ပန်းတစ်ပွင့်၏ကျိန်စာ(စ/ဆုံး)

Unicode Version

ပန်းတစ်ပွင့်၏ကျိန်စာ(စ/ဆုံး)
————————————
နွေရာသီ၏ပူပြင်းလှသော ပူစပ်စပ်နေရောင်ထဲတွင် အသက်၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် လက်တွန်းလှည်းလေးကိုတွန်းရင်း ရပ်ကွက်ထဲလှည့်လည်နေသည်။ ထိုမိန်းကလေး၏လက်တွန်းလှည်းထဲတွင်ကား နွေရာသီစာဖြစ်သော သစ်သီးစုံသုပ်နှင့် ရွှေရင်အေးများသာဖြစ်သည်။ ပူပြင်းသောနွေရာသီနှင့် လိုက်ဖက်သည့် အစားအသောက်ကိုရောင်းသဖြင့် နေ့တွက်ကိုက်၏။

ထိုမိန်းကလေးသည်ကျန်းမာရေးမကောင်းသည့်မိခင်အိုကို ကျွေးမွေးပြုစုနေသူပင်။ မိခင်အိုကြီးက နာတာရှည်ရောဂါခံစားနေရသဖြင့် အိပ်ယာထက်ကပင်မထနိုင်။ ကျင်ကြီးကျင်ငယ်မှအစ သမီးဖြစ်သူကပင် တာဝန်ယူရသည်။ ထိုသို့အသေးအဖွဲမှအစ မိခင်၏နေ့တဓူဝကိစ္စကို ပြုလုပ်ပေးရသော်လည်း ထိုမိန်းကလေးမှာ ညည်းညူခြင်းမရှိပေ။

ထိုမိန်းကလေး၏နာမည်ကား ခက်ခက်မာပင်ဖြစ်သည်။ နာမည်နှင့်ဘဝပေး လိုက်ဖက်လွန်းလှသည်။ အမှန်ပင်သူမ၏ဘဝသည် ခက်ခဲကြမ်းတမ်းလွန်းလှပေသည်။ မိန်းကလေးပင်ဖြစ်သော်ငြားလည်း အလှအပကိုဂရုမစိုက်နိုင်။ နေရောင်ကြောင့် ခက်ခက်မာ၏အသားအရေကား မဲညစ်နေသည်။ သို့သော်အမြဲပြုံးရွှင်တတ်သော မျက်နှာပေးကြောင့် ချစ်သူခင်သူပေါသည်ကားမဆန်းပေ။

သာယာသောမနက်ခင်းတစ်ခု၌ ခက်ခက်မာသည်မိခင်၏ ဝေယာဝစ္စကိုပြုလုပ်ပေးနေသည်။
” သမီးလေး…အမေကြောင့် ဒုက္ခများနေပြီလားကွဲ့…”
” မဟုတ်တာအမေရယ်…သမီးငယ်ငယ်တုန်းကလည်း အမေဒီလိုဘဲပြုစုခဲ့ရတာလေ…သမီးအမေ့ဝေယာဝစ္စတွေလုပ်နေရလို့ဆိုပြီး သမီးဘယ်တော့မှမညည်းညူပါဘူးအမေရယ်…”
” အေမက သမီးလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာစိုးလို့ပါကွယ်…”
” မဖြစ်ပါဘူးအမေရယ်…အမေပြန်ပြီးနေကောင်းကျန်းမာဖို့ဘဲတွေးနော်…ကျန်တာဘာမှမတွေးနဲ့….ဟုတ်ပြီလား…”
” အေးပါကွယ်…အမေ့သမီးလေး ဘုန်းကြီးလို့အသက်ရှည်ပါစေကွယ်…အဟွတ်…အဟွတ်…”
” အေမ…ဆက်မပြောနဲ့တော့နော် အမေမောမှာစိုးလို့ပါ..ကြက်သားဆန်ပြုတ်လေးသောက်လိုက်အမေ…ဒါမှအမေအားရှိလာမှာ…နောက်နာရီဝက်လောက်နေရင် ဆေးသောက်ရမယ်နော်အမေ…”
ခက်ခက်မာက မိခင်ကိုဖေးမကူပြီး ကြက်သားဆန်ပြုတ်ပူပူနွေးနွေးလေးကို တစ်ဇွန်းချင်းစီတိုက်နေ၏။ သောက်ရမည့်ဆေးကိုလည်း မိခင်ကြီးနားအသင့်ယူလာပေးလိုက်၏။ ပြီးသော်မနက်စာအဖြစ် ထမင်းကြမ်းစားလိုက်ပြီး ဈေးရောင်းထွက်ရန်ပြင်ဆင်လိုက်၏။
” အေမ…သမီးဈေးရောင်သွားဦးမယ်…လိုအပ်တာတွေအနားမှာထားပေးခဲ့တယ်နော်…မကြာဘူးသမီးပြန်လာမှာ…ဒီကြားထဲအမေလိုတာရှိရင် မကြီးစန်းရီကိုပြောနော်…သမီးသူ့ကိုမှာထားခဲ့မယ်…”
” အေးကွယ်…သမီးလေးစောစောပြန်လာခဲ့နော်…”
” ဟုတ်ဟုတ်အမေ…သမီးသွားပြီနော်…”
ခက်ခက်မာကမိခင်ကိုနုတ်ဆက်ပြီး တွန်းလှည်းလေးကိုတွန်းကာ နေအိမ်မှထွက်လာခဲ့၏။ အိမ်ရှေ့ရောက်သော် လှည်းခဏရပ်ပြီး မကြီးစန်းရီ၏အိမ်ထဲသို့ဝင်သွား ၏။ မကြီးစန်းရီဆိုသူကား သူ၏အိမ်နီးချင်း အပျိုကြီးတစ်ယောက်ဖြစ်ပြီး သူနှင့်မိသားစုလိုနေထိုင်သူဖြစ်သည်။
” မကြီးစန်းရီရေ…မကြီးစန်းရီ…”
” အေးငါဒီမှာခက်မာရေ…နင်ဈေးရောင်းထွက်တော့မှာလားအေ့…အစောကြီးရှိသေးတယ်…”
” ဒီနေ့ကျောင်းဖွင့်ရက်လေမကြီးစန်းရီရဲ့…မနက်ပိုင်းကျောင်းတက်ခေါင်းလောင်းမထိုးခင်လေး အမှီရောင်းရအောင်လို့လေ…ဒါနဲ့မကြီးအလုပ်အားတယ်မို့လား…ခက်မာမရှိတုန်းလေး အမေ့ကိုသွားကြည့်ပေးဦးနော်…”
” အေးပါအေ…ပြောရမဲ့လူတွေကျနေတာဘဲ…စိတ္ခ်လက္ခ်သြား ဂျီးဒေါ်(ကြီးတော်)ကိုငါကြည့်ထားလိုက်မယ်…”
” ကျေးဇူးပါမကြီး…ဒါဆိုခက်မာသွားပြီနော်…စောစောပြန်လာခဲ့မယ်..”
” အေးအေး…”
ခက်ခက်မာက အပျိုကြီးစန်းရီအား မှာစရာရှိသည်ကိုမှာပြီး စာသင်ကျောင်းလေးရှိရာသို့ ထွက်လာခဲ့သည်။ မနက်ခင်းကျောင်းတက်ခေါင်းလောင်းမထိုးခင် ကေလးမ်ားက သူမထံမှသီးစုံအသုပ်များ ဝယ်ယူအားပေးကြ၏။ စေတနာကောင်းသောသူမထံ၌ ကလေးများတစ်ယောက်ပြီးတစ်ယောက် အလုအယက်လာဝယ်ကြ၏။
နေ့စဉ်နေ့တိုင်းဈေးရောင်းပြီးမိခင်အတွက်လိုအပ်သောဆေးဝါးများကိုဝယ်ယူပြီး အိမ်ကိုစောစောပြန်လာနေကျဖြစ်သည်။ သို့သော်သည်နေ့တွင်ကား ညနေ၆နာရီပင်ထိုးချေပြီ။ ခက်ခက်မာကားပြန်မရောက်သေးချေ။ မိခင်ကြီးက ခက်ခက်မာကို မျှော်နေရှာသည်။ အပျိုကြီးမစန်းရီက ဂျီးဒေါ်(ကြီးတော်)ကိုကြည့်ရင်း စိတ်မသက်သာဟန်ဖြင့်
” ဂျီးဒေါ်ရယ်…အေးတယ်အထဲဝင်ပြီး ခက်မာကိုစောင့်လဲရပါတယ်တော်…ဂျီးဒေါ်ကျန်းမာရေးကိုလည်းကြည့်ဦးမှပေါ့…”
” ဒီမှာဘဲထိုင်စောင့်မှာအေ့…သမီးလေးက ခါတိုင်းအိမ်ကိုအစောပြန်လာနေကျ…ခုနေ့မှဘာလို့နောက်ကျနေတာလဲမသိပါဘူးအေ…”
” ရောင်းလို့မကုန်သေးလို့နေမှာပါ ဂျီးတော်ရယ်…ဒီကလေးမကအတော်စီးပွားရှာတာရယ်…”
” ဟဲ့မိစန်းရီ…လမ်းထိပ်သွားပြီး ညည်းညီမကိုသွားရှာကြည့်ပါဦးအေ….ငါဖြင့်သမီးလေးကိုစိတ်ပူလိုက်တာအေ…”
” အင်းပါဂျီးတော်ရဲ့…သိပ်လည်းစိတ်မပူပါနဲ့….စန်းရီ ညီမလေးကိုလမ်းထိပ်မှာသွားရှာကြည့်မယ် ဂျီးဒေါ်နေဝံ့တယ်မို့လား…”
” နေဝံ့ပါတယ်အေ…သြားသြား…ညည်းညီမကိုသွားရှာချေတော့…”
အပျိုကြီးစန်းရီက အမယ်ကြီးကိုစိတ်ချစွာထားခဲ့ပြီး လမ်းထိပ်သို့ထွက်လာခဲ့သည်။ ညမှောင်ရီဝိုးတဝါးအချိန်၌ အမှောင်ဘက်မှ တွန်းလှည်းတစ်စီးလာနေသည်ကို တွေ့ရသဖြင့် အပျိုကြီးစန်းရီဝမ်းသာသွား၏။ ထိုတွန်းလှည်းပိုင်ရှင်သည် ခက်ခက်မာမှလွဲ၍ တခြားလူမဖြစ်နိုင်။ စန်းရီကထိုအမှောင်ထဲရှိတွန်းလှည်းထံပြေးသွားလိုက်သည်။
” ဟော…နောက်ကျလှချေလားခက်မာ…မျက်နှာလည်းမကောင်းပါလား….ဘာဖြစ်လာတာလဲဟင်…ညည်းကိုကြည့်ရတာလဲမသက်သာလိုက်တာအေ…”
” ဟင့်…ဟင့်…”
အပျိုကြီးမစန်းရီ၏အမေးကြောင့်ခက်ခက်မာ ပင့်သက်ရှိုက်လိုက်သည်။ သူမ၏ပုံစံမှာတကယ့်ကိုဖရိုဖရဲရှိလှပြီး ပါးမှာလည်းညိုမဲစွဲနေသည်။ သူမ၏မျက်လုံးအစုံမှာလည်း နာကျည်းသောအငွေ့အသက်တို့အထင်းသားပေါ်နေသည်။
” ညီမေလး စန်းရီမေးတာဖြေပါဦး…ညီမလေးဘာဖြစ်လာတာလဲ…”
” ခက်မာ ဘဝပျက်သွားပြီမကြီးစန်းရီ…ဟင့်ဟင့်ဟင့်….ခက်မာသေချင်တယ်မကြီးစန်းရီရယ်…ခက်မာသေချင်တယ်….”
” ဟင်…ဘယ်လိုပြောလိုက်တာခက်မာ…ညည်းကိုဘယ်သူစော်ကားလိုက်တာလဲပြောစမ်း….အဲလူကိုမကြီးအမှုန့်ချေပစ်မယ်…တောက်!”
ညီမဖြစ်သူ၏ဘဝကိုခြေတော်တင်သွားသော လူကိုမပျိုကြီးစန်းရီ ဒေါသတကြီးကြိမ်းဝါးလိုက်၏။ ခက်မာက အပျိုကြီးစန်းရီကို မှီရင်းတသိမ့်သိမ့်ငိုနေ၏။
” ညီမေလး…မကြီးကိုပြောစမ်းပါ အဲဒီလူကဘယ်သူလဲ… ပြောစမ်းပါဟာ…ငါ့ညီမဘဝပျက်သွားသလိုသူလည်း သေဒဏ်ကျစေရမယ်…ဘယ်သူလဲပြောစမ်းပါ….”
” ညီမလေးရှက်တယ်မကြီးရယ်…တစ်ရှက်ကနေနှစ်ရှက် ထပ်မဖြစ်ချင်တော့ဘူး ဒီကိစ္စကိုညီမလေးဘာသာဖြေရှင်းမယ်…ဒင်းငါ့လက်ကမလွတ်စေရဘူး…”
” အမယ်ကြီးကိုဘယ်လိုပြန်ပြောရမှာလဲခက်မာရယ်…ညီမလေးအပြန်ကိုသူမျှော်နေရှာတာ…ညီမလေးရဲ့ဒဏ်ရာကိုသူမြင်သွားရင် အကြောင်းစုံမေးမှာဘဲ…”
” ခလုတ်တိုက်ပြီး မှောက်လှဲတာလို့ ဖြေလိုက်မယ်မကြီး….ဒီကိစ္စကိုမကြီးဘဲသိပါစေ….”
