” သမန်းကျားဒဏ္ဍာရီ ”(စ/ဆုံး)

Unicode Version

” သမန်းကျားဒဏ္ဍာရီ ”(စ/ဆုံး)
——————————–
ဖိုးကျော့

“ဥသျှစ်ကုန်းမှာ ညက နွားတစ်ကောင်ကို သမန်းကျား ကိုက်သွား ပြန်ပြီတဲ့”

မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် သတင်းဆိုးက ရွာရိုးကိုးပေါက် ရောက်တော့သည်။

အမှန်မှာ ဤသတင်းမှာ မဆန်းတော့၊ ခုတစ်လော နေ့စဉ်လိုလို တစ်ရွာမဟုတ် တစ်ရွာတွင် နွားတစ်ကောင်ကို သမန်းကျားကိုက်ပြန်ပြီ ဟူသော သတင်းကို ကြားနေရသည်။

ကျားဆိုးများ သောင်းကျန်းတတ်သော နတ်တော်လမှသည် ယခု ပြာသိုလအထိ ရောက်လာ၏။ နတ်တော် ပြာသိုလများမှာ ကျားများ မိတ် လိုက်ရာသီဖြစ်သဖြင့် သောင်းကျန်းတတ်သည်မှာတော့ မဆန်း။ သောင်း ကျန်းလာသော ကျားဆိုးများကို နယ်ခံမုဆိုးများက တစ်နည်းနည်းနှင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်မှာလည်း နှစ်တိုင်းလိုလိုပင်။

သို့သော် ယခု တစ်လနီးပါး သောင်းကျန်းနေသော ကျားဆိုးကို တော့ အဘယ်မည်သော မုဆိုးကမျှ မဖမ်းဆီး မသတ်ဖြတ်နိုင်ကြသေး။ ထို့ကြောင့်လည်း ယခုသောင်းကျန်းနေသော ကျားဆိုးကို ရွာသူရွာသား တွေက သမန်းကျားဟု သမုတ်ပြီး အကြောက်ကြီး ကြောက်နေကြသည်။

သူတို့ ယုံကြည်သမုတ်ထားကြသော သမန်းကျားဆိုသည်မှာလည်း သူတို့ ပြောပုံအရ ဆိုလျှင် ကြောက်စရာ သမန်းကျားဆိုသည်မှာ လူက ဖြစ်သွားသောကျား။ လူစိတ်နှင့် ကျားကိုယ် ဖြစ်သည်။

ထို့ကြောင့် ကျားဖမ်းနေကျ မုဆိုးကျော်ကြီးများပင် ယခုအခါ လက်မှိုင်ချရတော့မလို အရှုံးပေးကြရတော့မလို ဖြစ်နေကြ၏။ သမန်းကျားပုံပြင်မှာ ကြောက်စရာကောင်းသလို၊ လွမ်းစရာ သနားစရာလည်း ကောင်းသည်။ မှော်အတတ်ကို တစ်ဖက်ကမ်းခတ်အောင် တတ်သော မှော်ဆရာကြီးတစ်ယောက်သည် တစ်နေ့တွင် ချေသား စားချင်သဖြင့် သူ့တပည့်အား ကျားအဖြစ် ဖန်ဆင်းကာ တောထဲလွှတ်လိုက်သည်။

လူကနေ ကျားအဖြစ် ဖန်ဆင်းထားသော သမန်းကျားသည် ချေတစ်ကောင်ကို ကိုက်ပြီး သူ့ဆရာဆီ ပြန်လာ၏။ ချေတစ်ကောင် ကိုက်ချီ၍ ပြန်လာသော သူ့တပည့်အား မှော်ဆရာကြီးသည် သူ့တပည့်ချွတ်ပုံ ခဲ့သော ပုဆိုးနှင့်ပစ်ပေါက်လိုက်၏။ သူ့အဝတ်ပုဆိုး သူ့ကိုယ်ကို ထိ ထည်နှင့် တစ်ပြိုင်နက် မှော်ဆရာတပည့် သမန်းကျားသည် ချက်ချင်း ုပြန်ဖြစ်သွားလေသည်။

သည်လိုနှင့် သမန်းကျားအတတ်ကို သင်ပြီး ရွာပြန်သွားသော တပည့်သည် မကြာခင် မိန်းမ ရသည်။ တစ်နေ့၌ မိန်းမက သားငါး တင်းလျာမရှိကြောင်းညည်းလေရာ သမန်းကျားအတတ်ကို မိန်းမအား ပြသည်။ ယောက်ျားက “မင်း ဟင်းလျာမရှိရင် ငါ ကျားအဖြစ်နဲ့ ချေတစ်ကောင် ကိုက်ပြီး ပြန်လာရင်၊ မင်း ဘာမှ မကြောက်ပါနဲ့၊ ငါချွတ်ထားတဲ့ အဝတ်နဲ့သာ ငါ့ကိုယ်ကို ထိအောင်ပစ်၊ ငါ့အဝတ် ငါ့ကိုယ်ကို ထိတာနဲ့ လူပြန်ဖြစ်သွားလိမ့်မယ်” ဟု မှာထားခဲ့ပြီး တောထဲထွက်သွားသည်။

မကြာခင်မှာပင် သမန်းကျားအဖြစ်နှင့် ချေတစ်ကောင်ကို ကိုက်ပြီး ပြန်လာသော ယောက်ျားကို မိန်းမဖြစ်သူက ကြောက်ကြောက်နှင့် လန့် အော်လိုက်ရာ ရွာသူရွာသားများပါ ပြေးလိုက်လာကြသဖြင့် သမန်းကျားက အသေကောင်ကို ပစ်ချထားခဲ့ပြီး တောထဲထွက်ပြေးသွားရ၏။

နောက်တစ်နေ့သောအခါ သမန်းကျားမှာ သူ့မိန်းမဆီ ချေတစ် အောင်ကိုက်၍ ရောက်လာပြန်၏။ သူ့မိန်းမကလည်း ပထမနေ့ကကဲ့သို့ယောက်ျား သမန်းကျားကို မြင်သည်နှင့် လန့်အော်ပြန်ရာ သမန်းကျားမှာ တောထဲဝင်ပြေးရပြန်၏။ သည်လိုနှင့် ခုနစ်ရက်ပြည့်သည်အထိ ချေတစ်ကောင်ကိုက်ကာ သူ့မိန်းမဆီကို သမန်းကျားက ရောက်လာပြန်၏။

