ထူးဆန်းသောမတ်စေ့(စ/ဆုံး)

Unicode Version

ထူးဆန်းသောမတ်စေ့(စ/ဆုံး)
————————————-
အချိန်ရာသီကာလတွေအလီလီပြောင်း၍နှစ်တွေကြာညောင်းခဲ့ပေပြီ။ ဦးလှထွန်းသည် သူ နေထိုင်သည့် ခမ်းနားထည်ဝါလှသော တိုက်အိမ်ကြီး ၏ဝရန်တာပေါ်မှ အဝေးသို့ငေးမောရင်းတစ်ချိန်က သူကြုံဆုံတွေ့ခဲ့ရသည့် ဂမ္ဘီရဆန်သောဒဏ္ဍာရီဆန်ဆန်ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်းလေးအား အမှတ်မထင် ပြန်လည်သတိရနေမိလေသည်။
ဦးလှထွန်းသည် အိုမင်းရင့်ရော်၍ဆံပင်တွေဘော်ငွေရောင်သန်းကာ ဘဝနေဝင်ချိန်ကို စောင့်မျှော်နေရလေပြီ။ ဦးလှထွန်း လွန်မင်းစွာ နှစ်သက် မြတ်နိုးလှသော (မာကျူရီ) ဆိုင်လေးလည်းနေဝင်စပြုခဲ့လေပြီ။ ဘယ်သော အခါမှ အိုမင်းရင့်ရော်ခြင်းလည်း မရှိသည့် ပစ္စည်းလေး တစ်ခုမှာတော့ ဦးလှထွန်းတို့၏ တိုက်အိမ်ကြီးအပေါ်ထပ်ရှိ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံ လှသော ဘုရားခန်းထဲတွင် စံပယ်နေတော်မူသော ရှေးဟောင်း ကျောက် စိမ်းဆင်းတုတော်နှင့် ရှေးဟောင်းကြေးခွက်ထဲတွင် ရှိသော တစ်မတ်စေ့ လေးပင် ဖြစ်သည်။
ဦးလှထွန်းသည် ရှေးဟောင်းပစ္စည်းကလေးများကို ဝယ်ယူစုဆောင်း ရသည်ကို ဝါသနာထုံလှသည်။ ငွေအကြွေစေ့လေးများ၊ ရှေးနှစ်ပေါင်းများ

စွာကကြေးလင်ပန်း၊ကြေးခွက်၊ ငွေဇွန်းရုပ်ထုစသည်ဖြင့်ပစ္စည်းဟောင်းများ စွာကို သူ၏စတိုခန်းထဲတွင် စုံလင်စွာ တွေ့ရလေသည်။ တချို့ရုပ်တုကလေး များဆိုလျှင် မှတ်တမ်းမှတ်ရာပင် ရှိလေသည်။
ဦးလှထွန်းသည်လားရှိုးတွင် နေထိုင်သော သူ၏မိတ်ဆွေက သူ့ထံသို့ လာရောက်ပါရန် အတင်းဖိတ်ခေါ်သဖြင့် လားရှိုးမြို့သို့ ခရီးထွက်ရန် ပြင်ဆင် နေလေသည်။ ဦးလှထွန်း၏ မိတ်ဆွေမှာ ဦးစိန်ကျော်ဖြစ်ပြီး သူ၏ ဇနီးမှာ ဒေါ်မာလာ ဖြစ်သည်။ သူတို့မှာ အိမ်ထောင်သက် (၁၈) နှစ် ရှိပြီဖြစ်သော် လည်းကျောထောက်နောက်ခံ သားသမီးမထွန်းကားပေ။
ဦးလှထွန်းအား အရေးကြီးလှသဖြင့် အမြန်လာပါရန် ဖိတ်ခေါ်ခြင်း ဖြစ် သည်။ ဦးစိန်ကျော်မှာ ငွေကြေးချမ်းသာသူဖြစ်ပြီးဒေါ်မာလာမှာကျန်းမာရေး ချူချာသည်ဟု စာထဲတွင် ထည့်ရေးထားသဖြင့် ဆွေမျိုးနည်းပါးလှပြီး သား သမီးတစ်ယောက်မှမရှိသောဦးစိန်ကျော်သည်ကျောင်းနေဖက်သူငယ်ချင်း ဖြစ်သော ဦးလှထွန်းကို အားကိုးရှာပေလိမ့်မည်။
ဦးလှထွန်း၏ဇနီးဒေါ်ရီသည် လမ်းခရီးတွင် စားရန်အစားအစာများကို ထုပ်ပိုးပြင်ဆင်ပေးရင်း မိတ်ဆွေလင်မယားအတွက်စိုးရိမ်ပူပန်ပြီး လားရှိုးသို့ အမြန်ရောက်ရန်သာ စိတ်လောကြီးနေသော ခင်ပွန်းသည်အား …
“ကိုလှထွန်းရေ- သိပ်မကြာစေနဲ့။ ဒီမှာက လူခွဲကိုယ်ခွဲရှိတာ မဟုတ် ဘူး။ အမေကလည်း အသက်ကြီးပြီ၊ ရှင့် သမီး – မြမြစန်းကလည်း ငယ်သေး တယ်။ ဘာမှ အားကိုးရတာ မဟုတ်ဘူး၊ အမြန်ပြန်လာ”
ဦးလှထွန်းတို့အိမ်၌ ဦးလှထွန်း၏မိခင်အိုကြီးနှင့်အတူမိသားစုလေးဦး သာ နေထိုင်၍ ဦးလှထွန်း ဝါသနာပါလှသော ခေတ်ရှေးဟောင်းပစ္စည်းများ

(မာကျူရီ) ဝယ်၊ ရောင်းဆိုင်လေးဖြင့် အေးချမ်းစွာ နေထိုင်စားသောက်နေ သည့် မိသားစုလေးပင် ဖြစ်သည်။
ဦးလှထွန်း လားရှိုးဘူတာသို့ ရောက်သောအခါ မိတ်ဆွေကြီး ဦးစိန် ကျော်က အသင့်ကြိုနေသည်။ ဦးစိန်ကျော်သည် သူ၏ ကျောင်းနေဖက် သူငယ်ချင်း သူ့ထံလာရောက်သည့်အတွက် ဝမ်းသာနေဟန်ရှိသည်။
သူ ယခုနေထိုင်သော တိုက်အိမ်ကြီးမှာ အလွန်ခမ်းနားကြီးကျယ်၍ လူနေအခန်းများစွာဖြင့် ဖွဲ့စည်းထားပြီးလျှင် ရှမ်းစော်ဘွားများ၊ ဆွေတော် မျိုးတော်များနေထိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုအိမ်ရောက်မှ ထိတ်လန့်ဖွယ် ရာ ကိစ္စများနှင့် ကြုံရသည်များကို ဖွင့်ဟဝန်ခံပြောပြရင်း ဦးစိန်ကျော်၏ ခမ်းနားလှသည့် တိုက်အိမ်ကြီးဆီသို့ ရောက်လာလေသည်။
ဒေါ်မာလာအား ဦးလှထွန်း မြင်လိုက်ရသောအခါ တအားအံ့ဩသွား လေတော့သည်။ သူမ၏ရုပ်ဆင်းသဏ္ဌာန်မှာ အရင်ကနှင့်လုံးဝမဆိုင်တော့။ ရုပ်ဆင်းလက္ခဏာမှာ ကျဆင်းအိုစာသွားလေသည်။
“လှထွန်းရေ-အဲဒါပဲ ကြည့်တော့၊ မာလာကို မင်း မြင်ပြီမဟုတ်လား။ ရောဂါလည်းထွေထွေထူးထူးမရှိဘဲနဲ့ တရှောင်ရှောင်ဖြစ်ပြီးအိပ်ရာထဲလဲနေ တာ အသားတွေကလည်း ဖြူဖပ်ဖြူရော်နဲ့ကွာ” “ဒါနဲ့ ဆရာဝန်မပြဘူးလား”
“ဆရာဝန်ကတော့ သွေးအားနည်းတာလို့ ပြောတာပဲကွာ။ အတွင်းကို ဓာတ်မှန်ရိုက်ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး။ တိုင်းရင်းသမားတော် ကတော့ အမျိုးသမီးရောဂါ (မီးယပ်)လို့ ပြောတယ်ကွ။ ဒါပေမဲ့-လှထွန်း ငါ မသင်္ကာစရာတစ်ခုတော့ ရှိတယ်”
“ဘာလဲ-စိန်ကျော်ရ မင်းစကားကလဲ”

“အေးကွာ – နောက်မှပေါ့၊ မင်း အနားယူလိုက်ဦး။ ညစာ ထမင်းစားမှပဲ ငါပြောပြတော့မယ်ကွာ။ ကဲ-ကဲ-မင်းရေမိုးချိုးပြီး ခဏနားတော့။ ငါလည်း လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်”ဟုပြောပြီး ဦးစိန်ကျော်က ဦးလှထွန်း နားရန် အခန်းကို လိုက်ပို့ပေးပြီး ထွက်သွားလေသည်။
ဦးလှထွန်း စိတ်ထဲတွင် မည်သည့်အကြောင်းကိစ္စများကြောင့် စီးပွား ဥစ္စာ ပြည့်စုံပြီး ဒုက္ခပေးမည့် သားသမီးဆွေမျိုးလည်းမရှိပါလျက် လင်မယား နှစ်ယောက်လုံးတစ်ယောက်ကမျက်နှာမကောင်း။ တစ်ယောက်က ချူချာနဲ့ ဘယ်လိုများဖြစ်နေကြတာလဲဟုတွေးတောစဉ်းစားနေရင်း ရေချိုးခန်းထဲသို့
ဝင်လာခဲ့သည်။
ဦးလှထွန်းတစ်ယောက်ရေမိုးချိုးပြီး အိမ်အပြင်သို့လေညင်းခံရန်ထွက် လာခဲ့လေသည်။ ဦးစိန်ကျော်၏ခြံဝင်းမှာ အတော်အတန်ပင်ကျယ်ဝန်းလေ သည်။ ခြံဝန်းထဲ၌လည်းပန်းအလှပင်များကိုလှပစွာစိုက်ပျိုးထားပြီး ခြံအဝင် အထွက်တွင် ကြီးမားစွာ ပေါက်နေသော တရုတ်စကားပင်ကြီး ရှိသည်။ တရုတ်စကားပင်၏အောက်ခြေတွင် လူထိုင်ရန် ကျောက်သားခုံတန်းတစ်ခု လုပ်ထားလေသည်။
ခြံဝင်းထဲတွင် တရုတ်မန်ကျည်းသီးပင်၊ သစ်တော်သီးပင်၊ သရက်ပင် စသည်ဖြင့် အတော်အတန်စုံလင်စွာ ကြီးထွားနေကြလေသည်။ ခြံအလယ် တွင်ပုဏ္ဏရိုက်ပင်ကို (၁၀)ပေပတ်လည်ခန့်ရှိမည့်စက်ဝိုင်းပုံသဏ္ဌာန်ပုံဖော် စိုက်ပျိုးထားပြီး ထိုပုဏ္ဏရိုက်ပင်များထဲတွင် ငါးတစ်ကောင် မတ်တတ်ရပ်နေ ဟန်ကို ကျောက်သားဖြင့် ထွင်းထုထားသည်။ ခမ်းနားကြီးကျယ်လှသော တိုက်အိမ်ကြီးနှင့် လွန်စွာမှ ပုလဲနံသင့်လှပေသည်။
ထိုငါးမှာ ခေါင်းမော့၍ ပါးစပ်ဟနေသည့် ပုံစံဖြစ်သည်။ ဦးလှထွန်း သေသေချာချာကြည့်ရာတွင် ယခင်ကာလ အတိတ်ကာလဆီက ထိုငါး၏ ပါးစပ်မှရေများလှပစွာပန်းထွက်နေပုံရပေလိမ့်မည်။ ယခုတော့ ဦးစိန်ကျော် မှာ ပျက်စီးနေသည်များကိုပြန်၍မပြင်နိုင်။ သူ၏ဇနီးသည်အတွက်သောက ဗျာပါဒများနေပုံရသည်။

သူငယ်ချင်းစိန်ကျော်ပြောပြချက်အရထိုခြံနှင့် တိုက်မှာ ရှမ်းစော်ဘွား များ အစဉ်အဆက် နေထိုင်သည့်ခြံဖြစ်ပြီး နောက်ဆုံးမျိုးဆက် စော်ဘွားမှာ ဇနီးမယားမရှိဟု သိရသည်။
ထိုအမျိုးသားမှာ မည်သည့်ရောဂါမှန်းအမည်ဖော်မရဘဲ သေဆုံးသွား သောအခါ ကျန်ရစ်သူ ဆွေမျိုးသားချင်းတစ်ဦးက ထိုခြံအား သူ့ကို ဈေးပေါ ပေါနှင့် ရောင်းချသွားသည်ဟု သိရလေသည်။
ညနေစောင်းသောအခါ သူငယ်ချင်းနှစ်ယောက် ညစာ စားကြပြီး အိမ် အပေါ်ထပ်သို့ဦးစိန်ကျော်ဦးဆောင်၍ခေါ်သွားလေသည်။ အပေါ်ထပ်ရောက် သောအခါ စာဖတ်ခန်းထဲသို့သွားကာ ဦးလှထွန်းအား သူ၏ စာကြည့်စားပွဲ ပေါ်မှ ထူးဆန်းသည့် မိန်းမရုပ်တုလေးအား ပြသလေတော့သည်။ ထိုရုပ်ထုကလေးမှာတစ်ထွာသာသာခန့်သာရှိပြီးလှပကာအလွန်လက် ရာမြောက်လှပေသည်။ လက်နှစ်ဖက်ရှိလက်ဝါးပြင်အလယ်တွင် အင်းကွက် များ ရေးထွင်းထားလေသည်။ ဦးလှထွန်းလည်း ပါလာသော မှန်ဘီလူးနှင့် သေချာစွာကြည့်ရှုစစ်ဆေးရာရုပ်ထုလေး၏အောက်ခြေတွင် ရေးသားထား သည်မှာ လိုတရနတ်မိမယ်ဟုဆိုသော စာတန်းကလေးကို တအံ့တဩ ငေးကြည့်နေမိသည်။
ဦးလှထွန်းသည် ရှေးဟောင်းပစ္စည်းများကို လွန်မင်းစွာ မက်မော နှစ်သက်လေရာထိုရုပ်တုလေးကိုတွေ့သောအခါစိတ်ဝင်စားသွားလေတော့
သည်။ မဆိုင်းမတွပင် ..
“ဟေ့ကောင် – စိန်ကျော်၊ ဒီရုပ်တု ဘာကရလဲ”
“ငါ ဒီခြံကို ဝယ်တော့ကွာ။ ခြံထဲဝင်လာတော့ မင်း မြင်လား၊ ဟိုတရုတ် စကားပင်ကြီးလေ”
“အေး-ငါတွေ့တယ်”
“အဲဒီအပင်ကြီးရဲ့ရှေ့မှာငါခုံတန်းလေးရိုက်မယ်ဆိုပြီးမြေတူးခိုင်းလိုက်
တော့ ဒီအရုပ်ထွက်လာတာပဲ။ ငါလည်း အရုပ်ကလေးက လက်ရာလည်း

