ဟိမဝန္တာကလာတဲ့ကလေးနှစ်ယောက်

“ဟိမဝန္တာကလာတဲ့ ကလေးနှစ်ယောက်”(စ/ဆုံး)

—————————————————-

(ဖြစ်ရပ်မှန်)

နောင်ရိုး

မြန်မာပြည်အလယ်ပိုင်းက ဥက္ကံဆိုတဲ့ ရွာကလေးက နာမည်ကလှသလို စည်ကားသာယာချက်ကလည်း အတိုင်းထက်အလွန်ပဲ။

 

ရွာသူရွာသားအများစုက မိရိုးဖလာ လယ်ယာလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုကြပြီး ဘာသာတရားကိုလည်း အတော့်ကို အကေင်းဆက်ဆံရာမှာလည်း တစ်ရွာလုံးက သဘောကောင်း၊ မနောကောင်းနဲ့ အတော့်ကို ယဉ်ကျေးပြူငှါတတ်ကြပြန်သေးတာ။

 

ဥက္ကံရွာရဲ့ အရှေ့ဖျားမှာနေတဲ့ ကိုဘတင့်နဲ့ မမယ်ဆုံတို့ လင်မယားဆိုတာ အသက်လေးဆယ်နားကပ်ပါမှ အိမ်ထောင် ကျခဲ့ကြသူတွေ။ ဒီတော့ အသက်အရွယ်အရ နှစ်ယောက်စလုံးက စိတ်တူကိုယ်တူ သားသမီး လိုချင်နေလိုက်ကြတာမှ အရူးအမူးကို ဖြစ်လို့။

 

ဘယ်လောက်ထိများလဲဆို သူတို့ ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေထဲမှာ သားဆုပန်ခြင်းအလုပ်က တသီးတသန့်ကို ပါနေတဲ့အထိကိုပဲ။

 

ရွာအနီးဝန်းကျင်က ဘုရား၊ စေတီ၊ သိမ်၊ ကျောင်းအပြင် ကြီးပါပေ့ဆိုတဲ့ သစ်ပင်တိုင်းဆီမှာ လင်မယားနှစ်ယောက် သားဆုပန်ရတာအမော။

 

ဘယ်လိုပဲ ဆုတောင်းတောင်း၊ အချိန်နှစ်နှစ်သာကြာခဲ့တယ်။ သူတို့တောင်းတဲ့ သားဆုပန်ခြင်းက ပြည့်ခွင့်ရမလာခဲ့သေးပါဘူး…။

 

* * * * *

 

တစ်ခုသော မနက်ရဲ့ ဝေလီဝေလင်းအချိန်…။

 

ကိုဘတင့်တို့ လင်မယားနှစ်ယောက် အိပ်ရာက ထကြပြီး ဒေါ်မယ်ဆုံက မီးဖိုထဲမှာ အာရုံဆွမ်းချက်လို့ ဦးဘတင့်ကတော့ ခြံဝန်းထဲမှာ တံမြက်စည်းလှဲနေလေတယ်။

 

တံမြက်စည်းလှည်းရင်း ခြံဝဆီက အရိပ်တစ်ခုတွေလို့ ကိုဘတင့် လှမ်းကြည့်မိတော့…။

 

” အို…ရဟန်းတစ်ပါးပါလား…”

 

အာရုံဦးရဲ့ လင်းရောင်ခြည်အောက်မှာ ဖန်ရည်စွန်းတဲ့ သင်္ကန်းကိုရုံပြီး သပိတ်ပိုက်ထားတဲ့ ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါး သူ့ခြံဝရှေ့ကနေ ဆွမ်းခံကြွဖြတ်သန်းသွားနေတာ။

 

မြင်မြင်ချင်းမှာပဲ ရဟန်းအပေါ် ဦးဘတင့်ရဲ့ ကြည်ညိုသဒ္ဒါတရားတွေက ယိုဖိတ်လာရတယ်။ ဒါနဲ့ ကိုဘတင့်လည်း ခြံရှေ့ဆီ ပြေးထွက်ပြီး…။

 

” ရပ်တော်မူပါဦးဘုရား…”

 

လှည့်ကြည့်လာတာမျိုးမရှိဘဲ ရဟန်းရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားခဲ့တယ်။ ကိုဘတင့်က အပြေးအလွှားပဲ အနားသွားလို့ လက်အုပ်ချီပြီး…။

 

” တပည့်တော် ဆွမ်းလှူချင်လို့ပါဘုရား…”

 

ရဟန်းတော်က ခပ်မဆိတ်သာ။

 

ကိုဘတင့်လည်း ဆွမ်းအလှူကို လက်ခံတယ်ဆိုတာသိလို့ အိမ်ထဲကို အမြန်ပြန်ပြေးလာခဲ့တယ်။

 

” မိန်းမရေ…မိန်းမ…”

 

” ဘာတုန်းတော့်…”

 

” ဟို…ဟို… ထ…ထမင်းအိုး ကျက်ပြီလား…”

 

ကိုဘတင့် မေးပြီး မီးဖိုထက်ကို လှမ်းကြည့်မိတော့ ထမင်းအိုးက အခုမှ ပွက်နေဆဲရယ်။

 

” တော်…ဘာဖြစ်လာတာလဲ၊ သုတ်တီးသုတ်ပြာနဲ့…”

 

မမယ်ဆုံက နားမလည်နိုင်ဘဲ မေးလိုက်တာ။

 

” ခြံရှေ့မှာ ရဟန်းတစ်ပါး ဆွမ်းခံကြွနေတာ။ အဲ့ဒါ ငါ ငါ…ဆွမ်းလောင်းချင်လို့။ ထမင်းအိုးက မကျက်သေးတော့ ဘယ်လိုလုပ်ရမလဲ…”

 

ကိုဘတင့်က ခေါင်းကို တွင်တွင်ကုတ်ရင်း ပြောတယ်။ မမယ်ဆုံကတော့ ရွာကျောင်းက ခါတိုင်းဒီအချိန် ဆွမ်းခံမကြွတတ်ဘူးလို့ တွေးမိပြီး…။

 

” ဒီအချိန်ကြီး ဆွမ်းခံရပ်တယ်ဆိုတော့ အာဂန္တုရဟန်းများလား…”

 

” အင်း…ဟုတ်တယ်။ တော်တော်လည်း ကြည်ညိုဖို့ကောင်းတယ်။ အဲ့ဒါကြောင့် ငါပြာယာခတ်နေတာပေါ့…”

 

” အဲ့ဒါဆိုရင်တော့ ရွာကနေ လွန်သွားရင် ဘေးမှာက ရွာဆက်ပြတ်သွားပြီ။ ရဟန်းအတွက် ဆွမ်းအရေးခက်ရချည်ရဲ့…”

 

မမယ်ဆုံ ရေရွတ်ရင်း တွမ်းအဘို့ငှါ လှူဖွယ်ရာကို စဉ်းစားလိုက်တယ်။

 

” ကိုဘတင့်…ကြောင်အိမ်ထဲမှာ မနေ့ညက လှနွဲ့တို့ လာရောင်းထားတဲ့ ကောက်ညှင်းကျည်တောက်နှစ်ချောင်း ရှိသေးတယ်မလား…”

 

” အေး…ဟုတ်တယ်။ ရှိသေးတယ်…”

ကိုဘတင့်က ကြောင်အိမ်ကို လှပ်ပြီး ကောက်ညှင်းကျည်တောက်တွေကို ထုတ်ယူလိုက်တယ်။

 

” အာဂန္တုရဟန်းဆိုရင်တော့ ဖူးရခဲတယ်။ ကျုပ်လည်း လိုက်မယ်တော်…”

 

လင်မယားနှစ်ယောက် ထွက်လာတဲ့အထိ ရဟန်းက တည်ငြိမ်စွာနဲ့ ရပ်တော်မူနေဆဲပဲ။

 

” အရှင်ဘုရား…တပည့်တော်တို့ ဆွမ်းမကျက်သေးတာမို့ ဒီကောက်ညှင်းကျည်တောက်တွေကိုပဲ ဆွမ်းအဖြစ်လက်ခံတော်မူပေးပါဘုရား…”

 

ရဟန်းက သပိတ်ကို အသာညွတ်ချပေးလာတော့ ကိုဘတင့်လည်း ကောက်ညှင်းကျည်တောက်နှစ်ချောင်းကို သပိတ်ပေါ်တင်လှူလိုက်တယ်။

 

ပြီးတော့ လင်မယားနှစ်ယောက် မြေဆီမှာ ဒူးတုပ်ပြီး ရဟန်းကို ဦးခိုက်ကန်တော့်ကြတော့တာ။

 

” ဒီကနေ့ရဲ့ ဆွမ်းအလှူအတွက် တကာ၊ တကာမကြီးတို့တတွေ အလိုရှိတိုင်း၊ တောင့်တတိုင်းပြည့်စုံပါစေ…”

 

” ပေးတဲ့ဆု ပြည်ရပါလို၏ ဘုရား…”

 

ကိုဘတင့်က ပြောပြီး ဦးခိုက်လိုက်ပေမယ့် မမယ်ဆုံကတော့ ရဟန်းတော်ကို ဆက်လက်ဖူးမြှော်ရင်းက…။

 

” တပည့်တော်မတို့ လင်မယားအတွက် သားသမီးရတနာကို လိုချင်တောင့်တနေကြတာမို့ အရှင်ဘုရားပေးတဲ့ ဆုအတိုင်း ပြည့်စုံပါရစေ ဘုရား…”

 

မမယ်ဆုံ ဦးခိုက်တယ်။ ရဟန်းက အသာအယာခေါင်းကို ညိတ်လေပြီး…။

 

” ပြည့်စုံတော့မှာပါ တကာမကြီး။ မြန်မကြာကိုပဲ ပြည့်စုံလာပါလိမ့်မယ်…”

 

” ဝမ်းသာလိုက်တာ အရှင်ဘုရားရယ်…”

 

လင်မယားနှစ်ယောက် ဝမ်းသာအားရနဲ့ ဦးခိုက်လိုက်ချိန် ရဟန်းရဲ့ ခြေလှမ်းတွေက ရှေးရှုရာလမ်းအတိုင်းဆီကို တရွေ့ရွေ့…။

 

အဲ့ဒီ့နေ့က ထူးထူးဆန်းဆန်းကြွရောက်လာတဲ့ အာဂန္တုရဟန်းကို ဥက္ကံတစ်ရွာလုံးမှာမှ ဆွမ်းလောင်းနိုင်ခဲ့သူရယ်လို့ သူတို့လင်မယားသာရှိခဲ့တယ်ဆိုတာကို ကိုဘတင့်တို့ သိခဲ့ရင်ဖြင့်…။

 

* * * * *

 

