” လကွယ်ညသန်းခေါင်ယံ “(စ/ဆုံး)

Unicode Version

” လကွယ်ညသန်းခေါင်ယံ “(စ/ဆုံး)
————————————

ကျွန်တော့်တွင် ခြံမြေနှင့် အိမ်ရာများစွာရှိသည်။
ဝါသနာအရလည်း ကောင်း၊ အပေါင်းအသင်းများ၏
အခက်အခဲကို ကူညီရင်း မလိုချင်ဘဲနှင့် ဝယ်ထား
ရသောအိပ်များ၊ မြေကွက်များလည်း ပါသည်။
မြောက်ဒဂုံ၊ အရှေ့ ဒဂုံ၊ ပုလဲမြို့သစ်များအပြင်
လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့များအထိပါသည်။
အိမ်ပါသောမြေများကိုတော့ စိတ်ချရသောအသိအကျွမ်း
မိတ်ဆွေများကို အစောင့်ချ၊ ငှားရမ်းထားသော်
လည်း မြို့သစ်မြေများကိုတော့ အိမ်လည်း
မဆောက်နိုင်သဖြင့်ခြံစည်းရိုးခတ်ပြီး သည်
အတိုင်းပစ်ထားရသည်။
ဟောအခုတော့ကျွန်တော်၏ဝါသနာနှင့်စေတနာ
အရဝယ်ထားမိသောမြေများက အကျိုးပေးပါပြီ။
မြို့သစ်များတွင် ဝယ်ထားသော မြေကွက်များက နဂို
မူလ ဝယ်ဧက စလစ်ပြားကို ဝယ်ရခြင်းဖြစ်
သောကြောင့် တစ်သိန်းခန့်သာပေး ရပြီး ယခုတော့ သိန်းတစ်
ရာကျော်နေပြီး အဆတစ်ရာကျော်ခန့် ရေးတက် လာခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော် မြို့သစ်များတွင်ရှိသော
မြေကွက်များအား ရေး အတက်တွင် အလိုက်
သင့်ရောင်းရာ သိန်းထောင်ဂဏန်းကျော်ရသည်။
ထို့ကြောင့် ရုံးပိတ်
မြို့သစ်အကွက်များမြေဈေးတက်သလို၊
မှော်ဘီ၊ တိုက်ကြီးနှင့် လှည်းကူးမြို့ များရှိ
အိမ်ခြံများကလည်းရေးတက်လာနေပြီဖြစ်သည်။
ရက်အကြို သောကြာနေ့တွင် လှည်းကူးမြို့၊ ကျွန်းက
လေးရပ်ကွက်သို့ ဇနီး သည်အားခေါ်ယူပြီး
ကိုယ်ပိုင် COROLLA VAN ကားကလေးဖြင့်
ထွက် ခဲ့ပါတော့သည်။ ထိုရပ်ကွက်အတွင်း
ပိုင်း၌ တစ်ဧကခန့် ကျယ်ဝန်းသော
သပြေခြံကြီးအတွင်း၌ ရေနံချေးရောင် မည်း
နေသော နှစ်ထပ်အိမ်အိုကြီး ပါရှိသည်။ ခြံကြီးအား
ကျွန်တော် သိန်း(၃၀)ခန့်ဖြင့် ရထားသောကြောင့်
ဝယ်ထားသည်မှာ ကြာနေပြီး
သပြေခြံကြီးအား လချုပ်ဖြင့် ခူးဆွတ်ရောင်းချရန်
အပ်ထားသော ကြောင့် သပြေခူးဆွတ်ရောင်းချ
သူများက နေ့စဉ် ခူးဆွတ်ရောင်းချကြပေ
လိမ့်မည်။ ဘာမျှတော့ရသည်မဟုတ်။
ခြံစောင့်ရရန်နှင့် လူယောင်ပြရန် အတွက်လောက်သာ ဖြစ်သည်။
ယခု ဆောင်းနှင်းရာသီရောက်ပြီဖြစ် သောကြောင့်
ခြံရှင်းရန် ရေလောင်းပေါင်းသင်ရန် လိုအပ်လာ
သောကြောင့် ကျွန်တော် စနေ၊ တနင်္ဂနွေရုံး
ပိတ်ရက်များတွင်စီစဉ်ဆောင်ရွက်ရန် ခြံတွင်း သို့ နှစ်ည
အိပ်ဆင်းလာခြင်းဖြစ်သည်။ ယခင်နှစ်များ
ကတော့ ခြံနီးချင်း ကျွန်တော့်မိတ်ဆွေ ကိုအောင်ကြီးရှိသော
ကြောင့် သူ့အား အပ်ထားပြီး ငွေထုတ်ပေး၍
သူက လူငှားပြီး ရှင်းလင်းဆောင်ရွက်ပေးစမြဲ
ဖြစ်သည်။ခြံကြီးအားငယ်သည်မှာလည်း
သူ့ကြောင့်ဖြစ်သည်။ယခုတော့ သူကလည်း
သိန်း(၅၀၀)ခန့်ရ သောကြောင့် သူ့ ခြံကြီး
အားရောင်းချပြီးရန်ကုန်မြို့ဘက် သို့
ပြောင်းရွှေ့ပြီး တိုက်ခန်းဝယ်၍နေရပြီ။
ကိုအောင်ကြီးက အကျဉ်းဌာနမှ ထောင်မှူး
ဟောင်းတစ်ဦး ဖြစ်သည်။ အလွန်ရိုးသား
ကြိုးစားသူတစ်ဦး ဖြစ်သည်။ ယခုတော့ ကုန်သည်ကြီးများ ဟိုတယ်
တွင် လုံခြုံရေးမှူး လုပ်နေသည်။ အသွားအပြန်
ဝေးလွန်းသော ကြောင့် ရေးတက်ချိန်တွင် သူ့ခြံ
ကြီးအား ရောင်းချ၍ ပြောင်းရွှေ့သွားခြင်း
ဖြစ်ပါသည်။ သူ့ခြံကြီးက ကျွန်တော့်ခြံထက် ကျယ်သည်။
သပြေပင်များ အပြင် ကျွဲကောပင်၊ သရက်ပင်
နှင့် ရာသီပေါ်သီးနှံပင်များလည်း စိုက်သေး
သည်။ သူတို့ အိမ်ထောင်သက်(၁၀)နှစ်ခန့်ရှိပြီ
ဖြစ်သော်လည်း သားသမီး မရကြပါ။ လင်ကိုယ်
မယား လွန်စွာချစ်ခင်ကြပြီး မောင်တစ်ထမ်း မယ်တစ်
ရွက်ခြီးအတွင်း၌ ပေါင်းသင်ရေလောင်း ဒိုးတူ
ပေါင်ဖက် လက်တွဲညီညီ လုပ် ကိုင်ကြခြင်း ဖြစ်သည်။
သူတို့ ဇနီးမောင်နှံတွင် ကလေးနှင့်တူသော
ခွေးကလေး နက်ကျား တော့ ရှိသည်။ ငယ်စဉ်
ကတည်းက နွားနို့တိုက်ပြီး မွေးမြူခဲ့သောကြောင့် အလွန်
လိမ္မာပြီး သိတတ်သည်။ သခင်ကို အလွန်ချစ်သည်။
ယခုကြီးလာ တော့လည်းခြံအလွန်လုံသည်။
ကျွန်တော်က တစ်လ တစ်ခါခန့် ခြံအတွင်း
သို့သွားလျှင် ခွေးကလေ၊ နက်ကျားအတွက်
စားစရာကလေးများ ဝယ်ယူသွားတတ်သောကြောင့်
ကျွန်တော့်ကိုတော့မှတ်မိပြီး ခင်ပါသည်။
တစ်လ၊တစ်ခါခန့်သာနက်ကျားနှင့် ဆုံတွေ့ရသော်လည်း
ခွေးကလေးက အမှတ်ကြီးသည်။ ကျွန်တော့်
အား မြင်သည်နှင့် ပတတ်ရပ်ပြီး မုန့်တောင်းတတ်သည်။
ခြံနီးချင်း ကိုအောင်ကြီးရှိစဉ်ကတော့
ကျွန်တော့်အိမ်မည်းကြီးတွင် ညအိပ်လေ့မရှိပါ။
မနက်သွား၍ နေ့လယ်စာစားပြီး ညနေပြန်ခြင်းသာ ဖြစ်
သောကြောင့်ကျွန်တော့်အိမ်ကြီးအကြောင်း
မသိပါ၊ သစ်ကောင်းဝါးကောင်း ဖြင့် အခိုင်အခံ့ဆောက်
လုပ်ထားသောအိမ်ကြီးဖြစ်သော်လည်း
ရေနံချေး သုတ်ထားသောကြောင့် အလွန်ပူလှသည်။
အိမ်အနီးတွင်လည်း အရိပ် အာဝါသကောင်း
သောသစ်ပင်ကြီးများမရှိ၊ စိုက်ပျိုးရေးခြံဖြစ်သောကြောင့်
အရိပ်လည်းမလို။ ခြံစည်းရိုး၌ ထီးရိုးဝါးပင်
များသာရှိပြီး အိမ်ကြီးက ခြံအရှေ့ ခြမ်းတွင်
ထီးထီးကြီးရပ်တည်နေပါသည်။
ယခင်ကတော့ခေါင်းကြီး၏အိမ်ဟုသိရသည်။
လက်လွှဲပြောင်းလာပြီး ကျွန်တော့်လက်ထဲ
ရောက်လာခြင်းဖြစ်သည်။ အိမ်ခြေရင်းတွင် ယခင်က
တူးခဲ့သော အုတ်စီရေတွင်း ရှိသည်။ စက်
သီးတပ်ထားသည်။ ကျွန်တော့် လက်ထက်တွင်
လျှပ်စစ်မီးရသောကြောင့် ရေစုပ်စက်ကလေး
တပ်ဆင် ထားသည်။ ရေပိုက်သွယ်တန်း၍
သပြေပင်များအား နွေရာသီတွင် ရေ
လောင်းရန် ဖြစ်သည်။ ခြံမြေအမျိုးအစားမှာ
(ဂဝံ)ပြေဖြစ်သောကြောင့် ရေအထွက် ကောင်းပါသည်။
ကျွန်တော့်ကားကလေး ခြံရှေ့သို့ရပ်ပြီး ခြံ
ဝင်းတံခါးအား ဆင်း၍ သော့ဖွင့်နေစဉ် ခြံ
အရှေ့ဘက်ရှိ စိုက်ပျိုးရေးခြံမှ ကိုဘမောင် အပြေးလာ၍
ခြံတံခါးအား ဝိုင်းကူဖွင့်ပေးရင်း ..