မြောက်ပြီးရှေးဟောင်းပစ္စည်းလေးမို့လို့ဘာမှအန္တရာယ်ရှိမှာမဟုတ်လောက်
ဘူးဆိုပြီး ဆေးကြောသန့်စင်ပြီးတော့ ငါ့ရဲ့ စာကြည့်စားပွဲပေါ်မှာ အလှထား လိုက်တာကွာ”
“ဒီရုပ်တုရောက်တော့ အထူးအဆန်းတွေ ဖြစ်သေးလား”
“အေးကွာ-ငါကတော့ဆိုင်ကိုသွားသွားနေရတော့မာလာတစ်ယောက် တည်းကျန်ခဲ့တယ်။ ဒါပေမဲ့ကွာ-ဒီရုပ်ထုလေးရှိကတည်းက ဆိုင်က စီးပွား အရမ်းတိုးတက်လာတယ်။ ဒါပေမဲ့-မာလာကကျန်းမာရေး ချူချာလာတယ်။ အခု မင်းမြင်တဲ့အတိုင်းပဲ။ ပြီးတော့ အိမ်ထဲမှာနေရတာ မသိုးမသန့်သလို ခံစားရတယ်”
ဦးစိန်ကျော်သည် ရုပ်ထုလေးအိမ်ပေါ်သို့ ရောက်လာပြီး နောက်တွေ့ ကြုံနေရသည့်အဖြစ်များကို ဦးလှထွန်းအားသေချာစွာရှင်းပြပြီး စိတ်မသန့် ကြောင်း ပြောပြလေရာ ..
“အေးကွာ – ရုပ်ထုလေးကြောင့်သာဆို စွန့်ပစ်ရမှာ နှမြောစရာ။ ဒီလို လုပ်ကွာ – မင်းဆီမှာ ထားရတာ စိတ်မသန့်ဘူးထင်ရင် ငါ ယူသွားမယ်။ ပြီး တော့ – မင်းဆီကို အကျိုးသင့်အကြောင်းသင့်ကို ဆက်ပြီးလေ့လာ အစီရင် ခံမယ်ကွာ။ ဘယ့်နှယ်လဲ”ဟု ဦးလှထွန်းက မေးလိုက်လေရာ…
“အေး – ဒါလည်း ကောင်းတာပဲ။ မင်းက ရှေးဟောင်းပစ္စည်းစုဆောင်း ရတာဝါသနာပါတယ်ဆိုတော့မင်းဆီမှာထားတာပိုကောင်းတယ်။ တို့ဆီမှာ တော့ ခိုက်သလား မသိပါဘူးကွာ”
“ဒါဆိုရင် ငါပြန်ရင် ယူသွားမယ်။ အခုလာမယ့် တနင်္ဂနွေနေ့ ငါပြန်မယ် ကွာ။ ငါဆက်ပြီး လေ့လာကြည့်မယ်”
တယ်”
“အေးပါကွာ၊ ငါကတော့ ရောက်တုန်း မင်းကို ဒီမှာ ကြာကြာနေစေချင်
“မအားလို့ပါကွာ၊အိမ်မှာလူခွဲမရှိဘူးလေ။နောက်မှအေးအေးဆေးဆေး
လာခဲ့မယ်”
သူငယ်ချင်းနှစ်ယောက် အတွေးကိုယ်စီနှင့် နှုတ်ဆိတ်နေကြလေ
သည်လိုနှင့် ဦးလှထွန်း ရန်ကုန်သို့ ပြန်ရောက်လာလေသည်။
“ဖေကြီး – ပြန်လာပြီ မေကြီးရေ”
“ကိုလှထွန်း ပြန်ရောက်တာ မြန်သားပဲ။ လားရှိုးက ကိုစိန်ကျော်နဲ့ မမာလာတို့ အခြေအနေ ဘယ်လိုလဲ”
ဦးလှထွန်းလည်း သူ၏ဇနီးဖြစ်သူဒေါ်ရီရီအားရောက်မဆိုက်ပင် အခြေ အနေများကို ပြောပြလိုက်သည်။
“စိန်ကျော်တို့ အိမ်ထဲမှာ လူလိုလို အရိပ်တွေမကြာခဏ တွေ့တယ်လို့ ပြောတယ်။ စိန်ကျော် စာဖတ်နေရင် အနောက်မှာ တစ်စုံတစ်ဦးရှိနေသလို ခံစားရတယ်။ ပြီးတော့ – ထူးဆန်းတာက မာလာကို အိပ်မက်ထဲမှာ မိန်း ကလေးတစ်ယောက်က ကြောက်စရာအသွင်နှင့် လိုက်လို့ပြေးလိုက်ရတာ လို့ပြောတယ်။ အိပ်ရာကနိုးလာရင် စိုးရိမ်ထိတ်လန့်ပြီး ချွေးတွေတစ်ကိုယ် လုံးစိုရွှဲနေပြီးတော့တကယ်ပဲအပြင်မှာ ခံစားရသလိုထိတ်လန့်မောပန်းနေပုံ ရတယ်လို့ ပြောတယ်။ အဲဒီအိပ်မက်က မကြာခဏမက်တယ်တဲ့ အရီရယ်။ ဒီရုပ်ထုလေးကြောင့် ဟုတ်ဟန်မတူဘူး။ စိန်ကျော် စိတ်ထင်လို့ နေမှာပါ ကွာ။ သူတို့ကဒီရုပ်တုကြောင့်လို့စိတ်စွဲနေတာ။ ငါကတော့ အဲဒါတွေ အယုံ အကြည်မရှိပါဘူးကွာ။ ဒါကြောင့် ယူလာတာပေါ့”
“ဟင် – ဒါဆို အဲဒီရုပ်တုလေးကော ကျွန်မကို ပြပါဦး”
ဦးလှထွန်းသည် သူ၏ခရီးဆောင်အိတ်ထဲမှာပါလာသော ရုပ်တုလေး အားထုတ်ပြီးသူ၏ ဇနီးအား ပြလိုက်ရာ …
“ဟင် – ရုပ်တုလေးကလှလိုက်တာနော်။ အသက်မှမရှိတာရုပ်တုလေး
“ငါ နားချင်ပြီ မရီရေ။ ရုပ်တုလေးကို စတိုခန်းထဲ သွားထည့်ထားလိုက် မယ်”
ဦးလှထွန်းလည်း ထိုသို့ပြောပြီး အနားယူရန် ထသွားလေသည်။ ထိုရှေးဟောင်းရုပ်တုလေးက ဦးလှထွန်းအတွက် မဆန်းကြယ်လှပေ။ သူ့ထံတွင် ထိုသို့ ထူးခြားလှသော ရုပ်တုလေးက အများအပြားပင် ဖြစ်လေ သည်။
မြမြစန်းသည် အသက် (၉)နှစ်သာရှိသေးရာအဆော့မက်အစားမက် သော အရွယ်ဖြစ်သည်။ ကျောင်းပိတ်သည်နှင့် ထမင်းမေ့ ဟင်းမေ့ ဆော့ တတ်သည်။ မိခင် ဒေါ်ရီရီက ထမင်းစားရန် လိုက်ခေါ်ရသည်အထိပင်။ မြမြစန်းကလေးသည် ဦးလှထွန်းတို့ လင်မယား အသက်ကြီးမှ ရရှိသော သမီးကလေး ဖြစ်သည်။
တစ်နေ့တွင် (၁၂)နာရီထိုးနေပြီ ဖြစ်သော်လည်း မြမြစန်းက မနက်စာ စားရန် အိမ်ပြန်မရောက်သေး။ ဒေါ်ရီရီ စိတ်မရှည်တော့သဖြင့် လိုက်ရှာပြီး ဆူပူဆုံးမသည်။ မြမြစန်းလည်း အပေါ်ထပ်သို့တက်ပြီး စတိုခန်းရှေ့တွင် မိခင် ဆူပူသောကြောင့် တစ်ယောက်တည်း ထိုင်ငိုနေမိလေသည်။
မြမြစန်းတို့ အိမ်မှာ နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ထပ်တွင် ဘုရားခန်း စတို ခန်းနှင့် စာကြည့်ခန်းရှိသည်။ ထိုစဉ် စတိုခန်းထဲမှ အသံတစ်သံ ထွက်လာ လေသည်။ အသံမှာ ကြည်လင်ပြတ်သားသောမိန်းကလေးတစ်ယောက်၏ အသံဖြစ်လာသည်။ မြမြစန်းသည် ထိတ်လန့်သွားသည်။
“သမီးလေး”

“ဟင် – မိန်းမတစ်ယောက်ရဲ့အသံပါလား။ ထူးဆန်းလိုက်တာ စတိုခန်း ထဲက လာတဲ့အသံပဲ။ သွားကြည့်ဦးမှ”
မြမြစန်းလည်း ငိုနေရာမှ အသံရှင်ကို စိတ်ဝင်စား၍ အခန်းရှိရာသို့ ထသွားလေသည်။ စတိုခန်းထဲသို့ ဝင်လိုက်သောအခါ အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေသည်ကို ရုတ်တရက်တွေ့လိုက်ရ၍ အံ့ဩတကြီး ဖြစ်သွား သည်။ ဘယ်လိုရောက်နေတာပါလိမ့်။ ထိုအမျိုးသမီးစတိုခန်းဘေးရှိ ပြတင်း တံခါးပေါက်ကို မှီ၍ ခပ်နွဲ့ နွဲ့ ပြုံးကာ ရပ်နေခြင်းဖြစ်သည်။ အသက်အရွယ် အားဖြင့် (၂၅)နှစ်လောက်ရှိပြီး အသားအရေမှာဖြူဝင်းလှပသည်။ ဆံပင်ကို သေသပ်စွာ ထုံးဖွဲ့ထားလေသည်။ နဖူးပြင်မှ ဆံစများကို နောက်ဘက်သို့ လှန်ပြီး အပြောင်သိမ်းထားပြီး နဖူးပြင်မှာ မဟာနဖူးဟုခေါ်သော နဖူးမျိုးပင် ဖြစ်လေသည်။ ဝတ်စားဆင်ယင်ပုံမှာ ရှေးဆန်းလှပေသည်။ မြမြစန်းသည်အမျိုးသမီးငယ်အားငေးမောကြည့်နေရာမှမေးလိုက်လေ
သည်။ ထိုအမျိုးသမီးကို ယခင်က တစ်ကြိမ်မျှ မမြင်ဘူးပေ။ “အစ်မက ဘယ်သူလဲ ဒီမှာ ဘာလုပ်နေတာလဲ”
“သမီး”
မြမြစန်းသည် မျက်မှောင်တစ်ချက် ကျုံ့လိုက်သည်။ စိတ်ထဲတွင် တွေး နေမိသည်မှာ အစ်မအရွယ်ပဲရှိသေးတယ်။ ဘာကြောင့် ငါ့ကို သမီးလို့ခေါ်ရ တာလဲ။ တကယ်ဆို ညီမလေးလို့ ခေါ်ရမှာ။ ကြာကြာတွေးချိန်မရ။ ထိုအခါ ထိုမိန်းကလေးက သူမ၏ ပါးစပ်ကို သူမ၏ လက်ညှိုးနှင့်ဖိလိုက်ပြီး တိုးတိုး နေရန် အချက်ပြလိုက်လေသည်။
“ရော့ – သမီးကို မုန့်ဖိုးပေးမလို့ ခေါ်လိုက်တာ။ ရော့ – စားချင်တာစား” ဟုပြောပြီး ငွေအကြွေစေ့လေးတစ်စေ့လှမ်းပေးလေသည်။
ထိုခေတ်က (၁၀)ပြားစေ့၊ တစ်မတ်စေ့ပြားစေ့သာ အသုံးများလှသည်။ တန်ဖိုးလည်းရှိသည်။ မုန့်ဟင်းခါးတစ်ပွဲကို (၁ဝ)ပြားသာပေးရသောအချိန် ကာလဖြစ်လေသည်။ တစ်မတ်ဆိုရင် လွန်စွာ တန်ဖိုးရှိနေလေပြီ။

မြမြစန်းသည် လက်ထဲတွင် ကိုင်ထားသော တစ်မတ်စေ့ကလေးကို အံ့ဩနေပြီး ငေးကြည့်နေစဉ်မှာပင် ..
“ကဲ – ကဲ – သမီးအခန်းထဲမှာ အစ်မရှိတာ ဘယ်သူမှမပြောနဲ့။ နောက် နေ့လည်း ပိုက်ဆံတစ်မတ်စေ့ စပေးမယ်။ လာယူ – ဘယ်သူမှ လျှောက် မပြော ရဘူးနော် ကြားလား” မြမြစန်းလည်း ခေါင်းညိတ်၍ ကတိပေးပြီး စတိုခန်းထဲမှ ပြန်ထွက်လာလေသည်။ ထိုအချိန်တွင် မိခင်၏ အသံထွက် ပေါ်လာသည်။
“မြမြစန်းရေ – သမီး – မနက်စာ လာစားကွယ်။ အပေါ်ထပ်မှာ ဘာလုပ် နေတာလဲ”
အမေ အော်ခေါ်နေသဖြင့် မြမြစန်း အောက်ထပ်သို့ ဆင်းလာခဲ့လေ သည်။ မြမြစန်းလည်း မနက်စာစားပြီး အမေ့ကိုပြောပြရန် စိတ်ကူးနေစဉ် စတိုခန်းထဲတွင်တွေ့ခဲ့ရသောအမျိုးသမီးသည်သူမအားမပြောရန်ဟန့်တား ခဲ့လေသည်။ ထို့ကြောင့် ဖွင့်မပြောဖြစ်တော့ပေ။
တစ်နေ့တွင် မြမြစန်း ကျောင်းအပြန်လမ်းထိပ်ဆိုင်မှ ကြာဇံကြော် ဝယ်လာခဲ့ရာ မိခင်သည် မြမြစန်းအား မေးမြန်းလေတော့သည်။
“သမီး-လာဦး၊ ဘယ်က ပိုက်ဆံရလို့ ကြာဇံကြော် ဝယ်လာတာလဲ။ သမီးအခုတလော မုန့်တွေ အရမ်းဝယ်စားနေသလိုပဲ။ အမေ့ကို မှန်မှန်ပြော စမ်း။ ဘယ်က ပိုက်ဆံတွေရသလဲ”
မြမြစန်းလည်း ကြောက်ကြောက်နှင့် စတိုခန်းရှိရာ အပေါ်ထပ်သို့ လက်ညှိုးလှမ်းထိုးလိုက်ပြီး…
“အပေါ်ထပ်က စတိုခန်းထဲက ရတာ မေမေ” ဟု ဖြေလိုက်လေသည်။ မြမြစန်း၏ မိခင်သည် အထိတ်တလန့် ဖြစ်သွားပြီး …
“ဘယ်လို – သမီး၊ စတိုခန်းထဲက မဟုတ်လား။ အဲဒီစတိုခန်းထဲမှာ ဘာ ပိုက်ဆံမှမထားဘူး။ မှန်မှန်ပြော ဘယ်ကရလဲ၊ အခုပြော”ဟုခပ်ငေါက်ငေါက်

မေးလိုက်လေရာ မြမြစန်းသည် ငိုပြီးလျှင် အကြောင်းစုံကို ဖွင့်ပြောလိုက်မိ
သည်။
“ဟုတ်တယ်- မေမေ။ အဲဒီအခန်းထဲမှာ မိန်းမတစ်ယောက်ကပေးတာ သူက ဘယ်သူမှ ပြန်မပြောနဲ့တဲ့။ နောက်နေ့ ပိုက်ဆံသွားယူတော့ လူကို တော့ မတွေ့တော့ဘူး။ ပိုက်ဆံကတော့ ရှေးဟောင်းခုံလေးပေါ်မှာ အမြဲပဲ တွေ့ရတယ်။ ပြီးတော့ ညဘက်ရောက်လျှင် သမီးရဲ့ဘေးမှာ အမြဲလာအိပ် တယ်”
မြမြစန်း၏ မိခင်မှာ စိုးရိမ်ထိတ်လန့်သွားပြီးလျှင် … “ဘယ်လို-အမျိုးသမီးတစ်ယောက်ဟုတ်လား” “ဟုတ်တယ် – အမေ”
မြမြစန်း၏မိခင်သည်ထိုအဖြစ်အပျက်အား ဦးလှထွန်းအားပြောပြလေ
ရာ ဦးလှထွန်းသည် လေးတွဲ့သော အသံဖြင့် ….
“အင်း- မိန်းမရေ ငါယူလာတဲ့ ရုပ်ထုလေးက အစွမ်းပြတာ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခါတိုင်းဒီလိုမဖြစ်ဘူးလေ။ ရုပ်ထုလေးက သံသယ ဝင်စရာရှိတယ်။ ပြီးတော့ – သမီးအန္တရာယ်ရှိတယ် မရီရေ။ ငါတို့ တစ်ခုခု လုပ်မှ”
မြမြစန်း၏ မိခင်သည် အထိတ်တလန့် ဖြစ်သွားကာ …
“အဲဒါဆိုလည်း အစ်ကိုရယ်၊ အဲဒီရုပ်ထုကို သွားစွန့်ပစ်လိုက်ပေါ့” “မင်းရဲ့သမီးပြောတာ ဟုတ်မဟုတ်စောင့်ကြည့်ပါဦး မရီရယ်”
“အရုပ်ကို စွန့်ပစ်လိုက်တော့ အစ်ကို။ သမီးလေးအတွက် ကျွန်မ စိုးရိမ် တယ်။ သမီးလေးကို သတိထားကြည့်၊ နှုတ်ခမ်းတွေဖြူရော်နေတယ်။ ပြီး- ခဏခဏဖျားတယ်။ ရှင့်သူငယ်ချင်းကိုစိန်ကျော်ကိုလည်း အကြောင်းကြား လိုက်ပေါ့။ ရုပ်ထုကို မြန်မြန်ဖျက်ဆီးမှ ဖြစ်တော့မယ်။ ပြီးတော့ – ညဘက် တွေမှာ အစ်ကို သတိထားမိရဲ့လား။ လူလိုလို အရိပ်တစ်ခုက စတိုခန်းရဲ့

အပေါ်ထပ်မှာ ရိပ်ခနဲ ရိပ်ခနဲတွေ့ရတယ်။ အပေါ်ထပ်ကိုတက်ရင် အခါတိုင်း လို စိတ်မသန့်ဘူး အစ်ကိုရယ်။ တစ်ခုခုတော့ တစ်ခုခုပဲ”
“ဟုတ်တယ် – မရီ။ ငါတို့ ဒီတစ်ရက်နှစ်ရက် သတိထားကြည့်။ သမီးကို စောင့်ကြည့်ကွာ။ အရုပ်က ဖျက်ဆီးတာ လွယ်တာပဲ။ ပိုင်ရှင်ကိုတော့ အသိ ပေးရမှာပေါ့”
“ဟုတ်ကဲ့ – ကိုလှထွန်း”

သို့ဖြင့် လင်မယားနှစ်ယောက် နေ့ညမပြတ်စောင့်ကြည့်အကဲခတ်နေ မိရာ နောက်နေ့ နေ့လယ် (၁)နာရီကျော်ကျော်လောက်တွင် မြမြစန်း စတို ခန်းသို့ တက်သွား၍ ဒေါ်ရီရီသည် သမီးနောက်မှ တိတ်တဆိတ် မယောင် မလည်လိုက်သွားလေသည်။ မြမြစန်း စတိုခန်းထဲမှပြန်ထွက်လာသောအခါ ပိုက်ဆံတစ်မတ်စေ့လေးတစ်စေ့ ကိုင်လာသည်ကို တွေ့ရရာ …
“ဟဲ့- သမီးပေးစမ်း။ ဒီပိုက်ဆံတစ်မတ်”ဟုပြောပြီးလက်ထဲကိုင်ထား သော ပိုက်ဆံတစ်မတ်စေ့လေးအား ဖျတ်ခနဲယူလိုက်လေရာတွင် စတိုခန်း ထဲမှ“ဒုန်း”ဆိုသော အသံကို ကြားလိုက်ရလေသည်။ ဒေါ်ရီလည်း စတိုခန်း ထဲဝင်၍ ပြေးကြည့်လိုက်လေရာ ရုပ်တုလေးသည် တင်ထားသော ခုံပေါ်မှ တစ်ဆင့်အောက်သို့ ပြုတ်ကျနေသည်ကို တွေ့ရလေသည်။ “ဟင် – ရုပ်တုလေးပြုတ်ကျနေပါလား။ လက်တစ်ဖက်လည်းကျိုးသွား
ပြီ”
ဒေါ်ရီရီလည်း ရုပ်တုလေးနှင့်တကွ ကျိုးနေသော လက်တစ်ဖက်ကိုပါ အပြင်သို့ ထုတ်ယူလာခဲ့လေသည်။ ကိုလှထွန်းနှင့် ဒေါ်ရီရီတို့ လင်မယား နှစ်ယောက် ခေါင်းချင်းဆိုင်၍ တိုင်ပင်ကြရလေသည်။ ထိုမိန်းမရုပ်တုလေး အားပေါ့ပေါ့ဆဆမှတ်ယူ၍မရတော့။ သမီးအတွက်စိုးရိမ်ရပြီမို့နောက်ဆုံး ထိုရုပ်ထုလေးအား စွန့်ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။
မြမြစန်းကိုလည်း ပရိတ်၊ ပဋ္ဌာန်းများဖြင့် အတားအဆီးများ ပြုလုပ်ထား လိုက်ပြီး ရုပ်တုလေးအား မီးရှို့ဖျက်ဆီးပစ်လိုက်လေသည်။
ဦးလှထွန်းအိပ်ပျော်နေစဉ်ထူးခြားဆန်းကြယ်သော အိပ်မက် မြင်မက် လေတော့သည်။ ထိုအိပ်မက်မှာ ရုပ်တုလေးထဲ ဝင်ရောက်ပူးဝင်နေသော ဝိညာဉ်မိန်းကလေးက အိပ်မက်ပေးခြင်း ဖြစ်လေသည်။ ထိုမိန်းကလေးသည်ရှေးဆန်သောအဝတ်အစားများကိုဝတ်ဆင်ထား
ပြီး ပါးပြင်နှစ်ဖက်၌လည်းမျက်ရည်များစီးကျနေသည်။ ဦးလှထွန်းက အံ့ဩ ပြီး ငေးကြည့်နေစဉ် ထိုမိန်းကလေးက …

