရသည္။ ထိုမ်က္ႏွာရွင္ေခါင္းႏွစ္လုံးမွာ ျပတင္းေပါက္သံဆန္ခါမ်ားကို
ကိုက္ေနၾကကာတဟီးဟီးျဖင့္ညည္းညဴေနၾကသည္။မသန္းစိန္ေယာင္ယမ္း
၍ေအာ္ဟစ္လိုက္သည္။
“သူခိုး – သူခိုး – သူခိုး”

“ဟဲ့.. ညီမေလး-ဘယ္မွာလည္း သူခိုး”
ကိုသာဒင္ မိခင္ႀကီးကို ေစာင့္ေနရာမွ တစ္ခ်က္ ငိုက္ျမည္းသြားခ်ိန္ မသန္းစိန္၏ေအာ္သံေၾကာင့္ လန႔္ႏိုးကာ ေမးလိုက္ျခင္းျဖစ္သည္။ “ဟိုမွာေလ… မိန္းမႏွစ္ေယာက္ ျပတင္းေပါက္မွာ” ကိုသာဒင္က ျပတင္းေပါက္ကို ၾကည့္ကာ-
“ဘာမွမရွိပါဘူး…ညီမေလးအိပ္မက္မက္ေနတာျဖစ္ပါလိမ့္မယ္” အစ္ကိုျဖစ္သူကိုသာဒင္၏ေျပာစကားေၾကာင့္မသန္းစိန္ေယာင္ခ်ာခ်ာ ျဖစ္သြားသည္။မသန္းစိန္အိပ္မက္မဟုတ္သည္ကေသခ်ာသည္။မိန္းမႏွစ္ဦး ၏ မ်က္ႏွာမ်ားကို အမွန္တကယ္ ျမင္လိုက္ရသည္က အမွန္ပင္။ မသန္းစိန္ မိခင္ႀကီးေဒၚသိန္းတင္ကို သတိရစြာျဖင့္ လွမ္းၾကည့္မိသည္။ မိခင္ႀကီးက မ်က္လုံးအ႐ြဲသားႏွင့္ ဟိုၾကည့္ – သည္ၾကည့္ ၾကည့္ေနသည္။ အခ်ိန္က ညဥ့္ ႏွစ္နာရီထိုးၿပီးျဖစ္သည္။ ထိုစဥ္ အိပ္ခန္းတြင္း၌ အိပ္ေပ်ာ္ေနသည့္ ေက်ာင္းဆရာညိဳျမင့္ အိပ္ခ်င္မူးတူးႏွင့္အခန္းျပင္ထြက္လာကာ – “အစ္ကိုႀကီးနဲ႔ … မမဘာျဖစ္လို႔လဲ”
000
“ဘာမွ … မျဖစ္ပါဘူး။ မင္းမမ အိပ္ေပ်ာ္ေနရာက အိပ္မက္မက္ၿပီး ထေအာ္တာပါ”
အစ္ကိုႀကီးကိုသာဒင္စကားကို မသန္းစိန္ ဘာမွ ျပန္မရွင္းလိုေတာ့။ ရွင္းေနလည္းပို၍ထူးလာမည္မဟုတ္သည္ကိုမသန္းစိန္သိသည္။ထို႔ေၾကာင့္
အစ္ကိုျဖစ္သူကို တစ္ေရးအိပ္ခိုင္းလိုက္သည္။
“အစ္ကိုႀကီး- တေရးတေမာ အိပ္လိုက္ဦးေနာ္။ ညီမနဲ႔ေမာင္ေလးတို႔ အေမ့ကို ဆက္ေစာင့္လိုက္မယ္”
မသန္းစိန္က ေျပာေျပာဆိုဆို မိခင္ႀကီးအနီးသို႔ တိုးသြားကာ ဆီမ်ား ေပေနသည့္မိခင္ႀကီးထမီကိုလဲေပးလိုက္သည္။ ကိုသာဒင္ကမသန္းစိန္ကို ေခါင္းညိတ္ျပကာ လူမမာမိခင္ႀကီးေဒၚသိန္းတင္အနီးတြင္ လဲအိပ္လိုက္ သည္။မသန္းစိန္ႏွင့္ကိုညိဳျမင့္ကမိခင္ႀကီးအနီးတြင္ထိုင္ေစာင့္ေနၾကေသာ တိတ္ဆိတ္ၿငိမ္သက္စြာ ကိုယ့္အေတြးႏွင့္ကိုယ္ ရွိေနၾကသည္။ လူနာ
ေဒၚသိန္းတင္ လႈပ္ရွား၍ရသည့္ ဘယ္ဘက္လက္ျဖင့္ ၿခဳံေပးထားသည့္ ေစာင္စကို ဆြဲလွန္လ်က္ရွိသည္။ မ်က္စိက ဟိုၾကည့္သည္ၾကည့္ကာ တအီးအီး ညည္းညဴေနသည္။ မသန္းစိန္အေတြးစကိုျဖတ္၍ မိခင္ျဖစ္သူ အားေစာင္ကို ျပန္ၿခဳံေပး၍-
“အေမ – အေမ ဘာလုပ္ခ်င္လို႔လည္းဟင္”
ေဒၚသိန္းတင္က သမီးျဖစ္သူ၏ အေမးစကားကို ဘာမွ် မသိသကဲ့သို႔ ရွိသည္။ ညဥ့္သည္လူနာ၏တအီးအီးညည္းသံမွလြဲ၍ျပန္လည္တိတ္ဆိတ္ ၿငိမ္သက္သြားျပန္သည္။
“မမ … အေမက အခုညတစ္ညလုံးတစ္ခါမွမအိပ္ေသးဘူးလား” တိတ္ဆိတ္ေသာၿငိမ္သက္မႈကိုၿဖိဳခြင္းကာကိုညိဳျမင့္ကေမးလိုက္ျခင္း
ျဖစ္သည္။
“အဲဒါေတာ့.. မမလည္း မသိဘူး။ အစ္ကိုႀကီးရွိတာနဲ႔ အေစာႀကီး အိပ္ေပ်ာ္သြားတယ္။ ေမာင္ေလးေရာ ဘယ္အခ်ိန္အိပ္လဲ”
“ကြၽန္ေတာ္လည္း အစ္ကိုႀကီးနဲ႔ စကားေျပာေနတာနဲ႔ ဆယ့္တစ္နာရီ ေလာက္မွ ဝင္အိပ္တာ။ အေမ့က စကားသာ မေျပာတာ ၾကက္ေပါင္းရည္နဲ႔ ႏြားႏို႔ကိုတိုက္ေတာ့ အကုန္ေသာက္ႏိုင္တယ္”
“ေဆးဆရာႀကီးက ေျပာတယ္ေလ။ လွ်ာတစ္ျခမ္း ေလျဖတ္သြားလို႔ စကားမေျပာႏိုင္ေတာ့သလို ထမင္းေတြ ဘာေတြလည္း စားႏိုင္ေတာ့မွာ မဟုတ္ဘူးတဲ့။ အဲဒါေၾကာင့္ အရည္ပဲ တိုက္ပါလို႔ ေျပာတယ္ မဟုတ္လား”
