ကံထမ်းလာသောလူတစ်ယောက်(စ/ဆုံး)

Unicode Version

ကံထမ်းလာသောလူတစ်ယောက်(စ/ဆုံး)
————————————————-
အချိန်ကာလကား မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၅၀- ၅၁- ခုနှစ်ဝန်းကျင်ခန့်က။ ရောင်စုံသောင်းကျန်းသူများ ဆူပူအုံကြွချိန် ဧရာဝတီတိုင်းမြောင်းမြမြို့နယ်၊ မြေနီကုန်းရွာကလေး။
ဧရာဝတီတိုင်းမှာ မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရလောက် အောင် ဆန်စပါးအထွက်ဆုံးသော ဒေသဖြစ်သလို မြစ်ချောင်း၊ အင်းအိုင် တွေကလည်း များလှပါဘိ။ အဓိက ဆက်သွယ်ရေးမှာ ရေလမ်းကြောင်း။ လှေ၊ သမ္ဗန်၊ သင်္ဘော စသည်တို့ဖြင့် ကူးလူးသွားလာကြရသည်။
မြောင်းမြမှာ ခရိုင်မြို့ဖြစ်ပြီး မြောင်းမြ၊ မအူပင်၊ လပွတ္တာသင်္ဘောလမ်း ပေါ်နှင့် ရွေးမြစ်ကမ်းဘေး၊ ရွာတန်းရှည်တစ်ခု။ တစ်ပင်ချောင်း၊ မြေနီကုန်း၊ ကဝတ်၊ ဒေါင့်ကြီးရွာတို့မှ တစ်ဆက်တည်းလိုဖြစ်ပြီး အခြားတစ်ဖက်ကမ်း၌ သံပုရာချောင်း၊ ချောင်းသာကုန်း၊ ကွမ်းပေါက်ရွာများရှိကြသည်။ ကရင်၊ ဗမာ၊ မွန်နှင့် ရေကြည်ရာ၊ မြက်နုရာ စီးပွားရှာကြသော လူမျိုးခြားများရော
နှောနေထိုင်ကာ ဘာသာအားဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူစသည်ဖြင့် မိရိုးဖလာအလိုက်ကိုးကွယ်ကြ၏။
ရွာဦးတွင် ဆရာတော်ဦးဝိသုဒ္ဓဘုန်းကြီးကျောင်းနှင့် ရွာဦးစေတီ၊ ဇရပ် နီလေး၊ ဦးမိုးဆွေ ဓမ္မာရုံဘုရားသုံးဆူ၊ မျက်နှာချင်းဆိုင် မြစ်ကမ်းဘေး၌ မြောင်းမြစက်သူဌေးဦးဘလှ ဆန်စက်၊ (စက်သူဋ္ဌေးဦးဘမြ၊ ဦးဘလှဦအစ် ကို (၂)ဦးရှိပြီး၊ အစ်ကို ဦးဘမြမှာ ဂျပန်ခေတ်တွင် အသက်ခံရကာ ရွှေတိဂုံ စေတီအနောက်တောင်ဘက်ဦးဝိစာအဝိုင်းရှိဦးဝိစာရကျောက်တိုင်အလှူ ရှင်မှာ ဦးဘလှဖြစ်သည်။ ) ရွာလယ်လမ်းမှာ အုတ်စီလမ်း ဖြစ်ပြီး မြစ်လမ်း ဘက်နှင့် ကုန်းဘက် တစ်ဖက် တစ်ချက်စီ အိမ်များ ဆောက်လုပ်နေထိုင် ကြ၏။ ရွာလယ်တွင် တရုတ်လူမျိုးများဖြစ်သည့် အထပ်နှင့် ဦးကင်းကျောင် တို့၏ ကုန်စုံဆိုင်များ၊ ဟိန္ဒူဘာသာကိုးကွယ်ပြီး မီးနင်းသည့် ကိုဆူးပန်း၏ ဆံပင်ညှပ်ဆိုင်၊ မြောင်းမြဒေါ်ညိုဆေးလိပ်ခုံ၊ ကိုထွန်းအေး၏ အပ်ချုပ်ဆိုင် နှင့် တရုတ်ငခွေး၏ အပေါင်ဆိုင် စသည်တို့ ။ ရွာတောင်ပိုင်းတွင် ကန့်ကူလက် လှည့်ငယ်ဆရာ၊ ဆရာကြီးဦးပု၏အစိုးရမူလတန်းကျောင်း၊ အဖွားဒေါ်ပုတု ၏ မုန့်ဟင်းခါးဖတ်ရုံ၊ ရွာအစွန်ကိုစန်းမောင်၏ ဥယျာဉ်ကြီးနှင့် ထုံးဘိုကုန်း၊ ရွာအနောက်မြောက်ဘက်တွင် သုသာန်နှင့် အနောက်ဘက်တွင် ဦးအုန်း ရှိန်နှင့် ဦးစိန်းရွှေတို့၏အုန်း၊ ကွမ်းသီး၊ သရက်၊ ပိန္နဲခြံကြီးများဝေဝေဆာဆာ ဖူးပွင့်နေကြသည်။
ကိုဖိုးစောနှင့် မလှခင်တို့ ဇနီးမောင်နှံမှာ ရွာတောင်ပိုင်း၌ အိမ်ရှိသော် လည်း ဆယ့်နှစ်ရာသီပေါင်း မိုးပါသည့် လှေကလေးဖြင့် နေထိုင်ကာ ရွာ အနောက်ဘက်ချောင်းထဲတွင် ပြုံးဖြင့် ပုဇွန်ထောင်ကာ အသက်မွေး၏။ အများအားဖြင့် လယ်ယာလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းပြုကြ သော်လည်း အောက်ဘက်ပြန်ပါလော့မြစ်၊ ကျွန်းညို၊ မိန်းမလှကျွန်းသို့ ကနစိုး ထင်းသွားခုတ်ပြီး ဝမ်းစာရှာသည့်ကိုဖားတို့လိုလူမျိုးတွေလည်း သုံးလေးယောက်။

ရာသီပွဲတော်များကို အချိန်အခါ အလျောက် ပုံမှန် ကျင်းပကြ၏။ သို့သော် မြေနီကုန်းရွာကလေးတွင် ထူးခြားသည်မှာ နတ်တော်လ ဘုရား သုံးဆူပွဲနှင့် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ ပျားရည်ဆွမ်းလောင်းလှူပွဲ၊ နတ် တော်လပြည့်နေ့
ဘုရားသုံးဆူဆွမ်းတော်ကြီးတင်ပွဲကိုအကျွေးအမွေး၊ အလှူ
အတန်းများနှင့် ခြိမ့်ခြိမ့်သဲ ကျင်းပ၏။ တစ်ခါတစ်ရံ နတ်ပွဲ၊ အငြိမ့်ပွဲသွင်း၏။ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့
ပျားရည်ဆွမ်းလောင်းလှူပွဲမှာလည်း တစ်မူ
ထူးခြား၏။ အနီးပတ်ဝန်းကျင်၌ ဤတစ်ရွာတည်းသာ။ လောင်းလှူမည့် ပျားရည်ကို တစ်နှစ်တာလုံး ကြိုတင်စုဆောင်းကြသည်။ နှစ်ဆန်းတစ်ရက် နေ့ညနေခြောက်နာရီခန့်တွင်တစ်ရွာလုံးအိမ်တိုင်းစေ့ကြွရောက်လာသော သံဃာတော်များကိုပျားရည်ဆွမ်းလောင်းလှူကြသည်မှာဝမ်းသာပီတိဖြစ် စရာပါ။ ချစ်စရာ ဓလေ့ကလေးတစ်ခုမဟုတ်ပါလား။
မြေနီကုန်း၏ ပတ်ဝန်းကျင်ရွာများမှာ ကရင်ရွာ၊ ဗမာရွာ၊ ကရင်ဗမာ ရောနှောနေထိုင်သောရွာ၊ ကရင်ရွာထဲမှာပင် ဗုဒ္ဓဘာသာ ပိုးကရင်ရွာ၊ စကော ကရင်၊ခရစ်ယာန်ရွာစသည်ဖြင့်အသီးသီး။ ကဝက်၊ တစ်ဖက်မြေနီကုန်းတို့မှာ ဗုဒ္ဓဘာသာ ဗမာရွာများဖြစ်ပြီး တစ်ဆက်တည်း တစ်ဖက်ကမ်းတည်းရှိ သော တစ်ပင်ချောင်းရွာမှာ ဗုဒ္ဓဘာသာပိုးကရင်ရွာဖြစ်ပါသည်။ သို့သော်ရွေးမြစ်တစ်ဖက်ကမ်းချမ်းသာကုန်းရွာမှာစကောကရင်ခရစ်
ယာန်ရွာဖြစ်၏။ မြန်မာရွာများ၌ ရာသီပွဲအလှူအတန်းများရှိ၍ ဖိတ်ကြား သောကြောင့် ကရင်ခရစ်ယာန်ရွာများမှ လာကြသလို ဒီနှစ် ခရစ်စမတ်ပွဲ တော်၊ နှစ်သစ်ကူးပွဲတော်တို့ သို့လည်း ပတ်ဝန်းကျင် ကျေးရွာများမှ တစ် ပျော်ပါး သွားရောက် အားပေးဆင်နွှဲကြပါသည်။ နှစ်သက်စရာ မြန်မာ့ ကျေးလက်ဓလေ့တစ်ခုပင်။
ထိုအချိန်က ကျေးရွာ (သို့) ကျေးရွာအုပ်စုတစ်ခုအား သူကြီးတစ်ဦး အုပ်ချုပ်ပါသည်။ မြေနီကုန်းရွာ သူကြီးမှာ ဦးစံတုတ်ဖြစ်သည်။ သူကြီးမျိုးရိုး ပင်။ဖခင်မှာနှစ်လုံးပြူးသေနတ်ရရွှေစလွယ်ရသူကြီးဦးဆိုးပေ။ထိုနည်းတူ

