ဝိဉာဉ်နုတ်သည့် လက်စွပ်(စ/ဆုံး)

Unicode Version

ဝိဉာဉ်နုတ်သည့် လက်စွပ်(စ/ဆုံး)
—————————————-
ဆရာတပည့်နှစ်ယောက်နေအိမ်မှထွက်လာခဲ့ပြီး မည်သည့်နေရာသွားရမှန်းမသိဖြစ်နေသည်။ အမှန်မှာအထက်အမိန့်ကြောင့် ခရီးထွက်လာခြင်းမဟုတ်။ နေအိမ်တွင်မိခင်၏လွမ်းစရာပုံရိပ်များကို ဖြေဖျောက်စေရန်နေအိမ်နှင့်ဝေးရာသို့ထွက်လာခဲ့ခြင်းဖြစ်သည်။ သားအမိသားအဖသုံးယောက်သာရှိသောအိမ်လေးတွင် မိခင်မရှိတော့သည့်အခါ ခံစားမှုကရင်ထဲလှိုက်၍ဝမ်းနည်းဖွယ်ရာပင်။ ဖခင်မှာလည်း မိခင်မရှိတော့သည့်အိမ်၌မနေခြင်တော့သဖြင့် ပရိယာယ်များလှသောလူ့ဘောင်မှ သာသနာ့ဘောင်သို့အပြီးဝင်ခဲ့လေ၏။
မိမိသည်ပင်အပုပ်ကောင်ကိုသရုပ်ဆောင်၍ လောက၏ကြိုးဆွဲရာ ကနေရပေဦးမည်။ မိခင်မရှိတော့သည့် သူ့ဘဝ၌
ဘာတွေများထပ်ပြီးတွယ်တာရဦးမည်နည်း။ ရှေ့ဆက်၍သွားလေသူမိခင်အတွင်ရည်စူးကောင်းမှုတစ်ခုသာသူ့အတွက်အခွင့်အရေးရှိတော့သည်။ သို့ကြောင့်ကိုးတောင်ပြည့်စေတီလေးရှိရာတောင်ထိပ်၌ ရက်ရှည်အဓိဌာန်ဝင်နေလိုက်၏။ မောင်ထင်ပေါ်လည်း ဆရာဖြစ်သူဝမ်းနည်းနေသည်ကိုသိ၍ ဘာစကားမွမဆိုဘဲ ဆရာနည်းတူတရားထိုင်လိုက်၏။
မောင်ရေခဲ တရားထိုင်နေသော်လည်း စိတ်ကမတည်ငြိမ်။ မိခင်၏မျက်နှာပုံပန်းသွင်ပြင်နှင့် စကားသံများကိုသာမြင်ယောင်နေမိ၏။
“လူလေး…စိတ်ကိုငြိမ်သက်နေတဲ့ကန်ရေပြင်လိုထား….ဒါတွေဟာအတွေးသက်သက်ဘဲ….လူလေးစိတ်ကိုရအောင်ချုပ်တည်းချေ….”
နားထဲမှဆရာသခင်၏အသံကိုကြားရသောကြောင့် မြင်နေရသောအာရုံများပျောက်ပျက်စေရန် ခေါင်းကိုခါယမ်းလိုက်သည်။
” ဟူး…..မမြင်ရတဲ့သံယောဇဉ်တစ်မျှင်လေးက ဖြတ်ရတာမလွယ်ပါလား….”
ထိုသို့တွေးပြီး အတတ်နိုင်ဆုံးစိတ်ကိုစုစည်းလိုက်သည်။ ပထမရက်များ၌စိတ်ကိုတည်ငြိမ်အောင်ထိန်း၍မရသော်လည်း နောက်ရက်များ၌ မိမိ၏စိတ်ကိုတရားဖြင့်ဖြေဖျောက်ကာ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိူင်ခဲ့သည်။
နေ့နေ့ညည တရားရှုမှတ်နေသောဆရာဖြစ်သူကိုကြည့်ပြီး မောင်ထင်ပေါ်စိုးရိမ်စိတ်ဖြစ်နေမိသည်။ အစားအသောက်မှီဝဲခြင်းမရှိဘဲ ဆရာဖြစ်သူတရားထိုင်နေသည်မှာ သုံးရက်ပင်ရှိနေပြီမဟုတ်ပါလား။
“ဟူး….ဆရာ့မျက်နှာအတော်လေး ချောင်ကျသွားလိုက်တာ…”
မောင်ထင်ပေါ်က ဆရာဖြစ်သူကိုကြည့်ပြီးသင်ပြင်းမောတချက်ချလိုက်၏။
” မျဖစ္ဘူး…ဒီတိုင်းဆိုဆရာ အားပြတ်သွားလိမ့်မယ်…ဆရာတစ်ခါမှဒီလိုမစားမသောက်ဘဲမနေဖူးဘူး…အင်း…ငါဘယ်လိုလုပ်ရင်ကောင်းမလဲ….”
မောင်ထင်ပေါ်တစ်ယောက် ဘုရားရင်ပြင်ပေါ်ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဆရာဖြစ်သူကိုစိတ်ပူနေ၏။ တန်ဆောင်းထဲ၌တရားရှုမှတ်နေသောမောင်ရေခဲမှာ မလှုပ်မယှက် ငြိမ်သက်နေဆဲပင်။
*****************************
အေးမြချမ်းသာဟူသောရွာလေးတစ်ရွာတွင် ကိုအောင်လှ၏ဇနီးသည်က ကလေးမွေးဖွားနေ၏။ အရပ်လက်သည်ဆရာမနှင့်မွေးသည်ဖြစ်ရာ ပြောင်းပြန်ဖြစ်နေသောခလေးကို အတော်နဲ့မွေး၍မရချေ။
အရပ်လက်သည်လည်း ချွေးဇောပြန်နေချေပြီ။ ညကြီးအချိန်မတော်လည်းဖြစ်နေသောကြောင့် မြို့ဆေးရုံသွားရန်လည်းမလွယ်ချေ။
” မိမော်…ညစ်ထားအေ…ညစ္ထား…အားမလျှော့လိုက်နဲ့….ညည်းကလေးက ပြောင်းပြန်ကြီးထွက်လာတော့ ဖွားရခက်နေတယ်တော့….”
အရပ်လက်သည်မှာမိမော်၏ဗိုက်ကိုပွတ်ဆွဲချပေးလိုက်၊မိန်းမကိုယ်တွင်ပြောင်းပြန်ထွက်နေသောကလေး၏ခြေထောက်ကို အသာကလေးဆွဲထုတ်လိုက်ဖြင့်ပျာယာခတ်နေ၏။
” အီး….အား…အေမေရ…ကယ်ပါဦး… နာလိုက်တာတော်….ကိုအောင်လှရေ…ရှင့်ကြောင့်ဖြစ်ရတာ…အီး…နာလိုက်တာရှင့်….”
မိမော်မှာအပေါ်မှ ချထားပေးသောဆွဲကိုင်စရာကြိုးကို အားကုန်ဆွဲကိုင်လိုက်ပြီး ကလေးကိုမွေးထုတ်နေ၏။ သို့သော်ကလေးမာမွေးရခက်သည်ဟုဆိုရမည်။ အတော်နဲ့ထွက်မလာချေ။
” ဟဲ့မိမော်…နင့်လင်ကိုမကျိန်ဆဲနဲ့အေ့…ကလေးမွေးရခက်တာက လင်ယောကျာ်းအပေါ် မရိုမသေလုပ်မိတာလည်းပါတယ်အေ့….ဟဲ့…အောင်လှ…တော့အောင်လှရေ ညည်းမိန်းမညည်းအပေါ် အပြစ်လုပ်မိတာရှိရင်လည်း ခွင့်လွတ်လိုက်အေ….ဒီမှာသူမွေးရအရမ်းခက်နေတယ်….”
အရပ်လက်သည်၏စကားကြောင့် အောင်လှသည် မိမိအပေါ်ဇနီးသည်လုပ်မိသောအပြစ်များကိုပြန်လည်စဉ်းစားနေ၏။ သို့သော် ဘာတစ်ခုမှမမှတ်မိတော့ချေ။
” ဟဲ့ရေ…ဘာလုပ်နေတာလဲကျုပ်ပြောတာကြားရဲ့လားအေ့…”
” ဪ…ကြား….ကြားပါတယ်အရီးရေ…ကျုပ်…ကျုပ်စဉ်းစားနေတာဗျ…”
” ဪ…နင်ကလည်းတမှောင့်…စဉ်းစားမနေနဲ့အေ့…ဒီကပျော်နေတာမဟုတ်ဘူး…အပြစ်ရှိရှိမရှိရှိအားလုံးကို ခွင့်လွှတ်တယ်လို့ပြောလိုက်….တကတဲတော်…”
အရပ်လက်သည်ကြီးက အားမလိုအားမရပြန်ပြောလိုက်၏။ ထိုအခါမှကိုအောင်လှက
” ဟို…ဟိုလေ…မိန်းမရေ….မင်းငါ့အပေါ်အပြစ်လုပ်ထားတာရှိခဲ့ရင်လည်း အားလုံးကိုငါအပြစ်မယူဘဲ ခွင့်လွတ်တယ်ကွာနော်….မြန်မြန်အားစိုက်ပြီးမွေးလိုက်တော့….”
ကိုအောင်လှကဇနီးဖြစ်သူကြားအောင် အော်ပြောလိုက်၏။ သူတို့၏အိမ်သည်လည်း ရွာထဲကမဟုတ်။ ရွာနဲ့အတော်အလှမ်းဝေးသည့်နေရာတွင်ဖြစ်နေသဖြင့် မည်သူ့ကိုအားကိုးရမှန်းမသိဖြစ်နေ၏။ အိမ်အပြင်ဘက်တွင် ခေါက်တုန့်ခေါက်ပြန့်လျှောက်ရင်း ဇနီးဖြစ်သူအတွက်စိတ်ပူနေလေ၏။
” ထွက်တော့မယ်…ထွက်တော့မယ်မိမော်…ညည်းနဲနဲအားစိုက်လိုက်ပါဦးအေ…”
” အား…….”
လက်သည်ကြီး၏စကားကြောင့် မိမော်လည်း ရှိသမျှအားစိုက်ကာအသံနက်ကြီးအော်ပြီး မွေးလိုက်၏။
” ဟင်….”
လက်သည်ကြီးသည်ကလေးအား ကြောကိုပွတ်သပ်ပေး၏။ ခြေထောက်သေးသေးလေးနှစ်ချောင်းကိုကိုင်ပြီးရမ်းခါ၏။ သို့သော်ကလေးမှာ အသက်မရှင်ခဲ့ချေ။
” အရီး….ကျုပ်….ကျုပ်ဘာလေးမွေးလဲဟင်….”
မိမော်ကအသံသဲ့သဲ့ဖြင့်မေးရှာ၏။
အရပ်လက်သည်၏ လက်ထဲမှနီတာရဲလေးကား လူ့လောကနှင့်အဆက်အသွယ်ပြတ်နေချေပြီ။
” မိမော်…သမီး….ညည်းစိတ်အားတင်းထားနော်….ညည်းယောကျာ်းလေးမွေးပေမဲ့ ကြာသွားလို့မွှန်းပြီး သေသွားပြီတော့….”
” ရှင့်!…..”
လက်သည်ကြီး၏စကားကြောင့် မိမော်သည် အသက်ရှူရပ်လုမတတ်ဖြစ်သွားပြီး ပါးပြင်ပေါ်သို့မျက်ရည်စများစီးကျလာ၏။
” အရီး…အရီး…ကျုပ်မိန်းမမွေးပြီလားဗျ…ဘာလေးမွေးတာလဲဟင်…”
ကိုအောင်လှက မေးလည်းမေး အထဲသို့လည်းတစ်ခါတည်းဝင်လာခဲ့၏။
အရပ်လက်သည်ကြီးက အောင်လှအား လေးတွဲ့စွာခေါင်းခါယမ်းပြ၏။
” ဟင်….ကျုပ်…ကျုပ်ကလေး…အဖတ်မတင်ဘူးလားအရီး….”
” ဟုတ္တယ်သား…ကလေးကမွေးရခက်လို့ မွှန်းတာတစ်ကြောင်း၊ပြောင်းပြန်မွေးလာတာတစ်ကြောင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတာ….”
” မိန်းမရယ်…ကျုပ်…ကျုပ်တို့သားလေး….”
ကိုအောင်လှက ဇနီးဖြစ်သူအားရင်ခွင်၌ပွေ့ချီပြီး ငိုကြွေးနေ၏။ လင်မယားနှစ်ယောက်လုံးသားငယ်လေးကို နှမြောတသဖြစ်နေကြ၏။
” ငိုနေလို့မပြီးဘူးသားတို့…ဒီကလေးအလောင်းကိုညချင်းတွင်းသွားမြုပ်ပစ်ရဦးမယ်….အဲဒါညည်းတစ်ယောက်ထဲဒီအချိန်သုသာန်ကိုသွားရဲသလား….”
” သြားရဲပါတယ္ဗ်ာ….ကျုပ်သားကိုကျုပ်ကိုယ်တိုင်ကောင်းမွန်စွာမြုပ်နှံပေးမယ်…အရီးကျုပ်မိန်းမအနားစောင့်နေပေးဦးဗျာ….”
သားကိုဆုံးရှူံးလိုက်ရသည့်စိတ်ကြောင့် ကိုအောင်လှကြောက်စိတ်တို့တဒင်္ဂကုန်ဆုံးသွား၏။ သားငယ်၏အလောင်းနှင့်အချင်းတို့ကို ပုဆိုးတစ်ထည်ဖြင့်သေချာထုပ်ပိုးကာ အောက်ထပ်မှပေါက်တူးတစ်လက်ယူပြီး ရွာပြင်သုသာန်ဘက်သို့ဦးတည်လိုက်၏။
ည၏တိတ်ဆိတ်လှသောအချိန်သည်ကား ခြောက်ချားဖွယ်ကောင်းနေ၏။ ကောင်းကင်ပေါ်မှပျောက်တိပျောက်ကျားရှိနေသောကြယ်ကလေးမှအပလမင်းကြီးကားမရှိ။ ကိုအောင်လှလည်းတစ်ဖက်ကကလေးအနှီးထုပ်ကိုကိုင်ပြီး ကျန်တစ်ဖက်ကပေါက်တူးကိုကိုင်ကာ မီးအိမ်အားပေါက်တူးအရိုးမှချိတ်၍ဆွဲလာ၏။
” အူး….ဝူး….ဝူး…..”
” အူး…ဝူး…ဝူး….”
သုဿာန်သို့နီးလာသည်နှင့် ဆွဲဆွဲငင်ငင်အူနေသောခွေးတို့၏အသံကိုအတိုင်းသားကြားနေရ၏။ သုဿာန်သည်ကား သစ်ပင်ကြီးငယ်တို့အစီအရီပေါက်ပြီး ပို၍မဲမှောင်နေသယောင်။ သုဿာန်နံဘေးရှိဇရပ်ကြီးသည်ကား အမှောင်အောက်မှ နားရွက်ခြုံကာအိပ်နေသောသဘက်ကြီးအလား ထီးထီးကြီးရှိနေ၏။ အောင်လှကဇရပ်ကိုဖြတ်ကျော်လိုက်ပြီး သုဿာန်မြေထဲသို့ဝင်လိုက်၏။ မြေပုံမို့မို့တို့သည်ကား ဟိုတစ်စုသည်တစ်စု။ ရွာသုဿာန်ဖြစ်၍ အလောင်းကိုဂူမသွင်းကြ။
” ဂီး…ဂီး…ဂီး…”
” ဖလပ်….ဖလပ်….ဖလပ်…..”
ကိုအောင်လှ သုဿာန်ထဲသို့ဝင်လာသည်နှင့် ငှက်ဆိုးတစ်ကောင်က သစ်ကိုင်းခြောက်ပေါ်မှထပြန်၏။ မြေပုံမို့မို့များကိုကျော်ခွသွားပြီးနောက် သစ်ပင်ကြီးတစ်ပင်၏ခြေရင်းတွင် အနှီးထုပ်ကလေးကိုချကာ မြေတွင်းသေးသေးလေးကိုတူးဖော်လိုက်၏။ လွန်ခဲ့သော နှစ်များကမြေပုံဟောင်းနေရာဖြစ်၍ထင် တူးဖော်ရသည်မှာသိပ်မခက်လှ။ ကိုအောင်လှတစ်ယောက် မြေတွင်းကိုအသေအချာတူးနေ၏။
” တက်…..”
ထိုစဉ် တစ်စုံတစ်ခုကိုပေါက်ပြားနှင့်ပေါက်မိရာ တသံမြည်သွား၏။
” ဘာတုံးဟ…လူခေါင်းရိုးများပေါက်မိတာလား….”
ကိုအောင်လှကထိုသို့တွေးပြီး သစ်ကိုင်းတွင်ချိတ်ထားသောမီးအိမ်ကိုလှမ်းယူပြီး ထိုအရာအားကြည့်လိုက်၏။ ထိုအချိန်မီးရောင်မှိန်မှိန်ကလေးအောက်မှ ဝင်းဝါသွားသောအရာတစ်ခု။
” ဟင်….ဘာလေးပါလိမ့်….”
ကိုအောင်လှကထိုအရာအား ငုံ့ပြီးကောက်ကြည့်လိုက်ရာ ရွှေလက်စွပ်တစ်ကွင်းဖြစ်နေ၏။ ရှေးခေတ်ရွှေစင်သားစစ်စစ်ဖြင့်ပြုလုပ်ထားသောကြောင့် ရွှေသားသည်မီးရောင်အောက်၌ဝင်းအိနေ၏။
” ရွှေအစစ်လား…ဝင်းဝါနေတာဘဲ…အလေးချိန်လည်းအရမ်းစီးတယ်….တကျပ်သားလောက်ရှိလောက်မယ်….”
