” မကောင်းဆိုးဝါးကပ်နေသောအရုပ် ”(စ-ဆုံး)

Unicode Version

” မကောင်းဆိုးဝါးကပ်နေသောအရုပ် ”(စ-ဆုံး)
——————————————————

ကျုပ်သူငယ်ချင်း ဇော်မိုးက
ဧရာ၀တီတိုင်းက သရက်ချောင်းရွာသူ မချိုမြင့်ဆိုသူနဲ့ အိမ်ထောင်
ကျနေတာ ရွာကိုတောင် တစ်နှစ်
တစ်ခေါက်မှသာ လာလည်နိုင်တယ်
ဒီကောင်နဲ့ ‌ကျုပ်နဲ့က ‌ငယ်ပေါင်းတွေ
သူက ကျုပ်ကိုတော့ သံယောဇဉ်
မတရားကြီးတာ”

သူ ရွာရောက်တာနဲ့ ကျုပ်ဆီကို
ပြေးလာတော့တာပဲ

သူတို့မိသားစုမှာ ရန်နိုင်ဆိုတဲ့သားလေးတစ်ဦးပါ ထွန်းကားနေပြီ
သူ့ကလေးက လေးနှစ်အရွယ်ရှိပြီ
စကားမပီကာလာလေးနဲ့ ကျုပ်ကို
ဦးဦးဆိုပြီး မုန့်ဖိုးညာတောင်းတက်
နေပြီ

ကျုပ်က လူပျိုကြီးဆိုပေမဲ့
ကလေးတွေတော့ လွတ်ချစ်တက်တယ် ရွာမှာရှိတဲ့ကလေးတွေဆိုလဲ
အားတာနဲ့ ကျုပ်တို့အိမ်လာပြီး
ကျုပ်ကြုံခဲ့တဲ့သရဲအကြောင်းတွေ
ပုံပြင်တွေ လာလာပြောခိုင်းကျတယ်

ကျုပ်လဲ ကလေးချစ်တက်တော့
အားတာနဲ့သူတို့လေးတွေကိုပျော်
အောင် ပြောပြတာပေါ့

ကျုပ်သူငယ်ချင်းဇော်မိုးရဲ့မိဘတွေက ရွာမှာပြေလည်တဲ့သူတွေဖြစ်တယ် သူတို့သားနဲ့ချွေးမကို ရွာကို
ခေါ်ထားချင်ပေမဲ့ သူ့ဇနီးက
သူ့မိဘတွေနဲ့ မခွဲနိုင်တော့
လိုက်မနေတော့ ဇော်မိုးကပါသရက်
ချောင်းရွာမှာ အခြေချနေရတယ်

သူ့က ဧရာ၀တီဘတ်မှာ မီးသွေးတင်တဲ့ ပဲ့‌ဒေါင်မောင်းစားတယ်ဆိုပဲ
‌အခေါက်ကြေးနဲ့ပေါ့ ကျုပ်လဲအဆင်ပြေတယ်သတင်းကြားရတော့
၀မ်းသာတာပေါ့

ဒီလိုနဲ့ ရွာကိုလာလည်ပြီး ဇော်မိုးတို့
မိသားစုတွေ သရက်ချောင်းရွာကို
ပြန်သွားကျတယ်

မှတ်မှတ်ရရပြန်တဲ့နေ့က ကျုပ်ကိုယ်
တိုင်လှည်းနဲ့လိုက်ပို့ပေးလိုက်တယ်ဗျ

သူပြန်သွားပြီးတိုင်း တစ်နှစ်နေမှ
ပြန်လာနေကျဆိုတော့ ကျုပ်လဲ
မမျှော်တော့ဘူးပေါ့

ဒါပေမဲ့ မထင်မှတ်ပဲ သူပြန်သွားပြီးတစ်လလောက်ပဲရှိသေးတယ်
ဇော်မိုးတစ်ယောက် ဆိုင်းမဆင့်ဗုံမဆင့်ပဲ ကျုပ်ဆီကိုပြန်လာတယ်

ကျုပ်လဲ နွား‌တွေကို ကျွေးဖို့နွားစာစင်းနေတုန်း

မောင်သိန်းရေ” မောင်သိန်း

ဝိုင်း၀ကနေကျုပ်နာမည်ကိုအော်ခေါ်နေတာဗျ

ကျုပ်လဲ ဘယ်သူလဲလို့ ကြည့်လိုက်တော့ ကျုပ်သူငယ်ချင်းဇော်မိုးဖြစ်နေတယ်

ကျုပ်” အတော့်ကို အံ့အားသင့်သွားရတယ်

ဘာလို့လဲဆိုတော့ ” ဒီကောင်လို့မထင်ထားမိလို့ပဲဗျ

ဒါနဲ့ကျုပ်လဲ လာလေကွာ “လှမ်းခေါ်လိုက်တော့ရောက်ချလာတယ်

ကျုပ်ပဲ အရင် စကားစလိုက်တယ်”
မင်းပြန်သွားတာမှ တစ်လလောက်ပဲရှိသေးတယ် ဗြုန်းစားကြီးပြန်လာတာ ဘာဖြစ်လို့လဲ”

ကျုပ်ရဲ့စကား ဆုံးတော့ “ဇော်မိုးကဟုတ်တယ် မောင်သိန်း အဲ့ဒီတစ်လ
အတွင်းမှာ ငါတို့မိသားစုမှာ
ပြသနာကြီး တစ်ခုဖြစ်သွားလို့ကွ

ဟေ ” သူ့စကားကြောင့် ကျုပ်ထပ်ပြီး အံ့အားသင့်ရပြန်ပြီ

ဟုတ်တယ် ” မောင်သိန်း အခုအဲ့ပြသနာကိုအခုထိမဖြေရှင်းနိုင်လို့
ငါ့သားလေး ဒုက္ခတွေ့နေပြီ
ငါ့အမှားတွေပါကွာ” ဇော်မိုးက
ပြောပြောဆိုဆိုနဲ့ ငိုမဲ့မဲ့မျက်နှာကြီးနဲ့မျက်ရည်များလဲဝိုင်းလာတယ်။

ကျုပ်လဲ ” မင်းကိစ္စကငါ့ကိစ္စပါကွာမင်းဘာဖြစ်ခဲ့လို့လဲ ငါ့ကိုနားလည်အောင်ရှင်းပြပါဦးလို့ပြောတော့

ဒီလိုကွ မောင်သိန်းရဲ့”

ငါတို့မိသားစု ရွာကအပြန်သရက်ချောင်းရွာကိုရောက်တော့ ငါလဲ
ပုံမှန် ပဲ့ဒေါင်ပဲ လိုက်နေတာ

ဖြစ်ချင်တော့ တစ်နေ့ မြို့၀ကျွန်းနားက ကနီကမ်းဆိပ်မှာ မီးသွေးဒိုင်မှာမီး‌သွေးအိတ်တွေချပေးနေရင်း
ငါ့ရဲ့ ပဲ့ဒေါင်းနားကို သုံးပေလောက်အရွယ်ရှိတဲ့ စက္ကူဂျတ်ဖာတစ်လုံးကိုအိတ်နဲ့အထပ်ထပ်ပိတ်ထားတဲ့ဟာက

