ငါ့ကိုမထားလားခဲ့ကြပါနဲ့

ငါ့ကိုမထားခဲ့ကြပါနဲ့

 

မိုးပွင့်တို့သူငယ်ချင်းတစ်စု ပြင်ဦးလွင်သို့သွားရောက်လည်ပတ်ရန်

တိုင်ပင်ဖြစ်ကြသည်။ မိန်းကလေးချည်းငါးယောက်ဖြစ်၍ အိမ်မှကား

ယူသွားမည်ဟုသူမစဉ်းစားလိုက်သည်။ ထို့ကြောင့် ကားရေဆေးဆီ

လိုက်သို့ပို့ထားလေသည်။ ကိုယ့်ကားနှင့်ကိုယ်ဆို သူငယ်ချင်းတစ်စု

အဆင်ပြေပြေသွားလာ၍လည်းရ၏။ မိုးပွင့်က မန္တလေးဇာတိ၊ မန္တလေးသူ ။

အသားလတ်လတ်နှင့် အရပ်မြင့်သည်။ ဆံနွယ်များက

ထူထဲလှသော်လည်းလှိုင်းအနည်းငယ်ရှိ၏။ မသွားခင်တော့ မိန်း

ကလေးပီပီ လှချင်ပချင်သဖြင့် ဆံပင်ဖြောင့်သွားမည်ဟုလည်းတွေး

ထားသည်။

သူငယ်ချင်းများက မန္တလေးမြို့ထဲမှဆိုလျှင် မိုးပွင့်နှင့် မြတ်မိုးနှစ်

ယောက်သာ။ ကျန်သူငယ်ချင်းမများကကျောက်ဆည်ကတစ်ယောက်၊

ပုလိပ်မြို့ကတစ်ယောက်နှင့် မိတ္ထီလာကတစ်ယောက်ဖြစ်သည်။

မိတ္ထီလာမှထွက်လာမည့်သူကိုစောင့်ရမည်ဖြစ်၍ သဘက်ခါမှသွားဖြစ်

ကြပေမည်။ သူမအတွက်ဆံပင်ဖြောင့်ရန်အချိန်ရသေး၏။ မိုးပွင့်က

အစီအစဉ်များဆွဲရင်းပျော်ရွှင်နေမိသည်။ သူငယ်ချင်းများနှင့်ခရီးသွား

ရခြင်းက ပျော်စရာတစ်ခုပင်။ စိတ်လွတ်ကိုယ်လွတ်ကဲချင်တိုင်းကဲ၍

ရသည်။ ချုပ်ချယ်မည့် လူကြီးများလည်းမပါ။

သူမတို့ချိန်းဆိုထားကြသည့်မနက်ရောက်သောအခါ သူငယ်ချင်းများ

ကအသီးသီးနေရာသို့ရောက်လာကြ၏။ သို့သော် ပန်းနုဆိုသည့်

တစ်ယောက်တော့ရောက်မလာသေးချေ။ မိုးပွင့်တို့လည်းစိတ်မရှည်

စွာဖြင့် ပန်းနုကိုဖုန်းတဂွမ်ဂွမ်ဆက်ကြသည်။ ဖုန်းမကိုင်။ ပန်းနု၏

အိမ်သို့ဖုန်းဆက်သောအခါ ပန်းနုဆိုင်ကယ်မှောက်ပြီး ဆေးရုံရောက်

သွားသည်ဟူသောသတင်းဆိုးကိုကြားသိလိုက်ရတော့သည်။ ပန်းနု

က ကျောက်ဆည်ရှိအိမ်ကနေထွက်လာသော်လည်း ဟိုင်းဝေးလမ်း

ပေါ်တွင်ကုန်ကားတစ်စီးကိုကျော်တက်ရင်း လူရော ဆိုင်ကယ်ပါ ကား

အောက်ထဲဝင်သွားသည်ဟု သိလိုက်ကြရသဖြင့် ခရီးစဉ်ကို မဆက်

တော့ဘဲ ဆေးရုံသို့လိုက်သွားကြတော့သည်။

သူငယ်ချင်းများဆေးရုံရောက်ချိန်တွင် ပန်းနုမှာ အရာရာကို နှုတ်ဆက်

သွားခဲ့ချေပြီ။ ပျော်စရာအဖြစ်မှ ဝမ်းနည်းစရာအဖြစ်သို့ ကူးပြောင်း

သွား၏။ သူငယ်ချင်းတစ်စုလည်း ဝမ်းနည်းစွာငိုကြွေးခဲ့ကြရသည်။

ပန်းနု၏ နာရေးကို နေ့ရောညပါ ကူညီခဲ့ပြီး နှုတ်ဆက်ခဲ့ကြလေသည်။

အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သူ ဟာသများပြောပြီး သူငယ်ချင်းများ

ကို ပျော်စေခဲ့သူဖြစ်၍လည်း မိုးပွင့်တို့ဝမ်းနည်းမဆုံး။ ပြင်ဦးလွင်သွား

လည်မည့်အစီအစဉ်လည်းဖျက်လိုက်ကြလေတော့၏။

ထိုအဖြစ်ဆိုးဖြစ်ခဲ့ရသော်လည်း မိတ္ထီလာမှလာလည်သော သူငယ်ချင်း မေဝင်းဖြူကိုတော့ ကျန်သူငယ်ချင်းများက ဧည့်ဝတ်မပျက်ခဲ့ပေ။

နာရေးကာလအတွင်းလစ်လပ်ခဲ့သော ဧည့်ဝတ်ပြုမှုကို ပန်းနုနာရေးပြီး

သည့်အခါ ပြန်လည်ဖြည့်ပေးခဲ့ကြသည်။ မည်သည်မှမသွားနိုင်ခဲ့ကြ

သော်ငြား မန္တလေးမြို့အနှံ့တော့လိုက်လံပို့ပေးဖြစ်ခဲ့သည်။ မေဝင်းဖြူ

က ဘယ်မှမလည်ချင် မိတ္ထီလာသို့သာပြန်တော့မည်ဟုပြောသော်

လည်း အကြာကြီးနေမှတစ်ခါဆုံဖြစ်သောကြောင့် ပေးမပြန်ကြချေ။

ရသလောက်နေပါဟု ဆွဲထားကြသည်။

ပန်းနုရက်လည်ညတွင် သူငယ်ချင်းများ ကျုံးဘေးသွားကာ ဖက်ငို

ကြ၏။ ဝိုင်လည်းသောက်ထားကြသဖြင့် စိတ်လွတ်ကိုယ်လွတ်ပို၍ငို

မိတော့သည်။ အချိန်က ည ၈နာရီထိုးခါနီးအချိန်။ အားလုံးကဝမ်း

နည်းစိတ်ကြောင့်ငိုနေကြသော်လည်း ဆုလဲ့ဝင်းမှာ တောင့်တောင့်

ကြီးရပ်ကြည့်နေသည်။ ပြီးနောက် လေးတွဲတွဲအသံဖြင့်ပြောလာ၏။

” ငါနင်တို့နားမှာရှိပါတယ် ”

စစချင်းတော့ အားလုံးကဂရုမပြုမိကြသေးချေ။ အတွေးကိုယ်စီဖြင့်

ပြောလိုက်ငိုလိုက်။ ဆုလဲ့ဝင်းက ထပ်ခါတလဲလဲပြောနေသည့်အခါမှ

အားလုံးသတိထားကြည့်မိကြတော့သည်။

” နင်ဘာဖြစ်နေတာလဲဆုလဲ့ ”

” အေး…ပြန်ချင်ပြီလား…”

ဆုလဲ့ဝင်းက သူငယ်ချင်းများကိုငေးကြည့်နေရင်းပြောသည်။

” ငါ…ပြင်ဦးလွင်သွားချင်တယ် ”