ထိုနေ့မှာလည်း သူ့မိန်းမက ခင်ပွန်းယောက်ျား သမန်းကျားက မှာထားခဲ့သော စကားကို သတိမရဘဲ ကြောက်ရွံ့၍အော်ပြန်ရာ ရွာသူ ရွာသားတွေမှာ သမန်းကျားကို ဝိုင်းလိုက်ကြပြန်သည်။ ထိုအခါ ခုနစ်ရက် လွန်သွားသော သမန်းကျားမှာလည်း စိတ်ဝင်ကာ တကယ့်ကျားဖြစ် သွားလေသည်။

သူ့မိန်းမကို စိတ်နာသွားသော သမန်းကျားသည် ဒေါသအမျက် ထွက်ကာ သူ့မိန်းမနှင့်တကွ တစ်ဆွေလုံး တစ်မျိုးလုံးကို ကိုက်သတ်ပြီး ကျားဘဝနှင့်ပင် သေသည်အထိ နေသွားရသည်ဟူ၏။

ယခု သူတို့ ရွာနီးချုပ်စပ် တစ်ဝိုက်တွင် သောင်းကျန်းနေသော ကျား မှာလည်း သမန်းကျား ဖြစ်၍သာ ယခုထိ မုဆိုးကြီးများပင်မဖမ်းနိုင်သေး။ ဤသမန်းကျားသည် ကြာလာလျှင် လူတွေကိုပါ ကိုက်လာလိမ့်မည်ဟု တုန်လှုပ်ချောက်များလာကြသည်။

ဤသည်ကို မခံမရပ်နိုင် ဖြစ်နေသူမှာ မုဆိုးကျော်ကြီး ဦးဘာဟိုး ဖြစ်သည်။ ဦးဘာဟိုးမှာ ဤနယ်တစ်ဝိုက်၌ နာမည်နှင့်လိုက်အောင် ဟိုးဟိုးကျော်နေသော မုဆိုးကျော်ကြီး ဖြစ်၏။ နှစ်စဉ်နှစ်တိုင်း ကျား
သောင်းကျန်းများကို နှိမ်နှင်းနေကျ။ ဤနှစ် ဤကျားဆိုးကျမှ သူ့လက်က လွတ်သွားသည်ဆိုလျှင် သူ့နာမည် ဤနယ်တစ်ဝိုက်၌ ကျတော့မည်။ သူ့ နာမည်ကျသလို ဤကျား၏နာမည်က ပိုတက်လာမည်။ အလိုလိုကမှ သမန်းကျားဟု သမုတ်ထားကြလေရာ ဤကျားသာလူယောက်ျား၊ လူမိန်းမ ကလေးသူငယ်ကအစ တစ်ဦးဦးကို ကိုက်လျှင် ထိုရွာက လူများသည် ရွာကို ပစ်၍ပင် ပြေးကြတော့မည့်အခြေအနေ ရှိနေသည်။

ထို့ကြောင့်လည်း မုဆိုးကျော်ကြီးဦးဘာဟိုးသည် ဤသမန်းကျားကို အသေရရ၊ အရှင်ရရ ဖမ်းမိနိုင်အောင် မအိပ်မနေ ကြိုးစားနေသည်။
သမန်းကျား သည်ရွာက နွားကို ကိုက်သွားသည်ဟု သတင်းရသည်နှင့် တစ်ပြိုင်နက် နာရီပိုင်းအတွင်းမှာပင် ထိုရွာကို ဦးဘာဟိုး ရောက်သွားပြီး သမန်းကျား ကိုက်သွားသော နွားအသေကို လေ့လာပြီး ဦးဘာဟိုးသည် သုတ်ကိုင်းထောင်ချောက် ထောင်ရပြီ။ ထိုသို့ ဦးဘာဟိုး သုတ်ကိုင်းထောင်ချောက်ထောင်လာခဲ့သည်မှာ အကြိမ်လေးငါးခါလည်း ရှိခဲ့ပြီ။

သမန်းကျားကိုမူကား ယခုထိ မမိနိုင်သေး။ ဤသမန်းကျား၏ ထူးခြားဆုံးအချက်မှာ သူ ကိုက်သတ်စားသောက်သွားသော ကျွဲနွား ဆီ နောက်ထပ်တစ်ခါ လာမစားခြင်းသာ။ စားကြွင်းစားကျန်ဆီ ပြန်မလာဘဲ နောက်တစ်နေရာရာမှ နောက်ထပ်တစ်ကောင်ကောင်ကို ကိုက်သတ်စားသောက်သွားသော သတင်းပင်။

ထို့ကြောင့်လည်း မုဆိုးကျော်ကြီး ဦးဘာဟိုးမှာ သတင်းကြားတိုင်း လိုက်နေရသည်မှာ မောနေပြီ။ ဤရွာသို့ ဦးဘာဟိုး ရောက်လာပြီး နောက်တစ်နေ့ မနက်မှာ နောက်တစ်ရွာ၌ ကျွဲနွားတစ်ကောင်ကောင်ကို
သွားကိုက်ပြန်ပြီဟု ကြားရတတ်သည်။ သို့သော် ဦးဘာဟိုးက လုံးဝ စိတ်ကူး မလျှော့သေး။ သမန်းကျားကို မသတ်ရမချင်း၊ မဖမ်းရမချင်း ဦးဘာဟိုးသည် ဇွဲနပဲကြီးစွာနှင့် သမန်းကျားကို လိုက်ရှာလျက် ရှိလေသည်။

🐯 🐯 🐯

သမန်းကျားကို အငြိုးအတေးကြီးစွာနှင့် သဲကြီးမဲကြီး လိုက်ရှာသောဦးဘာဟိုးသည် ဤနေ့မနက်မှာတော့ သမန်းကျား ကိုက်သွားသံကို မကြားရဘဲ သမန်းကျား၏ ခြေရာတွေ့ကြောင်းကိုသာ ကိုင်းတောရွာဘက်မှ ကြားရသည်။ ဦးဘာဟိုး ချက်ချင်းလိုက်သွား၏။

ဦးဘာဟိုး ရွာကို ရောက်လာသည်ဟူသော သတင်းနှင့်အတူ ရွာလူကြီးက ဦးဘာဟိုးကို သမန်းကျားခြေရာ တွေ့ခဲ့သည်ဆိုသူနှင့် ဦးဘာဟိုးကို အရေးတကြီး တွေ့ပေး၏။ အချိန်မှာ နံနက်ကိုးနာရီခန့်သာ ရှိသေးရာ ဦးဘာဟိုးသည် ထိုသူနှင့်အတူ သမန်းကျားခြေရာကို လိုက်ကြည့်သည်။

