” ပီယဆေး ”(စ/ဆုံး)

Unicode Version

” ပီယဆေး ”(စ/ဆုံး)
——————–

(ဆရာတာတေရဲ့ ၂၀၁၃ ခုနှစ် ပထမဆုံး တာတေစာအုပ် ထွက်ချိန် ပထမဆုံးရေးခဲ့တဲ့ ဝတ္ထုကိုအမှတ်တရတင်ဆက်ပေးလိုက်ပါတယ် )
မူရင်းရေးသားသူ _ ဆရာတာတေ

ကျုပ်နာမည်က တာတေပါ။
ကျုပ်နေတာက အညာဒေသပေါ့ဗျာ။
ကျုပ်တို့ရွာကို ထနောင်းကုန်းလို့ခေါ်တယ်။
အိမ်ခြေတော့ တစ်ရာလောက် ရှိသပေါ့။
သူကြီးက ဦးဘိုးထင်ဗျ။ လွှတ်စိတ်တိုတဲ့
အဘိုးကြီးဗျာ။ ကျုပ်တောင် ရွာထဲမှာ
ရန်ဖြစ်လို့ ခြောက်ပေါက်လဲ ဝက်လိုက်
ရသေးဗျား။ ခြောက်ပေါက်ဆိုတာ ထိတ်တုံး
ကို ပြောတာလေ။ ကျုပ်မိဘတွေကတော့
လူချမ်းသာတွေတော့ မဟုတ်ဘူးပေါ့ဗျာ။

အသင့်အတင့်ပါပဲ။ စားနိုင်သောက်နိုင်
ထဲကပေါ့။ ကျုပ်ကတော့ လပ်ယားလပ်ယား
ပါပဲ။ ယာထဲလည်း သိပ်မဆင်းပါဘူး။ တစ်ခါ
တလေ အဖေ့ကို လိုက်ကူတာလောက် ရှိတာ
ပါ။ ကျုပ်က လူမှုရေးသမားဗျ။ ရွာရေး၊ ရပ်ရေး
ဆိုလျှင်တော့ ကျုပ်မပါလို့ ပြီးတာ မဟုတ်ဘူး
လေ။

“တာတေရေ အလှူကိစ္စတိုင်ပင်ချင်လို့
အိမ်ဘက်ကို လျှောက်ခဲ့ပါဦးကွ”
လို့ကို တကူးတကာ လာပြီး ဖိတ်မန္တက
ပြုရတဲ့ ကောင်လေ။ ကျုပ်လည်း ရပ်ရေး
ရွာရေး လုပ်နေကျကြဆိုတော့ အထာက
သိပြီးသားဗျ။ ကျုပ်လုပ်ရင် ဘာမဆို သပ်
သပ်ခပ်ခပ်ကို ပြီးသွားတာ။အဖေနဲ့အမေ
ကလည်း ကျုပ်က ရွာထဲမှာ အရေးပါတဲ့
လူဖြစ်နေတာကို သဘောကျကြတယ်
လေ။ ဒါပေမဲ့ ခက်တာက တစ်ခုရှိတယ်
ဗျ။ အဲဒါက ကျုပ်ဝါသနာလေ။

ဘာလဲဆိုတော့ အားကြီး စပ်စုချင်တာဗျ။

ကျုပ်က ဘာမဆို လွှတ်သိချင်တာလေ။
ထူးထူးဆန်းဆန်း ကိစ္စဆိုရင် ပိုတောင်
ဆိုးသေးဗျာ၊ ဘယ်ရွာမှာ ဆွဲကြိုးချသေလို့တဲ့
ဆိုရင် တာတေ ရှေ့ဆုံးက ရောက်ပြီးသားဗျ။
ဘယ်သူပိုးထိလို့ဆိုရင် တာတေ ရှေ့ကပဲ။
တာတေ့လက်ပေါ်မှာတင် ဆုံးသွားတဲ့လူတွေ
မနည်းဘူးလေ။ ဒီတော့လည်း ထနောင်းကုန်း
က တတောဆိုရင် အနီးအနားက ဘန့်ဘွေး
ကုန်း၊ ဝက်စု၊ ငွေတွင်းကုန်း၊ သာယာကုန်း၊
စတဲ့ ရွာတွေက မသိတဲ့သူ မရှိသလောက်ပါ
ပဲ။ အဲဒီရွာတွေထဲမှာ ဘန့်ဘွေးကုန်းက
ကိုပေသီးကိုတော့ တာတေ တော်တော်
ခင်တာဗျ။

ဘာဖြစ်လို့ ဆိုတော့ ကိုပေသီးကလည်း
တာတေလိုပဲ။ နေရာတကာ စပ်စပ်နဲ့
စပ်စပ်နဲ့ ပါတဲ့လူ။ ဒါပေမဲ့ သူက ပရောဂ
ကို လွှတ်ဝါသနာပါတဲ့လူ။ ဟိုရွာ ဒီရွာတွေ
သွား ဆရာတွေနောက် လျှောက်လိုက်
ပြီးတော့ ပညာယူဆိုပဲ။

ကိုပေသီး ပရောဂကုတဲ့နောက်ကို တာတေ
တစ်ခါနှစ်ခါ လိုက်သွားဖူးတယ်။ ကိုပေသီး
က ဆိုးတော့ မဆိုးဘူးဗျ။ လူကတော့ အရပ်
ပုပြတ်ပြတ်၊ ဂင်တိုတို အသား ခပ်မည်းမည်း
မျက်လုံးက ပြူးပြူး၊ နှာခေါင်းကကြီးကြီး။
ဒီကြားတည်းမှာ ခန့်ညားအောင်ဆိုပြီး
နှုတ်ခမ်းမွှေးကလည်း ထားလိုက်သေးသဗျ။
သူ့နှုတ်ခမ်းမွှေးကြီးကလည်း အပြားကြီးကြီး
ဆိုတော့ ခန့်ညားတာ မခန့်ညားတာတော့
မသိဘူး သူ့မျက်နှာကြီးကတော့ ကြောက်
စရာ တော်တော်ကောင်းတာဗျို့။ ပရောဂ
ချွတ်ပြီဆိုရင် …

“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်
တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း ပုန်းခြင်း၊ ခိုခြင်း
ကပ်နေခြင်း မရှိစေရ၊ ဆရာ့ ဆရာကြီးတွေရဲ့
တပည့်ကျော် ငါဆရာပေသီးရဲ့အမိန့် အခု
ချက်ချင်း ချင်းဆိုချင်း၊ နင်းဆိုနင်း၊ ဝင်ဆိုဝင်၊
ကပ်ဆိုကပ်၊ ပူးဆိုပူး၊ ဗျမ်း……”

“အောင်မယ်လေးတော့”

“အောင်မယ်လေးဗျ”

ကိုပေသီးက အမိန့်ပြန်တမ်းအဆုံးမှာ
လက်ထဲက ဆေးကြိမ်လုံးနဲ့ ကြမ်းပြင်ကို
ဗျမ်းကနဲ ရိုက်လိုက်တော့ ပရောဂတော့
မသိဘူး ဘေးကဝိုင်းကြည့်နေတဲ့လူတွေ
လန့်ပြီး ထအော်ကြတော့တာပဲဗျို့။ကျုပ်
တောင် တုန်သွားသေးတယ်။

ကိုပေသီးကတော့ ခပ်တည်တည်ပဲဗျ။
နှုတ်ခမ်းမွှေးပြားပြားကြီးကို လက်နဲ့တစ်ချက်
သပ်လိုက်ပြီး ပရောဂကုတဲ့မိန်းမကို သူ့မျက်
လုံးပြူးပြူးကြီးနဲ့ စိုက်ကြည့်နေတာ
မျက်တောင် တစ်ချက်မခတ်ဘူးဗျို့။

သူ့ရှေ့မှာ ကြုံ့ကြုံ့ကလေးထိုင်ပြီး ဘုရား
စင်ကို လက်အုပ်ချီထားတဲ့ မိန်းမက လက်
တွေ ကွေးကောက်လာတော့တာပဲ။

“လာခဲ့…လာခဲ့ ငါဆရာပေသီး ရှေ့မှောက်
အရောက်လာခဲ့၊ ချင်းဆိုချင်း၊ နင်းဆိုနင်း၊
ကပ်ဆိုကပ်၊ ဝင်ဆိုဝင်၊ အခုဝင်လိုက်စမ်း
ဗျမ်း…”

“အောင်မယ်လေး”

ကိုပေသီးက ကြမ်းပြင်ကို ဆေးကြိမ်လုံးနဲ့
‘ဗျမ်း’ခနဲ ရိုက်၊ လူတွေကလည်း လန့်အော်။
ဒါပေမဲ့ ကျုပ်ကြည့်တယ်ဗျ။ သူတို့အားလုံး
မျက်လုံးတွေကတော့ ပရောဂပူးနေတဲ့ မိန်း
မကို စိုက်ကြည့်နေလိုက်ကြတာ အသက်
တောင် ရှုမိကြပုံမပေါ်ဘူးဗျို့။

တဖြည်းဖြည်းနဲ့ ကျုံ့ကျုံ့ထိုင်နေတဲ့မိန်းမက
တုန်တုန်ရီရီဖြစ်လာပြီး အတုန်ရပ်သွားတဲ့အ
ချိန်မှာ ကျုံ့ကျုံ့ထိုင်ကနေ ဆတ်ကနဲတင်ပျဉ်
ထချိတ်တော့တာပဲဗျာ။

ပြီးတော့ ဆရာကိုပေသီးကိုလည်း
စူးစူးကြီးကြည့်နေတော့တာ။ ကိုပေသီး
ကလည်း ဘာရမလဲ ပရောဂကို မျက်
တောင်မခတ်ဘဲ ပြန်ကြည့်တယ်ဗျို့။

“သြော် …ယောင်္ကျားကိုး၊ ငါက မိန်းမ
ကပ်နေတယ်ထင်တာ၊ ကဲ ပြောစမ်း
ဟေ့ကောင် မင်းဘယ်သူတုံး”

ကိုပေသီးက လက်ထဲက ဆေးကြမ်းလုံးကို
မြှောက်ပြီး ရိုက်မလို လုပ်မေးတာဗျ။ဒါပေမဲ့
ဝင်ပူးနေတဲ့ သရဲက နည်းနည်းတောင်
မတွန့်ဘူးဗျို့။

“မင်း ငါ့ကို ရိုက်ရဲရင် ရိုက်လိုက်လေကွာ
ဒီမိန်းမအသက်ကို အခုချက်ချင်း နှုတ်ပစ်
လိုက်မယ်၊ ငါ့ကို ဘာများအောက်မေ့နေ
ကြတုံး”

“အေး မင်းကို ငါ မရိုက်ဘူး။ မင်း ဘယ်သူလဲ
ဆိုတာပြော”

“ငါက နောက်ဘက်တောမှာနေတဲ့ကောင်ဟေ့”

“ဟင် အနောက်ဘက်တောမှာနေတဲ့ကောင်က
မပုကြည်ကို ဘာကြောင့် ဝင်ကပ်နေတာတုံး”

“ဟောဒီ ကောင်မက အားကြီးနှုတ်ကြမ်းတာ၊
ငါနေတဲ့ ကျည်းပင်ကြီးအောက်မှာ လာပြီး စ
တည်းချတယ်။ ချက်ပြုတ်စားတယ်။တောထဲ
ဝါးလာခုတ်တိုင်း ငါ့အပင်အောက်မှာ စတည်း
ချတာ။ ပါးစပ်က လွှတ်ကြမ်းတဲ့မိန်းမကွ။ငါတို့
လို သက်ကြီးဝါကြီးတွေကို အစားအသောက်
ကလေး တစ်ဆုပ် တစ်လုတ် ကျွေးရမှန်းလည်း
မသိ။ လင်ကို ဆဲလိုဆဲ။ ယုတ်ယုတ်မာမာတွေ
ကလည်း ပြောလိုက်တာ လွန်ပါရော။သင်းကို
ကျောင်းမှန်းကန်မှန်းသိအောင် ငါလုပ်ထား
တာ။ ဒီကောင်မ တစ်နေ့သုံးခါ ဗိုက်အောင့်
တယ်မို့လား။ လိမ့်နေအောင် ခံရတာမို့လား။
အေး မှတ်လောက်သားလောက် ရှိအောင် ငါ
လုပ်ထားတာ”

“မင်း နာမည် ဘယ်သူလဲ”

“ငါ့နာမည်တော့ ငါမသိဘူး။ တခြားသရဲတွေ
ခေါ်ကြတာကတော့ မွှေးနီကြီးတဲ့”

“အသက် ဘယ်လောက်ရှိပြီလဲ”

“ငါ အနောက်ဘက်တောကို ရောက်တော့
နင်တို့ရွာ ဒီနေရာမှာ ရှိတောင်မရှိသေးဘူး။
ငါ့အသက်က လေးရာကျော်ပြီ”

“ဟာ”

အားလုံး တအံ့တသြ ဖြစ်သွားကြတယ်။

“ငါလုပ်ရင် နင်တို့ တစ်ရွာလုံး တန်းစီသေသွား
တယ် ဘာမှတ်သလဲ”

“ကဲ ကဲ အနောက်ဘက်တောမှာနေတဲ့ကျုပ်ဘက်
အသက်အပုံကြီး ကြီးတဲ့ ဘမွှေးနီကြီးဗျာ၊ ကျုပ်
ဆရာပေသီးက မေတ္တရပ်ပါတယ်။ မပုကြည်ကို
ကျုပ်တို့အားလုံး ဝိုင်းဝန်း ဆုံးမပါ့မယ်၊ နောက်ကို
နှုတ်အာ မကြမ်းတမ်းဖို့ ပြီးတော့ ဘမွှေးနီနေတဲ့
ကျည်းပင်ကြီးအောက်မှာ စတည်းချ ချက်ပြုတ်
စားတဲ့အခါတိုင်း ဘမွှေးနီကိုလည်း ဖိတ်မန္တက
ပြုပြီး ကျွေးဖို့ မွေးဖို့ ပြောပေးပါ့မယ်၊ အခု
ဘမွှေးနီ ဘာများအလိုရှိပါသလဲ”

ကိုပေသီးက လေပြေကလေးနဲ့ မေတ္တာရပ်
ခံတယ်ဗျ။ မွှေးနီကြီးကို နည်းနည်းလန့်သွား
သလားတော့ မပြောတတ်ဘူးဗျို့။အမြဲတမ်း
တဝင့်ဝင့်လုပ်နေတဲ့ သူဆေးကြိမ်လုံးကို
တောင် ကြမ်းပြင်ကို ချထားလိုက်သဗျ။

“ငါ့ကို အမဲသားကျွေးကြ”

“ဟာ ကျွေးပါ့မယ်ဗျာ၊ ကျွေးပါမယ်။
ဘယ်လောက်များ စားချင်ပါသလဲ”

“သုံးပိဿာကျွေး”

“သုံးပိဿာ ဟုတ်လား။ ကျွေးမယ်ဗျာ
ကျွေးမယ်။ မနက်ဖြန် ညနေ နွားရိုင်းသွင်းချိန်မှာ
ဘမွှေးနီနေတဲ့ ကျည်းပင်ကြီးအောက်ကို လာ
ပို့ပေးမယ်။ ကျုပ်ကိုယ်တိုင်လာပို့မယ်။အခုတော့
ပုကြည်မကို လုပ်ထားတာတွေ တစ်ခုမကျန်
ပြန်ပြီး နှုတ်သွားပေးပါဗျာ မေတ္တာရပ်ခံပါတယ်
ပုကြည်မ မိမွေးတိုင်း ဘမွေးတိုင်း ဘာမှ ကပ်ငြိ
မကျန်ရစ်ခဲ့အောင် နှုတ်ယူသွားပါ ဘမွှေးနီ”

“အေး ကောင်းပြီ၊ ငါလုပ်ထားတာတွေ
ငါ အခု ပြန်သိမ်းလိုက်မယ်။နင်တို့ ကတိ
မတည်လို့ကတော့ တစ်ရွာလုံးကို ငါအသေ
သတ်မယ်”

“ဟာ မလုပ်ပါနဲ့ ကျွေးပါမယ်”

ဘေးကကြည့်နေတဲ့သူတွေ လန့်ပြီး
တစ်ယောက်တစ်ပေါက်အော်ကြ
တော့တာပေါ့ဗျာ။

“ဒီအတွက်တော့ စိတ်ချပါ၊ ကျုပ်ဟာ သီလ
သမာဓိနဲ့ ပြည့်စုံတဲ့ ဆရာပေသီးပါ၊ ကျုပ်
အာမခံပါတယ်”