” ငါတို့လည်းသွားချင်တာပေါ့ဟာ… ပန်းနုမပါတော့မသွားချင်တော့

ဘူးဟ ”

” ငါ ပါတယ်လေ… အခုသွားကြမယ် ”

ဆုလဲ့ဝင်း စကားကိုနားမလည်ကြသေး။

” ငါပြောတာ… ပန်းနုကိုပြောတာ… ”

” ငါ ပန်းနုပါဟာ… ဆုလဲ့ဆီခဏဝင်နေနေတာ… နင်တို့သူငယ်ချင်း

ပန်းနုပါဟ ”

ထိုအခါအားလုံးမျက်လုံးပြူးသွားကြတော့သည်။

” ဆုလဲ့…နင်ဘာတွေလျှောက်ပြောနေတာလဲ ”

” အေးလေ… စိတ်ထိန်းပါဟဲ့…”

” လာ…လာ…သူငယ်ချင်း… စိတ်လျော့ပါဟာ ”

” မြတ်မိုး… မေဝင်းဖြူ… မိုးပွင့် … ငါ ပန်းနုအစစ်ပါ… ဆုလဲ့ခန္ဓာကိုယ်

ထဲခဏဝင်နေတာ… ငါ ပန်းနုပါ…နင်တို့ကိုအရမ်းသတိရလို့ပါဟာ”

ထိုအခါ သူငယ်ချင်းများအားလုံးထိတ်လန့်တကြားနှင့် နောက်ဆုတ်

ပြီးပူးကပ်သွားကြသည်။

” ငါ့ကိုမကြောက်ကြပါနဲ့…ငါဘာမှမလုပ်ပါဘူးဟာ ”

ပန်းနုတဖြစ်လဲ ဆုလဲ့ကမျက်နှာလေးညိုးငယ်ကာပြောနေလေသည်။

မိုးပွင့်တို့မှာ ထိတ်လန့်သည်ကတစ်ကြောင်း၊ သူငယ်ချင်းအပေါ်ခင်

တွယ်သည်ကတစ်ကြောင်း၊ အနည်းငယ်မူးနေသည်ကတစ်ကြောင်း

ကြောင့် အနားမကပ်ရဲပေမယ့် စူးစိုက်ကြည့်နေမိကြလေသည်။

” နင်တို့ငါ့ကိုထားခဲ့ကြတယ်… ငါ့မှာကားနောက်အပြေးလိုက်ခဲ့ရတာ… ခွေးတွေကလည်းဝိုင်းဆွဲကြသေးတယ်… ငါ့ကိုမထားခဲ့ကြ

ပါနဲ့ဟာ… ”

” သူငယ်ချင်း… ပန်းနုအစစ်ပါနော် ”

” ငါ ပန်းနုပါဟ… ငါပြောတာနင်တို့မကြားကြလို့ ဆုလဲ့ဆီခဏဝင်

ပြီးပြောရတာ ”

” နင် ဘယ်လိုဝင်လာတာလဲ ”

ပန်းနုကခေါင်းလေးငုံ့သွားပြီး….

” ငါဆုလဲ့နံဘေးမှာရပ်နေတာ ငါ့ကိုသူမြင်သွားတယ်… သူကအံ့သြ

ပြီးကြည့်နေတော့… ငါက… ငါစကားခဏပြောချင်လို့ပေးပြောမလား

လို့မေးလိုက်တာ… သူကခေါင်းညိမ့်ပြလာတယ်… အဲ့ဒါနဲ့ငါဝင်လို့

ရသွားတာပဲ ”

အားလုံးက ဆုလဲ့ကိုသာငေးကြည့်နေကြလေသည်။ ယုံတစ်ဝက်

မယုံတစ်ဝက်နှင့် စဉ်းစားနေကြသည်။

” ငါတို့ပြင်ဦးလွင်သွားမယ်လေဟာ… ငါအရမ်းသွားချင်နေတာ…

သွားရအောင်နော်…နော်ပါဟာ… ”

” ဘယ်လိုသွားမှာလဲ… မိုးချုပ်နေပြီ… အိမ်ကစိတ်ပူနေလိမ့်မယ် ”

” ငါသွားချင်လို့ပါ… ငါ့ကိုလိုက်ပို့ပါဟာ… နောက်ဆိုဘယ်တော့မှ

သွားရတော့မှာမဟုတ်ဘူး… ”

ဆုလဲ့ကပြောရင်းငိုလာသည်။ အားလုံးကလည်းမူးနေကြသဖြင့်

သွားကြမည်ဆိုပြီး ကားနှင့်ထွက်လာကြတော့၏။ သွားရသည့်အခါ

ပန်းနုပူးကပ်နေသောဆုလဲ့မှာ ပျော်မဆုံး၊ ကားပေါ်တွင် သီချင်းအော်

ဆိုရင်းလိုက်ပါလာလေသည်။ မိုးပွင့်တို့ကတော့ ပန်းနုကိုသတိရနေ

ပြီး မူးလည်းမူးနေ၍ မကြောက်ကြတော့ချေ။ ထိုစဉ် တစ်ကားလုံး

ပုပ်အဲအဲအနံ့အသက်ကိုရလာကြသည်။

” ဘာနံ့ကြီးလဲဟာ…နံလိုက်တာ ”

” ဟုတ်ပါ့… အဲယားကွန်းတောင်မနိုင်တော့ဘူး…ကားမှန်ဖွင့်မှ ”

ကားတံခါးမှန်ဖွင့်ပြီးသော်လည်း အနံ့ကမပျောက်သွားပေ။

” ငါမခံနိုင်ဘူးဟာ… ကားရပ်ပေး…အန်ချင်လာပြီ ”

မေဝင်းဖြူက ကားရပ်ပေးရန်ပြောသဖြင့် မိုးပွင့်လည်း လမ်းဘေးချ

ရပ်ပေးလိုက်သည်။ ကားလမ်းမပေါ်တွင်တော့ ကားများမပြတ်ချေ။

တစ်စီးပြီးတစ်စီး ကားဘေးဖြတ်သွားကြသည်။ ကားရပ်သည်နှင့်

မေဝင်းဖြူက အမြန်ဆင်းကာ ခြုံများဖက်သို့အန်ချပစ်လိုက်သည်။

မြတ်မိုးကမေဝင်းဖြူ၏ကျောကို ပွတ်ပေးနေ၏။ မိုးပွင့်က မြတ်မိုးတို့

ထံမှအကြည့်လွဲကာ ကားနောက်ကြည့်မှန်မှတစ်ဆင့် ဆုလဲ့ကိုလှမ်း

ကြည့်လိုက်မိသည်။ ကားနောက်ခန်းတွင် ဆုလဲ့ဘေး၌လိုက်ပါလာ

ကြသော အရွယ်စုံမိန်းမ ယောကျာ်း အုပ်ကြီးက သူမကိုထိုင်ကြည့်

နေကြသည်ကိုမြင်သည့်အခါ မူးရိပ်ရိပ်ပင်ပျောက်သွားရပြီး ကား

ပေါ်မှအော်ဟစ်ရင်း ပြေးဆင်းလိုက်တော့သည်။

” ဘာလဲ…ဘာဖြစ်လို့လဲ… ”

” သရဲတွေ…သရဲတွေ ”

” မိုးပွင့်… နင်ဘာတွေပြောနေတာလဲ ”

” ကားပေါ်မှာသရဲတွေအများကြီးပဲ… ငါကြောက်တယ်… လုပ်ကြ

ပါဦး ”

