“တေလေဘဝ တစ္ဆေမ”(စ/ဆုံး)

“တေလေဘဝ တစ္ဆေမ”(စ/ဆုံး)
——————————————

“ကိုတီး…မြောက်ပိုင်းက ဦးကုလားကြီး ကြိုးဆွဲချပြီး
ဆုံးသွားပြီတဲ့ဗျ ”

မောင်ထွန်းက ခြံထဲကို သုတ်သုတ်ဝင်လာပြီး အိမ်ပေါ်တက်
ရင်းပြောတယ်ဗျို့။
ကျွန်တော်တို့မိသားစုတွေက ထမင်းစားနေကြတာဗျ ။

“ဟင်…ဟုတ်လား၊ဒါဆို မင်းရောက်သွားပြီးပြီပေါ့”

“မဟုတ်ဘူးဗျ ။ဦးကြင်က မြောက်ပိုင်းက ပြန်လာရင်း
ကျွန်တော့်ကို ပြောပြတာ။ရဲစစ်ချက်ယူဖို့အတွက် ဥက္ကဌက
မြို့ပေါ်ကိုတောင် ပို့လိုက်ပြီတဲ့ဗျ ”

“ဟဲ့ မောင်ထွန်း၊ဘယ်တုန်းက ဆုံးသွားတာတဲ့တုန်း”

“မကြာသေးဘူးတဲ့ ကြီးလေးရေ။တစ်နာရီလောက်ပဲ ရှိသေး
တာတဲ့ဗ် ”

“ဟယ်…မောင်ကုလား ဘာတွေစိတ်ညစ်စရာများ ရှိလို့လည်း
မသိဘူး။လူက အေးအေးကြီးပါ”

အမေက စုတ်သပ်ရင်းပြောတယ်ဗျ ။

“ကဲ…မောင်ထွန်း အကျိုးအကြောင်းလေးသိရအောင်
ငါတို့သွားကြမယ်”

“ဟဲ့ တာတီး၊ထမင်းစားပြီးမှသွားပါလား”

“ပြန်လာမှစားတော့မယ်အမေရေ”

ကျွန်တော်နဲ့မောင်ထွန်း သုတ်သုတ်လျှောက်ကြပြီး ဦးကုလား
တို့အိမ်သွားကြတယ်။
ဦးကုလားက အသက်(၄၀)လောက်ရှိပြီဗျ ။လူရိုးလူအေးကြီး။
မိန်းမရှိတယ်။ဒေါ်ပြုံးပွင့်တဲ့။ဦးကုလားထက်(၂)နှစ်ငယ်တယ်။
(၅)နှစ်အရွယ် သားလေးတစ်ယောက်လည်းရှိတယ်ဗျ ။

ကျွန်တော်တို့ ဦးကုလားအိမ်ရောက်တော့ အိမ်ပေါ်မှာ လူတွေ
ကြိတ်ကြိတ်တိုးနေတယ်။
ငိုတဲ့သူကငို စိတ်မကောင်းဖြစ်လို့ စုတ်သပ်တဲ့သူက စုတ်သပ်
ပေါ့ဗျာ။

“သမီးပြုံးပွင့် သမီးယောကျာ်း ဘာတွေများ စိတ်ညစ်စရာတွေ
ရှိလို့လည်းကွယ်။သမီးနဲ့အဆင်မပြေတာတွေများရှိလို့လား”

နတ်ကတော် ဒေါ်မဲကြီးက သည်းကြီးမည်းကြီးငိုနေတဲ့
ဒေါ်လေးပြုံးပွင့်ကို မေးတယ်ဗျ ။

“မရှိပါဘူး ကြီးလေးမဲကြီးရယ်။သမီးနဲ့လည်းအဆင်ပြေပါ
တယ်။သူက လူရိုးလူအေးကြီးပါ။ဟီး…..”

“အေးပါကွယ် ကြီးမဲကြီးသိပါတယ်”

“တစ်ခုတော့ရှိတယ် ကြီးမဲကြီးရဲ့”

“ဟင်…ဘာများတုန်း သမီးရဲ့”

“လွန်ခဲ့တဲ့(၂)ရက်က သူကပြောတယ်။အိမ်ပေါ်မှာ
အရိပ်လိုလို အငွေ့လိုလို တစ္ဆေမတစ်ကောင်ကို တွေ့တွေ့
နေရတယ်တဲ့။သမီးကိုပြောတယ်”

“အေး”

“သမီးကလည်း သူ့စကားကို မယုံလို့မဟုတ်ပါဘူး။အလုပ်
ကလေးတွေရှုပ်နေလို့ သူ့စကားကို အမှုမထားဘဲနေခဲ့မိတာ။
ဒီနေ့မှ သမီးကအလုပ်အားလို့ သားလေးကို အိမ်ခန်းထဲမှာ
သိပ်ပြီး မီးဖိုထဲမှာချက်ပြုတ်နေတာ ကြီးမဲကြီးရဲ့။
သူက အိမ်ရှေ့ခန်းက ကုလားထိုင်မှာထိုင်ရင်း အကြမ်း
သောက်နေတာ။သမီးလည်း ခဏလောက်ကြာတော့
ရေဆာလို့ အိမ်ရှေ့ရေထွက်သောက်တော့ သူ့ကိုကြိုးဆွဲချ
လျက်ကြီးသေနေတာကို တွေ့ရတော့တာပါပဲကြီးမဲကြီးရယ်..
ဟီး…..ကိုကြီးရေ…..”