ငါ့ရဲ့ပဲ့ဒေါင်နားလာကပ်တော့ ငါလဲအထဲမှာဘာတွေရှိလဲ သိချင်စိတ်နဲ့
ဆယ်ယူလိုက်တယ်

ငါအသေချာ အိတ်အထပ်ထပ်ကိုဖြုတ်ပြီး အထဲကစက္ကူဂျတ်ဖာလေးကိုဖွင့်ကြည့်လိုက်တော့
အထဲမှာရွှေရောင်ဆံပင်နဲ့ မျက်လုံးမျက်တောင်တွေကအစ လူ
တစ်ယောက်နဲ့ ချွတ်စွတ်တူတဲ့
နှစ်ပေကျော်ကျော်ရှိတဲ့ဘိုမရုပ်လေးဖြစ်နေတယ် နောက်ပြီး
ဘီးသေးသေးလေးတွေ နှုတ်ခမ်းနီပါးနီ မိတ်ကပ်အစုံတွေလဲပါတယ်

မင်းလဲသိသားနဲ့ငါ့မှာကသားလေးလေ သမီးမိန်းကလေးမဟုတ်တော့ငါနဲ့ဘယ်လိုမှမအပ်စပ်ဘူးဖြစ်နေတယ် ဒါကြောင့် တူမလေးကစ်ကစ်ကိုပေးမယ်ဆိုပြီး ငါလဲယူထားလိုက်တယ်

အဲ့ဒါနဲ့အလုပ်သိမ်းတော့ အဲ့ဒီဂျတ်ဖာလေးအတိုင်း အရုပ်‌မလေးကို အိမ်ယူလာလိုက်တယ်

ဒါကို အိမ်ရောက်တော့ ငါ့သားက
အဲ့ဂျတ်ဖာထဲကအရုပ်မလေးကိုတွေ့ပြီး သူကြိုက်သွားတယ် ငါလဲတူမလေးကစ်ကစ်ကိုပေးဖို့ပြောတာ
လုံးလုံးမရဘူး အတင်းငိုနေလို့

ငါ့မိန်းမကလဲ သူ့သားစိတ်ချမ်းသာရင်ပြီးရောဆိုပြီး သူ့ကိုပဲပေးလိုက်တော့တယ်

ငါ့သားကလဲ အရမ်းပျော်သွားပြီး
အဲ့ဒီ အရုပ်နားကကိုမခွါတော့ဘူး
ငါတို့ လင်မယားတွေလဲသားလေးပျော်ရင်ပြီးတာပဲ ဆိုပြီး နမော်နမဲ့ပဲနေလာခဲ့တာ

လေးငါးရက်လောက် ရောက်တော့ ငါက စပြီးသတိထားမိလာတယ်
သားက အဲ့အရုပ်နားက လုံးလုံးကို
မခွါတော့ဘူး ကျန်အရုပ်တွေနဲ့လဲမကစားတော့ပဲ

အဲ့ဘိုမရုပ်ကို လူတစ်ယောက်လိုပြောဆိုပြီး ကစားတယ်

တစ်နေ့ ငါအလုပ်သွားတုန်းသူ့အမေ အိပ်နေတာကို နိုးပြီး သူ့အရုပ်မကအိမ်ကိုရောက်တာကြာပြီ ဗိုက်ဆာနေပြီ လို့ပြောတယ်တဲ့

သူ့အမေလဲ အိပ်နေရင်း ဒီ‌ကလေးလေး ဘာတွေ လာပြောနေတာလဲလို့ဆူပြီးမောင်းထုတ်လိုက်တော့တံခါး၀က တောက်ခေါက်သံအကျယ်ကြီးကို ကြားရတယ်
သူ့အမေလဲ လန့်ပြီးထကြည့်တော့မည်သူမှမရှိဘူးတဲ့

အဲ့ဒါနဲ့ မီးဖိုချောင်ထဲက အိုးခွက်အသံတွေကြားရလို့ သွားကြည့်တော့ငါ ပြန်လာရင်စားဖို့ချက်ထားတဲ့
ငါးပျဉ်မ ငါးဆယ်သားက ဟင်းအိုးထဲမှာ လုံးလုံးမရှိတော့ဘူး

ငါ့မိန်းမလဲ ကြောက်ကြောက်နဲ့အိမ်ရှေ့ကိုပြေးထွက်လာရော

အဲ့ဒီ ဘိုမရုပ်ရဲ့နှုတ်ခမ်းဖျားမှာ
ဟင်းဆီတွေဝေ့ နေတယ်

ပြီးတော့ ငါ့သားလေးကမျက်ထောက်နီကြီးနဲ့ သူ့အမေကိုကြည့်ပြီးငါမနက်ဖြန် အမဲသားစားချင်တယ်ချက်ပေးရင် ချက်ပေး မဟုတ်ရင်
နင့်သားဒုက္ခရောက်အောင် ငါလုပ်ပစ်မယ်တဲ့ မိန်းမကြီးတစ်ယောက်ရဲ့
အသံကြီးနဲ့ ပြောပြီး အိမ်ခန်းထဲသို့ ၀င်သွားတယ်

ငါမိန်းမလဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး အိမ်ရှေ့မှာထိုင်ငိုနေတယ်

ငါပြန်ရောက်တော့ အကြောင်းစုံပြောပြတော့ ငါလဲအရမ်းကိုလန့်သွားခဲ့တယ်

ဒါကြောင့်ရွာက ပယောကဆရာကိုချက်ချင်းသွားပင့်ပြီး ကုခိုင်းတော့ဆရာက ဖိနပ်ချွတ်ပဲရောက်သေးတယ် အခန်းထဲကနေ မလောက်လေးမလောက်စား ‌ဆရာစုတ်က သေချင်လို့လိုက်လာတာလားငါစားချင်တာအမဲသားပဲနော်
လူသားမစားချင်သေးဘူးဆိုပြီး

သူ့အသံ ခပ်အော်အော်ကြီးနဲ့ ဟားးဟားးးးးဆိုပြီးရယ်နေတယ်
ရွာကဆရာလဲ မကောင်းဆိုးဝါးကနှစ်သက်တမ်းအတော်ရင့်နေလို့ ဆရာကောင်းရှာဖို့ ငါ့ကိုပြောပြီးပြန်သွားတယ် အဲ့ဒါနဲ့ ငါလဲ ဆရာတွေကောင်းနိုးနိုးနဲ့လိုက်ပင့်ပြီးကုသာ အခုထိငါ့သား ခန္ဓာကိုယ်ထဲသရဲမကို မောင်းထုတ်လို့မရသေးဘူး

နောက်တော့ ငါ့စိတ်ထဲမှာမင်းကိုအတွက်ပေါ်လို့ ရောက်လာခဲ့တာ
မင်းက ဆရာမဟုတ်ပေမဲ့လဲ ဒီလိုကိစ္စတွေကို နားလည်တက်ကျွမ်းတယ် ဒါကြောင့်ငါ့ကို ကူညီပါကွာနော် သူငယ်ချင်း”

ကျုပ်လဲ” ဘယ့်နှယ့်ပြောပါလိမ့်ဗျာကျုပ်သူများတွေကိုတောင်ကူညီပေးရသေးတာပဲ ခဗျားဆိုအထူးပြောစရာမလိုပါဘူး ကျုပ်တက်စွမ်းသလောက် ကူညီပါ့မယ်