မိုးပွင့်ကကြောက်လန့်တကြားအော်ဟစ်ရင်းကားနှင့်ဝေးရာသို့ပြေး

သွားသဖြင့် မြတ်မိုးမှာ အနောက်ကလိုက်ခေါ်ရတော့သည်။ အန်ချ

လိုက်ရသဖြင့် နေရထိုင်ရသက်သာသွားပြီး အမူးပြေစဖြစ်နေသော

မေဝင်းဖြူက မိုးပွင့်တို့ကိုရပ်ကြည့်ရင်း ဆုလဲ့ထံသို့သွားလိုက်ပြီး

” ဆုလဲ့… မိုးပွင့်ဘာဖြစ်တာလဲ ”

ဆုလဲ့မှာ ညိုးငယ်သောမျက်နှာဖြင့် မေဝင်းဖြူကိုကြည့်နေသည်။

ပုပ်အဲအဲအနံ့စူးစူးက ကားနောက်ခန်းမှထောင်းကနဲထွက်လာသဖြင့်

မေဝင်းဖြူလည်း အနောက်တစ်လှမ်းဆုတ်သွားမိ၏။

” ဘာအနံ့လဲဟာ… ခုထိအနံ့ကမပျောက်ဘူး ”

မြတ်မိုးအတင်းဆွဲခေါ်လာသဖြင့် ယက်ကန်ကန်ပါလာသော မိုးပွင့်မှာ

ကားနောက်ခန်းသို့သာ မျက်လုံးပြူးကြည့်နေမိသည်။

” ဘာမှမရှိပါဘူးမိုးပွင့်ရယ်… ဟိုမှာ ဖြူ နဲ့ဆုလဲ့တောင် အေးဆေးပဲ ”

” မဟုတ်ဘူး… နင်မမြင်ဘူးလား ”

မိုးပွင့်စကားကြောင့် မြတ်မိုးမှာ ကားနောက်ခန်းသို့သေချာကြည့်

လိုက်သည်။ ဆုလဲ့ထိုင်နေသည့်ဘေးတွင် မိန်းမနှစ်ယောက် တစ်ဖက်

တစ်ချက်စီထိုင်နေကြပြီး သူတို့၏နောက်တွင် လူလေးငါးယောက်မက

ရှိနေသည်ကိုရုတ်တရက်လှမ်းမြင်လိုက်တော့သည်။ မြတ်မိုးလည်း

ခေါင်းမဘန်းကြီးသွားပြီး မေဝင်းဖြူကိုကြည့်လိုက်သည့်အခါ မေဝင်း

ဖြူဘေးတွင် တစ်ခေါင်းလုံးဆံပင်ဖြူနေသည့်အဘွားကြီးတစ်ယောက်

နှင့် မျက်နှာဗြောင်ချောဖြစ်နေသည့်လူတစ်ယောက်က ရပ်နေကြ၏။

အဘွားကြီးက မေဝင်းဖြူ၏ လက်ကိုလှမ်းဆွဲမလိုလိုလုပ်ပြီး မြတ်မိုး

ကိုလှမ်းလှမ်းကြည့်နေလေသည်။ မြတ်မိုးလည်း ငယ်သံပါအောင်

အော်ဟစ်ပြီး ပြေးထွက်လာတော့သည်။ သူမနောက်မှ မိုးပွင့်ကလိုက်

ပြေးလာသည်။ ပြေးနေရင်းမိုးပွင့်ကိုလှည့်ကြည့်လိုက်သည့်အခါ

မိုးပွင့်ဘေးတွင် မိန်းမတစ်ယောက် ထမိန်ရင်လျားဖြင့် အတူလိုက်

ပြေးနေရင်း တဟီးဟီးရယ်နေသည်ကို တွေ့လိုက်ရသဖြင့် မြတ်မိုး

မှာ ထိုနေရာ၌ပင်မေ့လဲကျသွားတော့၏။

၎င်းတို့ထံလိုက်ရန် မေဝင်းဖြူက လှမ်းလိုက်စဉ် ဆုလဲ့က

” ငါ့သူငယ်ချင်းတွေကြောင့်တောင်းပန်ပါတယ်… သူတို့လည်း

လိုက်ချင်တယ်ဆိုလို့ခေါ်လာမိတယ် ”

” ဘာတွေပြောနေတာလဲ ဆုလဲ့… ဟိုမှာမြတ်မိုးဘာဖြစ်လဲမသိဘူး..

သွားကြည့်ဦးမယ်… ကားပေါ်မှာစောင့်နေခဲ့ ”

မေဝင်းဖြူကလည်း အပြေးလိုက်လာသည့်အခါ ကြောက်လန့်တကြား

အော်ဟစ်နေသည့် မိုးပွင့်နှင့် မေ့မျောနေသည့်မြတ်မိုးကြောင့် နား

မလာ်နိုင်အောင်ဖြစ်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာရတော့သည်။

အင်္ကျီ အိတ်ထဲမှဖုန်းကိုထုတ်ယူကာ အိမ်သို့ဖုန်းဆက်ခေါ်လိုက်၏။

မည်သည့်ကိစ္စဖြစ်နေမှန်းမသိသော်လည်း ယခုအခြေအနေက ပုံမှန်

မဟုတ်မှန်းသူမရိပ်စားမိနေသည်။ အိမ်ကလည်းစိတ်ပူကာ ချက်ချင်း

လိုက်လာကြမည်ဆိုသဖြင့် ထိုနေရာ၌ပင်စောင့်ရန်သူမဆုံးဖြတ်လိုက်

တော့သည်။

မိုးပွင့်ကတော့ အကြောက်လွန်နေသဖြင့် ကားဆီသို့မည်သို့မှခေါ်

မရချေ။ မြတ်မိုးသတိရလာစေရန် တစ်ခုခုတော့သူမလုပ်ဆောင်ရ

ပေမည်။ ကားပေါ်မှရေဗူးအပြေးလေးသွားယူရင်း ကားသော့ပါထုတ်

ယူလိုက်သည်။

” ဆုလဲ့… ငါ့ကိုလိုက်ကူဦး… မြတ်မိုးကို သယ်ရအောင် ”

ဆုလဲ့က လိုက်ဆင်းလာသည်။ မြတ်မိုးကိုကားထံဆွဲခေါ်သည့်အခါ

မိုးပွင်က အတင်းတားတော့၏။

” ငါတို့မလိုက်ဘူး… ကားပေါ်မှာ သရဲတွေ… ဖြူရဲ့… ငါတို့ကားတား

ပြီး အကူအညီတောင်းရအောင် ”

” နင်တို့ဘာတွေဖြစ်နေတာလဲ… ငါဘာမှကိုမတွေ့တာ… နင်တို့ပဲ

အထိတ်တလန့်နဲ့ဖြစ်နေကြတာပဲ… မြတ်မိုးသတိရလာဖို့အရေးကြီး

တယ် ”

မေဝင်းဖြူက ပြောပြောဆိုဆိုနှင့် ရေသန့်ဗူးမှရေကို မြတ်မိုး၏မျက်နှာ

ပေါ်လောင်းချလိုက်သည်။ မျက်နှာကို တဖျပ်ဖျပ်ရိုက်ကာ ခြေချောင်း

လက်ချောင်းများကိုချိုးရင်း အတင်းလှုပ်နိုးနေ၏။ မြတ်မိုးလည်း သတိ

ရသလိုလိုပြန်ဖြစ်လာသည်။

” မြတ်မိုး…ငါပြောတာကြားလား… ထ…ထ… အိမ်ကိုဖုန်းဆက်

ထားတယ်… မကြောက်နဲ့… ထ… ငါရှိတယ် ”

ုမြတ်မိုးလည်း သတိပြန်ရလာပြီး လူးလဲထထိုင်လာသည်။

” ငါကြောက်တယ်… အီး…ဟီး..ဟီး… သရဲတွေပါလာတာ ”

“ငါခေါ်လာမိလို့ပါဟာ… ငါတောင်းပန်ပါတယ် ”