“ဟုတ်တယ်ကြီးမဲကြီး…ကျွန်မလည်း လွန်ခဲ့တဲ့(၅)ရက်
လောက်က ဝက်ခြံထဲမှာ ဝက်တွေကိုသွားကြည့်ရင်း အငွေ့
လိုလို တစ္ဆေမတစ်ကောင်ကိုတွေ့လိုက်ရတယ်တော့်”

တောင်ပိုင်းက ဒေါ်ဂျစ်တူးကဝင်ပြောတယ်ဗျ ။

“ဟုတ်တယ်ဗျို့။ကျုပ်လည်း အရင်(၄)ရက်က သန်းခေါင်
ကျော် အပေါ့ထသွားရင်း မီးဖိုထဲမှာ တစ္ဆေမတစ်ကောင်
ဆောင့်ကြောင့်ထိုင်နေတာကို တွေ့လိုက်ရတယ်ဗျ ”

အရှေ့ပိုင်းက ဦးသာဗွေက ပြောပြန်ရောဗျ ။

“ဟင်၊တယ်ထူးဆန်းပါလား။ကျုပ်လည်း ညဘက်ပူအိုက်လို့
ခြံထဲက ကွပ်ပျစ်မှာဆင်းအိပ်တာ သန်းခေါင်ကျော် တစ်ရေးနိုး
တော့ ခြံရှေ့က ကုက္ကိုပင်တွေ၊မဲဇလီပင်တွေ၊တမာပင်တွေ
လှုပ်လှုပ် လှုပ်လှုပ်ခါနေပြီးတော့ မြေပေါ်ကိုအရှိန်ပြင်းပြင်းနဲ့
ပြုတ်ကျတဲ့ တဘုန်းဘုန်းအသံတွေကို ကြားရတယ်ဗျို့။
အငွေ့လိုလိုပုံသဏ္ဍာန်ကိုလည်း တွေ့တယ်ဗျ ”

မြောက်ပိုင်းက ဦးယာက ပြောပြန်ရောဗျို့။
အကုန်လုံးရဲ့အာရုံတွေက အသုဘမှာမရှိတော့ဘူးဗျ ။
ထူးဆန်းတဲ့ တစ္ဆေမဆီပဲ အာရုံရောက်နေကြတယ်။

“သေချာပြီ…ဒါဆို ဒီတစ္ဆေမက ကျွန်မယောကျာ်းကိုသတ်
လိုက်တာပဲ။သာမန်ဆို ကျွန်မယောကျာ်းကဒီလိုမျိုး လုပ်စရာ
လားတော်။ရက်စက်လိုက်တာ တစ္ဆေမရယ်…ဟီး…..”

“အေးကွယ်…ကြီးမဲကြီးလည်းစိတ်မကောင်းပါဘူး။ခုလိုပြော
ကြပုံအရဆိုရင် ဒီတစ္ဆေမက ဘယ်ထိဒုက္ခပေးနေမှာလည်း
မသိဘူး။အရင်တုန်းကဆို တို့ရွာလေးထဲမှာ သရဲ၊တစ္ဆေတွေ
ဒီလောက်မသောင်းကျန်းဖူးပါဘူးကွယ်။ခုက ဘယ်ကနေ
ဘယ်လို လေလွင့်လာတဲ့နယ်ကျွံတစ္ဆေမမှန်းလည်းမသိဘူး”

ခဏနေတော့ ကျွန်တော်တို့ပြန်ခဲ့ကြတယ်။
ကျွန်တော်တို့လည်း မပြောတတ်တော့ပါဘူးဗျာ။
စဉ်းစားတွေးတောစရာတွေကတော့ တနုံ့နုံ့နဲ့ဗျ ။

နောက်နေ့မနက်ရောက်တော့ ကျွန်တော့်ဆီကို မောင်ထွန်း
ရောက်လာတယ်ဗျ ။

“ကိုတီး…ညက ကိုနေအောင်ကြီးကို တစ္ဆေမ လည်ပင်းညှစ်
တာ ကိုတီးသိလား”

“ဟင်…မင်းတို့ခေါင်းရင်းခြံက ကိုနေအောင်ကြီးလား”

“အင်းလေ…လူမိုက်နေအောင်လေဗျာ”

“ဗလတုတ်တုတ်နဲ့လူကြီးက ဘယ်လိုဖြစ်လို့ တစ္ဆေမ
လည်ပင်းညှစ်တာခံရတာတုန်းကွာ။ငါမသိဘူးကွ”