ကျုပ်လဲ” သူငယ်ချင်းဇော်မိုးကို
ကူညီပေးဖို့ စဉ်းစားနေတုန်းဝိုင်း၀ကနေ မောင်သိန်းရှိသလားကွ”

ကျုပ်လဲ အိမ်ပြတင်းပေါက်က ကြည့်လိုက်တော့ ကျုပ်အရမ်းကို
ပျော်သွားခဲ့တယ်

ကျုပ်ရဲ့ဆရာကြီးဦးရန်သိန်းဖြစ်နေတယ်ဗျ သူက ပဲခူးရိုးမဘတ်ကို
ဂန္ဓာရီခရီးလှည့်လည်ဖို့ထွက်သွားတာ
အခုကျုပ်ဆီကိုပြန်လာတာဗျ
ကျုပ်လဲ ဝမ်းသာအားရဆရာကြီးအားပြေးပြီး ခရီးကြိုဆို ဧည့်၀တ်ပြုရင်း ကျန်းမာရေးချမ်းသာရေး
အကြောင်းတွေအတန်ကြာပြောရင်း

ဆရာကြီးဦးရန်သိန်းက ဇော်မိုးကိုကြည့်ပြီး မောင်ရင်ရဲ့ကိုယ်မှာ
မကောင်းတဲ့ မိစ္ဆာအငွေ့သက်မျိုးကစွဲကပ်နေပါလား ဆရာကြီးကစပြီးပြောတယ်ဗျ

ကျုပ်လဲ” ဟုတ်ပါတယ်ဆရာကြီး

အခုလဲသူ အဲ့ကိစ္စကြောင့်ပဲကျုပ်ဆီကို လာခဲ့တာပါဗျာလို့ပြောလိုက်တော့

ဆရာကြီးက ဒါကြောင့်ငါလဲမင်းဆီကိုပဲ လာဖို့စိတ်ညွတ်နေတာကိုး
ကဲထားပါတော့ မောင်ရင့်လက်ဒီကို
ပေးပါလို့ပြောပြီး

ဆရာကြီးက “ကိုဇော်မိုးရဲ့လက်ကိုကိုင်ပြီး တစ်စုံတစ်ခုကိုစိတ်ညွတ်နေတဲ့ပုံဗျ ခဏကြာတော့

ဆရာကြီးဦးရန်သိန်းက သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချပြီး
ကျုပ်ကို”မောင်သိန်း ရေ” ခဗျာ

ကျုပ်လဲပြန်ထူးလိုက်တော့
ဆရာကြီးက” မင်းသူငယ်ချင်းမှာ
ကိစ္စကြီးဖြစ်နေပြီကွဲ့ ဆရာကြီးတို့
အခုပဲ ဧရာ၀တီဘတ်သို့ ခရီးဆက်ကျစို့ကွဲ့

ဟုတ် ဆရာကြီး”

ကျုပ်လဲ ခရီးသွားဖို့အမြန်ပြင်ပြီး
သရက်ချောင်းရွာဘတ်ကို ကျုပ်တို့
တတွေ ခရီးဆက်လာကျတယ်

ညနေ၅နာရီလောက်ရောက်သွားတယ်
မကောင်းဆိုးဝါးက ကလေးကိုယ်ထဲကသောင်းကျန်းနေတာ ဘီလူးစီးသလိုပဲဗျ

သူ့အနီးနားက ပစ္စည်းပစ္စယတွေကို
ပေါက်ခွဲပြီး အမဲသားကျွေးဖို့ပဲ
အတင်းတောင်းဆိုနေတယ် ရွာသားတွေလဲ ကြိုးဖြင့်တိုင်မှာတုတ်ဖို့
ဝိုင်းပြီးချုပ်နှောင်ကျတာ ကလေး
သေးသေးလေးရဲ့ ကိုယ်ထဲမှာ
မကောင်းဆိုးဝါးပူးကပ်နေတော့
အားသန်တဲ့ယောက်ျားရင့်မာကြီးတွေတောင် သူ့အနားကပ်မရအောင်အထဲက မကောင်းဆိုးဝါးမက တွေ့ရာပစ္စည်းနဲ့ကောက်ထုကျလို့မည်သူမှ မကပ်ရဲကျဘူး

လူတွေလဲ ဇော်မိုးတို့အိမ်မှာ တစ်အုံးအုံးနဲ့ပြည့်နေတယ်

ထိုအခါ ဆရာကြီးဦးရန်သိန်းကအိမ်ပေါ်တောင်မတက်တော့ပဲ ဝိုင်း၀ကမြေကြီးပေါ်မှာ အင်းစမတစ်ချပ်ကိုအလျင်မြန်ပဲရေးဆွဲလိုက်တယ်ပြီးတော့ မန္တန်တစ်ပုဒ်ကိုတီးတိုးရွတ်နေတယ်ဗျ

ဆရာကြီးရဲ့မန္တန်ဆုံးသည့်နှင့်တပြိုက်နက် မကောင်းဆိုးဝါးမကအိမ်ခေါင်မိုးကိုထိုးပေါက်ကာ အင်းစမရေးဆွဲထားသောအကွက်မှာ ဆုံရပ်နေလေ၏

အဟင်းးးးအဟီးးးးဆိုတဲ့မြင်းဟီးသံပါမာညဉ်းညူကာ မျက်ထောက်နီကြီးနဲ့ဆရာကြီးအား စိုက်ကြည့်၍
ဒီခန္ဓာကိုယ်ဟာ ငါ့အပိုင်ဖြစ်သွားပြီဘယ်သူ့ကိုမှပြန်မပေးနိုင်တော့ဘူးဟုဆိုကာ ဟားးးဟားးးးနဲ့အသံနက်ကြီးဖြင့် ‌ရယ်နေတယ်ဗျို့

ဆရာကြီးက ကျုပ်ကို”မောင်သိန်း

ဟုတ်ဆရာကြီး မိစ္ဆာမရဲ့ဝိညာဉ်စွဲကပ်နေသောအရုပ်ကို အမြန်ယူလာခဲ့ပေတော့

ကျုပ်ကိုစေခိုင်းနေတယ်ဗျ
ကျုပ်လဲ ” အိမ်ပေါ်အမြန်တက်ပြီး
အခန်းထဲကအရုပ်ကိုယူဖို့လုပ်တော့

ထူးဆန်လိုက်ပါဘိဗျာ” အရုပ်ကလုပ်
ရှားကာ ထပြေးနေတယ်ဗျ

ကျုပ်လဲအသည်းသန်လိုက်ဖမ်းတော့
မိသွားတယ် ကျုပ်လဲပွေ့ချီလိုက်တော့ လူတစ်ယောက်လိုပဲ လေးနစ်နေတာဗျ

ပါးစပ်ကလဲ နင်မသေချင်ရင်ငါ့ကို
လွတ်ဆိုပြီး ကြုံးဝါးနေလိုက်တာဗျာ
လူတစ်ယောက်အလားပဲ
အရုပ်ကအသက်၀င်ကာစကားပြော
နေတော့ လာကြည့်ကျတဲ့လူတွေတောင် နောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်သွားတယ်ဗျ

