တစ်ပွဲစားအရူးကြီး(စ/ဆုံး)

Unicode Version

တစ်ပွဲစားအရူးကြီး(စ/ဆုံး)
——————————–
တောနက်အတွင်းရှိ စမ်းချောင်းငယ်တစ်ခုဘေးက ကျောက်တုံးကြီးတစ်ခုပေါ်၌ လူငယ်တစ်ဦးသည် ဆောင့်ကြောင့်ထိုင်၍ စမ်းချောင်းရေစီးဆင်းပုံကို အဓိပ္ပါယ်မဲ့စွာငေးကြည့်နေမိသည်။ သူ၏မျက်ဝန်းအထက်ဆီ၌ ပြိုတော့မည့်မိုးသကဲ့သို့ မျက်ရည်များဝဲတက်လာခဲ့သည်။
ထိုသူသည် အလျှင်စလို ဝဲတက်လာသော်မျက်ရည်စများကို ညာလက်ဖမိုးနှင့် ခတ်ကြမ်းကြမ်းသုတ်ပြစ်လိုက်၏။ ထို့နောက် ကောင်းကင်၌သွားလာနေကြသော် တိမ်စိုင်တိမ်ခဲများကိုမော့ကြည့်ကာ- “ငါလဲမင်းတို့လို… လွတ်လပ်ချင်လိုက်တာကွာ။”ဟူ၍ စိတ်အစဉ်၌ တွေးတောလိုက်လေသည်။
ထိုသူသည် အသက်အားဖြင့် ၁၆နှစ်ခန့်သာရှိသော် ကလေးငယ်တစ်ဦးသာဖြစ်လေ၏။ သူသည် ကျောက်တုံးကြီးပေါ်မှဆင်းကာ ကျောက်တုံး၏အနောက်ဘက်၌ သူချထားခဲ့သော် ထင်းစီးကြီးကိုထမ်းကာ တောအတွင်းမှထွက်ခဲ့လေသည်။
ထင်းစီးနှင့်လူမှာ အားမမျှသော်ကြောင့် လမ်း၌အကြိမ်ကြိမ်နားရသည်။ ထင်းကိုင်းများ၌ပါသော် သစ်ကိုင်းငုတ်တိုကလေးများသည်လည်း သူ၏ပခုံးအား လာလာထိသော်ကြောင့် ပခုံး၌အနည်းငယ်ရှရာများနှင့် သွေးစကလေးများဆို့နေသည်။
ထင်းစီးအား ရွာလမ်းမလေးအတိုင်း ထမ်းလာခဲ့ရင်း လမ်းချိုးလေးတစ်ခုကိုချိုးဝင်လိုက်ကာ လေးအိမ်ကျော် ငါးအိမ်မြောက်၏ ခြံအတွင်းကိုဝင်ကာ ထင်းပုံဘေး၌ ထင်းစီးကိုပစ်ချလိုက်လေသည်။ နှစ်ထပ်ပျဉ်ထောင်အိမ်ကလေး၏ အရှေ့၌ တန်လျားခုံပေါ်ထိုင်နေသော် လူကြီးတစ်ယောက်ရှိ၏။
ထိုလူ၏ရှေ့၌ရှိသော် ခြေလေးချောင်းထောက်စားပွဲခုံပေါ်၌ အရက်တစ်ပုလင်းကထောင်၍ ပုလင်းနှစ်လုံးကလဲနေသည်။ ပန်းကန်များဖြင့်ထည့်ထားသော် အကြော်လှော်များသည်လည်း စားပွဲခုံပေါ်၌ ဟိုတစ်စဒီတစ်စပျံ့ကြဲလျက်ရှိပေ၏။
တန်လျားခုံပေါ်ထိုင်နေသော်လူကြီးသည် ထင်းစီးထမ်း၍ပြန်လာသော်လူငယ်အား မလိုလားသည့်မျက်နှာနှင့်ကြည့်ကာ တောက်ခတ်လိုက်သည်။
“ဟေ့ကောင်.ငထိုက်…. လာစမ်းပါအုံးကွ။ မင်းကဘာလဲ…. ထင်းလေးတစ်စီးခုတ်ခိုင်းလိုက်တာမနက်ကတည်းက…. ဒီအချိန်ထိကြာရလားကွဟေ..အေ့။ အိမ်မှာမင်းလုပ်ရမဲ့အလုပ်တွေကို… ငါကလုပ်ရမှာလားကွ.. ပြောစမ်း. မင်းဘယ်အလေလိုက်နေတာလဲ။”
ငထိုက်ဆိုသည့်ကလေးသည် ကြောက်ကြောက်လန့်လန့်နှင့် ထိုသူ၏ဘေးကိုလက်ကလေးပိုက်၍ မတ်တတ်ရပ်ကာ မျက်ရည်အဝိုင်းသားဖြင့်ကြည့်နေ၏။
“ကျုပ်…ကျုပ်ဘယ်အလေမှလိုက်တာ..မဟုတ်ပါဘူးဦးလေးစိန်သီးရယ်…. တောထဲမှာ… ထင်းခုတ်ရတာမောလို့…. ခဏထိုင်နေမိတာပါ။ ပြီးတော့လဲ ထင်းက…. တောအစပ်မှာရှာမတွေ့တာနဲ့….. တောနက်ထဲထိဝင်ပြီးရှာနေရလို့ကြာသွားတာပါ။”
“ဟာကွာ…တိတ်စမ်း!! မင်းရဲ့ဆင်ခြေဆင်လက်ဆင်နားရွက်တွေကို…. ငါနားမထောင်ချင်ဘူး။ မင်းကဘာလဲကွ… ခုဏကထင်းစီးချတုန်းကလဲ ဝုန်းကနဲပစ်ချလိုက်တယ်။ ဘာလဲမင်းက…ဒီအလုပ်တွေမလုပ်ချင်ဘူးလား… အေး…မင်းမလုပ်ချင်ဘူးဆိုရင်လဲ… ငါ့အိမ်မှာမနေနဲ့နော်ဟေ့ရောင်။”
“မ….မဟုတ်ပါဘူးဦးလေးရယ်။ ထင်း….ထင်းစီးက လေးလွန်းလို့…. ပစ်ချမိတာပါ။ အိမ်ပေါ်ကနေတော့… နှင်မချပါနဲ့နော်။ ကျုပ်ဦးလေးခိုင်းတာအကုန်လုပ်ပါ့မယ်။”
”အေး… အခုအိမ်နောက်ဖေးမှာ… အဝတ်တွေမင်းအဒေါ်ပုံထားတယ်။ သွားလျှော်ချည်သွား။ ငါ့အဝတ်တွေချေး(ဂျီး)မပြောင်လို့ကတော့… ဟောဟိုမှာထောင်ထားတဲ့…. နွားရိုက်တဲ့ကြိမ်ကမင်းအတွက်ပဲနော်။”
”ဟုတ်…ဟုတ်ကဲ့ဦးလေး။”
ငထိုက်ဆိုသည့်ကလေးသည် အိမ်နောက်ဖေးသို့ဝင်သွားကာ ကျောက်စီဘေးက ပုံထားသော်အဝတ်များကို လျှော်နေလေ၏။ ငထိုက်သည် သူမွေးကင်းစအရွယ်ကတည်းက မိဘနှစ်ဦးစလုံးမှာ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားသော်ကြောင့် အဒေါ်ဖြစ်သူမှခေါ်ယူကာ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည်။
သို့သော်လည်း အဒေါ်ဖြစ်သူမှာ အမှန်တကယ်မေတ္တာရှိ၍ သဒ္ဒါလို့ကျွေးမွေးခဲ့သည် မဟုတ်ချေ။ ပတ်ဝန်းကျင်၏မေးငေါ့စရာ၊ ကဲ့စရာဖြစ်မှာစိုး၍ သူ့အား မကောင်းတတ်လို့ကျွေးမွေးလာသည်ကို ငထိုက်ငယ်စဉ်အခါကတည်းက သိရှိခဲ့ရသည်။
သူ၏အဒေါ်အိမ်မှလွဲ၍ အခြားခိုကိုးရာဟူ၍ မရှိသော်ကြောင့် ငထိုက်မှာမူ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၍ နေမြဲနေနေရ၏။ တစ်ခါတရံ အဒေါ်၏လင်ယောက်ျားဖြစ်သူ ဦးစိန်သီးမှာ သူ့အားအပြစ်မရှိအပြစ်ရှာ၍ နွားရိုက်သည့်ကြိမ်တံဖြင့် အရက်မူးလာတိုင်း ရိုက်နှက်လေသည်။
ထို့ကြောင့်ခန္ဓာတစ်ခုလုံးသည်လည်း နေရာလပ်မကျန် အမာရွတ်များဖြင့်ပြည့်နေ၏။ ဤအိမ်မှထွက်ပြေးချင်သော်လည်း သူ့အားယခုလိုခေါ်ယူ၍ ကျွေးမွေးမဲ့သူမရှိသော်ကြောင့် ညစဉ်အံကြိတ်၍ခိုးငိုကာ မရှိတော့သည့်မိဘနှစ်ပါးကိုသာ အပြစ်တင်နေခဲ့ရသည်။
ငထိုက်သည် အဝတ်များလျှော်ဖွပ်၍ပြီးသွားသောအခါ ရေတစ်ခါတည်းချိုးလိုက်လေ၏။ ရေချိုး၍ပြီးသွားသည်နှင့် အဝတ်အစားများလဲ၍ မီးဖိုချောင်ထဲသို့ဝင်ကာ ထမင်းအိုး၊ ဟင်းအိုးများကိုလှပ်ကြည့်နေခိုက် သူ၏အနောက်မှ ဦးစိန်သီးရောက်လာခဲ့သည်။
“ဟေ့ကောင်…. မင်းဘာလုပ်နေတာလဲ။”
”ကျုပ်ထမင်းစားမလို့ပါဦးလေး။”
”ဘာကွ… မင်းကိုဒီဟင်းတွေနဲ့… ဘယ်သူကကျွေးမယ်ပြောလို့လဲ။ သွားစမ်းသွား ဟိုအုပ်ဆောင်းအောက်မှာငပိရည်နဲ့ထမင်းဖြူရှိတယ် အဲဒါပဲသွားစားချည်။”
”ကျုပ်လည်းတစ်ခါတလေ… ဟင်းကောင်းကောင်းလေးနဲ့…ထမင်းစားချင်လို့ပါဦးလေးရယ်။”
”ငါ့ကိုမျက်ရည်ခံလာထိုးပြမနေနဲ့… ဘာမှအဖြစ်မရှိတဲ့ကောင်… ယောက်ျားဖြစ်ပြီးတစ်ခုခုဆိုငိုဖို့ဘဲတတ်တဲ့ကောင်။ သွားစမ်းသွား.. မင်းငါ့အရှေ့ကထွက်သွားစမ်း။”
ငထိုက်သည် မျက်ရည်စများကိုလက်ဖမိုးနှင့် သုတ်လိုက်ကာ အုပ်ဆောင်းကိုလှပ်၍ ကြည့်လိုက်သောအခါ ထမင်းဖြူတစ်ပန်းကန်နှင့် ငပိရည်တစ်ခွက်ကိုတွေ့လိုက်ရ၏။ ထမင်းဖြူပေါ်သို့ ငပိရည်များစမ်း၍ ဗိုက်ဆာဆာနှင့်ပလုပ်ပလောင်းစားလိုက်သည်။ ထိုအချိန်၌ သူ၏ဇာတ်ပိုးဆီသို့ လက်ဝါးဆောင်းတစ်ခုက ဖောင်းကနဲကျရောက်လာ၏။
“အွတ်….ဖူး။”
ဇာတ်ပိုးအားအရိုက်ခံလိုက်ရသည့်အရှိန်ကြောင့် အွတ်ကနဲမြည်ကာ ပါးစပ်ထဲမှထမင်းကို အပြင်သို့ဖူးကနဲမှုတ်ထုတ်မိသွားသည်။ ငထိုက်သည် ပါးစပ်မှာကပ်နေသည့် ထမင်းလုံးများကိုလက်နှင့်သုတ်ရင်း အနောက်သို့လှည့်ကြည့်လိုက်သောအခါ ကြိမ်လုံးအားကိုင်၍ သူ့အားဒေါသတကြီးနှင့် ရပ်ကြည့်နေသော် ဦးစိန်သီးကိုတွေ့လိုက်ရသည်။
“ကျုပ်…ကျုပ်ကိုဘာလို့ရိုက်တာလဲဦးလေးရာ။”
”မင်းကိုထမင်းစားရင် ခွေးလိုမစားဖို့ငါမပြောထားဘူးလားကွဟေ။ ထမင်းကိုလက်နဲ့စားရင် ထမင်းတစ်စိအောက်ကိုမကျဖို့လဲပြောထားတယ်။ ဒါကိုမင်းကငါ့စကားကိုနားမထောင်ဘူး။ မင်းမှာအပြစ်ရှိတယ်… ငါမင်းကိုရိုက်မယ်….ကဲကွာ!!..ကဲကွာ!!။”
”အ..အ…တောင်းပန်ပါတယ်ဦးလေးရယ်… ကျုပ်နောက်မလုပ်တော့ပါဘူးဗျ။ အောင်မလေးဗျ!!။”
”နွားလိုကောင်မင်းက… ဘယ်လောက်ရိုက်ရိုက်အသိတရားရှိမယ့်ကောင်မဟုတ်ဘူး။ ဒီနေ့တော့မင်းနဲ့ငါအတွေ့ဘဲငထိုက်ရေ။ ကဲကွာ!!…ကဲကွာ။!!”