တစ်ပါတ်လောက်ကြာချိန်မှာတော့ မမယ်ဆုံ အိပ်မက်တစ်ခုကို မက်ခဲ့တယ်။

 

အိပ်မက်ထဲမှာ မမယ်ဆုံက ဘုရားပျက်လိုလို၊ ဘုန်းကြီးကျောင်းပျက်ကြီးလိုလိုနေရာဆီကို ရောက်နေခဲ့တာ။

 

မြင်နေရတာအားလုံးက သူတို့ရဲ့ အနီးဝန်းကျင်မှာလည်း မမြင်ဖူး၊ သူ့အနေနဲ့လည်း တစ်ခါမှ မရောက်ဖူးတဲ့နေရာဖြစ်နေလို့ မမယ်ဆုံခမျာ ကြောက်နေမိတာနဲ့ ရောက်နေတဲ့ နေရာမှာပဲ ဒူးတုပ်၊ ခေါင်းငုံ့ပြီးထိုင်နေတုန်း…။

 

” သမီး…”

 

ကြည်လင်သာယာလွန်းတဲ့ အသံက အနားက ထွက်လာတာ။ မမယ်ဆုံ မော့ကြည့်မိတော့ ဥပတိတည်ကြည်ခန့်ညားပြီး ဝတ်ဖြူစင်ကျယ်ဝတ်ဆင်ထားတဲ့ အဘိုးတစ်ယောက်။

 

” ဘာမှမကြောက်ပါနဲ့ သမီး။ ဒီနေရာက ဟိမဝန္တာက သူတော်စင်တို့ နေတဲ့နေရာပါ။ ဘာကြောင့် အဘိုးတို့က သမီးကို ဒီကို ခေါ်လိုက်တာလဲဆိုတော့ ပြောရရင် သမီးတို့ တောင်းခဲ့တဲ့ ဆုတောင်းကြောင့်ပါပဲ…”

 

” ရှင်…”

 

မမယ်ဆုံ နားလည်နိုင်ဖို့ ခက်သွားရတယ်။ အဲ့ဒီ့အချိန် အဘိုးအိုက အနောက်ဆီကို လှည့်လိုက်ပြီး…။

 

” မောင်သောင်း…ကလေးတွေကို ခေါ်ခဲ့တော့…”

 

အကွယ်တစ်ခုဆီက လူငယ်တစ်ယောက်နဲ့ ကလေးငယ်နှစ်ယောက် ထွက်လာခဲ့တယ်။ သူတို့အနားရောက်တော့ အဘိုးက မမယ်ဆုံကို စိုက်ကြည့်ပြီး…။

 

” ဒီကလေးတွေကို သမီးဆီပေးလိုက်မယ်။ သူတို့ကို သမီးတို့လင်မယားက အရွယ်ရောက်တဲ့အထိ သေသေချာချာ စောင့်ရှောက်ကြရလိမ့်မယ်။

 

သူတို့မှာ မွေးရာပါ ထူးကဲတဲ့ ဘုန်းကံ၊ ပါရမီတွေ ပါလာလိမ့်မယ်။ ဒါတွေကိုပဲ အကြောင်းပြုလို့ အချိန်တန် အရွယ်ရောက်တဲ့အခါ ဆရာတစ်ယောက်လာခေါ်လိမ့်မယ်။ အဲ့ဒီ့ဆရာရဲ့ အကူအညီနဲ့ပဲ သူတို့ဟာ ပါရမီပါရာလမ်းကို သူတို့ဆက်ကြလိမ့်မယ်။

 

ပါရမီလမ်း ပြည့်စုံသွားတဲ့အခါကျရင်တော့ သူတို့ဟာ သာသနာအကျိုးနဲ့ လူထုရပ်ဝန်းကို အကောင်းဆုံးအကျိုးပြုနိုင်တဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ဒီအခြေအနေကို မရောက်ခင်တော့ သမီးတို့က သူတို့ကို အန္တရာယ်ကင်းအောင် ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ လိုအပ်တယ်။

 

ဘယ်လိုလဲ သမီး…။ ငါ့သမီး…သူတို့ကို လက်ခံနိုင်မယ်မလား…”

 

ကလေးတွေက ယောက်ျားလေးတွေချည်းပဲ။ နှစ်ယောက်စလုံး အသားဖြူဖြူ၊ မျက်ဝန်းတောက်တောက်လေးတွေနဲ့ ချစ်စရာကောင်းချက်။

 

မမယ်ဆုံ ဘာကိုမှ မစဉ်းစားနိုင်တော့ဘူး။ ခေါင်းကိုတွင်တွင်ကြီး ညိတ်မိတော့တာ။

 

” ဒါဖြင့်…သူတို့ကို သမီးခေါ်သွားချေတော့…”

 

ကလေးနှစ်ယောက်က ဒေါ်မယ်ဆုံဆီကို လှမ်းလာတယ်။

 

သူတို့လက်ကလေးတွေကို ထိကိုင်လိုက်တာချိန်မှာပဲ အိပ်မက်ကနေ မမယ်ဆုံ ရုတ်တရက် လန့်နိုးလာတော့တယ်။

 

* * * * *

 

” ဒါဆို မင်းအိပ်မက်က ဝမ်းသာစရာပေါ့…”

 

မမယ်ဆုံရဲ့ အိပ်မက်အကြောင်းကို နားထောင်ပြီး ကိုဘတင့် ဝမ်းသာသွားတာ။

 

” ဟုတ်ပါ့တော်…ကလေးက နှစ်ယောက်တောင်မှပဲ။ ချစ်စရာလေးတွေ တော်ရယ်…”

 

” အင်း…တကယ်သာ ဖြစ်လာရင်တော့ ငါပျော်လွန်းလို့ ခုန်ပေါက်နေမိတော့မှာ…”

 

လင်မယားနှစ်ယောက် မျှော်လင့်ထားသလိုပဲ နောက်နှစ်လအကြာမှာ တကယ်ဖြစ်လာပါတော့တယ်။

 

မမယ်ဆုံဆီမှာ ပဋိသန္ဓေစွဲကပ်လာတဲ့ လက္ခဏာတွေက သိသိသာသာ။ ရွာက လက်သည် ဒေါ်ဖွားတုတ်ဆီသွားတော့ ကိုယ်ဝန်ရှိပြီဆိုတာ အတည်ပြုပေးနိုင်ခဲ့တယ်။

 

ကိုဘတင့်ခမျာ ပျော်လိုက်ချက်များ လေထဲမြောက်နေတော့သယောင်။ မမယ်ဆုံကတော့ ပျော်မိပေမယ့် ရှက်ပြုံးလေးပြုံးနေလို့သာပဲ။

 

ကိုယ်ဝန်သက်ကလေးရလာတဲ့ တစ်ရက်၊ ညနေစောင်းအချိန်…။

 

ကိုဘတင့်တို့ လင်မယား သူတို့ခြံဝန်းထဲမှာ ထိုင်ရင်းစကားပြောနေကြတယ်။

 

အဲ့ဒီ့အချိန် ကောင်းကင်ဆီကနေ ပျံသန်းလာတဲ့ အိပ်တန်းပြန် ငှက်တချို့က သူတို့ရှိရာအပေါ် တည့်တည့်ကနေ ဖြတ်ပျံဖို့ဖြစ်လာတယ်။

 

” ဘုတ်…ဘုတ်…ဘုတ်….”

 

သူတို့ အပေါ်တည့်တည့်ကနေ ဖြတ်ပျံမယ့် ငှက်တချို့ ပြုတ်ကျလာကုန်ကြတာ။ ကျန်တဲ့ နံဘေးလွတ်ရာက ငှက်တွေကတော့ လန့်ဖျပ်ပြီး ဖရိုဖရဲနဲ့ ပျံပြေးကြကော။

 

ကိုဘတင့်တို့ လင်မယားကတော့ သူတို့အရှေ့ဆီကို ရုတ်တရက် ပြုတ်ကျလာတဲ့ ငှက်တွေကြောင့် အံ့သြမိကြလို့ပေါ့။

အဲ့ဒီအချိန် ပြုတ်ကျလာတဲ့ ငှက်တွေက ကမူးရှူးထိုးနဲ့ လူးလဲထကုန်ပြီး အပေါ်ကို ပျံတက်ပြီး ထွက်သွားကုန်ကြတယ်။

 

” ငှက်တွေက ဘယ်လိုဖြစ်ပြီး ပြုတ်ကျလာကြတာလဲဟ…”

 

လင်မယားနှစ်ယောက် မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကို နားမလည်နိုင်ကြ။

 

တကယ်တော့ ဒီအဖြစ်အပျက်က မမယ်ဆုံရဲ့ ဗိုက်ထဲက ကလေးရဲ့ မြင့်မြတ်လွန်းတဲ့ ဘုန်းကံကြောင့် ဖြစ်ပျက်သွားခဲ့တယ်ဆိုတာ သူတို့မသိနိုင်ခဲ့ဘူး။

 

အပိုင်း(၂)

 

” မိန်းမ…မင်းဗိုက်ကြီးက နည်းတာကြီးမဟုတ်ဘူးနော်…”

 

တစ်လထက်တစ်လ အချိန်တွေဖြတ်သန်းလာတာနဲ့အမျှ ဒေါ်မယ်ဆုံရဲ့ ဗိုက်ကြီးက သာမန်ထက်မကအောင် ပူဖောင်းလာနေခဲ့တယ်။

 

” သူများတွေ ပြောသလိုများ အမွှာဖြစ်နေမလားဘဲ…”

 

ကိုဘတင့်ရဲ့ စကားအဆုံး မမယ်ဆုံလည်း သူ့ရဲ့ ဗိုက်ကို အသာအယာထိကိုင်လိုက်ပြီး…။

 

” အဲ့ဒါတော့ ကျုပ်လည်း အတတ်မပြောတတ်ဘူး။ အိပ်မက်ထဲမှာတုန်းကတော့ ကလေးက နှစ်ယောက်ရယ်။ ဟိုရက်က ဖွားတုတ်ဆီသွားပြကြည့်တော့ အမွှာဖြစ်နိုင်လောက်တယ်လို့တော့ ပြောတာပဲ…”

 

ကိုဘတင့်မျက်နှာ ဝင်းပသွားတယ်။ သူတို့လင်မယား ကလေးလိုချင်လွန်းခဲ့တာ အတော်ကြာခဲ့ပြီ။

 

လိုချင်လွန်းလို့လည်း အများပြောသမျှနည်းလမ်းတွေကို လိုက်လုပ်ရုံတင်မက ဆုပန်လို့ရတယ်ဆိုတဲ့ နေရာတိုင်းဆီမှာလည်း ဆုပန်ခဲ့ရတာအမော။

 

ဘယ်လောက်ထိများလဲဆို အများက သူတို့လင်မယားကို ရူးနေပြီလို့တောင် သမုတ်တဲ့အထိပဲ။

 