” စိတ်ချပါအေ…လာအဲဆိုပြန်ကြမယ်…”
ညီအစ်မနှစ်ယောက် လူယုတ်မာကိုမကျေနပ်မှုကိုယ်စီဖြင့် အိမ်သို့ဟန်မပျက်ပြန်သွားကြ၏။
မဟူရာကျေးရွာ၏ အိမ်ကြီးတစ်အိမ်တွင်လူများစီကားနေသည်။ အကြောင်းမှာ ထိုအိမ်ကြီးထဲတွင်ထူးဆန်းသောလူနာရှိနေသောကြောင့်ဖြစ်သည်။ ထိုလူသည်အကောင်းပကတိနေရင်းကပင် ယခုကဲ့သို့အနာကြီးတစ်လုံးပြီးတစ်လုံးပေါက်လာခြင်းဖြစ်သည်။
” ဒေါ်လေး…. ဒေါ်လေးသားကဘာဖြစ်တာလဲ…တနေ့ကမှအကောင်းကြီးရှိနေသေးတာကို…”
” မသိပါဘူးအေ…ညကမူးပြီးပြန်လာတာ…အရက်သောက်တာများပြီး အဆိပ်တောက်တာလားမသိပါဘူးအေ…”
” သူ့ကို သေချာမေးကြည့်ပါလား…ကြည့်ပါဦး အနာစိမ်းတွေပေါက်နေလိုက်တာ မမြင်ရက်စရာဘဲ…”
လူနာ၏တကိုယ်လုံး၌ အနာဖုများပေါက်လာပြီး ထိုအနာဖုများကွဲကာ သွေးစိမ်းများ လျှံကျနေသည်။
” အား…အေမေရ…နာတယ်…သေတော့မယ်…အား…”
အနာတစ်လုံးပေါက်ပြဲတိုင်းထိုလူမှာအော်ဟစ်ညည်းညူနေရသည်။ အိပ်ယာခင်းမှာလည်းအနာမှထွက်လာသော သွေးတို့ကြောင့်ညစ်ပတ်နံဟောင်နေသည်။
” ဆေးမှူးတွေဘာတွေပင့်ပြီး ကုပေါ့အေ…အစားမှားတာဖြစ်မှာ…”
” ဆေးမှူးတော့ပြပြီးပြီ…ဆေးလည်းထိုးထားပေးတယ် မသက်သာသလိုပါဘဲအေ…အနာစိမ်းတွေပေါက်နေတုန်းဘဲ…”
ထိုလူငယ်၏မိဘနှစ်ပါးလည်းသားဖြစ်သူအတွက် စိတ်မချမ်းမသာဖြစ်နေရသည်။
အချိန်များတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးနေသည်။ လူနာမွာ မသက်သာဘဲတစ်နေ့တခြားအခြေအနေဆိုးလာသည်။ ထူးထူးဆန်းဆန်းပါပင် မဟူရာရွာထဲမှ လူများဘာရောဂါမှမရှိဘဲ တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြန်သည်။
” မနေ့က ရွာလယ်က ကိုစိန်ကြီးဆုံးသွားတာ ထူးဆန်းတယ်ဟ…”
” ဟင်ဘယ်လိုထူးဆန်းတာလဲ မြင့်အောင်ရ…”
” အဲလူကြီးကကျန်းမာရေးအရမ်းလိုက်စားတဲ့လူလေ…အကြောင်းမရှိဘဲ ဒီတိုင်းကြီးသေသွားတာကွ…”
” လူဘဲကြာ…ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီတဲ့ လက်တဖျစ်စာအချိန်အတွင်းမှာလည်း သေဖို့အချိန်ရောက်ရင် သေရတာဘဲကွ…”
” ဟုတ်တော့ဟုတ်တယ်လေ…ဒါပေမဲ့အကြောင်းမဲ့သေရတော့ ငါလက်မခံနိုင်ဘူးဖြစ်နေတာ…”
ရွာသားနှစ်ယောက်စကားလက်ဆုံကျနေခြင်းဖြစ်သည်။ တနေ့ကသေဆုံးသွားသော ကိုစိန်ကြီးအကြောင်းကိုပြောနေကြခြင်းဖြစ်သည်။ ထိုအချိန်သူတို့ထံသို့ လူတစ်ယောက် ကပြာကယာပြေးလာပြီး
” ငထူးနဲ့မြင့်အောင်ရေ…တို့အိမ်နားကအရီးသန်းမြင့်ဆုံးသွားလို့ဟေ့…”
” ဟင်…”
” ဟာ…အရီးသန်းမြင့် ဘာရောဂါကြောင့်ဆုံးတာတုံးဖိုးလုံးရ…”
” မသိပါဘူးဗ်ာ…ဒီတိုင်းအကောင်းကြီးကနေ ကောက်ကာငင်ကာဆုံးသွားတာဘဲဗျ…”
” ဟူး….တို့ရွာဘာတွေဖြစ်နေတာလဲကွာ…လာအရီးလေးသန်းမြင့်အိမ်သွားကြစို့…”
သူတို့သုံးယောက်လည်း အရီးလေးသန်းမြင့်အိမ်ရောက်သွားကြပြီး အရီးလေးသန်းမြင့်မှာ အိပ်ပျော်နေသယောင်ပင်။ အရီးလေးသန်းမြင့်၏ သားသမီးဆွေမျိုးများမှာ သွားလေသူအတွက် ဝမ်းနည်းပူဆွေးစွာ ငိုယိုနေကြသည်။
မဟူရာကျေးရွာတွင်ရွာသူရွာသားတို့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေကြသဖြင့် ဒေါ်ခင်အေးတို့လည်း မိမိ၏သားဖြစ်သူဆုံးသွားမည်စိုးသဖြင့် အထက်လမ်းဆရာတစ်ယောက်ကိုပင့်လိုက်သည်။ ထိုဆရာလည်းလူနာကိုမကယ်တင်နိုင်ဘဲ ပြန်ပြေးရလေသည်။ နောက်နေ့တွင်ထိုဆရာလည်း ဆုံးသွားရှာပြီဟုသတင်းကြားလိုက်ရသည်။
မဟူရာကျေးရွာသူကြီးသည် ရွာ၌ဖြစ်သွားသော အဆက်မပြတ်လူသေမှုများ၏ အခြေခံရင်းမြစ်ကိုသိရစေရန် ရွာလုံးကျွတ်အစည်းအဝေးခေါ်လိုက်သည်။ ရွာသူရွာသားများစုံလျှင်သူကြီးက မတ်တပ်ထပြီး
” အဟမ်း…အဟမ်း…လူစုံကြပြီလားကွဲ့…”
” စုံပါပြီသူကြီး…”
” အေးအေး…အဲဒါဆိုအစည်းအဝေးခေါ်ရတဲ့အကြောင်းပြောတော့မယ်…စဉ်းစားပြီးအဖြေထုတ်ကြပေါ့…တစ်ဦးတစ်ယောက်ချင်းစီရဲ့အဖြေမှာ ဖြစ်နိုင်ချေရှိရင် လိုက်လုပ်ကြတာပေါ့…”
” အကြောင်းအရာကတော့ ဒို့မဟူရာရွာမှာ နေ့စဉ်နေ့တိုင်း လူတွေအကြောင်းမရှိသေဆုံးကြရတာကို အားလုံးသိပြီးသားဖြစ်မှာပါ…”
” ဟုတ်သိပါတယ်သူကြီး…”
” အေးအဲဒါက အကြောင်းမဲ့သက်သက်တော့မဖြစ်နိူင်ဘူး…ရွာမှာအမှားလုပ်မိကြလို့ ရွာခိုက်တယ်ထင်တယ်…ဒီတော့ ဒီရွာမှာပထမဆုံးသေသွားတဲ့ မောင်စိန်ကြီးရဲ့အလောင်းကိုမြုပ်တုန်းက ပါတဲ့သူတွေမတ်တပ်ရပ်ကြ…”
ရွာသူရွာသားများမှာ သူကြီးပြောသည်ကိုနားမလည်သော်လည်း ကိုစိန်ကြီး၏အလောင်းကို မြုပ်ပေးရသူများကမတ်တပ်ရပ်လိုက်ကြ၏။ အားလုံးပေါင်းခုနှစ်ယောက်ရှိ၏။
” မင်းတို့တွေဘဲလား တခြားဘယ်သူတွေပါသေးလဲ ပါတဲ့သူတွေအကုန်ရပ်နော် အားလုံးနဲ့ဆိုင်တဲ့ကိစ္စမို့ပါ…”
” နားလည်ပါတယ်သူကြီး အဲနေ့ကကိုစိန်ကြီးရဲ့အလောင်းကိုမြုပ်ပေးတာကျွန်တော်တို့ ခုနှစ်ယောက်ထဲပါ…”
” အဲဆိုငါမေးမယ် မင်းတို့မကွယ်မဝှက်ဘဲအမှန်တိုင်းဖြေကြ…မောင်စိန်ကြီးရဲ့အလောင်းကိုမြုပ်တုန်းက မပြောသင့်တဲ့စကားတွေပြောမိကြသေးလား…စနောက်တဲ့သဘောနဲ့ပြောမိကြသေးလား…”
ထိုလူခုနှစ်ယောက်က သူကြီးစကားကြောင့် သူတို့၏အတွေးသည် လွန်ခဲ့သည့်ရက်များကသေဆုံးသူ မောင်စိန်ကြီး၏အလောင်းကိုမြုပ်နှံသည့်အချိန်သို့ ပြန်လည်ရောက်ရှိသွား၏။ ထိုနေ့တွင် သူတို့သည်စိန်ကြီး၏အလောင်းကို သေချာစွာမြေမြုပ်သဂြိုလ်ပေးကြသည်။ မပြောအပ်သောစကားလည်း တခွန်းမှမပြောမိကြချေ။
” အဲနေ့ကကျွန်တော်တို့ ဘာစကားမှမပြောမိကြဘူးသူကြီး…ဘာဖြစ်လို့လဲ ”
” သုသာန်မှာမပြောအပ်တွေစကားတွေရှိတယ်ကွ…အချင်းချင်း စနောက်ပြီး မင်းလိုက်သွားလေတို့၊ အလောင်းမြုပ်မဲ့တွင်းကိုအကျယ်ကြီးတူးပြီး ဒါမှများများဆန့်မှာတို့၊ သေဆုံးသွားသူကိုနှမြောပြီး မင်းဆီကိုငါတို့တွေနေ့တိုင်းလာမယ်တို့ စတဲ့စကားတွေမပြောရဘူးကွ…ပြောမိပြီဆိုတာနဲ့ နောက်နေ့လူတွေတစ်ယောက်ပြီးတစ်ယောက်သေကုန်တော့တာဘဲကွ…ဒါကြောင့်အဲလို့တွေဖြစ်နေမှာစိုးလို့မေးရတာ…မင်းတို့တွေသေချာစဉ်းစားပြီးဖြေကြ…”
” တကယ်ပါသူကြီး ကျွန်တော်တို့အဲဒီနေ့က ဘာမှမပြောရဘူး…စိတ်ထဲကနေတောင်မပြောမိဘူးဗျ…”
” ဒါဆိုစဉ်းစားရခက်နေပြီ…ဒါဆိုအလောင်းကိုမြုပ်တုန်းက အလောင်းရဲ့ခေါင်းကိုရွာဘက်လှည့်ခဲ့မိကြတာလား…”
” ဟာ…မလှည့်မိပါဘူးသူကြီးရာ…ကျွန်တော်တို့လည်း ရွာကိုခိုက်မဲ့အရာဘာမှအလုပ်မိခဲ့ကြဘူး…”
စိန်ကြီး၏အလောင်းကိုမြေမြုပ်သဂြိုလ်ပေးရသော လူခုနှစ်ယောက်၏အဖြေကြောင့် သူကြီးအပါ ရွာသူရွာသားများလည်း အဖြေမထုတ်တတ်ကြဘဲအကြံအိုက်နေကြ၏။
” ဘယ်လိုလုပ်ကြမလဲ ဒီတိုင်းဆို တစ်ရွာလုံးက သေရမဲ့နေ့ကိုစောင့်နေကြရတာနဲ့တူနေပြီ…”
” ဘယ်လိုလုပ်ကြမှာလဲသူကြီး ဒီတိုင်းဆို ရွာကပျက်မှာသေချာသလောက်ဖြစ်နေပြီဗျ…”
” အေးကွယ်…ငါလည်းမစဉ်းစားတတ်တော့ဘူး ဘယ်သူတွေအမှားလုပ်မိကြတာလဲမသိတော့ဘူး…”
” သူကြီး…ကျွန်တော်တင်ပြစရာရှိတယ်…တနေ့က ရွာကိုဆေးလာကုသွားတဲ့ဆရာလည်း ဆုံးပြီလို့သတင်းကြားရတယ်…အဲဒါဟိုရွာလယ်ကလူနာခင်မောင်နဲ့ ပတ်သက်နေမလား…”
” မဖြစ်နိုင်တာ…ခင်မောင်ကလူနာဘဲဥစ္စာ…သူကဘာလုပ်နိုင်မှာလဲ…”
” ဟုတ်တယ်လေ…သူကဖြင့်အိပ်ယာကမထနိုင်ဘဲ…”
ခင်မောင်၏ဆွေမျိုးများက ဆတ်ဆတ်ထိမခံပြန်လည်ချေပလိုက်၏။ သူကြီးလည်း ဖြစ်နိုင်မဖြစ်နိုင်သည်ကို အပထားပြီး လောလောဆည် ရွာတွင်ဖြစ်နေသော ပြဿနာကိုအရင်ဆုံး ဖြေရှင်းရမည်ဖြစ်သဖြင့် ရွာသားများတင်ပြသော ထိုအချက်ကိုပါထည့်သွင်းစဉ်းစားလိုက်၏။
” အဲဒီအချက်ကိုပါထည့်သွင်းစဉ်းစားရမယ်…ကဲ သေဆုံးသွားခဲ့တဲ့သူတွေမှာ မသေဆုံးခင်က ခင်မောင့်အိမ်ကိုလူနာသတင်းမေးသွားခဲ့ကြသေးလား…”
” ကိုစိန်မောင်ကသွားခဲ့တယ်ထင်တယ်…ငါ့တွေ့လိုက်သလိုဘဲ..”
” အေးဟုတ်သလိုလိုဟ…”
ရွာသူရွာသားများက မိမိတို့၏နီးစပ်ရာမှ သေဆုံးသွားကြသူတို့၏အကြောင်းကို ပြန်လည်စဉ်းစားကြရာ ထိုလူများမသေဆုံးမီအချိန်တွင် ခင်မောင်၏အိမ်၌လူနာသတင်းမေးသွားခဲ့ကြသေးသည်။ ထိုမှအပြန်ကောက်ကာငင်ကာသေဆုံးသွားကြခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။
” တွေးကြည့်တော့လည်း ဟုတ်သလိုလိုဘဲသူကြီးရ…ဒီလအတွင်းသေဆုံးသွားတဲ့သူတွေဟာ ခင်မောင့်ကိုလူနာသတင်းသွားမေးခဲ့ကြတဲ့လူတွေချည်းဘဲဗျ.. ”
” တဖက်သတ်မစွပ်စွဲကြနဲ့ဟဲ့….တိုက်ဆိုင်မှုလည်းဖြစ်နိူင်တာဘဲမလား…အစည်းအဝေးပြီးပြီဆို ငါတို့ပြန်ပြီ…အလကားအကြောင်းမရှိစွပ်စွဲတဲ့ဟာတွေ…”
ခင်မောင်၏ဒေါ်လေးတော်စပ်သူက ထိုသို့ပြောပြီးပြန်သွား၏။ ရွာသူရွာသားနှင့်သူကြီးက ထိုမိန်းမကြီးကိုကြည့်ပြီး ပါးစပ်အဟောင်းသားကျန်ခဲ့၏။
” သူကဘာဖြစ်နေတာလဲ…တို့ကပြဿနာရဲ့အရင်းမြစ်ကိုရှာနေတာလေ…”
” အေးလေ…ဒီအဖွားကြီးဘာဖြစ်သွား…”
ရွာသူရွာသားများ ရုတ်ရုတ်သဲသဲဖြစ်သွား၏။
” အဟမ်း…အဟမ်း…”
သူကြီးကချောင်းဟန့်လိုက်ရာ အားလုံးတိတ်ဆိတ်သွား၏။
” ကဲကဲ….ဟုတ်တယ်လို့တော့ ဘယ်သူမှအတတ်မပြောနိုင်ဘူး…ဒီတော့တကယ်ဟုတ်မဟုတ် ဒီရက်ပိုင်းအတွင်းခင်မောင်ရဲ့အိမ်ဖက် ဘယ်သူမှမသွားကြသေးနဲ့ပေါ့…တကယ်လို့ဟုတ်ခဲ့ရင်လည်း သေဆုံးခြင်းရဲ့အရင်းအမြစ်ကိုသိရတော့ တားလို့ရတာပေါ့…ခင်မောင်ကြောင့်မဟုတ်ခဲ့ရင်လည်း မျက်နှာပျက်စရာမဖြစ်ရလေအောင် ပြန်ပြီးတောင်းပန်ကြတာပေါ့ ကျုပ်ပြောတာသဘောတူကြလားဟေ့…”
” ဟုတ်သူကြီး…ကျုပ်တို့သဘောတူတယ်…”
အစည်းအဝေး၏ဆုံးဖြတ်ချက်အတိုင်းပင်ရွာသူရွာသားများအားလုံး ခင်မောင်၏အိမ်ဖက်သို့မသွားဘဲနေကြ၏။ သို့သော် ခင်မောင်၏ဒေါ်လေးတော်သူကား သူကြီးနှင့်ရွာသူရွာသားများကိုမကျေနပ်ချေ။ သူမ၏တူအား စွပ်စွဲရကောင်းလားဟူ၏။ တစ်ခုသောညနေတွင် ထိုမိန်းမကြီးသည် တူဖြစ်သူခင်မောင်အတွက် ကြက်သားစွပ်ပြုတ်လာပို့ပေး၏။ ခင်မောင်မှာရောဂါအခြေအနေဆိုးလာပြီး ငှက်ပျောရွက်ကိုခင်းကာ အိပ်ရသည့်ဘဝရောက်နေပေပြီ။ အရေပြားမှာလည်းအနာထပ်ပြီး ပေါက်စရာနေရာမရှိလောက်တော့အောင်ပင် အနာပေါ်အနာဆင့်နေချေပြီ။
” သား…ခင်မောင်…ထပါဦးကွဲ့…ဒေါ်လေးမင်းအတွက် အားရှိစေမဲ့ကြက်သားစွပ်ပြုတ်လေးချက်လာပေးတယ်ကွဲ့…”
” ဟင်း….ဟင်း….အီး….အီး….”
ခင်မောင်မှာတအီးအီးညည်းညူနေရှာသည်။ ပါးစပ်ကြီးဟလျက် ပြင်းစွာသောဝေဒနာကိုခံစားနေရရှာသည်။ ဆရာလည်းစုံ ဆေးလည်းစုံနေပေပြီ။ သို့သော်လူနာမှာအနည်းငယ်မျှပင် မသက်သာလာချေ။
” ဟူး…..”
