စုန်းတိုက်ပွဲ

စုန်းတိုက်ပွဲ

အေးချမ်းလှသည့်နံနက်ခင်းလေးက
အမျိုးသမီးတစ်ယောက်၏အသံကြောင့်
အကျည်းတန်သွားခဲ့သည်။

“ဟဲ့…ခင်ထားနင်ထွက်ခဲ့စမ်း
နင်အခုထွက်လာခဲ့စမ်း.

အိမ်ရှေ့မှခါးထောက်ကာ
အော်ကြီးဟစ်ကျယ်လုပ်နေသဖြင့်
မခင်ထားလည်းအိမ်ရှေ့သို့ထွက်လာ
ခဲ့သည်။

“ဘာလဲငါ့အိမ်ရှေ့လာပြီး
အော်ကြီးဟစ်ကျယ်နဲ့ ဘာကိစ္စလဲ.

“ဘာကိစ္စဖြစ်ရမှာလဲ
နင်ငါ့အလုပ်ကိုဝင်နှောင့်ယှက်လို့
ငါလာရှင်းတာပဲ…”

“ဘာကိစ္စလဲ ငါ့ကိုရှင်းရှင်းပဲပြော”

“နင်အခုမှမသိချင်ယောင်ဆောင်
မနေစမ်းပါနဲ့ ခင်ထားရယ်၊မြို့ ကကုန်သည်ပွဲစားမောင်တင့်ဖေကို
ငါ့သမီးကချစ်လွန်းလို့
ရအောင်လုပ်ပေးပါဆိုလို့ ငါလုပ်ထားတာကို ညည်းကညည်းပညာနဲ့ပျောက်အောင်ကုပေးလိုက်တယ်ဆို ဒါညည်းဘက်ကစပြီး စည်းဖောက်လိုက်တာပဲ ခင်ထား
ညည်းငါတို့ရွာရဲ့စည်းကမ်းကိုနင်အသိဆုံးဖြစ်မှာပါ ခင်ထားရယ်
ဒီတော့လာမယ့်လပြည့်ညမှာ
နင်နဲ့ငါပညာပြိုင်ကြတာပေါ့
ခင်ထား၊ရှုံးတဲ့သူကအသေပဲနော်”

“ဟား ဟား ဟား
စိန်လိုက်လေ ညည်းဘက်ကစပြီး
စိန်ခေါ်တော့လည်း ငါ့ဘက်က
အဆင်သင့်ပါပဲ မိသီတာရယ်။
ငါတို့စုန်းဖြူမျိုးတွေက
ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး
နင်တို့စုန်းမည်းမျိုးတွေကသာ
လူတွေကိုဒုက္ခလိုက်ပေးနေကြတာ
ရွံဖို့ကောင်းတယ်သိလား”

“အပိုတွေမပြောနဲ့ မိခင်ထား
လပြည့်နေ့ရောက်ရင်သာ
နင်ရွာလည်ကကွင်းဆီကိုရောက်အောင်သာလာခဲ့စမ်းပါ”

“စိတ်ချ ခင်ထားလိုမိန်းမမျိုးက
ကိုယ်မှန်ပြီဆိုဘာမှတွန့်ဆုတ်
မနေတတ်ဘူးဆိုတာညည်းသိထား”

“ကောင်းပြီလေ လပြည့်နေ့မှ
ထပ်တွေ့တာကြပေါ့ ငါသွားမယ်”

စုန်းမည်းမျိုးနွယ်ဝင်ဖြစ်သည့်
မသီတာလည်းဒေါကြီးမောကြီးဖြင့်
ထွက်သွားတော့သည်။
မခင်ထားလည်း ဒေါသကိုလျှော့ကာအိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

“အမေ…ဘာဖြစ်တာလဲဟင်”

သမီးဖြစ်သူခင်မာကအိမ်ထဲ
ဝင်လာသည့်မိခင်အားမေးလိုက်
ခြင်းဖြစ်သည်။

“ဘာမှမဟုတ်ပါဘူးသမီးရယ်.
ဟိုတေလာကအေမတို့ရြာကိုလာတဲ့
ကုန်သည်ပွဲစားမောင်တင့်ဖေကို
သမီးသိတယ်မလား”

“အင်းသိတယ်လေ”

“အဲ့ဒီမောင်တင့်ဖေကို
စုန်းမည်းမသီတာရဲ့သမီးယုယုမင်းက
ကြိုက်လို့ဆိုပြီး မောင်တင့်ဖေကိုပြုစားပေးပါဆိုပြီး
သူ့အမေကိုပူဆာတယ်လေ။

သူ့အမေကလည်းသူ့သမီးအလိုကိုလိုက်
ပြီးသူ့ပညာနဲ့သူ့သမီးကိုပြန်ကြိုက်လာ
အောင်လုပ်လိုက်တယ်လေ။
ဒါနဲ့မောင်တင့်ဖေလည်းမြို့ ကိုပြန်သွားတော့ စုန်းမည်းမရဲ့ပညာကပြပါလေရော
မြို့ ကိုပြန်ရောက်ကတည်းက
ယုယုမင်းနာမည်ကိုပါးစပ်ကမချပဲ
အမေတို့ရွာကိုပဲလာချင်နေတာတဲ့
ခက်တာကမောင်တင့်ဖေကလူပျို
လူလွတ်မဟုတ်ဘူးသမီးရဲ့။

အိမ်ထောင်ရှိတယ်သားနဲ့မယားနဲ့
အခြေတကျဖြစ်နေတဲ့အိမ်ထောင်သည်
တစ်ယောက်ဖြစ်နေတယ်၊
ဒါကြောင့်သူ့မိဘတွေက သူ့သားဖြစ်လာပုံကိုစုံစမ်းတော့
အမေတို့ရွာကပညာသည်လုပ်လိုက်
တယ်ဆိုတာသိသွားကြတယ်လေ။
ဒီလိုနဲ့သူ့သားဆီမှာရှိနေတဲ့
စုန်းမည်းမရဲ့အပင်းတွေးကို
ထုတ်ပေးဖို့အမေ့ကိုအကူအညီတောင်း
ကြတယ်လေ
ဒါနဲ့ပဲအမေကသက်သာပျောက်ကင်း
အောင်ကုပေးလိုက်တယ်သမီးရဲ့။