“ဒီလိုဗျ ။ဒီလူက ညဘက်ကြီး ဒေါ်ညွန့်မြိုင်ဆိုင်မှာအရက်
သောက်ပြီးတော့ ဝက်သားနဲ့ကြော်ထားတဲ့ ခေါက်ဆွဲကြော်
ဗူးကိုကိုင်ပြီး ရွာလမ်းအတိုင်းပြန်လာတာတဲ့ဗျ ။သူလည်း
ပြန်လာတော့ နောက်ကနေ ခြေသံတရှပ်ရှပ်နဲ့ သူ့နောက်ကို
လိုက်လာတဲ့ခြေသံတွေကို ကြားရတယ်တဲ့။လှည့်ကြည့်လိုက်
တော့ အငွေ့ဖြူ ဖြူ ပုံသဏ္ဍာန်နဲ့တစ္ဆေမတစ်ကောင်တဲ့ဗျ ။
သူ့ကိုစိုက်ကြည့်ပြီး လက်ကကိုင်ထားတဲ့ခေါက်ဆွဲကြော်
ဗူးကို လက်ဖြန့်တောင်းနေတာတဲ့။သူလည်းမပေးဘဲနဲ့လမ်း
အတိုင်းဆက်လျှောက်တော့ သူ့နောက်ကနေအဆက်မပြတ်
လိုက်ပြီး ခေါက်ဆွဲကြော်ဗူးကို ပြေးပြေးလုတော့တာတဲ့ဗျို့။
သူကလည်းလျှောက်လေ တစ္ဆေမကလည်းလိုက်လုလေဆို
တော့ ကြာလာတော့သူလည်း စိတ်မရှည်နိုင်တော့ဘဲ ‘ကဲ××××××××××++++++++++×××××××××××××××××××
×××မရေ၊မြိုဟဲ့…ရော့’ဆိုပြီး လမ်းမပေါ်ကို ခေါက်ဆွဲကြော်ဗူး
ပစ်ချပေးလိုက်တာတဲ့ဗျ ။တစ္ဆေမကလည်း သူ့ကိုခပ်စိမ်းစိမ်း
တစ်ချက်လှည့်ကြည့်လိုက်ပြီးတော့ ခေါက်ဆွဲကြော်တွေကို
အငမ်းမရ စားတော့တာတဲ့ဗျို့။သူလည်းအိမ်ရောက်လို့မကြာ
ဘူး။ကြောထဲမှာ စိမ့်ခနဲ စိမ့်ခနဲဖြစ်သွားလို့ ခြံဝကိုကြည့်မိတာ
တဲ့ဗျ ။သူလန့်သွားတာတဲ့ဗျို့။တစ္ဆေမက လေပေါ်ကနေ လက်
နှဝ်ဖက်ဆန့်ထုတ်ပြီး သူ့ဆီကိုလွင့်လာတာတဲ့။ပြီးတော့
လည်ပင်းကို အားရပါးရညှစ်တော့တာတဲ့ဗျို့။သူလည်းအစ်
လွန်းလို့ ခြေထောက်နဲ့ကြမ်းပြင်ကို ဆောင့်တော့တာတဲ့။
ဝုန်းဝုန်း ဒိုင်းဒိုင်းနဲ့ဆူညံသွားတာပေါ့ဗျာ။ဒီအချိန်မှာပဲ အိမ်ခန်း
ထဲမှာအိပ်နေတဲ့ သူ့မိန်းမလန့်နိုးလာပြီး သူ့ယောကျာ်းကို
တစ္ဆေမက လည်ပင်းညှစ်နေတာကို ထိတ်ထိတ်လန့်လန့်နဲ့
တွေ့လိုက်ရတာတဲ့။ပြီးတော့ အော်ဟစ်ပြီး အကူအညီ
တောင်းတယ်။ဒီအချိန်မှာ မအိပ်သေးတာဆိုလို့ ကျွန်တော်
တစ်ယောက်ပဲရှိတာဗျ ။တစ်ရွာလုံးက အိပ်နေကြတဲ့အချိန်
လေ။ကျွန်တော်လည်း အိတ်ရှုံ့ကို ကပျာကယာလွယ်ပြီး
သူတို့အိမ်ကူးသွားတယ်။ဟိုရောက်တော့ ကိုနေအောင်က
မျက်ဖြူ တောင်လန်တော့မယ်ဗျ ။သူ့မိန်းမကတော့
ထောင့်ကွယ်လေးမှာငိုယိုနေတာ။ကျွန်တော်လည်း တစ္ဆေမ
ကို တိုက်ခိုက်ဖို့ မှော်တုတ်ကိုထုတ်လိုက်တဲ့အချိန်မှာ တစ္ဆေမ
က ကိုနေအောင်ကို လည်ပင်းညှစ်တာလွှတ်လိုက်ပြီး
အပြင်ကိုလှစ်ခနဲ ပြေးထွက်သွားတော့တာဗျို့။ကျွန်တော်သာ
အချိန်မှီရောက်သွားရင် ကိုနေအောင်သေနေလောက်ပြီဗျ ”

“ဒီတစ္ဆေမကလည်း ဘယ်လိုတစ္ဆေမလည်းကွာ။မနေ့တစ်နေ့
ကမှရောက်လာပြီး ဟိုနားအယောင်ပြ၊ဒီနားအယောင်ပြ၊
ဟိုလူ့ခြောက် ဒီလူ့ခြောက်နဲ့ နောက်ဆုံးလူသတ်တဲ့အထိပါ
အတင့်ရဲလာတာ။မလွန်လွန်းဘူးလားကွာ”

“လွန်တာတော့ လွန်နေပြီဗျ ။ဘာဖြစ်လို့လည်းဆို ဒီတစ္ဆေမက
လွန်ခဲ့တဲ့(၅)ရက်က ဒေါ်ဂျစ်တူးကိုခြောက်တယ်။လွန်ခဲ့တဲ့(၄)
ရက်တုန်းက ဦးသာဗွေကိုခြောက်တယ်။နောက်တော့
မြောက်ပိုင်းက ဦးယာကိုခြောက်တယ်။ပြီးတော့ ဦးကုလားကို
ခြောက်ပြီး သတ်ပါသတ်ပစ်လိုက်တယ်။ဟော၊အခုလည်း
ကိုနေအောင်ကိုခြောက်လှန့်ပြီး သတ်ဖို့အထိတောင်လုပ်ခဲ့
တယ်။တော်တော်တော့ လွန်ပြီပေါ့ဗျ ။နေ့စဉ်ရက်ဆက်ကြီးကို
ခြောက်နေတာ။နောက်ထပ် ဘယ်သူ့ကို ဘယ်လို ခြောက်လှန့်ဦးမယ်ဆိုတာ ပြောမရဘူး”

ကျွန်တော်လည်း ဆိတ်ဆိတ်ငြိမ်နေလိုက်တယ်။

×××××××××××

“ဝုန်း”

“အုန်း” “အုန်း”

“ဒုန်း”

“ဘုန်း”

“ခွမ်း”

“ဟဲ့ ဟဲ့၊မီးဖိုထဲ ဘာတွေဖြစ်နေတာလည်း။ကိုသန်းထွန်းရေ
ထပါဦး ထပါဦး”

ည(၁၀)နာရီရှိပြီ။
ခြေရင်းခြံက ဘကြီးသန်းထွန်းတို့အိမ်မှာ ဆူညံသံတွေ ဟိန်း
နေတယ်ဗျို့။
အိုးခွက်ပန်းကန်တွေ ပြုတ်ကျသံနဲ့ကြွေပန်းကန်တွေ ကျကွဲတဲ့
အသံဗျ ။အိမ်သားတွေက အိပ်ကုန်ကြပြီ။
ကျွန်တော်က တစ္ဆေမအကြောင်းကို စဉ်းစားနေတာနဲ့အိပ်မရ
တာဗျ ။
ကျွန်တော်လည်း ဘကြီးရဲ့အိမ်ကို သုတ်သုတ်ပြေးသွားလိုက်
တယ်။

“ကြီးလေးအေးချစ် ဘာဖြစ်တာတုန်း”

“တာတီးရေ…မီးဖိုထဲမှာ ဘာတွေဖြစ်ကုန်ပြီလည်း မသိဘူး”