ဒေါ်မာလာသည် တူဖြစ်သူကိုကြည့်ပြီး သက်ပြင်းမောတချက်ချလိုက်သည်။ ခင်မောင်မှာ ကမ္မဋ္ဌာန်းရုပ်ပေါက်နေပေပြီ။ မျက်လုံးနှစ်လုံးမှာလည်း ပြူးကျယ်ကာ ဂဏှာမငြိမ်ဖြစ်နေ၏။ ခင်မောင်၏အမေကသားဖြစ်သူကိုကြည့်ပြီး မျက်ရည်များစီးကျလာသည်။
” မမရယ်…တူလေးကဘာဖြစ်တာလဲ ဆေးဆရာတွေရဲ့အဖြေကရော…”
” မသိတော့ပါဘူးညီမလေးရယ်…ခုဆိုသူ့ကိုကုသပေးခဲ့တဲ့ဆေးဆရာတွေအကုန်သေကုန်လို့ ဘယ်ဆေးဆရာမှပင့်လို့မရတော့ဘူးကွယ်…”
” မမကလည်း ပေါက်ကရတွေပြောနေပြန်ပြီ…ငါ့တူကိုကုလို့သေတာမဟုတ်ဘူး သူတို့ဘာသာသေချိန်တန်လို့သေရတာပါ…မမတို့မပင့်ရင်နေ…မနက်ကျရင်ညီမကိုယ်တိုင်မြို့တက်ပြီး နာမည်ကျော်ဆေးဆရာကိုရအောင်ပင့်လာခဲ့မယ်…”
” ညည်းတူကိုကြည့်ရတာမရိုးဘူးထင်တယ် ညီမရယ်…ညဆိုတစ်ယောက်ယောက်ကိုတောင်းပန်နေတဲ့အသံတွေကြားရတယ်…နောက်မလုပ်တော့ပါဘူးတွေရော…အသက်ကိုချမ်းသာပေးပါတွေရောစုံနေတာဘဲအေ…”
” ဒါဆိုတူလေးပြုစားခံထားရတာနေမယ်…ဒီလောက်လိမ္မာတဲ့ငါ့တူလေးကို ဘယ်သူကများပြုစားဝံ့တာလဲဟဲ့…”
ဒေါ်မာလာတစ်ယောက်အဖြစ်မှန်ကိုမသိဘဲ ခင်မောင်အားပြုစားသူကိုမကျေမနပ်ဖြစ်နေ၏။
နောက်နေ့မနက်တွင်ကား ဒေါ်မာလာသေဆုံးသွားပြီဟူသောသတင်းသည် မဟူရာရွာလေးအတွင်းဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။
” ဘယ်လိုဖြစ်ရတာလဲညီမလေးရယ်…ညည်းတူကိုညည်းကိုယ်တိုင်ဆေးဆရာပင့်ကုပေးမယ်ဆို…ခုတော့ဘယ်လိုဖြစ်ရတာလဲကွဲ့…ဟီးဟီးဟီး… ”
ခင်မောင်၏မိခင်က ညီမဖြစ်သူသေဆုံးသွားသောကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ကာ ရင်ဘတ်စည်တီးငိုနေရှာ၏။
” အမေညကအိပ်နေရင်း မလာနဲ့…မလာနဲ့… မလိုက္ဘူး…ဆိုပြီးအော်နေတာဒေါ်ကြီးရယ်….သမီးတို့ဝင်သွားတော့ ကြမ်းပေါ်မှာ လျှာထွက်ပြီးသေနေပြီ…”
ဒေါ်မာလာသမီးဖြစ်သူ၏စကားကြောင့် အားလုံးအံ့ဩသွားရ၏။
” မနေ့က ခင်မောင့်အိမ်သူသွားခဲ့သေးတယ်တဲ့…အဲဒါကြောင့် နေမှာ…”
” ဟုတ်တယ်…ခင်မောင်ကသေမင်းတမန်လားဘဲ…ကြောက်ဖို့ကောင်းလိုက်တာ…”
” သူ့အိမ်မသွားတာအကောင်းဆုံးဘဲ…”
ဒေါ်မာလာ၏အသုဘတွင် ရွာသူရွာသားများ၏ထင်မြင်ချက်များတီးတိုးထွက်လာခဲ့၏။ ထူးဆန်းသောအဖြစ်ကြောင့် ခင်မောင့်အိမ်သို့ မည်သူတစ်ဦးတစ်ယောက်မှလူနာသတင်းလာမေးခြင်းမရှိတော့ချေ။ အယုတ်စွဆုံး ခင်မောင်၏မိသားစုဝင်များကိုပင် ရွာသူရွာသားများရှောင်ကြဉ်လာကြ၏။
ထိုသို့ဝိုင်းဝန်းဖယ်ကျဉ်ပြီးနောက်ပိုင်း ရွာထဲ၌မည်သူမျှသေဆုံးခြင်းမရှိတော့သည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။
ယခုမူကားခင်မောင်ဆိုသည့်အသံကြားသည်နှင့်လူများအားလုံးက စက်ဆုပ်မုန်းတီးဖွယ်ရာ နိမိတ်အဖြစ်ပင်မှတ်ယူနေကြပြီ။ ပတ်ဝန်းကျင်၏ဖယ်ကျဉ်ခြင်းကြောင့် ခင်မောင်၏မိသားစုဝင်များလည်း စီးပွားရေး၊လူမှုရေးများ ကျဆင်းကုန်၏။ ခင်မောင်လည်းရောဂါ၏နှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားနေရ၏။ သူပြုခဲ့သည့်မကောင်းမှုသည် သူ့ကိုအကျိုးပေးလေပြီတကား။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် ကျိန်စာသင့်နေသည့်မဟူရာကျေးရွာသို့ရောက်လာခဲ့၏။ ရွာစောင့်နတ်သည်မောင်ရေခဲတို့ရောက်လာသည်ကိုမြင်လျှင် ကိုယ်ထင်ပြပြီး
” ရောက်လာကြပြီလားဆရာလေးတို့….”
” ဟုတ်တယ်ရွာစောင့်နတ်ကြီး…ဒီရွာမှာအင်မတန်အားပြင်းတဲ့လှိုင်းတစ်ခုရနေတယ်…ဘာကြောင့်လဲရွာစောင့်နတ်ကြီး…”
” ပညာသည်မိန်းကလေးတစ်ယောက်ရဲ့ ကျိန်စာတွေကြောင့်ပါဆရာလေး…သူ့ရဲ့ကျိန်းစာကြောင့် ပတ်သက်မိတဲ့လူတွေအကုန်လုံးမရဏခေါ်ရာနောက်ကောက်ကောက်လိုက်ပါခဲ့ကြရတယ်လေ…”
” အကြောင်းစုံရှင်းပြပါဦးရွာစောင့်နတ်ကြီး…”
” ပြောရရင်တော့မိဘကိုပြုစုလုပ်ကျွေးမေတဲ့မိန်းကလေးတစ်ယောက်ကနေစရမယ်ဆရာလေးတို့….”
ရွာစောင့်နတ်ကြီးသည် ဤသို့အစချီပြီး မဟူရာရွာ၏ ရွာနီးချင်းဖြစ်သည့် နှင်းဆီပင်ကျေးရွာရှိ ခက်ခက်မာအကြောင်းကိုပြောပြလိုက်၏။ ဆိုခဲ့သည့်အတိုင်းခက်ခက်မာသည် ကျန်းမာရေးမကောင်းလေသူမိခင်ကြီးကို ဈေးရောင်းပြီးလုပ်ကျွေးနေ၏။ တစ်နေ့သော် စာသင်ကျောင်းပိတ်ရက်ဖြစ်နေသဖြင့် သစ်သီးသုပ်များရောင်းမကုန်ဖြစ်နေရာ ရွာနီးချင်းဖြစ်သော မဟူရာကျေးရွာသို့လာရောင်း၏။
တွန်းလှည်းလေးတွန်းပြီးမဟူရာကျေးရွာသို့ရောက်လာခဲ့သည်။ နေ့လယ်နေ့ခင်းဖြစ်သဖြင့် လူအများလုပ်ငန်းဆောင်တာဝင်နေချိန်ဖြစ်၍ ဘာမှပင်မရောင်းလိုက်ရချေ။
” အသုပ်သည်နေပါဦး…ဝယ်မလို့ဗျ…”
ထိုအသံကြောင့်သူမလှည့်ကြည့်ရာ ဈေးဝယ်လာသောယောကျာ်းတစ်ယောက်ဖြစ်နေ၏။
” ဘယ်လောက်ဖိုးယူမှာလဲအစ်ကို…”
” တစ်ထောင်ဖိုးထည့်ညီမလေး…ဒါနဲ့ညီမလေးကို ဒီရွာမှာတစ်ခါမှမတွေ့ဖူးဘူးနော်…ဒီရွာကမဟုတ်ဘူးထင်တယ်…”
” ညီမက နှင်းဆီပင်ရွာကပါ…ဒီနေ့ဈေးရောင်းမကုန်သေးတာနဲ့ဒီဖက်ရွာလာရောင်းကြည့်တာပါ…မှန်းချက်နဲ့နှမ်းထွက်မကိုက်ပါဘူးအစ်ကိုရယ်…ဒီဖက်ရွာကလူတွေအကုန်လုပ်ငန်းထဲရောက်ကုန်လို့နဲ့တူတယ်…”
” ဘာမှမပူပါနဲ့ညီမလေးရော…အစ်ကိုအကုန်လုံးယူပေးမှာပေါ့…ဟဲဟဲ… ”
ထိုလူကြီးကခက်ခက်မာအားစားမတတ်ဝါးမတတ်ကြည့်နေ၏။ စကားပြောတိုင်းလည်း သူ၏အာခံတွင်းထဲမှ အရက်နံ့တို့ထောင်းခနဲထွက်လာ၏။ ထိုလူကိုခက်ခက်မာ သေဘာမက်လွေခ်။
” ရော့အသုပ်ရပြီအစ်ကို…”
ခက်မာကသစ်သီးစုံသုပ်ကိုလှမ်းပေးပြီး တစ်ထောင်တန်ရွက်ကိုယူကာတွန်းလှည်းတွန်းပြီး ခပ်သုတ်သုတ် ထြက္လာ၏။
” ညီမေလး…ဟေ့ညီမလေးနေဦးလေ…အစ်ကိုအကုန်ယူမှာ…ညီမလေးကိုလည်းယူမှာ…”
ဆိုပြီး အနောက်မှပြေးလိုက်လာ၏။ ခက်မာသည် ထိုလူကိုကြည့်ပြီးလန့်လာ၏။ ခြေလှမ်းကိုမြန်နိူင်သမျှမြန်အောင် လျှောက်၏။ မဟူရာရွာကိုလာခဲ့သည်မှာ မှားပြီထင်တယ်ဟုစိတ်ထဲတွေးနေမိ၏။
” ဟိတ်…စောင့်ပါဦးဆို…ညီမလေးရဲ့သီးစုံသုပ်လေးကအရမ်းအရသာရှိတာဘဲ…အစ်ကိုစားလို့မဝသေးဘူးလေ…ဘာလို့အလောတကြီးပြန်သွားရတာလဲ..”
ထိုသို့ပြောပြီး တွန်းလှည်းကိုဆွဲထား၏။
” ရှင်ဖယ်နော်…ကျွန်မအိမ်ကိုအချိန်မှီပြန်ဖို့လိုတယ်…”
” ပြန်ရမှာပေါ့ဗျာ…ပြန်ရမှာပေါ့…ဟဲဟဲ…”
ထိုလူ၏တဏှာရမက်ယစ်မူးနေသောမျက်နှာကြောင့် ခက်မာပို၍လန့်သွား၏။ သူမရောက်နေသောပတ်ဝန်းကျင်လည်း လူသွားလူလာပြတ်လပ်ပြီး ဘေးတစ်ဖက်စီတွင်လည်း ဝါးရုံတောကြီးကရှိနေသေး၏။
” ညီမေလး…ဘာတွေတွေးနေတာလဲ…အစ်ကိုညီမလေးကိုလိုက်ပို့ပေးမယ်လေ…”
ဆိုကာခက်ခက်မာ၏လက်အားဆွဲလိုက်၏။
” ရှင်လွှတ်နော်…ကျွန်မအော်လိုက်မှာ…”
” အော်လေ…ဒါငါ့ရွာ ဘယ်သူမှမရှိဘူး…ဟဲဟဲ…အစ်ကိုလိုက်ပို့တာအသာတကြည်လက်ခံစမ်းပါ…”
ဆိုပြီးခက်ခက်မာ၏ခန္ဓာကိုယ်အားပိုင်စိုးပိုင်နင်းသိုင်းဖက်လိုက်၏။ ထိုလူ့ထံမှ ခက်ခက်မာအတင်းရုန်းထွက်ပြီး လူသူရှိမည့်နေရာသို့ပြေးလေ၏။ ထိုလူလည်းအနောက်မှတရစပ်လိုက်ပြေးလာပြီး မှီလုလုဖြစ်လာ၏။
” ဒုတ်…”
” အင့်..”
ခလုတ်ကန်သင်းများကြားပြေးနေရသောကြောင့် ခက်ခက်မာ ခလုတ်တိုက်မိပြီး မှောက်လျက်လဲကျသွား၏။ ထိုလူကခက်ခက်မှာကိုမှီသွားပြီး ဒေါသထွက်လေဟန်ဖြင့်
” ဖျန်း…ဖျန်း…”
” အား…”
” ပြေးချင်ဦးကောင်မ…နင်ပြေးလည်းငါ့လက်ကမလွတ်ဘူး…ဟားဟားဟား…”
ထိုလူကခက်ခက်မာ၏ပါးပြင်အား ဖျန်းခနဲနှစ်ချက်ဆင့်ရိုက်လိုက်၏။ အားပါလှသောရိုက်ချက်ကြောင့် ခက်ခက်မာ၏ပါးပြင်မှာ ထူပူသြား၏။ ထို့နောက်ထိုလူသည်ခကခက်မာ၏ဆံပင်ကိုဆွဲပြီး လူရှင်းရာဝါးရုံအောက်သို့ ဒရွတ်တိုက်ဆွဲခေါ်သွား၏။
ခက်ခက်မာရုန်းသော်လည်း မရတော့ဘဲတဏှာသားကောင်၏ လက်အောက်၌ဘဝကိုစတေးလိုက်ရ၏။
ထိုလူသည်ဆန္ဒပြည့်သွားပြီး ထိုနေရာမှထွက်သွား၏။ ခက်ခက်မာသည်ထိုလူ၏ကြောပြင်ကိုကြည့်ပြီး နူတ်ခမ်းကိုသွေးစို့နေအောင်ကိုက်ကာ အရပ်ရှစ်မျက်နှာကိုတိုင်တည်ပြီး ကျိန်စာတိုက်လိုက်၏။
” ကျွန်မခက်ခက်မာသည် မိဘအပေါ်ငြိုငြင်စိတ်ကင်းမဲ့စွာ ပြုစုခဲ့ပါသည်…သူတစ်ပါးအပေါ်လည်း ဘယ်တော့မှယုတ်မာခဲ့ခြင်းမရှိ…ဤမှန်သောသစ္စစကားကြောင့်ကျွန်ုပ်၏ မွေးရာပါဝမ်းတွင်းပညာသည် အဆုံးအစမရှိ အစွမ်းထက်ပါစေသား….”
” ဝေါ…ဝေါ…ဝေါ….”
” ကျိန်း…ကျိန်း…ကျိန်း….”
ခက်ခက်မာသစ္စာဆိုပြီးချိန်၌အရပ်ရှစ်မျက်နှာသည် ချက်ချင်းဆိုသလိုမိုးသားမိုးရိပ်များတက်လာပြီး လေကြမ်းများလည်းတရစပ်တိုခတ်လာ၏။ မဲမှောင်နေသောတိမ်လိပ်ကြီးမှ မိုးစက်မိုးပေါက်တို့ကျလာပြီး လ်ွပ္စီးမ်ားလ်က္ကာ မျိုးချုန်းသံများလည်းထွက်ပေါ်လာ၏။ ခက်ခက်မာသည်ပတ်ဝန်းကျင်အနေအထားကိုကြည့်ပြီး နာကျည်းစွာပြုံးလိုက်ကာ
” ကျွန်မ၏ပညာအစွမ်းဖြင့် ကျွန်မ၏ဘဝကိုနင်းချေသွားသူအား ကျိန်စာတိုက်ပါမည်…ကျွန်မဘဝကို နင်းချေသွားသောလူသည် အရှင်လတ်လတ်အနာစိမ်းများပေါက်ပြီး သူလုပ်ခဲ့သောမကောင်းမှုကသူ့ကိုအခါမလပ် ခြောက်လှန့်နေစေ…ပူပြင်းသောမီးပုံထဲနေရသကဲ့သို့ အမြဲတစေသောကအပူတောက်လောင်နေစေ…ထိုလူနဲ့ပတ်သက်မိသောလူတိုင်း အသေဆိုးနဲ့သေကြပါစေ…ထိုလူ၏နာမည်ကိုကြားရုံနဲ့ လူတိူင်းမုန်းတီးရွံရှာပါစေ….လူအများ၏ဖယ်ကျဉ်ခြင်းကိုဧကန်ခံရပါစေ…ထိုလူ၏မိဘများလည်း စိတ်ဆင်းရဲရပါစေ….ဤကားကျွန်မ၏ကျိန်စာတည်း….ဤကျိန်စာကိုကျွန်မမှလွဲ၍မည်သူမျှမဖြေနိုင်စေရ…..”
” ဂျိန်း….ဂျိန်း…ဂျိန်း….”
” ဝေါ…ဝေါ…ဝေါ….”