”အား!!…ကြောက်ပါပြီဗျ။ နောက်မလုပ်တော့ပါဘူးဗျ။”
ငထိုက်သည် ဦးလေးဖြစ်သူကြိမ်တံနှင့်ရိုက်သမျှကို မြေပြင်ပေါ်၌ လူးလိမ့်ကာခံနေရလေသည်။ ဦးစိန်သီးသည်လည်း ငထိုက်ကိုတရေစပ် ရိုက်နှက်နေခဲ့၏။ ထိုစဉ် ငထိုက်၏အတွေးထဲ၌ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်မာချလိုက်တော့သည်။ လူးလိမ့်အော်ဟစ်နေရာမှ အံကိုခတ်တင်းတင်းကြိတ်ကာ မျက်ရည်များရွှဲနေသည့် မျက်လုံးအိမ်အတွင်းကနေ ဦးစိန်သီးကိုစူးစိုက်ကြည့်လိုက်၏။
ဦးစိန်သီးသည် ကြိမ်တံလွှဲ၍ ရိုက်လိုက်ချိန်၌ ငထိုက်သည် ကြိမ်လုံးကိုဆက်ကနဲဆွဲလုကာ အလျင်အမြန်ထ၍ ကြိမ်လုံးဖြင့်ဦးစိန်သီး၏ ညာဘက်နထင်ကို အားနှင့်လွှဲရိုက်ချလိုက်သည်။ ရိုက်ချက်သည် မည်မျှပြင်းထန်သည်မပြောတတ်ချေ။ ကြိမ်လုံးထက်ပိုင်းကျိုးကာ ဦးစိန်သီးသည်လည်း ခေါင်း၌ သွေးများဖြာထွက်၍ မြေပြင်ပေါ်လဲကျသွားလေ၏။
ငထိုက်သည် ဦးစိန်သီးကိုလှုပ်နိုးကြည့်သည်။ ဦးစိန်သီးမှာမနိုးချေ။ ဇောချွေးများပြန်လာကာ ကြောက်စိတ်ဖြင့် အိမ်အတွင်းကနေပြေးထွက်လိုက်သည်။ ခြံဝဆီမှအဒေါ်ဖြစ်သူက အကြွေးတောင်းရာမှ ပြန်လာသည်ကို ငထိုက်တွေ့လိုက်ရ၏။ ငထိုက်သည်ကြောက်ကြောက်လန့်လန့်ဖြင့် အဒေါ်ဖြစ်သူဘေးမှဖြတ်သွားလိုက်သည်။
“ဟဲ့… ငထိုက်ဘယ်သွားမလို့လဲ။ ဟဲ့ငါမေးနေတယ်လေ။ ဪ….ဒီကောင်လေးကတော့။”
ငထိုက်သည်အဒေါ်ဖြစ်သူအား ကြောက်ကြောက်လန့်လန့်နှင့် ကြည့်ကာ တချိုးတည်း ခြံထဲကနေထွက်ပြေးခဲ့လေသည်။ အဒေါ်ဖြစ်သူသည် ငထိုက်ကိုနားမလည်နိုင်စွာကြည့်ကာ အိမ်ထဲသို့ဝင်လိုက်ချိန်၌ သွေးအိုင်ထဲဖြင့်လဲကျနေသော် ယောက်ျားဖြစ်သူကိုတွေ့ရှိသွားကာ အလန့်တကြားအော်ဟစ်လိုက်လေ၏။
ဦးစိန်သီးသည် နေရာမှာတင်ပွဲခြင်းပီးသေဆုံးသွားခဲ့သည်။ ငထိုက်သည် လူသတ်တရားခံဆိုသည်မှာ သေချာနေသော်ကြောင့် ငထိုက်အားဝရမ်းပြေးတရားခံဖြင့်အမိန့်ထုတ်လိုက်လေ၏။ ငထိုက်သည်တော့ ခြေဦးတည့်ရာပြေးလာခဲ့ရာ တောနက်ပိုင်းဆီသို့ဖြစ်သည်။
++++++ ++++++
”ဆက်ပြောပါအုံးသားရဲ့… အဲဒီငထိုက်ဆိုတဲ့ကလေး… ဘာဖြစ်သွားလဲ။”
အထက်ပါဖြစ်ရပ်များမှာမူ သူရကသူ၏မိဘနှစ်ပါးနှင့် သူ၏သူငယ်ချင်းဖြစ်သူတို့ကို အိမ်ရှေ့တန်းလျားခုံပေါ်၌ ပြောပြ၍နေခဲ့ခြင်းသာဖြစ်၏။ သူရသည် ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လိုက်ကာ နောက်တစ်ခွက်ထက်ငှဲ့လိုက်လေသည်။
“ငထိုက်ဆိုတဲ့ကလေးက….. အဲဒီတောနက်ထဲကနေပြန်မထွက်ရဲတော့ဘူးအဖေရ။ အသက်ကလဲငယ်သေးတော့… ဦးစိန်သီးသေဆုံးပုံကိုပြန်ပြန်မြင်ယောင်လာတယ်လေ။ နောက်တော့ သည်းခြေပျက်ပြီးတောနက်ထဲမှာအရူးတစ်ပိုင်းဖြစ်သွားရှာတယ်။”
”ဒါနဲ့နေပါအုံးသူရရဲ့…. မင်းကဒီအကြောင်းတွေဘယ်လိုသိနေတာလဲ။”
သူရ၏သူငယ်ချင်းဖြစ်သူ ဗျားလေးမှမေးလိုက်ခြင်းဖြစ်၏။
”ငါဦးဘခိုင်ဆီကပညာတွေသိမ်းပြီးတော့… ရွာတော်ရှင်ကိုအချုပ်နှောင်ကနေလွှတ်ပေးလိုက်တယ်လေ။ အဲဒီမှာငါက…ကိုထူးနဲ့ဟန်ကြီးကို…အင်းနှစ်ချပ်ပေးလိုက်တယ်။ သူတို့ရွာထဲကိုသွားပြီး ခဏအကြာတော့…. မင်းတို့ကအောက်ပညာသည်လို့ထင်နေတဲ့… လူကြီးရောက်လာတယ်ကွ။ သူကငါ့ကိုဒါတွေပြောပြလိုက်တာ။”
”သူကအောက်ပညာသည်မဟုတ်ရင်… ဘာလဲကွသူရ။”
ဟန်ကြီး၏အမေးကိုသူရက ခတ်ပြုံးပြုံးကလေးပြန်ဖြေ၏။
“သူကမြေလျှောက်ဝိဇ္ဇာတစ်ပါးပါကွာ။ ငါ့ကိုအဲဒီကိစ္စအကူညီတောင်းဖို့စောင့်ရင်း… ငါတို့ရွာရဲ့သင်္ချိုင်းမှာ ကျင့်စဉ်တစ်ခုလာကျင့်နေတာပါ။”
“နေပါအုံးကွ ပြောလေရှုပ်လေဖြစ်နေပြီ။ အခုမင်းပြောပြတဲ့အထဲမှာ… ငထိုက်ကရူးသွားတာဘဲပါတာလေ။ ဘာကိုကူညီရမှာလဲ။ ဘာလဲ…မင်းကအဲဒီအရူးကို… ပျောက်အောင်ကုပေးရမှာလား။”
”မဟုတ်ဘူးကွ။ ငထိုက်ကရူးသွားတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ငထိုက်က အရူးဖြစ်ပြီး တောထဲမှာနေတော့…. လူတွေနဲ့ဝေးကွာသွားတယ်လေ။ အရိုင်းစိတ်တွေဝင်ပြီး… သားစိမ်းငါးစိမ်းတွေကိုအရှင်လတ်လတ်စားသောက်တယ်။ နောက်ကြတော့… သူ့ရဲ့အကုသိုလ်ကံတွေက… သူ့ကိုဒဏ်ခတ်လိုက်တယ်။ ငထိုက်ကအခု အဲဒီတောထဲမှာ တစ်ပွဲစားကြီးဖြစ်နေပြီ။
လူ့ဘဝတုန်းက…. သူပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတစ်ခုကြောင့်… တစ်ပွဲစားကြီးဖြစ်သွားတော့… ကမ္မဇိဒ္ဓိတန်ခိုးအနည်းငယ်ရှိသွားတယ်။ ဒါပေမဲ့ စိတ်ရိုင်းဝင်ပြီးရူးနေတာတွေက… တစ်ပွဲစားဖြစ်တဲ့အထိပျောက်မသွားဘူး။ တစ်နေ့တော့အဲဒီတစ်ပွဲစားကြီးငထိုက်က…. တောထဲမှာလျှောက်သွားရင်း… ရွာတစ်ရွာကိုတွေ့သွားတယ်။ အဲဒီရွာထဲကိုဝင်ပြီးကျွဲ၊ နွား၊ ဝက်တွေကိုစားသောက်တယ်ကွ။
တဖြည်းဖြည်းနဲ့ တစ်ပွဲစားကြီးက အတင့်ရဲလာပြီးအခုဆို ငါးနှစ်အောက်ကလေးငယ်တွေကိုသတ်ဖြတ်စားသောက်နေပြီကွ။ ကလေးငယ်တွေ ညဘက်လန့်ငိုလို့ မကြည့်မိရင်တော့ အဲဒီမနက်ကြ ကလေးခေါင်းဖြစ်ဖြစ် လက်ချောင်းလေးတွေဖြစ်ဖြစ် တစ်ခုခုပဲကျန်ခဲ့တယ်။ ကလေးကိုတစ်ပွဲစားကြီးက စားသွားပြီလေကွာ။”
“မင်းပြောပုံအရဆို တစ်ပွဲစားကြီးက တော်တော်ကိုဆိုးဝါးနေပြီပဲကွ။”
သူရသည် ခေါင်းညိမ့်ပြလိုက်ကာ ကောင်းကင်ကိုကြည့်၍ တစ်စုံတစ်ခုကိုတွေးတော ကြံစည်နေခဲ့၏။ ဤသို့နှင့် နေ့လယ်ခင်းအချိန်၌ သူရသည် ထမင်းစားသောက်ပြီးသည်နှင့် သူငယ်ချင်းသုံးဦးနှင့်အတူ ရွာလူကြီး ဦးဝင်းမောင်အိမ်ဘက်ကို ခြေဦးလှည့်ခဲ့လေသည်။
အကြောင်းမှာမူ ကာလသားခေါင်းဆောင် ကိုနီတွတ်က သူရထမင်းစားနေခိုက် ရောက်ရှိလာကာ သူကြီးကအခေါ်တော်လွှတ်လိုက်ကြောင်း လာပြောသည်။ ထို့ကြောင့် သူရသည်လည်း ထမင်းစားပြီးသည်နှင့် သူငယ်ချင်းများကိုဝင်ခေါ်ကာ သူကြီးအိမ်ဘက်ကို ခြေဦးလှည့်ခဲ့ခြင်းဖြစ်လေသည်။
သူရသည် သူကြီးခြံရှေ့သို့ ရောက်သည်နှင့် ခြံဝင်းထဲကိုကြည့်လိုက်ချိန်၌ ရွာလူကြီးဦးဝင်းမောင်နှင့်အတူ တန်းလျားခုံပေါ်၌ ပုဝါအနီတစ်ထည်ကို ခေါင်းပေါင်းပေါင်းထားသော် လူကြီးတစ်ဦးနှင့် အသက်၃၀ ဝန်းကျင်ခန့်ဟု ခန့်မှန်းမိသော်လူတို့ ထိုင်နေသည်ကိုမြင်တွေ့လိုက်ရ၏။
သူရသည်ဖြည်းဖြည်းနှင့် ခတ်မှန်မှန်ကလေးဝင်လာခဲ့သည်။ သူကြီးသည် ခြံထဲသို့ဝင်လာသော် သူရကိုတွေ့သည်နှင့် သူစိမ်းဧည့်သည်နှစ်ဦးအား လက်ညိုးထိုးပြကာ အပြုံးကြီးပြုံးနေလေ၏။ ထိုသူစိမ်းဧည့်သည်နှစ်ဦးသည် သူရကိုလှည့်ကြည့်လိုက်ချိန်၌ ထိုသူတို့သည် သံသယမျက်လုံးနှင့် ကြည့်နေသည်ကို သူရသိလိုက်သည်။
“မောင်သူရတောင်ရောက်လာပါ့ကော… ကဲလာဒီမှာထိုင်။ မောင်သူရကိုမိတ်ဆက်ပေးရအုံးမယ်။ ဒါက ဟိုဘက်နှစ်ရွာကျော်က ကင်းမရွာသူကြီး..ဦးထွန်းအောင်တဲ့…. ဒီဘက်ကသူ့သားစိုင်းအောင်တဲ့။”
”ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်သူကြီး။ ကျွန်တော့်နာမည်သူရပါ။ ဒါနဲ့ကျွန်တော့်ကို… ခေါ်ရတဲ့အကြောင်းရင်းကဘာများလဲသူကြီး။”
သူရသည် ကင်းမရွာသူကြီးနှင့် သူကြီးသားဆိုသူကိုနှုတ်ဆက်ကာ သူ၏ရွာသူကြီး ဦးဝင်းမောင်ဘက်ကိုလှည့်၍ မေးလိုက်ခြင်းပင်ဖြစ်သည်။ ဦးဝင်းမောင်သည် ကင်းမရွာသူကြီးဦးထွန်းအောင်ကိုကြည့်ကာ မေးငေါ့ပြလိုက်၏။
“ဦးထွန်းအောင်က… သူတို့ရွာမှာထူးထူးဆန်းဆန်း ကိစ္စတစ်ခုဖြစ်နေလို့… မောင်သူရကိုလာပင့်တာတဲ့။”
”ဟုတ်ပါတယ်ဆရာလေး။ ကျုပ်တို့ရွာမှာ…. အလွန်ထူးဆန်းတဲ့ပြဿနာတစ်ခုဖြစ်နေလို့ဆရာလေးကိုလာပင့်ရတာပါ။”
”ဘယ်လိုမျိုးများလဲ။”
“အကြောင်းစုံကိုကျုပ်ရှင်းပြပေးပါ့မယ်။ ကျုပ်တို့ရွာမှာ လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကစပြီး မွေးမြူထားတဲ့ကျွဲတွေ၊ နွားတွေပျောက်ကုန်ပါတယ်။ တစ်ခါပျောက်ရင်လဲ ငါးကောင်ထိကိုပျောက်တာပါ။ နခိုး(နွားသူခိုး)ခိုးတဲ့ပြောရအောင်ကလဲ အဲဒီနွားတွေပျောက်သွားတဲ့နေရာမှာ သွေးကွက်တွေနဲ့ ခြေရာအကြီးကြီးတွေကိုတွေ့ရလို့… နခိုးခိုးတာတော့မဖြစ်နိုင်ပါဘူး။
အဲဒီလိုစပျောက်တုန်းကတော့… ကျုပ်တို့ကတောသူတောင်သားတွေမလို့… အသိဉာဏ်နည်းပါးပြီး… နခိုးကနွားကိုတစ်ခါတည်းပေါ်(သတ်)ပြီးမှ ယူသွားတယ်ဆိုပြီး ထင်ကြပါတယ်။ ကင်းပုန်းတွေချကင်းတွေစောင့်ပင်မဲ့… နွားတွေကမျက်စိရှေ့မှာတင်ကို…. ဖြန်ကနဲပျောက်ပျောက်သွားတာပါ။
နောက်လေးငါးရက်လောက်ကြာတော့…. ကျွဲပျောက်နွားပျောက်မဖြစ်တော့ပင်မဲ့… ရွာက ကလေးငယ်တွေတစ်ယောက်ပြီးတစ်ယောက် ပျောက်သွားပါတယ်။ ပျောက်တာကလဲထူးဆန်းပါတယ်။ ကလေးအိပ်တဲ့နေရာမှာ… သွေးစတွေနဲ့ ကလေးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတချို့ပဲကျန်ခဲ့တာပါ။
ကျုပ်တို့လည်း… အဲဒီအခါကြမှ တစ်ခုခုတော့ထူးပြီဆိုပြီး… ပယောဂဆရာတစ်ယောက်ကိုရှာပြီး…. ပင့်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီလူက… ဒီအကောင်ကကြီးလွန်းတယ်။ ငါမနိုင်ဘူးလို့ပြောသွားပါတယ်။ ဒါပေမဲ့ ဘာမှစိတ်မပူကြနဲ့ဆိုပြီး… မင်းတို့ရွာကိုငါဆရာတစ်ပါးလွှတ်လိုက်မယ်လို့ဆိုခဲ့ပါတယ်။
အရင်၂ရက်လောက်က အဲဒီဆရာကြီးပြန်ရောက်လာပြီး မြင်းခကျေးရွာကိုသွား ဆရာလေးသူရကိုပင့်ပြီး ဒီအကောင်ကိုနှိမ်နင်းခိုင်းဆိုလို့ ကျုပ်တို့ဆရာလေးကိုလာပင့်ရတာပါ။
(ထိုဆရာမှာ သူရဆီအကူညီလာတောင်းသော် မြေလျှောက်ဝိဇ္ဇာတစ်ဦးပင်ဖြစ်ပါသည်။
စာရေးသူ။)
ဆရာလေးမှမကူညီရင် ကျုပ်တို့ရွာပျက်ရပါလိမ့်မယ်ဆရာလေး။ ဆရာလေးသာ ကူညီပေးပါ ကျုပ်ဆရာလေးတောင်းသလောက် အခကြေးငွေပေးပါ့မယ်။”
သူရသည် ဗြုန်းကနဲမတ်တတ်ထရပ်ကာ မျက်မှောင်ကျုံ့၍ ကင်းမရွာသူကြီးဦးထွန်းအောင်ကို စိုက်ကြည့်လိုက်သည်။ သူရသည် အသိကိုသတိနှင့်ပြန်ထိန်းကာ ဟင်းကနဲသက်ပြင်းကြီးတစ်ချက်ချလိုက်ပြီး ကင်းမရွာသူကြီးကို တစ်လုံးခြင်းပြောလေ၏။