“ဦးလေး – ကျွန်မကနတ်မိမယ်ရုပ်တုလေးထဲကဝိညာဉ်ရှင်မိန်းကလေး ပါ။ ဦးလေးကို ကျွန်မ အကူအညီလေးတစ်ခုလောက်တော့ တောင်းပါရစေ ရှင်”
“မင်းကို ဦးလေး မသိရပါလား။ ဦးလေးက မင်းကို ဘယ်လိုကူညီပေးရ မလဲ။ မင်းက ဘယ်သူဆိုတာရယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဦးလေးကို ရှင်းပြပေးဦးမှပေါ့”
“ကျွန်မက ဟိုးယခင်တုန်းက ရှမ်းစော်ဘွားတစ်ဦးရဲ့ တတိယမြောက် ဇနီးပါ (စဝ်ပန်းလှ)လို့ ခေါ်ပါတယ်။ ကျွန်မရဲ့လှပကျော့ရှင်းပြီး ကျက်သရေ ရှိတဲ့ အလှအပဟာ ကျွန်မကို တစ်ချိန်ချိန်မှာ ဒုက္ခပေးလိမ့်မယ်လို့ မတွေးမိ ပါဘူးရှင်။ ကျွန်မဟာ ကျွန်မရဲ့လှပမှုအပေါ်မှာ အင်မတန် ယစ်မူးတွယ်တာ နေတဲ့ စော်ဘွားကြီး (စဝ်ခွန်ဖ) ကို သိပ်ယုံကြည်အားကိုးမိပါတယ်။ စော် ဘွားကြီးက ကျွန်မကို သိပ်ပြီး ချစ်မြတ်နိုးလွန်းတာနဲ့ သူတို့ ဘိုးစဉ်ဘောင် ဆက်သိမ်းထားတဲ့လည်ဆွဲရတနာကိုကျွန်မကိုပေးပြီးဝတ်ဆင်စေတဲ့အထိ မြတ်နိုးလှပါတယ်။ ဒါကိုမနာလိုမရှုဆိတ်ဖြစ်ပြီး အမြဲတမ်းဒုက္ခပေးဖို့ကြံစည် နေတဲ့ မဟာဒေဝီကြီးဖြစ်တဲ့ (စဝ်သူဇာ)က ကျွန်မကို အကွက်ချပြီး ဒုက္ခ လှလှကြီး ပေးတော့တာပဲရှင်။
စဝ်သူဇာက တစ်နေ့တော့ ကျွန်မကို သူ့ရဲ့ တူတော် “စဝ်သီဟနဲ့ မိတ် ဆက်ပေးပါတယ်။ ကျွန်မကလည်း ရိုးသားစွာနဲ့ လက်ခံခဲ့တယ်။ အဲဒီ (စဝ်သီဟ)ဆိုသူဟာ ကျွန်မ ဘယ်သွားသွား အရိပ်လို မသိမသာလိုက်နေ တတ်ပါတယ်ရှင်။ တစ်နေ့မှာ စော်ဘွားကြီး ခရီးထွက်နေတုန်း စဝ်သီဟက ကျွန်မရဲ့မနီးမဝေးမှာ ကျွန်မရဲ့အရိပ်အခြေကို အကဲခတ်ကြည့်ရှုနေပါတယ်။ ကျွန်မ ခဏအပန်းဖြေတော့ကျွန်မရဲ့အနားရောက်လာပြီးကျွန်မကိုကြည်နူး စရာစကားလုံးအလှအပတွေနဲ့စည်းရုံးဖြားယောင်းသိမ်းသွင်းပါတော့တယ်။ စဝ်သီဟက အပြောလည်းကောင်း၊ ရုပ်ကလည်း ချောပါတယ်။ ကျွန်မဟာ ဟာသဉာဏ်ရှိတဲ့စဝ်သီဟကိုယုံကြည်ပြီးမကြာခဏဆုံတွေ့အောင်ဖန်တီးနေတတ်တဲ့ သူတို့အကြံကိုမသိဘဲစဝ်သီဟကိုခင်မင်သွားမိပါတယ်။ ဒါဟာ လည်း ရိုးရိုးသားသား မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ ခင်မင်သွားတာပါ။ တစ်ခါတလေစော်ဘွားကြီးကကျွန်မတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုမသိ
မသာ မေးမြန်းပါတယ်။ ကျွန်မကလည်း စိတ်သန့်သန့်နဲ့ ပြန်ဖြေပါတယ်။ ကျွန်မရဲ့ယောက်ျားစော်ဘွားကြီးကလည်းကျွန်မကိုမြတ်နိုးလွန်းတာကြောင့် စိတ်ထဲ မသင်္ကာဖြစ်ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ – ကာလကြာရှည်လာတဲ့အခါ ကျွန်မကို စော်ဘွားကြီးက မသင်္ကာတဲ့ မကြာခဏ ကြည့်တတ်ပါတယ်။
တစ်နေ့ ကျွန်မ အိပ်ခန်းရဲ့ လေသာပြတင်းတံခါးပေါက်မှ လှမ်းကြည့် ရင်း ခြံထဲမှာ ဝါဂွမ်းဖြူဖြူ ပုံခင်းထားသလို ဖြူဖွေးလှပတဲ့ စံပယ်ရုံကို ကြည့် ပြီး စိတ်မထိန်းနိုင်တာနဲ့ အိမ်ပေါ်မှ ဆင်းလာပြီး ဖြူဖွေးပြီး ရနံ့လေးတွေ သင်းပျံ့မွှေးကြိုင်လွန်းလှတဲ့ စံပယ်ပန်းလေးတွေကို လက်ခုပ်ထဲထည့်ပြီး မွှေးကြူနေတုန်းစဝ်သီဟကကျွန်မနားကိုရုတ်တရက်ရောက်လာပြီးကျွန်မ လက်ထဲက စံပယ်ပန်းလေးတွေ ကိုင်ထားတဲ့လက်ကို အမှတ်တမဲ့ ငုံနမ်း ရှူရှိုက်လိုက်ပါတော့တာရှင်။
ကျွန်မရုတ်တရက်ဆိုတော့ကြောင်ငေးသွားမိတယ်။ ကျွန်မရှက်လည်း ရှက်၊ဒေါသလည်းထွက်သွားပါတယ်။ဟုတ်တယ်လေ။ကျွန်မတို့နှစ်ယောက် ရဲ့အမူအရာဟာမသိတဲ့လူဆိုရင်လှပတဲ့ပန်းတောထဲမှာချစ်သူနှစ်ဦး ကြည်
နူးနေတဲ့ ပုံစံမျိုးဖြစ်မနေပေဘူးလား။ ကျွန်မလည်း စဝ်သီဟကို အတင့်ရဲ လိုက်တဲ့လူဆိုပြီးအကြည့်စိမ်းစိမ်းနဲ့ တစ်ချက်ကြည့်ပြီး ဟော်နန်းထဲပြန်ဝင် ဝင်ပြေးလာခဲ့မိပါတယ်။ ဒါကို အစအဆုံးကြည့်နေကြတဲ့သူနှစ်ဦးကတော့ ကျွန်မရဲ့ခင်ပွန်း စော်ဘွားကြီးနဲ့ မဟာဒေဝီ စဝ်သူဇာတို့နှစ်ယောက် ဖြစ်နေ ပါတော့တယ်ရှင်။
တကယ်တမ်းတော့ သူ့ရဲ့တူတော်စဝ်သီဟက မဟာဒေဝီနဲ့ ဘယ်လိုမှ အမျိုးမတော်စပ်ပါဘူး။ မဟောဒေဝီစဝ်သူဇာကိုငယ်စဉ်ကလေးဘဝထဲက နေပြီး စော်ဘွားကြီးစဝ်ခွန်ဖနဲ့ အကြောင်းပါတဲ့အထိ အပါးတော် အမြဲခစား

နေတဲ့ နောက်တော်ပါး နို့ထိန်းတစ်ယောက်ရဲ့မွေးစားသားပါ။ သူဟာ ဂမ္ဘီရ အတတ်ပညာတွေလည်း လေ့လာဆည်းပူးပြီး ဆရာတစ်ဆူ ဖြစ်လောက် နေပြီလို့ သတင်းထွက်နေသူ တစ်ယောက်ပါရှင်။
ဒီအဖြစ်အပျက်ကို မြင်ပြီးတဲ့နောက်ပိုင်းမှာ စော်ဘွားကြီးဟာ ကျွန်မ အနားကို ရှောင်ဖယ်ရှောင်ဖယ်ဖြစ်သွားပြီး ကျွန်မဆီကို မလာတော့ပါဘူး။ အမြဲပဲ မဟာဒေဝီနဲ့ အနေများပါတယ်။ ကျွန်မဟာ ရုပ်ဆင်းသဏ္ဌာန်ကြောင့် သာ စော်ဘွားကြီးရဲ့ ဇနီးသည်တစ်ယောက်အပါအဝင် ဖြစ်နေပေမယ့် စဝ်သူဇာလို နောက်ခံအင်အားမရှိပါဘူးရှင်။ သူတို့တွေရဲ့သွေးထိုးဖြားယောင်း တဲ့ စကားတွေကို နားယောင်နေတဲ့ စော်ဘွားကြီးရဲ့မျက်နှာထားတင်းတင်း ကြောင့် ကျွန်မလည်း သူ့အနား မကပ်ရဲဘဲ စိတ်ထိခိုက်ပြီး တစ်နေကုန် မြင်း လျှောက်စီးရင်း အချိန်တွေ ဖြုန်းတီးနေမိပါတော့တယ်။
တစ်နေ့ ကျွန်မဟာ မြင်းစီးနေရင်း အချိန်လင့်မှဟော်နန်းကိုပြန်ရောက် လာပြီးမြင်းပေါ်မှဆင်းလိုက်သည်နှင့်စပ်သူဇာရဲ့လူယုံနှစ်ယောက်ကကျွန်မ ကို ချုပ်နှောင်ပြီး ဆွဲခေါ်ကြပါတယ်။ ဟော်နန်းရဲ့ ဧည့်ခန်းမှာ ကျွန်မကို ချစ် မြတ်နိုးလှပါတယ်ဆိုတဲ့ စော်ဘွားကြီးက ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး ကျွန်မကို နာကြည်းမုန်းတီးစက်ဆုပ်လှတဲ့ မျက်ဝန်းအစုံနဲ့ စူးစူးရဲရဲကြီး စိုက်ကြည့်နေ ပါတယ်။ ကျွန်မကို အပြစ်ပေးတော့မယ်ဆိုတာ သိလိုက်သော်လည်းကျွန်မ ဟာ ငိုယိုပြီး.
“စော်ဘွားကြီးရယ်-ကယ်ပါဦး။ ကျွန်မမှာ ဘာအပြစ်တွေရှိလို့လဲ”ဟု ချုပ်နှောင်ထားသည့်ကြားမှငိုယိုပြီးအားကိုးတကြီးနဲ့တိုင်တန်းမိသော်လည်း ကျွန်မရဲ့ သခင်ဟာ ကျွန်မကို ရွံ့ရှာစက်ဆုပ်တဲ့ အကြည့်နဲ့ တစ်ချက်ကြည့် ပြီးကျောခိုင်းထွက်ခွာသွားပါတော့တယ်။ အဲဒီအချိန်ကစပြီးကျွန်မဟာမြေ အောက်ခန်းမှာ ပိတ်လှောင်ခြင်းခံရပြီး အစာရေစာပါ ဖြတ်တောက်ခြင်းခံရ ပါတယ်။

ကျွန်မဟာ ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်း သေအံ့မူးမူးမှာ မဟာ ဒေဝီနဲ့ စဝ်သီဟ အနားရောက်လာတော့ အားအင်ချိနဲ့နေတဲ့ ကျွန်မဟာ ရှိသမျှ ခွန်အားလေးကို ဖျစ်ညှစ်ပြီး မေးမိလိုက်ပါတယ်။
“ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ”ဟု မေးရာ စဝ်သူဇာက ရယ်မောပြီး ပြောတယ်။
“ငါ ဘာကြောင့် အခုလို ကြံစည်တယ်ဆိုတာကို မင်းမသေခင် နား ထောင်သွား။ စော်ဘွားကြီးတို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လည် ဆွဲရတနာကို ငါ့ကိုမပေးဘဲ နင့်ကို ပေးထားတာ ငါသဘောမတူဘူး။ စော်ဘွားကြီးဟာ ငါ့ထက် မင်းကို မေတ္တာပိုတာလည်း ငါ မကြည့်လိုဘူး။ မကျေနပ်ဘူးပေါ့။ ဒါကြောင့် မင်းကို အခုလို ကြံစည်လိုက်တာ”
ဒီတန်ဖိုးမဖြတ်နိုင်တဲ့ လည်ဆွဲကြီးကိုလည်းစပ်သူဇာက စော်ဘွားကြီး ကျွန်မကို ပေးထားတာ မကျေနပ်ဘူး။ ဒါကြောင့် ပုံတူလုပ်ချင်တယ်ဆိုပြီး ကျွန်မဆီကလှည့်ထုတ်သွားတာပါ။ ကျွန်မဆီကလိမ်လည်ယူပြီး ကျွန်မက တစ်ပါးသော ယောက်ျားကို လက်ဆောင်ပေးသလို ဖန်တီးကြတာပါ။ ပြီးတော့ စော်ဘွားကြီးကို စဝ်သူဇာနဲ့ စဝ်သီဟက သွားပြကြတယ်လေ။ အထင်လွဲနေတဲ့စော်ဘွားကြီးဟာအချစ်ကြီး၍အမျက်ကြီးဆိုသလိုကျွန်မရဲ့ မျက်နှာကို မကြည့်ချင်တော့လောက်အောင် မုန်းတီးသွားပါတော့တယ်
ရှင်း
ကျွန်မကိုအချစ်ကြီးလွန်းလှ၍သဝန်တိုပြီးရက်စက်တဲ့ကျွန်မရဲ့ခင်ပွန်း စော်ဘွားကြီးကို ကျွန်မဟာ မမုန်းရက်ပါဘူးရှင်။ ကျွန်မရဲ့ ကံကြမ္မာကိုပဲ ကျွန်မအပြစ်ပုံချရတော့မှာပေါ့ဦးရယ်။ ဒီအဖြစ်အပျက်တွေကိုကျွန်မဘဝရဲ့ နောက်ဆုံးအချိန်မှာ အားလုံးကို သိလိုက်ရပြီး လောကကြီးဟာ ကျွန်မနဲ့ လုံးဝ အဆက်ပြတ်ဝေးကွာ သွားပါတော့တယ်ရှင်။
ဂမ္ဘီရပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ စဝ်သီဟဟာ လက်ရာ မြောက်လှတဲ့ ပန်းပုဆရာဆီမှာ လှပတဲ့ ရုပ်ထုလေးထုပြီး ကျွန်မရဲ့ ဝိညာဉ်