အဲ့ဒီကိစ္စနဲ့ပဲ အမေ့ကိုလာရန်ထောင်ပြီး
စိန်ခေါ်သွားသေးတယ်သမီးရဲ့
လာမည့်လပြည့်နေ့ကြရင်
ရွယ်လယ်ကွင်းမှာပညာချင်းပြိုင်ကြမယ်တဲ့လေ။
ရှုံးတဲ့သူကအသေပဲတဲ့ ”

“ဒါဆိုအမေကသူနဲ့ပညာပြိုင်ရ
တော့မှာပေါ့နော်၊ဖြစ်ပါ့မလား
အမေရယ် သူတို့ကစုန်းမည်းမျိုးတွေ
အမေရဲ့ အင်အားလည်းတောင့်ကြတယ်”

“ဘာမှမပူပါနဲ့သမီးရယ်
မိသီတာကအဆင့်မရှိသေးပါဘူး
ဒီတစ်ရွာလုံးမှာရှိတဲ့ စုန်းမည်းတွေကအမေ့ပညာကို
မမှီကြပါဘူး။ အားလုံးပေါင်းတိုက်ရင်သာ
အခြေအနေကတမျိုးဖြစ်သွားမှာ
ဒါပေမယ့် ဘာမှမပူပါနဲ့ သမီးရယ်
အမေတို့ကတစ်ယောက်ချင်း
တိုက်ရမယ့်ပွဲပါ ”

“သမီးကေအမ့ကိုစိတၸဴလို့
ပြောတာပါ၊တကယ်လို့သူတို့ဘက်က
ယုတ်မာလာရင်အခြေအနေတွေက
တမျိုးဖြစ်သွားမှာစိုးလို့ပါ။

နဂိုကတည်းက သူတို့တွေက သမီးတို့သားအမိကိုကြည့်လို့ရကြတာ
မဟုတ်ဘူး။
ဘွားဘွားရှိတုန်းက ဘွားဘွားပညာကိုကြောက်လို့သာ
သူတို့ဘာမှခံမပြောရဲခဲ့ကြတာ
အခုဘွားဘွားမရှိတော့မှ
သူတို့တွေရဲတင်းလာကြတာ”

“အမေကတော့မကြောက်ဘူးသမီး
စုန်းဖြူ မ တစ်ယောက်ဟာသေရင်
တောင်မွန်မြတ်စွာ သေရတယ် သမီး။
သမီးလည်း စုန်းဖြူမတစ်ယောက်ပဲ
ဒါပေမယ့်သမီးရဲ့ပညာက
အဆင့်နိမ့်သေးတယ် သမီး
ဒါကြောင့်ဒီပညာတွေကို တစ်ဖက်ကမ်းခက်တတ်မြောက်လာတဲ့တစ်နေ့ လူသားတွေကိုကူညီပါသမီး”

“ဟုတ်ကဲ့ပါအမေ
အမေ့စကားကိုသမီးနားထောင်ပါ့မယ်”

စုန်းဖြူ မျိုးနွယ်စုနှင့်စုန်းမည်းမျိုးနွယ်
စုတို့သည်ဟိုးအရင်ကတည်းက
ရန်ဘက်များဖြစ်ခဲ့ကြသည်။
စုန်းမည်းအုပ်စုကသူတို့အတတ်ပညာနှင့်လူသားတွေကိုစီးပွားပျက်အောင်
သေကြေပျက်စီးအောင်ဒုက္ခ
အမျိုးမျိုးပေးတတ်ကြသည်။

စုန်းဖြူ မျိုးနွယ်စုရဲ့ခံယူချက်ကတော့
စုန်းမည်းမျိုးနွယ်စုနှင့်ဆန့်ကျင်ဘက်
များဖြစ်သည်။
စုန်းဖြူပညာသည်က လူသားတွေကို
အကျိုးပြုကြသလို၊စုန်းမည်းတို့ရဲ့
ပြုစားခြင်းအတတ်ပညာကိုလည်း
ကောင်းစွာနှိမ်နင်းနိုင်ကြသည်။

ထို့ကြောင့်စုန်းဖြူ မျိုးနွယ်များကို
စုန်းမည်းမျိုးနွယ်စုကအသေမုန်းတီး
နေကြသည်မှာယနေ့ထိတိုင်ပင်
ဖြစ်သည်။

===============

လပြည့်နေ့သို့ရောက်လာခဲ့သည်။

ကမန်ကုံရွာ၏ကွင်းလည်တွင်
ရွာသူရွာသားများဖြင့်ပြည့်နေခဲ့သည်။
ကလေးလူကြီးပါမကျန်
စုန်းပြိုင်ပွဲသို့လာရောက်ကြည့်ရှုကြခြင်း
ဖြစ်သည်။

တဖြည်းဖြည်းနှင့်လရောင်က
ကမန်ကုံရွာ၏အပေါ်သို့ထိုးခွင်း
ရောက်ရှိလာသည်။

ထိုအချိန်ကွင်းထဲသို့တရွေ့ရွေ့ဝင်
ရောက်လာသူကစုန်းဖြူမမခင်ထား
ဖြစ်သည်။
သူနှင့်မရှေးမနှောင်းအချိန်မှာပင်
စုန်းမည်းမမသီတာလည်းသူ့သမီး
ယုယုမင်းနှင့်အတူစုန်းပြိုင်ကွင်း
(စုန်းများပြိုင်ကြသည့်ရွာအလည်၌ရှိ
သောကွင်းမြေပြင်)ကို
ရောက်လာကြသည်။

စုန်းဖြူ မ မခင်ထား၏သမီး
ခင်မာကတော့စုန်းပြိုင်ကွင်း၏
အပြင်ခပ်လှမ်းလှမ်းဆီမှနေ၍
ကြည့်ရှုနေသည်။
ခင်မာ၏နံဘေးတွင်ခင်မာ၏သူငယ်ချင်း
စန္ဒာလည်းပါသည်။
စန္ဒာကခင်မာချစ်ရသော တစ်ဦးတည်းသော ငယ်သူငယ်ချင်း
တစ်ယောက်ဖြစ်သည်။