“ဒီကသူကြီးဦးထွန်းအောင်အနေနဲ့… ကျုပ်ကိုအကူညီတောင်းတဲ့ကိစ္စမှာ ကျုပ်အနေနဲ့ကူညီပေးနိုင်ပါတယ်။ တစ်ခုရှိတာကတော့… ကျုပ်ကအခကြေးငွေနဲ့ကုနေတဲ့ဆရာတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် စကားပြောတာလေးဆင်ခြင်ပေးပါ။”
ကင်းမရွာသူကြီးသည် ထိုအခါမှသူစကားမှားသွားမှန်း သိလိုက်လေ၏။
”ကျုပ်စကားက ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဆရာလေးရယ်။ ကျုပ်ရွာသူရွာသားတွေအတွက် စိုးရိမ်စိတ်ကြီးပြီး စကားပြောမှားသွားတာပါ။ ခွင့်လွှတ်ပေးပါ။”
”ရပါတယ်ဗျာ..ကျုပ်နားလည်ပါတယ်။ ဒီနေ့တော့ချက်ချင်းကျုပ်လိုက်လို့မရသေးဘူး။ လိုအပ်တဲ့အင်းစမတွေကို သိဒ္ဓိသွင်းရအုံးမယ်။ ဒီတစ်ညအတွက်တော့ ဘာမှမစိုးရိမ်ပါနဲ့။ ရော့..ဒါကကျုပ်ဆရာတွေကိုယ်တိုင်မန်းသွားတဲ့ရေမန်းပုလင်း။ ဒီရေမန်းကိုပွားပြီးတော့ အိမ်ခြံဝင်းအစေ့ စည်းတားလိုက်ပါ။ အမှောင့်ပယောဂမှန်သမျှ… ခြံစည်းရိုးအနားကိုမကပ်နိုင်ပါဘူး။”
”ဆရာလေးကချက်ချင်းမလိုက်နိုင်တော့ ကျုပ်ဒီညကို ဘယ်လိုလုပ်မလဲတွေးပူမိသွားတာဗျ။ အခုလိုစီစဉ်ပေးတော့လဲ ကျေးဇူးတင်ပါတယ်ဆရာလေးရယ်။”
”တစ်ခုတော့မှာလိုက်ချင်တယ်။ ကျုပ်ပေးလိုက်တဲ့ရေမန်းကို… ယုံယုံကြည်ကြည်နဲ့လုပ်ပါ။ သူကြီးတို့ရွာက အိမ်ခြံဝင်းအပြည့် စည်းတားထားရဲ့နဲ့… လူတစ်ယောက်..မဟုတ်ဘူး….. ကလေးငယ်တစ်ဦးလန့်ငိုခဲ့ရင်တောင်… ကျုပ်ကိုယ်တိုင်သူကြီးတို့ရွာကိုလာပြီး သူကြီးရှေ့မှာလည်စင်းပေးနိုင်ပါတယ်။ ကျုပ်သွားမယ်။”
သူရ၏ ယုံကြည်မှုအပြည့်နှင့် အာမခံရဲမှုတို့ကြောင့် ကင်းမရွာသူကြီးတို့ သံသယများကွယ်ပျောက်ကာ အကြွင်းမဲ့ယုံကြည်သွားခဲ့သည်။ သူရသည် သူ၏သူငယ်ချင်းများကိုပါ ခေါ်ယူရန်ဆုံးဖြတ်ထားသော်ကြောင့် လိုက်၏မလိုက်၏ကို အိမ်သို့အပြန်လမ်း၌ မေးမြန်းလေ၏။
“သူငယ်ချင်းတို့… မနက်ဖြန်ကင်းမရွာကို… ပယောဂကုသွားရမှာဆိုတော့… မင်းတို့လိုက်အုံးမလား။”
”ဘယ်နှယ့်ပြောလိုက်ပါလိမ့်သူရရာ…တို့အကြောင်းလဲမင်းသိသားနဲ့… လိုက်ချင်တာမှတစ်ပိုင်းကိုသေလို့ကွ။ မင်းအတွက်အနှောက်ယှက်ဖြစ်မှာစိုးလို့သာ… ငါတို့ကဘာမှမပြောဘဲနေနေတာ။”
”ကဲဒီလိုဆိုရင်…. မနက်အရုဏ်တက်လောက်ကြသွားကြမယ်။ ငါ့အိမ်ကလှည်းတော့ ယူမရလောက်ဘူးကွ။ နွားတွေကလဲသိပ်နေမကောင်းသလို… လှည်းဘီးဝင်ရိုးကိုလဲပြင်နေရတာ ငါမနက်ကအဖေလုပ်တာတွေ့ခဲ့တယ်။”
”ငါ့အိမ်ကလှည်းယူခဲ့ပါ့မယ်ကွာဘာမှမပူကြနဲ့။”
”ဟန်ကြီးအိမ်ကလှည်းဆိုလို့… မင်းတို့ကိုငါထူးဆန်းတာတစ်ခုပြောပြရအုံးမယ်ကွ။”
”ဟန်ကြီးအိမ်ကလှည်းဆိုလို့… မင်းတို့ကို..ငါထူးဆန်းတာတစ်ခုပြောပြရအုံးမယ်ကွ။”
”ဘယ်လိုထူးဆန်းတာမျိုးမလို့လဲ ကိုထူးရ။”
”ဒီလိုကွ ငါမနေ့က… ဟိုဘက်ရွာကိုငါ့အဖေခိုင်းတာနဲ့သွားရတယ်။ အဖေခိုင်းတာက စောစောပြီးပါတယ်ကွာ။ ငါအဲဒီရွာမှာနည်းနည်းပါးပါး ကစ်ရင်းနဲ့ပြန်ချိန်ကနောက်ကြသွားတာ။ မိုးတော့မချုပ်သေးဘူးကွ။ နေဝင်သွားပေမဲ့ လက်ကျန်အလင်းရောင်လေးတော့ရှိသေးတယ်။
ငါလည်းလှည်းကိုပုံမှန်ထိန်းမောင်းလာရင်း ငါတို့ရွာနဲ့ရှားဇောင်းကန်ရွာနားကြတော့ ငါအရှေ့တည့်တည့်ကနေလှည်းတစ်စီးလာနေတာကို တွေ့လိုက်တယ်ကွ။ ငါလည်း သူတို့လှည်းကိုကြည့်လိုက်တော့ သူတို့ကဖယ်ပေးဖို့မဖြစ်နိုင်တာနဲ့ ငါကပဲဖယ်ပေးလိုက်တယ်။
ငါလဲ လှည်းကိုဘေးဖယ်ပေးလိုက်ပြီး သူတို့လှည်းကိုကြည့်လိုက်တော့ လှည်းမောင်းတဲ့ယောက်ျားနဲ့မိန်းမနှစ်ဦးကွ အဲဒီမိန်းမနှစ်ယောက်က လှတာတော့အတော်လှတာနော်ကိုယ့်လူ။ ဒါပေမဲ့မျက်နှာသေကြီးတွေနဲ့ကွ တစ်ယောက်နဲ့တစ်ယောက် စကားလဲမပြောကြဘူး။
ငါလဲသူတို့လှည်းကိုလိုက်ကြည့်ပြီး ငါ့လှည်းကိုလမ်းပေါ်ပြန်တင်လိုက်တယ်။ ဘာရယ်မဟုတ်ပါဘူးကွာ ငါကနောက်ကိုပြန်လှည့်ကြည့်လိုက်တာ ခုဏကလှည်းက ဘေးကိုစောင်းပြီးမှောက်လို့ဟေ့။ ကံဆိုးချင်တော့ သူတို့မှောက်တဲ့ဘက်က ကိုင်းငုတ်တိုကြီးတွေနဲ့ကွ။ ဗိုက်တွေမျက်လုံးတွေကို ကိုင်းငုတ်တိုတွေနဲ့ထိုးမိတာ မြင်လို့တောင်မကောင်းဘူးကွာ။
ငါလဲသူတို့ကိုကယ်ဖို့ဆိုပြီး အရှေ့ပြန်ကြည့်ပြီးလှည်းကိုရပ်လိုက်တယ်။ လှည်းရပ်ပြီး ငါလဲလှည်းပေါ်က အပြေးဆင်းလိုက်တာပေါ့ကွာ။ နောက်ကိုပြေးမယ်လုပ်တော့ ငါ့မှာအမူးကိုပြေသွားတော့တာဟေ့။”
”ဘာကြောင့်လဲကိုထူးရ။”
”ဟ…ဘာဖြစ်ရမလဲဗျားလေးရ။ ငါစောနကမျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတဲ့လှည်းက ရုတ်ချည်းဆိုသလို ပျောက်သွားတာဟေ့။ ငါလဲအနီးပတ်ဝန်းကျင်ကိုလှည့်ပတ်ရှာတော့လဲမတွေ့ဘူးကွ။ အဲဒီခါကြမှ ငါလဲ သရဲအခြောက်ခံရတယ်ဆိုတာသိပြီး လှည်းပေါ်ကိုအပြေးတက် နွားတွေကို ကြိမ်နဲ့တဖြန်းဖြန်းရိုက်ပြီး ရွာကိုအပြေးနှင်လာရတော့တာပေါ့ကွာ။”
“တော်တော်ထူးဆန်းတာဘဲဗျ။ အဲဒီနေရာမှာအရင်က လှည်းမှောက်ခဲ့ဖူးလို့လား ကိုထူး။”
”မှောက်ခဲ့ဖူးတယ်။”
သူရမှ ဝင်ပြောလိုက်ခြင်းဖြစ်လေ၏။
“လွန်ခဲ့တဲ့ငါးနှစ်ကျော်ခန့်က…. အဲဒီရှားစောင်းကန်ရွာမှာ…. သူကြီးသမီးမြယမုံနဲ့မှုံနံသာတို့က… မြို့ကနေအပြန်မှာ… လှည်းဘီးတစ်ဖက်က ချိုင့်ဝှက်(ဂွက်)ထဲကိုကျပြီး တစ်ဖက်စောင်းပြီးမှောက်သွားတယ်။ ခုဏက ကိုထူးမြင်တွေ့ခဲ့ရတဲ့အတိုင်းဘဲ… ကိုင်းငုတ်တိုတွေက ရင်ဘက်ကိုထုတ်ခြင်းပေါက်အောင်စိုက်မိပြီး သေသွားကြတယ်။ လှည်းမောင်းသမားအပါဝင်ပေါ့။”
”သနားစရာကောင်းလိုက်တာကွာ။ သူတို့ကမကျွတ်လွတ်သေးဘူးလားသူရ။”
”အင်း… သူတို့ဝဋ်ကြွေးလို့ဘဲပြောရမယ်။ ဝဋ်ကြွေးကုန်ရင်တော့ကျွတ်လွတ်နိုင်မှာပါ။”
”ဒါနဲ့သူရ…. အဲဒီလိုဘဲသူတို့က အမြဲတမ်းချောက်လန့်နေကြတာလား။”
”အဲဒီလိုကြတော့လဲမဟုတ်ဘူး။ သူတို့က သူတို့သေသွားတဲ့နေ့ကိုရောက်ရင်… အဲဒီလိုလှည်းကြီးကမှောက်ပြီး… လှည်းပေါ်ပါတဲ့သူအကုန်သေသွားတဲ့မြင်ကွင်းကို လူတချို့မြင်ကြတယ်။ ကူညီမလို့သွားလိုက်ရင်…. အဲဒီလှည်းကမျက်စိရှေ့မှာကိုပျောက်သွားတာ။”
”တော်တော်ကိုထူးဆန်းတာဘဲနော်။ စောနကမင်းပြောသလိုဘဲ ဝဋ်ကြွေးရှိသ၍တော့ သူတို့ကျွတ်လွတ်နိုင်သေးမှာမဟုတ်ဘူး။”
(ဖြစ်ရပ်မှန်တစ်ခုအား ထည့်သွင်းရေးသားထားခြင်းဖြစ်ပါသည်။ စာဖတ်သူများလည်း ဝဋ်ကြွေးရှိက ဤဘဝမှာတင် ကျေအောင်ဆပ်နိုင်ကြပါစေ။
စာရေးသူ။)
ဤသို့နှင့် သူရတို့သည် နေအိမ်ကိုယ်စီကိုပြန်လာခဲ့ကြပြီးနောက် လုပ်စရာရှိသည်များ လုပ်ကိုင်ခဲ့ကြ၏။ သူရသည် အိမ်ကိုပြန်ရောက်သည်နှင့် မိဘနှစ်ပါးကိုအကျိုးကြောင်းပြောပြ၍ ရေမိုးချိုးအဝတ်အစားလဲကာ တရားထိုင်ပုတီးစိပ်လိုက်သည်။
သက်ကြီးခေါင်းချချိန်သို့ အရောက်၌ လိုအပ်မည်ထင်သည့်အင်းနှစ်ချပ်နှင့် အဆောင်တစ်ခုကို သိဒ္ဓိသွင်း၍နှိုးထားလိုက်၏။ သူရသည် အင်းစများနှိုးထားပြီးသည်နှင့် သမထအားထုတ်ရန် ဘုရားစင်ရှေ့၌ တင်ပလ္လင်ခွေထိုင်လိုက်သည်။
မျက်ခွံလွှာပိတ်လိုက်သည်နှင့် အမှောင်ထုထဲကို ကျရောက်သွားခဲ့၏။ စိတ်ကိုတည်ညိမ်စွာထား၍ အမှောင်ထုကိုပဲအာရုံစိုက်ကာ တရားမှတ်နေခိုက် အမှောင်ထုသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ ရွာတစ်ရွာကို မြင်လိုက်ရလေသည်။
သူအာရုံထဲ၌ပေါ်လာသော်ရွာသည် ကင်းမကျေးတော်ရွာပင် ဖြစ်တော့၏။ ထိုစဉ် ရွာကိုလှည့်ပတ်ကာ တဝူးဝူးတဝါးဝါးအော်နေသော် ထန်းပင်အရပ်ခန့်မျှရှိသည့် မဲမဲသဏ္ဍန်အရိပ်ကြီးကို တွေ့လိုက်ရသည်။ ထိုအရိပ်မဲကြီးကို အသေချာအာရုံစိုက်၍ ကြည့်လိုက်ချိန်၌ ဦးခေါင်းအထက်ရှိဆံပင်များက မျက်နှာပေါ်ကိုအုပ်၍ထား၏။
ခန္ဓာကိုယ်၌လည်း အမွေးအမှင်များထူထပ်စွာပေါက်၍ ခန္ဓာကိုယ်ကြီးမှာ ဝေလငါးထက်ပင် အရွယ်အစားကြီးမားလှသည်။ မီးကျီမီးခဲတမျှနီရဲနေသော် မျက်လုံးများနှင့် ရွာကိုစိုက်ကြည့်ကာ အော်ဟစ်လိုက်ချိန်၌ ပါးစပ်အတွင်းက အစွယ်များကအဖွေးသား ပေါ်လာလေ၏။
ရွာထဲကိုဝင်ရန် ခန္ဓာကိုယ်နှင့် ပြေးတိုက်လိုက်ချိန်၌ ရွာကိုကာရံထားသော် အကာရံအတွင်းကနေ ရွှေအိုရောင်အဆင်းရှိသည့် ကြိမ်၊ လှံ၊ ကြာပွတ်များက ထိုအကောင်ကြီးအား ရိုက်နှက်ပုတ်ခတ်လိုက်သော်ကြောင့် ရွာအတွင်းသို့မဝင်နိုင်ပဲ အနောက်ကိုပြန်လဲကျသွားခဲ့လေသည်။
ထိုအကောင်ကြီးသည် ရွာကိုစိုက်ကြည့်၍ တောနက်ထဲကိုပြန်ဝင်သွားလေ၏။ သူရသည်ထိုအကောင်မှာ ကင်းမရွာအား ဒုက္ခပေးနေသော် တစ်ပွဲစားကြီးငထိုက်မှန်းသိလေသည်။ အမြင်အာရုံများ ကွယ်ပျောက်သွားကာ အမှောင်ထုပြန်လည်ကြီးစိုးလာချိန်၌ သူရသည်မျက်လုံးကိုအသာအရာပြန်ဖွင့်ကာ မေတ္တာပို့အမျှဝေ၍ တရားထိုင်ဖြုတ်ခဲ့တော့သည်။
သူရသည် တရားထိုင်ဖြုတ်ပြီးသည်နှင့် လွယ်အိတ်ကိုကောက်လွယ်လိုက်ကာ အိမ်ခြံဝင်းအပြင်ကိုထွက်ခဲ့လေ၏။ သူရရွာလမ်းမပေါ်ရောက်သည်နှင့် ရွာဦးကျောင်း၏ အရုဏ်တက်ချိန်၌ခေါက်သော် အုန်းမောင်းခေါက်သံလေးက တိတ်ဆိတ်နေသည့် မြင်းခကျေးရွာလေးကို လွှမ်းခြုံသွားခဲ့တော့သည်။
သူရသည်ရွာလမ်းမအတိုင်းလျှောက်လာရင်း ဟန်ကြီးအိမ်ကိုအရင်ဝင်လိုက်၏။ ဟန်ကြီးသည်လည်း အိပ်ရာမှနိုးနေပြီဖြစ်၍ လှည်းကိုအရန်သင့်စီစဉ်ထားသော်ကြောင့် နှစ်ဦးသားလှည်းမောင်း၍ ကျန်လူများအားလိုက်လံခေါ်ယူခဲ့သည်။
အရုဏ်တက်ချိန်မှစထွက်၍ ကင်းမကျေးရွာထိပ်ကိုရောက်သောအခါ အရှေ့ဘက်ကောင်းကင်စီမှ ရောင်နီဦးလေးက ထွက်ပေါ်လာခဲ့၏။ ကင်းမရွာလမ်းလေးအတိုင်းလှည်းမောင်း၍ ဝင်လာရင်း လူတစ်ဦးအား သူကြီးအိမ်ကိုမေးကာ ဆက်လက်မောင်းနှင်လာပါတော့သည်။
ပေရှစ်ဆယ် ပေလေးဆယ်မျှကျယ်သော် ခြံဝိုင်းကြီးရှေ့၌ လှည်းရပ်လိုက်ကာ အိမ်အတွင်းကို မျှော်ကြည့်လိုက်သောအခါ ခြေတံရှည်အိမ်အောက်က တန်းလျားခုံပေါ်၌ ကင်းမရွာသူကြီးနှင့် လူသုံးဦးကိုတွေ့လိုက်ရ၏။ သူရသည်လည်း ရွာလူကြီးအိမ်ဆိုတာ သေချာသွားသော်ကြောင့် ခြံဝင်းအတွင်းကို လှည်းမောင်းဝင်ရန် ဟန်ကြီးကိုပြောလိုက်လေသည်။
