အိမ်စောင့်ပြိတ္တာ(စ/ဆုံး)

အိမ်စောင့်ပြိတ္တာ(စ/ဆုံး)
—————————-
ကတိအတိုင်းတင်ပေးလိုက်ပါတယ်အိမ်ထဲမှာနေရင်းဖတ်ပါ
ဒီစာမူကတော့ရောင်ပြန်မဂ္ဂဇင်းတိုက်ကဖြစ်ရပ်မှန်စာမူတစ်ပုဒ်ပါစာအုပ်တိုက်ကစာမူတွေပါလို့စာအုပ်လာထုတ်ပါပြောချိန်မှာကိုယ်ကရှမ်းပြည်ရောက်နေလို့သွားမထုတ်ဖြစ်ပါပြန်လာမှယူမယ်စိတ်ကူးထားပေမဲ့ကပ်ရောဂါကြောင့်စာအုပ်တိုက်ပိတ်သွားလို့ဘာစာအုပ်မှမရလိုက်သလိုစာမူဘယ်နှစ်ပုဒ်ပါမှန်းတောင်မသိလိုက်ပါဘူး
ဒါကတော့ရေးပြီးသားအဆင်သင့်ရှိနေလို့ပါကိုယ့်ရဲ့အမာခံဘော်ဒါတွေပိတ်ရက်မှာဖတ်ဖို့စေတနာထားပြီးတင်ပေးလိုက်ပါတယ်
ဖတ်လို့အဆင်ပြေရင်like &share လုပ်ဖို့မမေ့ကြနဲ့ဦးနံမည်ဖျောက်၍ခိုးမကူးပါနှင့်
___+______+______
နော်အဲလားတစ်ယောက်အလုပ်ကအပြန်ညစာချက်စားရန်အမဲသားအနည်းငယ်ကိုဈေးကဝင်ဝယ်လာကာအိမ်ကိုခပ်သုတ်သုတ်ပြန်လာ၏
အိမ်ရောက်တော့အမှောင်ဘက်လုနေသောအလင်းရောင်လေးအားကိုး၍အိမ်ရှေ့ရေတိုင်ကီနားတွင်အမဲသားကိုင်ကာဆေးကြော၍လက်ကျန်ရေများကိုနဘေးမှာရှိသောသရက်ပင်ခြေရင်းသို့လှမ်းပက်လိုက်၏
ထိုအချိန်မှာပဲအပင်ပေါ်မှတရှဲရှဲမည်ကာလေမတိုက်ပဲသစ်ရွက်များလှုပ်ခါသွားတာကြောင့်အကောင်တစ်ကောင်သစ်ပင်ပေါ်ရောက်နေသည်ထင်မိ၍သိပ်အလေးမထားမိပဲဟင်းချက်ရန်အိမ်ထဲဝင်ခဲ့သည်။
သူမကအမဲသားဟင်းချက်ရန်အတွြက်ပင်ဆင်လက်စသတ်ပြီးချိန်ယောင်္ကျားဖြစ်သူလည်းအလုပ်ကပြန်လာတာနဲ့တိုးသွား၍
””မိန်းမရေဘာဟင်းချက်မလို့လဲကွ””
“”ရှင်ကြိုက်တဲ့အမဲသားဝယ်လာတယ်အခုမှချက်ရမှာ””
“”ဟုတ်လားကိုယ်ပါကူလုပ်ပေးမှာပေါ့မီးမွှေးပေးမယ်””
“”ကောင်းသားပဲကျွန်မဟင်းပြင်လိုက်ဦးမယ်””
နော်အဲလားတို့လင်မယားကရန်ကုန်မြို့ကစက်ရုံတစ်ရုံစီတွင်အလုပ်လုပ်ကြ၍နော်အဲလားကအလုပ်ပြီးချိန်ညနေစောင်းမှအိမ်ပြန်လာရင်းလမ်းမှာဈေးဝင်ကာဟင်းချက်စရာဝယ်နေကြဖြစ်သည်။
အိမ်ရောက်မှညနေစာအတွက်ချက်ပြုတ်၍မနက်ထမင်းချိူင့်အတွက်ပါတစ်ခါတည်းချက်ထားလိုက်သည်။သူမတို့လင်မယားကကရင်လူမျိူ းများဖြစ်ကာမြို့သို့တက်၍အလုပ်လာလုပ်ခြင်းဖြစ်သည်။