ဘကြီးသန်းထွန်းက မီးခွက်ကိုထွန်းလိုက်ပြီး မီးဖိုထဲသွား
ကြည့်တယ်။ကြီးလေးအေးချစ်နဲ့ကျွန်တော်လည်း ဘကြီး
နောက်ကနေ လိုက်သွားတယ်ဗျ ။

“ဟင်…တစ္ဆေမတစ်ကောင်ပါလား။ဟာ…သောက်ကျိုးတော့ နဲကုန်ပါပြီဟ”

ဟာ၊မီးဖိုထဲမှာ အိုးခွက်ပန်းကန်တွေ ပွစာကြဲနေတာပဲဗျို့။
ကြွေပန်းကန်တွေလည်းကွဲပြီး အပိုင်းအစတွေကြဲပြန့်လို့ဗျ ။

“ဘယ်လိုဖြစ်ရတာတုန်းတော်”

“မိန်းမ ခုနကအငွေ့လိုလိုတစ္ဆေမတစ်ကောင်ကို
ငါတွေ့လိုက်တယ်။ငါ့ကိုတွေ့တော့ လှစ်ခနဲပျောက်သွား
တယ်ကွ။ဒါဆို ဒင်းသောင်းကျန်သွားတာပဲ”

“ဟင်…အရုဏ်ဆွမ်းချက်ဖို့
သိမ်းထားတဲ့ ဝက်သားတွေလည်း မရှိတော့ဘူးတော့်”

ကြီးလေးအေးချစ်က ဒန်အိုးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး
ပြောတယ်ဗျ ။အိုးထဲမှာ ဝက်သားဆိုလို့ တစ်ဖတ်မှကိုမရှိ
တော့တာ။

“ဒါဆို ရွာကိုဝင်မွှေနေတဲ့ တစ္ဆေမပဲကွ။သေချာတယ် သူပဲ။
ဝက်သားအိုးကိုသူရှာလို့ အိုးခွက်ပန်းကန်တွေကိုပါ
မွှေနှောက်သွားတာ။တောက်❗️”

ဘကြီးသန်းထွန်းလည်း တော်တော်စိတ်တိုသွားတာဗျ ။
စိတ်တိုမယ်ဆိုလည်းတိုလောက်စရာပါဗျာ။
ဘယ်ကလာလို့ လာမှန်းမသိတဲ့ တစ္ဆေမတစ်ကောင်က
လူတွေကိုခြောက်လှန့်လိုက်၊သတ်လိုက်၊ဒုက္ခပေးလိုက်နဲ့
ရွာကို ပတ်မွှေနေတာလေဗျာ။
အခုလည်း ရွာကျောင်းကို အရုဏ်ကပ်ဖို့သိမ်းထားတဲ့
ဝက်သားတွေကိုစားသွားပြီ။ဒါတင်မကဘဲ အိုးခွက်အသုံး
အဆောင်တွေကိုမွှေနှောက်လို့ ကြွေပန်းကန်တွေပါ အကုန်
ကွဲကုန်တာဗျ ။
နောက်ဆိုရင် ဘာတွေဘယ်လိုဖြစ်ပျက်လို့ ဘယ်လို
ဆုံးရှုံးမှုတွေ ထပ်ဖြစ်လာဦးမလည်းဆိုတာ ဘယ်သူမှ
မပြောနိုင်ဘူး။ဒီတစ္ဆေမနဲ့ကတော့ စဉ်းစားရအတော်ခက်ဗျ ။

××××××××××××

နောက်နေ့မနက်ရောက်တော့ အိမ်မှာလိုအပ်တဲ့
ကုန်ခြောက်တွေကိုဝယ်ဖို့အတွက် မြောက်ပိုင်းက
ဦးမျိုးဝင်းတို့ကုန်စုံဆိုင်ကို ကျွန်တော်နဲ့မောင်ထွန်း သွားကြ
တယ်။
သူတို့ခြံနားလောက်ရောက်တော့ ခြံရှေ့မှာ စုရုံးစုရုံးဖြစ်နေတဲ့
လူအုပ်ကြီးကိုတွေ့ရတယ်ဗျ ။
ကျွန်တော်နဲ့မောင်ထွန်းလည်း လူအုပ်ကြီးစုနေတဲ့နေရာကို
သွားလိုက်ကြတယ်။သူတို့က ခြံရှေ့ကကုက္ကိုပင်ကို
တအံ့တသြနဲ့ကြည့်နေကြတာဗျ ။

“ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း…….”

“ဝီ”

“ဘုန်း”

ဟာ၊ကျွန်တော်တို့ ကုက္ကိုပင်ကို ကြည့်လိုက်တဲ့အချိန်မှာဘဲ
ကုက္ကိုပင်ကြီးက ‘ဝုန်း၊ဝုန်း၊ဝုန်း….’ခါနေအောင်လှုပ်ရမ်းပြီး
‘ဝီ’ခနဲဆို လေကိုခွဲလိုက်တဲ့အသံကြီး ထွက်လာတာဗျို့။
ပြီးတော့ ‘ဘုန်း’ဆိုတဲ့ အသံပြင်းပြင်းကြီးလည်း ထွက်လာ
တယ်ဗျ ။
လူတွေအနာက်နဲနဲရှဲသွားကြတယ်။ဖုန်တွေလည်း အလိပ်
လိုက်ထလာတာဗျို့။

“ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း…….”

