အရဟံ တန်ခိုး(စ/ဆုံး)

Unicode Version

အရဟံ တန်ခိုး(စ/ဆုံး)
—————————
“သူကြီး … ပျို့သူကြီး … မြို့ပိုင်မင်းဘုတ် (မော်တော်) လာနေတယ်
ပျို့…ချောင်းဝရောက်နေပြီ…”
“ဟေ့…ဘယ်သူလဲကွ…မြို့ပိုင်မင်းဘုတ်(မော်တော်)ကိုတွေ့ခဲ့တယ်
ဆိုတာ…”
“ကျွန်တော်ကျော်ဦးပါသူကြီး…ကျွန်တော်ဖောင်တော်ဆိပ်(ဆိပ်ခံ
တံတား)မှာငါးမျှားနေရင်းဘုတ်(မော်တော်) ဝင်လာတာတွေ့လို့ သူကြီးကို ပြေးပြီးလာပြောတာပါ”
“အေး.. အေး .. ဒါဆို မင်းက ရွာသားလေး ငါးယောက်ခေါ်ပြီး ဖောင် တော်(ဆိပ်ခံတံတား)ကိုလိုက်လာခဲ့ငါသွားနှင့်မယ် ကြားလားကျော်ဦး”
“ဟုတ်ကဲ့သူကြီး – ဟုတ်ကဲ့”
ရွာသူကြီးဦးကျော်စိန်သည်မြို့ပိုင်မင်း၏ဘုတ်(မော်တော်) လာသည် ဆိုသော ရွာသားကျော်ဦး၏ စကားသံကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ပျာယာခတ်သွားပြီးအိမ်ပေါ်မှဆင်းကာမော်တော်ဘုတ်ဆိုက်ကပ်လာမည့် ဖောင်တော်(ဆိပ်ခံတံတား)ရှိရာသို့အပြေးသွားလေတော့၏။ ခေတ်ကာလ
အချိန်ကမြန်မာနိုင်ငံအားနယ်ချဲ့အစိုးရ၏လက်ကိုင်တုတ်ဖြစ်သောရွာသူကြီး
မှာလည်း သူ၏ ရာထူးတည်မြဲရေးနှင့် မျက်နှာကောင်း ရရှိရေးတို့အတွက် မြို့ပိုင်မင်းဟူသော အသံကြားလိုက်သည်နှင့် ပျာယာခတ်ပြီး မြို့ပိုင်မင်းဆို သည့်ပုဂ္ဂိုလ်အားကြိုဆိုရန်အပြေးအလွှားသွားရောက်စောင့်ကြိုနေခြင်းဖြစ်
ပေသည်။
ရွာသူကြီးဦးကျော်စိန်ဖောင်တော်(ဆိပ်ခံတံတား) ဆိပ်သို့ရောက်ရှိ ပြီးခဏအကြာတွင် မြို့ပိုင်မင်း၏ဘုတ် (မော်တော်)ရောက်ရှိလာလေတော့ သည်။ မော်တော် ဆိပ်ခံတံတားသို့ ဆိုက်ကပ်ပြီးချိန်တွင် မော်တော်ပေါ်မှ ပုလိပ်သားနှစ်ယောက်အရင်ဆင်းလာပြီးမှ မြို့ပိုင်မင်းဆိုသူသည် ဆင်းလာ လေ၏။ မြို့ပိုင်မင်းဆိုသူမှာ ကာကီဘောင်းဘီ အတို ဒူးဖုံးကို ဝတ်ဆင်ပြီး ကာကီရောင်အင်္ကျီနှင့်ဖော့ဦးထုပ်ကိုဆောင်းပြီးဂိုက်ဆိုက်ကောင်းလှစွာဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာလေတော့၏။ ထိုခေတ်ထိုအချိန်အခါက မြို့ပိုင်မင်းကတော့ မြန်မာလူမျိုး တစ်ဦးဖြစ်လေ၏။ သူ၏နာမည်က ဦးခင် မောင်လတ်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။
မြို့ပိုင်မင်းနှင့် အစောင့်ပုလိပ်သားသုံးယောက် မြို့ပိုင်၏ လူယုံတော် မြအောင်တို့ ငါးယောက်သည် မော်တော်ပေါ်မှ ဆင်းလာကြပြီး ရွာသူကြီး ဦးကျော်စိန်၏အိမ်ကြီးရှိရာရွာလယ်သို့ဦးကျော်စိန်နောက်မှလိုက်သွားကြ လေ၏။ ရွာသားများမှာမြို့ပိုင်မင်းအားမိမိတို့အိမ်ခြံဝင်းအတွင်းမှကြည့်ရှုနေ ကြလေသည်။ ရွာသူကြီးအိမ်သို့ ရောက်ရှိကြပြီး အစောင့် ပုလိပ်သား သုံး ယောက်မှသူကြီးအိမ်အောက်ထပ်တွင်ထိုင်လိုက်ကြစဉ်မြို့ပိုင်မင်းကသူကြီး ၏ အိမ်အပေါ်ထပ်သို့ တက်ရောက်သွားပြီး ပက်လက်ကုလားထိုင်တွင် ဝင် ရောက်ထိုင်ချလိုက်ပြီး ရွာသူကြီးအား မေးမြန်းလိုက်လေတော့သည်။
“ဘယ်လိုလည်း သူကြီး နယ်မြေအေးချမ်းရဲ့လား၊ အခွန်တော်တွေ
ရော အပြည့်အစုံ သွင်းကြရဲ့လားဗျ”
“နယ်မြေလည်း အေးချမ်းပါတယ်။ မြို့ပိုင်မင်းခင်ဗျား – အခွန်တော် ငွေလည်း ကျွန်တော့်အပိုင် ဆယ်ရွာအားလုံး ကျေအောင်သွင်းပြီး ကြပါပြီ ခင်ဗျာ…။
“ကောင်းတယ် သူကြီး ကောင်းတယ်။ ကျုပ်လည်း သူကြီးတို့ ရွာကို မရောက်တာ လေးလလောက်ရှိသွားပြီဗျ၊ အခုမှ အလုပ်တွေအားလို့ လာခဲ့ တာ…ချောင်းထဲမှာဘဲဟင်္သာတွေကျရဲ့လား…ဟို(ရုရှား)ဘဲတွေရောရောက် ကုန်ပြီလားဗျ…ကျုပ်လည်းမပစ်ရတာကြာလို့လက်ယားနေပြီသူကြီးရေ” “ဘဲဟင်္သာတွေကတော့ အစုလိုက် အများကြီးတော့ မကျဘူး မြို့ပိုင်မင်းရဲ့ ဟိုနားနှစ်ကောင်သည်နားနှစ်ကောင် စုံတွဲလိုက်တော့အမြဲကျနေပါတယ်။ ရပ်ရှား (ရုရှား) ဘဲတွေကတော့ အုပ်လိုက်ကျနေတာ။ လခွဲနီးပါးရှိသွားပြီ ခင်ဗျာ”

မြို့ပိုင်မင်းဦးခင်မောင်လတ်မှာ တောပစ် တောလည် ဝါသနာပါသူ ဖြစ်၏။ သူကြီးဦးကျော်စိန်တို့ရွာသို့ နှစ်လတစ်ကြိမ် သုံးလတစ်ကြိမ်ညအိပ် လာရောက်ပြီး ရွာအနီးပတ်ဝန်းကျင်ရှိတောင်များတွင် ချေ (ဂျီ)တောဝက်၊ တောကြောင်များနှင့်ချောင်းများတွင်ကျက်စားကြသောဘဲဟင်္သာများရေဘဲ များအား ပစ်ခတ်ပြီး တောလိုက်လေ့ရှိ၏။ ယခုလို နတ်တော်ပြာသိုလများ ဖြစ်သောဆောင်းရာသီရောက်လျှင်အုပ်လိုက်ရောက်ရှိလာကြသောဆိုက်
ဘေးရီးယားငှက်ဟုခေါ်သောရခိုင်ဒေသသားရခိုင်လူမျိုးများခေါ်သောရပ်ရှား
ဘဲများသည်အကောင်ရေ(ရာ)နှင့်ချီ၍ရခိုင်ပြည်နယ်အတွင်းရှိလယ်ပြင်များ၊
မြစ်ချောင်းများတွင်ရောက်လာကြမြဲပင်။၎င်းဆိုက်ဘေးရီးယားငှက်(ရပ်ရှား
(ရှရှား)ဘဲများသည် ယခုလို ဒီဇင်ဘာ ဇန်နဝါရီ (နတ်တော် – ပြာသို)လ ဆောင်းရာသီရောက်ပြီဆိုလျှင်၎င်းငှက်များနေထိုင်ရာ ဆိုက်ဘီးရီးယား (ရှရှား)နိုင်ငံရှိကုန်းပိုင်းဒေသများတွင် ရေခဲပြီး ရေခဲပြင် ဖုံးလွှမ်းသွားသော ကြောင့်အစာရှားပါးလွန်းလှသောကြောင့် မိုင်ပေါင်းထောင်ချီဝေးကွာသော
ရခိုင်ပြည်နယ်အတွင်းသို့နှစ်စဉ်လာရောက်ကျက်စားလေ့ရှိကြလေသည်။
ထိုရပ်ရှား (ရုရှား) ဘဲများသည် အိမ်မွေးဘဲငန်းနှင့် ခပ်ဆင်ဆင်တူပြီး လည်တိုင်နည်းနည်းတိုသည်။ ဦးခေါင်းပိုင်းတွင် အညိုရောင်အမွေးများပါရှိ

ပြီး မျက်လုံးနှစ်ဖက်အထက်အောက်၌ အညိုရောင်အစင်းနှစ်စင်းရှိပြီး အတောင်ဖျားတွင် အညိုရောင် အမွေးအနည်းငယ် ပါရှိလေသည်။ တစ် ကောင်လျှင် တစ်ပိဿာခွဲမှ နှစ်ပိဿာခန့်အထိ ရှိကြလေ၏။ မြို့ပိုင်မင်းဦး ခင်မောင်လတ် မေးလိုက်သော ရုရှား (ရုရှား)ဘဲများ ကျနေပြီလားဆိုသည် မှာထိုဆိုက်ဘေးရီးယားငှက်များကိုမေးလိုက်ခြင်းဖြစ်ပါသည်။
“သူကြီးရေ – ကျုပ်တို့မနက်စာထမင်းစားပြီးရင်ဘဲပစ်သွားကြမယ်။
ညရောက်မှချေ(ဂျီ)လေးတောကြောင်လေးပစ်ရအောင်တောင်ကုန်းတွေ
ဘက်တောလည်သွားကြတာပေါ့”
“ဟုတ်ကဲ့ပါ မြို့ပိုင်မင်း.. ကျွန်တော်တို့ ရွာသင်္ချိုင်းတောင်ကုန်းတွေ ဘက်မှာချေ(ဂျီ)နှစ်ကောင်ရောက်နေတယ်လို့နွားကျောင်းတဲ့ရွာဖျားကဘပု
ဆိုတဲ့ကလေးတစ်ယောက်ပြောတာကြားမိတယ် ခင်ဗျား…
“ဟာ ဒါဆိုရင် နီးနီးနားနားမှာပစ်ရမှာပေါ့ဗျာ။ ကောင်းတယ် သူကြီး
ရေ၊ အဲဒီသတင်း သေချာအောင် စုံစမ်းလိုက်ပါဦး”
ဟုတ်ကဲ့မြို့ပိုင်မင်း.ကျွန်တော်ရွာကအဟောဒါ(ရွာဆော်)ကိုစုံစမ်း
လိုက်ပါမယ်”။
နံနက်စာ ထမင်းစားသောက်ပြီး နာရီဝက်ခန့်အကြာတွင် မြို့ပိုင်မင်း ဦးခင်မောင်လတ်သည်သူ၏နှစ်လုံးပြူးသေနတ်အားယူဆောင်၍ရွာသူကြီး နှင့်အတူလောင်း(လှေ)တစ်စီးနှင့်လောင်း(လှေ)တစ်စီးလှော်သည့်ရွာသား
နှစ်ယောက်တို့နှင့် ဆိုက်ဘေးရီးယားငှက်ခေါ်သော ရပ်ရှား (ရုရှား)ဘဲနှင့်
ဘဲဟင်္သာပစ်ရန်ချောင်းငယ်အတွင်းမှမြစ်ကြီးအတွင်းသို့ထွက်လာခဲ့ကြလေ
၏။ရွာသူကြီးဦးကျော်စိန်ကလှေသမားနှစ်ယောက်အားမြစ်ကြောင်းအတိုင်း စုန်ဆင်းလိုက်ပြီး ရပ်ရှား (ရုရှား) ဘဲနှင့် ဘဲဟင်္သာများ ကျက်စား ပျော်ပါးရာ ရေလယ်ခေါင်သောင်ထွန်းနေသောကျွန်းရှိရာသို့လောင်း(လှေ)အားလှော်
ခတ်ခိုင်းလိုက်လေသည်။
“ဟေ့မောင်ထွန်း- ဟိုမှာ မြင်နေရတဲ့ ကျွန်းအနားကိုရောက်ရင် လောင်း(လှေ)ကိုမလှော်နဲ့တော့ရေစီးအတိုင်းမျှောချပြီးမင်းနဲ့ဖိုးသိန်းလည်း