အိမ်ခြံဝင်းအတွင်း၏ မန်းကျည်းပင်အောက်၌ လှည်းကိုရပ်ထားလိုက်ကာ ကင်းမရွာသူကြီးထိုင်နေသော် ခုံတန်းလျားလေးဆီ လျှောက်သွားခဲ့ကြလေ၏။ ကင်းမရွာသူကြီးသည် သူရကိုမြင်သည်နှင့် မတ်တတ်ထရပ်ကာ ဝမ်းပန်းတသာကြိုဆိုလေသည်။
”ဆရာလေးတောင်ကြွလာပြီပဲ။ ထိုင်ပါခင်မျာထိုင်ကြပါ။ ဪ… စိုးအောင်ရေ… ဆရာလေးတို့လှည်းကနွားတွေဖြုတ်ပြီး… ရေတိုက်လိုက်ပါအုံးကွာ။ အစာပါတစ်ခါတည်းကျွေးလိုက်။”
”ဟုတ်ဟုတ်အဘ။”
သူရတို့သည် ခုံတန်းလျားပေါ်ထိုင်လိုက်သည်နှင့် သူကြီးမှစကားဆိုလာခဲ့သည်။
“ဆရာလေးရေ…. ဆရာလေးပေးလိုက်တဲ့ရေမန်းက.. အတော်ကိုစွမ်းတာဘဲဗျာ။ မနေ့ညက ကလေးငိုသံမပြောနဲ့ ခွေးအူသံတောင်မကြားရဘူးဗျို့။ တစ်ခုတော့ရှိတယ်ဗျ။ ညကရွာအပြင်မှာတော့… ခြေသံကြီးတွေ.. ဒေါသတကြီးအော်ဟစ်သံတွေကြားလိုက်ရတယ်။”
”အဲဒါရွာထဲကိုဝင်မရလို့… တစ်ပွဲစားကြီးရဲ့အော်ဟစ်သံတွေပါ။”
”တစ်ပွဲစားကြီး.. ဟုတ်လားဆရာလေး။”
”ဟုတ်တယ်သူကြီး… ဒီတစ်ပွဲစားကြီးက… ရူးပြီးမှတစ်ပွဲစားကြီးဖြစ်သွားတာ။ တော်တော်လေးလဲကြမ်းတဲ့အထဲမှာပါတယ်။”
”ဆရာလေးကသူ့အကြောင်းသိလို့လား။ သိရင်ကျုပ်ကိုပြောပြပေးလို့ရလားဆရာလေး။”
”ရပါတယ်ဗျာ။… အဲဒီတစ်ပွဲစားကြီးရဲ့အကြောင်းက။”
(အစပထမ၌ တင်ပြခဲ့ပြီးဖြစ်ပါသည်။
စာရေးသူ။)
ကင်းမရွာသူကြီးနှင့် ဘေး၌ထိုင်နေသော်လူသုံးဦးသည် ခေါင်းတညိမ့်ညိမ့်နှင့် ”ဪဒီလိုကို” ဟူ၍ အာမေဋိတ်အသံများ ထွက်ပေါ်လာ၏။ ဤသို့နှင့်သူရသည် တစ်ပွဲစားကြီးအားနှိမ်နင်းရန် လိုအပ်သည်များမှာကြားလိုက်သည်။ နေ့လည်စာကိုလည်း သူကြီးအိမ်၌သာ သူငယ်ချင်းလေးယောက်စားလိုက်ကြ၏။
ဤသို့နှင့် ညနေ၃နာရီဝန်းကျင်ခန့်၌ အသက်ရွယ်အားဖြင့် ခြောက်ဆယ်ဝန်းကျင်ခန့်ရှိသော် လူကြီးတစ်ဦးက ကင်းမရွာသူကြီးအိမ်ကိုရောက်လာခဲ့သည်။ သူရသည် ရေနွေးတစ်ခွက်မော့သောက်ရင်း ထိုလူ၏ပုံစံအားအကဲခတ်လိုက်၏။ အသားအရည်မှာညိုပြီးညစ်၍ အသက်ကြီးသော်လည်း ခန္ဓာကိုယ်ကကြံ့ခိုင်နေတုန်းပင်။
ခေါင်း၌ ဆံပင်အဖြူနှင့်အနက်များ ရောထွေးရုံသာမက နှုတ်ခမ်းမွေးသည်လည်း အနည်းငယ်အဖြူနှင့်အနက်ရောနေလေသည်။ ထိုလူသည် သူကြီး၏ဘေး၌ဝင်ထိုင်လိုက်၏။
“ဟာ..ကိုထွေးဘယ်ကပေါက်ချလာတာတုန်းဗျ။”
”ငါဒီကိုဘဲလာခဲ့တာထွန်းအောင်ရ။ မင်းငါ့သားကိုသရဲခြေထောက်ပင် ရှာခိုင်းလိုက်တယ်ဆို။”
”ဟုတ်တယ်လေကိုထွေး.. နို့..ဘာဖြစ်လို့တုန်း။”
”ဘာဖြစ်ရမလဲကွ.. အဲဒီအပင်ကလူတောင်မကြားဖူးတဲ့အပင်ကို..မင်းဘယ်လိုသိလဲငါထူးဆန်းနေတာဟေ့။ ”
”ကျုပ်သိတာမဟုတ်ပါဘူးဗျာ။ ဒီကဆရာလေးသိတာပါ။”
”ဪ… ကျုပ်တို့ရွာကအခက်ခဲကို ကူညီပေးမယ့်ဆရာလေးနဲ့တူတယ်။ ဆရာလေးရှာခိုင်းတဲ့အပင်က ဆင်ခေါင်းတောင်မှာဘဲရှိမယ်ဗျ။ အဲဒီအပင်ကိုလဲကျုပ်ပဲမြင်ဖူးတာ… ကျုပ်သားတောင်မမြင်ဖူးဘူး။ ဆရာလေးရှာခိုင်းတဲ့အပင်ကို… ကျုပ်သွားရှာပေးလို့ရမလားလို့လာမေးတာပါ။”
”နေရာလဲသိ အပင်လဲသိတော့ ပိုမြန်တာပေါ့ဘကြီးရာ။ ဒီသရဲခြေထောက်ပင်က အင်မတန်ရှားပါးတဲ့ မျိုးစိတ်ဆိုတာလဲဘကြီးသိမှာပါ။ ဒါနဲ့ ဘကြီးအဲဒီအပင်ကိုဘယ်လိုသိတာလဲဗျ။”
”ကျုပ်အဘိုးနဲ့အတူ တောတက်ဖူးတယ်ဆရာလေးရ။ ကျုပ်တို့မျိုးရိုးကမုဆိုးမျိုးရိုးဆိုတော့ ဒီအလုပ်နဲ့ဘဲ အသက်မွေးဝမ်းကြောင်း ပြုရတာပေါ့ဗျာ။ ကျုပ်အဘိုးက ဆေးပင်တွေအကြောင်းအတော်တန် နားလည်ထားတယ်လေ။ အဲဒီဆင်ခေါင်းတောင်ခြေရောက်တော့ သရဲခြေထောက်ပင်တွေတွေ့ရော အဘိုးက ထခုန်မတက်ကိုပျော်တာဗျို့။
ကျုပ်ကိုလည်း သရဲခြေထောက်ပင်ကို အသေချာပြပြီး မှတ်ထားခိုင်းတာ လိုအပ်တဲ့အခါ အသုံးပြုဖို့ပေါ့ဗျာ။ ကျုပ်ငယ်ငယ်ကတည်းက ဘယ်သူမှသရဲခြေထောက်ပင်အကြောင်းမပြောဖူးတာ… ကျုပ်အသက်ခြောက်ဆယ်ကျော်မှ သရဲခြေထောက်ပင်ရှာခိုင်းလိုက်တယ်အဘရေဆိုပြီး.. ကျုပ်သားလာပြောလို့… ကျုပ်မှာအံ့သြလိုက်တာပြောမနေပါနဲ့တော့။ ဒါနဲ့ဆရာလေးတို့က အဲဒီအပင်ကိုဘာလုပ်မလို့လဲဗျ။”
”ဒါကဒီလိုပါဘကြီး… အခုဒီရွာကိုဒုက္ခပေးနေတဲ့တစ်ပွဲစားကြီးက.. ရူးနေလို့… အဲဒီသရဲခြောက်ပင်အမြစ်ကိုမီးရှို့ပြီး… အကောင်းပြန်ဖြစ်အောင်လုပ်ဖို့ပါ။”
”ဟုတ်ပြီဆရာလေးရေ။ ဒီလိုဆိုရင်သရဲခြေထောက်ပင်က မရှိမဖြစ်ဘဲဗျ။ ကျုပ်အခုဘဲသွားယူလာခဲ့မယ်ဗျို့။”
ဘထွေးဆိုသူက ခေါင်းတညိမ့်ညိမ့်နှင့် သူကြီးအိမ်ဝိုင်းထဲကနေ ထွက်သွားခဲ့လေ၏။ သူရသည်တော့ ထွက်သွားသည့်ဘထွေးကို ပြုံး၍လိုက်ကြည့်နေမိသည်။ ညနေ နေဝင်ရီတရော်စအချိန်၌ ဘထွေးဆိုသူနှင့် သူ၏သားဖြစ်သူတို့ရောက်လာကြကာ သရဲခြေထောက်ပင်လာပေးခဲ့ကြသည်။
(ဝန်ခံချက်= သရဲခြေထောက်ပင်အား စာရေးသူမမြင်ဖူးပါ။ ဆရာတာတေ၏စာအုပ်ထဲမှ ကောက်နှုတ်ဖော်ပြထားရခြင်းဖြစ်ပါသည်။ ဆရာတာတေ၏ စာမူအား ခိုးကူး၍ရေးသားထားခြင်းမဟုတ်ကြောင်း အာမခံဝံ့ပါသည်။
စာရေးသူ။)
သူရသည်သရဲခြေထောက်ပင်ကို လွယ်အိတ်ထဲထည့်ထားလိုက်သည်။ ထို့နောက် ည၆နာရီအချိန်ကြ သူငယ်ချင်းသုံးဦးကိုခေါ်ကာ ကင်းမရွာ၏တောအစပ်ကိုရောက်လာခဲ့ကြ၏။ ကင်းမရွာသည်တော့ သူကြီး၏အမိန့်ကြောင့် တစ်ရွာလုံးအပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။
သူရသည် တောအစပ်ကိုရောက်သည်နှင့် သူငယ်ချင်းသုံးဦးအား စည်းဝိုင်းတစ်ခုတားပေးလိုက်၏။ မျက်ကွင်းဆေးကိုလည်း မျက်လုံး၌ကွင်းပေးထားလိုက်သည်။
“ဤတောအတွင်းမှာနေထိုင်သော်၊ ကင်းမရွာအားဒုက္ခပေးနေသော် တစ်ပွဲစားသဘက်ကြီးငထိုက် အချိန်မဆိုင်း၍ ကျွန်ုပ်ရှေ့ကိုအမြန်ရောက်စေ။ အာခံ၍မာန်ကြွက ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များက ငရဲပြည်ကသံရည်ပူဖြင့်ပက်စေ။”
သူရသည် ဤကဲ့သို့အမိန့်အာဏာစက်နှင့် တစ်ပွဲစားကြီးအားခေါ်ယူလိုက်သည်နှင့် တောအတွင်းပိုင်းဆီကနေ တောလဲသံ၊ တောပြိုသံများက တဝုန်းဝုန်းအသံထွက်လာခဲ့သည်။ သူရသည် အသေချာကြည့်လိုက်သောအခါ တောနက်ထဲဆီကနေ တစ်ပွဲစားကြီးကပြေးလာလေ၏။ သူ၏အနောက်၌လည်း ပုဂ္ဂိုလ်တစ်ဦးက ငွေဖလားအတွင်းကနေ သံရည်ပူများဖြင့် ပက်နေခဲ့သည်။
တစ်ပွဲစားကြီးသည် သူရနှင့်ဝါးနှစ်ပြန်စာအရောက်၌ ပြေးနေရာမှရပ်သွားခဲ့၏။ ဤအခါမှ သံရည်ပူဖလားအားကိုင်ထားသည့် ပုဂ္ဂိုလ်လည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ပွဲစားကြီးသည် သူရကိုကြည့်၍ လက်သီးကြီးကိုဆုပ်ထားလေး၏။ လက်နှစ်ဖက်လုံးကိုလက်သီးဆုပ်၍ သူရကိုအပေါ်ကနေ စုံလိုက်ထုချေသတ်လေသည်။
သို့သော်လည်း သူရနှင့်လက်တစ်ကမ်းကွာသို့အရောက်၌ ရွှေအိုရောင်အကာရံကြီးတစ်ခုပေါ်လာကာ တစ်ပွဲစားကြီး၏ လက်သီးနှင့်ထုချက်များကို ကာကွယ်ပေးထားခဲ့သည်။ သဘက်ကြီးသည် ခါးကုန်းနေရာမှ ပြန်မတ်လိုက်ကာ သူ၏ခြေထောက်အကြီးကြီးနှင့် သူရကိုကန်ပြန်၏။ သို့သော်လည်း ရွှေအိုရောင် အကာရံတစ်ခုက ကာထားပေးခဲ့သော်ကြောင့် သူရ၏ဆံချည်တစ်မျှင်မျှ လှုပ်ခတ်မသွားခဲ့ချေ။
တစ်ပွဲစားကြီးသည် အတော်ဒေါသထွက်သွားကာ သူရ၏သူငယ်ချင်းများဘက်ကိုလှည့်၍ ခန္ဓာကိုယ်ကြီးနှင့်ဖိချလေသည်။ သို့သော်လည်း ရွှေအိုရောင်လှောင်ချိုင့်တစ်ခုပေါ်လာကာ သူရ၏သူငယ်ချင်းများကို ကာကွယ်ထားခဲ့လေ၏။ တစ်ပွဲစားကြီးက ခန္ဓာကိုယ်နှင့်ဖိလိုက်သော်လည်း ရွှေအိုရောင်လှောင်ချိုင့်အပေါ်က အချွန်တစ်ခုနှင့်ထိုးမိသွားသော်ကြောင့် တစ်ပွဲစားကြီးသည် ဘေးသို့လူးလိမ့်ကာအော်ဟစ်နေလေသည်။
ထိုအခါမှသာလျင် ကြောက်လန့်နေသော် သူရ၏သူငယ်ချင်းသုံးဦးလုံး ဟင်းကနဲသက်ပြင်းချနိုင်လေ၏။ သူရသည် လွယ်အိတ်အတွင်းကနေ အဆောင်ဘီလူးရုပ်တစ်ခုလေးကိုထုတ်လိုက်ကာ ”ဥုံ”ခံ၍ဂါထာစုပ်ပြီးသည်နှင့် တစ်ပွဲစားကြီး၏မနီးမဝေးသို့ ပစ်ချလိုက်သည်။
ဘီလူးရုပ်ကလေးသည် တဖြည်းဖြည်းအရွယ်စားကြီးမားလာကာ နတ်ဘီလူးတစ်ကောင်ဖြစ်သွားခဲ့သည်။ တစ်ပွဲစားသဘက်ကြီးသည် ဘီလူးကိုမြင်သည်နှင့် ခေါင်းကိုအပေါ်မော့၍ ကျယ်လောင်စွာအော်ဟစ်ကာ ဘီလူးထံ ပြေးဝင်တိုက်ခိုက်တော့၏။ ပြေးဝင်လာသော်တစ်ပွဲစားကြီးအား ဘီလူးကရင်ဝကို ဆောင့်ကန်ချလိုက်သည်။
သဘက်ကြီးသည် နောက်သို့ပက်လက်လှန်လဲကျသွားကာ အလူးလဲပြန်ထ၍ ဘီလူးကိုပြန်တိုက်ခိုက်လေ၏။ ဘီလူးသည် တစ်ပွဲစားကြီးအား သံလျက်နှင်ခုန်ပိုင်းရန် ရွယ်လိုက်သော်လည်း တစ်ပွဲစားကြီးက သံလျက်ကိုင်ထားသည့် လက်ကိုဖမ်းချုပ်၍ ဘီလူးကိုလက်ပြန်ရိုက်ချလိုက်သည်။
ဘီလူးသည် ဘေးကိုအနည်းငယ်တိမ်းစောင်းသွားသည်။ တစ်ပွဲစားကြီးက အခွင့်ကောင်းယူကာ ဘီလူး၏ရင်ဝကိုလက်သီးချက်များနှင့် ထိုးချလိုက်၏။ သို့သော်လည်း ဘီလူးအား ထိခိုက်မှုတစ်စုံတရာမရှိခဲ့ချေ။ ဘီလူးသည် သူ၏သံလျက်နှင့် တစ်ပွဲစားကြီးဦးခေါင်းကို ပိုင်းချလိုက်သည်။
တစ်ပွဲစားကြီးသည် မူးဝေသွားဟန်တူလေ၏။ ဘေးကိုမှောက်လျက်သားကျသွားသည်။ ထိုအခါမှ ဘီလူးသည် အရွယ်စားပြန်သေးသွားကာ မူလအဆောင်အရုပ်ကလေးပြန်ဖြစ်သွား၏။ သူရသည်ဘီလူးရုပ်ကလေးကို လွယ်အိတ်အတွင်း၌ ပြန်ထည့်လိုက်ကာ သရဲခြေထောက်ပင်ကိုထုတ်၍ အမြစ်ကိုမီးရှို့ကာ သဘက်ကြီး၏ နှာခေါင်းဝနား ထားလိုက်သည်။
သဘက်ကြီးသည် သရဲခြေထောက်ပင်ကထွက်သော် မီးခိုးအငွေ့များကို နှာခေါင်းဝမှတဆင့် ရှူသွင်းမိသွား၏။ မျက်လုံးပြန်ပွင့်လာသောအခါ နီရဲနေသည့်မျက်လုံးများ အရောင်မှိန်ကျသွားကာ ငူငူငေါင်ငေါင်ကြီးထထိုင်လေသည်။ သူ၏ခန္ဓာကိုယ်ကိုပြန်ငုံ့ကြည့်၍ အံ့သြနေသော်အမူအရာမျိုးဖြစ်နေသည်ကို သူရတွေ့လိုက်ရ၏။
“အံ့သြနေတာလားငထိုက်ကြီး…. မင်းဟာတကယ်တော့ အရူးတစ်ပိုင်းနဲ့တစ်ပွဲစားသဘက်ဖြစ်နေတာပါ။ မင်းရဲ့ဝဋ်ကြွေးတွေက…အတော်ကြီးမားလို့ လူ့ဘဝမှာရော… ဒီဘဝမှာပါပေးဆပ်နေရတာ။ အခုအသိစိတ်ပြန်ဝင်ပြီဆိုတော့ မကောင်းတာမှန်သမျှမပြုလုပ်ဖို့ ငါကမေတ္တာရပ်ခံပါတယ်။”
