ဘွားမယ်စိန်နှင့်တမလွန်မှာပျော်မွေ့သူ(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့်တမလွန်မှာပျော်မွေ့သူ(စ/ဆုံး)
—————————————————–
“ကိုဘသာ……..တော့်ကိုဘသာ……”
“ဟေ…ဘာတုန်း မြင့်စိန်…..”
“တော့်သမီး ဘယ်သွားလဲ”
“ဟ…ကလေးပါဆိုနေ သွားကစားနေတာ နေမှာပေါ့ဟ”
“အောင်မယ်…အောင်မယ်….တော့်သမီးက ကလေးလား…
အပျိုတောင်ဖြစ်နေပြီဟာကိုကလေးစိတ်မကုန်ဘဲ…
ကလေးလိုဆော့နေ…ကစားနေတုန်း”
“အိုကွာ…ကလေးက ကလေးပါပဲ…
မင်းကဘာခိုင်းစရာရှိလို့ ငါ့သမီးမိသဲကိုရှာနေရတာလဲ”
“ကျုပ် ရွာလယ်ပိုင်းက မိထူးတို့ဆိုင်မှာ ငါးပိသွားဝယ်ခိုင်းမလို့
တော့်သမီးကို……”
“ဒါလေးများနေနေ…ငါပဲသွားပေးမယ်……..”
ကိုဘသာနှင့် မမြင့်စိန်တို့သည် သောင်ထွန်းရွာ၌နေထိုင်ကြ၏။
မိသဲမှာ သူတို့၏တဦးတည်းသောသမီးဖြစ်ပေသည်။
မိသဲသည်ဖခင်ဖြစ်သော ကိုဘသာ ၏သည်းသည်းလှုပ်အချစ်ခံရသူဆိုလည်းမမှားချေ။
ထိုသို့သမီးကိုသည်းသည်းလှုပ်ချစ်တတ်သော
ကိုဘသာကို မမြင့်စိန် သဘောမကျ။
ထိုသို့ဖြစ်ရခြင်းက…
မမြင့်စိန်မှာသမီးဖြစ်သူကို ဆူချင်သောအခါ….အလိုမကျ၍ရိုက်ချင်သောအခါများ၌ ကိုဘသာမှာအမြဲကာကွယ်တားဆီးတတ်သောကြောင့်ပင်။
“ဟဲ့…မိသဲ…ဒီနေ့အမေတို့နဲ့
လယ်တောကိုလိုက်ခဲ့ဘယ်မှမသွားနဲ့…
ကြားသလား………..”
“ဟုတ်ကဲ့အမေ……”
“နေကပူပူနဲ့ကွာ…ငါ့သမီးကိုဘာလို့ခေါ်ရတာတုန်း…….”
“အိုတော်…ရွာမှာတော့်သမီးကျန်နေခဲ့ရင်လည်း
ဗြောင်းဆန်အောင်ဆော့နေမှာပဲ…
လယ်တောခေါ်ခဲ့တော့ မျက်စိရှေ့စိတ်ချရသေးတာပေါ့…”
ဟု…မမြင့်စိန်ပြောလိုက်လေမှ ကိုဘသာ သဘောတွေ့သွားဟန်ဖြင့်…
“အေး…ဒါလည်းဟုတ်တာပဲ…ငါ့သမီးအဖေတို့နဲ့
လိုက်ခဲ့ကြားလား”
ထိုသို့ဖြင့် မိသဲတစ်ယောက် မိဘတွေနှင့်အတူ လယ်တောသို့လိုက်ပါသွားတော့သည်။
လယ်တောသို့ရောက်တော့ ကိုဘသာတို့လင်မယား
လယ်တောရှိအလုပ်များလုပ်နေကြချိန်…
မိသဲမှာတော့ အခြားလယ်တောမှပါလာသော
ကလေးများနှင့်အတူ ပြေးလွှားဆော့ကစားနေတော့သည်။
နေ့ခင်းပိုင်းထမင်းစားသောက်ကြပြီးသောအခါ
မိသဲမဗာကလေးတစုနှင့်ဆော့ကစားပြန်သည်။
မိသဲတို့ဆော့နေကြသည့်နေရာမှာ
လယ်တောနှင့်မလှမ်းမကမ်းရှိ
အလေ့ကျပေါက်သော မာလကာပင်၌ဖြစ်သည်။
မာလကာသီးများ ရှာဖွေဆွတ်ခူးကြရင်း
အပင်ပေါ်အတက်အဆင်းလုပ်နေကြ၏။
ထိုစဥြ…
“ဘုန်း…….”
“အား……..”
“မမမိသဲ အပင်ပေါ်ကပြုတ်ကျပြီ…….”
“ဟယ်…ဟိုမှာတော့်သမီး အပင်ပေါ်ကပြုတ်ကျပြီတော့်”
အသံများကြားလိုက်သော မမြင့်စိန်သည် မာလကာပင်ရှိရာသို့
ကြည့်ကာပြောလိုက်လေတော့ ကိုဘသာမှာမိသဲဆီသို့
အပြေးတပိုင်းသွားတော့၏။
“သမီး…ဘာဖြစ်သွားသေးလဲ…တော်ပါသေးကွာ…
အပင်နိမ့်လို့…အပင်သာမြင့်ရင်တော့ မတွေးဝံ့စရာပဲ…
သမီး ထလို့ရလား…ထ…ထ…သမီး…………”
ကိုဘသာတယောက်မိသဲကိုပြာပြာသလဲဖြင့်ထူလေသည်။
ထိုသို့ထူပြီးဖုန်များခါပေးလေတော့…
“ကျုပ်…ရွာထဲပြန်တော့မယ်…………”
ဟု…မိသဲကပြောလေရာ…
“နေပါဦးသမီးရဲ့…တော်နေဆို နေစောင်းတော့မှာ
အဖေတို့နဲ့မှအတူတူပြန်ကြတာပေါ့…”
“ကျုပ်ပြန်ချင်ပြီ…ပြန်တော့မယ်………”
ကိုဘသာ၏စကားကိုမိသဲနားမထောင်ခဲ့။
ပြောချင်ရာပြောပြီး ရွာဘက်ကိုထွက်သွားတော့၏။
“ဟဲ့..မိသဲ….ဒါကဘယ်လဲ…ကိုဘသာတော့်သမီး
ဘယ်သွားတာလဲ”
မမြင့်စိန် မိသဲကိုအော်ခေါ်ပါသော်လည်း မိသဲက ပြန်မဖြေ၍
ကိုဘသာကို မမြင့်စိန်မေးလေတော့သည်။
“နင့်သမီးရွာပြန်ချင်တယ်ဆိုပြီးပြန်သွားတာပဲ…
ထားလိုက်ပါ…တော်နေဆို
တို့တွေလည်းအလုပ်နားတော့မှာပဲဟာ”
ကိုဘသာစကားကြောင့် မမြင့်စိန်၏မျက်စောင်းသည်
ကိုဘသာထံကျရောက်လာခဲ့တော့၏။
အချိန်အတော်ကြာလေတော့ သောင်ထွန်းရွာထဲဆီမှ
မောင်တိုးတယောက် အပြေးတပိုင်းဖြင့် ကိုဘသာတို့ထံရောက်ချလာလေသည်။
“ကိုဘသာ…ကိုဘသာ………”
“ဟေ……..မောင်တိုး မင်းဘာလို့ပြေးလာရတာလဲ…
ရွာမှာဘာဖြစ်လို့လဲဟ”
“ရွာထဲက ကိုသောင်းညွှန့်အိမ်မှာ
ကိုဘသာသမီးသောင်းကျန်းနေလို့ဗျ…
သောင်းကျန်းနေလို့……..”