နောက်ဆုံး ကလေး မရနိုင်တော့ဘူးလို့ စိတ်လျော့မယ်ဆိုကာကျမှ ကံကောင်းပြီး မယ်ဆုံဆီမှာ ကိုယ်ဝန်ရှိလာခဲ့တာ။

 

အခုအများတကာရဲ့ နိမိတ်ဖတ်ပုံအပြင် မျက်မြင်အရမှာလည်း မယ်ဆုံရဲ့ ဗိုက်က အမွှာဖြစ်ဖို့များနေတယ်။

 

အသက်အားဖြင့် နှစ်ယောက်စလုံး ၄၀ စွန်းနေပြီဖြစ်တဲ့ အနေအထားမှာ နောက်တစ်ကြိမ် ကလေးယူဖို့က မဖြစ်နိုင်တော့။

 

ဒီလိုအခြေအနေမှာမှ အခုလက်ရှိကိုယ်ဝန်က အမွှာဖြစ်နိုင်ချေရှိနေတော့ရယ် ကိုဘတင့်ခမျာ ပျော်လို့မဆုံးတော့ပြီ။

 

တစ်ခုသော ညဆီမှာတော့ မမယ်ဆုံရဲ့ အိပ်မက်ထဲကို တစ်ခါက အိပ်မက်ထဲမှာ ကလေးတွေပေးလိုက်တဲ့ အဘိုးရောက်လာခဲ့တယ်။

 

” သမီး…ရှေ့လျှောက် ကလေးတွေရဲ့ ပဋိသန္ဓေကြောင့် သမီးတို့ မိသားစုကို ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံစည်လာမယ့် သူတွေရှိနေတယ်။ ဒါကြောင့် ဒီအဆောင်လေးတွေကို သမီးတို့ လင်မယားဆီမှာ မပျောက်ရှအောင် အမြဲဆောင် ထားပေးပါ။ ပြီးရင် လင်မယားနှစ်ယောက်စလုံး နေ့စဉ် မေတ္တာသုတ်ကို ၁၁ ကြိမ်ရွတ်ဆိုပါ။ သမီးတို့ လင်မယား၊ ကလေးတွေကို အကောင်းဆုံး စောင့်ရှောက်နိုင်ပါစေ…”

 

အဘိုးက လိုရင်းကို ပြောပြီး ရုတ်တရက် ကွယ်ပျောက်သွားတယ်။

 

” အဘိုး…နေ နေပါဦး အဘိုး…”

ပျောက်သွားတဲ့ အဘိုးကို အော်ခေါ်ရင်း မမယ်ဆုံ အပြင်မှာပါ ယောင်အော်နေတာ။

 

” မယ်ဆုံ…မယ်ဆုံ ဘာဖြစ်လို့လဲ…”

 

လှုပ်နှိုးလာတဲ့ အသိကြောင့် မမယ်ဆုံ မျက်လုံးဖွင့်ကြည့်တော့ သူ့နံဘေးမှာ ကိုဘတင့်ကို တွေ့လိုက်ရတယ်။

 

” အ…အဘိုး…ဟင်…”

 

မမယ်ဆုံ ရေရွတ်ရင်း သူ့လက်ထဲက တစ်စုံတစ်ရာကြောင့် ကြည့်မိပြီး အံ့အားသင့်သွားတာ။

 

” ဘာလေးတွေလဲ…”

 

” အဆောင်လေးတွေတော့၊ ကျုပ်ကို အိပ်မက်ထဲမှာ အဘိုးပေးသွားတာ…”

 

မမယ်ဆုံ ကိုဘတင့်ကို သူ့အိပ်မက်အကြောင်း ပြောပြလိုက်တယ်။ ကိုဘတင့်က နားထောင်ပြီးတော့…။

 

” ဒါဆိုရင်တော့ တို့ကလေးတွေက နှယ်နှယ်ရရ မဖြစ်နိုင်ဘူး။ အထက်က သူတော်ကောင်းတွေက တာဝန်ပေးပြီး လွှတ်လိုက်တဲ့ သူတွေပဲဖြစ်မယ်…”

 

” ဖြစ်မယ် မဟုတ်ဘူး ကိုဘတင့်ရဲ့။ ဖြစ်ကိုဖြစ်နေတာ…”

 

မိခင်စိတ်နဲ့ မမယ်ဆုံက ခပ်စွာစွာ ပြောလိုက်တော့ ကိုဘတင့်ပြုံးလိုက်ပြီး…။

 

” ကဲပါကွာ…ဖြစ်နေတယ်ဆိုတော့လည်း အဘိုးပြောသလိုပဲ တို့တတွေ ကလေးတွေကို အကောင်းဆုံးစောင့်ရှောက်ကြတာပေါ့…”

 

မမယ်ဆုံက ဘာမှပြန်ပြောမလာဘူး။ ကိုဘတင့်ကပဲ…။

 

” ဒါနဲ့ အဆောင်တစ်ခုက ငါ့အတွက်မဟုတ်လား။ ပေးတော့ အခုပဲ ငါဆောင်ထားလိုက်တော့မယ်…”

 

ပြောတာက တစ်ခုဆိုပေမယ့် ကိုဘတင့်က မမယ်ဆုံ လက်ထဲက နီနောက်နောက်အခဲလေးနှစ်ခုစလုံးကို လှမ်းယူလိုက်ပြီး ခေါင်းအုံးတစ်ခုစီမှာ လိုက်ထည့်လိုက်တယ်။

 

နောက်တစ်နေ့မှာတော့ အဆောင်ခဲလေးတွေကို ကိုဘတင့်ရဲ့ စီစဉ်မှုနဲ့ပဲ သင်္ကန်းစဆီမှာ ကျစ်လို့ လင်မယားနှစ်ယောက်စလုံး တစ်ခုစီ ကိုယ်နဲ့မကွာ ဆောင်ထားလိုက်ကြတော့တာ။

 

* * * * * *

 

မမယ်ဆုံရဲ့ကိုယ်ဝန်က နေ့စေ့လစေ့ကာလကို ရောက်ရှိလာခဲ့တယ်။

မွေးဖို့ နီးလာတော့ တတ်သိနားလည်သူတို့ရဲ့ ပြောစကားအရ မွေးဖွားရာမှာ လွယ်ကူစေဖို့ လမ်းများများ လျှောက်ရတယ်ဆိုတဲ့အတွက် ညနေဘက်တိုင်းမှာ မမယ်ဆုံတစ်ယောက် လမ်းလျှောက်ဖြစ်နေရဲ့။

 

တစ်ညနေမှာတော့ ကိုဘတင့်ရွာထဲခဏသွားချိန် ခြံဝန်းထဲမှာ မမယ်ဆုံ တစ်ယောက်ထဲ လမ်းလျှောက်နေတုန်း…။

 

” မယ်ဆုံ…”

 

ခြံဝဆီက ခေါ်သံကြောင့် ကြည့်မိတော့ မမယ်ဆုံ တစ်ခါမှ မမြင်ဖူးတဲ့ ဆံပင်ဖွားလျားချထားတဲ့ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်။

 

” ငါ နင့်ကို ပြောစရာရှိတယ်…”

 

မိန်းမကြီးက ပြောပြီးတာနဲ့ ရဲရဲတင်းတင်းပဲ ခြံထဲဝင်လာခဲ့တာ။ မမယ်ဆုံကတော့ မိန်းမကြီးကို ကြည့်ရင်း စိတ်ထဲမှာ သရိုးသရီနဲ့။

 

” ဒီက အဒေါ်က ဘယ်သူလဲ…”

 

အနားမရောက်ခင် မမယ်ဆုံမေးမိတော့ မိန်းမကြီးရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားပြီး…။

 

” ငါနာမည်က စိန်မြ။ အခု နင့်ဗိုက်ထဲက ကလေးတွေက နင်တို့ကို ခိုက်မှာမို့လို့ ဖျက်စီးပစ်ဖို့ ငါလာပြောတာ…”

 

” ဟင်…”

 

ရုတ်တရက်တော့ မမယ်ဆုံ ကြောင်အမ်းသွားမိတယ်။ ပြီးကာမှ စိတ်ထဲမှာ ဒါက အဘိုးပြောတဲ့ အနှောက်အယှက်ပဲဖြစ်မယ်လို့ တွေးမိလိုက်ပြီး တုန်လှုပ်သွားမိတာမို့ လက်က အားကိုးတကြီးနဲ့ လည်ပင်းဆီက ဆွဲထားတဲ့ အဆောင်ကြိုးလေးကို ထိကိုင်လိုက်မိပြီး…။

 

” အဒေါ့်ကို ကျုပ် မသိဘူး။ ကျုပ် ဗိုက်ထဲက ကလေးတွေကည်း အဒေါ်ပြောသလို ကျုပ်တို့ကို ခိုက်စရာအကြောင်းမရှိဘူး…”

 

မမယ်ဆုံရဲ့ ခပ်မာမာပဲ ပြောလိုက်တဲ့စကားအဆုံး မိန်းမကြီးရဲ့ မျက်နှာက နဂိုထက်ကို နှစ်ဆ’လောက်ခက်ထန်သွားရပြီး…။

 

” ဪ…ဒါဆို နင်က ဖျက်စီးဖို့ မလုပ်ဘူးပေါ့…”

 

” ဟုတ်တယ်…အဒေါ့်စကားတစ်ခွန်းနဲ့ ကျုပ်ကလေးတွေကို ဖျက်စီးရမယ်ဆိုတာ ဖြစ်ကို မဖြစ်နိုင်တာ…”

 

” ဟဲ့…ဒီမှာ ငါ့နာမည်က စိန်မြဟဲ့ စိန်မြ။ နင် မသေမချင်းမှတ်ထားစမ်း။ နင့်ကလေးတွေကို နင်မဖျက်ရင် ငါကိုယ်တိုင်ဖျက်ပြမယ်…”

 

မိန်းမကြီးက ပြောပြီး လက်ကြီးနှစ်ဖက်ဆန့်တန်းရင်း တိုးဝင်လာတော့ မမယ်ဆုံ ကြောက်ကြောက်လန့်လန့်နဲ့ အနောက်ကို ဆုတ်တိုးမိတော့တာ။ ဒါပေမယ့်လည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မလွယ်ကူလှဘူးလေ။

 

” ဟား…ဟား…ဟား…နင်ကော နင့်ကလေးတွေပါ သေပေတော့…”

 

မိန်းမကြီးက ဝမ်းသာအားရနဲ့ ပြောပြီး သူ့လက်ကြီးနှစ်ဖက်နဲ့ မမယ်ဆုံရဲ့ လည်ပင်းကို လှမ်းညှစ်လိုက်တယ်။

