” သရဲကုန်းအင်းစောင့် ”(စ/ဆုံး)
Unicode Version
” သရဲကုန်းအင်းစောင့် ”(စ/ဆုံး)
—————————————-
မြန်မာနိုင်ငံသည် နှစ်ပေါင်း တစ်ရာကျော်
ခန့်မျှ ကြာအောင် အင်္ဂလိပ်တို့ လက်အောက်
သို့ ကျရောက်နေခဲ့ရာမှ ၁၉၄၂ ခုနှစ်သို့
ရောက်သောအခါ ရောက်ခဲ့ကြရသည် ။
လွတ်မြောက်ခြင်းသို့၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံ အား စွန့်လွှတ်ပေးခဲ့ကြရသည် ။
သို့သော် … ဆီပူအိုးအတွင်းမှ ပူသဖြင့် အောက်သို့ခုန်ချရာ မီးပုံအတွင်း ရောက်ရ သော အခြေအနေမျိုးဖြင့် ထပ်မံကြုံကြရ
ပြန်သည် ။အဘယ်ကြောင့် ဆိုသော် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ကြသည် ဆို
သော်လည်း တစ်ဆက်တည်းမှာ ပင် ဖက်စစ် ဂျပန်တို့ လက်အောက် ရောက်ကြရပြန်သောကြောင့် ဖြစ်သည် ။
ဖက်စစ်ဂျပန်တို့ က ၁၉၄၂ ခုနှစ် မတ်လ
(၈)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး
သိမ်းပိုက်အုပ်ချုပ်ကြပြန်သောကြောင့် ဖြစ်သည် ။
၁၉၄၂ ခုနှစ်၏ အစောပိုင်းကာလများမှာဂျပန်ခေတ်ကို စတင်ခဲ့ခြင်းပင် ဖြစ်လေသည်
ဖက်ဆစ်ဂျပန်တို့ မှာ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံအား သိမ်းပိုက် အုပ်ချုပ်ကာ ဒုက္ခပေးခဲ့ကြလေသည် ။
ယခုဝတ္ထု ဖြစ်ပေါ်လာသော အချိန်ကာလ
ခုနှစ်ဝန်းကျင်ဂျပန်ခေတ်ကာလ၏ အစောပိုင်းကာလပင် ဖြစ်ပေမှာ ၁၉၄၂
အင်္ဂလိပ်တို့ ကလည်း အခြေအနေ မဟန် သဖြင့် ဆုတ်ခွာပေးခဲ့ကြရသော်လည်း နှစ်တစ်ရာကျော်ကြာအောင်
ပေါင်းလက်ဝါးကြီးအုပ် အပိုင်သိမ်းထားခဲ့သော
မြန်မာနိုင်ငံအား လက်လွှတ်ပေးလိုဟန် မရှိ
ကြဘဲ နည်းအမျိုးမျိုးဖြင့် ပြန်လည်ရရှိ
အောင်ကြိုးစားနေကြရာတိုင်းပြည်အခြေအနေမှာ ရှုပ်ထွေးနေသော အချိန်မျိုးဖြစ်သည် ။
အုပ်ချုပ်ရေးပိုင်း အခြေအနေကလည်း မ
တည်မငြိမ်နှင့် မြို့ပြနှင့် အလှမ်းဝေးသော
နေရာတို့ တွင် တောမီးလောင် တောကြောင် လက်ပန်းပေါင်းခတ် ဆိုသကဲ့သို့ လူဆိုး၊ ဓားပြ၊ သူခိုးတို့ သဘောအကျကြီးကျကာ စိတ်ကြိုက် သောင်းကျန်းခွင့် ရနေကြသော