“ဟုတ္တယ္ေလ … အေမ့ၾကည့္ရတာ အသိဉာဏ္ပါ ေပ်ာက္သြား သလိုပဲေနာ္မမ”
မသန္းစိန္တို႔ ေမာင္ႏွမစကားေျပာရင္း မိခင္ႀကီးေဒၚသိန္းတင္ကို ေစာင့္ၾကည့္ေနၾကသည္။ နံနက္ေလးနာရီေက်ာ္၍ လင္းအ႐ုဏ္လာေသာ အခ်ိန္တြင္ ေဒၚသိန္းတင္ တအီးအီး ညည္းညဴေနရာမွ အိပ္ေပ်ာ္သြားၿပီ ျဖစ္သည္။
ထို႔ေနာက္တြင္ လူနာေဒၚသိန္းတင္မွာ တစ္ေနကုန္ အိပ္ေနသျဖင့္
သားသမီးမ်ားကလႈပ္ႏႈိးၾကေသာ္လည္း တအီးအီးညည္းညဴကာ ျပန္လည္ ၍ အိပ္ေပ်ာ္သြားသည္။ ညေန ေနက်ခ်ိန္ ငါးနာရီတြင္ လူနာေဒၚသိန္းတင္ ႏိုးလာသည္။ ထိုအခ်ိန္မွ လူနာၾကည့္သားသမီးမ်ားက ၾကက္ျပဳတ္ရည္ႏွင့္ ႏြားႏို႔ကိုတိုက္ၾကရသည္။ ထိုအခါမွလူနာေဒၚသိန္းတင္ကထိုအရည္မ်ားကို အငမ္းမရေသာက္သည္။ ညဘက္တြင္ တစ္ညလုံး မအိပ္ဘဲ နံနက္ ငါးနာရီ ထိုးမွသာလွ်င္ ျပန္လည္၍အိပ္ေပ်ာ္သြားေလ့ရွိသည္။
လူနာေဒၚသိန္းတင္၏သားငယ္ျဖစ္သူ ေက်ာင္းဆရာကိုညိဳျမင့္မွာ ေက်ာင္းမွ ခြင့္ဆယ္ရက္ယူခဲ့သည္မွာ ခြင့္ေစ့သျဖင့္ ကႏၷီေလးအိမ္တန္း႐ြာ ကို ျပန္သြားၿပီးျဖစ္သည္။ လူနာေဒၚသိန္း၏ သားႀကီးကိုသာဒင္ႏွင့္ သမီး မသန္းစိန္မွာလည္း မိခင္ႀကီးအား ေစာင့္ၾကည့္ေနရာမွအ အိပ္ေရးပ်က္ဖန္ မ်ားလာသျဖင့္ေျခကုန္လက္ပန္းက်လာၿပီးျဖစ္သည္။ထို႔ေၾကာင့္မသန္းစိန္ ကညီမဝမ္းကြဲျဖစ္သူလူနာေဒၚသိန္းတင္၏တူမရင္းမႏွင္းေအးကိုေခၚထား
ရသည္။
မႏွင္းေအးက အစ္ကိုဝမ္းကြဲႏွင့္ အစ္မဝမ္းကြဲတို႔ အနားရေစရန္ အေဒၚ ျဖစ္သူေဒၚသိန္းတင္ကိုေန႔ေန႔ညညေစာင့္ေပးေနသည္။လူနာေဒၚသိန္းတင္ မွာ ညေနဘက္အိပ္ရာမွ ႏိုးလာေသာအခါ မႏွင္းေအးကို ေတြ႕သည္ႏွင့္ ေလမျဖတ္သည့္ ဘယ္ဘက္လက္ျဖင့္ကိုင္ထားတတ္သည္။ ညဘက္မႏွင္း ေအးအိပ္ခ်င္လွ်င္ ေဒၚသိန္းတင္အနီး၌ ကပ္အိပ္ရသည္။ မႏွင္းေအးထိုသို႔ ကပ္မအိပ္ပါက လူနာေဒၚသိန္းတင္မွာ တအီးအီး ညည္းညဴေနတတ္သည္။ ထိုသို႔ျဖင့္မႏွင္းေအးလူမမာေဒၚသိန္းတင္အားေစာင့္ၾကည့္ေပးေနသည္မွာ ေျခာက္ရက္ရွိသြားၿပီး ျဖစ္သည္။ လူနာေဒၚသိန္းတင္ နံနက္ငါးနာရီတြင္ ျပန္အိပ္သြားေသာအခါ မႏွင္းေအးအိမ္ကို ေခတၱျပန္ရန္ မသန္းစိန္ကို ေျပာ လိုက္သည္။
“မမသန္း … ကြၽန္မ ေနရတာ သိပ္မေကာင္းဘူး။ ရင္ထဲကလည္း တစ္မ်ိဳးႀကီးျဖစ္ေနတယ္။ အဲဒါေၾကာင့္ကြၽန္မအိမ္ကိုျပန္ၿပီးနားလိုက္ဦးမယ္ ေနာ္”
“ေအာ္ … ေအး – ေအး ငါ့ညီမလည္း အေဒါ့္ကို ေစာင့္ေပးေနရတာနဲ႔ အေတာ္ပင္ပန္းေနၿပီ။ နားနားေနေနနဲ႔ျပန္ေနလိုက္ဦးေနာ္။ညက်ေတာ့လာ ခဲ့ေပးဦး သိလား။ ညီမ အေဒၚက ညီမကိုမေတြ႕ရင္ တအီးအီးနဲ႔ ညည္းညဴ ေနဦးမွာ”
“ဟုတ္ကဲ့ပါ….မမ ညေနက်ရင္ ကြၽန္မလာခဲ့ပါ့မယ္”
မႏွင္းေအး ေျပာေျပာဆိုဆို အိမ္ေပၚမွ ဆင္းသြားသည္။ မႏွင္းေအးမွာ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္မုဆိုးမတစ္ဦး ျဖစ္သည္။ လူနာေဒၚသိန္းတင္၏ ညီမ ျဖစ္သူမႏွင္းေအး၏အေမမွာမုဆိုးမပင္ျဖစ္ရာမုဆိုးမသားအမိႏွစ္ဦးတည္း ရွိေသာအိမ္ေထာင္စုကေလးအားမႏွင္းေအးကငွက္ေပ်ာၿခံကိုျပဳစုပ်ိဳးေထာင္
လုပ္ကိုင္ရွာေဖြ၍သားအမိႏွစ္ဦးဘဝကိုေအးခ်မ္းစြာရပ္တည္ေနၾကသူမ်ား
ျဖစ္သည္။ မသန္းစိန္က ညီမဝမ္းကြဲျဖစ္သူ မႏွင္းေအး၏ ေက်ာျပင္ကို ေတြေဝစြာ ေငးၾကည့္ေနရင္းမွ မထင္မွတ္ဘဲ မႏွင္းေအးအေၾကာင္း ေတြးျဖစ္သြားသည္။
“မသန္းစိန္ … မသန္းစိန္ … တူမ”
..