သမန်းကျား ခြေရာတွေ့သော နေရာမှာ လယ်ကွင်းဘေးရှိ နွားတင်းကုပ် ပတ်ပတ်လည်တွင် ဖြစ်သည်။ နွားရှင်မှာ သမန်းကျားရန်ကို စိုးရိမ်၍ ထိုနေ့ညနေကပင် သူ၏နွားများကို ရွာထဲသွင်းသိပ်သူ ဦးလူမောင် ဖြစ်လေသည်။ ဦးဘာဟိုးသည် ဦးလူမောင် ပြသော သမန်းကျား ခြေရာကို သေသေချာချာ လေ့လာသည်။ ခြေရာကို လက်နှင့် ကန့်လန့်ဖြတ် ထွာ ကြည့်သည်။ နှီးပြားနှင့် တိုင်းသည်။

သမန်းကျား၏ အလျားအနံကို ခန့်မှန်းသည်။ ချက်ချင်းရွာကို ပြန်ပြီး ဝါးထောင်ချောက်ကြီး တစ်ခုကို ရွာသားများ အတူအညီနှင့် နေ့ချင်းအပြီးလုပ်သည်။

နေမညိုခင် ထိုဝါးထောင်ချောက်ကြီးကို ရွာပြင်တောစပ် ထုတ်ကြ သည်။ ဝါးထောင်ချောက်ကြီးမှာ ကြိမ်သတ်ကြိမ်နွယ်များနှင့် အခိုင်အခံ့ ပြုလုပ်ထားသဖြင့် ရွာသားကြီးလေးယောက်မှာ တနင့်တပိုး ထမ်းကြရ သည်။ မုဆိုးကြီး ဦးဘာဟိုးကမူ ထောင်ချောက်နေရာ ပြရန် ရှေ့က သွား၏။

သူ့နောက်တွင် ဝါးထောင်ချောက်ကြီး ထမ်းလာသူ လေးယောက် အပြင် တစ်နှစ်သား နွားကလေးတစ်ကောင်ကို ကြိုးတန်းလန်းနှင့် ဆွဲခေါ် လာသူ ရွာသားကြီးတစ်ယောက်လည်း ပါလာသေးသည်။

တောထဲ ရောက်လာသောအခါ ဝါးထောင်ချောက်ကို ဦးဘာဟိုးက ဦးဆောင်၍ ထောင်၏။ ထောင်ချောက်မှာ ရှေ့တစ်ခန်း၊ နောက်တစ်ခန်း ပါသည်။ ရှေ့ခန်းနှင့် နောက်ခန်းကို ခိုင်ခံ့သော ဝါးလုံးကြီးများနှင့် ကာရံ ထားသည်။ သုံးလံခန့်ရှည်သော ဝါးထောင်ချောက်ကြီးတွင် ရှေ့တစ်ပေါက်၊ နောက်တစ်ပေါက်ကို ပိတ်သော တံခါးနှစ်ပေါက် ပါသည်။ အမှန် မှာ စတုဂံရှည်မျောမျောဖြစ်သော ကျားထောင်ချောက်တွင် ရှေ့နောက် ဆိုသည်မှာ သင်္ကေတသာရှိပြီး၊ နှစ်ဖက်စလုံး တံခါးတစ်ခုစီနှင့် အားလုံး ပြုလုပ်ထားပုံချင်း အတူတူသာ။

ဝါးထောင်ချောက်၏ အလယ်ဗဟိုတည့်တည့်တွင် နှစ်ဖက်တံခါးကို ထိန်းထားသော တံခါးတိုင်တစ်လုံး ပါသည်။ ထိုတံခါးတိုင်ထိပ်ရှိ မောင်း လက်တံကြီးတွင် တံခါးနှစ်ပေါက်စလုံးကို အဖွင့်အပိတ်ဖြစ်စေနိုင်သော တံခါးခလုတ် အလေးတုံးတစ်ခု ရှိသည်။

နောက်ဘက်ဟု သင်္ကေတပြုထားသော ထောင်ချောက်ထဲသို့ နွား ကလေးကို ထည့်လိုက်ကြသည်။ တံခါးအတွင်းဘက်ရှိ ကြမ်းခင်းပြင်ကို နွားကလေး နင်းလိုက်သည်နှင့် တစ်ပြိုင်နက် အသေးခလုတ်ပြုတ်ပြီး ဂျိန်း ခနဲ တံခါးပိတ်သွား၏။

နွားကလေး ထောင်ချောက်ထဲက လုံးဝမထွက်နိုင်တော့။

ဤနွားကလေး ထောင်ချောက်ထဲက လွတ်ရန်မှာ တစ်ဖက်အခန်း ကို ကျားဝင်နင်းပြီး အလေးတုံးခလုတ် ရွေ့သွားကာ ကျားဝင်တံခါး ပိတ် သွားမှ အလိုလိုလွတ်ထွက်သွားမည် ဖြစ်သည်။ ဦးဘာဟိုးဦးဆောင်ပြီး နွားကလေးကို ထောင်ချောက်ထဲ သွင်းကြသည်။

နွားကလေး ထောင်ချောက်ထဲ ရောက်သည်နှင့် တစ်ဖက်ကျားဝင်တံခါးမှာ အလိုလိုပွင့်သွားသည်။ ဤသည်ကို စိတ်ချရအောင် ဦးဘာဟိုး သုံးကြိမ်သုံးခါ စမ်းသည်။ စိတ်ချရပြီဆိုမှ ဝါးထောင်ချောက်ပတ်ပတ်လည်ကို သစ်ခက်သစ်စိမ်းများနှင့် ကာရံပြီး အရောင်ဖျောက်ကြသည်။

ထိုအချိန်တွင် နေကလည်း ဝင်သွားပြီ ဖြစ်ရာ၊ ဦးဘာဟိုးနှင့်တကွ ရွာသားကြီးတွေမှာ နွားကလေးအော်မြည်နေသံကို နားစွင့်ကာ ငါးထောင်ချောက်ကြီးကိုသာ စောင့်ကြည့်နေကြလေသည်။