ဆုလဲ့ကလေသံခပ်တိုးတိုးဖြင့်ပြောနေသည်။

” ငါဘာသရဲမှကိုမတွေ့တာ… ”

မေဝင်းဖြူမှာ သူမမမြင်သည့်အတွက်ကြောင့်ရော ယခုလိုကယောင်

ကတမ်းများဖြစ်နေကြသည့်အတွက်ကြောင့်ရော သူမပိုသတိရှိနေရန်

လိုအပ်နေပြီဟုသိလိုက်၏။ ထို့ကြောင့်လည်းသူမစိတ်ကို တည်ငြိမ်

စွာထားထားသည်။ သူငယ်ချင်းများပြောသည့် သရဲ တစ္ဆေများပါ

လာသည်ဆိုသောစကားက ကျောချမ်းမိသော်လည်း သူမပါစိတ်

ကယောင်ကတမ်းဖြစ်လျှင် အကုန်ဒုက္ခရောက်ရပေလိမ့်မည်။ ထို့

ကြောင့် အိမ်ကလူများမရောက်ခင်အချိန်အထိ သူမ သတိဝိရိယနှင့်

နေရန်ကိုယ့်ကိုယ်ပြန်သတိပေးနေရ၏။

မြတ်မိုးနှင့် မိုးပွင့်တို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်

ငိုနေကြသည်။ ကားနှင့် ၁၅ပေခန့်အကွာမှ အနားမသီရဲကြချေ။ သူမ

ကတော့ တခါတခါ ဆံပင်မွှေးများထောင်သလိုဖြစ်လာသော်လည်း

စိတ်တင်းပြီးကားနှင့် သူမတို့နှစ်ယောက်ထံ ကူးလူးနေခဲ့သည်။ ဆုလဲ့

တစ်ယောက်သာ ကြားထဲနေရာတွင် ထီးထီးကြီးရပ်နေခဲ့သည်။

မေဝင်းဖြူက ဖုန်းမြည်လာသဖြင့် ထုတ်ကိုင်လိုက်၏။ ၂ မိနစ် ၃မိနစ်

ခန့်နေပြီးလျှင် အိမ်မှမိဘဆွေမျိုးများရောက်လာကြတော့မည်ဖြစ်သ

ဖြင့် သူမ အားတက်မိလာခဲ့သည်။

” မြန်မြန်ရောက်လာကြပါစေ…ဘုရား…ဘုရား… ”

သူမရေရွတ်ရင်း ဆုလဲ့ကိုအမှတ်မထင်တစ်ချက်ကြည့်မိလိုက်သည့်အခါ… ဆုလဲ့၏ကိုယ်ထဲမှ ပန်းနု၏အရိပ်နှင့် သူမမျက်နှာကို အမှတ်

မထင်တွေ့လိုက်မိလေတော့သည်။ သူမလည်း အံ့သြစွာကြည့်နေရင်း

အသားညိုညိုနှင့် မျက်နှာသွေးတစ်စက်မှမရှိ၊ မျက်တောင်တစ်ချက်မျှ

ပင်မခတ်သော မိန်းမတစ်ယောက်သည် ပန်းနုကိုရုတ်တရက်တွန်း

ဖယ်ပစ်ရင်း ဆုလဲ့ကိုယ်ထဲသို့ဝင်သွားသည်အား မျက်ဝါးထင်ထင်

တွေ့မြင်လိုက်ရတော့သည်။

ထိုမိန်းမသည် ဆုလဲ့ကိုယ်ထဲဝင်နေရင်း မေဝင်းဖြူကို ကြောက်မက်

ဖွယ်ကောင်းအောင်စိုက်ကြည့်နေ၏။ ပန်းနုမှာတော့ မည်သည့်နေရာ

ရောက်သွားသည်မသိ၊ လွှင့်ထွက်သွားလေသည်။ ထိုအချင်းအရာ

ကြောင့် ကြက်သေသေနေစဉ် ကားလမ်းဘေးသို့ကားတစ်စီးလာရပ်

ကာ ‘ သမီး ဖြူ ‘ ဟူသောအသံကိုကောင်းစွာကြားသိလိုက်ပြီး မေ့

လဲကျသွားခဲ့လေတော့၏။

သူမသတိရလာသည့်အခါ မနက် ၂နာရီ။ သူမဘေးတွင် မိဘများနှင့်

မောင်နှမများစိတ်ပူစွာစောင့်နေကြသည်ကိုတွေ့လိုက်ရသည်။ သူမ

သိသည်က ဆေးရုံပေါ်တွင်ဟူသောအသိကသိနေသည်။ မနက်လင်း

သည့်အခါဆေးရုံကဆင်းလာပြီးအိမ်ပြန်လာခဲ့သည်။ သူငယ်ချင်းများ

လည်း အိမ်မှမိဘများကအသီးသီးလာခေါ်ပြန်သွားကြပြီဟုသိရ၏။

သူမတို့ကြုံခဲ့ရသည့်ကိစ္စကြောင့် တစ်ယောက်တည်း မလွတ်ကြတော့

ပေ။ အပြင်သွားလျှင် အိမ်မှတစ်ယောက်ယောက်ပါရသည်။

ထိုကိစ္စဖြစ်ပြီး တစ်လခန့်ကြာမှ အဖြစ်အပျက်များကိုသူမသိရ၏။

မေဝင်းဖြူမေ့လဲကျချိန် မိဘများရောက်လာ၍ ကံကောင်းသွားခဲ့ရ

သည်။ မိဘဆွေမျိုးများက ထိုနေရာမှ အကုန်လုံးကိုခေါ်ပြန်လာကြ

၏။ ဆုလဲ့ကတော့ မကောင်းဆိုးရွားပူးကပ်နေသဖြင့် ဆရာပင့်ဖိတ်

ကာ အတော်ပင်မောင်းထုတ်ယူခဲ့ရသည်ဟုကြားသိရလေသည်။

နောက်များမှဆုလဲ့နှင့်ပြန်တွေ့သည့်အခါ ပန်းနုကိုသူမြင်သည့်အချိန်

က သူမထံပူးကပ်ရန်ခွင့်တောင်းရာတွင် မှင်သက်နေမိသဖြင့် ခေါင်း

ညိမ့်မိခဲ့ကြောင်း၊ ထိုသို့လက်ခံမိသည့်အတွက် ယခုကဲ့သို့ထိတ်လန့်

ဖွယ်ဖြစ်ခဲ့ရကြောင်း ပြောပြကာ တောင်းပန်လေသည်။

သူငယ်ချင်းများအားလုံးယခုကဲ့သို့အဖြစ်ကို ထပ်မံမဖြစ်လိုကြသလို

ပန်းနုကိုလည်း ကျွတ်လွတ်ရာဘဝသို့ရောက်ရှိစေရန် ကုသိုလ်ပြု

အမျှအတန်းပေးဝေကြသည်။ ပန်းနုကတော့ သူငယ်ချင်းများကို

အိပ်မက်ပေးနေတုန်းပင်။ ၎င်းတို့တူညီစွာမက်တတ်ကြသည့်အိပ်မက်

မှာ ပန်းနုကလာပြီး ” ငါ့ကိုမထားခဲ့ကြပါနဲ့ ” ဟု မကြာမကြာလာလာ

ပြောသည်ဟုမက်တတ်ကြသည်ဆို၏။

အိပ်မက်မက်တိုင်း အမျှပေးဝေးဖြစ်လာကြသည်။ သူငယ်ချင်းကို

ချစ်ခင်ကြလွန်းသဖြင့် ၎င်းတို့အမြဲရေရွတ်ဖြစ်သည်က….