မသန္းစိန္ ေခၚသံၾကားသျဖင့္ လွမ္းၾကည့္လိုက္ရာ မႏွင္းေအး၏မိခင္ ေဒၚေလးအား ေတြ႕လိုက္ရသည္။
“ဟင္ … ေဒၚေလး ဘာေျပာမလို႔လည္း ေရးႀကီးသုတ္ပ်ာနဲ႔” “နင့္ – ညီမႏွင္းေအး …. အေတာ္ဖ်ားေနတယ္။ နင္တို႔ဆီကိုေဆးဆရာ ဒီေန႔လာမွာမို႔လား။ ေဆးဆရာလာရင္ ေဒၚေလးတို႔ ဆီကို ေခၚလာခဲ့ အုန္းေနာ္”
“ဒီေန႔ေတာ့ – လာမွာမဟုတ္ဘူး။ ေဒၚေလး- သူက သုံးရက္တစ္ႀကိမ္ ႂကြတာဆိုေတာ့ မနက္ျဖန္မွ လာလိမ့္မယ္။ ဒါဆိုရင္ ႏွင္းေအးကို ဘာေဆး တိုက္ထားလည္းဟင္”
“ေခြၽးထြက္ၿပီးအဖ်ားက်သြားေအာင္ငန္းေဆးေတာ့တိုက္ထားတာပဲ။ အဲ့ဒါဆို ေဒၚေလးျပန္ဦးမယ္။ မမကို တက္မၾကည့္ေတာ့ဘူး။ မမ သက္သာ
တယ္မဟုတ္လား”
“ဟုတ္ကဲ့…ေဒၚေလးအေမကဒီအတိုင္းပါပဲေန႔ဘက္က်တစ္ေနကုန္ အိပ္ညဘက္က်ေတာ့တစ္ညလုံးမအိပ္ဘူးေလ။မနက္ျဖန္ေဆးဆရာလာရင္
ေဒၚေလးတို႔ဆီကိုကြၽန္မေခၚလာခဲ့မယ္ေနာ္”
မသန္းစိန္မွာ ေဒၚေလးျဖစ္သူ ျပန္သြားၿပီးေနာက္ မိခင္ႀကီး၏ ေခ်းဝတ္ ေသးဝတ္မ်ား ေလွ်ာ္ဖြပ္ေပးရန္ အိမ္ေပၚမွ ဆင္းလိုက္သည္။ ေဆးဆရာက လူနာမိခင္ႀကီး၌အနံ႔အသက္မ်ားရွိလွ်င္မႀကိဳက္ေပ။မိခင္ႀကီးအား သုံးရက္ တစ္ႀကိမ္ေရဖတ္တိုက္ကာသုတ္ေပးျခင္း၊ေစာင္အိပ္ရာခင္းမ်ားကိုေလွ်ာ္ဖြပ္ ေပးထားရသည္။မသန္းစိန္အဝတ္မ်ားေလွ်ာ္ဖြပ္ေနရင္းမွမႏွင္းေအးသည္ေန႔
လာႏိုင္ေတာ့မည္မဟုတ္မွန္းေတြးမိလိုက္သည္။
မသန္းစိန္တြင္ သားႏွင့္သမီး(၂)ႏွစ္ေယာက္ရွိသည္။ ခင္ပြန္းသည္မွာ ျပည္တြင္းသေဘၤာသားျဖစ္ေသာေၾကာင့္ တစ္လတစ္ေခါက္၊ ႏွစ္လတစ္
ေခါက္သာလွ်င္ျပန္လာေလ့ရွိသည္။သားႏွင့္သမီးမွာအသက္ရွစ္ႏွစ္ဆယ္ႏွစ္
သာလွ်င္ ရွိၾကေသးသျဖင့္ အားကိုး၍ မရ လူမမာဘြားေအႀကီးအနီးပင္ မကပ္ၾကေပ။ ထို႔ေန႔ညအဖို႔ မႏွင္းေအး မလာႏိုင္ေတာ့သျဖင့္ အစ္ကိုႀကီး ကိုသာဒင္ လူနာေစာင့္ေပးေလသည္။
ေဆးဆရာလာမည့္ေန႔ ျဖစ္သျဖင့္ မသန္းစိန္မိခင္ လူမမာႀကီးကို ေရဖတ္ဝတ္မ်ား တိုက္ေပးေနရင္းမွ ေဆးဆရာႀကီးကို ေမွ်ာ္ေနမိသည္။
ေဆးဆရာမွာညေနေစာင့္သည့္အထိေပၚမလာေပ။မႏွင္းေအးဖ်ားေနသည္ ကို သြား၍ ၾကည့္ခ်င္ေသာ္လည္း လူမမာမိခင္ႀကီးကို ေစာင့္ၾကည့္ေပးမည့္ သူကမရွိ ျဖစ္ေနသည္။ မသန္းစိန္တို႔႐ြာမွာ ေက်းလက္ေတာ႐ြာ ျဖစ္သျဖင့္ ေဆး႐ုံေဆးခန္းမရွိ၊တိုက္နယ္ေဆး႐ုံရွိသည့္ၿမိဳ႕ႏွင့္ကဆယ္မိုင္ေက်ာ္မွ်ေဝး ကြာလွပါသည္။ မိခင္ႀကီးမွာ နာတာရွည္ေရာဂါသည္ ျဖစ္သျဖင့္ အိမ္၌ပင္၊ ေဆးဆရာပင့္၍ကုသေနျခင္းျဖစ္သည္။
“ညီမေလး … မသန္းစိန္ ဘာေတြ စဥ္းစားေနလဲ ဒီေန႔ ေဆးဆရာႀကီး မလာဘူးလား”
အစ္ကိုျဖစ္သူကိုသာဒင္ေရာက္လာကာေမးလိုက္သည့္စကားေၾကာင့္ မသန္းစိန္ စဥ္းစားေနရာမွ အစ္ကိုျဖစ္သူ၏ အေမးစကားကို ျပန္ေျဖလိုက္ ရသည္။
“ဘာရယ္လို႔မဟုတ္ပါဘူးအစ္ကို၊အေမကအခုဆိုရင္႐ြာကိုျပန္ေရာက္ တာ ရက္ႏွစ္ဆယ္ေက်ာ္သြားၿပီ။ အေမ့ေဝဒနာက သိသိသာသာ သက္သာ လာတာကိုမေတြ႕ရဘူး။ တိုက္နယ္ေဆး႐ုံကိုတက္ကုဖို႔ကလည္းအိမ္မွာက ကေလးေတြႀကီးပဲ။ အစ္ကိုက်ေတာ့လည္း အဆင္ကမေျပလို႔ မိသားစု သုံးေယာက္စာေတာင္ မနည္း႐ုန္းကန္ေနရတယ္”
“ေအာ္ – ညီမေလးရယ္ အေမ့ကနာတာရွည္ဆိုေတာ့ ဒီလိုပဲ ကုရမွာ ပဲေလ။ ေဆးဆရာႀကီးကလည္း ေျပာထားတယ္။ အေမ့ကို အိမ္မွာထားၿပီး ကုတာ ပိုေကာင္းတယ္လို႔ ဟုတ္တယ္ – မဟုတ္လား။ အခု မႏွင္းေအးက ဖ်ားေနေတာ့မလာႏိုင္ျပန္ဘူး။ညီမဘာမွအားမငယ္ပါနဲ႔။အစ္ကိုႀကီးညတိုင္း
လာေစာင့္အိပ္ေပးမယ္ေနာ္”
“ဟုတ္တယ္ .. အစ္ကို မႏွင္းေအး ဖ်ားေနတာ တစ္ေခါက္မွ သြား မၾကည့္ရေသးဘူး။ေဆးဆရာလာရင္မႏွင္းေအးဆီပင့္သြားဖို႔ဟာေဆးဆရာ က မႂကြေတာ့ ႏွင္းေအးကို ဒီအတိုင္းပဲ သြားၾကည့္လိုက္ဦးမယ္အစ္ကို အေမ့ကိုေစာင့္ၾကည့္ေနေပးပါေနာ္။ဟိုကေလးႏွစ္ေယာက္လည္းဘယ္ကို
သြားေဆာ့ေနၾကတယ္မသိဘူး”
မသန္းစိန္က အစ္ကိုျဖစ္သူကို မွာၾကားၿပီး မႏွင္းေအးတို႔အိမ္ရွိရာ ထြက္သြားသည္။ မႏွင္းေအးအိမ္အနီးေရာက္ေသာအခါ မႏွင္းေအးအိမ္သို႔ ပတ္ဝန္းက်င္မွလူမ်ားေရာက္ရွိေနၾကသည္ကိုေတြ႕လိုက္ရသည္။ မသန္းစိန္ ထိတ္လန႔္စြာ မႏွင္းေအးအနီး လ်င္ျမန္စြာ သြားလိုက္သည္။ မႏွင္းေအး မ်က္ႏွာက ေသြးဆုတ္သကဲ့သို႔ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနသည္။ အသားမ်ား