🐯 🐯 🐯

ဦးဘာဟိုး ကြိုတင်တွက်ဆထားကြသည့် အတိုင်းပင် ညက နွား တစ်ကောင်တလေမှ မကိုက်ရ မစားရသေးသော သမန်းကျားကြီးသည် တောဝန်းကျင်၌ပင် ရှိနေသေး၏။ ထို့ကြောင့်လည်း နွားကလေး မြည်သံကြားရသောအခါ မှောင်အောင်ပင် မစောင့်နိုင်တော့ဘဲ ချက်ချင်း
လာလေ၏။ ဦးဘာဟိုးနှင့်တကွ ရွာသားကြီး ငါးယောက်မှာ သမန်းကျားဟု သော ကိုးတောင်ကျားကြီးကို မျက်တောင်မခတ် စိုက်ကြည့်ကာ တဒင်္ဂ သက်ရှူရန်ကိုပင် မေ့ထားကြသည်။

ကျားကြီးကို မြင်သောအခါ နွားကလေးမှာ တအားအော်မြည်ပြီး ဝါးထောင်ချောက်ထဲတွင် ခုန်ပေါက်နေ၏။ အမြီးထောင်ပြီး ဝါးထောင်ချောက်ထဲတွင် ခုန်ပေါက်နေသော နွားကလေးကို ကျားကြီးက ပထမ အားရပါးရ ဟိန်းဟောက်ပြီး ခုန်အုပ်၏။

သို့သော် လေးဘက်လေးတန်မက အပေါ်ကပါ ဝါးလုံးကြီးများနှင့် စီပိတ်ထားသော ထောင်ချောက်ထဲက နွားကလေးကို မကိုက်မိ၊ သူသာ ထောင်ချောက်ဝါးလုံးတွေနှင့် တိုက်မိကာ နောက်ကျွမ်းပစ်ကျလာ၏။

ကျားကြီးက ပို၍ ဒေါသဖြစ်လာသည်။

နွားကလေးမှာလည်း ကြောက်ရွံ့ ကာ ပို၍အော်မြည်လာ၏။

သမန်းကျားကြီးသည် ထောင်ချောက်ထဲရှိ နွားကလေးကို အားမလို့ အားမရ ကြည့်တာ ထောင်ချောက် ဝါးလုံးအကာအရံတွေကို ပြေးကိုက်သည်။ ဆွဲခါသည်။ သို့သော် အခိုင်အခံ့ လေးငါးတန်တုပ်ချည်ထားသော ဂင်းပိတ်တင်းဝါး အရင်းပိုင်းတွေမှာ ဂြင်ဂြင်
(မာကျော) မြည်သံသာ ပေါ်လာသည်။ ကျားစွယ်က လုံးဝ မတိုးနိုင်။

ထိုအခါ သမန်းကျားကြီးသည် ထောင်ချောက်ထဲက နွားကလေးကို ကိုက်သတ်ရန် လှည့်ပတ်၍ ဝင်ပေါက်ရှာသည်။ ဦးဘာဟိုးအပါအဝင် လူတွေမှာ ရင်တထိတ်ထိတ်နှင့် အသက်ရှူမှားမတတ် စောင့်ကြည့်နေ ကြ၏။ ထောင်ချောက်ရှေ့ဘက်မှ ဝင်ပေါက်တစ်ပေါက်ကိုတွေ့သွားသော သမန်းကျားသည် နွားကလေးကို ကိုက်ရန် ချက်ချင်းခုန်ဝင်လာ၏။

သမန်းကျား ထောင်ချောက်ကြမ်းခင်းပြင် နင်းလိုက်သည်နှင့် တစ်ပြိုင်နက် မောင်းတံလက်က တစောင်းပြန်သွားသည်။ ထိုအခါတွင် အလေးနှင့် ချိန်ထားသော နွားကလေးရှိရာဘက်က တံခါးမှာ အလိုလို ပွင့်သွားပြီး ကျားကြီးရှိရာဘက်က တံခါးက ဂျိန်းခနဲမြည်သံနှင့်အတူ အလိုအလျောက် ပိတ်သွားလေ၏။

နွားကလေးသည် တဗွတ်အဲအဲ အော်မြည်ကာ ရွာဘက်ကို အမြီးထောင်၍ ပြေးသွား၏။ ကျားကြီးကမူ ဝါးထောင်ချောက်ထဲ နေလေပြီ။

ထိုအခါ ဦးဘာဟိုးက …

“ကဲ… ခင်ဗျားတို့ပြောတဲ့ သမန်းကျားကြီးတော့ မိနေပြီ၊ သစ်ပင် ပေါ်က ဆင်းကြတော့” ဟု …
ပြောလည်းပြော၊ ဆင်းလည်းဆင်းနှင့် … မြေပြင်ကို သူ အလျင်ရောက်သွားလေ၏။

#ဆရာဖိုးကျော့✍👸
ကျားဘီလူးနှင့် တောကြီးဝင်္ကပါ မုဆိုးဝတ္ထုတိုများ၊စာမျက်နှာ ၁၈ – ၂၄။

စာရိုက် – စလေ ငနော့ .မှ..ကူးယူပါသည်

Zawgyi Version

” သမန္းက်ားဒ႑ာရီ ”(စ/ဆုံး)
——————————–
ဖိုးေက်ာ့

“ဥသွ်စ္ကုန္းမွာ ညက ႏြားတစ္ေကာင္ကို သမန္းက်ား ကိုက္သြား ျပန္ၿပီတဲ့”

မနက္မိုးလင္းသည္ႏွင့္တစ္ၿပိဳင္နက္ သတင္းဆိုးက ႐ြာ႐ိုးကိုးေပါက္ ေရာက္ေတာ့သည္။

အမွန္မွာ ဤသတင္းမွာ မဆန္းေတာ့၊ ခုတစ္ေလာ ေန႔စဥ္လိုလို တစ္႐ြာမဟုတ္ တစ္႐ြာတြင္ ႏြားတစ္ေကာင္ကို သမန္းက်ားကိုက္ျပန္ၿပီ ဟူေသာ သတင္းကို ၾကားေနရသည္။

က်ားဆိုးမ်ား ေသာင္းက်န္းတတ္ေသာ နတ္ေတာ္လမွသည္ ယခု ျပာသိုလအထိ ေရာက္လာ၏။ နတ္ေတာ္ ျပာသိုလမ်ားမွာ က်ားမ်ား မိတ္ လိုက္ရာသီျဖစ္သျဖင့္ ေသာင္းက်န္းတတ္သည္မွာေတာ့ မဆန္း။ ေသာင္း က်န္းလာေသာ က်ားဆိုးမ်ားကို နယ္ခံမုဆိုးမ်ားက တစ္နည္းနည္းႏွင့္ ဖမ္းဆီးသတ္ျဖတ္ခဲ့ၾကသည္မွာလည္း ႏွစ္တိုင္းလိုလိုပင္။