“ဟေ……….ငါ့သမီးက”
“ဟုတ်တယ်ဗျ..တော်တော်ထိန်းရခက်နေတာ…။
အဲ့တာကြောင့်…
ကိုဘသာတို့ကိုခေါ်ဖို့သူကြီးကျုပ်ကိုခိုင်းလိုက်တာ…….”
“ကဲ…မမြင့်စိန်ကြားတဲ့အတိုင်းပဲဟေ့……..”
“သွားကြစို့…တော့်သမီးကတော့
ကျုပ်ကိုတော်တော်ဒုက္ခပေးတဲ့ကောင်မပဲ……..”
ကိုဘသာတို့လင်မယား မောင်တိုးနဲ့ရွာထဲလိုက်လာခဲ့ကြသည်။ရွာရှေ့ပိုင်းရှိ ကိုသောင်းညွှန့်အိမ်သို့ရောက်တော့
လာကြည့်သူအတော်များနေသည်။
အိမ်အတွင်းမှ မိသဲ၏ငိုသံများ၊ရန်လုပ်သံကြီးများ
ကလည်းဆူညံလျက်…
“အီးးးးးးးးဟီးးးးးးးးဟီး…မသာကှီးးးးးးးးးး
ဂတိမတည်တဲ့လူကြီးးးးးးးးးး
အီးးးးဟီးးးးးးးးးဟီးးးးးးးးးးး”
မိသဲတယောက် ကိုသောင်းညွှန့်ကိုကြည့်၍ ပြောနေခြင်းပင်။
ကိုသောင်းညွှန့်ခမျာလည်း ခေါင်းကြီးတကုပ်ကုပ်ဖြင့်
မျက်နှာဟိုသည်လှည့်နေရ၏။
“မိသဲ…ညည်းဒါဘာဖြစ်နေတာလဲ…ခုထ……..”
မမြင့်စိန်မှာသမီးကြောင့်ရှက်၍ ဆွဲကာခေါ်တော့သည်။
မိသဲကလည်းရုန်း၏။
“လွှတ်…ကျုပ်ကိုလွှတ်…ဒီမသာနဲ့ကျုပ်ရှင်းရဦးမယ်….
လွှတ်…..”
မိသဲမှာ ကိုသောင်းညွှန့်၏ပုဆိုးကိုဆွဲ၍ မမြင့်စိန်ကိုရုန်း၏။
“ဟဲ့….ဟဲ့………..”
ကိုသောင်းညွှန့်မှာလည်း ပုဆိုးကျွတ်ကျမည်ဆိုး၍
သူ၏ပုဆိုးကိုပြန်ဆွဲထားရ၏။
“မိသဲ…မိသဲ………….”
မမြင့်စိန်အော်လေသည်။
“နေပါဦးကွာ…..ငါပြောပါ့မယ်…….”
ကိုဘသာဝင်တားသည်။
သမီးဖြစ်သူ မိသဲကိုကြည့်၍…
“သမီး…ဘာဖြစ်တာလဲအဖေ့ကိုပြော….
ဒီကောင်သောင်းညွှန့်ငါ့သမီးကိုဘာလုပ်ထားလို့
ငါ့သမီးအခုလိုဖြစ်နေရတာလဲ”
“ဟာဗျာ..ကိုဘသာကလည်း…
ကျုပ်ကခင်ဗျားသမီးကိုဘာလုပ်ရမှာလဲဗျာ….”
ကိုသောင်းညွှန့်မှာ ပြာပြာသလဲပြောလေသည်။
ကိုဘသာ၏လက်များကို မိသဲရုန်းကန်လွှတ်ပြီး…
“ကျုပ်ကတော့်သမီးမဟုတ်ဘူး…
ကျုပ်ကိုမထိနဲ့လွှတ်…လွှတ်………”
ဟု…အော်ပြန်သည်။
ထိုအခါ မမြင့်စိန်မှာ…
“ကိုဘသာ…တော့်သမီးအစောကအပင်ပေါ်ကပြုတ်ကျတာ
ခေါင်းများထိသွားသလားတော်….”
“မထိပါဘူးဟ…ငါသေချာကြည့်ပါတယ် မမြင့်စိန်ရာ…”
ကိုဘသာနဲ့မမြင့်စိန်တို့မှာလည်း
မိသဲကိုမည်သို့မှနားချ၍မရကြ။
မိသဲမှာလည်း ကိုသောင်းညွှန့်ကိုကြည့်၍ ငိုယိုဆဲဆိုနေပြန်သည်။
ထိုအဖြစ်ကြောင့် ကိုသောင်းညွှန့်နှင့်မိသဲတို့အား
လာရောက်ကြည့်သူများက ယုန်ထင်ကြောင်ထင်ဖြင့်
ထင်ကုန်ကြလေသည်။
ထိုအထဲရှိရွာသူကြီးဦးနောင်ချိုမှာ…
“သောင်းညွှန့်…မင်း…မှန်…မှန် ဖြေစမ်း…
မိသဲကိုမင်းဘာအမှားလုပ်မိထားသေးလဲ…ပြောစမ်းဟကောင်”
ဟု…မေးမြန်းလေသောအခါ ကိုသောင်းညွှန့်မှာ
တကျူကျူငို၍…
“ကျုပ်ဘာမှမလုပ်ပါဘူးဗျာ…ဒီကလေးမ
ဘာလို့ကျုပ်ကိုအခုလို လုပ်နေတယ်ဆိုတာ
ကျုပ်တကယ်မသိပါဘူးသူကြီးရယ်….”
ဟု…ပြောရှာသည်။
“တောက်…ငါ့နှယ်ကွာ…မိသဲလည်းမေးမရ…
ဒီအကောင့်လည်းမေးမရနဲ့…ငါကဘာဆက်လုပ်ရမှာတုန်း”
သူကြီးဦးနောင်ချိုစိတ်တိုနေလေပြီ။
“သူကြီးဘာမှလုပ်စရာမလိုပါဘူးကွယ်…
ဘွားပဲဆက်လုပ်ပေးပါ့မယ်….”
ဘွားမယ်စိန်ရောက်လာချေပြီ။
“ဟာ…ဘွား………ဘွားရောက်လာတာပဲဗျ….”
“ကျုပ်သွားခေါ်ခဲ့တာသူကြီး”
“မင်းဒါကြောင့်ပျောက်နေတာကိုး”
မောင်အုန်းမှာ ဘွားမယ်စိန်နှင့်အတူရောက်လာခဲ့သည်။
ဘွားမယ်စိန်မှာရွာသူရွာသားများကိုတလှည့် မိသဲကိုတလှည့်ကြည့်ပြီး…
“လူတွေအတော်များနေတာပဲ…ကဲ…မောင်နောင်ချိုရေ
လူလေးရှင်းအောင်လုပ်ပါဦး”
“ဟုတ်ကဲ့ဘွား…….”
“နေ…နေ…နေပါဦးဗျာ….သူကြီး ကျုပ်ကအရှက်ကွဲထားရတဲ့ကောင်ဗျ…ဒီကလေးမဘာဖြစ်တယ်ဆိုတာသူတို့မသိရင်ကျုပ်ကို ယုန်ထင်ကြောင်ထင် ထင်နေကြဦးမှာပဲ…
ဒီတော့ဘွားရယ်…ဒီလူတွေရဲ့အရှေ့မှာပဲ
ကျုပ်ကိုဖြေရှင်းပေးပါဗျာ……….”