ကျုပ်လဲဆရာကြီးရဲ့အရှေ့ကိုချပေး
လိုက်တော့ ကလေးကိုယ်ထဲကနေ
မလုပ်ပါနဲ့ မလုပ်ပါနဲ့ဆိုတဲ့
အသံနက်ကြီးနဲ့တောင်းပန်နေတယ်

ဆရာကြီးက ဒါဆိုကလေးရဲ့ခန္ဓာထဲက အခုချက်ချင်းထွက်လို့အမိန့်ပေးလိုက်တော့

ခေါင်းခါပြတယ် ဆရာကြီးက နင်က
အာခံနေတယ်ပေါ့ဟုတ်လား
ဒါဆိုလဲမတက်နိုင်ဘူး ဆရာကြီးက
နင့်ရဲ့ဝိညာဉ်ကိန်းနေတဲ့ဒီအရုပ်ကို
ငါဖျက်စီးရလိုက်မယ်ဟုဆိုတာ
ဆေးလွယ်အိတ်ထဲက ဆေးဓာတ်လုံး
အနီလေးအားထုတ်၍ မြေမြင်ပေါ်သို့ ပစ်ချလိုက်တယ်ဗျ

ဟော့” သက်တန့်ကြီးပမာ အလင်းတန်းကြီးက ဘိုမအရုပ်အား
ရစ်ပတ်လိုက်တော့ချက်ချင်းဆိုသလို မီးတောက်မီးညွန်တွေဖြာထွက်လာတယ်

အဲ့တော့မှာ အားးးးးပူတယ် ပူလိုက်တာဆိုပြီးအော်ဟစ်ကာတောင်းပန်
လေတယ်

ဆရာကြီးလဲ လက်ဝါးဖြန့်ပြီး
မီးတောက်ကြီးအားသိမ်းယူလေ၏

ဆရာကြီးရဲ့လက်ထဲရောက်တော့
ဆေးဓာတ်လုံးလေးပြန်ဖြစ်သွားတယ်

ဆရာကြီးကကလေးရဲ့ကိုယ်ထဲက ထွက်ပြီးမူလရုပ်ပြန်စမ်းလို့ အမိန့်ပေးလိုက်တယ်

‌‌ဒီတစ်ခါကတော့ မငြင်းရဲတော့ဘူး
ထွက်လိုက်တယ်ဗျ

အမလေး ဘုရား ကျုပ်ပါးစပ်က
ဘုရားတမိတယ် သရဲမကြီးရဲ့
နားတွေ ပါးစပ်တွေက ငါးတွေတွတ်
ထားလို့ထင်တယ် ပေါက်ပြဲကာရယ်
ကြည့်ရဆိုးတယ် ပါးတစ်ခြမ်းက
အသားများမရှိဝောာ့ပဲ ပါးရိုးများပါ
အတိုင်းသားကိုမြင်တွေ့ရတယ်ဗျ

ကျုပ်သူ‌ငယ်ချင်းဇော်မိုးတောင်
ကြောက်ဒူးတုန်လေရဲ့ တချို့လူများသည်မကြည့်ဝံလို့ မျက်နှာလွဲထားရဝာယ်

ဆရာကြီးက မင်းကဘာလို့ဒီအရုပ်ထဲမှာရှိနေရတာလဲမေးတော့

မနာလိုမုန်းတီးသူက အောက်လမ်း
ပညာဖြင့်ငါ့ကိုလုပ်သတ်ပြီး ဝိညာဉ်ကိုလဲ ဘ၀မကူးနိုင်အောင် ဒီအရုပ်ထဲ
ပညာဖြင့်နှောင်ဖွဲ့စီရရင်ပြီး ဧရာ၀တီမြစ်ကြောတစ်လျောက် လွင့်မျောစေတယ်

ဒါကြောင့် ဒီအထဲမှာရှိနေတာ
ငါ့ကိုဆယ်ယူလာလို့ ငါနေခွင့်ရခဲ့တာ
အဟီးးးးးးးး ဟီးးးးးး ချမ်းခိုက်နေတဲ့အသံဖြင့်နောက်တစ်ကြိမ်မြစ်ထဲမမျှော်ပါနဲ့ငိုပြီးပြောနေတယ်

ဆရာကြီးက နတ်မင်းကြီးလေးပါးဆီသို့အပ်နင်းပေးမယ်ဟုတ်ဆိုကာ
ဒီအရုပ်ထဲကမင်းရဲ့ဝိညာဉ်လိပ်ပြာသည် မည်သည့်ဆရာ ပညာရှင်များရဲ့အမိန့်အာဏာစက်ဟူသမျှ မလွှမ်းမိုးစေရ လွှမ်းထားသမျှလဲ
ပျေက်စေ ပျယ်စေပြီး နတ်မင်းကြီး
များ ညွန်ကြားသော နေရာအရပ်သို့
လွတ်လပ်စွာသွားနိုင်ပါစေဟု
အမိန့်တမ်းပြန်ကာလွတ်ပေးလိုက်တယ်

သရဲမကြီးလဲ ၀မ်းသာစွာပျောက်သွားတယ်

ပြီးတော့သတိလစ်နေသော သားလေးရန်နိုင်ကိုလဲ ရေစင်များတိုက်၍
နိုးထစေတယ်

မကောင်းဆိုးဝါးပူးကပ်နေသောအရုပ်ကိုလဲသရက်ချောင်းရွာရဲ့
ထိန်ပင်သချိုင်းမှာ မြေမြုတ်စေလိုက်တယ်ဗျ

ကျုပ်နဲ့ဆရာကြီးလဲ နောက်နေ့မနက်
ခပ်စောစောရွာကိုပြန်လာခဲ့ကျတယ်။

××××××××××××××

စာဖတ်သူများအား ကျေးဇူးအထူး
တင်ရှိပါသည်။

(ကပ္ပိယလေးကြွက်ပုတ်)

Zawgyi Version

” မေကာင္းဆိုးဝါးကပ္ေနေသာအ႐ုပ္ ”(စ-ဆုံး)
——————————————————

က်ဳပ္သူငယ္ခ်င္း ေဇာ္မိုးက
ဧရာ၀တီတိုင္းက သရက္ေခ်ာင္း႐ြာသူ မခ်ိဳျမင့္ဆိုသူနဲ႔ အိမ္ေထာင္
က်ေနတာ ႐ြာကိုေတာင္ တစ္ႏွစ္
တစ္ေခါက္မွသာ လာလည္ႏိုင္တယ္
ဒီေကာင္နဲ႔ ‌က်ဳပ္နဲ႔က ‌ငယ္ေပါင္းေတြ
သူက က်ဳပ္ကိုေတာ့ သံေယာဇဥ္
မတရားႀကီးတာ”

သူ ႐ြာေရာက္တာနဲ႔ က်ဳပ္ဆီကို
ေျပးလာေတာ့တာပဲ

သူတို႔မိသားစုမွာ ရန္ႏိုင္ဆိုတဲ့သားေလးတစ္ဦးပါ ထြန္းကားေနၿပီ
သူ႔ကေလးက ေလးႏွစ္အ႐ြယ္ရွိၿပီ
စကားမပီကာလာေလးနဲ႔ က်ဳပ္ကို
ဦးဦးဆိုၿပီး မုန႔္ဖိုးညာေတာင္းတက္
ေနၿပီ