မမယ်ဆုံလည်း မရှောင်သာတော့တာမို့ ကြောက်အားလန့်အားနဲ့ မျက်စိကို စုံမှိတ်လိုက်ချိန်…။

 

” ဝုန်း…”

 

” အား…”

 

လွင့်စင်ထွက်သွားတဲ့အသံနဲ့ အော်သံနက်ကြီးက ရှေ့ဆင့်နောက်ဆင့်။

 

မမယ်ဆုံ မျက်စိကို ဖွင့်ကြည့်လိုက်တော့ အခုနက မိန်းမကြီးကို မတွေ့ရတော့ဘူး။ ခြံဝန်းထဲမှာ သူတစ်ယောက်ထဲ ထီးထီးကြီးရပ်လို့။

 

ဒီအကြောင်းကို ကိုဘတင့်ပြန်လာလို့ မယ်ဆုံက ပြောပြတော့ ပထမတော့ ယုံရခက်ခက်။

 

နောက်တော့မှ မယ်ဆုံလည်ပင်းက လက်ရာကြီးနဲ့ သူတို့ဖြစ်ခဲ့တဲ့ နေရာက မီးကျွမ်းထားသလိုဖြစ်နေတဲ့ မိန်းမကြီးရဲ့ ဆံချည်ထွေးတွေကို တွေ့ပါမှ ယုံမိရတော့တယ်။

 

ဒီနောက်ပိုင်းမှာတော့ ကိုဘတင့်ဟာ မမယ်ဆုံကို စိတ်မချတာမို့ မီးဖွားတဲ့အချိန်အထိ အနားက လုံးဝမခွာဘဲ စောင့်ရှောက်ပေးနေတော့တာ။

ဒီကနေ တစ်ပါတ်ကြာမှာတော့…။

 

* * * * * *

 

ညဆယ့်နှစ်နာရီအချိန်။

 

” အူဝဲ…အူဝဲ….”

 

အခန်းထဲက ကလေးငိုသံနှစ်ခုက အပြိုင်အဆိုင်ထွက်ပေါ်နေတယ်။

ကိုဘတင့်ကတော့ အိမ်ရှေ့ဆီမှာ ဂနာမငြိမ် ဟိုလျှောက်၊ ဒီလျှောက်ရင်း ရှိနေရာက…။

 

” အရီးလေး…ကလေးတွေကတော့ ယောက်ျားလေးမွေးပြီး အဆင်ပြေပြီဆိုတာကို ကျုပ်သိရပြီ။ ကျန်တဲ့ ကျုပ်မိန်းမကော ဘယ်လိုနေသေးလဲဗျ…”

 

အထဲက တုန့်ပြန်သံက ထွက်မလာ။ ရုတ်တရက် ကလေးငိုသံတွေက တိတ်သွားတယ်။ အခြေအနေကြောင့် ကိုဘတင့်စိတ်ထဲ ထင့်ခနဲပဲ။

 

” အရီးလေး…အရီးလေး…”

 

ကိုဘတင့် ထပ်ခေါ်ကြည့်ပေမယ့် အသံက ထွက်မလာတော့ စိတ်ကထိန်းမရတော့ပြီ။ ချက်ချင်း အပြေးတစ်ပိုင်းနဲ့ အခန်းထဲဆီကို တိုးတိုက်ဝင်လိုက်တော့…။

 

” ဟဲ့…ပလုတ်တုပ်…”

 

” ဟင်…”

 

အခန်းထဲက မြင်ရတဲ့ မြင်ကွင်းက ကိုဘတင့်ထင်သလိုမဟုတ်၊ လုံး၀ ဆန့်ကျင်ဘက်။

 

မယ်ဆုံက ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်ထားပြီး နို့တိုက်ဖို့ကြိုးစားနေတာကို အရီးဖွားတုတ်က ကူညီပေးနေတာ။ ကိုဘတင့်ရဲ့ မျက်နှာ ပြုံးသွားရတယ်။

 

“ဘတင့်ရယ် နင်ကလည်း အသံမပေး ဘာမပေးနဲ့။ ငါရော မယ်ဆုံပါလန့်သွားရတာပဲအေ…”

 

အရီးဖွားတုတ်က သူ့ထုံးစံအတိုင်း ဗျစ်စိဗျစ်စိပြောတော့ ကိုဘတင့်တို့ မချိသွားဖြဲလုပ်မိရင်း…။

 

” ကျုပ်က…အရီးကို ခေါ်နေတာ။ အရီးက ဘာမှပြန်မပြောလာတော့ ကျုပ်စိတ်ပူပြီး…အဟီး…”

 

” ကဲ…ကဲ…ခုမှတော့ ပူမနေနဲ့တော့။ မင့်ကလေးတွေကော မင့်မိန်းမပါ ကျန်းမာတာမှ ဒေါင်ဒေါင်မြည်လို့…”

 

” ဒါဖြင့်…ကျုပ်…ဟို…အပြင်ကို…”

 

ကိုဘတင့်က အထစ်ထစ်၊ အငေါ့ငေါ့ပြောပြီး အခန်းပြင်ကို ပြန်ထွက်ဖို့ လုပ်နေလိုက်တာ။

 

” အခုမှတော့ လုပ်မနေပါနဲ့တော့အေ။ ယောက်ျားသား မီးနေခန်းမဝင်ရဘူးဆိုပေမယ့် မင့်က အထဲတောင်ရောက်ပြီးနေမှပဲ။ ဘာမှမထူးတော့ဘူး သွား…ကိုယ့်ကလေးတွေနဲ့ မိန်းမကို အားသွားပေးချေဦး။ ကျုပ် အပြင်ဘက်ထွက်ပြီး ရေနွေးလေးဘာလေးသောက်လိုက်ဦးမယ်…”

 

” အဟီး…”

 

ကိုဘတင့် မျက်နှာမထားတတ်ဘဲ စပ်တိစပ်ဖြဲ ဖြစ်နေရတယ်။ အရီးဖွားတုတ် အခန်းပြင်ကို ထွက်သွားတော့ မယ်ဆုံတို့သာအမိအနားကို အသာကပ်မိလိုက်ပြီး…။

 

” မယ်…မယ်ဆုံ အဆင်ပြေရဲ့လား။ ကလေးတွေကော ဘယ်လိုနေလဲ…”

 

မယ်ဆုံက ပင်ပန်း နွမ်းလှနေတဲ့ကြားက ကိုဘတင့်ကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို စူလိုက်ကာ…။

 

” ကျုပ် ဘယ်အဆင်ပြေမလဲတော်။ နှစ်ယောက်ကြီးတောင် မွေးရတာ ကျုပ်ဖြင့် နာလိုက်တာမှ တအား…”

 

ကိုဘတင့် မယ်ဆုံကို အားနာမိသလို၊ သနားမိသွားသလို ခံစားလိုက်ရပြီး ရုတ်တရက်ဘာပြန်ပြောရမယ်မသိဘူးဖြစ်သွားရတယ်။ ဒါပေမယ့် နှုတ်ခမ်းစူနေတဲ့ မယ်ဆုံက ကလေးတွေကို ကြည့်လိုက်တော့ ချက်ချင်း ပြုံးသွားပြီး…။

 

” ကျုပ် သားတွေကတော့ ဒီမယ်ကြည့်လေ။ ပြေလိုက်သမှ ပြေပြေပြေတောင်နေသေး။ ဒီမယ်ကြည့် အကြီးလေးကဆို အိပ်တောင်ပျော်နေပြီ…”

 

ညာဘက်က အိပ်ပျော်နေတဲ့ ကလေးကို မယ်ဆုံက အကြီးလေးလို့ ပြောတော့ ဘယ်ဘက်က ကလေးက အငယ်ဆိုတာ အလိုလိုနေရင်း ကိုဘတင့်သိသွားရတယ်။

 

အကြီးလေးက အိပ်သွားပေမယ့် အငယ်လေးကတော့ မျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး သူ့အမေနို့ကို သဲသဲမဲမဲစို့နေဆဲ။

 

” တောက်…ငါ့သားတွေများ ချောလိုက်တာကွာ…”

 

သားနှစ်ယောက်ကို တစိမ့်စိမ့်စိုက်ကြည့်ရင်း ကိုဘတင့် ရေရွတ်မိတာ။ ဒါကို မမယ်ဆုံက မျက်စောင်းတစ်ချက် အသာအယာ လှမ်းခဲလိုက်ပြီးတော့…။

 

” ချောမှာပေါ့တော်…ကျုပ်သားတွေက သူတော်စင်တွေနေတဲ့ ဟိမဝန္တာက လာတာကိုးတော့…”

 

စကားအဆုံးမှာတော့ မယ်ဆုံကော ကိုဘတင့်ပါ ပြိုင်တူပြုံးမိလိုက်တော့တယ်။

ပြီး

 

စာရေးသူ-နောင်ရိုး (ဆေးတပ်)

“ဟိမဝႏၲာကလာတဲ့ ကေလးႏွစ္ေယာက္”(စ/ဆုံး)
—————————————————-
(ျဖစ္ရပ္မွန္)
ေနာင္႐ိုး
ျမန္မာျပည္အလယ္ပိုင္းက ဥကၠံဆိုတဲ့ ႐ြာကေလးက နာမည္ကလွသလို စည္ကားသာယာခ်က္ကလည္း အတိုင္းထက္အလြန္ပဲ။

႐ြာသူ႐ြာသားအမ်ားစုက မိ႐ိုးဖလာ လယ္ယာလုပ္ငန္းနဲ႔ပဲ အသက္ေမြးဝမ္းေၾကာင္းျပဳၾကၿပီး ဘာသာတရားကိုလည္း အေတာ့္ကို အေကင္းဆက္ဆံရာမွာလည္း တစ္႐ြာလုံးက သေဘာေကာင္း၊ မေနာေကာင္းနဲ႔ အေတာ့္ကို ယဥ္ေက်းျပဴငွါတတ္ၾကျပန္ေသးတာ။

ဥကၠံ႐ြာရဲ႕ အေရွ႕ဖ်ားမွာေနတဲ့ ကိုဘတင့္နဲ႔ မမယ္ဆုံတို႔ လင္မယားဆိုတာ အသက္ေလးဆယ္နားကပ္ပါမွ အိမ္ေထာင္ က်ခဲ့ၾကသူေတြ။ ဒီေတာ့ အသက္အ႐ြယ္အရ ႏွစ္ေယာက္စလုံးက စိတ္တူကိုယ္တူ သားသမီး လိုခ်င္ေနလိုက္ၾကတာမွ အ႐ူးအမူးကို ျဖစ္လို႔။

ဘယ္ေလာက္ထိမ်ားလဲဆို သူတို႔ ရဲ႕ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြထဲမွာ သားဆုပန္ျခင္းအလုပ္က တသီးတသန႔္ကို ပါေနတဲ့အထိကိုပဲ။