ကိုအောင်လှကလက်စွပ်အားချိန်ဆကြည့်ကာ တစ်ယောက်ထဲပြောနေ၏။ ထိုလက်စွပ်ကိုကြည့်ပြီး လိုချင်တပ်မက်စိတ်များဖြစ်ပေါ်နေသဖြင့် လက်စွပ်အားအိပ်ကပ်ထဲသို့ထည့်လိုက်ပြီး သစ်ပင်အောက်မှချထားသော သားငယ်အလောင်းကိုယူကာမြေမြုပ်လိုက်၏။ အားလုံးပြီးစီးသွားမှ မိမိ၏နေအိမ်သို့ပြန်လာခဲ့၏။ အိမ်ပြန်ရောက်သော်ခြေလက်သန့်စင်ပြီး လက်သည်ကြီးအား ငွေအချို့ဖြင့်ကန်တော့ကာပြန်လွတ်လိုက်၏။
လက်သည်ပြန်ပြီးသွားသည်နှင့် ကိုအောင်လှသည်အိပ်ပျော်နေသောဇနီးသည်ကိုနိူးလိုက်၏။
” မိန်းမ….မိန်းမ…ထဦး….”
” အင်း….အဲ….ကို…ကိုအောင်လှရှင်ပြန်လာပြီလား…သားလေးကိုသေချာမြုပ်နှံပေးခဲ့ရဲ့လား….”
” သေချာမြုပ်နှံပေးခဲ့ပါတယ်မိန်းမရယ်…မိန်းမကိုပြစရာရှိတယ်….ဒီမှာကြည့်….”
ကိုအောင်လှသည် အိပ်ကပ်ထဲမှလက်စွပ်လေးကိုထုတ်ပြီးဇနီးသည်အားပြ၏။
” ဘာတုံးတော့…ကျုပ်သေချာမမြင်ရဘူး…”
” ဟောဒီလိုဆိုရင်ရောမြင်ရပြီလား….”
ကိုအောင်လှကမီးအိမ်ကိုမြှောက်ပြီး လက်စွပ်ကိုမြင်သာအောင်ပြလိုက်၏။
” ဟော့တော့လက်စွပ်လေးတစ်ကွင်းပါလားအစ်ကိုရ…တော်ဘယ်ကနေယူလာတာတုန်း….”
” သားလေးကိုသွားပို့ရင်းတွေ့ခဲ့တာမိန်းမရ…”
” အေးပါအေ…ဒီလက်စွပ်ကရွှေမကလို့ဘာကြီးဘဲဖြစ်နေဖြစ်နေ ကျုပ်တို့သားလေးကိုအသက်ရှင်အောင်ပြန်မလုပ်ပေးနိူင်ပါဘူးရှင့်….”
မမော်ကထိုသို့ပြောပြီးကလေးကိုသတိရစိတ်ဖြင့်ငိုပြန်၏။ ရွှေလက်စွပ်ကလေးပြလိုက်လျှင်ဇနီးသည် ပျော်သွားမည်ဟုတွေးထားသော ကိုအောင်လှမှာဇနီးသည်ကိုချော့သိပ်နေရ၏။ သို့ကြောင့် လက်စွပ်ကိုသေတ္တာထဲသို့ထည့်သိမ်းလိုက်၏။ ထိုသို့ထည့်ပြီးနောက်ပိုင်း တစ်ခါမျှပင်ထုတ်မကြည့်ခဲ့မိချေ။
တစ်ခုသောညနေ၌ကိုအောင်လှတို့ဇနီးမောင်နှံနှစ်ယောက်ယာတောထဲမှပြန်လာကြ၏။ အိမ်ရောက်သော်အမောဖြေရင်း သားလေးကိုသတိရလာ၏။
” အစ္ကို…သားလေးသာရှိရင်ခုလောက်ဆို ၅လထဲရောက်နေပြီနော်…ဝဝကစ်ကစ်လေးနဲ့အရမ်းချစ်ဖို့ကောင်းမှာ….”
” ဪမိန်းမရယ်…ငါလည်းသားလေးကိုချစ်ပါတယ်ကွာ….ဒါပေမဲ့သားလေးကလူ့လောကထဲကထွက်ခွာသွားခဲ့ပြီလေ…မပြန်လာနိူင်တော့မှန်းသိရက်နဲ့ ဘာကြောင့်စိတ်ဒုက္ခခံနေရတာလဲကွာ…ငါတို့ကအရွယ်ရှိနေပါသေးတယ်…နောက်ထပ်ကလေးယူလို့ရနေပါသေးတယ်ဟာ….”
” အင်းပါအစ်ကိုရယ်…သားလေးကိုသတိရမိလို့ပါတော်…ဪဒါနဲ့အစ်ကိုအဲဒီညက ယူလာတဲ့လက်စွပ်ကရောဘယ်ရောက်သွားတာလဲ…”
မမော်၏အမေးကြောင့်ကိုအောင်လှလည်း ထိုညကယူလာသောလက်စွပ်ကိုသတိရသွားပြီး
” ဟုတ်သားဘဲငါမေ့နေတာ…သေတ္တာထဲမှာထည့်သိမ်းထားတယ် ငါသွားယူလိုက်မယ်…..”
ဆိုပြီး အိမ်ထဲဝင်သွားကာ သေတ္တာထဲထည့်သိမ်းထားသောလက်စွပ်ကိုထုတ်ယူလာ၏။ လင်မယားနှစ်ယောက် ထိုလက်စွပ်ကိုသေချာကြည့်ပြီး
” အစ္ကိုလက္စြပ္က တစ်ခုခုထူးခြားနေသလိုဘဲနော်…အဲဒီညကမှောင်မည်းနေလို့သေချာမမြင်မိဘူး…လက်စွပ်ရဲ့အထဲဖက်မှာ စာလုံးတွေထွင်းထားတာအနုစိပ်ကျလိုက်တာ…ပြီးတော့ဒီလက်စွပ်မှာထည့်ထားတဲ့ကျောက်ကလည်းအဖြူရောင်လေးနဲ့အရမ်းလှတာဘဲ….”
ဇနီးသည်ပြောမှကိုအောင်လှလည်း လက်စွပ်ကိုသေချာကြည့်မိ၏။
” ဟုတ်တယ်နော် လက်စွပ်ကွင်းရဲ့အထဲဖက်မှာ စာလုံးသေးသေးလေးတွေရေးထွင်းထားတယ်….ပြီးတော့ လက်စွပ်မှာပါတဲ့ကျောင်အမျိုးအစားက စိန်ထင်တယ်ကွ…”
” ရှင်ဘယ်လိုသိတာလဲ…”
” ကျုပ်လည်းကြားဖူးသလောက်ခန့်မှန်းမိတာပါ….ဒီရွှေလက်စွပ်ရဲ့ကာလပေါက်ဈေးကနည်းမှာမဟုတ်ဘူး…ဒီလက်စွပ်ထဲမှာမြုပ်ထားတဲ့စိန်ပွင့်နဲ့တင် ငွေအတော်ရလောက်တယ်ကွ…မနက်ကျရင်ငါမြို့တက်ပြီး ရွှေဆိုင်တွေမှာသွားပြကြည့်မယ်…ဈေးတည့်ရင်ရောင်းခဲ့ပြီး ကောင်းရောင်းကောင်းဝယ်လုပ်ရအောင်….မကောင်းဘူးလားမိန်းမ….”
ကိုအောင်လှက လက်စွပ်ကိုသွားရောင်းမည်ဟုအသံကြားလိုက်သည်နှင့် မမော်သည်စိတ်ထဲဘယ်လိုဖြစ်သွားမှန်းမသိတော့ဘဲ ထိုလက်စွပ်အားရယူပိုင်ဆိုင်ချင်လာ၏။
ပုံမှန်ဆိုလျှင်ထိုလက်စွပ်အား ကာလပေါက်ဈေးဖြင့် ရောင်းပြီး လင်မယားနှစ်ယောက် ကောင်းရောင်းကောင်းဝယ်လုပ်ကာအေးအေးချမ်းချမ်းနေသွားမည်ဟုအတွေးရှိပြီးသား။ သို့သော် ယခုကားသူ့စိတ်သည် လက်စွပ်ရောင်းမည့်ယောကျာ်းဖြစ်သူအား စိတ်တိုချင်သလိုလိုဖြစ်နေ၏။
” မှန်းပေးစမ်းလက်စွပ်…ငါစွပ်ကြည့်မယ်….”
မမော်ကထိုသို့ဆိုကာ ယောကျာ်းဖြစ်သူ၏လက်ပေါ်မှလက်စွပ်ကိုလုယူပြီး လက်သန်းကြွယ်၌စွပ်ချလိုက်၏။
” ကြည့်စမ်း ငါ့လက်နဲ့အတော်ဘဲ လွလိုက္တာ စိန်ပွင့်ကြီးကလည်းအရောင်တဖျတ်ဖျတ်နဲ့….”
မမော်ကလက်ကိုအပေါ်မြှောက်ပြီး ဝမ်းသာစွာဆိုနေ၏။
” အေးပါမိန်းမရာ….မင်းလက်နဲ့တော်ပါတယ်…လှလည်းလှတယ်…ဒါပေမဲ့အဲဒီလက်စွပ်ကိုရောင်းပြီး အဲဒီထက်လှတဲ့ဟာဝယ်ပေးမယ်လေ…လက်စွပ်ရောင်းပြီးရင်တော့ရွှေတစ်ဆင်စာလုံးတောင်မင်းအတွက်ဝယ်ပေးနိူင်ပြီ….ပေးပေးငါသိမ်းထားမယ်မနက်ကျမြို့တက်ပြီးသွားရောင်းကြမယ်…”
” မပေးဘူးဒီလက်စွပ်ကိုဘဲငါယူမှာတခြားဘယ်ဟာမှမလိုချင်ဘူး….”
” မိန်းမရယ်…ကလေးကျနေတာဘဲပေးပါကွာ…ငါတို့သန့်ရှင်းရေးလေးလုပ်ထားရအောင် ရောင်းတဲ့အချိန်သူများပိုပြီးလိုချင်သွားအောင်ပေါ့….”
” မပေးဘူးဆိုနေတာကိုဘယ်လိုဖြစ်နေတာလဲ…ဒီလက်စွပ်ကကျွန်မအပိုင်ဘယ်သူမှယူလို့မရဘူး…ဟီးဟီးဟီး…. ”
မမော်ကထိုသို့ပြောပြီး အိမ်ထဲဝင်ကာလက်စွပ်ကိုအားရဝမ်းသာစွာကြည့်နေ၏။
ကိုအောင်လှကားဇနီးသည်၏စိတ်ကိုနားမလည်နိုင်တော့ချေ။
ညသန်းခေါင်ယံအချိန်၌ မမော်သည်အိပ်ယာမှနိုးလာခဲ့၏။ နံဘေးတွင်အိပ်နေသောယောကျာ်းဖြစ်သူမှာ ဟောက်သံပင်ထွက်နေ၏။ မမော်မှာဘာကြောင့်ရယ်မသိဝမ်းနည်းသလိုလိုဖြစ်နေ၏။ လက်စွပ်ဝတ်ထားသောလက်ချောင်းမှာ ယားယံသလိုလိုဖြစ်လာသဖြင့် ချွတ်ပစ်ရန်လုပ်၏။ သို့သော်ချွတ်၍မရနိူင်ဘဲဖြစ်နေ၏။
” ယောကျာ်း…ယောကျာ်း…”
ကြက်သီးတဖြန်းဖြန်းထလာသဖြင့် ယောကျာ်းဖြစ်သူကိုနိူးသော်လည်းလည်ပင်းထဲမှာပင်အသံကပျောက်သွား၏။ ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုသည် သူမ၏မြင်ကွင်းထဲသို့ရောက်လာခဲ့၏။
” အား…..”
အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သွေးပျက်ချောက်ခြားပြီး အသက်ထွက်သွားလေ၏။ မိန်းမဖြစ်သူ၏အော်သံကြောင့် ကိုအောင်လှလည်း နိူးလာခဲ့ပြီး မီးအိမ်ကိုမီးညှိလိုက်ရာ သူ့နံဘေးတွင်မျက်လုံးအပြူးသားနဲ့သေနေသောမိန်းမဖြစ်သူကိုတွေ့လိုက်ရ၏။
” မိန်းမ…မိန်းမ…ဘာဖြစ်တာလဲမိန်းမ….”
” ဒက်….ဒက်…ဒက်….”
ထိုစဉ်မိမော်၏လက်ထဲမှလက်စွပ်သည် ကြမ်းပေါ်သို့ကျသွားပြီး လှိမ့်သွား၏။ ကိုအောင်လှမှာမိမော်ကိုနိူးသော်လည်း ပြန်နိူးမလာတော့ချေ။
” နင်ငါ့ကိုခေါ်လာတယ်….ငါတစ်ရွာလုံးကိုသတ်ရမယ်…ဟီးဟီးဟီး….”
ထိုအသံကားလက်စွပ်ဆီမှပေါ်လာခြင်းဖြစ်၏။
” ဟင်….ဘယ်သူလဲ…”
ကိုအောင်လှကမီးအိမ်ကိုကိုင်မြောက်ပြီး အသံရှင်ကိုလိုက်ရှာနေ၏။ သို့သော်လူနှင့်တူသည်ဟူ၍အသက်မဲ့နေသောသူ့မိန်းမနှင့်သူသာရှိ၏။
” လက်စွပ်လေး ဘယ်ရောက်သွားတာလဲ….သူခိုးတွေဝင်ပြီးငါ့မိန်းမဆီကလက်စွပ်ဝင်ယူသွားတာများလား…သူခိုးတွေကိုခုခံရင်း ငါ့မိန်းမသေသွားတာများလား….ဒါဆိုငါကရောဘာလို့မသိရတာလဲ….”
ကိုအောင်လှတစ်ယောက်အတွေးများဖြင့် စိတ်ရှုပ်ထွေးလာ၏။ ထိုစဉ်မီးအိမ်၏အလင်းရောင်အောက်မှလက်စွပ်သည်လက်ခနဲဖြစ်သွားသည်ကို ကိုအောင်လှမြင်လိုက်၏။
” ဟင်…လက်စွပ်လေးပါလား….မိန်းမစွပ်ထားတဲ့လက်စွပ်ကဘာလို့ဒီရောက်နေရတာလဲ…”
ထိုသို့တွေးပြီးလက်စွပ်ကိုကောက်ယူကာ မီးအိမ်၏အလင်းရောင်ကိုအားပြုပြီး လက်စွပ်ကိုစိုက်ကြည့်နေ၏။
” လှလိုက်တဲ့လက်စွပ်လေး…ကြည့်စမ်းဘယ်ပန်းထိမ်ဆရာက ဒီလောက်လှတဲ့လက်စွပ်လေးကို လုပ်ခဲ့တာလဲ…”
ဟုပြောပြီး လက်စွပ်အားမိမိ၏လက်ချောင်း၌စွပ်ချလိုက်၏။
” ဟီး…ဟီး…ဟီး…..ငါနဲ့လိုက်ခဲ့ရမယ်…ဟီးဟီးဟီး….”
အက်ကွဲစူးရှနေသောအသံကအမှောင်ထုထဲမှပေါ်ထွက်လာခဲ့၏။
” ဟင်…ဘယ်သူလဲ…ထွက်ခဲ့စမ်း…”
ကိုအောင်လှကထိုသို့ပြောလိုက်လျှင် အမှောင်ထုထဲမှအလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောနာနာဘာဝတစ်ကောင်သည် မီးရောင်မှိန်မှိန်လေး၏ အလင်းရောင်အောက်မှပေါ်ထွက်လာခဲ့၏။
” အမေလး…ဘာကြီးလဲ….”
” နင်ဘဲငါ့ကိုခေါ်လာခဲ့တာလေ…ဟီးဟီးဟီး….ငါနင့်ကိုသတ်မယ်….သတ်မယ်…”
ဆိုပြီး နာနာဘာဝက လက်အရှည်ကြီးဆန့်ထုတ်ပြီး ကိုအောင်လှ၏လည်ပင်းကိုညှစ်လိုက်၏။
” အား…အစ်….အစ်….”
အော်သံပင်မထွက်နိူင်တော့ဘဲ ဆန့်တငင်ငင်ဖြစ်ပြီးမျက်ဖြူဆိုက်ကာ အသက်ထွက်သွားတော့၏။
” ဟင်းဟင်း…ငါ့ပစ္စည်းကိုဘယ်သူမှမယူရဘူး ဒါငါ့အပိုင်….”
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကြီးကထိုသို့ပြောပြီး ထိုအိမ်ထဲမှထွက်သွားတော့၏။ လက်စွပ်မှာလည်း ထိုအိမ်ထဲမှပျောက်ချင်းမလှပျောက်သွားတော့သည်။
သာယာသောနေ့တစ်နေ့၌ထွန်းမောင်သည် ယာခုတ်ဓားတစ်လက်ဖြင့် ယာတောထဲသို့ရောက်လာ၏။ သူလည်းအေးမြချမ်းသာရွာသားတစ်ဦးဖြစ်ပြီး သူ့အကွက်သည် ရွာပြင်ရှိကိုအောင်လှတို့၏တဲနဲ့နီး၏။ ထွန်းမောင်သည်ယာထဲသို့လာတိုင်း ထမင်းကို ကိုအောင်လှတို့အိမ်၌စားနေကျဖြစ်သည်။ ယာတောထဲရှိအလုပ်များလုပ်ကိုင်ပြီးနေ့လယ်စာထမင်းစားနားချိန်၌ ကိုအောင်လှ၏တဲသို့လာခဲ့၏။ အမြဲတမ်းလူရှိနေသောတဲမှာတံခါးပိတ်လျက်သားရှိနေ၏။
” ဒီကောင်ကြီး အလုပ်အတော်ကြိုးစားတာဘဲ…ခုထိလင်မယားနှစ်ယောက်လုံးပြန်မလာကြသေးဘူးထင်…”
ထွန်းမောင်ကထိုသို့ပြောပြီး တဲပေါ်ရှိရေအိုးမှရေကိုအဆာပြေခပ်သောက်လိုက်၏။
” ဒီကောင့်အိမ်မှာ ဘာသားကောင်တွေသေနေတာလဲ နံလိုက္တာ…ထွီး….”