“ဆရာတစ်ယောက်တည်းလား၊ ကိုအောင်
ကြီးတို့ မရှိတော့လို့ နေ့လယ်စာကို ကျွန်တော်
တို့ခြံထဲ လာစားပါ။ ဆရာတစ်ယောက်တည်း အတွက်
ကျွန် တော်တို့ကျွေးနိုင်ပါတယ်”
“အေးဗျာ – ကိုဘမောင်ရယ် – ကျေးဇူးပါပဲ။
ဒီတစ်ခါတော့ ကျွန်တော့် ခြံထဲမှာ ညအိပ်ပြီး
မိုးအကုန် ခြံသန့်ရှင်းရေး လုပ်မလားလို့
.အလုပ်သမား လည်းငှားပေးပါဦးဗျာ”
“ရပါတယ် … ဆရာ၊ ကျွန်တော့်တပည့်တွေ
လွှတ်ပေးပါမယ်။ ဒါပေမဲ့ ဆရာ – ဆရာတစ်
ဦးတည်းတော့ ဒီအိမ်ကြီးမှ ညမအိပ်ပါနဲ့။ အဆင်မပြေ
နိုင်ဘူးထင်တယ် – ဆရာ၊ ခြံနီးချင်း ကိုအောင်
ကြီးတို့ခြံကလည်း ဝယ်ထား တဲ့သူက လာနေတာမဟုတ်ဘူး၊
သပြေပန်းခူးဖို့၊ ခြံချုပ်နဲ့ အပ်ထားတာ။
တစ်ပတ်တစ်ခါလောက်ပဲ သပြေပန်းခူးကြတော့
ခြံထဲမှာ မြက်ရိုင်းတွေ ပေါက်နေပြီ။ ဆရာ
ခြံလည်း ဒီအတိုင်းပဲ။ ခြံတွေကလူပနေတော့ ကောကုန် ကြပြီ
“ဟုတ်ပါ့ဗျာ – ခြံတွေက တောရိုင်းတောင်
ဖုံးနေပြီ။ အတော်ရှင်းယူရ မှာပဲ။ ဒါကြောင့်
ကျွန်တော်လည်း (၂)ညအိပ်လောက် ဒီမှာနေပြီး ခြံရှင်း
ရအောင် လာခဲ့တာ။ ဒါနဲ့ – ကိုအောင်ကြီးတို့
ပြောင်းသွားတော့ သူ့ခွေး ကလေး နက်ကျားကိုခေါ်သွားကြသလား”
မြို့ပေါ်တိုက်ခန်းမှာနေရတာ ဘယ်ဖြစ်မလဲ
ဆရာရယ်။ ကျွန်တော့်ကို ပေးထားခဲ့ပါတယ်။
ဟော့ – ဟော့ဟိုမှာလာပါပြီဗျာ – နက်ကျား”
ခွေးကလေးနက်ကျားမှာ ကျွန်တော့်ကို မြင်
သည်နှင့် အပြေးလာပြီး ပတတ်ရပ်၍ ကိုယ်
ပေါ်သို့ ခုန်တက်သည်။ သခင်များနှင့် ခွဲခွာနေရသော
ကြောင့်လွမ်းနေဟန်တူပါသည်။ ခွေးကလေး
ပိန်သွားသည်။ ကျွန်တော်က ကားထဲမှ မုန့်များယူ၍ကျွေးရသည်။
“ဒါနဲ့ အစောက ကိုဘမောင် ပြောလိုက်ပါတယ်။
ကျွန်တော့်ခြံထဲက အိမ်ကြီးမှာ တစ်ယောက်
တည်းအိပ်ရင် အဆင်မပြေနိုင်ဘူးဆို။
ဘာဖြစ် လို့လဲ၊ ထူးခြားတာ ရှိလို့လား”
“ဟုတ်တယ်- ဆရာ။ အစကတော့ ကျွန်တော်
လည်း သတိမထားမိပါ ဘူး။ ဦးအောင်ကြီးတို့
ပြောင်းသွားပြီ။ နက်ကျားကလေး ကျွန်တော်တို့ဆီ
ရောက်လာတော့မှ ထူးခြားတာတွေကို သိလာရတော့တာပါ ဆရာ”
“ဘယ်လိုထူးခြားတာလဲ – ကိုဘမောင်”
“ညတိုင်းတော့မဟုတ်ဘူး – ဆရာရဲ့။ လပြည့်
လကွယ်နေ့တွေနဲ့ကြုံရင် သန်းခေါင်ယံရောက်
တာနဲ့ နက်များ တအီအီအော်ပြီး ပိတ်ထားတဲ့အိမ် တံခါးကို
အတင်းတိုးပြီး ဖွင့်မပေးရင် ကုတ်ခြစ်တော့တာပဲ။
နောက်ပြီး ဆရာ တို့အိမ်ကြီးဘက်လှည့်ပြီး
တဝေါင်းပေါင်းနဲ့ ထိုးဟောင်တယ်။ တံခါးဖွင့်ပေး
တာနဲ့ လူကို ပတတ်ရပ်ပြီး ကပ်နေတော့တာ။ ကျွန်တော်
လည်း ပြီးခဲ့တဲ့ လကွယ်နေ့ကမှသတိထားမိတာ။
အဲ့ဒါကြောင့်နက်ကျားကိုအိမ်ထဲခေါ်သိပ်
ရတယ်။ ဆရာတို့အိမ်ကြီးဘက်ကို ရုတ်တရက်
ကြည့်မိတော့ ကြယ်ရောင် အောက်မှ အရိပ်တွေ
လှုပ်ရှားနေသလို တွေ့ရတယ်။ ကျွန်တော်တို့
အိမ်နဲ့ လမ်းခြားနေ ပြီး အလင်းရောင်နည်း
တာကြောင့်စိတ်ထင်တာလည်း ဖြစ်ချင် ဖြစ်မယ်”
“ကျွန်တော်လည်း ကြောက်စိတ်ကြောင့်အသေ
အချာမကြည့်ရဲပါဘူး ဆရာရ။ ဒါကြောင့် –
ဒီနေ့ညဟာလည်း လကွယ်ညနဲ့ တိုက်ဆိုင်
နေလို့ ဆရာ့ကို သတိပေးရတာပါ
“အေးဗျာ – ကိုဘမောင်။ ကျွန်တော်လည်း
တစ်နိုင်ငံလုံး လှည့်ပြီး တာဝန်ထမ်းဆောင်လာ
တာ။ တောတောင်တွေလည်းနံ့ပါရဲ့၊တစ်ခါမှတော့ သရဲ
တစ္ဆေနဲ့ ထိပ်တိုက်မတိုးခဲ့ဖူးပါဘူး၊ အရိပ်အယောင်နဲ့
အသံလောက်တော့ မြင်ဖူး၊ ကြားဖူးပါရဲ့။ မေတ္တာပို့၊ အမျှဝေ
လိုက်တာပါပဲ။ အန္တရာယ် မရှိခဲ့ ပါဘူး။ အေးအေးဆေးဆေးပါပဲ”
“ကျွန်တော် ကြားဖူးတယ် – ဆရာရဲ့၊ လူကြီးမိဘ
တွေပြောခဲ့ ဆိုခဲ့ကြ တာပါ။ လူမနေတဲ့အိမ်မှာ
နီးစပ်ရာ သရဲတစ္ဆေတွေ ဝင်နေတတ်တယ်တဲ့။ ဆရာ
သတိထားဖို့ပါ။ နေ့လယ်စာရော၊ ညစာပါ
ဆရာတစ်ယောက်တည်းပဲ ပချက်ပါနဲ့တော့။ ကျွန်တော်
တို့ အိမ်မှာပဲ လာစားပါ။ ညအိပ်တော့လည်း
အဖော်ရအောင် ကျွန်တော့် တူကလေးကို ခေါ်အိပ်ပါ
“အေးဗျာ – ကျေးဇူးပဲ – ကိုဘမောင်။ ခင်ဗျားတူ
ကလေးကိုလည်း ခေါ် အိပ်ပါ့မယ်။ အဖော်ရအောင်
နက်ကျားကိုလည်း ခေါ်အိပ်ပါ့မယ်။ ဒါဆို စိတ်
ချရလောက်ပါတယ်။ အခုလောလောဆယ်တော့
ခြံရှင်းရအောင် အလုပ် သမားတွေ စုပေးပါဦးဗျာ။
နှစ်ရက်လောက်တော့ ရှင်းရမယ်ထင်ပါရဲ့”
“ရပါတယ် – ဆရာ။ တိုးမောင်တို့အဖွဲ့ ဟိုဘက်နားမှာ
ခြံရှင်းနေတယ်။ ကျွန်တော် လူခွဲပြီး ရှင်းဝိုင်း
လိုက်မယ်။ သူတို့အုပ်စုက အဖွဲ့တောင့်တင်းပါ တယ်။
ဒီဘက်က ခြံတွေကိုလည်း ရှင်းဖူးကြပါတယ်”
“ကောင်းပါပြီ-ကိုဘမောင်။ ကျေးဇူးပဲဗျာ”
ကျွန်တော် အိမ်ကြီး၏ ဖိနပ်ချွတ်၊ ကြက်တူရွေး
တန်း ကာထားသော တံခါးအားဖွင့်လိုက်ဘော့
အောက်သိုးသိုးလင်းနို့ချေးနံ့ရသည်။ ကြမ်းပြင်၌
လည်းလင်းနို့ချေးများကအပုံလိုက်ရှိနေသည်။
တံခါးဖွင့်လိုက်၍အသံကြား ရ၍အလင်းရောင်ဝင်လာ
သောကြောင့်မျက်နှာကျက်တွင်တွဲလောင်းချိတ်
ဆွဲပြီး အိပ်နေကြသော လင်းနို့ငှက်ငယ်ကလေးများ၊
နီးစပ်ရာအပေါက်များ မှ အလုအယက်တိုးဝှေ့ပြီး ထွက်ပြေးကြသည်။
ကျွန်တော် အိမ်အဝင်နှစ်ချပ် ကျွန်းတံခါးမည်း
မည်းကြီးအား ဖွင့်လိုက် တော့ လေးလံလှသော
ကျွန်းတံခါးကြီးက ပတ္တာများ ဆီမရှိ၍ တကျွီကျွီ၊
တအီအီပြည်ပြီး ဖွင့်ဟသွားသည်။ ကားလမ်းဖြင့်
ဝေးသော်လည်း အိမ် ကြမ်းပြင်၌ ဖုန်ထုက
အတော်တက်နေချေပြီ။ ထူးဆန်းသည်ကတော့ထို
ကြမ်းပြင်ဖုန်ထုအပေါ်၌ လူခြေရာများဖြစ်