လောင်း(လှေ)ထဲမှာပက်လက်လှန်ပြီးလိုက်ခဲ့ကြ…မောင်ထွန်းကငါအချက် ပြတဲ့အခါလောင်း(လှေ)ဦးကိုသောင်ဘက်ကိုလှည့်ပေးကြားလား။ ခေါင်း
မထောင်နဲ့နော်”
“ဟုတ်ကဲ့ သူကြီး-စိတ်ချပါဗျာ ကျွန်တော်က သူကြီးတို့ တောပစ် ငှက်ပစ်ထွက်တိုင်းလိုက်ပြီးလောင်း(လှေ)ကိုအမြဲလှော်ပေးနေရတဲ့သူပါဗျ
စိတ်ချစမ်းပါ သူကြီးရယ်”
သူကြီး ဦးကျော်စိန်က လောင်း (လှေ)ထက်မကိုင် (ပဲ့ကိုင်)သူ မောင်ထွန်းအား သေချာမှာကြားလိုက်ပြီး ရေလယ်ကျွန်းဆီသို့ လှမ်းမျှော်
ကြည့်လိုက်လေသည်။
ခပ်လှမ်းလှမ်းတွင်မြင်တွေ့နေရသောရေလယ်ကျွန်း လတာပြင်ပေါ်တွင် ရေးရေးမြင်နေရသော ဖြူဖြူအရောင်အဆင်းရှိ ရပ်ရှား (ရုရှား) ဘဲတစ်အုပ်ကို မြင်လိုက်ရသောကြောင့်..
“ဟိုးမှာ ဘဲအုပ်ကို မြင်နေရပြီ မြို့ပိုင်မင်း – အနားမရောက်ခင်မှာ မြို့ပိုင်မင်းက လောင်း(လှေ)ဦးမှာ မှောက်ပြီး ခေါင်းပေါ်မှာ မက်ကလာ (ခမောက်)ကိုဖုံးပြီးနေပါလောင်း(လှေ)ဦးကိုဘဲအုပ်ရှိတဲ့ဘက်ကိုလှည့်ပေး
ပါမယ်”၊
“ကောင်းပြီ သူကြီး… ကျုပ်အဆင့်သင့်လုပ်လိုက်မယ်”
မြို့ပိုင်မင်းက လောင်း(လှေ)ဦးပေါ်တွင် နှစ်လုံးပြူးသေနတ်အား အလိုက်သင့်တင်လိုက်ပြီး သူ့ကိုယ်တိုင်ကလည်း လောင်း(လှေ)ဦးဘက် ဦးခေါင်းလှည့်၍ မှောက်လျက်အနေအထားပုံစံနေလိုက်ပြီး မက်ကလာ (ခမောက်)ကို ဦးခေါင်းအထက်တွင် ဆောင်းထားလိုက်ရာ လှေဦးပေါ်၌
မကကလာ(ခမောက်)တစ်လုံးတင်ထားသည့်ပုံစံဖြစ်သွားပြီးခပ်လှမ်းလှမ်း မှ ကြည့်လျှင် လူမရှိသော လူမပါသော လောင်း(လှေ)တစ်စီး မြစ်ထဲတွင် မျှောလာသည့် ပုံစံဖြစ်သွားလေ၏။ လေးယောက်မှာ လှေပေါ်တွင် မှောက် လျက်အနေအထား ဖြစ်သွား၏။
မြို့ပိုင်မင်းမှာ နှစ်လုံးပြူးသေနတ်၏ ဘယ်ညာပြောင်းနှစ်ခုအတွင်း ကိုးလုံးကျည်ဆန်(ခဲသီးကိုးလုံးပါသောကျည်ဆန်)နှစ်တောင့်ကို ထည့်
ထားပြီးလှေဦးမှနေ၍ရှေ့သို့ မျှော်ကြည့်ရင်းလိုက်ပါလာခဲ့လေသည်။

ရွာသူကြီးဦးကျော်စိန်သည်ရပ်ရှား(ရုရှား)ဘဲများနှင့်ကိုက်သုံးရာခန့် အကွာအဝေးသို့လောင်း(လှေ)ရောက်သည်နှင့်လောင်း(လှေ)ဦးကိုဘဲအုပ် ရှိရာကျွန်းသို့ဦးတည်ခိုင်းလိုက်၏။ပဲ့ကိုင်မောင်ထွန်းကလည်းလောင်း(လှေ)
အတွင်းမှ ပက်လက်အနေအထားမှနေ၍ လှော်တက်အား အသာအယာ
လှုပ်ရှားပြီးလောင်း(လှေ)အားရေလယ်ရှိသောင်ပြင်သို့ဦးလှည့်လှော်တက်
အားအသာအယာလှုပ်ရှားပြီးလောင်း(လှေ)အားရေလယ်ရှိသောင်ပြင်သို့
ဦးလှည့်ပေးနေလေ၏။
ရေစီးအတိုင်းတရွေ့ရွေ့နှင့်မျောပါလာသောလောင်း
(လှေ)သည် ဘဲအုပ်များရှိရာ လတာပြင်နှင့် နီးသည်ထက် နီးကပ်လာလေ သည်။ ရပ်ရှား (ရုရှား) ဘဲအုပ်မှာ အကောင်ရေငါးဆယ်ခန့်ရှိသည်။ ဘဲအုပ်
ရှိရာသို့လောင်း(လှေ)ဦးနီးကပ်လာသည်မှကိုက်(တစ်ရာ)ခန့်ရောက်ရှိလာ ပြီဖြစ်၏။ ဘဲအုပ်မှာမြစ်အတွင်းမှမျှောပါလာသောလောင်း(လှေ)အားစူးစမ်း သောအကြည့်ဖြင့် ကြည့်ရှု့ကြပြီးလျှင် လောင်း(လှေ)ပေါ်တွင် လူတစ်ဦး တစ်ယောက်မှမတွေ့ရသည့်အတွက် တစ်ကောင်နှင့်တစ်ကောင်အသံပေး ရင်းလတာပြင်ပေါ်တွင် ခုန်ပေါက်မြူးတူးနေကြလေသည်။ လောင်း(လှေ)နှင့်ဘဲအုပ်ကိုက်ငါးဆယ်ခန့်အကွာအဝေးသို့ရောက်
သည်နှင့် မြို့ပိုင်မင်းဦးခင်မောင်လတ်သည် နှစ်လုံးပြူးသေနတ်အားဘဲအုပ် ရှိရာသို့ သေချာစွာ ချိန်ပြီးလျှင် သေနတ်ဘယ်ဘက်ပြောင်းခလုတ်အား ညှစ်ဆွဲလိုက်လေတော့သည်။ ဒိုင်း – ဟူသောပေါက်ကွဲသံနှင့်အတူ ဘဲအုပ် ကြီးမှာလန့်ပြီးလျှင် လတာပြင်ပေါ်တွင်လေးလှမ်းငါးလှမ်းခန့်မျှ အားယူပြေး လွှားသွားပြီးကောင်းကင်ထက်သို့ပျံတက်ကြလေ၏။ ဘဲအုပ်ကြီးပျံတက်၍ ဝါးတစ်ပြန် အမြင့်ခန့် ရောက်ရှိချိန်တွင် မြို့ပိုင်မင်း၏ နှစ်လုံးပြူး သေနတ် ညာဘက်ပြောင်းမှပေါက်ကွဲသံပေါ်ထွက်လာလေတော့သည်။ လေထဲတွင် ပျံသန်းနေကြသော ဘဲအုပ်တွင်းမှ ဘဲ (၃)ကောင်သည် လတာပြင်ပေါ်သို့ ပြုတ်ကျလာသည်ကို တွေ့ကြရလေ၏။ လှုပ်ရှားပစ်ခတ်မှု ဖလိုင်းရှော့(တ်) (ပျံဝဲနေစဉ်) … ပစ်ခတ်နည်းဖြင့် ပစ်လိုက်ခြင်းဖြစ်သည်။

“ဟာ .. မြို့ပိုင်မင်းလက်ကတော့ အရင်ကထက်တောင် ဖြောင့်လာ သေးတယ်… ပထမပစ်ချက်ကလေးကောင် ဒုတိယဖလိုင်းရှော့(တ်) (ပျံဝဲ နေစဉ်) ပစ်ချက်က သုံးကောင်အားလုံး (၇)နှစ်ကောင်တောင် ထိတယ်ဗျ” ရွာသူကြီးကအားရပါးရပြောလိုက်ပြီးဖိုးသိန်းအားဘဲအသေများအား
ကောက်ယူခိုင်းလိုက်လေ၏။
“ကိုင်း သူကြီးရေ … ဘဲခုနှစ်ကောင်တောင် ရပြီပဲ – ရွာပြန်ကြရ အောင် – ညကျရင်လည်းချေ(ဂျီ)ပစ်ထွက်ကြဦးမှာ၊ဒီနေ့ခင်းတော့တော်ပြီ ပေါ့ဗျာ”
မြို့ပိုင်မင်း၏ ပြောစကားဆုံးသည်နှင့် သူကြီးဦးကျော်စိန်မှ လောင်း (လှေ)သမားနှစ်ယောက်အားရွာဆီသို့ပြန်လှည့်ပြီးလှော်ခတ်ခိုင်းလိုက်လေ ၏။ ရွာသို့ ပြန်ရောက်ကြပြီး ရရှိခဲ့သောဘဲများအား အမွေးနုတ်၍ ကင်ထား လိုက်ကြလေသည်။ မြို့ပိုင်မင်းသည် သူ၏ နှစ်လုံးပြူးသေနတ်အား သူ၏ လူယုံတော်မြအောင်ကိုတိုက်ခိုင်းလိုက်လေသည်။
ညနေငါးနာရီအချိန်ခန့်တွင်မြို့ပိုင်မင်းဦးခင်မောင်လတ်နှင့်အဖွဲ့သည်
ညစာထမင်းစားသောက်ပြီးသဖြင့် သူကြီး၏အိမ်ပေါ်ထပ်တွင်ရေနွေးကြမ်း သောက်ရင်းစကားပြောနေကြလေသည်။
“နေ့ခင်းကစုံစမ်းခိုင်းထားတဲ့ချေ(ဂျီ)သတင်းဘာထူးလည်းသူကြီး” “နွားကျောင်းသားလေး ဘပုပြောတာကတော့ ရွာသင်္ချိုင်းတောင်ကုန်းမှာ ချေ(ဂျီ) နှစ်ကောင်ကို တွေ့တယ်တဲ့ – မြို့ပိုင်မင်းရဲ့ – မနေ့က ညနေခင်းမှာ နွားတွေအိမ်ပြန်မောင်းလာတဲ့အခါသင်္ချိုင်းနားကညောင်ပင်ကြီးအောက်မှာ တွေ့ခဲ့ရသေးတယ်လို့ ပြောတယ် ခင်ဗျာ”
သွားကြတာပေါ့ –
“ဟာ – ဒါဆိုရင်တော့ ဟန်ကျတာပေါ့ဗျာ – ညကိုးနာရီလောက် လရောင်လည်းရှိသေးတဲ့အချိန်ဆိုတော့မီးတိုးပစ်ဖို့မလို ဘူး။လရောင်နဲ့ပဲပစ်လို့ရတယ်”။“ရွာသင်္ချိုင်းတောင်ဆိုတော့သွားရတာပေါ့။ နေ့လယ်ကလောင်း(လှေ)သမားနှစ်ယောက်ကိုပဲခေါ်သွားမယ်။