အော်ဂလီဆန်စရာကောင်းလှသော ပုပ်အဲ့အဲ့အနံ့ကြောင့် ထွန်းမောင်တစ်ယောက်မျက်နှာကိုရှုံ့မဲ့လိုက်၏။
” ဒီကောင်ကြီး အပြင်ဘက်သော့လည်းမချိတ်သွားပါလား….”
စေ့ရုံပိတ်ထားသောတံခါးကိုကြည့်ပြီး ထွန်းမောင်စိတ်ထဲဘဝင်မကျသလိုဖြစ်မိ၏။
သို့ကြောင့် တဲအိမ်တံခါးကိုတွန်းဖွင့်ကြည့်လိုက်၏။ သူ့အထင်မှာ အောင်လှတို့လင်မယား ထိုတဲမှပြောင်းသွားကြပြီလားဟူ၍ပင်။ သို့သော်တံခါးမှာအထဲမှ ဂျက်ထိုးထားသဖြင့် ဖွင့်မရ။
” တခါးကအထဲဖက္ကေန ဂ်က္ထိုးထားတာပါလား….အောင်လှ….အောင်လှ….မင်းငါလာမှာစိုးလို့ အထဲကနေဂျက်ထိုးထားတာလားကွဟမ်…ဘာလဲမင်းတို့လင်မယား.ဆော့နေကြတာလား…ဟဲဟဲ….”
ထွန်းမောင်ကပြုံးစိစိဖြင့်စကားဆိုလေ၏။
” အော့… ဝေါ့…ထွီး…နံတာကြာ…ဒီလင်မယားဘာတွေလုပ်ထားကြတာပါလိမ့်…”
ပုပ်အဲ့သောအနံ့ကတဲအတွင်းမှထွက်လာသဖြင့် ထွန်းမောင်အော့အန်မိ၏။
” မဟုတ်မှလွဲရော… ဒီကောင်မယားနှစ်ယောက် ရန်ဖြစ်ပြီး…ဘုရားဘုရား….”
ထွန်းမောင်ကတမျိုးအတွေးပေါက်သွားပြီးတံခါးကိုအားကုန်တွန်းဖွင့်လိုက်၏။ အပုပ်နံ့ကား ပို၍ထြက္လာ၏။ ထွန်းမောင်လည်း နှာခေါင်းကိုလက်ဖြင့်အုပ်လိုက်ပြီးအထဲသို့ဝင်သွား၏။
” ဟင်….အလိုလေး….”
အိမ်ထဲရှိမြင်ကွင်းကြောင့် ထွန်းမောင်တစ်ယောက် သွေးပျက်သွားသည်။ အကြောင်းမှာအောင်လှတို့လင်မယားသည် သေနေပြီးအလောင်းမှာ ပုပ်ပွရိရွဲကာအနံ့များပင်ထွက်နေပြီဖြစ်သောကြောင့်တည်း။ ထိုမြင်ကွင်းကြောင့် ထွန်းမောင်လည်း အိမ်ထဲမှတချိုးတည်းထွက်ပြေးလာပြီး ရွာထဲသို့အားကုန်ပြေးလာလိုက်၏။
သူကြီးဦးမြမောင်တို့လင်မယားသည် အိမ်ရှေ့ကွပ်ပျစ်၌ထိုင်ပြီး သူကြီးကသတင်းစာအဟောင်းတစ်စောင်ကိုဖတ်ရှုနေ၏။ သူကြီးကတော်ကား စကောထဲရှိ ဆန်လုံးအညံ့များကိုရွေးထုတ်နေ၏။
ထိုစဉ်လှမောင်သည် ပုဆိုးပင်မပါတော့ဘဲ ကမူးရူးထိုးဖြင့် သူကြီး၏အိမ်ဝန်းထဲသို့ပြေးလာ၏။
” သူ….သူ….သူကြီး….ဟောဟဲ… ဟောဟဲ….”
” ဟော…ထွန်းမောင်….အမောတကောနဲ့မင်းဘာဖြစ်လာတုန်းအေ….”
” အ…အရီး…ကျုပ်….ကျုပ်ကို….ရေ….ရေတစ်ခွက်အရင်တိုက်ပါဦး….ဟောဟဲ…ဟောဟဲ….”
” အေးအေး….”
သူကြီးကတော်ကရေအိုးစင်မှရေတစ်ခွက်ခပ်ပြီး ကမ်းပေးလိုက်၏။ သူကြီးလည်းသတင်းစာ စာရွက်ကိုလက်ကချလိုက်ပြီး
” ထွန်းမောင်…မင့်ကြည့်ရတာလဲ အေနာက္ကေခြးလိုက္ကိုက်သလိုပါဘဲလား…ကဲပြောဘာဖြစ်လာတာလဲ… ”
” အောင်….အောင်လှတို့လင်မယား…”
” အောင်လှတို့လင်မယားဘာဖြစ်လို့တုံးအေ့….”
သူကြီးကတော်ကစိတ်မရှည်စွာပြန်မေးလိုက်၏။
” အောင်လှတို့လင်မယား သေကုန်ပြီအရီးရဲ့….”
” ဟေ….”
” ဘယ္လိုဘယ္လို….”
ထွန်းမောင်၏စကားကြောင့် သူကြီးလင်မယားမျက်လုံးပြူးသွား၏။
” မင်းကိုဘယ်သူပြောတာလဲထွန်းမောင်….”
” ကျုပ်ကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်လာတာသူကြီး….အောင်လှတို့လင်မယားနှစ်ယောက်လုံးသေပြီး အလောင်းတွေတောင်ပုပ်ပွရိရွဲကုန်ပြီ….”
” ဟေ…မင်းပြောတာသေချာလားထွန်းမောင်….”
” ကျုပ်တကယ်ပြောတာသူကြီး…ကျုပ်ထမင်းစားနားချိန် သူတို့တဲမှာသွားစားဖို့သွားတာ လူမရှိတာနဲ့ကျုပ်လည်း သူတို့အထဲမှာရှိနေမလားဆိုပြီး တဲတံခါးကိုဖွင့်ကြည့်တာ မရတာနဲ့တံခါးဖျက်ပြီးဝင်ခဲ့တာ….အောင်လှတို့်လင်မယားနှစ်ယောက်လုံး ကြမ်းပေါ်မှာသေနေတာကိုတွေ့ခဲ့တာဘဲ….”
” ဒါဆိုကျန့်ကြာလို့မဖြစ်ဘူး မင်းကရွာသားတွေကိုအကြောင်းကြားလိုက်…ငါမြို့ဂတ်ကိုသတင်းပါးလိုက်မယ်….”
” ဟုတ်သူကြီး….”
ထွန်းမောင်လည်းသူကြီးပြောသည့်အတိုင်းလူစုပြီး အောင်လှ၏တဲအိမ်ရှိရာရွာပြင်သို့လာခဲ့လိုက်၏။ သူကြီးလည်းထိုလူစုထဲတွင်ပါလာ၏။ တဲသို့ရောက်သော် ထွန်းမောင်ပြောသည့်အတိုင်းပင် တဲကြမ်းခင်းပေါ်၌ ပုပ်ပွရိရွဲနေသောအောင်လှတို့လင်မယားကိုတွေ့လိုက်ကြရသည်။
” ဘယ်လိုဖြစ်ကြတာလဲ…ထွန်းမောင်ပြောသလိုတဲအထဲက တံခါးဂျက်ထိုးထားတာဆိုတော့အပြင်လူသတ်တာမဖြစ်နိူင်ဘူး…လင်မယားချင်းရန်ဖြစ်ပြီး လက်လွန်သွားကြတာများလား….”
သူကြီးကသူ၏ထင်မြင်ချက်ကိုပြော၏။
” ဟာသူကြီးကလည်း သူတို့လင်မယားကရန်ဖြစ်ရင်တောင်ဒီလောက်ထိဖြစ်လိမ့်မယ်မထင်ဘူးနော်….ဘာလို့ဆို ကိုအောင်လှ တို့လင်မယားကမိဘတွေသဘောမတူတဲ့ကြားကခိုးပြေးကြပြီး ဟောဒီရွာပြင်မှာသီးခြားလာနေကြတာလေ….”
ဟုရွာသားတစ်ယောက်ကဆိုလေရာ သူကြီးက
” အေး…နင်တို့ပြောတာလည်းဖြစ်နိုင်တာဘဲ…ငါလည်းမစဉ်းစားတတ်တော့ဘူး ဂတ်ကလူတွေလာမှသူတို့ဆုံးဖြတ်လိုက်မယ်…ခုလောလောဆယ်ကာလသားတွေ ဒီမှာဘဲဂတ်ကလူတွေမလာမချင်းစောင့်နေကြဦး….”
ညနေ၄နာရီခန့်၌ဂတ်မှတာဝန်ရှိသူများရောက်ရှိလာပြီး သေမှုသေခင်းများကိုစစ်ဆေးပြီး လုပ်ကြံခံထားရသည့်သဲလွန်စတစ်ခုမှမတွေ့သဖြင့် လင်မယားအချင်းချင်းရန်ဖြစ်ကာ လက်လွန်သွားကြသည်ဟုသာမှတ်ချက်ချပြီး အမှုပိတ်လိုက်၏။
တစ်ခုသောညနေခင်း၌ သူကြီးသမီးမဝင်းအေးသည်ရေအိုးတစ်လုံးပွေ့ပြီး ရွာလယ်ရှိရေတွင်း၌ ရေခပ်ဆင်းလာ၏။ မအေးဝင်းကားအသက်၁၇နှစ်သာရှိသေးသည်။ ရေတွင်းထဲရေငင်ပြီး ရေအိုးရွက်ရန်ပြင်လိုက်စဉ်ရေတွင်း၏ ရေကပြင်မှ တဝင်းဝင်းဖြစ်နေသောအရာကိုတွေ့လိုက်ရသဖြင့် ရေအိုးကိုတွင်းနူတ်ခမ်းပေါ်တင်ထားပြီး ထိုအရာအားကောက်လိုက်၏။
” ဟင်…လက်စွပ်လေးတစ်ကွင်းပါလား…ဘယ်သူ့ဟာပါလိမ့်…. ”
မဝင်းအေးကလက်စွပ်ကိုကောက်ပြီး သွားဖြင့်ကိုက်ကြည့်၏။
” ရွှေအစစ်ထင်တယ်…အရောင်လေးဝင်းနေတာဘဲ…လက်စွပ်ထဲထည့်ထားတဲ့ကျောက်ကလည်း လှလိုက်တာအရောင်တဖျတ်ဖျတ်နဲ့… ”
ထိုသို့ပြောပြီး ကောင်မလေးက လက်စွပ်အား မိမိ၏လက်ချောင်းသွယ်သွယ်လေး၌စွပ်လိုက်၏။
” ဝိုး….လွလိုက္တာ….”
မဝင်းအေးတစ်ယောက် သူ့လက်ပေါ်မှလက်စွပ်လေးကိုကြည့်ပြီး သဘောအကျကြီးကျနေ၏။ သို့ကြောင့်လက်စွပ်ကိုပြန်မချွတ်တော့ဘဲ လက်၌ဝတ်ထားလိုက်ပြီး ရေအိုးကိုရွက်ကာ အိမ်သို့ပြန်လာခဲ့၏။
မဝင်းအေးသည်လက်စွပ်ကောက်တွေ့လာသည့်အကြောင်းကိုမိဘအားမပြောပြခဲ့ချေ။ လက်စွပ်အားကောက်တွေ့ပြီး အပျော်လွန်နေသဖြင့် ညစာပင်မစားတော့ဘဲ အခန်းထဲဝင်ကာလက်စွပ်ကိုကြည့်ပြီးပျော်နေ၏။
ညသန်းခေါင်ယံအချိန်၌ မဝင်းအေးသည် တခူးခူးဖြင့်အိမ်မောကျနေ၏။ ထိုအချိန် မဝင်းအေး၏လက်ပေါ်မှလက်စွပ်သည် အရောင်ဝင်းသွားပြီး ညည်းသံလိုလိုထွက်ပေါ်လာ၏။
” အင်းဟင်းဟင်း…..”
” အေမ…အေမ…နေမကောင်းဘူးလား…”
လူမမာတစ်ယောက်၏ညည်းသံကြောင့် ဝင်းအေးသည်နိူးလာပြီး အမေဖြစ်သူနေမကောင်းဖြစ်နေသည်ထင်သဖြင့် လှမ်းမေးလိုက်၏။ သူမ၏အခန်းနှင့် အမေဖြစ်သူတို့အခန်းမှာကပ်ရက်ဖြစ်နေ၏။
” အင်းဟင်းဟင်း…..”
ညည်းသံမှာနောက်တစ်ချက်ထွက်ပေါ်လာပြန်၏။ သို့ကြောင့် မဝင်းအေးမှာခေါင်းရင်းရှိလက်နှိပ်ဓာတ်မီးကိုယူပြီးအခန်းထဲဟိုဟိုသည်သည်ထိုးကြည့်၏။ အရေးထဲဓာတ်မီးမှာ မှိတ်လိုက်ပွင့်လိုက်ဖြစ်နေသဖြင့် အသာပုတ်လိုက်ရသေး၏။ ညည်းသံမှာအခန်းထောင့်ရှိ သူမ၏အဝတ်ဘီရိုနားမှထွက်လာနေသည်ဖြစ်သဖြင့် မအေးဝင်းသည် ဘီရိုနားသို့တဖြည်းဖြည်းတိုးကပ်သွားလိုက်ပြီး ဘီရိုတံခါးကိုအသာဆွဲဖွင့်လိုက်၏။
” အမေလး…အေမ့!….”
အဝတ်ဘီရိုထဲတွင်ဆောင့်ကြောင့်ထိုင်နေသော အလွန်ကြောက်စရာကောင်းလှသည့် နာနာဘာဝတစ်ကောင်ကြောင့် မဝင်းအေးသည် အသံကုန်အော်ဟစ်ပြီး ဖင်ထိုင်ရက်လဲကျသွားတော့၏။ လက်ထဲမှဓာတ်မီးမှာ အခန်းတံခါးပေါက်နားသို့လှိမ့်သွား၏။
တစ်ဖက်ခန်းရှိမိခင်သည် သမီး၏အခန်းမှအော်သံကိုကြားရသောကြောင့်နိူးလာခဲ့၏။
” ကိုမြ…ကိုမြ…ထပါဦး…ရှင့်သမီးဘာဖြစ်တာလဲမသိဘူး… အော်သံကြားလိုက်တယ်….”
” အင်း…အဲ….ဟုတ်လို့လားမိန်းမရာ…”
သူကြီးကတော်ကနိူးလိုက်သောကြောင့်သူကြီးလည်းနိူးလာပြီး ပြန်မေး၏။
” မေးမနေနဲ့ လာထပြီးသွားကြည့်ရအောင်… ”
သူကြီးကတော်ကအောက်လင်းမီးအိမ်ကိုယူပြီး သူကြီး၏လက်ကိုဆွဲကာသမီးအခန်းသို့လာခဲ့၏။ မဝင်းအေး၏အခန်းမှာခတ်မထားဘဲ စေ့ရုံသာပိတ်ထားသည်။ သူကြီးကတော်က အခန်းတံခါးကိုညင်သာစွာ တွန်းဖွင့်လိုက်ပြီး
” သမီး…သမီး…ဘာဖြစ်တာလဲ…”
တံခါးအနောက်မှဓာတ်မီးမှာ တံခါးတွန်းဖွင့်လိုက်သောအခါ တခြားတစ်နေရာသို့လှိမ့်သွား၏။
” ဓာတ်မီးလည်း ကြမ်းပြင်မှာလှိမ့်နေလိုပါလား….”
သူကြီးကအခန်းထောင့်ရှိလင်းနေသောဓာတ်မီးကြောင့် ရင်ထဲထိတ်သွား၏။
လင်မယားနှစ်ယောက်အခန်းထဲသို့ဝင်သွားလိုက်ပြီး ကုတင်ပေါ်တွင်သမီးဖြစ်သူကိုရှာလိုက်၏။ သို့သော် မတွေ့။
” သမီးလေး အိပ္မေနပါလား…သမီး….သမီးရေ….”
အခန်းထဲတွင်မှောင်မဲနေသဖြင့်ဘာမျှမမြင်ရ။ အောက်လင်းမီးအိမ်၏အလင်းရောင်ကိုအားပြုပြီး သမီးဖြစ်သူကို အခန်းထဲ၌ရှာကြည့်ရာ အဝတ်ဘီရိုရှေ့ရှိကြမ်းပေါ်၌ စန့်စန့်ကြီးလှဲနေသောသမီးဖြစ်သူကိုတွေ့လိုက်ရ၏။
” အမေလး…သမီးလေး…ဘာလို့ဒီမှာလာအိပ်နေရတာလဲ…”
သူကြီးကတော်ကသမီးအနားသွားပြီး ပွေ့ထူလိုက်၏။
” ဟင်…သမီးလေးမျက်လုံးကပြူးနေတာပါလား…သမီး…သမီးလေး…ကိုမြ…လုပ်ပါဦးသမီးလေးအသက်မရှူတော့ဘူး…သမီး…သမီးလေး….အီးဟီးဟီး…မေ့သမီးလေးရေ….”