ခ်စ္ခ်စ္ေတာက္ပူလ်က္ သတိမရတစ္ခ်က္ ရတစ္ခ်က္ ျဖစ္ေနသည္။ သမီး ျဖစ္သူအား မ်က္ရည္လည္႐ြဲျဖင့္ ၾကည့္ေနသည့္ မႏွင္းေအး၏မိခင္မွ မသန္းစိန္ကို အားကိုးတႀကီး ေဆးဆရာပါလာသည္အထင္ႏွင့္။
“တူမ…ေဆးဆရာႀကီးပါလာတယ္မို႔လား”
ေဒၚေလးျဖစ္သူ၏ အေမးစကားကို မသန္းစိန္ မည္သို႔ ျပန္ေျပာရမည္ မသိျဖစ္သြားသည္။ မေျပာလွ်င္လည္းမျဖစ္သျဖင့္မသန္းစိန္အားတင္းကာ ေျပာလိုက္ရသည္။
“ေဆးဆရာႀကီးက ဒီေန႔ မႂကြဘူးေဒၚေလး … အဲဒါေၾကာင့္ အစ္ကို ကိုသာဒင္ အေမ့ကို ေစာင့္ၾကည့္ေနတုန္း ကြၽန္မႏွင္းေအးကိုၾကည့္ရင္းလာ ေျပာတာ။ ႏွင္းေအးကို ဘာေဆးေတြ တိုက္ထားလည္း ႏွင္းေအးက အရမ္း ဖ်ားေနတယ္”
“မေန႔ကေတာ့ ငန္းေဆးတိုက္လို႔ အဖ်ားက်သြားတယ္။ ညကလည္း သက္သာသလိုရွိတယ္။ဒီေန႔မနက္မွျပန္ဖ်ားလာတယ္။အဲဒါလည္းငန္းေဆး ျပန္တိုက္တာ။ အဖ်ားက်သလိုလိုနဲ႔ ျပန္ဖ်ားေနတာ ပိုဆိုးလာတယ္။ အဲ့ဒါ ဘယ္လိုလုပ္မလဲတူမ၊ ေဒၚေလးေတာ့ ဘာမွ မလုပ္တတ္ေတာ့ဘူး” “ေဒၚေလးႏွင္းေအးက အဖ်ားသိပ္ႀကီးေနတယ္ တိုက္နယ္ေဆး႐ုံ ကို သြားျပရင္ ေကာင္းလိမ့္မယ္လို႔ထင္တယ္အစ္ကိုသာဒင္ကိုကြၽန္မျပန္ေျပာ လိုက္ဦးမယ္”
“တူမတို႔ပဲအဆင္ေျပသလိုၾကည့္လုပ္ပါေဒၚေလးေစာင့္ေနမယ္ေနာ္”
မသန္းစိန္မိမိအိမ္သို႔အျမန္ျပန္ကာမႏွင္းေအးကိုအျမန္ဆုံးေဆး႐ုံျပႏိုင္
ေရးတြက္အစ္ကိုျဖစ္သူကိုသာဒင္ကိုအေၾကာင္းစုံေျပာျပရသည္။ကိုသာဒင္
ကအေၾကာင္းစုံသိေသာအခါမႏွင္းေအးရွိရာသို႔ကသုတ္ကရက္ထြက္သြား သည္။ မသန္းစိန္မွာ ထိုညအတြက္ မိခင္လူမမာႀကီးကိုေစာင့္ရန္ တူဝမ္းကြဲ လင္မယားကို အေဖာ္ေခၚရသည္။ ကိုသာဒင္၏ဇနီးမသန္းစိန္၏ ေယာင္းမ မွာလည္း မီးယပ္ခ်ိခ်ိေနသူျဖစ္သည္။ ထိုသမီးေလး အပ်ိဳျဖစ္မွ ေနာက္ထပ္
ကေလးေမြးရာမွ မီးယပ္ခ်ည့္ခ်ည့္သြားျခင္းျဖစ္သည္။ ထိုကေလးကလည္း လသားအ႐ြယ္ႏွင့္ပင္ ဆုံးသြားသည္။
“ငါ့တူတို႔လင္မယားကိုအေဖၚေခၚရတာ။ ငါ့တူမခင္ထားက ကိုယ္ဝန္နဲ႔ ဆိုေတာ့ အားနာမိတယ္။ ငါ့တူမက အိမ္မွာပဲျပန္အိပ္ပါလား” “ရပါတယ္ … ေဒၚေလးရဲ႕ကြၽန္မက ဒီမွာအိပ္လည္းျဖစ္ပါတယ္” “ျဖစ္ေတာ့ ျဖစ္တာေပါ့ ခင္ထားရယ္ – ခင္ထားကိုယ္ဝန္ကလရင့္ေနၿပီ မို႔လား”
“ရွစ္လပဲ ရွိပါေသးတယ္ေဒၚေလးရဲ႕၊ ေတာ္ၾကာ သူကအိပ္ေပ်ာ္ေနရင္ ေဒၚေလးတစ္ေယာက္တည္းျဖစ္ေနမွာစိုးလို႔ပါ”
မသန္းစိန္က တူလင္မယားကို ေျပာမည့္သာ ေျပာရသည္။ မသန္းစိန္ မွာ အေဖာ္မရွိသည္ကေတာ့ အမွန္ပင္ ျဖစ္သည္။ မသန္းစိန္၏သားႏွင့္ သမီးကလည္း အ႐ြယ္မေရာက္ၾကေသးသျဖင့္ အားမကိုးရေပ။
“အူး – အူး- အူး”
“ဝုတ္ – ဝုတ္ – ဂုတ္ – ဝုတ္”
ဆယ္
႐ုတ္တရက္၊ ေခြးအူသံမ်ား၊ ေခြးေဟာင္သံမ်ားေၾကာင့္ မသန္းစိန္ ေခါင္းနားပန္းႀကီးကာ ရင္ေတြ တဆတ္ဆတ္ တုန္သြားသည္။ ညက တစ္နာရီခန႔္ ရွိၿပီးျဖစ္သည္။ ထိုစဥ္-
“ဟင္း-ဟင္း-ဟင္း”
လူနာမိခင္ႀကီးဆီမွအသံမ်ားထြက္ေပၚလာသည္။ မသန္းစိန္ မိခင္ႀကီး အနီးသို႔ကပ္သြားလိုက္သည္။ မိခင္ႀကီးမွာဟိုၾကည့္ဒီၾကည့္ၾကည့္ေနရင္းမွ ဝမ္းကြဲေျမးလင္မယားကို ေတြ႕သြားကာ ေလမျဖတ္သည့္ဘယ္ဘက္လက္ အားလႈပ္လႈပ္ရွားရွား ျပဳလာသည္။
“မသန္းစိန္- မသန္းစိန္ – ညီမေလး-အစ္ကိုႀကီးပါ- အိမ္ေအာက္ကို ခဏဆင္းခဲ့ဦး”
မသန္းစိန္ကမိခင္ႀကီးအားေရတိုက္မည့္ဟန္ျပင္ေနစဥ္အိမ္ေအာက္မွ အစ္ကိုသာဒင္ေခၚေနသည့္ အသံၾကားရသျဖင့္ –
“တူေလးေရတူေလးရဲ႕ “ ဘြားေလးအနားမွာ လာေနေပးပါေနာ္။ အိမ္ ေအာက္က အစ္ကိုသာဒင္ ေခၚေနတယ္။ ဘာကိစၥရွိလို႔လည္း မသိဘူး။ ေဒၚေလး သြားလိုက္ဦးမယ္”

မသန္းစိန္က ေျပာေျပာဆိုဆို မီးခြက္ကိုကိုင္လ်က္ အိမ္ေအာက္ရွိ ကမန္းကတန္း ဆင္းသြားလိုက္သည္။ အိမ္ေအာက္တြင္ မ်က္ႏွာပ်က္ျဖင့္ အစ္ကိုသာဒင္ကို ေတြ႕ရသည္။
“အစ္ကိုသာဒင္ – ဘာျဖစ္လို႔လဲ။ ႏွင္းေအးေရာ – သက္သာရဲ႕လား။ ေဆး႐ုံတင္ထားခဲ့ရလား”