“ဝီ”

“ဘုန်း”

ဟာ၊ခုနကလို ပြန်ဖြစ်ပြန်ပြီဗျို့။
‘ဝုန်း၊ဝုန်း…..’ကုက္ကိုပင်ကြီး ခါနေအောင်လှုပ်ရမ်းပြီး၊’ဝီ’ခနဲ
ဆို လေကိုခွဲလိုက်တဲ့အသံ၊’ဘုန်း’ဆို အရှိန်ပြင်းပြင်းပြုတ်ကျ
သံကြီးတွေဗျို့။
ကျွန်တော်တို့လည်း တော်တော်အံ့သြသွားတယ်။
တစ်စုံတစ်ယောက်က ကုက္ကိုပင်ပေါ်ကို သဲကြီးမဲကြီး
တက်တာကို တစ်စုံတစ်ယောက်က ပြန်ပြန်ရိုက်လွှတ်ချတဲ
ပုံစံဖြစ်နေတယ်ဗျ ။
ကျွန်တော် လူအုပ်ကြီးကို အမှတ်မထင်ဝေ့ဝဲကြည့်မိတော့
ခြံဝမှာ ကုက္ကိုပင်ကြီးကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်
နေတဲ့ ကုန်ခြောက်ဆိုင်ရှင် ကိုမျိုးဝင်းတို့လင်မယားကိုတွေ့
တယ်။ကိုမျိုးဝင်းက အသားတွေတဆတ်ဆတ်တုန်ပြီး သူ့
လည်ပင်းကို ညာဘက်လက်နဲ့ပွတ်သပ်နေတယ်ဗျ ။
ကျွန်တော်လည်း ဘာတွေမှန်းမသိလို့ ဘေးနားက
နတ်ကတော် ဒေါ်မဲကြီးကို မေးလိုက်တယ်။

“ဒေါ်မဲကြီး…ဘာတွေ ဘယ်လိုဖြစ်နေတာလည်းဗျ ။ကိုမျိုးဝင်း
ကလည်း ဘာလို့လည်ပင်းကိုပွတ်နေရတာတုန်း”

“တာတီးရေ…မျိုးဝင်းကို တစ္ဆေမကကြိုးဆွဲချပြီး အသေသတ်
ဖို့ကြံတာဟဲ့။သူတို့အိမ်အပေါ်ထပ်မှာ။သူတို့အပေါ်ထပ်က
ဘုရားခန်းရှိတာမဟုတ်ဘူးလေ။မလိုအပ်တဲ့ပစ္စည်းတွေ
ကုန်ခြောက်ပစ္စည်းတွေကိုပဲ သိုလှောင်တဲ့နေရာအဖြစ်သုံး
တာ။ဘုရားခန်းက အောက်ထပ်မှာ”

“အင်း”

“ဒီမနက် မျိုးဝင်းက ကုန်ခြောက်တွေကို အပေါ်ထပ်သွားထား
ရင်း ခပ်လှမ်းလှမ်းမှာ သူ့ကိုရပ်ကြည့်နေတဲ့ တစ္ဆေမတစ်
ကောင်ကို တွေ့လိုက်ရတယ်တဲ့။သူလည်းကြောက်ကြောက်
နဲ့လှည့်ပြေးမယ်အလုပ်မှာ သူ့စိတ်တွေအညှို့ခံရသလိုဖြစ်
သွားပြီး မှိုင်းဝေသွားတာတဲ့ဟေ့။တစ္ဆေမက သူ့အရှေ့တည့်
တည့်မှာရပ်ပြီး သူ့ကိုစိမ်းစိမ်းကြီးကြည့်နေတာတဲ့။
နောက်တော့ သူ့ရဲ့လက်တွေက နွားဖားကြိုးတစ်ချောင်းကို
ကိုင်ပြီး ထုပ်တန်းမှာကြိုးကွင်းဆင်လိုက်ရောတဲ့ဟေ့။
သူလည်းဘာမှကို လှုပ်ရှားလို့လုံးလုံးမရတော့တာတဲ့။ခန္ဓာ
ကိုယ်က သူ့ဟာသူလှုပ်ရှားနေတာတဲ့ တာတီးရဲ့။
နောက်တော့ သူ့ခေါင်းကကြိုးကွင်းမှာ အလိုလိုသွားစွပ်တာ
တဲ့ဟေ့။တစ္ဆေမကလည်း စိမ်းစိမ်းကြီးရပ်ကြည့်နေတုန်းပဲတဲ့။
သူ့ခြေထောက်တွေက ကြိုးဆွဲချဖို့ ခုန်ကိုကန်ချမယ်အလုပ်မှာ
သူ့မိန်းမ’ဗြုန်း’ဆို အပေါ်ရောက်လာပြီး သူ့ယောကျာ်းကိုတွေ့
တော့ ‘အောင်မယ်လေး…ကိုမျိုးဝင်း၊ရှင်ဘာလုပ်နေတာလည်း။
ကိုယ်ကျိုးတော့နဲကုန်ပါဦးမယ်တော်’လို့ ထိတ်ထိတ်လန့်လန့်
နဲ့အော်ပြောလိုက်တော့မှ သူလည်း သတိပြန်ဝင်လာတာတဲ့
ဟေ့။တစ္ဆေမကိုတော့ မတွေ့တော့ဘူးတဲ့။သူတို့လည်း အိမ်
အောက်ကိုဆင်းလာကြတော့ ခြံရှေ့မှာ’ဝုန်း၊ဒိုင်း’ကြဲနေတဲ့
ဒီကုက္ကိုပင်ကြီးနဲ့ခုလို’တဘုန်းဘုန်း’အသံတွေကို ကြားရပြန်
ရောတဲ့ဟေ့။သူတို့လည်း တအားကြောက်လန့်လွန်းလို့ ခြံပြင်
ကိုမထွက်ရဲကြတော့ဘဲ ဘဆရာကိုခေါ်ပေးဖို့ကို ဒီခြေရင်းခြံ
က သူ့ဒေါ်လေးကို အကျိုးအကြောင်းရှင်းပြလိုက်ပြီးတော့
အိမ်ထဲမှာပဲ ကုပ်နေကြတာတဲ့ဟေ့။အခု လူနဲနဲများသွားမှ
ခြံဝကို ထွက်လာခဲ့ကြတာ။တော်ကြာနေရင် ဘဆရာ
ရောက်လာလိမ့်မယ် တာတီးရဲ့”

“ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း…….”