သူကြီးကတော်ကသမီးဖြစ်သူ၏အသက်ရှူသံကိုမကြားရတော့သဖြင့် သမီးလေးကိုလှုပ်နိူးနေရှာ၏။ သူကြီးလည်း ဇနီးသည်၏လက်ထဲမှသမီးလေး၏သွေးခုန်နူန်းကိုစမ်းကြည့်ရာသွေးမတိုးတော့သည်ကိုသိလိုက်ရ၏။
” သမီး…သမီးလေး…ကိုယ်ကျိုးနဲပြီထင်ပါရဲ့မိန်းမရေ…ငါ့သမီးလေးသွေးမတိုးတော့ဘူးဟ…”
သူကြီးကထိုသို့ပြောပြီး ငိုနေပြန်၏။ သမီးဖြစ်သူ၏လက်ချောင်းပေါ်ရှိလက်စွပ်ကိုကားလင်မယားနှစ်ယောက်လုံးသတိမထားမိကြချေ။နောက်နေ့နံနက်၌ သူကြီး၏အိမ်၌ သူကြီးသမီးလေး၏အသုဘပွဲကို ကျင်းပ၏။ သူကြီးနှင့်သူကြီးကတော်သည် တစ်ဦးတည်းသောသမီးဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေရှာ၏။
နေ့လယ်တစ်နာရီထိုးချိန်၌မဝင်းအေး၏ရုပ်အလောင်းအား ရွာပြင်သုဿာန်သို့ပို့ဆောင်သဂြိုလ်လိုက်ကြ၏။ မဝင်းအေးကိုမြေမြုပ်သဂြိုလ်နေစဉ် မြုပ်နှံပေးသူကိုတင့်မောင်သည် မဝင်းအေး၏လက်ချောင်းပေါ်ရှိ တဝင်းဝင်းဖြစ်နေသောလက်စွပ်ကိုမြင်လိုက်သဖြင့် တခြားလူများမမြင်အောင်တိတ်တဆိတ်ချွတ်ယူထားလိုက်၏။ ကိုတင့်မောင်ကား တခြားမဟုတ်။ ရွာထဲ၌ကြက်တိုက်၊ဖဲရိုက်၊မူးရူးတတ်သော လောင်းကစားသမားတစ်ယောက်ပင်။
မဝင်းအေး၏အသုဘကိစ္စပြီးမြှောက်ပြီးသည့်နောက် ကိုတင့်မောင်သည်သွက်လက်သောခြေလှမ်းများဖြင့် နေအိမ်သို့ပြန်လာ၏။ အကြောင်းမှာသူကြီးသမီး၏လက်ပေါ်မှချွတ်ယူလာသော လက်စွပ်လေးကိုအသေအချာကြည့်ချင်၍ဖြစ်၏။ အိမ်သို့ရောက်သော်ပုဆိုးခါးပုံစထဲထည့်ထားသော လက်စွပ်ကလေးကိုထုတ်ကြည့်လိုက်၏။
” အားပါးပါး….နည်းတဲ့လက်စွပ်လားကွာ…ကြည့်စမ်း…ရွှေသားစစ်စစ်နှင့်ပြုလုပ်ထားတဲ့အပြင် ကျောက်ကိုလည်းစိန်နဲ့လုပ်ထားတော့ ဘယ်လောက်တောင် တန်ဖိုးရှိလိမ့်မလဲကွာ…ဟီး…ဒီနေ့ငါအတော်ကံကောင်းတာဘဲ….”
ထွန်းတင့်တစ်ယောက် လက်စွပ်ကိုကြည့်ပြီး လောဘဇောတက်ကာမျက်နှာကြီးပြုံးဖြီးနေ၏။
မောင်ရေခဲတို့ဆရာတပည့်လည်း ရက်ရှည်အဓိဋ္ဌာန်ဝင်ပြီးနောက် အထက်အမိန့်ကျလာခဲ့သဖြင့် ဝိဉာဉ်နူတ်သောလက်စွပ်ကိုဖျက်ဆီးပစ်ရန် အေးမြချမ်းသာရွာသို့ရောက်လာခဲ့၏။ ထိုအချိန်ရွာထဲ၌ အသုဘပွဲကျင်းပနေသည်ကိုတွေ့လိုက်ရသဖြင့် အိမ်ထဲသို့ဝင်ပြီး မေးမြန်းကြည့်၏။
” အဘ…ဒီလူဘာရောဂါနဲ့သေတာလဲဗျ.. ”
” မသိပါဘူးလူလေးတို့ရာ အဘတို့ရွာမှာ တစ်လအတွင်း ဒီတစ်ယောက်အပါလူလေးယောက်သေပြီကွဲ့….”
” ဟုတ်လားဦးလေး…သူတို့ကကွကိုယ်သေကြောင်းကြံကြတာလား….”
” မသိပါဘူးကြာ…ညညဆိုအားလို့သာတစ်ချက်အော်ပြီး သေသွားကြတာဘဲ…ဒါနဲ့လူလေးတို့ကပုလိပ်ဘက်ကအသွင်ယူထားတဲ့ စုံစမ်းစစ်ဆေးသူတွေလား….ဒီရွာမှာတစ်ခါမှမမြင်ဖူးလို့…”
” မဟုတ္ဘူးအဘ ကျုပ်တို့ကသာမန်ခရီးသွားတာပါ…ကိစ္စတစ်ခုကြောင့် ဒီရွာကိုရောက်လာခဲ့တာ…ဒါနဲ့ကျုပ်တို့ သေလူရဲ့အလောင်းကိုကြည့်လို့ရမလား…”
” ဪအေးအေး ကြည့်ကြည့်ကြလေ…”
အိမ်ရှင်၏ခွင့်ပြုချက်ကိုယူပြီး အခေါင်းထဲထည့်ထားသောအလောင်းကိုကြည့်လိုက်၏။ ထင်သည့်အတိုင်းပင် အလောင်း၏လက်သန်းကြွယ်မှ ဝတ်ထားသောဝိဉာဉ်နူတ်သည့်လက်စွပ်ကိုတွေ့လိုက်ရ၏။ သို့ကြောင့် မောင်ရေခဲကထိုလက်စွပ်အား ယူရန် အိမ်ရှင်အဘကိုမေးလိုက်၏။
” အဘ…ဒီသေဆုံးသူရဲ့လက်ပေါ်မှာ လက်စွပ်တစ်ကွင်းရှိတယ်… အဲဒီလက်စွပ်ဟာ ဒီလူသေဆုံးရခြင်းအကြောင်းနဲ့ သက်ဆိုင်နေလို့ ကျွန်တော်တို့ကိုယူပေးလို့ရမလား…”
” ဟေ….လက်စွပ်ဟုတ်လား….ငါ့သားမွာဘယ္ကလာ လက်စွပ်ရှိရမလဲ…”
ဆိုကာသားဖြစ်သူ၏အလောင်းထံသွားပြီး လက်စွပ်ရှိမရှိကြည့်လိုက်၏။
” ဟေ…ငါ့သားလက်ပေါ်မှာလက်စွပ်တကယ်ရှိနေပါလား…ဒီလက္စြပ္ကိုငါ့သားဘယ္ကယူလာတာလဲ… ”
ဟုပြောပြီး သားဖြစ်သူ၏လက်ပေါ်မှလက်စွပ်ကိုချွတ်ယူပြီးမောင်ရေခဲအားပေးလိုက်၏။
” ဒီလက္စြပ္က ဝိဉာဉ်နုတ်တဲ့လက်စွပ်ဘဲ အဘ….အဘတို့ရွာမှာပြီးခဲ့တဲ့ရက်တွေကသေခဲ့ကြတဲ့သူတွေကလည်း ဒီလက်စွပ်ကြောင့်ဖြစ်တာ….”
” လူလေးကဘယ်လိုသိတာလဲ….”
” ကျွန်တော်တို့က ခုနှစ်ရက်သားသမီးကို ကယ်တင်စောင့်ရှောက်နေတဲ့လူတွေပါ…ဒါကြောင့်အထက်က အမိန့်ပေးလို့ ဒီလက်စွပ်ကိုဖျက်ဆီးဖို့လာခဲ့ကြတာ….”
မောင်ရေခဲ၏စကားကြောင့် အသုဘတွင်ရောက်လာကြသူများက ထိုဝိဉာဉ်နုတ်သည့်လက်စွပ်အား စိတ်ဝင်စားသွားကြ၏။ မောင်ရေခဲလည်း အမ်ားသူငွါ နားလည်စေရန် ဝိဉာဉ်နုတ်သည့် လက်စွပ်ပိုင်ရှင်အား ခေါ်လိုက်၏။
” လူ့အသက်ကိုသတ်တဲ့ လက်စွပ်ပိုင်ရှင် ငါ့ရှေ့ရောက်လာခဲ့စမ်း….ပုန်းခြင်းကွယ်ခြင်းမရှိစေရ….ငါဆရာရဲ့အမိန့်….”
မောင်ရေခဲက ဩဇာပါသည့်အသံဖြင့် ခေါ်လိုက်ရာ ဧည့်ပရိတ်သတ်ထဲရှိ ယောကျာ်းကြီးတစ်ယောက်သည် ခါးတောင်းကြိုက်ပြီး တဆတ်ဆတ္တုန္ကာ မောင်ရေခဲရှေ့လာထိုင်၏။
” ရောက်လာပြီလား…သင်လားဒီလက်စွပ်ရဲ့ပိုင်ရှင်က….”
” ဟုတ်တယ် အဲဒါငါ့ရဲ့လက်စွပ်ဘဲ….”
” ဒါကိုသင်ဘယ်လိုရလာတာလဲ….”
” ငါ့ကိုဘုရင်မင်းမြတ်ကချီးမြှင့်ခဲ့တာ….တိုက်ပွဲတစ်ခုမှာ ငါဟာရန်သူကိုရွပ်ရွပ်ချွန်ချွန် ချေမှုန်းခဲ့လို့ ဘုရင်မင်းမြတ်က သူကောင်းပြုချီးမြှင့်ခဲ့တာ….”
” ဒါဆို သင့်ရဲ့သက်တမ်းကမနည်းတော့ဘူးဘဲ…ဒါဆိုဘာကြောင့်ဒီလက်စွပ်က ဒီရွာကိုရောက်လာခဲ့တာလဲ….”
” လူတစ်ယောက်က ယူလာခဲ့တာ…ဒီလက်စွပ်ကိုငါမြတ်နိူးတန်ဖိုးထားလွန်းလို့ ငါသေသွားတာတောင် ငါ့မိသားစုကထည့်သွင်းမြုပ်နှံပေးခဲ့တယ်…ဒါကိုလူတစ်ယောက်က လာရောက်တူးယူသွားတာ….”
” ဒီလက်စွပ်မှာရေးထိုးထားတဲ့ စာတွေကရော… ”
” အဲဒီစာတွေက ဘုရင်မင်းမြတ်ကိုယ်တိုင် ရေးထိုးပေးတဲ့မော်ကွန်းတင်ဂုဏ်ပြုစာတွေဘဲ….”
ထိုစာမှာရှေးခေတ်စာလုံးများဖြင့်ရေးထိုးထားသောကြောင့် မောင်ရေခဲမဖတ်တတ်ချေ။
” ထားတော့ သင်ကဘာအတွက်လူတွေကိုသတ်နေရတာလဲ….”
” ငါပိုင်တဲ့ပစ္စည်းကိုယူလို့သတ်တာ….ငါ့အရှင်ကလွဲပြီး ငါ့ကိုဘယ်သူမှတားဆီးချုပ်ချယ်ပိုင်ခွင့်မရှိဘူး….”
” သင့်ကိုလူသတ်ခွင့်မပြုတော့ဘူး… ခုကစပြီး ငါဒီလက်စွပ်ကိုအစဖျောက်ဖျက်ဆီးပစ်တော့မှာ…. သင်လည်းအစွဲမထားဘဲ လွတ်ရာကျွတ်ရာသွားပေတော့….”
” မဖျက်ဆီးနဲ့….ဒီလက်စွပ်ကိုမဖျက်ဆီးနဲ့….”
ဟုပြောပြီး ထိုလူကမတ်တပ်ရပ်ကာ မောင်ရေခဲအား လည်ပင်းညှစ်သတ်ရန်လုပ်၏။
မောင်ရေခဲလည်း ဝိဉာဉ်ချွေအင်း တစ်ချပ်ကိုအမြန်ဆွဲကာထိုလူ၏နဖူးအားကပ်လိုက်ရာ အား…ဟူသောအသံအော်ပြီး ပူးကပ်ခံနေရသောသူမှာခွေလဲကျသွား၏။ ဧည့်ပရိတ်သတ်တို့လည်း ရင်တထိတ်ထိတ်ဖြင့် ဖြစ်သွားကြကုန်၏။ မောင်ရေခဲလည်း ရေစင်ကိုထုတ်ယူပြီး ထိုလူအားတောက်ပေးလိုက်ရာ ခဏအကြာ၌ပြန်လည်သတိရသွား၏။
” လူလေး….စောစောကလူဘယ်ရောက်သွားတာလဲ …”
” မရှိတော့ဘူးအဘ…သူနဲ့သက်ဆိုင်တဲ့နေရာကိုပို့လိုက်ပြီ….ဒီနေ့ကစပြီး အဘတို့ရွာမှာ အနှောင့်ယှက်မရှိတော့ဘူး….”
” ကျေးဇူးတင်လိုက်တာလူလေးရာ…ဒါနဲ့ဒီဝိဉာဉ်နူတ်တဲ့လက်စွပ်ကရော ဘယ္လိုလုပ္မလဲ….”
” ကျွန်တော်ယူသွားပြီး ဆရာသခင်တွေထံအပ်လိုက်မယ်….အားလုံးလည်းဘေးကင်းသွားကြပြီဆိုတော့ ကျွန်တော်တို့ကိုခွင့်ပြုကြပါဦး…”
” ဟုတ်ပါပြီဗျာ…ဒါနဲ့လူလေးတို့နာမည်ကိုသိပါရစေ….”
” နာမည်ဆိုတာ ပညတ်ချက်တစ်ခုပေဘဲမို့ သိလည်းဘာမှအထူးပါဘူးအဘရေ….ကဲအားလုံးဘုရားတရားမမေ့ကြနဲ့ဗျ…”
ထိုသို့ပြောပြီး ရွာသူရွာသားများကိုနူတ်ဆက်ကာ အေးမြချမ်းသာရွာကလေးမှ ထွက်လာခဲ့လိုက်တော့သည်။…..။
( စာမူကြာသွားသည့်အတွက်စာဖတ်သူများကို တောင်းပန်ပါတယ်နော်…အားပေးဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်ရှင့်….စာဖတ်ပရိတ်သတ်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေသောဝ်)
# ပြီး
# ခွန်း

Zawgyi Version

ဝိဉာဥ္ႏုတ္သည့္ လက္စြပ္(စ/ဆုံး)
—————————————-
ဆရာတပည့္ႏွစ္ေယာက္ေနအိမ္မွထြက္လာခဲ့ၿပီး မည္သည့္ေနရာသြားရမွန္းမသိျဖစ္ေနသည္။ အမွန္မွာအထက္အမိန႔္ေၾကာင့္ ခရီးထြက္လာျခင္းမဟုတ္။ ေနအိမ္တြင္မိခင္၏လြမ္းစရာပုံရိပ္မ်ားကို ေျဖေဖ်ာက္ေစရန္ေနအိမ္ႏွင့္ေဝးရာသို႔ထြက္လာခဲ့ျခင္းျဖစ္သည္။ သားအမိသားအဖသုံးေယာက္သာရွိေသာအိမ္ေလးတြင္ မိခင္မရွိေတာ့သည့္အခါ ခံစားမႈကရင္ထဲလႈိက္၍ဝမ္းနည္းဖြယ္ရာပင္။ ဖခင္မွာလည္း မိခင္မရွိေတာ့သည့္အိမ္၌မေနျခင္ေတာ့သျဖင့္ ပရိယာယ္မ်ားလွေသာလူ႔ေဘာင္မွ သာသနာ့ေဘာင္သို႔အၿပီးဝင္ခဲ့ေလ၏။
မိမိသည္ပင္အပုပ္ေကာင္ကိုသ႐ုပ္ေဆာင္၍ ေလာက၏ႀကိဳးဆြဲရာ ကေနရေပဦးမည္။ မိခင္မရွိေတာ့သည့္ သူ႔ဘဝ၌
ဘာေတြမ်ားထပ္ၿပီးတြယ္တာရဦးမည္နည္း။ ေရွ႕ဆက္၍သြားေလသူမိခင္အတြင္ရည္စူးေကာင္းမႈတစ္ခုသာသူ႔အတြက္အခြင့္အေရးရွိေတာ့သည္။ သို႔ေၾကာင့္ကိုးေတာင္ျပည့္ေစတီေလးရွိရာေတာင္ထိပ္၌ ရက္ရွည္အဓိဌာန္ဝင္ေနလိုက္၏။ ေမာင္ထင္ေပၚလည္း ဆရာျဖစ္သူဝမ္းနည္းေနသည္ကိုသိ၍ ဘာစကားမြမဆိုဘဲ ဆရာနည္းတူတရားထိုင္လိုက္၏။
ေမာင္ေရခဲ တရားထိုင္ေနေသာ္လည္း စိတ္ကမတည္ၿငိမ္။ မိခင္၏မ်က္ႏွာပုံပန္းသြင္ျပင္ႏွင့္ စကားသံမ်ားကိုသာျမင္ေယာင္ေနမိ၏။
“လူေလး…စိတ္ကိုၿငိမ္သက္ေနတဲ့ကန္ေရျပင္လိုထား….ဒါေတြဟာအေတြးသက္သက္ဘဲ….လူေလးစိတ္ကိုရေအာင္ခ်ဳပ္တည္းေခ်….”
နားထဲမွဆရာသခင္၏အသံကိုၾကားရေသာေၾကာင့္ ျမင္ေနရေသာအာ႐ုံမ်ားေပ်ာက္ပ်က္ေစရန္ ေခါင္းကိုခါယမ္းလိုက္သည္။
” ဟူး…..မျမင္ရတဲ့သံေယာဇဥ္တစ္မွ်င္ေလးက ျဖတ္ရတာမလြယ္ပါလား….”