လို့ ကိုပေသီးက ရုပ်တည်ကြီးနဲ့ ပြောလိုက်တော့
မပုကြည်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ
တော့တာပဲဗျာ။ လက်ကြီးတွေကားပြီး လေထဲကို
မြောက်တက်လာတယ်။ ပြီးတော့ သူ့တစ်ကိုယ်
လုံးကို လက်ဖဝါးနဲ့ သပ်ချတာဗျ။ လေး၊ ငါးခါ
သပ်ချလိုက်ပြီးတောါမှ။

“ဝါး”

ပါးစပ်ဖြဲပြီး သမ်းလိုက်တယ်။ မပုကြည်လည်း
ထိုင်နေရာကနေ ပျော့ခွေကျသွားတော့တာပဲ။

“ဟဲ့ …မပုကြည် …မပုကြည်”

ကိုပေသီးရဲ့ ကျယ်ကျယ်ကြီးနဲ့ အော်ခေါ်တဲ့
အသံကြောင့် မပုကြည် ဆတ်ခနဲ ဖြစ်ပြီး ခေါင်း
မော့လာတယ်။ ကိုပေသီးက သူရှေ့မှာ ချထား
တဲ့ ရေစင်ခွက်ထဲက ရေနဲ့ မပုကြည်ကို နှစ်ခါ
သုံးခါ တောက်လိုက်တယ်။ပြီးတော့ မျက်လုံး
ထဲကို မျက်စဉ်းလို ခတ်ပေးလိုက်သေးတယ်ဗျ။

“ကဲ…အားလုံး ရှင်းသွားပြီ။ ပုကြည်ရေ
နင့်ပါးစပ်ကို ဒီကနေ့ကစပြီး ထိန်းပေတော့။
နင် ကံကောင်းလို့ မသေတာ။ ငါလိုဆရာနဲ့
တွေ့ပေလို့ပေါ့။ တော်ရုံတန်ရုံနဲ့ တွေ့လို့
ကတော့ နင်အသက်ပါသွားလောက်ပြီဟေ့၊
နဲတဲ့ကောင်ကြီး မဟုတ်ဘူး။ ခင်ဗျားတို့
အားလုံး ကြားလိုက်တဲ့အတိုင်းပဲလေ”

“ဟုတ်ပတော် ပုကြည်ရယ်၊ နင်လေ
ဆရာကိုပေသီး ကယ်လိုက်ပေလို့ပဲ နင်
မလွယ်ဘူး။ နင့်ပါးစပ်ကလည်း တယ်ကြမ်း
သကိုး ကဲ…မနက်ဖြန်ကို မြို့ကို စောစော
ထသွား။ အမဲသား သုံးပိဿာ ဝယ်ခဲ့”

အရီးဒေါ်လုံးကြည်က ပြောလိုက်တော့
မပုကြည်ရဲ့ယောင်္ကျားကိုသာဒွန်းက…

“စိတ်ချ အရီး၊ ကျုပ် မနက်ကို ဝေလီဝေလင်း
ထသွားပြီး ဝယ်လာခဲ့မယ်၊ မနက်ဖြန်ညနေ
သွားရင်တော့ ဆရာကိုပေသီးလိုက်ခဲ့ပါဗျာ။
ကျုပ်တို့ချည်း မသွားရဲဘူးဗျ”

“အေးပါ ငါလိုက်ခဲ့ပါမယ် သာဒွန်းရာ၊
ပြီးတော့ မနက်ဖြန်ကြရင် ငှက်ပျောဖက်
ကြီးကြီး သုံးလေးရွက် ခုတ်ထားကြဟေ့”

“စိတ်ချ စိတ်ချ ကိုပေသီး၊ ကျုပ်တို့ အားလုံး
အဆင်သင့် လုပ်ထားလိုက်ပါ့မယ်”

ပရောဂထုတ်တဲ့ပွဲကတော့ အောင်အောင်မြင်မြင်
ကို ပြီးသွားတာဗျို့။ နေ့တိုင်း ဗိုက်အောင့်လို့ အော်
နေရတဲ့ မပုကြည်လည်း ယူပစ်သလိုကို ပျောက်
သွားတာဗျို့။ ရွာသားတွေ အားလုံး အံ့သြကြတာ
ပေါ့ဗျာ။ ကိုပေသီးရဲ့ သတင်းလည်း ကျော်ထွက်
လာတော့တာပေါ့ဗျာ။ ဟိုရွာကလာခေါ်၊ ဒီရွာက
လာခေါ်နဲ့ လက်တောင်မလည်ဘူးဆိုပဲ။ကျုပ်
လည်း နောက်ပိုင်းတော့ ကိုပေသီးနဲ့ သိပ်မ
တွေ့ဖြစ်တော့ပါဘူးဗျာ။

XxXX

တစ်နေ့တော့ ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့
မန်ကျည်းပင် အောက်က ကွပ်ပျစ်မှာ တုံးလုံး
လဲနေခဲ့တယ်ဗျ။

“ကိုကြီးတာတေ ကိုကြီးတာတေ ”

“ဟေလကွာ၊ ဘယ်သူတုံးဟ လာခဲ့ လာခဲ့
ငါ ဒီမှာ ရှိတယ် ”

ကျုပ်က မကျည်းပင်အောက်က အသံပြု
လိုက်တော့ ဝိုင်းထဲကို ကောင်လေးတစ်
ယောက်ဝင်လာတယ်။

“ဟ မျက်ပြူးပါလား၊ လာလေကွာ”

မျက်ပြူးက ကျုပ်လှဲနေတဲ့ ကွပ်ပျစ်အစပ်မှာ
ဝင်ထိုင်လိုက်တယ်။

“ကိုကြီးတာတေ ရွာပြင်ဘက်က ဇရပ်ပေါ်မှာ
လူကြီးတစ်ယောက် ရောက်နေတယ်၊ အဲ့ဒီ
လူကြီးက ပြောခိုင်းလိုက်လို့ ကျုပ်လာပြောတာ”

“ဟေ ဘယ်သူတုံးကွ”

“ကျုပ်လည်း မသိဘူးဗျ၊ ကျုပ်တို့
ထနောင်းကုန်းကတော့ မဟုတ်ဘူး”

“လူပုံလည်း ပြောဦးလေ”

“အသားမည်းမည်း မျက်လုံးပြူးပြူး
နှုတ်ခမ်းမွှေးကြီးနဲ့ဗျ။ လူပုံစံကတော့
တစ်မျိုးကြီးပဲ ကိုကြီးတာတေ”

“သြော် …အရပ်ပုပုလား”

“ဟုတ်တယ် အရပ်ပုပုနဲ့ လူကြီးဗျ”

“သြော်…ငါသိပြီ မျက်ပြူး၊ အဲဒါ ကိုပေသီးပဲ။
အေး…အေး ငါသွားလိုက်မယ်၊ ဒီလူ ဘာများ
ကိစ္စရှိလို့ပါလိမ့်”

မျက်ပြူးပြန်သွားတော့ ကျုပ်လည်း ပုဆိုး
တစ်ထည် ပခုံးပေါ်တင်ပြီး ထွက်လာခဲ့တယ်။
ရွာပြင်က ဇရပ်ပေါ်ရောက်တော့ မျက်စေ့ကြီး
စုံမှတ်ပြီး တရားထိုင်သလို ဘာလို လုပ်နေတဲ့
ကိုပေသီးကို တွေ့လိုက်တယ်။ ကျုပ် ခြေသံ
ကြားတော့ မျက်စေ့ပြူးပြူးကြီးကို ဖွင့်ကြည့်ပြီး

“ဟာ တာတေ လာကွာ။ ငါ မင်းနဲ့ တွေ့ချင်လို့
လာခဲ့တာကြ”

“ကိုပေသီးကလည်းဗျာ။ ရွာထဲဝင်ခဲ့ရင် ပြီးရော၊
အိမ်လည်း သိလျက်သားနဲ့။ ကဲ လာ အိမ်ကို
သွားမယ်”

ကိုပေသီးက ကဗျာကယာ လက်ကာပြ
ူတယ်ဗျ။

“မဟုတ်ဘူးတာတေရဲ့။ ဆရာသမားတွေက
ရွာတစ်ရွာကို ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်း
ထွက်လို့ မကောင်းဘူးလေကွာ၊ ရွာတိုင်းမှာ
ရွာသူဆိုတာ ရှိတယ်။ ရွာစောင့်တွေ ရှိတယ်
သူတို့ကို အကြောင်းပြုပြီးမှ ဝင်လို့ထွက်လို့
ရတာကွ။ ဒါကြောင့် အလုပ်ရှုပ်လို့ မဝင်
တော့တာ။ ဒီမှာပဲ ပြောစရာကိစ္စကို ပြော
ကြတာပေါ့ကွာ”

“သြော် ဒါကြောင့်လား ကဲ…ဒါဆိုလည်း
ဒီမှာပဲ ပြောကြတာပေါ့ဗျာ”

ကိုပေသီးက သူ့လွယ်အိတ်ကြီးထဲက
သနပ်ဖက်ဆေးလိပ်အသစ်တစ်လိပ်ကို
ထုတ်ပေးပြီး…

“ကဲ ဆေးလိပ်ကလေး ဖွာလိုက်ပါဦးကွာ၊
အမောပြေပေါ့”

လို့ ပြောရင်း မီးခတ်ကလေး ထုတ်ပေးသဗျာ။
ကိုပေသီး ကိုင်နေကြ မီးခတ်ကလေးဗျ။
ဓနုဖြူကလုပ်တဲ့ ကြေးဝါမီးခတ်လေ။
ကျုပ်လည်း ဆေးလိပ်မီးညှိပြီး တစ်ဖွာ
နှစ်ဖွာ ဖွာလိုက်တယ်။ ကိုပေသီးက
စကားစတယ်။

“ငါလာတာ ကိစ္စ တစ်ခုရှိလို့ကွ တာတေရဲ့၊
ဒီနေ့မနက် အစောကြီးက တို့ရွာတောင်ဘက်က
ငွေတွင်းကုန်းမှာ ကောင်မလေးတစ်ယောက်
ပိုးထိပြီး သေသွားတယ်ကွာ”

“ကိုပေသီး မြွေကုနိုင်တာပဲ။
သွားမကုဘူးလား”

“ငါ့ကိုလာပင့်လို့ လိုက်သွားတယ်လေ။
ဒါပေမဲ့ ငါရောက်တော့ မမီတော့ဘူး
တာတေရ၊ ကောင်မလေး ဆုံးသွားပြီ”

“အို ဖြစ်မှဖြစ်ရလေဗျာ”

“အေး မြွေဆိပ်က တစ်ကိုယ်လုံးပြန့်နေပြီကွာ၊
ငါရောက်တော့တစ်အိမ်လုံး ငိုနေကြပြီ။ ငါလည်း
အိမ်ပေါ်မတက်တော့ဘူးလေကွာ။ လှည့်ပြန်
လာခဲ့တယ်။ အဲဒီမှာတင် ငါအရမ်း အံ့သြ
သွားတာကွ”

“ဟင် ဘယ်လိုဖြစ်လို့လဲ”

“ဒီလိုကွ တာတေရ၊ ဒီနေ့ တနင်္ဂနွေနေ့
မဟုတ်လား”

“ဟုတ်တယ်လေဗျာ၊ ဒီနေ့ တနင်္ဂနွေနေ့”

“အေး ကောင်မလေးဆုံးတာ မနက် ငါးနာရီ
ထိုးလောက်ကွ၊ အဲဒါ တနင်္ဂနွေအခါပဲကွ၊ပြီး
တော့ ဒီနေ့က ပြာသိုလဆန်းတစ်ရက်လေ။
ပိုးထိတဲ့ ကောင်မလေး အသက်က ၁၆ နှစ်
တဲ့ အပျိုစစ်စစ်ပဲ။ နာမည်က အေးဝင်းတဲ့
တနင်္ဂနွေသမီးတဲ့ကွ”

“ဟင် အဲဒီတော့ ဘာဖြစ်တုံးဗျ၊ ကိုပေသီးရဲ့”

“ဟာ အဲဒီမျိုးက အင်မတန် ကြုံတောင်
ကြုံခဲကွ တာတေရ။ ပီယဆေးကွ၊ ပီယဆေး”

“ဗျာ…ပီယဆေး ဟုတ်လား ကိုပေသီး”

“ဟုတ်တယ်လေကွာ၊ ပီယဆေးဖော်လို့
ရတယ်ကွ”

“ပီယဆေး ဆိုတာ တကယ်ကော ရှိလို့လားဗျ”

“ဟကောင် တာတေရ ရှိတာပေါ့ကွ၊ သိပ်ရှိ
တာပေါ့၊ ပီယဆေးဆိုတာ ယောင်္ကျား၊ မိန်းမ
ကိစ္စတင် ပြောတာမဟုတ်ဘူးကွ။ ကိုယ်ပြော
သမျှ အောင်တာကွ။ ကိုယ်လိုချင်တာအကုန်
ရတာကွ။ စီးပွားရေးလုပ်ရင် မင်းသူဋ္ဌေးဖြစ်ပြီ
ပေါ့ကွ။ မင်းမလိုချင်ဘူးလား”

“ဟာ ဒီလိုဆိုရင် လိုချင်တာပေါ့ဗျ။ ဒီဆေး
သာရရင် မြို့တက်ပြီး ပဲပွဲရုံ၊ နှမ်းပွဲရုံ ထောင်
ပစ်လိုက်မှာပေါ့ဗျ”

“ကဲ ပြောဗျာ ကိုပေသီး၊ ဘယ်လိုလုပ်ရမှာလဲ”

“ဟာ ဒါတွေ ငါတတ်ပါတယ်ကွ။ ငါပိုင်ပါတယ်။
အေး အခုလိုမျိုး လတစ်လရဲ့ လဆန်းတစ်ရက်
မှာ တနင်္ဂနွေကျဖို့ ။ အဲ…ဒီတနင်္ဂနွေကျတဲ့လမှာ
တနင်္ဂနွေအခါမှာ တနင်္ဂနွေသမီ အပျိုစစ်စစ်
တစ်ယောက် အစိမ်းသေသေဖို့ဆိုတာတွေက
ကြုံဖို့ မလွယ်ဘူးကွ။ အခုတော့ ကြုံပြီဟေ့။
စောစောကပဲ သူတို့ အသုဘချလိုက်ကြပြီ။
မြှုပ်ထားတဲ့မြေပုံကို သေသေချာချာ မှတ်
ပြီးမှ ငါ မင်းဆီကို လာခဲ့တာကွ”

“ဟင် ချက်ချင်း သင်္ဂြု ိဟ်တာလား”

“ဟာ ဒါမျိုးက ရက်မထားကြဘူးကွ အစိမ်း
သေလေ။ ချက်ချင်း ချရတယ်။ ရက်ထားရင်
ရွာခိုက်တတ်တယ်ကွ”

“သြော် …ဒီလိုလား”

“အေး ညမိုးချုပ်တာနဲ့ မင်း ပေါက်တူးတစ်လက်
ဆွဲပြီး ငွေတွင်းကုန်သုသာန်ကို လာခဲ့ပေတော့။
ငါလည်းပေါက်တူး တစ်လက် ယူခဲ့မယ်။ပြီးတော့
လိုတာတွေ ငါ အားလုံးယူခဲ့မယ်။ မင်းလာရဲ့လား
တာတေ”

“ဟာ ကိုပေသီးကလည်း တာတေပါဗျ။
ဒီလိုထူးထူးဆန်းဆန်း ကိစ္စမျိုးဆိုရင်
တာတေတို့က အခုလား ဆိုတာမျိုးဗျ။
စိတ်သာချ ညကျရင် ကျုပ်အရောက်
လာမယ်”

“အေး ကောင်းပြီ။တို့က သန်းခေါင်မကျော်
ခင် လုပ်ရမှာနော်၊ဟိုဘက်ရက်ကို ကူးသွား
ရင် မအောင်တော့ဘူးသိလား”

“သြော် ဒီလိုလား။တနင်္ဂနွေမကျော်ခင်
အပြီးစီရင်ရမှာပေါ့”

“အေး ဟုတ်တယ် တာတေရ၊ ကဲ ငါ
ရွာပြန်ပြီး စီစဉ်စရာတွေ စီစဉ်လိုက်ဦးမယ်”