တစ်ပွဲစားသဘက်ကြီးငထိုက်သည် တဝူးဝူးတဝါးဝါးအော်ဟစ်ကာ ငိုကြွေးနေလေ၏။ ထိုအချိန်၌ သူရ၏နားထဲသို့ အထက်ပုဂ္ဂိုလ်ကြီးတစ်ဦးထံမှ စကားသံကိုကြားလိုက်ရသည်။
”လူကလေးသူရ…. ဒီတစ်ပွဲစားကြီးငထိုက်က… လူကလေးနဲ့ပဌာန်းဆက်ပါလာတယ်။ လူကလေးရဲ့အနားမှာနေပြီး သူ့ရဲ့ဝဋ်ကြွေးတွေဆပ်မှ… ဒီဘဝကကျွတ်လွတ်ပြီး…. မြင့်မြတ်တဲ့ဘုံဘဝတစ်ခုကိုရောက်ရှိမှာဖြစ်လို့… လူကလေးအနေနဲ့… သူ့ကိုအစောင့်အဖြစ်ထားလိုက်ပါ။”
သူရသည် အထက်ပုဂ္ဂိုလ်ကြီး၏စကားသံအဆုံး၌ တစ်ပွဲစားကြီးရှေ့သို့ မတ်တတ်ရပ်လိုက်ကာ သူ၏အစောင့်ဖြစ်နေ၍ လူတွေကိုကယ်တင်ရန် ဆန္ဒရှိမရှိမေးမြန်းခဲ့သည်။ တစ်ပွဲစားကြီးဖြစ်နေသော် ငထိုက်သည်လည်း သူရ၏အစောင့်အဖြစ်နေရန် သဘောတူသော်ကြောင့် သူရသည်အခြေခံဂိုဏ်းဝင် အင်းကွက်ကို တစ်ပွဲစားကြီး၏ရင်ဘက်၌ ရေးဆွဲပေးလိုက်သည်။
သဘက်ကြီးသည် သူ့အားလိုအပ်ရင် နာမည်ခေါ်ရန်ပြောကြားကာ ပျောက်ကွယ်သွားခဲ့သည်။ သူရသည် သူ၏သူငယ်ချင်းသုံးဦးဘက်ကိုလှည့်၍ ကိစ္စပြီးစီးပြီဖြစ်ကြောင်း ပြောလိုက်၏။ သူရ၏သူငယ်ချင်းများသည် ဟေးကနဲအော်ဟစ်ကာ သူရကိုချီးကျူးကြလေတော့သတည်း။
~~~~
ကျွန်တော်မိုးထွန်းရေးသားသော်
သူရနှင့်တစ်ပွဲစားအရူးကြီးစာမူပြီးပါပြီ။ သူရစာမူတိုင်းကို ဝေဖန်ဖတ်ရှူပေးပါဟုပြောကြားရင်း…..။
ဤစာမူသည်စိတ်ကူးအတွေးပုံရိပ်မျှသာဖြစ်ပါသည်။ အမှားယွင်းတစ်စုံတရာပါရှိခဲ့ပါက ကျွန်တော်မိုးထွန်းမှတောင်းပန်အပ်ပါ၏။
(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ စာဖတ်သူများအား
အစဉ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)

Zawgyi Version

တစ္ပြဲစားအ႐ူးႀကီး(စ/ဆုံး)
——————————–
ေတာနက္အတြင္းရွိ စမ္းေခ်ာင္းငယ္တစ္ခုေဘးက ေက်ာက္တုံးႀကီးတစ္ခုေပၚ၌ လူငယ္တစ္ဦးသည္ ေဆာင့္ေၾကာင့္ထိုင္၍ စမ္းေခ်ာင္းေရစီးဆင္းပုံကို အဓိပၸါယ္မဲ့စြာေငးၾကည့္ေနမိသည္။ သူ၏မ်က္ဝန္းအထက္ဆီ၌ ၿပိဳေတာ့မည့္မိုးသကဲ့သို႔ မ်က္ရည္မ်ားဝဲတက္လာခဲ့သည္။
ထိုသူသည္ အလွ်င္စလို ဝဲတက္လာေသာ္မ်က္ရည္စမ်ားကို ညာလက္ဖမိုးႏွင့္ ခတ္ၾကမ္းၾကမ္းသုတ္ျပစ္လိုက္၏။ ထို႔ေနာက္ ေကာင္းကင္၌သြားလာေနၾကေသာ္ တိမ္စိုင္တိမ္ခဲမ်ားကိုေမာ့ၾကည့္ကာ- “ငါလဲမင္းတို႔လို… လြတ္လပ္ခ်င္လိုက္တာကြာ။”ဟူ၍ စိတ္အစဥ္၌ ေတြးေတာလိုက္ေလသည္။
ထိုသူသည္ အသက္အားျဖင့္ ၁၆ႏွစ္ခန႔္သာရွိေသာ္ ကေလးငယ္တစ္ဦးသာျဖစ္ေလ၏။ သူသည္ ေက်ာက္တုံးႀကီးေပၚမွဆင္းကာ ေက်ာက္တုံး၏အေနာက္ဘက္၌ သူခ်ထားခဲ့ေသာ္ ထင္းစီးႀကီးကိုထမ္းကာ ေတာအတြင္းမွထြက္ခဲ့ေလသည္။
ထင္းစီးႏွင့္လူမွာ အားမမွ်ေသာ္ေၾကာင့္ လမ္း၌အႀကိမ္ႀကိမ္နားရသည္။ ထင္းကိုင္းမ်ား၌ပါေသာ္ သစ္ကိုင္းငုတ္တိုကေလးမ်ားသည္လည္း သူ၏ပခုံးအား လာလာထိေသာ္ေၾကာင့္ ပခုံး၌အနည္းငယ္ရွရာမ်ားႏွင့္ ေသြးစကေလးမ်ားဆို႔ေနသည္။
ထင္းစီးအား ႐ြာလမ္းမေလးအတိုင္း ထမ္းလာခဲ့ရင္း လမ္းခ်ိဳးေလးတစ္ခုကိုခ်ိဳးဝင္လိုက္ကာ ေလးအိမ္ေက်ာ္ ငါးအိမ္ေျမာက္၏ ၿခံအတြင္းကိုဝင္ကာ ထင္းပုံေဘး၌ ထင္းစီးကိုပစ္ခ်လိုက္ေလသည္။ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ကေလး၏ အေရွ႕၌ တန္လ်ားခုံေပၚထိုင္ေနေသာ္ လူႀကီးတစ္ေယာက္ရွိ၏။
ထိုလူ၏ေရွ႕၌ရွိေသာ္ ေျခေလးေခ်ာင္းေထာက္စားပြဲခုံေပၚ၌ အရက္တစ္ပုလင္းကေထာင္၍ ပုလင္းႏွစ္လုံးကလဲေနသည္။ ပန္းကန္မ်ားျဖင့္ထည့္ထားေသာ္ အေၾကာ္ေလွာ္မ်ားသည္လည္း စားပြဲခုံေပၚ၌ ဟိုတစ္စဒီတစ္စပ်ံ႕ႀကဲလ်က္ရွိေပ၏။
တန္လ်ားခုံေပၚထိုင္ေနေသာ္လူႀကီးသည္ ထင္းစီးထမ္း၍ျပန္လာေသာ္လူငယ္အား မလိုလားသည့္မ်က္ႏွာႏွင့္ၾကည့္ကာ ေတာက္ခတ္လိုက္သည္။
“ေဟ့ေကာင္.ငထိုက္…. လာစမ္းပါအုံးကြ။ မင္းကဘာလဲ…. ထင္းေလးတစ္စီးခုတ္ခိုင္းလိုက္တာမနက္ကတည္းက…. ဒီအခ်ိန္ထိၾကာရလားကြေဟ..ေအ့။ အိမ္မွာမင္းလုပ္ရမဲ့အလုပ္ေတြကို… ငါကလုပ္ရမွာလားကြ.. ေျပာစမ္း. မင္းဘယ္အေလလိုက္ေနတာလဲ။”
ငထိုက္ဆိုသည့္ကေလးသည္ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ထိုသူ၏ေဘးကိုလက္ကေလးပိုက္၍ မတ္တတ္ရပ္ကာ မ်က္ရည္အဝိုင္းသားျဖင့္ၾကည့္ေန၏။
“က်ဳပ္…က်ဳပ္ဘယ္အေလမွလိုက္တာ..မဟုတ္ပါဘူးဦးေလးစိန္သီးရယ္…. ေတာထဲမွာ… ထင္းခုတ္ရတာေမာလို႔…. ခဏထိုင္ေနမိတာပါ။ ၿပီးေတာ့လဲ ထင္းက…. ေတာအစပ္မွာရွာမေတြ႕တာနဲ႔….. ေတာနက္ထဲထိဝင္ၿပီးရွာေနရလို႔ၾကာသြားတာပါ။”
“ဟာကြာ…တိတ္စမ္း!! မင္းရဲ႕ဆင္ေျခဆင္လက္ဆင္နား႐ြက္ေတြကို…. ငါနားမေထာင္ခ်င္ဘူး။ မင္းကဘာလဲကြ… ခုဏကထင္းစီးခ်တုန္းကလဲ ဝုန္းကနဲပစ္ခ်လိုက္တယ္။ ဘာလဲမင္းက…ဒီအလုပ္ေတြမလုပ္ခ်င္ဘူးလား… ေအး…မင္းမလုပ္ခ်င္ဘူးဆိုရင္လဲ… ငါ့အိမ္မွာမေနနဲ႔ေနာ္ေဟ့ေရာင္။”
“မ….မဟုတ္ပါဘူးဦးေလးရယ္။ ထင္း….ထင္းစီးက ေလးလြန္းလို႔…. ပစ္ခ်မိတာပါ။ အိမ္ေပၚကေနေတာ့… ႏွင္မခ်ပါနဲ႔ေနာ္။ က်ဳပ္ဦးေလးခိုင္းတာအကုန္လုပ္ပါ့မယ္။”
”ေအး… အခုအိမ္ေနာက္ေဖးမွာ… အဝတ္ေတြမင္းအေဒၚပုံထားတယ္။ သြားေလွ်ာ္ခ်ည္သြား။ ငါ့အဝတ္ေတြေခ်း(ဂ်ီး)မေျပာင္လို႔ကေတာ့… ေဟာဟိုမွာေထာင္ထားတဲ့…. ႏြား႐ိုက္တဲ့ႀကိမ္ကမင္းအတြက္ပဲေနာ္။”
”ဟုတ္…ဟုတ္ကဲ့ဦးေလး။”
ငထိုက္ဆိုသည့္ကေလးသည္ အိမ္ေနာက္ေဖးသို႔ဝင္သြားကာ ေက်ာက္စီေဘးက ပုံထားေသာ္အဝတ္မ်ားကို ေလွ်ာ္ေနေလ၏။ ငထိုက္သည္ သူေမြးကင္းစအ႐ြယ္ကတည္းက မိဘႏွစ္ဦးစလုံးမွာ ေရွ႕ဆင့္ေနာက္ဆင့္ကြယ္လြန္သြားေသာ္ေၾကာင့္ အေဒၚျဖစ္သူမွေခၚယူကာ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့သည္။
သို႔ေသာ္လည္း အေဒၚျဖစ္သူမွာ အမွန္တကယ္ေမတၱာရွိ၍ သဒၵါလို႔ေကြၽးေမြးခဲ့သည္ မဟုတ္ေခ်။ ပတ္ဝန္းက်င္၏ေမးေငါ့စရာ၊ ကဲ့စရာျဖစ္မွာစိုး၍ သူ႔အား မေကာင္းတတ္လို႔ေကြၽးေမြးလာသည္ကို ငထိုက္ငယ္စဥ္အခါကတည္းက သိရွိခဲ့ရသည္။
သူ၏အေဒၚအိမ္မွလြဲ၍ အျခားခိုကိုးရာဟူ၍ မရွိေသာ္ေၾကာင့္ ငထိုက္မွာမူ ေပးတာယူ၊ ေကြၽးတာစား၊ ခိုင္းတာလုပ္၍ ေနၿမဲေနေနရ၏။ တစ္ခါတရံ အေဒၚ၏လင္ေယာက္်ားျဖစ္သူ ဦးစိန္သီးမွာ သူ႔အားအျပစ္မရွိအျပစ္ရွာ၍ ႏြား႐ိုက္သည့္ႀကိမ္တံျဖင့္ အရက္မူးလာတိုင္း ႐ိုက္ႏွက္ေလသည္။
ထို႔ေၾကာင့္ခႏၶာတစ္ခုလုံးသည္လည္း ေနရာလပ္မက်န္ အမာ႐ြတ္မ်ားျဖင့္ျပည့္ေန၏။ ဤအိမ္မွထြက္ေျပးခ်င္ေသာ္လည္း သူ႔အားယခုလိုေခၚယူ၍ ေကြၽးေမြးမဲ့သူမရွိေသာ္ေၾကာင့္ ညစဥ္အံႀကိတ္၍ခိုးငိုကာ မရွိေတာ့သည့္မိဘႏွစ္ပါးကိုသာ အျပစ္တင္ေနခဲ့ရသည္။
ငထိုက္သည္ အဝတ္မ်ားေလွ်ာ္ဖြပ္၍ၿပီးသြားေသာအခါ ေရတစ္ခါတည္းခ်ိဳးလိုက္ေလ၏။ ေရခ်ိဳး၍ၿပီးသြားသည္ႏွင့္ အဝတ္အစားမ်ားလဲ၍ မီးဖိုေခ်ာင္ထဲသို႔ဝင္ကာ ထမင္းအိုး၊ ဟင္းအိုးမ်ားကိုလွပ္ၾကည့္ေနခိုက္ သူ၏အေနာက္မွ ဦးစိန္သီးေရာက္လာခဲ့သည္။
“ေဟ့ေကာင္…. မင္းဘာလုပ္ေနတာလဲ။”
”က်ဳပ္ထမင္းစားမလို႔ပါဦးေလး။”
”ဘာကြ… မင္းကိုဒီဟင္းေတြနဲ႔… ဘယ္သူကေကြၽးမယ္ေျပာလို႔လဲ။ သြားစမ္းသြား ဟိုအုပ္ေဆာင္းေအာက္မွာငပိရည္နဲ႔ထမင္းျဖဴရွိတယ္ အဲဒါပဲသြားစားခ်ည္။”
”က်ဳပ္လည္းတစ္ခါတေလ… ဟင္းေကာင္းေကာင္းေလးနဲ႔…ထမင္းစားခ်င္လို႔ပါဦးေလးရယ္။”
”ငါ့ကိုမ်က္ရည္ခံလာထိုးျပမေနနဲ႔… ဘာမွအျဖစ္မရွိတဲ့ေကာင္… ေယာက္်ားျဖစ္ၿပီးတစ္ခုခုဆိုငိုဖို႔ဘဲတတ္တဲ့ေကာင္။ သြားစမ္းသြား.. မင္းငါ့အေရွ႕ကထြက္သြားစမ္း။”
ငထိုက္သည္ မ်က္ရည္စမ်ားကိုလက္ဖမိုးႏွင့္ သုတ္လိုက္ကာ အုပ္ေဆာင္းကိုလွပ္၍ ၾကည့္လိုက္ေသာအခါ ထမင္းျဖဴတစ္ပန္းကန္ႏွင့္ ငပိရည္တစ္ခြက္ကိုေတြ႕လိုက္ရ၏။ ထမင္းျဖဴေပၚသို႔ ငပိရည္မ်ားစမ္း၍ ဗိုက္ဆာဆာႏွင့္ပလုပ္ပေလာင္းစားလိုက္သည္။ ထိုအခ်ိန္၌ သူ၏ဇာတ္ပိုးဆီသို႔ လက္ဝါးေဆာင္းတစ္ခုက ေဖာင္းကနဲက်ေရာက္လာ၏။
“အြတ္….ဖူး။”
ဇာတ္ပိုးအားအ႐ိုက္ခံလိုက္ရသည့္အရွိန္ေၾကာင့္ အြတ္ကနဲျမည္ကာ ပါးစပ္ထဲမွထမင္းကို အျပင္သို႔ဖူးကနဲမႈတ္ထုတ္မိသြားသည္။ ငထိုက္သည္ ပါးစပ္မွာကပ္ေနသည့္ ထမင္းလုံးမ်ားကိုလက္ႏွင့္သုတ္ရင္း အေနာက္သို႔လွည့္ၾကည့္လိုက္ေသာအခါ ႀကိမ္လုံးအားကိုင္၍ သူ႔အားေဒါသတႀကီးႏွင့္ ရပ္ၾကည့္ေနေသာ္ ဦးစိန္သီးကိုေတြ႕လိုက္ရသည္။
“က်ဳပ္…က်ဳပ္ကိုဘာလို႔႐ိုက္တာလဲဦးေလးရာ။”
”မင္းကိုထမင္းစားရင္ ေခြးလိုမစားဖို႔ငါမေျပာထားဘူးလားကြေဟ။ ထမင္းကိုလက္နဲ႔စားရင္ ထမင္းတစ္စိေအာက္ကိုမက်ဖို႔လဲေျပာထားတယ္။ ဒါကိုမင္းကငါ့စကားကိုနားမေထာင္ဘူး။ မင္းမွာအျပစ္ရွိတယ္… ငါမင္းကို႐ိုက္မယ္….ကဲကြာ!!..ကဲကြာ!!။”
”အ..အ…ေတာင္းပန္ပါတယ္ဦးေလးရယ္… က်ဳပ္ေနာက္မလုပ္ေတာ့ပါဘူးဗ်။ ေအာင္မေလးဗ်!!။”
”ႏြားလိုေကာင္မင္းက… ဘယ္ေလာက္႐ိုက္႐ိုက္အသိတရားရွိမယ့္ေကာင္မဟုတ္ဘူး။ ဒီေန႔ေတာ့မင္းနဲ႔ငါအေတြ႕ဘဲငထိုက္ေရ။ ကဲကြာ!!…ကဲကြာ။!!”
”အား!!…ေၾကာက္ပါၿပီဗ်။ ေနာက္မလုပ္ေတာ့ပါဘူးဗ်။”
ငထိုက္သည္ ဦးေလးျဖစ္သူႀကိမ္တံႏွင့္႐ိုက္သမွ်ကို ေျမျပင္ေပၚ၌ လူးလိမ့္ကာခံေနရေလသည္။ ဦးစိန္သီးသည္လည္း ငထိုက္ကိုတေရစပ္ ႐ိုက္ႏွက္ေနခဲ့၏။ ထိုစဥ္ ငထိုက္၏အေတြးထဲ၌ ဆုံးျဖတ္ခ်က္တစ္ခုကို အခိုင္မာခ်လိုက္ေတာ့သည္။ လူးလိမ့္ေအာ္ဟစ္ေနရာမွ အံကိုခတ္တင္းတင္းႀကိတ္ကာ မ်က္ရည္မ်ား႐ႊဲေနသည့္ မ်က္လုံးအိမ္အတြင္းကေန ဦးစိန္သီးကိုစူးစိုက္ၾကည့္လိုက္၏။
ဦးစိန္သီးသည္ ႀကိမ္တံလႊဲ၍ ႐ိုက္လိုက္ခ်ိန္၌ ငထိုက္သည္ ႀကိမ္လုံးကိုဆက္ကနဲဆြဲလုကာ အလ်င္အျမန္ထ၍ ႀကိမ္လုံးျဖင့္ဦးစိန္သီး၏ ညာဘက္နထင္ကို အားႏွင့္လႊဲ႐ိုက္ခ်လိုက္သည္။ ႐ိုက္ခ်က္သည္ မည္မွ်ျပင္းထန္သည္မေျပာတတ္ေခ်။ ႀကိမ္လုံးထက္ပိုင္းက်ိဳးကာ ဦးစိန္သီးသည္လည္း ေခါင္း၌ ေသြးမ်ားျဖာထြက္၍ ေျမျပင္ေပၚလဲက်သြားေလ၏။