႐ြာအနီးဝန္းက်င္က ဘုရား၊ ေစတီ၊ သိမ္၊ ေက်ာင္းအျပင္ ႀကီးပါေပ့ဆိုတဲ့ သစ္ပင္တိုင္းဆီမွာ လင္မယားႏွစ္ေယာက္ သားဆုပန္ရတာအေမာ။

ဘယ္လိုပဲ ဆုေတာင္းေတာင္း၊ အခ်ိန္ႏွစ္ႏွစ္သာၾကာခဲ့တယ္။ သူတို႔ေတာင္းတဲ့ သားဆုပန္ျခင္းက ျပည့္ခြင့္ရမလာခဲ့ေသးပါဘူး…။

* * * * *

တစ္ခုေသာ မနက္ရဲ႕ ေဝလီေဝလင္းအခ်ိန္…။

ကိုဘတင့္တို႔ လင္မယားႏွစ္ေယာက္ အိပ္ရာက ထၾကၿပီး ေဒၚမယ္ဆုံက မီးဖိုထဲမွာ အာ႐ုံဆြမ္းခ်က္လို႔ ဦးဘတင့္ကေတာ့ ၿခံဝန္းထဲမွာ တံျမက္စည္းလွဲေနေလတယ္။

တံျမက္စည္းလွည္းရင္း ၿခံဝဆီက အရိပ္တစ္ခုေတြလို႔ ကိုဘတင့္ လွမ္းၾကည့္မိေတာ့…။

” အို…ရဟန္းတစ္ပါးပါလား…”

အာ႐ုံဦးရဲ႕ လင္းေရာင္ျခည္ေအာက္မွာ ဖန္ရည္စြန္းတဲ့ သကၤန္းကို႐ုံၿပီး သပိတ္ပိုက္ထားတဲ့ ၾကည္ညိဳဖြယ္ရာ ရဟန္းတစ္ပါး သူ႔ၿခံဝေရွ႕ကေန ဆြမ္းခံႂကြျဖတ္သန္းသြားေနတာ။

ျမင္ျမင္ခ်င္းမွာပဲ ရဟန္းအေပၚ ဦးဘတင့္ရဲ႕ ၾကည္ညိဳသဒၵါတရားေတြက ယိုဖိတ္လာရတယ္။ ဒါနဲ႔ ကိုဘတင့္လည္း ၿခံေရွ႕ဆီ ေျပးထြက္ၿပီး…။

” ရပ္ေတာ္မူပါဦးဘုရား…”

လွည့္ၾကည့္လာတာမ်ိဳးမရွိဘဲ ရဟန္းရဲ႕ ေျခလွမ္းေတြက ရပ္တန႔္သြားခဲ့တယ္။ ကိုဘတင့္က အေျပးအလႊားပဲ အနားသြားလို႔ လက္အုပ္ခ်ီၿပီး…။

” တပည့္ေတာ္ ဆြမ္းလႉခ်င္လို႔ပါဘုရား…”

ရဟန္းေတာ္က ခပ္မဆိတ္သာ။

ကိုဘတင့္လည္း ဆြမ္းအလႉကို လက္ခံတယ္ဆိုတာသိလို႔ အိမ္ထဲကို အျမန္ျပန္ေျပးလာခဲ့တယ္။

” မိန္းမေရ…မိန္းမ…”

” ဘာတုန္းေတာ့္…”

” ဟို…ဟို… ထ…ထမင္းအိုး က်က္ၿပီလား…”

ကိုဘတင့္ ေမးၿပီး မီးဖိုထက္ကို လွမ္းၾကည့္မိေတာ့ ထမင္းအိုးက အခုမွ ပြက္ေနဆဲရယ္။

” ေတာ္…ဘာျဖစ္လာတာလဲ၊ သုတ္တီးသုတ္ျပာနဲ႔…”

မမယ္ဆုံက နားမလည္ႏိုင္ဘဲ ေမးလိုက္တာ။

” ၿခံေရွ႕မွာ ရဟန္းတစ္ပါး ဆြမ္းခံႂကြေနတာ။ အဲ့ဒါ ငါ ငါ…ဆြမ္းေလာင္းခ်င္လို႔။ ထမင္းအိုးက မက်က္ေသးေတာ့ ဘယ္လိုလုပ္ရမလဲ…”

ကိုဘတင့္က ေခါင္းကို တြင္တြင္ကုတ္ရင္း ေျပာတယ္။ မမယ္ဆုံကေတာ့ ႐ြာေက်ာင္းက ခါတိုင္းဒီအခ်ိန္ ဆြမ္းခံမႂကြတတ္ဘူးလို႔ ေတြးမိၿပီး…။

” ဒီအခ်ိန္ႀကီး ဆြမ္းခံရပ္တယ္ဆိုေတာ့ အာဂႏၲဳရဟန္းမ်ားလား…”

” အင္း…ဟုတ္တယ္။ ေတာ္ေတာ္လည္း ၾကည္ညိဳဖို႔ေကာင္းတယ္။ အဲ့ဒါေၾကာင့္ ငါျပာယာခတ္ေနတာေပါ့…”

” အဲ့ဒါဆိုရင္ေတာ့ ႐ြာကေန လြန္သြားရင္ ေဘးမွာက ႐ြာဆက္ျပတ္သြားၿပီ။ ရဟန္းအတြက္ ဆြမ္းအေရးခက္ရခ်ည္ရဲ႕…”

မမယ္ဆုံ ေရ႐ြတ္ရင္း တြမ္းအဘို႔ငွါ လႉဖြယ္ရာကို စဥ္းစားလိုက္တယ္။

” ကိုဘတင့္…ေၾကာင္အိမ္ထဲမွာ မေန႔ညက လွႏြဲ႕တို႔ လာေရာင္းထားတဲ့ ေကာက္ညႇင္းက်ည္ေတာက္ႏွစ္ေခ်ာင္း ရွိေသးတယ္မလား…”

” ေအး…ဟုတ္တယ္။ ရွိေသးတယ္…”
ကိုဘတင့္က ေၾကာင္အိမ္ကို လွပ္ၿပီး ေကာက္ညႇင္းက်ည္ေတာက္ေတြကို ထုတ္ယူလိုက္တယ္။

” အာဂႏၲဳရဟန္းဆိုရင္ေတာ့ ဖူးရခဲတယ္။ က်ဳပ္လည္း လိုက္မယ္ေတာ္…”

လင္မယားႏွစ္ေယာက္ ထြက္လာတဲ့အထိ ရဟန္းက တည္ၿငိမ္စြာနဲ႔ ရပ္ေတာ္မူေနဆဲပဲ။

” အရွင္ဘုရား…တပည့္ေတာ္တို႔ ဆြမ္းမက်က္ေသးတာမို႔ ဒီေကာက္ညႇင္းက်ည္ေတာက္ေတြကိုပဲ ဆြမ္းအျဖစ္လက္ခံေတာ္မူေပးပါဘုရား…”

ရဟန္းက သပိတ္ကို အသာၫြတ္ခ်ေပးလာေတာ့ ကိုဘတင့္လည္း ေကာက္ညႇင္းက်ည္ေတာက္ႏွစ္ေခ်ာင္းကို သပိတ္ေပၚတင္လႉလိုက္တယ္။

ၿပီးေတာ့ လင္မယားႏွစ္ေယာက္ ေျမဆီမွာ ဒူးတုပ္ၿပီး ရဟန္းကို ဦးခိုက္ကန္ေတာ့္ၾကေတာ့တာ။

” ဒီကေန႔ရဲ႕ ဆြမ္းအလႉအတြက္ တကာ၊ တကာမႀကီးတို႔တေတြ အလိုရွိတိုင္း၊ ေတာင့္တတိုင္းျပည့္စုံပါေစ…”

” ေပးတဲ့ဆု ျပည္ရပါလို၏ ဘုရား…”

ကိုဘတင့္က ေျပာၿပီး ဦးခိုက္လိုက္ေပမယ့္ မမယ္ဆုံကေတာ့ ရဟန္းေတာ္ကို ဆက္လက္ဖူးေျမႇာ္ရင္းက…။

” တပည့္ေတာ္မတို႔ လင္မယားအတြက္ သားသမီးရတနာကို လိုခ်င္ေတာင့္တေနၾကတာမို႔ အရွင္ဘုရားေပးတဲ့ ဆုအတိုင္း ျပည့္စုံပါရေစ ဘုရား…”

မမယ္ဆုံ ဦးခိုက္တယ္။ ရဟန္းက အသာအယာေခါင္းကို ညိတ္ေလၿပီး…။

” ျပည့္စုံေတာ့မွာပါ တကာမႀကီး။ ျမန္မၾကာကိုပဲ ျပည့္စုံလာပါလိမ့္မယ္…”

” ဝမ္းသာလိုက္တာ အရွင္ဘုရားရယ္…”

လင္မယားႏွစ္ေယာက္ ဝမ္းသာအားရနဲ႔ ဦးခိုက္လိုက္ခ်ိန္ ရဟန္းရဲ႕ ေျခလွမ္းေတြက ေရွးရႈရာလမ္းအတိုင္းဆီကို တေ႐ြ႕ေ႐ြ႕…။

အဲ့ဒီ့ေန႔က ထူးထူးဆန္းဆန္းႂကြေရာက္လာတဲ့ အာဂႏၲဳရဟန္းကို ဥကၠံတစ္႐ြာလုံးမွာမွ ဆြမ္းေလာင္းႏိုင္ခဲ့သူရယ္လို႔ သူတို႔လင္မယားသာရွိခဲ့တယ္ဆိုတာကို ကိုဘတင့္တို႔ သိခဲ့ရင္ျဖင့္…။

* * * * *

တစ္ပါတ္ေလာက္ၾကာခ်ိန္မွာေတာ့ မမယ္ဆုံ အိပ္မက္တစ္ခုကို မက္ခဲ့တယ္။

အိပ္မက္ထဲမွာ မမယ္ဆုံက ဘုရားပ်က္လိုလို၊ ဘုန္းႀကီးေက်ာင္းပ်က္ႀကီးလိုလိုေနရာဆီကို ေရာက္ေနခဲ့တာ။

ျမင္ေနရတာအားလုံးက သူတို႔ရဲ႕ အနီးဝန္းက်င္မွာလည္း မျမင္ဖူး၊ သူ႔အေနနဲ႔လည္း တစ္ခါမွ မေရာက္ဖူးတဲ့ေနရာျဖစ္ေနလို႔ မမယ္ဆုံခမ်ာ ေၾကာက္ေနမိတာနဲ႔ ေရာက္ေနတဲ့ ေနရာမွာပဲ ဒူးတုပ္၊ ေခါင္းငုံ႔ၿပီးထိုင္ေနတုန္း…။