သို႔ေသာ္ ယခု တစ္လနီးပါး ေသာင္းက်န္းေနေသာ က်ားဆိုးကို ေတာ့ အဘယ္မည္ေသာ မုဆိုးကမွ် မဖမ္းဆီး မသတ္ျဖတ္ႏိုင္ၾကေသး။ ထို႔ေၾကာင့္လည္း ယခုေသာင္းက်န္းေနေသာ က်ားဆိုးကို ႐ြာသူ႐ြာသား ေတြက သမန္းက်ားဟု သမုတ္ၿပီး အေၾကာက္ႀကီး ေၾကာက္ေနၾကသည္။

သူတို႔ ယုံၾကည္သမုတ္ထားၾကေသာ သမန္းက်ားဆိုသည္မွာလည္း သူတို႔ ေျပာပုံအရ ဆိုလွ်င္ ေၾကာက္စရာ သမန္းက်ားဆိုသည္မွာ လူက ျဖစ္သြားေသာက်ား။ လူစိတ္ႏွင့္ က်ားကိုယ္ ျဖစ္သည္။

ထို႔ေၾကာင့္ က်ားဖမ္းေနက် မုဆိုးေက်ာ္ႀကီးမ်ားပင္ ယခုအခါ လက္မႈိင္ခ်ရေတာ့မလို အရႈံးေပးၾကရေတာ့မလို ျဖစ္ေနၾက၏။ သမန္းက်ားပုံျပင္မွာ ေၾကာက္စရာေကာင္းသလို၊ လြမ္းစရာ သနားစရာလည္း ေကာင္းသည္။ ေမွာ္အတတ္ကို တစ္ဖက္ကမ္းခတ္ေအာင္ တတ္ေသာ ေမွာ္ဆရာႀကီးတစ္ေယာက္သည္ တစ္ေန႔တြင္ ေခ်သား စားခ်င္သျဖင့္ သူ႔တပည့္အား က်ားအျဖစ္ ဖန္ဆင္းကာ ေတာထဲလႊတ္လိုက္သည္။

လူကေန က်ားအျဖစ္ ဖန္ဆင္းထားေသာ သမန္းက်ားသည္ ေခ်တစ္ေကာင္ကို ကိုက္ၿပီး သူ႔ဆရာဆီ ျပန္လာ၏။ ေခ်တစ္ေကာင္ ကိုက္ခ်ီ၍ ျပန္လာေသာ သူ႔တပည့္အား ေမွာ္ဆရာႀကီးသည္ သူ႔တပည့္ခြၽတ္ပုံ ခဲ့ေသာ ပုဆိုးႏွင့္ပစ္ေပါက္လိုက္၏။ သူ႔အဝတ္ပုဆိုး သူ႔ကိုယ္ကို ထိ ထည္ႏွင့္ တစ္ၿပိဳင္နက္ ေမွာ္ဆရာတပည့္ သမန္းက်ားသည္ ခ်က္ခ်င္း ုျပန္ျဖစ္သြားေလသည္။

သည္လိုႏွင့္ သမန္းက်ားအတတ္ကို သင္ၿပီး ႐ြာျပန္သြားေသာ တပည့္သည္ မၾကာခင္ မိန္းမ ရသည္။ တစ္ေန႔၌ မိန္းမက သားငါး တင္းလ်ာမရွိေၾကာင္းညည္းေလရာ သမန္းက်ားအတတ္ကို မိန္းမအား ျပသည္။ ေယာက္်ားက “မင္း ဟင္းလ်ာမရွိရင္ ငါ က်ားအျဖစ္နဲ႔ ေခ်တစ္ေကာင္ ကိုက္ၿပီး ျပန္လာရင္၊ မင္း ဘာမွ မေၾကာက္ပါနဲ႔၊ ငါခြၽတ္ထားတဲ့ အဝတ္နဲ႔သာ ငါ့ကိုယ္ကို ထိေအာင္ပစ္၊ ငါ့အဝတ္ ငါ့ကိုယ္ကို ထိတာနဲ႔ လူျပန္ျဖစ္သြားလိမ့္မယ္” ဟု မွာထားခဲ့ၿပီး ေတာထဲထြက္သြားသည္။

မၾကာခင္မွာပင္ သမန္းက်ားအျဖစ္ႏွင့္ ေခ်တစ္ေကာင္ကို ကိုက္ၿပီး ျပန္လာေသာ ေယာက္်ားကို မိန္းမျဖစ္သူက ေၾကာက္ေၾကာက္ႏွင့္ လန႔္ ေအာ္လိုက္ရာ ႐ြာသူ႐ြာသားမ်ားပါ ေျပးလိုက္လာၾကသျဖင့္ သမန္းက်ားက အေသေကာင္ကို ပစ္ခ်ထားခဲ့ၿပီး ေတာထဲထြက္ေျပးသြားရ၏။

ေနာက္တစ္ေန႔ေသာအခါ သမန္းက်ားမွာ သူ႔မိန္းမဆီ ေခ်တစ္ ေအာင္ကိုက္၍ ေရာက္လာျပန္၏။ သူ႔မိန္းမကလည္း ပထမေန႔ကကဲ့သို႔ေယာက္်ား သမန္းက်ားကို ျမင္သည္ႏွင့္ လန႔္ေအာ္ျပန္ရာ သမန္းက်ားမွာ ေတာထဲဝင္ေျပးရျပန္၏။ သည္လိုႏွင့္ ခုနစ္ရက္ျပည့္သည္အထိ ေခ်တစ္ေကာင္ကိုက္ကာ သူ႔မိန္းမဆီကို သမန္းက်ားက ေရာက္လာျပန္၏။

ထိုေန႔မွာလည္း သူ႔မိန္းမက ခင္ပြန္းေယာက္်ား သမန္းက်ားက မွာထားခဲ့ေသာ စကားကို သတိမရဘဲ ေၾကာက္႐ြံ႕၍ေအာ္ျပန္ရာ ႐ြာသူ ႐ြာသားေတြမွာ သမန္းက်ားကို ဝိုင္းလိုက္ၾကျပန္သည္။ ထိုအခါ ခုနစ္ရက္ လြန္သြားေသာ သမန္းက်ားမွာလည္း စိတ္ဝင္ကာ တကယ့္က်ားျဖစ္ သြားေလသည္။