” ပန်းနုရေ… အမျှ… အမျှ… အမျှ ” ဟူတည်း။

သော်တာလမင်းစန္ဒာ

 

ငါ့ကိုမထားခဲ့ကြပါနဲ့

မိုးပွင့်တို့သူငယ်ချင်းတစ်စု ပြင်ဦးလွင်သို့သွားရောက်လည်ပတ်ရန်

တိုင်ပင်ဖြစ်ကြသည်။ မိန်းကလေးချည်းငါးယောက်ဖြစ်၍ အိမ်မှကား

ယူသွားမည်ဟုသူမစဉ်းစားလိုက်သည်။ ထို့ကြောင့် ကားရေဆေးဆီ

လိုက်သို့ပို့ထားလေသည်။ ကိုယ့်ကားနှင့်ကိုယ်ဆို သူငယ်ချင်းတစ်စု

အဆင်ပြေပြေသွားလာ၍လည်းရ၏။ မိုးပွင့်က မန္တလေးဇာတိ၊ မန ္တ

လေးသူ။ အသားလတ်လတ်နှင့် အရပ်မြင့်သည်။ ဆံနွယ်များက

ထူထဲလှသော်လည်းလှိုင်းအနည်းငယ်ရှိ၏။ မသွားခင်တော့ မိန်း

ကလေးပီပီ လှချင်ပချင်သဖြင့် ဆံပင်ဖြောင့်သွားမည်ဟုလည်းတွေး

ထားသည်။

သူငယ်ချင်းများက မန ္တလေးမြို့ထဲမှဆိုလျှင် မိုးပွင့်နှင့် မြတ်မိုးနှစ်

ယောက်သာ။ ကျန်သူငယ်ချင်းမများကကျောက်ဆည်ကတစ်ယောက်၊

ပုလိပ်မြို့ကတစ်ယောက်နှင့် မိတ္ထီလာကတစ်ယောက်ဖြစ်သည်။

မိတ္ထီလာမှထွက်လာမည့်သူကိုစောင့်ရမည်ဖြစ်၍ သဘက်ခါမှသွားဖြစ်

ကြပေမည်။ သူမအတွက်ဆံပင်ဖြောင့်ရန်အချိန်ရသေး၏။ မိုးပွင့်က

အစီအစဉ်များဆွဲရင်းပျော်ရွှင်နေမိသည်။ သူငယ်ချင်းများနှင့်ခရီးသွား

ရခြင်းက ပျော်စရာတစ်ခုပင်။ စိတ်လွတ်ကိုယ်လွတ်ကဲချင်တိုင်းကဲ၍

ရသည်။ ချုပ်ချယ်မည့် လူကြီးများလည်းမပါ။

သူမတို့ချိန်းဆိုထားကြသည့်မနက်ရောက်သောအခါ သူငယ်ချင်းများ

ကအသီးသီးနေရာသို့ရောက်လာကြ၏။ သို့သော် ပန်းနုဆိုသည့်

တစ်ယောက်တော့ရောက်မလာသေးချေ။ မိုးပွင့်တို့လည်းစိတ်မရှည်

စွာဖြင့် ပန်းနုကိုဖုန်းတဂွမ်ဂွမ်ဆက်ကြသည်။ ဖုန်းမကိုင်။ ပန်းနု၏

အိမ်သို့ဖုန်းဆက်သောအခါ ပန်းနုဆိုင်ကယ်မှောက်ပြီး ဆေးရုံရောက်

သွားသည်ဟူသောသတင်းဆိုးကိုကြားသိလိုက်ရတော့သည်။ ပန်းနု

က ကျောက်ဆည်ရှိအိမ်ကနေထွက်လာသော်လည်း ဟိုင်းဝေးလမ်း

ပေါ်တွင်ကုန်ကားတစ်စီးကိုကျော်တက်ရင်း လူရော ဆိုင်ကယ်ပါ ကား

အောက်ထဲဝင်သွားသည်ဟု သိလိုက်ကြရသဖြင့် ခရီးစဉ်ကို မဆက်

တော့ဘဲ ဆေးရုံသို့လိုက်သွားကြတော့သည်။

သူငယ်ချင်းများဆေးရုံရောက်ချိန်တွင် ပန်းနုမှာ အရာရာကို နှုတ်ဆက်

သွားခဲ့ချေပြီ။ ပျော်စရာအဖြစ်မှ ဝမ်းနည်းစရာအဖြစ်သို့ ကူးပြောင်း

သွား၏။ သူငယ်ချင်းတစ်စုလည်း ဝမ်းနည်းစွာငိုကြွေးခဲ့ကြရသည်။

ပန်းနု၏ နာရေးကို နေ့ရောညပါ ကူညီခဲ့ပြီး နှုတ်ဆက်ခဲ့ကြလေသည်။

အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သူ ဟာသများပြောပြီး သူငယ်ချင်းများ

ကို ပျော်စေခဲ့သူဖြစ်၍လည်း မိုးပွင့်တို့ဝမ်းနည်းမဆုံး။ ပြင်ဦးလွင်သွား

လည်မည့်အစီအစဉ်လည်းဖျက်လိုက်ကြလေတော့၏။

ထိုအဖြစ်ဆိုးဖြစ်ခဲ့ရသော်လည်း မိတ္ထီလာမှလာလည်သော သူငယ်ချင်း မေဝင်းဖြူကိုတော့ ကျန်သူငယ်ချင်းများက ဧည့်ဝတ်မပျက်ခဲ့ပေ။ နာ

ရေးကာလအတွင်းလစ်လပ်ခဲ့သော ဧည့်ဝတ်ပြုမှုကို ပန်းနုနာရေးပြီး

သည့်အခါ ပြန်လည်ဖြည့်ပေးခဲ့ကြသည်။ မည်သည်မှမသွားနိုင်ခဲ့ကြ

သော်ငြား မန ္တလေးမြို့အနှံ့တော့လိုက်လံပို့ပေးဖြစ်ခဲ့သည်။ မေဝင်းဖြူ

က ဘယ်မှမလည်ချင် မိတ္ထီလာသို့သာပြန်တော့မည်ဟုပြောသော်

လည်း အကြာကြီးနေမှတစ်ခါဆုံဖြစ်သောကြောင့် ပေးမပြန်ကြချေ။

ရသလောက်နေပါဟု ဆွဲထားကြသည်။

ပန်းနုရက်လည်ညတွင် သူငယ်ချင်းများ ကျုံးဘေးသွားကာ ဖက်ငို

ကြ၏။ ဝိုင်လည်းသောက်ထားကြသဖြင့် စိတ်လွတ်ကိုယ်လွတ်ပို၍ငို

မိတော့သည်။ အချိန်က ည ၈နာရီထိုးခါနီးအချိန်။ အားလုံးကဝမ်း

နည်းစိတ်ကြောင့်ငိုနေကြသော်လည်း ဆုလဲ့ဝင်းမှာ တောင့်တောင့်

ကြီးရပ်ကြည့်နေသည်။ ပြီးနောက် လေးတွဲတွဲအသံဖြင့်ပြောလာ၏။

” ငါနင်တို့နားမှာရှိပါတယ် ”

စစချင်းတော့ အားလုံးကဂရုမပြုမိကြသေးချေ။ အတွေးကိုယ်စီဖြင့်

ပြောလိုက်ငိုလိုက်။ ဆုလဲ့ဝင်းက ထပ်ခါတလဲလဲပြောနေသည့်အခါမှ

အားလုံးသတိထားကြည့်မိကြတော့သည်။

” နင်ဘာဖြစ်နေတာလဲဆုလဲ့ ”

” အေး…ပြန်ချင်ပြီလား…”

ဆုလဲ့ဝင်းက သူငယ်ချင်းများကိုငေးကြည့်နေရင်းပြောသည်။

” ငါ…ပြင်ဦးလွင်သွားချင်တယ် ”