ငထိုက္သည္ ဦးစိန္သီးကိုလႈပ္ႏိုးၾကည့္သည္။ ဦးစိန္သီးမွာမႏိုးေခ်။ ေဇာေခြၽးမ်ားျပန္လာကာ ေၾကာက္စိတ္ျဖင့္ အိမ္အတြင္းကေနေျပးထြက္လိုက္သည္။ ၿခံဝဆီမွအေဒၚျဖစ္သူက အေႂကြးေတာင္းရာမွ ျပန္လာသည္ကို ငထိုက္ေတြ႕လိုက္ရ၏။ ငထိုက္သည္ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ အေဒၚျဖစ္သူေဘးမွျဖတ္သြားလိုက္သည္။
“ဟဲ့… ငထိုက္ဘယ္သြားမလို႔လဲ။ ဟဲ့ငါေမးေနတယ္ေလ။ ဪ….ဒီေကာင္ေလးကေတာ့။”
ငထိုက္သည္အေဒၚျဖစ္သူအား ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ၾကည့္ကာ တခ်ိဳးတည္း ၿခံထဲကေနထြက္ေျပးခဲ့ေလသည္။ အေဒၚျဖစ္သူသည္ ငထိုက္ကိုနားမလည္ႏိုင္စြာၾကည့္ကာ အိမ္ထဲသို႔ဝင္လိုက္ခ်ိန္၌ ေသြးအိုင္ထဲျဖင့္လဲက်ေနေသာ္ ေယာက္်ားျဖစ္သူကိုေတြ႕ရွိသြားကာ အလန႔္တၾကားေအာ္ဟစ္လိုက္ေလ၏။
ဦးစိန္သီးသည္ ေနရာမွာတင္ပြဲျခင္းပီးေသဆုံးသြားခဲ့သည္။ ငထိုက္သည္ လူသတ္တရားခံဆိုသည္မွာ ေသခ်ာေနေသာ္ေၾကာင့္ ငထိုက္အားဝရမ္းေျပးတရားခံျဖင့္အမိန႔္ထုတ္လိုက္ေလ၏။ ငထိုက္သည္ေတာ့ ေျခဦးတည့္ရာေျပးလာခဲ့ရာ ေတာနက္ပိုင္းဆီသို႔ျဖစ္သည္။
++++++ ++++++
”ဆက္ေျပာပါအုံးသားရဲ႕… အဲဒီငထိုက္ဆိုတဲ့ကေလး… ဘာျဖစ္သြားလဲ။”
အထက္ပါျဖစ္ရပ္မ်ားမွာမူ သူရကသူ၏မိဘႏွစ္ပါးႏွင့္ သူ၏သူငယ္ခ်င္းျဖစ္သူတို႔ကို အိမ္ေရွ႕တန္းလ်ားခုံေပၚ၌ ေျပာျပ၍ေနခဲ့ျခင္းသာျဖစ္၏။ သူရသည္ ေရေႏြးၾကမ္းတစ္ခြက္ကို ေမာ့ေသာက္လိုက္ကာ ေနာက္တစ္ခြက္ထက္ငွဲ႔လိုက္ေလသည္။
“ငထိုက္ဆိုတဲ့ကေလးက….. အဲဒီေတာနက္ထဲကေနျပန္မထြက္ရဲေတာ့ဘူးအေဖရ။ အသက္ကလဲငယ္ေသးေတာ့… ဦးစိန္သီးေသဆုံးပုံကိုျပန္ျပန္ျမင္ေယာင္လာတယ္ေလ။ ေနာက္ေတာ့ သည္းေျခပ်က္ၿပီးေတာနက္ထဲမွာအ႐ူးတစ္ပိုင္းျဖစ္သြားရွာတယ္။”
”ဒါနဲ႔ေနပါအုံးသူရရဲ႕…. မင္းကဒီအေၾကာင္းေတြဘယ္လိုသိေနတာလဲ။”
သူရ၏သူငယ္ခ်င္းျဖစ္သူ ဗ်ားေလးမွေမးလိုက္ျခင္းျဖစ္၏။
”ငါဦးဘခိုင္ဆီကပညာေတြသိမ္းၿပီးေတာ့… ႐ြာေတာ္ရွင္ကိုအခ်ဳပ္ေႏွာင္ကေနလႊတ္ေပးလိုက္တယ္ေလ။ အဲဒီမွာငါက…ကိုထူးနဲ႔ဟန္ႀကီးကို…အင္းႏွစ္ခ်ပ္ေပးလိုက္တယ္။ သူတို႔႐ြာထဲကိုသြားၿပီး ခဏအၾကာေတာ့…. မင္းတို႔ကေအာက္ပညာသည္လို႔ထင္ေနတဲ့… လူႀကီးေရာက္လာတယ္ကြ။ သူကငါ့ကိုဒါေတြေျပာျပလိုက္တာ။”
”သူကေအာက္ပညာသည္မဟုတ္ရင္… ဘာလဲကြသူရ။”
ဟန္ႀကီး၏အေမးကိုသူရက ခတ္ၿပဳံးၿပဳံးကေလးျပန္ေျဖ၏။
“သူကေျမေလွ်ာက္ဝိဇၨာတစ္ပါးပါကြာ။ ငါ့ကိုအဲဒီကိစၥအကူညီေတာင္းဖို႔ေစာင့္ရင္း… ငါတို႔႐ြာရဲ႕သခ်ႋဳင္းမွာ က်င့္စဥ္တစ္ခုလာက်င့္ေနတာပါ။”
“ေနပါအုံးကြ ေျပာေလရႈပ္ေလျဖစ္ေနၿပီ။ အခုမင္းေျပာျပတဲ့အထဲမွာ… ငထိုက္က႐ူးသြားတာဘဲပါတာေလ။ ဘာကိုကူညီရမွာလဲ။ ဘာလဲ…မင္းကအဲဒီအ႐ူးကို… ေပ်ာက္ေအာင္ကုေပးရမွာလား။”
”မဟုတ္ဘူးကြ။ ငထိုက္က႐ူးသြားတယ္ဆိုတာ မွန္တယ္။ ဒါေပမဲ့ငထိုက္က အ႐ူးျဖစ္ၿပီး ေတာထဲမွာေနေတာ့…. လူေတြနဲ႔ေဝးကြာသြားတယ္ေလ။ အ႐ိုင္းစိတ္ေတြဝင္ၿပီး… သားစိမ္းငါးစိမ္းေတြကိုအရွင္လတ္လတ္စားေသာက္တယ္။ ေနာက္ၾကေတာ့… သူ႔ရဲ႕အကုသိုလ္ကံေတြက… သူ႔ကိုဒဏ္ခတ္လိုက္တယ္။ ငထိုက္ကအခု အဲဒီေတာထဲမွာ တစ္ပြဲစားႀကီးျဖစ္ေနၿပီ။
လူ႔ဘဝတုန္းက…. သူျပဳလုပ္ခဲ့တဲ့ကုသိုလ္ကံတစ္ခုေၾကာင့္… တစ္ပြဲစားႀကီးျဖစ္သြားေတာ့… ကမၼဇိဒၶိတန္ခိုးအနည္းငယ္ရွိသြားတယ္။ ဒါေပမဲ့ စိတ္႐ိုင္းဝင္ၿပီး႐ူးေနတာေတြက… တစ္ပြဲစားျဖစ္တဲ့အထိေပ်ာက္မသြားဘူး။ တစ္ေန႔ေတာ့အဲဒီတစ္ပြဲစားႀကီးငထိုက္က…. ေတာထဲမွာေလွ်ာက္သြားရင္း… ႐ြာတစ္႐ြာကိုေတြ႕သြားတယ္။ အဲဒီ႐ြာထဲကိုဝင္ၿပီးကြၽဲ၊ ႏြား၊ ဝက္ေတြကိုစားေသာက္တယ္ကြ။
တျဖည္းျဖည္းနဲ႔ တစ္ပြဲစားႀကီးက အတင့္ရဲလာၿပီးအခုဆို ငါးႏွစ္ေအာက္ကေလးငယ္ေတြကိုသတ္ျဖတ္စားေသာက္ေနၿပီကြ။ ကေလးငယ္ေတြ ညဘက္လန႔္ငိုလို႔ မၾကည့္မိရင္ေတာ့ အဲဒီမနက္ၾက ကေလးေခါင္းျဖစ္ျဖစ္ လက္ေခ်ာင္းေလးေတြျဖစ္ျဖစ္ တစ္ခုခုပဲက်န္ခဲ့တယ္။ ကေလးကိုတစ္ပြဲစားႀကီးက စားသြားၿပီေလကြာ။”
“မင္းေျပာပုံအရဆို တစ္ပြဲစားႀကီးက ေတာ္ေတာ္ကိုဆိုးဝါးေနၿပီပဲကြ။”
သူရသည္ ေခါင္းညိမ့္ျပလိုက္ကာ ေကာင္းကင္ကိုၾကည့္၍ တစ္စုံတစ္ခုကိုေတြးေတာ ႀကံစည္ေနခဲ့၏။ ဤသို႔ႏွင့္ ေန႔လယ္ခင္းအခ်ိန္၌ သူရသည္ ထမင္းစားေသာက္ၿပီးသည္ႏွင့္ သူငယ္ခ်င္းသုံးဦးႏွင့္အတူ ႐ြာလူႀကီး ဦးဝင္းေမာင္အိမ္ဘက္ကို ေျခဦးလွည့္ခဲ့ေလသည္။
အေၾကာင္းမွာမူ ကာလသားေခါင္းေဆာင္ ကိုနီတြတ္က သူရထမင္းစားေနခိုက္ ေရာက္ရွိလာကာ သူႀကီးကအေခၚေတာ္လႊတ္လိုက္ေၾကာင္း လာေျပာသည္။ ထို႔ေၾကာင့္ သူရသည္လည္း ထမင္းစားၿပီးသည္ႏွင့္ သူငယ္ခ်င္းမ်ားကိုဝင္ေခၚကာ သူႀကီးအိမ္ဘက္ကို ေျခဦးလွည့္ခဲ့ျခင္းျဖစ္ေလသည္။
သူရသည္ သူႀကီးၿခံေရွ႕သို႔ ေရာက္သည္ႏွင့္ ၿခံဝင္းထဲကိုၾကည့္လိုက္ခ်ိန္၌ ႐ြာလူႀကီးဦးဝင္းေမာင္ႏွင့္အတူ တန္းလ်ားခုံေပၚ၌ ပုဝါအနီတစ္ထည္ကို ေခါင္းေပါင္းေပါင္းထားေသာ္ လူႀကီးတစ္ဦးႏွင့္ အသက္၃၀ ဝန္းက်င္ခန႔္ဟု ခန႔္မွန္းမိေသာ္လူတို႔ ထိုင္ေနသည္ကိုျမင္ေတြ႕လိုက္ရ၏။
သူရသည္ျဖည္းျဖည္းႏွင့္ ခတ္မွန္မွန္ကေလးဝင္လာခဲ့သည္။ သူႀကီးသည္ ၿခံထဲသို႔ဝင္လာေသာ္ သူရကိုေတြ႕သည္ႏွင့္ သူစိမ္းဧည့္သည္ႏွစ္ဦးအား လက္ညိဳးထိုးျပကာ အၿပဳံးႀကီးၿပဳံးေနေလ၏။ ထိုသူစိမ္းဧည့္သည္ႏွစ္ဦးသည္ သူရကိုလွည့္ၾကည့္လိုက္ခ်ိန္၌ ထိုသူတို႔သည္ သံသယမ်က္လုံးႏွင့္ ၾကည့္ေနသည္ကို သူရသိလိုက္သည္။
“ေမာင္သူရေတာင္ေရာက္လာပါ့ေကာ… ကဲလာဒီမွာထိုင္။ ေမာင္သူရကိုမိတ္ဆက္ေပးရအုံးမယ္။ ဒါက ဟိုဘက္ႏွစ္႐ြာေက်ာ္က ကင္းမ႐ြာသူႀကီး..ဦးထြန္းေအာင္တဲ့…. ဒီဘက္ကသူ႔သားစိုင္းေအာင္တဲ့။”
”ဟုတ္ကဲ့ေတြ႕ရတာဝမ္းသာပါတယ္သူႀကီး။ ကြၽန္ေတာ့္နာမည္သူရပါ။ ဒါနဲ႔ကြၽန္ေတာ့္ကို… ေခၚရတဲ့အေၾကာင္းရင္းကဘာမ်ားလဲသူႀကီး။”
သူရသည္ ကင္းမ႐ြာသူႀကီးႏွင့္ သူႀကီးသားဆိုသူကိုႏႈတ္ဆက္ကာ သူ၏႐ြာသူႀကီး ဦးဝင္းေမာင္ဘက္ကိုလွည့္၍ ေမးလိုက္ျခင္းပင္ျဖစ္သည္။ ဦးဝင္းေမာင္သည္ ကင္းမ႐ြာသူႀကီးဦးထြန္းေအာင္ကိုၾကည့္ကာ ေမးေငါ့ျပလိုက္၏။
“ဦးထြန္းေအာင္က… သူတို႔႐ြာမွာထူးထူးဆန္းဆန္း ကိစၥတစ္ခုျဖစ္ေနလို႔… ေမာင္သူရကိုလာပင့္တာတဲ့။”
”ဟုတ္ပါတယ္ဆရာေလး။ က်ဳပ္တို႔႐ြာမွာ…. အလြန္ထူးဆန္းတဲ့ျပႆနာတစ္ခုျဖစ္ေနလို႔ဆရာေလးကိုလာပင့္ရတာပါ။”
”ဘယ္လိုမ်ိဳးမ်ားလဲ။”
“အေၾကာင္းစုံကိုက်ဳပ္ရွင္းျပေပးပါ့မယ္။ က်ဳပ္တို႔႐ြာမွာ လြန္ခဲ့တဲ့ႏွစ္ပတ္ေက်ာ္ေလာက္ကစၿပီး ေမြးျမဴထားတဲ့ကြၽဲေတြ၊ ႏြားေတြေပ်ာက္ကုန္ပါတယ္။ တစ္ခါေပ်ာက္ရင္လဲ ငါးေကာင္ထိကိုေပ်ာက္တာပါ။ နခိုး(ႏြားသူခိုး)ခိုးတဲ့ေျပာရေအာင္ကလဲ အဲဒီႏြားေတြေပ်ာက္သြားတဲ့ေနရာမွာ ေသြးကြက္ေတြနဲ႔ ေျခရာအႀကီးႀကီးေတြကိုေတြ႕ရလို႔… နခိုးခိုးတာေတာ့မျဖစ္ႏိုင္ပါဘူး။
အဲဒီလိုစေပ်ာက္တုန္းကေတာ့… က်ဳပ္တို႔ကေတာသူေတာင္သားေတြမလို႔… အသိဉာဏ္နည္းပါးၿပီး… နခိုးကႏြားကိုတစ္ခါတည္းေပၚ(သတ္)ၿပီးမွ ယူသြားတယ္ဆိုၿပီး ထင္ၾကပါတယ္။ ကင္းပုန္းေတြခ်ကင္းေတြေစာင့္ပင္မဲ့… ႏြားေတြကမ်က္စိေရွ႕မွာတင္ကို…. ျဖန္ကနဲေပ်ာက္ေပ်ာက္သြားတာပါ။
ေနာက္ေလးငါးရက္ေလာက္ၾကာေတာ့…. ကြၽဲေပ်ာက္ႏြားေပ်ာက္မျဖစ္ေတာ့ပင္မဲ့… ႐ြာက ကေလးငယ္ေတြတစ္ေယာက္ၿပီးတစ္ေယာက္ ေပ်ာက္သြားပါတယ္။ ေပ်ာက္တာကလဲထူးဆန္းပါတယ္။ ကေလးအိပ္တဲ့ေနရာမွာ… ေသြးစေတြနဲ႔ ကေလးရဲ႕ခႏၶာကိုယ္အစိတ္ပိုင္းတခ်ိဳ႕ပဲက်န္ခဲ့တာပါ။
က်ဳပ္တို႔လည္း… အဲဒီအခါၾကမွ တစ္ခုခုေတာ့ထူးၿပီဆိုၿပီး… ပေယာဂဆရာတစ္ေယာက္ကိုရွာၿပီး…. ပင့္ခဲ့ပါတယ္။ ဒါေပမဲ့အဲဒီလူက… ဒီအေကာင္ကႀကီးလြန္းတယ္။ ငါမႏိုင္ဘူးလို႔ေျပာသြားပါတယ္။ ဒါေပမဲ့ ဘာမွစိတ္မပူၾကနဲ႔ဆိုၿပီး… မင္းတို႔႐ြာကိုငါဆရာတစ္ပါးလႊတ္လိုက္မယ္လို႔ဆိုခဲ့ပါတယ္။
အရင္၂ရက္ေလာက္က အဲဒီဆရာႀကီးျပန္ေရာက္လာၿပီး ျမင္းခေက်း႐ြာကိုသြား ဆရာေလးသူရကိုပင့္ၿပီး ဒီအေကာင္ကိုႏွိမ္နင္းခိုင္းဆိုလို႔ က်ဳပ္တို႔ဆရာေလးကိုလာပင့္ရတာပါ။
(ထိုဆရာမွာ သူရဆီအကူညီလာေတာင္းေသာ္ ေျမေလွ်ာက္ဝိဇၨာတစ္ဦးပင္ျဖစ္ပါသည္။
စာေရးသူ။)
ဆရာေလးမွမကူညီရင္ က်ဳပ္တို႔႐ြာပ်က္ရပါလိမ့္မယ္ဆရာေလး။ ဆရာေလးသာ ကူညီေပးပါ က်ဳပ္ဆရာေလးေတာင္းသေလာက္ အခေၾကးေငြေပးပါ့မယ္။”
သူရသည္ ျဗဳန္းကနဲမတ္တတ္ထရပ္ကာ မ်က္ေမွာင္က်ဳံ႕၍ ကင္းမ႐ြာသူႀကီးဦးထြန္းေအာင္ကို စိုက္ၾကည့္လိုက္သည္။ သူရသည္ အသိကိုသတိႏွင့္ျပန္ထိန္းကာ ဟင္းကနဲသက္ျပင္းႀကီးတစ္ခ်က္ခ်လိုက္ၿပီး ကင္းမ႐ြာသူႀကီးကို တစ္လုံးျခင္းေျပာေလ၏။
“ဒီကသူႀကီးဦးထြန္းေအာင္အေနနဲ႔… က်ဳပ္ကိုအကူညီေတာင္းတဲ့ကိစၥမွာ က်ဳပ္အေနနဲ႔ကူညီေပးႏိုင္ပါတယ္။ တစ္ခုရွိတာကေတာ့… က်ဳပ္ကအခေၾကးေငြနဲ႔ကုေနတဲ့ဆရာတစ္ေယာက္မဟုတ္ဘူး။ ဒါေၾကာင့္ စကားေျပာတာေလးဆင္ျခင္ေပးပါ။”
ကင္းမ႐ြာသူႀကီးသည္ ထိုအခါမွသူစကားမွားသြားမွန္း သိလိုက္ေလ၏။
”က်ဳပ္စကားက ႐ိုင္းသလိုျဖစ္သြားရင္ ေတာင္းပန္ပါတယ္ဆရာေလးရယ္။ က်ဳပ္႐ြာသူ႐ြာသားေတြအတြက္ စိုးရိမ္စိတ္ႀကီးၿပီး စကားေျပာမွားသြားတာပါ။ ခြင့္လႊတ္ေပးပါ။”
”ရပါတယ္ဗ်ာ..က်ဳပ္နားလည္ပါတယ္။ ဒီေန႔ေတာ့ခ်က္ခ်င္းက်ဳပ္လိုက္လို႔မရေသးဘူး။ လိုအပ္တဲ့အင္းစမေတြကို သိဒၶိသြင္းရအုံးမယ္။ ဒီတစ္ညအတြက္ေတာ့ ဘာမွမစိုးရိမ္ပါနဲ႔။ ေရာ့..ဒါကက်ဳပ္ဆရာေတြကိုယ္တိုင္မန္းသြားတဲ့ေရမန္းပုလင္း။ ဒီေရမန္းကိုပြားၿပီးေတာ့ အိမ္ၿခံဝင္းအေစ့ စည္းတားလိုက္ပါ။ အေမွာင့္ပေယာဂမွန္သမွ်… ၿခံစည္း႐ိုးအနားကိုမကပ္ႏိုင္ပါဘူး။”
”ဆရာေလးကခ်က္ခ်င္းမလိုက္ႏိုင္ေတာ့ က်ဳပ္ဒီညကို ဘယ္လိုလုပ္မလဲေတြးပူမိသြားတာဗ်။ အခုလိုစီစဥ္ေပးေတာ့လဲ ေက်းဇူးတင္ပါတယ္ဆရာေလးရယ္။”
”တစ္ခုေတာ့မွာလိုက္ခ်င္တယ္။ က်ဳပ္ေပးလိုက္တဲ့ေရမန္းကို… ယုံယုံၾကည္ၾကည္နဲ႔လုပ္ပါ။ သူႀကီးတို႔႐ြာက အိမ္ၿခံဝင္းအျပည့္ စည္းတားထားရဲ႕နဲ႔… လူတစ္ေယာက္..မဟုတ္ဘူး….. ကေလးငယ္တစ္ဦးလန႔္ငိုခဲ့ရင္ေတာင္… က်ဳပ္ကိုယ္တိုင္သူႀကီးတို႔႐ြာကိုလာၿပီး သူႀကီးေရွ႕မွာလည္စင္းေပးႏိုင္ပါတယ္။ က်ဳပ္သြားမယ္။”