စက်ရုံကနေစရာမပေး၍အိမ်ပွဲစားအကူအညီဖြင့်မြို့စွန်ကချောင်ကျသောနေရာမှာဈေးပေါသောအိမ်လေးတစ်လုံးဌားနေကြပြီးလစာကလေးစု၍နယ်တွင်လယ်ကွက်ကလေးဝယ်နိုင်အောင်ကြိုးစားနေကြခြင်းဖြစ်သည်။
သူမတို့ဌားနေသောအိမ်ကလေးကခြံစည်းရိုးမလုံပေ။လူမနေတာကြာ၍အပျက်အစီးများရှိနေပေမဲ့နေ၍တော့ရသေးသည်။
အိမ်ကအဖြစ်သဘောမျိူးသာဆောက်ထားတာဖြစ်ပြီးဇရပ်သာသာလောက်သာရှိ၏ ဟောင်းနေပေမဲ့သူမတို့အတွက်တော့ကျောတစ်ခင်းစာ-ညအိပ်စရာရတာကိုပဲအဆင်ပြေလှသည်ထင်ပေသည်။
ပတ်ဝန်းကျင်တွင်လည်းအိမ်သိပ်မရှိလှမြေကွက်အလွတ်များသာများသည့်အတွက်ကိုယ့်အလုပ်ကိုယ်လုပ်နေရုံသာရှိ၏။
လူနေစိတ်သောရပ်ကွက်တွေလိုဆူဆူညံညံအသံဗလံတွေမကြားရသလိုမျက်စိနောက်သက်သာသည်ဟုထင်၏။သူတို့လင်မယားကလည်းအေးအေးဆေးဆေးနေချင်သူများဖြစ်၍အဆင်ပြေသည်။
သူတို့လင်မယားကတစ်နေကုန်အလုပ်သွားနေသူများဖြစ်၍အိမ်ကောင်းတာမကောင်းတာအရေးမကြီးညအိပ်ချိန်နားအေးပါအေးနေရဖို့သာအဓိကဖြစ်သည်။
အိမ်ကအခန်းမဖွဲ့ထားပေ။မီးဖိုဆောင်တွေရေချိူးခန်းတွေဘာတွေမရှိဟောခန်းကြီးဖြစ်သည်။ရေအိမ်ကအိမ်နောက်ဖေးထောင့်တွင်ဆောက်ထားပြီးယိုင်နွဲ့နေပေပြီ
အိမ်ရှေ့တွင်သရက်ပင်ကြီးတစ်ပင်ရှိ၍လူနှစ်ယောက်ဖက်စာလောက်ရှိပေသည်။
ထိုအပင်အောက်နားတွင်ရေတုန်ကင်ရှိပြီးကျောက်စည်တစ်လုံးချထား၏
ကျောက်စည်ကသေး၍ရေသုံးရတာအဆင်မပြေသောကြောင့်သူတို့လင်မယားကရေတိုင်ကီအဟောင်းကလေးတစ်လုံးဝယ်ကာသုံးရသည်။
ထိုရေတိုင်နားမှာပင်ရေချိူ းရေသုံးရ၏မီးဖိုချောင်ရေကပြင်မရှိသောကြောင့်သရက်ပင်အောက်မှာပင်ရေချိူ း-ပန်းကန်ဆေး-အဝတ်လျှော်-စည်ဖြင့်ဘက်စုံသုံးရ၏
နော်အဲလားကဟင်းချက်စရာများကိုင်ပြီးသည့်အခါတိုင်းအညှီအဟောက်ရေများကိုနဘေးရှိသရက်ပင်ခြေရင်းသို့လှမ်းပက်လေ့ရှိပေသည်။
ထိုသို့လှမ်းပက်သည့်အခါတိုင်းသရက်ပင်ကြီးကလှုပ်ရှားသွားသလိုလိုထင်ရပေမဲ့အမှု့မဲ့အမှတ်မဲ့နေဖြစ်ကြတယ်။
သူမတို့လင်မယားကတစ်နေကုန်အလုပ်လုပ်ကြရသည်ဆိုတော့အဟာရပြည့်ဝအောင်အသားငါးကိုနေ့တိုင်းလိုလိုချက်စားဖြစ်၏။