အချိန်မျိုးလည်း ဖြစ်သည် ။
နယ်စွန်နယ်ဖျားများ ၌ ရှိသော အစိုးရ ဌာနတို့ မှာ လည်း ဌာနအရာရှိနှင့်လက်အောက်ငယ်သားတို့
မမြဲလှဘဲနေ့မြင်ညပျောက် ဆိုသကဲ့သို့ ဌာနသို့ရောက်
ကြပြီး မကြာမီမှာ ပင် ပြန်ပြေးလျှင်ပြေး သို့မဟုတ်ပါက ဘယ်နေရာရောက်သွားမှန်း
မသိရလောက်အောင်ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည် က များ လေသည်
ထို့ကြောင့် မြို့နှင့် အလှမ်းဝေးသော နေရာဒေသများ သို့ စေလွှတ်ပါက အကြောင်း
အမျိုးမျိုးပြကာရှောင်တိမ်းတတ်ကြပြီးမလွှဲသာမရှောင်သာမှ သာ သွားကြလေသည်
သို့သော်
အချို့နယ်မြေဆိုးသော၊ကြမ်းသောနေရာများ ဆိုလျှင်တော့ ရောက်
သည် နှင့် ကြာကြာမနေနိုင်ကြဘဲ ပြန်ပြေးရလေ့ ရှိကြသည် ။
ထိုကဲ့သို့ နယ်မြေကြမ်းသော နေရာများ တွင် ရွှေလီချောင်းအတွင်း၌ ရှိသော သရဲ ကုန်းဌာနလည်း တစ်နေရာအပါအဝင် ဖြစ် ပေသည် ။ရှေးအခါက ရွှေလီမြစ်ရိုးတစ်လျှောက်တွင်
နေထိုင်သူဦးရေ သိပ်မများ … လှသေးဘဲ
သစ်တောကြီးများ သာ နေရာအနှံ့ ဖုံးလွှမ်း
ထားပေသည် ။ဗြိတိသျှတို့ အုပ်စိုးစဉ်က ထိုသစ်တောများ
အတွင်း၌ သစ်ထုတ်လုပ်သော သစ်တော စခန်းကြီးများ ရှိကြသဖြင့် အတန်အသင့် စည်ကားမှုရှိသော်လည်း ယခုအခါမှာ တော့ ခေတ်ပျက် လာပြီဖြစ်သောကြောင့်အတော်များများကတော့သစ်တောစခန်း ပိတ်ထားကြလေသည် ။
အချို့ အလုပ်သမားများကတော့ အခြား သွားစရာလည်း မရှိ၊ နေစရာလည်း မရှိ သဖြင့် သစ်တောစခန်းများမှာ သာ ဆက်နေ ကြပြီး ဝမ်းစာအတွက် ရှာဖွေစားသောက်နေကြသည် ။
ရွှေလီချောင်းအတွင်း၌ ရှိသော သရဲကုန်း ဌာနမှာ ယခင်ကတော့ ဌာနအုပ်တစ်ဦး အမြဲ ပုလိပ်အတော်များများ နှင့်
ထိုင်ကာစည်ကားသော နေရာတစ်နေရာ ဖြစ်သည် ။
ထိုဌာနသည် ရွှေလီချောင်းအတွင်းမှတရားမဝင် သယ်ဆောင်သော သစ်လုံးများ
ကို ဖမ်းဆီးရန်အတွက်နှင့် လူဆိုးဓားပြတို့ ကို ဖမ်းဆီးရန်အတွက်ထားရာ ထိုချောင်းရိုး တစ်လျှောက်မှာ တော့ အဓိကကျသော ဌာန တစ်ခုလည်း ဖြစ်ကြပေသည် ။သရဲကုန်းဌာနဟု အမည်တွင် ရခြင်းမှာ ထို