စကောကရင်ခရစ်ယာန်ကျေးရွာ၏သူကြီးစောဘိုရွှေအသက်ကြီးရင့်သော အခါ သမက်ဖြစ်သူမန်းရှူးက သူကြီးဖြစ်လာသည်။ မြောင်းမြ- ရန်ကုန်
နှင့် မြောင်းမြ – လပွတ္တာလမ်းခွဲ စကားများရွာ၌ ရဲကင်းတစ်ခုရှိသည်။ မြို့ပိုင် နယ်ပိုင်စသည့်အုပ်ချုပ်ရေးအရာရှိများတစ်နှစ်တစ်ခေါက်ပင်ရောက်ခဲ၏။ အစည်းအဝေး၊ ကြီးကြီးမားမားပွဲလမ်းသဘင်များရှိမှသာယူဘီ- ဘုတ်ဖြင့် လာတတ်ကြသည်။
“ခြစား (သို့) ပိုးစား”
(၂)
တစ်ရွာလုံးက သူ့ကို ဤသို့ပင်ခေါ်ကြသည်။
နာမည်ရင်းက “ချစ်အောင်” အသက်သုံးဆယ်ကျော် လူပျိုကြီး။ မိဘ နှစ်ပါး ကွယ်လွန်ပြီးနောက် လက်ငုတ်လက်ရင်း လယ်(၁၀)ဧကဖြင့် ညီမ (၃)ယောက်အား ရှာဖွေ ကျွေးမွေးခဲ့၏။ ရိုးသားသော တောသူတောင်သား မိသားစုဖြစ်သည်။လယ်သိမ်းချိန်တွင်ကိုဖားတို့အုပ်စုနှင့်မိန်းမလှကျွန်းညို အောက်ဘက်ဆင်း၍ကနစိုထင်းလိုက်ခုတ်၏။ငါးရှာ၏။ဖားရှာ၏။ညီမများ ကိုမပူပင်အောင် ထား၏။ စောင့်ရှောက်၏။
သို့သော် ခြစားတို့မောင်နှမ မိသားစုကံက ဆိုးပါသည်။ မည်သည့် ဘဝသံသရာမှဝဋ်ကြွေးကြောင့်မသိ။မြချစ်၊မြနှစ်၊မြသစ်ဟူသောညီမေ(၃) ယောက်မှာ အပျိုဖော်ဝင်စချိန်မှစ၍ ကိုယ်ပျက်ရောဂါ (နူနာရောဂါ) စွဲကပ် လာ၏။ ရှက်စရာမို့ လူတောထဲမတိုးဝင်တော့ပါ။ တောဓလေ့ ဆရာပေါင်းစုံ နှင့် ကုသည်။ သို့သော် ပျောက်ကင်းမှုမရှိ၊ အနည်းငယ်သက်သာရုံမျှသာ။ ခြစားက ညီမများကို အားပေးသည်။ တတ်နိုင်သမျှ ကြိုးစားရှာဖွေကာ မငြို ငြင်ရအောင် ထားသည်။ စိတ်ဓာတ်မကျအောင် နှစ်သိမ့်ရသည်။
ထူးဆန်းသည်မှာ“ချစ်အောင်”ကတော့ထိုရောဂါမျိုးမဖြစ်။ထိုအချက် က ကံကောင်းသွားသည်။ ညီမများနှင့် ပတ်သက်၍ မျိုးရိုးလိုက်တတ်သည် ဟု ယူဆသော အနာမျိုးဖြစ်သဖြင့် သူငယ်ချင်းရွယ်တူများမှ ခြစား (သို့) ပိုးစားကို အမျိုးမျိုး နောက်ပြောင် ခေါ်ဝေါ်ရာမှ ချစ်အောင်နာမည်ပျောက်ပြီး ခြစား (သို့ )ပိုးစားဖြစ်ခဲ့သည်။ မည်သို့ပင်ခေါ်ဝေါ်ချစ်အောင် ဂရုမစိုက်ခဲ့ပါ။ မိမိကသာ မိဘများရှိစဉ်က ရွာဦးဆရာတော်ကျောင်းနှင့် ဆရာကြီး ဦးပု မူလတန်းကျောင်းတို့တွင် စတုတ္ထတန်းအထိ ပညာသင်ခဲ့ရပြီး ညီမများမှာ စာမတတ်ကြပါ။ကိုလိုနီကျွန်းဘဝ၏ဆိုးကျိုးများပင်။ညီမများကဘာသာရေး ကိုင်းရှိုင်းသည်။ရွာဦးဘုန်းတော်ကြီးကျောင်းသို့နေ့စဉ်ဆွမ်းမပြတ်ပို့သည်။
ဥပုသ်သီတင်း ဆောက်တည်သည်။ ညီမများအတွက် အစစအရာရာ သိမ်းကြုံးတာဝန်ယူခဲ့ပါသည်။
“အစ်ကိုကြီး- ညီမလေးဖျားနေတယ်”
မမြချစ်က အငယ်ဆုံးညီမလေး မမြသစ်ဖျားနေကြောင်း ပြောပြရှာ
“အေး.. အေး.. ငါ- ဘကြီးချစ်ဖေဆေးဆိုင်က ဆေးသွားဝယ် လာခဲ့ မယ်။ စိတ်ချပါညီမ”
ပြောပြောဆိုဆိုချစ်အောင်ရွာလယ်ပိုင်းဦးချစ်ဖေဆေးဆိုင်သို့ထွက်ခဲ့
သည်။ အချိန်က ညနေစောင်းနေပေပြီ။ နွားရိုင်းသွင်းချိန်။
“ဟေ့၊ ခြစား- ပျာယီးပျာယာနဲ့ ဘယ်သွားမလို့လဲ”
လမ်းတွင် သူငယ်ချင်းအောင်ဘုနှင့် တွေ့၍ မေးသည်။ ချစ်အောင်က ပြန်ဖြေသည်။
“ဘကြီးချစ်ဖေဆီ ဆေးသွားဝယ်မလို့ပါကွာ။ ငါ့ညီမလေး ဖျားနေလို့” ဘကြီးချစ်ဖေဆိုင်မှ ဆေးဝယ်ပြန်လာပြီ…
“မြချစ်ရေ ဒီမှာ ဆေးသုံးခွက်စာ ကွမ်းရွက်ပြုတ်ရည်နဲ့ ညီမလေးကို တိုက်လိုက်၊စောင်ခြုံပြီးနွေးနွေးထွေးထွေးနေပစေ။ငါထောင်ထားတဲ့ပုဇွန် ပြုံးတွေ သွားဖော်လိုက်ဦးမယ်။ ထမင်းစားနှင့်ကြ…”
ချစ်အောင် အိမ်နောက်ဘက် လှေဆိပ် တံတားသို့ ဆင်းလာခဲ့သည်။ ချစ်အောင်တို့အိမ်ကလေးမှာရွာတောင်ပိုင်းလှေသင်္ဘောကူးတို့လှေများဆိုက် ကပ်ရာ သံတံတားကြီးနှင့် ကပ်လျက်ဖြစ်၏။ ရွာလယ်လမ်းကို မျက်နှာပြု ရွေးမြစ်ကမ်းကိုကျောခိုင်းဆောင်ထားခြင်းဖြစ်သည်။မှောင်စပျိုးပြီ။ညီအစ် ကိုမသိတသိအချိန်ပင်။တံတား၌ချည်ထားသောလှေကလေးကိုကြိုးဖြုတ် ကာပုစွန်ပြုံးဖော်ရန် ရွာနောက်ဘက် ချောင်းထဲသို့ လှော်ခတ်လာခဲ့သည်။ ညက အမှောင်ဖြင့် မှိုင်းပြာလျက်ရှိသည်။ လေကငြိမ်နေဆဲ…။ ချောင်းလမ်းဘေးတစ်ဖက်တစ်ချက်ဝါးတိုင်များစိုက်ကာထောင်ထား
သော ပြုံးတွေကိုတစ်လုံးပြီး တစ်လုံး ဖော်ရသည်။ ပြုံးထဲမှ ပုစွန်များကို လှေဝမ်း ထဲ သွန်ထည့်၊ အစာခွက်ထဲသို့ထမင်းနှင့်ဖွဲနုရောထောင်းထားပြီး လက်နှင့် ဆုပ်

အခြောက်ခံထားသောအစာဆုပ်များအသစ်ပြန်ထည့်။ ထောင်းထားသော ပြုံးအလုံးအစိတ်ခန့် ပြီးသွားသောအခါ ညခုနစ်နာရီခန့် ရှိပေပြီ။ ချစ်အောင် လှေကလေးကိုလှော်ပြီးပြန်လာခဲ့သည်။လှေကိုအိမ်နောက်ဘက်တံတား တွင် ချည်ပြီး လှေဝမ်းထဲမှ ပုစွန်များကို ပလိုင်းထဲထည့်ကာ အိမ်ပေါ်တက်ခဲ့ ၏။ ပုစွန်တွေ တော်တော်ဖမ်းမိသည်။
“မြချစ်ရေ – ပုစွန်တွေကိုရွေးပြီးဒေါ်လှညွန့်ဆီဖောက်သည်ပေးဖို့လုပ် ထားလိုက်၊ ပြီးတော့မှ ငါထမင်းစားမယ်”
ညီမများမှ ရွာထဲသို့ ထွက်ဝံ့သူများမဟုတ်သဖြင့် ရွာမြောက်ပိုင်းမှ ခေါင်းရွက်သည်ဒေါ်လှညွန့်ထံသို့သာ ဖောက်သည်ပေးရပါသည်။ ချစ်အောင်
တို့မောင်နှမများထမင်းစားပြီးချိန်တွင်ည(၈)နာရီကျော်ခန့်ရှိပေပြီ။လမိုက် ညမို့ကြယ်တွေမှိန်မှိန်သာထွန်းပသောညတစ်ညဖြစ်သည်။ ပတ်ဝန်းကျင်
တွင် ပိုးပုရစ်သံတွေ တစီစီမြည်နေသည်။
“ကျွီ……………ကျွိ” မြစ်ထဲမှလှုပ်ရှားသံ….။ ရေနှင့် လှေတက်ထိခက်သံ။
ပတ်ဝန်းကျင်မှာ မှောင်မဲတိတ်ဆိတ်လျက်။ ပုစဉ်း ရင်ကွဲအော်သံများ သာကြားနေရ၏။ ရွာဓလေ့အရ လူခြေတိတ်ပေပြီ။ မီးခွက်မှုတ်၍ အိပ်စက် နေကြပြီ။ထိုစဉ်ချစ်အောင်တို့အိမ်နောက်ဘက်ရွေးမြစ်ထဲမှ သမ္ဗန်ခတ်သံ ကြားနေရ၏။ အသံမှာတဖြည်းဖြည်းနီးကပ်လာသည်။ ထို့နောက်ချစ်အောင် တို့အိမ်နောက်ရေဆင်းတံတား ဆီမှ ယောက်ျားအသံ ထွက်ပေါ်လာသည်။ “အိမ်ရှင်တို့… အိမ်ရှင်တို့”ဟု ခေါ်သံကြားရ၏။