ကိုသောင်းညွှန့်မှာပြာပြာသလဲပြောလေမှ
ဘွားမယ်စိန်သည်ခေါင်းညိတ်လိုက်ပြီး…
“ကောင်းပြီလေ…မောင်ရင်ကဒီလိုဆိုမှတော့လည်း
ဘွားဘက်က လက်ခံရမှာပေါ့…
မောင်နောင်ချိုရေ…နေပါစေတော့ အားလုံးရှိနေပါစေ”
“ဟုတ်ကဲ့ဘွား……”
ဘွားမယ်စိန်သည် မိသဲနှင့်မပြောသေးပေ။
အစောပိုင်း၌ ကိုသောင်းညွှန့်ကိုဆဲလိုက်ငိုလိုက်လုပ်နေသော
မိသဲတယောက် ယခုငြိမ်ချက်သားကောင်းနေ၏။
ဘွားမယ်စိန်ကိုကျောပေးထားပြီးလူသည်
တုပ်တုပ်မျှပင်မလှုပ်ရှား။
ဘွားမယ်စိန်မှာတော့မိသဲ၏ရှေ့သို့တလှမ်းခြင်းလျောက်လှမ်းလာခဲ့တော့၏။
ထိုအခါ မိသဲတယောက်လှုပ်ရှားလာသည်။
လှုပ်ရှားလာရခြင်းမှာ မိသဲ၏ ခန္ဓာကိုယ်မှာတုန်ရီနေပြီး
ခေါင်းကိုအောက်သို့ငုံ့သွားခြင်းပင်။
ဘွားမယ်စိန်မှာလည်း မိသဲကိုစိုက်ကြည့်ပြီး…
“ညည်းဘယ်သူလဲပြော………”
ဟု…လေသံမာမာဖြင့်မေးလေသောအခါ မိသဲတယောက်…
“ကျုပ်…ကျုပ်ပါ……”
“ကျုပ်ဆိုတာ ဘယ်သူတုန်း……”
ကိုသောင်းညွှန့် ကိုမိသဲတချက်စိုက်ကြည့်သည်။
ကိုသောင်းညွှန့်မှာမိသဲအကြည့်ကြောင့်
တတွေးတချက်မြိုချနေရသည်။
“ကျုပ်က…ကျုပ်က သန်းလှပါ………”
“ဟာ……”
“ဟင်….”
“အို……”
ကိုသောင်းညွှန့်တင်မက သူကြီးတို့လူစုထံမှအံ့သြသံများ
ထွက်ပေါ်လာခဲ့သည်။
“နင်…နင်က သန်းလှ…ဟုတ်လား”
“ဟုတ်တယ်မသာကြီး…ငါနင့်မယားသန်းလှ…..
အီးးးဟီးးးးးဟီးးးးဟီးးးးအယုတ်တမာကောင်……..”
မိသဲ… ကိုသောင်းညွှန့်ကိုပြောရင်းငိုပြန်သည်။
သန်းလှဆိုသည်မှာ အခြားသူမဟုတ်ဘဲ
ကိုသောင်းညွှန့်၏မိန်းမပင်ဖြစ်၏။
အမှန်မှာ သန်းလှနှင့်ကိုသောင်းညွှန့်တို့လက်ထပ်ပြီးတစ်နှစ်မျှကြာလေတော့ သန်းလှမှာလယ်တော၌ ပိုးထိ၍ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယခုတော့ မိသဲမှာ မိသဲဟုတ်မနေခဲ့ဘဲ သန်းလှဆို၍
အားလုံးအံ့သြကုန်ကြသည်။
သန်းလှဆုံးသွားသည်မှာလည်း ငါးနှစ်မျှကြာချေပြီဖြစ်သည်။
“သန်းလှ…ညည်းကဘယ်လိုကြောင့်
မိသဲဆီမှာပူးကပ်နေရတာလဲ…”
ဘွားမယ်စိန်မေးလေသောအခါ …
“ကျုပ်…ကျုပ်မကျွတ်လွတ်ဘဲရွာပြင်မှာနေနေတာ
အတော်ကြာပါပြီ…ကျုပ်လင်လယ်တောဆင်းရင်
လိုက်ကြည့်လိုက်…သူပြန်ရင်ကျန်ခဲ့လိုက်နဲ့
ကျုပ်ဒီဘဝမှာနေပျော်နေခဲ့တာ…
အခုတော့ ဒင်းကတဖက်ရွာကမိန်းမနဲ့လက်ထပ်ဖို့ကြံနေတယ်ဘွားရဲ့…အီးးးးဟီးးးးးးးးဟီးးးးးးးးးးးး”
“ဟာ…မင်းဘာတွေပြောနေတာလဲသန်းလှရယ်…”
ကိုသောင်းညွှန့်မှာ မိသဲကိုယ်ထဲဝင်ပူးနေသော ဇနီးသည်
သန်းလှကိုပြော၏။
“ဘာပြောရမှာလဲ…တနေ့က…တော်ရွာပြင်ကထန်းတောမှာ
ငသိန်းနဲ့ထန်းရည်သောက်ရင်းပြောနေတာလေ…
ကျုပ်သိတာပေါ့”
“အာ…အဲ့တာ အဲ့ကောင်ကစနေတာပါ…
ငါ့မှာမင်းမရှိတဲ့နောက် ဘယ်မိန်းမ မှ
မင်းလောက်မချစ်မိတော့ဘဲ…
တယောက်ထဲနေနေတာပါကွာ….သန်းလှရယ်….”
ကိုသောင်းညွှန့်ကြီးငိုယို၍ပြောလေပြီ။
သန်းလှမှာလည်းကိုသောင်းညွှန့်စကားကြောင့် ကျေနပ်သွားဟန်ပင်။
သူတို့ကိုကြည့်နေသော ဘွားမယ်စိန်မှာ…
“မိသန်းလှ…ညည်းမှာလည်းလင်ကိုစိတ်မချတာနဲ့
ကိုယ့်ဘဝကိုယ်ပျော်နေရတယ်လို့အေ…
ညည်းဒီဘဝကြီးမှာဆက်မနေဘဲ ကျွတ်လွတ်ဖို့ကြိုးစားသင့်တယ်အေ့”
ဟု…ပြောလေသောအခါ သန်းလှခေါင်းငုံ့သွားသည်။
ကိုသောင်းညွှန့်မှလည်း…
“ဟုတ်တယ်သန်းလှရယ်…မင်းကိုဒီဘဝကြီးနဲ့
ငါတကယ်မကြည့်ရက်ဘူး…ငါမင်းအတွက်ရည်စူးပြီး
ကုသိုလ်ပြုပေးပါ့မယ်ကွာ…မင်းသာဓုခေါ်ပေးပါသန်းလှရယ်”
“ဘာလဲ တော်ကနောက်မယားယူချင်လို့လား….”
“အာ….မဟုတ်တာကွာ…ဒီမှာဘွားလည်းရှိတယ်…
သူကြီးလည်းရှိပါတယ်ကွာ…ငါတကယ်ပြောတာပါသန်းလှရယ်…ငါ့မှာမင်းအပြင်အခြားသူကိုယူဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးကွာ……..”
ကိုသောင်းညွှန့်ပြောလိုက်သောစကားကြောင့်
သန်းလှမှာပြုံး၍ခေါင်းညိတ်တော့သည်။
“ဒါဆိုရင်ကျုပ်လက်ခံပါတယ်…တော်ပေးတဲ့ကုသိုလ်ကို
ကျုပ်သာဓုခေါ်ပေးပါ့မယ်……….”
“ဝမ်းသာလိုက်တာကွာ….”
ဟုပြောရင်းသန်းလှကို ကိုသောင်းညွှန့်ဖတ်ဖို့ပြင်လေတော့
ကိုဘသာမှာ အလန့်တကြားဖြင့်…
“ဟကောင်… ဒါမင်းမယားကိုယ်မဟုတ်ဘူး…
ဒါငါ့သမီး..မင်းထိဖို့မကြိုးစားနဲ့…”
ဟုအော်လိုက်သောအခါ ကိုသောင်းညွှန့်မှာရှက်ရွံ့သွားပြီး
“အင်း….ကျုပ်…ကျုပ်သိပါတယ်ဗျာ….”