“ဝီ”

“ဘုန်း”

ကုက္ကိုပင်ကြီးလှုပ်သံတွေ ခုန်ချ သံကျယ်ကျယ်ကြီးတွေက
တော့ အဆက်မပြတ်ထွက်နေတုန်းဗျို့။
ကျွန်တော်နဲ့မောင်ထွန်းလည်း ဒီတေလေတစ္ဆေမကို တော်
တော်အံ့သြနေတယ်။
ဘယ်လိုအငြှို းရှိလို့ ဘာကြောင့်ဒီလိုတွေလုပ်နေတာလည်း
ဆိုတာကို ကျွန်တော်တို့ တွေးလို့တောင်မရဘူး။

ဟော၊ဘဆရာတို့တောင်ရောက်လာကြပြီဗျ ။
ကိုမျိုးဝင်းရဲ့ဆွေမျိုး(၁၀)ယောက်လောက်က အဘနားမှာ
ကပ်ပါလာကြတယ်။
အဘလည်းရောက်လာတော့ လူတွေက ဘေးကိုနဲနဲရှဲပေး
ကြတယ်။အဘက ကုက္ကိုပင်ကြီးအောက်ကို လက်နောက်ပစ်
ပြီးသွားတယ်ဗျ ။

“ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း၊ဝုန်း…..”

“ဝီ”

“ဘုန်း”

သစ်ပင်လှုပ်သံတွေ ပြုတ်ကျ သံကြီးတွေ ထွက်လာပြန်ရော
ဗျို့။

“ငထိန်…ရပ်လိုက်တော့”

ဟာ၊အဘက အသံပြတ်ပြတ်နဲ့ပြောလိုက်တော့ ကုက္ကိုပင်ကြီး
လှုပ်ရမ်းနေတာ ရပ်သွားရောဗျို့။

“ကဲ…သမီးမယ်ညို ၊အဘနဲ့လိုက်ခဲ”

ဟာ၊အဘကဒီလိုပြောလိုက်တော့ လေပေါ်မှာအငွေ့ဖြူ ဖြူ
ကလေးပေါ်လာပြီး အဘနောက်ကနေလိုက်ရောဗျို့။
အဘက ကိုမျိုးဝင်းတို့အိမ်ထဲကိုဝင်သွားတယ်ဗျ ။လူတွေ
လည်း အငွေ့ဖြူ ဖြူ ကြီးကို တအံ့တသြနဲ့ကြည့်ပြီး အနောက်
ကနေ ကပ်လိုက်သွားကြတယ်။
ဒါဆိုရင် ကျွန်တော်တွေးမိပြီဗျ ။
ငထိန်ဆိုတာ ကုက္ကို ပင်မှာနေတဲ့ တစ္ဆေတစ်ကောင်။ဒါကို
တစ္ဆေမကနေရာလုပြီး သတ်ပုတ်တော့ ငထိန်ဆိုတဲ့တစ္ဆေက
ပြန်သတ်ပုတ်လို့ ‘ဝုန်း၊ဝုန်း…..’ဆိုတဲ့ ကုက္ကိပင်လှုပ်သံကြီး
တွေ ပေါ်လာတာဖြစ်မယ်ဗျ ။ငထိန်က မယ်ညို လို့ခေါ်တဲ့
တစ္ဆေမထက် တန်ခိုးထွားလို့ တစ္ဆေမက မတွန်းလှန်နိုင်ဘဲ
အောက်ကို ‘တဘုန်းဘုန်း’နဲ့ပြုတ်ကျနေတာဖြစ်မယ်ဗျို့။
ထင်မြင်ချက်လေးနဲ့တွေးကြည့်တာပါဗျာ။

ဟော၊အဘကအိမ်ပေါ်ရောက်တော့ အောက်ထပ်က ဘုရား
ခန်းရှေ့မှာ ဘုရားရှိခိုးပြီး၊အထက်ပထမံပုဂ္ဂိလ်တွေကို သစ္စာ
ပြု တိုင်တည်တယ်ဗျ ။ပြီးတော့ သင်ဖျူ းဖျာပေါ်မှာ တင်ပလ္လင်
ခွေထိုင်လိုက်ပြီး…..

“ကဲ တစ္ဆေမ သမီးမယ်ညို ၊အဘရှေ့ကို ခုချက်ချင်း ရောက်
လာပေတော့ကွယ့်”

“ဟီး…ဟီး…အဘ သမီးကိုခွင့်လွှတ်ပါ”

တစ္ဆေမ မယ်ညိုက နတ်ကတော်ဒေါ်မဲကြီးကိုဝင်ပူးပြီး
သည်းကြီး မည်းကြီးငိုချရောဗျို့။

“အဘခွင့်လွှတ်ပါတယ်။ကဲ ရွာသားတွေတိတိကျကျသိရ
အောင် အဘ သမီးကိုမေးဦးမယ်”

“ဟုတ် အဘ”

“ရွာထဲကလူတွေကို ခြောက်လှန့်နေတာ သမီးလား”

“ခြောက်လှန့်တာမဟုတ်ဘူး အဘ။မရည်ရွယ်ပဲဖြစ်ခဲ့ရတာပါ။
သမီးက ဗိုက်ဆာလို့ အစားအစာတွေကိုလိုက်ရှာစားနေတာ”

“အေး အေး၊မြောက်ပိုင်းကကုလားကိုက သမီးသတ်လိုက်
တာ လား”

“ဟုတ်တယ် အဘ”

“တောင်ပိုင်းကနေအောင်ကို လည်ပင်းညစ်သတ်ဖို့ လုပ်တာ
ရော သမီးပဲလား”

“ဟုတ်အဘ ၊ဒီကောင်က သမီးကိုမိုက်မိုက်ရိုင်းရိုင်းပြောလို့။
သမီးက ဗိုက်ဆာလို့ခေါက်ဆွဲကြော်လုစားတာကို”

“အေးကွယ့်၊ခု မျိုးဝင်းကိုကြိုးဆွဲချသတ်ဖို့ ကြိုးစားတာကရော”

“ဟုတ်အဘ၊အဲဒါလည်းသမီးပဲ။တောင်ပိုင်းက နေအောင်
တစ်ယောက်တည်းကိုပဲ ရိုးရိုးတန်းတန်းသမီးဒေါသထွက်ပြီး
သတ်မလို့။ဟိုကုလားနဲ့မျိုးဝင်းဆိုတဲ့ကောင်တွေကိုတော့
သမီးအငြှို းရှိလို့ကိုသတ်တာ အဘ။ဒီကောင်မျိုးဝင်းတောင်
သူ့မိန်းမ အရောက်မြန်လို့။မမြန်ရင် အခုအသက်ပျောက်နေ
လောက်ပြီ”