” ငါတို့လည်းသွားချင်တာပေါ့ဟာ… ပန်းနုမပါတော့မသွားချင်တော့

ဘူးဟ ”

” ငါ ပါတယ်လေ… အခုသွားကြမယ် ”

ဆုလဲ့ဝင်း စကားကိုနားမလည်ကြသေး။

” ငါပြောတာ… ပန်းနုကိုပြောတာ… ”

” ငါ ပန်းနုပါဟာ… ဆုလဲ့ဆီခဏဝင်နေနေတာ… နင်တို့သူငယ်ချင်း

ပန်းနုပါဟ ”

ထိုအခါအားလုံးမျက်လုံးပြူးသွားကြတော့သည်။

” ဆုလဲ့…နင်ဘာတွေလျှောက်ပြောနေတာလဲ ”

” အေးလေ… စိတ်ထိန်းပါဟဲ့…”

” လာ…လာ…သူငယ်ချင်း… စိတ်လျော့ပါဟာ ”

” မြတ်မိုး… မေဝင်းဖြူ… မိုးပွင့် … ငါ ပန်းနုအစစ်ပါ… ဆုလဲ့ခန္ဓာကိုယ်

ထဲခဏဝင်နေတာ… ငါ ပန်းနုပါ…နင်တို့ကိုအရမ်းသတိရလို့ပါဟာ”

ထိုအခါ သူငယ်ချင်းများအားလုံးထိတ်လန့်တကြားနှင့် နောက်ဆုတ်

ပြီးပူးကပ်သွားကြသည်။

” ငါ့ကိုမကြောက်ကြပါနဲ့…ငါဘာမှမလုပ်ပါဘူးဟာ ”

ပန်းနုတဖြစ်လဲ ဆုလဲ့ကမျက်နှာလေးညိုးငယ်ကာပြောနေလေသည်။

မိုးပွင့်တို့မှာ ထိတ်လန့်သည်ကတစ်ကြောင်း၊ သူငယ်ချင်းအပေါ်ခင်

တွယ်သည်ကတစ်ကြောင်း၊ အနည်းငယ်မူးနေသည်ကတစ်ကြောင်း

ကြောင့် အနားမကပ်ရဲပေမယ့် စူးစိုက်ကြည့်နေမိကြလေသည်။

” နင်တို့ငါ့ကိုထားခဲ့ကြတယ်… ငါ့မှာကားနောက်အပြေးလိုက်ခဲ့ရတာ… ခွေးတွေကလည်းဝိုင်းဆွဲကြသေးတယ်… ငါ့ကိုမထားခဲ့ကြ

ပါနဲ့ဟာ… ”

” သူငယ်ချင်း… ပန်းနုအစစ်ပါနော် ”

” ငါ ပန်းနုပါဟ… ငါပြောတာနင်တို့မကြားကြလို့ ဆုလဲ့ဆီခဏဝင်

ပြီးပြောရတာ ”

” နင် ဘယ်လိုဝင်လာတာလဲ ”

ပန်းနုကခေါင်းလေးငုံ့သွားပြီး….

” ငါဆုလဲ့နံဘေးမှာရပ်နေတာ ငါ့ကိုသူမြင်သွားတယ်… သူကအံ့သြ

ပြီးကြည့်နေတော့… ငါက… ငါစကားခဏပြောချင်လို့ပေးပြောမလား

လို့မေးလိုက်တာ… သူကခေါင်းညိမ့်ပြလာတယ်… အဲ့ဒါနဲ့ငါဝင်လို့

ရသွားတာပဲ ”

အားလုံးက ဆုလဲ့ကိုသာငေးကြည့်နေကြလေသည်။ ယုံတစ်ဝက်

မယုံတစ်ဝက်နှင့် စဉ်းစားနေကြသည်။

” ငါတို့ပြင်ဦးလွင်သွားမယ်လေဟာ… ငါအရမ်းသွားချင်နေတာ…

သွားရအောင်နော်…နော်ပါဟာ… ”

” ဘယ်လိုသွားမှာလဲ… မိုးချုပ်နေပြီ… အိမ်ကစိတ်ပူနေလိမ့်မယ် ”

” ငါသွားချင်လို့ပါ… ငါ့ကိုလိုက်ပို့ပါဟာ… နောက်ဆိုဘယ်တော့မှ

သွားရတော့မှာမဟုတ်ဘူး… ”

ဆုလဲ့ကပြောရင်းငိုလာသည်။ အားလုံးကလည်းမူးနေကြသဖြင့်

သွားကြမည်ဆိုပြီး ကားနှင့်ထွက်လာကြတော့၏။ သွားရသည့်အခါ

ပန်းနုပူးကပ်နေသောဆုလဲ့မှာ ပျော်မဆုံး၊ ကားပေါ်တွင် သီချင်းအော်

ဆိုရင်းလိုက်ပါလာလေသည်။ မိုးပွင့်တို့ကတော့ ပန်းနုကိုသတိရနေ

ပြီး မူးလည်းမူးနေ၍ မကြောက်ကြတော့ချေ။ ထိုစဉ် တစ်ကားလုံး

ပုပ်အဲအဲအနံ့အသက်ကိုရလာကြသည်။

” ဘာနံ့ကြီးလဲဟာ…နံလိုက်တာ ”

” ဟုတ်ပါ့… အဲယားကွန်းတောင်မနိုင်တော့ဘူး…ကားမှန်ဖွင့်မှ ”

ကားတံခါးမှန်ဖွင့်ပြီးသော်လည်း အနံ့ကမပျောက်သွားပေ။

” ငါမခံနိုင်ဘူးဟာ… ကားရပ်ပေး…အန်ချင်လာပြီ ”

မေဝင်းဖြူက ကားရပ်ပေးရန်ပြောသဖြင့် မိုးပွင့်လည်း လမ်းဘေးချ

ရပ်ပေးလိုက်သည်။ ကားလမ်းမပေါ်တွင်တော့ ကားများမပြတ်ချေ။

တစ်စီးပြီးတစ်စီး ကားဘေးဖြတ်သွားကြသည်။ ကားရပ်သည်နှင့်

မေဝင်းဖြူက အမြန်ဆင်းကာ ခြုံများဖက်သို့အန်ချပစ်လိုက်သည်။

မြတ်မိုးကမေဝင်းဖြူ၏ကျောကို ပွတ်ပေးနေ၏။ မိုးပွင့်က မြတ်မိုးတို့

ထံမှအကြည့်လွဲကာ ကားနောက်ကြည့်မှန်မှတစ်ဆင့် ဆုလဲ့ကိုလှမ်း

ကြည့်လိုက်မိသည်။ ကားနောက်ခန်းတွင် ဆုလဲ့ဘေး၌လိုက်ပါလာ

ကြသော အရွယ်စုံမိန်းမ ယောကျာ်း အုပ်ကြီးက သူမကိုထိုင်ကြည့်

နေကြသည်ကိုမြင်သည့်အခါ မူးရိပ်ရိပ်ပင်ပျောက်သွားရပြီး ကား

ပေါ်မှအော်ဟစ်ရင်း ပြေးဆင်းလိုက်တော့သည်။

” ဘာလဲ…ဘာဖြစ်လို့လဲ… ”

” သရဲတွေ…သရဲတွေ ”

” မိုးပွင့်… နင်ဘာတွေပြောနေတာလဲ ”

” ကားပေါ်မှာသရဲတွေအများကြီးပဲ… ငါကြောက်တယ်… လုပ်ကြ

ပါဦး ”