နေရာ၌ရှိသောသရဲကုန်းရွာကိုအကြောင်းပြုကာခေါ်သောအမည်တစ်ခုဖြစ်သည် ။
ထိုရွာမှာ ရွှေလီချောင်းကမ်းနှင့် မနီးမ
ဝေး၌ ရှိသော ရွာကြီးတစ်ရွာ ဖြစ်သည် ။
ငွေကြေးချောင်လည်သူ အချို့ ရှိကြ အများအားဖြင့်တော့သော်လည်း
လက်လုပ်လက်စား များ သည် ။ခေတ်ပျက်ကာလ ရောက်သောအခါ
တောမီးလောင်၊ တောကြောင် လက် ပန်းပေါင်းခတ် ဆိုသကဲ့သို့ လူဆိုးလူမိုက်၊
သူခိုးဓားပြတို့ များ သောနေရာလည်း
ကို ဖမ်းဆီးရန်အတွက်နှင့် လူဆိုးဓားပြတို့ ကို ဖမ်းဆီးရန်အတွက်ထားရာ ထိုချောင်းရိုး တစ်လျှောက်မှာ တော့ အဓိကကျသော ဌာန တစ်ခုလည်း ဖြစ်ကြပေသည် ။
သရဲကုန်းဌာနဟု အမည်တွင် ရခြင်းမှာ ထို
နေရာ၌ရှိသောသရဲကုန်းရွာကိုအကြောင်းပြုကာ
ခေါ်သောအမည်တစ်ခုဖြစ်သည် ။
ထိုရွာမှာ ရွှေလီချောင်းကမ်းနှင့် မနီးမ
ဝေး၌ ရှိသော ရွာကြီးတစ်ရွာ ဖြစ်သည် ။
ငွေကြေးချောင်လည်သူ အချို့ ရှိကြ အများအားဖြင့်တော့သော်လည်း
လက်လုပ်လက်စား များ သည် ။
ခေတ်ပျက်ကာလ ရောက်သောအခါ
တောမီးလောင်၊ တောကြောင် လက် ပန်းပေါင်းခတ် ဆိုသကဲ့သို့ လူဆိုးလူမိုက်၊
သူခိုးဓားပြတို့ များ သောနေရာလည်းဖြစ်သည် ။
ယခင်က သရဲကုန်းဌာနတွင် ဌာနအုပ်တစ် ယောက်နှင့် ပုလိပ်များ ရှိသဖြင့် ကြောင်ရှိ
သောကြောင့် ကြွက်များ ငြိမ် နေသကဲ့သို့ ရှိ သော်လည်း ယခုအုပ်ချုပ်မှု ကင်းမဲ့နေသော
အခိုက်အတန့်တွင် … အစွမ်းကုန် ထကြွ သောင်းကျန်းလျက် ရှိကြတော့သည် ။
ထိုရွာနှင့် မနီးမဝေးတွင် မှ ို င်းညှို့နေ သော သစ်တောကြီးများ ရှိသည် ။
စီမံအုပ်ချုပ်သူများ မရှိသောအခါ တော အတွင်းမှ ကျွန်းသစ်အပါအဝင် သစ်ကောင်း
များကိုစိတ်ကြိုက်လှဲဖြတ်ကာ အချို့
အသုံးပြုကြသည် ။ပိုလျှံသောသစ်များကို
ဈေးချိုချိုဖြင့်ရောင်းချစားသောက်ကြသည် ။
ထိုရွာနှင့် မဝေးလှသောနေရာ၌ “အင်း’တစ်အင်းရှိသည် ။
“သရဲကုန်းအင်း” ဟု ပင် ခေါ်ကြသည် ။ ထိုအင်းမှာ သရဲကြမ်းသဖြင့် … တော်ရုံ အဖော်မပါဘဲ တစ်ယောက်ချင်း နှစ်ယောက်
ချင်း မသွားဝံ့ကြပေ။