တစ္ဆေမ မယ်ညိုက အံကြီးတွေကြိတ်ပြီးပြောတယ်ဗျ ။
ကိုမျိုးဝင်းတို့လင်မယားလည်း ထောင့်ကလေးမှာကပ်နေကြ
ပြီး တစ္ဆေမပြောတာကိုနားထောင်နေတယ်။

“ဒီကောင်နှစ်ကောင် ရက်ရက်စက်စက်သတ်လိုက်လို့
သမီး ဒီဘဝကိုရောက်ခဲ့ရတာ အဘရဲ့”

“ဟာ”

အကုန်လုံး အံ့သြသွားရောဗျို့။

“သူတို့သတ္လိုက္လို့ ”

“ဟုတ်တယ် အဘ။အရင်ဘဝတုန်းက သတ်လိုက်ကြတာ။
အဲဒီဘဝတုန်းက သူတို့က ညီအစ်ကိုတွေ။လှအောင်နဲ့
လှဆောင်။အတိုးပေးစားကြတာ။သမီးလည်း ယာလုပ်ဖို့
အရင်းအနှီးလေးလိုတာနဲသူတို့ဆီမှာ အတိုးနဲ့ငွေသွားချေး
မိတယ်။ဒါပေမယ့် အဲဒီနှစ်သီးနှံမအောင်လို့ သူတို့ကို
အကြွေးမဆပ်နိုင်ဘူး။သမီးသွားတောင်းပန်တော့ အတိုးကို
နှစ်ဆမှတ်မယ်လို့ပြောကြတယ်။သမီးလည်း လျှော့ပေါ့
ပေးဖို့အကြောင်း၊ မတတ်နိုင်တဲ့အကြောင်းကို အကြိမ်ကြိမ်
တောင်းပန်ပြီး အကြိမ်ကြိမ်အသနားခံခဲ့ပေမယ့်လည်း
ဘယ်လိုမှရှင်းပြတောင်းပန်လို့ မရတော့တဲ့အဆုံး သမီးပြန်
လာခဲ့ရတယ်။ကံဆိုးချင်တော့ နောက်တစ်နှစ်ကလည်း သီးနှံ
မအောင်မြင်ပြန်ဘူး။သမီးလည်း စိတ်တွေအရမ်ညစ်ပြီး သူတို့
ဆီကို မသွားဘဲ အိမ်မှာပဲနေပစ်လိုက်တယ်။သမီးရဲ့(၆၀)
အရွယ်အမေကလည်း ကျန်းမာရေးတွေအရမ်းချူ ချာနေတာ
အဘ။ဆန်ပြုတ်ကိုတောင် သမီးအနိုင်နိုင်ရဖို့ကြိုးစားနေရတာ။
ဒီအချိန်မှာဘဲ အဲဒီလှအောင်နဲ့လှဆောင်ဆိုတဲ့ ညီအစ်ကိုတွေ
ဝါးရင်းတုတ်ကြီးတွေကိုင်ပြီး အိမ်ပေါ်ကို ဝုန်းဝုန်း ဒိုင်းဒိုင်းနဲ့
တက်လာတော့တာပဲ အဘ။သမီးကိုလည်း သူတို့အကြွေးကို
မပေးရကောင်းလားဆိုပြီး ဆဲဆိုကြိမ်းမောင်းပြီး ဘာမှရှင်းပြ
ခွင့်တောင်မပေးကြဘဲ ဝါးရင်းတုတ်တွေနဲ့ရက်ရက်စက်စက်
ရိုက်သတ်လိုက်ကြတာ…။အဲဒါကြောင့် သမီးဒီဘဝကို
ရောက်လာခဲ့ရတာ အဘ၊ဟီး…..။သမီးအမေလည်း သမီးသေ
ပြီး(၂)ရက်အကြာမှာပဲ သမီးစိတ်နဲ့ဆုံးသွားခဲ့ရတာ။သမီး
လည်း ဒီကောင်တွေကို ကမ္ဘာမကြေလို့ အစွမ်းတွေတိုးလာ
အောင်လေ့ကျင့်ပြီး အနှစ်(၉၀)တိတိ သမီးစောင့်နေခဲ့တာ
အဘ။သမီးမကျေနပ်ဘူး…ဟီး…..”

တစ္ဆေမက ပြောပြောပြီးငိုရောဗျ ။
ရွာသူ ရွာသားတွေလည်း အစကတစ္ဆေမကိုမကျေနပ်ကြပေမယ့် တစ္ဆေမရဲ့သနားစရာ
အဖြစ်အပျက်ကိုကြားလိုက်ရတော့ မျက်ရည်ဝဲတဲ့သူကဝဲ၊
စုတ်သပ်တဲ့သူက စုတ်သပ်လို့ဗျ ။
ကျွန်တော်နဲ့မောင်ထွန်းကတော့ မျက်ရည်ဝဲနေရုံတင်မဟုတ်
ဘဲ မျက်ရည်တွေပါအလိုလိုစီးကျနေတာ။

“သမီး…အဘပြောမယ်။သမီးသတ်လိုက်လို့ ခုဆိုလူတစ်
ယောက်သေသွားပြီနော်။သမီးမှာ အကုသိုလ်တွေလည်း
ပိုလို့တိုးသွားပြီ။သမီးသာဝဋ်ကြွေးကို ဝဋ်ကြွေးလို့ မမှတ်
ယူဘဲ အငြှို းအတေး အာဃာတအဖြစ်နဲ့မှတ်ယူနေရင်
သံသရာရှည်နေလိမ့်မယ်ကွယ့်။ပြု သူအသစ်၊ခံရသူ
အဟောင်းပါ။ဝဋ်ကြွေးရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီဝဋ်ကြွေး
ရဲ့တန်ပြန်သက်ရောက်မှုကို ဘယ်လိုမှငြင်းပယ်လို့ရတာ
မဟုတ်ဘူးကွယ့်။ဝဋ်မှာအမြဲ ငရဲမှာအပလေ။ဘုရားကိုယ်
တော်မြတ်တောင် ဝဋ်ကြွေးရှိလို့ပေးဆပ်ခဲ့ရတာပဲသမီးရယ်။
ဖြစ်သမျှကို ဝဋ်လို့မှတ်ပြီး သည်းခံနိုင်အောင်ကြိုးစားပါ။
သင်ပုန်းချေပါ။အာဃာတတွေမထားပါနဲ့။အဘက သမီးရဲ့
ရှေ့ရေးကို တွေးပူလို့ ပြောပြတာပါကွယ်”