ကိုပေသီး ပြောပြောဆိုဆိုနဲ့ လွတ်အိတ်ကြီး
လွယ်ပြီး ထွက်သွားတယ်။ ကျုပ်လည်း ရွာကို
ပြန်လာခဲ့တာပေါ့။ ကိုပေသီး ပြန်သွားတော့ပဲ
ညနေလေးနာရီလောက် ရှိနေပြီဗျ။ကျုပ်လည်း
မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ အသာ
ပြန်ထိုင်ပြီး ကိုပေသီးပြောတာတွေကို ပြန်
တွေးနေမိတယ်။

ပီယဆေး ဆိုတာ တကယ်ရှိတာကိုး။
ဒီဆေးရရင် ပြောတိုင်းအောင်ဆိုပဲ။
ပြီးပြီပေါ့ဗျာ တာတေတစ်ယောက် သူဋ္ဌေး
ဖြစ်ပြီပေါ့ဗျာ။ ကျုပ် မျက်စိထဲမှာ အခုကို
မြင်နေပြီဗျ။ ကျုပ်က အင်္ကျီအကောင်းစား
ပုဆိုးအကောင်းတွေနဲ့၊ ကျုပ်ပိုင်တဲ့ ပဲပွဲကြီး
ရှေ့က မော်တော်ကားတစ်စီးဘေးမှာ ရပ်
လို့ဗျ။ ပွဲရုံနာမည်ကလည်း ဘာတဲ့”တာတေ
ပဲ၊ နှမ်း ရောင်းဝယ်ရေး”တဲ့ဗျ။ကျုပ် အလုပ်
သမားတွေကလည်း ပဲအိတ်၊ နှမ်းအိတ်တွေ
ထမ်းလို့ပေါ့ဗျာ။

“ဟဲ့ …တာတေ ငုတ်တုတ်ကြီးထိုင်ပြီး
ပြုံးပြုံးကြီးတော် ဘာတွေများ သဘောကျ
နေတာတုံးဟဲ့၊ လာလေ ထမင်းစားရအောင်”

အမေ့အော်သံ ကြားလိုက်တော့မှ ကျုပ်လည်း
လန့်ပြီး အတွေးတွေ ရပ်သွားတော့တာပေါ့ဗျာ။

နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ် ဖွာရင်း
ပေါက်တူးကို မန်ကျည်းပင်အရင်းမှာ ထောင်
ထားလိုက်တယ်။ သုံးတောင့်ထိုး ဓါတ်မီးကို
လည်း မသိမသာ ကျုပ်ယူထားလိုက်တယ်။

XXXXX

မိုးစုံးစုံးချုပ်ပြီဆိုတော့မှ ဓါတ်မီးလေး ခါးမှာ
ထိုးပြီး ပေါက်တူးကို ပခုံးမှာထမ်းပြီး ကျုပ်
ထွက်လာခဲ့တယ်။လကွယ်ညဗျ ကြယ်ရောင်
ကလေးလောက်ပဲ ရှိတာ။ဒါပေမဲ့ ဒီလမ်းတွေ
က ကျုပ်အဖို့တော့ ကြိုက်တဲ့အချိန် ထသွား
နေကြလမ်းတွေပါဗျာ။

ငွေတွင်းကုန်း သုသာန်ကို ရောက်ဖို့ဆိုရင်
ဘန့်ဘွေးကုန်းဘက်ကို အရင်သွားရမယ်။
ပြီးတော့ ဘန့်ဘွေးကုန်း တောင်ဘက်က
ညောင်ကြပ်ပင်ကြီးရောက်ရင် အနောက်
ဘက်ကို ချိုးချလိုက်ရုံပဲလေ။

စုစုပေါင်း နှစ်နာရီလောက်တော့ သွားရမယ်
ထင်တယ်။ ကျုပ်လည်း ပေါက်တူးတစ်လက်
ထမ်းပြီး သုတ်ချေတင်ရတော့တာပေါ့ဗျာ။
တစ်ချက်တစ်ချက်တော့ ကျောထဲက စိမ့်
သွားသားဗျ။ ပီယဆေးလိုချင်တဲ့ဇောက
ကပ်နေတော့ သိပ်မကြောက်လှဘူးပေါ့ဗျာ။

ဘန့်ဘွေးကုန်း တောင်ဘက်က ညောင်ကြပ်
ပင်ကြီးအောက်ရောက်တော့ သစ်ပင်ကြီး
ပေါ်က ဇီးကွက်တစ်ကောင်လား မသိပါဘူး

ထအော်လိုက်တာ ကြက်သီးတွေ ဖြန်းခနဲ
ထသွားလိုက်တာ စိတ်ထဲကနည်းနည်း
ကြောက်လာလိုက် ပီယဆေးအကြောင်း
တွေးလိုက်နဲ့ အနောက်ဘက်ကို ချိုးလိုက်
တယ်။ ငွေတွင်းကုန်း သုသာန်ရှိတဲ့ဘက်
ပေါ့ဗျာ။ ကိုပေသီးကြီး ရောက်နေလောက်
ပြီ ထင်ပါရဲ့၊ ငွေတွင်းကုန်းသုသာန်အဝ
ရောက်တော့ သစ်ပင်အုပ်အုပ်ကြီးတွေ
နဲ့ တော်တော်ကို မှောင်ရိပ်ကြီးကျနေ
တာဗ်။

“ဝူး…ဝူး…ဝူး…ဝူး”

ရုတ်တရက်ကြီး ခွေးအူသံကို ကြားလိုက်
ရတော့ ကျုပ် ဆံပင်တွေတောင် ထောင်
သွားသလားလို့တောင် ထင်လိုက်ရတယ်
ကျုပ်လည်း ခါးကြားက ဓါတ်မီးကလေး
ထုတ်ပြီး ထိုးရတော့တာပေါ့ဗျာ။

မြွေပါးကင်းပါးက ရှိသေးတယ်မို့လား။
ဓါတ်မီးနဲ့ ဟိုထိုးဒီထိုး လုပ်ပြီး သုသာန်
ဇရပ်ကို ရှာရတာပေါ့။ ကိုပေသီး ရောက်
နေရင်လည်း ကျုပ်လာတာကို တွေ့အောင်
ပေါ့ဗျာ။ မီးထိုးပြီး ဇရပ်ကို ရှာရတာလေ။
ဟော တွေ့ပြီ။ ကုက္ကိုပင် အုပ်အုပ်ကြီး
တွေအောက်မှာ ဇရပ်ကလေး။ ကျုပ်
ဇရပ်ပေါ်ရောက်တော့ ကိုပေသီးကို
ရှာလိုက်တယ်။မတွေ့ဘူးဗျ။

“ဝူး…ဝူး…ဝူး…ဝူး…”

ခွေးအုပ်ကြီး ရုတ်တရက် ထွက်လာပြန်တော့
ကျုပ်ဖြင့် လန့်သွားတာဗျာ။ မပြောပါနဲ့တော့။
မဟုတ်သေးပါဘူး။ ကိုပေသီးက ကြိုပြီး
ရောက်နေရမှာပါ။ ဘယ်လိုဖြစ်လို့ နောက်
ကျနေပါလိမ့်။

“ဖျောက်”

ဇရပ်နောက်ဘက်က သစ်ကိုင်းခြောက်
တက်နင်းသံ ကြားလိုက်ရလို့ ကျုပ်ချက်
ချင်း လှမ်းကြည့်လိုက်မိတာပေါ့။သြော်
ကိုပေသီးက ရောက်နေတာကိုး။ဇရပ်
ပေါ်တက်လာတဲ့ ကိုပေသီးကိုကျုပ်က

“ကိုပေသီး မရောက်သေးဘူး မှတ်လို့ဗျ”

“ငါရောက်နေတာ ကြာပါပြီကွ။
တနင်္ဂနွေသမီးကို ထားတဲ့သင်္ချိုင်းကို
သေချာအောင် သွားကြည့်တာပါ။
တို့ သိပ်တူးရမှာ မဟုတ်ပါဘူး။
မြှုပ်တဲ့သူတွေက ခပ်ဖွဖွပဲ ဖို့ခဲ့
တာကြ”

ကိုပေသီးက ဆေးပေါ့လိပ်ကို မီးညှိပြီး
ဖွာနေတယ်။

“ဝူး …ဝူး…ဝူး…”

ဒီတုန်းမှာပဲ ခပ်လှမ်းလှမ်းက ခွေးအူသံကြီး
ထွက်လာပြန်တယ်ဗျ။

“ဝူး…ဝူး…ဝူး…”

ဒီတစ်ခါ ခွေးအူသံက ပျောက်မသွားဘဲ
ကျုပ်တို့ဘက်ကို လာနေသလိုပဲ။ ကျုပ်
ခွေးအူသံကို နားစွင့်နေတုန်းမှာပဲ…

“ကဲ …တာတေ ငါတို့ အလုပ်စလုပ်
ကြရအောင်”

ကိုပေသီးက ပြောပြောပြောဆိုဆို
ထလိုက်တယ်။ ကျုပ်လည်း ပေါက်တူး
ကို ဆွဲပြီး ထလိုက်တယ်။

“ငါ ပေါက်တူးက မြေပုံနားမှာ ထားခဲ့တယ်”

ကျုပ်နဲ့ ကိုပေသီး မြေပုံနားကို ရောက်တော့ …

“ဒီမြေပုံပဲကွ။ဒါ တနင်္ဂနွေသမီးရဲ့မြေပုံလေ”

ကိုပေသီးက မြေပြင်ကို ထိုင်ချလိုက်တယ်။
သူယူလာတဲ့ မီးအိမ်ကလေးကို မှန်ပြောင်း
မပြီး မီးထွန်းလိုက်တယ်။မီးအိမ်ကလေးက
သင်္ဘောတွေမှာသုံးတဲ့ လေကာပါတဲ့ မီးအိမ်
ကလေးဗျ။

“ကဲ …မင်းတို့ ဓါတ်မီးကို ချထားလိုက်
တာတေ၊လိုမှပဲ ဓါတ်မီး သုံးကွ။အဝေးက
လှမ်းမြင်နိုင်တယ်”

ကျုပ်တို့ နှစ်ယောက် ပုဆိုးခပ်တိုတိုပြင်
ဝတ်လိုက်ကြပြီး မြေပုံကို တူးဖို့လုပ်ရတာ
ပေါ့ဗျာ။ ဒီမှာတင် ကိုပေသီးက မြေပုံရဲ့
ခေါင်းရင်းက သွားပြီး ရပ်လိုက်တယ်။

“အရှေ့နေထွက်၊ အနောက်နေဝင်၊
တောင်တံငါ့ကွန်၊မြောက်ဓူဝံအတွင်း
ကျုပ်ဆရာပေသီး၏ အမိန့်ပြန်တမ်း
သည်ပျံ့နှံ့ရောက်ရှိစေသတည်း။ကျုပ်
ဆရာပေသီးဟာ(၇)နှစ်ရက်သားသမီး
တို့ရဲ့ အကျိုးကို လိုလားသောအားဖြင့်
ဒီတနင်္ဂနွေသမီးရဲ့အကူအညီကို ယူ
လိုပါတယ်။ဒီကလေးမရဲ့ ဝိညာဉ်ကို
ဟန့်ထားထားခြင်း၊ထိန်းသိမ်းထားခြင်း၊
လှည့်ဖြားခြင်း၊ မရှင်းမရှိစေရ။ တနင်္ဂနွေ
သမီး သင်သည် ရောက်ရာအရပ်ကနေ
အခုချက်ချင်း ကျွန်ပ်ထံသို့ အရောက်
လာခဲ့ရမည်။ကျုပ်ဆရာပေသီးရဲ့အမိန့်
ဖျန်း ”

ကိုပေသီးက လက်ထဲမှာ ကိုင်ထားတဲ့
သူ့ရဲ့ဆေးကြိမ်လုံးနဲ့ မြေပုံမို့မို့ကြီးကို
ဖျန်းခနဲ မြည်အောင် ရိုက်လိုက်တယ်ဗျ။

“ကဲ တာတေရေ တူးကြစို့ဟေ့”

မီးအိမ်ရဲ့အလင်းရောင်ကလေးနဲ့ ကျုပ်တို့
နှစ်ယောက် သင်္ချိုင်းကိုစပြီး တူးတာပေါ့ဗျာ။
တော်တော်ကလေး တူးမိတော့ …

“ဒေါက် ”

“ဖြေး ဖြေး ဖြေး၊ ဖြေး…သေတ္တာကို
ထိနေပြီကွ”

ကျုပ်တို့နှစ်ယောက် ချွေးတွေပြန်လာတဲ့
အချိန်လောက်မှာပဲ သစ်သားခေါင်းကြီး
ပေါ်လာတာဗျ။ရုတ်တရက်ဆုံး၊ ရုတ်တရက်
သင်္ဂြု ိဟ်ရတာဆိုတော့ ခေါင်းက အကြမ်း
ထည်ကြီးပေါ့ဗျာ။

“တာတေရေ ခေါင်းကို ဖွင့်မယ်ဟေ့
မင်းနောက်ဆုတ်”

ကျုပ်တို့နှစ်ယောက်ဖော်ထားတဲ့ သစ်သား
ခေါင်းကြီးကို ကားရာခွရပ်ပြီး ကိုပေသီးက
အသင့်ယူလာတဲ့ သံကလော်နဲ့ ခေါင်းဖုံး
ကို ဖွင့်တာဗျ။

“အေး ရပြီကွ၊ ပွင့်ပြီ”

ပြောပြောဆိုဆိုနဲ့ ကိုပေသီးက ခေါင်းဖုံးကြီး
ကို မပြီး တူးထားတဲ့ မြေကြီးပုံပေါ်ကို တင်
လိုက်တယ်။မီးရောင်အောက်မှာ ကျုပ်မြင်
လိုက်ရတာက တစ်ကိုယ်လုံး မည်းပြာနေ
တဲ့ ကလေးမလေးရဲ့အလောင်းဗျ။မအေး
အေးဝင်းတဲ့ သနားပါတယ်ဗျာ။ ခမျာ အ
ရွယ်ကောင်းကလေးရောက်မှ သေရတာ။
ကိုပေသီးကတော့ သူ့လွယ်အိတ်ကြီးကို
ယူပြီး အထဲက ကျောက်ပျဉ်ကလေးကို
ထုတ်တယ်။

ပြီးတော့ သနပ်ခါးတစ်တုံး၊ရေထည့်ထား
တဲ့ ပုလင်းတစ်လုံး အလောင်းရဲ့ ရင်ဘတ်
ပေါ်ကို ကျောက်ပျဉ်တင်တယ်။ကျောက်
ပျဉ်ပေါ်မှာ သနပ်ခါးတုံးကလေး တင်ထား
တယ်။ရေပုလင်းကလည်း ဘေးမှာ ထောင်
လို့ဗျ။

“တနင်္ဂနွေသမီး အေးအေးဝင်း ဆရာခေါ်တယ်။
အခုချက်ချင်း အရောက်လာ ဘယ်သူမှ မဟန့်
တားစရေ ။ ငါ ဆရာ အမျိနျ့ ”

ကျုပ်လည်း မျက်လုံးကို ပြူးနေအောင်
ကြည့်တာပေါ့ဗျာ။ ဘာမှာတော့ မထူး
ခြားဘူးဗျ။ အလောင်းကလည်း ငြိမ်နေ
တာပါပဲဗျာ။

“တနင်္ဂနွေသမီး ငါဆရာပေသီး အမိန့် အခု
ချက်ချင်းလာခဲ့ ဒီကိုယ်ထဲကို ပြန်ဝင်လိုက်
အခု ပြန်ဝင်လိုက်”

အနောက်ဘက်က လေအေးကလေး
တစ်ချက် ဝေ့တိုက်သွားတယ်။တစ်ကိုယ်
လုံး စိမ့်ခနဲ ဖြစ်သွားတာကို ကျုပ် သတိ
ထားမိလိုက်တယ်။

“ဝူး …ဝူး…ဝူး…ဝူး…”

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြီး
တစ်သံ ထွက်လာပြန်တယ်။

“ဖြန်း ဖြန်း ဖြန်း ဖြန်း”

ဇရပ်ခေါင်မိုးပေါ်က ငှက်တစ်ကောင် ထပြန်
သွားတဲ့အသံကို ကြားနေရတယ်။ခွေးအူသံ
က မရပ်တော့ဘူးဗျ။ ဆက်တိုက်ကို ထွက်
နေတော့တယ်။

“ဖြန်း…ဖြန်း…ဖြန်း…ဖြန်း…”