လူသူနှင့် အလှမ်းဝေးပြီး ကိုင်းတောများ သစ်တောများ ဝန်းရံထားသော နေရာဖြစ် သောကြောင့်လည်း သရဲကြမ်းသည် မှာ အဆန်းမဟုတ်တော့ပေ။
ထို့ပြင် … ထိုအင်းတစ်ဝိုက်မှာ … သေကြေ ပျက်စီးသူတို့ ကလည်း အတော်များ သည် ။
ထိုသူတို့ မှာ လည်း မကျွတ်မလွတ်သော ဘဝ ရောက်နေကြသဖြင့် ခြောက်လှန့်ကြသည် လည်း ရှိသည် ။
အင်္ဂလိပ်လက်ထက်က သရဲကုန်းအင်းမှာ မြို့ပိုင်ထံ၌ လေလံဆွဲပြီး လေလံအောင်သူက လုပ်ပိုင်ခွင့်ရသော အစိုးရပိုင်အင်း ဖြစ်သည်
အင်းသူကြီးကအင်းပတ်ဝန်းကျင်၌
အလုပ်သမား အစောင့်များ ထားကာ သူ့ အချိန်နှင့်သူ ငါးများ ဖမ်းဆီးယူကြလေသည်
ထိုအင်းတစ်ဝိုက်မှာ လူအသေအပျောက်
များ သော အကြောင်းများ ထဲတွင် သရဲ၊ သဘက်များကြောင့်ချည်းတော့ မဟုတ်ပေ။ အင်းစပ်၌ ကိုင်းတောများ ၊ သစ်တောများ က ဖုံးလွှမ်းထားရာ ထိုအထဲတွင် မြွေဆိုးများ အတော်ပေါသည် ။ မြွေပွေး၊ မြွေဟောက်၊ ငန်း စကြသော မြွေဆိုးများကြောင့် အသက် သေဆုံးသူတို့ လည်း မနည်းလှပေ။ သရဲကုန်းအင်းအကြောင်းကို ရေးမည် ပြောမည်ဆိုပါက ထိုအင်းမှ သရဲကြမ်းသော အကြောင်းကိုလည်း ဖြည့်စွက် ရေးသားမှ ပိုမိုပြည့်စုံပေမည်။
အင်္ဂလိပ်များ အုပ်စိုးစဉ်က ထိုအင်းကိုအင်းလေလံ(လိုင်စင်)ဖြင့် လုပ်ပိုင်ခွင့်ပေးခြင်း ဖြစ်သည် ။
ချပေးကာလေလံရသူကတစ်နှစ်ပတ်လုံးစိတ်ကြိုက်သဘောကျ ငါးဖမ်းခွင့်ရလေသည်
ထိုသူများကို “အင်းသူကြီး’ဟု ခေါ်သည် ။
အများအားဖြင့်တော့ အင်းသူကြီးတို့ က အင်းတဲ၌ နေလေ့မရှိကြပေ။
အလုပ်သမားများကိုသာ
ထားကြလေထိုသို့ထားရာမှာ လည်း စိတ်ချယုံကြည် သော လူယုံတော် လူမိုက်များကိုသာ အင်းထဲ မှာ အစောင့်ထားကြသည် ။
စိတ်မချရသူထားမိပါက အင်းထဲ၌ ငါးများ ခိုးရောင်းသဖြင့် အကျိုးအမြတ်က ရသင့် သလောက် ရမည်မဟုတ်ပေ။ သတ္တိမရှိသူ (လူမိုက်မဟုတ်သူ) ထားပါကလည်း အခြား
သတ္တိကောင်းသူတို့ ဝင်ရောက်နှိပ်စက်မှုကို ခံကြရသည် ။
တစ်ခါတစ်ရံ ပစ္စည်းများ ပင် လုယက် ယူငင်သွားသည် ကို ခံရသည် ။
ထို့ကြောင့် သတ္တိရှိသော လူမိုက်များကို
အစောင့်ထားကြရပေသည် ၊