အခြေအနေအရပ်ရပ်ကိုအားလုံးနားလည်သွားကြသောအချိန်၌…
“ကဲ…ဒီလိုဆိုရင်…ညည်းလည်းဒီကလေးမကိုယ်ထဲက
ထွက်သွားပေတော့သန်းလှ…
ညည်းအတွက်ရည်စူးပြီးကုသိုလ်ပြုအမျှအတန်းဝေရင်သာ
ညည်းသာဓုခေါ်တော့အေ…..”
“ဟုတ်ကဲ့ပါဘွား…ကျုပ်သွားပါတော့မယ်…
ကိုသောင်းညွှန့်ကျုပ်သွားပြီနော်………..”
သန်းလှမှာသူ့ယောကျ်ားကိုသောင်းညွှန့်ကိုနှုတ်ဆက်ပြီး
မိသဲကိုယ်မှထွက်ခွာသွားတော့သည်။
သန်းလှထွက်သွားသည်နှင့်မိသဲမှာ လဲကျသွားတော့၏။
“ဘွား…ကျုပ်သမီးကိုကယ်ပါဦးဗျာ…လုပ်ပါဦးဗျာ…”
ကိုဘသာမှာသမီးဖြစ်သူအတွက်စိုးရိမ်ပြီး
ဘွားမယ်စိန်ကိုပြောလေသည်။
“ကဲ…ရော့…ရော့…ဒီပရိတ်ရေလေးတိုက်လိုက်မောင်ဘသာ…”
“ဟုတ်ကဲ့…ဟုတ်ကဲ့”
ဘွားမယ်စိန်ပေးသောပရိတ်ရေများကို
မိသဲပါးစပ်အတွင်းသို့လောင်းထည့်ပေးသည်။
ခဏမျှကြာတော့မိသဲသတိရလာ၏။
ဘွားမယ်စိန်ကတော့ ကိုသောင်းညွှန့်လာချပေးသော
ကုလားထိုင်၌ထိုင်နေခဲ့တော့သည်။
“သမီး…အမလေးတော်ပါသေးရဲ့သမီးရယ်…”
မမြင့်စိန်သမီးဖြစ်သူနိုးလာလေမှ ဝမ်းသာတကြီးပြောတော့သည်။
မိသဲမှာတော့ ပြူးကြောင်ကြောင်ဖြင့်ဘေးကိုကြည့်လိုက်
မိဘတွေကိုကြည့်လိုက်ဖြင့်…
“အဖေ…ကျုပ်ဘယ်ရောက်နေတာလဲ”
“ဟေ…ဒါရွာကသောင်းညွှန့်အိမ်မှာလေသမီးရဲ့”
“ဟင်….ကျုပ်မာလကာပင်ပေါ်ကပြုတ်ကျတာ…
ဒီကိုဘာလို့ခေါ်လာတာလဲ…ကိုကြီးသောင်းညွှန့်ကဆေးဆရာမှမဟုတ်တာအဖေရယ်….”
ဟု…မိသဲပြောလေသည်။
“ကဲ…မောင်ဘသာရေ…မောင်ရင့်သမီးကိုအိမ်ခေါ်သွားပြီး
နားခိုင်းလိုက်တော့ သူလည်းအတော်ပင်ပန်းထားရှာမှာပဲ”
“ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့ပြန်ပါဦးမယ်……”
ကိုဘသာတို့ ပြန်သွားကြတော့သည်။
ဘွားမယ်စိန်နှင်သူကြီးဦးနောင်ချို၊မောင်တိုး၊မောင်အုန်းတို့သာ
ကိုသောင်းညွှန့်အိမ်၌ကျန်ရစ်ခဲ့ကြသည်။
“မောင်သောင်းညွှန့်…မောင်ရင့်မိန်းမအတွက် ကုသိုလ်ရေးလေးလုပ်ဖို့ပြင်နော်…ဒါမှမောင်ရင့်မိန်းမဒီထက်ဘဝမဆိုးမှာကွဲ့”
“ဟုတ်ကဲ့ဘွား…ကျုပ်သူ့အတွက်သေချာ
အလှူလေးလုပ်ပေးမှာပါ”
“အေးကွယ်…မိသန်းလှကသိပ်လည်တဲ့မိန်းမ…
ဘသာ သမီးကမာလကာပင်ပေါ်ကပြုတ်ကျတာနဲ့
တန်းဝင်ပြီးမောင်ရင့်ဆီရောက်လာတာပဲကြည့်…
ကိုယ့်ကြောင့်ကျန်သူတွေဒုက္ခရောက်တာမကောင်းဘူးကွဲ့…
ဒီထက်မဆိုးစေနဲ့”
“ဟုတ်ကဲ့ဘွား…”
ကိုသောင်းညွှန့်မှာသန်းလှအတွက်ကူသိုလ်မပြုလုပ်ပေးခင်
တပတ်လောက်ထိ ရွာပြင်ရှိလယ်တောအိမ်၌သာနေ၏။
သန်းလှအတွက်လည်း သေချာအလှူလုပ်ပေးဖို့ပြင်ရှာသည်။
ထိုသို့အားလုံးစီစဉ်ပေးပြီး…သန်းလှအတွက်နောက်ဆုံးအမျှဝေပေးချိန်၌ ကိုသောင်းညွှန့်ကြီး မျက်ရည်များပိုးပိုးပေါက်ပေါက်ကျဆင်းပြီး ….
“သန်းလှရေ…မိန်းမရဲ့…အမျှ…အမျှ…အမျှ………..”
ဟုအမျှအတန်းပေးလေသည်။
ရွာသူ၊ရွာသားတို့မှာ
ကိုသောင်းညွှန့်အတွက်စိတ်မကောင်းဖြစ်ကြရသလို…
သရဲဘဝရောက်နေသော
သန်းလှအတွက်လည်းစိတ်မကောင်းကြပေ။
ကိုသောင်းညွှန့်နှင့်သန်းလှတို့လင်မယား၏သနားဖွယ်အဖြစ်အပျက်အပြီး သန်းလှတယောက်ပျောက်ကွယ်သွားတော့သည်။
ကိုသောင်းညွှန့်ကတော့…
“ကျုပ်မိန်းမ…ကောင်းရာဘုံဘဝရောက်သွားပြီဗျ…..”
ဟု…စကားစပ်မိသူတိုင်းကိုပြောရှာ၏။
ကိုသောင်းညွှန့်ပြောတာကိုလည်းအားလုံးကထောက်ခံပေးကြသည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္ႏွင့္တမလြန္မွာေပ်ာ္ေမြ႕သူ(စ/ဆံုး)
—————————————————–
“ကိုဘသာ……..ေတာ့္ကိုဘသာ……”
“ေဟ…ဘာတုန္း ျမင့္စိန္…..”
“ေတာ့္သမီး ဘယ္သြားလဲ”
“ဟ…ကေလးပါဆိုေန သြားကစားေနတာ ေနမွာေပါ့ဟ”
“ေအာင္မယ္…ေအာင္မယ္….ေတာ့္သမီးက ကေလးလား…
အပ်ိဳေတာင္ျဖစ္ေနၿပီဟာကိုကေလးစိတ္မကုန္ဘဲ…
ကေလးလိုေဆာ့ေန…ကစားေနတုန္း”
“အိုကြာ…ကေလးက ကေလးပါပဲ…
မင္းကဘာခိုင္းစရာရွိလို႔ ငါ့သမီးမိသဲကိုရွာေနရတာလဲ”
“က်ဳပ္ ႐ြာလယ္ပိုင္းက မိထူးတို႔ဆိုင္မွာ ငါးပိသြားဝယ္ခိုင္းမလို႔
ေတာ့္သမီးကို……”
“ဒါေလးမ်ားေနေန…ငါပဲသြားေပးမယ္……..”