ချစ်အောင်အိမ်နောက်သို့ထွက်ပြီးထူးလိုက်သည်။လှေခတ်သံမကြား
ရတော့။

ရေစီးနှင့် မျောလာဟန်ရှိသည်။
“ခရီးဆက်သွားဖို့လည်း အချိန်မရှိတော့လို့ တစ်ဆိတ်လောက်တည်း
ခိုခွင့် ပြုပါဗျာ”
ချစ်အောင်မီးအုပ်ဆောင်းကိုင်ပြီးရေဆင်းတံတားဆီသို့ ဆင်းသွား၏။ ကူးတို့သမွန်သမားတစ်ယောက်နှင့်ဧည့်သည်တစ်ဦးအားတွေ့ရသည်။မျက်နှာ
စိမ်းတွေ။
“ကူညီပါဗျာ၊ အချိန်မရှိတော့လို့ပါ”
ဟု ဧည့်သည်က တောင်းပန်စကားဆို၏။ ချစ်အောင် တွေး၍ စဉ်းစား မိလိုက်သည်။ ထို့နောက်…
မသိရ။
“ဒါဆို – လာဗျာ”

“နေပါဦး- ဒီမှာပစ္စည်းတွေလည်းပါလာလို့”
လှေပေါ်တွင် အထုပ်တွေမို့မောက် ပါလာသည်။ ဘာပစ္စည်းတွေမှန်း
စပါးသုံးတင်းဝင် ဆာလာအိတ် (ဂုန်နီအိတ်) (၆)လုံးဖြစ်သည်။ ချစ် အောင်နှင့် ကူးတို့သမားတို့ ရေဆင်းတံတား လေးပေါ်သို့ ဆွဲတင်ကြ၏။ အိတ် (၆)လုံးမှာ သိပ်မလေးသော်လည်း အပြည့်။ သေးသပ်စွာ ဂုန်နီကြိုး ဖြင့် ထိပ်ပိတ် ချုပ်ထားလျက်။ အိတ်များ ရေဆင်း တံတားပေါ်တင်ပြီးလျှင် ကူးတို့သမွန်သမား ပြန်ထွက်သွား၏။ ပိုင်ရှင်ဖြစ်ပုံရသည့် လူတစ်ယောက် သာကျန်ရစ်ခဲ့သည်။
“လာဗျာ…အိမ်ပေါ်သွားရအောင်၊ အိမ်က ကျယ်ပါတယ်”
ချစ်အောင်နှင့် ဧည့်သည်တို့ထိုအိတ် (၆)လုံးကို အိမ်ရှေ့ဝရန်တာတွင် ထပ်ထားလိုက်ကြသည်။ ဧည့်သည်အား အိမ်ရှေ့ခန်း ဘုရားကျောင်း ဆောင်ရှေ့၌ နေရာချထားပေးလိုက်၏။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မေးရိုး လေးထောင့်နှင့်အသက်(၅ဝ)ခန့်ဟုခန့်မှန်းရ၏။ ဧည့်ဝတ်ကျေတတ်သော တောသူတောင်သားပီပီ စေတနာ သဒ္ဓါထက်သန်စွာဖြင့် ကျွေးမွေးဧည့်ခံရ
မည်။ ဧည့်သည်က ကျေးဇူးတင်စွာ ဆုတွေ ပေးသည်။ ပုစွန်တုပ်ကြော်၊ ချဉ် ရည်ဟင်းတို့ဖြင့် ညစာကို သဒ္ဓါပြည့်ဝစွာ အမြန်စီစဉ်ပေးလိုက်ရသည်။
“သာဓုဗျာ..ကျန်းမာ ချမ်းသာပါစေ…။ ကျေးဇူးမမေ့ပါဘူး။ တစ်လုတ် စားဖူး သူ့ကျေးဇူးတဲ့ဗျာ”
နောက်နေ့နံနက်-
“သူကြီး…ညက ဧည့်သည်တစ်ယောက် ရုတ်တရက် ရောက်လာလို့ လာအကြောင်းကြားတာဗျ”
“အေ.. လူဆိုးလား၊ လူကောင်းလား သတိတော့ထားဦး။ ဒီခေတ်က လည်းလူဆိုး၊ ဓားပြကလည်းပေါပါဘိ”
“ဟုတ်ကဲ့သူကြီး… လူကတော့ တည်တည်ကြည်ကြည်နဲ့ ကုန်သည် ပုံစံပါပဲ ခင်ဗျာ…”
“အေး … ကောင်းပြီလေ၊ သတိထားပေါ့ဟ”သူကြီးက ဒါပဲ ပြောသည်။ ချစ်အောင် အိမ်ပြန်ရောက်တော့ ဧည့်သည်အား အိမ်ရှေ့ခန်း၌ လက် ဖက်ရည်ကြမ်းအိုး၊ အကြော်စုံတို့ဖြင့်ညီမများကစီစဉ်ပေးထားသည်ကိုတွေ့ ရသည်။ ဧည့်သည်သည် ချစ်အောင်ကို စေ့စေ့ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြီး စကားတစ်ခွန်း ဆိုသည်။ လေးလေးနက်နက်ပြောခြင်းဖြစ်သည်။ “ကိုချစ်အောင် … တင်း(၃ဝဝ)ဝင် သမ္ဗန်တစ်စီးလောက် ထောင်ပြီး စပါးပွဲစားလုပ်ပါလား”
“အစ်ကိုကြီးရယ်… ကျွန်တော့်မှာ ဒီလောက်အရင်းအနှီး မရှိပါဘူး၊ ကျွန်တော်တို့ မိသားစုက ရရစားစားပါ ခင်ဗျာ… ဆင်းရဲပါတယ်…”
“ဖြစ်အောင် လုပ်ပါ…ကျွန်တော် ကူညီပါ့မယ်၊ ကျွန်တော်တာဝန်ယူပါ တယ် – ခင်ဗျားက ရိုးသားတယ် – သစ္စာရှိတယ်။ ကျွန်တော် စိတ်ချတယ်”

ထိုအချိန်ကစပါးဈေးမှာ (၃)ပိဿာဝန်းကျင်ခန့်ရှိသည်။ (တင်း(၁ဝဝ) ကိုငွေ၃ဝဝိ/-ခန့် ပေါက်ဈေးကိုဆိုလိုပါသည်) ဤသို့ဖြင့်စပါးတင်း(၃ဝဝ) ပါ သဗ္ဗန်တစ်စီး ဧည့်သည်အကူအညီဖြင့် ဝယ်ဖြစ်၏။ သမ္ဗန်ခေတ်၊ ထိုးဝါး ထိုးအကူ လှေသမား(၂)ဦး ငှားသည်။ ဧည့်သည်၏ ကူညီငွေထုတ်ပေးမှု ဖြင့် ချစ်အောင်တို့ တစ်ချောင်းဝင်၊ တစ်ချောင်းထွက် ချောင်းရိုးကွင်းပေါက် စပါးလိုက်ဝယ်ရာက ဝက်ချောင်းဖျား တံတိုင်အုပ်စု၊ ဓနုံးချောင်းလင်းဒိုင် အုပ်စုကွင်းတကာစုံ၏။ ဝယ်ပြီးစပါးများကို မြောင်းမြ စပါးကုန်သည် စက် သူဌေး ဂိုဒေါင်များသို့ သမ္ဗန်ဖြင့် ခေါက်တုံ့ခေါက်ပြန် သယ်ယူရောင်းချ ခဲ့သည်။
ဤသို့ဖြင့် သီတင်း(၂)ပတ်ခန့် ကြာသွားခဲ့၏။ တစ်နေ့ ချစ်အောင်တို့ စပါးသမ္ဗန်များ မြောင်းမြအဝယ်ဒိုင်ပို့ပြီး ရွာသို့ ပြန်ရောက်သည်။ ထိုအချိန် တွင် ညီမများက စိုးရိမ်သောမျက်နှာထားများဖြင့် ဤသို့ စကားဆိုသည်။ “အစ်ကိုကြီး ဧည့်သည်ပြန်မလာတာ (၅)ရက်ရှိပြီ” ညီမ မမြချစ်က ရောက်ရောက်ချင်းပြောသည်။
ချစ်အောင်တွေဝေသွားသည်။ ဧည့်သည် ဘယ်ထွက်သွားပါလိမ့်။ “သူ-ဘာမှပြောမသွားဘူးလား”
“အဲဒီ မနက်က ရွာတောင်ဘက်သွားဦးမယ်ဆိုပြီး ထွက်သွားတာပဲ၊ ခုထိပြန်မလာဘူး။ အစ်ကိုကြီးရဲ့”
ချစ်အောင် အိမ်ရှေ့လှမ်းကြည့်တော့ ဂုန်နီအိတ်(၆)လုံးမှာ ဝရန်တာ တွင် (၂)လုံးစီ ထပ်လျက်။ ယခင်အနေအထားအတိုင်း နေရာမယွင်း။ ရွာ တောင်ဘက်ဆို၍စက်ကုန်း၊ တစ်ပင်ချောင်းရွာများဘက်သို့ သွားရှာသည်။ မတွေ့။ တစ်ဖန် အနီးပတ်ဝန်းကျင်တစ်ဝိုက်၊ ဒေါင့်ကြီး၊ ရွာသစ်၊ ဓနုံးချောင်း ရွာများအထိလိုက်လံစုံစမ်းသည်။သတင်းအစအနပင်မရ။လူသေလူပျောက် စာရင်းမရှိ။ သည်လိုဖြင့် (၃-၄)ရက် ကြာသွားသည်။ မဖြစ်ဘူး သူကြီးကို အကြောင်းကြားမှ။