အနားက သစ်ပင်တွေပေါ်မှာ အိပ်တန်း
တက်နေတဲ့ ဗျိုင်းတွေတောင် ထပြန်ကုန်
တယ်ဗျ။ တစ်ခုခုပဲ ဆိုတာတော့ ကျုပ်တွေး
မိတယ်။ မီးရောင်ဖျော့ဖျော့ကလေးအောက်
မှာ တစ်ကိုယ်လုံး မဲပြာနေတဲ့ လူသေအ
လောင်းကြီးဗျ။ ပြီးတော့ မြေကျင်းဘေးမှာ
ထိုင်ပြီး တတွတ်တွတ်နဲ့ အမိန့်ပေးနေတဲ့
ဆရာကိုပေသီး၊ သင်္ချိုင်းတပြင်လုံး ဟိန်း
ထွက်နေတဲ့ ခွေးအူသံကြီး၊ တဖြန်းဖြန်း
ထပျံနေတဲ့ ငှက်တွေရဲ့အသံ။တော်
တော်ကို ချောက်ချားစရာကြီးပါဗျာ။
ကျုပ်ဖြင့် ကြက်သီးတွေ တဖြန်းဖြန်း
ထနေတော့ပေါ့ဗျာ။

“ဟာ”

ဒီတုန်းမှာပဲ ကျုပ် လုံးဝ တင်မထားတာ
တစ်ခု ဖြစ်သွားတယ်ဗျ။ ကျုပ်ဆိုတာ
တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတာပဲဗျို့။
ဘာဖြစ်လဲသိလား။ အလောင်းကြီးက မျက်
စိတွေ ဖျတ်ခနဲ ပွင့်လာတာဗျ။ ဟုတ်ရဲ့လား
လို့ ကျုပ် သေသေချာချာကြည့်တယ်။ဟုတ်
ပဗျာ။ မျက်လုံးကြီးတွေ ပြူးနေတာပဲဗျို့။

“အေး ဟုတ်ပြီ တနင်္ဂနွေသမီး ရောက်ပြီ။
ဟုတ်ပြီ ငါဆရာ အမိန့် ထ…ထ…ထလိုက်၊
ထထိုင်လိုက် ဆရာ့ကို ကူညီရမယ် ကူညီ
ရမယ် ထ…ထ”

ဟောဗျာ ထပြီဗျို့။ ထပြီ အလောင်းက
မျက်လုံးပြူးကြီးနဲ့ ထထိုင်နေပြီဗျ။အောင်
မယ်လေး တကယ်ကို ထိုင်တာဗျာ။

“ဟုတ်ပြီ တနင်္ဂနွေသမီး သနပ်ခါးတုံး
ကိုင်လိုက် ဟုတ်ပြီ ကိုင်လိုက်…ရေထည့်
ရေထည့်။ ငါဆရာ အမိန့် သွေး…သွေး
ဟုတ်ပြီ၊ သွေး”

ဟာ သွေးတယ်ဗျို့။ သွေးတယ်။ဒါဆိုရင်
ပီယဆေးရတော့မှာပေါ့။ ကျုပ် ဝမ်းသာ
သလို ဖြစ်သွားတယ်ဗျ။

“သွေးသွေး တနင်္ဂနွေသမီး အားကလေးစိုက်ပြီး
သွေးကွ၊ ရေထည့်ဦးလေ၊ ရေထပ်ထည့်”

ကိုပေသီးက အမိန့်တွေ တတွတ်တွတ်ပေးပြီး
အလောင်းကောင်ကို ခိုင်းနေလေရဲ့၊ အလောင်း
က သန်ခါးတော့ သွေးတယ်ဗျ။ သူခိုင်းသလို
ရေတော့ ထပ်မထည့်ဘူး။ ကျုပ် သေသေချာ
ချာ ကြည့်တယ်။သနပ်ခါးတွေထွက်နေတယ်ဗျ။

“ရေထည့်ဆို ထည့်လေ”

ကိုပေသီးက အမိန့်သံနဲ့ ခိုင်းတယ်ဗျ။အလောင်း
က ကိုပေသီးကို မျက်လုံးပြူးကြီးနဲ့ မော့ကြည့်
တယ်။ အောင်မလေး ကျုပ်ဖြင့် တုန်သွားတာ
ပဲဗျာ။ ကိုပေသီးက အမိန့်ပေးနေပေမဲ့ အ
လောင်းက ရေမထည့်ဘူးဗျ။

ကျုပ်စိတ်ထဲမှာ အလောင်းက နည်းနည်း
ပုံပြောင်းသွားသလိုပဲဗျ။ ကိုပေသီးကို
မကျေနပ်သလို ကြည့်နေတယ်။ ကိုပေ
သီးက သူ့ရဲ့ ဆေးကြိမ်လုံးနဲ့ ရွယ်လိုက်
ပြီး ထပ်ခိုင်းတယ်ဗျ။

“ကဲ…အခု ရေထည့်လိုက်စမ်း”

ဒီလိုတော့ ဟုတ်သားဗျ။ အလောင်းက
ရေပုလင်းကိုယူ ရေထည့်တယ်ဗျ။ကိုပေသီး
က ပုလင်း ခပ်လတ်လတ် အရွယ်တစ်လုံးကို
အဖုံးမှာ အပေါက်ကလေး ဖောက်ထားတာဗျ။
ရေက အနေတော်ပဲ ကျတာ။သွေးတယ်ဗျို့။
သနပ်ခါးတောင် တော်တော်ထွက်နေပြီဗျ။

“ဟုတ်ပြီ။ သွေး သွေး …ရေထည့်လိုက်ဦး
ရေထည့်လိုက်ဦး”

ကိုပေသီးက ရေထည့်ခိုင်းတယ်။ဒါပေမဲ့
အလောင်းက မထည့်ဘူးဗျ။ သနပ်ခါးသွေး
တော့ မရပ်ဘူး သွေးနေတယ်။ကိုပေသီးက
ကြိမ်လုံးကို အပေါ်မြှောက်ပြီး အမိန့်ပေးပေ
မဲ့ ဒီတစ်ခါတော့ မရတော့ဘူးဗျို့။

ကိုပေသီးကလည်း အမိန့်တွေ ပေးတာပဲဗျ။
ဒါပေမဲ့ အလောင်းက သိပ်ပြီး မနာခံသလိုပဲ
မျက်လုံးပြူးကြီးနဲ့ကို ကိုပေသီးကို မော့
ကြည့်နေတယ်ဗျ။

“ကိုပေသီး သတိလည်း ထားဦးဗျ”

လို့ ကျုပ်က သတိပေးလိုက်မိတယ်။

“စိတ်မပူနဲ့ တာတေ၊ ဒါလောက်ကတော့
ပေသီးတို့ မမှုဘူးကွ။ ဟဲ့ကောင်မ အခု
ရေထည့်စမ်း ငါ့အမိန့်”

ကိုပေသီး လေသံပြောင်းသွားပြီး ခပ်ကြမ်း
ကြမ်း ပြောပြီး ခိုင်းတယ်။ အလောင်းက
သနပ်ခါးသွေးတာကိုတော့ မရပ်ဘူးဗျ။
ရေတော့ ထပ်မထည့်တော့ဘူး။အလောင်း
က ခေါင်းထဲမှာပဲ ရှိနေတာဗျ။ ပက်လက်က
နေ ထထိုင်နေတာ။ခြေထောက်တွေက
ဆင်းထားတဲ့အတိုင်းပေါ့။ သူ့ပေါင်ပေါ်မှာ
ကျောက်ပျဉ်တင်ပြီး သွေးနေတယ်လေ။

ကိုပေသီးက စိတ်မရှည်တော့ဘဲ…

“ဒီကောင်မတော့ ငါထသတ်ရင် နောက်တစ်ခါ
ထပ်သေဦးမယ်။ခိုင်းရင် ခိုင်းတဲ့အတိုင်းမလုပ်ဘူး”

လို့ ပြောပြီး ကိုယ်ကို ရှေ့ကုန်းလိုက်တယ်။
ပြီးတော့ အလောင်းဘေးမှာ တုံးလုံးလဲနေတဲ့
ရေပုလင်းလေးကို လှမ်းပြီးကောက်တယ်။

ဒီမှာတင် မမျှော်လင့်တာဖြစ်တော့တာ
ပေါ့ဗျာ။အလောင်းရဲ့ လက်နှစ်ဖက်က
လေထဲကို မြောက်တက်လာပြီး ကိုပေသီး
ရဲ့ ခေါင်းက ဆံပင်ကို ဆတ်ခနဲ ဆွဲချလိုက်
တယ်။ ကိုပေသီး အရှိန်လွန်ပြီး ခေါင်းပေါ်
ကို ပြုတ်ကျသွားတယ်။ အလောင်း၏လက်
တစ်ဖက်က ကိုပေသီးရဲ့ ဆံပင်ကို ဆွဲထားပြီး
လက်တစ်ဖက်က ကျောက်ပျဉ်ကို ကိုင်ပြီး
ထုတော့တာပဲဗျာ။

“ခွပ် …ခွပ်…ခွပ်…ဟား…ဟား…ဟား
ငါဟဲ့ ငါ၊ တနင်္ဂနွေသမီးမဟုတ်ဘူး၊ ငါ
မဖဲဝါဟေ့ နင်လို ဆရာကများ ငါ့သင်္ချိုင်း
ထဲကိုလာပြီး စွာရတယ်လို့ ခွပ်…ခွပ်…
ဟား… ဟား…ဟား…ဟား”

“ဟာ မဖဲဝါဆိုပါလား၊ သင်္ချိုင်းစောင့်မဖဲဝါ
ဆိုတာ ထင်တယ်”

ကျုပ်တစ်ယောက်ထဲ အတွေးနဲ့ ပြောတဲ့
စကားဗျ။

ကိုပေသီးရဲ့ ခေါင်းက သွေးတွေ
မြင်မကောင်းအောင် ထွက်လာတာပေါ့ဗျာ

“တာတေ ပြေးတော့ ”

ဗလုံးဗထွေး အသံကြီးနဲ့ ကြုံးအော်လိုက်တဲ့
ကိုပေသီးရဲ့ စကာလည်းကြားရော

ကျုပ်လည်း ဘာပြောကောင်းမလဲ၊ ပေါက်တူး
ကလေးပြေးဆွဲပြီး တစ်ကြိုးတည်း သုတ်တော့
တာပေါ့ဗျာ။

“ခွပ် …ခွပ်…ခွပ်…ဟား…ဟား…ဟား
မဖဲဝါတဲ့ဟေ့၊ ငါ့ကိုစမ်းချင်တဲ့ကောင်
ကဲဟာ ကဲဟာ”

ဆိုတဲ့အသံကြီးက ကျုပ်နောက်ကို ပြေး
လိုက်လာသလိုပဲဗျ။ ကျုပ်လည်း မနားတမ်း
ပြေးလိုက်တာ ခါးကြားမှာထိုးထားတဲ့ ဓါတ်
မီးလည်း ဘယ်နားကျကျန်ခဲ့မှန်းတောင်
မသိတော့ပါဘူးဗျာ။ လမ်းမှာလည်း သုံး
ခါလောက် ချော်လဲသေးတယ်ဗျ။ဘုန်းခနဲ
လဲလိုက် ကုန်းထပြီး ပြေးလိုက်နဲ့ အိမ်ကို
ဘယ်လိုရောက်လာမှန်းကို မသိတာပါဗျာ။

XXXXXX

နောက်တစ်နေ့ရောက်တော့ ငွေတွင်းကုန်း
သုသာန်မှာ အလောင်းဖော်ပြီး ဆေးစီရင်တဲ့
ပရောဂဆရာ ကိုပေသီး မြေကျင်းထဲမှာ
မှောက်ခုံကြီး သေနေတဲ့သတင်းက တော
မီးလိုပြန့်နေတော့တာပေါ့ဗျာ

ကျုပ်တို့ ထနောင်းကုန်းမှာလည်း
ဒီသတင်းပဲ ပြောနေကြတာဗျို့

ကိုပေသီးခေါင်းတစ်လုံး ကြွေမွပြီး ဦးနှောက်
တွေတောင် ထွက်ကျနေတယ် ဆိုပဲ။ကိုပေ
သီး ဘယ်လိုဖြစ်ပြီး သေတယ်ဆိုတာကို
တော့ ဘယ်သူမှ အတိအကျ မသိကြဘူး
ပေါ့။အလောင်းကတော့ မြှုပ်ထားတဲ့အ
တိုင်း မလှုပ်မယှက်ပဲတဲ့ဗျ။

ကျုပ်လည်း သတင်းမျိုးစုံ ကြားရပေမဲ့
ဘာမှ မသိသလိုနေရတာပေါ့လေ။

အခုဆိုရင် ကိုပေသီးသေတာ ကြာခဲ့ပါပြီ။
အဲဒီညက ကျုပ်ပါခဲ့တယ်ဆိုတာကို အခု
အချိန်အထိ ဘယ်သူမှ မသိကြဘူးဗျ။
အဲ…ခင်ဗျားတစ်ယောက်က လွဲရင်ပေါ့လေ။

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ

Zawgyi Version

” ပီယေဆး ”(စ/ဆုံး)
——————–

(ဆရာတာေတရဲ႕ ၂၀၁၃ ခုႏွစ္ ပထမဆုံး တာေတစာအုပ္ ထြက္ခ်ိန္ ပထမဆုံးေရးခဲ့တဲ့ ဝတၳဳကိုအမွတ္တရတင္ဆက္ေပးလိုက္ပါတယ္ )
မူရင္းေရးသားသူ _ ဆရာတာေတ

က်ဳပ္နာမည္က တာေတပါ။
က်ဳပ္ေနတာက အညာေဒသေပါ့ဗ်ာ။
က်ဳပ္တို႔႐ြာကို ထေနာင္းကုန္းလို႔ေခၚတယ္။
အိမ္ေျခေတာ့ တစ္ရာေလာက္ ရွိသေပါ့။
သူႀကီးက ဦးဘိုးထင္ဗ်။ လႊတ္စိတ္တိုတဲ့
အဘိုးႀကီးဗ်ာ။ က်ဳပ္ေတာင္ ႐ြာထဲမွာ
ရန္ျဖစ္လို႔ ေျခာက္ေပါက္လဲ ဝက္လိုက္
ရေသးဗ်ား။ ေျခာက္ေပါက္ဆိုတာ ထိတ္တုံး
ကို ေျပာတာေလ။ က်ဳပ္မိဘေတြကေတာ့
လူခ်မ္းသာေတြေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။

အသင့္အတင့္ပါပဲ။ စားႏိုင္ေသာက္ႏိုင္
ထဲကေပါ့။ က်ဳပ္ကေတာ့ လပ္ယားလပ္ယား
ပါပဲ။ ယာထဲလည္း သိပ္မဆင္းပါဘူး။ တစ္ခါ
တေလ အေဖ့ကို လိုက္ကူတာေလာက္ ရွိတာ
ပါ။ က်ဳပ္က လူမႈေရးသမားဗ်။ ႐ြာေရး၊ ရပ္ေရး
ဆိုလွ်င္ေတာ့ က်ဳပ္မပါလို႔ ၿပီးတာ မဟုတ္ဘူး
ေလ။

“တာေတေရ အလႉကိစၥတိုင္ပင္ခ်င္လို႔
အိမ္ဘက္ကို ေလွ်ာက္ခဲ့ပါဦးကြ”
လို႔ကို တကူးတကာ လာၿပီး ဖိတ္မႏၲက
ျပဳရတဲ့ ေကာင္ေလ။ က်ဳပ္လည္း ရပ္ေရး
႐ြာေရး လုပ္ေနက်ၾကဆိုေတာ့ အထာက
သိၿပီးသားဗ်။ က်ဳပ္လုပ္ရင္ ဘာမဆို သပ္
သပ္ခပ္ခပ္ကို ၿပီးသြားတာ။အေဖနဲ႔အေမ
ကလည္း က်ဳပ္က ႐ြာထဲမွာ အေရးပါတဲ့
လူျဖစ္ေနတာကို သေဘာက်ၾကတယ္
ေလ။ ဒါေပမဲ့ ခက္တာက တစ္ခုရွိတယ္
ဗ်။ အဲဒါက က်ဳပ္ဝါသနာေလ။