သည်။ လူကြီးခြေရာထက် ကလေးခြေရာကပိုများသည်။
အမဲလိုက်မုဆိုးလုပ်ခဲ့သော ကျွန်တော် ခြေရာ
များ မြင်သည်နှင့် မဒန နိုင်တော့။ အိမ်ခြေရင်း
ပြတင်းပေါက်အားဖွင့်ပြီး လေ့လာဆန်းစစ်
တော့ သည်။ ကလေးခြေရာများကအရွယ်အ
စားမတူကလေး(၃)ဦး၏ခြေရာများ ဖြစ်သည်။ လူကြီး
ခြေရာများကတော့ ယောက်ျားနှင့် မိန်းမခြေ
ရာဖြစ်ပုံရ သည်။ခြေရာတစ်စုံကကြီးသည်၊တစ်စုံကငယ်
သည်။ ထူးခြားသည်ကတော့ ယောက်ျားကြီး
ခြေရာတွင် ခြေသန်းကလေး ပြတ်နေသည်။ ဘယ်သူတွေ
များပါလိမ့်။ အိမ်မကြီးသော့ကိုလည်း မည်သူ့
ကိုမျှ ပေးမထားမိပါ။ အိမ် သောကလည်း တစ်စုံတည်း
သာရှိပြီး ကျွန်တော့်ထံ၌ပင် သိမ်းဆည်းထား
သည်။ ခြံဝင်းတံခါးသော့ကတော့ နှစ်ပုံရှိသည်။ တစ်စုံကို
သပြေပန်းခူးသူ ကိုအောင်ဗလတို့အား ပေး
ထားပြီး တစ်စုံက ကျွန်တော့်ထံတွင် ရှိနေသည်။
ထို့ကြောင့် နံရံတွင် အသင့်ထောင်ထားသော
တံမြက်စည်းအားယူ၍ အိမ် အောက်ထပ် ပြတင်းပေါက်များ
အားဖွင့်ပြီး တံမြက်စည်း လှဲရတော့သည်။
မကြာမီလူသံများ ကြားရသဖြင့် ခြံရှင်းရန် တိုးမောင်တို့
အဖွဲ့ရောက်လာကြ ဟန်တူပါသည်။
“ဆရာရေ- ကျွန်တော်တို့ရောက်ပြီ။ အိမ်ကြီး
မီးလောင်နေတာကျန တာပဲ။ ဖုန်လုံးကြီးက
တစ်အိမ်လုံး ဖုံးလွှမ်းထားတယ်။ ဆရာ – ဖုန်တွေနဲ့ မွှန်နေ
မှာပေါ့ – ထွက်ခဲ့ပါ။ ကျွန်တော်တို့လုပ်ပေးပါ့မယ်”
စကားကို ဟောင်ဖွာ ဟောင်ဖွာ ပြောတတ်ပြီး
ကျယ်လောင်လှသော သူ့အသံကို အဝေးကပင်
ကြားရသည်။ အလုပ်ကြမ်းသမားပီပီ အသံကျယ်
လောင်သလို၊ လူကောင်ကလည်း ထွားကျိုင်းသည်။
အိမ်ရှေ့ထွက်ကြည့် တော့ တိုးမောင်နှင့် အလုပ်
သမားလေးယောက်၊ မြက်ရှင်းဓားကိုယ်စီနှင့်
ပေါက်တူးများလည်း ပါလာကြသည်။
ထိုစဉ်တွင် ကိုဘမောင်၏တူကလေး
ရောက်ရှိလာပြီး ..
“ဆရာ – ထမင်းစားမယ်တဲ့။
ဦးလေးဘမောင်ကခေါ်ခိုင်းလိုက်တယ်”
“ဟ-ငါဖုန်တွေ ရှင်းနေတာ၊ ရေတောင်မချိုးရသေးဘူး”
“လာပါ – ဆရာရယ်။ ကျွန်တော်တို့ ခြံထဲမှာလည်း
အုတ်ကန်ရှိပါတယ် ဆရာ။ ရေမိုးချိုးပြီးမှ
ထမင်းစားပါ။ ဒီက ကိစ္စတွေ ကိုတိုးမောင်တို့ အဖွဲ့ တာဝန်ယူပါလိမ့်မယ်”
“ဟုတ်ပါ့ – ဆရာရယ်။ ရေမိုးချိုး၊ခေါင်းလျှော်၊
အနားယူရင်းနေ့လယ်စာ စားပါ။ ကျွန်တော်တို့
အဖွဲ့ အိမ်တွင်းအိမ်ပြင် သန့်ရှင်းထားပါ့မယ်။
ဆရာ ဝိတ်ချလက်ချလိုက်သွားပါ”
“အေး – အေး – ကောင်းပါပြီကွာ”
ကျွန်တော် ကားပေါ်မှ အဝတ်အစားအိတ်ကို
ယူခဲ့ပြီး ကိုဘမောင်တို့ အိမ်တွင် ရေချိုး၊
ခေါင်းလျှော်သည်။ ပြီးမှ – ကိုဘမောင်နှင့်အတူ ထမင်းစား
ကြသည်။ တိုးမောင်တို့အဖွဲ့ကတော့ ခြံရှင်းနေ
ကြဆဲဖြစ်သည်။ ကျွန်တော် တို့ နေ့လယ်စာစားပြီး
တော့လည်း ကျွန်တော် အိမ်ကြီးဘက် မပြန်ပါ။
ကိုဘမောင်နှင့်အတူ သူတို့အိမ်ရှေ့ဘူးစင်အောက်တွင်
ပက်လက်ကုလား ထိုင်ကိုယ်စီ ဖြင့်ထိုင်၍
ရေနွေးကြမ်းသောက်ရင်း ထမင်းလုံးစီကြသည်။
ညနေစောင်းမှ ကျွန်တော် အိမ်ကြီးဘက်
ကူးလာပြီး ခြံရှင်းသမား ကိုတိုး မောင်တို့ကိုနေ့တွက်ခရှင်းပေးရပါသည်။
“ဆရာရေ့- မြွေတွေတောင် ခြံထဲမှာ ခိုနေ၊
သပြေပင်တွေက နှစ် ကြာတော့ တုံးလုပြီ။
ရေလောင်းပေါင်းသင်ပြီးမြေသြဇာကျွေးမှ ရွက်နုထွက် ပြီး
အညွန့်ခူးလို့ရလိမ့်မယ်။ မနက်ဖြန်တစ်ရက်
ထပ်ပြီးရှင်းရင် ပြတ်ပါပြီ ဆရာ။ ညနေပိုင်း ပေါင်းမြက်
တွေကို မီးပါရှိပေးခဲ့မယ်နော် – ဆရာ”
“အေးပါဗျာ – ကျေးဇူးတင်ပါတယ်။ လူအမြဲ
တမ်းမနေတဲ့ခြံဆိုတော့ သတ္တဝါတွေ ခိုအောင်းပြီး
လွတ်လွတ်လပ်လပ် ကြီးထွားနေကြမှာပေါ့။ ဒါ သဘာဝကျပါတယ်”
“ကဲ- ဆရာရေ ကျွန်တော်တို့ပြန်မယ်။ မနက်ဖြန်
တော့ စောစောလာ ပြီး အပြတ်ရှင်းပေးမယ်။
ညရေးညတာ ခြံထဲဆင်းရင်တော့ သတိနဲ့ ဆင်း
ဆရာချုံတောရှင်းပြီးမြေပြောင်သွားတော့ပိုး
ကောင်မွှားကောင်ထွက်တတ်တယ်
“ဟုတ်ပါပြီ – ကိုတိုးမောင်”
ကိုတိုးမောင်တို့အဖွဲ့ ပစ္စည်းများသိမ်းပြီး ပြန်
သွားတော့မှ ကျွန်တော်၊ ကိုဘမောင်တို့အိမ်
ဘက်မှကျွန်တော့်အိမ်ကြီးဘက်သို့တစ်ယောက်တည်း
ကူးခဲ့ပါသည်။အချိန်ကညနေ(၄)နာရီကျော်ခန့်
သာရှိသေးသည်။ကျွန်တော် ပစ္စည်းများအား
အိမ်အပေါ်ထပ်သို့ သယ်ယူလာစဉ်အံ့ဩစရာ တွေ့
ရှိရ သည်က အိမ်အပေါ်ထပ် လျှာထိုးကြမ်းခင်းမှာ
သပြေသီးမှည့်ရောင် ပြောင် လက်ပြီး ဖုန်မှုန့်များ
မရှိပါ။ တစ်စုံတစ်ဦး နေ့စဉ်တိုက်ချွတ်ထားပုံရသည်။
ယခင်ပိုင်ရှင်တောခေါင်းကြီးမှာ ကရင်လူမျိုး၊
ခရစ်ယန်ဘာသာဝင်ဖြစ်သော ကြောင့် အိမ်
အပေါ်ထပ်တွင် ဘုရားကျောင်းဆောင် မရှိပါ။ ခုတင်များ
လည်း မရှိ ကြမ်းခင်းပေါ်တွင်အိပ်ရန်သာ
ဖြစ်သည်။အပေါ်ထပ်တက်သည့်လှေခါး
ထိပ်တွင်ကျွန်းတံခါးကြီးရှိသောကြောင့်သော့
ခတ်ထားရာ အိမ်ကြီးအောက် ထပ်အား ရှင်း
လင်းကြသည့် ကိုတိုးမောင်တို့အဖွဲ့လည်း အိမ်အပေါ်
ထပ်သို့ မတက်ရောက်နိုင်ကြပါ။ အဘယ်သူ
ရှင်းထား၊ တိုက်ထားပါသနည်း။
ကျွန်တော် ထွေလီကာလီ မစဉ်းစားချင်တော့။
ပစ္စည်းများအား လျှာ ထိုးကြမ်းခင်းပေါ်၌
နေရာချထားခဲ့ပြီး ရေလဲပုဆိုးနှင့် ဆပ်ပြာခွက်ယူခဲ့၍
အောက်ထပ်သို့ ဆင်းခဲ့သည်။ ရေစုပ်စက်မော်တာအား
ဖွင့်၍ အုတ်ကန်ထဲ ရေထည့်သည်။ ပြီးနောက်-
ရေတစ်ဝချိုးတော့သည်။ ထိုစဉ်ကိုဘမောင်၏
တူကလေး အိပ်ရာလိပ်ထမ်း၍ရောက်ရှိလာပြီး..