သူရ၏ ယုံၾကည္မႈအျပည့္ႏွင့္ အာမခံရဲမႈတို႔ေၾကာင့္ ကင္းမ႐ြာသူႀကီးတို႔ သံသယမ်ားကြယ္ေပ်ာက္ကာ အႂကြင္းမဲ့ယုံၾကည္သြားခဲ့သည္။ သူရသည္ သူ၏သူငယ္ခ်င္းမ်ားကိုပါ ေခၚယူရန္ဆုံးျဖတ္ထားေသာ္ေၾကာင့္ လိုက္၏မလိုက္၏ကို အိမ္သို႔အျပန္လမ္း၌ ေမးျမန္းေလ၏။
“သူငယ္ခ်င္းတို႔… မနက္ျဖန္ကင္းမ႐ြာကို… ပေယာဂကုသြားရမွာဆိုေတာ့… မင္းတို႔လိုက္အုံးမလား။”
”ဘယ္ႏွယ့္ေျပာလိုက္ပါလိမ့္သူရရာ…တို႔အေၾကာင္းလဲမင္းသိသားနဲ႔… လိုက္ခ်င္တာမွတစ္ပိုင္းကိုေသလို႔ကြ။ မင္းအတြက္အေႏွာက္ယွက္ျဖစ္မွာစိုးလို႔သာ… ငါတို႔ကဘာမွမေျပာဘဲေနေနတာ။”
”ကဲဒီလိုဆိုရင္…. မနက္အ႐ုဏ္တက္ေလာက္ၾကသြားၾကမယ္။ ငါ့အိမ္ကလွည္းေတာ့ ယူမရေလာက္ဘူးကြ။ ႏြားေတြကလဲသိပ္ေနမေကာင္းသလို… လွည္းဘီးဝင္႐ိုးကိုလဲျပင္ေနရတာ ငါမနက္ကအေဖလုပ္တာေတြ႕ခဲ့တယ္။”
”ငါ့အိမ္ကလွည္းယူခဲ့ပါ့မယ္ကြာဘာမွမပူၾကနဲ႔။”
”ဟန္ႀကီးအိမ္ကလွည္းဆိုလို႔… မင္းတို႔ကိုငါထူးဆန္းတာတစ္ခုေျပာျပရအုံးမယ္ကြ။”
”ဟန္ႀကီးအိမ္ကလွည္းဆိုလို႔… မင္းတို႔ကို..ငါထူးဆန္းတာတစ္ခုေျပာျပရအုံးမယ္ကြ။”
”ဘယ္လိုထူးဆန္းတာမ်ိဳးမလို႔လဲ ကိုထူးရ။”
”ဒီလိုကြ ငါမေန႔က… ဟိုဘက္႐ြာကိုငါ့အေဖခိုင္းတာနဲ႔သြားရတယ္။ အေဖခိုင္းတာက ေစာေစာၿပီးပါတယ္ကြာ။ ငါအဲဒီ႐ြာမွာနည္းနည္းပါးပါး ကစ္ရင္းနဲ႔ျပန္ခ်ိန္ကေနာက္ၾကသြားတာ။ မိုးေတာ့မခ်ဳပ္ေသးဘူးကြ။ ေနဝင္သြားေပမဲ့ လက္က်န္အလင္းေရာင္ေလးေတာ့ရွိေသးတယ္။
ငါလည္းလွည္းကိုပုံမွန္ထိန္းေမာင္းလာရင္း ငါတို႔႐ြာနဲ႔ရွားေဇာင္းကန္႐ြာနားၾကေတာ့ ငါအေရွ႕တည့္တည့္ကေနလွည္းတစ္စီးလာေနတာကို ေတြ႕လိုက္တယ္ကြ။ ငါလည္း သူတို႔လွည္းကိုၾကည့္လိုက္ေတာ့ သူတို႔ကဖယ္ေပးဖို႔မျဖစ္ႏိုင္တာနဲ႔ ငါကပဲဖယ္ေပးလိုက္တယ္။
ငါလဲ လွည္းကိုေဘးဖယ္ေပးလိုက္ၿပီး သူတို႔လွည္းကိုၾကည့္လိုက္ေတာ့ လွည္းေမာင္းတဲ့ေယာက္်ားနဲ႔မိန္းမႏွစ္ဦးကြ အဲဒီမိန္းမႏွစ္ေယာက္က လွတာေတာ့အေတာ္လွတာေနာ္ကိုယ့္လူ။ ဒါေပမဲ့မ်က္ႏွာေသႀကီးေတြနဲ႔ကြ တစ္ေယာက္နဲ႔တစ္ေယာက္ စကားလဲမေျပာၾကဘူး။
ငါလဲသူတို႔လွည္းကိုလိုက္ၾကည့္ၿပီး ငါ့လွည္းကိုလမ္းေပၚျပန္တင္လိုက္တယ္။ ဘာရယ္မဟုတ္ပါဘူးကြာ ငါကေနာက္ကိုျပန္လွည့္ၾကည့္လိုက္တာ ခုဏကလွည္းက ေဘးကိုေစာင္းၿပီးေမွာက္လို႔ေဟ့။ ကံဆိုးခ်င္ေတာ့ သူတို႔ေမွာက္တဲ့ဘက္က ကိုင္းငုတ္တိုႀကီးေတြနဲ႔ကြ။ ဗိုက္ေတြမ်က္လုံးေတြကို ကိုင္းငုတ္တိုေတြနဲ႔ထိုးမိတာ ျမင္လို႔ေတာင္မေကာင္းဘူးကြာ။
ငါလဲသူတို႔ကိုကယ္ဖို႔ဆိုၿပီး အေရွ႕ျပန္ၾကည့္ၿပီးလွည္းကိုရပ္လိုက္တယ္။ လွည္းရပ္ၿပီး ငါလဲလွည္းေပၚက အေျပးဆင္းလိုက္တာေပါ့ကြာ။ ေနာက္ကိုေျပးမယ္လုပ္ေတာ့ ငါ့မွာအမူးကိုေျပသြားေတာ့တာေဟ့။”
”ဘာေၾကာင့္လဲကိုထူးရ။”
”ဟ…ဘာျဖစ္ရမလဲဗ်ားေလးရ။ ငါေစာနကမ်က္လုံးနဲ႔တပ္အပ္ျမင္ခဲ့ရတဲ့လွည္းက ႐ုတ္ခ်ည္းဆိုသလို ေပ်ာက္သြားတာေဟ့။ ငါလဲအနီးပတ္ဝန္းက်င္ကိုလွည့္ပတ္ရွာေတာ့လဲမေတြ႕ဘူးကြ။ အဲဒီခါၾကမွ ငါလဲ သရဲအေျခာက္ခံရတယ္ဆိုတာသိၿပီး လွည္းေပၚကိုအေျပးတက္ ႏြားေတြကို ႀကိမ္နဲ႔တျဖန္းျဖန္း႐ိုက္ၿပီး ႐ြာကိုအေျပးႏွင္လာရေတာ့တာေပါ့ကြာ။”
“ေတာ္ေတာ္ထူးဆန္းတာဘဲဗ်။ အဲဒီေနရာမွာအရင္က လွည္းေမွာက္ခဲ့ဖူးလို႔လား ကိုထူး။”
”ေမွာက္ခဲ့ဖူးတယ္။”
သူရမွ ဝင္ေျပာလိုက္ျခင္းျဖစ္ေလ၏။
“လြန္ခဲ့တဲ့ငါးႏွစ္ေက်ာ္ခန႔္က…. အဲဒီရွားေစာင္းကန္႐ြာမွာ…. သူႀကီးသမီးျမယမုံနဲ႔မႈံနံသာတို႔က… ၿမိဳ႕ကေနအျပန္မွာ… လွည္းဘီးတစ္ဖက္က ခ်ိဳင့္ဝွက္(ဂြက္)ထဲကိုက်ၿပီး တစ္ဖက္ေစာင္းၿပီးေမွာက္သြားတယ္။ ခုဏက ကိုထူးျမင္ေတြ႕ခဲ့ရတဲ့အတိုင္းဘဲ… ကိုင္းငုတ္တိုေတြက ရင္ဘက္ကိုထုတ္ျခင္းေပါက္ေအာင္စိုက္မိၿပီး ေသသြားၾကတယ္။ လွည္းေမာင္းသမားအပါဝင္ေပါ့။”
”သနားစရာေကာင္းလိုက္တာကြာ။ သူတို႔ကမကြၽတ္လြတ္ေသးဘူးလားသူရ။”
”အင္း… သူတို႔ဝဋ္ေႂကြးလို႔ဘဲေျပာရမယ္။ ဝဋ္ေႂကြးကုန္ရင္ေတာ့ကြၽတ္လြတ္ႏိုင္မွာပါ။”
”ဒါနဲ႔သူရ…. အဲဒီလိုဘဲသူတို႔က အၿမဲတမ္းေခ်ာက္လန႔္ေနၾကတာလား။”
”အဲဒီလိုၾကေတာ့လဲမဟုတ္ဘူး။ သူတို႔က သူတို႔ေသသြားတဲ့ေန႔ကိုေရာက္ရင္… အဲဒီလိုလွည္းႀကီးကေမွာက္ၿပီး… လွည္းေပၚပါတဲ့သူအကုန္ေသသြားတဲ့ျမင္ကြင္းကို လူတခ်ိဳ႕ျမင္ၾကတယ္။ ကူညီမလို႔သြားလိုက္ရင္…. အဲဒီလွည္းကမ်က္စိေရွ႕မွာကိုေပ်ာက္သြားတာ။”
”ေတာ္ေတာ္ကိုထူးဆန္းတာဘဲေနာ္။ ေစာနကမင္းေျပာသလိုဘဲ ဝဋ္ေႂကြးရွိသ၍ေတာ့ သူတို႔ကြၽတ္လြတ္ႏိုင္ေသးမွာမဟုတ္ဘူး။”
(ျဖစ္ရပ္မွန္တစ္ခုအား ထည့္သြင္းေရးသားထားျခင္းျဖစ္ပါသည္။ စာဖတ္သူမ်ားလည္း ဝဋ္ေႂကြးရွိက ဤဘဝမွာတင္ ေက်ေအာင္ဆပ္ႏိုင္ၾကပါေစ။
စာေရးသူ။)
ဤသို႔ႏွင့္ သူရတို႔သည္ ေနအိမ္ကိုယ္စီကိုျပန္လာခဲ့ၾကၿပီးေနာက္ လုပ္စရာရွိသည္မ်ား လုပ္ကိုင္ခဲ့ၾက၏။ သူရသည္ အိမ္ကိုျပန္ေရာက္သည္ႏွင့္ မိဘႏွစ္ပါးကိုအက်ိဳးေၾကာင္းေျပာျပ၍ ေရမိုးခ်ိဳးအဝတ္အစားလဲကာ တရားထိုင္ပုတီးစိပ္လိုက္သည္။
သက္ႀကီးေခါင္းခ်ခ်ိန္သို႔ အေရာက္၌ လိုအပ္မည္ထင္သည့္အင္းႏွစ္ခ်ပ္ႏွင့္ အေဆာင္တစ္ခုကို သိဒၶိသြင္း၍ႏႈိးထားလိုက္၏။ သူရသည္ အင္းစမ်ားႏႈိးထားၿပီးသည္ႏွင့္ သမထအားထုတ္ရန္ ဘုရားစင္ေရွ႕၌ တင္ပလႅင္ေခြထိုင္လိုက္သည္။
မ်က္ခြံလႊာပိတ္လိုက္သည္ႏွင့္ အေမွာင္ထုထဲကို က်ေရာက္သြားခဲ့၏။ စိတ္ကိုတည္ညိမ္စြာထား၍ အေမွာင္ထုကိုပဲအာ႐ုံစိုက္ကာ တရားမွတ္ေနခိုက္ အေမွာင္ထုသည္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားကာ ႐ြာတစ္႐ြာကို ျမင္လိုက္ရေလသည္။
သူအာ႐ုံထဲ၌ေပၚလာေသာ္႐ြာသည္ ကင္းမေက်းေတာ္႐ြာပင္ ျဖစ္ေတာ့၏။ ထိုစဥ္ ႐ြာကိုလွည့္ပတ္ကာ တဝူးဝူးတဝါးဝါးေအာ္ေနေသာ္ ထန္းပင္အရပ္ခန႔္မွ်ရွိသည့္ မဲမဲသ႑န္အရိပ္ႀကီးကို ေတြ႕လိုက္ရသည္။ ထိုအရိပ္မဲႀကီးကို အေသခ်ာအာ႐ုံစိုက္၍ ၾကည့္လိုက္ခ်ိန္၌ ဦးေခါင္းအထက္ရွိဆံပင္မ်ားက မ်က္ႏွာေပၚကိုအုပ္၍ထား၏။
ခႏၶာကိုယ္၌လည္း အေမြးအမွင္မ်ားထူထပ္စြာေပါက္၍ ခႏၶာကိုယ္ႀကီးမွာ ေဝလငါးထက္ပင္ အ႐ြယ္အစားႀကီးမားလွသည္။ မီးက်ီမီးခဲတမွ်နီရဲေနေသာ္ မ်က္လုံးမ်ားႏွင့္ ႐ြာကိုစိုက္ၾကည့္ကာ ေအာ္ဟစ္လိုက္ခ်ိန္၌ ပါးစပ္အတြင္းက အစြယ္မ်ားကအေဖြးသား ေပၚလာေလ၏။
႐ြာထဲကိုဝင္ရန္ ခႏၶာကိုယ္ႏွင့္ ေျပးတိုက္လိုက္ခ်ိန္၌ ႐ြာကိုကာရံထားေသာ္ အကာရံအတြင္းကေန ေ႐ႊအိုေရာင္အဆင္းရွိသည့္ ႀကိမ္၊ လွံ၊ ၾကာပြတ္မ်ားက ထိုအေကာင္ႀကီးအား ႐ိုက္ႏွက္ပုတ္ခတ္လိုက္ေသာ္ေၾကာင့္ ႐ြာအတြင္းသို႔မဝင္ႏိုင္ပဲ အေနာက္ကိုျပန္လဲက်သြားခဲ့ေလသည္။
ထိုအေကာင္ႀကီးသည္ ႐ြာကိုစိုက္ၾကည့္၍ ေတာနက္ထဲကိုျပန္ဝင္သြားေလ၏။ သူရသည္ထိုအေကာင္မွာ ကင္းမ႐ြာအား ဒုကၡေပးေနေသာ္ တစ္ပြဲစားႀကီးငထိုက္မွန္းသိေလသည္။ အျမင္အာ႐ုံမ်ား ကြယ္ေပ်ာက္သြားကာ အေမွာင္ထုျပန္လည္ႀကီးစိုးလာခ်ိန္၌ သူရသည္မ်က္လုံးကိုအသာအရာျပန္ဖြင့္ကာ ေမတၱာပို႔အမွ်ေဝ၍ တရားထိုင္ျဖဳတ္ခဲ့ေတာ့သည္။
သူရသည္ တရားထိုင္ျဖဳတ္ၿပီးသည္ႏွင့္ လြယ္အိတ္ကိုေကာက္လြယ္လိုက္ကာ အိမ္ၿခံဝင္းအျပင္ကိုထြက္ခဲ့ေလ၏။ သူရ႐ြာလမ္းမေပၚေရာက္သည္ႏွင့္ ႐ြာဦးေက်ာင္း၏ အ႐ုဏ္တက္ခ်ိန္၌ေခါက္ေသာ္ အုန္းေမာင္းေခါက္သံေလးက တိတ္ဆိတ္ေနသည့္ ျမင္းခေက်း႐ြာေလးကို လႊမ္းၿခဳံသြားခဲ့ေတာ့သည္။
သူရသည္႐ြာလမ္းမအတိုင္းေလွ်ာက္လာရင္း ဟန္ႀကီးအိမ္ကိုအရင္ဝင္လိုက္၏။ ဟန္ႀကီးသည္လည္း အိပ္ရာမွႏိုးေနၿပီျဖစ္၍ လွည္းကိုအရန္သင့္စီစဥ္ထားေသာ္ေၾကာင့္ ႏွစ္ဦးသားလွည္းေမာင္း၍ က်န္လူမ်ားအားလိုက္လံေခၚယူခဲ့သည္။
အ႐ုဏ္တက္ခ်ိန္မွစထြက္၍ ကင္းမေက်း႐ြာထိပ္ကိုေရာက္ေသာအခါ အေရွ႕ဘက္ေကာင္းကင္စီမွ ေရာင္နီဦးေလးက ထြက္ေပၚလာခဲ့၏။ ကင္းမ႐ြာလမ္းေလးအတိုင္းလွည္းေမာင္း၍ ဝင္လာရင္း လူတစ္ဦးအား သူႀကီးအိမ္ကိုေမးကာ ဆက္လက္ေမာင္းႏွင္လာပါေတာ့သည္။
ေပရွစ္ဆယ္ ေပေလးဆယ္မွ်က်ယ္ေသာ္ ၿခံဝိုင္းႀကီးေရွ႕၌ လွည္းရပ္လိုက္ကာ အိမ္အတြင္းကို ေမွ်ာ္ၾကည့္လိုက္ေသာအခါ ေျခတံရွည္အိမ္ေအာက္က တန္းလ်ားခုံေပၚ၌ ကင္းမ႐ြာသူႀကီးႏွင့္ လူသုံးဦးကိုေတြ႕လိုက္ရ၏။ သူရသည္လည္း ႐ြာလူႀကီးအိမ္ဆိုတာ ေသခ်ာသြားေသာ္ေၾကာင့္ ၿခံဝင္းအတြင္းကို လွည္းေမာင္းဝင္ရန္ ဟန္ႀကီးကိုေျပာလိုက္ေလသည္။
အိမ္ၿခံဝင္းအတြင္း၏ မန္းက်ည္းပင္ေအာက္၌ လွည္းကိုရပ္ထားလိုက္ကာ ကင္းမ႐ြာသူႀကီးထိုင္ေနေသာ္ ခုံတန္းလ်ားေလးဆီ ေလွ်ာက္သြားခဲ့ၾကေလ၏။ ကင္းမ႐ြာသူႀကီးသည္ သူရကိုျမင္သည္ႏွင့္ မတ္တတ္ထရပ္ကာ ဝမ္းပန္းတသာႀကိဳဆိုေလသည္။
”ဆရာေလးေတာင္ႂကြလာၿပီပဲ။ ထိုင္ပါခင္မ်ာထိုင္ၾကပါ။ ဪ… စိုးေအာင္ေရ… ဆရာေလးတို႔လွည္းကႏြားေတြျဖဳတ္ၿပီး… ေရတိုက္လိုက္ပါအုံးကြာ။ အစာပါတစ္ခါတည္းေကြၽးလိုက္။”
”ဟုတ္ဟုတ္အဘ။”
သူရတို႔သည္ ခုံတန္းလ်ားေပၚထိုင္လိုက္သည္ႏွင့္ သူႀကီးမွစကားဆိုလာခဲ့သည္။
“ဆရာေလးေရ…. ဆရာေလးေပးလိုက္တဲ့ေရမန္းက.. အေတာ္ကိုစြမ္းတာဘဲဗ်ာ။ မေန႔ညက ကေလးငိုသံမေျပာနဲ႔ ေခြးအူသံေတာင္မၾကားရဘူးဗ်ိဳ႕။ တစ္ခုေတာ့ရွိတယ္ဗ်။ ညက႐ြာအျပင္မွာေတာ့… ေျခသံႀကီးေတြ.. ေဒါသတႀကီးေအာ္ဟစ္သံေတြၾကားလိုက္ရတယ္။”
”အဲဒါ႐ြာထဲကိုဝင္မရလို႔… တစ္ပြဲစားႀကီးရဲ႕ေအာ္ဟစ္သံေတြပါ။”
”တစ္ပြဲစားႀကီး.. ဟုတ္လားဆရာေလး။”
”ဟုတ္တယ္သူႀကီး… ဒီတစ္ပြဲစားႀကီးက… ႐ူးၿပီးမွတစ္ပြဲစားႀကီးျဖစ္သြားတာ။ ေတာ္ေတာ္ေလးလဲၾကမ္းတဲ့အထဲမွာပါတယ္။”
”ဆရာေလးကသူ႔အေၾကာင္းသိလို႔လား။ သိရင္က်ဳပ္ကိုေျပာျပေပးလို႔ရလားဆရာေလး။”
”ရပါတယ္ဗ်ာ။… အဲဒီတစ္ပြဲစားႀကီးရဲ႕အေၾကာင္းက။”
(အစပထမ၌ တင္ျပခဲ့ၿပီးျဖစ္ပါသည္။
စာေရးသူ။)
ကင္းမ႐ြာသူႀကီးႏွင့္ ေဘး၌ထိုင္ေနေသာ္လူသုံးဦးသည္ ေခါင္းတညိမ့္ညိမ့္ႏွင့္ ”ဪဒီလိုကို” ဟူ၍ အာေမဋိတ္အသံမ်ား ထြက္ေပၚလာ၏။ ဤသို႔ႏွင့္သူရသည္ တစ္ပြဲစားႀကီးအားႏွိမ္နင္းရန္ လိုအပ္သည္မ်ားမွာၾကားလိုက္သည္။ ေန႔လည္စာကိုလည္း သူႀကီးအိမ္၌သာ သူငယ္ခ်င္းေလးေယာက္စားလိုက္ၾက၏။