စကားပြောဆိုနေကြပြီး ရေနွေးကြမ်းသောက်၍နေကြစဉ် ည(၉) နာရီထိုးပြီဖြစ်သောကြောင့် … မြို့ပိုင်မင်းသည် နှစ်လုံးပြူးသေနတ်နှင့် ကျည်ဆန်ခါးပတ်ကိုယူ၍ရွာသူကြီးဦးကျော်စိန်ကငါးတောင့်ထိုးဓာတ်မီးကို
ယူပြီး အမဲလိုက်ဓားမြှောင်ကို ခါးပတ်တွင်ထိုး၍ အိမ်အောက်သို့ ဆင်း လာကြ၏။ အိမ်အောက်တွင် ပုလိပ်သားသုံးယောက်မှာ ကွပ်ပျစ်ပေါ်တွင် လဲလျောင်းနေကြလေသည်။ လောင်း(လှေ)ဆိပ်သို့ရောက်လျှင် လောင်း (လှေ)ဆိပ်သို့ရောက်လျှင် လောင်း(လှေ)ပေါ်တွင် အသင့်စောင့်နေသော လောင်း(လှေ)သမား မောင်ထွန်းနှင့်ဖိုးသိန်းတို့နှစ်ယောက်အား တွေ့ လိုက်ရလေ၏။ မြို့ပိုင်မင်းနှင့်သူကြီးတို့နှစ်ယောက် လောင်း(လှေ)ပေါ် သို့ရောက်သည်နှင့်လောင်း(လှေ)အားကြိုးဖြုတ်၍ချောင်းအထက်ပိုင်းသို့
လှော်ခတ်ခိုင်းလိုက်လေသည်။
လဆန်း(၇)ရက်လရောင်နှင့်ချောင်းရေပြင်တွင်လေပြည်တိုက်ခတ် မှုကြောင့်လှိုင်းကြက်ခွပ်ကလေးများထနေသောချောင်းရေပြင်မှာငွေရောင်
ဖိတ်ဖိတ်လက်နေသည်။ လောင်း(လှေ)ကိုလှော်ခတ်လာသည်မှာ ဆယ့်ငါး မိနစ်ခန့်အကြာတွင်ရွာသင်္ချိုင်းတောင်ကုန်းရှိညောင်ပင်ကြီးအားညလရောင် အောက်တွင် ဆယ့်ငါးမိနစ်ခန့်အကြာတွင် အုပ်ဆိုင်းညိုမှိုင်းသောအသွင် ဖြင့် လိုက်ကြရလေသည်။
“မောင်ထွန်းရေ…အဲဒီညောင်ပင်နားမရောက်ခင်ခရာဆူးချုံတွေရှိတဲ့
ကမူလေးနားမှာ လောင်း(လှေ)ကို ဦးထိုးဆိုက်ပြီး ကပ်လိုက်ဟေ့ – အသံ မထွက်စေနဲ့နော်”
ရွာသူကြီးဦးကျော်စိန်က မောင်ထွန်းအား တီးတိုးလေသံဖြင့် ပြော လိုက်ပြီး မြို့ပိုင်မင်းအားလည်း – “မြို့ပိုင်မင်းခင်ဗျား- ညောင်ပင်နားက ခရာ ဆူးချုံနားမှာ လောင်း(လှေ)ဆိုက်ပြီး ညောင်ပင်အောက်ကို အခြေအနေ ကြည့်ပြီးမှ ရှေ့ဆက်သွားသင့်ရင် ဆက်ပြီး သွားကြတာပေါ့”
မြို့ပိုင်မင်းဦးခင်မောင်လတ်သည်နှစ်လုံးပြူးသေနတ်တွင်ခြောက်လုံး ကျည်နှစ်တောင့်အားပြောင်းရင်းတွင်ထည့်၍ကျည်ထိုးထားလိုက်ပြီး(လှေ)
ဆိုက်ကပ်ပြီး၍
ဆိုက်ကပ်နေသည်ကိုစောင့်ဆိုင်းနေလေ၏။လောင်း(လှေ) လောင်း(လှေ)ပေါ်မှ မြို့ပိုင်မင်းနှင့် ရွာသူကြီးတို့နှစ်ယောက် ဆင်းလာခဲ့ကြ ပြီး ခရာဆူးချုံများရှေ့တွင်ရှိသော ကုန်းကမူလေးရှိရာသို့ တဖြည်းဖြည်း တိုးကပ်သွားကြလေသည်။ ကုန်းကမူလေးသို့ရောက်လျှင်နှစ်ယောက်သား ထိုင်ချလိုက်ကြပြီး ညောင်ပင်ကြီး၏ အောက်ဘက်သို့ သေချာစွာ စူးစိုက် ကြည့်ရှုကြလေ၏။ လရောင်၏အလင်းမှာ ညောင်ရွက်များကြားမှ မပီဝိုးဝါး ဟိုတစ်ကွက် သည်တစ်ကွက် ကျနေသဖြင့် သေချာစွာ ကြည့်ရှုကြရ လေသည်။
“ဟိုမှာတွေ့ပြီဗျ..ချေ(ဂျီ)ညောင်ပင်ခြေရင်းနားမှာမလှုပ်မယှက် ငြိမ်နေတာတွေ့လား – ဓာတ်မီးမထိုးနဲ့နော်၊ လရောင်နဲ့ပဲပစ်မယ်” မြို့ပိုင်မင်းသည်ရွာသူကြီးဦးကျော်စိန်အားလေသံဖြင့်တီးတိုးပြောဆို ပြီးလက်တွင်းရှိနှစ်လုံးပြူးသေနတ်အားညောင်ပင်ကြီး၏ပင်ခြေသို့ထိုးချိန်
လိုက်လေ၏။ သေနတ်ပြောင်းဝထိပ်ဖျားတွင်ရှိသောချိန်သီးနှင့်ပစ်မှတ်ချေ (ဂျီ)ရှိရာသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်ပြီး သေနတ်မောင်းခလုတ်အား ညင်သာစွာ ဆွဲညှစ်လိုက်လေ၏။ “capos..”
ကျည်ဆန်ဖင်အားမောင်းရိုက်တံမှရိုက်ခတ်လိုက်သောချောက်ဆို
သည့် အသံသာ ထွက်ပေါ်လာလေသည်။ ဘယ်ဘက်ပြောင်း၏ ခလုတ်ဆွဲ ညှစ်၍ ပစ်လိုက်ခြင်းဖြစ်သည်။ ကျည်မထွက် ကျည်အဖြစ်သောကြောင့် ကျည်ဆန်မထွက်ခြင်းဖြစ်သည်။ မြို့ပိုင်ဦးခင်မောင်လတ်သည်လက်ညှိုးအား ညာဘက်ပြောင်းအပစ် ခလုတ်ပေါ်ပြောင်းလိုက်ပြီး သေချာစွာ ချိန်ရွယ်၍ ဒုတိယအကြိမ် ခလုတ်အား ဆွဲညှစ်လိုက်လေ၏။
“ချောက်”
ဒိုင်း.. ဟူသော သေနတ်သံအစား ချောက်ဟုသာ မောင်းရိုက်သံ ထွက်ပေါ်လာလေ၏။ မြို့ပိုင် ဦးခင်မောင်လတ် စိတ်တိုသွားလေသည်။ ယခု ပစ်၍ မထွက်သော ကျည်ဆန်များမှာ အိမ်မှယူလာသော အသစ်ကျပ်ချွတ်

ကျည်ဆန်များဖြစ်၏။ ယခုကဲ့သို့ကျည်အဖြစ်ရန်အကြောင်းမရှိ – ထို့ကြောင့် နှစ်လုံးပြူးသေနတ်အား ဖြုတ်ယူ၍ သေနတ်၏ ပြောင်းရင်းတွင်သွင်းလိုက် ပြီးပြောင်းအားပြန်တင်လိုက်၏။ နှစ်လုံးပြူးသေနတ်ဆိုသည်မှာပြောင်းကို ချိုး၍ ပြန်တင်လိုက်သည်နှင့် မောင်းတင်ပြီးသား အသင့်ပစ်ခတ်ရန် အနေ အထားဖြစ်သည်။ကျည်အနှစ်တောင့်အားသူကြီးဦးကျော်စိန်သို့လှမ်းပေးပြီး သေနတ်အားညောင်ပင်ခြေရင်းသို့ထိုးချိန်ပြီးပစ်မှတ်ရှိရာသို့ပစ်ခတ်လိုက်
လေ၏။
“ချောက်”
မထွက်ပါကျည်ဆန်လုံးဝမထွက် – ညောင်ပင်အောက်တွင်ရှိသော ချေ(ဂျီ)မှာလည်းတုတ်တုတ်မျှမလှုပ်၊ မြို့ပိုင်မင်းဦးခင်မောင်လတ်စိတ်မရှည်
ချင်တော့ပါ။ ညာဖက်ပြောင်းရင်းရှိကျည်ဆန်အားထပ်မံ၍ပစ်ခတ်လိုက်ပြန်
သည်။
“ချောက်”
ဦးခင်မောင်လတ်တစ်ယောက် ဆံပင်မွေးညင်းများ ထောင်ထသွား လောက်အောင် အံ့ဩသွားလေသည်။ သေနတ်နှင့် လေးချက်တိတိပစ်၍ ကျည်မထွက်သော(ဂျီ)သူ့တစ်သက်တစ်ခါမှမတွေ့ဘူးမကြုံဘူးခဲ့ပေ။ ယခု
တွေ့ရကြုံနေရလေပြီ။ သို့အတွက်ကြောင့်ကျည်ဆန်မထွက်သောကျည်ဆန် မီးမကူးသော ချေ (ဂျီ)ကို ကြည့်ချင်မြင်ချင်လာသည့်အတွက်ကြောင့် ရွာသူကြီးဦးကျော်စိန်လက်ထဲမှ ဓာတ်ခဲ (၅)တောင့်လက်နှိပ်ဓာတ်မီးကို ယူ၍ညောင်ပင်အောက်တွင်ရှိသောချေ(ဂျီ)အားလက်နှိပ်ဓာတ်မီးဖြင့်ထိုး
ကြည့်လိုက်လေတော့သည်။
လက်နှိပ်ဓာတ်မီးရောင်အောက်တွင်မြင်တွေ့လိုက်ရသောမြင်ကွင်း
ကြောင့် ဦးခင်မောင်လတ်နှင့် ရွာသူကြီးဦးကျော်စိန်တို့နှစ်ယောက်သည်
အံ့သြတုန်လှုပ်၍ကြောက်လန့်သွားကြပြီးခြေထောက်များမှာ ရပ်၍မမြဲကြ တော့ပဲဒူးထောက်လျက်ထိုင်လျက်သားကျသွားကြလေတော့သည်။
မြို့ပိုင်မင်းဦးခင်မောင်လတ်မှာ တုန်ရီကြောက်ရွံ့သောအသံဖြင့်
ဦးကျော်စိန်အား ပြောလိုက်လေ၏။
“မှားကုန်ပြီ သူကြီးရေအမှားကြီးမှားကုန်ပြီ – ကျည်ဆန်မထွက်လို့ တော်သေးတယ်၊ ကျည်သာထွက်သွားရင် ဒုက္ခအကြီးအကျယ် ရောက် ကုန်မှာဗျာ”
“ရွာသူကြီးဦးကျော်စိန်မှာ စကားသံ မထွက်ပေ တုန်တုန်ချိချိဖြင့်

ညောင်ပင်အောက်သို့သာ စူးစိုက်ကြည့်နေမြဲ ကြည့်နေလေသည်။ အတန်
ကြာပြီးမှ –
“အဲဒါ … ရွာဦးကျောင်းက ဆရာတော်ကြီးဦးဥက္ကဋ္ဌပဲ မြို့ပိုင်မင်းရဲ့ ဆရာတော်ကဒီမှာလာပြီးတရားထိုင်နေတာ – ကံကောင်းလို့ပေါ့မြို့ပိုင်မင်း ရယ် .. ကံကြီးထိုက်ပြီ ထင်ပါတယ်ဗျာ – ဘယ်လိုလုပ်ကြမလည်း ဟင် “ သက်တော်ရှစ်ဆယ်ရှိတဲ့ ဘုန်းကြီးပါ”
“ဆရာတော်ကြီးကိုရှိခိုးကန်တော့ပြီးတောင်းပန်ကြတာပေါ့..သူကြီး
ရယ်-ကဲလာလာ ဆရာတော်ကြီးအနား သွားရအောင်”
မြို့ပိုင်မင်းက သူကြီးအား ပြောဆိုပြီး သေနတ်ကို လက်တစ်ဖက်က ကိုင်၍ ကျန်လက်တစ်ဖက်က လက်နှိပ်ဓာတ်မီးကို မီးထိုး၍ ညောင်ပင်ကြီး အောက်သို့ရှေ့ကဦးဆောင်ထွက်သွာလေ၏။ ရွာသူကြီးကျော်စိန်ကလည်း
နောက်မှကပ်လျက်လိုက်ပါသွားလေသည်။ညောင်ပင်ခြေရင်းရှိဆရာတော်
ကြီးအနားသို့ ရောက်သည်နှင့် နှစ်ဦးသား လက်အုပ်ကိုယ်စီ ချီလိုက်ကြပြီး ဆရာတော်ကြီးအား ရှိခိုးကန်တော့လိုက်ကြလေ၏။ ဆရာတော်ကြီးမှာ မျက်လုံးမှိတ်လျက်တင်ပြင်ခွေထိုင်ပြီးလက်ဝါးနှစ်ဖက်အားယှက်လျက်ဖြင့်
တရားရှုမှတ်နေဟန်ရှိလေသည်။ မြို့ပိုင်မင်းဦးခင်မောင်လတ်နှင့်ရွာသူကြီး ဦးကျော်စိန်တို့မှာလက်အုပ်ချီလျက်သား ဆရာတော်ကြီးအနီးတွင်ထိုင်နေ ကြလေ၏။ တစ်နာရီခန့်ကြာပြီးမှ ဆရာတော်ကြီးသည် မျက်လုံးဖွင့်ကြည့် လိုက်ပြီးမေးလိုက်လေ၏။
“ဒကာကြီးတို့ ဘာကိစ္စရှိလို့လဲကွယ့်”
“မှန်ပါ့ဘုန်းဘုန်းဘုရား – တပည့်တော်တို့ ဆရာတော်ကို ပြစ်မှားမိ လို့တောင်းပန်ချင်လို့ပါဘုရား”။
“အော် – ရွာသူကြီးတို့ပါလား – ဘုန်းကြီးတို့ ဘာတွေပစ်မှားကြလို့ လည်းပြောစမ်းပါဦး”