“သူကြီး- အိမ်ကဧည့်သည်ထွက်သွားတာ (၄-၅)ရက်ရှိပြီ။ ပြန်မလာ ဘူး။ သူ့ပစ္စည်းတွေလည်းယူမသွားဘူးဗျ” “ဘာပစ္စည်းတွေကျန်ခဲ့လို့လဲကွ” “ဂုန်နီအိတ်(၆)လုံးပဲ”
“အေး-အေး…ငါလာကြည့်ဦးမယ်။လိုအပ်ရင်လည်းရဲကင်းအကြောင်း
ကြားတာပေါ့”
သူကြီး ဦးစံတုတ်နှင့် ဆယ်အိမ်ခေါင်း ဦးဖိုးမင်းတို့ ချစ်အောင်တို့ အိမ်
ရောက်လာသည်။
ဂုန်နီအိတ်ထဲကဘာပစ္စည်းတွေလည်းသိရအောင်ဖွင့်ကြည့်ရင်ကောင်း
မယ်ကွ”
“ဟာ-သူများပစ္စည်းမကောင်းပါဘူးဗျာ”
“ဟ – မင်းလူက ပြန်မှ မလာတော့တာ”
သူကြီးနှင့် ချစ်အောင်တို့ အိတ်တစ်အိတ်ကိုယူပြီး ချုပ်ထားသော
ဆာလာကြိုးကို ဖြုတ်ကြည့်သည်။
သူကြီးက ပျာပျာသလဲဖြစ်ကာ –
“ဟာငွေစက္ကူတွေပါလားကွ၊ ကျန်တဲ့အိတ်တွေလည်းကြည့်ပါဦး” ချစ်အောင် အလန့်တကြား ထအော်သည်။
“ဘုရားရေ”
အားလုံး ငွေစက္ကူတွေချည်းပင်။
“ဟာ …မဖြစ်ဘူး။ ရဲကင်းကို အကြောင်းကြားမှ”ဟု သူကြီးကဆို၏။ အနီးဆုံးရွာသားလူယုံများက ဂတ်ကင်းကို အကြောင်းကြားသည်။ ရဲဂတ် ကင်းမှူး ရာဇဝတ်အုပ်တစ်ယောက်နှင့် ရဲသားတချို့လာရောက်စစ်ဆေးပြီး ၎င်းအိတ်(၆)အိတ်ကို ရဲဂတ်ကင်းသို့ ပြောင်းရွှေ့ထားလိုက်သည်။
ရဲဂတ်ကင်းမှ မြို့မ ရဲစခန်း၊ ခရိုင်ရဲဝန် အဆင့်ဆင့် ဆက်လက်တင်ပြခဲ့ သည်။နယ်ပိုင်ဝန်ထောက်ဦးသောင်းအေး၊ ခရိုင်ရဲဝန်ဦးမျိုးသိမ်းတို့ဦးဆောင်

သောအဖွဲ့ ယူဘီဘုတ်ဖြင့် လာရောက်စစ်ဆေးခဲ့သည်။ သူကြီးဦးစံတုတ်၊ ဆယ်အိမ်ခေါင်း ဦးဖိုးမင်း၊ ရဲဂတ်ကင်းမှူး၊ ချစ်အောင်တို့ မိသားစု၊ ရွာသား အိမ်နားနီးချင်းများကို စုံစုံစေ့စေ့ မေးမြန်းခဲ့သည်။
နောက်ဆုံးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထိုဂုန်နီအိတ် (၆)လုံးအား ချစ်အောင်တို့မိသားစုသို့ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့၏။ ဪ-ကံ တရားဟူသည် ဆန်းကြယ်လေစွ။ အံ့ဩဘွယ်ရာများပါတကား။
“ပွဲစားကြီး ဆရာချစ်အောင်”
(၄)
ဘုရားဒကာ၊ ကျောင်းဒကာ ဆရာချစ် ရွာမျက်နှာဖုံးဖြစ်ခဲ့ပါပြီ။ ခြစား (သို့) ပိုးစား နာမည်လည်း ပျောက်ခဲ့ပြီ။ ရွာဦးစေတီအား လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူဒါန်းခြင်း၊ မြေနီကုန်း – တစ်ပင်ချောင်း၊ ချောင်းကူးတံတား ကို ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးခြင်းစသည့် ရပ်ကျိုး၊ ရွာကျိုး အမျိုးမျိုးကိုလည်း သယ်ပိုးနိုင်ခဲ့ပြီ။ ရောဂါသည် မြချစ်၊ မြနှစ်၊ မြသစ်ညီမ များကိုလည်းမြောင်းမြ၊ ရန်ကုန်မြို့ကြီးများသို့တက်၍သမားတော်ကြီးများ ထံပြကာ ခေတ်မီဆေးဝါးများဖြင့် ကုသရာ ပျောက်ကင်းလုဖြစ်ကာ နဂို အသားအရေသို့ ကူးပြောင်းစ ပြုလာပြီ။ မိမိအကျိုး၊ ဆွေမျိုးဉာတကာတို့ အကျိုး၊ ပတ်ဝန်းကျင်ရပ်ရွာ ကောင်းကျိုး စသည့် စရိယ(၃)မျိုးအား တတ် စွမ်းသရွေ့တော့ ဆောင်ရွက်ခဲ့ပါပြီ။
ညမှောင်မှောင် လရောင်မဲ့သော ညတစ်ညအောက်ဆီမှ ရောက်လာ သော လူစိမ်းတစ်ယောက်သည် စီးပွားရှာရန် လမ်းစကို ညွှန်ပြပေးသည်။ မတည်ရင်းနှီးငွေလည်းပေးသည်။မိမိနှင့်သွေးသားမတော်စပ်၊ ရုတ်တရက်

ရောက်လာ၊ ရုတ်တရက် ပျောက်သွား။ ထိုကျေးဇူးရှင် လူထူးဆန်းကား မည်သူပေနည်း။ လူယောင်ဆောင်လာသော နတ်သိကြားများပေလော။ ဒါမှမဟုတ် သာမန်လူတစ်ယောက်ပေလေ…။
ဘုရားဒကာ၊ ကျောင်းဒကာ၊ပွဲစားကြီး ဆရာချစ်အောင်စဉ်းစားပါသည်။
ဪ – ကံ တရားဟူသည် ဆန်းကြယ်ပေစွ။ ရွာဦးကျောင်း ဆရာတော် ဦးဝိသုဒ္ဓဟောကြားတော်မူသော“ကမ္မဘေဒ”(ကံအမျိုးမျိုး)ရှိရာ၊ (၁)ဒိဋ္ဌ
ဓမ္မဝေဒနိယကံ – မျက်မှောက်ဘဝမှာပင်အကျိုးခံစားနိုင်ရန်စွမ်းရည်ရှိသော ကံ၊ (၂)ဥပ္ပပဇ္ဇဝေဒနိယကံ -ဒုတိယဘဝကျမှသာ ခံစားနိုင်ရန် စွမ်းရည်ရှိ သောကံ၊ (၃)အပရာပရိယဝေဒနိယကံ-တတိယဘဝမှစ၍ ကံပိုင်ရှင်လူ သား နိဗ္ဗာန်မရမီ ခံစားနိုင်ရန် စွမ်းရည်ရှိသောကံနှင့် (၄)အဟောသိကံ- မရင့်ကျက်နိုင်သောကံ (သို့) အဖျက်ဆီးခံလိုက်ရသောကံ စသည့် ကံ အကျိုးပေး(၄)မျိုးအနက်မည်သည့်ကံအကျိုးပေးခဲ့သည်ကိုဆရာချစ်မဝေ
ခွဲတတ်ပါ။
သို့သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ ကံ – ကံ၏အကျိုးပေးကို ယုံကြည်ပါသည်။ ကံဆိုသည်မှာ မိမိပြုသော၊ မိမိပြုခဲ့သောကာယ၊ ဝစီ၊ မနော ဟူသည့် အကြောင်းတရားများသာပင်။ ထိုအကြောင်းတရားများ အလိုက် အကျိုးတရားများ ဖြစ်လာကြသည်မှာ ဓမ္မတာ။
မည်သို့ပင်ဆိုစေ၊ ရှေးကံတရား၏အကျိုးကြောင့် ရရှိလာခဲ့သည့် ယခု ပစ္စုပ္ပန်ဘဝတွင် ကံ၊ ဉာဏ်၊ ဝီရိယစိုက်ကာ သတိမ္ပစဉ် အမြဲယှဉ်၍ ဆောင် ရွက်နိုင်ပါမှ…
(အမေပြောသောဇာတ်လမ်းများမှ)
ဖောင်မြဦး (ပြောင်းမြ)