ဘာလဲဆိုေတာ့ အားႀကီး စပ္စုခ်င္တာဗ်။

က်ဳပ္က ဘာမဆို လႊတ္သိခ်င္တာေလ။
ထူးထူးဆန္းဆန္း ကိစၥဆိုရင္ ပိုေတာင္
ဆိုးေသးဗ်ာ၊ ဘယ္႐ြာမွာ ဆြဲႀကိဳးခ်ေသလို႔တဲ့
ဆိုရင္ တာေတ ေရွ႕ဆုံးက ေရာက္ၿပီးသားဗ်။
ဘယ္သူပိုးထိလို႔ဆိုရင္ တာေတ ေရွ႕ကပဲ။
တာေတ့လက္ေပၚမွာတင္ ဆုံးသြားတဲ့လူေတြ
မနည္းဘူးေလ။ ဒီေတာ့လည္း ထေနာင္းကုန္း
က တေတာဆိုရင္ အနီးအနားက ဘန္႔ေဘြး
ကုန္း၊ ဝက္စု၊ ေငြတြင္းကုန္း၊ သာယာကုန္း၊
စတဲ့ ႐ြာေတြက မသိတဲ့သူ မရွိသေလာက္ပါ
ပဲ။ အဲဒီ႐ြာေတြထဲမွာ ဘန္႔ေဘြးကုန္းက
ကိုေပသီးကိုေတာ့ တာေတ ေတာ္ေတာ္
ခင္တာဗ်။

ဘာျဖစ္လို႔ ဆိုေတာ့ ကိုေပသီးကလည္း
တာေတလိုပဲ။ ေနရာတကာ စပ္စပ္နဲ႔
စပ္စပ္နဲ႔ ပါတဲ့လူ။ ဒါေပမဲ့ သူက ပေရာဂ
ကို လႊတ္ဝါသနာပါတဲ့လူ။ ဟို႐ြာ ဒီ႐ြာေတြ
သြား ဆရာေတြေနာက္ ေလွ်ာက္လိုက္
ၿပီးေတာ့ ပညာယူဆိုပဲ။

ကိုေပသီး ပေရာဂကုတဲ့ေနာက္ကို တာေတ
တစ္ခါႏွစ္ခါ လိုက္သြားဖူးတယ္။ ကိုေပသီး
က ဆိုးေတာ့ မဆိုးဘူးဗ်။ လူကေတာ့ အရပ္
ပုျပတ္ျပတ္၊ ဂင္တိုတို အသား ခပ္မည္းမည္း
မ်က္လုံးက ျပဴးျပဴး၊ ႏွာေခါင္းကႀကီးႀကီး။
ဒီၾကားတည္းမွာ ခန္႔ညားေအာင္ဆိုၿပီး
ႏႈတ္ခမ္းေမႊးကလည္း ထားလိုက္ေသးသဗ်။
သူ႔ႏႈတ္ခမ္းေမႊးႀကီးကလည္း အျပားႀကီးႀကီး
ဆိုေတာ့ ခန္႔ညားတာ မခန္႔ညားတာေတာ့
မသိဘူး သူ႔မ်က္ႏွာႀကီးကေတာ့ ေၾကာက္
စရာ ေတာ္ေတာ္ေကာင္းတာဗ်ိဳ႕။ ပေရာဂ
ခြၽတ္ၿပီဆိုရင္ …

“အေရွ႕ေနထြက္၊ အေနာက္ေနဝင္၊ ေတာင္
တံငါ့ကြန္၊ ေျမာက္ဓူဝံအတြင္း ပုန္းျခင္း၊ ခိုျခင္း
ကပ္ေနျခင္း မရွိေစရ၊ ဆရာ့ ဆရာႀကီးေတြရဲ႕
တပည့္ေက်ာ္ ငါဆရာေပသီးရဲ႕အမိန္႔ အခု
ခ်က္ခ်င္း ခ်င္းဆိုခ်င္း၊ နင္းဆိုနင္း၊ ဝင္ဆိုဝင္၊
ကပ္ဆိုကပ္၊ ပူးဆိုပူး၊ ဗ်မ္း……”

“ေအာင္မယ္ေလးေတာ့”

“ေအာင္မယ္ေလးဗ်”

ကိုေပသီးက အမိန္႔ျပန္တမ္းအဆုံးမွာ
လက္ထဲက ေဆးႀကိမ္လုံးနဲ႔ ၾကမ္းျပင္ကို
ဗ်မ္းကနဲ ႐ိုက္လိုက္ေတာ့ ပေရာဂေတာ့
မသိဘူး ေဘးကဝိုင္းၾကည့္ေနတဲ့လူေတြ
လန္႔ၿပီး ထေအာ္ၾကေတာ့တာပဲဗ်ိဳ႕။က်ဳပ္
ေတာင္ တုန္သြားေသးတယ္။

ကိုေပသီးကေတာ့ ခပ္တည္တည္ပဲဗ်။
ႏႈတ္ခမ္းေမႊးျပားျပားႀကီးကို လက္နဲ႔တစ္ခ်က္
သပ္လိုက္ၿပီး ပေရာဂကုတဲ့မိန္းမကို သူ႔မ်က္
လုံးျပဴးျပဴးႀကီးနဲ႔ စိုက္ၾကည့္ေနတာ
မ်က္ေတာင္ တစ္ခ်က္မခတ္ဘူးဗ်ိဳ႕။

သူ႔ေရွ႕မွာ ႀကဳံ႕ႀကဳံ႕ကေလးထိုင္ၿပီး ဘုရား
စင္ကို လက္အုပ္ခ်ီထားတဲ့ မိန္းမက လက္
ေတြ ေကြးေကာက္လာေတာ့တာပဲ။

“လာခဲ့…လာခဲ့ ငါဆရာေပသီး ေရွ႕ေမွာက္
အေရာက္လာခဲ့၊ ခ်င္းဆိုခ်င္း၊ နင္းဆိုနင္း၊
ကပ္ဆိုကပ္၊ ဝင္ဆိုဝင္၊ အခုဝင္လိုက္စမ္း
ဗ်မ္း…”

“ေအာင္မယ္ေလး”

ကိုေပသီးက ၾကမ္းျပင္ကို ေဆးႀကိမ္လုံးနဲ႔
‘ဗ်မ္း’ခနဲ ႐ိုက္၊ လူေတြကလည္း လန္႔ေအာ္။
ဒါေပမဲ့ က်ဳပ္ၾကည့္တယ္ဗ်။ သူတို႔အားလုံး
မ်က္လုံးေတြကေတာ့ ပေရာဂပူးေနတဲ့ မိန္း
မကို စိုက္ၾကည့္ေနလိုက္ၾကတာ အသက္
ေတာင္ ရႈမိၾကပုံမေပၚဘူးဗ်ိဳ႕။

တျဖည္းျဖည္းနဲ႔ က်ဳံ႕က်ဳံ႕ထိုင္ေနတဲ့မိန္းမက
တုန္တုန္ရီရီျဖစ္လာၿပီး အတုန္ရပ္သြားတဲ့အ
ခ်ိန္မွာ က်ဳံ႕က်ဳံ႕ထိုင္ကေန ဆတ္ကနဲတင္ပ်ဥ္
ထခ်ိတ္ေတာ့တာပဲဗ်ာ။

ၿပီးေတာ့ ဆရာကိုေပသီးကိုလည္း
စူးစူးႀကီးၾကည့္ေနေတာ့တာ။ ကိုေပသီး
ကလည္း ဘာရမလဲ ပေရာဂကို မ်က္
ေတာင္မခတ္ဘဲ ျပန္ၾကည့္တယ္ဗ်ိဳ႕။

“ေၾသာ္ …ေယာက်ၤားကိုး၊ ငါက မိန္းမ
ကပ္ေနတယ္ထင္တာ၊ ကဲ ေျပာစမ္း
ေဟ့ေကာင္ မင္းဘယ္သူတုံး”

ကိုေပသီးက လက္ထဲက ေဆးၾကမ္းလုံးကို
ေျမႇာက္ၿပီး ႐ိုက္မလို လုပ္ေမးတာဗ်။ဒါေပမဲ့
ဝင္ပူးေနတဲ့ သရဲက နည္းနည္းေတာင္
မတြန္႔ဘူးဗ်ိဳ႕။

“မင္း ငါ့ကို ႐ိုက္ရဲရင္ ႐ိုက္လိုက္ေလကြာ
ဒီမိန္းမအသက္ကို အခုခ်က္ခ်င္း ႏႈတ္ပစ္
လိုက္မယ္၊ ငါ့ကို ဘာမ်ားေအာက္ေမ့ေန
ၾကတုံး”

“ေအး မင္းကို ငါ မ႐ိုက္ဘူး။ မင္း ဘယ္သူလဲ
ဆိုတာေျပာ”

“ငါက ေနာက္ဘက္ေတာမွာေနတဲ့ေကာင္ေဟ့”

“ဟင္ အေနာက္ဘက္ေတာမွာေနတဲ့ေကာင္က
မပုၾကည္ကို ဘာေၾကာင့္ ဝင္ကပ္ေနတာတုံး”

“ေဟာဒီ ေကာင္မက အားႀကီးႏႈတ္ၾကမ္းတာ၊
ငါေနတဲ့ က်ည္းပင္ႀကီးေအာက္မွာ လာၿပီး စ
တည္းခ်တယ္။ ခ်က္ျပဳတ္စားတယ္။ေတာထဲ
ဝါးလာခုတ္တိုင္း ငါ့အပင္ေအာက္မွာ စတည္း
ခ်တာ။ ပါးစပ္က လႊတ္ၾကမ္းတဲ့မိန္းမကြ။ငါတို႔
လို သက္ႀကီးဝါႀကီးေတြကို အစားအေသာက္
ကေလး တစ္ဆုပ္ တစ္လုတ္ ေကြၽးရမွန္းလည္း
မသိ။ လင္ကို ဆဲလိုဆဲ။ ယုတ္ယုတ္မာမာေတြ
ကလည္း ေျပာလိုက္တာ လြန္ပါေရာ။သင္းကို
ေက်ာင္းမွန္းကန္မွန္းသိေအာင္ ငါလုပ္ထား
တာ။ ဒီေကာင္မ တစ္ေန႔သုံးခါ ဗိုက္ေအာင့္
တယ္မို႔လား။ လိမ့္ေနေအာင္ ခံရတာမို႔လား။
ေအး မွတ္ေလာက္သားေလာက္ ရွိေအာင္ ငါ
လုပ္ထားတာ”

“မင္း နာမည္ ဘယ္သူလဲ”

“ငါ့နာမည္ေတာ့ ငါမသိဘူး။ တျခားသရဲေတြ
ေခၚၾကတာကေတာ့ ေမႊးနီႀကီးတဲ့”

“အသက္ ဘယ္ေလာက္ရွိၿပီလဲ”

“ငါ အေနာက္ဘက္ေတာကို ေရာက္ေတာ့
နင္တို႔႐ြာ ဒီေနရာမွာ ရွိေတာင္မရွိေသးဘူး။
ငါ့အသက္က ေလးရာေက်ာ္ၿပီ”

“ဟာ”

အားလုံး တအံ့တၾသ ျဖစ္သြားၾကတယ္။

“ငါလုပ္ရင္ နင္တို႔ တစ္႐ြာလုံး တန္းစီေသသြား
တယ္ ဘာမွတ္သလဲ”

“ကဲ ကဲ အေနာက္ဘက္ေတာမွာေနတဲ့က်ဳပ္ဘက္
အသက္အပုံႀကီး ႀကီးတဲ့ ဘေမႊးနီႀကီးဗ်ာ၊ က်ဳပ္
ဆရာေပသီးက ေမတၱရပ္ပါတယ္။ မပုၾကည္ကို
က်ဳပ္တို႔အားလုံး ဝိုင္းဝန္း ဆုံးမပါ့မယ္၊ ေနာက္ကို
ႏႈတ္အာ မၾကမ္းတမ္းဖို႔ ၿပီးေတာ့ ဘေမႊးနီေနတဲ့
က်ည္းပင္ႀကီးေအာက္မွာ စတည္းခ် ခ်က္ျပဳတ္
စားတဲ့အခါတိုင္း ဘေမႊးနီကိုလည္း ဖိတ္မႏၲက
ျပဳၿပီး ေကြၽးဖို႔ ေမြးဖို႔ ေျပာေပးပါ့မယ္၊ အခု
ဘေမႊးနီ ဘာမ်ားအလိုရွိပါသလဲ”

ကိုေပသီးက ေလေျပကေလးနဲ႔ ေမတၱာရပ္
ခံတယ္ဗ်။ ေမႊးနီႀကီးကို နည္းနည္းလန္႔သြား
သလားေတာ့ မေျပာတတ္ဘူးဗ်ိဳ႕။အၿမဲတမ္း
တဝင့္ဝင့္လုပ္ေနတဲ့ သူေဆးႀကိမ္လုံးကို
ေတာင္ ၾကမ္းျပင္ကို ခ်ထားလိုက္သဗ်။

“ငါ့ကို အမဲသားေကြၽးၾက”

“ဟာ ေကြၽးပါ့မယ္ဗ်ာ၊ ေကြၽးပါမယ္။
ဘယ္ေလာက္မ်ား စားခ်င္ပါသလဲ”

“သုံးပိႆာေကြၽး”

“သုံးပိႆာ ဟုတ္လား။ ေကြၽးမယ္ဗ်ာ
ေကြၽးမယ္။ မနက္ျဖန္ ညေန ႏြား႐ိုင္းသြင္းခ်ိန္မွာ
ဘေမႊးနီေနတဲ့ က်ည္းပင္ႀကီးေအာက္ကို လာ
ပို႔ေပးမယ္။ က်ဳပ္ကိုယ္တိုင္လာပို႔မယ္။အခုေတာ့
ပုၾကည္မကို လုပ္ထားတာေတြ တစ္ခုမက်န္
ျပန္ၿပီး ႏႈတ္သြားေပးပါဗ်ာ ေမတၱာရပ္ခံပါတယ္
ပုၾကည္မ မိေမြးတိုင္း ဘေမြးတိုင္း ဘာမွ ကပ္ၿငိ
မက်န္ရစ္ခဲ့ေအာင္ ႏႈတ္ယူသြားပါ ဘေမႊးနီ”

“ေအး ေကာင္းၿပီ၊ ငါလုပ္ထားတာေတြ
ငါ အခု ျပန္သိမ္းလိုက္မယ္။နင္တို႔ ကတိ
မတည္လို႔ကေတာ့ တစ္႐ြာလုံးကို ငါအေသ
သတ္မယ္”

“ဟာ မလုပ္ပါနဲ႔ ေကြၽးပါမယ္”

ေဘးကၾကည့္ေနတဲ့သူေတြ လန္႔ၿပီး
တစ္ေယာက္တစ္ေပါက္ေအာ္ၾက
ေတာ့တာေပါ့ဗ်ာ။

“ဒီအတြက္ေတာ့ စိတ္ခ်ပါ၊ က်ဳပ္ဟာ သီလ
သမာဓိနဲ႔ ျပည့္စုံတဲ့ ဆရာေပသီးပါ၊ က်ဳပ္
အာမခံပါတယ္”

လို႔ ကိုေပသီးက ႐ုပ္တည္ႀကီးနဲ႔ ေျပာလိုက္ေတာ့
မပုၾကည္တစ္ကိုယ္လုံး တဆတ္ဆတ္ တုန္လာ
ေတာ့တာပဲဗ်ာ။ လက္ႀကီးေတြကားၿပီး ေလထဲကို
ေျမာက္တက္လာတယ္။ ၿပီးေတာ့ သူ႔တစ္ကိုယ္
လုံးကို လက္ဖဝါးနဲ႔ သပ္ခ်တာဗ်။ ေလး၊ ငါးခါ
သပ္ခ်လိုက္ၿပီးေတာါမွ။

“ဝါး”

ပါးစပ္ၿဖဲၿပီး သမ္းလိုက္တယ္။ မပုၾကည္လည္း
ထိုင္ေနရာကေန ေပ်ာ့ေခြက်သြားေတာ့တာပဲ။

“ဟဲ့ …မပုၾကည္ …မပုၾကည္”

ကိုေပသီးရဲ႕ က်ယ္က်ယ္ႀကီးနဲ႔ ေအာ္ေခၚတဲ့
အသံေၾကာင့္ မပုၾကည္ ဆတ္ခနဲ ျဖစ္ၿပီး ေခါင္း
ေမာ့လာတယ္။ ကိုေပသီးက သူေရွ႕မွာ ခ်ထား
တဲ့ ေရစင္ခြက္ထဲက ေရနဲ႔ မပုၾကည္ကို ႏွစ္ခါ
သုံးခါ ေတာက္လိုက္တယ္။ၿပီးေတာ့ မ်က္လုံး
ထဲကို မ်က္စဥ္းလို ခတ္ေပးလိုက္ေသးတယ္ဗ်။