ကို ပူးကပ်ထည့်သွင်းလိုက်တယ်။ ကျွန်မ ရုပ်ထုထဲက အပြီးတိုင် ရုန်းထွက် ချင်ပါတယ်။ ဒါပေမဲ့ – မရဘူး။ ရုပ်ထုလေးရဲ့ လက်နှစ်ဖက်မှာ ရေးထားတဲ့ အင်းကွက်တွေရဲ့အစွမ်းကို ကျွန်မ မခုခံနိုင်ဘူး။ အင်းကွက်က အင်မတန် အစွမ်းရှိတယ်။
ကျွန်မကိုအစွမ်းသိဒ္ဓိရှိတဲ့နတ်မိမယ်လေးကို ဖန်ဆင်းသတ် မှတ်ပြီး ဟော်နန်းရဲ့ဧည့်ခန်းတစ်နေရာမှာထားတယ်။ တကယ်တော့ ကျွန်မ ရဲ့ဝိညာဉ်ဟာ လူ့ဘဝထဲမှာ လွတ်လပ်နေရင် စဝ်သူဇာတို့ လူစုရဲ့မတရားမှ ကိုဖော်ထုတ်မှာ စိုးတဲ့အတွက် အခုလို ချုပ်နှောင်ထားတာလို့ ကျွန်မထင်မိ ပါတယ်။ ကျွန်မရဲ့ဝိညာဉ်က အချုပ်နှောင်ခံရတာပါ။
အခုလိုဦးလေးကကျွန်မရဲ့ဝိညာဉ်ကို ပိတ်လှောင်ခံထားရတဲ့ ရုပ်ထုကို မီးရှို့ဖျက်ဆီးပစ်လိုက်တဲ့အတွက် ကျွန်မရဲ့ ဝိညာဉ်လည်း လှောင်ချိုင့်စံဘဝ ထဲက လွတ်မြောက်သွားပါပြီ။ ဒါပေမဲ့ – ကျွန်မ အကူအညီတစ်ခု တောင်းပါ ရစေ။ ကျွန်မအတွက်ရည်စူးပြီး အလှူအတန်းတစ်ခုလုပ်ပေးပါလို့ တောင်း ဆိုပါရစေရှင်။ ကျွန်မ ကျေးဇူးဆပ်ခဲ့မှာပါ”လို့ ကြေကွဲဝမ်းနည်းစွာ ရှင်းပြပါ တော့တယ်။
မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုသည့်အတိုင်း (စဝ်ပန်းလှ) မတရားခံရသည်ကိုသေဆုံးပြီး (၅) ရက်အကြာမှစော်ဘွားကြီးအကြောင်းစုံ သိရလေသည်။ စော်ဘွားကြီးသည် လေသာပြတင်းပေါက်မှ အဝေးသို့ အဓိပ္ပာယ်မဲ့စွာ ငေးမောကြည့်နေမိလေသည်။ ရင်ခွင်တစ်ခုလုံး ဆွဲထုတ် ပစ်လိုက်သလိုခံစားနေရပြီးတင်းတင်းကျပ်ကျပ်ကြီးဖြစ်နေသည်။ ဟာလာ ဟင်းလင်းကြီးဖြစ်နေသည်။ ပူလောင်လွန်းလှတဲ့အချစ်စိတ်နှင့် မုန်းတီးစိတ် တို့ ဒွန်တွဲနေသည်။
“စဝ်ပန်းလှ သိပ်ရက်စက်တဲ့ မိန်းမ – ငါ့ရဲ့အချစ်တွေကို အလေးမထား တန်ဖိုးမထားတဲ့ မိန်းမ။ ဟင်း – ဒီလောက်တော့ သူလည်း ပြန်ပေးဆပ်ရမယ် လေ”

ဟု ဆို့နင့်ကြေကွဲနေသည့်အသံက စော်ဘွားကြီး၏ နှုတ်ဖျားမှ ထွက် မလာနိုင်တော့၊ လည်ချောင်းဝမှာတင် ရပ်တန့်သွားလေသည်။
ထိုစဉ်လှေကားမှ တက်လာသည့် ခြေသံကြောင့် အတွေးစတို့ရပ်သွား လေသည်။ စော်ဘွားကြီး၏ လူယုံကြီးက …
“သခင်ကြီး – ဒီမှာ လူတစ်ယောက် စာလာပေးသွားတယ်” “ဪ”
စော်ဘွားကြီးသည် ပေးလာသော စာကို ဖောက်လိုက်ရာ “ဟင်”ဟု အံ့သြစွာ ရေရွတ်ရင်း မျက်ခုံးနှစ်ဖက်ကို တွန့်၍ မျက်မှောင်ကျုံ့လိုက်ပြီး လျှင် …

“ချစ်ထုံးဖွဲ့သီ ချစ်သူ သခင်စကား …
နားဝမှာ ပျားရည်အလား၊ ချစ်မိုးစွေရွာ အနမ်းများ၊ တလှိုင်လှိုင်နဲ့။ သခင်ရဲ့နူးညံ့တဲ့ အပြုံး၊ နွေးထွေးတဲ့ အကြည့်တွေ၊ ယုယပျူငှာတဲ့ ရင်ခွင်မှာ မှေးစက်နားခိုပျော်မွေ့ရင်း၊ အတုနှိုင်းမရှိကျေနပ်လှတဲ့ငါ့ဘဝမုန်တိုင်းတစ်ခု ထင်တိုင်းပြုရန်၊ ငါ့ရဲ့ဘဝထဲမွှေနှောက်တော့၊ သခင်ရဲ့အမုန်းကျိန်စာကြောင့်၊ ငါ့ရဲ့ နှလုံးသားပြတ်ကြွေပြုန်း၍၊ သွေးမျက်ရည်မြေခ၊ နေဝင်ချိန်စောခဲ့ရ၊ တောင်းဆုခြွေခဲ့မယ့် ချစ်သူသခင် ကြားပါစေသား”
ဘဝဆက်တိုင်း အသက်တမျှ ချစ်ရတဲ့သခင်နဲ့ မခွဲမခွာ ကိန္နရီ ကိန္နရာ လို ချစ်ရည်တူပြီး ဘဝဆုံးတိုင်ပေါင်းဖက်ရပါစေသားဟု နှုတ်ဖျားသစ္စာ စကားတစ်ခွန်းကို ချစ်သခင်သိအောင် ဤပေလွှာ၌ မှတ်တမ်းတင်ရင်း နှုတ် ဆက်စကား ဆိုလိုက်ပါတယ်။ သခင်ရက်စက်သော်လည်း ဘယ်တော့မှ မမုန်းသံသရာ ဆုံးကမ္ဘာတိုင် ချစ်နေမယ်လို့ တောင်းဆုခြွေရင်း…
(စဝ်ပန်းလှ)

ဟု ဆို့နင့်ကြေကွဲနေသည့်အသံက စော်ဘွားကြီး၏ နှုတ်ဖျားမှ ထွက် မလာနိုင်တော့၊ လည်ချောင်းဝမှာတင် ရပ်တန့်သွားလေသည်။
ထိုစဉ်လှေကားမှ တက်လာသည့် ခြေသံကြောင့် အတွေးစတို့ရပ်သွား လေသည်။ စော်ဘွားကြီး၏ လူယုံကြီးက …
“သခင်ကြီး – ဒီမှာ လူတစ်ယောက် စာလာပေးသွားတယ်” “ဪ”
စော်ဘွားကြီးသည် ပေးလာသော စာကို ဖောက်လိုက်ရာ “ဟင်”ဟု အံ့သြစွာ ရေရွတ်ရင်း မျက်ခုံးနှစ်ဖက်ကို တွန့်၍ မျက်မှောင်ကျုံ့လိုက်ပြီး လျှင် …

“ချစ်ထုံးဖွဲ့သီ ချစ်သူ သခင်စကား …
နားဝမှာ ပျားရည်အလား၊ ချစ်မိုးစွေရွာ အနမ်းများ၊ တလှိုင်လှိုင်နဲ့။ သခင်ရဲ့နူးညံ့တဲ့ အပြုံး၊ နွေးထွေးတဲ့ အကြည့်တွေ၊ ယုယပျူငှာတဲ့ ရင်ခွင်မှာ မှေးစက်နားခိုပျော်မွေ့ရင်း၊ အတုနှိုင်းမရှိကျေနပ်လှတဲ့ငါ့ဘဝမုန်တိုင်းတစ်ခု ထင်တိုင်းပြုရန်၊ ငါ့ရဲ့ဘဝထဲမွှေနှောက်တော့၊ သခင်ရဲ့အမုန်းကျိန်စာကြောင့်၊ ငါ့ရဲ့ နှလုံးသားပြတ်ကြွေပြုန်း၍၊ သွေးမျက်ရည်မြေခ၊ နေဝင်ချိန်စောခဲ့ရ၊ တောင်းဆုခြွေခဲ့မယ့် ချစ်သူသခင် ကြားပါစေသား”
ဘဝဆက်တိုင်း အသက်တမျှ ချစ်ရတဲ့သခင်နဲ့ မခွဲမခွာ ကိန္နရီ ကိန္နရာ လို ချစ်ရည်တူပြီး ဘဝဆုံးတိုင်ပေါင်းဖက်ရပါစေသားဟု နှုတ်ဖျားသစ္စာ စကားတစ်ခွန်းကို ချစ်သခင်သိအောင် ဤပေလွှာ၌ မှတ်တမ်းတင်ရင်း နှုတ် ဆက်စကား ဆိုလိုက်ပါတယ်။ သခင်ရက်စက်သော်လည်း ဘယ်တော့မှ မမုန်းသံသရာ ဆုံးကမ္ဘာတိုင် ချစ်နေမယ်လို့ တောင်းဆုခြွေရင်း…

စဝ်ပန်းလှရေးထားသော ကဗျာစာသားလေးတွေကို (စဝ်ခွန်ဖ) ဖတ် အပြီးတွင် ပါးပြင်နှစ်ဖက်မှ မျက်ရည်များ စီးကျလာပြီးလျှင် …
“မှားပြီ ပန်းလေးရယ်။ ငါ့ကို ခွင့်လွှတ်ပါ။ မဟုတ်ဘူး။ ဘယ်တော့မှ ခွင့်မလွှတ်နဲ့။ ဘယ်တော့များမှ ခွင့်မလွှတ်လိုက်ပါနဲ့ကွယ်”ဟု ဆိုပြီး ရင်ကွဲ မတတ် ခံစားရလေသည်။
သူမ၏အဖြစ်အပျက်လေးတွေကိုလည်းကြေကွဲစွာရင်ဖွင့်တင်ပြတတ် လေသည်။ တစ်နေ့ အခုလို အဖြစ်ဆိုးမျိုးနှင့် ကြုံလာခဲ့လျှင် သူမ အလွန် မြတ်နိုးတွယ်တာရပြီး ဘယ်တော့မှ သစ္စာပျက်ပြယ်ခြင်းမရှိခဲ့ရသည့် သူမ၏ ခင်ပွန်းစော်ဘွားကြီးထံသို့ဤစာချွန်လေးကိုမဖြစ်ဖြစ်အောင် ပေးပေးပါရန် ဟော်နန်းနှင့် မနီးမဝေး ပန်းအလှ စိုက်ပျိုးသော အဘိုးအိုလင်မယားကို မှာကြားထားခဲ့ခြင်း ဖြစ်သည်။ ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရင်း မှာကြားခဲ့ လေသည်။
ထိုအကြောင်းစုံကို သိရသော စော်ဘွားကြီးသည်တုန်ခိုက်ကာကြေကွဲ ဝမ်းနည်းပြီး မစားနိုင်၊ မအိပ်နိုင် တမှိုင်မှိုင်နှင့် စိတ်ထိခိုက်ပြီး လပိုင်းအတွင်း မှာပင် သူ၏ချစ်လှစွာသော ဇနီးစဝ်ပန်းလှရှိရာ သေမင်းနိုင်ငံသို့ လိုက်သွား လေတော့သည်။
ဦးလှထွန်းအိပ်မက်မှ လန့်နိုးလာသောအခါတွင် အင်မတန်မှ နူးညံ့ သိမ်မွေ့၍ချိုသာသောစကားသံဝဲဝဲလေးနှင့်ချောမောလှပပြီး ကျက်သရေ ရှိလှသည့် မိန်းမချောလေးဖြစ်သူ ရှမ်းစော်ဘွား၏ ဇနီးငယ်လေး စဝ်ပန်းလှ ဆိုသူ ကြေကွဲဝမ်းနည်းနေသည့် မျက်နှာလေးကို မြင်ယောင်ရင်း မိုးစင်စင် လင်းခဲ့လေသည်။
နောက်အားလပ်ရက်တစ်ရက်တွင်စဝ်ပန်းလှအတွက်ရည်စူးပြီးသံဃာ တော်များ ပင့်ဖိတ်၍ အလှူအတန်းတစ်ခု ပြုလုပ်ပေးပြီး အမျှပေးဝေလိုက်
မိလေသည်။
ညရောက်သောအခါ ဦးလှထွန်းနှင့် ဒေါ်ရီရီတို့ လင်မယားနှစ်ယောက် လုံး အိပ်မက်မြင်မက်လေသည်။ ထိုအိပ်မက်ထဲတွင် ရုပ်ထုရှင်မိန်းမပျို၏ မျက်နှာမှာ ကြည်လင်ဝင်းပပြုံးရွှင်နေပြီး လက်ပြနှုတ်ဆက်၍တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။ မပျောက်ကွယ်ခင် သူမ၏ လက်ထဲမှ အရာတစ်ခုကို စတိုခန်းထဲသို့ ပစ်ချကြဲဖြန့်သည်။
ထိုအိပ်မက်ကိုမက်ပြီးပြီးချင်း နေ့စဉ်ထူးဆန်းဖြစ်ရပ်ဆန်းကြယ်တစ်ခု ကို တွေ့ကြုံရလေသည်။ ထိုအခြင်းအရာကား စတိုခန်းထဲမှ နေ၍ မတ်စေ့ ကလေးတစ်စေ့ နေ့စဉ်ထွက်ကျလာသော အံ့ဩဖွယ်ရာ ဖြစ်ရပ်ပေတည်း။ “ထူးဆန်းလိုက်တာ အစ်ကို”
“အေးပေါ့- တို့ကလည်း သူ့ကို ကောင်းရာမွန်ရာရောက်အောင် သူ့ ဝိညာဉ်ကိုလွတ်လပ်အောင်ဖြေလွှတ်ပေးလိုက်တာကိုး။ သူကကျေးဇူးပြန်
ပြုတာပေါ့”
ထိုသို့ ဝိညာဉ်ရှင်မလေးကို သတိရလွမ်းဆွတ်စွာ ပြောဆိုနေဆဲမှာပင် အရာဝတ္ထုကလေးတစ်ခု ပြုတ်ကျလာပါသည်။ “ဒေါက်-ဒေါက်- ဒေါက်”
“ဟင်”
“ဟာ”
လင်မယားနှစ်ယောက်လုံး ရှေ့တွင် ပြုတ်ကျလာသော အရာလေးကို ပြိုင်တူကြည့်လိုက်သောအခါတွင် တစ်မတ်စေ့လေးပင် ဖြစ်နေလေသည်
တကား။
))) အေသင်ဇာသက်ဝေ

Zawgyi Version

ထူးဆန္းေသာမတ္ေစ့(စ/ဆုံး)
————————————-
အခ်ိန္ရာသီကာလေတြအလီလီေျပာင္း၍ႏွစ္ေတြၾကာေညာင္းခဲ့ေပၿပီ။ ဦးလွထြန္းသည္ သူ ေနထိုင္သည့္ ခမ္းနားထည္ဝါလွေသာ တိုက္အိမ္ႀကီး ၏ဝရန္တာေပၚမွ အေဝးသို႔ေငးေမာရင္းတစ္ခ်ိန္က သူႀကဳံဆုံေတြ႕ခဲ့ရသည့္ ဂမၻီရဆန္ေသာဒ႑ာရီဆန္ဆန္ေၾကကြဲဖြယ္ရာ အခ်စ္ဇာတ္လမ္းေလးအား အမွတ္မထင္ ျပန္လည္သတိရေနမိေလသည္။
ဦးလွထြန္းသည္ အိုမင္းရင့္ေရာ္၍ဆံပင္ေတြေဘာ္ေငြေရာင္သန္းကာ ဘဝေနဝင္ခ်ိန္ကို ေစာင့္ေမွ်ာ္ေနရေလၿပီ။ ဦးလွထြန္း လြန္မင္းစြာ ႏွစ္သက္ ျမတ္ႏိုးလွေသာ (မာက်ဴရီ) ဆိုင္ေလးလည္းေနဝင္စျပဳခဲ့ေလၿပီ။ ဘယ္ေသာ အခါမွ အိုမင္းရင့္ေရာ္ျခင္းလည္း မရွိသည့္ ပစၥည္းေလး တစ္ခုမွာေတာ့ ဦးလွထြန္းတို႔၏ တိုက္အိမ္ႀကီးအေပၚထပ္ရွိ က်က္သေရမဂၤလာႏွင့္ ျပည့္စုံ လွေသာ ဘုရားခန္းထဲတြင္ စံပယ္ေနေတာ္မူေသာ ေရွးေဟာင္း ေက်ာက္ စိမ္းဆင္းတုေတာ္ႏွင့္ ေရွးေဟာင္းေၾကးခြက္ထဲတြင္ ရွိေသာ တစ္မတ္ေစ့ ေလးပင္ ျဖစ္သည္။
ဦးလွထြန္းသည္ ေရွးေဟာင္းပစၥည္းကေလးမ်ားကို ဝယ္ယူစုေဆာင္း ရသည္ကို ဝါသနာထုံလွသည္။ ေငြအေႂကြေစ့ေလးမ်ား၊ ေရွးႏွစ္ေပါင္းမ်ား