“မှန်ပါဘုရား … တပည့်တော်တို့ ဆရာတော် တရားထိုင်နေတာကို ချေ(ဂျီ)ထင်မှတ်ပြီးသေနတ်နဲ့ပစ်မိပါတယ်ဘုရား…အဲဒါ – တပည့်တော်တို့ ကို ခွင့်လွှတ်ပါလို့ ရှိခိုးတောင်းပန်ပါတယ် ဘုန်းဘုန်းဘုရား”
၏။
မြို့ပိုင်မင်းဦးခင်မောင်လတ်က လျှောက်ထားတောင်းပန်လိုက်လေ
“ဒကာကြီးတို့က ဘုန်းကြီးမှန်းမသိလို့ ပစ်မိကြတာပဲ – ဘုန်းကြီး ခွင့်လွှတ်ပါတယ်…”။
“ဆရာတော်ဘုရား … ဆရာ့တော်မှာ ဆေးကောင်းဝါးကောင်း အဆောင်ကောင်းလေးများရှိရင် တပည့်တော်တို့ကို စွန့်ပါဘုရား”။
“ဟဲ့ … ဒကာကြီးရဲ့၊ ဘုန်းကြီးမှာ ဘာအဆောင်မှ မရှိပါဘူးကွယ့်၊ ဘာဖြစ်လို့ အဆောင်တောင်းနေကြတာတုန်းကွဲ့ ဒကာတို့ရဲ့ – ပြောစမ်းပါ
ဦး”။
“ဒီလိုပါဆရာတော်ဘုရား – တပည့်တော်တို့ဆရာတော်တရားထိုင် နေတာကိုချေ(ဂျီ)အမှတ်နဲ့သေနတ်နဲ့ပစ်မိပါတယ်ဘုရား၊ဒါပေမဲ့သေနတ်
က မီးမကူးကျည်မထွက်ပါ ဘုရား၊ ဒါကြောင့် ဆရာတော်မှာ အဆောင်ရှိလို့ သေနတ်မီးမကူး ကျည်ဆန်မထွက်တာဖြစ်မှာပေါ့ ဘုရား – မီးမကူး ကျည် မထွက်တဲ့ အဆောင်တောင်းတာပါ… ဘုန်းဘုန်းဘုရား”။
“အော်…ဒါကြောင့်ကိုး – ဘုန်းကြီးမှာဘာအဆောင်မှမရှိပါဘူး။ဒကာ ကြီးတို့ရယ်… ဘုန်းကြီးတရားထိုင်နေတုန်းမှာသေနတ်မီးမကူးကျည်ဆန် မထွက်ဘူးဆိုတာ ဘာကြောင့်လည်း သိကြလား” “ဘာကြောင့်ပါလည်း အရှင်ဘုရား – အမိန့်ရှိပါဘုရား” “ဘုန်းကြီးတရားထိုင်နေစဉ်အချိန်မှာ ဘုရားဂုဏ်တော်ကိုးပါးရှိတဲ့ အထဲကအရဟံဂုဏ်တော်ကိုပွားများနေလို့ပဲဒကာကြီးတို့ – ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓဘုရားရှင်မြတ်ရဲ့ထူးခြားမြင့်မြတ်တော်မူလှတဲ့ဂုဏ်တော်တွေရှိတယ်ကွဲ့
ကိုးပါးသော ဂုဏ်တော်တွေပေါ့ကွယ် – အဲဒီလို ဂုဏ်တော်တွေအထဲက အရဟံဆိုတဲ့ဂုဏ်တော်တစ်ပါးထဲကို စူးစူးစိုက်စိုက် ရွတ်ဖတ်ပူဇော်ပွားများ
နေရင် တုတ် ဓား သေနတ်ပြီးစေတယ်။ အန္တရာယ်ကင်းစေနိုင်ပြီး ဘေးဒုက္ခ အပေါင်းကကင်းဝေးစေတယ်ကွဲ့။ အဲဒီလိုအရဟံဂုဏ်တော်တစ်ပါးတည်းကို
ပဲနေ့ညမပြတ်ရွတ်ဖတ်ပူဇော်ပွားများလို့ရှိရင်ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တောင်
ဖြစ်တယ်လို့ ကျမ်းစာပေစာနဲ့တကွ ဖော်ပြရေးသားထားတာတွေ အထင် အရှားရှိတယ် ဒကာကြီးတို့”
“တင်ပါ့ဘုန်းဘုန်း … ဆရာတော်ကို ပစ်မိလို့ မီးမကူးမထွက်တဲ့ ကျည်ဆန်တစ်တောင့်ကိုပစ်ကြည့်ပါရစေဘုရား ခွင့်ပြုတော်မူပါ”။
မြို့ပိုင်မင်းဦးခင်မောင်လတ်သည် ဆရာတော်ကြီးအား တောင်းပန် လျှောက်ထားပြီး နှစ်လုံးပြူးသေနတ်အား မောင်းချိုးလိုက်ပြီး ပြောင်းရင်း အတွင်း၌ရှိနေသောပစ်၍မထွက်သည့် ကျည်ဆန်အားသေနတ်မောင်းပြန် တင်၍မိုးပေါ်သို့ သေနတ်အားထောင်ပြီး မောင်းအား ဆွဲညှစ်လိုက်လေ၏။ “ဒိုင်း”
ကျယ်လောင်စွာပေါက်ကွဲသောသေနတ်သံကြောင့်ညောင်ပင်ကြီး နှင့်အနီးရှိသစ်ပင်များပေါ်တွင်အိပ်နေကြသောကျေးငှက်များလန့်ပျံပြေးသံ
များဆူညံသွားလေတော့သည်။မြို့ပိုင်မင်းဦးခင်မောင်လတ်သည်လက်တွင်း
မှသေနတ်အားပြောင်းချိုး၍ပြောင်းရင်းအတွင်းရှိပစ်ပြီးသားကျည်ဆန်အခွန်
နှင့် မထွက်ခဲ့သော ကျည်ဆန်တစ်တောင့်အား ထုတ်ယူလိုက်ပြီးလျှင် ကျည်ဆန်ခါးပတ်အတွင်းသို့ပြန်ထည့်လိုက်ပြီးကျည်ဆန်ခါးပတ်အားခါးမှ ချွတ်လိုက်၍နှစ်လုံးပြူးသေနတ်နှင့်တကွပူးပြီးဆုပ်ကိုင်ကာဆရာတော်ကြီး
၏ရှေ့တွင် ချထားလိုက်ပြီးလျှင်…
“ဆရာတော်ကြီးဘုရားအခု သည်နေ့သည်အချိန်အခါမှစ၍တပည့် တော်ရဲ့ပိုင်ဆိုင်တဲ့ သည်သေနတ်နဲ့ ကျည်ဆန်အားလုံးအား ဆရာတော်ကို ပေးလှူပါတယ် အရှင်ဘုရား – သည်နေ့သည်အချိန်ကစ၍ တပည့်တော် သည်အမဲပစ်ခြင်းတောလိုက်ခြင်းအလုပ်ကိုစွန့်လှူလိုက်ပါပြီဘုရား။အရှင်
ဘုရားအား ပစ်မှားမိသည့်အမှားကိုလည်း ခွင့်လွှတ်တော်မူပါရန် လျှောက် ထားတောင်းပန်အပ်ပါသည် ဆရာတော်အရှင်သူမြတ်ဘုရား”။
မြို့ပိုင်မင်းဦးခင်မောင်လတ်သည်ရှည်လျှားစွာလျှောက်ထားလိုက်ပြီး သေနတ်နှင့်ကျည်ဆန်ခါးပတ်အားဆရာတော်ကြီးသို့ပေးအပ်လိုက်လေရာ
ဆရာတော်ကြီးက
“ဒကာကြီး ဘုန်းကြီးတို့နဲ့ ဒီလို လက်နက်နဲ့ဆိုတာ လုံးဝ မအပ်စပ် မသက်ဆိုင်ပေဘူး။ ဒါကြောင့် ဒကာမြို့ပိုင်ကြီးပဲ ပြန်ယူသွားပါ။ ဒါမှမဟုတ် ဟောဒီရွာသူကြီးဦးကျော်စိန်ကို ပေးလိုက်ပေါ့ကွယ် .. ဒီနေ့ဒီရက်ကစလို့ တောမပစ်တော့ပဲသူ့အသက်ကိုသတ်တဲ့ပါဏာတိပါတာဆိုတဲ့သိက္ခာပုဒ်ကို
စောင့်ထိန်းပြီး သတ္တဝါတွေရဲ့အသက် မသတ်ဖြတ်တော့ဘူး ဆိုတဲ့အတွက် ဘုန်းကြီး သာဓုခေါ်ပါတယ်ဒကာကြီး – သာဓု – သာဓု – သာဓု ဘုန်းကြီးလို့ အသက်ရှည်ပါစေကွယ်”
“ပေးတဲ့ဆုနဲ့တစ်လုံးတစ်ဝတည်းပြည့်စုံရပါလို၏အရှင်ဘုရား” မြို့ပိုင်မင်းနှင့်ရွာသူကြီးဦးကျော်စိန်တို့သည်ဆရာတော်ဦးဥက္ကဋ္ဌအား
ရှိခိုးဦးချ၍ပြန်ခဲ့ကြလေတော့သည်။ မြို့ပိုင်မင်းဦးခင်မောင်လတ်သည်နောက်
တစ်နေ့မိုးလင်းသည်နှင့်သူ၏ကိုယ်ပိုင်ပစ္စည်းဖြစ်သောနှစ်လုံးပြူးသေနတ်
နှင့်ကျည်ဆန်များအားရွာသူကြီးဦးကျော်စိန်အားအပိုင်ပေးအပ်ခဲ့ပြီးရွာဦး
ကျောင်းဆရာတော်ကြီးဦးဥက္ကဋ္ဌကျောင်းသို့သွား၍ပစ္စည်းလေးပါးဒကာခံယူ
လိုက်ပြီးလျှင် မြို့သို့ ပြန်လည်ထွက်ခွာသွားလေတော့သတည်း။
ရခိုင်အခေါ်
ဗမာအခေါ်
ဖောင်တော်ဆိပ်
မော်တော်ဘုတ်
အဟောဒါ
ရွာဆော်
လောင်း
မက်ကလာ
လှေ
ခမောက်
၁ မင်းမြင့်နိုင်(ဘူးသီးတောင်)