” သမီး…”

ၾကည္လင္သာယာလြန္းတဲ့ အသံက အနားက ထြက္လာတာ။ မမယ္ဆုံ ေမာ့ၾကည့္မိေတာ့ ဥပတိတည္ၾကည္ခန႔္ညားၿပီး ဝတ္ျဖဴစင္က်ယ္ဝတ္ဆင္ထားတဲ့ အဘိုးတစ္ေယာက္။

” ဘာမွမေၾကာက္ပါနဲ႔ သမီး။ ဒီေနရာက ဟိမဝႏၲာက သူေတာ္စင္တို႔ ေနတဲ့ေနရာပါ။ ဘာေၾကာင့္ အဘိုးတို႔က သမီးကို ဒီကို ေခၚလိုက္တာလဲဆိုေတာ့ ေျပာရရင္ သမီးတို႔ ေတာင္းခဲ့တဲ့ ဆုေတာင္းေၾကာင့္ပါပဲ…”

” ရွင္…”

မမယ္ဆုံ နားလည္ႏိုင္ဖို႔ ခက္သြားရတယ္။ အဲ့ဒီ့အခ်ိန္ အဘိုးအိုက အေနာက္ဆီကို လွည့္လိုက္ၿပီး…။

” ေမာင္ေသာင္း…ကေလးေတြကို ေခၚခဲ့ေတာ့…”

အကြယ္တစ္ခုဆီက လူငယ္တစ္ေယာက္နဲ႔ ကေလးငယ္ႏွစ္ေယာက္ ထြက္လာခဲ့တယ္။ သူတို႔အနားေရာက္ေတာ့ အဘိုးက မမယ္ဆုံကို စိုက္ၾကည့္ၿပီး…။

” ဒီကေလးေတြကို သမီးဆီေပးလိုက္မယ္။ သူတို႔ကို သမီးတို႔လင္မယားက အ႐ြယ္ေရာက္တဲ့အထိ ေသေသခ်ာခ်ာ ေစာင့္ေရွာက္ၾကရလိမ့္မယ္။

သူတို႔မွာ ေမြးရာပါ ထူးကဲတဲ့ ဘုန္းကံ၊ ပါရမီေတြ ပါလာလိမ့္မယ္။ ဒါေတြကိုပဲ အေၾကာင္းျပဳလို႔ အခ်ိန္တန္ အ႐ြယ္ေရာက္တဲ့အခါ ဆရာတစ္ေယာက္လာေခၚလိမ့္မယ္။ အဲ့ဒီ့ဆရာရဲ႕ အကူအညီနဲ႔ပဲ သူတို႔ဟာ ပါရမီပါရာလမ္းကို သူတို႔ဆက္ၾကလိမ့္မယ္။

ပါရမီလမ္း ျပည့္စုံသြားတဲ့အခါက်ရင္ေတာ့ သူတို႔ဟာ သာသနာအက်ိဳးနဲ႔ လူထုရပ္ဝန္းကို အေကာင္းဆုံးအက်ိဳးျပဳႏိုင္တဲ့သူေတြ ျဖစ္လာလိမ့္မယ္။ ဒီအေျခအေနကို မေရာက္ခင္ေတာ့ သမီးတို႔က သူတို႔ကို အႏၲရာယ္ကင္းေအာင္ ျပဳစုေစာင့္ေရွာက္ေပးႏိုင္ဖို႔ လိုအပ္တယ္။

ဘယ္လိုလဲ သမီး…။ ငါ့သမီး…သူတို႔ကို လက္ခံႏိုင္မယ္မလား…”

ကေလးေတြက ေယာက္်ားေလးေတြခ်ည္းပဲ။ ႏွစ္ေယာက္စလုံး အသားျဖဴျဖဴ၊ မ်က္ဝန္းေတာက္ေတာက္ေလးေတြနဲ႔ ခ်စ္စရာေကာင္းခ်က္။

မမယ္ဆုံ ဘာကိုမွ မစဥ္းစားႏိုင္ေတာ့ဘူး။ ေခါင္းကိုတြင္တြင္ႀကီး ညိတ္မိေတာ့တာ။

” ဒါျဖင့္…သူတို႔ကို သမီးေခၚသြားေခ်ေတာ့…”

ကေလးႏွစ္ေယာက္က ေဒၚမယ္ဆုံဆီကို လွမ္းလာတယ္။

သူတို႔လက္ကေလးေတြကို ထိကိုင္လိုက္တာခ်ိန္မွာပဲ အိပ္မက္ကေန မမယ္ဆုံ ႐ုတ္တရက္ လန႔္ႏိုးလာေတာ့တယ္။

* * * * *

” ဒါဆို မင္းအိပ္မက္က ဝမ္းသာစရာေပါ့…”

မမယ္ဆုံရဲ႕ အိပ္မက္အေၾကာင္းကို နားေထာင္ၿပီး ကိုဘတင့္ ဝမ္းသာသြားတာ။

” ဟုတ္ပါ့ေတာ္…ကေလးက ႏွစ္ေယာက္ေတာင္မွပဲ။ ခ်စ္စရာေလးေတြ ေတာ္ရယ္…”

” အင္း…တကယ္သာ ျဖစ္လာရင္ေတာ့ ငါေပ်ာ္လြန္းလို႔ ခုန္ေပါက္ေနမိေတာ့မွာ…”

လင္မယားႏွစ္ေယာက္ ေမွ်ာ္လင့္ထားသလိုပဲ ေနာက္ႏွစ္လအၾကာမွာ တကယ္ျဖစ္လာပါေတာ့တယ္။

မမယ္ဆုံဆီမွာ ပဋိသေႏၶစြဲကပ္လာတဲ့ လကၡဏာေတြက သိသိသာသာ။ ႐ြာက လက္သည္ ေဒၚဖြားတုတ္ဆီသြားေတာ့ ကိုယ္ဝန္ရွိၿပီဆိုတာ အတည္ျပဳေပးႏိုင္ခဲ့တယ္။

ကိုဘတင့္ခမ်ာ ေပ်ာ္လိုက္ခ်က္မ်ား ေလထဲေျမာက္ေနေတာ့သေယာင္။ မမယ္ဆုံကေတာ့ ေပ်ာ္မိေပမယ့္ ရွက္ၿပဳံးေလးၿပဳံးေနလို႔သာပဲ။

ကိုယ္ဝန္သက္ကေလးရလာတဲ့ တစ္ရက္၊ ညေနေစာင္းအခ်ိန္…။

ကိုဘတင့္တို႔ လင္မယား သူတို႔ၿခံဝန္းထဲမွာ ထိုင္ရင္းစကားေျပာေနၾကတယ္။

အဲ့ဒီ့အခ်ိန္ ေကာင္းကင္ဆီကေန ပ်ံသန္းလာတဲ့ အိပ္တန္းျပန္ ငွက္တခ်ိဳ႕က သူတို႔ရွိရာအေပၚ တည့္တည့္ကေန ျဖတ္ပ်ံဖို႔ျဖစ္လာတယ္။

” ဘုတ္…ဘုတ္…ဘုတ္….”

သူတို႔ အေပၚတည့္တည့္ကေန ျဖတ္ပ်ံမယ့္ ငွက္တခ်ိဳ႕ ျပဳတ္က်လာကုန္ၾကတာ။ က်န္တဲ့ နံေဘးလြတ္ရာက ငွက္ေတြကေတာ့ လန႔္ဖ်ပ္ၿပီး ဖ႐ိုဖရဲနဲ႔ ပ်ံေျပးၾကေကာ။

ကိုဘတင့္တို႔ လင္မယားကေတာ့ သူတို႔အေရွ႕ဆီကို ႐ုတ္တရက္ ျပဳတ္က်လာတဲ့ ငွက္ေတြေၾကာင့္ အံ့ၾသမိၾကလို႔ေပါ့။
အဲ့ဒီအခ်ိန္ ျပဳတ္က်လာတဲ့ ငွက္ေတြက ကမူးရႉးထိုးနဲ႔ လူးလဲထကုန္ၿပီး အေပၚကို ပ်ံတက္ၿပီး ထြက္သြားကုန္ၾကတယ္။

” ငွက္ေတြက ဘယ္လိုျဖစ္ၿပီး ျပဳတ္က်လာၾကတာလဲဟ…”

လင္မယားႏွစ္ေယာက္ ျမန္ဆန္လြန္းတဲ့ အျဖစ္အပ်က္ကို နားမလည္ႏိုင္ၾက။

တကယ္ေတာ့ ဒီအျဖစ္အပ်က္က မမယ္ဆုံရဲ႕ ဗိုက္ထဲက ကေလးရဲ႕ ျမင့္ျမတ္လြန္းတဲ့ ဘုန္းကံေၾကာင့္ ျဖစ္ပ်က္သြားခဲ့တယ္ဆိုတာ သူတို႔မသိႏိုင္ခဲ့ဘူး။

အပိုင္း(၂)

” မိန္းမ…မင္းဗိုက္ႀကီးက နည္းတာႀကီးမဟုတ္ဘူးေနာ္…”

တစ္လထက္တစ္လ အခ်ိန္ေတြျဖတ္သန္းလာတာနဲ႔အမွ် ေဒၚမယ္ဆုံရဲ႕ ဗိုက္ႀကီးက သာမန္ထက္မကေအာင္ ပူေဖာင္းလာေနခဲ့တယ္။

” သူမ်ားေတြ ေျပာသလိုမ်ား အမႊာျဖစ္ေနမလားဘဲ…”

ကိုဘတင့္ရဲ႕ စကားအဆုံး မမယ္ဆုံလည္း သူ႔ရဲ႕ ဗိုက္ကို အသာအယာထိကိုင္လိုက္ၿပီး…။

” အဲ့ဒါေတာ့ က်ဳပ္လည္း အတတ္မေျပာတတ္ဘူး။ အိပ္မက္ထဲမွာတုန္းကေတာ့ ကေလးက ႏွစ္ေယာက္ရယ္။ ဟိုရက္က ဖြားတုတ္ဆီသြားျပၾကည့္ေတာ့ အမႊာျဖစ္ႏိုင္ေလာက္တယ္လို႔ေတာ့ ေျပာတာပဲ…”

ကိုဘတင့္မ်က္ႏွာ ဝင္းပသြားတယ္။ သူတို႔လင္မယား ကေလးလိုခ်င္လြန္းခဲ့တာ အေတာ္ၾကာခဲ့ၿပီ။

လိုခ်င္လြန္းလို႔လည္း အမ်ားေျပာသမွ်နည္းလမ္းေတြကို လိုက္လုပ္႐ုံတင္မက ဆုပန္လို႔ရတယ္ဆိုတဲ့ ေနရာတိုင္းဆီမွာလည္း ဆုပန္ခဲ့ရတာအေမာ။