ပြောင်းလာကာစကအကြောင်းမထူးပေမဲ့နှစ်လသုံးလလောက်ကြာသည့်အခါအကြောင်းထူးလာ၏။
သူမတို့လင်မယားမနက်ထမင်းချိုူင့်အတွက်ချက်ပြုတ်ထားသောဟင်းများအမြဲလိုလိုပျောက်လာတယ်။
ပထမတော့ကြောင်ဝင်စားတယ်ထင်ပေမဲ့နောက်တော့မသင်္ကာဖြစ်လာ၏သူတို့လင်မယားစိတ်ထဲသရိုးသရီထင်လာကြ၏
သို့သော်သူတို့လင်မယားကကရင်ခရစ်ယာန်ဘာသာကိုးကွယ်သူများဆိုတော့ဘယ်အရာမှသိပ်ပြီးအယုံအကြည်မရှိကြပါသရဲတစ္ဆေလည်းမမြင်ဘူးကြ
တစ်ညတွင်နော်အဲလားအိပ်ပျော်နေတုန်းသူမနှာခေါင်းထဲညှီစို့စို့အနံ့ကြီးတိုးဝင်လာ၍လန့်နိုးသွား၏ထိုအခါညအိပ်မီးသီးမှိန်မှိန်လေးအလင်းရောင်ဖြင့်သူမဘေးမှမည်းမည်းအကောင်ကြီးတစ်ကောင်ဖြတ်သွားကာထမင်းအိုးဟင်းအိုးများထားရာဘက်သို့သွားတာမြင်လိုက်ရ၏
ထိုမည်းမည်းကောင်ကြီးထမင်းဟင်းအိုးများကိုလှန်လှော၍မနက်ထမင်းဘူးအတွက်ချက်ထားသောအမဲသားဟင်းများကိုအားပါးတရနှိုက်စားနေရာသူမကကြောက်ကြောက်လန့်လန့်ဖြင့်ချောင်းတစ်ချက်ဟန့်လိုက်၏
”အဟမ်း”’
သူမချောင်းဟန့်သံကြောင့်ဟင်းအိုးကိုနှိုက်စားနေသောမည်းမည်ကောင်ကြီးလက်ကဟင်းအိုးကရုတ်တရက်လွတ်ကျသွားတော့သည်။
”’ဂလွမ်း–‘လွမ်း—-လွမ်–”’
ထိုမည်းမည်းအကောင်ကြီးကအသံကြားရာသူမတို့လင်မယားအိပ်နေရာဆီသို့လှည့်ကြည့်လိုက်ရာရေနွေးပန်းကန်လုံးလောက်ရှိသောရဲရဲတောက်နေသောမျက်လုံးကြီးနှစ်လုံးကိုသာမြင်လိုက်ရသည်။
သူမလည်းကြောက်လွန်း၍ဘာဆက်လုပ်ရမှန်းမသိယောင်္ကျားဖြစ်သူကိုလှုတ်နှိုုးရအောင်ပင်မလှုတ်ရှားရဲအောင်ထိတ်လန့်တုန်လှုတ်နေ၏
ထိုအကောင်ကြီးကသူမတို့လင်မယားလှုတ်ရှားတာမတွေ့တော့မှောက်ကျသွားသောဟင်းများကိုအားပါးတရကောက်စားနေတာဘာကိုမှဂရုမစိုက်တော့
သူမမြင်နေရသောအရာသည်သူခိုးတော့မဖြစ်နိုင်သူမတို့ို့မှာခိုးစရာအဖိုးတန်တာဘာပစ္စည်းမှမရှိအိမ်တံခါးကလည်းပိတ်ထားတာဆိုတော့လူမဖြစ်နိုင်တာသေချာပေသည်။
လူမဟုတ်လျှင်သရဲဖြစ်မည်ထင်တာကြောင့်မကြောက်စဖူးကြောက်စိတ်ကငယ်ထိတ်ရောက်နေ၏။
ဒီလောက်ဆူညံစွာဟင်းအိုးမှောက်ကျတာတောင်ယောက်င်္ကျားဖြစ်သူကမနိုးပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာသေနေသလားတောင်ထင်ရပေသည်။