ကိုဘသာႏွင့္ မျမင့္စိန္တို႔သည္ ေသာင္ထြန္း႐ြာ၌ေနထိုင္ၾက၏။
မိသဲမွာ သူတို႔၏တဦးတည္းေသာသမီးျဖစ္ေပသည္။
မိသဲသည္ဖခင္ျဖစ္ေသာ ကိုဘသာ ၏သည္းသည္းလႈပ္အခ်စ္ခံရသူဆိုလည္းမမွားေခ်။
ထိုသို႔သမီးကိုသည္းသည္းလႈပ္ခ်စ္တတ္ေသာ
ကိုဘသာကို မျမင့္စိန္ သေဘာမက်။
ထိုသို႔ျဖစ္ရ​ျခင္းက…
မျမင့္စိန္မွာသမီးျဖစ္သူကို ဆူခ်င္ေသာအခါ….အလိုမက်၍႐ိုက္ခ်င္ေသာအခါမ်ား၌ ကိုဘသာမွာအၿမဲကာကြယ္တားဆီးတတ္ေသာေၾကာင့္ပင္။
“ဟဲ့…မိသဲ…ဒီေန႔အေမတို႔နဲ႔
လယ္ေတာကိုလိုက္ခဲ့ဘယ္မွမသြားနဲ႔…
ၾကားသလား………..”
“ဟုတ္ကဲ့အေမ……”
“ေနကပူပူနဲ႔ကြာ…ငါ့သမီးကိုဘာလို႔ေခၚရတာတုန္း…….”
“အိုေတာ္…႐ြာမွာေတာ့္သမီးက်န္ေနခဲ့ရင္လည္း
ေျဗာင္းဆန္ေအာင္ေဆာ့ေနမွာပဲ…
လယ္ေတာေခၚခဲ့ေတာ့ မ်က္စိေရွ႕စိတ္ခ်ရေသးတာေပါ့…”
ဟု…မျမင့္စိန္ေျပာလိုက္ေလမွ ကိုဘသာ သေဘာေတြ႕သြားဟန္ျဖင့္…
“ေအး…ဒါလည္းဟုတ္တာပဲ…ငါ့သမီးအေဖတို႔နဲ႔
လိုက္ခဲ့ၾကားလား”
ထိုသို႔ျဖင့္ မိသဲတစ္ေယာက္ မိဘေတြႏွင့္အတူ လယ္ေတာသို႔လိုက္ပါသြားေတာ့သည္။
လယ္ေတာသို႔ေရာက္ေတာ့ ကိုဘသာတို႔လင္မယား
လယ္ေတာရွိအလုပ္မ်ားလုပ္ေနၾကခ်ိန္…
မိသဲမွာေတာ့ အျခားလယ္ေတာမွပါလာေသာ
ကေလးမ်ားႏွင့္အတူ ေျပးလႊားေဆာ့ကစားေနေတာ့သည္။
ေန႔ခင္းပိုင္းထမင္းစားေသာက္ၾကၿပီးေသာအခါ
မိသဲမဗာကေလးတစုႏွင့္ေဆာ့ကစားျပန္သည္။
မိသဲတို႔ေဆာ့ေနၾကသည့္ေနရာမွာ
လယ္ေတာႏွင့္မလွမ္းမကမ္းရွိ
အေလ့က်ေပါက္ေသာ မာလကာပင္၌ျဖစ္သည္။
မာလကာသီးမ်ား ရွာေဖြဆြတ္ခူးၾကရင္း
အပင္ေပၚအတက္အဆင္းလုပ္ေနၾက၏။
ထိုစဥျ…
“ဘုန္း…….”
“အား……..”
“မမမိသဲ အပင္ေပၚကျပဳတ္က်ၿပီ…….”
“ဟယ္…ဟိုမွာေတာ့္သမီး အပင္ေပၚကျပဳတ္က်ၿပီေတာ့္”
အသံမ်ားၾကားလိုက္ေသာ မျမင့္စိန္သည္ မာလကာပင္ရွိရာသို႔
ၾကည့္ကာေျပာလိုက္ေလေတာ့ ကိုဘသာမွာမိသဲဆီသို႔
အေျပးတပိုင္းသြားေတာ့၏။
“သမီး…ဘာျဖစ္သြားေသးလဲ…ေတာ္ပါေသးကြာ…
အပင္နိမ့္လို႔…အပင္သာျမင့္ရင္ေတာ့ မေတြးဝံ့စရာပဲ…
သမီး ထလို႔ရလား…ထ…ထ…သမီး…………”
ကိုဘသာတေယာက္မိသဲကိုျပာျပာသလဲျဖင့္ထူေလသည္။
ထိုသို႔ထူၿပီးဖုန္မ်ားခါေပးေလေတာ့…
“က်ဳပ္…႐ြာထဲျပန္ေတာ့မယ္…………”
ဟု…မိသဲကေျပာေလရာ…
“ေနပါဦးသမီးရဲ႕…ေတာ္ေနဆို ေနေစာင္းေတာ့မွာ
အေဖတို႔နဲ႔မွအတူတူျပန္ၾကတာေပါ့…”
“က်ဳပ္ျပန္ခ်င္ၿပီ…ျပန္ေတာ့မယ္………”
ကိုဘသာ၏စကားကိုမိသဲနားမေထာင္ခဲ့။
ေျပာခ်င္ရာေျပာၿပီး ႐ြာဘက္ကိုထြက္သြားေတာ့၏။
“ဟဲ့..မိသဲ….ဒါကဘယ္လဲ…ကိုဘသာေတာ့္သမီး
ဘယ္သြားတာလဲ”
မျမင့္စိန္ မိသဲကိုေအာ္ေခၚပါေသာ္လည္း မိသဲက ျပန္မေျဖ၍
ကိုဘသာကို မျမင့္စိန္ေမးေလေတာ့သည္။
“နင့္သမီး႐ြာျပန္ခ်င္တယ္ဆိုၿပီးျပန္သြားတာပဲ…
ထားလိုက္ပါ…ေတာ္ေနဆို
တို႔ေတြလည္းအလုပ္နားေတာ့မွာပဲဟာ”
ကိုဘသာစကားေၾကာင့္ မျမင့္စိန္၏မ်က္ေစာင္းသည္
ကိုဘသာထံက်ေရာက္လာခဲ့ေတာ့၏။
အခ်ိန္အေတာ္ၾကာေလေတာ့ ေသာင္ထြန္း႐ြာထဲဆီမွ
ေမာင္တိုးတေယာက္ အေျပးတပိုင္းျဖင့္ ကိုဘသာတို႔ထံေရာက္ခ်လာေလသည္။
“ကိုဘသာ…ကိုဘသာ………”
“ေဟ……..ေမာင္တိုး မင္းဘာလို႔ေျပးလာရတာလဲ…
႐ြာမွာဘာျဖစ္လို႔လဲဟ”
“႐ြာထဲက ကိုေသာင္းၫႊန္႔အိမ္မွာ
ကိုဘသာသမီးေသာင္းက်န္းေနလို႔ဗ်…
ေသာင္းက်န္းေနလို႔……..”
“ေဟ……….ငါ့သမီးက”
“ဟုတ္တယ္ဗ်..ေတာ္ေတာ္ထိန္းရခက္ေနတာ…။
အဲ့တာေၾကာင့္…
ကိုဘသာတို႔ကိုေခၚဖို႔သူႀကီးက်ဳပ္ကိုခိုင္းလိုက္တာ…….”
“ကဲ…မျမင့္စိန္ၾကားတဲ့အတိုင္းပဲေဟ့……..”
“သြားၾကစို႔…ေတာ့္သမီးကေတာ့
က်ဳပ္ကိုေတာ္ေတာ္ဒုကၡေပးတဲ့ေကာင္မပဲ……..”