ဘယ္ေလာက္ထိမ်ားလဲဆို အမ်ားက သူတို႔လင္မယားကို ႐ူးေနၿပီလို႔ေတာင္ သမုတ္တဲ့အထိပဲ။

ေနာက္ဆုံး ကေလး မရႏိုင္ေတာ့ဘူးလို႔ စိတ္ေလ်ာ့မယ္ဆိုကာက်မွ ကံေကာင္းၿပီး မယ္ဆုံဆီမွာ ကိုယ္ဝန္ရွိလာခဲ့တာ။

အခုအမ်ားတကာရဲ႕ နိမိတ္ဖတ္ပုံအျပင္ မ်က္ျမင္အရမွာလည္း မယ္ဆုံရဲ႕ ဗိုက္က အမႊာျဖစ္ဖို႔မ်ားေနတယ္။

အသက္အားျဖင့္ ႏွစ္ေယာက္စလုံး ၄၀ စြန္းေနၿပီျဖစ္တဲ့ အေနအထားမွာ ေနာက္တစ္ႀကိမ္ ကေလးယူဖို႔က မျဖစ္ႏိုင္ေတာ့။

ဒီလိုအေျခအေနမွာမွ အခုလက္ရွိကိုယ္ဝန္က အမႊာျဖစ္ႏိုင္ေခ်ရွိေနေတာ့ရယ္ ကိုဘတင့္ခမ်ာ ေပ်ာ္လို႔မဆုံးေတာ့ၿပီ။

တစ္ခုေသာ ညဆီမွာေတာ့ မမယ္ဆုံရဲ႕ အိပ္မက္ထဲကို တစ္ခါက အိပ္မက္ထဲမွာ ကေလးေတြေပးလိုက္တဲ့ အဘိုးေရာက္လာခဲ့တယ္။

” သမီး…ေရွ႕ေလွ်ာက္ ကေလးေတြရဲ႕ ပဋိသေႏၶေၾကာင့္ သမီးတို႔ မိသားစုကို ပ်က္စီးရာ၊ ပ်က္စီးေၾကာင္း ႀကံစည္လာမယ့္ သူေတြရွိေနတယ္။ ဒါေၾကာင့္ ဒီအေဆာင္ေလးေတြကို သမီးတို႔ လင္မယားဆီမွာ မေပ်ာက္ရွေအာင္ အၿမဲေဆာင္ ထားေပးပါ။ ၿပီးရင္ လင္မယားႏွစ္ေယာက္စလုံး ေန႔စဥ္ ေမတၱာသုတ္ကို ၁၁ ႀကိမ္႐ြတ္ဆိုပါ။ သမီးတို႔ လင္မယား၊ ကေလးေတြကို အေကာင္းဆုံး ေစာင့္ေရွာက္ႏိုင္ပါေစ…”

အဘိုးက လိုရင္းကို ေျပာၿပီး ႐ုတ္တရက္ ကြယ္ေပ်ာက္သြားတယ္။

” အဘိုး…ေန ေနပါဦး အဘိုး…”
ေပ်ာက္သြားတဲ့ အဘိုးကို ေအာ္ေခၚရင္း မမယ္ဆုံ အျပင္မွာပါ ေယာင္ေအာ္ေနတာ။

” မယ္ဆုံ…မယ္ဆုံ ဘာျဖစ္လို႔လဲ…”

လႈပ္ႏႈိးလာတဲ့ အသိေၾကာင့္ မမယ္ဆုံ မ်က္လုံးဖြင့္ၾကည့္ေတာ့ သူ႔နံေဘးမွာ ကိုဘတင့္ကို ေတြ႕လိုက္ရတယ္။

” အ…အဘိုး…ဟင္…”

မမယ္ဆုံ ေရ႐ြတ္ရင္း သူ႔လက္ထဲက တစ္စုံတစ္ရာေၾကာင့္ ၾကည့္မိၿပီး အံ့အားသင့္သြားတာ။

” ဘာေလးေတြလဲ…”

” အေဆာင္ေလးေတြေတာ့၊ က်ဳပ္ကို အိပ္မက္ထဲမွာ အဘိုးေပးသြားတာ…”

မမယ္ဆုံ ကိုဘတင့္ကို သူ႔အိပ္မက္အေၾကာင္း ေျပာျပလိုက္တယ္။ ကိုဘတင့္က နားေထာင္ၿပီးေတာ့…။

” ဒါဆိုရင္ေတာ့ တို႔ကေလးေတြက ႏွယ္ႏွယ္ရရ မျဖစ္ႏိုင္ဘူး။ အထက္က သူေတာ္ေကာင္းေတြက တာဝန္ေပးၿပီး လႊတ္လိုက္တဲ့ သူေတြပဲျဖစ္မယ္…”

” ျဖစ္မယ္ မဟုတ္ဘူး ကိုဘတင့္ရဲ႕။ ျဖစ္ကိုျဖစ္ေနတာ…”

မိခင္စိတ္နဲ႔ မမယ္ဆုံက ခပ္စြာစြာ ေျပာလိုက္ေတာ့ ကိုဘတင့္ၿပဳံးလိုက္ၿပီး…။

” ကဲပါကြာ…ျဖစ္ေနတယ္ဆိုေတာ့လည္း အဘိုးေျပာသလိုပဲ တို႔တေတြ ကေလးေတြကို အေကာင္းဆုံးေစာင့္ေရွာက္ၾကတာေပါ့…”

မမယ္ဆုံက ဘာမွျပန္ေျပာမလာဘူး။ ကိုဘတင့္ကပဲ…။

” ဒါနဲ႔ အေဆာင္တစ္ခုက ငါ့အတြက္မဟုတ္လား။ ေပးေတာ့ အခုပဲ ငါေဆာင္ထားလိုက္ေတာ့မယ္…”

ေျပာတာက တစ္ခုဆိုေပမယ့္ ကိုဘတင့္က မမယ္ဆုံ လက္ထဲက နီေနာက္ေနာက္အခဲေလးႏွစ္ခုစလုံးကို လွမ္းယူလိုက္ၿပီး ေခါင္းအုံးတစ္ခုစီမွာ လိုက္ထည့္လိုက္တယ္။

ေနာက္တစ္ေန႔မွာေတာ့ အေဆာင္ခဲေလးေတြကို ကိုဘတင့္ရဲ႕ စီစဥ္မႈနဲ႔ပဲ သကၤန္းစဆီမွာ က်စ္လို႔ လင္မယားႏွစ္ေယာက္စလုံး တစ္ခုစီ ကိုယ္နဲ႔မကြာ ေဆာင္ထားလိုက္ၾကေတာ့တာ။

* * * * * *

မမယ္ဆုံရဲ႕ကိုယ္ဝန္က ေန႔ေစ့လေစ့ကာလကို ေရာက္ရွိလာခဲ့တယ္။
ေမြးဖို႔ နီးလာေတာ့ တတ္သိနားလည္သူတို႔ရဲ႕ ေျပာစကားအရ ေမြးဖြားရာမွာ လြယ္ကူေစဖို႔ လမ္းမ်ားမ်ား ေလွ်ာက္ရတယ္ဆိုတဲ့အတြက္ ညေနဘက္တိုင္းမွာ မမယ္ဆုံတစ္ေယာက္ လမ္းေလွ်ာက္ျဖစ္ေနရဲ႕။

တစ္ညေနမွာေတာ့ ကိုဘတင့္႐ြာထဲခဏသြားခ်ိန္ ၿခံဝန္းထဲမွာ မမယ္ဆုံ တစ္ေယာက္ထဲ လမ္းေလွ်ာက္ေနတုန္း…။

” မယ္ဆုံ…”

ၿခံဝဆီက ေခၚသံေၾကာင့္ ၾကည့္မိေတာ့ မမယ္ဆုံ တစ္ခါမွ မျမင္ဖူးတဲ့ ဆံပင္ဖြားလ်ားခ်ထားတဲ့ အသက္ႀကီးႀကီး မိန္းမႀကီးတစ္ေယာက္။

” ငါ နင့္ကို ေျပာစရာရွိတယ္…”

မိန္းမႀကီးက ေျပာၿပီးတာနဲ႔ ရဲရဲတင္းတင္းပဲ ၿခံထဲဝင္လာခဲ့တာ။ မမယ္ဆုံကေတာ့ မိန္းမႀကီးကို ၾကည့္ရင္း စိတ္ထဲမွာ သ႐ိုးသရီနဲ႔။

” ဒီက အေဒၚက ဘယ္သူလဲ…”

အနားမေရာက္ခင္ မမယ္ဆုံေမးမိေတာ့ မိန္းမႀကီးရဲ႕ ေျခလွမ္းေတြက ရပ္တန႔္သြားၿပီး…။

” ငါနာမည္က စိန္ျမ။ အခု နင့္ဗိုက္ထဲက ကေလးေတြက နင္တို႔ကို ခိုက္မွာမို႔လို႔ ဖ်က္စီးပစ္ဖို႔ ငါလာေျပာတာ…”

” ဟင္…”

႐ုတ္တရက္ေတာ့ မမယ္ဆုံ ေၾကာင္အမ္းသြားမိတယ္။ ၿပီးကာမွ စိတ္ထဲမွာ ဒါက အဘိုးေျပာတဲ့ အေႏွာက္အယွက္ပဲျဖစ္မယ္လို႔ ေတြးမိလိုက္ၿပီး တုန္လႈပ္သြားမိတာမို႔ လက္က အားကိုးတႀကီးနဲ႔ လည္ပင္းဆီက ဆြဲထားတဲ့ အေဆာင္ႀကိဳးေလးကို ထိကိုင္လိုက္မိၿပီး…။

” အေဒၚ့ကို က်ဳပ္ မသိဘူး။ က်ဳပ္ ဗိုက္ထဲက ကေလးေတြကည္း အေဒၚေျပာသလို က်ဳပ္တို႔ကို ခိုက္စရာအေၾကာင္းမရွိဘူး…”

မမယ္ဆုံရဲ႕ ခပ္မာမာပဲ ေျပာလိုက္တဲ့စကားအဆုံး မိန္းမႀကီးရဲ႕ မ်က္ႏွာက နဂိုထက္ကို ႏွစ္ဆ’ေလာက္ခက္ထန္သြားရၿပီး…။

” ဪ…ဒါဆို နင္က ဖ်က္စီးဖို႔ မလုပ္ဘူးေပါ့…”

” ဟုတ္တယ္…အေဒၚ့စကားတစ္ခြန္းနဲ႔ က်ဳပ္ကေလးေတြကို ဖ်က္စီးရမယ္ဆိုတာ ျဖစ္ကို မျဖစ္ႏိုင္တာ…”