က်ဳပ္က လူပ်ိဳႀကီးဆိုေပမဲ့
ကေလးေတြေတာ့ လြတ္ခ်စ္တက္တယ္ ႐ြာမွာရွိတဲ့ကေလးေတြဆိုလဲ
အားတာနဲ႔ က်ဳပ္တို႔အိမ္လာၿပီး
က်ဳပ္ႀကဳံခဲ့တဲ့သရဲအေၾကာင္းေတြ
ပုံျပင္ေတြ လာလာေျပာခိုင္းက်တယ္

က်ဳပ္လဲ ကေလးခ်စ္တက္ေတာ့
အားတာနဲ႔သူတို႔ေလးေတြကိုေပ်ာ္
ေအာင္ ေျပာျပတာေပါ့

က်ဳပ္သူငယ္ခ်င္းေဇာ္မိုးရဲ႕မိဘေတြက ႐ြာမွာေျပလည္တဲ့သူေတြျဖစ္တယ္ သူတို႔သားနဲ႔ေခြၽးမကို ႐ြာကို
ေခၚထားခ်င္ေပမဲ့ သူ႔ဇနီးက
သူ႔မိဘေတြနဲ႔ မခြဲႏိုင္ေတာ့
လိုက္မေနေတာ့ ေဇာ္မိုးကပါသရက္
ေခ်ာင္း႐ြာမွာ အေျခခ်ေနရတယ္

သူ႔က ဧရာ၀တီဘတ္မွာ မီးေသြးတင္တဲ့ ပဲ့‌ေဒါင္ေမာင္းစားတယ္ဆိုပဲ
‌အေခါက္ေၾကးနဲ႔ေပါ့ က်ဳပ္လဲအဆင္ေျပတယ္သတင္းၾကားရေတာ့
၀မ္းသာတာေပါ့

ဒီလိုနဲ႔ ႐ြာကိုလာလည္ၿပီး ေဇာ္မိုးတို႔
မိသားစုေတြ သရက္ေခ်ာင္း႐ြာကို
ျပန္သြားက်တယ္

မွတ္မွတ္ရရျပန္တဲ့ေန႔က က်ဳပ္ကိုယ္
တိုင္လွည္းနဲ႔လိုက္ပို႔ေပးလိုက္တယ္ဗ်

သူျပန္သြားၿပီးတိုင္း တစ္ႏွစ္ေနမွ
ျပန္လာေနက်ဆိုေတာ့ က်ဳပ္လဲ
မေမွ်ာ္ေတာ့ဘူးေပါ့

ဒါေပမဲ့ မထင္မွတ္ပဲ သူျပန္သြားၿပီးတစ္လေလာက္ပဲရွိေသးတယ္
ေဇာ္မိုးတစ္ေယာက္ ဆိုင္းမဆင့္ဗုံမဆင့္ပဲ က်ဳပ္ဆီကိုျပန္လာတယ္

က်ဳပ္လဲ ႏြား‌ေတြကို ေကြၽးဖို႔ႏြားစာစင္းေနတုန္း

ေမာင္သိန္းေရ” ေမာင္သိန္း

ဝိုင္း၀ကေနက်ဳပ္နာမည္ကိုေအာ္ေခၚေနတာဗ်

က်ဳပ္လဲ ဘယ္သူလဲလို႔ ၾကည့္လိုက္ေတာ့ က်ဳပ္သူငယ္ခ်င္းေဇာ္မိုးျဖစ္ေနတယ္

က်ဳပ္” အေတာ့္ကို အံ့အားသင့္သြားရတယ္

ဘာလို႔လဲဆိုေတာ့ ” ဒီေကာင္လို႔မထင္ထားမိလို႔ပဲဗ်

ဒါနဲ႔က်ဳပ္လဲ လာေလကြာ “လွမ္းေခၚလိုက္ေတာ့ေရာက္ခ်လာတယ္

က်ဳပ္ပဲ အရင္ စကားစလိုက္တယ္”
မင္းျပန္သြားတာမွ တစ္လေလာက္ပဲရွိေသးတယ္ ျဗဳန္းစားႀကီးျပန္လာတာ ဘာျဖစ္လို႔လဲ”

က်ဳပ္ရဲ႕စကား ဆုံးေတာ့ “ေဇာ္မိုးကဟုတ္တယ္ ေမာင္သိန္း အဲ့ဒီတစ္လ
အတြင္းမွာ ငါတို႔မိသားစုမွာ
ျပသနာႀကီး တစ္ခုျဖစ္သြားလို႔ကြ

ေဟ ” သူ႔စကားေၾကာင့္ က်ဳပ္ထပ္ၿပီး အံ့အားသင့္ရျပန္ၿပီ

ဟုတ္တယ္ ” ေမာင္သိန္း အခုအဲ့ျပသနာကိုအခုထိမေျဖရွင္းႏိုင္လို႔
ငါ့သားေလး ဒုကၡေတြ႕ေနၿပီ
ငါ့အမွားေတြပါကြာ” ေဇာ္မိုးက
ေျပာေျပာဆိုဆိုနဲ႔ ငိုမဲ့မဲ့မ်က္ႏွာႀကီးနဲ႔မ်က္ရည္မ်ားလဲဝိုင္းလာတယ္။

က်ဳပ္လဲ ” မင္းကိစၥကငါ့ကိစၥပါကြာမင္းဘာျဖစ္ခဲ့လို႔လဲ ငါ့ကိုနားလည္ေအာင္ရွင္းျပပါဦးလို႔ေျပာေတာ့

ဒီလိုကြ ေမာင္သိန္းရဲ႕”

ငါတို႔မိသားစု ႐ြာကအျပန္သရက္ေခ်ာင္း႐ြာကိုေရာက္ေတာ့ ငါလဲ
ပုံမွန္ ပဲ့ေဒါင္ပဲ လိုက္ေနတာ

ျဖစ္ခ်င္ေတာ့ တစ္ေန႔ ၿမိဳ႕၀ကြၽန္းနားက ကနီကမ္းဆိပ္မွာ မီးေသြးဒိုင္မွာမီး‌ေသြးအိတ္ေတြခ်ေပးေနရင္း
ငါ့ရဲ႕ ပဲ့ေဒါင္းနားကို သုံးေပေလာက္အ႐ြယ္ရွိတဲ့ စကၠဴဂ်တ္ဖာတစ္လုံးကိုအိတ္နဲ႔အထပ္ထပ္ပိတ္ထားတဲ့ဟာက

ငါ့ရဲ႕ပဲ့ေဒါင္နားလာကပ္ေတာ့ ငါလဲအထဲမွာဘာေတြရွိလဲ သိခ်င္စိတ္နဲ႔
ဆယ္ယူလိုက္တယ္

ငါအေသခ်ာ အိတ္အထပ္ထပ္ကိုျဖဳတ္ၿပီး အထဲကစကၠဴဂ်တ္ဖာေလးကိုဖြင့္ၾကည့္လိုက္ေတာ့
အထဲမွာေ႐ႊေရာင္ဆံပင္နဲ႔ မ်က္လုံးမ်က္ေတာင္ေတြကအစ လူ
တစ္ေယာက္နဲ႔ ခြၽတ္စြတ္တူတဲ့
ႏွစ္ေပေက်ာ္ေက်ာ္ရွိတဲ့ဘိုမ႐ုပ္ေလးျဖစ္ေနတယ္ ေနာက္ၿပီး
ဘီးေသးေသးေလးေတြ ႏႈတ္ခမ္းနီပါးနီ မိတ္ကပ္အစုံေတြလဲပါတယ္