ကိုဘသာတို႔လင္မယား ေမာင္တိုးနဲ႔႐ြာထဲလိုက္လာခဲ့ၾကသည္။႐ြာေရွ႕ပိုင္းရွိ ကိုေသာင္းၫႊန္႔အိမ္သို႔ေရာက္ေတာ့
လာၾကည့္သူအေတာ္မ်ားေနသည္။
အိမ္အတြင္းမွ မိသဲ၏ငိုသံမ်ား၊ရန္လုပ္သံႀကီးမ်ား
ကလည္းဆူညံလ်က္…
“အီးးးးးးးးဟီးးးးးးးးဟီး…မသာကွီးးးးးးးးးး
ဂတိမတည္တဲ့လူႀကီးးးးးးးးးး
အီးးးးဟီးးးးးးးးးဟီးးးးးးးးးးး”
မိသဲတေယာက္ ကိုေသာင္းၫႊန္႔ကိုၾကည့္၍ ေျပာေနျခင္းပင္။
ကိုေသာင္းၫႊန္႔ခမ်ာလည္း ေခါင္းႀကီးတကုပ္ကုပ္ျဖင့္
မ်က္ႏွာဟိုသည္လွည့္ေနရ၏။
“မိသဲ…ညည္းဒါဘာျဖစ္ေနတာလဲ…ခုထ……..”
မျမင့္စိန္မွာသမီးေၾကာင့္ရွက္၍ ဆြဲကာေခၚေတာ့သည္။
မိသဲကလည္း႐ုန္း၏။
“လႊတ္…က်ဳပ္ကိုလႊတ္…ဒီမသာနဲ႔က်ဳပ္ရွင္းရဦးမယ္….
လႊတ္…..”
မိသဲမွာ ကိုေသာင္းၫႊန္႔၏ပုဆိုးကိုဆြဲ၍ မျမင့္စိန္ကို႐ုန္း၏။
“ဟဲ့….ဟဲ့………..”
ကိုေသာင္းၫႊန္႔မွာလည္း ပုဆိုးကြၽတ္က်မည္ဆိုး၍
သူ၏ပုဆိုးကိုျပန္ဆြဲထားရ၏။
“မိသဲ…မိသဲ………….”
မျမင့္စိန္ေအာ္ေလသည္။
“ေနပါဦးကြာ…..ငါေျပာပါ့မယ္…….”
ကိုဘသာဝင္တားသည္။
သမီးျဖစ္သူ မိသဲကိုၾကည့္၍…
“သမီး…ဘာျဖစ္တာလဲအေဖ့ကိုေျပာ….
ဒီေကာင္ေသာင္းၫႊန္႔ငါ့သမီးကိုဘာလုပ္ထားလို႔
ငါ့သမီးအခုလိုျဖစ္ေနရတာလဲ”
“ဟာဗ်ာ..ကိုဘသာကလည္း…
က်ဳပ္ကခင္ဗ်ားသမီးကိုဘာလုပ္ရမွာလဲဗ်ာ….”
ကိုေသာင္းၫႊန္႔မွာ ျပာျပာသလဲေျပာေလသည္။
ကိုဘသာ၏လက္မ်ားကို မိသဲ႐ုန္းကန္လႊတ္ၿပီး…
“က်ဳပ္ကေတာ့္သမီးမဟုတ္ဘူး…
က်ဳပ္ကိုမထိနဲ႔လႊတ္…လႊတ္………”
ဟု…ေအာ္ျပန္သည္။
ထိုအခါ မျမင့္စိန္မွာ…
“ကိုဘသာ…ေတာ့္သမီးအေစာကအပင္ေပၚကျပဳတ္က်တာ
ေခါင္းမ်ားထိသြားသလားေတာ္….”
“မထိပါဘူးဟ…ငါေသခ်ာၾကည့္ပါတယ္ မျမင့္စ္ိန္ရာ…”
ကိုဘသာနဲ႔မျမင့္စိန္တို႔မွာလည္း
မိသဲကိုမည္သို႔မွနားခ်၍မရၾက။
မိသဲမွာလည္း ကိုေသာင္းၫႊန္႔ကိုၾကည့္၍ ငိုယိုဆဲဆိုေနျပန္သည္။
ထိုအျဖစ္ေၾကာင့္ ကိုေသာင္းၫႊန္႔ႏွင့္မိသဲတို႔အား
လာေရာက္ၾကည့္သူမ်ားက ယုန္ထင္​ေၾကာင္ထင္ျဖင့္
ထင္ကုန္ၾကေလသည္။
ထိုအထဲရွိ႐ြာသူႀကီးဦးေနာင္ခ်ိဳမွာ…
“ေသာင္းၫႊန္႔…မင္း…မွန္…မွန္ ေျဖစမ္း…
မိသဲကိုမင္းဘာအမွားလုပ္မိထားေသးလဲ…ေျပာစမ္းဟေကာင္”
ဟု…ေမးျမန္းေလေသာအခါ ကိုေသာင္းၫႊန္႔မွာ
တက်ဴက်ဴငို၍…
“က်ဳပ္ဘာမွမလုပ္ပါဘူးဗ်ာ…ဒီကေလးမ
ဘာလို႔က်ဳပ္ကိုအခုလို လုပ္ေနတယ္ဆိုတာ
က်ဳပ္တကယ္မသိပါဘူးသူႀကီးရယ္….”
ဟု…ေျပာရွာသည္။
“ေတာက္…ငါ့ႏွယ္ကြာ…မိသဲလည္းေမးမရ…
ဒီအေကာင့္လည္းေမးမရနဲ႔…ငါကဘာဆက္လုပ္ရမွာတုန္း”
သူႀကီးဦးေနာင္ခ်ိဳစိတ္တိုေနေလၿပီ။
“သူႀကီးဘာမွလုပ္စရာမလိုပါဘူးကြယ္…
ဘြားပဲဆက္လုပ္ေပးပါ့မယ္….”
ဘြားမယ္စိန္ေရာက္လာေခ်ၿပီ။
“ဟာ…ဘြား………ဘြားေရာက္လာတာပဲဗ်….”
“က်ဳပ္သြားေခၚခဲ့တာသူႀကီး”
“မင္းဒါေၾကာင့္ေပ်ာက္ေနတာကိုး”
ေမာင္အုန္းမွာ ဘြားမယ္စိန္ႏွင့္အတူေရာက္လာခဲ့သည္။
ဘြားမယ္စိန္မွာ႐ြာသူ႐ြာသားမ်ားကိုတလွည့္ မိသဲကိုတလွည့္ၾကည့္ၿပီး…
“လူေတြအေတာ္မ်ားေနတာပဲ…ကဲ…ေမာင္ေနာင္ခ်ိဳေရ
လူေလးရွင္းေအာင္လုပ္ပါဦး”
“ဟုတ္ကဲ့ဘြား…….”
“ေန…ေန…ေနပါဦးဗ်ာ….သူႀကီး က်ဳပ္ကအရွက္ကြဲထားရတဲ့ေကာင္ဗ်…ဒီကေလးမဘာျဖစ္တယ္ဆိုတာသူတို႔မသိရင္က်ဳပ္ကို ယုန္ထင္ေၾကာင္ထင္ ထင္ေနၾကဦးမွာပဲ…
ဒီေတာ့ဘြားရယ္…ဒီလူေတြရဲ႕အေရွ႕မွာပဲ
က်ဳပ္ကိုေျဖရွင္းေပးပါဗ်ာ……….”