ခက်ခက်မာ၏ကျိန်စာအဆုံး၌ မိုးသံလေသံတို့သည်လည်းတဆက်တည်း ထွက်ပေါ်လာ၏။ ထိုမိန်းကလေး၏ကျိန်စာကြောင့် မဟူရာကျေးရွာအတွင်းရှိခင်မောင်သည် အနာရောဂါပေါက်ပြီး အမြဲတစေပူလောင်နေရ၏။ သူနဲ့ပတ်သက်မိသူတိုင်း အသေဆိုးနဲ့သေကြေပျက်စီးရ၏။ ကျိန်စာထဲကအတိုင်း ခင်မောင်သည်လူအများ၏ဖယ်ကျဉ်ခြင်းကို ခံရ၏။
” အဖြစ်အပျက်က ဒါတွေဘဲဆရာလေးတို့…ဒီမိန်းကလေးရဲ့ကျိန်စာဟာတစ်ရွာလုံးအပေါ်သက်ရောက်နေတယ်…ခင်မောင်ဆိုတဲ့လူနဲ့ပတ်သက်မိတဲ့လူတိုင်း သေကြေပျက်စီးကြရတယ်…”
” အင်မတန်ကြောက်ဖို့ကောင်းတဲ့ကျိန်စာပါလား….ဒါကြောင့်မို့ ဟိုလူကိုဆေးကုသပေးတဲ့သူတွေအကုန်ဒုက္ခရောက်ရတာပေါ့…”
” မှန်ပါတယ်ဆရာလေး…သူ့ရဲ့ကျိန်စာကိုမေတ္တာတစ်ခုထဲနဲ့သာ ကျော်ဖြတ်နိုင်ပါတယ်…ဆရာလေးသူ့အပေါ်မေတ္တာထားပြီး ဆုံးမပေးပါ…”
” စိတ်ချပါအသင်ရွာစောင့်နတ်…အဖြစ်အပျက်တွေအလုံးစုံရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်…ခွင့်ပြုပါဦးဗျ…”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ရွာစောင့်နတ်ကိုနူတ်ဆက်ပြီး ရွာထဲသို့ ဝင်လိုက်၏။ မောင်ရေခဲတို့က ခင်မောင်၏နေအိမ်ကိုမေးပြီးလာခဲ့ကြရာ ရွာသူရွာသားတို့ကအံ့ဩနေကြ၏။
” ဒီလူတွေငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်နေကြပြီထင်တယ်…”
” သူစိမ်းတွေဆိုတော့ ခင်မောင့်အကြောင်းမသိသေးလို့နေမှာ…”
” သူတိ့ုကံတရားအတိုင်းပေါ့ကွာ…”
ရွာသူရွာသားတို့၏စကားကြောင့်မောင်ရေခဲက ပြုံးလိုက်၏။ လမ်းညွှန်ချက်အတိုင်း လာခဲ့ကြရာ တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးရှေ့သို့ရောက်လျှင် ခြေစုံရပ်လိုက်ပြီး
” အိမ်ရှင်တို့…အိမ်ရှင်တို့…”
ဆိုပြီးအော်လိုက်၏။ အော်သံကြားသဖြင့် အိမ်ထဲရှိ ခင်မောင်၏မိခင်က အိမ်ပြင်သို့ကြည့်လိုက်၏။
” အလို…ထူးထူးဆန်းဆန်းအိမ်ကိုဧည့်သည်လာနေပါလား…”
ဟုတွေးမိပြီး အိမ်ပြင်ထွက်ကာခရီးဦးကျိုပြုလိုက်၏။
” လာကြသားတို့လာကြ…အပေါ်တက်ကြ…”
” ဟုတ်ဒေါ်လေး…”
သူတိုတစ်မိသားစုလုံးကိုလူအများရှောင်ကျဉ်ထားကြသဖြင့် ယခုကဲ့သို့အိမ်သို့ဧည့်သည်လာခြင်းကို ဒေါ်ကြီးမှာအလွန်သဘောကျလေဟန်ရှိသည်။
” လာသားတို့ဒီမှာထိုင်…အကြမ်းရည်တွေသောက်ကြ…ဒါနဲ့သားတို့က ဒီကိုဘာကိစ္စနဲ့လာကြတာလဲကွဲ့….”
” ဟောဒီအိမ်မှာရှိတဲ့ လူနာကြောင့်လာရတာပါဗျာ…”
” ရှင်…ဒီအိမ်မှာလူနာရှိတာသားတို့ဘယ်လိုသိကြတာလဲ…”
” အကြောင်းစုံသိပါတယ်…ဒီအိမ်ရဲ့လူနာက တစ်ပါးသူခွင့်မလွတ်နိုင်တဲ့အပြစ်မျိုးလုပ်ထားလို့ပါ…”
” ရှင်…”
မောင်ရေခဲ၏စကားကြောင့် အဒေါ်ကြီးခမျာမျက်လုံးမျက်ဆံပြူးသွား၏။
” ကဲအချိန်မရှိဘူး လူနာကိုဖေးမပြီးဘုရားခန်းထဲခေါ်လာခဲ့ပါ…”
မောင်ရေခဲကထိုသို့ပြောပြီး ဘုရားခန်းထဲသွားကာ ဘုရားဝတ်ပြုလိုက်၏။ ခဏအကြာ၌ သူ့ရှေ့သို့အနာဗရပွရှိလှသော လူနာရောက်လာ၏။
” နေသာသလိုထိုင်ပါညီ….ပြီးရင်ဘုရားကိုအာရုံပြုထား….”
” ဟုတ်ကဲ့…”
မောင်ရေခဲလည်း အထက်ကိုကုသမိန့်တောင်းပြီး ပြုစားသူကိုအမိန့်ပြန်ခေါ်လိုက်၏။ ပြီးသော်လူနာ၏အသက်ကိုသုံးကြိမ်သုံးခါပြည့်အောင်အပ်ခိုင်းပြီး
” ဤတနင်္လာသားကို၏အသက်နဲ့ခန္ဓာကိုငါပိုင်တယ်…တနင်္လာသားကိုပြုစားနှောင့်ယှက်သူ ငါ့အရှေ့မှောက်မကြာချက်ချင်းရောက်လာစေ….အနှောင့်အယှက်အတားအဆီးမရှိစေရ…အထက်ပုဂ္ဂိုလ်များရဲ့အမိန့်…ငါရေခဲ၏အမိန့်…”
ထိုသို့အမိန့်ပြန်လိုက်သည်နှင့်ယိုင်နဲ့နဲ့ဖြစ်နေသောလူနာသည် ဒူးတစ်ချောင်းထောင်၊တချောင်းကိုချထားသောပုံစံပြင် ထိုင်လိုက်ပြီး ချီထားသောလက်အုပ်ကိုချကာ
” ဟင်းဟင်းဟင်း…ငါ့အလုပ်ကိုလာရှုပ်တာ ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေလို့ထင်တယ်…”
ခင်မောင်၏နူတ်မှမိန်းကလေးအသံထွက်လာသဖြင့် ခင်မောင်၏မိသားစုဝင်များကအံ့ဩသွား၏။
” နှမငယ်…ရောက်ရင်ဘုရားကိုဦးတိုက်လိုက်ပါဦး…”
” ငါပြောတာမကြားဘူးလား…ဘာလို့ဒီလူယုတ်မာကိုကယ်တင်ချင်နေရတာလဲ…”
မိန်းကလေးကမောင်ရေခဲ၏စကားကိုနားမထောင်ဘဲ မောင်ရေခဲကိုပြန်ပြောနေ၏။
” ဘုရားကိုဦးတိုက်လိုက်…နှမငယ်ကိုမနာကျင်စေချင်ဘူး…”
” တိုက်မှာပါဟဲ့တိုက်မှာပါ…နင်ကလျှာစက်အာစက်ပါတဲ့သူမို့ နင်ပြောလိုက်တဲ့စကားတိုင်း ငါ့နားတွေအူတဲ့အထိဖြစ်တယ်ဟဲ့….”
ထိုသို့ပြောပြီး ဘုရားကိုဦးခ်၏။
” ကဲ…ငါသွားလို့ရပြီလား…”
” မရေသးပါဘူး…သင့်ကျိန်စာကိုပယ်ဖျက်ပြီးမှသွားရမယ်….”
” ဟားဟားဟား….ဟားဟားဟား…နင်ဘာသိလို့ငါ့ကိုကျိန်စာဖျက်ခိုင်းရတာလဲ…ဒီလူအကြောင်းနင်မသိလေရော့သလား….”
” သိပါတယ်…ဒါပေမဲ့ အပြစ်ကျူးလွန်သူကတစ်ယောက်ထဲလေ…နှမကလူတွေအများကြီးရဲ့အသက်ကိုသတ်မိနေပေပြီ…”
” ဒီလူယုတ်မာက ငါ့ဘဝကိုနင်းချေခဲ့တယ်…သူ့ဘဝလည်းအမြဲနောင်တတွေဒဏ်ရာတွေနဲ့နာကျင်နေစေရမယ်…”
” နှမကျိန်စာကြောင့် သူလည်းအရှင်လတ်လတ်ငရဲကျသလိုခံစားနေရပါပြီ… သူ့အပြစ်နဲ့သူခံယူသွားပါပြီ…နှမငယ်ထပ်ပြီးအပြစ်မလုပ်ဖို့ အစ်ကိုမေတ္တာရပ်ခံတယ်…”
” မရဘူး…ဒီလူယုတ်မာမိသားစု တစ်ခုလုံးစိတ်နှလုံးကွဲကြေပြီး ခံစားနေစေရမယ်…”
” သူ့ကိုကျိန်စာပယ်ဖျက်ပေးရင် နှမငယ်ရဲ့အမေခံစားရတဲ့ဝေဒနာကိုပျောက်ကင်းအောင်အစ်ကိုကုပေးမယ်ဘယ်လိုလဲ…”
မိန်းကလေးသည်မိခင်ကိုအလွန်ချစ်တတ်သူဖြစ်သဖြင့် မောင်ရေခဲကထိုသို့ပြောလိုက်ရာ တချက်မျှစဉ်းစားလိုက်ပြီး
” အစ်ကိုတကယ်ပြောတာလား…”
” နှမသာသူု့အပေါ်ကျိန်စာတွေဖျက်ပေးရင် အစ်ကိုလည်းဂတိမပျက်စေရပါဘူး…”
” အဲဒါဆိုလည်း အစ်ကိုပြောတဲ့အတိုင်းလုပ်မယ်…ကျွန်မသည်ဤတနင်္လာသားအပေါ်တိုက်ခဲ့သောကျိန်စာအား ယနေ့မှစ၍ ကျွန်မကိုယ်တိုင် ဖျက်သိမ်းလိုက်သည်…ယနေ့မှစ၍ ဤတနင်္လာသားအပေါ်၌ ကျိန်စာတစ်ခုမကျန်အကုန်ပျက်ပြယ်စေ…”
” ဖျောဖျောဖျော….”
” ဝုန်း…ဝုန့်း….”
သူမကျိန်စာတိုက်ခဲ့သည့်အချိန်ကကဲ့သို့ပင် ပတ်ဝန်းကျင်တစ်ခွင်မှောင်မဲလာပြီး မိုးသီးမိုးပေါက်များကျလာခဲ့သည်။
” ကဲ..ကျွန်မကျိန်စာအားလုံးကိုဖျက်လိုက်ပြီ…အစ်ကို့ဂတိအတိုင်းအမေ့ရောဂါကိုပျောက်ကင်းအောင်ကုသပေးပါ…”
မောင်ရေခဲလည်းဂတိအတိုင်း နတ်ဘီလူးထံမှရသောနတ်ဆေးတော်ကို ရေစင်ဖြင့်ဖျော်ပြီးပေးလိုက်၏။
” ကဲ..ဘုရားဦးချပြီး နှမပြန်နိူင်ပြီ…ဒီဆေးတော်ကိုနှမရဲ့မိခင်ကိုတိုက်လိုက်ပါ ရောဂါဝေဒနာအားလုံးပျောက်ပြီး ကျန်းမာသက်ရှည်လိမ့်မယ်…”
ထိုမိန်းခလေးလည်းဘုရားကိုဦးချပြီးထွက်သွား၏။ ခင်မောင်လည်း ဘေးသို့လဲကျသွား၏။ မောင်ရေခဲက လူနာကိုရေစင်ဖြင့်တောက်လိုက်ပြီး
” ကဲ…ညီ့အပေါ်ကျရောက်နေတဲ့ကျိန်စာတွေအားလုံးကိုတော့ ဖျက်ပေးလိုက်ပြီ…နောက်ဖြစ်လာမဲ့အရာတွေကတော့ ညီရဲ့ကံတရားအတိုင်းဘဲ…အစ်ကိုလည်းမကယ်တင်နိုင်ဘူး….”
မောင်ရေခဲ ပြောသည့်စကားကိုမည်သူမျှနားမလည်နိုင်ချေ။ လူနာကိုကုသပေးပြီးနောက် အားလုံးကိုနူတ်ဆက်ပြီး မဟူရာကျေးရွာမှထွက်သွားခဲ့ကြ၏။
ခင်မောင်မှာကျိန်စာပျက်သွားပြီးသည့်နောက် လူအများရှေ့မှောက်သူ၏အမှားကို ဝန်ခံသွားပြီး နောင်တများစွာဖြင့် ညင်သာစွာသေဆုံးသွား၏။ ခင်မောင်၏အသုဘမှာမိဘဆွေမျိုးများဖြင့်သာ ခြောက်ကပ်စွာပြီးဆုံးသွား၏။ တစ်ဖက်ရွာမှခက်ခက်မာ၏မိခင်ကြီးသည်ကား ခံစားရသောရောဂါဝေဒနာများ ပျောက်ကင်းသွားပြီး ချစ်ရသည့်သမီးလေးနှင့်အတူ ပျော်ရွှင်စွာနေထိုင်သွားတော့သည်။…….။
(ဖြစ်ရပ်မှန်ကိုအခြေခံထားသည်။ အားပေးဖတ်ရှုသူ တစ်ဦးချင်းစီကိုကျေးဇူးတင်ပါသည်။ ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)
# ပြီး
# ခွန်း

Zawgyi Version

ပန္းတစ္ပြင့္၏က်ိန္စာ(စ/ဆုံး)
————————————
ေႏြရာသီ၏ပူျပင္းလွေသာ ပူစပ္စပ္ေနေရာင္ထဲတြင္ အသက္၁၇ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္သည္ လက္တြန္းလွည္းေလးကိုတြန္းရင္း ရပ္ကြက္ထဲလွည့္လည္ေနသည္။ ထိုမိန္းကေလး၏လက္တြန္းလွည္းထဲတြင္ကား ေႏြရာသီစာျဖစ္ေသာ သစ္သီးစုံသုပ္ႏွင့္ ေ႐ႊရင္ေအးမ်ားသာျဖစ္သည္။ ပူျပင္းေသာေႏြရာသီႏွင့္ လိုက္ဖက္သည့္ အစားအေသာက္ကိုေရာင္းသျဖင့္ ေန႔တြက္ကိုက္၏။

ထိုမိန္းကေလးသည္က်န္းမာေရးမေကာင္းသည့္မိခင္အိုကို ေကြၽးေမြးျပဳစုေနသူပင္။ မိခင္အိုႀကီးက နာတာရွည္ေရာဂါခံစားေနရသျဖင့္ အိပ္ယာထက္ကပင္မထႏိုင္။ က်င္ႀကီးက်င္ငယ္မွအစ သမီးျဖစ္သူကပင္ တာဝန္ယူရသည္။ ထိုသို႔အေသးအဖြဲမွအစ မိခင္၏ေန႔တဓူဝကိစၥကို ျပဳလုပ္ေပးရေသာ္လည္း ထိုမိန္းကေလးမွာ ညည္းညဴျခင္းမရွိေပ။

ထိုမိန္းကေလး၏နာမည္ကား ခက္ခက္မာပင္ျဖစ္သည္။ နာမည္ႏွင့္ဘဝေပး လိုက္ဖက္လြန္းလွသည္။ အမွန္ပင္သူမ၏ဘဝသည္ ခက္ခဲၾကမ္းတမ္းလြန္းလွေပသည္။ မိန္းကေလးပင္ျဖစ္ေသာ္ျငားလည္း အလွအပကိုဂ႐ုမစိုက္ႏိုင္။ ေနေရာင္ေၾကာင့္ ခက္ခက္မာ၏အသားအေရကား မဲညစ္ေနသည္။ သို႔ေသာ္အၿမဲၿပဳံး႐ႊင္တတ္ေသာ မ်က္ႏွာေပးေၾကာင့္ ခ်စ္သူခင္သူေပါသည္ကားမဆန္းေပ။

သာယာေသာမနက္ခင္းတစ္ခု၌ ခက္ခက္မာသည္မိခင္၏ ေဝယာဝစၥကိုျပဳလုပ္ေပးေနသည္။
” သမီးေလး…အေမေၾကာင့္ ဒုကၡမ်ားေနၿပီလားကြဲ႕…”
” မဟုတ္တာအေမရယ္…သမီးငယ္ငယ္တုန္းကလည္း အေမဒီလိုဘဲျပဳစုခဲ့ရတာေလ…သမီးအေမ့ေဝယာဝစၥေတြလုပ္ေနရလို႔ဆိုၿပီး သမီးဘယ္ေတာ့မွမညည္းညဴပါဘူးအေမရယ္…”
” ေအမက သမီးေလးအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနမွာစိုးလို႔ပါကြယ္…”
” မျဖစ္ပါဘူးအေမရယ္…အေမျပန္ၿပီးေနေကာင္းက်န္းမာဖို႔ဘဲေတြးေနာ္…က်န္တာဘာမွမေတြးနဲ႔….ဟုတ္ၿပီလား…”
” ေအးပါကြယ္…အေမ့သမီးေလး ဘုန္းႀကီးလို႔အသက္ရွည္ပါေစကြယ္…အဟြတ္…အဟြတ္…”
” ေအမ…ဆက္မေျပာနဲ႔ေတာ့ေနာ္ အေမေမာမွာစိုးလို႔ပါ..ၾကက္သားဆန္ျပဳတ္ေလးေသာက္လိုက္အေမ…ဒါမွအေမအားရွိလာမွာ…ေနာက္နာရီဝက္ေလာက္ေနရင္ ေဆးေသာက္ရမယ္ေနာ္အေမ…”
ခက္ခက္မာက မိခင္ကိုေဖးမကူၿပီး ၾကက္သားဆန္ျပဳတ္ပူပူေႏြးေႏြးေလးကို တစ္ဇြန္းခ်င္းစီတိုက္ေန၏။ ေသာက္ရမည့္ေဆးကိုလည္း မိခင္ႀကီးနားအသင့္ယူလာေပးလိုက္၏။ ၿပီးေသာ္မနက္စာအျဖစ္ ထမင္းၾကမ္းစားလိုက္ၿပီး ေဈးေရာင္းထြက္ရန္ျပင္ဆင္လိုက္၏။
” ေအမ…သမီးေဈးေရာင္သြားဦးမယ္…လိုအပ္တာေတြအနားမွာထားေပးခဲ့တယ္ေနာ္…မၾကာဘူးသမီးျပန္လာမွာ…ဒီၾကားထဲအေမလိုတာရွိရင္ မႀကီးစန္းရီကိုေျပာေနာ္…သမီးသူ႔ကိုမွာထားခဲ့မယ္…”
” ေအးကြယ္…သမီးေလးေစာေစာျပန္လာခဲ့ေနာ္…”
” ဟုတ္ဟုတ္အေမ…သမီးသြားၿပီေနာ္…”
ခက္ခက္မာကမိခင္ကိုႏုတ္ဆက္ၿပီး တြန္းလွည္းေလးကိုတြန္းကာ ေနအိမ္မွထြက္လာခဲ့၏။ အိမ္ေရွ႕ေရာက္ေသာ္ လွည္းခဏရပ္ၿပီး မႀကီးစန္းရီ၏အိမ္ထဲသို႔ဝင္သြား ၏။ မႀကီးစန္းရီဆိုသူကား သူ၏အိမ္နီးခ်င္း အပ်ိဳႀကီးတစ္ေယာက္ျဖစ္ၿပီး သူႏွင့္မိသားစုလိုေနထိုင္သူျဖစ္သည္။
” မႀကီးစန္းရီေရ…မႀကီးစန္းရီ…”
” ေအးငါဒီမွာခက္မာေရ…နင္ေဈးေရာင္းထြက္ေတာ့မွာလားေအ့…အေစာႀကီးရွိေသးတယ္…”
” ဒီေန႔ေက်ာင္းဖြင့္ရက္ေလမႀကီးစန္းရီရဲ႕…မနက္ပိုင္းေက်ာင္းတက္ေခါင္းေလာင္းမထိုးခင္ေလး အမွီေရာင္းရေအာင္လို႔ေလ…ဒါနဲ႔မႀကီးအလုပ္အားတယ္မို႔လား…ခက္မာမရွိတုန္းေလး အေမ့ကိုသြားၾကည့္ေပးဦးေနာ္…”
” ေအးပါေအ…ေျပာရမဲ့လူေတြက်ေနတာဘဲ…စိတၡ္လကၡ္ၾသား ဂ်ီးေဒၚ(ႀကီးေတာ္)ကိုငါၾကည့္ထားလိုက္မယ္…”
” ေက်းဇူးပါမႀကီး…ဒါဆိုခက္မာသြားၿပီေနာ္…ေစာေစာျပန္လာခဲ့မယ္..”