Zawgyi Version

အရဟံ တန္ခိုး(စ/ဆုံး)
—————————
“သူႀကီး … ပ်ိဳ႕သူႀကီး … ၿမိဳ႕ပိုင္မင္းဘုတ္ (ေမာ္ေတာ္) လာေနတယ္
ပ်ိဳ႕…ေခ်ာင္းဝေရာက္ေနၿပီ…”
“ေဟ့…ဘယ္သူလဲကြ…ၿမိဳ႕ပိုင္မင္းဘုတ္(ေမာ္ေတာ္)ကိုေတြ႕ခဲ့တယ္
ဆိုတာ…”
“ကြၽန္ေတာ္ေက်ာ္ဦးပါသူႀကီး…ကြၽန္ေတာ္ေဖာင္ေတာ္ဆိပ္(ဆိပ္ခံ
တံတား)မွာငါးမွ်ားေနရင္းဘုတ္(ေမာ္ေတာ္) ဝင္လာတာေတြ႕လို႔ သူႀကီးကို ေျပးၿပီးလာေျပာတာပါ”
“ေအး.. ေအး .. ဒါဆို မင္းက ႐ြာသားေလး ငါးေယာက္ေခၚၿပီး ေဖာင္ ေတာ္(ဆိပ္ခံတံတား)ကိုလိုက္လာခဲ့ငါသြားႏွင့္မယ္ ၾကားလားေက်ာ္ဦး”
“ဟုတ္ကဲ့သူႀကီး – ဟုတ္ကဲ့”
႐ြာသူႀကီးဦးေက်ာ္စိန္သည္ၿမိဳ႕ပိုင္မင္း၏ဘုတ္(ေမာ္ေတာ္) လာသည္ ဆိုေသာ ႐ြာသားေက်ာ္ဦး၏ စကားသံေၾကာင့္ ေျခမကိုင္မိ လက္မကိုင္မိ ပ်ာယာခတ္သြားၿပီးအိမ္ေပၚမွဆင္းကာေမာ္ေတာ္ဘုတ္ဆိုက္ကပ္လာမည့္ ေဖာင္ေတာ္(ဆိပ္ခံတံတား)ရွိရာသို႔အေျပးသြားေလေတာ့၏။ ေခတ္ကာလ
အခ်ိန္ကျမန္မာႏိုင္ငံအားနယ္ခ်ဲ႕အစိုးရ၏လက္ကိုင္တုတ္ျဖစ္ေသာ႐ြာသူႀကီး
မွာလည္း သူ၏ ရာထူးတည္ၿမဲေရးႏွင့္ မ်က္ႏွာေကာင္း ရရွိေရးတို႔အတြက္ ၿမိဳ႕ပိုင္မင္းဟူေသာ အသံၾကားလိုက္သည္ႏွင့္ ပ်ာယာခတ္ၿပီး ၿမိဳ႕ပိုင္မင္းဆို သည့္ပုဂၢိဳလ္အားႀကိဳဆိုရန္အေျပးအလႊားသြားေရာက္ေစာင့္ႀကိဳေနျခင္းျဖစ္
ေပသည္။
႐ြာသူႀကီးဦးေက်ာ္စိန္ေဖာင္ေတာ္(ဆိပ္ခံတံတား) ဆိပ္သို႔ေရာက္ရွိ ၿပီးခဏအၾကာတြင္ ၿမိဳ႕ပိုင္မင္း၏ဘုတ္ (ေမာ္ေတာ္)ေရာက္ရွိလာေလေတာ့ သည္။ ေမာ္ေတာ္ ဆိပ္ခံတံတားသို႔ ဆိုက္ကပ္ၿပီးခ်ိန္တြင္ ေမာ္ေတာ္ေပၚမွ ပုလိပ္သားႏွစ္ေယာက္အရင္ဆင္းလာၿပီးမွ ၿမိဳ႕ပိုင္မင္းဆိုသူသည္ ဆင္းလာ ေလ၏။ ၿမိဳ႕ပိုင္မင္းဆိုသူမွာ ကာကီေဘာင္းဘီ အတို ဒူးဖုံးကို ဝတ္ဆင္ၿပီး ကာကီေရာင္အက်ႌႏွင့္ေဖာ့ဦးထုပ္ကိုေဆာင္းၿပီးဂိုက္ဆိုက္ေကာင္းလွစြာျဖင့္ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းလာေလေတာ့၏။ ထိုေခတ္ထိုအခ်ိန္အခါက ၿမိဳ႕ပိုင္မင္းကေတာ့ ျမန္မာလူမ်ိဳး တစ္ဦးျဖစ္ေလ၏။ သူ၏နာမည္က ဦးခင္ ေမာင္လတ္ျဖစ္ၿပီး ဗုဒၶဘာသာဝင္တစ္ဦးျဖစ္သည္။
ၿမိဳ႕ပိုင္မင္းႏွင့္ အေစာင့္ပုလိပ္သားသုံးေယာက္ ၿမိဳ႕ပိုင္၏ လူယုံေတာ္ ျမေအာင္တို႔ ငါးေယာက္သည္ ေမာ္ေတာ္ေပၚမွ ဆင္းလာၾကၿပီး ႐ြာသူႀကီး ဦးေက်ာ္စိန္၏အိမ္ႀကီးရွိရာ႐ြာလယ္သို႔ဦးေက်ာ္စိန္ေနာက္မွလိုက္သြားၾက ေလ၏။ ႐ြာသားမ်ားမွာၿမိဳ႕ပိုင္မင္းအားမိမိတို႔အိမ္ၿခံဝင္းအတြင္းမွၾကည့္ရႈေန ၾကေလသည္။ ႐ြာသူႀကီးအိမ္သို႔ ေရာက္ရွိၾကၿပီး အေစာင့္ ပုလိပ္သား သုံး ေယာက္မွသူႀကီးအိမ္ေအာက္ထပ္တြင္ထိုင္လိုက္ၾကစဥ္ၿမိဳ႕ပိုင္မင္းကသူႀကီး ၏ အိမ္အေပၚထပ္သို႔ တက္ေရာက္သြားၿပီး ပက္လက္ကုလားထိုင္တြင္ ဝင္ ေရာက္ထိုင္ခ်လိုက္ၿပီး ႐ြာသူႀကီးအား ေမးျမန္းလိုက္ေလေတာ့သည္။
“ဘယ္လိုလည္း သူႀကီး နယ္ေျမေအးခ်မ္းရဲ႕လား၊ အခြန္ေတာ္ေတြ
ေရာ အျပည့္အစုံ သြင္းၾကရဲ႕လားဗ်”
“နယ္ေျမလည္း ေအးခ်မ္းပါတယ္။ ၿမိဳ႕ပိုင္မင္းခင္ဗ်ား – အခြန္ေတာ္ ေငြလည္း ကြၽန္ေတာ့္အပိုင္ ဆယ္႐ြာအားလုံး ေက်ေအာင္သြင္းၿပီး ၾကပါၿပီ ခင္ဗ်ာ…။
“ေကာင္းတယ္ သူႀကီး ေကာင္းတယ္။ က်ဳပ္လည္း သူႀကီးတို႔ ႐ြာကို မေရာက္တာ ေလးလေလာက္ရွိသြားၿပီဗ်၊ အခုမွ အလုပ္ေတြအားလို႔ လာခဲ့ တာ…ေခ်ာင္းထဲမွာဘဲဟသၤာေတြက်ရဲ႕လား…ဟို(႐ုရွား)ဘဲေတြေရာေရာက္ ကုန္ၿပီလားဗ်…က်ဳပ္လည္းမပစ္ရတာၾကာလို႔လက္ယားေနၿပီသူႀကီးေရ” “ဘဲဟသၤာေတြကေတာ့ အစုလိုက္ အမ်ားႀကီးေတာ့ မက်ဘူး ၿမိဳ႕ပိုင္မင္းရဲ႕ ဟိုနားႏွစ္ေကာင္သည္နားႏွစ္ေကာင္ စုံတြဲလိုက္ေတာ့အၿမဲက်ေနပါတယ္။ ရပ္ရွား (႐ုရွား) ဘဲေတြကေတာ့ အုပ္လိုက္က်ေနတာ။ လခြဲနီးပါးရွိသြားၿပီ ခင္ဗ်ာ”

ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္မွာ ေတာပစ္ ေတာလည္ ဝါသနာပါသူ ျဖစ္၏။ သူႀကီးဦးေက်ာ္စိန္တို႔႐ြာသို႔ ႏွစ္လတစ္ႀကိမ္ သုံးလတစ္ႀကိမ္ညအိပ္ လာေရာက္ၿပီး ႐ြာအနီးပတ္ဝန္းက်င္ရွိေတာင္မ်ားတြင္ ေခ် (ဂ်ီ)ေတာဝက္၊ ေတာေၾကာင္မ်ားႏွင့္ေခ်ာင္းမ်ားတြင္က်က္စားၾကေသာဘဲဟသၤာမ်ားေရဘဲ မ်ားအား ပစ္ခတ္ၿပီး ေတာလိုက္ေလ့ရွိ၏။ ယခုလို နတ္ေတာ္ျပာသိုလမ်ား ျဖစ္ေသာေဆာင္းရာသီေရာက္လွ်င္အုပ္လိုက္ေရာက္ရွိလာၾကေသာဆိုက္
ေဘးရီးယားငွက္ဟုေခၚေသာရခိုင္ေဒသသားရခိုင္လူမ်ိဳးမ်ားေခၚေသာရပ္ရွား
ဘဲမ်ားသည္အေကာင္ေရ(ရာ)ႏွင့္ခ်ီ၍ရခိုင္ျပည္နယ္အတြင္းရွိလယ္ျပင္မ်ား၊
ျမစ္ေခ်ာင္းမ်ားတြင္ေရာက္လာၾကၿမဲပင္။၎ဆိုက္ေဘးရီးယားငွက္(ရပ္ရွား
(ရွရွား)ဘဲမ်ားသည္ ယခုလို ဒီဇင္ဘာ ဇန္နဝါရီ (နတ္ေတာ္ – ျပာသို)လ ေဆာင္းရာသီေရာက္ၿပီဆိုလွ်င္၎ငွက္မ်ားေနထိုင္ရာ ဆိုက္ဘီးရီးယား (ရွရွား)ႏိုင္ငံရွိကုန္းပိုင္းေဒသမ်ားတြင္ ေရခဲၿပီး ေရခဲျပင္ ဖုံးလႊမ္းသြားေသာ ေၾကာင့္အစာရွားပါးလြန္းလွေသာေၾကာင့္ မိုင္ေပါင္းေထာင္ခ်ီေဝးကြာေသာ
ရခိုင္ျပည္နယ္အတြင္းသို႔ႏွစ္စဥ္လာေရာက္က်က္စားေလ့ရွိၾကေလသည္။
ထိုရပ္ရွား (႐ုရွား) ဘဲမ်ားသည္ အိမ္ေမြးဘဲငန္းႏွင့္ ခပ္ဆင္ဆင္တူၿပီး လည္တိုင္နည္းနည္းတိုသည္။ ဦးေခါင္းပိုင္းတြင္ အညိဳေရာင္အေမြးမ်ားပါရွိ

ၿပီး မ်က္လုံးႏွစ္ဖက္အထက္ေအာက္၌ အညိဳေရာင္အစင္းႏွစ္စင္းရွိၿပီး အေတာင္ဖ်ားတြင္ အညိဳေရာင္ အေမြးအနည္းငယ္ ပါရွိေလသည္။ တစ္ ေကာင္လွ်င္ တစ္ပိႆာခြဲမွ ႏွစ္ပိႆာခန႔္အထိ ရွိၾကေလ၏။ ၿမိဳ႕ပိုင္မင္းဦး ခင္ေမာင္လတ္ ေမးလိုက္ေသာ ႐ုရွား (႐ုရွား)ဘဲမ်ား က်ေနၿပီလားဆိုသည္ မွာထိုဆိုက္ေဘးရီးယားငွက္မ်ားကိုေမးလိုက္ျခင္းျဖစ္ပါသည္။
“သူႀကီးေရ – က်ဳပ္တို႔မနက္စာထမင္းစားၿပီးရင္ဘဲပစ္သြားၾကမယ္။
ညေရာက္မွေခ်(ဂ်ီ)ေလးေတာေၾကာင္ေလးပစ္ရေအာင္ေတာင္ကုန္းေတြ
ဘက္ေတာလည္သြားၾကတာေပါ့”
“ဟုတ္ကဲ့ပါ ၿမိဳ႕ပိုင္မင္း.. ကြၽန္ေတာ္တို႔ ႐ြာသခ်ႋဳင္းေတာင္ကုန္းေတြ ဘက္မွာေခ်(ဂ်ီ)ႏွစ္ေကာင္ေရာက္ေနတယ္လို႔ႏြားေက်ာင္းတဲ့႐ြာဖ်ားကဘပု
ဆိုတဲ့ကေလးတစ္ေယာက္ေျပာတာၾကားမိတယ္ ခင္ဗ်ား…
“ဟာ ဒါဆိုရင္ နီးနီးနားနားမွာပစ္ရမွာေပါ့ဗ်ာ။ ေကာင္းတယ္ သူႀကီး
ေရ၊ အဲဒီသတင္း ေသခ်ာေအာင္ စုံစမ္းလိုက္ပါဦး”
ဟုတ္ကဲ့ၿမိဳ႕ပိုင္မင္း.ကြၽန္ေတာ္႐ြာကအေဟာဒါ(႐ြာေဆာ္)ကိုစုံစမ္း
လိုက္ပါမယ္”။
နံနက္စာ ထမင္းစားေသာက္ၿပီး နာရီဝက္ခန႔္အၾကာတြင္ ၿမိဳ႕ပိုင္မင္း ဦးခင္ေမာင္လတ္သည္သူ၏ႏွစ္လုံးျပဴးေသနတ္အားယူေဆာင္၍႐ြာသူႀကီး ႏွင့္အတူေလာင္း(ေလွ)တစ္စီးႏွင့္ေလာင္း(ေလွ)တစ္စီးေလွာ္သည့္႐ြာသား
ႏွစ္ေယာက္တို႔ႏွင့္ ဆိုက္ေဘးရီးယားငွက္ေခၚေသာ ရပ္ရွား (႐ုရွား)ဘဲႏွင့္
ဘဲဟသၤာပစ္ရန္ေခ်ာင္းငယ္အတြင္းမွျမစ္ႀကီးအတြင္းသို႔ထြက္လာခဲ့ၾကေလ
၏။႐ြာသူႀကီးဦးေက်ာ္စိန္ကေလွသမားႏွစ္ေယာက္အားျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလိုက္ၿပီး ရပ္ရွား (႐ုရွား) ဘဲႏွင့္ ဘဲဟသၤာမ်ား က်က္စား ေပ်ာ္ပါးရာ ေရလယ္ေခါင္ေသာင္ထြန္းေနေသာကြၽန္းရွိရာသို႔ေလာင္း(ေလွ)အားေလွာ္
ခတ္ခိုင္းလိုက္ေလသည္။
“ေဟ့ေမာင္ထြန္း- ဟိုမွာ ျမင္ေနရတဲ့ ကြၽန္းအနားကိုေရာက္ရင္ ေလာင္း(ေလွ)ကိုမေလွာ္နဲ႔ေတာ့ေရစီးအတိုင္းေမွ်ာခ်ၿပီးမင္းနဲ႔ဖိုးသိန္းလည္း

