ခွန်ဆန်လောနဲ့နန်းဦးပျဥ်

ခွန်ဆန်လောနဲ့နန်းဦးပျဉ်အကြောင်း
📚📚📚📚📚📚📚📚📚📚📚

ဇာတ်ကြောင်းလေးတနေရာမှာမှားခဲ့ရင်လည်းအမှန်ပြန်ပြင်ပေးကြပါနော်။ ဒဏ္ဍာရီလေးကတော့ဒီလိုပါ
“ဟိုတခါတုန်းက ကျိုင်းတောင်းမှာ အရမ်းချမ်းသာတဲ့ မိသားစုတစ်ခုရှိတယ်တဲ့
မိသားစု၀င်သုံးယောက်ရှိတာတဲ့ အဖေရယ် အမေရယ် သားရယ်ပေါ့နော်..
သူ့သားနာမည်က ခွန်စံလောတဲ့ကွဲ့
ခွန်စံလောက်အသက်အရွယ်ရလာချိန်မှာ မိခင်က အိမ်ထောင်ချပေးချင်တာတဲ့
အဲ့ဒါနဲ့ကျိုင်းတောင်းမှာရှိတဲ့ နန်းဦးပဲန်း (င်္ပမ်း) ဆိုတဲ့ကောင်မလေးနဲ့ အိမ်ထောင်ချပေးချင်တာပေါ့နော် ….အဲ့ဒီကောင်မလေးက အလုပ်လုပ်တာတော်တယ်….

ပြီးတော့ သူလည်းခွန်စံလောကို ကြိတ်ကြိုက်နေတာပေါ့နော် အဲ့ဒါ ခွန်စံလော အမေကို နေ့တိုင်းဆိုသလို မျက်စိကျအောင် အလုပ်တွေဘာတွေ လုပ်ကူပေါ့နော်…
ဒါပေမဲ့ ခွန်စံလောက သူ့ကိုလုံး၀မကြိုက်ဘူး
သူ့အမေကတော့ သူ့သားကို နေ့့တိုင်းတိုက်တွန်းပါရဲ့ ဒါပေမဲ့ ခွန်စံလောလည်း ဒီအရာကို ဘယ်လိုကျော်ဖြတ်နိုင်မှာလဲဆိုတာ နေ့တိုင်းစဉ်းစားတာပေါ့နော်…..
အဲ့ဒါနဲ့အကြံတစ်ခုရလာတယ်တဲ့
အဲ့ဒါကတော့ သူ့အပေါင်းအသင်းတွေနဲ့အတူ ရှမ်းပြည်အနှံ့ နွားပေါင်း ၅၀၀ နှင့်အတူ လက်ဖက် ကုန်ကူးတာပေါ့နော်…..
သူ က သူ့အမေကိုပြောတာတဲ့ မေမေ ကျွန်တော် စီးပွားရှာချင်သေးတယ်
ကျွန်တော် ခရီးက ပြန်လာမှ ကြည့်စဉ်းစားတာပေါ့တဲ့ ဒီမင်္ဂလာကိစ္စတဲ့
အဲ့ဒါ သူ့အမေလည်း သဘောတူလိုက်တာတဲ့ကွယ်….
ခွန်စံလောလည်း သူ့အပေါင်းအပါတွေနဲ့အတူ စပြီး ခရီးဆန့်ကြတာပေါ့နော်…..
သူ ကုန်ကူးသန်းရောင်း၀ယ်ရေးလုပ်ပြီးဖြတ်သန်းတဲ့ မြို့တွေကတော့ သီပေါမြို့့လည်းပါတာပေါ့နော်…..
အဲ့ဒီမြို့မှာ သူကောင်မလေးတစ်ယောက်နဲ့လည်း ရည်းစားဖြစ်ခဲ့သေးတယ်တဲ့ကွဲ့…
အဲ့ဒီအချိန်မှာ ခွန်စံလောဟာ အသက်အရွယ်ငယ်ပေမဲ့ စီးပွားတွေ ဘာတွေလုပ်တတ်တော့ ရှမ်းပြည်မှာ နာမည်ကြီးနေတာတဲ့ကွယ်….
ခရီးသွားရင်း သွားရင်းနောက်ဆုံးတော့ နန်းဦးပျဉ်နေတဲ့မိုင်းကိုင်မြို့ကိုရောက်လာတာတဲ့ကွယ်…..