Zawgyi Version

ကံထမ္းလာေသာလူတစ္ေယာက္(စ/ဆုံး)
————————————————-
အခ်ိန္ကာလကား ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ၁၉၅၀- ၅၁- ခုႏွစ္ဝန္းက်င္ခန႔္က။ ေရာင္စုံေသာင္းက်န္းသူမ်ား ဆူပူအုံႂကြခ်ိန္ ဧရာဝတီတိုင္းေျမာင္းျမၿမိဳ႕နယ္၊ ေျမနီကုန္း႐ြာကေလး။
ဧရာဝတီတိုင္းမွာ ျမန္မာႏိုင္ငံ၏ စပါးက်ီဟု တင္စားေခၚေဝၚရေလာက္ ေအာင္ ဆန္စပါးအထြက္ဆုံးေသာ ေဒသျဖစ္သလို ျမစ္ေခ်ာင္း၊ အင္းအိုင္ ေတြကလည္း မ်ားလွပါဘိ။ အဓိက ဆက္သြယ္ေရးမွာ ေရလမ္းေၾကာင္း။ ေလွ၊ သမၺန္၊ သေဘၤာ စသည္တို႔ျဖင့္ ကူးလူးသြားလာၾကရသည္။
ေျမာင္းျမမွာ ခ႐ိုင္ၿမိဳ႕ျဖစ္ၿပီး ေျမာင္းျမ၊ မအူပင္၊ လပြတၱာသေဘၤာလမ္း ေပၚႏွင့္ ေ႐ြးျမစ္ကမ္းေဘး၊ ႐ြာတန္းရွည္တစ္ခု။ တစ္ပင္ေခ်ာင္း၊ ေျမနီကုန္း၊ ကဝတ္၊ ေဒါင့္ႀကီး႐ြာတို႔မွ တစ္ဆက္တည္းလိုျဖစ္ၿပီး အျခားတစ္ဖက္ကမ္း၌ သံပုရာေခ်ာင္း၊ ေခ်ာင္းသာကုန္း၊ ကြမ္းေပါက္႐ြာမ်ားရွိၾကသည္။ ကရင္၊ ဗမာ၊ မြန္ႏွင့္ ေရၾကည္ရာ၊ ျမက္ႏုရာ စီးပြားရွာၾကေသာ လူမ်ိဳးျခားမ်ားေရာ
ေႏွာေနထိုင္ကာ ဘာသာအားျဖင့္ ဗုဒၶဘာသာ၊ ခရစ္ယာန္၊ ဟိႏၵဴစသည္ျဖင့္ မိ႐ိုးဖလာအလိုက္ကိုးကြယ္ၾက၏။
႐ြာဦးတြင္ ဆရာေတာ္ဦးဝိသုဒၶဘုန္းႀကီးေက်ာင္းႏွင့္ ႐ြာဦးေစတီ၊ ဇရပ္ နီေလး၊ ဦးမိုးေဆြ ဓမၼာ႐ုံဘုရားသုံးဆူ၊ မ်က္ႏွာခ်င္းဆိုင္ ျမစ္ကမ္းေဘး၌ ေျမာင္းျမစက္သူေဌးဦးဘလွ ဆန္စက္၊ (စက္သူေ႒းဦးဘျမ၊ ဦးဘလွဦအစ္ ကို (၂)ဦးရွိၿပီး၊ အစ္ကို ဦးဘျမမွာ ဂ်ပန္ေခတ္တြင္ အသက္ခံရကာ ေ႐ႊတိဂုံ ေစတီအေနာက္ေတာင္ဘက္ဦးဝိစာအဝိုင္းရွိဦးဝိစာရေက်ာက္တိုင္အလႉ ရွင္မွာ ဦးဘလွျဖစ္သည္။ ) ႐ြာလယ္လမ္းမွာ အုတ္စီလမ္း ျဖစ္ၿပီး ျမစ္လမ္း ဘက္ႏွင့္ ကုန္းဘက္ တစ္ဖက္ တစ္ခ်က္စီ အိမ္မ်ား ေဆာက္လုပ္ေနထိုင္ ၾက၏။ ႐ြာလယ္တြင္ တ႐ုတ္လူမ်ိဳးမ်ားျဖစ္သည့္ အထပ္ႏွင့္ ဦးကင္းေက်ာင္ တို႔၏ ကုန္စုံဆိုင္မ်ား၊ ဟိႏၵဴဘာသာကိုးကြယ္ၿပီး မီးနင္းသည့္ ကိုဆူးပန္း၏ ဆံပင္ညႇပ္ဆိုင္၊ ေျမာင္းျမေဒၚညိဳေဆးလိပ္ခုံ၊ ကိုထြန္းေအး၏ အပ္ခ်ဳပ္ဆိုင္ ႏွင့္ တ႐ုတ္ငေခြး၏ အေပါင္ဆိုင္ စသည္တို႔ ။ ႐ြာေတာင္ပိုင္းတြင္ ကန႔္ကူလက္ လွည့္ငယ္ဆရာ၊ ဆရာႀကီးဦးပု၏အစိုးရမူလတန္းေက်ာင္း၊ အဖြားေဒၚပုတု ၏ မုန႔္ဟင္းခါးဖတ္႐ုံ၊ ႐ြာအစြန္ကိုစန္းေမာင္၏ ဥယ်ာဥ္ႀကီးႏွင့္ ထုံးဘိုကုန္း၊ ႐ြာအေနာက္ေျမာက္ဘက္တြင္ သုသာန္ႏွင့္ အေနာက္ဘက္တြင္ ဦးအုန္း ရွိန္ႏွင့္ ဦးစိန္းေ႐ႊတို႔၏အုန္း၊ ကြမ္းသီး၊ သရက္၊ ပိႏၷဲၿခံႀကီးမ်ားေဝေဝဆာဆာ ဖူးပြင့္ေနၾကသည္။
ကိုဖိုးေစာႏွင့္ မလွခင္တို႔ ဇနီးေမာင္ႏွံမွာ ႐ြာေတာင္ပိုင္း၌ အိမ္ရွိေသာ္ လည္း ဆယ့္ႏွစ္ရာသီေပါင္း မိုးပါသည့္ ေလွကေလးျဖင့္ ေနထိုင္ကာ ႐ြာ အေနာက္ဘက္ေခ်ာင္းထဲတြင္ ၿပဳံးျဖင့္ ပုဇြန္ေထာင္ကာ အသက္ေမြး၏။ အမ်ားအားျဖင့္ လယ္ယာလုပ္ငန္းျဖင့္ သက္ေမြးဝမ္းေက်ာင္းျပဳၾက ေသာ္လည္း ေအာက္ဘက္ျပန္ပါေလာ့ျမစ္၊ ကြၽန္းညိဳ၊ မိန္းမလွကြၽန္းသို႔ ကနစိုး ထင္းသြားခုတ္ၿပီး ဝမ္းစာရွာသည့္ကိုဖားတို႔လိုလူမ်ိဳးေတြလည္း သုံးေလးေယာက္။

ရာသီပြဲေတာ္မ်ားကို အခ်ိန္အခါ အေလ်ာက္ ပုံမွန္ က်င္းပၾက၏။ သို႔ေသာ္ ေျမနီကုန္း႐ြာကေလးတြင္ ထူးျခားသည္မွာ နတ္ေတာ္လ ဘုရား သုံးဆူပြဲႏွင့္ သၾကၤန္ႏွစ္ဆန္းတစ္ရက္ေန႔ ပ်ားရည္ဆြမ္းေလာင္းလႉပြဲ၊ နတ္ ေတာ္လျပည့္ေန႔
ဘုရားသုံးဆူဆြမ္းေတာ္ႀကီးတင္ပြဲကိုအေကြၽးအေမြး၊ အလႉ
အတန္းမ်ားႏွင့္ ၿခိမ့္ၿခိမ့္သဲ က်င္းပ၏။ တစ္ခါတစ္ရံ နတ္ပြဲ၊ အၿငိမ့္ပြဲသြင္း၏။ သၾကၤန္ႏွစ္ဆန္းတစ္ရက္ေန႔
ပ်ားရည္ဆြမ္းေလာင္းလႉပြဲမွာလည္း တစ္မူ
ထူးျခား၏။ အနီးပတ္ဝန္းက်င္၌ ဤတစ္႐ြာတည္းသာ။ ေလာင္းလႉမည့္ ပ်ားရည္ကို တစ္ႏွစ္တာလုံး ႀကိဳတင္စုေဆာင္းၾကသည္။ ႏွစ္ဆန္းတစ္ရက္ ေန႔ညေနေျခာက္နာရီခန႔္တြင္တစ္႐ြာလုံးအိမ္တိုင္းေစ့ႂကြေရာက္လာေသာ သံဃာေတာ္မ်ားကိုပ်ားရည္ဆြမ္းေလာင္းလႉၾကသည္မွာဝမ္းသာပီတိျဖစ္ စရာပါ။ ခ်စ္စရာ ဓေလ့ကေလးတစ္ခုမဟုတ္ပါလား။
ေျမနီကုန္း၏ ပတ္ဝန္းက်င္႐ြာမ်ားမွာ ကရင္႐ြာ၊ ဗမာ႐ြာ၊ ကရင္ဗမာ ေရာေႏွာေနထိုင္ေသာ႐ြာ၊ ကရင္႐ြာထဲမွာပင္ ဗုဒၶဘာသာ ပိုးကရင္႐ြာ၊ စေကာ ကရင္၊ခရစ္ယာန္႐ြာစသည္ျဖင့္အသီးသီး။ ကဝက္၊ တစ္ဖက္ေျမနီကုန္းတို႔မွာ ဗုဒၶဘာသာ ဗမာ႐ြာမ်ားျဖစ္ၿပီး တစ္ဆက္တည္း တစ္ဖက္ကမ္းတည္းရွိ ေသာ တစ္ပင္ေခ်ာင္း႐ြာမွာ ဗုဒၶဘာသာပိုးကရင္႐ြာျဖစ္ပါသည္။ သို႔ေသာ္ေ႐ြးျမစ္တစ္ဖက္ကမ္းခ်မ္းသာကုန္း႐ြာမွာစေကာကရင္ခရစ္
ယာန္႐ြာျဖစ္၏။ ျမန္မာ႐ြာမ်ား၌ ရာသီပြဲအလႉအတန္းမ်ားရွိ၍ ဖိတ္ၾကား ေသာေၾကာင့္ ကရင္ခရစ္ယာန္႐ြာမ်ားမွ လာၾကသလို ဒီႏွစ္ ခရစ္စမတ္ပြဲ ေတာ္၊ ႏွစ္သစ္ကူးပြဲေတာ္တို႔ သို႔လည္း ပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ တစ္ ေပ်ာ္ပါး သြားေရာက္ အားေပးဆင္ႏႊဲၾကပါသည္။ ႏွစ္သက္စရာ ျမန္မာ့ ေက်းလက္ဓေလ့တစ္ခုပင္။
ထိုအခ်ိန္က ေက်း႐ြာ (သို႔) ေက်း႐ြာအုပ္စုတစ္ခုအား သူႀကီးတစ္ဦး အုပ္ခ်ဳပ္ပါသည္။ ေျမနီကုန္း႐ြာ သူႀကီးမွာ ဦးစံတုတ္ျဖစ္သည္။ သူႀကီးမ်ိဳး႐ိုး ပင္။ဖခင္မွာႏွစ္လုံးျပဴးေသနတ္ရေ႐ႊစလြယ္ရသူႀကီးဦးဆိုးေပ။ထိုနည္းတူ