“ဟုတ် အဘ၊သမီးနားလည်ပါပြီ”

“သမီးမှာ အတည်တကျနေရတဲ့ နေရာမရှိဘူးလားကွယ့်။
ဘာကြောင့်သူများအပင်တွေကို တိုက်ခိုက်ပြီး လုချင်နေရ
တာတုန်း”

“နေရာလုတာမဟုတ်ဘူး အဘ။သမီးက အပြစ်တစ်ခုကျူ း
လွန်ထားလို့ ကုဝေရနတ်မင်းကြီးရဲ့ဒဏ်သင့်ထားတာပါ။
အနှစ်(၅၀၀)ပြည့်မှ သမီးနေရာရမှာ။ခုက ကလဲ့စားချေချင်
စိတ်တွေနဲ့ရန်လိုမိလို့ သူတို့ကိုတိုက်ခိုက်မိတာပါ”

“အေးပါ…နောက်တစ်ခါ ဒီရွာကိုမလာရတော့ဘူးနော်။
သမီးကို ရွာသားတွေလန့်နေကြပြီ”

“ဟုတ် အဘ၊သမီးထွက်သွားပေးမှာပါ။အငြှို း၊အာဃာတ
တွေလည်း သမီးသင်ပုန်းချေလိုက်ပါပြီ။ခု သမီးဗိုက်ဆာလို့
သမီးကိုထမင်းလေးကျွေးပါလား အဘရယ်”

“အေး အေး၊ဟဲ့ မျိုးဝင်း…မင်းတို့အိမ်မှာ ဘာအသားဟင်း
ရှိသေးတုန်း”

အဘက ကိုမျိုးဝင်းကို လှမ်းအော်မေးတယ်ဗျ ။

“ကြက်သားဟင်းရှိတယ် အဘ”

“အေး ထမင်းနဲ့များများလေးထည့်ခဲ့ပြီး ယူခဲ့စမ်းကွယ်။
ဒီက သမီးကိုကျွေးဖို့”

ခဏကြာတော့ ကိုမျိုးဝင်းက ဇလုံကြီးကြီးတစ်ခုနဲ့ထမင်း
များများ ဟင်းများများထည့်လာတယ်ဗျ ။

“အေး၊သမီးမယ်ညို ရဲ့ရှေ့မှာ ချ ပေးလိုက်”

ကိုမျိုးဝင်းက တစ္ဆေမမယ်ညို ရဲ့ရှေ့မှာ ထမင်းဇလုံချပေးလိုက်
တယ်။
ပြီးတော့ တစ္ဆေမက ခေါင်းငုံ့ပြီး အာသာငမ်းငမ်းနဲ့ပလုပ်
ပလောင်းစားလေရောဗျ ။မြင်နေတာကတော့ ဒေါ်မဲကြီးပေါ့
ဗျာ။အမှန်ကတော့ တစ္ဆေမမယ်ညို ပေါ့။
ရွာသူ ရွာသားတွေလည်း တစ္ဆေမမယ်ညိုကိုသနားလွန်းလို့
ငေးကြည့်နေကြတယ်။
ခဏနေတော့ တစ္ဆေမ ထမင်းစားလို့ပြီးသွားတယ်။ပြီးတော့
လူအုပ်ကြီးကို မျက်လုံးကျယ်ကျယ်ကြီးနဲ့ကလယ် ကလယ်
လိုက်ကြည့်နေတယ်ဗျ ။

“ဟေ့…နဲနဲဘေးကပ်လိုက်ကြ။အပေါက်ကသူတွေလည်း
လမ်းပေါက်ဖွင့်ပေးလိုက်ကြ”

အဘကပြောလိုက်တော့ လူတွေအကုန်လုံး ဘေးကိုကပ်
လိုက်ကြတယ်ဗျ ။လမ်းရှင်းသွားတယ်။
ဟာ၊ဒေါ်မဲကြီးရဲ့ခန္ဓာကိုယ်ထဲကနေ ဖြူ ဖြူ အငွေ့လေး
လွင့်ထွက်လာတယ်ဗျို့။
ဒေါ်မဲကြီးလည်း ကြမ်းပြင်ပေါ်ကို ပျော့ခွေလဲကျ သွားတယ်။
ဒေါ်မဲကြီးရဲ့ခန္ဓာကိုယ်ထဲကနေ တစ္ဆေမထွက်သွားပြီပေါ့ဗျာ။

ဟော ဟော၊အငွေ့ဖြူ ဖြူ လေးက ရှင်းနေတဲ့လမ်းအတိုင်း
လွင့်သွားပြီး အိမ်အပြင်ကိုထွက်သွားပြီဗျ ။ပြီးတော့ ခြံထဲက
တစ်ဆင့် ရွာလမ်းအတိုင်း တရွေ့ရွေ့လွင့်သွားတယ်။
တစ္ဆေမ ရွာထဲကနေထွက်သွားပြီ။
ကျွန်တော်တို့တွေလည်း အဝေးကနေ ကြည့်နေကြတာပေါ့
ဗျာ။
သနားစရာ တစ္ဆေမရဲ့ဘဝက အနှစ်(၅၀၀)မပြည့်မချင်း
တေလေဘဝနဲ့ဆက်ပြီး နေနေရဦးမှာပေါ့။

×××××××××××××

ကျန်းမာ ချမ်းသာကြပါစေ

ပြီးပါပြီ

စာရေးသူ= စက်လေးတာတီးအားလေးစားလျက်