အင်းတဲမှာ စောင့်ဖို့ ဆိုလျှင် သာမန်သတ္တိရှိ
ရုံဖြင့် မလုံလောက်ပြန်ပေ။
သရဲသဘက် စသော ပရလောကသားတို့
ခြောက်လှန့်လာလျှင်လည်း လိုပြန်သည် ။
မကြောက်တတ်ဖို့အချို့… အင်းတဲစောင့်များမှာ လူလူချင်း သတ်ဖြတ်ရမှာ ဝန်မလေးတတ်သော်လည်း သရဲကြောက်တတ်သည် ။
သရဲခြောက်ခံရလျှင် သေလျှင်သေ မသေ လျှင် ထွက်ပြေးကြရလေသည် ။
ထို့ကြောင့် ထိုအင်းထဲ၌ အစောင့်အဖြစ်
သွားနေမည့်သူများမှာသရဲခြောက်လျှင်
လည်း မကြောက်မရွံ့ နေနိုင်သူများ ဖြစ်ဖို့ က
လည်း လိုပြန်လေသည် ။စာဖတ်သူအနေဖြင့် သရဲခြောက်ခြင်းနှင့်
ပတ်သက်သောစာများကိုဖတ်ဖူးပေလိမ့်မည်။
ထို့ထက် မိမိကိုယ်တိုင်လည်း ဆန်းကြယ် သော ခြောက်လှန့်မှုများ ဖြင့် ကြုံခဲ့ဘူးသည် လည်း ရှိချင်လည်း ရှိမည်။ ပါးစပ်က မ ကြောက်ပါဟု ပြောသော်လည်း တကယ်လက်တွေ့အခြောက်ခံရသောအခါ
ကြောက်လန့်ရသည် မျိုး ရှိသည် ။လူက မကြောက်ဟု
စိတ်တင်းထားသော်လည်း အတွင်းစိတ်က ကြောက်သည် ။
နှလုံးသွေးက လန့်တတ်သည် ။
အချို့နေရာများမှာ တကယ်ကြမ်းသည် ။ မ ယုံကြည်သဖြင့် အလောင်းအစားပြုလုပ်ကာ
စမ်းကြည့်၍ မရသောနေရာများ ရှိသည် ။ ရှေးကလည်း ရှိသည် ။ ယခုလည်း ထို နေရာများ ရှိနေကြသေးသည် ။ ထိုနေရာများမှာ သွားရောက် စမ်းသပ် ကြည့်သဖြင့် အသက်သေကြရသည် ။ (နေရာအနှံ့အပြားတွင် နေရာကြမ်းသော အထိကရနေရာ၊ အိမ်၊ ကျောင်း၊ ဘုရား၊ သိမ်၊ဇရပ်၊ သစ်ပင်၊ တော၊ သင်္ချိုင်း စသည် တို့ မှာ များ သဖြင့် တစ်နေရာချင်းတော့ မဖော်ပြတော့ပါချေ။
ထိုနေရာများ ထဲမှာ သရဲကုန်းအင်းလည်း တစ်နေရာအပါအဝင် ဖြစ်ပေသည် ။
ထိုနေရာတစ်ဝိုက်မှာ ရှိကြသော တော၊ ရွာ၊ အင်း၊ ဌာန စသည် တို့ ကို ‘သရဲကုန်း’ ဟူသော ဝိသေသရွှေ့မှ တပ်လျှင် သရဲကုန်း ရွာ၊ သရဲကုန်းတော၊ သရဲကုန်းအင်း၊ သရဲ ကုန်းဌာနဟု ခေါ်ရလောက်အောင် နယ်မြေ
ကြမ်းသော နေရာများ ဖြစ်ကြသည် ။ သရဲကုန်းအင်းနှင့် အနီးတစ်ဝိုက်တွင် သရဲ
သဘက်စသော ပရလောကသားများ ဘယ်လောက်များ သလဲ ဆိုပါလျှင် နေ့အချိန်