သူ႔မိန္းမကို စိတ္နာသြားေသာ သမန္းက်ားသည္ ေဒါသအမ်က္ ထြက္ကာ သူ႔မိန္းမႏွင့္တကြ တစ္ေဆြလုံး တစ္မ်ိဳးလုံးကို ကိုက္သတ္ၿပီး က်ားဘဝႏွင့္ပင္ ေသသည္အထိ ေနသြားရသည္ဟူ၏။

ယခု သူတို႔ ႐ြာနီးခ်ဳပ္စပ္ တစ္ဝိုက္တြင္ ေသာင္းက်န္းေနေသာ က်ား မွာလည္း သမန္းက်ား ျဖစ္၍သာ ယခုထိ မုဆိုးႀကီးမ်ားပင္မဖမ္းႏိုင္ေသး။ ဤသမန္းက်ားသည္ ၾကာလာလွ်င္ လူေတြကိုပါ ကိုက္လာလိမ့္မည္ဟု တုန္လႈပ္ေခ်ာက္မ်ားလာၾကသည္။

ဤသည္ကို မခံမရပ္ႏိုင္ ျဖစ္ေနသူမွာ မုဆိုးေက်ာ္ႀကီး ဦးဘာဟိုး ျဖစ္သည္။ ဦးဘာဟိုးမွာ ဤနယ္တစ္ဝိုက္၌ နာမည္ႏွင့္လိုက္ေအာင္ ဟိုးဟိုးေက်ာ္ေနေသာ မုဆိုးေက်ာ္ႀကီး ျဖစ္၏။ ႏွစ္စဥ္ႏွစ္တိုင္း က်ား
ေသာင္းက်န္းမ်ားကို ႏွိမ္ႏွင္းေနက်။ ဤႏွစ္ ဤက်ားဆိုးက်မွ သူ႔လက္က လြတ္သြားသည္ဆိုလွ်င္ သူ႔နာမည္ ဤနယ္တစ္ဝိုက္၌ က်ေတာ့မည္။ သူ႔ နာမည္က်သလို ဤက်ား၏နာမည္က ပိုတက္လာမည္။ အလိုလိုကမွ သမန္းက်ားဟု သမုတ္ထားၾကေလရာ ဤက်ားသာလူေယာက္်ား၊ လူမိန္းမ ကေလးသူငယ္ကအစ တစ္ဦးဦးကို ကိုက္လွ်င္ ထို႐ြာက လူမ်ားသည္ ႐ြာကို ပစ္၍ပင္ ေျပးၾကေတာ့မည့္အေျခအေန ရွိေနသည္။

ထို႔ေၾကာင့္လည္း မုဆိုးေက်ာ္ႀကီးဦးဘာဟိုးသည္ ဤသမန္းက်ားကို အေသရရ၊ အရွင္ရရ ဖမ္းမိႏိုင္ေအာင္ မအိပ္မေန ႀကိဳးစားေနသည္။
သမန္းက်ား သည္႐ြာက ႏြားကို ကိုက္သြားသည္ဟု သတင္းရသည္ႏွင့္ တစ္ၿပိဳင္နက္ နာရီပိုင္းအတြင္းမွာပင္ ထို႐ြာကို ဦးဘာဟိုး ေရာက္သြားၿပီး သမန္းက်ား ကိုက္သြားေသာ ႏြားအေသကို ေလ့လာၿပီး ဦးဘာဟိုးသည္ သုတ္ကိုင္းေထာင္ေခ်ာက္ ေထာင္ရၿပီ။ ထိုသို႔ ဦးဘာဟိုး သုတ္ကိုင္းေထာင္ေခ်ာက္ေထာင္လာခဲ့သည္မွာ အႀကိမ္ေလးငါးခါလည္း ရွိခဲ့ၿပီ။

သမန္းက်ားကိုမူကား ယခုထိ မမိႏိုင္ေသး။ ဤသမန္းက်ား၏ ထူးျခားဆုံးအခ်က္မွာ သူ ကိုက္သတ္စားေသာက္သြားေသာ ကြၽဲႏြား ဆီ ေနာက္ထပ္တစ္ခါ လာမစားျခင္းသာ။ စားႂကြင္းစားက်န္ဆီ ျပန္မလာဘဲ ေနာက္တစ္ေနရာရာမွ ေနာက္ထပ္တစ္ေကာင္ေကာင္ကို ကိုက္သတ္စားေသာက္သြားေသာ သတင္းပင္။

ထို႔ေၾကာင့္လည္း မုဆိုးေက်ာ္ႀကီး ဦးဘာဟိုးမွာ သတင္းၾကားတိုင္း လိုက္ေနရသည္မွာ ေမာေနၿပီ။ ဤ႐ြာသို႔ ဦးဘာဟိုး ေရာက္လာၿပီး ေနာက္တစ္ေန႔ မနက္မွာ ေနာက္တစ္႐ြာ၌ ကြၽဲႏြားတစ္ေကာင္ေကာင္ကို
သြားကိုက္ျပန္ၿပီဟု ၾကားရတတ္သည္။ သို႔ေသာ္ ဦးဘာဟိုးက လုံးဝ စိတ္ကူး မေလွ်ာ့ေသး။ သမန္းက်ားကို မသတ္ရမခ်င္း၊ မဖမ္းရမခ်င္း ဦးဘာဟိုးသည္ ဇြဲနပဲႀကီးစြာႏွင့္ သမန္းက်ားကို လိုက္ရွာလ်က္ ရွိေလသည္။

🐯 🐯 🐯

သမန္းက်ားကို အၿငိဳးအေတးႀကီးစြာႏွင့္ သဲႀကီးမဲႀကီး လိုက္ရွာေသာဦးဘာဟိုးသည္ ဤေန႔မနက္မွာေတာ့ သမန္းက်ား ကိုက္သြားသံကို မၾကားရဘဲ သမန္းက်ား၏ ေျခရာေတြ႕ေၾကာင္းကိုသာ ကိုင္းေတာ႐ြာဘက္မွ ၾကားရသည္။ ဦးဘာဟိုး ခ်က္ခ်င္းလိုက္သြား၏။

ဦးဘာဟိုး ႐ြာကို ေရာက္လာသည္ဟူေသာ သတင္းႏွင့္အတူ ႐ြာလူႀကီးက ဦးဘာဟိုးကို သမန္းက်ားေျခရာ ေတြ႕ခဲ့သည္ဆိုသူႏွင့္ ဦးဘာဟိုးကို အေရးတႀကီး ေတြ႕ေပး၏။ အခ်ိန္မွာ နံနက္ကိုးနာရီခန႔္သာ ရွိေသးရာ ဦးဘာဟိုးသည္ ထိုသူႏွင့္အတူ သမန္းက်ားေျခရာကို လိုက္ၾကည့္သည္။