ေလာင္း(ေလွ)ထဲမွာပက္လက္လွန္ၿပီးလိုက္ခဲ့ၾက…ေမာင္ထြန္းကငါအခ်က္ ျပတဲ့အခါေလာင္း(ေလွ)ဦးကိုေသာင္ဘက္ကိုလွည့္ေပးၾကားလား။ ေခါင္း
မေထာင္နဲ႔ေနာ္”
“ဟုတ္ကဲ့ သူႀကီး-စိတ္ခ်ပါဗ်ာ ကြၽန္ေတာ္က သူႀကီးတို႔ ေတာပစ္ ငွက္ပစ္ထြက္တိုင္းလိုက္ၿပီးေလာင္း(ေလွ)ကိုအၿမဲေလွာ္ေပးေနရတဲ့သူပါဗ်
စိတ္ခ်စမ္းပါ သူႀကီးရယ္”
သူႀကီး ဦးေက်ာ္စိန္က ေလာင္း (ေလွ)ထက္မကိုင္ (ပဲ့ကိုင္)သူ ေမာင္ထြန္းအား ေသခ်ာမွာၾကားလိုက္ၿပီး ေရလယ္ကြၽန္းဆီသို႔ လွမ္းေမွ်ာ္
ၾကည့္လိုက္ေလသည္။
ခပ္လွမ္းလွမ္းတြင္ျမင္ေတြ႕ေနရေသာေရလယ္ကြၽန္း လတာျပင္ေပၚတြင္ ေရးေရးျမင္ေနရေသာ ျဖဴျဖဴအေရာင္အဆင္းရွိ ရပ္ရွား (႐ုရွား) ဘဲတစ္အုပ္ကို ျမင္လိုက္ရေသာေၾကာင့္..
“ဟိုးမွာ ဘဲအုပ္ကို ျမင္ေနရၿပီ ၿမိဳ႕ပိုင္မင္း – အနားမေရာက္ခင္မွာ ၿမိဳ႕ပိုင္မင္းက ေလာင္း(ေလွ)ဦးမွာ ေမွာက္ၿပီး ေခါင္းေပၚမွာ မက္ကလာ (ခေမာက္)ကိုဖုံးၿပီးေနပါေလာင္း(ေလွ)ဦးကိုဘဲအုပ္ရွိတဲ့ဘက္ကိုလွည့္ေပး
ပါမယ္”၊
“ေကာင္းၿပီ သူႀကီး… က်ဳပ္အဆင့္သင့္လုပ္လိုက္မယ္”
ၿမိဳ႕ပိုင္မင္းက ေလာင္း(ေလွ)ဦးေပၚတြင္ ႏွစ္လုံးျပဴးေသနတ္အား အလိုက္သင့္တင္လိုက္ၿပီး သူ႔ကိုယ္တိုင္ကလည္း ေလာင္း(ေလွ)ဦးဘက္ ဦးေခါင္းလွည့္၍ ေမွာက္လ်က္အေနအထားပုံစံေနလိုက္ၿပီး မက္ကလာ (ခေမာက္)ကို ဦးေခါင္းအထက္တြင္ ေဆာင္းထားလိုက္ရာ ေလွဦးေပၚ၌
မကကလာ(ခေမာက္)တစ္လုံးတင္ထားသည့္ပုံစံျဖစ္သြားၿပီးခပ္လွမ္းလွမ္း မွ ၾကည့္လွ်င္ လူမရွိေသာ လူမပါေသာ ေလာင္း(ေလွ)တစ္စီး ျမစ္ထဲတြင္ ေမွ်ာလာသည့္ ပုံစံျဖစ္သြားေလ၏။ ေလးေယာက္မွာ ေလွေပၚတြင္ ေမွာက္ လ်က္အေနအထား ျဖစ္သြား၏။
ၿမိဳ႕ပိုင္မင္းမွာ ႏွစ္လုံးျပဴးေသနတ္၏ ဘယ္ညာေျပာင္းႏွစ္ခုအတြင္း ကိုးလုံးက်ည္ဆန္(ခဲသီးကိုးလုံးပါေသာက်ည္ဆန္)ႏွစ္ေတာင့္ကို ထည့္
ထားၿပီးေလွဦးမွေန၍ေရွ႕သို႔ ေမွ်ာ္ၾကည့္ရင္းလိုက္ပါလာခဲ့ေလသည္။

႐ြာသူႀကီးဦးေက်ာ္စိန္သည္ရပ္ရွား(႐ုရွား)ဘဲမ်ားႏွင့္ကိုက္သုံးရာခန႔္ အကြာအေဝးသို႔ေလာင္း(ေလွ)ေရာက္သည္ႏွင့္ေလာင္း(ေလွ)ဦးကိုဘဲအုပ္ ရွိရာကြၽန္းသို႔ဦးတည္ခိုင္းလိုက္၏။ပဲ့ကိုင္ေမာင္ထြန္းကလည္းေလာင္း(ေလွ)
အတြင္းမွ ပက္လက္အေနအထားမွေန၍ ေလွာ္တက္အား အသာအယာ
လႈပ္ရွားၿပီးေလာင္း(ေလွ)အားေရလယ္ရွိေသာင္ျပင္သို႔ဦးလွည့္ေလွာ္တက္
အားအသာအယာလႈပ္ရွားၿပီးေလာင္း(ေလွ)အားေရလယ္ရွိေသာင္ျပင္သို႔
ဦးလွည့္ေပးေနေလ၏။
ေရစီးအတိုင္းတေ႐ြ႕ေ႐ြ႕ႏွင့္ေမ်ာပါလာေသာေလာင္း
(ေလွ)သည္ ဘဲအုပ္မ်ားရွိရာ လတာျပင္ႏွင့္ နီးသည္ထက္ နီးကပ္လာေလ သည္။ ရပ္ရွား (႐ုရွား) ဘဲအုပ္မွာ အေကာင္ေရငါးဆယ္ခန႔္ရွိသည္။ ဘဲအုပ္
ရွိရာသို႔ေလာင္း(ေလွ)ဦးနီးကပ္လာသည္မွကိုက္(တစ္ရာ)ခန႔္ေရာက္ရွိလာ ၿပီျဖစ္၏။ ဘဲအုပ္မွာျမစ္အတြင္းမွေမွ်ာပါလာေသာေလာင္း(ေလွ)အားစူးစမ္း ေသာအၾကည့္ျဖင့္ ၾကည့္ရႈ႕ၾကၿပီးလွ်င္ ေလာင္း(ေလွ)ေပၚတြင္ လူတစ္ဦး တစ္ေယာက္မွမေတြ႕ရသည့္အတြက္ တစ္ေကာင္ႏွင့္တစ္ေကာင္အသံေပး ရင္းလတာျပင္ေပၚတြင္ ခုန္ေပါက္ျမဴးတူးေနၾကေလသည္။ ေလာင္း(ေလွ)ႏွင့္ဘဲအုပ္ကိုက္ငါးဆယ္ခန႔္အကြာအေဝးသို႔ေရာက္
သည္ႏွင့္ ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္သည္ ႏွစ္လုံးျပဴးေသနတ္အားဘဲအုပ္ ရွိရာသို႔ ေသခ်ာစြာ ခ်ိန္ၿပီးလွ်င္ ေသနတ္ဘယ္ဘက္ေျပာင္းခလုတ္အား ညႇစ္ဆြဲလိုက္ေလေတာ့သည္။ ဒိုင္း – ဟူေသာေပါက္ကြဲသံႏွင့္အတူ ဘဲအုပ္ ႀကီးမွာလန႔္ၿပီးလွ်င္ လတာျပင္ေပၚတြင္ေလးလွမ္းငါးလွမ္းခန႔္မွ် အားယူေျပး လႊားသြားၿပီးေကာင္းကင္ထက္သို႔ပ်ံတက္ၾကေလ၏။ ဘဲအုပ္ႀကီးပ်ံတက္၍ ဝါးတစ္ျပန္ အျမင့္ခန႔္ ေရာက္ရွိခ်ိန္တြင္ ၿမိဳ႕ပိုင္မင္း၏ ႏွစ္လုံးျပဴး ေသနတ္ ညာဘက္ေျပာင္းမွေပါက္ကြဲသံေပၚထြက္လာေလေတာ့သည္။ ေလထဲတြင္ ပ်ံသန္းေနၾကေသာ ဘဲအုပ္တြင္းမွ ဘဲ (၃)ေကာင္သည္ လတာျပင္ေပၚသို႔ ျပဳတ္က်လာသည္ကို ေတြ႕ၾကရေလ၏။ လႈပ္ရွားပစ္ခတ္မႈ ဖလိုင္းေရွာ့(တ္) (ပ်ံဝဲေနစဥ္) … ပစ္ခတ္နည္းျဖင့္ ပစ္လိုက္ျခင္းျဖစ္သည္။

“ဟာ .. ၿမိဳ႕ပိုင္မင္းလက္ကေတာ့ အရင္ကထက္ေတာင္ ေျဖာင့္လာ ေသးတယ္… ပထမပစ္ခ်က္ကေလးေကာင္ ဒုတိယဖလိုင္းေရွာ့(တ္) (ပ်ံဝဲ ေနစဥ္) ပစ္ခ်က္က သုံးေကာင္အားလုံး (၇)ႏွစ္ေကာင္ေတာင္ ထိတယ္ဗ်” ႐ြာသူႀကီးကအားရပါးရေျပာလိုက္ၿပီးဖိုးသိန္းအားဘဲအေသမ်ားအား
ေကာက္ယူခိုင္းလိုက္ေလ၏။
“ကိုင္း သူႀကီးေရ … ဘဲခုႏွစ္ေကာင္ေတာင္ ရၿပီပဲ – ႐ြာျပန္ၾကရ ေအာင္ – ညက်ရင္လည္းေခ်(ဂ်ီ)ပစ္ထြက္ၾကဦးမွာ၊ဒီေန႔ခင္းေတာ့ေတာ္ၿပီ ေပါ့ဗ်ာ”
ၿမိဳ႕ပိုင္မင္း၏ ေျပာစကားဆုံးသည္ႏွင့္ သူႀကီးဦးေက်ာ္စိန္မွ ေလာင္း (ေလွ)သမားႏွစ္ေယာက္အား႐ြာဆီသို႔ျပန္လွည့္ၿပီးေလွာ္ခတ္ခိုင္းလိုက္ေလ ၏။ ႐ြာသို႔ ျပန္ေရာက္ၾကၿပီး ရရွိခဲ့ေသာဘဲမ်ားအား အေမြးႏုတ္၍ ကင္ထား လိုက္ၾကေလသည္။ ၿမိဳ႕ပိုင္မင္းသည္ သူ၏ ႏွစ္လုံးျပဴးေသနတ္အား သူ၏ လူယုံေတာ္ျမေအာင္ကိုတိုက္ခိုင္းလိုက္ေလသည္။
ညေနငါးနာရီအခ်ိန္ခန႔္တြင္ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္ႏွင့္အဖြဲ႕သည္
ညစာထမင္းစားေသာက္ၿပီးသျဖင့္ သူႀကီး၏အိမ္ေပၚထပ္တြင္ေရေႏြးၾကမ္း ေသာက္ရင္းစကားေျပာေနၾကေလသည္။
“ေန႔ခင္းကစုံစမ္းခိုင္းထားတဲ့ေခ်(ဂ်ီ)သတင္းဘာထူးလည္းသူႀကီး” “ႏြားေက်ာင္းသားေလး ဘပုေျပာတာကေတာ့ ႐ြာသခ်ႋဳင္းေတာင္ကုန္းမွာ ေခ်(ဂ်ီ) ႏွစ္ေကာင္ကို ေတြ႕တယ္တဲ့ – ၿမိဳ႕ပိုင္မင္းရဲ႕ – မေန႔က ညေနခင္းမွာ ႏြားေတြအိမ္ျပန္ေမာင္းလာတဲ့အခါသခ်ႋဳင္းနားကေညာင္ပင္ႀကီးေအာက္မွာ ေတြ႕ခဲ့ရေသးတယ္လို႔ ေျပာတယ္ ခင္ဗ်ာ”
သြားၾကတာေပါ့ –
“ဟာ – ဒါဆိုရင္ေတာ့ ဟန္က်တာေပါ့ဗ်ာ – ညကိုးနာရီေလာက္ လေရာင္လည္းရွိေသးတဲ့အခ်ိန္ဆိုေတာ့မီးတိုးပစ္ဖို႔မလို ဘူး။လေရာင္နဲ႔ပဲပစ္လို႔ရတယ္”။“႐ြာသခ်ႋဳင္းေတာင္ဆိုေတာ့သြားရတာေပါ့။ ေန႔လယ္ကေလာင္း(ေလွ)သမားႏွစ္ေယာက္ကိုပဲေခၚသြားမယ္။