မိုးပွင့်ကကြောက်လန့်တကြားအော်ဟစ်ရင်းကားနှင့်ဝေးရာသို့ပြေး

သွားသဖြင့် မြတ်မိုးမှာ အနောက်ကလိုက်ခေါ်ရတော့သည်။ အန်ချ

လိုက်ရသဖြင့် နေရထိုင်ရသက်သာသွားပြီး အမူးပြေစဖြစ်နေသော

မေဝင်းဖြူက မိုးပွင့်တို့ကိုရပ်ကြည့်ရင်း ဆုလဲ့ထံသို့သွားလိုက်ပြီး

” ဆုလဲ့… မိုးပွင့်ဘာဖြစ်တာလဲ ”

ဆုလဲ့မှာ ညိုးငယ်သောမျက်နှာဖြင့် မေဝင်းဖြူကိုကြည့်နေသည်။

ပုပ်အဲအဲအနံ့စူးစူးက ကားနောက်ခန်းမှထောင်းကနဲထွက်လာသဖြင့်

မေဝင်းဖြူလည်း အနောက်တစ်လှမ်းဆုတ်သွားမိ၏။

” ဘာအနံ့လဲဟာ… ခုထိအနံ့ကမပျောက်ဘူး ”

မြတ်မိုးအတင်းဆွဲခေါ်လာသဖြင့် ယက်ကန်ကန်ပါလာသော မိုးပွင့်မှာ

ကားနောက်ခန်းသို့သာ မျက်လုံးပြူးကြည့်နေမိသည်။

” ဘာမှမရှိပါဘူးမိုးပွင့်ရယ်… ဟိုမှာ ဖြူ နဲ့ဆုလဲ့တောင် အေးဆေးပဲ ”

” မဟုတ်ဘူး… နင်မမြင်ဘူးလား ”

မိုးပွင့်စကားကြောင့် မြတ်မိုးမှာ ကားနောက်ခန်းသို့သေချာကြည့်

လိုက်သည်။ ဆုလဲ့ထိုင်နေသည့်ဘေးတွင် မိန်းမနှစ်ယောက် တစ်ဖက်

တစ်ချက်စီထိုင်နေကြပြီး သူတို့၏နောက်တွင် လူလေးငါးယောက်မက

ရှိနေသည်ကိုရုတ်တရက်လှမ်းမြင်လိုက်တော့သည်။ မြတ်မိုးလည်း

ခေါင်းမဘန်းကြီးသွားပြီး မေဝင်းဖြူကိုကြည့်လိုက်သည့်အခါ မေဝင်း

ဖြူဘေးတွင် တစ်ခေါင်းလုံးဆံပင်ဖြူနေသည့်အဘွားကြီးတစ်ယောက်

နှင့် မျက်နှာဗြောင်ချောဖြစ်နေသည့်လူတစ်ယောက်က ရပ်နေကြ၏။

အဘွားကြီးက မေဝင်းဖြူ၏ လက်ကိုလှမ်းဆွဲမလိုလိုလုပ်ပြီး မြတ်မိုး

ကိုလှမ်းလှမ်းကြည့်နေလေသည်။ မြတ်မိုးလည်း ငယ်သံပါအောင်

အော်ဟစ်ပြီး ပြေးထွက်လာတော့သည်။ သူမနောက်မှ မိုးပွင့်ကလိုက်

ပြေးလာသည်။ ပြေးနေရင်းမိုးပွင့်ကိုလှည့်ကြည့်လိုက်သည့်အခါ

မိုးပွင့်ဘေးတွင် မိန်းမတစ်ယောက် ထမိန်ရင်လျားဖြင့် အတူလိုက်

ပြေးနေရင်း တဟီးဟီးရယ်နေသည်ကို တွေ့လိုက်ရသဖြင့် မြတ်မိုး

မှာ ထိုနေရာ၌ပင်မေ့လဲကျသွားတော့၏။

၎င်းတို့ထံလိုက်ရန် မေဝင်းဖြူက လှမ်းလိုက်စဉ် ဆုလဲ့က

” ငါ့သူငယ်ချင်းတွေကြောင့်တောင်းပန်ပါတယ်… သူတို့လည်း

လိုက်ချင်တယ်ဆိုလို့ခေါ်လာမိတယ် ”

” ဘာတွေပြောနေတာလဲ ဆုလဲ့… ဟိုမှာမြတ်မိုးဘာဖြစ်လဲမသိဘူး..

သွားကြည့်ဦးမယ်… ကားပေါ်မှာစောင့်နေခဲ့ ”

မေဝင်းဖြူကလည်း အပြေးလိုက်လာသည့်အခါ ကြောက်လန့်တကြား

အော်ဟစ်နေသည့် မိုးပွင့်နှင့် မေ့မျောနေသည့်မြတ်မိုးကြောင့် နား

မလ်ာနိုင်အောင်ဖြစ်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာရတော့သည်။

အင်္ကျီ အိတ်ထဲမှဖုန်းကိုထုတ်ယူကာ အိမ်သို့ဖုန်းဆက်ခေါ်လိုက်၏။

မည်သည့်ကိစ္စဖြစ်နေမှန်းမသိသော်လည်း ယခုအခြေအနေက ပုံမှန်

မဟုတ်မှန်းသူမရိပ်စားမိနေသည်။ အိမ်ကလည်းစိတ်ပူကာ ချက်ချင်း

လိုက်လာကြမည်ဆိုသဖြင့် ထိုနေရာ၌ပင်စောင့်ရန်သူမဆုံးဖြတ်လိုက်

တော့သည်။

မိုးပွင့်ကတော့ အကြောက်လွန်နေသဖြင့် ကားဆီသို့မည်သို့မှခေါ်

မရချေ။ မြတ်မိုးသတိရလာစေရန် တစ်ခုခုတော့သူမလုပ်ဆောင်ရ

ပေမည်။ ကားပေါ်မှရေဗူးအပြေးလေးသွားယူရင်း ကားသော့ပါထုတ်

ယူလိုက်သည်။

” ဆုလဲ့… ငါ့ကိုလိုက်ကူဦး… မြတ်မိုးကို သယ်ရအောင် ”

ဆုလဲ့က လိုက်ဆင်းလာသည်။ မြတ်မိုးကိုကားထံဆွဲခေါ်သည့်အခါ

မိုးပွင်က အတင်းတားတော့၏။

” ငါတို့မလိုက်ဘူး… ကားပေါ်မှာ သရဲတွေ… ဖြူရဲ့… ငါတို့ကားတား

ပြီး အကူအညီတောင်းရအောင် ”

” နင်တို့ဘာတွေဖြစ်နေတာလဲ… ငါဘာမှကိုမတွေ့တာ… နင်တို့ပဲ

အထိတ်တလန့်နဲ့ဖြစ်နေကြတာပဲ… မြတ်မိုးသတိရလာဖို့အရေးကြီး

တယ် ”

မေဝင်းဖြူက ပြောပြောဆိုဆိုနှင့် ရေသန့်ဗူးမှရေကို မြတ်မိုး၏မျက်နှာ

ပေါ်လောင်းချလိုက်သည်။ မျက်နှာကို တဖျပ်ဖျပ်ရိုက်ကာ ခြေချောင်း

လက်ချောင်းများကိုချိုးရင်း အတင်းလှုပ်နိုးနေ၏။ မြတ်မိုးလည်း သတိ

ရသလိုလိုပြန်ဖြစ်လာသည်။

” မြတ်မိုး…ငါပြောတာကြားလား… ထ…ထ… အိမ်ကိုဖုန်းဆက်

ထားတယ်… မကြောက်နဲ့… ထ… ငါရှိတယ် ”

ုမြတ်မိုးလည်း သတိပြန်ရလာပြီး လူးလဲထထိုင်လာသည်။

” ငါကြောက်တယ်… အီး…ဟီး..ဟီး… သရဲတွေပါလာတာ ”

“ငါခေါ်လာမိလို့ပါဟာ… ငါတောင်းပန်ပါတယ် ”