သမန္းက်ား ေျခရာေတြ႕ေသာ ေနရာမွာ လယ္ကြင္းေဘးရွိ ႏြားတင္းကုပ္ ပတ္ပတ္လည္တြင္ ျဖစ္သည္။ ႏြားရွင္မွာ သမန္းက်ားရန္ကို စိုးရိမ္၍ ထိုေန႔ညေနကပင္ သူ၏ႏြားမ်ားကို ႐ြာထဲသြင္းသိပ္သူ ဦးလူေမာင္ ျဖစ္ေလသည္။ ဦးဘာဟိုးသည္ ဦးလူေမာင္ ျပေသာ သမန္းက်ား ေျခရာကို ေသေသခ်ာခ်ာ ေလ့လာသည္။ ေျခရာကို လက္ႏွင့္ ကန႔္လန႔္ျဖတ္ ထြာ ၾကည့္သည္။ ႏွီးျပားႏွင့္ တိုင္းသည္။

သမန္းက်ား၏ အလ်ားအနံကို ခန႔္မွန္းသည္။ ခ်က္ခ်င္း႐ြာကို ျပန္ၿပီး ဝါးေထာင္ေခ်ာက္ႀကီး တစ္ခုကို ႐ြာသားမ်ား အတူအညီႏွင့္ ေန႔ခ်င္းအၿပီးလုပ္သည္။

ေနမညိဳခင္ ထိုဝါးေထာင္ေခ်ာက္ႀကီးကို ႐ြာျပင္ေတာစပ္ ထုတ္ၾက သည္။ ဝါးေထာင္ေခ်ာက္ႀကီးမွာ ႀကိမ္သတ္ႀကိမ္ႏြယ္မ်ားႏွင့္ အခိုင္အခံ့ ျပဳလုပ္ထားသျဖင့္ ႐ြာသားႀကီးေလးေယာက္မွာ တနင့္တပိုး ထမ္းၾကရ သည္။ မုဆိုးႀကီး ဦးဘာဟိုးကမူ ေထာင္ေခ်ာက္ေနရာ ျပရန္ ေရွ႕က သြား၏။

သူ႔ေနာက္တြင္ ဝါးေထာင္ေခ်ာက္ႀကီး ထမ္းလာသူ ေလးေယာက္ အျပင္ တစ္ႏွစ္သား ႏြားကေလးတစ္ေကာင္ကို ႀကိဳးတန္းလန္းႏွင့္ ဆြဲေခၚ လာသူ ႐ြာသားႀကီးတစ္ေယာက္လည္း ပါလာေသးသည္။

ေတာထဲ ေရာက္လာေသာအခါ ဝါးေထာင္ေခ်ာက္ကို ဦးဘာဟိုးက ဦးေဆာင္၍ ေထာင္၏။ ေထာင္ေခ်ာက္မွာ ေရွ႕တစ္ခန္း၊ ေနာက္တစ္ခန္း ပါသည္။ ေရွ႕ခန္းႏွင့္ ေနာက္ခန္းကို ခိုင္ခံ့ေသာ ဝါးလုံးႀကီးမ်ားႏွင့္ ကာရံ ထားသည္။ သုံးလံခန႔္ရွည္ေသာ ဝါးေထာင္ေခ်ာက္ႀကီးတြင္ ေရွ႕တစ္ေပါက္၊ ေနာက္တစ္ေပါက္ကို ပိတ္ေသာ တံခါးႏွစ္ေပါက္ ပါသည္။ အမွန္ မွာ စတုဂံရွည္ေမ်ာေမ်ာျဖစ္ေသာ က်ားေထာင္ေခ်ာက္တြင္ ေရွ႕ေနာက္ ဆိုသည္မွာ သေကၤတသာရွိၿပီး၊ ႏွစ္ဖက္စလုံး တံခါးတစ္ခုစီႏွင့္ အားလုံး ျပဳလုပ္ထားပုံခ်င္း အတူတူသာ။

ဝါးေထာင္ေခ်ာက္၏ အလယ္ဗဟိုတည့္တည့္တြင္ ႏွစ္ဖက္တံခါးကို ထိန္းထားေသာ တံခါးတိုင္တစ္လုံး ပါသည္။ ထိုတံခါးတိုင္ထိပ္ရွိ ေမာင္း လက္တံႀကီးတြင္ တံခါးႏွစ္ေပါက္စလုံးကို အဖြင့္အပိတ္ျဖစ္ေစႏိုင္ေသာ တံခါးခလုတ္ အေလးတုံးတစ္ခု ရွိသည္။

ေနာက္ဘက္ဟု သေကၤတျပဳထားေသာ ေထာင္ေခ်ာက္ထဲသို႔ ႏြား ကေလးကို ထည့္လိုက္ၾကသည္။ တံခါးအတြင္းဘက္ရွိ ၾကမ္းခင္းျပင္ကို ႏြားကေလး နင္းလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အေသးခလုတ္ျပဳတ္ၿပီး ဂ်ိန္း ခနဲ တံခါးပိတ္သြား၏။

ႏြားကေလး ေထာင္ေခ်ာက္ထဲက လုံးဝမထြက္ႏိုင္ေတာ့။

ဤႏြားကေလး ေထာင္ေခ်ာက္ထဲက လြတ္ရန္မွာ တစ္ဖက္အခန္း ကို က်ားဝင္နင္းၿပီး အေလးတုံးခလုတ္ ေ႐ြ႕သြားကာ က်ားဝင္တံခါး ပိတ္ သြားမွ အလိုလိုလြတ္ထြက္သြားမည္ ျဖစ္သည္။ ဦးဘာဟိုးဦးေဆာင္ၿပီး ႏြားကေလးကို ေထာင္ေခ်ာက္ထဲ သြင္းၾကသည္။

ႏြားကေလး ေထာင္ေခ်ာက္ထဲ ေရာက္သည္ႏွင့္ တစ္ဖက္က်ားဝင္တံခါးမွာ အလိုလိုပြင့္သြားသည္။ ဤသည္ကို စိတ္ခ်ရေအာင္ ဦးဘာဟိုး သုံးႀကိမ္သုံးခါ စမ္းသည္။ စိတ္ခ်ရၿပီဆိုမွ ဝါးေထာင္ေခ်ာက္ပတ္ပတ္လည္ကို သစ္ခက္သစ္စိမ္းမ်ားႏွင့္ ကာရံၿပီး အေရာင္ေဖ်ာက္ၾကသည္။