ထိုသို႔ေတြးၿပီး အတတ္ႏိုင္ဆုံးစိတ္ကိုစုစည္းလိုက္သည္။ ပထမရက္မ်ား၌စိတ္ကိုတည္ၿငိမ္ေအာင္ထိန္း၍မရေသာ္လည္း ေနာက္ရက္မ်ား၌ မိမိ၏စိတ္ကိုတရားျဖင့္ေျဖေဖ်ာက္ကာ စိတ္ကိုတည္ၿငိမ္ေအာင္ထိန္းခ်ဳပ္ႏိူင္ခဲ့သည္။
ေန႔ေန႔ညည တရားရႈမွတ္ေနေသာဆရာျဖစ္သူကိုၾကည့္ၿပီး ေမာင္ထင္ေပၚစိုးရိမ္စိတ္ျဖစ္ေနမိသည္။ အစားအေသာက္မွီဝဲျခင္းမရွိဘဲ ဆရာျဖစ္သူတရားထိုင္ေနသည္မွာ သုံးရက္ပင္ရွိေနၿပီမဟုတ္ပါလား။
“ဟူး….ဆရာ့မ်က္ႏွာအေတာ္ေလး ေခ်ာင္က်သြားလိုက္တာ…”
ေမာင္ထင္ေပၚက ဆရာျဖစ္သူကိုၾကည့္ၿပီးသင္ျပင္းေမာတခ်က္ခ်လိုက္၏။
” မ်ဖစၻဴး…ဒီတိုင္းဆိုဆရာ အားျပတ္သြားလိမ့္မယ္…ဆရာတစ္ခါမွဒီလိုမစားမေသာက္ဘဲမေနဖူးဘူး…အင္း…ငါဘယ္လိုလုပ္ရင္ေကာင္းမလဲ….”
ေမာင္ထင္ေပၚတစ္ေယာက္ ဘုရားရင္ျပင္ေပၚေခါက္တုန႔္ေခါက္ျပန္ေလွ်ာက္ရင္း ဆရာျဖစ္သူကိုစိတ္ပူေန၏။ တန္ေဆာင္းထဲ၌တရားရႈမွတ္ေနေသာေမာင္ေရခဲမွာ မလႈပ္မယွက္ ၿငိမ္သက္ေနဆဲပင္။
*****************************
ေအးျမခ်မ္းသာဟူေသာ႐ြာေလးတစ္႐ြာတြင္ ကိုေအာင္လွ၏ဇနီးသည္က ကေလးေမြးဖြားေန၏။ အရပ္လက္သည္ဆရာမႏွင့္ေမြးသည္ျဖစ္ရာ ေျပာင္းျပန္ျဖစ္ေနေသာခေလးကို အေတာ္နဲ႔ေမြး၍မရေခ်။
အရပ္လက္သည္လည္း ေခြၽးေဇာျပန္ေနေခ်ၿပီ။ ညႀကီးအခ်ိန္မေတာ္လည္းျဖစ္ေနေသာေၾကာင့္ ၿမိဳ႕ေဆး႐ုံသြားရန္လည္းမလြယ္ေခ်။
” မိေမာ္…ညစ္ထားေအ…ညစၳား…အားမေလွ်ာ့လိုက္နဲ႔….ညည္းကေလးက ေျပာင္းျပန္ႀကီးထြက္လာေတာ့ ဖြားရခက္ေနတယ္ေတာ့….”
အရပ္လက္သည္မွာမိေမာ္၏ဗိုက္ကိုပြတ္ဆြဲခ်ေပးလိုက္၊မိန္းမကိုယ္တြင္ေျပာင္းျပန္ထြက္ေနေသာကေလး၏ေျခေထာက္ကို အသာကေလးဆြဲထုတ္လိုက္ျဖင့္ပ်ာယာခတ္ေန၏။
” အီး….အား…ေအေမရ…ကယ္ပါဦး… နာလိုက္တာေတာ္….ကိုေအာင္လွေရ…ရွင့္ေၾကာင့္ျဖစ္ရတာ…အီး…နာလိုက္တာရွင့္….”
မိေမာ္မွာအေပၚမွ ခ်ထားေပးေသာဆြဲကိုင္စရာႀကိဳးကို အားကုန္ဆြဲကိုင္လိုက္ၿပီး ကေလးကိုေမြးထုတ္ေန၏။ သို႔ေသာ္ကေလးမာေမြးရခက္သည္ဟုဆိုရမည္။ အေတာ္နဲ႔ထြက္မလာေခ်။
” ဟဲ့မိေမာ္…နင့္လင္ကိုမက်ိန္ဆဲနဲ႔ေအ့…ကေလးေမြးရခက္တာက လင္ေယာက်ာ္းအေပၚ မ႐ိုမေသလုပ္မိတာလည္းပါတယ္ေအ့….ဟဲ့…ေအာင္လွ…ေတာ့ေအာင္လွေရ ညည္းမိန္းမညည္းအေပၚ အျပစ္လုပ္မိတာရွိရင္လည္း ခြင့္လြတ္လိုက္ေအ….ဒီမွာသူေမြးရအရမ္းခက္ေနတယ္….”
အရပ္လက္သည္၏စကားေၾကာင့္ ေအာင္လွသည္ မိမိအေပၚဇနီးသည္လုပ္မိေသာအျပစ္မ်ားကိုျပန္လည္စဥ္းစားေန၏။ သို႔ေသာ္ ဘာတစ္ခုမွမမွတ္မိေတာ့ေခ်။
” ဟဲ့ေရ…ဘာလုပ္ေနတာလဲက်ဳပ္ေျပာတာၾကားရဲ႕လားေအ့…”
” ဪ…ၾကား….ၾကားပါတယ္အရီးေရ…က်ဳပ္…က်ဳပ္စဥ္းစားေနတာဗ်…”
” ဪ…နင္ကလည္းတေမွာင့္…စဥ္းစားမေနနဲ႔ေအ့…ဒီကေပ်ာ္ေနတာမဟုတ္ဘူး…အျပစ္ရွိရွိမရွိရွိအားလုံးကို ခြင့္လႊတ္တယ္လို႔ေျပာလိုက္….တကတဲေတာ္…”
အရပ္လက္သည္ႀကီးက အားမလိုအားမရျပန္ေျပာလိုက္၏။ ထိုအခါမွကိုေအာင္လွက
” ဟို…ဟိုေလ…မိန္းမေရ….မင္းငါ့အေပၚအျပစ္လုပ္ထားတာရွိခဲ့ရင္လည္း အားလုံးကိုငါအျပစ္မယူဘဲ ခြင့္လြတ္တယ္ကြာေနာ္….ျမန္ျမန္အားစိုက္ၿပီးေမြးလိုက္ေတာ့….”
ကိုေအာင္လွကဇနီးျဖစ္သူၾကားေအာင္ ေအာ္ေျပာလိုက္၏။ သူတို႔၏အိမ္သည္လည္း ႐ြာထဲကမဟုတ္။ ႐ြာနဲ႔အေတာ္အလွမ္းေဝးသည့္ေနရာတြင္ျဖစ္ေနသျဖင့္ မည္သူ႔ကိုအားကိုးရမွန္းမသိျဖစ္ေန၏။ အိမ္အျပင္ဘက္တြင္ ေခါက္တုန႔္ေခါက္ျပန႔္ေလွ်ာက္ရင္း ဇနီးျဖစ္သူအတြက္စိတ္ပူေနေလ၏။
” ထြက္ေတာ့မယ္…ထြက္ေတာ့မယ္မိေမာ္…ညည္းနဲနဲအားစိုက္လိုက္ပါဦးေအ…”
” အား…….”
လက္သည္ႀကီး၏စကားေၾကာင့္ မိေမာ္လည္း ရွိသမွ်အားစိုက္ကာအသံနက္ႀကီးေအာ္ၿပီး ေမြးလိုက္၏။
” ဟင္….”
လက္သည္ႀကီးသည္ကေလးအား ေၾကာကိုပြတ္သပ္ေပး၏။ ေျခေထာက္ေသးေသးေလးႏွစ္ေခ်ာင္းကိုကိုင္ၿပီးရမ္းခါ၏။ သို႔ေသာ္ကေလးမွာ အသက္မရွင္ခဲ့ေခ်။
” အရီး….က်ဳပ္….က်ဳပ္ဘာေလးေမြးလဲဟင္….”
မိေမာ္ကအသံသဲ့သဲ့ျဖင့္ေမးရွာ၏။
အရပ္လက္သည္၏ လက္ထဲမွနီတာရဲေလးကား လူ႔ေလာကႏွင့္အဆက္အသြယ္ျပတ္ေနေခ်ၿပီ။
” မိေမာ္…သမီး….ညည္းစိတ္အားတင္းထားေနာ္….ညည္းေယာက်ာ္းေလးေမြးေပမဲ့ ၾကာသြားလို႔မႊန္းၿပီး ေသသြားၿပီေတာ့….”
” ရွင့္!…..”
လက္သည္ႀကီး၏စကားေၾကာင့္ မိေမာ္သည္ အသက္ရႉရပ္လုမတတ္ျဖစ္သြားၿပီး ပါးျပင္ေပၚသို႔မ်က္ရည္စမ်ားစီးက်လာ၏။
” အရီး…အရီး…က်ဳပ္မိန္းမေမြးၿပီလားဗ်…ဘာေလးေမြးတာလဲဟင္…”
ကိုေအာင္လွက ေမးလည္းေမး အထဲသို႔လည္းတစ္ခါတည္းဝင္လာခဲ့၏။
အရပ္လက္သည္ႀကီးက ေအာင္လွအား ေလးတြဲ႕စြာေခါင္းခါယမ္းျပ၏။
” ဟင္….က်ဳပ္…က်ဳပ္ကေလး…အဖတ္မတင္ဘူးလားအရီး….”
” ဟုတၱယ္သား…ကေလးကေမြးရခက္လို႔ မႊန္းတာတစ္ေၾကာင္း၊ေျပာင္းျပန္ေမြးလာတာတစ္ေၾကာင္းေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတာ….”
” မိန္းမရယ္…က်ဳပ္…က်ဳပ္တို႔သားေလး….”
ကိုေအာင္လွက ဇနီးျဖစ္သူအားရင္ခြင္၌ေပြ႕ခ်ီၿပီး ငိုေႂကြးေန၏။ လင္မယားႏွစ္ေယာက္လုံးသားငယ္ေလးကို ႏွေျမာတသျဖစ္ေနၾက၏။
” ငိုေနလို႔မၿပီးဘူးသားတို႔…ဒီကေလးအေလာင္းကိုညခ်င္းတြင္းသြားျမဳပ္ပစ္ရဦးမယ္….အဲဒါညည္းတစ္ေယာက္ထဲဒီအခ်ိန္သုသာန္ကိုသြားရဲသလား….”
” ၾသားရဲပါတယၺ္ာ….က်ဳပ္သားကိုက်ဳပ္ကိုယ္တိုင္ေကာင္းမြန္စြာျမဳပ္ႏွံေပးမယ္…အရီးက်ဳပ္မိန္းမအနားေစာင့္ေနေပးဦးဗ်ာ….”
သားကိုဆုံးရႉံးလိုက္ရသည့္စိတ္ေၾကာင့္ ကိုေအာင္လွေၾကာက္စိတ္တို႔တဒဂၤကုန္ဆုံးသြား၏။ သားငယ္၏အေလာင္းႏွင့္အခ်င္းတို႔ကို ပုဆိုးတစ္ထည္ျဖင့္ေသခ်ာထုပ္ပိုးကာ ေအာက္ထပ္မွေပါက္တူးတစ္လက္ယူၿပီး ႐ြာျပင္သုသာန္ဘက္သို႔ဦးတည္လိုက္၏။
ည၏တိတ္ဆိတ္လွေသာအခ်ိန္သည္ကား ေျခာက္ခ်ားဖြယ္ေကာင္းေန၏။ ေကာင္းကင္ေပၚမွေပ်ာက္တိေပ်ာက္က်ားရွိေနေသာၾကယ္ကေလးမွအပလမင္းႀကီးကားမရွိ။ ကိုေအာင္လွလည္းတစ္ဖက္ကကေလးအႏွီးထုပ္ကိုကိုင္ၿပီး က်န္တစ္ဖက္ကေပါက္တူးကိုကိုင္ကာ မီးအိမ္အားေပါက္တူးအ႐ိုးမွခ်ိတ္၍ဆြဲလာ၏။
” အူး….ဝူး….ဝူး…..”
” အူး…ဝူး…ဝူး….”
သုႆာန္သို႔နီးလာသည္ႏွင့္ ဆြဲဆြဲငင္ငင္အူေနေသာေခြးတို႔၏အသံကိုအတိုင္းသားၾကားေနရ၏။ သုႆာန္သည္ကား သစ္ပင္ႀကီးငယ္တို႔အစီအရီေပါက္ၿပီး ပို၍မဲေမွာင္ေနသေယာင္။ သုႆာန္နံေဘးရွိဇရပ္ႀကီးသည္ကား အေမွာင္ေအာက္မွ နား႐ြက္ၿခဳံကာအိပ္ေနေသာသဘက္ႀကီးအလား ထီးထီးႀကီးရွိေန၏။ ေအာင္လွကဇရပ္ကိုျဖတ္ေက်ာ္လိုက္ၿပီး သုႆာန္ေျမထဲသို႔ဝင္လိုက္၏။ ေျမပုံမို႔မို႔တို႔သည္ကား ဟိုတစ္စုသည္တစ္စု။ ႐ြာသုႆာန္ျဖစ္၍ အေလာင္းကိုဂူမသြင္းၾက။
” ဂီး…ဂီး…ဂီး…”
” ဖလပ္….ဖလပ္….ဖလပ္…..”
ကိုေအာင္လွ သုႆာန္ထဲသို႔ဝင္လာသည္ႏွင့္ ငွက္ဆိုးတစ္ေကာင္က သစ္ကိုင္းေျခာက္ေပၚမွထျပန္၏။ ေျမပုံမို႔မို႔မ်ားကိုေက်ာ္ခြသြားၿပီးေနာက္ သစ္ပင္ႀကီးတစ္ပင္၏ေျခရင္းတြင္ အႏွီးထုပ္ကေလးကိုခ်ကာ ေျမတြင္းေသးေသးေလးကိုတူးေဖာ္လိုက္၏။ လြန္ခဲ့ေသာ ႏွစ္မ်ားကေျမပုံေဟာင္းေနရာျဖစ္၍ထင္ တူးေဖာ္ရသည္မွာသိပ္မခက္လွ။ ကိုေအာင္လွတစ္ေယာက္ ေျမတြင္းကိုအေသအခ်ာတူးေန၏။
” တက္…..”
ထိုစဥ္ တစ္စုံတစ္ခုကိုေပါက္ျပားႏွင့္ေပါက္မိရာ တသံျမည္သြား၏။
” ဘာတုံးဟ…လူေခါင္း႐ိုးမ်ားေပါက္မိတာလား….”
ကိုေအာင္လွကထိုသို႔ေတြးၿပီး သစ္ကိုင္းတြင္ခ်ိတ္ထားေသာမီးအိမ္ကိုလွမ္းယူၿပီး ထိုအရာအားၾကည့္လိုက္၏။ ထိုအခ်ိန္မီးေရာင္မွိန္မွိန္ကေလးေအာက္မွ ဝင္းဝါသြားေသာအရာတစ္ခု။
” ဟင္….ဘာေလးပါလိမ့္….”
ကိုေအာင္လွကထိုအရာအား ငုံ႔ၿပီးေကာက္ၾကည့္လိုက္ရာ ေ႐ႊလက္စြပ္တစ္ကြင္းျဖစ္ေန၏။ ေရွးေခတ္ေ႐ႊစင္သားစစ္စစ္ျဖင့္ျပဳလုပ္ထားေသာေၾကာင့္ ေ႐ႊသားသည္မီးေရာင္ေအာက္၌ဝင္းအိေန၏။
” ေ႐ႊအစစ္လား…ဝင္းဝါေနတာဘဲ…အေလးခ်ိန္လည္းအရမ္းစီးတယ္….တက်ပ္သားေလာက္ရွိေလာက္မယ္….”
ကိုေအာင္လွကလက္စြပ္အားခ်ိန္ဆၾကည့္ကာ တစ္ေယာက္ထဲေျပာေန၏။ ထိုလက္စြပ္ကိုၾကည့္ၿပီး လိုခ်င္တပ္မက္စိတ္မ်ားျဖစ္ေပၚေနသျဖင့္ လက္စြပ္အားအိပ္ကပ္ထဲသို႔ထည့္လိုက္ၿပီး သစ္ပင္ေအာက္မွခ်ထားေသာ သားငယ္အေလာင္းကိုယူကာေျမျမဳပ္လိုက္၏။ အားလုံးၿပီးစီးသြားမွ မိမိ၏ေနအိမ္သို႔ျပန္လာခဲ့၏။ အိမ္ျပန္ေရာက္ေသာ္ေျခလက္သန႔္စင္ၿပီး လက္သည္ႀကီးအား ေငြအခ်ိဳ႕ျဖင့္ကန္ေတာ့ကာျပန္လြတ္လိုက္၏။
လက္သည္ျပန္ၿပီးသြားသည္ႏွင့္ ကိုေအာင္လွသည္အိပ္ေပ်ာ္ေနေသာဇနီးသည္ကိုႏိူးလိုက္၏။
” မိန္းမ….မိန္းမ…ထဦး….”
” အင္း….အဲ….ကို…ကိုေအာင္လွရွင္ျပန္လာၿပီလား…သားေလးကိုေသခ်ာျမဳပ္ႏွံေပးခဲ့ရဲ႕လား….”
” ေသခ်ာျမဳပ္ႏွံေပးခဲ့ပါတယ္မိန္းမရယ္…မိန္းမကိုျပစရာရွိတယ္….ဒီမွာၾကည့္….”