” ေအးေအး…”
ခက္ခက္မာက အပ်ိဳႀကီးစန္းရီအား မွာစရာရွိသည္ကိုမွာၿပီး စာသင္ေက်ာင္းေလးရွိရာသို႔ ထြက္လာခဲ့သည္။ မနက္ခင္းေက်ာင္းတက္ေခါင္းေလာင္းမထိုးခင္ ေကလးမ္ားက သူမထံမွသီးစုံအသုပ္မ်ား ဝယ္ယူအားေပးၾက၏။ ေစတနာေကာင္းေသာသူမထံ၌ ကေလးမ်ားတစ္ေယာက္ၿပီးတစ္ေယာက္ အလုအယက္လာဝယ္ၾက၏။
ေန႔စဥ္ေန႔တိုင္းေဈးေရာင္းၿပီးမိခင္အတြက္လိုအပ္ေသာေဆးဝါးမ်ားကိုဝယ္ယူၿပီး အိမ္ကိုေစာေစာျပန္လာေနက်ျဖစ္သည္။ သို႔ေသာ္သည္ေန႔တြင္ကား ညေန၆နာရီပင္ထိုးေခ်ၿပီ။ ခက္ခက္မာကားျပန္မေရာက္ေသးေခ်။ မိခင္ႀကီးက ခက္ခက္မာကို ေမွ်ာ္ေနရွာသည္။ အပ်ိဳႀကီးမစန္းရီက ဂ်ီးေဒၚ(ႀကီးေတာ္)ကိုၾကည့္ရင္း စိတ္မသက္သာဟန္ျဖင့္
” ဂ်ီးေဒၚရယ္…ေအးတယ္အထဲဝင္ၿပီး ခက္မာကိုေစာင့္လဲရပါတယ္ေတာ္…ဂ်ီးေဒၚက်န္းမာေရးကိုလည္းၾကည့္ဦးမွေပါ့…”
” ဒီမွာဘဲထိုင္ေစာင့္မွာေအ့…သမီးေလးက ခါတိုင္းအိမ္ကိုအေစာျပန္လာေနက်…ခုေန႔မွဘာလို႔ေနာက္က်ေနတာလဲမသိပါဘူးေအ…”
” ေရာင္းလို႔မကုန္ေသးလို႔ေနမွာပါ ဂ်ီးေတာ္ရယ္…ဒီကေလးမကအေတာ္စီးပြားရွာတာရယ္…”
” ဟဲ့မိစန္းရီ…လမ္းထိပ္သြားၿပီး ညည္းညီမကိုသြားရွာၾကည့္ပါဦးေအ….ငါျဖင့္သမီးေလးကိုစိတ္ပူလိုက္တာေအ…”
” အင္းပါဂ်ီးေတာ္ရဲ႕…သိပ္လည္းစိတ္မပူပါနဲ႔….စန္းရီ ညီမေလးကိုလမ္းထိပ္မွာသြားရွာၾကည့္မယ္ ဂ်ီးေဒၚေနဝံ့တယ္မို႔လား…”
” ေနဝံ့ပါတယ္ေအ…ၾသားၾသား…ညည္းညီမကိုသြားရွာေခ်ေတာ့…”
အပ်ိဳႀကီးစန္းရီက အမယ္ႀကီးကိုစိတ္ခ်စြာထားခဲ့ၿပီး လမ္းထိပ္သို႔ထြက္လာခဲ့သည္။ ညေမွာင္ရီဝိုးတဝါးအခ်ိန္၌ အေမွာင္ဘက္မွ တြန္းလွည္းတစ္စီးလာေနသည္ကို ေတြ႕ရသျဖင့္ အပ်ိဳႀကီးစန္းရီဝမ္းသာသြား၏။ ထိုတြန္းလွည္းပိုင္ရွင္သည္ ခက္ခက္မာမွလြဲ၍ တျခားလူမျဖစ္ႏိုင္။ စန္းရီကထိုအေမွာင္ထဲရွိတြန္းလွည္းထံေျပးသြားလိုက္သည္။
” ေဟာ…ေနာက္က်လွေခ်လားခက္မာ…မ်က္ႏွာလည္းမေကာင္းပါလား….ဘာျဖစ္လာတာလဲဟင္…ညည္းကိုၾကည့္ရတာလဲမသက္သာလိုက္တာေအ…”
” ဟင့္…ဟင့္…”
အပ်ိဳႀကီးမစန္းရီ၏အေမးေၾကာင့္ခက္ခက္မာ ပင့္သက္ရႈိက္လိုက္သည္။ သူမ၏ပုံစံမွာတကယ့္ကိုဖ႐ိုဖရဲရွိလွၿပီး ပါးမွာလည္းညိဳမဲစြဲေနသည္။ သူမ၏မ်က္လုံးအစုံမွာလည္း နာက်ည္းေသာအေငြ႕အသက္တို႔အထင္းသားေပၚေနသည္။
” ညီေမလး စန္းရီေမးတာေျဖပါဦး…ညီမေလးဘာျဖစ္လာတာလဲ…”
” ခက္မာ ဘဝပ်က္သြားၿပီမႀကီးစန္းရီ…ဟင့္ဟင့္ဟင့္….ခက္မာေသခ်င္တယ္မႀကီးစန္းရီရယ္…ခက္မာေသခ်င္တယ္….”
” ဟင္…ဘယ္လိုေျပာလိုက္တာခက္မာ…ညည္းကိုဘယ္သူေစာ္ကားလိုက္တာလဲေျပာစမ္း….အဲလူကိုမႀကီးအမႈန႔္ေခ်ပစ္မယ္…ေတာက္!”
ညီမျဖစ္သူ၏ဘဝကိုေျခေတာ္တင္သြားေသာ လူကိုမပ်ိဳႀကီးစန္းရီ ေဒါသတႀကီးႀကိမ္းဝါးလိုက္၏။ ခက္မာက အပ်ိဳႀကီးစန္းရီကို မွီရင္းတသိမ့္သိမ့္ငိုေန၏။
” ညီေမလး…မႀကီးကိုေျပာစမ္းပါ အဲဒီလူကဘယ္သူလဲ… ေျပာစမ္းပါဟာ…ငါ့ညီမဘဝပ်က္သြားသလိုသူလည္း ေသဒဏ္က်ေစရမယ္…ဘယ္သူလဲေျပာစမ္းပါ….”
” ညီမေလးရွက္တယ္မႀကီးရယ္…တစ္ရွက္ကေနႏွစ္ရွက္ ထပ္မျဖစ္ခ်င္ေတာ့ဘူး ဒီကိစၥကိုညီမေလးဘာသာေျဖရွင္းမယ္…ဒင္းငါ့လက္ကမလြတ္ေစရဘူး…”
” အမယ္ႀကီးကိုဘယ္လိုျပန္ေျပာရမွာလဲခက္မာရယ္…ညီမေလးအျပန္ကိုသူေမွ်ာ္ေနရွာတာ…ညီမေလးရဲ႕ဒဏ္ရာကိုသူျမင္သြားရင္ အေၾကာင္းစုံေမးမွာဘဲ…”
” ခလုတ္တိုက္ၿပီး ေမွာက္လွဲတာလို႔ ေျဖလိုက္မယ္မႀကီး….ဒီကိစၥကိုမႀကီးဘဲသိပါေစ….”
” စိတ္ခ်ပါေအ…လာအဲဆိုျပန္ၾကမယ္…”
ညီအစ္မႏွစ္ေယာက္ လူယုတ္မာကိုမေက်နပ္မႈကိုယ္စီျဖင့္ အိမ္သို႔ဟန္မပ်က္ျပန္သြားၾက၏။
မဟူရာေက်း႐ြာ၏ အိမ္ႀကီးတစ္အိမ္တြင္လူမ်ားစီကားေနသည္။ အေၾကာင္းမွာ ထိုအိမ္ႀကီးထဲတြင္ထူးဆန္းေသာလူနာရွိေနေသာေၾကာင့္ျဖစ္သည္။ ထိုလူသည္အေကာင္းပကတိေနရင္းကပင္ ယခုကဲ့သို႔အနာႀကီးတစ္လုံးၿပီးတစ္လုံးေပါက္လာျခင္းျဖစ္သည္။
” ေဒၚေလး…. ေဒၚေလးသားကဘာျဖစ္တာလဲ…တေန႔ကမွအေကာင္းႀကီးရွိေနေသးတာကို…”
” မသိပါဘူးေအ…ညကမူးၿပီးျပန္လာတာ…အရက္ေသာက္တာမ်ားၿပီး အဆိပ္ေတာက္တာလားမသိပါဘူးေအ…”
” သူ႔ကို ေသခ်ာေမးၾကည့္ပါလား…ၾကည့္ပါဦး အနာစိမ္းေတြေပါက္ေနလိုက္တာ မျမင္ရက္စရာဘဲ…”
လူနာ၏တကိုယ္လုံး၌ အနာဖုမ်ားေပါက္လာၿပီး ထိုအနာဖုမ်ားကြဲကာ ေသြးစိမ္းမ်ား လွ်ံက်ေနသည္။
” အား…ေအေမရ…နာတယ္…ေသေတာ့မယ္…အား…”
အနာတစ္လုံးေပါက္ၿပဲတိုင္းထိုလူမွာေအာ္ဟစ္ညည္းညဴေနရသည္။ အိပ္ယာခင္းမွာလည္းအနာမွထြက္လာေသာ ေသြးတို႔ေၾကာင့္ညစ္ပတ္နံေဟာင္ေနသည္။
” ေဆးမႉးေတြဘာေတြပင့္ၿပီး ကုေပါ့ေအ…အစားမွားတာျဖစ္မွာ…”
” ေဆးမႉးေတာ့ျပၿပီးၿပီ…ေဆးလည္းထိုးထားေပးတယ္ မသက္သာသလိုပါဘဲေအ…အနာစိမ္းေတြေပါက္ေနတုန္းဘဲ…”
ထိုလူငယ္၏မိဘႏွစ္ပါးလည္းသားျဖစ္သူအတြက္ စိတ္မခ်မ္းမသာျဖစ္ေနရသည္။
အခ်ိန္မ်ားတစ္ရက္ၿပီးတစ္ရက္ကုန္ဆုံးေနသည္။ လူနာမြာ မသက္သာဘဲတစ္ေန႔တျခားအေျခအေနဆိုးလာသည္။ ထူးထူးဆန္းဆန္းပါပင္ မဟူရာ႐ြာထဲမွ လူမ်ားဘာေရာဂါမွမရွိဘဲ တစ္ေယာက္ၿပီးတစ္ေယာက္ေသဆုံးျပန္သည္။
” မေန႔က ႐ြာလယ္က ကိုစိန္ႀကီးဆုံးသြားတာ ထူးဆန္းတယ္ဟ…”
” ဟင္ဘယ္လိုထူးဆန္းတာလဲ ျမင့္ေအာင္ရ…”
” အဲလူႀကီးကက်န္းမာေရးအရမ္းလိုက္စားတဲ့လူေလ…အေၾကာင္းမရွိဘဲ ဒီတိုင္းႀကီးေသသြားတာကြ…”
” လူဘဲၾကာ…ေကြးေသာလက္မဆန႔္မီ၊ဆန႔္ေသာလက္မေကြးမီတဲ့ လက္တဖ်စ္စာအခ်ိန္အတြင္းမွာလည္း ေသဖို႔အခ်ိန္ေရာက္ရင္ ေသရတာဘဲကြ…”
” ဟုတ္ေတာ့ဟုတ္တယ္ေလ…ဒါေပမဲ့အေၾကာင္းမဲ့ေသရေတာ့ ငါလက္မခံႏိုင္ဘူးျဖစ္ေနတာ…”
႐ြာသားႏွစ္ေယာက္စကားလက္ဆုံက်ေနျခင္းျဖစ္သည္။ တေန႔ကေသဆုံးသြားေသာ ကိုစိန္ႀကီးအေၾကာင္းကိုေျပာေနၾကျခင္းျဖစ္သည္။ ထိုအခ်ိန္သူတို႔ထံသို႔ လူတစ္ေယာက္ ကျပာကယာေျပးလာၿပီး
” ငထူးနဲ႔ျမင့္ေအာင္ေရ…တို႔အိမ္နားကအရီးသန္းျမင့္ဆုံးသြားလို႔ေဟ့…”
” ဟင္…”
” ဟာ…အရီးသန္းျမင့္ ဘာေရာဂါေၾကာင့္ဆုံးတာတုံးဖိုးလုံးရ…”
” မသိပါဘူးဗ္ာ…ဒီတိုင္းအေကာင္းႀကီးကေန ေကာက္ကာငင္ကာဆုံးသြားတာဘဲဗ်…”
” ဟူး….တို႔႐ြာဘာေတြျဖစ္ေနတာလဲကြာ…လာအရီးေလးသန္းျမင့္အိမ္သြားၾကစို႔…”
သူတို႔သုံးေယာက္လည္း အရီးေလးသန္းျမင့္အိမ္ေရာက္သြားၾကၿပီး အရီးေလးသန္းျမင့္မွာ အိပ္ေပ်ာ္ေနသေယာင္ပင္။ အရီးေလးသန္းျမင့္၏ သားသမီးေဆြမ်ိဳးမ်ားမွာ သြားေလသူအတြက္ ဝမ္းနည္းပူေဆြးစြာ ငိုယိုေနၾကသည္။
မဟူရာေက်း႐ြာတြင္႐ြာသူ႐ြာသားတို႔ တစ္ေယာက္ၿပီးတစ္ေယာက္ေသဆုံးေနၾကသျဖင့္ ေဒၚခင္ေအးတို႔လည္း မိမိ၏သားျဖစ္သူဆုံးသြားမည္စိုးသျဖင့္ အထက္လမ္းဆရာတစ္ေယာက္ကိုပင့္လိုက္သည္။ ထိုဆရာလည္းလူနာကိုမကယ္တင္ႏိုင္ဘဲ ျပန္ေျပးရေလသည္။ ေနာက္ေန႔တြင္ထိုဆရာလည္း ဆုံးသြားရွာၿပီဟုသတင္းၾကားလိုက္ရသည္။
မဟူရာေက်း႐ြာသူႀကီးသည္ ႐ြာ၌ျဖစ္သြားေသာ အဆက္မျပတ္လူေသမႈမ်ား၏ အေျခခံရင္းျမစ္ကိုသိရေစရန္ ႐ြာလုံးကြၽတ္အစည္းအေဝးေခၚလိုက္သည္။ ႐ြာသူ႐ြာသားမ်ားစုံလွ်င္သူႀကီးက မတ္တပ္ထၿပီး