စန္ဒာသည်လည်းစုန်းဖြူ မတစ်ဦးပင်
ဖြစ်သည်။
သူ၏မိခင်စုန်းဖြူမက ကဝေတစ်ကောင်၏လက်ချက်ဖြင့်
အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့်ခင်မာတို့သားအမိက
စန္ဒာကိုဖေးမစောင့်ရှောက်ခဲ့ကြ
သည်။

စုန်းပြိုင်ကွင်းထဲမှလူများလည်း
စည်းဝိုင်းအပြင်မှနေ၍ ပြိုင်ပွဲစမည့်
အချိန်ကိုသာစိတ်ဝင်တစား
ဖြစ်နေကြတော့သည်။

မသီတာနှင့်မခင်ထားလည်း
စုန်းပြိုင်ကွင်းဆီသို့ရောက်လာကြသည်။
ကွင်းအလည်၌ အမျိုးသားတစ်ဦးလည်း
ရှိနေလေသည်။

ထိုအမျိုးသားက ကမန်ကုံရွာသားများကြားအောင်
အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

“ယနေ့ပြုလုပ်တဲ့ ပြိုင်ပွဲကိုတော့
အားလုံးလည်းသိပြီးသားဖြစ်မှာပါ။
စုန်းမည်းမျိုးနွယ်စုဝင် သီတာနဲ့
စုန်းဖြူ မျိုးနွယ်ဝင် ခင်ထားတို့ရဲ့
ပညာပြိုင်မယ့်နေ့လည်းဖြစ်ပါတယ်

ဒီရွာရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း
စုန်းပညာပြိုင်ဆိုင်တဲ့အခါ
စုန်းပြိုင်ကွင်းထဲမှာ စုန်းပညာသည်
တစ်ယောက်သာလျှင်အသက်ရှင်
ကျန်ရစ်ရမှာဖြစ်ပါတယ်……

ဒါကြောင့်သက်ညှာခြင်းမရှိပဲ
ပြိုင်ပွဲကိုအကောင်းဆုံးယှဉ်ပြိုင်
ကြပါလို့ပြောချင်ပါတယ်……

“ကဲ…စလို့ရပါပြီ”

ထိုလူ၏စကားဆုံးသည်နှင့်
မခင်ထားနှင့်မသီတာတို့နှစ်ဦး
မျက်နှာချင်းဆိုင်အနေအထားဖြင့်
အသင့်ပြင်လိုက်လေသည်။

“ခင်ထားနင်ကစုန်းဖြူမျိုးနွယ်ဝင်
ဆိုတော့နင့်ဘက်ကစပြီးတိုက်ခိုက်
ခွင့်ပေးတယ်…”

“ကောင်းပြီ မိသီတာ”

မခင်ထားလည်းလက်နှစ်ဖက်အား
ဆန့်တန်းလိုက်သည်။
လက်ဖဝါးနှစ်ခုအတွင်းမှငွေရောင်သဖွယ်
ပြောင်ပြောင်လက်နေသည့်
အဖြူရောင်ပညာစက်ကထွက်ပေါ်လာ
လေသည်။

မသီတာလည်းလက်ဝါးနှစ်ဖက်အား
လှည့်လိုက်သည်နှင့်အစိမ်းရောင်ပညာ
စက်တစ်ခုထွက်ပေါ်လာတော့သည်။

ထို့နောက်ပညာစက်များအား
ပြိုင်တူပစ်သွင်းလိုက်ကြသည်။

“ဝှစ်”

“ဝုန်း”

ပညာစက်နှစ်ခုထိထိမိမိ
တိုက်မိသွားသဖြင့်ဝုန်းဟူသော
အသံကြီးထွက်ပေါ်လာကာ
စုန်းမည်းမျိုးမသီတာတစ်ယောက်
နောက်သို့အနည်းငယ်ဆုတ်သွား
ရသည်။

“ဟင်း…နင့်ပညာကဘယ်ဆိုးလို့လဲ
ခင်ထားရဲ့ ဒါပေမယ့် ငါ့ရဲ့စက်တွေကို
အခုအချိန်ကစပြီးကာနိုင်အောင်
ကာကွယ်ပေတော့ဟေ့”

မသီတာကပြောရင်းဆိုရင်း
လက်ဖဝါးနှစ်ဖက်အားလှည့်လိုက်သည်
လက်ဖဝါးအတွင်းမှစိမ်းပြာပြာ
ပညာစက်တစ်ခုထပ်မံထွက်ပေါ်လာကာ
စုန်းဖြူမျိုးမခင်ထားထံသို့
ပစ်လွှတ်လိုက်သည်။

“ဖြန်း”

“ဝုန်း”

မခင်ထားကမသီတာ၏
စိမ်းပြာရောင်ပညာစက်အား
သူ၏ပညာစက်ဖြင့်ကာကွယ်၍
ဖျက်ဆီးပစ်လိုက်လေသည်။

“သီတာ နင့်ပညာကနိမ့်ပါသေးတယ်ဟယ်
နင်နောက်ထပ်ကြိုးစားလိုက်ပါဦး။
ငါ့ရဲ့ငွေရောင်စက်ကို နင်ခံနိုင်အောင်
ခံပေတော့”

မခင်ထားကလက်နှစ်ဖက်ကို
ဆန့်တန်းပြီးမျက်နှာအားမိုးပေါ်မော့
လိုက်သည်။
ထို့နောက်ပါးစပ်အားဟလိုက်ရာ
ပါးစပ်အတွင်းမှငွေရောင်အလင်းတန်း
တစ်ခုထွက်ပေါ်လာတော့သည်။

“ဟင်…မဖြစ်ဘူး
ဒီစက်ကိုအမေဘယ်လိုမှခံနိုင်ရည်
ရှိမှာမဟုတ်ဘူး။
ငါအမေ့ကိုကူညီရမယ်”