” ဟဲ့…ဒီမွာ ငါ့နာမည္က စိန္ျမဟဲ့ စိန္ျမ။ နင္ မေသမခ်င္းမွတ္ထားစမ္း။ နင့္ကေလးေတြကို နင္မဖ်က္ရင္ ငါကိုယ္တိုင္ဖ်က္ျပမယ္…”

မိန္းမႀကီးက ေျပာၿပီး လက္ႀကီးႏွစ္ဖက္ဆန႔္တန္းရင္း တိုးဝင္လာေတာ့ မမယ္ဆုံ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ အေနာက္ကို ဆုတ္တိုးမိေတာ့တာ။ ဒါေပမယ့္လည္း ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့ မလြယ္ကူလွဘူးေလ။

” ဟား…ဟား…ဟား…နင္ေကာ နင့္ကေလးေတြပါ ေသေပေတာ့…”

မိန္းမႀကီးက ဝမ္းသာအားရနဲ႔ ေျပာၿပီး သူ႔လက္ႀကီးႏွစ္ဖက္နဲ႔ မမယ္ဆုံရဲ႕ လည္ပင္းကို လွမ္းညႇစ္လိုက္တယ္။
မမယ္ဆုံလည္း မေရွာင္သာေတာ့တာမို႔ ေၾကာက္အားလန႔္အားနဲ႔ မ်က္စိကို စုံမွိတ္လိုက္ခ်ိန္…။

” ဝုန္း…”

” အား…”

လြင့္စင္ထြက္သြားတဲ့အသံနဲ႔ ေအာ္သံနက္ႀကီးက ေရွ႕ဆင့္ေနာက္ဆင့္။

မမယ္ဆုံ မ်က္စိကို ဖြင့္ၾကည့္လိုက္ေတာ့ အခုနက မိန္းမႀကီးကို မေတြ႕ရေတာ့ဘူး။ ၿခံဝန္းထဲမွာ သူတစ္ေယာက္ထဲ ထီးထီးႀကီးရပ္လို႔။

ဒီအေၾကာင္းကို ကိုဘတင့္ျပန္လာလို႔ မယ္ဆုံက ေျပာျပေတာ့ ပထမေတာ့ ယုံရခက္ခက္။

ေနာက္ေတာ့မွ မယ္ဆုံလည္ပင္းက လက္ရာႀကီးနဲ႔ သူတို႔ျဖစ္ခဲ့တဲ့ ေနရာက မီးကြၽမ္းထားသလိုျဖစ္ေနတဲ့ မိန္းမႀကီးရဲ႕ ဆံခ်ည္ေထြးေတြကို ေတြ႕ပါမွ ယုံမိရေတာ့တယ္။

ဒီေနာက္ပိုင္းမွာေတာ့ ကိုဘတင့္ဟာ မမယ္ဆုံကို စိတ္မခ်တာမို႔ မီးဖြားတဲ့အခ်ိန္အထိ အနားက လုံးဝမခြာဘဲ ေစာင့္ေရွာက္ေပးေနေတာ့တာ။
ဒီကေန တစ္ပါတ္ၾကာမွာေတာ့…။

* * * * * *

ညဆယ့္ႏွစ္နာရီအခ်ိန္။

” အူဝဲ…အူဝဲ….”

အခန္းထဲက ကေလးငိုသံႏွစ္ခုက အၿပိဳင္အဆိုင္ထြက္ေပၚေနတယ္။
ကိုဘတင့္ကေတာ့ အိမ္ေရွ႕ဆီမွာ ဂနာမၿငိမ္ ဟိုေလွ်ာက္၊ ဒီေလွ်ာက္ရင္း ရွိေနရာက…။

” အရီးေလး…ကေလးေတြကေတာ့ ေယာက္်ားေလးေမြးၿပီး အဆင္ေျပၿပီဆိုတာကို က်ဳပ္သိရၿပီ။ က်န္တဲ့ က်ဳပ္မိန္းမေကာ ဘယ္လိုေနေသးလဲဗ်…”

အထဲက တုန႔္ျပန္သံက ထြက္မလာ။ ႐ုတ္တရက္ ကေလးငိုသံေတြက တိတ္သြားတယ္။ အေျခအေနေၾကာင့္ ကိုဘတင့္စိတ္ထဲ ထင့္ခနဲပဲ။

” အရီးေလး…အရီးေလး…”

ကိုဘတင့္ ထပ္ေခၚၾကည့္ေပမယ့္ အသံက ထြက္မလာေတာ့ စိတ္ကထိန္းမရေတာ့ၿပီ။ ခ်က္ခ်င္း အေျပးတစ္ပိုင္းနဲ႔ အခန္းထဲဆီကို တိုးတိုက္ဝင္လိုက္ေတာ့…။

” ဟဲ့…ပလုတ္တုပ္…”

” ဟင္…”

အခန္းထဲက ျမင္ရတဲ့ ျမင္ကြင္းက ကိုဘတင့္ထင္သလိုမဟုတ္၊ လုံး၀ ဆန႔္က်င္ဘက္။

မယ္ဆုံက ကေလးႏွစ္ေယာက္ကို တစ္ဖက္တစ္ခ်က္ထားၿပီး ႏို႔တိုက္ဖို႔ႀကိဳးစားေနတာကို အရီးဖြားတုတ္က ကူညီေပးေနတာ။ ကိုဘတင့္ရဲ႕ မ်က္ႏွာ ၿပဳံးသြားရတယ္။

“ဘတင့္ရယ္ နင္ကလည္း အသံမေပး ဘာမေပးနဲ႔။ ငါေရာ မယ္ဆုံပါလန႔္သြားရတာပဲေအ…”

အရီးဖြားတုတ္က သူ႔ထုံးစံအတိုင္း ဗ်စ္စိဗ်စ္စိေျပာေတာ့ ကိုဘတင့္တို႔ မခ်ိသြားၿဖဲလုပ္မိရင္း…။

” က်ဳပ္က…အရီးကို ေခၚေနတာ။ အရီးက ဘာမွျပန္မေျပာလာေတာ့ က်ဳပ္စိတ္ပူၿပီး…အဟီး…”

” ကဲ…ကဲ…ခုမွေတာ့ ပူမေနနဲ႔ေတာ့။ မင့္ကေလးေတြေကာ မင့္မိန္းမပါ က်န္းမာတာမွ ေဒါင္ေဒါင္ျမည္လို႔…”

” ဒါျဖင့္…က်ဳပ္…ဟို…အျပင္ကို…”

ကိုဘတင့္က အထစ္ထစ္၊ အေငါ့ေငါ့ေျပာၿပီး အခန္းျပင္ကို ျပန္ထြက္ဖို႔ လုပ္ေနလိုက္တာ။

” အခုမွေတာ့ လုပ္မေနပါနဲ႔ေတာ့ေအ။ ေယာက္်ားသား မီးေနခန္းမဝင္ရဘူးဆိုေပမယ့္ မင့္က အထဲေတာင္ေရာက္ၿပီးေနမွပဲ။ ဘာမွမထူးေတာ့ဘူး သြား…ကိုယ့္ကေလးေတြနဲ႔ မိန္းမကို အားသြားေပးေခ်ဦး။ က်ဳပ္ အျပင္ဘက္ထြက္ၿပီး ေရေႏြးေလးဘာေလးေသာက္လိုက္ဦးမယ္…”

” အဟီး…”

ကိုဘတင့္ မ်က္ႏွာမထားတတ္ဘဲ စပ္တိစပ္ၿဖဲ ျဖစ္ေနရတယ္။ အရီးဖြားတုတ္ အခန္းျပင္ကို ထြက္သြားေတာ့ မယ္ဆုံတို႔သာအမိအနားကို အသာကပ္မိလိုက္ၿပီး…။

” မယ္…မယ္ဆုံ အဆင္ေျပရဲ႕လား။ ကေလးေတြေကာ ဘယ္လိုေနလဲ…”

မယ္ဆုံက ပင္ပန္း ႏြမ္းလွေနတဲ့ၾကားက ကိုဘတင့္ကို ၾကည့္လိုက္ၿပီးေနာက္ ႏႈတ္ခမ္းကို စူလိုက္ကာ…။

” က်ဳပ္ ဘယ္အဆင္ေျပမလဲေတာ္။ ႏွစ္ေယာက္ႀကီးေတာင္ ေမြးရတာ က်ဳပ္ျဖင့္ နာလိုက္တာမွ တအား…”

ကိုဘတင့္ မယ္ဆုံကို အားနာမိသလို၊ သနားမိသြားသလို ခံစားလိုက္ရၿပီး ႐ုတ္တရက္ဘာျပန္ေျပာရမယ္မသိဘူးျဖစ္သြားရတယ္။ ဒါေပမယ့္ ႏႈတ္ခမ္းစူေနတဲ့ မယ္ဆုံက ကေလးေတြကို ၾကည့္လိုက္ေတာ့ ခ်က္ခ်င္း ၿပဳံးသြားၿပီး…။

” က်ဳပ္ သားေတြကေတာ့ ဒီမယ္ၾကည့္ေလ။ ေျပလိုက္သမွ ေျပေျပေျပေတာင္ေနေသး။ ဒီမယ္ၾကည့္ အႀကီးေလးကဆို အိပ္ေတာင္ေပ်ာ္ေနၿပီ…”

ညာဘက္က အိပ္ေပ်ာ္ေနတဲ့ ကေလးကို မယ္ဆုံက အႀကီးေလးလို႔ ေျပာေတာ့ ဘယ္ဘက္က ကေလးက အငယ္ဆိုတာ အလိုလိုေနရင္း ကိုဘတင့္သိသြားရတယ္။

အႀကီးေလးက အိပ္သြားေပမယ့္ အငယ္ေလးကေတာ့ မ်က္လုံးကို ျပဴးေနေအာင္ဖြင့္ၿပီး သူ႔အေမႏို႔ကို သဲသဲမဲမဲစို႔ေနဆဲ။

” ေတာက္…ငါ့သားေတြမ်ား ေခ်ာလိုက္တာကြာ…”

သားႏွစ္ေယာက္ကို တစိမ့္စိမ့္စိုက္ၾကည့္ရင္း ကိုဘတင့္ ေရ႐ြတ္မိတာ။ ဒါကို မမယ္ဆုံက မ်က္ေစာင္းတစ္ခ်က္ အသာအယာ လွမ္းခဲလိုက္ၿပီးေတာ့…။

” ေခ်ာမွာေပါ့ေတာ္…က်ဳပ္သားေတြက သူေတာ္စင္ေတြေနတဲ့ ဟိမဝႏၲာက လာတာကိုးေတာ့…”

စကားအဆုံးမွာေတာ့ မယ္ဆုံေကာ ကိုဘတင့္ပါ ၿပိဳင္တူၿပဳံးမိလိုက္ေတာ့တယ္။
ၿပီး

စာေရးသူ-ေနာင္႐ိုး (ေဆးတပ္)