ခွန်စံလောက ဘယ်လောက်ချောကြောင်း
ဘယ်လောက်တော်ကြောင်း မိုင်းကိုင်သူ မိုင်းကိုင်သားတွေက အရမ်းအားကျတာပေါ့နော် ချီးကျူးသံ ချီးမွမ်းသံလည်း အမြဲကြားနေရတာပေါ့နော်……
အဲ့ဒီအချိန်မှာ မိုင်းကိုင်မြို့အနောက်ဘက်နေ ၀မ်းလိန်း ကျေးရွာမှ နန်းဦးပျဉ်ဆိုတဲ့ကောင်မလေးလည်း သူများဒီလောက်ချီးကျူးတာကိုသူလည်း မြင်ဖူးချင်လေရဲ့့ ဆိုပြီး မိုင်းကိုင်မြို့စျေးမှာ စျေး၀ယ်ထွက်ရင်း ခွန်စံလောကို ရှာဖွေ မိတယ်တဲ့ကွယ်…..
အဲ့ချိန်မှာ ခွန်စံလောလည်း စျေးထဲမှာ ရှိနေတုန်းဆိုတော့ သူတို့နှစ်ဦးတွေ့.ဆုံသွားသတဲ့ကွယ်…..
အဲ့ဒီအချိန်မှာတစ်ယောက်နှစ်တစ်ယောက်ကြည့်တဲ့အကြည့်ဟာ မိုင်းကိုင်စျေးတိုင်တွေတောင် ယိုင်သွားသတဲ့ ဒါကြောင့် မိုင်းကိုင်မြို့ကို အရင်က မိုင်းကိန်း (မိူင်းဂိုင်း) (ယိုင်မြို့)လို့ခေါ်ပြီး နောက်ပိုင်းမှာ (မိုင်းကိုင် ) (မိူင်းဂိုင်) လို့ဖြစ်လာပါတယ်…..
နောက်နေ့လည်းရောက်ရော ခွန်စံလောက နန်းဦးပျဉ်ကို သဘောကျကြောင်းသူငယ်ချင်းအပေါင်းအပါတွေ ပြောပြတော့ သူငယ်ချင်းတွေလည်း တိုက်တွန်းတာပေါ့နော် သူ့အချစ်ရေး ဆိုအောင် ဘာညာသလကာ ကွိကွပေါ့…..
ခွန်စံလောလည်းစပြီး ချည်းကပ်တာပေါ့နော်..
သူတို့ဆုံတွေ့နေတဲ့ နေရာမှာတော့ မိုင်းကိုင်မြို့တိမ်းချောင်း နားမှာဆိုတော့ ခွန်စံလောပြောတာ နန်းဦးပျဉ် ကောင်းကောင်းမကြားရတော့ သူမက တိမ်းချောင်းကို တိမ်းချောင်းရယ် တိတ်တိတ်နေပေးပါလား ….နင့်အစ်ကိုခွန်စံလော ပြောသွားတာ ငါဘာမှ မကြားရဘူးကွယ် တဲ့……
အဲ့ချိန်ကစပြီး တိန်းချောင်းက အခုထက်ထိ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့……
အဲ့ဒီတိန်းချောင်းဟာ ရှမ်းပြည် လင်းခေးမြို့့အထိ စီးဆင်းတဲ့ ချောင်းရေတစ်ခုပါ…
အဲ့ဒီနောက်ပိုင်း ခွန်စံလောနဲ့နန်းဦးပျဉ် ချစ်ကျွမ်း၀င်သွားကြတာပေါ့နော်…
တစ်နေ့ခွန်စံလောက နန်းဦးပျဉ် မိသားစုတွေနဲ့တွေ့ဆုံပြီး သူ ကျိုင်းတောင်းကိုပြန်ပြီး မိဘတွေနဲ့အတူလာတောင်းရမ်းမယ်တို့ဘာတို့ပြောတော့ နန်းဦးပျဉ်မိဘလည်း လက်ခံတာတဲ့….
အဲ့ဒါ ခွန်စံလောက ကျိုင်းတောင်းကိုပြန်သွားပါလေရော
သူ့အမေကို အကြောင်းဆုံပြောပြတော့ သူ့အမေက လုံး၀သဘောမတူဘူးတဲ့ ခွန်စံလောလည်း နန်းဦးပျဉ်မှ နန်းဦးပျဉ်ပဲတဲ့ကွယ်….