စြာကေၾကးလင္ပန္း၊ေၾကးခြက္၊ ေငြဇြန္း႐ုပ္ထုစသည္ျဖင့္ပစၥည္းေဟာင္းမ်ား စြာကို သူ၏စတိုခန္းထဲတြင္ စုံလင္စြာ ေတြ႕ရေလသည္။ တခ်ိဳ႕႐ုပ္တုကေလး မ်ားဆိုလွ်င္ မွတ္တမ္းမွတ္ရာပင္ ရွိေလသည္။
ဦးလွထြန္းသည္လားရႈိးတြင္ ေနထိုင္ေသာ သူ၏မိတ္ေဆြက သူ႔ထံသို႔ လာေရာက္ပါရန္ အတင္းဖိတ္ေခၚသျဖင့္ လားရႈိးၿမိဳ႕သို႔ ခရီးထြက္ရန္ ျပင္ဆင္ ေနေလသည္။ ဦးလွထြန္း၏ မိတ္ေဆြမွာ ဦးစိန္ေက်ာ္ျဖစ္ၿပီး သူ၏ ဇနီးမွာ ေဒၚမာလာ ျဖစ္သည္။ သူတို႔မွာ အိမ္ေထာင္သက္ (၁၈) ႏွစ္ ရွိၿပီျဖစ္ေသာ္ လည္းေက်ာေထာက္ေနာက္ခံ သားသမီးမထြန္းကားေပ။
ဦးလွထြန္းအား အေရးႀကီးလွသျဖင့္ အျမန္လာပါရန္ ဖိတ္ေခၚျခင္း ျဖစ္ သည္။ ဦးစိန္ေက်ာ္မွာ ေငြေၾကးခ်မ္းသာသူျဖစ္ၿပီးေဒၚမာလာမွာက်န္းမာေရး ခ်ဴခ်ာသည္ဟု စာထဲတြင္ ထည့္ေရးထားသျဖင့္ ေဆြမ်ိဳးနည္းပါးလွၿပီး သား သမီးတစ္ေယာက္မွမရွိေသာဦးစိန္ေက်ာ္သည္ေက်ာင္းေနဖက္သူငယ္ခ်င္း ျဖစ္ေသာ ဦးလွထြန္းကို အားကိုးရွာေပလိမ့္မည္။
ဦးလွထြန္း၏ဇနီးေဒၚရီသည္ လမ္းခရီးတြင္ စားရန္အစားအစာမ်ားကို ထုပ္ပိုးျပင္ဆင္ေပးရင္း မိတ္ေဆြလင္မယားအတြက္စိုးရိမ္ပူပန္ၿပီး လားရႈိးသို႔ အျမန္ေရာက္ရန္သာ စိတ္ေလာႀကီးေနေသာ ခင္ပြန္းသည္အား …
“ကိုလွထြန္းေရ- သိပ္မၾကာေစနဲ႔။ ဒီမွာက လူခြဲကိုယ္ခြဲရွိတာ မဟုတ္ ဘူး။ အေမကလည္း အသက္ႀကီးၿပီ၊ ရွင့္ သမီး – ျမျမစန္းကလည္း ငယ္ေသး တယ္။ ဘာမွ အားကိုးရတာ မဟုတ္ဘူး၊ အျမန္ျပန္လာ”
ဦးလွထြန္းတို႔အိမ္၌ ဦးလွထြန္း၏မိခင္အိုႀကီးႏွင့္အတူမိသားစုေလးဦး သာ ေနထိုင္၍ ဦးလွထြန္း ဝါသနာပါလွေသာ ေခတ္ေရွးေဟာင္းပစၥည္းမ်ား

(မာက်ဴရီ) ဝယ္၊ ေရာင္းဆိုင္ေလးျဖင့္ ေအးခ်မ္းစြာ ေနထိုင္စားေသာက္ေန သည့္ မိသားစုေလးပင္ ျဖစ္သည္။
ဦးလွထြန္း လားရႈိးဘူတာသို႔ ေရာက္ေသာအခါ မိတ္ေဆြႀကီး ဦးစိန္ ေက်ာ္က အသင့္ႀကိဳေနသည္။ ဦးစိန္ေက်ာ္သည္ သူ၏ ေက်ာင္းေနဖက္ သူငယ္ခ်င္း သူ႔ထံလာေရာက္သည့္အတြက္ ဝမ္းသာေနဟန္ရွိသည္။
သူ ယခုေနထိုင္ေသာ တိုက္အိမ္ႀကီးမွာ အလြန္ခမ္းနားႀကီးက်ယ္၍ လူေနအခန္းမ်ားစြာျဖင့္ ဖြဲ႕စည္းထားၿပီးလွ်င္ ရွမ္းေစာ္ဘြားမ်ား၊ ေဆြေတာ္ မ်ိဳးေတာ္မ်ားေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ထိုအိမ္ေရာက္မွ ထိတ္လန႔္ဖြယ္ ရာ ကိစၥမ်ားႏွင့္ ႀကဳံရသည္မ်ားကို ဖြင့္ဟဝန္ခံေျပာျပရင္း ဦးစိန္ေက်ာ္၏ ခမ္းနားလွသည့္ တိုက္အိမ္ႀကီးဆီသို႔ ေရာက္လာေလသည္။
ေဒၚမာလာအား ဦးလွထြန္း ျမင္လိုက္ရေသာအခါ တအားအံ့ဩသြား ေလေတာ့သည္။ သူမ၏႐ုပ္ဆင္းသဏၭာန္မွာ အရင္ကႏွင့္လုံးဝမဆိုင္ေတာ့။ ႐ုပ္ဆင္းလကၡဏာမွာ က်ဆင္းအိုစာသြားေလသည္။
“လွထြန္းေရ-အဲဒါပဲ ၾကည့္ေတာ့၊ မာလာကို မင္း ျမင္ၿပီမဟုတ္လား။ ေရာဂါလည္းေထြေထြထူးထူးမရွိဘဲနဲ႔ တေရွာင္ေရွာင္ျဖစ္ၿပီးအိပ္ရာထဲလဲေန တာ အသားေတြကလည္း ျဖဴဖပ္ျဖဴေရာ္နဲ႔ကြာ” “ဒါနဲ႔ ဆရာဝန္မျပဘူးလား”
“ဆရာဝန္ကေတာ့ ေသြးအားနည္းတာလို႔ ေျပာတာပဲကြာ။ အတြင္းကို ဓာတ္မွန္႐ိုက္ၾကည့္ေတာ့လည္း ဘာမွ မေတြ႕ရဘူး။ တိုင္းရင္းသမားေတာ္ ကေတာ့ အမ်ိဳးသမီးေရာဂါ (မီးယပ္)လို႔ ေျပာတယ္ကြ။ ဒါေပမဲ့-လွထြန္း ငါ မသကၤာစရာတစ္ခုေတာ့ ရွိတယ္”
“ဘာလဲ-စိန္ေက်ာ္ရ မင္းစကားကလဲ”

“ေအးကြာ – ေနာက္မွေပါ့၊ မင္း အနားယူလိုက္ဦး။ ညစာ ထမင္းစားမွပဲ ငါေျပာျပေတာ့မယ္ကြာ။ ကဲ-ကဲ-မင္းေရမိုးခ်ိဳးၿပီး ခဏနားေတာ့။ ငါလည္း လုပ္စရာရွိတာ သြားလုပ္လိုက္ဦးမယ္”ဟုေျပာၿပီး ဦးစိန္ေက်ာ္က ဦးလွထြန္း နားရန္ အခန္းကို လိုက္ပို႔ေပးၿပီး ထြက္သြားေလသည္။
ဦးလွထြန္း စိတ္ထဲတြင္ မည္သည့္အေၾကာင္းကိစၥမ်ားေၾကာင့္ စီးပြား ဥစၥာ ျပည့္စုံၿပီး ဒုကၡေပးမည့္ သားသမီးေဆြမ်ိဳးလည္းမရွိပါလ်က္ လင္မယား ႏွစ္ေယာက္လုံးတစ္ေယာက္ကမ်က္ႏွာမေကာင္း။ တစ္ေယာက္က ခ်ဴခ်ာနဲ႔ ဘယ္လိုမ်ားျဖစ္ေနၾကတာလဲဟုေတြးေတာစဥ္းစားေနရင္း ေရခ်ိဳးခန္းထဲသို႔
ဝင္လာခဲ့သည္။
ဦးလွထြန္းတစ္ေယာက္ေရမိုးခ်ိဳးၿပီး အိမ္အျပင္သို႔ေလညင္းခံရန္ထြက္ လာခဲ့ေလသည္။ ဦးစိန္ေက်ာ္၏ၿခံဝင္းမွာ အေတာ္အတန္ပင္က်ယ္ဝန္းေလ သည္။ ၿခံဝန္းထဲ၌လည္းပန္းအလွပင္မ်ားကိုလွပစြာစိုက္ပ်ိဳးထားၿပီး ၿခံအဝင္ အထြက္တြင္ ႀကီးမားစြာ ေပါက္ေနေသာ တ႐ုတ္စကားပင္ႀကီး ရွိသည္။ တ႐ုတ္စကားပင္၏ေအာက္ေျခတြင္ လူထိုင္ရန္ ေက်ာက္သားခုံတန္းတစ္ခု လုပ္ထားေလသည္။
ၿခံဝင္းထဲတြင္ တ႐ုတ္မန္က်ည္းသီးပင္၊ သစ္ေတာ္သီးပင္၊ သရက္ပင္ စသည္ျဖင့္ အေတာ္အတန္စုံလင္စြာ ႀကီးထြားေနၾကေလသည္။ ၿခံအလယ္ တြင္ပုဏၰ႐ိုက္ပင္ကို (၁၀)ေပပတ္လည္ခန႔္ရွိမည့္စက္ဝိုင္းပုံသဏၭာန္ပုံေဖာ္ စိုက္ပ်ိဳးထားၿပီး ထိုပုဏၰ႐ိုက္ပင္မ်ားထဲတြင္ ငါးတစ္ေကာင္ မတ္တတ္ရပ္ေန ဟန္ကို ေက်ာက္သားျဖင့္ ထြင္းထုထားသည္။ ခမ္းနားႀကီးက်ယ္လွေသာ တိုက္အိမ္ႀကီးႏွင့္ လြန္စြာမွ ပုလဲနံသင့္လွေပသည္။
ထိုငါးမွာ ေခါင္းေမာ့၍ ပါးစပ္ဟေနသည့္ ပုံစံျဖစ္သည္။ ဦးလွထြန္း ေသေသခ်ာခ်ာၾကည့္ရာတြင္ ယခင္ကာလ အတိတ္ကာလဆီက ထိုငါး၏ ပါးစပ္မွေရမ်ားလွပစြာပန္းထြက္ေနပုံရေပလိမ့္မည္။ ယခုေတာ့ ဦးစိန္ေက်ာ္ မွာ ပ်က္စီးေနသည္မ်ားကိုျပန္၍မျပင္ႏိုင္။ သူ၏ဇနီးသည္အတြက္ေသာက ဗ်ာပါဒမ်ားေနပုံရသည္။

သူငယ္ခ်င္းစိန္ေက်ာ္ေျပာျပခ်က္အရထိုၿခံႏွင့္ တိုက္မွာ ရွမ္းေစာ္ဘြား မ်ား အစဥ္အဆက္ ေနထိုင္သည့္ၿခံျဖစ္ၿပီး ေနာက္ဆုံးမ်ိဳးဆက္ ေစာ္ဘြားမွာ ဇနီးမယားမရွိဟု သိရသည္။
ထိုအမ်ိဳးသားမွာ မည္သည့္ေရာဂါမွန္းအမည္ေဖာ္မရဘဲ ေသဆုံးသြား ေသာအခါ က်န္ရစ္သူ ေဆြမ်ိဳးသားခ်င္းတစ္ဦးက ထိုၿခံအား သူ႔ကို ေဈးေပါ ေပါႏွင့္ ေရာင္းခ်သြားသည္ဟု သိရေလသည္။
ညေနေစာင္းေသာအခါ သူငယ္ခ်င္းႏွစ္ေယာက္ ညစာ စားၾကၿပီး အိမ္ အေပၚထပ္သို႔ဦးစိန္ေက်ာ္ဦးေဆာင္၍ေခၚသြားေလသည္။ အေပၚထပ္ေရာက္ ေသာအခါ စာဖတ္ခန္းထဲသို႔သြားကာ ဦးလွထြန္းအား သူ၏ စာၾကည့္စားပြဲ ေပၚမွ ထူးဆန္းသည့္ မိန္းမ႐ုပ္တုေလးအား ျပသေလေတာ့သည္။ ထို႐ုပ္ထုကေလးမွာတစ္ထြာသာသာခန႔္သာရွိၿပီးလွပကာအလြန္လက္ ရာေျမာက္လွေပသည္။ လက္ႏွစ္ဖက္ရွိလက္ဝါးျပင္အလယ္တြင္ အင္းကြက္ မ်ား ေရးထြင္းထားေလသည္။ ဦးလွထြန္းလည္း ပါလာေသာ မွန္ဘီလူးႏွင့္ ေသခ်ာစြာၾကည့္ရႈစစ္ေဆးရာ႐ုပ္ထုေလး၏ေအာက္ေျခတြင္ ေရးသားထား သည္မွာ လိုတရနတ္မိမယ္ဟုဆိုေသာ စာတန္းကေလးကို တအံ့တဩ ေငးၾကည့္ေနမိသည္။
ဦးလွထြန္းသည္ ေရွးေဟာင္းပစၥည္းမ်ားကို လြန္မင္းစြာ မက္ေမာ ႏွစ္သက္ေလရာထို႐ုပ္တုေလးကိုေတြ႕ေသာအခါစိတ္ဝင္စားသြားေလေတာ့
သည္။ မဆိုင္းမတြပင္ ..
“ေဟ့ေကာင္ – စိန္ေက်ာ္၊ ဒီ႐ုပ္တု ဘာကရလဲ”
“ငါ ဒီၿခံကို ဝယ္ေတာ့ကြာ။ ၿခံထဲဝင္လာေတာ့ မင္း ျမင္လား၊ ဟိုတ႐ုတ္ စကားပင္ႀကီးေလ”
“ေအး-ငါေတြ႕တယ္”
“အဲဒီအပင္ႀကီးရဲ႕ေရွ႕မွာငါခုံတန္းေလး႐ိုက္မယ္ဆိုၿပီးေျမတူးခိုင္းလိုက္
ေတာ့ ဒီအ႐ုပ္ထြက္လာတာပဲ။ ငါလည္း အ႐ုပ္ကေလးက လက္ရာလည္း

ေျမာက္ၿပီးေရွးေဟာင္းပစၥည္းေလးမို႔လို႔ဘာမွအႏၲရာယ္ရွိမွာမဟုတ္ေလာက္
ဘူးဆိုၿပီး ေဆးေၾကာသန႔္စင္ၿပီးေတာ့ ငါ့ရဲ႕ စာၾကည့္စားပြဲေပၚမွာ အလွထား လိုက္တာကြာ”
“ဒီ႐ုပ္တုေရာက္ေတာ့ အထူးအဆန္းေတြ ျဖစ္ေသးလား”
“ေအးကြာ-ငါကေတာ့ဆိုင္ကိုသြားသြားေနရေတာ့မာလာတစ္ေယာက္ တည္းက်န္ခဲ့တယ္။ ဒါေပမဲ့ကြာ-ဒီ႐ုပ္ထုေလးရွိကတည္းက ဆိုင္က စီးပြား အရမ္းတိုးတက္လာတယ္။ ဒါေပမဲ့-မာလာကက်န္းမာေရး ခ်ဴခ်ာလာတယ္။ အခု မင္းျမင္တဲ့အတိုင္းပဲ။ ၿပီးေတာ့ အိမ္ထဲမွာေနရတာ မသိုးမသန႔္သလို ခံစားရတယ္”
ဦးစိန္ေက်ာ္သည္ ႐ုပ္ထုေလးအိမ္ေပၚသို႔ ေရာက္လာၿပီး ေနာက္ေတြ႕ ႀကဳံေနရသည့္အျဖစ္မ်ားကို ဦးလွထြန္းအားေသခ်ာစြာရွင္းျပၿပီး စိတ္မသန႔္ ေၾကာင္း ေျပာျပေလရာ ..
“ေအးကြာ – ႐ုပ္ထုေလးေၾကာင့္သာဆို စြန႔္ပစ္ရမွာ ႏွေျမာစရာ။ ဒီလို လုပ္ကြာ – မင္းဆီမွာ ထားရတာ စိတ္မသန႔္ဘူးထင္ရင္ ငါ ယူသြားမယ္။ ၿပီး ေတာ့ – မင္းဆီကို အက်ိဳးသင့္အေၾကာင္းသင့္ကို ဆက္ၿပီးေလ့လာ အစီရင္ ခံမယ္ကြာ။ ဘယ့္ႏွယ္လဲ”ဟု ဦးလွထြန္းက ေမးလိုက္ေလရာ…
“ေအး – ဒါလည္း ေကာင္းတာပဲ။ မင္းက ေရွးေဟာင္းပစၥည္းစုေဆာင္း ရတာဝါသနာပါတယ္ဆိုေတာ့မင္းဆီမွာထားတာပိုေကာင္းတယ္။ တို႔ဆီမွာ ေတာ့ ခိုက္သလား မသိပါဘူးကြာ”
“ဒါဆိုရင္ ငါျပန္ရင္ ယူသြားမယ္။ အခုလာမယ့္ တနဂၤေႏြေန႔ ငါျပန္မယ္ ကြာ။ ငါဆက္ၿပီး ေလ့လာၾကည့္မယ္”
တယ္”
“ေအးပါကြာ၊ ငါကေတာ့ ေရာက္တုန္း မင္းကို ဒီမွာ ၾကာၾကာေနေစခ်င္
“မအားလို႔ပါကြာ၊အိမ္မွာလူခြဲမရွိဘူးေလ။ေနာက္မွေအးေအးေဆးေဆး
လာခဲ့မယ္”
သူငယ္ခ်င္းႏွစ္ေယာက္ အေတြးကိုယ္စီႏွင့္ ႏႈတ္ဆိတ္ေနၾကေလ
သည္လိုႏွင့္ ဦးလွထြန္း ရန္ကုန္သို႔ ျပန္ေရာက္လာေလသည္။
“ေဖႀကီး – ျပန္လာၿပီ ေမႀကီးေရ”
“ကိုလွထြန္း ျပန္ေရာက္တာ ျမန္သားပဲ။ လားရႈိးက ကိုစိန္ေက်ာ္နဲ႔ မမာလာတို႔ အေျခအေန ဘယ္လိုလဲ”
ဦးလွထြန္းလည္း သူ၏ဇနီးျဖစ္သူေဒၚရီရီအားေရာက္မဆိုက္ပင္ အေျခ အေနမ်ားကို ေျပာျပလိုက္သည္။
“စိန္ေက်ာ္တို႔ အိမ္ထဲမွာ လူလိုလို အရိပ္ေတြမၾကာခဏ ေတြ႕တယ္လို႔ ေျပာတယ္။ စိန္ေက်ာ္ စာဖတ္ေနရင္ အေနာက္မွာ တစ္စုံတစ္ဦးရွိေနသလို ခံစားရတယ္။ ၿပီးေတာ့ – ထူးဆန္းတာက မာလာကို အိပ္မက္ထဲမွာ မိန္း ကေလးတစ္ေယာက္က ေၾကာက္စရာအသြင္ႏွင့္ လိုက္လို႔ေျပးလိုက္ရတာ လို႔ေျပာတယ္။ အိပ္ရာကႏိုးလာရင္ စိုးရိမ္ထိတ္လန႔္ၿပီး ေခြၽးေတြတစ္ကိုယ္ လုံးစို႐ႊဲေနၿပီးေတာ့တကယ္ပဲအျပင္မွာ ခံစားရသလိုထိတ္လန႔္ေမာပန္းေနပုံ ရတယ္လို႔ ေျပာတယ္။ အဲဒီအိပ္မက္က မၾကာခဏမက္တယ္တဲ့ အရီရယ္။ ဒီ႐ုပ္ထုေလးေၾကာင့္ ဟုတ္ဟန္မတူဘူး။ စိန္ေက်ာ္ စိတ္ထင္လို႔ ေနမွာပါ ကြာ။ သူတို႔ကဒီ႐ုပ္တုေၾကာင့္လို႔စိတ္စြဲေနတာ။ ငါကေတာ့ အဲဒါေတြ အယုံ အၾကည္မရွိပါဘူးကြာ။ ဒါေၾကာင့္ ယူလာတာေပါ့”
“ဟင္ – ဒါဆို အဲဒီ႐ုပ္တုေလးေကာ ကြၽန္မကို ျပပါဦး”
ဦးလွထြန္းသည္ သူ၏ခရီးေဆာင္အိတ္ထဲမွာပါလာေသာ ႐ုပ္တုေလး အားထုတ္ၿပီးသူ၏ ဇနီးအား ျပလိုက္ရာ …
“ဟင္ – ႐ုပ္တုေလးကလွလိုက္တာေနာ္။ အသက္မွမရွိတာ႐ုပ္တုေလး
“ငါ နားခ်င္ၿပီ မရီေရ။ ႐ုပ္တုေလးကို စတိုခန္းထဲ သြားထည့္ထားလိုက္ မယ္”
ဦးလွထြန္းလည္း ထိုသို႔ေျပာၿပီး အနားယူရန္ ထသြားေလသည္။ ထိုေရွးေဟာင္း႐ုပ္တုေလးက ဦးလွထြန္းအတြက္ မဆန္းၾကယ္လွေပ။ သူ႔ထံတြင္ ထိုသို႔ ထူးျခားလွေသာ ႐ုပ္တုေလးက အမ်ားအျပားပင္ ျဖစ္ေလ သည္။
ျမျမစန္းသည္ အသက္ (၉)ႏွစ္သာရွိေသးရာအေဆာ့မက္အစားမက္ ေသာ အ႐ြယ္ျဖစ္သည္။ ေက်ာင္းပိတ္သည္ႏွင့္ ထမင္းေမ့ ဟင္းေမ့ ေဆာ့ တတ္သည္။ မိခင္ ေဒၚရီရီက ထမင္းစားရန္ လိုက္ေခၚရသည္အထိပင္။ ျမျမစန္းကေလးသည္ ဦးလွထြန္းတို႔ လင္မယား အသက္ႀကီးမွ ရရွိေသာ သမီးကေလး ျဖစ္သည္။
တစ္ေန႔တြင္ (၁၂)နာရီထိုးေနၿပီ ျဖစ္ေသာ္လည္း ျမျမစန္းက မနက္စာ စားရန္ အိမ္ျပန္မေရာက္ေသး။ ေဒၚရီရီ စိတ္မရွည္ေတာ့သျဖင့္ လိုက္ရွာၿပီး ဆူပူဆုံးမသည္။ ျမျမစန္းလည္း အေပၚထပ္သို႔တက္ၿပီး စတိုခန္းေရွ႕တြင္ မိခင္ ဆူပူေသာေၾကာင့္ တစ္ေယာက္တည္း ထိုင္ငိုေနမိေလသည္။
ျမျမစန္းတို႔ အိမ္မွာ ႏွစ္ထပ္အိမ္ျဖစ္ၿပီး အေပၚထပ္တြင္ ဘုရားခန္း စတို ခန္းႏွင့္ စာၾကည့္ခန္းရွိသည္။ ထိုစဥ္ စတိုခန္းထဲမွ အသံတစ္သံ ထြက္လာ ေလသည္။ အသံမွာ ၾကည္လင္ျပတ္သားေသာမိန္းကေလးတစ္ေယာက္၏ အသံျဖစ္လာသည္။ ျမျမစန္းသည္ ထိတ္လန႔္သြားသည္။
“သမီးေလး”