မသီတာရဲ့သမီးယုယုမင်းက
မိခင်ဖြစ်သူအတွက်စိုးရိမ်ကာ
စုန်းပြိုင်ကွင်းအတွင်းသို့ပြေးပြီး
ဝင်ရောက်လာလေသည်။

“အေမသတိထား”

“ဝုန်း”

“ဘုန်း”

ယုယုမင်း၏ခြေလှမ်းတို့
အနည်းငယ်နောက်ကျသွားလေသည်။
မခင်ထား၏ငွေရောင်စက်က
မိခင်ဖြစ်သူမသီတာဆီသို့
တည့်တည့်မက်မက်ထိမှန်သွားတော့
သည်။

မသီတာတစ်ယောက်မြေကြီးပေါ်သို့
၆ပေခန့်လွင့်စင်သွားလေသည်။
ယုယုမင်းလည်းမိခင်ဖြစ်သူအား
ပြေးထူပြီးမထားလိုက်ရသည်။

“အမေ အမေရရဲ့လား”

“ဝေါ့”

“ဟင်… အမေသွေးတွေအန်နေတယ်”

“အမေဘာမှမဖြစ်ဘူးသမီး
ဘာမှမပူနဲ့”

“အမေ ဟိုမိန်းမကြီးကို
နိုင်ဖို့သမီးကူညီမယ်အမေ”

“မဖြစ်ဘူးသမီး ပြိုင်ပွဲစည်းမျဉ်းနဲ့
မညီဘူးသမီး”

“အိုဘာဖြစ်လဲအမေရဲ့
ဒီရွာမှာသမီးတို့လောက်ပညာမြင့်တဲ့သူ
ရှိမှမရှိတာ၊ဟိုမိန်းမကြီးမခင်ထားကလွဲရင်ပေါ့။
ဘာပဲဖြစ်ဖြစ်အမေ့ကို သမီးကူညီမယ်
ဘယ်သူမှသမီးတို့သားသမိကို
စောဒကမတက်ရဲပါဘူး။
ပြောရဲတဲ့လူရှိရင်အကြောင်းသိအောင်ပြလိုက်ကြတာပေါ့အမေရယ်
အခုအရေးကြီးတာက ဒီမိန်းမကြီးကို
နိုင်ဖို့ပဲမလား”

“ဟုတ်တယ် သမီးပြောတာမှန်တယ်
အမေသူ့ကိုနိုင်မှဖြစ်မယ်”

“ဟင်…ခင်မာ
ဟိုသားအမိကနင့်အမေကို
နှစ်ယောက်ပေါင်းပြီးတိုက်တော့မယ်
ဘယ်လိုလုပ်ကြမလဲ”

“ငါလည်းငါ့အမေကိုသွားကူမှ
ဖြစ်မယ်”

ခင်မာလည်းမိခင်ဖြစ်သူအား
ကူညီရန်ဟန်ပြင်လိုက်စဉ်.

“မလာနဲ့သမီး အမေသိက္ခာရှိရှိ
တိုက်ရင်းပဲအသေခံလိုက်မယ်။
သမီးအမေ့ကိုကူညီဖို့ မစဉ်းစားနဲ့”

မိခင်ဖြစ်သူ၏စကားကြောင့်
ခင်မာ၏ခြေလှမ်းတို့ရပ်တန့်လိုက်
ရသည်။

“မိသီတာ နင်တို့ကငါ့ကို
နှစ်ယောက်ပေါင်းပြီးတိုက်ကြမယ်ပေါ့။
နင်မရှက်ဘူးလားမိသီတာ
စုန်းပြိုင်ကွင်းရဲ့စည်းမျဉ်းစည်းကမ်းတွေကိုနင့်ဘက်ကစပြီးချိုးဖောက်တော့
မယ်ပေါ့ဟုတ်လား။
ရယ်ချင်လိုက်တာမိသီတာရယ်”

“ဒီမယ်အဖွားကြီး ကျုပ်အမေကိုထိရင်ဘယ်လိုလူမှ
မရဘူးမှတ်၊ပြောရဲတဲ့သူပြောကြည့်
လိုက်လေယုယုမင်းတို့ သားအမိ
အကြောင်းကောင်းကောင်းပြရတာပေါ့”

“ဟဲ့…ပြိုင်ပွဲကြီးကမတရားလိုက်တာ
သူတို့ကနှစ်ယောက်ဟိုက
တစ်ယောက်တည်းပြိုင်ပွဲက
သိက္ခာမရှိလိုက်တာအေ”

“တိုးတိုးပြောစမ်းပါအေ့
တော်ကြာဟိုသားအမိကြားသွားပါ့မယ်
သူတို့သားအမိကမခင်ထားပြီးရင်
ဒီရွာမှာပညာအမြင့်ဆုံးတွေအေ့။
တော်ကြာငါတို့ဘက်ကိုမြှားဦးလှည့်
နေမှဖြင့်”

ပြိုင်ပွဲအားကြည့်ရှုနေသော
ကမန်ကုံရွာသားများလည်း
စောဒကမတက်ဝံ့၍ငြိမ်နေရ
သည်။

“ကဲ…မိခင်ထား ညည်းပညာဘယ်လောက်မြင့်လဲ
ဆိုတာပြလိုက်စမ်းပါဦးအေ”

“သိပ်ရတာပေါ့ မိသီတာရယ်”

မခင်ထားလည်းအာခံတွင်းနှင့်
မျက်စိအတွင်းမှငွေရောင်ပညာစက်
များထုတ်လိုက်သည်။

“သမီးသတိထား အဲ့ဒီစက်တွေကို
သမီးခံနိုင်မှာမဟုတ်ဘူး”

“ဟင်းဟင်း… သမီးမှာအကြံရှိပါတယ်အမေရယ်
အမေစောင့်ကြည့်နေလိုက်ပါ”

မခင်ထားလည်းအာခံတွင်းနှင့်မျက်လုံး
အတွင်းမှငွေရောင်ပညာစက်များဖြင့်
မသီတာတို့သားအမိအားပစ်လွှတ်
လိုက်တော့သည်။