ကိုေအာင္လွသည္ အိပ္ကပ္ထဲမွလက္စြပ္ေလးကိုထုတ္ၿပီးဇနီးသည္အားျပ၏။
” ဘာတုံးေတာ့…က်ဳပ္ေသခ်ာမျမင္ရဘူး…”
” ေဟာဒီလိုဆိုရင္ေရာျမင္ရၿပီလား….”
ကိုေအာင္လွကမီးအိမ္ကိုေျမႇာက္ၿပီး လက္စြပ္ကိုျမင္သာေအာင္ျပလိုက္၏။
” ေဟာ့ေတာ့လက္စြပ္ေလးတစ္ကြင္းပါလားအစ္ကိုရ…ေတာ္ဘယ္ကေနယူလာတာတုန္း….”
” သားေလးကိုသြားပို႔ရင္းေတြ႕ခဲ့တာမိန္းမရ…”
” ေအးပါေအ…ဒီလက္စြပ္ကေ႐ႊမကလို႔ဘာႀကီးဘဲျဖစ္ေနျဖစ္ေန က်ဳပ္တို႔သားေလးကိုအသက္ရွင္ေအာင္ျပန္မလုပ္ေပးႏိူင္ပါဘူးရွင့္….”
မေမာ္ကထိုသို႔ေျပာၿပီးကေလးကိုသတိရစိတ္ျဖင့္ငိုျပန္၏။ ေ႐ႊလက္စြပ္ကေလးျပလိုက္လွ်င္ဇနီးသည္ ေပ်ာ္သြားမည္ဟုေတြးထားေသာ ကိုေအာင္လွမွာဇနီးသည္ကိုေခ်ာ့သိပ္ေနရ၏။ သို႔ေၾကာင့္ လက္စြပ္ကိုေသတၱာထဲသို႔ထည့္သိမ္းလိုက္၏။ ထိုသို႔ထည့္ၿပီးေနာက္ပိုင္း တစ္ခါမွ်ပင္ထုတ္မၾကည့္ခဲ့မိေခ်။
တစ္ခုေသာညေန၌ကိုေအာင္လွတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ယာေတာထဲမွျပန္လာၾက၏။ အိမ္ေရာက္ေသာ္အေမာေျဖရင္း သားေလးကိုသတိရလာ၏။
” အစၠိဳ…သားေလးသာရွိရင္ခုေလာက္ဆို ၅လထဲေရာက္ေနၿပီေနာ္…ဝဝကစ္ကစ္ေလးနဲ႔အရမ္းခ်စ္ဖို႔ေကာင္းမွာ….”
” ဪမိန္းမရယ္…ငါလည္းသားေလးကိုခ်စ္ပါတယ္ကြာ….ဒါေပမဲ့သားေလးကလူ႔ေလာကထဲကထြက္ခြာသြားခဲ့ၿပီေလ…မျပန္လာႏိူင္ေတာ့မွန္းသိရက္နဲ႔ ဘာေၾကာင့္စိတ္ဒုကၡခံေနရတာလဲကြာ…ငါတို႔ကအ႐ြယ္ရွိေနပါေသးတယ္…ေနာက္ထပ္ကေလးယူလို႔ရေနပါေသးတယ္ဟာ….”
” အင္းပါအစ္ကိုရယ္…သားေလးကိုသတိရမိလို႔ပါေတာ္…ဪဒါနဲ႔အစ္ကိုအဲဒီညက ယူလာတဲ့လက္စြပ္ကေရာဘယ္ေရာက္သြားတာလဲ…”
မေမာ္၏အေမးေၾကာင့္ကိုေအာင္လွလည္း ထိုညကယူလာေသာလက္စြပ္ကိုသတိရသြားၿပီး
” ဟုတ္သားဘဲငါေမ့ေနတာ…ေသတၱာထဲမွာထည့္သိမ္းထားတယ္ ငါသြားယူလိုက္မယ္…..”
ဆိုၿပီး အိမ္ထဲဝင္သြားကာ ေသတၱာထဲထည့္သိမ္းထားေသာလက္စြပ္ကိုထုတ္ယူလာ၏။ လင္မယားႏွစ္ေယာက္ ထိုလက္စြပ္ကိုေသခ်ာၾကည့္ၿပီး
” အစၠိဳလၾကၥပၠ တစ္ခုခုထူးျခားေနသလိုဘဲေနာ္…အဲဒီညကေမွာင္မည္းေနလို႔ေသခ်ာမျမင္မိဘူး…လက္စြပ္ရဲ႕အထဲဖက္မွာ စာလုံးေတြထြင္းထားတာအႏုစိပ္က်လိုက္တာ…ၿပီးေတာ့ဒီလက္စြပ္မွာထည့္ထားတဲ့ေက်ာက္ကလည္းအျဖဴေရာင္ေလးနဲ႔အရမ္းလွတာဘဲ….”
ဇနီးသည္ေျပာမွကိုေအာင္လွလည္း လက္စြပ္ကိုေသခ်ာၾကည့္မိ၏။
” ဟုတ္တယ္ေနာ္ လက္စြပ္ကြင္းရဲ႕အထဲဖက္မွာ စာလုံးေသးေသးေလးေတြေရးထြင္းထားတယ္….ၿပီးေတာ့ လက္စြပ္မွာပါတဲ့ေက်ာင္အမ်ိဳးအစားက စိန္ထင္တယ္ကြ…”
” ရွင္ဘယ္လိုသိတာလဲ…”
” က်ဳပ္လည္းၾကားဖူးသေလာက္ခန႔္မွန္းမိတာပါ….ဒီေ႐ႊလက္စြပ္ရဲ႕ကာလေပါက္ေဈးကနည္းမွာမဟုတ္ဘူး…ဒီလက္စြပ္ထဲမွာျမဳပ္ထားတဲ့စိန္ပြင့္နဲ႔တင္ ေငြအေတာ္ရေလာက္တယ္ကြ…မနက္က်ရင္ငါၿမိဳ႕တက္ၿပီး ေ႐ႊဆိုင္ေတြမွာသြားျပၾကည့္မယ္…ေဈးတည့္ရင္ေရာင္းခဲ့ၿပီး ေကာင္းေရာင္းေကာင္းဝယ္လုပ္ရေအာင္….မေကာင္းဘူးလားမိန္းမ….”
ကိုေအာင္လွက လက္စြပ္ကိုသြားေရာင္းမည္ဟုအသံၾကားလိုက္သည္ႏွင့္ မေမာ္သည္စိတ္ထဲဘယ္လိုျဖစ္သြားမွန္းမသိေတာ့ဘဲ ထိုလက္စြပ္အားရယူပိုင္ဆိုင္ခ်င္လာ၏။
ပုံမွန္ဆိုလွ်င္ထိုလက္စြပ္အား ကာလေပါက္ေဈးျဖင့္ ေရာင္းၿပီး လင္မယားႏွစ္ေယာက္ ေကာင္းေရာင္းေကာင္းဝယ္လုပ္ကာေအးေအးခ်မ္းခ်မ္းေနသြားမည္ဟုအေတြးရွိၿပီးသား။ သို႔ေသာ္ ယခုကားသူ႔စိတ္သည္ လက္စြပ္ေရာင္းမည့္ေယာက်ာ္းျဖစ္သူအား စိတ္တိုခ်င္သလိုလိုျဖစ္ေန၏။
” မွန္းေပးစမ္းလက္စြပ္…ငါစြပ္ၾကည့္မယ္….”
မေမာ္ကထိုသို႔ဆိုကာ ေယာက်ာ္းျဖစ္သူ၏လက္ေပၚမွလက္စြပ္ကိုလုယူၿပီး လက္သန္းႂကြယ္၌စြပ္ခ်လိုက္၏။
” ၾကည့္စမ္း ငါ့လက္နဲ႔အေတာ္ဘဲ လြလိုကၱာ စိန္ပြင့္ႀကီးကလည္းအေရာင္တဖ်တ္ဖ်တ္နဲ႔….”
မေမာ္ကလက္ကိုအေပၚေျမႇာက္ၿပီး ဝမ္းသာစြာဆိုေန၏။
” ေအးပါမိန္းမရာ….မင္းလက္နဲ႔ေတာ္ပါတယ္…လွလည္းလွတယ္…ဒါေပမဲ့အဲဒီလက္စြပ္ကိုေရာင္းၿပီး အဲဒီထက္လွတဲ့ဟာဝယ္ေပးမယ္ေလ…လက္စြပ္ေရာင္းၿပီးရင္ေတာ့ေ႐ႊတစ္ဆင္စာလုံးေတာင္မင္းအတြက္ဝယ္ေပးႏိူင္ၿပီ….ေပးေပးငါသိမ္းထားမယ္မနက္က်ၿမိဳ႕တက္ၿပီးသြားေရာင္းၾကမယ္…”
” မေပးဘူးဒီလက္စြပ္ကိုဘဲငါယူမွာတျခားဘယ္ဟာမွမလိုခ်င္ဘူး….”
” မိန္းမရယ္…ကေလးက်ေနတာဘဲေပးပါကြာ…ငါတို႔သန႔္ရွင္းေရးေလးလုပ္ထားရေအာင္ ေရာင္းတဲ့အခ်ိန္သူမ်ားပိုၿပီးလိုခ်င္သြားေအာင္ေပါ့….”
” မေပးဘူးဆိုေနတာကိုဘယ္လိုျဖစ္ေနတာလဲ…ဒီလက္စြပ္ကကြၽန္မအပိုင္ဘယ္သူမွယူလို႔မရဘူး…ဟီးဟီးဟီး…. ”
မေမာ္ကထိုသို႔ေျပာၿပီး အိမ္ထဲဝင္ကာလက္စြပ္ကိုအားရဝမ္းသာစြာၾကည့္ေန၏။
ကိုေအာင္လွကားဇနီးသည္၏စိတ္ကိုနားမလည္ႏိုင္ေတာ့ေခ်။
ညသန္းေခါင္ယံအခ်ိန္၌ မေမာ္သည္အိပ္ယာမွႏိုးလာခဲ့၏။ နံေဘးတြင္အိပ္ေနေသာေယာက်ာ္းျဖစ္သူမွာ ေဟာက္သံပင္ထြက္ေန၏။ မေမာ္မွာဘာေၾကာင့္ရယ္မသိဝမ္းနည္းသလိုလိုျဖစ္ေန၏။ လက္စြပ္ဝတ္ထားေသာလက္ေခ်ာင္းမွာ ယားယံသလိုလိုျဖစ္လာသျဖင့္ ခြၽတ္ပစ္ရန္လုပ္၏။ သို႔ေသာ္ခြၽတ္၍မရႏိူင္ဘဲျဖစ္ေန၏။
” ေယာက်ာ္း…ေယာက်ာ္း…”
ၾကက္သီးတျဖန္းျဖန္းထလာသျဖင့္ ေယာက်ာ္းျဖစ္သူကိုႏိူးေသာ္လည္းလည္ပင္းထဲမွာပင္အသံကေပ်ာက္သြား၏။ ထိုစဥ္ ေၾကာက္မက္ဖြယ္ေကာင္းေသာအရာတစ္ခုသည္ သူမ၏ျမင္ကြင္းထဲသို႔ေရာက္လာခဲ့၏။
” အား…..”
အလြန္ေၾကာက္မက္ဖြယ္ေကာင္းေသာ ျမင္ကြင္းေၾကာင့္ ေသြးပ်က္ေခ်ာက္ျခားၿပီး အသက္ထြက္သြားေလ၏။ မိန္းမျဖစ္သူ၏ေအာ္သံေၾကာင့္ ကိုေအာင္လွလည္း ႏိူးလာခဲ့ၿပီး မီးအိမ္ကိုမီးညႇိလိုက္ရာ သူ႔နံေဘးတြင္မ်က္လုံးအျပဴးသားနဲ႔ေသေနေသာမိန္းမျဖစ္သူကိုေတြ႕လိုက္ရ၏။
” မိန္းမ…မိန္းမ…ဘာျဖစ္တာလဲမိန္းမ….”
” ဒက္….ဒက္…ဒက္….”
ထိုစဥ္မိေမာ္၏လက္ထဲမွလက္စြပ္သည္ ၾကမ္းေပၚသို႔က်သြားၿပီး လွိမ့္သြား၏။ ကိုေအာင္လွမွာမိေမာ္ကိုႏိူးေသာ္လည္း ျပန္ႏိူးမလာေတာ့ေခ်။
” နင္ငါ့ကိုေခၚလာတယ္….ငါတစ္႐ြာလုံးကိုသတ္ရမယ္…ဟီးဟီးဟီး….”
ထိုအသံကားလက္စြပ္ဆီမွေပၚလာျခင္းျဖစ္၏။
” ဟင္….ဘယ္သူလဲ…”
ကိုေအာင္လွကမီးအိမ္ကိုကိုင္ေျမာက္ၿပီး အသံရွင္ကိုလိုက္ရွာေန၏။ သို႔ေသာ္လူႏွင့္တူသည္ဟူ၍အသက္မဲ့ေနေသာသူ႔မိန္းမႏွင့္သူသာရွိ၏။
” လက္စြပ္ေလး ဘယ္ေရာက္သြားတာလဲ….သူခိုးေတြဝင္ၿပီးငါ့မိန္းမဆီကလက္စြပ္ဝင္ယူသြားတာမ်ားလား…သူခိုးေတြကိုခုခံရင္း ငါ့မိန္းမေသသြားတာမ်ားလား….ဒါဆိုငါကေရာဘာလို႔မသိရတာလဲ….”
ကိုေအာင္လွတစ္ေယာက္အေတြးမ်ားျဖင့္ စိတ္ရႈပ္ေထြးလာ၏။ ထိုစဥ္မီးအိမ္၏အလင္းေရာင္ေအာက္မွလက္စြပ္သည္လက္ခနဲျဖစ္သြားသည္ကို ကိုေအာင္လွျမင္လိုက္၏။
” ဟင္…လက္စြပ္ေလးပါလား….မိန္းမစြပ္ထားတဲ့လက္စြပ္ကဘာလို႔ဒီေရာက္ေနရတာလဲ…”
ထိုသို႔ေတြးၿပီးလက္စြပ္ကိုေကာက္ယူကာ မီးအိမ္၏အလင္းေရာင္ကိုအားျပဳၿပီး လက္စြပ္ကိုစိုက္ၾကည့္ေန၏။
” လွလိုက္တဲ့လက္စြပ္ေလး…ၾကည့္စမ္းဘယ္ပန္းထိမ္ဆရာက ဒီေလာက္လွတဲ့လက္စြပ္ေလးကို လုပ္ခဲ့တာလဲ…”
ဟုေျပာၿပီး လက္စြပ္အားမိမိ၏လက္ေခ်ာင္း၌စြပ္ခ်လိုက္၏။
” ဟီး…ဟီး…ဟီး…..ငါနဲ႔လိုက္ခဲ့ရမယ္…ဟီးဟီးဟီး….”
အက္ကြဲစူးရွေနေသာအသံကအေမွာင္ထုထဲမွေပၚထြက္လာခဲ့၏။
” ဟင္…ဘယ္သူလဲ…ထြက္ခဲ့စမ္း…”
ကိုေအာင္လွကထိုသို႔ေျပာလိုက္လွ်င္ အေမွာင္ထုထဲမွအလြန္႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာနာနာဘာဝတစ္ေကာင္သည္ မီးေရာင္မွိန္မွိန္ေလး၏ အလင္းေရာင္ေအာက္မွေပၚထြက္လာခဲ့၏။
” အေမလး…ဘာႀကီးလဲ….”
” နင္ဘဲငါ့ကိုေခၚလာခဲ့တာေလ…ဟီးဟီးဟီး….ငါနင့္ကိုသတ္မယ္….သတ္မယ္…”
ဆိုၿပီး နာနာဘာဝက လက္အရွည္ႀကီးဆန႔္ထုတ္ၿပီး ကိုေအာင္လွ၏လည္ပင္းကိုညႇစ္လိုက္၏။
” အား…အစ္….အစ္….”
ေအာ္သံပင္မထြက္ႏိူင္ေတာ့ဘဲ ဆန႔္တငင္ငင္ျဖစ္ၿပီးမ်က္ျဖဴဆိုက္ကာ အသက္ထြက္သြားေတာ့၏။
” ဟင္းဟင္း…ငါ့ပစၥည္းကိုဘယ္သူမွမယူရဘူး ဒါငါ့အပိုင္….”
ေၾကာက္မက္ဖြယ္ေကာင္းေသာ မေကာင္းဆိုးဝါးႀကီးကထိုသို႔ေျပာၿပီး ထိုအိမ္ထဲမွထြက္သြားေတာ့၏။ လက္စြပ္မွာလည္း ထိုအိမ္ထဲမွေပ်ာက္ခ်င္းမလွေပ်ာက္သြားေတာ့သည္။
သာယာေသာေန႔တစ္ေန႔၌ထြန္းေမာင္သည္ ယာခုတ္ဓားတစ္လက္ျဖင့္ ယာေတာထဲသို႔ေရာက္လာ၏။ သူလည္းေအးျမခ်မ္းသာ႐ြာသားတစ္ဦးျဖစ္ၿပီး သူ႔အကြက္သည္ ႐ြာျပင္ရွိကိုေအာင္လွတို႔၏တဲနဲ႔နီး၏။ ထြန္းေမာင္သည္ယာထဲသို႔လာတိုင္း ထမင္းကို ကိုေအာင္လွတို႔အိမ္၌စားေနက်ျဖစ္သည္။ ယာေတာထဲရွိအလုပ္မ်ားလုပ္ကိုင္ၿပီးေန႔လယ္စာထမင္းစားနားခ်ိန္၌ ကိုေအာင္လွ၏တဲသို႔လာခဲ့၏။ အၿမဲတမ္းလူရွိေနေသာတဲမွာတံခါးပိတ္လ်က္သားရွိေန၏။
” ဒီေကာင္ႀကီး အလုပ္အေတာ္ႀကိဳးစားတာဘဲ…ခုထိလင္မယားႏွစ္ေယာက္လုံးျပန္မလာၾကေသးဘူးထင္…”
ထြန္းေမာင္ကထိုသို႔ေျပာၿပီး တဲေပၚရွိေရအိုးမွေရကိုအဆာေျပခပ္ေသာက္လိုက္၏။
” ဒီေကာင့္အိမ္မွာ ဘာသားေကာင္ေတြေသေနတာလဲ နံလိုကၱာ…ထြီး….”