နန်းဦးပျဉ်က ဘယ်လောက်လိမ္မာယဉ်ကျေးကြောင်း ရေပေါ်မှာ လမ်းလျှောက်ရင်တောင် ရေက လှိုင်းလုံးအထတဲ့အပြင် တုတ်တုတ်မှ မလုပ်တဲ့အထိ
နူး ညံ့တိမ်မွေ့ကြောင်း
ဒါပေမဲ့ သူ့စကားလုံးတွေက သူ့မိခင်ရဲ့စိတ်ကို လုံး၀ အနိုင်မရနိုင်ဘူး…..
နောက်ဆုံးတော့ သူက သူ့ဦးလေးကို အကူအညီတောင်းတာပေါ့နော် ..
သူ့ဦးလေးလည်း သဘောတူပြီး သူနဲ့အတူ မိုင်းကိုင်ကိုခရီးထွက်သွားကြတာတဲ့ကွယ်…
နောက်ဆုံး မိုင်းကိုင်ရောက်ရော မင်္ဂလာကိစ္စတွေ လုပ်အပြီး ခွန်စံလောက နေခဲ့ပြီး သူ့ဦးလေးသာ ပြန်သွားခဲ့တာတဲ့…
အဲ့ဒါနဲ့လအနည်းငယ်ကြာသွားတဲ့အခါမှာ နန်းဦးပျဉ်ရင်သွေးရသွားတာပေါ့နော်…
အဲ့ချိန်မှာ ခွန်စံလောလည်း သူ့မိဘတွေကိုအရမ်း သတိရတာတဲ့ကွယ် အဲ့ဒါကို ကျိုင်းတောင်းကို အတူတူပြန်မယ်လို့နန်းဦးပျဉ်ကို တိုင်ပင်တာတဲ့ နန်းဦးပျဉ်လည်းသူချစ်တဲ့သူ သွားလေရာမှာ လိုက်ပါမယ်ဟုပြောပြီး လိုက်သွားတာတဲ့ကွယ်….
နွားလှည်းတွေနဲ့ခရီးထွက်ကြတာပေါ့နော်….
နောက်ဆုံးကျိုင်းတောင်းလည်းရောက်ရော နန်းဦးပျဉ်ရဲ့ယောက္ခမဟာနန်းဦးပျဉ်က ဘယ်လောက်ချောကြောင်း ချီးမွမ်းတာတဲ့ ချစ်ဟန်ဆောင်တာပေါ့နော် အဲ့ဒါနဲ့
သူ့သားကိုပြောတာတဲ့ကွယ် …
သားရယ် နင့်မိန်းမနဲ့သူ့အပေါင်းအပါတွေ ခရီးပန်းရောပေါ့ ဟင်းဟောင်းလည်းမရှိဘူး အဲ့ဒါ အသားရွာ ငါရွာသွားပြီး အသားငါးလေးရှာခဲ့ မရရအောင်ရှာခဲ့ မေမေက မေ့မေ့ချွေးမကိုကိုချက်ကျွေးမယ်တဲ့ကွယ်….
ဒါပေမဲ့ ခွန်စံလော အမေက စီစဉ်ထားပြီးသား အသားငါးရောင်းတဲ့ရွာကိုသွားပြီး အသားငါးမရောင်းပါနဲ့ဆိုပြီး ပိုက်ဆံတွေ ပေးထားတာတဲ့ကွယ်….
အဲ့ဒါခွန်စံလောလည်းသွားရှာတာပေါ့နော် ခွန်စံလောက ထမင်းစားချိန်တောင် ရောက်မလာနိုင်သေးဘူးတဲ့ကွယ်..
အဲ့ဒါနဲ့ ခွန်စံလောအမေက ကဲကွယ် သမီးတို့်လည်းဆာရောပေါ့ ရှိတာလေးနဲ့စားမယ်လေတဲ့ သမီးတို့မောပန်းလာတော့ နားဦးပေါ့နော် …
အမေပဲ ပြင်ဆင်လိုက်မယ်တဲ့..