မသီတာတို့သားအမိကလည်း
လက်ဖဝါးအချင်းချင်းထိကာ
မခင်ထား၏ပညာစက်များအား
နှစ်ယောက်ပေါင်းစီးပြီးကာထား
လိုက်ရသည်။

ယုယုမင်းလည်းသူ၏
လက်ဖဝါးအတွင်းမှအစိမ်းရောင်
ပညာစက်များဖြင့်မခင်ထားထံသို့
ဆက်တိုက်ပစ်လွှတ်ပြီးတိုက်ခိုက်
လိုက်သည်။

ထို့အတူ မသီတာကလည်း
စိမ်းပြာရောင်ပညာစက်တို့ဖြင့်
မခင်ထားအားတောက်လျှောက်
ပစ်ပြီးတိုက်ခိုက်တော့သည်။

မခင်ထားလည်းရုတ်တရက်
ကြောင်သွားပြီးမသီတာတို့သားအမိရဲ့
ပညာစက်များအားကမန်းကတန်း
ကာကွယ်လိုက်ရသည်။

ထိုအချိန် ယုယုမင်းက
မခင်ထားအနီးသို့လှစ်ကနဲပြေးဝင်ပြီး
အစိမ်းရောင်ပညာစက်ဖြင့်
မခင်ထား၏နောက်ကျောအား
ပစ်သွင်းလိုက်လေသည်။

ပညာစက်များအားတန်ပြန်တိုက်ခိုက်
နေစဉ်မခင်ထားလည်း
အလစ်အငိုက်ခံလိုက်ရတော့သည်။

“ဝုန်း”

“ဘုန်း”

“ဟင်…အမေ”

မခင်ထား၏သမီးခင်မာလည်း
မိခင်ဖြစ်သူအတွက်စိုးရိမ်ပူပန်
သွားတော့သည်။

မခင်ထားတစ်ယောက်မြေပေါ်တွင်
မှောက်လျက်အနေအထားဖြင့်
လဲကျနေပေသည်။

ထိုအချိန် မသီတာက
မခင်ထားအနီးသို့ရောက်လာပြီး
ပညာကုန်အသုံးပြုပြီး မြေပေါ်လဲနေသည့်မခင်ထားအား
တိုက်ခိုက်လိုက်တော့သည်။

“အေမ့ အေမ ”

ခင်မာလည်းအသံကုန်အော်ဟစ်ကာ
စုန်းပြိုင်ကွင်းဆီသို့အပြေးအလွှား
ရောက်လာတော့သည်။

“အမေ အမေ”

“သမီး”

“အမေဘယ်လိုနေသေးလဲဟင်”

“သမီးသွားတော့ အမေ့ကိုထားခဲ့တော့
ဒီရွာဟာသမီးနဲ့မတန်ဘူး သွားတော့
သမီး”

“ဟင်…အမေ အမေ့
သမီးကိုထားမသွားပါနဲ့အမေ
အေမ အီးဟီးဟီး”

“သူငယ်ချင်းငါတို့သွားရအောင်
လာပါဟာ လာပါ”

ခင်မာလည်းမသီတာတို့
သားအမိအားမီးဝင်းဝင်းတောက်နေ
သည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။

“နင် နင်တို့တွေ ငါ့အမေအပေါ်
ယုတ်မာကြတယ်”

“ငါတစ်သက်လုံးနင်တို့သားအမိကို
ခွင့်မလွှတ်ဘူး”

“နင်တို့သားအမိကို ငါ့လက်နဲ့
ပြန်ပြီးလက်စားချေပြမယ်
နင်တို့စောင့်ကြည့်နေကြ”

“ဟား ဟား ဟား ဟား
လာလာချေသေးရဲ့ ခင်မာရယ်
နင့်အမေတောင်ငါတို့ကို
မနိုင်တာနင်ကဘယ်လိုလုပ်
ငါတို့နဲ့ယှဉ်နိုင်မှာလဲ”

“သမီးရယ် သူလည်းသွေးရူးသွေးတန်းနဲ့လျှောက်
ပြောနေတာပါ။
သူလားအမေတို့ကိုယှဉ်နိုင်မှာ
ရယ်တောင်ရယ်ချင်သေးရဲ့
ဟား ဟား ဟား”

ခင်မာလည်းမဲ့ပြုံးပြုံးပြီး
ထိုနေရာမှထွက်လာခဲ့တော့သည်။
စန္ဒာလည်းခင်မာနှင့်အတူ
လိုက်ပါလာခဲ့သည်။

“ကဲဒီနေ့ဒီအချိန်ကစပြီး
ကမန်ကုံရွာမှာငါတို့သားအမိကို
အာခံဝံ့တဲ့သူဘယ်သူရှိလဲ။
ရှိရင်ထွက်ခဲ့”

မသီတာကအားလုံးကြားအောင်
အော်ဟစ်ပြီးပြောလိုက်လေသည်။
ကမန်ကုံရွာသားတွေလည်း
မသီတာ၏ပညာအားမယှဉ်နိုင်ကြသဖြင့်
မည်သူမှထွက်မလာကြပေ။

“ဟား ဟား ဟား
ကောင်းတယ်ကောင်းတယ်
သိပ်ကိုကောင်းတယ်
ဒီလိုပဲဖြစ်နေရမှာပေါ့…”

မသီတာတစ်ယောက်အကျေနပ်ကြီး
ကျေနပ်ကာရယ်နေတော့သည်။
စုန်းဖြူမျိုးနွယ်ဝင်မခင်ထားအား
ယုတ်မာစွာအနိုင်ယူပြီးကမန်ကုံရွာအား
သူတို့ချယ်လှယ်ချင်သလိုချယ်လှယ်နေ
ကြတော့သည်။