“ဆရာ-ရေချိုးနေတာကိုး။ ပြီးရင် – ညနေစာ
စားရအောင် – ဦးလေး ဘမောင်က ခေါ်ခိုင်းလိုက်ပါတယ်”
“အားနာစရာကွာ။ ငါကလှည်းကူးမြို့ထဲကို
မင်းနဲ့ကိုဘမောင်ကိုခေါ်ပြီး ညစာသွားစားမယ်
စိတ်ကူးထားတာ”“အဲဒီအစီအစဉ်လည်း
ကောင်းပါတယ် – ဆရာ။ ကျွန်တော်တို့အိမ်မှာ
တော့ အသီးအရွက်ဟင်းက များပါတယ်”
“အေး … အဲ့ဒါဆို … ရေ၊နားက ရှမ်းကြီးဆိုင်ကို
သွားကြတာပေါ့။ ငါ့မှာ ကားပါလာတာပဲ – မဝေးပါဘူး”
ကျွန်တော်တို့အိမ်ကြီးအတွင်းအပြင်မီးများ
ဖွင့်ခဲ့ပြီး ထွက်ခွာလာခဲ့ကြ
တော့ ညနေ(၆)နာရီခန့်သာ ရှိပါသေးသည်။
မမှောင်သေးပေ။ ဈေးအနီး
ရှမ်းကြီးစားသောက်ဆိုင်တွင် စားသောက်ကြပြီး
ကျွန်တော်တို့ ပြန်လာကြ တော့ည(၈း၃၀)
နာရီခန့်သာရှိသေးသည်။ ကိုဘမောင်က …
“ဆရာ – လက်နှိပ်ဓာတ်မီးရော ပါရဲ့လား။
မီးပျက်သွားရင် သုံးဖို့ပါ။ လိုရမည်ရနက်
ကျားကိုလည်း အစောင့်ရအောင် ခေါ်အိပ်ပေါ့နော်”
“ကောင်းပါတယ် – ကိုဘမောင်။ အဖော်အဖြစ်
ခင်ဗျားတူကလေးရာ ရှိတော့ အဆင်ပြေပါတယ်။
နက်များကိုတော့ အိမ်အောက်ထပ်မှာပဲ
သိပ် လိုက်တော့မယ်”ကျွန်တော်တို့အိမ်
အပေါ်ထပ်တွင်အိပ်ရာဝင်တော့ည(၉)နာရီခွဲခန့်သာ
ရှိပါသေးသည်။ လမိုက်ညဖြစ်သော်လည်း
အိမ်ကြီးနှင့် ပတ်ဝန်းကျင်တွင် လျှပ်စစ်မီး
ရောင်ဖြင့် ထိန်လင်းနေပါသည်။ ထို့ကြောင့်ကျွန်တော်
ဘုရားငတ် ပြု မေတ္တာပို့၊ အမျှဝေပြီး အိပ်ရာ
ဝင်ခဲ့ပါတော့သည်။ ည(၁၂)နာရီခန့်တွင် ကျွန်တော်
နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှလန့်နိုးသည်။
အောက်ထပ်ကခွေး ကလေးနက်ကျား၏စူးစူးဝါးဝါးဟောင်
သံကြောင့်လည်းဖြစ်သည်။တစ်အိမ် လုံးလျှပ်စစ်
မီးများ ပျက်နေသောကြောင့် မှောင်မည်းနေသည်။
ထိုစဉ်တွင် အိမ်ခေါင်မိုးမျက်နှာကျက်အပါမှ
လမ်းလျှောက်သံတဖျပ်ဖျပ်ကြားရသည်။ ကျွန်တော်ခေါင်းအုံးဘေးမှ
လက်နှိပ်ဓာတ်မီးကိုစမ်းပြီး မီးဖွင့်ကြည့်တော့
ကျွန်တော်နှင့်ယှဉ်၍အိပ်နေသောဦးဘမောင်၏
တူကလေးအိပ်ရာတွင် မရှိ တော့။ အပေါ့အလေး
ထသွားသည်အထင်ဖြင့် အော်ခေါ်ကြည့်တော့..
“ခင်ဗျား”ဟုထူးပြီးလှေခါးအဆင်းနားက ထလာသည်။
“မင်းနှယ်ကွာ – အအိပ်ကြမ်းလိုက်တာ။
ဘယ်လိုဖြစ်ပြီး အိပ်ရာပေါ်က
နေ ခြေရင်းရောက်သွားရတာလဲ”
“အဲ – ကျွန်တော် မသိဘူး – ဆရာ။ အိပ်ပျော်နေတာ”
ထိုစဉ် အိမ်ခေါင်မိုးမျက်နှာကျက်အပေါ်မှ
တရှပ်ရှပ် လမ်းလျှောက်သံ ကြားရပြီး
“ပစ်ချလိုက်ရမလား- ပစ်ချလိုက်ရမလား”ဟူသောအသံဩဩ
ကြီးဖြင့် အော်သံကိုကြားရသည်။
ကျွန်တော်လည်းအမြင်ကပ်ကပ်ဖြင့်”အေးပစ်ချလိုက်”
ဟုကုန်းအော် တော့သွေးသံရဲရဲဖြင့်မည်းမည်း
အထုပ်ကြီးကြမ်းပြင်ပေါ်သို့ဗုန်းခနဲပြုတ်ကျ
လာသည်။ မီးထိုးကြည့်တော့ အိမ်အောက်ထပ်တွင်
အစောင့်ထားသော ခွေးကလေးနက်ကျားဖြစ်သည်။
သွေးသံရဲရဲ၊ အရေခွံများ ပေါက်ပြဲပြီး
အရိုး များကျိုးကြေနေသည်။ ထိုစဉ်ခေါင်မိုးပေါ်မှ
တဒုန်းဒုန်းအသံများ ကြားရပြီး တဟားဟားရယ်
သံများကိုလည်း ကြားရသည်။ ကျွန်တော်က
လူကြီးဖြစ်၍ ကြောက်တရားကို ထိန်းထားနိုင်သော်လည်း
ဦးဘမောင်၏ တူကလေး မှာ-
“အောင်မယ်လေးဗျ”ဟုထအော်ပြီ၊ ကျွန်တော့်အား
ဖက်ထားပါတော့ သည်။ ထိုစဉ်လျှပ်စစ်မီးများ
ပြန်လာသည်။ တဖျစ်ဖျစ်မြည်သံနှင့်ညှော်နံ့ကို
လည်းရသည်။ အိမ်ရှေ့မှလည်း”ဆရာ-ဆရာ”
ဟူ၍ဦးဘမောင်၏ခေါ်သံကို ကြားရသည်။ ထို့ကြောင့်
ကျွန်တော်လက်လှမ်းမီရာလက်ဆွဲအိတ်ကိုလှမ်း
ဆွဲပြီး တံခါးများဖွင့်၍ အောက်ထပ်သို့ ဆင်းပြေးခဲ့ရတော့သည်။
ရေနံရည် ဝနေသော အိမ်မည်းကြီးမှာ
မီးခိုးတလူလူဖြင့် မီးစွဲလောင်နေပြီဖြစ်သည်။
အမှတ်မထင် သတိရမိသည်ကတော့ အိမ်ကြီးသို့
ကျွန်တော်ရောက်စက အောက်ထပ်တွင် ဖုန်မှုန့်များရှင်း
လင်းနေစဉ်ခြံရှင်းရန်လာသူ ကိုတိုးမောင်၏
နိမိတ်ဖမ်းသလိုပြောစကား ဖြစ်သည်။
“အိမ်ကြီးမီးလောင်နေတာကျနေတာပဲ။
ဖုန်လုံးကြီးကတစ်အိမ်လုံးကို ဖုံးလွှမ်းထားတာ”
ဟူ၍ဖြစ်သည်။ လျှပ်စစ်ဝါယာကြိုးများမတော်
တဆလား၊ တကယ်လားတော့ ယနေ့အချိန်အထိ ကျွန်တော် စဉ်းစား၍မရပါ။

Zawgyi Version

” လကြယ္ညသန္းေခါင္ယံ “(စ/ဆုံး)
————————————

ကြၽန္ေတာ့္တြင္ ၿခံေျမႏွင့္ အိမ္ရာမ်ားစြာရွိသည္။
ဝါသနာအရလည္း ေကာင္း၊ အေပါင္းအသင္းမ်ား၏
အခက္အခဲကို ကူညီရင္း မလိုခ်င္ဘဲႏွင့္ ဝယ္ထား
ရေသာအိပ္မ်ား၊ ေျမကြက္မ်ားလည္း ပါသည္။
ေျမာက္ဒဂုံ၊ အေရွ႕ ဒဂုံ၊ ပုလဲၿမိဳ႕သစ္မ်ားအျပင္
လွည္းကူး၊ ေမွာ္ဘီ၊ တိုက္ႀကီးၿမိဳ႕မ်ားအထိပါသည္။
အိမ္ပါေသာေျမမ်ားကိုေတာ့ စိတ္ခ်ရေသာအသိအကြၽမ္း
မိတ္ေဆြမ်ားကို အေစာင့္ခ်၊ ငွားရမ္းထားေသာ္
လည္း ၿမိဳ႕သစ္ေျမမ်ားကိုေတာ့ အိမ္လည္း
မေဆာက္ႏိုင္သျဖင့္ၿခံစည္း႐ိုးခတ္ၿပီး သည္
အတိုင္းပစ္ထားရသည္။
ေဟာအခုေတာ့ကြၽန္ေတာ္၏ဝါသနာႏွင့္ေစတနာ
အရဝယ္ထားမိေသာေျမမ်ားက အက်ိဳးေပးပါၿပီ။