စကားေျပာဆိုေနၾကၿပီး ေရေႏြးၾကမ္းေသာက္၍ေနၾကစဥ္ ည(၉) နာရီထိုးၿပီျဖစ္ေသာေၾကာင့္ … ၿမိဳ႕ပိုင္မင္းသည္ ႏွစ္လုံးျပဴးေသနတ္ႏွင့္ က်ည္ဆန္ခါးပတ္ကိုယူ၍႐ြာသူႀကီးဦးေက်ာ္စိန္ကငါးေတာင့္ထိုးဓာတ္မီးကို
ယူၿပီး အမဲလိုက္ဓားေျမႇာင္ကို ခါးပတ္တြင္ထိုး၍ အိမ္ေအာက္သို႔ ဆင္း လာၾက၏။ အိမ္ေအာက္တြင္ ပုလိပ္သားသုံးေယာက္မွာ ကြပ္ပ်စ္ေပၚတြင္ လဲေလ်ာင္းေနၾကေလသည္။ ေလာင္း(ေလွ)ဆိပ္သို႔ေရာက္လွ်င္ ေလာင္း (ေလွ)ဆိပ္သို႔ေရာက္လွ်င္ ေလာင္း(ေလွ)ေပၚတြင္ အသင့္ေစာင့္ေနေသာ ေလာင္း(ေလွ)သမား ေမာင္ထြန္းႏွင့္ဖိုးသိန္းတို႔ႏွစ္ေယာက္အား ေတြ႕ လိုက္ရေလ၏။ ၿမိဳ႕ပိုင္မင္းႏွင့္သူႀကီးတို႔ႏွစ္ေယာက္ ေလာင္း(ေလွ)ေပၚ သို႔ေရာက္သည္ႏွင့္ေလာင္း(ေလွ)အားႀကိဳးျဖဳတ္၍ေခ်ာင္းအထက္ပိုင္းသို႔
ေလွာ္ခတ္ခိုင္းလိုက္ေလသည္။
လဆန္း(၇)ရက္လေရာင္ႏွင့္ေခ်ာင္းေရျပင္တြင္ေလျပည္တိုက္ခတ္ မႈေၾကာင့္လႈိင္းၾကက္ခြပ္ကေလးမ်ားထေနေသာေခ်ာင္းေရျပင္မွာေငြေရာင္
ဖိတ္ဖိတ္လက္ေနသည္။ ေလာင္း(ေလွ)ကိုေလွာ္ခတ္လာသည္မွာ ဆယ့္ငါး မိနစ္ခန႔္အၾကာတြင္႐ြာသခ်ႋဳင္းေတာင္ကုန္းရွိေညာင္ပင္ႀကီးအားညလေရာင္ ေအာက္တြင္ ဆယ့္ငါးမိနစ္ခန႔္အၾကာတြင္ အုပ္ဆိုင္းညိဳမႈိင္းေသာအသြင္ ျဖင့္ လိုက္ၾကရေလသည္။
“ေမာင္ထြန္းေရ…အဲဒီေညာင္ပင္နားမေရာက္ခင္ခရာဆူးခ်ဳံေတြရွိတဲ့
ကမူေလးနားမွာ ေလာင္း(ေလွ)ကို ဦးထိုးဆိုက္ၿပီး ကပ္လိုက္ေဟ့ – အသံ မထြက္ေစနဲ႔ေနာ္”
႐ြာသူႀကီးဦးေက်ာ္စိန္က ေမာင္ထြန္းအား တီးတိုးေလသံျဖင့္ ေျပာ လိုက္ၿပီး ၿမိဳ႕ပိုင္မင္းအားလည္း – “ၿမိဳ႕ပိုင္မင္းခင္ဗ်ား- ေညာင္ပင္နားက ခရာ ဆူးခ်ဳံနားမွာ ေလာင္း(ေလွ)ဆိုက္ၿပီး ေညာင္ပင္ေအာက္ကို အေျခအေန ၾကည့္ၿပီးမွ ေရွ႕ဆက္သြားသင့္ရင္ ဆက္ၿပီး သြားၾကတာေပါ့”
ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္သည္ႏွစ္လုံးျပဴးေသနတ္တြင္ေျခာက္လုံး က်ည္ႏွစ္ေတာင့္အားေျပာင္းရင္းတြင္ထည့္၍က်ည္ထိုးထားလိုက္ၿပီး(ေလွ)
ဆိုက္ကပ္ၿပီး၍
ဆိုက္ကပ္ေနသည္ကိုေစာင့္ဆိုင္းေနေလ၏။ေလာင္း(ေလွ) ေလာင္း(ေလွ)ေပၚမွ ၿမိဳ႕ပိုင္မင္းႏွင့္ ႐ြာသူႀကီးတို႔ႏွစ္ေယာက္ ဆင္းလာခဲ့ၾက ၿပီး ခရာဆူးခ်ဳံမ်ားေရွ႕တြင္ရွိေသာ ကုန္းကမူေလးရွိရာသို႔ တျဖည္းျဖည္း တိုးကပ္သြားၾကေလသည္။ ကုန္းကမူေလးသို႔ေရာက္လွ်င္ႏွစ္ေယာက္သား ထိုင္ခ်လိုက္ၾကၿပီး ေညာင္ပင္ႀကီး၏ ေအာက္ဘက္သို႔ ေသခ်ာစြာ စူးစိုက္ ၾကည့္ရႈၾကေလ၏။ လေရာင္၏အလင္းမွာ ေညာင္႐ြက္မ်ားၾကားမွ မပီဝိုးဝါး ဟိုတစ္ကြက္ သည္တစ္ကြက္ က်ေနသျဖင့္ ေသခ်ာစြာ ၾကည့္ရႈၾကရ ေလသည္။
“ဟိုမွာေတြ႕ၿပီဗ်..ေခ်(ဂ်ီ)ေညာင္ပင္ေျခရင္းနားမွာမလႈပ္မယွက္ ၿငိမ္ေနတာေတြ႕လား – ဓာတ္မီးမထိုးနဲ႔ေနာ္၊ လေရာင္နဲ႔ပဲပစ္မယ္” ၿမိဳ႕ပိုင္မင္းသည္႐ြာသူႀကီးဦးေက်ာ္စိန္အားေလသံျဖင့္တီးတိုးေျပာဆို ၿပီးလက္တြင္းရွိႏွစ္လုံးျပဴးေသနတ္အားေညာင္ပင္ႀကီး၏ပင္ေျခသို႔ထိုးခ်ိန္
လိုက္ေလ၏။ ေသနတ္ေျပာင္းဝထိပ္ဖ်ားတြင္ရွိေသာခ်ိန္သီးႏွင့္ပစ္မွတ္ေခ် (ဂ်ီ)ရွိရာသို႔ တည့္မတ္စြာ ခ်ိန္႐ြယ္လိုက္ၿပီး ေသနတ္ေမာင္းခလုတ္အား ညင္သာစြာ ဆြဲညႇစ္လိုက္ေလ၏။ “capos..”
က်ည္ဆန္ဖင္အားေမာင္း႐ိုက္တံမွ႐ိုက္ခတ္လိုက္ေသာေခ်ာက္ဆို
သည့္ အသံသာ ထြက္ေပၚလာေလသည္။ ဘယ္ဘက္ေျပာင္း၏ ခလုတ္ဆြဲ ညႇစ္၍ ပစ္လိုက္ျခင္းျဖစ္သည္။ က်ည္မထြက္ က်ည္အျဖစ္ေသာေၾကာင့္ က်ည္ဆန္မထြက္ျခင္းျဖစ္သည္။ ၿမိဳ႕ပိုင္ဦးခင္ေမာင္လတ္သည္လက္ညႇိဳးအား ညာဘက္ေျပာင္းအပစ္ ခလုတ္ေပၚေျပာင္းလိုက္ၿပီး ေသခ်ာစြာ ခ်ိန္႐ြယ္၍ ဒုတိယအႀကိမ္ ခလုတ္အား ဆြဲညႇစ္လိုက္ေလ၏။
“ေခ်ာက္”
ဒိုင္း.. ဟူေသာ ေသနတ္သံအစား ေခ်ာက္ဟုသာ ေမာင္း႐ိုက္သံ ထြက္ေပၚလာေလ၏။ ၿမိဳ႕ပိုင္ ဦးခင္ေမာင္လတ္ စိတ္တိုသြားေလသည္။ ယခု ပစ္၍ မထြက္ေသာ က်ည္ဆန္မ်ားမွာ အိမ္မွယူလာေသာ အသစ္က်ပ္ခြၽတ္

က်ည္ဆန္မ်ားျဖစ္၏။ ယခုကဲ့သို႔က်ည္အျဖစ္ရန္အေၾကာင္းမရွိ – ထို႔ေၾကာင့္ ႏွစ္လုံးျပဴးေသနတ္အား ျဖဳတ္ယူ၍ ေသနတ္၏ ေျပာင္းရင္းတြင္သြင္းလိုက္ ၿပီးေျပာင္းအားျပန္တင္လိုက္၏။ ႏွစ္လုံးျပဴးေသနတ္ဆိုသည္မွာေျပာင္းကို ခ်ိဳး၍ ျပန္တင္လိုက္သည္ႏွင့္ ေမာင္းတင္ၿပီးသား အသင့္ပစ္ခတ္ရန္ အေန အထားျဖစ္သည္။က်ည္အႏွစ္ေတာင့္အားသူႀကီးဦးေက်ာ္စိန္သို႔လွမ္းေပးၿပီး ေသနတ္အားေညာင္ပင္ေျခရင္းသို႔ထိုးခ်ိန္ၿပီးပစ္မွတ္ရွိရာသို႔ပစ္ခတ္လိုက္
ေလ၏။
“ေခ်ာက္”
မထြက္ပါက်ည္ဆန္လုံးဝမထြက္ – ေညာင္ပင္ေအာက္တြင္ရွိေသာ ေခ်(ဂ်ီ)မွာလည္းတုတ္တုတ္မွ်မလႈပ္၊ ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္စိတ္မရွည္
ခ်င္ေတာ့ပါ။ ညာဖက္ေျပာင္းရင္းရွိက်ည္ဆန္အားထပ္မံ၍ပစ္ခတ္လိုက္ျပန္
သည္။
“ေခ်ာက္”
ဦးခင္ေမာင္လတ္တစ္ေယာက္ ဆံပင္ေမြးညင္းမ်ား ေထာင္ထသြား ေလာက္ေအာင္ အံ့ဩသြားေလသည္။ ေသနတ္ႏွင့္ ေလးခ်က္တိတိပစ္၍ က်ည္မထြက္ေသာ(ဂ်ီ)သူ႔တစ္သက္တစ္ခါမွမေတြ႕ဘူးမႀကဳံဘူးခဲ့ေပ။ ယခု
ေတြ႕ရႀကဳံေနရေလၿပီ။ သို႔အတြက္ေၾကာင့္က်ည္ဆန္မထြက္ေသာက်ည္ဆန္ မီးမကူးေသာ ေခ် (ဂ်ီ)ကို ၾကည့္ခ်င္ျမင္ခ်င္လာသည့္အတြက္ေၾကာင့္ ႐ြာသူႀကီးဦးေက်ာ္စိန္လက္ထဲမွ ဓာတ္ခဲ (၅)ေတာင့္လက္ႏွိပ္ဓာတ္မီးကို ယူ၍ေညာင္ပင္ေအာက္တြင္ရွိေသာေခ်(ဂ်ီ)အားလက္ႏွိပ္ဓာတ္မီးျဖင့္ထိုး
ၾကည့္လိုက္ေလေတာ့သည္။
လက္ႏွိပ္ဓာတ္မီးေရာင္ေအာက္တြင္ျမင္ေတြ႕လိုက္ရေသာျမင္ကြင္း
ေၾကာင့္ ဦးခင္ေမာင္လတ္ႏွင့္ ႐ြာသူႀကီးဦးေက်ာ္စိန္တို႔ႏွစ္ေယာက္သည္
အံ့ၾသတုန္လႈပ္၍ေၾကာက္လန႔္သြားၾကၿပီးေျခေထာက္မ်ားမွာ ရပ္၍မၿမဲၾက ေတာ့ပဲဒူးေထာက္လ်က္ထိုင္လ်က္သားက်သြားၾကေလေတာ့သည္။
ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္မွာ တုန္ရီေၾကာက္႐ြံ႕ေသာအသံျဖင့္
ဦးေက်ာ္စိန္အား ေျပာလိုက္ေလ၏။
“မွားကုန္ၿပီ သူႀကီးေရအမွားႀကီးမွားကုန္ၿပီ – က်ည္ဆန္မထြက္လို႔ ေတာ္ေသးတယ္၊ က်ည္သာထြက္သြားရင္ ဒုကၡအႀကီးအက်ယ္ ေရာက္ ကုန္မွာဗ်ာ”
“႐ြာသူႀကီးဦးေက်ာ္စိန္မွာ စကားသံ မထြက္ေပ တုန္တုန္ခ်ိခ်ိျဖင့္