“ကဲ…အားလုံး ရွင္းသြားၿပီ။ ပုၾကည္ေရ
နင့္ပါးစပ္ကို ဒီကေန႔ကစၿပီး ထိန္းေပေတာ့။
နင္ ကံေကာင္းလို႔ မေသတာ။ ငါလိုဆရာနဲ႔
ေတြ႕ေပလို႔ေပါ့။ ေတာ္႐ုံတန္႐ုံနဲ႔ ေတြ႕လို႔
ကေတာ့ နင္အသက္ပါသြားေလာက္ၿပီေဟ့၊
နဲတဲ့ေကာင္ႀကီး မဟုတ္ဘူး။ ခင္ဗ်ားတို႔
အားလုံး ၾကားလိုက္တဲ့အတိုင္းပဲေလ”

“ဟုတ္ပေတာ္ ပုၾကည္ရယ္၊ နင္ေလ
ဆရာကိုေပသီး ကယ္လိုက္ေပလို႔ပဲ နင္
မလြယ္ဘူး။ နင့္ပါးစပ္ကလည္း တယ္ၾကမ္း
သကိုး ကဲ…မနက္ျဖန္ကို ၿမိဳ႕ကို ေစာေစာ
ထသြား။ အမဲသား သုံးပိႆာ ဝယ္ခဲ့”

အရီးေဒၚလုံးၾကည္က ေျပာလိုက္ေတာ့
မပုၾကည္ရဲ႕ေယာက်ၤားကိုသာဒြန္းက…

“စိတ္ခ် အရီး၊ က်ဳပ္ မနက္ကို ေဝလီေဝလင္း
ထသြားၿပီး ဝယ္လာခဲ့မယ္၊ မနက္ျဖန္ညေန
သြားရင္ေတာ့ ဆရာကိုေပသီးလိုက္ခဲ့ပါဗ်ာ။
က်ဳပ္တို႔ခ်ည္း မသြားရဲဘူးဗ်”

“ေအးပါ ငါလိုက္ခဲ့ပါမယ္ သာဒြန္းရာ၊
ၿပီးေတာ့ မနက္ျဖန္ၾကရင္ ငွက္ေပ်ာဖက္
ႀကီးႀကီး သုံးေလး႐ြက္ ခုတ္ထားၾကေဟ့”

“စိတ္ခ် စိတ္ခ် ကိုေပသီး၊ က်ဳပ္တို႔ အားလုံး
အဆင္သင့္ လုပ္ထားလိုက္ပါ့မယ္”

ပေရာဂထုတ္တဲ့ပြဲကေတာ့ ေအာင္ေအာင္ျမင္ျမင္
ကို ၿပီးသြားတာဗ်ိဳ႕။ ေန႔တိုင္း ဗိုက္ေအာင့္လို႔ ေအာ္
ေနရတဲ့ မပုၾကည္လည္း ယူပစ္သလိုကို ေပ်ာက္
သြားတာဗ်ိဳ႕။ ႐ြာသားေတြ အားလုံး အံ့ၾသၾကတာ
ေပါ့ဗ်ာ။ ကိုေပသီးရဲ႕ သတင္းလည္း ေက်ာ္ထြက္
လာေတာ့တာေပါ့ဗ်ာ။ ဟို႐ြာကလာေခၚ၊ ဒီ႐ြာက
လာေခၚနဲ႔ လက္ေတာင္မလည္ဘူးဆိုပဲ။က်ဳပ္
လည္း ေနာက္ပိုင္းေတာ့ ကိုေပသီးနဲ႔ သိပ္မ
ေတြ႕ျဖစ္ေတာ့ပါဘူးဗ်ာ။

XxXX

တစ္ေန႔ေတာ့ က်ဳပ္လည္း ပ်င္းပ်င္းရွိတာနဲ႔
မန္က်ည္းပင္ ေအာက္က ကြပ္ပ်စ္မွာ တုံးလုံး
လဲေနခဲ့တယ္ဗ်။

“ကိုႀကီးတာေတ ကိုႀကီးတာေတ ”

“ေဟလကြာ၊ ဘယ္သူတုံးဟ လာခဲ့ လာခဲ့
ငါ ဒီမွာ ရွိတယ္ ”

က်ဳပ္က မက်ည္းပင္ေအာက္က အသံျပဳ
လိုက္ေတာ့ ဝိုင္းထဲကို ေကာင္ေလးတစ္
ေယာက္ဝင္လာတယ္။

“ဟ မ်က္ျပဴးပါလား၊ လာေလကြာ”

မ်က္ျပဴးက က်ဳပ္လွဲေနတဲ့ ကြပ္ပ်စ္အစပ္မွာ
ဝင္ထိုင္လိုက္တယ္။

“ကိုႀကီးတာေတ ႐ြာျပင္ဘက္က ဇရပ္ေပၚမွာ
လူႀကီးတစ္ေယာက္ ေရာက္ေနတယ္၊ အဲ့ဒီ
လူႀကီးက ေျပာခိုင္းလိုက္လို႔ က်ဳပ္လာေျပာတာ”

“ေဟ ဘယ္သူတုံးကြ”

“က်ဳပ္လည္း မသိဘူးဗ်၊ က်ဳပ္တို႔
ထေနာင္းကုန္းကေတာ့ မဟုတ္ဘူး”

“လူပုံလည္း ေျပာဦးေလ”

“အသားမည္းမည္း မ်က္လုံးျပဴးျပဴး
ႏႈတ္ခမ္းေမႊးႀကီးနဲ႔ဗ်။ လူပုံစံကေတာ့
တစ္မ်ိဳးႀကီးပဲ ကိုႀကီးတာေတ”

“ေၾသာ္ …အရပ္ပုပုလား”

“ဟုတ္တယ္ အရပ္ပုပုနဲ႔ လူႀကီးဗ်”

“ေၾသာ္…ငါသိၿပီ မ်က္ျပဴး၊ အဲဒါ ကိုေပသီးပဲ။
ေအး…ေအး ငါသြားလိုက္မယ္၊ ဒီလူ ဘာမ်ား
ကိစၥရွိလို႔ပါလိမ့္”

မ်က္ျပဴးျပန္သြားေတာ့ က်ဳပ္လည္း ပုဆိုး
တစ္ထည္ ပခုံးေပၚတင္ၿပီး ထြက္လာခဲ့တယ္။
႐ြာျပင္က ဇရပ္ေပၚေရာက္ေတာ့ မ်က္ေစ့ႀကီး
စုံမွတ္ၿပီး တရားထိုင္သလို ဘာလို လုပ္ေနတဲ့
ကိုေပသီးကို ေတြ႕လိုက္တယ္။ က်ဳပ္ ေျခသံ
ၾကားေတာ့ မ်က္ေစ့ျပဴးျပဴးႀကီးကို ဖြင့္ၾကည့္ၿပီး

“ဟာ တာေတ လာကြာ။ ငါ မင္းနဲ႔ ေတြ႕ခ်င္လို႔
လာခဲ့တာၾက”

“ကိုေပသီးကလည္းဗ်ာ။ ႐ြာထဲဝင္ခဲ့ရင္ ၿပီးေရာ၊
အိမ္လည္း သိလ်က္သားနဲ႔။ ကဲ လာ အိမ္ကို
သြားမယ္”

ကိုေပသီးက ကဗ်ာကယာ လက္ကာျပ
ူတယ္ဗ်။

“မဟုတ္ဘူးတာေတရဲ႕။ ဆရာသမားေတြက
႐ြာတစ္႐ြာကို ဝင္ခ်င္းတိုင္းဝင္ ထြက္ခ်င္တိုင္း
ထြက္လို႔ မေကာင္းဘူးေလကြာ၊ ႐ြာတိုင္းမွာ
႐ြာသူဆိုတာ ရွိတယ္။ ႐ြာေစာင့္ေတြ ရွိတယ္
သူတို႔ကို အေၾကာင္းျပဳၿပီးမွ ဝင္လို႔ထြက္လို႔
ရတာကြ။ ဒါေၾကာင့္ အလုပ္ရႈပ္လို႔ မဝင္
ေတာ့တာ။ ဒီမွာပဲ ေျပာစရာကိစၥကို ေျပာ
ၾကတာေပါ့ကြာ”

“ေၾသာ္ ဒါေၾကာင့္လား ကဲ…ဒါဆိုလည္း
ဒီမွာပဲ ေျပာၾကတာေပါ့ဗ်ာ”

ကိုေပသီးက သူ႔လြယ္အိတ္ႀကီးထဲက
သနပ္ဖက္ေဆးလိပ္အသစ္တစ္လိပ္ကို
ထုတ္ေပးၿပီး…

“ကဲ ေဆးလိပ္ကေလး ဖြာလိုက္ပါဦးကြာ၊
အေမာေျပေပါ့”

လို႔ ေျပာရင္း မီးခတ္ကေလး ထုတ္ေပးသဗ်ာ။
ကိုေပသီး ကိုင္ေနၾက မီးခတ္ကေလးဗ်။
ဓႏုျဖဴကလုပ္တဲ့ ေၾကးဝါမီးခတ္ေလ။
က်ဳပ္လည္း ေဆးလိပ္မီးညႇိၿပီး တစ္ဖြာ
ႏွစ္ဖြာ ဖြာလိုက္တယ္။ ကိုေပသီးက
စကားစတယ္။

“ငါလာတာ ကိစၥ တစ္ခုရွိလို႔ကြ တာေတရဲ႕၊
ဒီေန႔မနက္ အေစာႀကီးက တို႔႐ြာေတာင္ဘက္က
ေငြတြင္းကုန္းမွာ ေကာင္မေလးတစ္ေယာက္
ပိုးထိၿပီး ေသသြားတယ္ကြာ”

“ကိုေပသီး ေႁမြကုႏိုင္တာပဲ။
သြားမကုဘူးလား”

“ငါ့ကိုလာပင့္လို႔ လိုက္သြားတယ္ေလ။
ဒါေပမဲ့ ငါေရာက္ေတာ့ မမီေတာ့ဘူး
တာေတရ၊ ေကာင္မေလး ဆုံးသြားၿပီ”

“အို ျဖစ္မွျဖစ္ရေလဗ်ာ”

“ေအး ေႁမြဆိပ္က တစ္ကိုယ္လုံးျပန္႔ေနၿပီကြာ၊
ငါေရာက္ေတာ့တစ္အိမ္လုံး ငိုေနၾကၿပီ။ ငါလည္း
အိမ္ေပၚမတက္ေတာ့ဘူးေလကြာ။ လွည့္ျပန္
လာခဲ့တယ္။ အဲဒီမွာတင္ ငါအရမ္း အံ့ၾသ
သြားတာကြ”

“ဟင္ ဘယ္လိုျဖစ္လို႔လဲ”

“ဒီလိုကြ တာေတရ၊ ဒီေန႔ တနဂၤေႏြေန႔
မဟုတ္လား”

“ဟုတ္တယ္ေလဗ်ာ၊ ဒီေန႔ တနဂၤေႏြေန႔”

“ေအး ေကာင္မေလးဆုံးတာ မနက္ ငါးနာရီ
ထိုးေလာက္ကြ၊ အဲဒါ တနဂၤေႏြအခါပဲကြ၊ၿပီး
ေတာ့ ဒီေန႔က ျပာသိုလဆန္းတစ္ရက္ေလ။
ပိုးထိတဲ့ ေကာင္မေလး အသက္က ၁၆ ႏွစ္
တဲ့ အပ်ိဳစစ္စစ္ပဲ။ နာမည္က ေအးဝင္းတဲ့
တနဂၤေႏြသမီးတဲ့ကြ”

“ဟင္ အဲဒီေတာ့ ဘာျဖစ္တုံးဗ်၊ ကိုေပသီးရဲ႕”

“ဟာ အဲဒီမ်ိဳးက အင္မတန္ ႀကဳံေတာင္
ႀကဳံခဲကြ တာေတရ။ ပီယေဆးကြ၊ ပီယေဆး”

“ဗ်ာ…ပီယေဆး ဟုတ္လား ကိုေပသီး”

“ဟုတ္တယ္ေလကြာ၊ ပီယေဆးေဖာ္လို႔
ရတယ္ကြ”

“ပီယေဆး ဆိုတာ တကယ္ေကာ ရွိလို႔လားဗ်”

“ဟေကာင္ တာေတရ ရွိတာေပါ့ကြ၊ သိပ္ရွိ
တာေပါ့၊ ပီယေဆးဆိုတာ ေယာက်ၤား၊ မိန္းမ
ကိစၥတင္ ေျပာတာမဟုတ္ဘူးကြ။ ကိုယ္ေျပာ
သမွ် ေအာင္တာကြ။ ကိုယ္လိုခ်င္တာအကုန္
ရတာကြ။ စီးပြားေရးလုပ္ရင္ မင္းသူေ႒းျဖစ္ၿပီ
ေပါ့ကြ။ မင္းမလိုခ်င္ဘူးလား”

“ဟာ ဒီလိုဆိုရင္ လိုခ်င္တာေပါ့ဗ်။ ဒီေဆး
သာရရင္ ၿမိဳ႕တက္ၿပီး ပဲပြဲ႐ုံ၊ ႏွမ္းပြဲ႐ုံ ေထာင္
ပစ္လိုက္မွာေပါ့ဗ်”

“ကဲ ေျပာဗ်ာ ကိုေပသီး၊ ဘယ္လိုလုပ္ရမွာလဲ”

“ဟာ ဒါေတြ ငါတတ္ပါတယ္ကြ။ ငါပိုင္ပါတယ္။
ေအး အခုလိုမ်ိဳး လတစ္လရဲ႕ လဆန္းတစ္ရက္
မွာ တနဂၤေႏြက်ဖို႔ ။ အဲ…ဒီတနဂၤေႏြက်တဲ့လမွာ
တနဂၤေႏြအခါမွာ တနဂၤေႏြသမီ အပ်ိဳစစ္စစ္
တစ္ေယာက္ အစိမ္းေသေသဖို႔ဆိုတာေတြက
ႀကဳံဖို႔ မလြယ္ဘူးကြ။ အခုေတာ့ ႀကဳံၿပီေဟ့။
ေစာေစာကပဲ သူတို႔ အသုဘခ်လိုက္ၾကၿပီ။
ျမႇဳပ္ထားတဲ့ေျမပုံကို ေသေသခ်ာခ်ာ မွတ္
ၿပီးမွ ငါ မင္းဆီကို လာခဲ့တာကြ”

“ဟင္ ခ်က္ခ်င္း သျဂၤု ိဟ္တာလား”

“ဟာ ဒါမ်ိဳးက ရက္မထားၾကဘူးကြ အစိမ္း
ေသေလ။ ခ်က္ခ်င္း ခ်ရတယ္။ ရက္ထားရင္
႐ြာခိုက္တတ္တယ္ကြ”

“ေၾသာ္ …ဒီလိုလား”

“ေအး ညမိုးခ်ဳပ္တာနဲ႔ မင္း ေပါက္တူးတစ္လက္
ဆြဲၿပီး ေငြတြင္းကုန္သုသာန္ကို လာခဲ့ေပေတာ့။
ငါလည္းေပါက္တူး တစ္လက္ ယူခဲ့မယ္။ၿပီးေတာ့
လိုတာေတြ ငါ အားလုံးယူခဲ့မယ္။ မင္းလာရဲ႕လား
တာေတ”

“ဟာ ကိုေပသီးကလည္း တာေတပါဗ်။
ဒီလိုထူးထူးဆန္းဆန္း ကိစၥမ်ိဳးဆိုရင္
တာေတတို႔က အခုလား ဆိုတာမ်ိဳးဗ်။
စိတ္သာခ် ညက်ရင္ က်ဳပ္အေရာက္
လာမယ္”

“ေအး ေကာင္းၿပီ။တို႔က သန္းေခါင္မေက်ာ္
ခင္ လုပ္ရမွာေနာ္၊ဟိုဘက္ရက္ကို ကူးသြား
ရင္ မေအာင္ေတာ့ဘူးသိလား”

“ေၾသာ္ ဒီလိုလား။တနဂၤေႏြမေက်ာ္ခင္
အၿပီးစီရင္ရမွာေပါ့”