ပြင်ဆင်လည်းပြီးရော နန်းဦးပျဉ်လည်း သူ့အပေါင်းအပါတွေနဲ့အတူ ထမင်းဝိုင်းမှာထမင်းစားကြတာပေါ့နော် ခွန်စံလောမေမေက ထမင်း၀င်မစားဘူးအဲ့ချိန်
အရင်တုန်းက ထမင်းစားရင် လက်တွေနဲ့ပဲစားတာကို
နန်းဦးပျဉ်က ထမင်းကို လက်နဲ့လှမ်းအယူ ထမင်းပုံထဲမှာ အပ်ချောင်းတွေ ထိုးထားတော့ သူ့လက်ကို ထိုးမိတာတဲ့ကွယ်…
သူလည်း ဒါဟာ မတော်တဆပါဆိုပြီး ဘာမှကို မပြောဖြစ်ဘူးတဲ့
ပြီးတော့ သူ့မေမေက ဒီနေ့သမီးတို့ စရောက်တယ်ဆိုတော့ ဘုရားပန်းအိုးလည်းရအောင် ရေလေးဘာလေးသွားရှာပြီးတော့ ဘုရားပန်းအိုးလည်းကြဦးလေ သမီးတဲ့ကွယ်….
နန်းဦးပျဉ်ကလည်း သူ့အပေါင်းအပါနှင့်အတူ ရေလေးပုခုံးပေါ်ထမ်းပြီးလက်မှာလည်း ဘုရားပန်းတွေ ကိုင်ရင်း အိမ်အပေါ်ထပ်ကို တက်ဖို့ လှေကားပေါ်မှာ ခြေလှမ်းစလှမ်းတာပေါ့နော် …
ထိပ်ဆုံးရောက်ခါနီး လှေကားက ပြိုကျတာတဲ့ကွယ်
နောက်ဆုံးတော့ ၀မ်းမှာလွယ်ထားတဲ့ကလေး တစ်ခုခုဖြစ်သွားပြီဆိုတာလည်း သူသိလိုက်တယ် သွေးတွေ ဘာတွေပေါ့နော်..
ဒါဟာ သွေးရိုးသားရိုးတော့မဟုတ်ဘူး လုပ်ကြံနေတာလို့သိလည်းသိရော နန်းဦးပျဉ်ဟာ သူ့အပေါင်းအပါတွေနဲ့အတူ မိုင်းကိုင်ပြန်ဖို့စိတ်ဆုံးဖြတ်ကြတာတဲ့ကွယ် …
ငိုယိုပြီးတော့ ပြန်သွားတာပေါ့နော်…
နောက်ဆုံး ညအချိန်လည်းရောက်ရော ခွန်စံလောက ရောက်လာတာတဲ့ လက်ထဲမှာလည်း အသားငါးတွေနဲ့ပေါ့နော် သူ့မိန်းမစားဖို့ဆိုပြီး ခက်ခက်ခဲခဲရှာထားရတာကို
အိမ်မှာလည်းရောက်ရော တိတ်ဆိတ်နေတာပဲ …
အဲ့ဒါ သူ့မေမေကို မေးတာပေါ့နော် ကျွန်တော့မိန်းမဘယ်ရောက်သွားလဲတဲ့ …
သူ့မေမေက ငါ့က နင့်မိန်းမကို လိုက်ထိန်းတာမှ မဟုတ်တာ ငါဘယ်သိမှာလဲတဲ့…
ခွန်စံလောလည်းစိတ်ပူပြီးအမေ တစ်ခုခုလုပ်လိုက်တာလားတဲ့ ..
ငါဘာမှမလုပ်ဘူးတဲ့…
ခွန်စံလောလည်းမသင်္ကာလို့ဘေးအိမ်ကလူတွေ မေးတာတဲ့
ဘေးအိမ်ကလူလည်း မိသဘူး သူ တို့ငိုယိုပြီးထွက်သွားတာတော့တွေ့လိုက်တယ်တဲ့…
အဲ့ဒါ ခွန်စံလောလည်း လှေခါးမှာ သွေးတွေ တွေ့တော့ သိလိုက်တယ်…
သူ့မေမေရဲ့လက်ချက်ဆိုတာ
စိတ်ပူပြီး ရွှေငွေ အနည်းငယ်ယူပြီး သူ့မိန်းမတွေ နောက် လိုက်သွားသတဲ့ကွယ်…
နန်းဦးပျဉ်က အိမ်အပြန်လမ်းတစ်၀က်လည်းရောက်ရေဗာ ဗိုက်အရမ်းနာတော့ ကလေးမွေးချပါလေရော မွေးမွေးချင်းကလေးက အသက်မပါဘူးတဲ့ကွယ်… သူက သူ့ကလေးကို နမ်းပြီး နင့်ဖေဖေကို အော်ခေါ်ပါတော့ကလေးရယ်တဲ့
အဲ့ဒါနဲ့ကလေးဝိညာဉ်လေးဟာ ဥသြငှက် ဖြစ်သွားပြီး ချက်ချင်းဆိုသလို ပေါဟွေ ပေါဟွေ ဆိုပြီး အော်ခေါ်တော့သတဲ့ကွယ်….