သူမတစ်ယောက်ထဲအသံမထွက်ရဲမလှုပ်ရှားရဲဖြင့်ဇောချွေးတွေထွက်နေချိန်မှာပင်မည်းမည်းကောင်ကြီးလည်းပျောက်ကွယ်သွား၏။
မနက်မိုးလင်းတော့ယောက်င်္ကျားဖြစ်သူကိုပြောပြရာမယုံသည့်အတွက်ပြောင်နေသောဟင်းအိုးကိုပြလိုက်မှယုံသွားတော့သည်။
“”ဒီအတိုင်းဆိုဒီအိမ်မှာဆက်နေလို့ဖြစ်ပါ့မလား–တော်ကြာလူကိုဒုက္ခပေးမှခက်မယ်””
“”ပတ်ဝန်းကျင်အိမ်တွေကိုအိမ်ရာဇဝင်လေးမေးကြည့်ရင်ကောင်းမယ်ဒါမှအကျိုးအကြောင်းလေးသိရမှာ””
သူတို့လင်မယားတိုင်ပင်ပြီးနောက်အိမ်နီးနားချင်းအိမ်တစ်အိမ်အားသွားမေးဖြစ်မှဖြစ်ကြောင်းမှန်ကိုသိခွင့်ရလိုက်ပေသည်။
”’အဲဒီအိမ်မှာအရင်ကအိမ်စောင့်အရက်သမားတစ်ယောက်ရှိတယ်အိမ်ရှင်ရဲ့ညီလို့ပြောတာပဲအားတိုင်းအရက်သောက်နေတာတစ်နေ့တော့နေမကောင်းလို့ဆိုပြီးဆေးခန်းသွားပြတာဆေးခန်းကပြန်လာပြီးအိမ်ထဲမှာကြိုးဆွဲချသေသွားတာပဲဘာဖြစ်တယ်တော့သေချာမသိဘူး”’
”’အိမ်ရှင်တွေကအိမ်ရောင်းတာရောင်းမထွက်ဘူးအိမ်ဌားတွေလည်းသရဲခြောက်တယ်ဆိုပြီးကြာကြာမနေရဲပဲပြောင်းပြေးသွားကြတာပဲ””
”’အိမ်ရှေ့ကသရက်ပင်ကသရက်သီးသီးရင်တောင်သွားမခူးရဲကြဘူးသရဲကသရက်ပင်ပေါ်ကတွန်းတွန်းချလို့မသေတာကံကောင်းတာ”’
အဖြေကရှင်းနေပြီဒီအိမ်မှာပရလောကသားရှိနေတာလက်တွေ့ကြုံဘူးပြီဆိုတော့မိန်းမဖြစ်သူကဆက်မနေရဲယောက်င်္ကျားဖြစ်သူကတော့ဈေးပေါ၍ဆက်နေချင်သေးသည်။
ဒီလိုနဲ့အလုပ်အားရက်အိမ်လိုက်ရှာလိုက်တာစိတ်တိုင်းမကျသေး၍ထိုအိမ်မှာပဲထိတ်လန့်စိတ်ဖြင့်နေကြရ၏။
အရင်လိုဟင်းတွေဘာတွေအိမ်မှာမချက်တော့ဈေးပေါသည့်ဆိုင်ကဝယ်ကာစားကြပြီးသရဲနှင့်ကင်းနိုင်သမျှကင်းအောင်နေကြသည်။
ဒီလိုနဲ့သရက်သီးသီးချိန်ရောက်တော့သရက်သီးတွေတစ်ပင်လုံးသီးနေတာပြွတ်လို့ဘယ်သူမှလာမခူးရဲလို့လားမသိကြီးချင်တိုင်ကြီးနေပေသည်။
အလုပ်ပိတ်ရက်တစ်ရက်တွင်နော်အဲလားယောက်င်္ကျားကအကြံတစ်ခုရ၏သူအကြံအတိုင်းသရက်ပင်အောက်သွား၍
”’ဒီသရက်ပင်မှာရှိတဲ့ပရလောကသားရေဒီအပင်ကသရက်သီးတွေခူးပြီးဈေးမှာသွားရောင်းမလို့ကူညီပါငွေများများရရင်အမဲသားဟင်းချက်ကြွေးမယ်”’