“ေအး ဟုတ္တယ္ တာေတရ၊ ကဲ ငါ
႐ြာျပန္ၿပီး စီစဥ္စရာေတြ စီစဥ္လိုက္ဦးမယ္”

ကိုေပသီး ေျပာေျပာဆိုဆိုနဲ႔ လြတ္အိတ္ႀကီး
လြယ္ၿပီး ထြက္သြားတယ္။ က်ဳပ္လည္း ႐ြာကို
ျပန္လာခဲ့တာေပါ့။ ကိုေပသီး ျပန္သြားေတာ့ပဲ
ညေနေလးနာရီေလာက္ ရွိေနၿပီဗ်။က်ဳပ္လည္း
မန္က်ည္းပင္ေအာက္က ကြပ္ပ်စ္မွာ အသာ
ျပန္ထိုင္ၿပီး ကိုေပသီးေျပာတာေတြကို ျပန္
ေတြးေနမိတယ္။

ပီယေဆး ဆိုတာ တကယ္ရွိတာကိုး။
ဒီေဆးရရင္ ေျပာတိုင္းေအာင္ဆိုပဲ။
ၿပီးၿပီေပါ့ဗ်ာ တာေတတစ္ေယာက္ သူေ႒း
ျဖစ္ၿပီေပါ့ဗ်ာ။ က်ဳပ္ မ်က္စိထဲမွာ အခုကို
ျမင္ေနၿပီဗ်။ က်ဳပ္က အက်ႌအေကာင္းစား
ပုဆိုးအေကာင္းေတြနဲ႔၊ က်ဳပ္ပိုင္တဲ့ ပဲပြဲႀကီး
ေရွ႕က ေမာ္ေတာ္ကားတစ္စီးေဘးမွာ ရပ္
လို႔ဗ်။ ပြဲ႐ုံနာမည္ကလည္း ဘာတဲ့”တာေတ
ပဲ၊ ႏွမ္း ေရာင္းဝယ္ေရး”တဲ့ဗ်။က်ဳပ္ အလုပ္
သမားေတြကလည္း ပဲအိတ္၊ ႏွမ္းအိတ္ေတြ
ထမ္းလို႔ေပါ့ဗ်ာ။

“ဟဲ့ …တာေတ ငုတ္တုတ္ႀကီးထိုင္ၿပီး
ၿပဳံးၿပဳံးႀကီးေတာ္ ဘာေတြမ်ား သေဘာက်
ေနတာတုံးဟဲ့၊ လာေလ ထမင္းစားရေအာင္”

အေမ့ေအာ္သံ ၾကားလိုက္ေတာ့မွ က်ဳပ္လည္း
လန္႔ၿပီး အေတြးေတြ ရပ္သြားေတာ့တာေပါ့ဗ်ာ။

နဂါးေဆးေပါ့လိပ္ကေလးတစ္လိပ္ ဖြာရင္း
ေပါက္တူးကို မန္က်ည္းပင္အရင္းမွာ ေထာင္
ထားလိုက္တယ္။ သုံးေတာင့္ထိုး ဓါတ္မီးကို
လည္း မသိမသာ က်ဳပ္ယူထားလိုက္တယ္။

XXXXX

မိုးစုံးစုံးခ်ဳပ္ၿပီဆိုေတာ့မွ ဓါတ္မီးေလး ခါးမွာ
ထိုးၿပီး ေပါက္တူးကို ပခုံးမွာထမ္းၿပီး က်ဳပ္
ထြက္လာခဲ့တယ္။လကြယ္ညဗ် ၾကယ္ေရာင္
ကေလးေလာက္ပဲ ရွိတာ။ဒါေပမဲ့ ဒီလမ္းေတြ
က က်ဳပ္အဖို႔ေတာ့ ႀကိဳက္တဲ့အခ်ိန္ ထသြား
ေနၾကလမ္းေတြပါဗ်ာ။

ေငြတြင္းကုန္း သုသာန္ကို ေရာက္ဖို႔ဆိုရင္
ဘန္႔ေဘြးကုန္းဘက္ကို အရင္သြားရမယ္။
ၿပီးေတာ့ ဘန္႔ေဘြးကုန္း ေတာင္ဘက္က
ေညာင္ၾကပ္ပင္ႀကီးေရာက္ရင္ အေနာက္
ဘက္ကို ခ်ိဳးခ်လိုက္႐ုံပဲေလ။

စုစုေပါင္း ႏွစ္နာရီေလာက္ေတာ့ သြားရမယ္
ထင္တယ္။ က်ဳပ္လည္း ေပါက္တူးတစ္လက္
ထမ္းၿပီး သုတ္ေခ်တင္ရေတာ့တာေပါ့ဗ်ာ။
တစ္ခ်က္တစ္ခ်က္ေတာ့ ေက်ာထဲက စိမ့္
သြားသားဗ်။ ပီယေဆးလိုခ်င္တဲ့ေဇာက
ကပ္ေနေတာ့ သိပ္မေၾကာက္လွဘူးေပါ့ဗ်ာ။

ဘန္႔ေဘြးကုန္း ေတာင္ဘက္က ေညာင္ၾကပ္
ပင္ႀကီးေအာက္ေရာက္ေတာ့ သစ္ပင္ႀကီး
ေပၚက ဇီးကြက္တစ္ေကာင္လား မသိပါဘူး

ထေအာ္လိုက္တာ ၾကက္သီးေတြ ျဖန္းခနဲ
ထသြားလိုက္တာ စိတ္ထဲကနည္းနည္း
ေၾကာက္လာလိုက္ ပီယေဆးအေၾကာင္း
ေတြးလိုက္နဲ႔ အေနာက္ဘက္ကို ခ်ိဳးလိုက္
တယ္။ ေငြတြင္းကုန္း သုသာန္ရွိတဲ့ဘက္
ေပါ့ဗ်ာ။ ကိုေပသီးႀကီး ေရာက္ေနေလာက္
ၿပီ ထင္ပါရဲ႕၊ ေငြတြင္းကုန္းသုသာန္အဝ
ေရာက္ေတာ့ သစ္ပင္အုပ္အုပ္ႀကီးေတြ
နဲ႔ ေတာ္ေတာ္ကို ေမွာင္ရိပ္ႀကီးက်ေန
တာဗ္။

“ဝူး…ဝူး…ဝူး…ဝူး”

႐ုတ္တရက္ႀကီး ေခြးအူသံကို ၾကားလိုက္
ရေတာ့ က်ဳပ္ ဆံပင္ေတြေတာင္ ေထာင္
သြားသလားလို႔ေတာင္ ထင္လိုက္ရတယ္
က်ဳပ္လည္း ခါးၾကားက ဓါတ္မီးကေလး
ထုတ္ၿပီး ထိုးရေတာ့တာေပါ့ဗ်ာ။

ေႁမြပါးကင္းပါးက ရွိေသးတယ္မို႔လား။
ဓါတ္မီးနဲ႔ ဟိုထိုးဒီထိုး လုပ္ၿပီး သုသာန္
ဇရပ္ကို ရွာရတာေပါ့။ ကိုေပသီး ေရာက္
ေနရင္လည္း က်ဳပ္လာတာကို ေတြ႕ေအာင္
ေပါ့ဗ်ာ။ မီးထိုးၿပီး ဇရပ္ကို ရွာရတာေလ။
ေဟာ ေတြ႕ၿပီ။ ကုကၠိဳပင္ အုပ္အုပ္ႀကီး
ေတြေအာက္မွာ ဇရပ္ကေလး။ က်ဳပ္
ဇရပ္ေပၚေရာက္ေတာ့ ကိုေပသီးကို
ရွာလိုက္တယ္။မေတြ႕ဘူးဗ်။

“ဝူး…ဝူး…ဝူး…ဝူး…”

ေခြးအုပ္ႀကီး ႐ုတ္တရက္ ထြက္လာျပန္ေတာ့
က်ဳပ္ျဖင့္ လန္႔သြားတာဗ်ာ။ မေျပာပါနဲ႔ေတာ့။
မဟုတ္ေသးပါဘူး။ ကိုေပသီးက ႀကိဳၿပီး
ေရာက္ေနရမွာပါ။ ဘယ္လိုျဖစ္လို႔ ေနာက္
က်ေနပါလိမ့္။

“ေဖ်ာက္”

ဇရပ္ေနာက္ဘက္က သစ္ကိုင္းေျခာက္
တက္နင္းသံ ၾကားလိုက္ရလို႔ က်ဳပ္ခ်က္
ခ်င္း လွမ္းၾကည့္လိုက္မိတာေပါ့။ေၾသာ္
ကိုေပသီးက ေရာက္ေနတာကိုး။ဇရပ္
ေပၚတက္လာတဲ့ ကိုေပသီးကိုက်ဳပ္က

“ကိုေပသီး မေရာက္ေသးဘူး မွတ္လို႔ဗ်”

“ငါေရာက္ေနတာ ၾကာပါၿပီကြ။
တနဂၤေႏြသမီးကို ထားတဲ့သခ်ႋဳင္းကို
ေသခ်ာေအာင္ သြားၾကည့္တာပါ။
တို႔ သိပ္တူးရမွာ မဟုတ္ပါဘူး။
ျမႇဳပ္တဲ့သူေတြက ခပ္ဖြဖြပဲ ဖို႔ခဲ့
တာၾက”

ကိုေပသီးက ေဆးေပါ့လိပ္ကို မီးညႇိၿပီး
ဖြာေနတယ္။

“ဝူး …ဝူး…ဝူး…”

ဒီတုန္းမွာပဲ ခပ္လွမ္းလွမ္းက ေခြးအူသံႀကီး
ထြက္လာျပန္တယ္ဗ်။

“ဝူး…ဝူး…ဝူး…”

ဒီတစ္ခါ ေခြးအူသံက ေပ်ာက္မသြားဘဲ
က်ဳပ္တို႔ဘက္ကို လာေနသလိုပဲ။ က်ဳပ္
ေခြးအူသံကို နားစြင့္ေနတုန္းမွာပဲ…

“ကဲ …တာေတ ငါတို႔ အလုပ္စလုပ္
ၾကရေအာင္”

ကိုေပသီးက ေျပာေျပာေျပာဆိုဆို
ထလိုက္တယ္။ က်ဳပ္လည္း ေပါက္တူး
ကို ဆြဲၿပီး ထလိုက္တယ္။

“ငါ ေပါက္တူးက ေျမပုံနားမွာ ထားခဲ့တယ္”

က်ဳပ္နဲ႔ ကိုေပသီး ေျမပုံနားကို ေရာက္ေတာ့ …

“ဒီေျမပုံပဲကြ။ဒါ တနဂၤေႏြသမီးရဲ႕ေျမပုံေလ”

ကိုေပသီးက ေျမျပင္ကို ထိုင္ခ်လိုက္တယ္။
သူယူလာတဲ့ မီးအိမ္ကေလးကို မွန္ေျပာင္း
မၿပီး မီးထြန္းလိုက္တယ္။မီးအိမ္ကေလးက
သေဘၤာေတြမွာသုံးတဲ့ ေလကာပါတဲ့ မီးအိမ္
ကေလးဗ်။

“ကဲ …မင္းတို႔ ဓါတ္မီးကို ခ်ထားလိုက္
တာေတ၊လိုမွပဲ ဓါတ္မီး သုံးကြ။အေဝးက
လွမ္းျမင္ႏိုင္တယ္”

က်ဳပ္တို႔ ႏွစ္ေယာက္ ပုဆိုးခပ္တိုတိုျပင္
ဝတ္လိုက္ၾကၿပီး ေျမပုံကို တူးဖို႔လုပ္ရတာ
ေပါ့ဗ်ာ။ ဒီမွာတင္ ကိုေပသီးက ေျမပုံရဲ႕
ေခါင္းရင္းက သြားၿပီး ရပ္လိုက္တယ္။

“အေရွ႕ေနထြက္၊ အေနာက္ေနဝင္၊
ေတာင္တံငါ့ကြန္၊ေျမာက္ဓူဝံအတြင္း
က်ဳပ္ဆရာေပသီး၏ အမိန္႔ျပန္တမ္း
သည္ပ်ံ႕ႏွံ႔ေရာက္ရွိေစသတည္း။က်ဳပ္
ဆရာေပသီးဟာ(၇)ႏွစ္ရက္သားသမီး
တို႔ရဲ႕ အက်ိဳးကို လိုလားေသာအားျဖင့္
ဒီတနဂၤေႏြသမီးရဲ႕အကူအညီကို ယူ
လိုပါတယ္။ဒီကေလးမရဲ႕ ဝိညာဥ္ကို
ဟန္႔ထားထားျခင္း၊ထိန္းသိမ္းထားျခင္း၊
လွည့္ျဖားျခင္း၊ မရွင္းမရွိေစရ။ တနဂၤေႏြ
သမီး သင္သည္ ေရာက္ရာအရပ္ကေန
အခုခ်က္ခ်င္း ကြၽန္ပ္ထံသို႔ အေရာက္
လာခဲ့ရမည္။က်ဳပ္ဆရာေပသီးရဲ႕အမိန္႔
ဖ်န္း ”

ကိုေပသီးက လက္ထဲမွာ ကိုင္ထားတဲ့
သူ႔ရဲ႕ေဆးႀကိမ္လုံးနဲ႔ ေျမပုံမို႔မို႔ႀကီးကို
ဖ်န္းခနဲ ျမည္ေအာင္ ႐ိုက္လိုက္တယ္ဗ်။

“ကဲ တာေတေရ တူးၾကစို႔ေဟ့”

မီးအိမ္ရဲ႕အလင္းေရာင္ကေလးနဲ႔ က်ဳပ္တို႔
ႏွစ္ေယာက္ သခ်ႋဳင္းကိုစၿပီး တူးတာေပါ့ဗ်ာ။
ေတာ္ေတာ္ကေလး တူးမိေတာ့ …

“ေဒါက္ ”

“ေျဖး ေျဖး ေျဖး၊ ေျဖး…ေသတၱာကို
ထိေနၿပီကြ”

က်ဳပ္တို႔ႏွစ္ေယာက္ ေခြၽးေတြျပန္လာတဲ့
အခ်ိန္ေလာက္မွာပဲ သစ္သားေခါင္းႀကီး
ေပၚလာတာဗ်။႐ုတ္တရက္ဆုံး၊ ႐ုတ္တရက္
သျဂၤု ိဟ္ရတာဆိုေတာ့ ေခါင္းက အၾကမ္း
ထည္ႀကီးေပါ့ဗ်ာ။

“တာေတေရ ေခါင္းကို ဖြင့္မယ္ေဟ့
မင္းေနာက္ဆုတ္”

က်ဳပ္တို႔ႏွစ္ေယာက္ေဖာ္ထားတဲ့ သစ္သား
ေခါင္းႀကီးကို ကားရာခြရပ္ၿပီး ကိုေပသီးက
အသင့္ယူလာတဲ့ သံကေလာ္နဲ႔ ေခါင္းဖုံး
ကို ဖြင့္တာဗ်။

“ေအး ရၿပီကြ၊ ပြင့္ၿပီ”

ေျပာေျပာဆိုဆိုနဲ႔ ကိုေပသီးက ေခါင္းဖုံးႀကီး
ကို မၿပီး တူးထားတဲ့ ေျမႀကီးပုံေပၚကို တင္
လိုက္တယ္။မီးေရာင္ေအာက္မွာ က်ဳပ္ျမင္
လိုက္ရတာက တစ္ကိုယ္လုံး မည္းျပာေန
တဲ့ ကေလးမေလးရဲ႕အေလာင္းဗ်။မေအး
ေအးဝင္းတဲ့ သနားပါတယ္ဗ်ာ။ ခမ်ာ အ
႐ြယ္ေကာင္းကေလးေရာက္မွ ေသရတာ။
ကိုေပသီးကေတာ့ သူ႔လြယ္အိတ္ႀကီးကို
ယူၿပီး အထဲက ေက်ာက္ပ်ဥ္ကေလးကို
ထုတ္တယ္။

ၿပီးေတာ့ သနပ္ခါးတစ္တုံး၊ေရထည့္ထား
တဲ့ ပုလင္းတစ္လုံး အေလာင္းရဲ႕ ရင္ဘတ္
ေပၚကို ေက်ာက္ပ်ဥ္တင္တယ္။ေက်ာက္
ပ်ဥ္ေပၚမွာ သနပ္ခါးတုံးကေလး တင္ထား
တယ္။ေရပုလင္းကလည္း ေဘးမွာ ေထာင္
လို႔ဗ်။