စေကာကရင္ခရစ္ယာန္ေက်း႐ြာ၏သူႀကီးေစာဘိုေ႐ႊအသက္ႀကီးရင့္ေသာ အခါ သမက္ျဖစ္သူမန္းရႉးက သူႀကီးျဖစ္လာသည္။ ေျမာင္းျမ- ရန္ကုန္
ႏွင့္ ေျမာင္းျမ – လပြတၱာလမ္းခြဲ စကားမ်ား႐ြာ၌ ရဲကင္းတစ္ခုရွိသည္။ ၿမိဳ႕ပိုင္ နယ္ပိုင္စသည့္အုပ္ခ်ဳပ္ေရးအရာရွိမ်ားတစ္ႏွစ္တစ္ေခါက္ပင္ေရာက္ခဲ၏။ အစည္းအေဝး၊ ႀကီးႀကီးမားမားပြဲလမ္းသဘင္မ်ားရွိမွသာယူဘီ- ဘုတ္ျဖင့္ လာတတ္ၾကသည္။
“ျခစား (သို႔) ပိုးစား”
(၂)
တစ္႐ြာလုံးက သူ႔ကို ဤသို႔ပင္ေခၚၾကသည္။
နာမည္ရင္းက “ခ်စ္ေအာင္” အသက္သုံးဆယ္ေက်ာ္ လူပ်ိဳႀကီး။ မိဘ ႏွစ္ပါး ကြယ္လြန္ၿပီးေနာက္ လက္ငုတ္လက္ရင္း လယ္(၁၀)ဧကျဖင့္ ညီမ (၃)ေယာက္အား ရွာေဖြ ေကြၽးေမြးခဲ့၏။ ႐ိုးသားေသာ ေတာသူေတာင္သား မိသားစုျဖစ္သည္။လယ္သိမ္းခ်ိန္တြင္ကိုဖားတို႔အုပ္စုႏွင့္မိန္းမလွကြၽန္းညိဳ ေအာက္ဘက္ဆင္း၍ကနစိုထင္းလိုက္ခုတ္၏။ငါးရွာ၏။ဖားရွာ၏။ညီမမ်ား ကိုမပူပင္ေအာင္ ထား၏။ ေစာင့္ေရွာက္၏။
သို႔ေသာ္ ျခစားတို႔ေမာင္ႏွမ မိသားစုကံက ဆိုးပါသည္။ မည္သည့္ ဘဝသံသရာမွဝဋ္ေႂကြးေၾကာင့္မသိ။ျမခ်စ္၊ျမႏွစ္၊ျမသစ္ဟူေသာညီေမ(၃) ေယာက္မွာ အပ်ိဳေဖာ္ဝင္စခ်ိန္မွစ၍ ကိုယ္ပ်က္ေရာဂါ (ႏူနာေရာဂါ) စြဲကပ္ လာ၏။ ရွက္စရာမို႔ လူေတာထဲမတိုးဝင္ေတာ့ပါ။ ေတာဓေလ့ ဆရာေပါင္းစုံ ႏွင့္ ကုသည္။ သို႔ေသာ္ ေပ်ာက္ကင္းမႈမရွိ၊ အနည္းငယ္သက္သာ႐ုံမွ်သာ။ ျခစားက ညီမမ်ားကို အားေပးသည္။ တတ္ႏိုင္သမွ် ႀကိဳးစားရွာေဖြကာ မၿငိဳ ျငင္ရေအာင္ ထားသည္။ စိတ္ဓာတ္မက်ေအာင္ ႏွစ္သိမ့္ရသည္။
ထူးဆန္းသည္မွာ“ခ်စ္ေအာင္”ကေတာ့ထိုေရာဂါမ်ိဳးမျဖစ္။ထိုအခ်က္ က ကံေကာင္းသြားသည္။ ညီမမ်ားႏွင့္ ပတ္သက္၍ မ်ိဳး႐ိုးလိုက္တတ္သည္ ဟု ယူဆေသာ အနာမ်ိဳးျဖစ္သျဖင့္ သူငယ္ခ်င္း႐ြယ္တူမ်ားမွ ျခစား (သို႔) ပိုးစားကို အမ်ိဳးမ်ိဳး ေနာက္ေျပာင္ ေခၚေဝၚရာမွ ခ်စ္ေအာင္နာမည္ေပ်ာက္ၿပီး ျခစား (သို႔ )ပိုးစားျဖစ္ခဲ့သည္။ မည္သို႔ပင္ေခၚေဝၚခ်စ္ေအာင္ ဂ႐ုမစိုက္ခဲ့ပါ။ မိမိကသာ မိဘမ်ားရွိစဥ္က ႐ြာဦးဆရာေတာ္ေက်ာင္းႏွင့္ ဆရာႀကီး ဦးပု မူလတန္းေက်ာင္းတို႔တြင္ စတုတၳတန္းအထိ ပညာသင္ခဲ့ရၿပီး ညီမမ်ားမွာ စာမတတ္ၾကပါ။ကိုလိုနီကြၽန္းဘဝ၏ဆိုးက်ိဳးမ်ားပင္။ညီမမ်ားကဘာသာေရး ကိုင္းရႈိင္းသည္။႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းသို႔ေန႔စဥ္ဆြမ္းမျပတ္ပို႔သည္။
ဥပုသ္သီတင္း ေဆာက္တည္သည္။ ညီမမ်ားအတြက္ အစစအရာရာ သိမ္းႀကဳံးတာဝန္ယူခဲ့ပါသည္။
“အစ္ကိုႀကီး- ညီမေလးဖ်ားေနတယ္”
မျမခ်စ္က အငယ္ဆုံးညီမေလး မျမသစ္ဖ်ားေနေၾကာင္း ေျပာျပရွာ
“ေအး.. ေအး.. ငါ- ဘႀကီးခ်စ္ေဖေဆးဆိုင္က ေဆးသြားဝယ္ လာခဲ့ မယ္။ စိတ္ခ်ပါညီမ”
ေျပာေျပာဆိုဆိုခ်စ္ေအာင္႐ြာလယ္ပိုင္းဦးခ်စ္ေဖေဆးဆိုင္သို႔ထြက္ခဲ့
သည္။ အခ်ိန္က ညေနေစာင္းေနေပၿပီ။ ႏြား႐ိုင္းသြင္းခ်ိန္။
“ေဟ့၊ ျခစား- ပ်ာယီးပ်ာယာနဲ႔ ဘယ္သြားမလို႔လဲ”
လမ္းတြင္ သူငယ္ခ်င္းေအာင္ဘုႏွင့္ ေတြ႕၍ ေမးသည္။ ခ်စ္ေအာင္က ျပန္ေျဖသည္။
“ဘႀကီးခ်စ္ေဖဆီ ေဆးသြားဝယ္မလို႔ပါကြာ။ ငါ့ညီမေလး ဖ်ားေနလို႔” ဘႀကီးခ်စ္ေဖဆိုင္မွ ေဆးဝယ္ျပန္လာၿပီ…
“ျမခ်စ္ေရ ဒီမွာ ေဆးသုံးခြက္စာ ကြမ္း႐ြက္ျပဳတ္ရည္နဲ႔ ညီမေလးကို တိုက္လိုက္၊ေစာင္ၿခဳံၿပီးေႏြးေႏြးေထြးေထြးေနပေစ။ငါေထာင္ထားတဲ့ပုဇြန္ ၿပဳံးေတြ သြားေဖာ္လိုက္ဦးမယ္။ ထမင္းစားႏွင့္ၾက…”
ခ်စ္ေအာင္ အိမ္ေနာက္ဘက္ ေလွဆိပ္ တံတားသို႔ ဆင္းလာခဲ့သည္။ ခ်စ္ေအာင္တို႔အိမ္ကေလးမွာ႐ြာေတာင္ပိုင္းေလွသေဘၤာကူးတို႔ေလွမ်ားဆိုက္ ကပ္ရာ သံတံတားႀကီးႏွင့္ ကပ္လ်က္ျဖစ္၏။ ႐ြာလယ္လမ္းကို မ်က္ႏွာျပဳ ေ႐ြးျမစ္ကမ္းကိုေက်ာခိုင္းေဆာင္ထားျခင္းျဖစ္သည္။ေမွာင္စပ်ိဳးၿပီ။ညီအစ္ ကိုမသိတသိအခ်ိန္ပင္။တံတား၌ခ်ည္ထားေသာေလွကေလးကိုႀကိဳးျဖဳတ္ ကာပုစြန္ၿပဳံးေဖာ္ရန္ ႐ြာေနာက္ဘက္ ေခ်ာင္းထဲသို႔ ေလွာ္ခတ္လာခဲ့သည္။ ညက အေမွာင္ျဖင့္ မႈိင္းျပာလ်က္ရွိသည္။ ေလကၿငိမ္ေနဆဲ…။ ေခ်ာင္းလမ္းေဘးတစ္ဖက္တစ္ခ်က္ဝါးတိုင္မ်ားစိုက္ကာေထာင္ထား
ေသာ ၿပဳံးေတြကိုတစ္လုံးၿပီး တစ္လုံး ေဖာ္ရသည္။ ၿပဳံးထဲမွ ပုစြန္မ်ားကို ေလွဝမ္း ထဲ သြန္ထည့္၊ အစာခြက္ထဲသို႔ထမင္းႏွင့္ဖြဲႏုေရာေထာင္းထားၿပီး လက္ႏွင့္ ဆုပ္

အေျခာက္ခံထားေသာအစာဆုပ္မ်ားအသစ္ျပန္ထည့္။ ေထာင္းထားေသာ ၿပဳံးအလုံးအစိတ္ခန႔္ ၿပီးသြားေသာအခါ ညခုနစ္နာရီခန႔္ ရွိေပၿပီ။ ခ်စ္ေအာင္ ေလွကေလးကိုေလွာ္ၿပီးျပန္လာခဲ့သည္။ေလွကိုအိမ္ေနာက္ဘက္တံတား တြင္ ခ်ည္ၿပီး ေလွဝမ္းထဲမွ ပုစြန္မ်ားကို ပလိုင္းထဲထည့္ကာ အိမ္ေပၚတက္ခဲ့ ၏။ ပုစြန္ေတြ ေတာ္ေတာ္ဖမ္းမိသည္။
“ျမခ်စ္ေရ – ပုစြန္ေတြကိုေ႐ြးၿပီးေဒၚလွၫြန႔္ဆီေဖာက္သည္ေပးဖို႔လုပ္ ထားလိုက္၊ ၿပီးေတာ့မွ ငါထမင္းစားမယ္”
ညီမမ်ားမွ ႐ြာထဲသို႔ ထြက္ဝံ့သူမ်ားမဟုတ္သျဖင့္ ႐ြာေျမာက္ပိုင္းမွ ေခါင္း႐ြက္သည္ေဒၚလွၫြန႔္ထံသို႔သာ ေဖာက္သည္ေပးရပါသည္။ ခ်စ္ေအာင္
တို႔ေမာင္ႏွမမ်ားထမင္းစားၿပီးခ်ိန္တြင္ည(၈)နာရီေက်ာ္ခန႔္ရွိေပၿပီ။လမိုက္ ညမို႔ၾကယ္ေတြမွိန္မွိန္သာထြန္းပေသာညတစ္ညျဖစ္သည္။ ပတ္ဝန္းက်င္
တြင္ ပိုးပုရစ္သံေတြ တစီစီျမည္ေနသည္။
“ကြၽီ……………ကြၽိ” ျမစ္ထဲမွလႈပ္ရွားသံ….။ ေရႏွင့္ ေလွတက္ထိခက္သံ။
ပတ္ဝန္းက်င္မွာ ေမွာင္မဲတိတ္ဆိတ္လ်က္။ ပုစဥ္း ရင္ကြဲေအာ္သံမ်ား သာၾကားေနရ၏။ ႐ြာဓေလ့အရ လူေျခတိတ္ေပၿပီ။ မီးခြက္မႈတ္၍ အိပ္စက္ ေနၾကၿပီ။ထိုစဥ္ခ်စ္ေအာင္တို႔အိမ္ေနာက္ဘက္ေ႐ြးျမစ္ထဲမွ သမၺန္ခတ္သံ ၾကားေနရ၏။ အသံမွာတျဖည္းျဖည္းနီးကပ္လာသည္။ ထို႔ေနာက္ခ်စ္ေအာင္ တို႔အိမ္ေနာက္ေရဆင္းတံတား ဆီမွ ေယာက္်ားအသံ ထြက္ေပၚလာသည္။ “အိမ္ရွင္တို႔… အိမ္ရွင္တို႔”ဟု ေခၚသံၾကားရ၏။