စုန်းဖြူမလေးခင်မာနှင့်စန္ဒာကတော့
ကမန်ကုံရွာမှအပြီးတိုင်ထွက်သွားကြ
တော့သည်။

===============

နွေ၊မိုး၊ဆောင်းရာသီတို့
အလီလီကူးပြောင်းခဲ့လေသည်။

ခင်မာနှင့်စန္ဒာလည်း ကမန်ကုံရွာမှ
ထွက်သွားသည်မှာ၃နှစ်တင်းတင်းပြည့်
ခဲ့ပြီဖြစ်သည်။

ကမန်ကုံရွာထဲသို့အမျိုးသမီးတစ်ဦး
ဖြည်းညှင်းစွာဖြင့်လမ်းလျှောက်လာ
နေလေသည်။
တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထား
ပြီးခေါင်းပေါ်၌ပဝါအဖြူအထည်ကို
ခြုံထားလေသည်။
သူမပုံစံကအေးစက်စက်ဖြင့်
ယုံကြည်မှုအပြည့်အဝရှိနေသည့်ပုံ
ဖြစ်သည်။

နီရဲနေသောနှုတ်ခါးတစ်စုံကို
ပြုံးရုံလေးပြုံးပြီးကမန်ကုံရွာ၏
ကွင်းပြင်ရောက်တော့
သူမ၏ခြေလှမ်းများရပ်တန့်သွားတော့
သည်။

ကမန်ကုံရွာသူရွာသားတွေလည်း
သူမအားအထူးတဆန်းကြည့်နေကြ
သည်။
သူမကတော့အေးအေးဆေးဆေးပင်
မတ်တပ်ရပ်နေသည်။

ထို့နောက်သူမ၏ခေါင်းပေါ်မှ
ပဝါထည်အားဖြည်ချလိုက်သည်။

“ဟင်…”

“ဟာ”

“ဟင်…ခင်မာ”

ဟုတ်ပေသည် ကမန်ကုံရွာမှ
ထွက်သွားပြီး၃နှစ်ပြည့်သည့်နေ့မှာ
ခင်မာတစ်ယောက် ကမန်ကုံ
ရွာသို့တဖန်ပြန်ရောက်လာခြင်း
ဖြစ်သည်။

ရွာသူရွာသားတွေလည်း
ခင်မာအားတအံ့တသြဝိုင်းပြီး
ကြည့်နေကြလေသည်။

ခင်မာလည်းကမန်ကုံရွာသားများအား
ချိုသာသည့်အပြုံးတစ်ခုဖြင့်ပြုံးပြီး
ကြည့်နေသည်။

“ခင်မာ နင်ခင်မာမဟုတ်လား”

ရွာသူတစ်ယောက်ကမေးလိုက်
ခြင်းဖြစ်သည်။

“ဟင်း…ဟုတ်ပါတယ်
ကျွန်မခင်မာပါ၊စုန်းဖြူမျိုးနွယ်ဝင်
မခင်ထားရဲ့သမီးခင်မာမှခင်မာ
စစ္စစ္ပါ။

“နင် နင်ရွာကိုပြန်လာတာလားခင်မာ”

“ဟုတ်တယ်
မပြီးပြတ်သေးတဲ့သွေးကြွေးကို
ကျွန်မလာပြန်ဆပ်တာပါ။
သြော်ဒါနဲ့ မသီတာတို့သားအမိရော
ရွာမှာရှိကြသေးရဲ့လား”

“ရှိပါတယ်
နင်ရောက်လာတာသူမသိသေးလို့
ဖြစ်ပါလိမ့်မယ်”

“ဒါဖြင့်ရင်သူ့ကိုသွားပြီး
ပြောပေးပါလားရှင်၊သူ့ကိုသွေးကြွေး
ဆပ်ဖို့လူတစ်ယောက်ရောက်နေ
ပါတယ်လို့သွားပြောပေးစမ်းပါ”

“ကောင်းပြီလေ
သွားပြောပေးပါ့မယ်”

“သြော်…ဒါနဲ့ ခင်မာရောက်နေတယ်လို့မပြောပါနဲ့
သူ့ကိုအံ့သြသွားစေချင်လို့ပါ။
ဒါလေးတစ်ခုတော့လိုက်လျောပေးပါ”

“ရပါတယ် သွားပြောပေးပါ့မယ်
ဒီမှာခဏစောင့်နေပါ ”

“ဝုန်း”

“အ အ အ”

ထိုအမျိုးသမီးလည်းသူ့ကိုယ်သူ ကျီးတစ်ကောင်
အဖြစ်ပြောင်းလဲကာ မသီတာအား
အကြောင်းကြားရန်ထွက်သွားလေ
သည်။

မည်မျှပင်မကြာလိုက်ပေ။
ကမန်ကုံရွာ၏စုန်းပြိုင်ကွင်းဆီသို့
စုန်းမည်းမျိုးနွယ်ဝင်မသီတာ
ရောက်လာခဲ့သည်……

“ဘယ်သူလဲဟေ့
ငါ့ကိုများသွေးကြွေးဆပ်ချင်သလေး
ဘာလေးနဲ့ဘယ်သူလဲ…”

“ဟင်…ခင်မာ”

မသီတာတစ်ယောက်ခင်မာအား
မြင်ပြီးအံ့သြသွားရလေသည်။
ယခုလိုမျိုးကမန်ကုံရွာအား ခင်မာပြန်လာလိမ့်မည်ဟု မသီတာ
လုံးဝထင်မထားခဲ့ပေ၊အချိန်၃နှစ်ကြာမှ
ရွာကိုပြန်လာပြီးသွေးကြွေးဆပ်မည်ဟု
ပြောနေသဖြင့်အနည်းငယ်ထိတ်လန့်
သွားရလေသည်။

“ဟုတ်ပါတယ် ကျွန်မခင်မာပါ
ရှင်တို့သားအမိယုတ်မာကောက်ကျစ်ပြီး
အသက်ပေးသွားရတဲ့မခင်ထားရဲ့
သမီးခင်မာစစ်စစ်ပါ သိပ်ကိုအံ့သြ
သွားသလားဒေါ်သီတာ……”

“နင်ဘယ်လိုလုပ်ပြီးရွာကိုပြန်လာ
ရဲရတာလဲ။
နင်ပါနင့်အမေနောက်လိုက်သွားချင်
လို့လား”