ၿမိဳ႕သစ္မ်ားတြင္ ဝယ္ထားေသာ ေျမကြက္မ်ားက နဂို
မူလ ဝယ္ဧက စလစ္ျပားကို ဝယ္ရျခင္းျဖစ္
ေသာေၾကာင့္ တစ္သိန္းခန႔္သာေပး ရၿပီး ယခုေတာ့ သိန္းတစ္
ရာေက်ာ္ေနၿပီး အဆတစ္ရာေက်ာ္ခန႔္ ေရးတက္ လာျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ကြၽန္ေတာ္ ၿမိဳ႕သစ္မ်ားတြင္ရွိေသာ
ေျမကြက္မ်ားအား ေရး အတက္တြင္ အလိုက္
သင့္ေရာင္းရာ သိန္းေထာင္ဂဏန္းေက်ာ္ရသည္။
ထို႔ေၾကာင့္ ႐ုံးပိတ္
ၿမိဳ႕သစ္အကြက္မ်ားေျမေဈးတက္သလို၊
ေမွာ္ဘီ၊ တိုက္ႀကီးႏွင့္ လွည္းကူးၿမိဳ႕ မ်ားရွိ
အိမ္ၿခံမ်ားကလည္းေရးတက္လာေနၿပီျဖစ္သည္။
ရက္အႀကိဳ ေသာၾကာေန႔တြင္ လွည္းကူးၿမိဳ႕၊ ကြၽန္းက
ေလးရပ္ကြက္သို႔ ဇနီး သည္အားေခၚယူၿပီး
ကိုယ္ပိုင္ COROLLA VAN ကားကေလးျဖင့္
ထြက္ ခဲ့ပါေတာ့သည္။ ထိုရပ္ကြက္အတြင္း
ပိုင္း၌ တစ္ဧကခန႔္ က်ယ္ဝန္းေသာ
သေျပၿခံႀကီးအတြင္း၌ ေရနံေခ်းေရာင္ မည္း
ေနေသာ ႏွစ္ထပ္အိမ္အိုႀကီး ပါရွိသည္။ ၿခံႀကီးအား
ကြၽန္ေတာ္ သိန္း(၃၀)ခန႔္ျဖင့္ ရထားေသာေၾကာင့္
ဝယ္ထားသည္မွာ ၾကာေနၿပီး
သေျပၿခံႀကီးအား လခ်ဳပ္ျဖင့္ ခူးဆြတ္ေရာင္းခ်ရန္
အပ္ထားေသာ ေၾကာင့္ သေျပခူးဆြတ္ေရာင္းခ်
သူမ်ားက ေန႔စဥ္ ခူးဆြတ္ေရာင္းခ်ၾကေပ
လိမ့္မည္။ ဘာမွ်ေတာ့ရသည္မဟုတ္။
ၿခံေစာင့္ရရန္ႏွင့္ လူေယာင္ျပရန္ အတြက္ေလာက္သာ ျဖစ္သည္။
ယခု ေဆာင္းႏွင္းရာသီေရာက္ၿပီျဖစ္ ေသာေၾကာင့္
ၿခံရွင္းရန္ ေရေလာင္းေပါင္းသင္ရန္ လိုအပ္လာ
ေသာေၾကာင့္ ကြၽန္ေတာ္ စေန၊ တနဂၤေႏြ႐ုံး
ပိတ္ရက္မ်ားတြင္စီစဥ္ေဆာင္႐ြက္ရန္ ၿခံတြင္း သို႔ ႏွစ္ည
အိပ္ဆင္းလာျခင္းျဖစ္သည္။ ယခင္ႏွစ္မ်ား
ကေတာ့ ၿခံနီးခ်င္း ကြၽန္ေတာ့္မိတ္ေဆြ ကိုေအာင္ႀကီးရွိေသာ
ေၾကာင့္ သူ႔အား အပ္ထားၿပီး ေငြထုတ္ေပး၍
သူက လူငွားၿပီး ရွင္းလင္းေဆာင္႐ြက္ေပးစၿမဲ
ျဖစ္သည္။ၿခံႀကီးအားငယ္သည္မွာလည္း
သူ႔ေၾကာင့္ျဖစ္သည္။ယခုေတာ့ သူကလည္း
သိန္း(၅၀၀)ခန႔္ရ ေသာေၾကာင့္ သူ႔ ၿခံႀကီး
အားေရာင္းခ်ၿပီးရန္ကုန္ၿမိဳ႕ဘက္ သို႔
ေျပာင္းေ႐ႊ႕ၿပီး တိုက္ခန္းဝယ္၍ေနရၿပီ။
ကိုေအာင္ႀကီးက အက်ဥ္းဌာနမွ ေထာင္မႉး
ေဟာင္းတစ္ဦး ျဖစ္သည္။ အလြန္႐ိုးသား
ႀကိဳးစားသူတစ္ဦး ျဖစ္သည္။ ယခုေတာ့ ကုန္သည္ႀကီးမ်ား ဟိုတယ္
တြင္ လုံၿခဳံေရးမႉး လုပ္ေနသည္။ အသြားအျပန္
ေဝးလြန္းေသာ ေၾကာင့္ ေရးတက္ခ်ိန္တြင္ သူ႔ၿခံ
ႀကီးအား ေရာင္းခ်၍ ေျပာင္းေ႐ႊ႕သြားျခင္း
ျဖစ္ပါသည္။ သူ႔ၿခံႀကီးက ကြၽန္ေတာ့္ၿခံထက္ က်ယ္သည္။
သေျပပင္မ်ား အျပင္ ကြၽဲေကာပင္၊ သရက္ပင္
ႏွင့္ ရာသီေပၚသီးႏွံပင္မ်ားလည္း စိုက္ေသး
သည္။ သူတို႔ အိမ္ေထာင္သက္(၁၀)ႏွစ္ခန႔္ရွိၿပီ
ျဖစ္ေသာ္လည္း သားသမီး မရၾကပါ။ လင္ကိုယ္
မယား လြန္စြာခ်စ္ခင္ၾကၿပီး ေမာင္တစ္ထမ္း မယ္တစ္
႐ြက္ၿခီးအတြင္း၌ ေပါင္းသင္ေရေလာင္း ဒိုးတူ
ေပါင္ဖက္ လက္တြဲညီညီ လုပ္ ကိုင္ၾကျခင္း ျဖစ္သည္။
သူတို႔ ဇနီးေမာင္ႏွံတြင္ ကေလးႏွင့္တူေသာ
ေခြးကေလး နက္က်ား ေတာ့ ရွိသည္။ ငယ္စဥ္
ကတည္းက ႏြားႏို႔တိုက္ၿပီး ေမြးျမဴခဲ့ေသာေၾကာင့္ အလြန္
လိမၼာၿပီး သိတတ္သည္။ သခင္ကို အလြန္ခ်စ္သည္။
ယခုႀကီးလာ ေတာ့လည္းၿခံအလြန္လုံသည္။
ကြၽန္ေတာ္က တစ္လ တစ္ခါခန႔္ ၿခံအတြင္း
သို႔သြားလွ်င္ ေခြးကေလ၊ နက္က်ားအတြက္
စားစရာကေလးမ်ား ဝယ္ယူသြားတတ္ေသာေၾကာင့္
ကြၽန္ေတာ့္ကိုေတာ့မွတ္မိၿပီး ခင္ပါသည္။
တစ္လ၊တစ္ခါခန႔္သာနက္က်ားႏွင့္ ဆုံေတြ႕ရေသာ္လည္း
ေခြးကေလးက အမွတ္ႀကီးသည္။ ကြၽန္ေတာ့္
အား ျမင္သည္ႏွင့္ ပတတ္ရပ္ၿပီး မုန႔္ေတာင္းတတ္သည္။
ၿခံနီးခ်င္း ကိုေအာင္ႀကီးရွိစဥ္ကေတာ့
ကြၽန္ေတာ့္အိမ္မည္းႀကီးတြင္ ညအိပ္ေလ့မရွိပါ။
မနက္သြား၍ ေန႔လယ္စာစားၿပီး ညေနျပန္ျခင္းသာ ျဖစ္
ေသာေၾကာင့္ကြၽန္ေတာ့္အိမ္ႀကီးအေၾကာင္း
မသိပါ၊ သစ္ေကာင္းဝါးေကာင္း ျဖင့္ အခိုင္အခံ့ေဆာက္
လုပ္ထားေသာအိမ္ႀကီးျဖစ္ေသာ္လည္း
ေရနံေခ်း သုတ္ထားေသာေၾကာင့္ အလြန္ပူလွသည္။
အိမ္အနီးတြင္လည္း အရိပ္ အာဝါသေကာင္း
ေသာသစ္ပင္ႀကီးမ်ားမရွိ၊ စိုက္ပ်ိဳးေရးၿခံျဖစ္ေသာေၾကာင့္
အရိပ္လည္းမလို။ ၿခံစည္း႐ိုး၌ ထီး႐ိုးဝါးပင္
မ်ားသာရွိၿပီး အိမ္ႀကီးက ၿခံအေရွ႕ ျခမ္းတြင္
ထီးထီးႀကီးရပ္တည္ေနပါသည္။
ယခင္ကေတာ့ေခါင္းႀကီး၏အိမ္ဟုသိရသည္။
လက္လႊဲေျပာင္းလာၿပီး ကြၽန္ေတာ့္လက္ထဲ
ေရာက္လာျခင္းျဖစ္သည္။ အိမ္ေျခရင္းတြင္ ယခင္က
တူးခဲ့ေသာ အုတ္စီေရတြင္း ရွိသည္။ စက္
သီးတပ္ထားသည္။ ကြၽန္ေတာ့္ လက္ထက္တြင္
လွ်ပ္စစ္မီးရေသာေၾကာင့္ ေရစုပ္စက္ကေလး
တပ္ဆင္ ထားသည္။ ေရပိုက္သြယ္တန္း၍
သေျပပင္မ်ားအား ေႏြရာသီတြင္ ေရ
ေလာင္းရန္ ျဖစ္သည္။ ၿခံေျမအမ်ိဳးအစားမွာ
(ဂဝံ)ေျပျဖစ္ေသာေၾကာင့္ ေရအထြက္ ေကာင္းပါသည္။
ကြၽန္ေတာ့္ကားကေလး ၿခံေရွ႕သို႔ရပ္ၿပီး ၿခံ
ဝင္းတံခါးအား ဆင္း၍ ေသာ့ဖြင့္ေနစဥ္ ၿခံ
အေရွ႕ဘက္ရွိ စိုက္ပ်ိဳးေရးၿခံမွ ကိုဘေမာင္ အေျပးလာ၍
ၿခံတံခါးအား ဝိုင္းကူဖြင့္ေပးရင္း ..