ခ်စ္ေအာင္အိမ္ေနာက္သို႔ထြက္ၿပီးထူးလိုက္သည္။ေလွခတ္သံမၾကား
ရေတာ့။

ေရစီးႏွင့္ ေမ်ာလာဟန္ရွိသည္။
“ခရီးဆက္သြားဖို႔လည္း အခ်ိန္မရွိေတာ့လို႔ တစ္ဆိတ္ေလာက္တည္း
ခိုခြင့္ ျပဳပါဗ်ာ”
ခ်စ္ေအာင္မီးအုပ္ေဆာင္းကိုင္ၿပီးေရဆင္းတံတားဆီသို႔ ဆင္းသြား၏။ ကူးတို႔သမြန္သမားတစ္ေယာက္ႏွင့္ဧည့္သည္တစ္ဦးအားေတြ႕ရသည္။မ်က္ႏွာ
စိမ္းေတြ။
“ကူညီပါဗ်ာ၊ အခ်ိန္မရွိေတာ့လို႔ပါ”
ဟု ဧည့္သည္က ေတာင္းပန္စကားဆို၏။ ခ်စ္ေအာင္ ေတြး၍ စဥ္းစား မိလိုက္သည္။ ထို႔ေနာက္…
မသိရ။
“ဒါဆို – လာဗ်ာ”

“ေနပါဦး- ဒီမွာပစၥည္းေတြလည္းပါလာလို႔”
ေလွေပၚတြင္ အထုပ္ေတြမို႔ေမာက္ ပါလာသည္။ ဘာပစၥည္းေတြမွန္း
စပါးသုံးတင္းဝင္ ဆာလာအိတ္ (ဂုန္နီအိတ္) (၆)လုံးျဖစ္သည္။ ခ်စ္ ေအာင္ႏွင့္ ကူးတို႔သမားတို႔ ေရဆင္းတံတား ေလးေပၚသို႔ ဆြဲတင္ၾက၏။ အိတ္ (၆)လုံးမွာ သိပ္မေလးေသာ္လည္း အျပည့္။ ေသးသပ္စြာ ဂုန္နီႀကိဳး ျဖင့္ ထိပ္ပိတ္ ခ်ဳပ္ထားလ်က္။ အိတ္မ်ား ေရဆင္း တံတားေပၚတင္ၿပီးလွ်င္ ကူးတို႔သမြန္သမား ျပန္ထြက္သြား၏။ ပိုင္ရွင္ျဖစ္ပုံရသည့္ လူတစ္ေယာက္ သာက်န္ရစ္ခဲ့သည္။
“လာဗ်ာ…အိမ္ေပၚသြားရေအာင္၊ အိမ္က က်ယ္ပါတယ္”
ခ်စ္ေအာင္ႏွင့္ ဧည့္သည္တို႔ထိုအိတ္ (၆)လုံးကို အိမ္ေရွ႕ဝရန္တာတြင္ ထပ္ထားလိုက္ၾကသည္။ ဧည့္သည္အား အိမ္ေရွ႕ခန္း ဘုရားေက်ာင္း ေဆာင္ေရွ႕၌ ေနရာခ်ထားေပးလိုက္၏။ အသားျဖဴျဖဴ၊ အရပ္ျမင့္ျမင့္၊ ေမး႐ိုး ေလးေထာင့္ႏွင့္အသက္(၅ဝ)ခန႔္ဟုခန႔္မွန္းရ၏။ ဧည့္ဝတ္ေက်တတ္ေသာ ေတာသူေတာင္သားပီပီ ေစတနာ သဒၶါထက္သန္စြာျဖင့္ ေကြၽးေမြးဧည့္ခံရ
မည္။ ဧည့္သည္က ေက်းဇူးတင္စြာ ဆုေတြ ေပးသည္။ ပုစြန္တုပ္ေၾကာ္၊ ခ်ဥ္ ရည္ဟင္းတို႔ျဖင့္ ညစာကို သဒၶါျပည့္ဝစြာ အျမန္စီစဥ္ေပးလိုက္ရသည္။
“သာဓုဗ်ာ..က်န္းမာ ခ်မ္းသာပါေစ…။ ေက်းဇူးမေမ့ပါဘူး။ တစ္လုတ္ စားဖူး သူ႔ေက်းဇူးတဲ့ဗ်ာ”
ေနာက္ေန႔နံနက္-
“သူႀကီး…ညက ဧည့္သည္တစ္ေယာက္ ႐ုတ္တရက္ ေရာက္လာလို႔ လာအေၾကာင္းၾကားတာဗ်”
“ေအ.. လူဆိုးလား၊ လူေကာင္းလား သတိေတာ့ထားဦး။ ဒီေခတ္က လည္းလူဆိုး၊ ဓားျပကလည္းေပါပါဘိ”
“ဟုတ္ကဲ့သူႀကီး… လူကေတာ့ တည္တည္ၾကည္ၾကည္နဲ႔ ကုန္သည္ ပုံစံပါပဲ ခင္ဗ်ာ…”
“ေအး … ေကာင္းၿပီေလ၊ သတိထားေပါ့ဟ”သူႀကီးက ဒါပဲ ေျပာသည္။ ခ်စ္ေအာင္ အိမ္ျပန္ေရာက္ေတာ့ ဧည့္သည္အား အိမ္ေရွ႕ခန္း၌ လက္ ဖက္ရည္ၾကမ္းအိုး၊ အေၾကာ္စုံတို႔ျဖင့္ညီမမ်ားကစီစဥ္ေပးထားသည္ကိုေတြ႕ ရသည္။ ဧည့္သည္သည္ ခ်စ္ေအာင္ကို ေစ့ေစ့ၾကည့္ကာ ေခါင္းတစ္ခ်က္ ညိတ္ၿပီး စကားတစ္ခြန္း ဆိုသည္။ ေလးေလးနက္နက္ေျပာျခင္းျဖစ္သည္။ “ကိုခ်စ္ေအာင္ … တင္း(၃ဝဝ)ဝင္ သမၺန္တစ္စီးေလာက္ ေထာင္ၿပီး စပါးပြဲစားလုပ္ပါလား”
“အစ္ကိုႀကီးရယ္… ကြၽန္ေတာ့္မွာ ဒီေလာက္အရင္းအႏွီး မရွိပါဘူး၊ ကြၽန္ေတာ္တို႔ မိသားစုက ရရစားစားပါ ခင္ဗ်ာ… ဆင္းရဲပါတယ္…”
“ျဖစ္ေအာင္ လုပ္ပါ…ကြၽန္ေတာ္ ကူညီပါ့မယ္၊ ကြၽန္ေတာ္တာဝန္ယူပါ တယ္ – ခင္ဗ်ားက ႐ိုးသားတယ္ – သစၥာရွိတယ္။ ကြၽန္ေတာ္ စိတ္ခ်တယ္”

ထိုအခ်ိန္ကစပါးေဈးမွာ (၃)ပိႆာဝန္းက်င္ခန႔္ရွိသည္။ (တင္း(၁ဝဝ) ကိုေငြ၃ဝဝိ/-ခန႔္ ေပါက္ေဈးကိုဆိုလိုပါသည္) ဤသို႔ျဖင့္စပါးတင္း(၃ဝဝ) ပါ သဗၺန္တစ္စီး ဧည့္သည္အကူအညီျဖင့္ ဝယ္ျဖစ္၏။ သမၺန္ေခတ္၊ ထိုးဝါး ထိုးအကူ ေလွသမား(၂)ဦး ငွားသည္။ ဧည့္သည္၏ ကူညီေငြထုတ္ေပးမႈ ျဖင့္ ခ်စ္ေအာင္တို႔ တစ္ေခ်ာင္းဝင္၊ တစ္ေခ်ာင္းထြက္ ေခ်ာင္း႐ိုးကြင္းေပါက္ စပါးလိုက္ဝယ္ရာက ဝက္ေခ်ာင္းဖ်ား တံတိုင္အုပ္စု၊ ဓႏုံးေခ်ာင္းလင္းဒိုင္ အုပ္စုကြင္းတကာစုံ၏။ ဝယ္ၿပီးစပါးမ်ားကို ေျမာင္းျမ စပါးကုန္သည္ စက္ သူေဌး ဂိုေဒါင္မ်ားသို႔ သမၺန္ျဖင့္ ေခါက္တုံ႔ေခါက္ျပန္ သယ္ယူေရာင္းခ် ခဲ့သည္။
ဤသို႔ျဖင့္ သီတင္း(၂)ပတ္ခန႔္ ၾကာသြားခဲ့၏။ တစ္ေန႔ ခ်စ္ေအာင္တို႔ စပါးသမၺန္မ်ား ေျမာင္းျမအဝယ္ဒိုင္ပို႔ၿပီး ႐ြာသို႔ ျပန္ေရာက္သည္။ ထိုအခ်ိန္ တြင္ ညီမမ်ားက စိုးရိမ္ေသာမ်က္ႏွာထားမ်ားျဖင့္ ဤသို႔ စကားဆိုသည္။ “အစ္ကိုႀကီး ဧည့္သည္ျပန္မလာတာ (၅)ရက္ရွိၿပီ” ညီမ မျမခ်စ္က ေရာက္ေရာက္ခ်င္းေျပာသည္။
ခ်စ္ေအာင္ေတြေဝသြားသည္။ ဧည့္သည္ ဘယ္ထြက္သြားပါလိမ့္။ “သူ-ဘာမွေျပာမသြားဘူးလား”
“အဲဒီ မနက္က ႐ြာေတာင္ဘက္သြားဦးမယ္ဆိုၿပီး ထြက္သြားတာပဲ၊ ခုထိျပန္မလာဘူး။ အစ္ကိုႀကီးရဲ႕”
ခ်စ္ေအာင္ အိမ္ေရွ႕လွမ္းၾကည့္ေတာ့ ဂုန္နီအိတ္(၆)လုံးမွာ ဝရန္တာ တြင္ (၂)လုံးစီ ထပ္လ်က္။ ယခင္အေနအထားအတိုင္း ေနရာမယြင္း။ ႐ြာ ေတာင္ဘက္ဆို၍စက္ကုန္း၊ တစ္ပင္ေခ်ာင္း႐ြာမ်ားဘက္သို႔ သြားရွာသည္။ မေတြ႕။ တစ္ဖန္ အနီးပတ္ဝန္းက်င္တစ္ဝိုက္၊ ေဒါင့္ႀကီး၊ ႐ြာသစ္၊ ဓႏုံးေခ်ာင္း ႐ြာမ်ားအထိလိုက္လံစုံစမ္းသည္။သတင္းအစအနပင္မရ။လူေသလူေပ်ာက္ စာရင္းမရွိ။ သည္လိုျဖင့္ (၃-၄)ရက္ ၾကာသြားသည္။ မျဖစ္ဘူး သူႀကီးကို အေၾကာင္းၾကားမွ။