ကိုေသာင္းၫႊန္႔မွာျပာျပာသလဲေျပာေလမွ
ဘြားမယ္စိန္သည္ေခါင္းညိတ္လိုက္ၿပီး…
“ေကာင္းၿပီေလ…ေမာင္ရင္ကဒီလိုဆိုမွေတာ့လည္း
ဘြားဘက္က လက္ခံရမွာေပါ့…
ေမာင္ေနာင္ခ်ိဳေရ…ေနပါေစေတာ့ အားလုံးရွိေနပါေစ”
“ဟုတ္ကဲ့ဘြား……”
ဘြားမယ္စိန္သည္ မိသဲႏွင့္မေျပာေသးေပ။
အေစာပိုင္း၌ ကိုေသာင္းၫႊန္႔ကိုဆဲလိုက္ငိုလိုက္လုပ္ေနေသာ
မိသဲတေယာက္ ယခုၿငိမ္ခ်က္သားေကာင္းေန၏။
ဘြားမယ္စိန္ကိုေက်ာေပးထားၿပီးလူသည္
တုပ္တုပ္မွ်ပင္မလႈပ္ရွား။
ဘြားမယ္စိန္မွာ​ေတာ့မိသဲ၏ေရွ႕သို႔တလွမ္းျခင္းေလ်ာက္လွမ္းလာခဲ့ေတာ့၏။
ထိုအခါ မိသဲတေယာက္လႈပ္ရွားလာသည္။
လႈပ္ရွားလာရျခင္းမွာ မိသဲ၏ ခႏၶာကိုယ္မွာတုန္ရီေနၿပီး
ေခါင္းကိုေအာက္သို႔ငုံ႔သြားျခင္းပင္။
ဘြားမယ္စိန္မွာလည္း မိသဲကိုစိုက္ၾကည့္ၿပီး…
“ညည္းဘယ္သူလဲေျပာ………”
ဟု…ေလသံမာမာျဖင့္ေမးေလေသာအခါ မိသဲတေယာက္…
“က်ဳပ္…က်ဳပ္ပါ……”
“က်ဳပ္ဆိုတာ ဘယ္သူတုန္း……”
ကိုေသာင္းၫႊန္႔ ကိုမိသဲတခ်က္စိုက္ၾကည့္သည္။
ကိုေသာင္းၫႊန္႔မွာမိသဲအၾကည့္ေၾကာင့္
တေတြးတခ်က္ၿမိဳခ်ေနရသည္။
“က်ဳပ္က…က်ဳပ္က သန္းလွပါ………”
“ဟာ……”
“ဟင္….”
“အို……”
ကိုေသာင္းၫႊန္႔တင္မက သူႀကီးတို႔လူစုထံမွအံ့ၾသသံမ်ား
ထြက္ေပၚလာခဲ့သည္။
“နင္…နင္က သန္းလွ…ဟုတ္လား”
“ဟုတ္တယ္မသာႀကီး…ငါနင့္မယားသန္းလွ…..
အီးးးဟီးးးးးဟီးးးးဟီးးးးအယုတ္တမာေကာင္……..”
မိသဲ… ကိုေသာင္းၫႊန္႔ကိုေျပာရင္းငိုျပန္သည္။
သန္းလွဆိုသည္မွာ အျခားသူမဟုတ္ဘဲ
ကိုေသာင္းၫႊန္႔၏မိန္းမပင္ျဖစ္၏။
အမွန္မွာ သန္းလွႏွင့္ကိုေသာင္းၫႊန္႔တို႔လက္ထပ္ၿပီးတစ္ႏွစ္မွ်ၾကာေလေတာ့ သန္းလွမွာလယ္ေတာ၌ ပိုးထိ၍ဆုံးသြားခဲ့ျခင္းျဖစ္သည္။
ယခုေတာ့ မိသဲမွာ မိသဲဟုတ္မေနခဲ့ဘဲ သန္းလွဆို၍
အားလုံးအံ့ၾသကုန္ၾကသည္။
သန္းလွဆုံးသြားသည္မွာလည္း ငါးႏွစ္မွ်ၾကာေခ်ၿပီျဖစ္သည္။
“သန္းလွ…ညည္းကဘယ္လိုေၾကာင့္
မိသဲဆီမွာပူးကပ္ေနရတာလဲ…”
ဘြားမယ္စိန္ေမးေလေသာအခါ …
“က်ဳပ္…က်ဳပ္မကြၽတ္လြတ္ဘဲ႐ြာျပင္မွာေနေနတာ
အေတာ္ၾကာပါၿပီ…က်ဳပ္လင္လယ္ေတာဆင္းရင္
လိုက္ၾကည့္လိုက္…သူျပန္ရင္က်န္ခဲ့လိုက္နဲ႔
က်ဳပ္ဒီဘဝမွာေနေပ်ာ္ေနခဲ့တာ…
အခုေတာ့ ဒင္းကတဖက္႐ြာကမိန္းမနဲ႔လက္ထပ္ဖို႔ႀကံေနတယ္ဘြားရဲ႕…အီးးးးဟီးးးးးးးးဟီးးးးးးးးးးးး”
“ဟာ…မင္းဘာေတြေျပာေနတာလဲသန္းလွရယ္…”
ကိုေသာင္းၫႊန္႔မွာ မိသဲကိုယ္ထဲဝင္ပူးေနေသာ ဇနီးသည္
သန္းလွကိုေျပာ၏။
“ဘာေျပာရမွာလဲ…တေန႔က…ေတာ္႐ြာျပင္ကထန္းေတာမွာ
ငသိန္းနဲ႔ထန္းရည္ေသာက္ရင္းေျပာေနတာေလ…
က်ဳပ္သိတာေပါ့”
“အာ…အဲ့တာ အဲ့ေကာင္ကစေနတာပါ…
ငါ့မွာမင္းမရွိတဲ့ေနာက္ ဘယ္မိန္းမ မွ
မင္္းေလာက္မခ်စ္မိေတာ့ဘဲ…
တေယာက္ထဲေနေနတာပါကြာ….သန္းလွရယ္….”
ကိုေသာင္းၫႊန္႔ႀကီးငိုယို၍ေျပာေလၿပီ။
သန္းလွမွာလည္းကိုေသာင္းၫႊန္႔စကားေၾကာင့္ ေက်နပ္သြားဟန္ပင္။
သူတို႔ကိုၾကည့္ေနေသာ ဘြားမယ္စိန္မွာ…
“မိသန္းလွ…ညည္းမွာလည္းလင္ကိုစိတ္မခ်တာနဲ႔
ကိုယ့္ဘဝကိုယ္ေပ်ာ္ေနရတယ္လို႔ေအ…
ညည္းဒီဘဝႀကီးမွာဆက္မေနဘဲ ကြၽတ္လြတ္ဖို႔ႀကိဳးစားသင့္တယ္ေအ့”
ဟု…ေျပာေလေသာအခါ သန္းလွေခါင္းငုံ႔သြားသည္။
ကိုေသာင္းၫႊန္႔မွလည္း…
“ဟုတ္တယ္သန္းလွရယ္…မင္းကိုဒီဘဝႀကီးနဲ႔
ငါတကယ္မၾကည့္ရက္ဘူး…ငါမင္းအတြက္ရည္စူးၿပီး
ကုသိုလ္ျပဳေပးပါ့မယ္ကြာ…မင္းသာဓုေခၚေပးပါသန္းလွရယ္”
“ဘာလဲ ေတာ္ကေနာက္မယားယူခ်င္လို႔လား….”
“အာ….မဟုတ္တာကြာ…ဒီမွာဘြားလည္းရွိတယ္…
သူႀကီးလည္းရွိပါတယ္ကြာ…ငါတကယ္ေျပာတာပါသန္းလွရယ္…ငါ့မွာမင္းအျပင္အျခားသူကိုယူဖို႔ဆိုတာလုံးဝမျဖစ္ႏိုင္ေတာ့ပါဘူးကြာ……..”
ကိုေသာင္းၫႊန္႔ေျပာလိုက္ေသာစကားေၾကာင့္
သန္းလွမွာၿပဳံး၍ေခါင္းညိတ္ေတာ့သည္။
“ဒါဆိုရင္က်ဳပ္လက္ခံပါတယ္…ေတာ္ေပးတဲ့ကုသိုလ္ကို
က်ဳပ္သာဓုေခၚေပးပါ့မယ္……….”
“ဝမ္းသာလိုက္တာကြာ….”