“ဆရာတစ္ေယာက္တည္းလား၊ ကိုေအာင္
ႀကီးတို႔ မရွိေတာ့လို႔ ေန႔လယ္စာကို ကြၽန္ေတာ္
တို႔ၿခံထဲ လာစားပါ။ ဆရာတစ္ေယာက္တည္း အတြက္
ကြၽန္ ေတာ္တို႔ေကြၽးႏိုင္ပါတယ္”
“ေအးဗ်ာ – ကိုဘေမာင္ရယ္ – ေက်းဇူးပါပဲ။
ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ ၿခံထဲမွာ ညအိပ္ၿပီး
မိုးအကုန္ ၿခံသန႔္ရွင္းေရး လုပ္မလားလို႔
.အလုပ္သမား လည္းငွားေပးပါဦးဗ်ာ”
“ရပါတယ္ … ဆရာ၊ ကြၽန္ေတာ့္တပည့္ေတြ
လႊတ္ေပးပါမယ္။ ဒါေပမဲ့ ဆရာ – ဆရာတစ္
ဦးတည္းေတာ့ ဒီအိမ္ႀကီးမွ ညမအိပ္ပါနဲ႔။ အဆင္မေျပ
ႏိုင္ဘူးထင္တယ္ – ဆရာ၊ ၿခံနီးခ်င္း ကိုေအာင္
ႀကီးတို႔ၿခံကလည္း ဝယ္ထား တဲ့သူက လာေနတာမဟုတ္ဘူး၊
သေျပပန္းခူးဖို႔၊ ၿခံခ်ဳပ္နဲ႔ အပ္ထားတာ။
တစ္ပတ္တစ္ခါေလာက္ပဲ သေျပပန္းခူးၾကေတာ့
ၿခံထဲမွာ ျမက္႐ိုင္းေတြ ေပါက္ေနၿပီ။ ဆရာ
ၿခံလည္း ဒီအတိုင္းပဲ။ ၿခံေတြကလူပေနေတာ့ ေကာကုန္ ၾကၿပီ
“ဟုတ္ပါ့ဗ်ာ – ၿခံေတြက ေတာ႐ိုင္းေတာင္
ဖုံးေနၿပီ။ အေတာ္ရွင္းယူရ မွာပဲ။ ဒါေၾကာင့္
ကြၽန္ေတာ္လည္း (၂)ညအိပ္ေလာက္ ဒီမွာေနၿပီး ၿခံရွင္း
ရေအာင္ လာခဲ့တာ။ ဒါနဲ႔ – ကိုေအာင္ႀကီးတို႔
ေျပာင္းသြားေတာ့ သူ႔ေခြး ကေလး နက္က်ားကိုေခၚသြားၾကသလား”
ၿမိဳ႕ေပၚတိုက္ခန္းမွာေနရတာ ဘယ္ျဖစ္မလဲ
ဆရာရယ္။ ကြၽန္ေတာ့္ကို ေပးထားခဲ့ပါတယ္။
ေဟာ့ – ေဟာ့ဟိုမွာလာပါၿပီဗ်ာ – နက္က်ား”
ေခြးကေလးနက္က်ားမွာ ကြၽန္ေတာ့္ကို ျမင္
သည္ႏွင့္ အေျပးလာၿပီး ပတတ္ရပ္၍ ကိုယ္
ေပၚသို႔ ခုန္တက္သည္။ သခင္မ်ားႏွင့္ ခြဲခြာေနရေသာ
ေၾကာင့္လြမ္းေနဟန္တူပါသည္။ ေခြးကေလး
ပိန္သြားသည္။ ကြၽန္ေတာ္က ကားထဲမွ မုန႔္မ်ားယူ၍ေကြၽးရသည္။
“ဒါနဲ႔ အေစာက ကိုဘေမာင္ ေျပာလိုက္ပါတယ္။
ကြၽန္ေတာ့္ၿခံထဲက အိမ္ႀကီးမွာ တစ္ေယာက္
တည္းအိပ္ရင္ အဆင္မေျပႏိုင္ဘူးဆို။
ဘာျဖစ္ လို႔လဲ၊ ထူးျခားတာ ရွိလို႔လား”
“ဟုတ္တယ္- ဆရာ။ အစကေတာ့ ကြၽန္ေတာ္
လည္း သတိမထားမိပါ ဘူး။ ဦးေအာင္ႀကီးတို႔
ေျပာင္းသြားၿပီ။ နက္က်ားကေလး ကြၽန္ေတာ္တို႔ဆီ
ေရာက္လာေတာ့မွ ထူးျခားတာေတြကို သိလာရေတာ့တာပါ ဆရာ”
“ဘယ္လိုထူးျခားတာလဲ – ကိုဘေမာင္”
“ညတိုင္းေတာ့မဟုတ္ဘူး – ဆရာရဲ႕။ လျပည့္
လကြယ္ေန႔ေတြနဲ႔ႀကဳံရင္ သန္းေခါင္ယံေရာက္
တာနဲ႔ နက္မ်ား တအီအီေအာ္ၿပီး ပိတ္ထားတဲ့အိမ္ တံခါးကို
အတင္းတိုးၿပီး ဖြင့္မေပးရင္ ကုတ္ျခစ္ေတာ့တာပဲ။
ေနာက္ၿပီး ဆရာ တို႔အိမ္ႀကီးဘက္လွည့္ၿပီး
တေဝါင္းေပါင္းနဲ႔ ထိုးေဟာင္တယ္။ တံခါးဖြင့္ေပး
တာနဲ႔ လူကို ပတတ္ရပ္ၿပီး ကပ္ေနေတာ့တာ။ ကြၽန္ေတာ္
လည္း ၿပီးခဲ့တဲ့ လကြယ္ေန႔ကမွသတိထားမိတာ။
အဲ့ဒါေၾကာင့္နက္က်ားကိုအိမ္ထဲေခၚသိပ္
ရတယ္။ ဆရာတို႔အိမ္ႀကီးဘက္ကို ႐ုတ္တရက္
ၾကည့္မိေတာ့ ၾကယ္ေရာင္ ေအာက္မွ အရိပ္ေတြ
လႈပ္ရွားေနသလို ေတြ႕ရတယ္။ ကြၽန္ေတာ္တို႔
အိမ္နဲ႔ လမ္းျခားေန ၿပီး အလင္းေရာင္နည္း
တာေၾကာင့္စိတ္ထင္တာလည္း ျဖစ္ခ်င္ ျဖစ္မယ္”
“ကြၽန္ေတာ္လည္း ေၾကာက္စိတ္ေၾကာင့္အေသ
အခ်ာမၾကည့္ရဲပါဘူး ဆရာရ။ ဒါေၾကာင့္ –
ဒီေန႔ညဟာလည္း လကြယ္ညနဲ႔ တိုက္ဆိုင္
ေနလို႔ ဆရာ့ကို သတိေပးရတာပါ
“ေအးဗ်ာ – ကိုဘေမာင္။ ကြၽန္ေတာ္လည္း
တစ္ႏိုင္ငံလုံး လွည့္ၿပီး တာဝန္ထမ္းေဆာင္လာ
တာ။ ေတာေတာင္ေတြလည္းနံ႔ပါရဲ႕၊တစ္ခါမွေတာ့ သရဲ
တေစၦနဲ႔ ထိပ္တိုက္မတိုးခဲ့ဖူးပါဘူး၊ အရိပ္အေယာင္နဲ႔
အသံေလာက္ေတာ့ ျမင္ဖူး၊ ၾကားဖူးပါရဲ႕။ ေမတၱာပို႔၊ အမွ်ေဝ
လိုက္တာပါပဲ။ အႏၲရာယ္ မရွိခဲ့ ပါဘူး။ ေအးေအးေဆးေဆးပါပဲ”
“ကြၽန္ေတာ္ ၾကားဖူးတယ္ – ဆရာရဲ႕၊ လူႀကီးမိဘ
ေတြေျပာခဲ့ ဆိုခဲ့ၾက တာပါ။ လူမေနတဲ့အိမ္မွာ
နီးစပ္ရာ သရဲတေစၦေတြ ဝင္ေနတတ္တယ္တဲ့။ ဆရာ
သတိထားဖို႔ပါ။ ေန႔လယ္စာေရာ၊ ညစာပါ
ဆရာတစ္ေယာက္တည္းပဲ ပခ်က္ပါနဲ႔ေတာ့။ ကြၽန္ေတာ္
တို႔ အိမ္မွာပဲ လာစားပါ။ ညအိပ္ေတာ့လည္း
အေဖာ္ရေအာင္ ကြၽန္ေတာ့္ တူကေလးကို ေခၚအိပ္ပါ
“ေအးဗ်ာ – ေက်းဇူးပဲ – ကိုဘေမာင္။ ခင္ဗ်ားတူ
ကေလးကိုလည္း ေခၚ အိပ္ပါ့မယ္။ အေဖာ္ရေအာင္
နက္က်ားကိုလည္း ေခၚအိပ္ပါ့မယ္။ ဒါဆို စိတ္
ခ်ရေလာက္ပါတယ္။ အခုေလာေလာဆယ္ေတာ့
ၿခံရွင္းရေအာင္ အလုပ္ သမားေတြ စုေပးပါဦးဗ်ာ။
ႏွစ္ရက္ေလာက္ေတာ့ ရွင္းရမယ္ထင္ပါရဲ႕”
“ရပါတယ္ – ဆရာ။ တိုးေမာင္တို႔အဖြဲ႕ ဟိုဘက္နားမွာ
ၿခံရွင္းေနတယ္။ ကြၽန္ေတာ္ လူခြဲၿပီး ရွင္းဝိုင္း
လိုက္မယ္။ သူတို႔အုပ္စုက အဖြဲ႕ေတာင့္တင္းပါ တယ္။
ဒီဘက္က ၿခံေတြကိုလည္း ရွင္းဖူးၾကပါတယ္”
“ေကာင္းပါၿပီ-ကိုဘေမာင္။ ေက်းဇူးပဲဗ်ာ”
ကြၽန္ေတာ္ အိမ္ႀကီး၏ ဖိနပ္ခြၽတ္၊ ၾကက္တူေ႐ြး
တန္း ကာထားေသာ တံခါးအားဖြင့္လိုက္ေဘာ့
ေအာက္သိုးသိုးလင္းႏို႔ေခ်းနံ႔ရသည္။ ၾကမ္းျပင္၌
လည္းလင္းႏို႔ေခ်းမ်ားကအပုံလိုက္ရွိေနသည္။
တံခါးဖြင့္လိုက္၍အသံၾကား ရ၍အလင္းေရာင္ဝင္လာ
ေသာေၾကာင့္မ်က္ႏွာက်က္တြင္တြဲေလာင္းခ်ိတ္
ဆြဲၿပီး အိပ္ေနၾကေသာ လင္းႏို႔ငွက္ငယ္ကေလးမ်ား၊
နီးစပ္ရာအေပါက္မ်ား မွ အလုအယက္တိုးေဝွ႔ၿပီး ထြက္ေျပးၾကသည္။
ကြၽန္ေတာ္ အိမ္အဝင္ႏွစ္ခ်ပ္ ကြၽန္းတံခါးမည္း
မည္းႀကီးအား ဖြင့္လိုက္ ေတာ့ ေလးလံလွေသာ
ကြၽန္းတံခါးႀကီးက ပတၱာမ်ား ဆီမရွိ၍ တကြၽီကြၽီ၊
တအီအီျပည္ၿပီး ဖြင့္ဟသြားသည္။ ကားလမ္းျဖင့္
ေဝးေသာ္လည္း အိမ္ ၾကမ္းျပင္၌ ဖုန္ထုက
အေတာ္တက္ေနေခ်ၿပီ။ ထူးဆန္းသည္ကေတာ့ထို