“ဟင္ – မိန္းမတစ္ေယာက္ရဲ႕အသံပါလား။ ထူးဆန္းလိုက္တာ စတိုခန္း ထဲက လာတဲ့အသံပဲ။ သြားၾကည့္ဦးမွ”
ျမျမစန္းလည္း ငိုေနရာမွ အသံရွင္ကို စိတ္ဝင္စား၍ အခန္းရွိရာသို႔ ထသြားေလသည္။ စတိုခန္းထဲသို႔ ဝင္လိုက္ေသာအခါ အမ်ိဳးသမီးတစ္ဦး မတ္တတ္ရပ္ေနသည္ကို ႐ုတ္တရက္ေတြ႕လိုက္ရ၍ အံ့ဩတႀကီး ျဖစ္သြား သည္။ ဘယ္လိုေရာက္ေနတာပါလိမ့္။ ထိုအမ်ိဳးသမီးစတိုခန္းေဘးရွိ ျပတင္း တံခါးေပါက္ကို မွီ၍ ခပ္ႏြဲ႕ ႏြဲ႕ ၿပဳံးကာ ရပ္ေနျခင္းျဖစ္သည္။ အသက္အ႐ြယ္ အားျဖင့္ (၂၅)ႏွစ္ေလာက္ရွိၿပီး အသားအေရမွာျဖဴဝင္းလွပသည္။ ဆံပင္ကို ေသသပ္စြာ ထုံးဖြဲ႕ထားေလသည္။ နဖူးျပင္မွ ဆံစမ်ားကို ေနာက္ဘက္သို႔ လွန္ၿပီး အေျပာင္သိမ္းထားၿပီး နဖူးျပင္မွာ မဟာနဖူးဟုေခၚေသာ နဖူးမ်ိဳးပင္ ျဖစ္ေလသည္။ ဝတ္စားဆင္ယင္ပုံမွာ ေရွးဆန္းလွေပသည္။ ျမျမစန္းသည္အမ်ိဳးသမီးငယ္အားေငးေမာၾကည့္ေနရာမွေမးလိုက္ေလ
သည္။ ထိုအမ်ိဳးသမီးကို ယခင္က တစ္ႀကိမ္မွ် မျမင္ဘူးေပ။ “အစ္မက ဘယ္သူလဲ ဒီမွာ ဘာလုပ္ေနတာလဲ”
“သမီး”
ျမျမစန္းသည္ မ်က္ေမွာင္တစ္ခ်က္ က်ဳံ႕လိုက္သည္။ စိတ္ထဲတြင္ ေတြး ေနမိသည္မွာ အစ္မအ႐ြယ္ပဲရွိေသးတယ္။ ဘာေၾကာင့္ ငါ့ကို သမီးလို႔ေခၚရ တာလဲ။ တကယ္ဆို ညီမေလးလို႔ ေခၚရမွာ။ ၾကာၾကာေတြးခ်ိန္မရ။ ထိုအခါ ထိုမိန္းကေလးက သူမ၏ ပါးစပ္ကို သူမ၏ လက္ညႇိဳးႏွင့္ဖိလိုက္ၿပီး တိုးတိုး ေနရန္ အခ်က္ျပလိုက္ေလသည္။
“ေရာ့ – သမီးကို မုန႔္ဖိုးေပးမလို႔ ေခၚလိုက္တာ။ ေရာ့ – စားခ်င္တာစား” ဟုေျပာၿပီး ေငြအေႂကြေစ့ေလးတစ္ေစ့လွမ္းေပးေလသည္။
ထိုေခတ္က (၁၀)ျပားေစ့၊ တစ္မတ္ေစ့ျပားေစ့သာ အသုံးမ်ားလွသည္။ တန္ဖိုးလည္းရွိသည္။ မုန႔္ဟင္းခါးတစ္ပြဲကို (၁ဝ)ျပားသာေပးရေသာအခ်ိန္ ကာလျဖစ္ေလသည္။ တစ္မတ္ဆိုရင္ လြန္စြာ တန္ဖိုးရွိေနေလၿပီ။

ျမျမစန္းသည္ လက္ထဲတြင္ ကိုင္ထားေသာ တစ္မတ္ေစ့ကေလးကို အံ့ဩေနၿပီး ေငးၾကည့္ေနစဥ္မွာပင္ ..
“ကဲ – ကဲ – သမီးအခန္းထဲမွာ အစ္မရွိတာ ဘယ္သူမွမေျပာနဲ႔။ ေနာက္ ေန႔လည္း ပိုက္ဆံတစ္မတ္ေစ့ စေပးမယ္။ လာယူ – ဘယ္သူမွ ေလွ်ာက္ မေျပာ ရဘူးေနာ္ ၾကားလား” ျမျမစန္းလည္း ေခါင္းညိတ္၍ ကတိေပးၿပီး စတိုခန္းထဲမွ ျပန္ထြက္လာေလသည္။ ထိုအခ်ိန္တြင္ မိခင္၏ အသံထြက္ ေပၚလာသည္။
“ျမျမစန္းေရ – သမီး – မနက္စာ လာစားကြယ္။ အေပၚထပ္မွာ ဘာလုပ္ ေနတာလဲ”
အေမ ေအာ္ေခၚေနသျဖင့္ ျမျမစန္း ေအာက္ထပ္သို႔ ဆင္းလာခဲ့ေလ သည္။ ျမျမစန္းလည္း မနက္စာစားၿပီး အေမ့ကိုေျပာျပရန္ စိတ္ကူးေနစဥ္ စတိုခန္းထဲတြင္ေတြ႕ခဲ့ရေသာအမ်ိဳးသမီးသည္သူမအားမေျပာရန္ဟန႔္တား ခဲ့ေလသည္။ ထို႔ေၾကာင့္ ဖြင့္မေျပာျဖစ္ေတာ့ေပ။
တစ္ေန႔တြင္ ျမျမစန္း ေက်ာင္းအျပန္လမ္းထိပ္ဆိုင္မွ ၾကာဇံေၾကာ္ ဝယ္လာခဲ့ရာ မိခင္သည္ ျမျမစန္းအား ေမးျမန္းေလေတာ့သည္။
“သမီး-လာဦး၊ ဘယ္က ပိုက္ဆံရလို႔ ၾကာဇံေၾကာ္ ဝယ္လာတာလဲ။ သမီးအခုတေလာ မုန႔္ေတြ အရမ္းဝယ္စားေနသလိုပဲ။ အေမ့ကို မွန္မွန္ေျပာ စမ္း။ ဘယ္က ပိုက္ဆံေတြရသလဲ”
ျမျမစန္းလည္း ေၾကာက္ေၾကာက္ႏွင့္ စတိုခန္းရွိရာ အေပၚထပ္သို႔ လက္ညႇိဳးလွမ္းထိုးလိုက္ၿပီး…
“အေပၚထပ္က စတိုခန္းထဲက ရတာ ေမေမ” ဟု ေျဖလိုက္ေလသည္။ ျမျမစန္း၏ မိခင္သည္ အထိတ္တလန႔္ ျဖစ္သြားၿပီး …
“ဘယ္လို – သမီး၊ စတိုခန္းထဲက မဟုတ္လား။ အဲဒီစတိုခန္းထဲမွာ ဘာ ပိုက္ဆံမွမထားဘူး။ မွန္မွန္ေျပာ ဘယ္ကရလဲ၊ အခုေျပာ”ဟုခပ္ေငါက္ေငါက္

ေမးလိုက္ေလရာ ျမျမစန္းသည္ ငိုၿပီးလွ်င္ အေၾကာင္းစုံကို ဖြင့္ေျပာလိုက္မိ
သည္။
“ဟုတ္တယ္- ေမေမ။ အဲဒီအခန္းထဲမွာ မိန္းမတစ္ေယာက္ကေပးတာ သူက ဘယ္သူမွ ျပန္မေျပာနဲ႔တဲ့။ ေနာက္ေန႔ ပိုက္ဆံသြားယူေတာ့ လူကို ေတာ့ မေတြ႕ေတာ့ဘူး။ ပိုက္ဆံကေတာ့ ေရွးေဟာင္းခုံေလးေပၚမွာ အၿမဲပဲ ေတြ႕ရတယ္။ ၿပီးေတာ့ ညဘက္ေရာက္လွ်င္ သမီးရဲ႕ေဘးမွာ အၿမဲလာအိပ္ တယ္”
ျမျမစန္း၏ မိခင္မွာ စိုးရိမ္ထိတ္လန႔္သြားၿပီးလွ်င္ … “ဘယ္လို-အမ်ိဳးသမီးတစ္ေယာက္ဟုတ္လား” “ဟုတ္တယ္ – အေမ”
ျမျမစန္း၏မိခင္သည္ထိုအျဖစ္အပ်က္အား ဦးလွထြန္းအားေျပာျပေလ
ရာ ဦးလွထြန္းသည္ ေလးတြဲ႕ေသာ အသံျဖင့္ ….
“အင္း- မိန္းမေရ ငါယူလာတဲ့ ႐ုပ္ထုေလးက အစြမ္းျပတာ ျဖစ္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခါတိုင္းဒီလိုမျဖစ္ဘူးေလ။ ႐ုပ္ထုေလးက သံသယ ဝင္စရာရွိတယ္။ ၿပီးေတာ့ – သမီးအႏၲရာယ္ရွိတယ္ မရီေရ။ ငါတို႔ တစ္ခုခု လုပ္မွ”
ျမျမစန္း၏ မိခင္သည္ အထိတ္တလန႔္ ျဖစ္သြားကာ …
“အဲဒါဆိုလည္း အစ္ကိုရယ္၊ အဲဒီ႐ုပ္ထုကို သြားစြန႔္ပစ္လိုက္ေပါ့” “မင္းရဲ႕သမီးေျပာတာ ဟုတ္မဟုတ္ေစာင့္ၾကည့္ပါဦး မရီရယ္”
“အ႐ုပ္ကို စြန႔္ပစ္လိုက္ေတာ့ အစ္ကို။ သမီးေလးအတြက္ ကြၽန္မ စိုးရိမ္ တယ္။ သမီးေလးကို သတိထားၾကည့္၊ ႏႈတ္ခမ္းေတြျဖဴေရာ္ေနတယ္။ ၿပီး- ခဏခဏဖ်ားတယ္။ ရွင့္သူငယ္ခ်င္းကိုစိန္ေက်ာ္ကိုလည္း အေၾကာင္းၾကား လိုက္ေပါ့။ ႐ုပ္ထုကို ျမန္ျမန္ဖ်က္ဆီးမွ ျဖစ္ေတာ့မယ္။ ၿပီးေတာ့ – ညဘက္ ေတြမွာ အစ္ကို သတိထားမိရဲ႕လား။ လူလိုလို အရိပ္တစ္ခုက စတိုခန္းရဲ႕

အေပၚထပ္မွာ ရိပ္ခနဲ ရိပ္ခနဲေတြ႕ရတယ္။ အေပၚထပ္ကိုတက္ရင္ အခါတိုင္း လို စိတ္မသန႔္ဘူး အစ္ကိုရယ္။ တစ္ခုခုေတာ့ တစ္ခုခုပဲ”
“ဟုတ္တယ္ – မရီ။ ငါတို႔ ဒီတစ္ရက္ႏွစ္ရက္ သတိထားၾကည့္။ သမီးကို ေစာင့္ၾကည့္ကြာ။ အ႐ုပ္က ဖ်က္ဆီးတာ လြယ္တာပဲ။ ပိုင္ရွင္ကိုေတာ့ အသိ ေပးရမွာေပါ့”
“ဟုတ္ကဲ့ – ကိုလွထြန္း”

သို႔ျဖင့္ လင္မယားႏွစ္ေယာက္ ေန႔ညမျပတ္ေစာင့္ၾကည့္အကဲခတ္ေန မိရာ ေနာက္ေန႔ ေန႔လယ္ (၁)နာရီေက်ာ္ေက်ာ္ေလာက္တြင္ ျမျမစန္း စတို ခန္းသို႔ တက္သြား၍ ေဒၚရီရီသည္ သမီးေနာက္မွ တိတ္တဆိတ္ မေယာင္ မလည္လိုက္သြားေလသည္။ ျမျမစန္း စတိုခန္းထဲမွျပန္ထြက္လာေသာအခါ ပိုက္ဆံတစ္မတ္ေစ့ေလးတစ္ေစ့ ကိုင္လာသည္ကို ေတြ႕ရရာ …
“ဟဲ့- သမီးေပးစမ္း။ ဒီပိုက္ဆံတစ္မတ္”ဟုေျပာၿပီးလက္ထဲကိုင္ထား ေသာ ပိုက္ဆံတစ္မတ္ေစ့ေလးအား ဖ်တ္ခနဲယူလိုက္ေလရာတြင္ စတိုခန္း ထဲမွ“ဒုန္း”ဆိုေသာ အသံကို ၾကားလိုက္ရေလသည္။ ေဒၚရီလည္း စတိုခန္း ထဲဝင္၍ ေျပးၾကည့္လိုက္ေလရာ ႐ုပ္တုေလးသည္ တင္ထားေသာ ခုံေပၚမွ တစ္ဆင့္ေအာက္သို႔ ျပဳတ္က်ေနသည္ကို ေတြ႕ရေလသည္။ “ဟင္ – ႐ုပ္တုေလးျပဳတ္က်ေနပါလား။ လက္တစ္ဖက္လည္းက်ိဳးသြား
ၿပီ”
ေဒၚရီရီလည္း ႐ုပ္တုေလးႏွင့္တကြ က်ိဳးေနေသာ လက္တစ္ဖက္ကိုပါ အျပင္သို႔ ထုတ္ယူလာခဲ့ေလသည္။ ကိုလွထြန္းႏွင့္ ေဒၚရီရီတို႔ လင္မယား ႏွစ္ေယာက္ ေခါင္းခ်င္းဆိုင္၍ တိုင္ပင္ၾကရေလသည္။ ထိုမိန္းမ႐ုပ္တုေလး အားေပါ့ေပါ့ဆဆမွတ္ယူ၍မရေတာ့။ သမီးအတြက္စိုးရိမ္ရၿပီမို႔ေနာက္ဆုံး ထို႐ုပ္ထုေလးအား စြန႔္ပစ္ရန္ ဆုံးျဖတ္လိုက္ၾကသည္။
ျမျမစန္းကိုလည္း ပရိတ္၊ ပ႒ာန္းမ်ားျဖင့္ အတားအဆီးမ်ား ျပဳလုပ္ထား လိုက္ၿပီး ႐ုပ္တုေလးအား မီးရႈိ႕ဖ်က္ဆီးပစ္လိုက္ေလသည္။
ဦးလွထြန္းအိပ္ေပ်ာ္ေနစဥ္ထူးျခားဆန္းၾကယ္ေသာ အိပ္မက္ ျမင္မက္ ေလေတာ့သည္။ ထိုအိပ္မက္မွာ ႐ုပ္တုေလးထဲ ဝင္ေရာက္ပူးဝင္ေနေသာ ဝိညာဥ္မိန္းကေလးက အိပ္မက္ေပးျခင္း ျဖစ္ေလသည္။ ထိုမိန္းကေလးသည္ေရွးဆန္ေသာအဝတ္အစားမ်ားကိုဝတ္ဆင္ထား
ၿပီး ပါးျပင္ႏွစ္ဖက္၌လည္းမ်က္ရည္မ်ားစီးက်ေနသည္။ ဦးလွထြန္းက အံ့ဩ ၿပီး ေငးၾကည့္ေနစဥ္ ထိုမိန္းကေလးက …