“တနဂၤေႏြသမီး ေအးေအးဝင္း ဆရာေခၚတယ္။
အခုခ်က္ခ်င္း အေရာက္လာ ဘယ္သူမွ မဟန္႔
တားစေရ ။ ငါ ဆရာ အမ်ိန်႕ ”

က်ဳပ္လည္း မ်က္လုံးကို ျပဴးေနေအာင္
ၾကည့္တာေပါ့ဗ်ာ။ ဘာမွာေတာ့ မထူး
ျခားဘူးဗ်။ အေလာင္းကလည္း ၿငိမ္ေန
တာပါပဲဗ်ာ။

“တနဂၤေႏြသမီး ငါဆရာေပသီး အမိန္႔ အခု
ခ်က္ခ်င္းလာခဲ့ ဒီကိုယ္ထဲကို ျပန္ဝင္လိုက္
အခု ျပန္ဝင္လိုက္”

အေနာက္ဘက္က ေလေအးကေလး
တစ္ခ်က္ ေဝ့တိုက္သြားတယ္။တစ္ကိုယ္
လုံး စိမ့္ခနဲ ျဖစ္သြားတာကို က်ဳပ္ သတိ
ထားမိလိုက္တယ္။

“ဝူး …ဝူး…ဝူး…ဝူး…”

ဆြဲဆြဲငင္ငင္ အူလိုက္တဲ့ ေခြးအူသံႀကီး
တစ္သံ ထြက္လာျပန္တယ္။

“ျဖန္း ျဖန္း ျဖန္း ျဖန္း”

ဇရပ္ေခါင္မိုးေပၚက ငွက္တစ္ေကာင္ ထျပန္
သြားတဲ့အသံကို ၾကားေနရတယ္။ေခြးအူသံ
က မရပ္ေတာ့ဘူးဗ်။ ဆက္တိုက္ကို ထြက္
ေနေတာ့တယ္။

“ျဖန္း…ျဖန္း…ျဖန္း…ျဖန္း…”

အနားက သစ္ပင္ေတြေပၚမွာ အိပ္တန္း
တက္ေနတဲ့ ဗ်ိဳင္းေတြေတာင္ ထျပန္ကုန္
တယ္ဗ်။ တစ္ခုခုပဲ ဆိုတာေတာ့ က်ဳပ္ေတြး
မိတယ္။ မီးေရာင္ေဖ်ာ့ေဖ်ာ့ကေလးေအာက္
မွာ တစ္ကိုယ္လုံး မဲျပာေနတဲ့ လူေသအ
ေလာင္းႀကီးဗ်။ ၿပီးေတာ့ ေျမက်င္းေဘးမွာ
ထိုင္ၿပီး တတြတ္တြတ္နဲ႔ အမိန္႔ေပးေနတဲ့
ဆရာကိုေပသီး၊ သခ်ႋဳင္းတျပင္လုံး ဟိန္း
ထြက္ေနတဲ့ ေခြးအူသံႀကီး၊ တျဖန္းျဖန္း
ထပ်ံေနတဲ့ ငွက္ေတြရဲ႕အသံ။ေတာ္
ေတာ္ကို ေခ်ာက္ခ်ားစရာႀကီးပါဗ်ာ။
က်ဳပ္ျဖင့္ ၾကက္သီးေတြ တျဖန္းျဖန္း
ထေနေတာ့ေပါ့ဗ်ာ။

“ဟာ”

ဒီတုန္းမွာပဲ က်ဳပ္ လုံးဝ တင္မထားတာ
တစ္ခု ျဖစ္သြားတယ္ဗ်။ က်ဳပ္ဆိုတာ
တစ္ကိုယ္လုံး ဆတ္ခနဲ တုန္သြားတာပဲဗ်ိဳ႕။
ဘာျဖစ္လဲသိလား။ အေလာင္းႀကီးက မ်က္
စိေတြ ဖ်တ္ခနဲ ပြင့္လာတာဗ်။ ဟုတ္ရဲ႕လား
လို႔ က်ဳပ္ ေသေသခ်ာခ်ာၾကည့္တယ္။ဟုတ္
ပဗ်ာ။ မ်က္လုံးႀကီးေတြ ျပဴးေနတာပဲဗ်ိဳ႕။

“ေအး ဟုတ္ၿပီ တနဂၤေႏြသမီး ေရာက္ၿပီ။
ဟုတ္ၿပီ ငါဆရာ အမိန္႔ ထ…ထ…ထလိုက္၊
ထထိုင္လိုက္ ဆရာ့ကို ကူညီရမယ္ ကူညီ
ရမယ္ ထ…ထ”

ေဟာဗ်ာ ထၿပီဗ်ိဳ႕။ ထၿပီ အေလာင္းက
မ်က္လုံးျပဴးႀကီးနဲ႔ ထထိုင္ေနၿပီဗ်။ေအာင္
မယ္ေလး တကယ္ကို ထိုင္တာဗ်ာ။

“ဟုတ္ၿပီ တနဂၤေႏြသမီး သနပ္ခါးတုံး
ကိုင္လိုက္ ဟုတ္ၿပီ ကိုင္လိုက္…ေရထည့္
ေရထည့္။ ငါဆရာ အမိန္႔ ေသြး…ေသြး
ဟုတ္ၿပီ၊ ေသြး”

ဟာ ေသြးတယ္ဗ်ိဳ႕။ ေသြးတယ္။ဒါဆိုရင္
ပီယေဆးရေတာ့မွာေပါ့။ က်ဳပ္ ဝမ္းသာ
သလို ျဖစ္သြားတယ္ဗ်။

“ေသြးေသြး တနဂၤေႏြသမီး အားကေလးစိုက္ၿပီး
ေသြးကြ၊ ေရထည့္ဦးေလ၊ ေရထပ္ထည့္”

ကိုေပသီးက အမိန္႔ေတြ တတြတ္တြတ္ေပးၿပီး
အေလာင္းေကာင္ကို ခိုင္းေနေလရဲ႕၊ အေလာင္း
က သန္ခါးေတာ့ ေသြးတယ္ဗ်။ သူခိုင္းသလို
ေရေတာ့ ထပ္မထည့္ဘူး။ က်ဳပ္ ေသေသခ်ာ
ခ်ာ ၾကည့္တယ္။သနပ္ခါးေတြထြက္ေနတယ္ဗ်။

“ေရထည့္ဆို ထည့္ေလ”

ကိုေပသီးက အမိန္႔သံနဲ႔ ခိုင္းတယ္ဗ်။အေလာင္း
က ကိုေပသီးကို မ်က္လုံးျပဴးႀကီးနဲ႔ ေမာ့ၾကည့္
တယ္။ ေအာင္မေလး က်ဳပ္ျဖင့္ တုန္သြားတာ
ပဲဗ်ာ။ ကိုေပသီးက အမိန္႔ေပးေနေပမဲ့ အ
ေလာင္းက ေရမထည့္ဘူးဗ်။

က်ဳပ္စိတ္ထဲမွာ အေလာင္းက နည္းနည္း
ပုံေျပာင္းသြားသလိုပဲဗ်။ ကိုေပသီးကို
မေက်နပ္သလို ၾကည့္ေနတယ္။ ကိုေပ
သီးက သူ႔ရဲ႕ ေဆးႀကိမ္လုံးနဲ႔ ႐ြယ္လိုက္
ၿပီး ထပ္ခိုင္းတယ္ဗ်။

“ကဲ…အခု ေရထည့္လိုက္စမ္း”

ဒီလိုေတာ့ ဟုတ္သားဗ်။ အေလာင္းက
ေရပုလင္းကိုယူ ေရထည့္တယ္ဗ်။ကိုေပသီး
က ပုလင္း ခပ္လတ္လတ္ အ႐ြယ္တစ္လုံးကို
အဖုံးမွာ အေပါက္ကေလး ေဖာက္ထားတာဗ်။
ေရက အေနေတာ္ပဲ က်တာ။ေသြးတယ္ဗ်ိဳ႕။
သနပ္ခါးေတာင္ ေတာ္ေတာ္ထြက္ေနၿပီဗ်။

“ဟုတ္ၿပီ။ ေသြး ေသြး …ေရထည့္လိုက္ဦး
ေရထည့္လိုက္ဦး”

ကိုေပသီးက ေရထည့္ခိုင္းတယ္။ဒါေပမဲ့
အေလာင္းက မထည့္ဘူးဗ်။ သနပ္ခါးေသြး
ေတာ့ မရပ္ဘူး ေသြးေနတယ္။ကိုေပသီးက
ႀကိမ္လုံးကို အေပၚေျမႇာက္ၿပီး အမိန္႔ေပးေပ
မဲ့ ဒီတစ္ခါေတာ့ မရေတာ့ဘူးဗ်ိဳ႕။

ကိုေပသီးကလည္း အမိန္႔ေတြ ေပးတာပဲဗ်။
ဒါေပမဲ့ အေလာင္းက သိပ္ၿပီး မနာခံသလိုပဲ
မ်က္လုံးျပဴးႀကီးနဲ႔ကို ကိုေပသီးကို ေမာ့
ၾကည့္ေနတယ္ဗ်။

“ကိုေပသီး သတိလည္း ထားဦးဗ်”

လို႔ က်ဳပ္က သတိေပးလိုက္မိတယ္။

“စိတ္မပူနဲ႔ တာေတ၊ ဒါေလာက္ကေတာ့
ေပသီးတို႔ မမႈဘူးကြ။ ဟဲ့ေကာင္မ အခု
ေရထည့္စမ္း ငါ့အမိန္႔”

ကိုေပသီး ေလသံေျပာင္းသြားၿပီး ခပ္ၾကမ္း
ၾကမ္း ေျပာၿပီး ခိုင္းတယ္။ အေလာင္းက
သနပ္ခါးေသြးတာကိုေတာ့ မရပ္ဘူးဗ်။
ေရေတာ့ ထပ္မထည့္ေတာ့ဘူး။အေလာင္း
က ေခါင္းထဲမွာပဲ ရွိေနတာဗ်။ ပက္လက္က
ေန ထထိုင္ေနတာ။ေျခေထာက္ေတြက
ဆင္းထားတဲ့အတိုင္းေပါ့။ သူ႔ေပါင္ေပၚမွာ
ေက်ာက္ပ်ဥ္တင္ၿပီး ေသြးေနတယ္ေလ။

ကိုေပသီးက စိတ္မရွည္ေတာ့ဘဲ…

“ဒီေကာင္မေတာ့ ငါထသတ္ရင္ ေနာက္တစ္ခါ
ထပ္ေသဦးမယ္။ခိုင္းရင္ ခိုင္းတဲ့အတိုင္းမလုပ္ဘူး”

လို႔ ေျပာၿပီး ကိုယ္ကို ေရွ႕ကုန္းလိုက္တယ္။
ၿပီးေတာ့ အေလာင္းေဘးမွာ တုံးလုံးလဲေနတဲ့
ေရပုလင္းေလးကို လွမ္းၿပီးေကာက္တယ္။

ဒီမွာတင္ မေမွ်ာ္လင့္တာျဖစ္ေတာ့တာ
ေပါ့ဗ်ာ။အေလာင္းရဲ႕ လက္ႏွစ္ဖက္က
ေလထဲကို ေျမာက္တက္လာၿပီး ကိုေပသီး
ရဲ႕ ေခါင္းက ဆံပင္ကို ဆတ္ခနဲ ဆြဲခ်လိုက္
တယ္။ ကိုေပသီး အရွိန္လြန္ၿပီး ေခါင္းေပၚ
ကို ျပဳတ္က်သြားတယ္။ အေလာင္း၏လက္
တစ္ဖက္က ကိုေပသီးရဲ႕ ဆံပင္ကို ဆြဲထားၿပီး
လက္တစ္ဖက္က ေက်ာက္ပ်ဥ္ကို ကိုင္ၿပီး
ထုေတာ့တာပဲဗ်ာ။

“ခြပ္ …ခြပ္…ခြပ္…ဟား…ဟား…ဟား
ငါဟဲ့ ငါ၊ တနဂၤေႏြသမီးမဟုတ္ဘူး၊ ငါ
မဖဲဝါေဟ့ နင္လို ဆရာကမ်ား ငါ့သခ်ႋဳင္း
ထဲကိုလာၿပီး စြာရတယ္လို႔ ခြပ္…ခြပ္…
ဟား… ဟား…ဟား…ဟား”

“ဟာ မဖဲဝါဆိုပါလား၊ သခ်ႋဳင္းေစာင့္မဖဲဝါ
ဆိုတာ ထင္တယ္”

က်ဳပ္တစ္ေယာက္ထဲ အေတြးနဲ႔ ေျပာတဲ့
စကားဗ်။

ကိုေပသီးရဲ႕ ေခါင္းက ေသြးေတြ
ျမင္မေကာင္းေအာင္ ထြက္လာတာေပါ့ဗ်ာ

“တာေတ ေျပးေတာ့ ”

ဗလုံးဗေထြး အသံႀကီးနဲ႔ ႀကဳံးေအာ္လိုက္တဲ့
ကိုေပသီးရဲ႕ စကာလည္းၾကားေရာ

က်ဳပ္လည္း ဘာေျပာေကာင္းမလဲ၊ ေပါက္တူး
ကေလးေျပးဆြဲၿပီး တစ္ႀကိဳးတည္း သုတ္ေတာ့
တာေပါ့ဗ်ာ။

“ခြပ္ …ခြပ္…ခြပ္…ဟား…ဟား…ဟား
မဖဲဝါတဲ့ေဟ့၊ ငါ့ကိုစမ္းခ်င္တဲ့ေကာင္
ကဲဟာ ကဲဟာ”

ဆိုတဲ့အသံႀကီးက က်ဳပ္ေနာက္ကို ေျပး
လိုက္လာသလိုပဲဗ်။ က်ဳပ္လည္း မနားတမ္း
ေျပးလိုက္တာ ခါးၾကားမွာထိုးထားတဲ့ ဓါတ္
မီးလည္း ဘယ္နားက်က်န္ခဲ့မွန္းေတာင္
မသိေတာ့ပါဘူးဗ်ာ။ လမ္းမွာလည္း သုံး
ခါေလာက္ ေခ်ာ္လဲေသးတယ္ဗ်။ဘုန္းခနဲ
လဲလိုက္ ကုန္းထၿပီး ေျပးလိုက္နဲ႔ အိမ္ကို
ဘယ္လိုေရာက္လာမွန္းကို မသိတာပါဗ်ာ။

XXXXXX

ေနာက္တစ္ေန႔ေရာက္ေတာ့ ေငြတြင္းကုန္း
သုသာန္မွာ အေလာင္းေဖာ္ၿပီး ေဆးစီရင္တဲ့
ပေရာဂဆရာ ကိုေပသီး ေျမက်င္းထဲမွာ
ေမွာက္ခုံႀကီး ေသေနတဲ့သတင္းက ေတာ
မီးလိုျပန္႔ေနေတာ့တာေပါ့ဗ်ာ

က်ဳပ္တို႔ ထေနာင္းကုန္းမွာလည္း
ဒီသတင္းပဲ ေျပာေနၾကတာဗ်ိဳ႕

ကိုေပသီးေခါင္းတစ္လုံး ေႂကြမြၿပီး ဦးေႏွာက္
ေတြေတာင္ ထြက္က်ေနတယ္ ဆိုပဲ။ကိုေပ
သီး ဘယ္လိုျဖစ္ၿပီး ေသတယ္ဆိုတာကို
ေတာ့ ဘယ္သူမွ အတိအက် မသိၾကဘူး
ေပါ့။အေလာင္းကေတာ့ ျမႇဳပ္ထားတဲ့အ
တိုင္း မလႈပ္မယွက္ပဲတဲ့ဗ်။

က်ဳပ္လည္း သတင္းမ်ိဳးစုံ ၾကားရေပမဲ့
ဘာမွ မသိသလိုေနရတာေပါ့ေလ။

အခုဆိုရင္ ကိုေပသီးေသတာ ၾကာခဲ့ပါၿပီ။
အဲဒီညက က်ဳပ္ပါခဲ့တယ္ဆိုတာကို အခု
အခ်ိန္အထိ ဘယ္သူမွ မသိၾကဘူးဗ်။
အဲ…ခင္ဗ်ားတစ္ေယာက္က လြဲရင္ေပါ့ေလ။

ၿပီးပါၿပီ။

စာဖတ္ပရိတ္သတ္မ်ား အားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႔ အားေပးသြားပါအုံးဗ်ာ