ဟုေျပာရင္းသန္းလွကို ကိုေသာင္းၫႊန္႔ဖတ္ဖို႔ျပင္ေလေတာ့
ကိုဘသာမွာ အလန္႔တၾကားျဖင့္…
“ဟေကာင္… ဒါမင္းမယားကိုယ္မဟုတ္ဘူး…
ဒါငါ့သမီး..မင္းထိဖို႔မႀကိဳးစားနဲ႔…”
ဟုေအာ္လိုက္ေသာအခါ ကိုေသာင္းၫႊန္႔မွာရွက္႐ြံ႕သြားၿပီး
“အင္း….က်ဳပ္…က်ဳပ္သိပါတယ္ဗ်ာ….”
အေျခအေနအရပ္ရပ္ကိုအားလုံးနားလည္သြားၾကေသာအခ်ိန္၌…
“ကဲ…ဒီလိုဆိုရင္…ညည္းလည္းဒီကေလးမကိုယ္ထဲက
ထြက္သြားေပေတာ့သန္းလွ…
ညည္းအတြက္ရည္စူးၿပီးကုသိုလ္ျပဳအမွ်အတန္းေဝရင္သာ
ညည္းသာဓုေခၚေတာ့ေအ…..”
“ဟုတ္ကဲ့ပါဘြား…က်ဳပ္သြားပါေတာ့မယ္…
ကိုေသာင္းၫႊန္႔က်ဳပ္သြားၿပီေနာ္………..”
သန္းလွမွာသူ႔ေယာက်္ားကိုေသာင္းၫႊန္႔ကိုႏႈတ္ဆက္ၿပီး
မိသဲကိုယ္မွထြက္ခြာသြားေတာ့သည္။
သန္းလွထြက္သြားသည္ႏွင့္မိသဲမွာ လဲက်သြားေတာ့၏။
“ဘြား…က်ဳပ္သမီးကိုကယ္ပါဦးဗ်ာ…လုပ္ပါဦးဗ်ာ…”
ကိုဘသာမွာသမီးျဖစ္သူအတြက္စိုးရိမ္ၿပီး
ဘြားမယ္စိန္ကိုေျပာေလသည္။
“ကဲ…ေရာ့…ေရာ့…ဒီပရိတ္ေရေလးတိုက္လိုက္ေမာင္ဘသာ…”
“ဟုတ္ကဲ့…ဟုတ္ကဲ့”
ဘြားမယ္စိန္ေပးေသာပရိတ္ေရမ်ားကို
မိသဲပါးစပ္အတြင္းသို႔ေလာင္းထည့္ေပးသည္။
ခဏမွ်ၾကာေတာ့မိသဲသတိရလာ၏။
ဘြားမယ္စိန္ကေတာ့ ကိုေသာင္းၫႊန္႔လာခ်ေပးေသာ
ကုလားထိုင္၌ထိုင္ေနခဲ့ေတာ့သည္။
“သမီး…အမေလးေတာ္ပါေသးရဲ႕သမီးရယ္…”
မျမင့္စိန္သမီးျဖစ္သူႏိုးလာေလမွ ဝမ္းသာတႀကီးေျပာေတာ့သည္။
မိသဲမွာေတာ့ ျပဴးေၾကာင္ေၾကာင္ျဖင့္ေဘးကိုၾကည့္လိုက္
မိဘေတြကိုၾကည့္လိုက္ျဖင့္…
“အေဖ…က်ဳပ္ဘယ္ေရာက္ေနတာလဲ”
“ေဟ…ဒါ႐ြာကေသာင္းၫႊန္႔အိမ္မွာေလသမီးရဲ႕”
“ဟင္….က်ဳပ္မာလကာပင္ေပၚကျပဳတ္က်တာ…
ဒီကိုဘာလို႔ေခၚလာတာလဲ…ကိုႀကီးေသာင္းၫႊန္႔ကေဆးဆရာမွမဟုတ္တာအေဖရယ္….”
ဟု…မိသဲေျပာေလသည္။
“ကဲ…ေမာင္ဘသာေရ…ေမာင္ရင့္သမီးကိုအိမ္ေခၚသြားၿပီး
နားခိုင္းလိုက္ေတာ့ သူလည္းအေတာ္ပင္ပန္းထားရွာမွာပဲ”
“ဟုတ္ကဲ့ဘြား…ဒါဆိုက်ဳပ္တို႔ျပန္ပါဦးမယ္……”
ကိုဘသာတို႔ ျပန္သြားၾကေတာ့သည္။
ဘြားမယ္စိန္ႏွင္သူႀကီးဦးေနာင္ခ်ိဳ၊ေမာင္တိုး၊ေမာင္အုန္းတို႔သာ
ကိုေသာင္းၫႊန္႔အိမ္၌က်န္ရစ္ခဲ့ၾကသည္။
“ေမာင္ေသာင္းၫႊန္႔…ေမာင္ရင့္မိန္းမအတြက္ ကုသိုလ္ေရးေလးလုပ္ဖို႔ျပင္ေနာ္…ဒါမွေမာင္ရင့္မိန္းမဒီထက္ဘဝမဆိုးမွာကြဲ႕”
“ဟုတ္ကဲ့ဘြား…က်ဳပ္သူ႔အတြက္ေသခ်ာ
အလႉေလးလုပ္ေပးမွာပါ”
“ေအးကြယ္…မိသန္းလွကသိပ္လည္တဲ့မိန္းမ…
ဘသာ သမီးကမာလကာပင္ေပၚကျပဳတ္က်တာနဲ႔
တန္းဝင္ၿပီးေမာင္ရင့္ဆီေရာက္လာတာပဲၾကည့္…
ကိုယ့္ေၾကာင့္က်န္သူေတြဒုကၡေရာက္တာမေကာင္းဘူးကြဲ႕…
ဒီထက္မဆိုးေစနဲ႔”
“ဟုတ္ကဲ့ဘြား…”
ကိုေသာင္းၫႊန္႔မွာသန္းလွအတြက္ကူသိုလ္မျပဳလုပ္ေပးခင္
တပတ္ေလာက္ထိ ႐ြာျပင္ရွိလယ္ေတာအိမ္၌သာေန၏။
သန္းလွအတြက္လည္း ေသခ်ာအလႉလုပ္ေပးဖို႔ျပင္ရွာသည္။
ထိုသို႔အားလုံးစီစဥ္ေပးၿပီး…သန္းလွအတြက္ေနာက္ဆုံးအမွ်ေဝေပးခ်ိန္၌ ကိုေသာင္းၫႊန္႔ႀကီး မ်က္ရည္မ်ားပိုးပိုးေပါက္ေပါက္က်ဆင္းၿပီး ….
“သန္းလွေရ…မိန္းမရဲ႕…အမွ်…အမွ်…အမွ်………..”
ဟုအမွ်အတန္းေပးေလသည္။
႐ြာသူ၊႐ြာသားတို႔မွာ
ကိုေသာင္းၫႊန္႔အတြက္စိတ္မေကာင္းျဖစ္ၾကရသလို…
သရဲဘဝေရာက္ေနေသာ
သန္းလွအတြက္လည္းစိတ္မေကာင္းၾကေပ။
ကိုေသာင္းၫႊန္႔ႏွင့္သန္းလွတို႔လင္မယား၏သနားဖြယ္အျဖစ္အပ်က္အၿပီး သန္းလွတေယာက္ေပ်ာက္ကြယ္သြားေတာ့သည္။
ကိုေသာင္းၫႊန္႔ကေတာ့…
“က်ဳပ္မိန္းမ…ေကာင္းရာဘုံဘဝေရာက္သြားၿပီဗ်…..”
ဟု…စကားစပ္မိသူတိုင္းကိုေျပာရွာ၏။
ကိုေသာင္းၫႊန္႔ေျပာတာကိုလည္းအားလုံးကေထာက္ခံေပးၾကသည္။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)