“ဦးေလး – ကြၽန္မကနတ္မိမယ္႐ုပ္တုေလးထဲကဝိညာဥ္ရွင္မိန္းကေလး ပါ။ ဦးေလးကို ကြၽန္မ အကူအညီေလးတစ္ခုေလာက္ေတာ့ ေတာင္းပါရေစ ရွင္”
“မင္းကို ဦးေလး မသိရပါလား။ ဦးေလးက မင္းကို ဘယ္လိုကူညီေပးရ မလဲ။ မင္းက ဘယ္သူဆိုတာရယ္ ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို ဦးေလးကို ရွင္းျပေပးဦးမွေပါ့”
“ကြၽန္မက ဟိုးယခင္တုန္းက ရွမ္းေစာ္ဘြားတစ္ဦးရဲ႕ တတိယေျမာက္ ဇနီးပါ (စဝ္ပန္းလွ)လို႔ ေခၚပါတယ္။ ကြၽန္မရဲ႕လွပေက်ာ့ရွင္းၿပီး က်က္သေရ ရွိတဲ့ အလွအပဟာ ကြၽန္မကို တစ္ခ်ိန္ခ်ိန္မွာ ဒုကၡေပးလိမ့္မယ္လို႔ မေတြးမိ ပါဘူးရွင္။ ကြၽန္မဟာ ကြၽန္မရဲ႕လွပမႈအေပၚမွာ အင္မတန္ ယစ္မူးတြယ္တာ ေနတဲ့ ေစာ္ဘြားႀကီး (စဝ္ခြန္ဖ) ကို သိပ္ယုံၾကည္အားကိုးမိပါတယ္။ ေစာ္ ဘြားႀကီးက ကြၽန္မကို သိပ္ၿပီး ခ်စ္ျမတ္ႏိုးလြန္းတာနဲ႔ သူတို႔ ဘိုးစဥ္ေဘာင္ ဆက္သိမ္းထားတဲ့လည္ဆြဲရတနာကိုကြၽန္မကိုေပးၿပီးဝတ္ဆင္ေစတဲ့အထိ ျမတ္ႏိုးလွပါတယ္။ ဒါကိုမနာလိုမရႈဆိတ္ျဖစ္ၿပီး အၿမဲတမ္းဒုကၡေပးဖို႔ႀကံစည္ ေနတဲ့ မဟာေဒဝီႀကီးျဖစ္တဲ့ (စဝ္သူဇာ)က ကြၽန္မကို အကြက္ခ်ၿပီး ဒုကၡ လွလွႀကီး ေပးေတာ့တာပဲရွင္။
စဝ္သူဇာက တစ္ေန႔ေတာ့ ကြၽန္မကို သူ႔ရဲ႕ တူေတာ္ “စဝ္သီဟနဲ႔ မိတ္ ဆက္ေပးပါတယ္။ ကြၽန္မကလည္း ႐ိုးသားစြာနဲ႔ လက္ခံခဲ့တယ္။ အဲဒီ (စဝ္သီဟ)ဆိုသူဟာ ကြၽန္မ ဘယ္သြားသြား အရိပ္လို မသိမသာလိုက္ေန တတ္ပါတယ္ရွင္။ တစ္ေန႔မွာ ေစာ္ဘြားႀကီး ခရီးထြက္ေနတုန္း စဝ္သီဟက ကြၽန္မရဲ႕မနီးမေဝးမွာ ကြၽန္မရဲ႕အရိပ္အေျခကို အကဲခတ္ၾကည့္ရႈေနပါတယ္။ ကြၽန္မ ခဏအပန္းေျဖေတာ့ကြၽန္မရဲ႕အနားေရာက္လာၿပီးကြၽန္မကိုၾကည္ႏူး စရာစကားလုံးအလွအပေတြနဲ႔စည္း႐ုံးျဖားေယာင္းသိမ္းသြင္းပါေတာ့တယ္။ စဝ္သီဟက အေျပာလည္းေကာင္း၊ ႐ုပ္ကလည္း ေခ်ာပါတယ္။ ကြၽန္မဟာ ဟာသဉာဏ္ရွိတဲ့စဝ္သီဟကိုယုံၾကည္ၿပီးမၾကာခဏဆုံေတြ႕ေအာင္ဖန္တီးေနတတ္တဲ့ သူတို႔အႀကံကိုမသိဘဲစဝ္သီဟကိုခင္မင္သြားမိပါတယ္။ ဒါဟာ လည္း ႐ိုး႐ိုးသားသား မိတ္ေဆြတစ္ေယာက္အျဖစ္နဲ႔ ခင္မင္သြားတာပါ။ တစ္ခါတေလေစာ္ဘြားႀကီးကကြၽန္မတို႔ႏွစ္ေယာက္ရဲ႕ခင္မင္မႈကိုမသိ
မသာ ေမးျမန္းပါတယ္။ ကြၽန္မကလည္း စိတ္သန႔္သန႔္နဲ႔ ျပန္ေျဖပါတယ္။ ကြၽန္မရဲ႕ေယာက္်ားေစာ္ဘြားႀကီးကလည္းကြၽန္မကိုျမတ္ႏိုးလြန္းတာေၾကာင့္ စိတ္ထဲ မသကၤာျဖစ္ပုံ မေပၚပါဘူး။ ဒါေပမဲ့ – ကာလၾကာရွည္လာတဲ့အခါ ကြၽန္မကို ေစာ္ဘြားႀကီးက မသကၤာတဲ့ မၾကာခဏ ၾကည့္တတ္ပါတယ္။
တစ္ေန႔ ကြၽန္မ အိပ္ခန္းရဲ႕ ေလသာျပတင္းတံခါးေပါက္မွ လွမ္းၾကည့္ ရင္း ၿခံထဲမွာ ဝါဂြမ္းျဖဴျဖဴ ပုံခင္းထားသလို ျဖဴေဖြးလွပတဲ့ စံပယ္႐ုံကို ၾကည့္ ၿပီး စိတ္မထိန္းႏိုင္တာနဲ႔ အိမ္ေပၚမွ ဆင္းလာၿပီး ျဖဴေဖြးၿပီး ရနံ႔ေလးေတြ သင္းပ်ံ႕ေမႊးႀကိဳင္လြန္းလွတဲ့ စံပယ္ပန္းေလးေတြကို လက္ခုပ္ထဲထည့္ၿပီး ေမႊးၾကဴေနတုန္းစဝ္သီဟကကြၽန္မနားကို႐ုတ္တရက္ေရာက္လာၿပီးကြၽန္မ လက္ထဲက စံပယ္ပန္းေလးေတြ ကိုင္ထားတဲ့လက္ကို အမွတ္တမဲ့ ငုံနမ္း ရႉရႈိက္လိုက္ပါေတာ့တာရွင္။
ကြၽန္မ႐ုတ္တရက္ဆိုေတာ့ေၾကာင္ေငးသြားမိတယ္။ ကြၽန္မရွက္လည္း ရွက္၊ေဒါသလည္းထြက္သြားပါတယ္။ဟုတ္တယ္ေလ။ကြၽန္မတို႔ႏွစ္ေယာက္ ရဲ႕အမူအရာဟာမသိတဲ့လူဆိုရင္လွပတဲ့ပန္းေတာထဲမွာခ်စ္သူႏွစ္ဦး ၾကည္
ႏူးေနတဲ့ ပုံစံမ်ိဳးျဖစ္မေနေပဘူးလား။ ကြၽန္မလည္း စဝ္သီဟကို အတင့္ရဲ လိုက္တဲ့လူဆိုၿပီးအၾကည့္စိမ္းစိမ္းနဲ႔ တစ္ခ်က္ၾကည့္ၿပီး ေဟာ္နန္းထဲျပန္ဝင္ ဝင္ေျပးလာခဲ့မိပါတယ္။ ဒါကို အစအဆုံးၾကည့္ေနၾကတဲ့သူႏွစ္ဦးကေတာ့ ကြၽန္မရဲ႕ခင္ပြန္း ေစာ္ဘြားႀကီးနဲ႔ မဟာေဒဝီ စဝ္သူဇာတို႔ႏွစ္ေယာက္ ျဖစ္ေန ပါေတာ့တယ္ရွင္။
တကယ္တမ္းေတာ့ သူ႔ရဲ႕တူေတာ္စဝ္သီဟက မဟာေဒဝီနဲ႔ ဘယ္လိုမွ အမ်ိဳးမေတာ္စပ္ပါဘူး။ မေဟာေဒဝီစဝ္သူဇာကိုငယ္စဥ္ကေလးဘဝထဲက ေနၿပီး ေစာ္ဘြားႀကီးစဝ္ခြန္ဖနဲ႔ အေၾကာင္းပါတဲ့အထိ အပါးေတာ္ အၿမဲခစား

ေနတဲ့ ေနာက္ေတာ္ပါး ႏို႔ထိန္းတစ္ေယာက္ရဲ႕ေမြးစားသားပါ။ သူဟာ ဂမၻီရ အတတ္ပညာေတြလည္း ေလ့လာဆည္းပူးၿပီး ဆရာတစ္ဆူ ျဖစ္ေလာက္ ေနၿပီလို႔ သတင္းထြက္ေနသူ တစ္ေယာက္ပါရွင္။
ဒီအျဖစ္အပ်က္ကို ျမင္ၿပီးတဲ့ေနာက္ပိုင္းမွာ ေစာ္ဘြားႀကီးဟာ ကြၽန္မ အနားကို ေရွာင္ဖယ္ေရွာင္ဖယ္ျဖစ္သြားၿပီး ကြၽန္မဆီကို မလာေတာ့ပါဘူး။ အၿမဲပဲ မဟာေဒဝီနဲ႔ အေနမ်ားပါတယ္။ ကြၽန္မဟာ ႐ုပ္ဆင္းသဏၭာန္ေၾကာင့္ သာ ေစာ္ဘြားႀကီးရဲ႕ ဇနီးသည္တစ္ေယာက္အပါအဝင္ ျဖစ္ေနေပမယ့္ စဝ္သူဇာလို ေနာက္ခံအင္အားမရွိပါဘူးရွင္။ သူတို႔ေတြရဲ႕ေသြးထိုးျဖားေယာင္း တဲ့ စကားေတြကို နားေယာင္ေနတဲ့ ေစာ္ဘြားႀကီးရဲ႕မ်က္ႏွာထားတင္းတင္း ေၾကာင့္ ကြၽန္မလည္း သူ႔အနား မကပ္ရဲဘဲ စိတ္ထိခိုက္ၿပီး တစ္ေနကုန္ ျမင္း ေလွ်ာက္စီးရင္း အခ်ိန္ေတြ ျဖဳန္းတီးေနမိပါေတာ့တယ္။
တစ္ေန႔ ကြၽန္မဟာ ျမင္းစီးေနရင္း အခ်ိန္လင့္မွေဟာ္နန္းကိုျပန္ေရာက္ လာၿပီးျမင္းေပၚမွဆင္းလိုက္သည္ႏွင့္စပ္သူဇာရဲ႕လူယုံႏွစ္ေယာက္ကကြၽန္မ ကို ခ်ဳပ္ေႏွာင္ၿပီး ဆြဲေခၚၾကပါတယ္။ ေဟာ္နန္းရဲ႕ ဧည့္ခန္းမွာ ကြၽန္မကို ခ်စ္ ျမတ္ႏိုးလွပါတယ္ဆိုတဲ့ ေစာ္ဘြားႀကီးက ခုံမွာ မိန႔္မိန႔္ႀကီးထိုင္ၿပီး ကြၽန္မကို နာၾကည္းမုန္းတီးစက္ဆုပ္လွတဲ့ မ်က္ဝန္းအစုံနဲ႔ စူးစူးရဲရဲႀကီး စိုက္ၾကည့္ေန ပါတယ္။ ကြၽန္မကို အျပစ္ေပးေတာ့မယ္ဆိုတာ သိလိုက္ေသာ္လည္းကြၽန္မ ဟာ ငိုယိုၿပီး.
“ေစာ္ဘြားႀကီးရယ္-ကယ္ပါဦး။ ကြၽန္မမွာ ဘာအျပစ္ေတြရွိလို႔လဲ”ဟု ခ်ဳပ္ေႏွာင္ထားသည့္ၾကားမွငိုယိုၿပီးအားကိုးတႀကီးနဲ႔တိုင္တန္းမိေသာ္လည္း ကြၽန္မရဲ႕ သခင္ဟာ ကြၽန္မကို ႐ြံ႕ရွာစက္ဆုပ္တဲ့ အၾကည့္နဲ႔ တစ္ခ်က္ၾကည့္ ၿပီးေက်ာခိုင္းထြက္ခြာသြားပါေတာ့တယ္။ အဲဒီအခ်ိန္ကစၿပီးကြၽန္မဟာေျမ ေအာက္ခန္းမွာ ပိတ္ေလွာင္ျခင္းခံရၿပီး အစာေရစာပါ ျဖတ္ေတာက္ျခင္းခံရ ပါတယ္။

ကြၽန္မဟာ ေဝဒနာေတြကို ႀကိတ္မွိတ္ခံစားရင္း ေသအံ့မူးမူးမွာ မဟာ ေဒဝီနဲ႔ စဝ္သီဟ အနားေရာက္လာေတာ့ အားအင္ခ်ိနဲ႔ေနတဲ့ ကြၽန္မဟာ ရွိသမွ် ခြန္အားေလးကို ဖ်စ္ညႇစ္ၿပီး ေမးမိလိုက္ပါတယ္။
“ကြၽန္မမွာ ဘာအျပစ္ရွိလို႔လဲ”ဟု ေမးရာ စဝ္သူဇာက ရယ္ေမာၿပီး ေျပာတယ္။
“ငါ ဘာေၾကာင့္ အခုလို ႀကံစည္တယ္ဆိုတာကို မင္းမေသခင္ နား ေထာင္သြား။ ေစာ္ဘြားႀကီးတို႔ မ်ိဳး႐ိုးစဥ္ဆက္ လက္ဆင့္ကမ္းလာတဲ့ လည္ ဆြဲရတနာကို ငါ့ကိုမေပးဘဲ နင့္ကို ေပးထားတာ ငါသေဘာမတူဘူး။ ေစာ္ဘြားႀကီးဟာ ငါ့ထက္ မင္းကို ေမတၱာပိုတာလည္း ငါ မၾကည့္လိုဘူး။ မေက်နပ္ဘူးေပါ့။ ဒါေၾကာင့္ မင္းကို အခုလို ႀကံစည္လိုက္တာ”
ဒီတန္ဖိုးမျဖတ္ႏိုင္တဲ့ လည္ဆြဲႀကီးကိုလည္းစပ္သူဇာက ေစာ္ဘြားႀကီး ကြၽန္မကို ေပးထားတာ မေက်နပ္ဘူး။ ဒါေၾကာင့္ ပုံတူလုပ္ခ်င္တယ္ဆိုၿပီး ကြၽန္မဆီကလွည့္ထုတ္သြားတာပါ။ ကြၽန္မဆီကလိမ္လည္ယူၿပီး ကြၽန္မက တစ္ပါးေသာ ေယာက္်ားကို လက္ေဆာင္ေပးသလို ဖန္တီးၾကတာပါ။ ၿပီးေတာ့ ေစာ္ဘြားႀကီးကို စဝ္သူဇာနဲ႔ စဝ္သီဟက သြားျပၾကတယ္ေလ။ အထင္လြဲေနတဲ့ေစာ္ဘြားႀကီးဟာအခ်စ္ႀကီး၍အမ်က္ႀကီးဆိုသလိုကြၽန္မရဲ႕ မ်က္ႏွာကို မၾကည့္ခ်င္ေတာ့ေလာက္ေအာင္ မုန္းတီးသြားပါေတာ့တယ္
ရွင္း
ကြၽန္မကိုအခ်စ္ႀကီးလြန္းလွ၍သဝန္တိုၿပီးရက္စက္တဲ့ကြၽန္မရဲ႕ခင္ပြန္း ေစာ္ဘြားႀကီးကို ကြၽန္မဟာ မမုန္းရက္ပါဘူးရွင္။ ကြၽန္မရဲ႕ ကံၾကမၼာကိုပဲ ကြၽန္မအျပစ္ပုံခ်ရေတာ့မွာေပါ့ဦးရယ္။ ဒီအျဖစ္အပ်က္ေတြကိုကြၽန္မဘဝရဲ႕ ေနာက္ဆုံးအခ်ိန္မွာ အားလုံးကို သိလိုက္ရၿပီး ေလာကႀကီးဟာ ကြၽန္မနဲ႔ လုံးဝ အဆက္ျပတ္ေဝးကြာ သြားပါေတာ့တယ္ရွင္။
ဂမၻီရပညာရပ္ေတြကို တတ္ကြၽမ္းနားလည္တဲ့ စဝ္သီဟဟာ လက္ရာ ေျမာက္လွတဲ့ ပန္းပုဆရာဆီမွာ လွပတဲ့ ႐ုပ္ထုေလးထုၿပီး ကြၽန္မရဲ႕ ဝိညာဥ္