ေအာ္ဂလီဆန္စရာေကာင္းလွေသာ ပုပ္အဲ့အဲ့အနံ႔ေၾကာင့္ ထြန္းေမာင္တစ္ေယာက္မ်က္ႏွာကိုရႈံ႕မဲ့လိုက္၏။
” ဒီေကာင္ႀကီး အျပင္ဘက္ေသာ့လည္းမခ်ိတ္သြားပါလား….”
ေစ့႐ုံပိတ္ထားေသာတံခါးကိုၾကည့္ၿပီး ထြန္းေမာင္စိတ္ထဲဘဝင္မက်သလိုျဖစ္မိ၏။
သို႔ေၾကာင့္ တဲအိမ္တံခါးကိုတြန္းဖြင့္ၾကည့္လိုက္၏။ သူ႔အထင္မွာ ေအာင္လွတို႔လင္မယား ထိုတဲမွေျပာင္းသြားၾကၿပီလားဟူ၍ပင္။ သို႔ေသာ္တံခါးမွာအထဲမွ ဂ်က္ထိုးထားသျဖင့္ ဖြင့္မရ။
” တခါးကအထဲဖေကၠန ဂ္ကၳိဳးထားတာပါလား….ေအာင္လွ….ေအာင္လွ….မင္းငါလာမွာစိုးလို႔ အထဲကေနဂ်က္ထိုးထားတာလားကြဟမ္…ဘာလဲမင္းတို႔လင္မယား.ေဆာ့ေနၾကတာလား…ဟဲဟဲ….”
ထြန္းေမာင္ကၿပဳံးစိစိျဖင့္စကားဆိုေလ၏။
” ေအာ့… ေဝါ့…ထြီး…နံတာၾကာ…ဒီလင္မယားဘာေတြလုပ္ထားၾကတာပါလိမ့္…”
ပုပ္အဲ့ေသာအနံ႔ကတဲအတြင္းမွထြက္လာသျဖင့္ ထြန္းေမာင္ေအာ့အန္မိ၏။
” မဟုတ္မွလြဲေရာ… ဒီေကာင္မယားႏွစ္ေယာက္ ရန္ျဖစ္ၿပီး…ဘုရားဘုရား….”
ထြန္းေမာင္ကတမ်ိဳးအေတြးေပါက္သြားၿပီးတံခါးကိုအားကုန္တြန္းဖြင့္လိုက္၏။ အပုပ္နံ႔ကား ပို၍ၾထကႅာ၏။ ထြန္းေမာင္လည္း ႏွာေခါင္းကိုလက္ျဖင့္အုပ္လိုက္ၿပီးအထဲသို႔ဝင္သြား၏။
” ဟင္….အလိုေလး….”
အိမ္ထဲရွိျမင္ကြင္းေၾကာင့္ ထြန္းေမာင္တစ္ေယာက္ ေသြးပ်က္သြားသည္။ အေၾကာင္းမွာေအာင္လွတို႔လင္မယားသည္ ေသေနၿပီးအေလာင္းမွာ ပုပ္ပြရိ႐ြဲကာအနံ႔မ်ားပင္ထြက္ေနၿပီျဖစ္ေသာေၾကာင့္တည္း။ ထိုျမင္ကြင္းေၾကာင့္ ထြန္းေမာင္လည္း အိမ္ထဲမွတခ်ိဳးတည္းထြက္ေျပးလာၿပီး ႐ြာထဲသို႔အားကုန္ေျပးလာလိုက္၏။
သူႀကီးဦးျမေမာင္တို႔လင္မယားသည္ အိမ္ေရွ႕ကြပ္ပ်စ္၌ထိုင္ၿပီး သူႀကီးကသတင္းစာအေဟာင္းတစ္ေစာင္ကိုဖတ္ရႈေန၏။ သူႀကီးကေတာ္ကား စေကာထဲရွိ ဆန္လုံးအညံ့မ်ားကိုေ႐ြးထုတ္ေန၏။
ထိုစဥ္လွေမာင္သည္ ပုဆိုးပင္မပါေတာ့ဘဲ ကမူး႐ူးထိုးျဖင့္ သူႀကီး၏အိမ္ဝန္းထဲသို႔ေျပးလာ၏။
” သူ….သူ….သူႀကီး….ေဟာဟဲ… ေဟာဟဲ….”
” ေဟာ…ထြန္းေမာင္….အေမာတေကာနဲ႔မင္းဘာျဖစ္လာတုန္းေအ….”
” အ…အရီး…က်ဳပ္….က်ဳပ္ကို….ေရ….ေရတစ္ခြက္အရင္တိုက္ပါဦး….ေဟာဟဲ…ေဟာဟဲ….”
” ေအးေအး….”
သူႀကီးကေတာ္ကေရအိုးစင္မွေရတစ္ခြက္ခပ္ၿပီး ကမ္းေပးလိုက္၏။ သူႀကီးလည္းသတင္းစာ စာ႐ြက္ကိုလက္ကခ်လိုက္ၿပီး
” ထြန္းေမာင္…မင့္ၾကည့္ရတာလဲ ေအနာေကၠျခးလိုကၠိဳက္သလိုပါဘဲလား…ကဲေျပာဘာျဖစ္လာတာလဲ… ”
” ေအာင္….ေအာင္လွတို႔လင္မယား…”
” ေအာင္လွတို႔လင္မယားဘာျဖစ္လို႔တုံးေအ့….”
သူႀကီးကေတာ္ကစိတ္မရွည္စြာျပန္ေမးလိုက္၏။
” ေအာင္လွတို႔လင္မယား ေသကုန္ၿပီအရီးရဲ႕….”
” ေဟ….”
” ဘယႅိဳဘယႅိဳ….”
ထြန္းေမာင္၏စကားေၾကာင့္ သူႀကီးလင္မယားမ်က္လုံးျပဴးသြား၏။
” မင္းကိုဘယ္သူေျပာတာလဲထြန္းေမာင္….”
” က်ဳပ္ကိုယ္တိုင္မ်က္စိနဲ႔တပ္အပ္ျမင္လာတာသူႀကီး….ေအာင္လွတို႔လင္မယားႏွစ္ေယာက္လုံးေသၿပီး အေလာင္းေတြေတာင္ပုပ္ပြရိ႐ြဲကုန္ၿပီ….”
” ေဟ…မင္းေျပာတာေသခ်ာလားထြန္းေမာင္….”
” က်ဳပ္တကယ္ေျပာတာသူႀကီး…က်ဳပ္ထမင္းစားနားခ်ိန္ သူတို႔တဲမွာသြားစားဖို႔သြားတာ လူမရွိတာနဲ႔က်ဳပ္လည္း သူတို႔အထဲမွာရွိေနမလားဆိုၿပီး တဲတံခါးကိုဖြင့္ၾကည့္တာ မရတာနဲ႔တံခါးဖ်က္ၿပီးဝင္ခဲ့တာ….ေအာင္လွတို႔္လင္မယားႏွစ္ေယာက္လုံး ၾကမ္းေပၚမွာေသေနတာကိုေတြ႕ခဲ့တာဘဲ….”
” ဒါဆိုက်န႔္ၾကာလို႔မျဖစ္ဘူး မင္းက႐ြာသားေတြကိုအေၾကာင္းၾကားလိုက္…ငါၿမိဳ႕ဂတ္ကိုသတင္းပါးလိုက္မယ္….”
” ဟုတ္သူႀကီး….”
ထြန္းေမာင္လည္းသူႀကီးေျပာသည့္အတိုင္းလူစုၿပီး ေအာင္လွ၏တဲအိမ္ရွိရာ႐ြာျပင္သို႔လာခဲ့လိုက္၏။ သူႀကီးလည္းထိုလူစုထဲတြင္ပါလာ၏။ တဲသို႔ေရာက္ေသာ္ ထြန္းေမာင္ေျပာသည့္အတိုင္းပင္ တဲၾကမ္းခင္းေပၚ၌ ပုပ္ပြရိ႐ြဲေနေသာေအာင္လွတို႔လင္မယားကိုေတြ႕လိုက္ၾကရသည္။
” ဘယ္လိုျဖစ္ၾကတာလဲ…ထြန္းေမာင္ေျပာသလိုတဲအထဲက တံခါးဂ်က္ထိုးထားတာဆိုေတာ့အျပင္လူသတ္တာမျဖစ္ႏိူင္ဘူး…လင္မယားခ်င္းရန္ျဖစ္ၿပီး လက္လြန္သြားၾကတာမ်ားလား….”
သူႀကီးကသူ၏ထင္ျမင္ခ်က္ကိုေျပာ၏။
” ဟာသူႀကီးကလည္း သူတို႔လင္မယားကရန္ျဖစ္ရင္ေတာင္ဒီေလာက္ထိျဖစ္လိမ့္မယ္မထင္ဘူးေနာ္….ဘာလို႔ဆို ကိုေအာင္လွ တို႔လင္မယားကမိဘေတြသေဘာမတူတဲ့ၾကားကခိုးေျပးၾကၿပီး ေဟာဒီ႐ြာျပင္မွာသီးျခားလာေနၾကတာေလ….”
ဟု႐ြာသားတစ္ေယာက္ကဆိုေလရာ သူႀကီးက
” ေအး…နင္တို႔ေျပာတာလည္းျဖစ္ႏိုင္တာဘဲ…ငါလည္းမစဥ္းစားတတ္ေတာ့ဘူး ဂတ္ကလူေတြလာမွသူတို႔ဆုံးျဖတ္လိုက္မယ္…ခုေလာေလာဆယ္ကာလသားေတြ ဒီမွာဘဲဂတ္ကလူေတြမလာမခ်င္းေစာင့္ေနၾကဦး….”
ညေန၄နာရီခန႔္၌ဂတ္မွတာဝန္ရွိသူမ်ားေရာက္ရွိလာၿပီး ေသမႈေသခင္းမ်ားကိုစစ္ေဆးၿပီး လုပ္ႀကံခံထားရသည့္သဲလြန္စတစ္ခုမွမေတြ႕သျဖင့္ လင္မယားအခ်င္းခ်င္းရန္ျဖစ္ကာ လက္လြန္သြားၾကသည္ဟုသာမွတ္ခ်က္ခ်ၿပီး အမႈပိတ္လိုက္၏။
တစ္ခုေသာညေနခင္း၌ သူႀကီးသမီးမဝင္းေအးသည္ေရအိုးတစ္လုံးေပြ႕ၿပီး ႐ြာလယ္ရွိေရတြင္း၌ ေရခပ္ဆင္းလာ၏။ မေအးဝင္းကားအသက္၁၇ႏွစ္သာရွိေသးသည္။ ေရတြင္းထဲေရငင္ၿပီး ေရအိုး႐ြက္ရန္ျပင္လိုက္စဥ္ေရတြင္း၏ ေရကျပင္မွ တဝင္းဝင္းျဖစ္ေနေသာအရာကိုေတြ႕လိုက္ရသျဖင့္ ေရအိုးကိုတြင္းႏူတ္ခမ္းေပၚတင္ထားၿပီး ထိုအရာအားေကာက္လိုက္၏။
” ဟင္…လက္စြပ္ေလးတစ္ကြင္းပါလား…ဘယ္သူ႔ဟာပါလိမ့္…. ”
မဝင္းေအးကလက္စြပ္ကိုေကာက္ၿပီး သြားျဖင့္ကိုက္ၾကည့္၏။
” ေ႐ႊအစစ္ထင္တယ္…အေရာင္ေလးဝင္းေနတာဘဲ…လက္စြပ္ထဲထည့္ထားတဲ့ေက်ာက္ကလည္း လွလိုက္တာအေရာင္တဖ်တ္ဖ်တ္နဲ႔… ”
ထိုသို႔ေျပာၿပီး ေကာင္မေလးက လက္စြပ္အား မိမိ၏လက္ေခ်ာင္းသြယ္သြယ္ေလး၌စြပ္လိုက္၏။
” ဝိုး….လြလိုကၱာ….”
မဝင္းေအးတစ္ေယာက္ သူ႔လက္ေပၚမွလက္စြပ္ေလးကိုၾကည့္ၿပီး သေဘာအက်ႀကီးက်ေန၏။ သို႔ေၾကာင့္လက္စြပ္ကိုျပန္မခြၽတ္ေတာ့ဘဲ လက္၌ဝတ္ထားလိုက္ၿပီး ေရအိုးကို႐ြက္ကာ အိမ္သို႔ျပန္လာခဲ့၏။
မဝင္းေအးသည္လက္စြပ္ေကာက္ေတြ႕လာသည့္အေၾကာင္းကိုမိဘအားမေျပာျပခဲ့ေခ်။ လက္စြပ္အားေကာက္ေတြ႕ၿပီး အေပ်ာ္လြန္ေနသျဖင့္ ညစာပင္မစားေတာ့ဘဲ အခန္းထဲဝင္ကာလက္စြပ္ကိုၾကည့္ၿပီးေပ်ာ္ေန၏။
ညသန္းေခါင္ယံအခ်ိန္၌ မဝင္းေအးသည္ တခူးခူးျဖင့္အိမ္ေမာက်ေန၏။ ထိုအခ်ိန္ မဝင္းေအး၏လက္ေပၚမွလက္စြပ္သည္ အေရာင္ဝင္းသြားၿပီး ညည္းသံလိုလိုထြက္ေပၚလာ၏။
” အင္းဟင္းဟင္း…..”
” ေအမ…ေအမ…ေနမေကာင္းဘူးလား…”
လူမမာတစ္ေယာက္၏ညည္းသံေၾကာင့္ ဝင္းေအးသည္ႏိူးလာၿပီး အေမျဖစ္သူေနမေကာင္းျဖစ္ေနသည္ထင္သျဖင့္ လွမ္းေမးလိုက္၏။ သူမ၏အခန္းႏွင့္ အေမျဖစ္သူတို႔အခန္းမွာကပ္ရက္ျဖစ္ေန၏။
” အင္းဟင္းဟင္း…..”
ညည္းသံမွာေနာက္တစ္ခ်က္ထြက္ေပၚလာျပန္၏။ သို႔ေၾကာင့္ မဝင္းေအးမွာေခါင္းရင္းရွိလက္ႏွိပ္ဓာတ္မီးကိုယူၿပီးအခန္းထဲဟိုဟိုသည္သည္ထိုးၾကည့္၏။ အေရးထဲဓာတ္မီးမွာ မွိတ္လိုက္ပြင့္လိုက္ျဖစ္ေနသျဖင့္ အသာပုတ္လိုက္ရေသး၏။ ညည္းသံမွာအခန္းေထာင့္ရွိ သူမ၏အဝတ္ဘီ႐ိုနားမွထြက္လာေနသည္ျဖစ္သျဖင့္ မေအးဝင္းသည္ ဘီ႐ိုနားသို႔တျဖည္းျဖည္းတိုးကပ္သြားလိုက္ၿပီး ဘီ႐ိုတံခါးကိုအသာဆြဲဖြင့္လိုက္၏။
” အေမလး…ေအမ့!….”
အဝတ္ဘီ႐ိုထဲတြင္ေဆာင့္ေၾကာင့္ထိုင္ေနေသာ အလြန္ေၾကာက္စရာေကာင္းလွသည့္ နာနာဘာဝတစ္ေကာင္ေၾကာင့္ မဝင္းေအးသည္ အသံကုန္ေအာ္ဟစ္ၿပီး ဖင္ထိုင္ရက္လဲက်သြားေတာ့၏။ လက္ထဲမွဓာတ္မီးမွာ အခန္းတံခါးေပါက္နားသို႔လွိမ့္သြား၏။
တစ္ဖက္ခန္းရွိမိခင္သည္ သမီး၏အခန္းမွေအာ္သံကိုၾကားရေသာေၾကာင့္ႏိူးလာခဲ့၏။
” ကိုျမ…ကိုျမ…ထပါဦး…ရွင့္သမီးဘာျဖစ္တာလဲမသိဘူး… ေအာ္သံၾကားလိုက္တယ္….”
” အင္း…အဲ….ဟုတ္လို႔လားမိန္းမရာ…”
သူႀကီးကေတာ္ကႏိူးလိုက္ေသာေၾကာင့္သူႀကီးလည္းႏိူးလာၿပီး ျပန္ေမး၏။
” ေမးမေနနဲ႔ လာထၿပီးသြားၾကည့္ရေအာင္… ”
သူႀကီးကေတာ္ကေအာက္လင္းမီးအိမ္ကိုယူၿပီး သူႀကီး၏လက္ကိုဆြဲကာသမီးအခန္းသို႔လာခဲ့၏။ မဝင္းေအး၏အခန္းမွာခတ္မထားဘဲ ေစ့႐ုံသာပိတ္ထားသည္။ သူႀကီးကေတာ္က အခန္းတံခါးကိုညင္သာစြာ တြန္းဖြင့္လိုက္ၿပီး
” သမီး…သမီး…ဘာျဖစ္တာလဲ…”
တံခါးအေနာက္မွဓာတ္မီးမွာ တံခါးတြန္းဖြင့္လိုက္ေသာအခါ တျခားတစ္ေနရာသို႔လွိမ့္သြား၏။
” ဓာတ္မီးလည္း ၾကမ္းျပင္မွာလွိမ့္ေနလိုပါလား….”