ဆုလဲ့ကလေသံခပ်တိုးတိုးဖြင့်ပြောနေသည်။

” ငါဘာသရဲမှကိုမတွေ့တာ… ”

မေဝင်းဖြူမှာ သူမမမြင်သည့်အတွက်ကြောင့်ရော ယခုလိုကယောင်

ကတမ်းများဖြစ်နေကြသည့်အတွက်ကြောင့်ရော သူမပိုသတိရှိနေရန်

လိုအပ်နေပြီဟုသိလိုက်၏။ ထို့ကြောင့်လည်းသူမစိတ်ကို တည်ငြိမ်

စွာထားထားသည်။ သူငယ်ချင်းများပြောသည့် သရဲတစေ ္ဆများပါ

လာသည်ဆိုသောစကားက ကျောချမ်းမိသော်လည်း သူမပါစိတ်

ကယောင်ကတမ်းဖြစ်လျှင် အကုန်ဒုက္ခရောက်ရပေလိမ့်မည်။ ထို့

ကြောင့် အိမ်ကလူများမရောက်ခင်အချိန်အထိ သူမ သတိဝိရိယနှင့်

နေရန်ကိုယ့်ကိုယ်ပြန်သတိပေးနေရ၏။

မြတ်မိုးနှင့် မိုးပွင့်တို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်

ငိုနေကြသည်။ ကားနှင့် ၁၅ပေခန့်အကွာမှ အနားမသီရဲကြချေ။ သူမ

ကတော့ တခါတခါ ဆံပင်မွှေးများထောင်သလိုဖြစ်လာသော်လည်း

စိတ်တင်းပြီးကားနှင့် သူမတို့နှစ်ယောက်ထံ ကူးလူးနေခဲ့သည်။ ဆုလဲ့

တစ်ယောက်သာ ကြားထဲနေရာတွင် ထီးထီးကြီးရပ်နေခဲ့သည်။

မေဝင်းဖြူက ဖုန်းမြည်လာသဖြင့် ထုတ်ကိုင်လိုက်၏။ ၂ မိနစ် ၃မိနစ်

ခန့်နေပြီးလျှင် အိမ်မှမိဘဆွေမျိုးများရောက်လာကြတော့မည်ဖြစ်သ

ဖြင့် သူမ အားတက်မိလာခဲ့သည်။

” မြန်မြန်ရောက်လာကြပါစေ…ဘုရား…ဘုရား… ”

သူမရေရွတ်ရင်း ဆုလဲ့ကိုအမှတ်မထင်တစ်ချက်ကြည့်မိလိုက်သည့်အခါ… ဆုလဲ့၏ကိုယ်ထဲမှ ပန်းနု၏အရိပ်နှင့် သူမမျက်နှာကို အမှတ်

မထင်တွေ့လိုက်မိလေတော့သည်။ သူမလည်း အံ့သြစွာကြည့်နေရင်း

အသားည်ိုညိုနှင့် မျက်နှာသွေးတစ်စက်မှမရှိ၊ မျက်တောင်တစ်ချက်မျှ

ပင်မခတ်သော မိန်းမတစ်ယောက်သည် ပန်းနုကိုရုတ်တရက်တွန်း

ဖယ်ပစ်ရင်း ဆုလဲ့ကိုယ်ထဲသို့ဝင်သွားသည်အား မျက်ဝါးထင်ထင်

တွေ့မြင်လိုက်ရတော့သည်။

ထိုမိန်းမသည် ဆုလဲ့ကိုယ်ထဲဝင်နေရင်း မေဝင်းဖြူကို ကြောက်မက်

ဖွယ်ကောင်းအောင်စိုက်ကြည့်နေ၏။ ပန်းနုမှာတော့ မည်သည့်နေရာ

ရောက်သွားသည်မသိ၊ လွှင့်ထွက်သွားလေသည်။ ထိုအချင်းအရာ

ကြောင့် ကြက်သေသေနေစဉ် ကားလမ်းဘေးသို့ကားတစ်စီးလာရပ်

ကာ ‘ သမီး ဖြူ ‘ ဟူသောအသံကိုကောင်းစွာကြားသိလိုက်ပြီး မေ့

လဲကျသွားခဲ့လေတော့၏။

သူမသတိရလာသည့်အခါ မနက် ၂နာရီ။ သူမဘေးတွင် မိဘများနှင့်

မောင်နှမများစိတ်ပူစွာစောင့်နေကြသည်ကိုတွေ့လိုက်ရသည်။ သူမ

သိသည်က ဆေးရုံပေါ်တွင်ဟူသောအသိကသိနေသည်။ မနက်လင်း

သည့်အခါဆေးရုံကဆင်းလာပြီးအိမ်ပြန်လာခဲ့သည်။ သူငယ်ချင်းများ

လည်း အိမ်မှမိဘများကအသီးသီးလာခေါ်ပြန်သွားကြပြီဟုသိရ၏။

သူမတို့ကြုံခဲ့ရသည့်ကိစ္စကြောင့် တစ်ယောက်တည်း မလွတ်ကြတော့

ပေ။ အပြင်သွားလျှင် အိမ်မှတစ်ယောက်ယောက်ပါရသ

ည်။

ထိုကိစ္စဖြစ်ပြီး တစ်လခန့်ကြာမှ အဖြစ်အပျက်များကိုသူမသိရ၏။

မေဝင်းဖြူမေ့လဲကျချိန် မိဘများရောက်လာ၍ ကံကောင်းသွားခဲ့ရ

သည်။ မိဘဆွေမျိုးများက ထိုနေရာမှ အကုန်လုံးကိုခေါ်ပြန်လာကြ

၏။ ဆုလဲ့ကတော့ မကောင်းဆိုးရွားပူးကပ်နေသဖြင့် ဆရာပင့်ဖိတ်

ကာ အတော်ပင်မောင်းထုတ်ယူခဲ့ရသည်ဟုကြားသိရလေသည်။

နောက်များမှဆုလဲ့နှင့်ပြန်တွေ့သည့်အခါ ပန်းနုကိုသူမြင်သည့်အချိန်

က သူမထံပူးကပ်ရန်ခွင့်တောင်းရာတွင် မှင်သက်နေမိသဖြင့် ခေါင်း

ညိမ့်မိခဲ့ကြောင်း၊ ထိုသို့လက်ခံမိသည့်အတွက် ယခုကဲ့သို့ထိတ်လန့်

ဖွယ်ဖြစ်ခဲ့ရကြောင်း ပြောပြကာ တောင်းပန်လေသည်။

သူငယ်ချင်းများအားလုံးယခုကဲ့သို့အဖြစ်ကို ထပ်မံမဖြစ်လိုကြသလို

ပန်းနုကိုလည်း ကျွတ်လွတ်ရာဘဝသို့ရောက်ရှိစေရန် ကုသိုလ်ပြု

အမျှအတန်းပေးဝေကြသည်။ ပန်းနုကတော့ သူငယ်ချင်းများကို

အိပ်မက်ပေးနေတုန်းပင်။ ၎င်းတို့တူညီစွာမက်တတ်ကြသည့်အိပ်မက်

မှာ ပန်းနုကလာပြီး ” ငါ့ကိုမထားခဲ့ကြပါနဲ့ ” ဟု မကြာမကြာလာလာ

ပြောသည်ဟုမက်တတ်ကြသည်ဆို၏။

အိပ်မက်မက်တိုင်း အမျှပေးဝေးဖြစ်လာကြသည်။ သူငယ်ချင်းကို

ချစ်ခင်ကြလွန်းသဖြင့် ၎င်းတို့အမြဲရေရွတ်ဖြစ်သည်က….

” ပန်းနုရေ… အမျှ… အမျှ… အမျှ ” ဟူတည်း။

 

ပြီးပါပြီ

သော်တာလမင်းစန္ဒာ

 

#ညမဖတ်ရ