ဤသို႔ႏွင့္ ညေန၃နာရီဝန္းက်င္ခန႔္၌ အသက္႐ြယ္အားျဖင့္ ေျခာက္ဆယ္ဝန္းက်င္ခန႔္ရွိေသာ္ လူႀကီးတစ္ဦးက ကင္းမ႐ြာသူႀကီးအိမ္ကိုေရာက္လာခဲ့သည္။ သူရသည္ ေရေႏြးတစ္ခြက္ေမာ့ေသာက္ရင္း ထိုလူ၏ပုံစံအားအကဲခတ္လိုက္၏။ အသားအရည္မွာညိဳၿပီးညစ္၍ အသက္ႀကီးေသာ္လည္း ခႏၶာကိုယ္ကႀကံ့ခိုင္ေနတုန္းပင္။
ေခါင္း၌ ဆံပင္အျဖဴႏွင့္အနက္မ်ား ေရာေထြး႐ုံသာမက ႏႈတ္ခမ္းေမြးသည္လည္း အနည္းငယ္အျဖဴႏွင့္အနက္ေရာေနေလသည္။ ထိုလူသည္ သူႀကီး၏ေဘး၌ဝင္ထိုင္လိုက္၏။
“ဟာ..ကိုေထြးဘယ္ကေပါက္ခ်လာတာတုန္းဗ်။”
”ငါဒီကိုဘဲလာခဲ့တာထြန္းေအာင္ရ။ မင္းငါ့သားကိုသရဲေျခေထာက္ပင္ ရွာခိုင္းလိုက္တယ္ဆို။”
”ဟုတ္တယ္ေလကိုေထြး.. ႏို႔..ဘာျဖစ္လို႔တုန္း။”
”ဘာျဖစ္ရမလဲကြ.. အဲဒီအပင္ကလူေတာင္မၾကားဖူးတဲ့အပင္ကို..မင္းဘယ္လိုသိလဲငါထူးဆန္းေနတာေဟ့။ ”
”က်ဳပ္သိတာမဟုတ္ပါဘူးဗ်ာ။ ဒီကဆရာေလးသိတာပါ။”
”ဪ… က်ဳပ္တို႔႐ြာကအခက္ခဲကို ကူညီေပးမယ့္ဆရာေလးနဲ႔တူတယ္။ ဆရာေလးရွာခိုင္းတဲ့အပင္က ဆင္ေခါင္းေတာင္မွာဘဲရွိမယ္ဗ်။ အဲဒီအပင္ကိုလဲက်ဳပ္ပဲျမင္ဖူးတာ… က်ဳပ္သားေတာင္မျမင္ဖူးဘူး။ ဆရာေလးရွာခိုင္းတဲ့အပင္ကို… က်ဳပ္သြားရွာေပးလို႔ရမလားလို႔လာေမးတာပါ။”
”ေနရာလဲသိ အပင္လဲသိေတာ့ ပိုျမန္တာေပါ့ဘႀကီးရာ။ ဒီသရဲေျခေထာက္ပင္က အင္မတန္ရွားပါးတဲ့ မ်ိဳးစိတ္ဆိုတာလဲဘႀကီးသိမွာပါ။ ဒါနဲ႔ ဘႀကီးအဲဒီအပင္ကိုဘယ္လိုသိတာလဲဗ်။”
”က်ဳပ္အဘိုးနဲ႔အတူ ေတာတက္ဖူးတယ္ဆရာေလးရ။ က်ဳပ္တို႔မ်ိဳး႐ိုးကမုဆိုးမ်ိဳး႐ိုးဆိုေတာ့ ဒီအလုပ္နဲ႔ဘဲ အသက္ေမြးဝမ္းေၾကာင္း ျပဳရတာေပါ့ဗ်ာ။ က်ဳပ္အဘိုးက ေဆးပင္ေတြအေၾကာင္းအေတာ္တန္ နားလည္ထားတယ္ေလ။ အဲဒီဆင္ေခါင္းေတာင္ေျခေရာက္ေတာ့ သရဲေျခေထာက္ပင္ေတြေတြ႕ေရာ အဘိုးက ထခုန္မတက္ကိုေပ်ာ္တာဗ်ိဳ႕။
က်ဳပ္ကိုလည္း သရဲေျခေထာက္ပင္ကို အေသခ်ာျပၿပီး မွတ္ထားခိုင္းတာ လိုအပ္တဲ့အခါ အသုံးျပဳဖို႔ေပါ့ဗ်ာ။ က်ဳပ္ငယ္ငယ္ကတည္းက ဘယ္သူမွသရဲေျခေထာက္ပင္အေၾကာင္းမေျပာဖူးတာ… က်ဳပ္အသက္ေျခာက္ဆယ္ေက်ာ္မွ သရဲေျခေထာက္ပင္ရွာခိုင္းလိုက္တယ္အဘေရဆိုၿပီး.. က်ဳပ္သားလာေျပာလို႔… က်ဳပ္မွာအံ့ၾသလိုက္တာေျပာမေနပါနဲ႔ေတာ့။ ဒါနဲ႔ဆရာေလးတို႔က အဲဒီအပင္ကိုဘာလုပ္မလို႔လဲဗ်။”
”ဒါကဒီလိုပါဘႀကီး… အခုဒီ႐ြာကိုဒုကၡေပးေနတဲ့တစ္ပြဲစားႀကီးက.. ႐ူးေနလို႔… အဲဒီသရဲေျခာက္ပင္အျမစ္ကိုမီးရႈိ႕ၿပီး… အေကာင္းျပန္ျဖစ္ေအာင္လုပ္ဖို႔ပါ။”
”ဟုတ္ၿပီဆရာေလးေရ။ ဒီလိုဆိုရင္သရဲေျခေထာက္ပင္က မရွိမျဖစ္ဘဲဗ်။ က်ဳပ္အခုဘဲသြားယူလာခဲ့မယ္ဗ်ိဳ႕။”
ဘေထြးဆိုသူက ေခါင္းတညိမ့္ညိမ့္ႏွင့္ သူႀကီးအိမ္ဝိုင္းထဲကေန ထြက္သြားခဲ့ေလ၏။ သူရသည္ေတာ့ ထြက္သြားသည့္ဘေထြးကို ၿပဳံး၍လိုက္ၾကည့္ေနမိသည္။ ညေန ေနဝင္ရီတေရာ္စအခ်ိန္၌ ဘေထြးဆိုသူႏွင့္ သူ၏သားျဖစ္သူတို႔ေရာက္လာၾကကာ သရဲေျခေထာက္ပင္လာေပးခဲ့ၾကသည္။
(ဝန္ခံခ်က္= သရဲေျခေထာက္ပင္အား စာေရးသူမျမင္ဖူးပါ။ ဆရာတာေတ၏စာအုပ္ထဲမွ ေကာက္ႏႈတ္ေဖာ္ျပထားရျခင္းျဖစ္ပါသည္။ ဆရာတာေတ၏ စာမူအား ခိုးကူး၍ေရးသားထားျခင္းမဟုတ္ေၾကာင္း အာမခံဝံ့ပါသည္။
စာေရးသူ။)
သူရသည္သရဲေျခေထာက္ပင္ကို လြယ္အိတ္ထဲထည့္ထားလိုက္သည္။ ထို႔ေနာက္ ည၆နာရီအခ်ိန္ၾက သူငယ္ခ်င္းသုံးဦးကိုေခၚကာ ကင္းမ႐ြာ၏ေတာအစပ္ကိုေရာက္လာခဲ့ၾက၏။ ကင္းမ႐ြာသည္ေတာ့ သူႀကီး၏အမိန႔္ေၾကာင့္ တစ္႐ြာလုံးအပ္က်သံပင္မၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနခဲ့သည္။
သူရသည္ ေတာအစပ္ကိုေရာက္သည္ႏွင့္ သူငယ္ခ်င္းသုံးဦးအား စည္းဝိုင္းတစ္ခုတားေပးလိုက္၏။ မ်က္ကြင္းေဆးကိုလည္း မ်က္လုံး၌ကြင္းေပးထားလိုက္သည္။
“ဤေတာအတြင္းမွာေနထိုင္ေသာ္၊ ကင္းမ႐ြာအားဒုကၡေပးေနေသာ္ တစ္ပြဲစားသဘက္ႀကီးငထိုက္ အခ်ိန္မဆိုင္း၍ ကြၽႏ္ုပ္ေရွ႕ကိုအျမန္ေရာက္ေစ။ အာခံ၍မာန္ႂကြက ဆိုင္ရာပိုင္ရာပုဂၢိဳလ္မ်ားက ငရဲျပည္ကသံရည္ပူျဖင့္ပက္ေစ။”
သူရသည္ ဤကဲ့သို႔အမိန႔္အာဏာစက္ႏွင့္ တစ္ပြဲစားႀကီးအားေခၚယူလိုက္သည္ႏွင့္ ေတာအတြင္းပိုင္းဆီကေန ေတာလဲသံ၊ ေတာၿပိဳသံမ်ားက တဝုန္းဝုန္းအသံထြက္လာခဲ့သည္။ သူရသည္ အေသခ်ာၾကည့္လိုက္ေသာအခါ ေတာနက္ထဲဆီကေန တစ္ပြဲစားႀကီးကေျပးလာေလ၏။ သူ၏အေနာက္၌လည္း ပုဂၢိဳလ္တစ္ဦးက ေငြဖလားအတြင္းကေန သံရည္ပူမ်ားျဖင့္ ပက္ေနခဲ့သည္။
တစ္ပြဲစားႀကီးသည္ သူရႏွင့္ဝါးႏွစ္ျပန္စာအေရာက္၌ ေျပးေနရာမွရပ္သြားခဲ့၏။ ဤအခါမွ သံရည္ပူဖလားအားကိုင္ထားသည့္ ပုဂၢိဳလ္လည္း ေပ်ာက္ကြယ္သြားခဲ့သည္။ တစ္ပြဲစားႀကီးသည္ သူရကိုၾကည့္၍ လက္သီးႀကီးကိုဆုပ္ထားေလး၏။ လက္ႏွစ္ဖက္လုံးကိုလက္သီးဆုပ္၍ သူရကိုအေပၚကေန စုံလိုက္ထုေခ်သတ္ေလသည္။
သို႔ေသာ္လည္း သူရႏွင့္လက္တစ္ကမ္းကြာသို႔အေရာက္၌ ေ႐ႊအိုေရာင္အကာရံႀကီးတစ္ခုေပၚလာကာ တစ္ပြဲစားႀကီး၏ လက္သီးႏွင့္ထုခ်က္မ်ားကို ကာကြယ္ေပးထားခဲ့သည္။ သဘက္ႀကီးသည္ ခါးကုန္းေနရာမွ ျပန္မတ္လိုက္ကာ သူ၏ေျခေထာက္အႀကီးႀကီးႏွင့္ သူရကိုကန္ျပန္၏။ သို႔ေသာ္လည္း ေ႐ႊအိုေရာင္ အကာရံတစ္ခုက ကာထားေပးခဲ့ေသာ္ေၾကာင့္ သူရ၏ဆံခ်ည္တစ္မွ်င္မွ် လႈပ္ခတ္မသြားခဲ့ေခ်။
တစ္ပြဲစားႀကီးသည္ အေတာ္ေဒါသထြက္သြားကာ သူရ၏သူငယ္ခ်င္းမ်ားဘက္ကိုလွည့္၍ ခႏၶာကိုယ္ႀကီးႏွင့္ဖိခ်ေလသည္။ သို႔ေသာ္လည္း ေ႐ႊအိုေရာင္ေလွာင္ခ်ိဳင့္တစ္ခုေပၚလာကာ သူရ၏သူငယ္ခ်င္းမ်ားကို ကာကြယ္ထားခဲ့ေလ၏။ တစ္ပြဲစားႀကီးက ခႏၶာကိုယ္ႏွင့္ဖိလိုက္ေသာ္လည္း ေ႐ႊအိုေရာင္ေလွာင္ခ်ိဳင့္အေပၚက အခြၽန္တစ္ခုႏွင့္ထိုးမိသြားေသာ္ေၾကာင့္ တစ္ပြဲစားႀကီးသည္ ေဘးသို႔လူးလိမ့္ကာေအာ္ဟစ္ေနေလသည္။
ထိုအခါမွသာလ်င္ ေၾကာက္လန႔္ေနေသာ္ သူရ၏သူငယ္ခ်င္းသုံးဦးလုံး ဟင္းကနဲသက္ျပင္းခ်ႏိုင္ေလ၏။ သူရသည္ လြယ္အိတ္အတြင္းကေန အေဆာင္ဘီလူး႐ုပ္တစ္ခုေလးကိုထုတ္လိုက္ကာ ”ဥဳံ”ခံ၍ဂါထာစုပ္ၿပီးသည္ႏွင့္ တစ္ပြဲစားႀကီး၏မနီးမေဝးသို႔ ပစ္ခ်လိုက္သည္။
ဘီလူး႐ုပ္ကေလးသည္ တျဖည္းျဖည္းအ႐ြယ္စားႀကီးမားလာကာ နတ္ဘီလူးတစ္ေကာင္ျဖစ္သြားခဲ့သည္။ တစ္ပြဲစားသဘက္ႀကီးသည္ ဘီလူးကိုျမင္သည္ႏွင့္ ေခါင္းကိုအေပၚေမာ့၍ က်ယ္ေလာင္စြာေအာ္ဟစ္ကာ ဘီလူးထံ ေျပးဝင္တိုက္ခိုက္ေတာ့၏။ ေျပးဝင္လာေသာ္တစ္ပြဲစားႀကီးအား ဘီလူးကရင္ဝကို ေဆာင့္ကန္ခ်လိုက္သည္။
သဘက္ႀကီးသည္ ေနာက္သို႔ပက္လက္လွန္လဲက်သြားကာ အလူးလဲျပန္ထ၍ ဘီလူးကိုျပန္တိုက္ခိုက္ေလ၏။ ဘီလူးသည္ တစ္ပြဲစားႀကီးအား သံလ်က္ႏွင္ခုန္ပိုင္းရန္ ႐ြယ္လိုက္ေသာ္လည္း တစ္ပြဲစားႀကီးက သံလ်က္ကိုင္ထားသည့္ လက္ကိုဖမ္းခ်ဳပ္၍ ဘီလူးကိုလက္ျပန္႐ိုက္ခ်လိုက္သည္။
ဘီလူးသည္ ေဘးကိုအနည္းငယ္တိမ္းေစာင္းသြားသည္။ တစ္ပြဲစားႀကီးက အခြင့္ေကာင္းယူကာ ဘီလူး၏ရင္ဝကိုလက္သီးခ်က္မ်ားႏွင့္ ထိုးခ်လိုက္၏။ သို႔ေသာ္လည္း ဘီလူးအား ထိခိုက္မႈတစ္စုံတရာမရွိခဲ့ေခ်။ ဘီလူးသည္ သူ၏သံလ်က္ႏွင့္ တစ္ပြဲစားႀကီးဦးေခါင္းကို ပိုင္းခ်လိုက္သည္။
တစ္ပြဲစားႀကီးသည္ မူးေဝသြားဟန္တူေလ၏။ ေဘးကိုေမွာက္လ်က္သားက်သြားသည္။ ထိုအခါမွ ဘီလူးသည္ အ႐ြယ္စားျပန္ေသးသြားကာ မူလအေဆာင္အ႐ုပ္ကေလးျပန္ျဖစ္သြား၏။ သူရသည္ဘီလူး႐ုပ္ကေလးကို လြယ္အိတ္အတြင္း၌ ျပန္ထည့္လိုက္ကာ သရဲေျခေထာက္ပင္ကိုထုတ္၍ အျမစ္ကိုမီးရႈိ႕ကာ သဘက္ႀကီး၏ ႏွာေခါင္းဝနား ထားလိုက္သည္။
သဘက္ႀကီးသည္ သရဲေျခေထာက္ပင္ကထြက္ေသာ္ မီးခိုးအေငြ႕မ်ားကို ႏွာေခါင္းဝမွတဆင့္ ရႉသြင္းမိသြား၏။ မ်က္လုံးျပန္ပြင့္လာေသာအခါ နီရဲေနသည့္မ်က္လုံးမ်ား အေရာင္မွိန္က်သြားကာ ငူငူေငါင္ေငါင္ႀကီးထထိုင္ေလသည္။ သူ၏ခႏၶာကိုယ္ကိုျပန္ငုံ႔ၾကည့္၍ အံ့ၾသေနေသာ္အမူအရာမ်ိဳးျဖစ္ေနသည္ကို သူရေတြ႕လိုက္ရ၏။
“အံ့ၾသေနတာလားငထိုက္ႀကီး…. မင္းဟာတကယ္ေတာ့ အ႐ူးတစ္ပိုင္းနဲ႔တစ္ပြဲစားသဘက္ျဖစ္ေနတာပါ။ မင္းရဲ႕ဝဋ္ေႂကြးေတြက…အေတာ္ႀကီးမားလို႔ လူ႔ဘဝမွာေရာ… ဒီဘဝမွာပါေပးဆပ္ေနရတာ။ အခုအသိစိတ္ျပန္ဝင္ၿပီဆိုေတာ့ မေကာင္းတာမွန္သမွ်မျပဳလုပ္ဖို႔ ငါကေမတၱာရပ္ခံပါတယ္။”
တစ္ပြဲစားသဘက္ႀကီးငထိုက္သည္ တဝူးဝူးတဝါးဝါးေအာ္ဟစ္ကာ ငိုေႂကြးေနေလ၏။ ထိုအခ်ိန္၌ သူရ၏နားထဲသို႔ အထက္ပုဂၢိဳလ္ႀကီးတစ္ဦးထံမွ စကားသံကိုၾကားလိုက္ရသည္။
”လူကေလးသူရ…. ဒီတစ္ပြဲစားႀကီးငထိုက္က… လူကေလးနဲ႔ပဌာန္းဆက္ပါလာတယ္။ လူကေလးရဲ႕အနားမွာေနၿပီး သူ႔ရဲ႕ဝဋ္ေႂကြးေတြဆပ္မွ… ဒီဘဝကကြၽတ္လြတ္ၿပီး…. ျမင့္ျမတ္တဲ့ဘုံဘဝတစ္ခုကိုေရာက္ရွိမွာျဖစ္လို႔… လူကေလးအေနနဲ႔… သူ႔ကိုအေစာင့္အျဖစ္ထားလိုက္ပါ။”
သူရသည္ အထက္ပုဂၢိဳလ္ႀကီး၏စကားသံအဆုံး၌ တစ္ပြဲစားႀကီးေရွ႕သို႔ မတ္တတ္ရပ္လိုက္ကာ သူ၏အေစာင့္ျဖစ္ေန၍ လူေတြကိုကယ္တင္ရန္ ဆႏၵရွိမရွိေမးျမန္းခဲ့သည္။ တစ္ပြဲစားႀကီးျဖစ္ေနေသာ္ ငထိုက္သည္လည္း သူရ၏အေစာင့္အျဖစ္ေနရန္ သေဘာတူေသာ္ေၾကာင့္ သူရသည္အေျခခံဂိုဏ္းဝင္ အင္းကြက္ကို တစ္ပြဲစားႀကီး၏ရင္ဘက္၌ ေရးဆြဲေပးလိုက္သည္။
သဘက္ႀကီးသည္ သူ႔အားလိုအပ္ရင္ နာမည္ေခၚရန္ေျပာၾကားကာ ေပ်ာက္ကြယ္သြားခဲ့သည္။ သူရသည္ သူ၏သူငယ္ခ်င္းသုံးဦးဘက္ကိုလွည့္၍ ကိစၥၿပီးစီးၿပီျဖစ္ေၾကာင္း ေျပာလိုက္၏။ သူရ၏သူငယ္ခ်င္းမ်ားသည္ ေဟးကနဲေအာ္ဟစ္ကာ သူရကိုခ်ီးက်ဴးၾကေလေတာ့သတည္း။
~~~~
ကြၽန္ေတာ္မိုးထြန္းေရးသားေသာ္
သူရႏွင့္တစ္ပြဲစားအ႐ူးႀကီးစာမူၿပီးပါၿပီ။ သူရစာမူတိုင္းကို ေဝဖန္ဖတ္ရႉေပးပါဟုေျပာၾကားရင္း…..။
ဤစာမူသည္စိတ္ကူးအေတြးပုံရိပ္မွ်သာျဖစ္ပါသည္။ အမွားယြင္းတစ္စုံတရာပါရွိခဲ့ပါက ကြၽန္ေတာ္မိုးထြန္းမွေတာင္းပန္အပ္ပါ၏။
(ဆက္လက္ႀကိဳးစားပါဦးမည္။)
စာေရးသူ စာဖတ္သူမ်ားအား
အစဥ္ထာဝရ ခ်စ္ခင္ေလးစားလ်က္
မိုးထြန္း(မေကြး)