ကို ပူးကပ္ထည့္သြင္းလိုက္တယ္။ ကြၽန္မ ႐ုပ္ထုထဲက အၿပီးတိုင္ ႐ုန္းထြက္ ခ်င္ပါတယ္။ ဒါေပမဲ့ – မရဘူး။ ႐ုပ္ထုေလးရဲ႕ လက္ႏွစ္ဖက္မွာ ေရးထားတဲ့ အင္းကြက္ေတြရဲ႕အစြမ္းကို ကြၽန္မ မခုခံႏိုင္ဘူး။ အင္းကြက္က အင္မတန္ အစြမ္းရွိတယ္။
ကြၽန္မကိုအစြမ္းသိဒၶိရွိတဲ့နတ္မိမယ္ေလးကို ဖန္ဆင္းသတ္ မွတ္ၿပီး ေဟာ္နန္းရဲ႕ဧည့္ခန္းတစ္ေနရာမွာထားတယ္။ တကယ္ေတာ့ ကြၽန္မ ရဲ႕ဝိညာဥ္ဟာ လူ႔ဘဝထဲမွာ လြတ္လပ္ေနရင္ စဝ္သူဇာတို႔ လူစုရဲ႕မတရားမွ ကိုေဖာ္ထုတ္မွာ စိုးတဲ့အတြက္ အခုလို ခ်ဳပ္ေႏွာင္ထားတာလို႔ ကြၽန္မထင္မိ ပါတယ္။ ကြၽန္မရဲ႕ဝိညာဥ္က အခ်ဳပ္ေႏွာင္ခံရတာပါ။
အခုလိုဦးေလးကကြၽန္မရဲ႕ဝိညာဥ္ကို ပိတ္ေလွာင္ခံထားရတဲ့ ႐ုပ္ထုကို မီးရႈိ႕ဖ်က္ဆီးပစ္လိုက္တဲ့အတြက္ ကြၽန္မရဲ႕ ဝိညာဥ္လည္း ေလွာင္ခ်ိဳင့္စံဘဝ ထဲက လြတ္ေျမာက္သြားပါၿပီ။ ဒါေပမဲ့ – ကြၽန္မ အကူအညီတစ္ခု ေတာင္းပါ ရေစ။ ကြၽန္မအတြက္ရည္စူးၿပီး အလႉအတန္းတစ္ခုလုပ္ေပးပါလို႔ ေတာင္း ဆိုပါရေစရွင္။ ကြၽန္မ ေက်းဇူးဆပ္ခဲ့မွာပါ”လို႔ ေၾကကြဲဝမ္းနည္းစြာ ရွင္းျပပါ ေတာ့တယ္။
မေကာင္းမႈသည္ ဆိတ္ကြယ္ရာမရွိဟု ဆိုသည့္အတိုင္း (စဝ္ပန္းလွ) မတရားခံရသည္ကိုေသဆုံးၿပီး (၅) ရက္အၾကာမွေစာ္ဘြားႀကီးအေၾကာင္းစုံ သိရေလသည္။ ေစာ္ဘြားႀကီးသည္ ေလသာျပတင္းေပါက္မွ အေဝးသို႔ အဓိပၸာယ္မဲ့စြာ ေငးေမာၾကည့္ေနမိေလသည္။ ရင္ခြင္တစ္ခုလုံး ဆြဲထုတ္ ပစ္လိုက္သလိုခံစားေနရၿပီးတင္းတင္းက်ပ္က်ပ္ႀကီးျဖစ္ေနသည္။ ဟာလာ ဟင္းလင္းႀကီးျဖစ္ေနသည္။ ပူေလာင္လြန္းလွတဲ့အခ်စ္စိတ္ႏွင့္ မုန္းတီးစိတ္ တို႔ ဒြန္တြဲေနသည္။
“စဝ္ပန္းလွ သိပ္ရက္စက္တဲ့ မိန္းမ – ငါ့ရဲ႕အခ်စ္ေတြကို အေလးမထား တန္ဖိုးမထားတဲ့ မိန္းမ။ ဟင္း – ဒီေလာက္ေတာ့ သူလည္း ျပန္ေပးဆပ္ရမယ္ ေလ”

ဟု ဆို႔နင့္ေၾကကြဲေနသည့္အသံက ေစာ္ဘြားႀကီး၏ ႏႈတ္ဖ်ားမွ ထြက္ မလာႏိုင္ေတာ့၊ လည္ေခ်ာင္းဝမွာတင္ ရပ္တန႔္သြားေလသည္။
ထိုစဥ္ေလွကားမွ တက္လာသည့္ ေျခသံေၾကာင့္ အေတြးစတို႔ရပ္သြား ေလသည္။ ေစာ္ဘြားႀကီး၏ လူယုံႀကီးက …
“သခင္ႀကီး – ဒီမွာ လူတစ္ေယာက္ စာလာေပးသြားတယ္” “ဪ”
ေစာ္ဘြားႀကီးသည္ ေပးလာေသာ စာကို ေဖာက္လိုက္ရာ “ဟင္”ဟု အံ့ၾသစြာ ေရ႐ြတ္ရင္း မ်က္ခုံးႏွစ္ဖက္ကို တြန႔္၍ မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး လွ်င္ …

“ခ်စ္ထုံးဖြဲ႕သီ ခ်စ္သူ သခင္စကား …
နားဝမွာ ပ်ားရည္အလား၊ ခ်စ္မိုးေစြ႐ြာ အနမ္းမ်ား၊ တလႈိင္လႈိင္နဲ႔။ သခင္ရဲ႕ႏူးညံ့တဲ့ အၿပဳံး၊ ေႏြးေထြးတဲ့ အၾကည့္ေတြ၊ ယုယပ်ဴငွာတဲ့ ရင္ခြင္မွာ ေမွးစက္နားခိုေပ်ာ္ေမြ႕ရင္း၊ အတုႏႈိင္းမရွိေက်နပ္လွတဲ့ငါ့ဘဝမုန္တိုင္းတစ္ခု ထင္တိုင္းျပဳရန္၊ ငါ့ရဲ႕ဘဝထဲေမႊေႏွာက္ေတာ့၊ သခင္ရဲ႕အမုန္းက်ိန္စာေၾကာင့္၊ ငါ့ရဲ႕ ႏွလုံးသားျပတ္ေႂကြျပဳန္း၍၊ ေသြးမ်က္ရည္ေျမခ၊ ေနဝင္ခ်ိန္ေစာခဲ့ရ၊ ေတာင္းဆုေႁခြခဲ့မယ့္ ခ်စ္သူသခင္ ၾကားပါေစသား”
ဘဝဆက္တိုင္း အသက္တမွ် ခ်စ္ရတဲ့သခင္နဲ႔ မခြဲမခြာ ကိႏၷရီ ကိႏၷရာ လို ခ်စ္ရည္တူၿပီး ဘဝဆုံးတိုင္ေပါင္းဖက္ရပါေစသားဟု ႏႈတ္ဖ်ားသစၥာ စကားတစ္ခြန္းကို ခ်စ္သခင္သိေအာင္ ဤေပလႊာ၌ မွတ္တမ္းတင္ရင္း ႏႈတ္ ဆက္စကား ဆိုလိုက္ပါတယ္။ သခင္ရက္စက္ေသာ္လည္း ဘယ္ေတာ့မွ မမုန္းသံသရာ ဆုံးကမာၻတိုင္ ခ်စ္ေနမယ္လို႔ ေတာင္းဆုေႁခြရင္း…
(စဝ္ပန္းလွ)

ဟု ဆို႔နင့္ေၾကကြဲေနသည့္အသံက ေစာ္ဘြားႀကီး၏ ႏႈတ္ဖ်ားမွ ထြက္ မလာႏိုင္ေတာ့၊ လည္ေခ်ာင္းဝမွာတင္ ရပ္တန႔္သြားေလသည္။
ထိုစဥ္ေလွကားမွ တက္လာသည့္ ေျခသံေၾကာင့္ အေတြးစတို႔ရပ္သြား ေလသည္။ ေစာ္ဘြားႀကီး၏ လူယုံႀကီးက …
“သခင္ႀကီး – ဒီမွာ လူတစ္ေယာက္ စာလာေပးသြားတယ္” “ဪ”
ေစာ္ဘြားႀကီးသည္ ေပးလာေသာ စာကို ေဖာက္လိုက္ရာ “ဟင္”ဟု အံ့ၾသစြာ ေရ႐ြတ္ရင္း မ်က္ခုံးႏွစ္ဖက္ကို တြန႔္၍ မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး လွ်င္ …

“ခ်စ္ထုံးဖြဲ႕သီ ခ်စ္သူ သခင္စကား …
နားဝမွာ ပ်ားရည္အလား၊ ခ်စ္မိုးေစြ႐ြာ အနမ္းမ်ား၊ တလႈိင္လႈိင္နဲ႔။ သခင္ရဲ႕ႏူးညံ့တဲ့ အၿပဳံး၊ ေႏြးေထြးတဲ့ အၾကည့္ေတြ၊ ယုယပ်ဴငွာတဲ့ ရင္ခြင္မွာ ေမွးစက္နားခိုေပ်ာ္ေမြ႕ရင္း၊ အတုႏႈိင္းမရွိေက်နပ္လွတဲ့ငါ့ဘဝမုန္တိုင္းတစ္ခု ထင္တိုင္းျပဳရန္၊ ငါ့ရဲ႕ဘဝထဲေမႊေႏွာက္ေတာ့၊ သခင္ရဲ႕အမုန္းက်ိန္စာေၾကာင့္၊ ငါ့ရဲ႕ ႏွလုံးသားျပတ္ေႂကြျပဳန္း၍၊ ေသြးမ်က္ရည္ေျမခ၊ ေနဝင္ခ်ိန္ေစာခဲ့ရ၊ ေတာင္းဆုေႁခြခဲ့မယ့္ ခ်စ္သူသခင္ ၾကားပါေစသား”
ဘဝဆက္တိုင္း အသက္တမွ် ခ်စ္ရတဲ့သခင္နဲ႔ မခြဲမခြာ ကိႏၷရီ ကိႏၷရာ လို ခ်စ္ရည္တူၿပီး ဘဝဆုံးတိုင္ေပါင္းဖက္ရပါေစသားဟု ႏႈတ္ဖ်ားသစၥာ စကားတစ္ခြန္းကို ခ်စ္သခင္သိေအာင္ ဤေပလႊာ၌ မွတ္တမ္းတင္ရင္း ႏႈတ္ ဆက္စကား ဆိုလိုက္ပါတယ္။ သခင္ရက္စက္ေသာ္လည္း ဘယ္ေတာ့မွ မမုန္းသံသရာ ဆုံးကမာၻတိုင္ ခ်စ္ေနမယ္လို႔ ေတာင္းဆုေႁခြရင္း…

စဝ္ပန္းလွေရးထားေသာ ကဗ်ာစာသားေလးေတြကို (စဝ္ခြန္ဖ) ဖတ္ အၿပီးတြင္ ပါးျပင္ႏွစ္ဖက္မွ မ်က္ရည္မ်ား စီးက်လာၿပီးလွ်င္ …
“မွားၿပီ ပန္းေလးရယ္။ ငါ့ကို ခြင့္လႊတ္ပါ။ မဟုတ္ဘူး။ ဘယ္ေတာ့မွ ခြင့္မလႊတ္နဲ႔။ ဘယ္ေတာ့မ်ားမွ ခြင့္မလႊတ္လိုက္ပါနဲ႔ကြယ္”ဟု ဆိုၿပီး ရင္ကြဲ မတတ္ ခံစားရေလသည္။
သူမ၏အျဖစ္အပ်က္ေလးေတြကိုလည္းေၾကကြဲစြာရင္ဖြင့္တင္ျပတတ္ ေလသည္။ တစ္ေန႔ အခုလို အျဖစ္ဆိုးမ်ိဳးႏွင့္ ႀကဳံလာခဲ့လွ်င္ သူမ အလြန္ ျမတ္ႏိုးတြယ္တာရၿပီး ဘယ္ေတာ့မွ သစၥာပ်က္ျပယ္ျခင္းမရွိခဲ့ရသည့္ သူမ၏ ခင္ပြန္းေစာ္ဘြားႀကီးထံသို႔ဤစာခြၽန္ေလးကိုမျဖစ္ျဖစ္ေအာင္ ေပးေပးပါရန္ ေဟာ္နန္းႏွင့္ မနီးမေဝး ပန္းအလွ စိုက္ပ်ိဳးေသာ အဘိုးအိုလင္မယားကို မွာၾကားထားခဲ့ျခင္း ျဖစ္သည္။ ေၾကကြဲဝမ္းနည္းစြာ ငိုရႈိက္ရင္း မွာၾကားခဲ့ ေလသည္။
ထိုအေၾကာင္းစုံကို သိရေသာ ေစာ္ဘြားႀကီးသည္တုန္ခိုက္ကာေၾကကြဲ ဝမ္းနည္းၿပီး မစားႏိုင္၊ မအိပ္ႏိုင္ တမႈိင္မႈိင္ႏွင့္ စိတ္ထိခိုက္ၿပီး လပိုင္းအတြင္း မွာပင္ သူ၏ခ်စ္လွစြာေသာ ဇနီးစဝ္ပန္းလွရွိရာ ေသမင္းႏိုင္ငံသို႔ လိုက္သြား ေလေတာ့သည္။
ဦးလွထြန္းအိပ္မက္မွ လန႔္ႏိုးလာေသာအခါတြင္ အင္မတန္မွ ႏူးညံ့ သိမ္ေမြ႕၍ခ်ိဳသာေသာစကားသံဝဲဝဲေလးႏွင့္ေခ်ာေမာလွပၿပီး က်က္သေရ ရွိလွသည့္ မိန္းမေခ်ာေလးျဖစ္သူ ရွမ္းေစာ္ဘြား၏ ဇနီးငယ္ေလး စဝ္ပန္းလွ ဆိုသူ ေၾကကြဲဝမ္းနည္းေနသည့္ မ်က္ႏွာေလးကို ျမင္ေယာင္ရင္း မိုးစင္စင္ လင္းခဲ့ေလသည္။
ေနာက္အားလပ္ရက္တစ္ရက္တြင္စဝ္ပန္းလွအတြက္ရည္စူးၿပီးသံဃာ ေတာ္မ်ား ပင့္ဖိတ္၍ အလႉအတန္းတစ္ခု ျပဳလုပ္ေပးၿပီး အမွ်ေပးေဝလိုက္
မိေလသည္။
ညေရာက္ေသာအခါ ဦးလွထြန္းႏွင့္ ေဒၚရီရီတို႔ လင္မယားႏွစ္ေယာက္ လုံး အိပ္မက္ျမင္မက္ေလသည္။ ထိုအိပ္မက္ထဲတြင္ ႐ုပ္ထုရွင္မိန္းမပ်ိဳ၏ မ်က္ႏွာမွာ ၾကည္လင္ဝင္းပၿပဳံး႐ႊင္ေနၿပီး လက္ျပႏႈတ္ဆက္၍တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေလေတာ့သည္။ မေပ်ာက္ကြယ္ခင္ သူမ၏ လက္ထဲမွ အရာတစ္ခုကို စတိုခန္းထဲသို႔ ပစ္ခ်ႀကဲျဖန႔္သည္။
ထိုအိပ္မက္ကိုမက္ၿပီးၿပီးခ်င္း ေန႔စဥ္ထူးဆန္းျဖစ္ရပ္ဆန္းၾကယ္တစ္ခု ကို ေတြ႕ႀကဳံရေလသည္။ ထိုအျခင္းအရာကား စတိုခန္းထဲမွ ေန၍ မတ္ေစ့ ကေလးတစ္ေစ့ ေန႔စဥ္ထြက္က်လာေသာ အံ့ဩဖြယ္ရာ ျဖစ္ရပ္ေပတည္း။ “ထူးဆန္းလိုက္တာ အစ္ကို”
“ေအးေပါ့- တို႔ကလည္း သူ႔ကို ေကာင္းရာမြန္ရာေရာက္ေအာင္ သူ႔ ဝိညာဥ္ကိုလြတ္လပ္ေအာင္ေျဖလႊတ္ေပးလိုက္တာကိုး။ သူကေက်းဇူးျပန္
ျပဳတာေပါ့”
ထိုသို႔ ဝိညာဥ္ရွင္မေလးကို သတိရလြမ္းဆြတ္စြာ ေျပာဆိုေနဆဲမွာပင္ အရာဝတၳဳကေလးတစ္ခု ျပဳတ္က်လာပါသည္။ “ေဒါက္-ေဒါက္- ေဒါက္”
“ဟင္”
“ဟာ”
လင္မယားႏွစ္ေယာက္လုံး ေရွ႕တြင္ ျပဳတ္က်လာေသာ အရာေလးကို ၿပိဳင္တူၾကည့္လိုက္ေသာအခါတြင္ တစ္မတ္ေစ့ေလးပင္ ျဖစ္ေနေလသည္
တကား။
))) ေအသင္ဇာသက္ေဝ