များ ပါ တွေ့ရသည့်အခါ တွေ့ရပြီး ညဘက် ဆိုလျှင်တော့ မမြင်ချင် မတွေ့ချင်အဆုံး ဖြစ် နေတော့သည် ။
သာမန်သရဲများ ပင် မဆိုထားနှင့်.. အင်းစောင့်သရဲကြီးပင် မကြာခဏ ရောက်လာတတ်သည် ။
ဘယ်လောက် သတ္တိကောင်းကောင်း အခြားသရဲသဘက်တို့ ကို မကြောက်ရွံ့ကြ သော်လည်း အင်းစောင့်သရဲကြီးကိုတော့ မ ကြောက်၍ မရပေ။
သူ အစာလာတောင်းလျှင် မရှိရှိတာ ပေးရ သည် ။ ကျွေးရသည် ။
မဟုတ်ပါက ရှိသည့်လူကို သတ်ဖြတ်သွားလေ့ ရှိသည် ။ သူကညအချိန်ရော်ကမှ အင်းတဲသို့
ရောက် လာလေ့ရှိသည် ။ သူလာလျှင် ကိုင်း
တောထဲမှ ခြေသံကိုကြားရသည် ။
သစ်ပင်သစ်ကိုင်းများလှုပ်ရှားကျိုးပဲ့သံကြားရသည် ။ ထိုအခါ တဲစောင့်များက
သတိထားပြီး နေကြရသည် ။
“တဗွမ်းဗွမ်း”နှင့် လျှောက်လာသောခြေသံ၊ “တရှဲရှဲ’၊ ‘တဗြဲဗြဲ’နှင့် ကိုင်းတောထဲမှ တိုး ထွက်လာကြသော ခြေသံကြီးက တဲနှင့် မနီး
မဝေးရောက်လျှင် ရပ်သွားလေ့ရှိသည် ။အချို့အစောင့်များက
စိတ်ဝင်စားသဖြင့်တဲပေါက်မှ ချောင်းကြည့်ကြသည် ။
မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း
တစ်ကိုယ်လုံးအမွေးစုတ်ဖွားနှင့်
ကြီးမားသော ကိုယ်ခန္ဓာ၊ မြင့်မားသော အရိပ်
အမောင်းတို့ လောက်သာ တွေ့ရသည် ။
ထိုအင်းတဲတွင် လာရောက် စောင့်ကြ သူများ ထဲမှာ အင်းစောင့်သရဲမျက်နှာကို မြင်
ဖူးသူအချို့တော့ ရှိသည် ။
သို့သော်လည်း သူတို့ အနေဖြင့် မည်ကဲ့သို့
သော ပုံပန်းသဏ္ဌာန်မျိုး ရှိသည် ကို ပြန်မ ပြောနိုင်ကြရှာပေ။
အဘယ်ကြောင့် ဆိုသော် မြင်လိုက်သည်
နှင့် မျက်ဖြူလန်ကာ သေကြရသောကြောင့်ဖြစ်လေသည် ။
တစ်ခါက အရက်အနည်းငယ်မူးနေသောအင်းစောင့်တစ်ယောက်မှာ
အပြင်ဘက်မှခြေသံကြားသဖြင့် သရဲဟု မထင်ဘဲ သူခိုး လာသည် အထင်နှင့် ထရံပေါက်မှ
ချောင်းကြည့် လိုက်လေသည် ။
ထိုအခါ အပြင်ဘက်မှ ချောင်းကြည့်နေ သော အင်းစောင့်သရဲမျက်နှာဖြင့် မျက်နှာ ချင်း ဆိုင်မိသွားလေသည် ။
“အောင်မယ်လေးဗျ…”
ဟု တစ်ခွန်းသာအော်နိုင်ပြီး နောက်ဘက် သို့ ပက်လက်လန်ကျ သွားလေတော့သည် ။ပြန်မထနိုင်တော့ဘဲ
လေသည် ။အသက်ထွက်သွား