” အဟမ္း…အဟမ္း…လူစုံၾကၿပီလားကြဲ႕…”
” စုံပါၿပီသူႀကီး…”
” ေအးေအး…အဲဒါဆိုအစည္းအေဝးေခၚရတဲ့အေၾကာင္းေျပာေတာ့မယ္…စဥ္းစားၿပီးအေျဖထုတ္ၾကေပါ့…တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕အေျဖမွာ ျဖစ္ႏိုင္ေခ်ရွိရင္ လိုက္လုပ္ၾကတာေပါ့…”
” အေၾကာင္းအရာကေတာ့ ဒို႔မဟူရာ႐ြာမွာ ေန႔စဥ္ေန႔တိုင္း လူေတြအေၾကာင္းမရွိေသဆုံးၾကရတာကို အားလုံးသိၿပီးသားျဖစ္မွာပါ…”
” ဟုတ္သိပါတယ္သူႀကီး…”
” ေအးအဲဒါက အေၾကာင္းမဲ့သက္သက္ေတာ့မျဖစ္ႏိူင္ဘူး…႐ြာမွာအမွားလုပ္မိၾကလို႔ ႐ြာခိုက္တယ္ထင္တယ္…ဒီေတာ့ ဒီ႐ြာမွာပထမဆုံးေသသြားတဲ့ ေမာင္စိန္ႀကီးရဲ႕အေလာင္းကိုျမဳပ္တုန္းက ပါတဲ့သူေတြမတ္တပ္ရပ္ၾက…”
႐ြာသူ႐ြာသားမ်ားမွာ သူႀကီးေျပာသည္ကိုနားမလည္ေသာ္လည္း ကိုစိန္ႀကီး၏အေလာင္းကို ျမဳပ္ေပးရသူမ်ားကမတ္တပ္ရပ္လိုက္ၾက၏။ အားလုံးေပါင္းခုႏွစ္ေယာက္ရွိ၏။
” မင္းတို႔ေတြဘဲလား တျခားဘယ္သူေတြပါေသးလဲ ပါတဲ့သူေတြအကုန္ရပ္ေနာ္ အားလုံးနဲ႔ဆိုင္တဲ့ကိစၥမို႔ပါ…”
” နားလည္ပါတယ္သူႀကီး အဲေန႔ကကိုစိန္ႀကီးရဲ႕အေလာင္းကိုျမဳပ္ေပးတာကြၽန္ေတာ္တို႔ ခုႏွစ္ေယာက္ထဲပါ…”
” အဲဆိုငါေမးမယ္ မင္းတို႔မကြယ္မဝွက္ဘဲအမွန္တိုင္းေျဖၾက…ေမာင္စိန္ႀကီးရဲ႕အေလာင္းကိုျမဳပ္တုန္းက မေျပာသင့္တဲ့စကားေတြေျပာမိၾကေသးလား…စေနာက္တဲ့သေဘာနဲ႔ေျပာမိၾကေသးလား…”
ထိုလူခုႏွစ္ေယာက္က သူႀကီးစကားေၾကာင့္ သူတို႔၏အေတြးသည္ လြန္ခဲ့သည့္ရက္မ်ားကေသဆုံးသူ ေမာင္စိန္ႀကီး၏အေလာင္းကိုျမဳပ္ႏွံသည့္အခ်ိန္သို႔ ျပန္လည္ေရာက္ရွိသြား၏။ ထိုေန႔တြင္ သူတို႔သည္စိန္ႀကီး၏အေလာင္းကို ေသခ်ာစြာေျမျမဳပ္သၿဂိဳလ္ေပးၾကသည္။ မေျပာအပ္ေသာစကားလည္း တခြန္းမွမေျပာမိၾကေခ်။
” အဲေန႔ကကြၽန္ေတာ္တို႔ ဘာစကားမွမေျပာမိၾကဘူးသူႀကီး…ဘာျဖစ္လို႔လဲ ”
” သုသာန္မွာမေျပာအပ္ေတြစကားေတြရွိတယ္ကြ…အခ်င္းခ်င္း စေနာက္ၿပီး မင္းလိုက္သြားေလတို႔၊ အေလာင္းျမဳပ္မဲ့တြင္းကိုအက်ယ္ႀကီးတူးၿပီး ဒါမွမ်ားမ်ားဆန႔္မွာတို႔၊ ေသဆုံးသြားသူကိုႏွေျမာၿပီး မင္းဆီကိုငါတို႔ေတြေန႔တိုင္းလာမယ္တို႔ စတဲ့စကားေတြမေျပာရဘူးကြ…ေျပာမိၿပီဆိုတာနဲ႔ ေနာက္ေန႔လူေတြတစ္ေယာက္ၿပီးတစ္ေယာက္ေသကုန္ေတာ့တာဘဲကြ…ဒါေၾကာင့္အဲလို႔ေတြျဖစ္ေနမွာစိုးလို႔ေမးရတာ…မင္းတို႔ေတြေသခ်ာစဥ္းစားၿပီးေျဖၾက…”
” တကယ္ပါသူႀကီး ကြၽန္ေတာ္တို႔အဲဒီေန႔က ဘာမွမေျပာရဘူး…စိတ္ထဲကေနေတာင္မေျပာမိဘူးဗ်…”
” ဒါဆိုစဥ္းစားရခက္ေနၿပီ…ဒါဆိုအေလာင္းကိုျမဳပ္တုန္းက အေလာင္းရဲ႕ေခါင္းကို႐ြာဘက္လွည့္ခဲ့မိၾကတာလား…”
” ဟာ…မလွည့္မိပါဘူးသူႀကီးရာ…ကြၽန္ေတာ္တို႔လည္း ႐ြာကိုခိုက္မဲ့အရာဘာမွအလုပ္မိခဲ့ၾကဘူး…”
စိန္ႀကီး၏အေလာင္းကိုေျမျမဳပ္သၿဂိဳလ္ေပးရေသာ လူခုႏွစ္ေယာက္၏အေျဖေၾကာင့္ သူႀကီးအပါ ႐ြာသူ႐ြာသားမ်ားလည္း အေျဖမထုတ္တတ္ၾကဘဲအႀကံအိုက္ေနၾက၏။
” ဘယ္လိုလုပ္ၾကမလဲ ဒီတိုင္းဆို တစ္႐ြာလုံးက ေသရမဲ့ေန႔ကိုေစာင့္ေနၾကရတာနဲ႔တူေနၿပီ…”
” ဘယ္လိုလုပ္ၾကမွာလဲသူႀကီး ဒီတိုင္းဆို ႐ြာကပ်က္မွာေသခ်ာသေလာက္ျဖစ္ေနၿပီဗ်…”
” ေအးကြယ္…ငါလည္းမစဥ္းစားတတ္ေတာ့ဘူး ဘယ္သူေတြအမွားလုပ္မိၾကတာလဲမသိေတာ့ဘူး…”
” သူႀကီး…ကြၽန္ေတာ္တင္ျပစရာရွိတယ္…တေန႔က ႐ြာကိုေဆးလာကုသြားတဲ့ဆရာလည္း ဆုံးၿပီလို႔သတင္းၾကားရတယ္…အဲဒါဟို႐ြာလယ္ကလူနာခင္ေမာင္နဲ႔ ပတ္သက္ေနမလား…”
” မျဖစ္ႏိုင္တာ…ခင္ေမာင္ကလူနာဘဲဥစၥာ…သူကဘာလုပ္ႏိုင္မွာလဲ…”
” ဟုတ္တယ္ေလ…သူကျဖင့္အိပ္ယာကမထႏိုင္ဘဲ…”
ခင္ေမာင္၏ေဆြမ်ိဳးမ်ားက ဆတ္ဆတ္ထိမခံျပန္လည္ေခ်ပလိုက္၏။ သူႀကီးလည္း ျဖစ္ႏိုင္မျဖစ္ႏိုင္သည္ကို အပထားၿပီး ေလာေလာဆည္ ႐ြာတြင္ျဖစ္ေနေသာ ျပႆနာကိုအရင္ဆုံး ေျဖရွင္းရမည္ျဖစ္သျဖင့္ ႐ြာသားမ်ားတင္ျပေသာ ထိုအခ်က္ကိုပါထည့္သြင္းစဥ္းစားလိုက္၏။
” အဲဒီအခ်က္ကိုပါထည့္သြင္းစဥ္းစားရမယ္…ကဲ ေသဆုံးသြားခဲ့တဲ့သူေတြမွာ မေသဆုံးခင္က ခင္ေမာင့္အိမ္ကိုလူနာသတင္းေမးသြားခဲ့ၾကေသးလား…”
” ကိုစိန္ေမာင္ကသြားခဲ့တယ္ထင္တယ္…ငါ့ေတြ႕လိုက္သလိုဘဲ..”
” ေအးဟုတ္သလိုလိုဟ…”
႐ြာသူ႐ြာသားမ်ားက မိမိတို႔၏နီးစပ္ရာမွ ေသဆုံးသြားၾကသူတို႔၏အေၾကာင္းကို ျပန္လည္စဥ္းစားၾကရာ ထိုလူမ်ားမေသဆုံးမီအခ်ိန္တြင္ ခင္ေမာင္၏အိမ္၌လူနာသတင္းေမးသြားခဲ့ၾကေသးသည္။ ထိုမွအျပန္ေကာက္ကာငင္ကာေသဆုံးသြားၾကျခင္းျဖစ္ေၾကာင္းေတြ႕လိုက္ရသည္။
” ေတြးၾကည့္ေတာ့လည္း ဟုတ္သလိုလိုဘဲသူႀကီးရ…ဒီလအတြင္းေသဆုံးသြားတဲ့သူေတြဟာ ခင္ေမာင့္ကိုလူနာသတင္းသြားေမးခဲ့ၾကတဲ့လူေတြခ်ည္းဘဲဗ်.. ”
” တဖက္သတ္မစြပ္စြဲၾကနဲ႔ဟဲ့….တိုက္ဆိုင္မႈလည္းျဖစ္ႏိူင္တာဘဲမလား…အစည္းအေဝးၿပီးၿပီဆို ငါတို႔ျပန္ၿပီ…အလကားအေၾကာင္းမရွိစြပ္စြဲတဲ့ဟာေတြ…”
ခင္ေမာင္၏ေဒၚေလးေတာ္စပ္သူက ထိုသို႔ေျပာၿပီးျပန္သြား၏။ ႐ြာသူ႐ြာသားႏွင့္သူႀကီးက ထိုမိန္းမႀကီးကိုၾကည့္ၿပီး ပါးစပ္အေဟာင္းသားက်န္ခဲ့၏။
” သူကဘာျဖစ္ေနတာလဲ…တို႔ကျပႆနာရဲ႕အရင္းျမစ္ကိုရွာေနတာေလ…”
” ေအးေလ…ဒီအဖြားႀကီးဘာျဖစ္သြား…”
႐ြာသူ႐ြာသားမ်ား ႐ုတ္႐ုတ္သဲသဲျဖစ္သြား၏။
” အဟမ္း…အဟမ္း…”
သူႀကီးကေခ်ာင္းဟန႔္လိုက္ရာ အားလုံးတိတ္ဆိတ္သြား၏။
” ကဲကဲ….ဟုတ္တယ္လို႔ေတာ့ ဘယ္သူမွအတတ္မေျပာႏိုင္ဘူး…ဒီေတာ့တကယ္ဟုတ္မဟုတ္ ဒီရက္ပိုင္းအတြင္းခင္ေမာင္ရဲ႕အိမ္ဖက္ ဘယ္သူမွမသြားၾကေသးနဲ႔ေပါ့…တကယ္လို႔ဟုတ္ခဲ့ရင္လည္း ေသဆုံးျခင္းရဲ႕အရင္းအျမစ္ကိုသိရေတာ့ တားလို႔ရတာေပါ့…ခင္ေမာင္ေၾကာင့္မဟုတ္ခဲ့ရင္လည္း မ်က္ႏွာပ်က္စရာမျဖစ္ရေလေအာင္ ျပန္ၿပီးေတာင္းပန္ၾကတာေပါ့ က်ဳပ္ေျပာတာသေဘာတူၾကလားေဟ့…”
” ဟုတ္သူႀကီး…က်ဳပ္တို႔သေဘာတူတယ္…”
အစည္းအေဝး၏ဆုံးျဖတ္ခ်က္အတိုင္းပင္႐ြာသူ႐ြာသားမ်ားအားလုံး ခင္ေမာင္၏အိမ္ဖက္သို႔မသြားဘဲေနၾက၏။ သို႔ေသာ္ ခင္ေမာင္၏ေဒၚေလးေတာ္သူကား သူႀကီးႏွင့္႐ြာသူ႐ြာသားမ်ားကိုမေက်နပ္ေခ်။ သူမ၏တူအား စြပ္စြဲရေကာင္းလားဟူ၏။ တစ္ခုေသာညေနတြင္ ထိုမိန္းမႀကီးသည္ တူျဖစ္သူခင္ေမာင္အတြက္ ၾကက္သားစြပ္ျပဳတ္လာပို႔ေပး၏။ ခင္ေမာင္မွာေရာဂါအေျခအေနဆိုးလာၿပီး ငွက္ေပ်ာ႐ြက္ကိုခင္းကာ အိပ္ရသည့္ဘဝေရာက္ေနေပၿပီ။ အေရျပားမွာလည္းအနာထပ္ၿပီး ေပါက္စရာေနရာမရွိေလာက္ေတာ့ေအာင္ပင္ အနာေပၚအနာဆင့္ေနေခ်ၿပီ။
” သား…ခင္ေမာင္…ထပါဦးကြဲ႕…ေဒၚေလးမင္းအတြက္ အားရွိေစမဲ့ၾကက္သားစြပ္ျပဳတ္ေလးခ်က္လာေပးတယ္ကြဲ႕…”
” ဟင္း….ဟင္း….အီး….အီး….”
ခင္ေမာင္မွာတအီးအီးညည္းညဴေနရွာသည္။ ပါးစပ္ႀကီးဟလ်က္ ျပင္းစြာေသာေဝဒနာကိုခံစားေနရရွာသည္။ ဆရာလည္းစုံ ေဆးလည္းစုံေနေပၿပီ။ သို႔ေသာ္လူနာမွာအနည္းငယ္မွ်ပင္ မသက္သာလာေခ်။
” ဟူး…..”