မင္းလဲသိသားနဲ႔ငါ့မွာကသားေလးေလ သမီးမိန္းကေလးမဟုတ္ေတာ့ငါနဲ႔ဘယ္လိုမွမအပ္စပ္ဘူးျဖစ္ေနတယ္ ဒါေၾကာင့္ တူမေလးကစ္ကစ္ကိုေပးမယ္ဆိုၿပီး ငါလဲယူထားလိုက္တယ္

အဲ့ဒါနဲ႔အလုပ္သိမ္းေတာ့ အဲ့ဒီဂ်တ္ဖာေလးအတိုင္း အ႐ုပ္‌မေလးကို အိမ္ယူလာလိုက္တယ္

ဒါကို အိမ္ေရာက္ေတာ့ ငါ့သားက
အဲ့ဂ်တ္ဖာထဲကအ႐ုပ္မေလးကိုေတြ႕ၿပီး သူႀကိဳက္သြားတယ္ ငါလဲတူမေလးကစ္ကစ္ကိုေပးဖို႔ေျပာတာ
လုံးလုံးမရဘူး အတင္းငိုေနလို႔

ငါ့မိန္းမကလဲ သူ႔သားစိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီး သူ႔ကိုပဲေပးလိုက္ေတာ့တယ္

ငါ့သားကလဲ အရမ္းေပ်ာ္သြားၿပီး
အဲ့ဒီ အ႐ုပ္နားကကိုမခြါေတာ့ဘူး
ငါတို႔ လင္မယားေတြလဲသားေလးေပ်ာ္ရင္ၿပီးတာပဲ ဆိုၿပီး နေမာ္နမဲ့ပဲေနလာခဲ့တာ

ေလးငါးရက္ေလာက္ ေရာက္ေတာ့ ငါက စၿပီးသတိထားမိလာတယ္
သားက အဲ့အ႐ုပ္နားက လုံးလုံးကို
မခြါေတာ့ဘူး က်န္အ႐ုပ္ေတြနဲ႔လဲမကစားေတာ့ပဲ

အဲ့ဘိုမ႐ုပ္ကို လူတစ္ေယာက္လိုေျပာဆိုၿပီး ကစားတယ္

တစ္ေန႔ ငါအလုပ္သြားတုန္းသူ႔အေမ အိပ္ေနတာကို ႏိုးၿပီး သူ႔အ႐ုပ္မကအိမ္ကိုေရာက္တာၾကာၿပီ ဗိုက္ဆာေနၿပီ လို႔ေျပာတယ္တဲ့

သူ႔အေမလဲ အိပ္ေနရင္း ဒီ‌ကေလးေလး ဘာေတြ လာေျပာေနတာလဲလို႔ဆူၿပီးေမာင္းထုတ္လိုက္ေတာ့တံခါး၀က ေတာက္ေခါက္သံအက်ယ္ႀကီးကို ၾကားရတယ္
သူ႔အေမလဲ လန႔္ၿပီးထၾကည့္ေတာ့မည္သူမွမရွိဘူးတဲ့

အဲ့ဒါနဲ႔ မီးဖိုေခ်ာင္ထဲက အိုးခြက္အသံေတြၾကားရလို႔ သြားၾကည့္ေတာ့ငါ ျပန္လာရင္စားဖို႔ခ်က္ထားတဲ့
ငါးပ်ဥ္မ ငါးဆယ္သားက ဟင္းအိုးထဲမွာ လုံးလုံးမရွိေတာ့ဘူး

ငါ့မိန္းမလဲ ေၾကာက္ေၾကာက္နဲ႔အိမ္ေရွ႕ကိုေျပးထြက္လာေရာ

အဲ့ဒီ ဘိုမ႐ုပ္ရဲ႕ႏႈတ္ခမ္းဖ်ားမွာ
ဟင္းဆီေတြေဝ့ ေနတယ္

ၿပီးေတာ့ ငါ့သားေလးကမ်က္ေထာက္နီႀကီးနဲ႔ သူ႔အေမကိုၾကည့္ၿပီးငါမနက္ျဖန္ အမဲသားစားခ်င္တယ္ခ်က္ေပးရင္ ခ်က္ေပး မဟုတ္ရင္
နင့္သားဒုကၡေရာက္ေအာင္ ငါလုပ္ပစ္မယ္တဲ့ မိန္းမႀကီးတစ္ေယာက္ရဲ႕
အသံႀကီးနဲ႔ ေျပာၿပီး အိမ္ခန္းထဲသို႔ ၀င္သြားတယ္

ငါမိန္းမလဲ ေျခမကိုင္မိလက္မကိုင္မိျဖစ္ၿပီး အိမ္ေရွ႕မွာထိုင္ငိုေနတယ္

ငါျပန္ေရာက္ေတာ့ အေၾကာင္းစုံေျပာျပေတာ့ ငါလဲအရမ္းကိုလန႔္သြားခဲ့တယ္

ဒါေၾကာင့္႐ြာက ပေယာကဆရာကိုခ်က္ခ်င္းသြားပင့္ၿပီး ကုခိုင္းေတာ့ဆရာက ဖိနပ္ခြၽတ္ပဲေရာက္ေသးတယ္ အခန္းထဲကေန မေလာက္ေလးမေလာက္စား ‌ဆရာစုတ္က ေသခ်င္လို႔လိုက္လာတာလားငါစားခ်င္တာအမဲသားပဲေနာ္
လူသားမစားခ်င္ေသးဘူးဆိုၿပီး

သူ႔အသံ ခပ္ေအာ္ေအာ္ႀကီးနဲ႔ ဟားးဟားးးးးဆိုၿပီးရယ္ေနတယ္
႐ြာကဆရာလဲ မေကာင္းဆိုးဝါးကႏွစ္သက္တမ္းအေတာ္ရင့္ေနလို႔ ဆရာေကာင္းရွာဖို႔ ငါ့ကိုေျပာၿပီးျပန္သြားတယ္ အဲ့ဒါနဲ႔ ငါလဲ ဆရာေတြေကာင္းႏိုးႏိုးနဲ႔လိုက္ပင့္ၿပီးကုသာ အခုထိငါ့သား ခႏၶာကိုယ္ထဲသရဲမကို ေမာင္းထုတ္လို႔မရေသးဘူး

ေနာက္ေတာ့ ငါ့စိတ္ထဲမွာမင္းကိုအတြက္ေပၚလို႔ ေရာက္လာခဲ့တာ
မင္းက ဆရာမဟုတ္ေပမဲ့လဲ ဒီလိုကိစၥေတြကို နားလည္တက္ကြၽမ္းတယ္ ဒါေၾကာင့္ငါ့ကို ကူညီပါကြာေနာ္ သူငယ္ခ်င္း”

က်ဳပ္လဲ” ဘယ့္ႏွယ့္ေျပာပါလိမ့္ဗ်ာက်ဳပ္သူမ်ားေတြကိုေတာင္ကူညီေပးရေသးတာပဲ ခဗ်ားဆိုအထူးေျပာစရာမလိုပါဘူး က်ဳပ္တက္စြမ္းသေလာက္ ကူညီပါ့မယ္