သူကသရဲမမြင်ဘူးတောအကြောက်အလန့်မရှိ့ပြောပြောဆိုဆိုသရက်ပင်ပေါ်တက်ကာသရက်သီးတွေခူးလိုက်တာအများကြီးရသလိုသရဲကကူညီခူးပေးသလားထင်ရအောင်လွယ်လွယ်ကူကူအကုန်ခူးရ၏
အောက်ပြုတ်ကျသည့်သရက်သီးတောင်အပင်အောက်ကတောင်းထဲတန်းတန်းမတ်မတ်ကျသွားတာလူပစ်ချရင်တောင်ဒီလောက်လက်တည့်မည်မထင်ပေ။
သူလှမ်းယူလို့မရသည့်ကိုင်းမမှီသည့်သရက်ကိုင်းတွေကလည်းတစ်စုံတစ်ယောက်ကသူမှီအောင်ဆွဲပေးသလိုဖြစ်နေတာအံ့သြစရာကောင်းလှသည်။
အားလုံးခူးပြီးတော့ဆာလာအိတ်လေးလုံးစာလောက်ရသည့်အတွက်ဆိုက်ကားဌားကာလင်မယားနှစ်ယောက်ဈေးမှာသွားရောင်းကြ၏
ဒါနဲ့ဈေးမှာသွားရောင်းလိုက်တာအကုန်ကုန်သွား၏အရင်းမရှိအမြတ်ကြီးပဲဆိုတော့အလွန်တွက်ခြေကိုက်ကာငွေမျိူးမျိူးမြတ်မြတ်ရလိုက်သည့်အတွက်အားရဝမ်းသာအိမ်ပြန်လာတာအမဲသားဝယ်ဖို့မေ့သွားတော့သည်။
သူတို့လင်မယားလည်းပိုက်စံတွေရေရင်းကျေနပ်နေကာညစာအတွက်သရက်ပင်ကလက်ကျန်သရက်သီးခူးပြီးသုတ်ကာထမင်းနှင့်စားပြီးအိပ်လိုက်ကြ၏
နော်အဲလားယောက်ကျားအိပ်ပျော်ခါစတွင်ကြောက်စရာကောင်းသောအိမ်မက်မက်တော့၏
အိမ်မက်ထဲတွင်အမွှေးထူထူးနှင့်လူဝံလိုလိုမည်မည်းကောင်ကြီးကရေနွေးပန်းကန်လုံးရှိသည့်နီရဲသောမျက်လုံးကြီးပြူးကာသူ့ကိုသွားကြိတ်သံနှင့်ပြောလိုက်တယ်
”’ဟေ့ကောင်မင်းငါ့ကိုအမဲသားချက်ကျွေးမယ်ဆိုငါကသရက်သီးတွေကူခူးပေးတာမင်းမေ့သွားပြီလားမင်းကတိမတည်တဲ့အတွက်အကျိုးခံစားလိုက်ဦး”’
ထိုအိမ်မက်မက်ပြီးနောက်နောိအဲလားယောက်င်္ကျားကမရပ်မနားဝမ်းရှောလိုက်တာလူလည်းမျော့မျော့သာကျန်တော့သည်။
မနက်မိုးလင်းတော့ဆရာဝန်ပြေးပင့်ရ၏ဆရာဝန်ဆေးထိုးပြီးချိန်မှာသူူ့မိန်မကိုအမဲသားတစ်ပိသာသွားဝယ်ခိုင်းကာအမြန်ချက်ခိုင်းပြီးသရက်ပင်ခြေရင်တွင်ချပေးလိုက်သည်။
သို့သော်ဝမ်းသွားတာမရပ်၍ဆေးရုံအမြန်တင်လိုက်ရ၏
သရက်သီးရောင်းရငွေလည်းတစ်ပြားမကျန်ကုန်သွားသလိုကံကောင်း၍အသက်မသေခဲ့ခြင်းဖြစ်သည်။
ထို့နောက်ဆေးရုံကဆင်းပြီးတာနဲ့ထိုအိမ်ကိုမပြန်ရဲတော့၍အိမ်ပြောင်ပြေးသွားပေတော့သည်။
တိမ်လွှာမိုး