ေတြေတြႀကီးရပ္ကာမ်က္စိမ်က္ႏွာပ်က္ျဖင့္ကိုသာဒင္ကတုန္ရီလႈိက္
ေမာစြာေျပာသည္။
“ႏွင္းေအးဆုံးသြားၿပီ”
“ဘာ …. အစ္ကို ႏွင္းေအးဆုံးသြားၿပီ ဟုတ္လား။ ျဖစ္မွ ျဖစ္ရေလ ႏွင္းေအးရယ္ ဘယ္လို ျဖစ္တာလည္း အစ္ကိုရယ္”
မသန္းစိန္က မခ်ိတင္ကဲ တိတ္တဆိတ္ ငိုရႈိက္ကာ တိုးတိတ္ကာ ေမးလိုက္သည္။
“အဖ်ားကႀကီးေနေတာ့လမ္းခရီးမွာထဲက မ်က္ျဖဴလန္လန္သြားတာ။ ေဆး႐ုံေရာက္ေတာ့ လူနာက အရမ္းေသြးေပါင္က်ေနၿပီ။ ေဆး႐ုံကိုေရာက္ တာေနာက္က်တယ္။ ႀကိဳးစားၾကည့္မယ္လို႔ဆရာဝန္ကေျပာတယ္။ေျပာတဲ့ အတိုင္းလည္း ႀကိဳးစားကုေပးၾကပါတယ္။ ဒါေပမဲ့ မရေတာ့ဘူး။ ေဒၚေလး ကလည္း သူ႔မွာ အားကိုးစရာ လူမရွိေတာ့ဘူးဆိုၿပီး ငိုလိုက္တာ။ အစ္ကို လည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိဘူးျဖစ္သြားတယ္။ အတင္းေခ်ာ့ေမာ့ ၿပီး ႐ြာကို ျပန္ေခၚခဲ့ရတယ္။ အဲ့ဒါ ညီမသိေအာင္လို႔ လာေျပာတာ။ အစ္ကို ေဒၚေလးတို႔ အိမ္ကို ျပန္သြားလိုက္မယ္”
မသန္းစိန္ႏွင့္ကိုသာဒင္တို႔ေျပာဆိုၾကၿပီးေနာက္မသန္းစိန္အိမ္ေပၚသို႔
ျပန္တက္ခဲ့သည္။ထိုတြင္လူနာမိခင္ႀကီးမွာ ကိုယ္ဝန္ေဆာင္သည္ခင္ထား ၏လက္ကို ဆုပ္ကိုင္ထားကာဟိုၾကည့္သည္ၾကည့္ျဖင့္ ၿငိမ္သက္ေနသည္။ ငိုထားသည့္မသန္းစိန္၏ မ်က္ႏွာကိုၾကည့္ကာ တူျဖစ္သူက စိုးရိမ္စြာျဖင့္ ေမးလိုက္သည္။
“ေဒၚေလး… ဦးေလး ဘာလာေျပာတာလည္းဟင္”

မသန္းစိန္ကတူျဖစ္သူကိုလွမ္းၾကည့္ကာေလသံတိုးတိုးျဖင့္ေျပာလိုက္
“မႏွင္းေအး ဆုံးသြားၿပီတဲ့ – အဲ့ဒါလာေျပာတာပါ။ ခင္ထားလည္း အိပ္ ေတာ့ေနာ္။ ေဒၚေလးဆက္ေစာင့္ေနပါ့မယ္”
တူျဖစ္သူႏွင့္ ခင္ထားတို႔မွာ မသန္းစိန္၏ စကားကိုၾကားရေသာအခါ အံ့ဩထိတ္လန႔္သြားၾကသည္။ ထို႔ေနာက္ ခင္ထားက လူနာေဒၚသိန္းတင္ ဆုပ္ကိုင္ထားသည့္ သူမ၏ လက္ကို ျပန္႐ုတ္လ်က္ ခင္ပြန္းျဖစ္သူအနီးသို႔ ကပ္ထိုင္လိုက္သည္။ သူတို႔အားလုံးမွာ လူနာအနီးတြင္ ထိုင္ေနၾကေသာ္ လည္း သူတို႔အသိစိတ္က ပ်ံ႕လြင့္ေနၾကသည္။ ထိုစဥ္- “ဟင္း-ဟင္း-ဟင္း- ဖ်န္း”
႐ုတ္တရက္မို႔ သူတို႔ အားလုံး ထိတ္လန႔္သြားၾကသည္။ လူနာ ေဒၚသိန္းတင္မွာတဟင္းဟင္းညည္းကာေလမျဖတ္သည့္ဘယ္ဘက္လက္
ျဖင့္ ၾကမ္းျပင္ကို ႐ိုက္လိုက္ျခင္း ျဖစ္သည္။ မသန္းစိန္မွ မိခင္ျဖစ္သူ လူနာ
အား-
“အေမ ဘာျဖစ္လို႔လည္းဟင္ – ဘာလိုခ်င္လို႔လဲ…” မသန္းစိန္ကေမးေသာ္လည္းဘာကိုမွ်မသိသည့္လူနာေဒၚသိန္းတင္က ကိုယ္ဝန္ေဆာင္သည္ ခင္ထားကိုသာလွ်င္ မ်က္ေထာင့္နီႀကီးမ်ားျဖင့္ မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနသည္။ ခင္ထားက သူ႔အား စိုက္ၾကည့္ေန သည့္ လူနာေဒၚသိန္းတင္ မ်က္ေထာင့္နီႀကီးမ်ားကို ေၾကာက္႐ြံ႕ကာ ခင္ပြန္း အနီးသို႔ ပို၍ တိုးကပ္သြားသည္။ မသန္းစိန္မွာလည္း သူ႔အနီးသို႔ တိုး ကပ္ကာ ေနရာမေ႐ြ႕ သုံးေယာက္စလုံး ပူးကပ္၍ ထိုင္ေနၾကသည္မွာ လင္း ေရာင္ျခည္လာ၍ ေဒၚသိန္းတင္ ျပန္အိပ္ေပ်ာ္သြားသည့္တိုင္ေအာင္ပင္ ျဖစ္သည္။
မႏွင္းေအးအသုဘရက္မို႔ကိုသာဒင္ကလည္းမိခင္လူနာႀကီးကိုလာ၍ ေစာင့္မအိပ္ႏိုင္။ တူျဖစ္သူလင္မယားမွာလည္း တစ္ညသာလွ်င္ လူနာ လာေစာင့္ၾကသည္။ မသန္းစိန္က ေန႔ဘက္တြင္ မိမိတစ္ဦးတည္းႏွင့္ ျဖစ္ေသာ္လည္း ညဘက္တြင္ မိမိတစ္ဦးတည္းႏွင့္ အဆင္မေျပေသာ ေၾကာင့္အိမ္အနီးအနားမွ သက္ႀကီး႐ြယ္အိုဦးႀကီးႏွစ္ေယာက္ကိုအကူအညီ
ေတာင္းကာေခၚထားရသည္။ထိုဦးႀကီးမ်ားကလူနာေဒၚသိန္းတင္ကိုၾကည့္ ကာ ေဒၚသိန္းတင္အနီးသို႔ မကပ္ၾကေပ။ မသန္းစိန္မွလည္း မိခင္ႀကီး ႏိုးလာေသာအခါ ႏြားႏို႔ႏွင့္ၾကက္ျပဳတ္ရည္တိုက္ခ်ိန္မွလြဲ၍ ေဒၚသိန္းတင္၏ မ်က္လုံးအၾကည့္မ်ားကိုေၾကာက္ကာ ခပ္လွမ္းလွမ္းမွာပင္ ေနသည္။ ထိုသို႔ျဖင့္ မႏွင္းေအး ရက္လည္ၿပီး ေနာက္တစ္ေန႔ သတင္းဆိုးတစ္ခု ကိုၾကားလိုက္ရျပန္ပါသည္။