သူ့အနေနှင့် အင်းစောင့်သရဲမျက်နှာကို အနီးကပ် တွေ့ဖူးမြင်ဖူးလိုက်သော်လည်း ပြန်ပြောပြနိုင်ခြင်းတော့ မရှိတော့ပါချေ။
အင်းစောင့်သရဲကြီးက ညအချိန် တဲအနီး သို့ ရောက်သည် နှင့် မရှေးမနှောင်းတွင် အမွေးစုတ်ဖွားနှင့် ကြီးမားသော လက်ကြီး တစ်ဖက်က တဲပေါက်မှ တစ်ဆင့် တဲအတွင်း သို့ ရောက်လာသည် ။ဖြင့်
လက်ဝါးဖြန့်ထားသော အနေအထားမျိုး တွေ့ရပါက အထဲမှာ ရှိသော က ငါးပုစွန် စသည် တို့
အလုပ်သမားတို့လက်ဝါးထဲ ထည့်ပေးလိုက်ရသည် ။
ထိုအခါ အပြင်သို့ ယူသွားပြီး ဂျိုးဂျိုးဂျွပ်ဗျွ ပ်ဖြင့် စားသောက်နေသည့် အသံများကို ကြားကြရသည် ။
တစ်ကြိမ်နှင့်တော့ ပြန်သွားသည် မရှိကြ
နှစ်ခါ သုံးခါလောက် လက်ကြီးဝင်လာကာ တောင်းစားပြီးမှ အသံပျောက်သွားလေ့ ရှိသည် ။
စားသံဝါးသံများ မကြားရတော့လျှင် အင်း စောင့်သရဲ ပြန်သွားပြီဟု စိတ်ချလက်ချ အိပ်
ပုံ နေဝံ့ကြလေတော့သည် ။
တစ်ခုတော့ ရှိသည် ။ ထိုသို့ ကျေနပ်
လောက်အောင် ပေးကျွေးထားပါလျှင် အင်း
အတွက်ကတော့ စိတ်ချရသည် ။ ငါးပုစွန်ခိုး သူများ ရောက်လာပါက ခြောက်တန်တာ
ခြောက်လွှတ်သည် ။ခြောက်လွှတ်၍ မပြေးလျှင်တော့ မှတ်
လောက်အောင် ဆုံးမလေ့ရှိသည် ။ထိုထက်ဆိုးလာလျှင်တော့
သတ်ပစ်တတ်သည် ။ သရဲကုန်းအင်းသည် အင်း
စောင့်သရဲများ ကြမ်းသောကြောင့် နာမည် ကျော်သော အထိကရနေရာကြမ်း တစ်ခုထဲ မှာ ပါဝင်လေသည် ။
ထိုထက် ဆန်းကြယ်သော အကြောင်းများ ရှိပါသေးသဖြင့် ရှေ့အခန်းများ ၌ ရေးသား
ဖော်ပြပါမည်။
ဗြိတိသျှလက်အောက်တွင် နေရစဉ်က ထို အင်းမှာ အင်းလိုင်စင်ကို လေလံဆွဲပြီး လုပ်ရ သောအင်းဖြစ်သည် ။
ယခု အင်္ဂလိပ် ထွက်ပြေးသွားကြရပြီး မြန်မာပြည်သို့ ဂျပန်များ ဝင်ရောက်လာကြ သော အချိန်တွင် လေလံပေးမည့်သူမရှိ၊ လေလံဆွဲမည့်သူမရှိဘဲ လွတ်လပ်စွာ ရှိနေ လေသည် ။
ထိုအခါ အနှီးပတ်ဝန်းကျင်မှာ နေထိုင်ကြသူတို့ပိုင်ရှင်မဲ့နေသော ထိုအင်းအတွင်း
သို့ ဝင်ရောက်ကာ ငါးများကို စိတ်ကြိုက် ဖမ်းယူခွင့်ရနေသော အချိန်လည်း ဖြစ်ပေသည် ။
Zawgyi unicode
—————————————-