“သူႀကီး- အိမ္ကဧည့္သည္ထြက္သြားတာ (၄-၅)ရက္ရွိၿပီ။ ျပန္မလာ ဘူး။ သူ႔ပစၥည္းေတြလည္းယူမသြားဘူးဗ်” “ဘာပစၥည္းေတြက်န္ခဲ့လို႔လဲကြ” “ဂုန္နီအိတ္(၆)လုံးပဲ”
“ေအး-ေအး…ငါလာၾကည့္ဦးမယ္။လိုအပ္ရင္လည္းရဲကင္းအေၾကာင္း
ၾကားတာေပါ့”
သူႀကီး ဦးစံတုတ္ႏွင့္ ဆယ္အိမ္ေခါင္း ဦးဖိုးမင္းတို႔ ခ်စ္ေအာင္တို႔ အိမ္
ေရာက္လာသည္။
ဂုန္နီအိတ္ထဲကဘာပစၥည္းေတြလည္းသိရေအာင္ဖြင့္ၾကည့္ရင္ေကာင္း
မယ္ကြ”
“ဟာ-သူမ်ားပစၥည္းမေကာင္းပါဘူးဗ်ာ”
“ဟ – မင္းလူက ျပန္မွ မလာေတာ့တာ”
သူႀကီးႏွင့္ ခ်စ္ေအာင္တို႔ အိတ္တစ္အိတ္ကိုယူၿပီး ခ်ဳပ္ထားေသာ
ဆာလာႀကိဳးကို ျဖဳတ္ၾကည့္သည္။
သူႀကီးက ပ်ာပ်ာသလဲျဖစ္ကာ –
“ဟာေငြစကၠဴေတြပါလားကြ၊ က်န္တဲ့အိတ္ေတြလည္းၾကည့္ပါဦး” ခ်စ္ေအာင္ အလန႔္တၾကား ထေအာ္သည္။
“ဘုရားေရ”
အားလုံး ေငြစကၠဴေတြခ်ည္းပင္။
“ဟာ …မျဖစ္ဘူး။ ရဲကင္းကို အေၾကာင္းၾကားမွ”ဟု သူႀကီးကဆို၏။ အနီးဆုံး႐ြာသားလူယုံမ်ားက ဂတ္ကင္းကို အေၾကာင္းၾကားသည္။ ရဲဂတ္ ကင္းမႉး ရာဇဝတ္အုပ္တစ္ေယာက္ႏွင့္ ရဲသားတခ်ိဳ႕လာေရာက္စစ္ေဆးၿပီး ၎အိတ္(၆)အိတ္ကို ရဲဂတ္ကင္းသို႔ ေျပာင္းေ႐ႊ႕ထားလိုက္သည္။
ရဲဂတ္ကင္းမွ ၿမိဳ႕မ ရဲစခန္း၊ ခ႐ိုင္ရဲဝန္ အဆင့္ဆင့္ ဆက္လက္တင္ျပခဲ့ သည္။နယ္ပိုင္ဝန္ေထာက္ဦးေသာင္းေအး၊ ခ႐ိုင္ရဲဝန္ဦးမ်ိဳးသိမ္းတို႔ဦးေဆာင္

ေသာအဖြဲ႕ ယူဘီဘုတ္ျဖင့္ လာေရာက္စစ္ေဆးခဲ့သည္။ သူႀကီးဦးစံတုတ္၊ ဆယ္အိမ္ေခါင္း ဦးဖိုးမင္း၊ ရဲဂတ္ကင္းမႉး၊ ခ်စ္ေအာင္တို႔ မိသားစု၊ ႐ြာသား အိမ္နားနီးခ်င္းမ်ားကို စုံစုံေစ့ေစ့ ေမးျမန္းခဲ့သည္။
ေနာက္ဆုံးေတာ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ထိုဂုန္နီအိတ္ (၆)လုံးအား ခ်စ္ေအာင္တို႔မိသားစုသို႔ ျပန္လည္ေပးအပ္ရန္ ဆုံးျဖတ္ခဲ့၏။ ဪ-ကံ တရားဟူသည္ ဆန္းၾကယ္ေလစြ။ အံ့ဩဘြယ္ရာမ်ားပါတကား။
“ပြဲစားႀကီး ဆရာခ်စ္ေအာင္”
(၄)
ဘုရားဒကာ၊ ေက်ာင္းဒကာ ဆရာခ်စ္ ႐ြာမ်က္ႏွာဖုံးျဖစ္ခဲ့ပါၿပီ။ ျခစား (သို႔) ပိုးစား နာမည္လည္း ေပ်ာက္ခဲ့ၿပီ။ ႐ြာဦးေစတီအား လုံးေတာ္ျပည့္ ေ႐ႊ သကၤန္းကပ္လႉဒါန္းျခင္း၊ ေျမနီကုန္း – တစ္ပင္ေခ်ာင္း၊ ေခ်ာင္းကူးတံတား ကို ကြန္ကရစ္တံတားအျဖစ္ ေဆာက္လုပ္ေပးျခင္းစသည့္ ရပ္က်ိဳး၊ ႐ြာက်ိဳး အမ်ိဳးမ်ိဳးကိုလည္း သယ္ပိုးႏိုင္ခဲ့ၿပီ။ ေရာဂါသည္ ျမခ်စ္၊ ျမႏွစ္၊ ျမသစ္ညီမ မ်ားကိုလည္းေျမာင္းျမ၊ ရန္ကုန္ၿမိဳ႕ႀကီးမ်ားသို႔တက္၍သမားေတာ္ႀကီးမ်ား ထံျပကာ ေခတ္မီေဆးဝါးမ်ားျဖင့္ ကုသရာ ေပ်ာက္ကင္းလုျဖစ္ကာ နဂို အသားအေရသို႔ ကူးေျပာင္းစ ျပဳလာၿပီ။ မိမိအက်ိဳး၊ ေဆြမ်ိဳးဉာတကာတို႔ အက်ိဳး၊ ပတ္ဝန္းက်င္ရပ္႐ြာ ေကာင္းက်ိဳး စသည့္ စရိယ(၃)မ်ိဳးအား တတ္ စြမ္းသေ႐ြ႕ေတာ့ ေဆာင္႐ြက္ခဲ့ပါၿပီ။
ညေမွာင္ေမွာင္ လေရာင္မဲ့ေသာ ညတစ္ညေအာက္ဆီမွ ေရာက္လာ ေသာ လူစိမ္းတစ္ေယာက္သည္ စီးပြားရွာရန္ လမ္းစကို ၫႊန္ျပေပးသည္။ မတည္ရင္းႏွီးေငြလည္းေပးသည္။မိမိႏွင့္ေသြးသားမေတာ္စပ္၊ ႐ုတ္တရက္

ေရာက္လာ၊ ႐ုတ္တရက္ ေပ်ာက္သြား။ ထိုေက်းဇူးရွင္ လူထူးဆန္းကား မည္သူေပနည္း။ လူေယာင္ေဆာင္လာေသာ နတ္သိၾကားမ်ားေပေလာ။ ဒါမွမဟုတ္ သာမန္လူတစ္ေယာက္ေပေလ…။
ဘုရားဒကာ၊ ေက်ာင္းဒကာ၊ပြဲစားႀကီး ဆရာခ်စ္ေအာင္စဥ္းစားပါသည္။
ဪ – ကံ တရားဟူသည္ ဆန္းၾကယ္ေပစြ။ ႐ြာဦးေက်ာင္း ဆရာေတာ္ ဦးဝိသုဒၶေဟာၾကားေတာ္မူေသာ“ကမၼေဘဒ”(ကံအမ်ိဳးမ်ိဳး)ရွိရာ၊ (၁)ဒိ႒
ဓမၼေဝဒနိယကံ – မ်က္ေမွာက္ဘဝမွာပင္အက်ိဳးခံစားႏိုင္ရန္စြမ္းရည္ရွိေသာ ကံ၊ (၂)ဥပၸပဇၨေဝဒနိယကံ -ဒုတိယဘဝက်မွသာ ခံစားႏိုင္ရန္ စြမ္းရည္ရွိ ေသာကံ၊ (၃)အပရာပရိယေဝဒနိယကံ-တတိယဘဝမွစ၍ ကံပိုင္ရွင္လူ သား နိဗၺာန္မရမီ ခံစားႏိုင္ရန္ စြမ္းရည္ရွိေသာကံႏွင့္ (၄)အေဟာသိကံ- မရင့္က်က္ႏိုင္ေသာကံ (သို႔) အဖ်က္ဆီးခံလိုက္ရေသာကံ စသည့္ ကံ အက်ိဳးေပး(၄)မ်ိဳးအနက္မည္သည့္ကံအက်ိဳးေပးခဲ့သည္ကိုဆရာခ်စ္မေဝ
ခြဲတတ္ပါ။
သို႔ေသာ္ ဗုဒၶဘာသာဝင္ တစ္ေယာက္ပီပီ ကံ – ကံ၏အက်ိဳးေပးကို ယုံၾကည္ပါသည္။ ကံဆိုသည္မွာ မိမိျပဳေသာ၊ မိမိျပဳခဲ့ေသာကာယ၊ ဝစီ၊ မေနာ ဟူသည့္ အေၾကာင္းတရားမ်ားသာပင္။ ထိုအေၾကာင္းတရားမ်ား အလိုက္ အက်ိဳးတရားမ်ား ျဖစ္လာၾကသည္မွာ ဓမၼတာ။
မည္သို႔ပင္ဆိုေစ၊ ေရွးကံတရား၏အက်ိဳးေၾကာင့္ ရရွိလာခဲ့သည့္ ယခု ပစၥဳပၸန္ဘဝတြင္ ကံ၊ ဉာဏ္၊ ဝီရိယစိုက္ကာ သတိမၸစဥ္ အၿမဲယွဥ္၍ ေဆာင္ ႐ြက္ႏိုင္ပါမွ…
(အေမေျပာေသာဇာတ္လမ္းမ်ားမွ)
ေဖာင္ျမဦး (ေျပာင္းျမ)