သူႀကီးကအခန္းေထာင့္ရွိလင္းေနေသာဓာတ္မီးေၾကာင့္ ရင္ထဲထိတ္သြား၏။
လင္မယားႏွစ္ေယာက္အခန္းထဲသို႔ဝင္သြားလိုက္ၿပီး ကုတင္ေပၚတြင္သမီးျဖစ္သူကိုရွာလိုက္၏။ သို႔ေသာ္ မေတြ႕။
” သမီးေလး အိေပၼနပါလား…သမီး….သမီးေရ….”
အခန္းထဲတြင္ေမွာင္မဲေနသျဖင့္ဘာမွ်မျမင္ရ။ ေအာက္လင္းမီးအိမ္၏အလင္းေရာင္ကိုအားျပဳၿပီး သမီးျဖစ္သူကို အခန္းထဲ၌ရွာၾကည့္ရာ အဝတ္ဘီ႐ိုေရွ႕ရွိၾကမ္းေပၚ၌ စန႔္စန႔္ႀကီးလွဲေနေသာသမီးျဖစ္သူကိုေတြ႕လိုက္ရ၏။
” အေမလး…သမီးေလး…ဘာလို႔ဒီမွာလာအိပ္ေနရတာလဲ…”
သူႀကီးကေတာ္ကသမီးအနားသြားၿပီး ေပြ႕ထူလိုက္၏။
” ဟင္…သမီးေလးမ်က္လုံးကျပဴးေနတာပါလား…သမီး…သမီးေလး…ကိုျမ…လုပ္ပါဦးသမီးေလးအသက္မရႉေတာ့ဘူး…သမီး…သမီးေလး….အီးဟီးဟီး…ေမ့သမီးေလးေရ….”
သူႀကီးကေတာ္ကသမီးျဖစ္သူ၏အသက္ရႉသံကိုမၾကားရေတာ့သျဖင့္ သမီးေလးကိုလႈပ္ႏိူးေနရွာ၏။ သူႀကီးလည္း ဇနီးသည္၏လက္ထဲမွသမီးေလး၏ေသြးခုန္ႏူန္းကိုစမ္းၾကည့္ရာေသြးမတိုးေတာ့သည္ကိုသိလိုက္ရ၏။
” သမီး…သမီးေလး…ကိုယ္က်ိဳးနဲၿပီထင္ပါရဲ႕မိန္းမေရ…ငါ့သမီးေလးေသြးမတိုးေတာ့ဘူးဟ…”
သူႀကီးကထိုသို႔ေျပာၿပီး ငိုေနျပန္၏။ သမီးျဖစ္သူ၏လက္ေခ်ာင္းေပၚရွိလက္စြပ္ကိုကားလင္မယားႏွစ္ေယာက္လုံးသတိမထားမိၾကေခ်။ေနာက္ေန႔နံနက္၌ သူႀကီး၏အိမ္၌ သူႀကီးသမီးေလး၏အသုဘပြဲကို က်င္းပ၏။ သူႀကီးႏွင့္သူႀကီးကေတာ္သည္ တစ္ဦးတည္းေသာသမီးျဖစ္သူအတြက္ ဝမ္းနည္းပူေဆြးေနရွာ၏။
ေန႔လယ္တစ္နာရီထိုးခ်ိန္၌မဝင္းေအး၏႐ုပ္အေလာင္းအား ႐ြာျပင္သုႆာန္သို႔ပို႔ေဆာင္သၿဂိဳလ္လိုက္ၾက၏။ မဝင္းေအးကိုေျမျမဳပ္သၿဂိဳလ္ေနစဥ္ ျမဳပ္ႏွံေပးသူကိုတင့္ေမာင္သည္ မဝင္းေအး၏လက္ေခ်ာင္းေပၚရွိ တဝင္းဝင္းျဖစ္ေနေသာလက္စြပ္ကိုျမင္လိုက္သျဖင့္ တျခားလူမ်ားမျမင္ေအာင္တိတ္တဆိတ္ခြၽတ္ယူထားလိုက္၏။ ကိုတင့္ေမာင္ကား တျခားမဟုတ္။ ႐ြာထဲ၌ၾကက္တိုက္၊ဖဲ႐ိုက္၊မူး႐ူးတတ္ေသာ ေလာင္းကစားသမားတစ္ေယာက္ပင္။
မဝင္းေအး၏အသုဘကိစၥၿပီးေျမႇာက္ၿပီးသည့္ေနာက္ ကိုတင့္ေမာင္သည္သြက္လက္ေသာေျခလွမ္းမ်ားျဖင့္ ေနအိမ္သို႔ျပန္လာ၏။ အေၾကာင္းမွာသူႀကီးသမီး၏လက္ေပၚမွခြၽတ္ယူလာေသာ လက္စြပ္ေလးကိုအေသအခ်ာၾကည့္ခ်င္၍ျဖစ္၏။ အိမ္သို႔ေရာက္ေသာ္ပုဆိုးခါးပုံစထဲထည့္ထားေသာ လက္စြပ္ကေလးကိုထုတ္ၾကည့္လိုက္၏။
” အားပါးပါး….နည္းတဲ့လက္စြပ္လားကြာ…ၾကည့္စမ္း…ေ႐ႊသားစစ္စစ္ႏွင့္ျပဳလုပ္ထားတဲ့အျပင္ ေက်ာက္ကိုလည္းစိန္နဲ႔လုပ္ထားေတာ့ ဘယ္ေလာက္ေတာင္ တန္ဖိုးရွိလိမ့္မလဲကြာ…ဟီး…ဒီေန႔ငါအေတာ္ကံေကာင္းတာဘဲ….”
ထြန္းတင့္တစ္ေယာက္ လက္စြပ္ကိုၾကည့္ၿပီး ေလာဘေဇာတက္ကာမ်က္ႏွာႀကီးၿပဳံးၿဖီးေန၏။
ေမာင္ေရခဲတို႔ဆရာတပည့္လည္း ရက္ရွည္အဓိ႒ာန္ဝင္ၿပီးေနာက္ အထက္အမိန႔္က်လာခဲ့သျဖင့္ ဝိဉာဥ္ႏူတ္ေသာလက္စြပ္ကိုဖ်က္ဆီးပစ္ရန္ ေအးျမခ်မ္းသာ႐ြာသို႔ေရာက္လာခဲ့၏။ ထိုအခ်ိန္႐ြာထဲ၌ အသုဘပြဲက်င္းပေနသည္ကိုေတြ႕လိုက္ရသျဖင့္ အိမ္ထဲသို႔ဝင္ၿပီး ေမးျမန္းၾကည့္၏။
” အဘ…ဒီလူဘာေရာဂါနဲ႔ေသတာလဲဗ်.. ”
” မသိပါဘူးလူေလးတို႔ရာ အဘတို႔႐ြာမွာ တစ္လအတြင္း ဒီတစ္ေယာက္အပါလူေလးေယာက္ေသၿပီကြဲ႕….”
” ဟုတ္လားဦးေလး…သူတို႔ကကြကိုယ္ေသေၾကာင္းႀကံၾကတာလား….”
” မသိပါဘူးၾကာ…ညညဆိုအားလို႔သာတစ္ခ်က္ေအာ္ၿပီး ေသသြားၾကတာဘဲ…ဒါနဲ႔လူေလးတို႔ကပုလိပ္ဘက္ကအသြင္ယူထားတဲ့ စုံစမ္းစစ္ေဆးသူေတြလား….ဒီ႐ြာမွာတစ္ခါမွမျမင္ဖူးလို႔…”
” မဟုတၻဴးအဘ က်ဳပ္တို႔ကသာမန္ခရီးသြားတာပါ…ကိစၥတစ္ခုေၾကာင့္ ဒီ႐ြာကိုေရာက္လာခဲ့တာ…ဒါနဲ႔က်ဳပ္တို႔ ေသလူရဲ႕အေလာင္းကိုၾကည့္လို႔ရမလား…”
” ဪေအးေအး ၾကည့္ၾကည့္ၾကေလ…”
အိမ္ရွင္၏ခြင့္ျပဳခ်က္ကိုယူၿပီး အေခါင္းထဲထည့္ထားေသာအေလာင္းကိုၾကည့္လိုက္၏။ ထင္သည့္အတိုင္းပင္ အေလာင္း၏လက္သန္းႂကြယ္မွ ဝတ္ထားေသာဝိဉာဥ္ႏူတ္သည့္လက္စြပ္ကိုေတြ႕လိုက္ရ၏။ သို႔ေၾကာင့္ ေမာင္ေရခဲကထိုလက္စြပ္အား ယူရန္ အိမ္ရွင္အဘကိုေမးလိုက္၏။
” အဘ…ဒီေသဆုံးသူရဲ႕လက္ေပၚမွာ လက္စြပ္တစ္ကြင္းရွိတယ္… အဲဒီလက္စြပ္ဟာ ဒီလူေသဆုံးရျခင္းအေၾကာင္းနဲ႔ သက္ဆိုင္ေနလို႔ ကြၽန္ေတာ္တို႔ကိုယူေပးလို႔ရမလား…”
” ေဟ….လက္စြပ္ဟုတ္လား….ငါ့သားမြာဘယၠလာ လက္စြပ္ရွိရမလဲ…”
ဆိုကာသားျဖစ္သူ၏အေလာင္းထံသြားၿပီး လက္စြပ္ရွိမရွိၾကည့္လိုက္၏။
” ေဟ…ငါ့သားလက္ေပၚမွာလက္စြပ္တကယ္ရွိေနပါလား…ဒီလၾကၥပၠိဳငါ့သားဘယၠယူလာတာလဲ… ”
ဟုေျပာၿပီး သားျဖစ္သူ၏လက္ေပၚမွလက္စြပ္ကိုခြၽတ္ယူၿပီးေမာင္ေရခဲအားေပးလိုက္၏။
” ဒီလၾကၥပၠ ဝိဉာဥ္ႏုတ္တဲ့လက္စြပ္ဘဲ အဘ….အဘတို႔႐ြာမွာၿပီးခဲ့တဲ့ရက္ေတြကေသခဲ့ၾကတဲ့သူေတြကလည္း ဒီလက္စြပ္ေၾကာင့္ျဖစ္တာ….”
” လူေလးကဘယ္လိုသိတာလဲ….”
” ကြၽန္ေတာ္တို႔က ခုႏွစ္ရက္သားသမီးကို ကယ္တင္ေစာင့္ေရွာက္ေနတဲ့လူေတြပါ…ဒါေၾကာင့္အထက္က အမိန႔္ေပးလို႔ ဒီလက္စြပ္ကိုဖ်က္ဆီးဖို႔လာခဲ့ၾကတာ….”
ေမာင္ေရခဲ၏စကားေၾကာင့္ အသုဘတြင္ေရာက္လာၾကသူမ်ားက ထိုဝိဉာဥ္ႏုတ္သည့္လက္စြပ္အား စိတ္ဝင္စားသြားၾက၏။ ေမာင္ေရခဲလည္း အမ္ားသူငြါ နားလည္ေစရန္ ဝိဉာဥ္ႏုတ္သည့္ လက္စြပ္ပိုင္ရွင္အား ေခၚလိုက္၏။
” လူ႔အသက္ကိုသတ္တဲ့ လက္စြပ္ပိုင္ရွင္ ငါ့ေရွ႕ေရာက္လာခဲ့စမ္း….ပုန္းျခင္းကြယ္ျခင္းမရွိေစရ….ငါဆရာရဲ႕အမိန႔္….”
ေမာင္ေရခဲက ဩဇာပါသည့္အသံျဖင့္ ေခၚလိုက္ရာ ဧည့္ပရိတ္သတ္ထဲရွိ ေယာက်ာ္းႀကီးတစ္ေယာက္သည္ ခါးေတာင္းႀကိဳက္ၿပီး တဆတ္ဆတၱဳႏၠာ ေမာင္ေရခဲေရွ႕လာထိုင္၏။
” ေရာက္လာၿပီလား…သင္လားဒီလက္စြပ္ရဲ႕ပိုင္ရွင္က….”
” ဟုတ္တယ္ အဲဒါငါ့ရဲ႕လက္စြပ္ဘဲ….”
” ဒါကိုသင္ဘယ္လိုရလာတာလဲ….”
” ငါ့ကိုဘုရင္မင္းျမတ္ကခ်ီးျမႇင့္ခဲ့တာ….တိုက္ပြဲတစ္ခုမွာ ငါဟာရန္သူကို႐ြပ္႐ြပ္ခြၽန္ခြၽန္ ေခ်မႈန္းခဲ့လို႔ ဘုရင္မင္းျမတ္က သူေကာင္းျပဳခ်ီးျမႇင့္ခဲ့တာ….”
” ဒါဆို သင့္ရဲ႕သက္တမ္းကမနည္းေတာ့ဘူးဘဲ…ဒါဆိုဘာေၾကာင့္ဒီလက္စြပ္က ဒီ႐ြာကိုေရာက္လာခဲ့တာလဲ….”
” လူတစ္ေယာက္က ယူလာခဲ့တာ…ဒီလက္စြပ္ကိုငါျမတ္ႏိူးတန္ဖိုးထားလြန္းလို႔ ငါေသသြားတာေတာင္ ငါ့မိသားစုကထည့္သြင္းျမဳပ္ႏွံေပးခဲ့တယ္…ဒါကိုလူတစ္ေယာက္က လာေရာက္တူးယူသြားတာ….”
” ဒီလက္စြပ္မွာေရးထိုးထားတဲ့ စာေတြကေရာ… ”
” အဲဒီစာေတြက ဘုရင္မင္းျမတ္ကိုယ္တိုင္ ေရးထိုးေပးတဲ့ေမာ္ကြန္းတင္ဂုဏ္ျပဳစာေတြဘဲ….”
ထိုစာမွာေရွးေခတ္စာလုံးမ်ားျဖင့္ေရးထိုးထားေသာေၾကာင့္ ေမာင္ေရခဲမဖတ္တတ္ေခ်။
” ထားေတာ့ သင္ကဘာအတြက္လူေတြကိုသတ္ေနရတာလဲ….”
” ငါပိုင္တဲ့ပစၥည္းကိုယူလို႔သတ္တာ….ငါ့အရွင္ကလြဲၿပီး ငါ့ကိုဘယ္သူမွတားဆီးခ်ဳပ္ခ်ယ္ပိုင္ခြင့္မရွိဘူး….”
” သင့္ကိုလူသတ္ခြင့္မျပဳေတာ့ဘူး… ခုကစၿပီး ငါဒီလက္စြပ္ကိုအစေဖ်ာက္ဖ်က္ဆီးပစ္ေတာ့မွာ…. သင္လည္းအစြဲမထားဘဲ လြတ္ရာကြၽတ္ရာသြားေပေတာ့….”
” မဖ်က္ဆီးနဲ႔….ဒီလက္စြပ္ကိုမဖ်က္ဆီးနဲ႔….”
ဟုေျပာၿပီး ထိုလူကမတ္တပ္ရပ္ကာ ေမာင္ေရခဲအား လည္ပင္းညႇစ္သတ္ရန္လုပ္၏။
ေမာင္ေရခဲလည္း ဝိဉာဥ္ေခြၽအင္း တစ္ခ်ပ္ကိုအျမန္ဆြဲကာထိုလူ၏နဖူးအားကပ္လိုက္ရာ အား…ဟူေသာအသံေအာ္ၿပီး ပူးကပ္ခံေနရေသာသူမွာေခြလဲက်သြား၏။ ဧည့္ပရိတ္သတ္တို႔လည္း ရင္တထိတ္ထိတ္ျဖင့္ ျဖစ္သြားၾကကုန္၏။ ေမာင္ေရခဲလည္း ေရစင္ကိုထုတ္ယူၿပီး ထိုလူအားေတာက္ေပးလိုက္ရာ ခဏအၾကာ၌ျပန္လည္သတိရသြား၏။
” လူေလး….ေစာေစာကလူဘယ္ေရာက္သြားတာလဲ …”
” မရွိေတာ့ဘူးအဘ…သူနဲ႔သက္ဆိုင္တဲ့ေနရာကိုပို႔လိုက္ၿပီ….ဒီေန႔ကစၿပီး အဘတို႔႐ြာမွာ အေႏွာင့္ယွက္မရွိေတာ့ဘူး….”
” ေက်းဇူးတင္လိုက္တာလူေလးရာ…ဒါနဲ႔ဒီဝိဉာဥ္ႏူတ္တဲ့လက္စြပ္ကေရာ ဘယႅိဳလုပၼလဲ….”
” ကြၽန္ေတာ္ယူသြားၿပီး ဆရာသခင္ေတြထံအပ္လိုက္မယ္….အားလုံးလည္းေဘးကင္းသြားၾကၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ကိုခြင့္ျပဳၾကပါဦး…”
” ဟုတ္ပါၿပီဗ်ာ…ဒါနဲ႔လူေလးတို႔နာမည္ကိုသိပါရေစ….”
” နာမည္ဆိုတာ ပညတ္ခ်က္တစ္ခုေပဘဲမို႔ သိလည္းဘာမွအထူးပါဘူးအဘေရ….ကဲအားလုံးဘုရားတရားမေမ့ၾကနဲ႔ဗ်…”
ထိုသို႔ေျပာၿပီး ႐ြာသူ႐ြာသားမ်ားကိုႏူတ္ဆက္ကာ ေအးျမခ်မ္းသာ႐ြာကေလးမွ ထြက္လာခဲ့လိုက္ေတာ့သည္။…..။
( စာမူၾကာသြားသည့္အတြက္စာဖတ္သူမ်ားကို ေတာင္းပန္ပါတယ္ေနာ္…အားေပးဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းစီကို အထူးေက်းဇူးတင္ပါတယ္ရွင့္….စာဖတ္ပရိတ္သတ္မ်ား ကိုယ္စိတ္ႏွစ္ပါး က်န္းမာၾကပါေစေသာဝ္)
# ၿပီး
# ခြန္း