ေဒၚမာလာသည္ တူျဖစ္သူကိုၾကည့္ၿပီး သက္ျပင္းေမာတခ်က္ခ်လိုက္သည္။ ခင္ေမာင္မွာ ကမၼ႒ာန္း႐ုပ္ေပါက္ေနေပၿပီ။ မ်က္လုံးႏွစ္လုံးမွာလည္း ျပဴးက်ယ္ကာ ဂဏွာမၿငိမ္ျဖစ္ေန၏။ ခင္ေမာင္၏အေမကသားျဖစ္သူကိုၾကည့္ၿပီး မ်က္ရည္မ်ားစီးက်လာသည္။
” မမရယ္…တူေလးကဘာျဖစ္တာလဲ ေဆးဆရာေတြရဲ႕အေျဖကေရာ…”
” မသိေတာ့ပါဘူးညီမေလးရယ္…ခုဆိုသူ႔ကိုကုသေပးခဲ့တဲ့ေဆးဆရာေတြအကုန္ေသကုန္လို႔ ဘယ္ေဆးဆရာမွပင့္လို႔မရေတာ့ဘူးကြယ္…”
” မမကလည္း ေပါက္ကရေတြေျပာေနျပန္ၿပီ…ငါ့တူကိုကုလို႔ေသတာမဟုတ္ဘူး သူတို႔ဘာသာေသခ်ိန္တန္လို႔ေသရတာပါ…မမတို႔မပင့္ရင္ေန…မနက္က်ရင္ညီမကိုယ္တိုင္ၿမိဳ႕တက္ၿပီး နာမည္ေက်ာ္ေဆးဆရာကိုရေအာင္ပင့္လာခဲ့မယ္…”
” ညည္းတူကိုၾကည့္ရတာမ႐ိုးဘူးထင္တယ္ ညီမရယ္…ညဆိုတစ္ေယာက္ေယာက္ကိုေတာင္းပန္ေနတဲ့အသံေတြၾကားရတယ္…ေနာက္မလုပ္ေတာ့ပါဘူးေတြေရာ…အသက္ကိုခ်မ္းသာေပးပါေတြေရာစုံေနတာဘဲေအ…”
” ဒါဆိုတူေလးျပဳစားခံထားရတာေနမယ္…ဒီေလာက္လိမၼာတဲ့ငါ့တူေလးကို ဘယ္သူကမ်ားျပဳစားဝံ့တာလဲဟဲ့…”
ေဒၚမာလာတစ္ေယာက္အျဖစ္မွန္ကိုမသိဘဲ ခင္ေမာင္အားျပဳစားသူကိုမေက်မနပ္ျဖစ္ေန၏။
ေနာက္ေန႔မနက္တြင္ကား ေဒၚမာလာေသဆုံးသြားၿပီဟူေသာသတင္းသည္ မဟူရာ႐ြာေလးအတြင္းဟိုးေလးတေၾကာ္ေၾကာ္ျဖစ္သြားခဲ့သည္။
” ဘယ္လိုျဖစ္ရတာလဲညီမေလးရယ္…ညည္းတူကိုညည္းကိုယ္တိုင္ေဆးဆရာပင့္ကုေပးမယ္ဆို…ခုေတာ့ဘယ္လိုျဖစ္ရတာလဲကြဲ႕…ဟီးဟီးဟီး… ”
ခင္ေမာင္၏မိခင္က ညီမျဖစ္သူေသဆုံးသြားေသာေၾကာင့္ တစ္ပူေပၚႏွစ္ပူဆင့္ကာ ရင္ဘတ္စည္တီးငိုေနရွာ၏။
” အေမညကအိပ္ေနရင္း မလာနဲ႔…မလာနဲ႔… မလိုကၻဴး…ဆိုၿပီးေအာ္ေနတာေဒၚႀကီးရယ္….သမီးတို႔ဝင္သြားေတာ့ ၾကမ္းေပၚမွာ လွ်ာထြက္ၿပီးေသေနၿပီ…”
ေဒၚမာလာသမီးျဖစ္သူ၏စကားေၾကာင့္ အားလုံးအံ့ဩသြားရ၏။
” မေန႔က ခင္ေမာင့္အိမ္သူသြားခဲ့ေသးတယ္တဲ့…အဲဒါေၾကာင့္ ေနမွာ…”
” ဟုတ္တယ္…ခင္ေမာင္ကေသမင္းတမန္လားဘဲ…ေၾကာက္ဖို႔ေကာင္းလိုက္တာ…”
” သူ႔အိမ္မသြားတာအေကာင္းဆုံးဘဲ…”
ေဒၚမာလာ၏အသုဘတြင္ ႐ြာသူ႐ြာသားမ်ား၏ထင္ျမင္ခ်က္မ်ားတီးတိုးထြက္လာခဲ့၏။ ထူးဆန္းေသာအျဖစ္ေၾကာင့္ ခင္ေမာင့္အိမ္သို႔ မည္သူတစ္ဦးတစ္ေယာက္မွလူနာသတင္းလာေမးျခင္းမရွိေတာ့ေခ်။ အယုတ္စြဆုံး ခင္ေမာင္၏မိသားစုဝင္မ်ားကိုပင္ ႐ြာသူ႐ြာသားမ်ားေရွာင္ၾကဥ္လာၾက၏။
ထိုသို႔ဝိုင္းဝန္းဖယ္က်ဥ္ၿပီးေနာက္ပိုင္း ႐ြာထဲ၌မည္သူမွ်ေသဆုံးျခင္းမရွိေတာ့သည္ကို ထူးဆန္းစြာ ေတြ႕လိုက္ရသည္။
ယခုမူကားခင္ေမာင္ဆိုသည့္အသံၾကားသည္ႏွင့္လူမ်ားအားလုံးက စက္ဆုပ္မုန္းတီးဖြယ္ရာ နိမိတ္အျဖစ္ပင္မွတ္ယူေနၾကၿပီ။ ပတ္ဝန္းက်င္၏ဖယ္က်ဥ္ျခင္းေၾကာင့္ ခင္ေမာင္၏မိသားစုဝင္မ်ားလည္း စီးပြားေရး၊လူမႈေရးမ်ား က်ဆင္းကုန္၏။ ခင္ေမာင္လည္းေရာဂါ၏ႏွိပ္စက္မႈဒဏ္ကို အလူးအလဲခံစားေနရ၏။ သူျပဳခဲ့သည့္မေကာင္းမႈသည္ သူ႔ကိုအက်ိဳးေပးေလၿပီတကား။
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္သည္ က်ိန္စာသင့္ေနသည့္မဟူရာေက်း႐ြာသို႔ေရာက္လာခဲ့၏။ ႐ြာေစာင့္နတ္သည္ေမာင္ေရခဲတို႔ေရာက္လာသည္ကိုျမင္လွ်င္ ကိုယ္ထင္ျပၿပီး
” ေရာက္လာၾကၿပီလားဆရာေလးတို႔….”
” ဟုတ္တယ္႐ြာေစာင့္နတ္ႀကီး…ဒီ႐ြာမွာအင္မတန္အားျပင္းတဲ့လႈိင္းတစ္ခုရေနတယ္…ဘာေၾကာင့္လဲ႐ြာေစာင့္နတ္ႀကီး…”
” ပညာသည္မိန္းကေလးတစ္ေယာက္ရဲ႕ က်ိန္စာေတြေၾကာင့္ပါဆရာေလး…သူ႔ရဲ႕က်ိန္းစာေၾကာင့္ ပတ္သက္မိတဲ့လူေတြအကုန္လုံးမရဏေခၚရာေနာက္ေကာက္ေကာက္လိုက္ပါခဲ့ၾကရတယ္ေလ…”
” အေၾကာင္းစုံရွင္းျပပါဦး႐ြာေစာင့္နတ္ႀကီး…”
” ေျပာရရင္ေတာ့မိဘကိုျပဳစုလုပ္ေကြၽးေမတဲ့မိန္းကေလးတစ္ေယာက္ကေနစရမယ္ဆရာေလးတို႔….”
႐ြာေစာင့္နတ္ႀကီးသည္ ဤသို႔အစခ်ီၿပီး မဟူရာ႐ြာ၏ ႐ြာနီးခ်င္းျဖစ္သည့္ ႏွင္းဆီပင္ေက်း႐ြာရွိ ခက္ခက္မာအေၾကာင္းကိုေျပာျပလိုက္၏။ ဆိုခဲ့သည့္အတိုင္းခက္ခက္မာသည္ က်န္းမာေရးမေကာင္းေလသူမိခင္ႀကီးကို ေဈးေရာင္းၿပီးလုပ္ေကြၽးေန၏။ တစ္ေန႔ေသာ္ စာသင္ေက်ာင္းပိတ္ရက္ျဖစ္ေနသျဖင့္ သစ္သီးသုပ္မ်ားေရာင္းမကုန္ျဖစ္ေနရာ ႐ြာနီးခ်င္းျဖစ္ေသာ မဟူရာေက်း႐ြာသို႔လာေရာင္း၏။
တြန္းလွည္းေလးတြန္းၿပီးမဟူရာေက်း႐ြာသို႔ေရာက္လာခဲ့သည္။ ေန႔လယ္ေန႔ခင္းျဖစ္သျဖင့္ လူအမ်ားလုပ္ငန္းေဆာင္တာဝင္ေနခ်ိန္ျဖစ္၍ ဘာမွပင္မေရာင္းလိုက္ရေခ်။
” အသုပ္သည္ေနပါဦး…ဝယ္မလို႔ဗ်…”
ထိုအသံေၾကာင့္သူမလွည့္ၾကည့္ရာ ေဈးဝယ္လာေသာေယာက်ာ္းတစ္ေယာက္ျဖစ္ေန၏။
” ဘယ္ေလာက္ဖိုးယူမွာလဲအစ္ကို…”
” တစ္ေထာင္ဖိုးထည့္ညီမေလး…ဒါနဲ႔ညီမေလးကို ဒီ႐ြာမွာတစ္ခါမွမေတြ႕ဖူးဘူးေနာ္…ဒီ႐ြာကမဟုတ္ဘူးထင္တယ္…”
” ညီမက ႏွင္းဆီပင္႐ြာကပါ…ဒီေန႔ေဈးေရာင္းမကုန္ေသးတာနဲ႔ဒီဖက္႐ြာလာေရာင္းၾကည့္တာပါ…မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ပါဘူးအစ္ကိုရယ္…ဒီဖက္႐ြာကလူေတြအကုန္လုပ္ငန္းထဲေရာက္ကုန္လို႔နဲ႔တူတယ္…”
” ဘာမွမပူပါနဲ႔ညီမေလးေရာ…အစ္ကိုအကုန္လုံးယူေပးမွာေပါ့…ဟဲဟဲ… ”
ထိုလူႀကီးကခက္ခက္မာအားစားမတတ္ဝါးမတတ္ၾကည့္ေန၏။ စကားေျပာတိုင္းလည္း သူ၏အာခံတြင္းထဲမွ အရက္နံ႔တို႔ေထာင္းခနဲထြက္လာ၏။ ထိုလူကိုခက္ခက္မာ ေသဘာမက္ေလြခ္။
” ေရာ့အသုပ္ရၿပီအစ္ကို…”
ခက္မာကသစ္သီးစုံသုပ္ကိုလွမ္းေပးၿပီး တစ္ေထာင္တန္႐ြက္ကိုယူကာတြန္းလွည္းတြန္းၿပီး ခပ္သုတ္သုတ္ ၾထကႅာ၏။
” ညီေမလး…ေဟ့ညီမေလးေနဦးေလ…အစ္ကိုအကုန္ယူမွာ…ညီမေလးကိုလည္းယူမွာ…”
ဆိုၿပီး အေနာက္မွေျပးလိုက္လာ၏။ ခက္မာသည္ ထိုလူကိုၾကည့္ၿပီးလန႔္လာ၏။ ေျခလွမ္းကိုျမန္ႏိူင္သမွ်ျမန္ေအာင္ ေလွ်ာက္၏။ မဟူရာ႐ြာကိုလာခဲ့သည္မွာ မွားၿပီထင္တယ္ဟုစိတ္ထဲေတြးေနမိ၏။
” ဟိတ္…ေစာင့္ပါဦးဆို…ညီမေလးရဲ႕သီးစုံသုပ္ေလးကအရမ္းအရသာရွိတာဘဲ…အစ္ကိုစားလို႔မဝေသးဘူးေလ…ဘာလို႔အေလာတႀကီးျပန္သြားရတာလဲ..”
ထိုသို႔ေျပာၿပီး တြန္းလွည္းကိုဆြဲထား၏။
” ရွင္ဖယ္ေနာ္…ကြၽန္မအိမ္ကိုအခ်ိန္မွီျပန္ဖို႔လိုတယ္…”
” ျပန္ရမွာေပါ့ဗ်ာ…ျပန္ရမွာေပါ့…ဟဲဟဲ…”
ထိုလူ၏တဏွာရမက္ယစ္မူးေနေသာမ်က္ႏွာေၾကာင့္ ခက္မာပို၍လန႔္သြား၏။ သူမေရာက္ေနေသာပတ္ဝန္းက်င္လည္း လူသြားလူလာျပတ္လပ္ၿပီး ေဘးတစ္ဖက္စီတြင္လည္း ဝါး႐ုံေတာႀကီးကရွိေနေသး၏။
” ညီေမလး…ဘာေတြေတြးေနတာလဲ…အစ္ကိုညီမေလးကိုလိုက္ပို႔ေပးမယ္ေလ…”
ဆိုကာခက္ခက္မာ၏လက္အားဆြဲလိုက္၏။
” ရွင္လႊတ္ေနာ္…ကြၽန္မေအာ္လိုက္မွာ…”
” ေအာ္ေလ…ဒါငါ့႐ြာ ဘယ္သူမွမရွိဘူး…ဟဲဟဲ…အစ္ကိုလိုက္ပို႔တာအသာတၾကည္လက္ခံစမ္းပါ…”
ဆိုၿပီးခက္ခက္မာ၏ခႏၶာကိုယ္အားပိုင္စိုးပိုင္နင္းသိုင္းဖက္လိုက္၏။ ထိုလူ႔ထံမွ ခက္ခက္မာအတင္း႐ုန္းထြက္ၿပီး လူသူရွိမည့္ေနရာသို႔ေျပးေလ၏။ ထိုလူလည္းအေနာက္မွတရစပ္လိုက္ေျပးလာၿပီး မွီလုလုျဖစ္လာ၏။
” ဒုတ္…”
” အင့္..”
ခလုတ္ကန္သင္းမ်ားၾကားေျပးေနရေသာေၾကာင့္ ခက္ခက္မာ ခလုတ္တိုက္မိၿပီး ေမွာက္လ်က္လဲက်သြား၏။ ထိုလူကခက္ခက္မွာကိုမွီသြားၿပီး ေဒါသထြက္ေလဟန္ျဖင့္
” ဖ်န္း…ဖ်န္း…”
” အား…”
” ေျပးခ်င္ဦးေကာင္မ…နင္ေျပးလည္းငါ့လက္ကမလြတ္ဘူး…ဟားဟားဟား…”
ထိုလူကခက္ခက္မာ၏ပါးျပင္အား ဖ်န္းခနဲႏွစ္ခ်က္ဆင့္႐ိုက္လိုက္၏။ အားပါလွေသာ႐ိုက္ခ်က္ေၾကာင့္ ခက္ခက္မာ၏ပါးျပင္မွာ ထူပူၾသား၏။ ထို႔ေနာက္ထိုလူသည္ခကခက္မာ၏ဆံပင္ကိုဆြဲၿပီး လူရွင္းရာဝါး႐ုံေအာက္သို႔ ဒ႐ြတ္တိုက္ဆြဲေခၚသြား၏။
ခက္ခက္မာ႐ုန္းေသာ္လည္း မရေတာ့ဘဲတဏွာသားေကာင္၏ လက္ေအာက္၌ဘဝကိုစေတးလိုက္ရ၏။
ထိုလူသည္ဆႏၵျပည့္သြားၿပီး ထိုေနရာမွထြက္သြား၏။ ခက္ခက္မာသည္ထိုလူ၏ေၾကာျပင္ကိုၾကည့္ၿပီး ႏူတ္ခမ္းကိုေသြးစို႔ေနေအာင္ကိုက္ကာ အရပ္ရွစ္မ်က္ႏွာကိုတိုင္တည္ၿပီး က်ိန္စာတိုက္လိုက္၏။
” ကြၽန္မခက္ခက္မာသည္ မိဘအေပၚၿငိဳျငင္စိတ္ကင္းမဲ့စြာ ျပဳစုခဲ့ပါသည္…သူတစ္ပါးအေပၚလည္း ဘယ္ေတာ့မွယုတ္မာခဲ့ျခင္းမရွိ…ဤမွန္ေသာသစၥစကားေၾကာင့္ကြၽႏ္ုပ္၏ ေမြးရာပါဝမ္းတြင္းပညာသည္ အဆုံးအစမရွိ အစြမ္းထက္ပါေစသား….”
” ေဝါ…ေဝါ…ေဝါ….”
” က်ိန္း…က်ိန္း…က်ိန္း….”