ထိုအခ်ိန္တြင္ ေနကလည္း ဝင္သြားၿပီ ျဖစ္ရာ၊ ဦးဘာဟိုးႏွင့္တကြ ႐ြာသားႀကီးေတြမွာ ႏြားကေလးေအာ္ျမည္ေနသံကို နားစြင့္ကာ ငါးေထာင္ေခ်ာက္ႀကီးကိုသာ ေစာင့္ၾကည့္ေနၾကေလသည္။

🐯 🐯 🐯

ဦးဘာဟိုး ႀကိဳတင္တြက္ဆထားၾကသည့္ အတိုင္းပင္ ညက ႏြား တစ္ေကာင္တေလမွ မကိုက္ရ မစားရေသးေသာ သမန္းက်ားႀကီးသည္ ေတာဝန္းက်င္၌ပင္ ရွိေနေသး၏။ ထို႔ေၾကာင့္လည္း ႏြားကေလး ျမည္သံၾကားရေသာအခါ ေမွာင္ေအာင္ပင္ မေစာင့္ႏိုင္ေတာ့ဘဲ ခ်က္ခ်င္း
လာေလ၏။ ဦးဘာဟိုးႏွင့္တကြ ႐ြာသားႀကီး ငါးေယာက္မွာ သမန္းက်ားဟု ေသာ ကိုးေတာင္က်ားႀကီးကို မ်က္ေတာင္မခတ္ စိုက္ၾကည့္ကာ တဒဂၤ သက္ရႉရန္ကိုပင္ ေမ့ထားၾကသည္။

က်ားႀကီးကို ျမင္ေသာအခါ ႏြားကေလးမွာ တအားေအာ္ျမည္ၿပီး ဝါးေထာင္ေခ်ာက္ထဲတြင္ ခုန္ေပါက္ေန၏။ အၿမီးေထာင္ၿပီး ဝါးေထာင္ေခ်ာက္ထဲတြင္ ခုန္ေပါက္ေနေသာ ႏြားကေလးကို က်ားႀကီးက ပထမ အားရပါးရ ဟိန္းေဟာက္ၿပီး ခုန္အုပ္၏။

သို႔ေသာ္ ေလးဘက္ေလးတန္မက အေပၚကပါ ဝါးလုံးႀကီးမ်ားႏွင့္ စီပိတ္ထားေသာ ေထာင္ေခ်ာက္ထဲက ႏြားကေလးကို မကိုက္မိ၊ သူသာ ေထာင္ေခ်ာက္ဝါးလုံးေတြႏွင့္ တိုက္မိကာ ေနာက္ကြၽမ္းပစ္က်လာ၏။

က်ားႀကီးက ပို၍ ေဒါသျဖစ္လာသည္။

ႏြားကေလးမွာလည္း ေၾကာက္႐ြံ႕ ကာ ပို၍ေအာ္ျမည္လာ၏။

သမန္းက်ားႀကီးသည္ ေထာင္ေခ်ာက္ထဲရွိ ႏြားကေလးကို အားမလို႔ အားမရ ၾကည့္တာ ေထာင္ေခ်ာက္ ဝါးလုံးအကာအရံေတြကို ေျပးကိုက္သည္။ ဆြဲခါသည္။ သို႔ေသာ္ အခိုင္အခံ့ ေလးငါးတန္တုပ္ခ်ည္ထားေသာ ဂင္းပိတ္တင္းဝါး အရင္းပိုင္းေတြမွာ ျဂင္ျဂင္
(မာေက်ာ) ျမည္သံသာ ေပၚလာသည္။ က်ားစြယ္က လုံးဝ မတိုးႏိုင္။

ထိုအခါ သမန္းက်ားႀကီးသည္ ေထာင္ေခ်ာက္ထဲက ႏြားကေလးကို ကိုက္သတ္ရန္ လွည့္ပတ္၍ ဝင္ေပါက္ရွာသည္။ ဦးဘာဟိုးအပါအဝင္ လူေတြမွာ ရင္တထိတ္ထိတ္ႏွင့္ အသက္ရႉမွားမတတ္ ေစာင့္ၾကည့္ေန ၾက၏။ ေထာင္ေခ်ာက္ေရွ႕ဘက္မွ ဝင္ေပါက္တစ္ေပါက္ကိုေတြ႕သြားေသာ သမန္းက်ားသည္ ႏြားကေလးကို ကိုက္ရန္ ခ်က္ခ်င္းခုန္ဝင္လာ၏။

သမန္းက်ား ေထာင္ေခ်ာက္ၾကမ္းခင္းျပင္ နင္းလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ေမာင္းတံလက္က တေစာင္းျပန္သြားသည္။ ထိုအခါတြင္ အေလးႏွင့္ ခ်ိန္ထားေသာ ႏြားကေလးရွိရာဘက္က တံခါးမွာ အလိုလို ပြင့္သြားၿပီး က်ားႀကီးရွိရာဘက္က တံခါးက ဂ်ိန္းခနဲျမည္သံႏွင့္အတူ အလိုအေလ်ာက္ ပိတ္သြားေလ၏။

ႏြားကေလးသည္ တဗြတ္အဲအဲ ေအာ္ျမည္ကာ ႐ြာဘက္ကို အၿမီးေထာင္၍ ေျပးသြား၏။ က်ားႀကီးကမူ ဝါးေထာင္ေခ်ာက္ထဲ ေနေလၿပီ။

ထိုအခါ ဦးဘာဟိုးက …

“ကဲ… ခင္ဗ်ားတို႔ေျပာတဲ့ သမန္းက်ားႀကီးေတာ့ မိေနၿပီ၊ သစ္ပင္ ေပၚက ဆင္းၾကေတာ့” ဟု …
ေျပာလည္းေျပာ၊ ဆင္းလည္းဆင္းႏွင့္ … ေျမျပင္ကို သူ အလ်င္ေရာက္သြားေလ၏။

#ဆရာဖိုးေက်ာ့✍👸
က်ားဘီလူးႏွင့္ ေတာႀကီးဝကၤပါ မုဆိုးဝတၳဳတိုမ်ား၊စာမ်က္ႏွာ ၁၈ – ၂၄။

စာ႐ိုက္ – စေလ ငေနာ့ .မွ..ကူးယူပါသည္

ACM