“ဟင်း…ကျွန်မအမေ့နောက်ကို
ထည့်ဖို့အတွက်ရှင့်ကိုသွေးကြွေး
ပြန်လာဆပ်တာလို့ပြောရင်
ပိုမှန်ကောင်းမှန်လိမ့်မယ် ဒေါ်သီတာ”

“အောင်မာ…စကားကြီးစကားကျယ်နဲ့
နင့်အမေတောင်ငါတို့ကိုမနိုင်တာ။
နင်လိုဘာအဆင့်မှမရှိတဲ့ကောင်မက
ငါ့ခြေဖဝါးကိုတောင်မှီနိုင်မယ်
ထင်လို့လား ဟား ဟား ဟား”

“ဒါဖြင့်ရင်လည်း မနက်ဖြန်လပြည့်နေ့
ရှင်နဲ့ကျွန်မဟောဒီကမန်ကုံ
စုန်းပြိုင်ကွင်းမှာပညာရည်ပြိုင်ပြီး
အကြွေးဟောင်းလေးပြန်ဆပ်ကြတာ
ပေါ့ရှင်…”

“စိန်လိုက်လေ နင့်ကိုနင့်အမေနောက်
တစ်ခါတည်းလိုက်သွားနိုင်အောင်
ငါလုပ်ပေးပါ့မယ်။
မနက်ဖြန်နင်သာဒီကိုရောက်အောင်
လာခဲ့”

“အိုး…စိတ်ချပါ
ဆက်ဆက်ရောက်အောင်လာခဲ့ပါ့မယ်။
ကျွန်မကိုခွင့်ပြုပါဦး ဒေါ်သီတာ”

ခင်မာလည်းစုန်းပြိုင်ကွင်းအတွင်းမှ
ပြန်ထွက်လာခဲ့သည်။

===============

“လပြည့်နေ့”

ကမန်ကုံရွာသူရွာသားများ
လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
လွန်ခဲ့သော၃နှစ်ကျော်က
မကျေပွဲအားဒီကနေ့ကြည့်ရတော့မည်မို့
အားလုံးစိတ်လှုပ်ရှားနေကြသည်။

စုန်းမည်းမျိုးနွယ်ဝင်ဒေါ်သီတာ
တို့သားအမိလည်းစုန်းပြိုင်ကွင်းထဲ
သို့ရောက်ရှိနေပြီဖြစ်သည်။

ခင်မာရောက်မလာသေးသည့်အတွက်
ခင်မာကိုအားလုံးကမျှော်နေ
ကြလေသည်။

“အမေ သမီးအထင်တော့
ခင်မာကြောက်ပြီးမလာရဲတာပဲ
ဖြစ်ရမယ်”

“ဟုတ်မှာပေါ့သမီးရယ်
သူအမေ့ကိုစကားကြီးစကားကျယ်တွေ
ပြောပြီးမှမလာရဲတာနေမှာပေါ့အေ.

“သိပ်ပြီးလည်းဝေဖန်တာ
မစောပါနဲ့ဦးဒေါ်သီတာရယ်
ကျွန်မရောက်လာပါပြီ။

“ဟင်…”

“ဟာ”

“ဟာ”

“ခင်မာရောက်လာပြီဟ”

“ဟုတ်ပါ့ သူ့ကြည့်ရတာပညာ
တော်တော်မြင့်လာတဲ့ပုံပဲ
ဒီညတော့ပွဲကြီးပွဲကောင်းကြည့်ရပြီဟေ့”

ရွာသူရွာသားများကတစ်ယောက်
တစ်ပေါက်ပြောဆိုနေကြလေသည်။

ဒေါ်သီတာတို့သားအမိလည်း
ခင်မာအားအံသြကြီးစွာကြည့်နေ
ကြလေသည်။

“ခင်မာနင်မလာတော့ဘူးလို့
ငါကထင်နေတာ နင်လာရဲသားပဲ”

“ကျွန်မကဘာကိုကြောက်ပြီး
မလာရဲရမှာလဲရှင် လာရမှာပေါ့
ရှင့်ကိုငရဲပို့ဖို့မဖြစ်မနေကိုလာခဲ့တာပဲ
ဒေါ်သီတာ”

“နင်စကားတတ်တိုင်းလျှောက်ပြော
မနေနဲ့ ခင်မာ နင့်ပညာတွေထုတ်
လိုက်စမ်း…”

“အဆင်သင့်ပါပဲရှင်”

“ရော့…ဒီမှာအစိမ်းရောင်စက်ကြိုးလေးမြည်း
ကြည့်စမ်းခင်မာရေ”

ဒေါ်သီတာကသူ့ရဲ့ပညာစက်ဖြင့်
အလျင်အမြန်စတင်တိုက်ခိုက်လေ
တော့သည်။

ခင်မာကလည်းလက်တစ်ဖက်ကို
ဆန့်ထုတ်လိုက်ရာလက်ဖဝါးအတွင်းမှ
ပြာလဲ့လဲ့စက်တစ်ခုဖြင့်ကာဆီးထား
လိုက်သည်။

“အုံး”

“ဝုန်း”

စက်နှစ်ခုထိပ်တိုက်တွေ့ပြီး
အုံးကနဲထမြည်ကာမီးခိုးလုံးများပင်
ထွက်သွားလေသည်။

“ဘယ်ဆိုးလို့လဲ နင်တောင်
ပညာတွေမြင့်လာမှကိုး
ဒါပေမယ့်ငါ့စက်ကိုတော့နင်ရအောင်
ကာစမ်းဟေ့”

“ရော့…”

“ဝှစ် ဝှစ်”

အစိမ်းရောင်မီးလုံးနှစ်ခုက
ခင်မာထံသို့တည့်တည့်မက်မက်
ပြေးသွားလေသည်။

ခင်မာလည်းလက်ဖဝါးထဲမှ
ပြာလဲ့လဲ့ပညာစက်အားဒေါ်သီတာ
ပစ်လွှတ်လိုက်သည့်
အစိမ်းရောင်စက်များဆီသို့
တိတိကျကျပို့လွှတ်လိုက်တော့သည်။

“ဖြန်း”