ခက္ခက္မာသစၥာဆိုၿပီးခ်ိန္၌အရပ္ရွစ္မ်က္ႏွာသည္ ခ်က္ခ်င္းဆိုသလိုမိုးသားမိုးရိပ္မ်ားတက္လာၿပီး ေလၾကမ္းမ်ားလည္းတရစပ္တိုခတ္လာ၏။ မဲေမွာင္ေနေသာတိမ္လိပ္ႀကီးမွ မိုးစက္မိုးေပါက္တို႔က်လာၿပီး လ္ြပၥီးမ္ားလ္ကၠာ မ်ိဳးခ်ဳန္းသံမ်ားလည္းထြက္ေပၚလာ၏။ ခက္ခက္မာသည္ပတ္ဝန္းက်င္အေနအထားကိုၾကည့္ၿပီး နာက်ည္းစြာၿပဳံးလိုက္ကာ
” ကြၽန္မ၏ပညာအစြမ္းျဖင့္ ကြၽန္မ၏ဘဝကိုနင္းေခ်သြားသူအား က်ိန္စာတိုက္ပါမည္…ကြၽန္မဘဝကို နင္းေခ်သြားေသာလူသည္ အရွင္လတ္လတ္အနာစိမ္းမ်ားေပါက္ၿပီး သူလုပ္ခဲ့ေသာမေကာင္းမႈကသူ႔ကိုအခါမလပ္ ေျခာက္လွန႔္ေနေစ…ပူျပင္းေသာမီးပုံထဲေနရသကဲ့သို႔ အၿမဲတေစေသာကအပူေတာက္ေလာင္ေနေစ…ထိုလူနဲ႔ပတ္သက္မိေသာလူတိုင္း အေသဆိုးနဲ႔ေသၾကပါေစ…ထိုလူ၏နာမည္ကိုၾကား႐ုံနဲ႔ လူတိူင္းမုန္းတီး႐ြံရွာပါေစ….လူအမ်ား၏ဖယ္က်ဥ္ျခင္းကိုဧကန္ခံရပါေစ…ထိုလူ၏မိဘမ်ားလည္း စိတ္ဆင္းရဲရပါေစ….ဤကားကြၽန္မ၏က်ိန္စာတည္း….ဤက်ိန္စာကိုကြၽန္မမွလြဲ၍မည္သူမွ်မေျဖႏိုင္ေစရ…..”
” ဂ်ိန္း….ဂ်ိန္း…ဂ်ိန္း….”
” ေဝါ…ေဝါ…ေဝါ….”
ခက္ခက္မာ၏က်ိန္စာအဆုံး၌ မိုးသံေလသံတို႔သည္လည္းတဆက္တည္း ထြက္ေပၚလာ၏။ ထိုမိန္းကေလး၏က်ိန္စာေၾကာင့္ မဟူရာေက်း႐ြာအတြင္းရွိခင္ေမာင္သည္ အနာေရာဂါေပါက္ၿပီး အၿမဲတေစပူေလာင္ေနရ၏။ သူနဲ႔ပတ္သက္မိသူတိုင္း အေသဆိုးနဲ႔ေသေၾကပ်က္စီးရ၏။ က်ိန္စာထဲကအတိုင္း ခင္ေမာင္သည္လူအမ်ား၏ဖယ္က်ဥ္ျခင္းကို ခံရ၏။
” အျဖစ္အပ်က္က ဒါေတြဘဲဆရာေလးတို႔…ဒီမိန္းကေလးရဲ႕က်ိန္စာဟာတစ္႐ြာလုံးအေပၚသက္ေရာက္ေနတယ္…ခင္ေမာင္ဆိုတဲ့လူနဲ႔ပတ္သက္မိတဲ့လူတိုင္း ေသေၾကပ်က္စီးၾကရတယ္…”
” အင္မတန္ေၾကာက္ဖို႔ေကာင္းတဲ့က်ိန္စာပါလား….ဒါေၾကာင့္မို႔ ဟိုလူကိုေဆးကုသေပးတဲ့သူေတြအကုန္ဒုကၡေရာက္ရတာေပါ့…”
” မွန္ပါတယ္ဆရာေလး…သူ႔ရဲ႕က်ိန္စာကိုေမတၱာတစ္ခုထဲနဲ႔သာ ေက်ာ္ျဖတ္ႏိုင္ပါတယ္…ဆရာေလးသူ႔အေပၚေမတၱာထားၿပီး ဆုံးမေပးပါ…”
” စိတ္ခ်ပါအသင္႐ြာေစာင့္နတ္…အျဖစ္အပ်က္ေတြအလုံးစုံရွင္းျပေပးလို႔ေက်းဇူးတင္ပါတယ္…ခြင့္ျပဳပါဦးဗ်…”
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း ႐ြာေစာင့္နတ္ကိုႏူတ္ဆက္ၿပီး ႐ြာထဲသို႔ ဝင္လိုက္၏။ ေမာင္ေရခဲတို႔က ခင္ေမာင္၏ေနအိမ္ကိုေမးၿပီးလာခဲ့ၾကရာ ႐ြာသူ႐ြာသားတို႔ကအံ့ဩေနၾက၏။
” ဒီလူေတြငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသခ်င္ေနၾကၿပီထင္တယ္…”
” သူစိမ္းေတြဆိုေတာ့ ခင္ေမာင့္အေၾကာင္းမသိေသးလို႔ေနမွာ…”
” သူတိ့ုကံတရားအတိုင္းေပါ့ကြာ…”
႐ြာသူ႐ြာသားတို႔၏စကားေၾကာင့္ေမာင္ေရခဲက ၿပဳံးလိုက္၏။ လမ္းၫႊန္ခ်က္အတိုင္း လာခဲ့ၾကရာ တိတ္ဆိတ္ေျခာက္ကပ္ေနေသာ အိမ္ႀကီးေရွ႕သို႔ေရာက္လွ်င္ ေျခစုံရပ္လိုက္ၿပီး
” အိမ္ရွင္တို႔…အိမ္ရွင္တို႔…”
ဆိုၿပီးေအာ္လိုက္၏။ ေအာ္သံၾကားသျဖင့္ အိမ္ထဲရွိ ခင္ေမာင္၏မိခင္က အိမ္ျပင္သို႔ၾကည့္လိုက္၏။
” အလို…ထူးထူးဆန္းဆန္းအိမ္ကိုဧည့္သည္လာေနပါလား…”
ဟုေတြးမိၿပီး အိမ္ျပင္ထြက္ကာခရီးဦးက်ိဳျပဳလိုက္၏။
” လာၾကသားတို႔လာၾက…အေပၚတက္ၾက…”
” ဟုတ္ေဒၚေလး…”
သူတိုတစ္မိသားစုလုံးကိုလူအမ်ားေရွာင္က်ဥ္ထားၾကသျဖင့္ ယခုကဲ့သို႔အိမ္သို႔ဧည့္သည္လာျခင္းကို ေဒၚႀကီးမွာအလြန္သေဘာက်ေလဟန္ရွိသည္။
” လာသားတို႔ဒီမွာထိုင္…အၾကမ္းရည္ေတြေသာက္ၾက…ဒါနဲ႔သားတို႔က ဒီကိုဘာကိစၥနဲ႔လာၾကတာလဲကြဲ႕….”
” ေဟာဒီအိမ္မွာရွိတဲ့ လူနာေၾကာင့္လာရတာပါဗ်ာ…”
” ရွင္…ဒီအိမ္မွာလူနာရွိတာသားတို႔ဘယ္လိုသိၾကတာလဲ…”
” အေၾကာင္းစုံသိပါတယ္…ဒီအိမ္ရဲ႕လူနာက တစ္ပါးသူခြင့္မလြတ္ႏိုင္တဲ့အျပစ္မ်ိဳးလုပ္ထားလို႔ပါ…”
” ရွင္…”
ေမာင္ေရခဲ၏စကားေၾကာင့္ အေဒၚႀကီးခမ်ာမ်က္လုံးမ်က္ဆံျပဴးသြား၏။
” ကဲအခ်ိန္မရွိဘူး လူနာကိုေဖးမၿပီးဘုရားခန္းထဲေခၚလာခဲ့ပါ…”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး ဘုရားခန္းထဲသြားကာ ဘုရားဝတ္ျပဳလိုက္၏။ ခဏအၾကာ၌ သူ႔ေရွ႕သို႔အနာဗရပြရွိလွေသာ လူနာေရာက္လာ၏။
” ေနသာသလိုထိုင္ပါညီ….ၿပီးရင္ဘုရားကိုအာ႐ုံျပဳထား….”
” ဟုတ္ကဲ့…”
ေမာင္ေရခဲလည္း အထက္ကိုကုသမိန႔္ေတာင္းၿပီး ျပဳစားသူကိုအမိန႔္ျပန္ေခၚလိုက္၏။ ၿပီးေသာ္လူနာ၏အသက္ကိုသုံးႀကိမ္သုံးခါျပည့္ေအာင္အပ္ခိုင္းၿပီး
” ဤတနလၤာသားကို၏အသက္နဲ႔ခႏၶာကိုငါပိုင္တယ္…တနလၤာသားကိုျပဳစားေႏွာင့္ယွက္သူ ငါ့အေရွ႕ေမွာက္မၾကာခ်က္ခ်င္းေရာက္လာေစ….အေႏွာင့္အယွက္အတားအဆီးမရွိေစရ…အထက္ပုဂၢိဳလ္မ်ားရဲ႕အမိန႔္…ငါေရခဲ၏အမိန႔္…”
ထိုသို႔အမိန႔္ျပန္လိုက္သည္ႏွင့္ယိုင္နဲ႔နဲ႔ျဖစ္ေနေသာလူနာသည္ ဒူးတစ္ေခ်ာင္းေထာင္၊တေခ်ာင္းကိုခ်ထားေသာပုံစံျပင္ ထိုင္လိုက္ၿပီး ခ်ီထားေသာလက္အုပ္ကိုခ်ကာ
” ဟင္းဟင္းဟင္း…ငါ့အလုပ္ကိုလာရႈပ္တာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေသခ်င္ေနလို႔ထင္တယ္…”
ခင္ေမာင္၏ႏူတ္မွမိန္းကေလးအသံထြက္လာသျဖင့္ ခင္ေမာင္၏မိသားစုဝင္မ်ားကအံ့ဩသြား၏။
” ႏွမငယ္…ေရာက္ရင္ဘုရားကိုဦးတိုက္လိုက္ပါဦး…”
” ငါေျပာတာမၾကားဘူးလား…ဘာလို႔ဒီလူယုတ္မာကိုကယ္တင္ခ်င္ေနရတာလဲ…”
မိန္းကေလးကေမာင္ေရခဲ၏စကားကိုနားမေထာင္ဘဲ ေမာင္ေရခဲကိုျပန္ေျပာေန၏။
” ဘုရားကိုဦးတိုက္လိုက္…ႏွမငယ္ကိုမနာက်င္ေစခ်င္ဘူး…”
” တိုက္မွာပါဟဲ့တိုက္မွာပါ…နင္ကလွ်ာစက္အာစက္ပါတဲ့သူမို႔ နင္ေျပာလိုက္တဲ့စကားတိုင္း ငါ့နားေတြအူတဲ့အထိျဖစ္တယ္ဟဲ့….”
ထိုသို႔ေျပာၿပီး ဘုရားကိုဦးခ္၏။
” ကဲ…ငါသြားလို႔ရၿပီလား…”
” မေရသးပါဘူး…သင့္က်ိန္စာကိုပယ္ဖ်က္ၿပီးမွသြားရမယ္….”
” ဟားဟားဟား….ဟားဟားဟား…နင္ဘာသိလို႔ငါ့ကိုက်ိန္စာဖ်က္ခိုင္းရတာလဲ…ဒီလူအေၾကာင္းနင္မသိေလေရာ့သလား….”
” သိပါတယ္…ဒါေပမဲ့ အျပစ္က်ဴးလြန္သူကတစ္ေယာက္ထဲေလ…ႏွမကလူေတြအမ်ားႀကီးရဲ႕အသက္ကိုသတ္မိေနေပၿပီ…”
” ဒီလူယုတ္မာက ငါ့ဘဝကိုနင္းေခ်ခဲ့တယ္…သူ႔ဘဝလည္းအၿမဲေနာင္တေတြဒဏ္ရာေတြနဲ႔နာက်င္ေနေစရမယ္…”
” ႏွမက်ိန္စာေၾကာင့္ သူလည္းအရွင္လတ္လတ္ငရဲက်သလိုခံစားေနရပါၿပီ… သူ႔အျပစ္နဲ႔သူခံယူသြားပါၿပီ…ႏွမငယ္ထပ္ၿပီးအျပစ္မလုပ္ဖို႔ အစ္ကိုေမတၱာရပ္ခံတယ္…”
” မရဘူး…ဒီလူယုတ္မာမိသားစု တစ္ခုလုံးစိတ္ႏွလုံးကြဲေၾကၿပီး ခံစားေနေစရမယ္…”
” သူ႔ကိုက်ိန္စာပယ္ဖ်က္ေပးရင္ ႏွမငယ္ရဲ႕အေမခံစားရတဲ့ေဝဒနာကိုေပ်ာက္ကင္းေအာင္အစ္ကိုကုေပးမယ္ဘယ္လိုလဲ…”
မိန္းကေလးသည္မိခင္ကိုအလြန္ခ်စ္တတ္သူျဖစ္သျဖင့္ ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာ တခ်က္မွ်စဥ္းစားလိုက္ၿပီး
” အစ္ကိုတကယ္ေျပာတာလား…”
” ႏွမသာသူု႔အေပၚက်ိန္စာေတြဖ်က္ေပးရင္ အစ္ကိုလည္းဂတိမပ်က္ေစရပါဘူး…”
” အဲဒါဆိုလည္း အစ္ကိုေျပာတဲ့အတိုင္းလုပ္မယ္…ကြၽန္မသည္ဤတနလၤာသားအေပၚတိုက္ခဲ့ေသာက်ိန္စာအား ယေန႔မွစ၍ ကြၽန္မကိုယ္တိုင္ ဖ်က္သိမ္းလိုက္သည္…ယေန႔မွစ၍ ဤတနလၤာသားအေပၚ၌ က်ိန္စာတစ္ခုမက်န္အကုန္ပ်က္ျပယ္ေစ…”
” ေဖ်ာေဖ်ာေဖ်ာ….”
” ဝုန္း…ဝုန႔္း….”
သူမက်ိန္စာတိုက္ခဲ့သည့္အခ်ိန္ကကဲ့သို႔ပင္ ပတ္ဝန္းက်င္တစ္ခြင္ေမွာင္မဲလာၿပီး မိုးသီးမိုးေပါက္မ်ားက်လာခဲ့သည္။
” ကဲ..ကြၽန္မက်ိန္စာအားလုံးကိုဖ်က္လိုက္ၿပီ…အစ္ကို႔ဂတိအတိုင္းအေမ့ေရာဂါကိုေပ်ာက္ကင္းေအာင္ကုသေပးပါ…”
ေမာင္ေရခဲလည္းဂတိအတိုင္း နတ္ဘီလူးထံမွရေသာနတ္ေဆးေတာ္ကို ေရစင္ျဖင့္ေဖ်ာ္ၿပီးေပးလိုက္၏။
” ကဲ..ဘုရားဦးခ်ၿပီး ႏွမျပန္ႏိူင္ၿပီ…ဒီေဆးေတာ္ကိုႏွမရဲ႕မိခင္ကိုတိုက္လိုက္ပါ ေရာဂါေဝဒနာအားလုံးေပ်ာက္ၿပီး က်န္းမာသက္ရွည္လိမ့္မယ္…”
ထိုမိန္းခေလးလည္းဘုရားကိုဦးခ်ၿပီးထြက္သြား၏။ ခင္ေမာင္လည္း ေဘးသို႔လဲက်သြား၏။ ေမာင္ေရခဲက လူနာကိုေရစင္ျဖင့္ေတာက္လိုက္ၿပီး
” ကဲ…ညီ့အေပၚက်ေရာက္ေနတဲ့က်ိန္စာေတြအားလုံးကိုေတာ့ ဖ်က္ေပးလိုက္ၿပီ…ေနာက္ျဖစ္လာမဲ့အရာေတြကေတာ့ ညီရဲ႕ကံတရားအတိုင္းဘဲ…အစ္ကိုလည္းမကယ္တင္ႏိုင္ဘူး….”
ေမာင္ေရခဲ ေျပာသည့္စကားကိုမည္သူမွ်နားမလည္ႏိုင္ေခ်။ လူနာကိုကုသေပးၿပီးေနာက္ အားလုံးကိုႏူတ္ဆက္ၿပီး မဟူရာေက်း႐ြာမွထြက္သြားခဲ့ၾက၏။
ခင္ေမာင္မွာက်ိန္စာပ်က္သြားၿပီးသည့္ေနာက္ လူအမ်ားေရွ႕ေမွာက္သူ၏အမွားကို ဝန္ခံသြားၿပီး ေနာင္တမ်ားစြာျဖင့္ ညင္သာစြာေသဆုံးသြား၏။ ခင္ေမာင္၏အသုဘမွာမိဘေဆြမ်ိဳးမ်ားျဖင့္သာ ေျခာက္ကပ္စြာၿပီးဆုံးသြား၏။ တစ္ဖက္႐ြာမွခက္ခက္မာ၏မိခင္ႀကီးသည္ကား ခံစားရေသာေရာဂါေဝဒနာမ်ား ေပ်ာက္ကင္းသြားၿပီး ခ်စ္ရသည့္သမီးေလးႏွင့္အတူ ေပ်ာ္႐ႊင္စြာေနထိုင္သြားေတာ့သည္။…….။
(ျဖစ္ရပ္မွန္ကိုအေျခခံထားသည္။ အားေပးဖတ္ရႈသူ တစ္ဦးခ်င္းစီကိုေက်းဇူးတင္ပါသည္။ ကိုယ္စိတ္ႏွလုံး က်န္းမာၾကပါေစေသာဝ္)
# ၿပီး
# ခြန္း