ခင္ထားကေလးအေသေလး ေမြးကာ ခင္ထားပါဆုံးသြားျခင္းပင္ ျဖစ္သည္။ ခင္ထား၏ခင္ပြန္း ျဖစ္သူမသန္းစိန္၏တူမွာလည္း အ႐ူးတစ္ပိုင္း ျဖစ္သြားသည္။ ခင္ထား၏မိဘမ်ားမွာ ငယ္ငယ္႐ြယ္႐ြယ္ျဖင့္ ေသဆုံးသြား ရသည့္ သူတို႔သမီးအတြက္ မေျဖဆည္ႏိုင္ေအာင္ ရွိေနၾကသည္။ အစ္ကိုသာဒင္ကလည္းေန႔ဘက္အလုပ္လုပ္ရ၊ညဘက္မႏွင္းေအးအသုဘ
ရက္မလည္မခ်င္း အေဒၚျဖစ္သူကို သြားေစာင့္ေရွာက္ရႏွင့္ နားရသည္မရွိ ျဖစ္ေနသျဖင့္ မသန္းစိန္က အိမ္မွာ နားနားေနေန ခဏေနခိုင္းထားသည္။ ယခုတူျဖစ္သူ၏ဇနီးခင္ထားက ဆုံးသျဖင့္ကိုသာဒင္သြား၍ဝိုင္းကူလုပ္ေပး
ရျပန္သည္။
“ခြၽတ္ – ခြၽတ္ – ခြၽတ္” အသံတစ္သံ…။
မသန္းစိန္မိခင္လူနာကိုညစဥ္ေစာင့္ရသျဖင့္အိပ္ေရးပ်က္ဖန္မ်ားကာ
ေမွးခနဲ အိပ္ေပ်ာ္သြားသည္။ မသန္းစိန္ အိပ္မက္မက္ေနသည္ထင္သည္။ “ခြၽတ္ – ခြၽတ္ – ခြၽတ္”
မသန္းစိန္ ထိုအသံကိုခပ္သဲ့သဲ့ၾကားလိုက္ရျပန္သည္။ အိပ္မက္မက္ျခင္း မဟုတ္ပါ။ မသန္းစိန္မ်က္လုံးကို ဖြင့္မၾကည့္ဘဲ အာ႐ုံစိုက္၍ နားေထာင္ေန မိသည္။
“ခြၽတ္ – ခြၽတ္ – ခြၽတ္”
မသန္းစိန္ သိလိုက္ပါၿပီ။ထိုအသံမွာ မိခင္ႀကီးဘက္မွ အသံျဖစ္သည္။ မသန္းစိန္အိပ္ရာမွမထဘဲ မ်က္လုံးကိုေမွး၍ အသံလာရာသို႔ မသိမသာ ၾကည့္လိုက္သည္။ မသန္းစိန္ေတြ႕ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္လြန္စြာ အံ့ဩသြားသည္။လူနာမိခင္ႀကီးေဒၚသိန္းတင္မွာအိပ္ရာမွအားယူထေနျခင္း
ေၾကာင့္ပင္ျဖစ္သည္။
“ေဟာအေမ-အေမထႏိုင္ၿပီနဲ႔တူတယ္”
မသန္းစိန္ကလူနာေဒၚသိန္းတင္ကိုၾကည့္ကာေျပာေျပာဆိုဆိုအိပ္ရာမွ
ထလိုက္သည္။ ထိုစဥ္မွာပင္ လူနာေဒၚသိန္းတင္မွာ ျပန္၍လဲက်သြား ကာ တအီးအီး ညည္းညဴေနျပန္ေလသည္။ ထိုျမင္ကြင္းကို မသန္းစိန္ပင္ မကဘဲ လူနာကိုလာ၍ ကူအိပ္ေစာင့္ေပးေနသည့္ ဦးႀကီးတစ္ေယာက္ပါ ျမင္ေတြ႕လိုက္ျခင္းျဖစ္သည္။ လူနာေဒၚသိန္းတင္မွာ တအီးအီး ညည္းညဴ ကာ မ်က္ေထာင့္နီႀကီးမ်ားျဖင့္ ဟိုၾကည့္ဒီၾကည့္ၾကည့္ကာေနရင္းမွ လင္း ေရာင္နီေသာအခ်ိန္၌ ျပန္လည္အိပ္ေပ်ာ္သြားၿပီျဖစ္သည္။
လူနာမိခင္ႀကီးကို ကူေစာင့္ေပးေနၾကသည့္ ဦးႀကီးႏွစ္ေယာက္က ကိုသာဒင္ႏွင့္မသန္းစိန္ကို အေရးႀကီးသည့္ စကားေျပာစရာရွိသည္ဟု ဆိုကာမသန္းစိန္တို႔အိမ္ေရွ႕ကြပ္ပ်စ္ေပၚတြင္ထိုင္၍မသန္းစိန္ႏွင့္ကိုသာဒင္ ကိုေစာင့္ေနၾကသည္။ မသန္းစိန္ႏွင့္ကိုသာဒင္ကလည္း မိခင္ႀကီး၏အရိပ္ အေျခကိုၾကည့္၍အိမ္ေပၚမွ ဆင္းကာ ေစာင့္ေနၾကသည့္ဦးႀကီးႏွစ္ေယာက္ ရွိရာကို သြားလိုက္ၾကသည္။ ဦးႀကီးႏွစ္ေယာက္မွာ မသန္းစိန္ႏွင့္ကိုသာဒင္ ကိုေတြ႕သည္ႏွင့္ –
.
“လာၾကကြာ … မင္းတို႔ေမာင္ႏွမႏွစ္ေယာက္ကို အေရးႀကီးတဲ့စကား ေျပာစရာရွိတယ္။ မင္းတို႔က လူငယ္ေတြဆိုေတာ့အေတြ႕အႀကဳံမရွိလို႔ သိၾက
မွာ မဟုတ္ဘူး ဦးႀကီးတို႔ကေတာ့ ဒီလိုမ်ိဳး အေတြ႕အႀကဳံကို ေတြ႕ႀကဳံခဲ့ဖူး
တယ္”
“ဟုတ္ကဲ့…ေျပာပါဦးႀကီး ေျပာခ်င္တဲ့စကားကိုသာေျပာပါဦးႀကီး” ဦးႀကီးတစ္ေယာက္က ေျပာခ်င္သည့္ စကားကို အစခ်ီေနသျဖင့္ ကိုသာဒင္က ဝင္ေထာက္ေပးလိုက္ျခင္းျဖစ္သည္။
“ဒီလိုကြာ … ေမာင္သာဒင္လိုရင္းနဲ႔ တိုရွင္း တည့္တည့္ေျပာရရင္ မင္းတို႔ရဲ႕အေမ ေဒၚသိန္းတင္ဟာ သူ႔ရဲ႕မူလ႐ုပ္အသက္မရွိေတာ့ဘူးလို႔ ငါ ထင္တယ္”
ထိုဦးႀကီး၏ ေျပာစကားေၾကာင့္ မသန္းစိန္ႏွင့္ ကိုသာဒင္တို႔ အံ့ဩ ထိတ္လန႔္စြာ ထိုဦးႀကီး၏ မ်က္ႏွာကို ၾကည့္လိုက္ၾကသည္။ ထို႔ေနာက္ ကိုသာဒင္က မယုံၾကည္စြာျဖင့္ ျပန္ေမးလိုက္သည္။
“ဟုတ္ပါ့မလား… ဦးႀကီးရယ္၊ အေမ့က သူ႔အသက္အခုထိ ရွိေနလို႔ အိပ္တယ္၊ႏိုးတယ္၊ေသာက္တယ္ေလ။သူ႔အသက္မရွိမွေတာ့သူဒီလိုအေျခ
အေနဘယ္ရွိပါ့ေတာ့မလဲ”
“အဲ့ဒါကို ေျပာတာေပါ့ – မင္းတို႔အေမ ဒီလို အေျခအေနနဲ႔ ႐ြာကို ျပန္ေရာက္လာတာ။ တစ္လေက်ာ္သြားၿပီ။ေန႔က်ေတာ့တစ္ေနကုန္အိပ္ေန တယ္။ အပုပ္ခ်ိန္ေရာက္ၿပီးဆို ႏိုးလာၿပီ။ တစ္ညလုံးမအိပ္ေတာ့ဘူး။ မင္းတို႔ ေကြၽးတဲ့အစားအစာကို မနားတမ္းစားတယ္။ ၿပီးေတာ့ မ်က္လုံးေတြက မူ မမွန္ဘူး။ သူ႔အနားမွာကပ္ၿပီးေနမွ သူ႔လက္ကိုကိုင္ထားမွ ဟိုတစ္ေန႔ညက ဆိုရင္မလႈပ္မရွားႏိုင္တဲ့သူကအိပ္ရာကေနကုန္း႐ုန္းထတယ္။ မသန္းစိန္နဲ႔ ငါတို႔ျပန္လဲခ်လိုက္တယ္။ ဒီထက္ အခ်ိန္ၾကာလာေလ၊ မင္းတို႔အေမက ပိုဆိုးလာေလ ျဖစ္လိမ့္မယ္”