ၾကမ္းျပင္ဖုန္ထုအေပၚ၌ လူေျခရာမ်ားျဖစ္
သည္။ လူႀကီးေျခရာထက္ ကေလးေျခရာကပိုမ်ားသည္။
အမဲလိုက္မုဆိုးလုပ္ခဲ့ေသာ ကြၽန္ေတာ္ ေျခရာ
မ်ား ျမင္သည္ႏွင့္ မဒန ႏိုင္ေတာ့။ အိမ္ေျခရင္း
ျပတင္းေပါက္အားဖြင့္ၿပီး ေလ့လာဆန္းစစ္
ေတာ့ သည္။ ကေလးေျခရာမ်ားကအ႐ြယ္အ
စားမတူကေလး(၃)ဦး၏ေျခရာမ်ား ျဖစ္သည္။ လူႀကီး
ေျခရာမ်ားကေတာ့ ေယာက္်ားႏွင့္ မိန္းမေျခ
ရာျဖစ္ပုံရ သည္။ေျခရာတစ္စုံကႀကီးသည္၊တစ္စုံကငယ္
သည္။ ထူးျခားသည္ကေတာ့ ေယာက္်ားႀကီး
ေျခရာတြင္ ေျခသန္းကေလး ျပတ္ေနသည္။ ဘယ္သူေတြ
မ်ားပါလိမ့္။ အိမ္မႀကီးေသာ့ကိုလည္း မည္သူ႔
ကိုမွ် ေပးမထားမိပါ။ အိမ္ ေသာကလည္း တစ္စုံတည္း
သာရွိၿပီး ကြၽန္ေတာ့္ထံ၌ပင္ သိမ္းဆည္းထား
သည္။ ၿခံဝင္းတံခါးေသာ့ကေတာ့ ႏွစ္ပုံရွိသည္။ တစ္စုံကို
သေျပပန္းခူးသူ ကိုေအာင္ဗလတို႔အား ေပး
ထားၿပီး တစ္စုံက ကြၽန္ေတာ့္ထံတြင္ ရွိေနသည္။
ထို႔ေၾကာင့္ နံရံတြင္ အသင့္ေထာင္ထားေသာ
တံျမက္စည္းအားယူ၍ အိမ္ ေအာက္ထပ္ ျပတင္းေပါက္မ်ား
အားဖြင့္ၿပီး တံျမက္စည္း လွဲရေတာ့သည္။
မၾကာမီလူသံမ်ား ၾကားရသျဖင့္ ၿခံရွင္းရန္ တိုးေမာင္တို႔
အဖြဲ႕ေရာက္လာၾက ဟန္တူပါသည္။
“ဆရာေရ- ကြၽန္ေတာ္တို႔ေရာက္ၿပီ။ အိမ္ႀကီး
မီးေလာင္ေနတာက်န တာပဲ။ ဖုန္လုံးႀကီးက
တစ္အိမ္လုံး ဖုံးလႊမ္းထားတယ္။ ဆရာ – ဖုန္ေတြနဲ႔ မႊန္ေန
မွာေပါ့ – ထြက္ခဲ့ပါ။ ကြၽန္ေတာ္တို႔လုပ္ေပးပါ့မယ္”
စကားကို ေဟာင္ဖြာ ေဟာင္ဖြာ ေျပာတတ္ၿပီး
က်ယ္ေလာင္လွေသာ သူ႔အသံကို အေဝးကပင္
ၾကားရသည္။ အလုပ္ၾကမ္းသမားပီပီ အသံက်ယ္
ေလာင္သလို၊ လူေကာင္ကလည္း ထြားက်ိဳင္းသည္။
အိမ္ေရွ႕ထြက္ၾကည့္ ေတာ့ တိုးေမာင္ႏွင့္ အလုပ္
သမားေလးေယာက္၊ ျမက္ရွင္းဓားကိုယ္စီႏွင့္
ေပါက္တူးမ်ားလည္း ပါလာၾကသည္။
ထိုစဥ္တြင္ ကိုဘေမာင္၏တူကေလး
ေရာက္ရွိလာၿပီး ..
“ဆရာ – ထမင္းစားမယ္တဲ့။
ဦးေလးဘေမာင္ကေခၚခိုင္းလိုက္တယ္”
“ဟ-ငါဖုန္ေတြ ရွင္းေနတာ၊ ေရေတာင္မခ်ိဳးရေသးဘူး”
“လာပါ – ဆရာရယ္။ ကြၽန္ေတာ္တို႔ ၿခံထဲမွာလည္း
အုတ္ကန္ရွိပါတယ္ ဆရာ။ ေရမိုးခ်ိဳးၿပီးမွ
ထမင္းစားပါ။ ဒီက ကိစၥေတြ ကိုတိုးေမာင္တို႔ အဖြဲ႕ တာဝန္ယူပါလိမ့္မယ္”
“ဟုတ္ပါ့ – ဆရာရယ္။ ေရမိုးခ်ိဳး၊ေခါင္းေလွ်ာ္၊
အနားယူရင္းေန႔လယ္စာ စားပါ။ ကြၽန္ေတာ္တို႔
အဖြဲ႕ အိမ္တြင္းအိမ္ျပင္ သန႔္ရွင္းထားပါ့မယ္။
ဆရာ ဝိတ္ခ်လက္ခ်လိုက္သြားပါ”
“ေအး – ေအး – ေကာင္းပါၿပီကြာ”
ကြၽန္ေတာ္ ကားေပၚမွ အဝတ္အစားအိတ္ကို
ယူခဲ့ၿပီး ကိုဘေမာင္တို႔ အိမ္တြင္ ေရခ်ိဳး၊
ေခါင္းေလွ်ာ္သည္။ ၿပီးမွ – ကိုဘေမာင္ႏွင့္အတူ ထမင္းစား
ၾကသည္။ တိုးေမာင္တို႔အဖြဲ႕ကေတာ့ ၿခံရွင္းေန
ၾကဆဲျဖစ္သည္။ ကြၽန္ေတာ္ တို႔ ေန႔လယ္စာစားၿပီး
ေတာ့လည္း ကြၽန္ေတာ္ အိမ္ႀကီးဘက္ မျပန္ပါ။
ကိုဘေမာင္ႏွင့္အတူ သူတို႔အိမ္ေရွ႕ဘူးစင္ေအာက္တြင္
ပက္လက္ကုလား ထိုင္ကိုယ္စီ ျဖင့္ထိုင္၍
ေရေႏြးၾကမ္းေသာက္ရင္း ထမင္းလုံးစီၾကသည္။
ညေနေစာင္းမွ ကြၽန္ေတာ္ အိမ္ႀကီးဘက္
ကူးလာၿပီး ၿခံရွင္းသမား ကိုတိုး ေမာင္တို႔ကိုေန႔တြက္ခရွင္းေပးရပါသည္။
“ဆရာေရ႕- ေႁမြေတြေတာင္ ၿခံထဲမွာ ခိုေန၊
သေျပပင္ေတြက ႏွစ္ ၾကာေတာ့ တုံးလုၿပီ။
ေရေလာင္းေပါင္းသင္ၿပီးေျမၾသဇာေကြၽးမွ ႐ြက္ႏုထြက္ ၿပီး
အၫြန႔္ခူးလို႔ရလိမ့္မယ္။ မနက္ျဖန္တစ္ရက္
ထပ္ၿပီးရွင္းရင္ ျပတ္ပါၿပီ ဆရာ။ ညေနပိုင္း ေပါင္းျမက္
ေတြကို မီးပါရွိေပးခဲ့မယ္ေနာ္ – ဆရာ”
“ေအးပါဗ်ာ – ေက်းဇူးတင္ပါတယ္။ လူအၿမဲ
တမ္းမေနတဲ့ၿခံဆိုေတာ့ သတၱဝါေတြ ခိုေအာင္းၿပီး
လြတ္လြတ္လပ္လပ္ ႀကီးထြားေနၾကမွာေပါ့။ ဒါ သဘာဝက်ပါတယ္”
“ကဲ- ဆရာေရ ကြၽန္ေတာ္တို႔ျပန္မယ္။ မနက္ျဖန္
ေတာ့ ေစာေစာလာ ၿပီး အျပတ္ရွင္းေပးမယ္။
ညေရးညတာ ၿခံထဲဆင္းရင္ေတာ့ သတိနဲ႔ ဆင္း
ဆရာခ်ဳံေတာရွင္းၿပီးေျမေျပာင္သြားေတာ့ပိုး
ေကာင္မႊားေကာင္ထြက္တတ္တယ္
“ဟုတ္ပါၿပီ – ကိုတိုးေမာင္”
ကိုတိုးေမာင္တို႔အဖြဲ႕ ပစၥည္းမ်ားသိမ္းၿပီး ျပန္
သြားေတာ့မွ ကြၽန္ေတာ္၊ ကိုဘေမာင္တို႔အိမ္
ဘက္မွကြၽန္ေတာ့္အိမ္ႀကီးဘက္သို႔တစ္ေယာက္တည္း
ကူးခဲ့ပါသည္။အခ်ိန္ကညေန(၄)နာရီေက်ာ္ခန႔္
သာရွိေသးသည္။ကြၽန္ေတာ္ ပစၥည္းမ်ားအား
အိမ္အေပၚထပ္သို႔ သယ္ယူလာစဥ္အံ့ဩစရာ ေတြ႕
ရွိရ သည္က အိမ္အေပၚထပ္ လွ်ာထိုးၾကမ္းခင္းမွာ
သေျပသီးမွည့္ေရာင္ ေျပာင္ လက္ၿပီး ဖုန္မႈန႔္မ်ား
မရွိပါ။ တစ္စုံတစ္ဦး ေန႔စဥ္တိုက္ခြၽတ္ထားပုံရသည္။
ယခင္ပိုင္ရွင္ေတာေခါင္းႀကီးမွာ ကရင္လူမ်ိဳး၊
ခရစ္ယန္ဘာသာဝင္ျဖစ္ေသာ ေၾကာင့္ အိမ္
အေပၚထပ္တြင္ ဘုရားေက်ာင္းေဆာင္ မရွိပါ။ ခုတင္မ်ား
လည္း မရွိ ၾကမ္းခင္းေပၚတြင္အိပ္ရန္သာ
ျဖစ္သည္။အေပၚထပ္တက္သည့္ေလွခါး
ထိပ္တြင္ကြၽန္းတံခါးႀကီးရွိေသာေၾကာင့္ေသာ့
ခတ္ထားရာ အိမ္ႀကီးေအာက္ ထပ္အား ရွင္း
လင္းၾကသည့္ ကိုတိုးေမာင္တို႔အဖြဲ႕လည္း အိမ္အေပၚ
ထပ္သို႔ မတက္ေရာက္ႏိုင္ၾကပါ။ အဘယ္သူ
ရွင္းထား၊ တိုက္ထားပါသနည္း။
ကြၽန္ေတာ္ ေထြလီကာလီ မစဥ္းစားခ်င္ေတာ့။
ပစၥည္းမ်ားအား လွ်ာ ထိုးၾကမ္းခင္းေပၚ၌
ေနရာခ်ထားခဲ့ၿပီး ေရလဲပုဆိုးႏွင့္ ဆပ္ျပာခြက္ယူခဲ့၍
ေအာက္ထပ္သို႔ ဆင္းခဲ့သည္။ ေရစုပ္စက္ေမာ္တာအား
ဖြင့္၍ အုတ္ကန္ထဲ ေရထည့္သည္။ ၿပီးေနာက္-
ေရတစ္ဝခ်ိဳးေတာ့သည္။ ထိုစဥ္ကိုဘေမာင္၏
တူကေလး အိပ္ရာလိပ္ထမ္း၍ေရာက္ရွိလာၿပီး..