“ဖျောင်း”

“ဝုန်း”

“ဟာ…ခင်မာရဲ့ပညာက
အံ့မခန်းပါလားဟ”

“ဟုတ်တယ်ဟ
ဒေါ်သီတာရဲ့စက်တွေကို
အသာအယာပဲဖျက်ဆီးပစ်လိုက်နိုင်တာပဲကြည့်လေ”

“ငါတော့ဒီပွဲမှာခင်မာပဲ
နိုင်မယ်လို့ထင်တယ်”

“စောင့်ကြည့်ပါဦးဟ
ပွဲကမပြီးသေးပါဘူး”

စုန်းပြိုင်ကွင်းထဲတွင်တော့
ခင်မာနှင့်ဒေါ်သီတာတို့ အကျိတ်အနယ်
ယှဉ်ပြိုင်နေကြလေသည်။

ခင်မာကတော့အေးဆေးစွာဖြင့်
အသာစီးရနေသည်။
ဒေါ်သီတာကတော့ချွေးသီးချွေးပေါက်
များပင်ကျလာကာခင်မာ၏
ပညာစက်များကိုခဲယဉ်းစွာရှောင်တိမ်း
နေရလေသည်။

“ကဲ…ဒီပွဲကိုမြန်မြန်အဆုံးသတ်
လိုက်တာပေါ့ ဒေါ်သီတာရယ်
ရှင်သတိသာထားပေတော့……”

ပြောရင်းဆိုရင်းခင်မာက
မိုးပေါ်သို့မော့ကာပါးစပ်အား
ဟထားလိုက်သည်။

ခင်မာပါးစပ်ထဲမှအနီရောင်
မီးလုံးလေးတစ်လုံးထွက်ပေါ်လာ
သည်။

“ဟာ”

“ဟင်”

ဒေါ်သီတာတုန်လှုပ်ချောက်ချား
သွားရလေသည်။
ခင်မာပါးစပ်ထဲမှထွက်လာသည့်
အနီရောင်မီးလုံးလေးသည်
စုန်းတွေထဲတွင်အမြင့်ဆုံးဟု
သတ်မှက်ထားသည့်စုန်းပညာသည်
သာလျှင်ထိုမီးတောက်ကိုထုတ်လွှတ်နိုင်
ခြင်းကြောင့်ဖြစ်သည်။

“ရှင်ငရဲမှာသာနေပေတော့ ဒေါ်သီတာ”

“ဝှစ်”

“အုံး…ဝုန်း”

“အောင်မယ်လေး…”

“အား……”

“အေမ့ အေမ”

ဒေါ်သီတာတစ်ယောက်
ခင်မာပစ်လွှတ်လိုက်သည့်အနီရောင်
စုန်းမီးတောက်ထိမှန်ကာ
မြေပြင်ပေါ်သို့လွင့်စင်ပြီး
အသက်ပါပါသွားလေတော့သည်။

ဒေါ်သီတာ၏သမီးယုယုမင်းလည်း
မိခင်ဖြစ်သူအနားပြေးကာငိုယိုနေ
တော့သည်။

“ခင် ခင်မာ နင်ငါ့အမေကို
ရက်ရက်စက်စက်သတ်ပစ်တယ်ပေါ့
ဟုတ်လား…”

“ဒီမယ်ယုယုမင်း
နင်တို့သားအမိလည်းငါ့အမေကို
ကောက်ကျစ်ယုတ်မာပြီး
သတ်ပစ်လိုက်ကြတာပဲမဟုတ်လား။
အခုငါလည်းနင့်အမေကို
ကလဲ့စားချေလိုက်ရပြီလေ
အဲဒီတော့ဒီပွဲကမျှတပါတယ်
နင်လည်းငါ့နေရာကိုကိုယ်ချင်းစာလို့
ရပြီပေါ့ ဟုတ်တယ်မလား”

“နင် နင်ထွက်သွား အခုထွက်သွား”

“ဟင်းဟင်း…သွားမှာပါ
ငါကလည်းဒီရွာမှာမနေချင်ပါဘူး
အမေကပြောဖူးတယ်
ငါကဒီရွာနဲ့မထိုက်တန်ဘူးတဲ့။
ဒီတော့အကြွေးဟောင်းလည်း
ဆပ်ပြီးပြီဆိုတော့ငါထွက်သွားမှာပါ
မအေမရှိတဲ့ဘဝကို နင်ရုန်းကန်ကြည့်လိုက်ပါ ယုယုမင်း
ငါသွားမယ်……”

“သြော်…ငါနင့်ကိုနောက်ဆုံး
ပြောရဦးမယ်။
ငါနင့်အမေကိုပြိုင်ဖို့အတွက်ယောနယ်
ဘက်ကစုန်းမကြီးဆီမှာ ၃နှစ်၃မိုးထိ
ကျွန်ခံပြီးဒီပညာတွေကိုသင်လာခဲ့ရတာ။
အခုတော့ငါအဲ့ဒီပညာတွေနဲ့
အကျိုးရှိမယ့်နေရာတွေမှာအသုံးချဖို့
စိတ်ကူးထားတယ်
ငါ့ကိုသွားခွင့်ပြုပါဦး”

ခင်မာလည်းကျေနပ်သည့်
အပြုံးတစ်ခုကိုပြုံးလိုက်ပြီး
ကမန်ကုံရွာမှထွက်လာခဲ့တော့သည်။

မိခင်ဖြစ်သူအားရက်ရက်စက်စက်
သတ်ခဲ့သည့်စုန်းမည်းမဒေါ်သီတာ
လည်းခင်မာ၏လက်ချက်ဖြင့်
သေခဲ့ရတော့သည်။

ခင်မာကတော့လရောင်အောက်တွင်
မှန်ကန်သောခြေလှမ်းများဖြင့်
အနောက်အရပ်သို့ထွက်ခွာသွားလေ
တော့သည်။

ပြီးပါပြီ။
လိုအပ်ချက်များအားနားလည်ပေးပါ
#အောင်ဓူဝံ
ဖတ်ပြီးအသည်းပေးရုပ်ချောလေး