က်ဳပ္လဲ” သူငယ္ခ်င္းေဇာ္မိုးကို
ကူညီေပးဖို႔ စဥ္းစားေနတုန္းဝိုင္း၀ကေန ေမာင္သိန္းရွိသလားကြ”

က်ဳပ္လဲ အိမ္ျပတင္းေပါက္က ၾကည့္လိုက္ေတာ့ က်ဳပ္အရမ္းကို
ေပ်ာ္သြားခဲ့တယ္

က်ဳပ္ရဲ႕ဆရာႀကီးဦးရန္သိန္းျဖစ္ေနတယ္ဗ် သူက ပဲခူး႐ိုးမဘတ္ကို
ဂႏၶာရီခရီးလွည့္လည္ဖို႔ထြက္သြားတာ
အခုက်ဳပ္ဆီကိုျပန္လာတာဗ်
က်ဳပ္လဲ ဝမ္းသာအားရဆရာႀကီးအားေျပးၿပီး ခရီးႀကိဳဆို ဧည့္၀တ္ျပဳရင္း က်န္းမာေရးခ်မ္းသာေရး
အေၾကာင္းေတြအတန္ၾကာေျပာရင္း

ဆရာႀကီးဦးရန္သိန္းက ေဇာ္မိုးကိုၾကည့္ၿပီး ေမာင္ရင္ရဲ႕ကိုယ္မွာ
မေကာင္းတဲ့ မိစာၦအေငြ႕သက္မ်ိဳးကစြဲကပ္ေနပါလား ဆရာႀကီးကစၿပီးေျပာတယ္ဗ်

က်ဳပ္လဲ” ဟုတ္ပါတယ္ဆရာႀကီး

အခုလဲသူ အဲ့ကိစၥေၾကာင့္ပဲက်ဳပ္ဆီကို လာခဲ့တာပါဗ်ာလို႔ေျပာလိုက္ေတာ့

ဆရာႀကီးက ဒါေၾကာင့္ငါလဲမင္းဆီကိုပဲ လာဖို႔စိတ္ၫြတ္ေနတာကိုး
ကဲထားပါေတာ့ ေမာင္ရင့္လက္ဒီကို
ေပးပါလို႔ေျပာၿပီး

ဆရာႀကီးက “ကိုေဇာ္မိုးရဲ႕လက္ကိုကိုင္ၿပီး တစ္စုံတစ္ခုကိုစိတ္ၫြတ္ေနတဲ့ပုံဗ် ခဏၾကာေတာ့

ဆရာႀကီးဦးရန္သိန္းက သက္ျပင္းတစ္ခ်က္ ခပ္ျပင္းျပင္းခ်ၿပီး
က်ဳပ္ကို”ေမာင္သိန္း ေရ” ခဗ်ာ

က်ဳပ္လဲျပန္ထူးလိုက္ေတာ့
ဆရာႀကီးက” မင္းသူငယ္ခ်င္းမွာ
ကိစၥႀကီးျဖစ္ေနၿပီကြဲ႕ ဆရာႀကီးတို႔
အခုပဲ ဧရာ၀တီဘတ္သို႔ ခရီးဆက္က်စို႔ကြဲ႕

ဟုတ္ ဆရာႀကီး”

က်ဳပ္လဲ ခရီးသြားဖို႔အျမန္ျပင္ၿပီး
သရက္ေခ်ာင္း႐ြာဘတ္ကို က်ဳပ္တို႔
တေတြ ခရီးဆက္လာက်တယ္

ညေန၅နာရီေလာက္ေရာက္သြားတယ္
မေကာင္းဆိုးဝါးက ကေလးကိုယ္ထဲကေသာင္းက်န္းေနတာ ဘီလူးစီးသလိုပဲဗ်

သူ႔အနီးနားက ပစၥည္းပစၥယေတြကို
ေပါက္ခြဲၿပီး အမဲသားေကြၽးဖို႔ပဲ
အတင္းေတာင္းဆိုေနတယ္ ႐ြာသားေတြလဲ ႀကိဳးျဖင့္တိုင္မွာတုတ္ဖို႔
ဝိုင္းၿပီးခ်ဳပ္ေႏွာင္က်တာ ကေလး
ေသးေသးေလးရဲ႕ ကိုယ္ထဲမွာ
မေကာင္းဆိုးဝါးပူးကပ္ေနေတာ့
အားသန္တဲ့ေယာက္်ားရင့္မာႀကီးေတြေတာင္ သူ႔အနားကပ္မရေအာင္အထဲက မေကာင္းဆိုးဝါးမက ေတြ႕ရာပစၥည္းနဲ႔ေကာက္ထုက်လို႔မည္သူမွ မကပ္ရဲက်ဘူး

လူေတြလဲ ေဇာ္မိုးတို႔အိမ္မွာ တစ္အုံးအုံးနဲ႔ျပည့္ေနတယ္

ထိုအခါ ဆရာႀကီးဦးရန္သိန္းကအိမ္ေပၚေတာင္မတက္ေတာ့ပဲ ဝိုင္း၀ကေျမႀကီးေပၚမွာ အင္းစမတစ္ခ်ပ္ကိုအလ်င္ျမန္ပဲေရးဆြဲလိုက္တယ္ၿပီးေတာ့ မႏၲန္တစ္ပုဒ္ကိုတီးတိုး႐ြတ္ေနတယ္ဗ်

ဆရာႀကီးရဲ႕မႏၲန္ဆုံးသည့္ႏွင့္တၿပိဳက္နက္ မေကာင္းဆိုးဝါးမကအိမ္ေခါင္မိုးကိုထိုးေပါက္ကာ အင္းစမေရးဆြဲထားေသာအကြက္မွာ ဆုံရပ္ေနေလ၏

အဟင္းးးးအဟီးးးးဆိုတဲ့ျမင္းဟီးသံပါမာညဥ္းညဴကာ မ်က္ေထာက္နီႀကီးနဲ႔ဆရာႀကီးအား စိုက္ၾကည့္၍
ဒီခႏၶာကိုယ္ဟာ ငါ့အပိုင္ျဖစ္သြားၿပီဘယ္သူ႔ကိုမွျပန္မေပးႏိုင္ေတာ့ဘူးဟုဆိုကာ ဟားးးဟားးးးနဲ႔အသံနက္ႀကီးျဖင့္ ‌ရယ္ေနတယ္ဗ်ိဳ႕

ဆရာႀကီးက က်ဳပ္ကို”ေမာင္သိန္း

ဟုတ္ဆရာႀကီး မိစာၦမရဲ႕ဝိညာဥ္စြဲကပ္ေနေသာအ႐ုပ္ကို အျမန္ယူလာခဲ့ေပေတာ့

က်ဳပ္ကိုေစခိုင္းေနတယ္ဗ်
က်ဳပ္လဲ ” အိမ္ေပၚအျမန္တက္ၿပီး
အခန္းထဲကအ႐ုပ္ကိုယူဖို႔လုပ္ေတာ့

ထူးဆန္လိုက္ပါဘိဗ်ာ” အ႐ုပ္ကလုပ္
ရွားကာ ထေျပးေနတယ္ဗ်

က်ဳပ္လဲအသည္းသန္လိုက္ဖမ္းေတာ့
မိသြားတယ္ က်ဳပ္လဲေပြ႕ခ်ီလိုက္ေတာ့ လူတစ္ေယာက္လိုပဲ ေလးနစ္ေနတာဗ်