“ဆရာ-ေရခ်ိဳးေနတာကိုး။ ၿပီးရင္ – ညေနစာ
စားရေအာင္ – ဦးေလး ဘေမာင္က ေခၚခိုင္းလိုက္ပါတယ္”
“အားနာစရာကြာ။ ငါကလွည္းကူးၿမိဳ႕ထဲကို
မင္းနဲ႔ကိုဘေမာင္ကိုေခၚၿပီး ညစာသြားစားမယ္
စိတ္ကူးထားတာ”“အဲဒီအစီအစဥ္လည္း
ေကာင္းပါတယ္ – ဆရာ။ ကြၽန္ေတာ္တို႔အိမ္မွာ
ေတာ့ အသီးအ႐ြက္ဟင္းက မ်ားပါတယ္”
“ေအး … အဲ့ဒါဆို … ေရ၊နားက ရွမ္းႀကီးဆိုင္ကို
သြားၾကတာေပါ့။ ငါ့မွာ ကားပါလာတာပဲ – မေဝးပါဘူး”
ကြၽန္ေတာ္တို႔အိမ္ႀကီးအတြင္းအျပင္မီးမ်ား
ဖြင့္ခဲ့ၿပီး ထြက္ခြာလာခဲ့ၾက
ေတာ့ ညေန(၆)နာရီခန႔္သာ ရွိပါေသးသည္။
မေမွာင္ေသးေပ။ ေဈးအနီး
ရွမ္းႀကီးစားေသာက္ဆိုင္တြင္ စားေသာက္ၾကၿပီး
ကြၽန္ေတာ္တို႔ ျပန္လာၾက ေတာ့ည(၈း၃၀)
နာရီခန႔္သာရွိေသးသည္။ ကိုဘေမာင္က …
“ဆရာ – လက္ႏွိပ္ဓာတ္မီးေရာ ပါရဲ႕လား။
မီးပ်က္သြားရင္ သုံးဖို႔ပါ။ လိုရမည္ရနက္
က်ားကိုလည္း အေစာင့္ရေအာင္ ေခၚအိပ္ေပါ့ေနာ္”
“ေကာင္းပါတယ္ – ကိုဘေမာင္။ အေဖာ္အျဖစ္
ခင္ဗ်ားတူကေလးရာ ရွိေတာ့ အဆင္ေျပပါတယ္။
နက္မ်ားကိုေတာ့ အိမ္ေအာက္ထပ္မွာပဲ
သိပ္ လိုက္ေတာ့မယ္”ကြၽန္ေတာ္တို႔အိမ္
အေပၚထပ္တြင္အိပ္ရာဝင္ေတာ့ည(၉)နာရီခြဲခန႔္သာ
ရွိပါေသးသည္။ လမိုက္ညျဖစ္ေသာ္လည္း
အိမ္ႀကီးႏွင့္ ပတ္ဝန္းက်င္တြင္ လွ်ပ္စစ္မီး
ေရာင္ျဖင့္ ထိန္လင္းေနပါသည္။ ထို႔ေၾကာင့္ကြၽန္ေတာ္
ဘုရားငတ္ ျပဳ ေမတၱာပို႔၊ အမွ်ေဝၿပီး အိပ္ရာ
ဝင္ခဲ့ပါေတာ့သည္။ ည(၁၂)နာရီခန႔္တြင္ ကြၽန္ေတာ္
ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနရာမွလန႔္ႏိုးသည္။
ေအာက္ထပ္ကေခြး ကေလးနက္က်ား၏စူးစူးဝါးဝါးေဟာင္
သံေၾကာင့္လည္းျဖစ္သည္။တစ္အိမ္ လုံးလွ်ပ္စစ္
မီးမ်ား ပ်က္ေနေသာေၾကာင့္ ေမွာင္မည္းေနသည္။
ထိုစဥ္တြင္ အိမ္ေခါင္မိုးမ်က္ႏွာက်က္အပါမွ
လမ္းေလွ်ာက္သံတဖ်ပ္ဖ်ပ္ၾကားရသည္။ ကြၽန္ေတာ္ေခါင္းအုံးေဘးမွ
လက္ႏွိပ္ဓာတ္မီးကိုစမ္းၿပီး မီးဖြင့္ၾကည့္ေတာ့
ကြၽန္ေတာ္ႏွင့္ယွဥ္၍အိပ္ေနေသာဦးဘေမာင္၏
တူကေလးအိပ္ရာတြင္ မရွိ ေတာ့။ အေပါ့အေလး
ထသြားသည္အထင္ျဖင့္ ေအာ္ေခၚၾကည့္ေတာ့..
“ခင္ဗ်ား”ဟုထူးၿပီးေလွခါးအဆင္းနားက ထလာသည္။
“မင္းႏွယ္ကြာ – အအိပ္ၾကမ္းလိုက္တာ။
ဘယ္လိုျဖစ္ၿပီး အိပ္ရာေပၚက
ေန ေျခရင္းေရာက္သြားရတာလဲ”
“အဲ – ကြၽန္ေတာ္ မသိဘူး – ဆရာ။ အိပ္ေပ်ာ္ေနတာ”
ထိုစဥ္ အိမ္ေခါင္မိုးမ်က္ႏွာက်က္အေပၚမွ
တရွပ္ရွပ္ လမ္းေလွ်ာက္သံ ၾကားရၿပီး
“ပစ္ခ်လိုက္ရမလား- ပစ္ခ်လိုက္ရမလား”ဟူေသာအသံဩဩ
ႀကီးျဖင့္ ေအာ္သံကိုၾကားရသည္။
ကြၽန္ေတာ္လည္းအျမင္ကပ္ကပ္ျဖင့္”ေအးပစ္ခ်လိုက္”
ဟုကုန္းေအာ္ ေတာ့ေသြးသံရဲရဲျဖင့္မည္းမည္း
အထုပ္ႀကီးၾကမ္းျပင္ေပၚသို႔ဗုန္းခနဲျပဳတ္က်
လာသည္။ မီးထိုးၾကည့္ေတာ့ အိမ္ေအာက္ထပ္တြင္
အေစာင့္ထားေသာ ေခြးကေလးနက္က်ားျဖစ္သည္။
ေသြးသံရဲရဲ၊ အေရခြံမ်ား ေပါက္ၿပဲၿပီး
အ႐ိုး မ်ားက်ိဳးေၾကေနသည္။ ထိုစဥ္ေခါင္မိုးေပၚမွ
တဒုန္းဒုန္းအသံမ်ား ၾကားရၿပီး တဟားဟားရယ္
သံမ်ားကိုလည္း ၾကားရသည္။ ကြၽန္ေတာ္က
လူႀကီးျဖစ္၍ ေၾကာက္တရားကို ထိန္းထားႏိုင္ေသာ္လည္း
ဦးဘေမာင္၏ တူကေလး မွာ-
“ေအာင္မယ္ေလးဗ်”ဟုထေအာ္ၿပီ၊ ကြၽန္ေတာ့္အား
ဖက္ထားပါေတာ့ သည္။ ထိုစဥ္လွ်ပ္စစ္မီးမ်ား
ျပန္လာသည္။ တဖ်စ္ဖ်စ္ျမည္သံႏွင့္ေညႇာ္နံ႔ကို
လည္းရသည္။ အိမ္ေရွ႕မွလည္း”ဆရာ-ဆရာ”
ဟူ၍ဦးဘေမာင္၏ေခၚသံကို ၾကားရသည္။ ထို႔ေၾကာင့္
ကြၽန္ေတာ္လက္လွမ္းမီရာလက္ဆြဲအိတ္ကိုလွမ္း
ဆြဲၿပီး တံခါးမ်ားဖြင့္၍ ေအာက္ထပ္သို႔ ဆင္းေျပးခဲ့ရေတာ့သည္။
ေရနံရည္ ဝေနေသာ အိမ္မည္းႀကီးမွာ
မီးခိုးတလူလူျဖင့္ မီးစြဲေလာင္ေနၿပီျဖစ္သည္။
အမွတ္မထင္ သတိရမိသည္ကေတာ့ အိမ္ႀကီးသို႔
ကြၽန္ေတာ္ေရာက္စက ေအာက္ထပ္တြင္ ဖုန္မႈန႔္မ်ားရွင္း
လင္းေနစဥ္ၿခံရွင္းရန္လာသူ ကိုတိုးေမာင္၏
နိမိတ္ဖမ္းသလိုေျပာစကား ျဖစ္သည္။
“အိမ္ႀကီးမီးေလာင္ေနတာက်ေနတာပဲ။
ဖုန္လုံးႀကီးကတစ္အိမ္လုံးကို ဖုံးလႊမ္းထားတာ”
ဟူ၍ျဖစ္သည္။ လွ်ပ္စစ္ဝါယာႀကိဳးမ်ားမေတာ္
တဆလား၊ တကယ္လားေတာ့ ယေန႔အခ်ိန္အထိ ကြၽန္ေတာ္ စဥ္းစား၍မရပါ။