“ဒါဆိုရင္… ဦးႀကီးရယ္ အေမက သူ႔အသက္မရွိဘူးဆိုေတာ့ ဘယ္ အသက္နဲ႔ဒီလို ျဖစ္ေနတာလဲ”
မသန္းစိန္က ဝင္ေရာက္ ေမးလိုက္ျခင္းျဖစ္သည္။

“ဟဲ့… သန္းစိန္ရဲ႕ဘယ္အသက္ဟုတ္ေတာ့မလဲ။ နာနာဘာဝအသက္ ပရေကာင္ရဲ႕အသက္နဲ႔ ေနေနတာေပါ့ဟ”
မသန္းစိန္ ဖ်တ္ခနဲ သတိရလိုက္သည္။ မိခင္ႀကီးကိုကႏၷီေလး အိမ္ တန္း႐ြာမွ ျပန္ေခၚအလာ စက္ႀကီးကန္ကေလးအေရာက္ ေဗာတံတား မဖြင့္ေသးသျဖင့္သင့္ေတာ္ရာကမ္းစပ္အနီးကပ္၍စက္ေလွကိုေခတၱရပ္နား
စဥ္ စက္ေလွေပၚသို႔ လူတစ္ေယာက္ ခုန္တက္လိုက္သကဲ့သို႔ ျဖစ္သြားျခင္း၊ စက္ေလွႀကိဳးအားလူေသျမႇဳပ္ႏွံထားသည့္ေျမပုံမွအမည္ေရးထိုးထားသည့္ ငုတ္တိုင္သစ္သားတန္းတြင္ ခ်ည္ေႏွာင္ခဲ့ျခင္းတို႔ကို ျပန္လည္ သတိရ သြားသည္။
“ေအး…အဲဒါေၾကာင့္ဦးႀကီးေျပာတာဟုတ္မဟုတ္သိရေအာင္အထက္ ဗိေႏၶာဆရာႀကီးတစ္ဦး ငါတို႔႐ြာဦးေက်ာင္းဆရာေတာ္ဆီမွာ ေရာက္ေန တယ္။ သူနဲ႔ျပၾကည့္ရေအာင္ မင္းတို႔သေဘာ ဘယ္လိုရွိသလဲ” ထိုဦးႀကီး၏ေျပာစကားအားကိုသာဒင္ကမယုံသကဲ့သို႔ရွိေသာ္လည္း
ညီမျဖစ္သူကိုလွမ္းၾကည့္လိုက္သည္။ ညီမျဖစ္သူမသန္းစိန္ကကိုသာဒင္ကို ေခါင္းညိတ္ အေျဖေပးလိုက္သည္။ မသန္းစိန္တို႔ ေမာင္ႏွမႏွစ္ေယာက္၏ သေဘာတူညီခ်က္ ရသည္ႏွင့္ ဦးႀကီးႏွစ္ေယာက္မွာ ႐ြာဦးဘုန္းေတာ္ႀကီး ေက်ာင္းတြင္တည္းခိုေရာက္ရွိေနသည့္ပုသိမ္ၿမိဳ႕မွအထက္ဗိေႏၵာဆရာႀကီး ကိုသြားေရာက္ကာပင့္ေဆာင္လာၾကသည္။အထက္ဗိေႏၵာဆရာႀကီးမွာရွမ္း ေဘာင္းဘီကဲ့သို႔ ပင္နီေဘာင္းဘီကို ဝတ္ကာ ဦးေခါင္းတြင္ ေခါင္းေပါင္းကို ေပါင္း၍ အစတစ္ဘက္ကို ခ်ထားသည္။ အေပၚအက်ႌမွာလည္း ပင္နီေရာင္ တိုက္ပုံပင္ ျဖစ္သည္။ ပခုံး၌ အနီေရာင္လြယ္အိတ္ကို လြယ္ထားသည္။ မသန္းစိန္က ဆရာႀကီးကို ေနရာထိုင္ခင္းေပး၍ေရေႏြးၾကမ္းအိုး၊ ကြမ္းအစ္ တို႔ျဖင့္ ဧည့္ခံလိုက္သည္။ အခ်ိန္က နံနက္ဆယ့္တစ္နာရီခန႔္ ျဖစ္သည္။
“အထက္ဗိေႏၵာဆရာႀကီးကကိုသာဒင္ႏွင့္မသန္းစိန္ကိုၾကည့္ကာ-
“ဒီေန႔ေတာ့ လူနာကို အနည္းငယ္စမ္းသပ္မယ္။ ေသခ်ာရင္ေတာ့ ငါ့- တူနဲ႔ငါ့တူမ ဆရာႀကီးေျပာတဲ့အတိုင္း လိုက္လုပ္ေပးရမယ္။ အခုေတာ့ မွန္ တစ္ခ်ပ္ေလာက္ေပးပါ”
ေဆးဆရာႀကီးမွ ေျပာေျပာဆိုဆို လူနာအနီးသို႔သြားကာ အိပ္ေပ်ာ္ေန သည့္ လူနာ၏မ်က္ခြံကို လွန္ၾကည့္လိုက္သည္။ ထို႔ေနာက္ လက္ေကာက္ ဝတ္ကို ကိုင္၍ ေသြးလည္ပတ္ႏႈန္းကို စမ္းသပ္သည္။ လူနာေဒၚသိန္းတင္ ေခါင္းရင္းမွ ပိတ္ထားသည့္ ျပတင္းေပါက္ကို ဖြင့္လိုက္သည္။ အထက္ ဗိေႏၵာဆရာႀကီးသည္ မသန္းစိန္ ကမ္းေပးသည့္ မွန္ခ်ပ္ကိုယူကာ ျပတင္း ေပါက္မွ အခန္းတြင္းသို႔ က်ေရာက္ေနသည့္ ေနေရာင္ျခည္ေအာက္ မွန္ခ်ပ္ ကိုခံကာ မွန္ေပၚက်ေရာက္ေနသည့္ ေနေရာင္ျဖင့္ လူနာေဒၚသိန္းတင္၏ မ်က္ႏွာကိုထိုးထားသည္။ ထိုပတ္ဝန္းက်င္ရွိအိမ္မ်ားမွလူေပါင္းႏွစ္ဆယ္ခန႔္ စိတ္ဝင္စားစြာ လာေရာက္ ၾကည့္ရႈေနၾကသည္။ အထက္ဗိေႏၵာဆရာႀကီး သည္ ေနေရာင္က်သြားရာ ေနာက္လိုက္၍ မွန္ခ်ပ္ခံကာ လူနာမ်က္ႏွာအား ထိုးထားသည္မွာ တစ္နာရီခန႔္ရွိေသာအခ်ိန္၌ –
“အင္း- အင္း – အင္း”
လူနာဆီမွညည္းသံထြက္လာၿပီးျပန္ၿငိမ္က်သြားသည္။ထိုအခါအထက္
ဗိေႏၵာဆရာႀကီးမွ မသန္းစိန္တို႔ကိုလွမ္းေျပာသည္။
“အေရးႀကီးလာၿပီ။ ေျခရင္းဘက္က ျပတင္းေပါက္ကို ဖြင့္လိုက္ပါ။ ေနေရာင္ဝင္လာေအာင္လို႔ ေနေရာင္ဝင္လာတာနဲ႔ ေနာက္မွန္တစ္ခ်ပ္ခံၿပီး လူနာမ်က္ႏွာကို ေနေရာင္ထိုးထားပါ”
အထက္ဗိေႏၵာဆရာႀကီးေျပာလိုက္သည့္စကားေၾကာင့္႐ြာသားတစ္ဦး
က သူ႔အိမ္မွ ကိုယ္လုံးေပၚမွန္ႀကီးကို အလ်င္အျမန္ေျပးယူလာသည္။ လူနာေစာင့္ ဦးႀကီးတစ္ေယာက္မွ ကိုယ္လုံးေပၚမွန္ႀကီးကိုယူကာ လူနာ ၏ ေျခရင္းျပတင္းေပါက္မွ ေနေရာင္စတင္ဝင္လာသည္ႏွင့္ မွန္ခ်ပ္ႀကီး ျဖင့္ခံကာ လူနာမ်က္ႏွာေပၚသို႔ ေနေရာင္ကို တိုက္႐ိုက္ထိုးထားလိုက္သည္။ ေခါင္းရင္း ေျခရင္းညႇပ္၍ ထိုးထားသည့္ ေနေရာင္ေၾကာင့္ ေနာက္ထပ္