ပါးစပ္ကလဲ နင္မေသခ်င္ရင္ငါ့ကို
လြတ္ဆိုၿပီး ႀကဳံးဝါးေနလိုက္တာဗ်ာ
လူတစ္ေယာက္အလားပဲ
အ႐ုပ္ကအသက္၀င္ကာစကားေျပာ
ေနေတာ့ လာၾကည့္က်တဲ့လူေတြေတာင္ ေနာက္ကိုေျခႏွစ္လွမ္းေလာက္ဆုတ္သြားတယ္ဗ်

က်ဳပ္လဲဆရာႀကီးရဲ႕အေရွ႕ကိုခ်ေပး
လိုက္ေတာ့ ကေလးကိုယ္ထဲကေန
မလုပ္ပါနဲ႔ မလုပ္ပါနဲ႔ဆိုတဲ့
အသံနက္ႀကီးနဲ႔ေတာင္းပန္ေနတယ္

ဆရာႀကီးက ဒါဆိုကေလးရဲ႕ခႏၶာထဲက အခုခ်က္ခ်င္းထြက္လို႔အမိန႔္ေပးလိုက္ေတာ့

ေခါင္းခါျပတယ္ ဆရာႀကီးက နင္က
အာခံေနတယ္ေပါ့ဟုတ္လား
ဒါဆိုလဲမတက္ႏိုင္ဘူး ဆရာႀကီးက
နင့္ရဲ႕ဝိညာဥ္ကိန္းေနတဲ့ဒီအ႐ုပ္ကို
ငါဖ်က္စီးရလိုက္မယ္ဟုဆိုတာ
ေဆးလြယ္အိတ္ထဲက ေဆးဓာတ္လုံး
အနီေလးအားထုတ္၍ ေျမျမင္ေပၚသို႔ ပစ္ခ်လိုက္တယ္ဗ်

ေဟာ့” သက္တန႔္ႀကီးပမာ အလင္းတန္းႀကီးက ဘိုမအ႐ုပ္အား
ရစ္ပတ္လိုက္ေတာ့ခ်က္ခ်င္းဆိုသလို မီးေတာက္မီးၫြန္ေတြျဖာထြက္လာတယ္

အဲ့ေတာ့မွာ အားးးးးပူတယ္ ပူလိုက္တာဆိုၿပီးေအာ္ဟစ္ကာေတာင္းပန္
ေလတယ္

ဆရာႀကီးလဲ လက္ဝါးျဖန႔္ၿပီး
မီးေတာက္ႀကီးအားသိမ္းယူေလ၏

ဆရာႀကီးရဲ႕လက္ထဲေရာက္ေတာ့
ေဆးဓာတ္လုံးေလးျပန္ျဖစ္သြားတယ္

ဆရာႀကီးကကေလးရဲ႕ကိုယ္ထဲက ထြက္ၿပီးမူလ႐ုပ္ျပန္စမ္းလို႔ အမိန္႔ေပးလိုက္တယ္

‌‌ဒီတစ္ခါကေတာ့ မျငင္းရဲေတာ့ဘူး
ထြက္လိုက္တယ္ဗ်

အမေလး ဘုရား က်ဳပ္ပါးစပ္က
ဘုရားတမိတယ္ သရဲမႀကီးရဲ႕
နားေတြ ပါးစပ္ေတြက ငါးေတြတြတ္
ထားလို႔ထင္တယ္ ေပါက္ၿပဲကာရယ္
ၾကည့္ရဆိုးတယ္ ပါးတစ္ျခမ္းက
အသားမ်ားမရွိေဝာာ့ပဲ ပါး႐ိုးမ်ားပါ
အတိုင္းသားကိုျမင္ေတြ႕ရတယ္ဗ်

က်ဳပ္သူ‌ငယ္ခ်င္းေဇာ္မိုးေတာင္
ေၾကာက္ဒူးတုန္ေလရဲ႕ တခ်ိဳ႕လူမ်ားသည္မၾကည့္ဝံလို႔ မ်က္ႏွာလြဲထားရဝာယ္

ဆရာႀကီးက မင္းကဘာလို႔ဒီအ႐ုပ္ထဲမွာရွိေနရတာလဲေမးေတာ့

မနာလိုမုန္းတီးသူက ေအာက္လမ္း
ပညာျဖင့္ငါ့ကိုလုပ္သတ္ၿပီး ဝိညာဥ္ကိုလဲ ဘ၀မကူးႏိုင္ေအာင္ ဒီအ႐ုပ္ထဲ
ပညာျဖင့္ေႏွာင္ဖြဲ႕စီရရင္ၿပီး ဧရာ၀တီျမစ္ေၾကာတစ္ေလ်ာက္ လြင့္ေမ်ာေစတယ္

ဒါေၾကာင့္ ဒီအထဲမွာရွိေနတာ
ငါ့ကိုဆယ္ယူလာလို႔ ငါေနခြင့္ရခဲ့တာ
အဟီးးးးးးးး ဟီးးးးးး ခ်မ္းခိုက္ေနတဲ့အသံျဖင့္ေနာက္တစ္ႀကိမ္ျမစ္ထဲမေမွ်ာ္ပါနဲ႔ငိုၿပီးေျပာေနတယ္

ဆရာႀကီးက နတ္မင္းႀကီးေလးပါးဆီသို႔အပ္နင္းေပးမယ္ဟုတ္ဆိုကာ
ဒီအ႐ုပ္ထဲကမင္းရဲ႕ဝိညာဥ္လိပ္ျပာသည္ မည္သည့္ဆရာ ပညာရွင္မ်ားရဲ႕အမိန႔္အာဏာစက္ဟူသမွ် မလႊမ္းမိုးေစရ လႊမ္းထားသမွ်လဲ
ေပ်က္ေစ ပ်ယ္ေစၿပီး နတ္မင္းႀကီး
မ်ား ၫြန္ၾကားေသာ ေနရာအရပ္သို႔
လြတ္လပ္စြာသြားႏိုင္ပါေစဟု
အမိန႔္တမ္းျပန္ကာလြတ္ေပးလိုက္တယ္

သရဲမႀကီးလဲ ၀မ္းသာစြာေပ်ာက္သြားတယ္

ၿပီးေတာ့သတိလစ္ေနေသာ သားေလးရန္ႏိုင္ကိုလဲ ေရစင္မ်ားတိုက္၍
ႏိုးထေစတယ္

မေကာင္းဆိုးဝါးပူးကပ္ေနေသာအ႐ုပ္ကိုလဲသရက္ေခ်ာင္း႐ြာရဲ႕
ထိန္ပင္သခ်ိဳင္းမွာ ေျမျမဳတ္ေစလိုက္တယ္ဗ်

က်ဳပ္နဲ႔ဆရာႀကီးလဲ ေနာက္ေန႔မနက္
ခပ္ေစာေစာ႐ြာကိုျပန္လာခဲ့က်တယ္။

××××××××××××××

စာဖတ္သူမ်ားအား ေက်းဇူးအထူး
တင္ရွိပါသည္။

(ကပၸိယေလးႂကြက္ပုတ္)