နန်းဦးပျဉ်တို့လည်း ခရီးထပ်ဆက်ကြတာတဲ့
ခွန်စံလောကလည်း သူ့မြင်းကို အသာကုန် မောင်းပြီး ရိုက်ပြီး နန်းဦးပျဉ်တို့နောက် လိုက်တာပေါ့နော်…
နောက်ဆုံးသူ့မြင်းအမောဆို့ပြီး သေဆုံးတဲ့အထိ ပေါ့နော်..
တောလည်ခေါင်မှာရောက်ရော သစ်ပင်ငုတ်တိုပေါ်မှာ သူ့သားကိုတွေ့့လိုက်ရသတဲ့ကွယ်…
ပြီးတော့ ဥသြကလည်း ပေါဟွေး ပေါဟွေး လို့လည်း တောတစ်ခုလုံးဆူညံနေတာတဲ့
နောက်ဆုံးသူဆက်ပြီး ခရီးဆက်တာပေါ့နော….
် မိုင်းကိုင်မြို့ ၀မ်းလိန်းကျေး၇ွာလည်းရောက်ရော ရွာသူရွာသားတွေက သူ တို့အချစ်တော် နန်းဦးပျဉ်ဆုံးတာဟာ သူ့ကြောင့်ဆိုပြီး နန်းဦးပျဉ်စျာပနာထဲကို ပေးမ၀င်ဘူးတဲ့ သူလည်း နောက်ဆုံး ကြံရာမရပါလာတဲ့ ပိုက်ဆံတွေ ရွှေငွေတွေ ကျဲပစ်လိုက်တာပေါ့နော်….
လူတွေက အဲ့ဒါတွေကို လုနေတဲ့အချိန်မှာ ခွန်စံလောက နန်းဦးပျဉ် အလောင်းရှိ၇ာသို့၀င်သွားလိုက်တာတဲ့ကွယ်….
သူ့မိန်းမ လဲလျောင်းနေတာကို တွေ့ပြီး သူလည်း အတူတူ​ေ*သ မယ်ဆိုပြီး ပါလာတဲ့ဓား ရှည်ကိုထုတ်ရင် သူ့ ရ*င်၀မှာ ထိုး ပ*စ်လိုက်တာတဲ့ကွယ်…
နောက်ဆုံး ခွန်စံလောအမေကဒီသီတင်းကို ကြားလည်းကြားရော ဒီလောက်ထိချစ်နေကြသလား နောင်ဘ၀အထ်ိတောင် နင်တို့ကို ပေးမပေါင်းစေရဘူးဆိုပြီး သူတို့ကိုမြုပ်ခဲ့တဲ့ ၀မ်းလိန်းရွာကို လိုက်လာပြီး ဝါးဆစ်သုံးဆစ်နဲ့ သူတို့ကို မြုပ်ထားတဲ့ အုတ်ဂူနှစ်ခုကြား ခြားထားလိုက်တာတဲ့…
ချစ်သူနှစ်ယောက်က ကောင်းကင်ပေါ်မှာ ကြယ်နှစ်လုံးဖြစ်သွားပြီး အလယ်မှာ ကြယ်သုံးလုံးခြားနေတာကို တွေ့ရမှာပါ လမိုက်ညဆိုရင် ပိုပြီးတောင် မြင်သာပါသေးတယ် …
ခွန်စံလောနဲ့ ကြယ်လေးဟာ သွေးတွေနဲ့​ေ*သ ဆုံးရသောကြောင့် သူ့ရဲ့ကြယ်လေးဟာ အနီရောင်လေးပါ တစ်ခါလောက်တော့ ရှာကြည့်လိုက်ပေါ့ မတွေ့ဖူးသောသူများ
သွားရောက်ချင်တယ်ဆိုရင် မိုင်းကိုင်မြို့မှာရှိပါတယ်

Credit via @ ဝတ္ထုတို – ဝတ္ထုရှည်များ

📚 ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်၊ မူရင်းရေးသားသူနှင့် ဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ Credit ပေးပါတယ်။ 😇
All rights and credits go to rightful owner.

Leave a Reply

Your email address will not be published. Required fields are marked *