ေညာင္ပင္ေအာက္သို႔သာ စူးစိုက္ၾကည့္ေနၿမဲ ၾကည့္ေနေလသည္။ အတန္
ၾကာၿပီးမွ –
“အဲဒါ … ႐ြာဦးေက်ာင္းက ဆရာေတာ္ႀကီးဦးဥကၠ႒ပဲ ၿမိဳ႕ပိုင္မင္းရဲ႕ ဆရာေတာ္ကဒီမွာလာၿပီးတရားထိုင္ေနတာ – ကံေကာင္းလို႔ေပါ့ၿမိဳ႕ပိုင္မင္း ရယ္ .. ကံႀကီးထိုက္ၿပီ ထင္ပါတယ္ဗ်ာ – ဘယ္လိုလုပ္ၾကမလည္း ဟင္ “ သက္ေတာ္ရွစ္ဆယ္ရွိတဲ့ ဘုန္းႀကီးပါ”
“ဆရာေတာ္ႀကီးကိုရွိခိုးကန္ေတာ့ၿပီးေတာင္းပန္ၾကတာေပါ့..သူႀကီး
ရယ္-ကဲလာလာ ဆရာေတာ္ႀကီးအနား သြားရေအာင္”
ၿမိဳ႕ပိုင္မင္းက သူႀကီးအား ေျပာဆိုၿပီး ေသနတ္ကို လက္တစ္ဖက္က ကိုင္၍ က်န္လက္တစ္ဖက္က လက္ႏွိပ္ဓာတ္မီးကို မီးထိုး၍ ေညာင္ပင္ႀကီး ေအာက္သို႔ေရွ႕ကဦးေဆာင္ထြက္သြာေလ၏။ ႐ြာသူႀကီးေက်ာ္စိန္ကလည္း
ေနာက္မွကပ္လ်က္လိုက္ပါသြားေလသည္။ေညာင္ပင္ေျခရင္းရွိဆရာေတာ္
ႀကီးအနားသို႔ ေရာက္သည္ႏွင့္ ႏွစ္ဦးသား လက္အုပ္ကိုယ္စီ ခ်ီလိုက္ၾကၿပီး ဆရာေတာ္ႀကီးအား ရွိခိုးကန္ေတာ့လိုက္ၾကေလ၏။ ဆရာေတာ္ႀကီးမွာ မ်က္လုံးမွိတ္လ်က္တင္ျပင္ေခြထိုင္ၿပီးလက္ဝါးႏွစ္ဖက္အားယွက္လ်က္ျဖင့္
တရားရႈမွတ္ေနဟန္ရွိေလသည္။ ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္ႏွင့္႐ြာသူႀကီး ဦးေက်ာ္စိန္တို႔မွာလက္အုပ္ခ်ီလ်က္သား ဆရာေတာ္ႀကီးအနီးတြင္ထိုင္ေန ၾကေလ၏။ တစ္နာရီခန႔္ၾကာၿပီးမွ ဆရာေတာ္ႀကီးသည္ မ်က္လုံးဖြင့္ၾကည့္ လိုက္ၿပီးေမးလိုက္ေလ၏။
“ဒကာႀကီးတို႔ ဘာကိစၥရွိလို႔လဲကြယ့္”
“မွန္ပါ့ဘုန္းဘုန္းဘုရား – တပည့္ေတာ္တို႔ ဆရာေတာ္ကို ျပစ္မွားမိ လို႔ေတာင္းပန္ခ်င္လို႔ပါဘုရား”။
“ေအာ္ – ႐ြာသူႀကီးတို႔ပါလား – ဘုန္းႀကီးတို႔ ဘာေတြပစ္မွားၾကလို႔ လည္းေျပာစမ္းပါဦး”

“မွန္ပါဘုရား … တပည့္ေတာ္တို႔ ဆရာေတာ္ တရားထိုင္ေနတာကို ေခ်(ဂ်ီ)ထင္မွတ္ၿပီးေသနတ္နဲ႔ပစ္မိပါတယ္ဘုရား…အဲဒါ – တပည့္ေတာ္တို႔ ကို ခြင့္လႊတ္ပါလို႔ ရွိခိုးေတာင္းပန္ပါတယ္ ဘုန္းဘုန္းဘုရား”
၏။
ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္က ေလွ်ာက္ထားေတာင္းပန္လိုက္ေလ
“ဒကာႀကီးတို႔က ဘုန္းႀကီးမွန္းမသိလို႔ ပစ္မိၾကတာပဲ – ဘုန္းႀကီး ခြင့္လႊတ္ပါတယ္…”။
“ဆရာေတာ္ဘုရား … ဆရာ့ေတာ္မွာ ေဆးေကာင္းဝါးေကာင္း အေဆာင္ေကာင္းေလးမ်ားရွိရင္ တပည့္ေတာ္တို႔ကို စြန႔္ပါဘုရား”။
“ဟဲ့ … ဒကာႀကီးရဲ႕၊ ဘုန္းႀကီးမွာ ဘာအေဆာင္မွ မရွိပါဘူးကြယ့္၊ ဘာျဖစ္လို႔ အေဆာင္ေတာင္းေနၾကတာတုန္းကြဲ႕ ဒကာတို႔ရဲ႕ – ေျပာစမ္းပါ
ဦး”။
“ဒီလိုပါဆရာေတာ္ဘုရား – တပည့္ေတာ္တို႔ဆရာေတာ္တရားထိုင္ ေနတာကိုေခ်(ဂ်ီ)အမွတ္နဲ႔ေသနတ္နဲ႔ပစ္မိပါတယ္ဘုရား၊ဒါေပမဲ့ေသနတ္
က မီးမကူးက်ည္မထြက္ပါ ဘုရား၊ ဒါေၾကာင့္ ဆရာေတာ္မွာ အေဆာင္ရွိလို႔ ေသနတ္မီးမကူး က်ည္ဆန္မထြက္တာျဖစ္မွာေပါ့ ဘုရား – မီးမကူး က်ည္ မထြက္တဲ့ အေဆာင္ေတာင္းတာပါ… ဘုန္းဘုန္းဘုရား”။
“ေအာ္…ဒါေၾကာင့္ကိုး – ဘုန္းႀကီးမွာဘာအေဆာင္မွမရွိပါဘူး။ဒကာ ႀကီးတို႔ရယ္… ဘုန္းႀကီးတရားထိုင္ေနတုန္းမွာေသနတ္မီးမကူးက်ည္ဆန္ မထြက္ဘူးဆိုတာ ဘာေၾကာင့္လည္း သိၾကလား” “ဘာေၾကာင့္ပါလည္း အရွင္ဘုရား – အမိန႔္ရွိပါဘုရား” “ဘုန္းႀကီးတရားထိုင္ေနစဥ္အခ်ိန္မွာ ဘုရားဂုဏ္ေတာ္ကိုးပါးရွိတဲ့ အထဲကအရဟံဂုဏ္ေတာ္ကိုပြားမ်ားေနလို႔ပဲဒကာႀကီးတို႔ – ဘုန္းႀကီးတို႔ရဲ႕ ဗုဒၶဘုရားရွင္ျမတ္ရဲ႕ထူးျခားျမင့္ျမတ္ေတာ္မူလွတဲ့ဂုဏ္ေတာ္ေတြရွိတယ္ကြဲ႕
ကိုးပါးေသာ ဂုဏ္ေတာ္ေတြေပါ့ကြယ္ – အဲဒီလို ဂုဏ္ေတာ္ေတြအထဲက အရဟံဆိုတဲ့ဂုဏ္ေတာ္တစ္ပါးထဲကို စူးစူးစိုက္စိုက္ ႐ြတ္ဖတ္ပူေဇာ္ပြားမ်ား
ေနရင္ တုတ္ ဓား ေသနတ္ၿပီးေစတယ္။ အႏၲရာယ္ကင္းေစႏိုင္ၿပီး ေဘးဒုကၡ အေပါင္းကကင္းေဝးေစတယ္ကြဲ႕။ အဲဒီလိုအရဟံဂုဏ္ေတာ္တစ္ပါးတည္းကို
ပဲေန႔ညမျပတ္႐ြတ္ဖတ္ပူေဇာ္ပြားမ်ားလို႔ရွိရင္ထြက္ရပ္ေပါက္ပုဂၢိဳလ္ေတာင္
ျဖစ္တယ္လို႔ က်မ္းစာေပစာနဲ႔တကြ ေဖာ္ျပေရးသားထားတာေတြ အထင္ အရွားရွိတယ္ ဒကာႀကီးတို႔”
“တင္ပါ့ဘုန္းဘုန္း … ဆရာေတာ္ကို ပစ္မိလို႔ မီးမကူးမထြက္တဲ့ က်ည္ဆန္တစ္ေတာင့္ကိုပစ္ၾကည့္ပါရေစဘုရား ခြင့္ျပဳေတာ္မူပါ”။
ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္သည္ ဆရာေတာ္ႀကီးအား ေတာင္းပန္ ေလွ်ာက္ထားၿပီး ႏွစ္လုံးျပဴးေသနတ္အား ေမာင္းခ်ိဳးလိုက္ၿပီး ေျပာင္းရင္း အတြင္း၌ရွိေနေသာပစ္၍မထြက္သည့္ က်ည္ဆန္အားေသနတ္ေမာင္းျပန္ တင္၍မိုးေပၚသို႔ ေသနတ္အားေထာင္ၿပီး ေမာင္းအား ဆြဲညႇစ္လိုက္ေလ၏။ “ဒိုင္း”
က်ယ္ေလာင္စြာေပါက္ကြဲေသာေသနတ္သံေၾကာင့္ေညာင္ပင္ႀကီး ႏွင့္အနီးရွိသစ္ပင္မ်ားေပၚတြင္အိပ္ေနၾကေသာေက်းငွက္မ်ားလန႔္ပ်ံေျပးသံ
မ်ားဆူညံသြားေလေတာ့သည္။ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္သည္လက္တြင္း
မွေသနတ္အားေျပာင္းခ်ိဳး၍ေျပာင္းရင္းအတြင္းရွိပစ္ၿပီးသားက်ည္ဆန္အခြန္
ႏွင့္ မထြက္ခဲ့ေသာ က်ည္ဆန္တစ္ေတာင့္အား ထုတ္ယူလိုက္ၿပီးလွ်င္ က်ည္ဆန္ခါးပတ္အတြင္းသို႔ျပန္ထည့္လိုက္ၿပီးက်ည္ဆန္ခါးပတ္အားခါးမွ ခြၽတ္လိုက္၍ႏွစ္လုံးျပဴးေသနတ္ႏွင့္တကြပူးၿပီးဆုပ္ကိုင္ကာဆရာေတာ္ႀကီး
၏ေရွ႕တြင္ ခ်ထားလိုက္ၿပီးလွ်င္…
“ဆရာေတာ္ႀကီးဘုရားအခု သည္ေန႔သည္အခ်ိန္အခါမွစ၍တပည့္ ေတာ္ရဲ႕ပိုင္ဆိုင္တဲ့ သည္ေသနတ္နဲ႔ က်ည္ဆန္အားလုံးအား ဆရာေတာ္ကို ေပးလႉပါတယ္ အရွင္ဘုရား – သည္ေန႔သည္အခ်ိန္ကစ၍ တပည့္ေတာ္ သည္အမဲပစ္ျခင္းေတာလိုက္ျခင္းအလုပ္ကိုစြန႔္လႉလိုက္ပါၿပီဘုရား။အရွင္
ဘုရားအား ပစ္မွားမိသည့္အမွားကိုလည္း ခြင့္လႊတ္ေတာ္မူပါရန္ ေလွ်ာက္ ထားေတာင္းပန္အပ္ပါသည္ ဆရာေတာ္အရွင္သူျမတ္ဘုရား”။
ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္သည္ရွည္လွ်ားစြာေလွ်ာက္ထားလိုက္ၿပီး ေသနတ္ႏွင့္က်ည္ဆန္ခါးပတ္အားဆရာေတာ္ႀကီးသို႔ေပးအပ္လိုက္ေလရာ
ဆရာေတာ္ႀကီးက
“ဒကာႀကီး ဘုန္းႀကီးတို႔နဲ႔ ဒီလို လက္နက္နဲ႔ဆိုတာ လုံးဝ မအပ္စပ္ မသက္ဆိုင္ေပဘူး။ ဒါေၾကာင့္ ဒကာၿမိဳ႕ပိုင္ႀကီးပဲ ျပန္ယူသြားပါ။ ဒါမွမဟုတ္ ေဟာဒီ႐ြာသူႀကီးဦးေက်ာ္စိန္ကို ေပးလိုက္ေပါ့ကြယ္ .. ဒီေန႔ဒီရက္ကစလို႔ ေတာမပစ္ေတာ့ပဲသူ႔အသက္ကိုသတ္တဲ့ပါဏာတိပါတာဆိုတဲ့သိကၡာပုဒ္ကို
ေစာင့္ထိန္းၿပီး သတၱဝါေတြရဲ႕အသက္ မသတ္ျဖတ္ေတာ့ဘူး ဆိုတဲ့အတြက္ ဘုန္းႀကီး သာဓုေခၚပါတယ္ဒကာႀကီး – သာဓု – သာဓု – သာဓု ဘုန္းႀကီးလို႔ အသက္ရွည္ပါေစကြယ္”
“ေပးတဲ့ဆုနဲ႔တစ္လုံးတစ္ဝတည္းျပည့္စုံရပါလို၏အရွင္ဘုရား” ၿမိဳ႕ပိုင္မင္းႏွင့္႐ြာသူႀကီးဦးေက်ာ္စိန္တို႔သည္ဆရာေတာ္ဦးဥကၠ႒အား
ရွိခိုးဦးခ်၍ျပန္ခဲ့ၾကေလေတာ့သည္။ ၿမိဳ႕ပိုင္မင္းဦးခင္ေမာင္လတ္သည္ေနာက္
တစ္ေန႔မိုးလင္းသည္ႏွင့္သူ၏ကိုယ္ပိုင္ပစၥည္းျဖစ္ေသာႏွစ္လုံးျပဴးေသနတ္
ႏွင့္က်ည္ဆန္မ်ားအား႐ြာသူႀကီးဦးေက်ာ္စိန္အားအပိုင္ေပးအပ္ခဲ့ၿပီး႐ြာဦး
ေက်ာင္းဆရာေတာ္ႀကီးဦးဥကၠ႒ေက်ာင္းသို႔သြား၍ပစၥည္းေလးပါးဒကာခံယူ
လိုက္ၿပီးလွ်င္ ၿမိဳ႕သို႔ ျပန္လည္ထြက္ခြာသြားေလေတာ့သတည္း။
ရခိုင္အေခၚ
ဗမာအေခၚ
ေဖာင္ေတာ္ဆိပ္
ေမာ္ေတာ္ဘုတ္
အေဟာဒါ
႐ြာေဆာ္
ေလာင္း
မက္ကလာ
ေလွ
ခေမာက္
၁ မင္းျမင့္ႏိုင္(ဘူးသီးေတာင္)