တစ္နာရီခန႔္အၾကာတြင္လူမွာ႐ုတ္တရက္မ်က္လုံးပြင့္လာသည္။ မ်က္လုံး ျပဴးက်ယ္နီရဲေနသည္။ဝိုင္းၾကည့္ေနၾကသည့္လူမ်ားကိုျမင္ရေသာ
မ်ားက
အခါ၌ –
“ဟင္း-ဟင္း-ဟင္း-ဒုန္း- ဒုန္း”
လူနာမွ တဟင္းဟင္း ညည္းတြားလ်က္ ေလမျဖတ္သည့္လက္ျဖင့္ ၾကမ္းျပင္ကိုႏွစ္ခ်က္ဆင့္ထုလိုက္ေလသည္။ထိုအခါဝိုင္းၾကည့္ေနၾကသူမ်ား မွာေၾကာက္႐ြံ႕၍ေနာက္ဆုတ္သြားၾကသည္။ထိုအခ်ိန္၌အထက္ဗိေႏၵာဆရာ ႀကီးဘက္မွေနေရာင္မွာမရေတာ့သျဖင့္ေျခရင္းဘက္မွမွန္တစ္ခ်က္ႏွင့္သာ လူနာမ်က္ႏွာကို ေနေရာင္ထိုးထားႏိုင္သည္။ ထို႔ေၾကာင့္ အထက္ဗိေႏၵာ ဆရာႀကီးမွ –
“သိပ္အေရးႀကီးေနလို႔ပါ … အကူအညီေပးၾကပါ။ လူနာမ်က္ႏွာနဲ႔ တည့္တည့္အိမ္အမိုးသက္ကယ္တက္ၿပီး ဖ်က္ေပးၾကပါ။ အဲဒါမွ ေနေရာင္ စူးစူးေၾကာင့္လူမမာကိုယ္ထဲဝင္ေနတဲ့ပရေကာင္မခံႏိုင္လို႔ထြက္မွာ။ ျမန္ျမန္ လုပ္ၾကပါဟ။ တစ္နာရီထိုးေနၿပီ။ ႏွစ္နာရီပဲ အခ်ိန္ရေတာ့မယ္။ သုံးနာရီ ေနာက္ပိုင္းဆိုရင္ အပုပ္ခ်ိန္ျဖစ္ၿပီ”
အနီးတြင္ ဝိုင္းၾကည့္ေနၾကသည့္ ႐ြာသားႏွစ္ဦးမွာ ကမန္းကတန္း အိမ္ေခါင္မိုးေပၚသို႔ တက္၍ လူနာ၏မ်က္ႏွာတည့္တည့္ရွိ အိမ္မိုးထားသည့္ သက္ကယ္ပ်စ္မ်ားကို ျဖဳတ္လိုက္ၾကသည္။ ထိုအခါေနေရာင္သည္ လူနာ မ်က္ႏွာေပၚသို႔ စူးရွစြာ တိုက္႐ိုက္ထိမွန္က်ေရာက္လာသည္။ လူမမာ၏ မ်က္လုံးရဲရဲမ်ားက ခက္ထန္ကာ ပို၍ ေတာက္ပလာသည္။ တအီးအီး ညည္းညဴေနရာမွ တဟင္းဟင္း ျဖစ္လာသည္။ ထို႔အျပင္ –
“ေတာက္ … ဒုန္း- ဒုန္း- ဒုန္း-ဟင္း-ဟင္း-ဟင္း – ခြမ္း” ေတာက္ေခါက္သံမ်ားၾကမ္းပ်ဥ္အားလက္ဝါးႏွင့္႐ိုက္သံတို႔မွာအဆက္
မျပတ္ ထြက္ေပၚ၍ လူမမာတစ္ကိုယ္လုံး တလႈပ္လႈပ္တ႐ြ႐ြ ျဖစ္လာသည္။

အသံမ်ိဳးစုံျဖင့္တစ္ခ်ိန္လုံးညည္းတြားေနသည္။ ထိုသို႔ျဖင့္ေန႔လယ္(၂)နာရီ
ခြဲခန႔္တြင္ လူမမာမွာ ႐ုတ္တရက္ ပက္လက္အေနအထားမွ ကုန္း၍ ထထိုင္ လိုက္သည္။ၾကည့္ေနၾကသည့္႐ြာသားမ်ားေၾကာက္႐ြံ႕ထိတ္လန႔္ကာအိမ္ေပၚ မွေျပးဆင္းသူေျပးဆင္းၾကသည္။ ထိုစဥ္-
“ဟင္း”
လူမမာ၏ပါးစပ္ႀကီးဟလာကာသက္ျပင္းရွည္ႀကီးမႈတ္ထုတ္၍လူမမာ
မွာ ျပန္လည္လဲက်သြားၿပီးေနာက္ ၿငိမ္က်သြားသည္။ အထက္ဗိေႏၵာဆရာ ႀကီးကလူနာကိုၾကည့္ကာ –
“နာနာဘာဝပရေကာင္ေတာ့ထြက္သြားၿပီ။ ဒါ – ခင္ဗ်ားတို႔အသိျမန္လို႔ မဟုတ္ရင္ ခင္ဗ်ားတို႔တစ္႐ြာလုံး မလြယ္ဘူးမွတ္ပါ။ ကဲ-ကဲ ငါ့တူနဲ႔ ငါ့တူမ လည္း စီစဥ္စရာရွိတာကို အျမန္ဆုံးစီစဥ္ပါ။ မင္းတို႔မိခင္ႀကီးရဲ႕အသက္က မရွိတာၾကာၿပီ။ ေတာ္ၾကာ – အနံ႔အသက္ေတြ ထြက္လာေတာ့မယ္” မိခင္ႀကီး၏ ျဖစ္အင္ကို ျမင္ေတြ႕ ၾကားသိလိုက္ရေသာ မသန္းစိန္မွာ ယူႀကဳံးမရျဖစ္ကာ သတိလစ္ေမ့ေျမာသြားသည္။ ထိုအခ်ိန္တြင္ အထက္ ဗိေႏၵာဆရာႀကီးရွိေန၍သာလွ်င္မသန္းစိန္၏အသက္ကိုကယ္လိုက္ႏိုင္ၾက သည္။ မသန္းစိန္ ျပန္လည္ သတိရလာေသာအခ်ိန္၌ အပုပ္နံ႔ လ်င္ျမန္စြာ တေထာင္းေထာင္းထြက္ေနၿပီျဖစ္သည့္ မိခင္ႀကီး၏႐ုပ္ကလာပ္အား ေစာင္၊ဖ်ာတို႔ျဖင့္ပတ္ကာ ကိုသာဒင္ႏွင့္႐ြာသားေျခာက္ေယာက္တို႔က သုသာန္သို႔ သယ္ေဆာင္သြားၾကၿပီျဖစ္သည္။
မႏွင္းေအးႏွင့္ခင္ထားတို႔ေရွ႕ဆင့္ေနာက္ဆင့္ ေသဆုံးသြားၾကရသည္မွာ တိုက္ဆိုင္မႈေပလား။ သို႔တည္းမဟုတ္ ေဒၚသိန္းတင္၏ခႏၶာကိုယ္အတြင္း ကပ္ၿငိဝင္ေရာက္ေနသည့္ နာနာဘာဝပရေကာင္ေၾကာင့္မ်ား ျဖစ္ေလမည္ လားဟု မည္သူမွ် အတတ္မေျပာႏိုင္ေတာ့ပါေလ။
(မွတ္ခ်က္။ ။ေဗာတံတားဆိုသည္မွာ ေခ်ာင္းတစ္ဖက္ကမ္းႏွင့္ တစ္ဖက္ကမ္းေဆာက္လုပ္ထားသည့္ တံတားအလယ္ဗဟိုမွျဖတ္သန္း

ကာ သမၺန္၊ စက္ေလွ၊ေမာ္ေတာ္တို႔ ခုတ္ေမာင္း၍ရရန္၊ အဖြင့္အပိတ္ ျပဳလုပ္၍ရသည့္ ေဗာကို တပ္ဆင္ထားၾကသည္။ ထိုအရာကို ေဗာတံတား ဟုေခၚၾကသည္။
(ဖြင့္ဟဝန္ခံခ်က္။ ။ အထက္ေဖာ္ျပပါဇာတ္လမ္းမွာလြန္ခဲ့ေသာႏွစ္ ေပါင္းသုံးဆယ္ခန႔္က ျဖစ္ေပၚခဲ့ေသာ ျဖစ္ရပ္မွန္ကို ဇာတ္လမ္းအသြင္ျဖင့္ ေျပာင္းလဲျပဳျပင္ ေရးဖြဲ႕တင္ျပပါသည္။
မရည္မြန္ ( က်ဳံငေပ်ာ္ )